← Chapters

လူငယ်ပုံတူ ပြန်ထုတ်ဖော် ခြင်းနှင့် လျှောက်လွှာတင်ခြင်း

Vol. 4 Ch. 50

လူငယ်ပုံတူ ပြန်ထုတ်ဖော် ခြင်းနှင့် လျှောက်လွှာတင်ခြင်း

Vol. 4 Ch. 50

နင်အန်းချီသည် ကျန်းကျဲ့ ပန်းချီဆွဲနေသည်ကို မျက်လုံးမခွာဘဲ ကြည့်နေသည်။

ကျန်းကျဲ့သည် ပန်းချီကားကြီးများကို ဆွဲရာတွင် လွတ်လပ်စွာ ဆွဲလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင် ၁၆ ကွက် ရှိသည့် ပုံသေးတစ်ပုံကို ရေးဆွဲနေသဖြင့် မျဉ်း တစ် ကြောင်း၊ နှစ်ကြောင်းဆွဲပြီးတိုင်း ခဏရပ်ပြီး သတိထား ဆွဲနေသည်။

သူသည် သူ၏ ဆုံးဖြတ်ချက်အတိုင်း ပုံကြမ်းကို ဆွဲပြီးနောက် ခဲဖျက်ကို ယူပြီး ပန်းချီကားပေါ်တွင် ညင်သာစွာ ပွတ်တိုက်ပေးသည်။ အချို့သော မျဉ်း များကို မှုန်ဝါးစေသည်။ အပိုင်းတစ်ခုစီကို မှုန်ဝါးစေပြီးတိုင်း ဓာတ်ပုံနှင့် နှိုင်းယှဉ်သည်။

ဤလက်ရာ၏ အစိတ်အပိုင်းအများစုက မှုန်ဝါးလာပြီး ဓာတ်ပုံနှင့် ပိုမိုဆင်တူလာသည်ကို မြင်သောအခါ နင်အန်းချီသည် ကျန်းကျဲ့က မှုန်ဝါးသည့် ပန်းချီကားဖြင့် ဓာတ်ပုံနှင့် နှိုင်းယှဉ်ရန် ကြိုးစားနေသည်ကို နားလည်လာသည်။

ဤနည်းလမ်းကို ပထမဆုံးအကြိမ် တွေ့ရသဖြင့် သူမသည် ပိုမိုစိတ်ဝင်စားလာသည်။

သူမသည် မကြာသေးမီက ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခု လုပ်ရန် ပြင်နေပြီး ထိုရင်းနှီးမြှုပ်နှံမှုတွင် အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးရှိသည်။ ဤဓာတ်ပုံကိစ္စသည် အဓိကသော့ချက်ကို ဖွင့်ရန် နည်းလမ်းတစ်ခုဖြစ်သည်။

ဤအရာသည် အလွန်အရေးကြီးသဖြင့် သူမသည် တကယ့် အချက်အလက် များကို မထုတ်ပြဘဲ အခြားဓာတ်ပုံကို သုံး၍ စမ်းသပ်ခြင်းဖြစ်သည်။

နင်အန်းချီက ကျန်းကျဲ့ကို သဘောကျပြီး စိတ်ဝင်စားနေသော်လည်း သူမသည် ကိစ္စ များကို သေချာစဉ်းစားတတ်သည်။ မအောင်မြင်သေးမီတွင် သူမ၏ အစစ်အမှန်ရည်ရွယ်ချက်ကို လုံးဝ ထုတ်ဖော်မည်မဟုတ်ပေ။

ကျန်းကျဲ့သည် တစ်ပုံဆွဲပြီးနောက် အနည်းငယ် မကျေနပ်ပေ။ ဤလက်ရာသည် တူသော်လည်း ဓာတ်ပုံနှင့် ကွာခြားချက်ရှိသည်ဟု ခံစားရသည်။

