← Chapters

နင်မိသားစု၏ ပန်းချီ ခန်း၊ ကြည့်ခြင်း

Vol. 4 Ch. 46

နင်မိသားစု၏ ပန်းချီ ခန်း၊ ကြည့်ခြင်း

Vol. 4 Ch. 46

ဧည့်ခန်း

ဝမ်ကျန်းသည် ဖုန်းချလိုက်ပြီး လက်ရန်းထိုင်ခုံပေါ်တွင် ထိုင်နေသည့် မစ္စ နင်ကို ကြည့်လိုက်သည်။

“မစ္စ နင်၊ အားလုံး အဆင်ပြေသွားပါပြီ”

နင်အန်းချီသည် လက်ထဲမှ စာအုပ်ကို ပိတ်ပြီး စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ သူမ၏ မျက်လုံးများက စာအုပ်ပေါ်တွင် ရောက်နေသော်လည်း သူမသည် ဝမ်ကျန်းနှင့် ကျန်းကျဲ့တို့၏ စကားပြောဆိုမှုကို အာရုံစိုက်နေခဲ့သည်။

“မနက်ဖြန် နေ့လယ်ပိုင်းမှာ သူ့ကို ခေါ်လာခဲ့။ အပြန်ကျတော့ ငါ လူတစ်ယောက် စီစဉ်ပေးလိုက်မယ်”

ဝမ်ကျန်းသည် မစ္စ နင်၏ တုံ့ပြန်မှုကို ကြည့်ပြီး သူမ၏ စိတ်ကို မခန့်မှန်းနိုင်သော်လည်း ငြင်းပယ်၍မရနိုင်သည်ကို နားလည်သဖြင့် ချက်ချင်း သဘောတူလိုက်သည်။ ယခင်က သူမသည် မနက်ပိုင်းတွင် ကျန်းကျဲ့ကို သွားခေါ်ရန် စီစဉ်ထားသော်လည်း မစ္စ နင်၏ အချက်ပြမှုကြောင့် နေ့လယ်ပိုင်းသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

မစ္စ နင်သည် ဘာကြောင့် ထိုသို့ စီစဉ်သည်ကို သူမ သိချင်သော်လည်း မမေးရဲပေ။

“မစ္စ နင်၊ မစ္စရဲ့ စဉ်းစားတွေးခေါ်မှုက အသေးစိတ်ကျပါတယ် ။ ကျန်းကျဲ့က စာမေးပွဲပြီးသွားတော့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ မရှိတော့ဘဲ ပန်းချီဆွဲရတာ ပိုကောင်းလာမှာပါ”

“အင်း” မစ္စ နင်က စိတ်မဝင်စားသည့်ဟန်ဖြင့် ပြန်ပြောသည်။

“မစ္စ နင်၊ နောက်ထပ် ဘာများ မှာကြားစရာ ရှိပါသလဲ”

“မရှိတော့ဘူး၊ နင့်ကို ပင်ပန်းစေမိ ပြီ” မစ္စ နင်က ထလိုက်သည်။

“ဒါက ကျွန်မ လုပ်သင့်တာ ပါ။ စောစော အနားယူပါ” ဝမ်ကျန်းက အလျင်အမြန် ထပြီး နှုတ်ဆက်သည်။

“အစ်မ လီ၊ ဧည့်သည်ကို လိုက်ပို့ပေးလိုက်ပါ” နင်အန်းချီသည် ဝမ်ကျန်း ထွက်သွားသည်ကို ကြည့်ပြီး အိပ်ခန်းသို့ ပြန်ကာ သက်တောင့်သက်သာရှိသည့် အဝတ်အစားများ ပြောင်းဝတ်လိုက်သည်။ ထို့နောက် သူမ၏ စာကြည့်ခန်းသို့ သွားသည်။

သူမတွင် စာကြည့်ခန်းနှစ်ခန်းရှိသည်။ တစ်ခန်းက ဧည့်သည်များကို လက်ခံရန်ဖြစ်ပြီး ကျန်တစ်ခန်းကိုမူ ပြင်ပလူများကို ဝင်ခွင့်မပြုပေ။

စာကြည့်ခန်းထဲတွင် ပန်းချီတင်ခုံတစ်ခုရှိပြီး ထိုပေါ်တွင် ကျန်းကျဲ့၏ ပြီးစီးသွားသော ပုံကြမ်းကို တင်ထားသည်။

နင်အန်းချီသည် စာကြည့်စားပွဲနောက်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ပုံကြမ်းကို ငေးကြည့်နေသည်။

အချိန်အတော်ကြာပြီးနောက် သူမသည် ထပြီး သူမ နောက်ရှိ စာအုပ်စင်ကို တွန်းလိုက်သည်။ စာအုပ်စင်က ဖြည်းညှင်းစွာ ရွေ့သွားပြီး အတွင်းရှိ နေရာလွတ်ကို ပေါ်လာ သည်။

သူမသည် လျှို့ဝှက်နေရာထဲသို့ ဝင်သွားပြီး စာအုပ်စင်က ဖြည်းညှင်းစွာ ပိတ်ကာ မူလအတိုင်း ပြန်ဖြစ်သွားသည်။

.........

နောက်နေ့နံနက်ပိုင်းတွင် ကျန်းကျဲ့သည် ယဉ်ကျေးမှုဘာသာရပ်များကို လေ့လာပြီးနောက် ရှောင်ကားကို မိဘများထံ ထားခဲ့ သည်။

နေ့လယ်ပိုင်းတွင် မစ္စ နင်၏ အိမ်သို့ ပန်းချီသွားဆွဲရမည်ဖြစ်ပြီး မည်သည့်အချိန် ပြန်ရောက်မည်ကို မသိသဖြင့် ရှောင်ကားကို မိဘများထံ ထားခဲ့ခြင်းဖြစ်သည်။

သူသည် ဝမ်ကျန်းနှင့် ချိန်းဆိုထားသည့် အချိန်ကျ လာသောအခါ ဝမ်ကျန်း၏ ကားက လမ်းဘေးတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။

ဝမ်ကျန်းက ကားထဲမှနေ၍ သူ့ကို လက်ဝေ့ယမ်းပြသည်ကို မြင်သောအခါ သူသည် ကားတံခါးကိုဖွင့်ပြီး နောက်ထိုင်ခုံတွင် ထိုင်လိုက်သည်။

“မန်နေဂျာ ဝမ်၊ လက်ထောက် လျူ” သူသည် ကားထဲရှိလူများကို နှုတ်ဆက်ကာ - “တောင်းပန်ပါတယ်၊ကျွန်တော် နောက်ကျသွားတယ်”

“ကျွန်မတို့ ချိန်းထားတဲ့အချိန် မရောက်သေးပါဘူး။ ဟယ်၊ နင် ဘာလို့ ချွေးတွေ ထွက်နေတာလဲ။ မြန်မြန်သုတ်လိုက်” ဝမ်ကျန်းက တီရှူး များကို ထုတ်ပြီး ကျန်းကျဲ့ကို ပေးသည်။

“ကျေးဇူးတင်ပါတယ်”

ကားစ မောင်းလာ သည်။

ကျန်းကျဲ့က ချွေးသုတ်ရင်း “ကျွန်တော် ခွေးလေးတစ်ကောင် မွေးထားတယ်။ နေ့လယ်ပိုင်း အိမ်မှာမရှိတော့ အဖေအမေဆီမှာ ထား ခဲ့ရတယ်” ဟု ပြောလိုက်သည်။

“နင်က အိမ်မွေးတိရစ္ဆာန် မွေးရတာ ကြိုက်တာလား။ ကျွန်မလည်း ခွေးတစ်ကောင် မွေးထားတယ်၊ နင်က ဘယ်လိုခွေးမျိုး မွေးထားတာလဲ” ဝမ်ကျန်းက စကားစကို ကောင်းစွာရှာနိုင်သည်။

ကျန်းကျဲ့သည် ခွေးလေး၏ ဇာစ်မြစ်ကို ပြောပြလိုက်သည်။

ဝမ်ကျန်းက “ နင်က စေတနာကောင်းတဲ့သူမှန်း ကြည့်တာနဲ့ သိနိုင်ပါတယ် ” ဟု ပြောလိုက်သည်။

မစ္စ နင်၏ အိမ်သို့ သွားရာလမ်းတွင် သူမသည် “မစ္စတာ ကျန်း ဒီပန်းချီကားကို ဆွဲဖို့ အချိန်ဘယ်လောက်ကြာမယ်လို့ ခန့်မှန်းထားလဲ” ဟု မေးလိုက် သည်။