ပုံတူပန်းချီ ဆွဲရာတွင် ပုံစံ၏ တိကျမှုအပြင် အဓိကအချက်သည် စရိုက်လက္ခဏာကို ထုတ်ဖော် နိုင်မှသာ ပြန်လည်ထုတ်ဖော်ခြင်း ၏ အလှကို ခံစားရမည်ဖြစ်သည်။

မူရင်းဓာတ်ပုံက မှုန်ဝါးနေပြီဖြစ်သဖြင့် ပြန်လည်ထုတ်ဖော် ရန် ကြိုးစားနေခြင်းသည် တစ်စုံတစ်ဦးကို ပြရန် ပြင်နေခြင်း ဖြစ်ရမည်ဖြစ်သည်။

ဓာတ်ပုံကို ကြည့်မည့်သူသည် ဓာတ်ပုံထဲရှိ လူငယ်ကို စွဲစွဲမြဲမြဲ မှတ်မိနေပေလိမ့်မည်။ အချိန်ကြာမြင့်ပြီဖြစ်သဖြင့် ထိုလူသည် ဓာတ်ပုံထဲရှိ လူငယ်၏ စရိုက်လက္ခဏာကိုသာ အမှတ်ရနေပေလိမ့်မည်။

အလုပ်အပ်သူကို ကျေနပ်စေရန် အဓိကစရိုက်လက္ခဏာကို ဖမ်းယူရမည်ဖြစ်သည်။

ကျန်းကျဲ့သည် စက္ကူအသစ်တစ်ရွက်ကို ယူပြီး ထပ်မံကြည့်သည်။

ယခင်က ဆွဲခဲ့သဖြင့် သူ၏စိတ်ထဲတွင် ဓာတ်ပုံထဲရှိ လူ၏ပုံသဏ္ဍာန်ကို မှတ်မိနေပြီးဖြစ်သည်။

သူသည် ယခင်က အမှတ်ရနေသည့်အရာများကို ဖယ်ရှားပြီး အသစ်တဖန် ပြန်ကြည့်ရမည်ဖြစ်သည်။

ဒုတိယပုံသည်လည်း မကျေနပ်သေးပေ။

တတိယပုံကို ဆက်ဆွဲသည်...

ပဉ္စမပုံကို ဆွဲပြီးမှ ကျန်းကျဲ့သည် ခဲတံကို ချပြီး ပုံတူပန်းချီကားငါးခုကို တစ်တန်းတည်း စီထားသည်။

ပန်းချီစက္ကူငါးခုပေါ်တွင် လူငယ်၏ ပုံများဖြစ်သော်လည်း စရိုက်လက္ခဏာအနည်းငယ် ကွာခြားသည်။

ကျန်းကျဲ့သည် နင်အန်းချီကို “မစ္စ နင်၊ ကျွန်တော့် ပန်းချီ အဆင့်က ဒီလောက်ပဲ ဆွဲနိုင်ပါတယ်။တစ်ချက် ကြည့်လိုက်ပါဦး” ဟု ပြောလိုက်သည်။

နင်အန်းချီသည် လူငယ်ပုံတူငါးပုံကို ကြည့်ပြီး လက်ခုပ်တီးကာ - “ကောင်းတယ်၊ ကောင်းတယ်၊ မှုန်ဝါးနေတဲ့ ဓာတ်ပုံတစ်ပုံကနေ လူပုံကို ဒီလောက်အထိ ပြန်ထုတ်ဖော် နိုင်မယ်လို့ မထင်ထားမိဘူး”

သူမ၏ ချီးမွမ်းခြင်းသည် စိတ်ရင်းအမှန်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ တတိယပုံကို မြင်သောအခါ ထိုကိစ္စအတွက် အနည်းငယ်ယုံကြည်မှု ရခဲ့သည်။ လက်ရာအားလုံးကို မြင်သောအခါ ထိုကိစ္စကို အောင်မြင်ရန်အတွက် ထက်ဝက်မျှ ယုံကြည်မှု ရရှိလာသည်။