ကျန်းကျဲ့သည် အကြိမ်အနည်းငယ် လေ့ကျင့်ပြီးဖြစ်သော်လည်း အတိအကျ မပြော ပေ- “အဆင်ပြေရင် ၃၊ ၄ နာရီလောက်ကြာမယ်။ ဒါပေမဲ့ အဆင်မပြေရင်တော့ နာရီအနည်းငယ် ပိုကြာနိုင်တယ်”

“အင်း၊ မစ္စ နင်ကတော့ ဘာမှမပြောပါဘူး” ဝမ်ကျန်းသည် စကားပြောနှုန်းကို နှေးစေပြီး စကားလုံးများကို စဉ်းစားနေပုံရသည်- “နင် အဆင်သင့်ပြင်ထားသင့်တယ်။ မစ္စ နင်က အလုပ်များတာကြောင့် အချိန်မရနိုင်လောက် ဘူး”

ကျန်းကျဲ့က အနည်းငယ် မျက်မှောင်ကြုတ်ကာ - “ပုံကြမ်းက ပြီးနေပြီပဲ၊ မစ္စ နင် ရှိနေဖို့ မလိုပါဘူး”

ဝမ်ကျန်းက “မစ္စ နင်ကတော့ ပန်းချီဆွဲတာကို ကြည့်ရတာ ကြိုက်နိုင်တယ်။ ပြီးတော့ မစ္စ နင်က ဒီနေ့ ကျွန်မကို အလုပ်တစ်ခုခု ခိုင်းနိုင်တယ်။ ဒါကြောင့် နင် ပြန်တဲ့အချိန်ကျရင် လူတစ်ယောက်ကို လိုက်ပို့ခိုင်းလိမ့်မယ်။ ဒါက ကျွန်မ အလုပ်ရှုပ်တာကို ကြောက်လို့ မဟုတ်ပါဘူးနော်”

သူမသည် မစ္စ နင်၏ မနေ့က မှာကြားချက်ကို မှတ်မိသဖြင့် ကျန်းကျဲ့က သူမသည် သွားကြို၊ လိုက်ပို့မလုပ်လိုဟု ထင်မှာစိုးရိမ်သဖြင့် ကြိုတင်ရှင်းပြလိုက်ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူမသည် မစ္စ နင်၏ အစီအစဉ်ကို မသိသဖြင့် ကတိ မပေးရဲပေ။

ကျန်းကျဲ့က ထိုကိစ္စကို စိတ်မဝင်စားပေ။ “အဆင်ပြေပါတယ်၊ စိတ်ပူစရာ မလိုပါဘူး။ မန်နေဂျာကို အကြိုအပို့လုပ်ခိုင်းရတာတောင် ကျွန်တော် စိတ်မကောင်းဖြစ်နေပါပြီ”

ဝမ်ကျန်းက “နင်က ပုံတူ ပန်းချီအတွက် စိတ်အားထက်သန်ရင် ကျွန်မ ကျေနပ်ပါပြီ” ဟု ပြောလိုက်သည်။

ကားသည် နင်မိသားစု၏ ကားပါကင်သို့ ဝင်လာသည်။

ကျန်းကျဲ့သည် ကားတစ်စီးသာ ရပ်ထားသည်ကို တွေ့ရပြီး ကျန်ကားများ မရှိပေ။

သူသည် ဝမ်ကျန်းနှင့် သူမ၏ လက်ထောက်နှင့်အတူ ဝန်ထမ်း တစ်ဦး၏ နောက်သို့လိုက်ကာ ဓာတ်လှေကားဖြင့် ဧည့်ခန်းသို့ ရောက်လာသည်။

အိမ်ထိန်း လီက ကြိုရန် အဆင်သင့်ရှိနေသည်။

“မစ္စတာကျန်း၊ မန်နေဂျာ ဝမ်။ မစ္စ နင်က ရုတ်တရက် အလုပ်ကိစ္စပေါ်လာလို့ အပြင်ထွက်သွားပါတယ်။ မစ္စတာ ရောက်လာရင် ပန်းချီခန်းကို တန်း သွားပြီး ပန်းချီဆွဲလို့ရတယ်လို့ မှာထားခဲ့ပါ တယ်။ ဘာပစ္စည်းလိုလဲဆိုတာ ကျွန်မကို တိုက်ရိုက်ပြောလို့ရပါတယ်။