“နင့်ကို ရိုးရိုးသားသားပြောရရင်၊ အမျိုးမျိုးသော ခေတ်မီနည်းပညာတွေနဲ့ ပြန်ထုတ်ဖော် ထားတဲ့ ပုံတူတွေကို ငါ ကြည့်ဖူးတယ်။ အရမ်းကို တောင့်တင်းပြီး သက်ဝင်မှုမရှိဘူး။ တကယ်တော့ ရည်ရွယ်ချက်က မတူတဲ့အတွက် အဲဒီနည်းပညာတွေက တိကျမှုကိုပဲ အဓိကထားတယ်။ ဓာတ်ပုံမှုန်ဝါးတာကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး”

သူမသည် သေချာစဉ်းစားပြီးနောက် ပန်းချီကားတစ်ချပ်ကို ရွေးကာ - “ဒီပုံက အကောင်းဆုံးပဲလို့ ငါ ထင်တယ်။ ဒါကို ရေဆေးပန်းချီနဲ့ ပြောင်းဆွဲပေးလို့ရမလား”

ကျန်းကျဲ့က ခေါင်းညိတ်ကာ - “ရပါတယ်၊ ဒါပေမဲ့ ဒီနေ့ အချိန်မလောက်တော့ဘူး။ကျွန်တော် အိမ်ကို ယူသွားပြီး ဖြည်းဖြည်းချင်း ဆွဲလိုက်ပါ့မယ်”

နင်အန်းချီက ခေါင်းညိတ်ပြီး သဘောတူရင်း - “ငါ့အိမ်မှာ နေ့လည် စားသွားဦးမလား”

ကျန်းကျဲ့က “ကျေးဇူးတင်ပါတယ် အစ်မ နင်၊ နေ့လည် စာကို မိဘတွေနဲ့ အတူတူ ပြန် စားရမှာမို့လို့ပါ” ဟု ပြောလေ သည်။

“ကောင်းပြီ၊ နင့်ကို ကားနဲ့ လိုက်ပို့ခိုင်းလိုက်မယ်။ ပန်းချီကား ပြီးတာနဲ့ ငါ့ကို ဖုန်းခေါ်လိုက်”

ကျန်းကျဲ့သည် ပန်းချီသေတ္တာ ကို ကျောပိုးလိုက်သည်။

နင်အန်းချီသည် သူ့ကို မြေအောက်ကားဂိုဒေါင်အထိ လိုက်ပို့ပေး သည်။

“နင် ဆီဆေးပန်းချီ စဆွဲတဲ့အခါ နင့်ရဲ့ ဆီဆေးလက်ရာကို ကြည့်ချင်တယ်”

ကျန်းကျဲ့က “ကျွန်တော် အများကြီးစဉ်းစားပြီး လေ့လာရအုန်း မှာပါ” ဟု ပြောလိုက် သည်။

မက်ဆီဒီးကားမရှိသဖြင့် နင်အန်းချီသည် ကျန်းကျဲ့ကို ကားရှည်ဖြင့် ပို့ခိုင်းသည်။

ကျန်းကျဲ့က ငြင်းကာ - “မစ္စ နင်၊ ကျွန်တော် မိဘအိမ်ကို သွားရမှာ။ ဒီလိုကားမျိုး စီးရင် အရမ်းကို အံ့သြစရာဖြစ် နေပါ့မယ်။ ဖူခန်းကားနဲ့ဆို အဆင်ပြေပါတယ်”

နင်အန်းချီက ပြုံး လိုက်ကာ - “အဲဒီကားက ငါ့အိမ်က အိမ်ဖော်ဈေးသွားဝယ်တဲ့ ကား”

“ရပါတယ်၊ အဲဒီကားနဲ့ပဲ ကျွန်တော် အဆင်ပြေပါတယ်”

“ကောင်းပါပြီ၊ နင့်သဘောပဲ”

နင်အန်းချီသည် ကျန်းကျဲ့ ဖူခန်းကားစီးကာ ထွက်သွားသည်ကို ကြည့်နေသည်။

သူမသည် ဧည့်ခန်းသို့ ပြန်လာပြီး ဓာတ်ပုံအချို့ကို ဖြည်းဖြည်းချင်း သိမ်းကာ လက်ထောက်ကို “ဆရာ မြောင် နဲ့ တွေ့ဖို့ အချိန်စီစဉ်ပေးပါ” ဟု ပြောလိုက်သည်။

.........