မန်နေဂျာ ဝမ်၊ မစ္စ နင် အချိန်ရရင် ဖုန်းဆက်ပါလိမ့်မယ်”

“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ပန်းချီခန်းကို သွားလိုက်ပါ့မယ်” ဝမ်ကျန်းက သဘောတူလိုက်သည်။

အစ်မ လီက သူတို့ကို ပန်းချီခန်းသို့ ခေါ်သွားသည်။

ကျန်းကျဲ့သည် နင်အိမ်တော်၏ ပန်းချီခန်းကို မြင်လိုက်ရသည်။ ဤနေရာ၏ ဧရိယာသည် စတုရန်းမီတာ ၈၀ မှ ၉၀ ကြားရှိပြီး အနုပညာကောလိပ် ရှိ ပန်းချီခန်းထက် အနည်းငယ် သေးငယ်သော်လည်း ပို၍ ခမ်းနားသည်။

ကုလားထိုင်များ၊ ပန်းချီတင်ခုံများ၊ အမျိုးမျိုးသော ပန်းချီပစ္စည်းကိရိယာများ အစုံအလင်ရှိသည်။ နံရံတွင် ချိတ်ထားသည့် ကြိုးများက အနုပညာပြခန်းတွင်သာ ရှိလေ့ရှိသည်။

နံရံများတွင် ပန်းချီကားအချို့ ချိတ်ဆွဲထားပြီး ပြည်တွင်း ပန်းချီဆရာများ၏ လက်ရာများဖြစ်ပုံရသည်။

သူသည် အခန်း၏ အလင်းရောင်ကို လေ့လာသည်။ ပြတင်းပေါက်မှ ဝင်လာသည့် သဘာဝအလင်းရောင်အပြင် ချိန်ညှိနိုင်သည့် မီးများလည်း ရှိသည်။ ပြတင်းပေါက်တွင် ပိတ်ထားနိုင်သည့် ကိရိယာများလည်း တပ်ဆင်ထားသည်။

သူသည် အခန်း၏ အပေါ်ဘက်သို့ ကြည့်လိုက်ရာ ကောင်းကင်မှ အလင်းဝင်နိုင်သည့် ပြတင်းပေါက်ငယ်တစ်ခုကို ကျွမ်းကျင်စွာ တပ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။

ကောင်းလိုက်တာ။

သူသည် အံ့အားသင့်သွားသည်။ ဤပန်းချီခန်းသည် ကောင်းကင်အလင်း ပန်းချီခန်းအဖြစ် ပြောင်းလဲနိုင်သည်။

သူသိသလောက် လက်ရှိ ပင်းဟိုင်မြို့တွင် ဤကဲ့သို့ ကောင်းကင်အလင်း ပန်းချီခန်းရှိသည့် ကျောင်းအနည်းငယ်သာ ရှိသည်။

“မစ္စတာကျန်း ၊ ဘာများ လိုအပ်ပါသလဲ” အစ်မ လီသည် သူတို့နှင့်အတူ ရှိနေသည်။

ကျန်းကျဲ့သည် သူ၏ ပန်းချီပုံကြမ်းက ပန်းချီတင်ခုံတွင် တင်ထားသည်ကို တွေ့ရပြီး အခြားပန်းချီတင်ခုံတွင်လည်း ပန်းချီဆွဲရန် စက္ကူကို အဆင်သင့် တင်ထားသည်ကို တွေ့လိုက်ရသည်။

( မူရင်းမှာလည်း အစ်မ ဖြစ်လိုက် အန်တီ ဖြစ်လိုက် ဖြစ်နေတာပါ)

“အန်တီ လီ၊ ကျွန်တော် ရေဆေးစက္ကူကို အရင်ရွေးချင်တယ်”

“ကောင်းပြီ၊ ကျွန်မနဲ့ လိုက်ခဲ့ပါ” အစ်မ လီသည် သူ့ကို ပန်းချီခန်းရှိ ဗီရိုရှေ့သို့ ခေါ်သွားသည်။ တံခါးကို ဖွင့်လိုက်သောအခါ အတွင်းတွင် အကန့် များစွာ ရှိသည်ကို တွေ့လိုက်ရသည်။

အကန့် များသည် အကြီးအသေး အမျိုးမျိုးရှိပြီး မတူညီသော ပန်းချီစက္ကူများနှင့် ပစ္စည်းများကို သပ်ရပ်စွာ ထည့်ထားသည်။ အရွယ်အစားနှင့် ထုပ်ပိုးမှုများအရ ဈေးပေါသည့် ပစ္စည်းများမဟုတ်သည်ကို သိနိုင်သည်။

“မစ္စတာ က ဘယ်လိုစက္ကူမျိုးကို ကြိုက်လဲဆိုတာ မသိတော့ ကြိုတင်မပြင်ဆင်ထားမိဘူး။ မစ္စတာ ကိုယ်တိုင် ပြင်ဆင်ရမှာမို့ စိတ် အနှောင့်အယှက်ဖြစ်စေ မိပါတယ်”

“ကျေးဇူးတင်ပါတယ် အန်တီ လီ” သူသည် ပုံကြမ်းနှင့် အရွယ်အစားတူညီသော ရေဆေးစက္ကူကို ရွေးပြီး အလှဆင် ရန် ကိရိယာများကိုလည်း ရှာဖွေသည်။ “အန်တီ လီ၊ ဒီလောက်ဆို လုံလောက်ပါပြီ”

သူသည် ကိရိယာများကို ယူကာ ရေစိုတိပ်များကို ဖြတ်၊ စက္ကူကို ဖြန်းပြီး ပြင်ဆင်လိုက်သည်။

အစ်မ လီက “ ဘာပဲလိုလို၊ဘာဖြစ်ဖြစ် ကျွန်မတို့ကို ပြောလို့ရပါတယ်” ဟု ပြောလေ သည်။

သူမသည် ဝမ်ကျန်းကို ကြည့်ပြီး “မန်နေဂျာ ဝမ်၊ လက်ဖက်ရည်သောက်ရင်း နားနေ မလား”

“ရပါတယ်၊ ကျွန်မတို့ မစ္စတာ ကျန်းနဲ့ အတူရှိနေပါ့မယ်”

အစ်မ လီသည် လူတစ်ဦးကို လက်ဖက်ရည်နှင့် မုန့်များ ယူလာခိုင်းပြီး ပန်းချီခန်းတံခါးကို ပိတ်လိုက်သည်။

ကျန်းကျဲ့သည် ပန်းချီစက္ကူကို ပြင်ဆင်ပြီးနောက် ကိရိယာများကို အနီးဆုံးနေရာတွင် ထားကာ စက္ကူခြောက်သည်အထိ စောင့်ဆိုင်းပြီးမှ ပုံကြမ်းစဆွဲသည်။

ကိုးကားရန် ပုံကြမ်းရှိသော်လည်း သူသည် ပုံကြမ်းကို ၁၀၀% ပုံတူကူးချခြင်း မဟုတ်ဘဲ မူလပုံကြမ်းပေါ်တွင် ထပ်မံပြင်ဆင်ပြီး ပုံစံအသစ် ရရှိသည်အထိ ဆွဲသည်။

သူသည် ဤနေရာတွင် ရေဆေးပန်းချီဆေးအဖြူ ရှိနေသည်ကိုလည်း တွေ့ရသည်။ ဤနိုင်ငံခြားမှ တင်သွင်းသည့် ပစ္စည်းကို ယခင်က အသုံးပြုဖူးခြင်းမရှိသော်လည်း သူသည် ဤကိရိယာကို ငြင်းပယ်ခြင်းမရှိပေ။

သူသည် ရေဆေးပန်းချီဆေးအဖြူကို သတ်မှတ်ထားသည့် နေရာတွင် တို့လိုက်ပြီးနောက် ပန်းချီအစို နည်းစနစ်ကို သုံးသောအခါ မှားယွင်းမည်ကို စိတ်ပူစရာမလိုတော့ပေ။

ကျန်းကျဲ့သည် ပန်းချီကားတွင် ပြဿနာမရှိသည်ကို သေချာသောအခါ နောက်ခံ ပန်းချီကို အရောင်ခြယ်သည်။ ချန်းယန်အတွက် ပန်းချီဆွဲခဲ့သည့် အတွေ့အကြုံများကြောင့် ပန်းချီအစို နည်းစနစ်ကို အသုံးပြုရာတွင် အလွန် ကျွမ်းကျင်နေသည်။

အပြာ၊ အစိမ်း၊ သံလွင်ရောင်၊ အညိုရောင်စသည့် အရောင်များသည် ပန်းချီစက္ကူပေါ်တွင် ပျံ့နှံ့စီးဆင်းနေသည်။

ဝမ်ကျန်းသည် ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ် စိုးရိမ်နေသည်။ ယခင်က ကျန်းကျဲ့၏ ပန်းချီဆွဲသည့်ပုံစံက အသေးစိတ်ကျ သည်ဟု ထင်ခဲ့သော်လည်း ယနေ့ ဘာလို့ ရုတ်တရက် ပြောင်းလဲသွားသနည်း။

လက်ထောက်ကလည်း စိုးရိမ်တကြီးဖြင့် ဝမ်ကျန်းကို ကြည့်သည်။

ဝမ်ကျန်းနှင့် သူမ မျက်လုံးချင်းဆုံသွား သည်။

လက်ထောက်က တိုးတိုးလေး မေးသည်- “သူ... ဒီစက္ကူကို ပျက်စီးအောင် ဆွဲနေတာ မဟုတ်ဘူးမလား။ ဒီအရောင်တွေက မှားနေ သလိုပဲ”

ဝမ်ကျန်းက အသံမထွက်ရန် အမူအရာ ပြသည်။

ထိုအချိန်တွင် ကျန်းကျဲ့သည် အရောင်များကို ထပ်ဆင့်ခြယ်သနေပြီး အရောင်များ စီးဆင်း၊ ရောစပ်နေသည်ကို ပန်းချီစုတ်တံဖြင့် ဆွဲ ပေးခြင်း သို့မဟုတ် သုတ်ပေးခြင်းသာ လုပ်နေ သည်။

ဝမ်ကျန်းနှင့် သူမ၏ လက်ထောက်သည် ဘာကိုမှ နားမလည်ကြပေ။

ကျန်းကျဲ့က ပန်းချီပျက်စီးမည်ကို စိတ်မပူပေ။ ရေဆေးပန်းချီအရောင်များစွာက ခြောက်သွားသောအခါ ဖျော့တော့သွားပြီး မှိန်သွားတတ်သဖြင့် သူ လိုအပ်သည့်အဆင့်ကို ရောက်ရှိရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်သည်။

လက်ရှိ မှုန်ဝါးနေသည့် အရောင်အချို့သည် နောက်ပိုင်းတွင် ဆက်လက်ဆွဲရန်အတွက် ပြင်ဆင်ခြင်းဖြစ်သည်။

သူသည် ခြစ်တံတစ်ခုကို သုံးပြီး မခြောက်သေးသည့် အရောင်အချို့ကို ခြစ်ထုတ်လိုက်ရာ နောက်ခံနှင့် လူ၏ အလင်းနှင့် အရိပ်အဆင့်များ ပေါ်လာပြီး အသေးစိတ် ဆွဲရန် စလိုက်သည်။

ဤပန်းချီကားထဲရှိ လူ၏ ပုံသဏ္ဍာန်ကို သူ စိတ်ထဲတွင် မှတ်ထားပြီးဖြစ်သည်။ နောက်ပိုင်းအလုပ်က အရေပြားအသွင်နှင့် ဖွဲ့စည်းပုံကို မြှင့်ကာ ပန်းချီကားတစ်ချပ်လုံး၏ ဆွဲဆောင်မှုကို တိုးမြှင့်ရန်ဖြစ်သည်။

အချိန်တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားပြီး ပန်းချီကားထဲရှိ လူ၏ အဆင့်များ ပိုမိုများလာသည်။

ထိုအချိန်တွင် ဝမ်ကျန်းတို့နှစ်ဦးသည် ကျန်းကျဲ့ လူပုံကို ဆွဲနေစဉ် နောက်ခံနှင့် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို ပြုပြင်ပြောင်းလဲသည်ကို တွေ့ရသည်။ ထိုအချိန်တွင်မှ ယခင်က အရောင်အချို့၏ အခန်းကဏ္ဍကို နားလည်လာကြသည်။

ဝမ်ကျန်း၏ ဖုန်းက ရုတ်တရက် မြည်လာသည်။

သူမသည် ဖုန်းကို ကိုင်ကာ ပန်းချီခန်းမှ ထွက်သွားပြီး မကြာမီ ပြန်လာကာ ကျန်းကျဲ့ဘေးသို့ လျှောက်လာသည်။

“မစ္စတာကျန်း၊ မစ္စ နင်က ကျွန်မကို အလုပ်တစ်ခု ခိုင်းလိုက်လို့ နင် စိတ်အေးအေးနဲ့ ပန်းချီဆွဲပါ။ ကျန်တာကို လူတစ်ယောက် စီစဉ်ပေးပါလိမ့်မယ်”

ကျန်းကျဲ့သည် ပန်းချီဆွဲခြင်းတွင် အာရုံစိုက်နေသဖြင့် စိတ်ပျံ့လွင့်ခြင်း မပြုဘဲ “ကောင်းပါပြီ၊ ကျွန်တော် သိပါပြီ၊ မန်နေဂျာ အလုပ် ဆက်လုပ်ပါ” ဟု ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

ဝမ်ကျန်းသည် လက်ထောက်နှင့်အတူ ထွက်သွားသည်။

ပန်းချီခန်းတွင် ကျန်းကျဲ့တစ်ဦးတည်းသာ ကျန်တော့သည်။

မကြာမီ တံခါးက အသံမရှိဘဲ ပွင့်လာပြီး နင်အန်းချီ ပန်းချီခန်းထဲသို့ ဝင်လာကာ ကျန်းကျဲ့၏ နောက်သို့ ရောက်လာပြီး သူ ပန်းချီဆွဲနေသည်ကို ကြည့်လိုက်သည်။

ကျန်းကျဲ့သည် အသံကြားသောအခါ နောက်သို့လှည့်ကြည့်လိုက်ရာ နင်အန်းချီ ဖြစ်နေသည်။

“မစ္စ နင်၊ ပြန်လာပြီလား”

“နင် ပန်းချီဆွဲတာကို အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်”

“ရပါတယ်” ကျန်းကျဲ့သည် ပန်းချီကို ဆက်ဆွဲနေသည်။

သူသည် လူ၏ မျက်နှာကို ဆွဲနေသည်။

နင်အန်းချီ၏ ထူးခြားချက်နှင့် အရေပြား၏ အသွင်ကို ဖော်ပြရန် ရေအစင်းကြောင်းများက ပိုမို သိမ်မွေ့ရန် လိုအပ်သည်။

နင်အန်းချီက မြင်လိုက်ရသည်။ ကျန်းကျဲ့သည် ပန်းချီကားပေါ်တွင် အရောင်တစ်နေရာ ခြယ်ပြီးနောက် ခဏရပ်ကာ သန့်ရှင်းသော ပန်းချီစုတ်တံတစ်ချောင်းဖြင့် ခြယ်ထားသည့် အရောင်ထဲသို့ တို့လိုက်သည်။ အရောင်အချို့ကို စုပ်ယူလိုက်သဖြင့် အရောင်ဖျော့သည့် အမှတ်အသားတစ်ခု ကျန်ခဲ့သည်။ ဤရေအစင်းကြောင်းက နှာခေါင်းအောက်ခြေနှင့် မျက်ခွံများကြားရှိ ဆက်စပ်မှု ကို ဖော်ပြသည်။

သူမသည် ကျန်းကျဲ့ကို ကြည့်နေသည်။ တစ်ချက်ပြီးတစ်ချက် သူမ၏ မျက်လုံး၊ နှာခေါင်းတို့ကို ဆွဲနေပြီး လူက ပိုမိုပေါ်လွင်လာသည်။

ထိုအချိန်တွင် ကျန်းကျဲ့သည် မျက်လုံး၏ မျက်ခွံအပေါ်မျဉ်းကို ဆွဲရန် ပြင်နေ သည်။ လက်မတုန်စေ ရန် လက်တစ်ဖက်ကို အထောက်အကူအဖြစ် အသုံးပြုရသည်။ အထောက်အကူအဖြစ် အသုံးပြုသည့် လက်သည် ပန်းချီကားကို မထိမိရန် လိုအပ်သည်။

နင်အန်းချီသည် ကျန်းကျဲ့၏ လက်ချောင်းများက ပန်းချီကားထဲရှိ သူမ၏ မျက်နှာကို တို့လိုက်သည်ကို မြင်သောအခါ စိတ်ထဲတွင် ထူးခြားသည့် ခံစားချက်တစ်ခု ပေါ်လာသည်။

All Chapters