ကျန်းကျဲ့သည် မိဘအိမ်သို့ ပြန်လာပြီး နေ့လည်စာစားပြီး ခွေးလေးကို ခေါ်ကာ ပန်းချီခန်းသို့ ပြန်လာသည်။

နေ့လယ်ပိုင်းတွင် သူသည် ပန်းချီခန်းတွင် ယဉ်ကျေးမှုဘာသာရပ်များကို ပြန်လည်လေ့လာ ပြီး ယနေ့အတွက် သင်ခန်းစာ ကို လုပ် ကာ အချိန်ယူပြီး လူငယ်ပုံတူကို ရေဆေးပန်းချီဖြင့် ဆွဲသည်။

ပန်းချီဆွဲနေစဉ်တွင် သူသည် လူငယ်နှင့် နင်အန်းချီ၏ ဆက်ဆံရေးကို ခန့်မှန်းနေမိ သည်။ သူ၏ ဆုံးဖြတ်ချက်အရ ထိုဓာတ်ပုံသည် အနည်းဆုံး နှစ်အနည်းငယ်ကြာပြီဖြစ်သဖြင့် ကိစ္စ များကို တွေး ရန် ခက်ခဲသည်။

ယနေ့တွင် နင်အန်းချီ၏ စကားများသည် သူ့ကို သတိပေးနေ သည်။

ရေဆေးပန်းချီ၏ အရေးပါမှုသည် ဆီဆေးပန်းချီနှင့် တရုတ်ပန်းချီကဲ့သို့သော ပန်းချီအမျိုးအစားကြီးများနှင့် နှိုင်းယှဉ်ပါက များစွာသေးငယ်သည်။ ကောလိပ်ဝင်ခွင့် စစ်ဆေးရေးဌာန စာမေးပွဲပြီးနောက် သူသည် အခြားပန်းချီအမျိုးအစားများကိုလည်း အမြန်စသင်ရမည်ဖြစ်သည်။ ယခင်ဘဝက သူသည် ဆီဆေးပန်းချီနှင့် တရုတ်ပန်းချီသင်တန်းအချို့ကို တက်ဖူးသည်။ ယခုတွင် စနစ်၏ အကူအညီဖြင့် ပိုမိုကောင်းမွန်သည့် ရလဒ်များ ရရှိအောင် ကြိုးစားရမည်။

ညနေပိုင်းတွင် သူသည် နောက်ဆုံးအနုပညာစာမေးပွဲအတွက် မည်သည့်ကျောင်းကို လျှောက်လွှာတင်ရမည်ကို စဉ်းစား ပြုသည်။

စနစ်မစ်ရှင်ကို ပြီးမြောက်ရန် ဖြစ်နိုင်သမျှ အောင်မြင်နိုင်ခြေများသည့် ကျောင်းကို ရွေးချယ်ရမည်။

နောက်ဆုံးတွင် တရုတ်နိုင်ငံ အနောက်မြောက်ဘက်ရှိ နည်းပညာတက္ကသိုလ်တစ်ခု၏ အနုပညာဒီဇိုင်းဘာသာရပ်ကို ရွေးချယ်လိုက်သည်။ ဤကျောင်းသည် ကျောင်းသားများစွာကို လက်ခံပြီး အောင်လက်မှတ်များစွာကို ပေးသည်။ လျှောက်လွှာတင်သူ အရေအတွက် မနည်းသော်လည်း သူ အောင်လက်မှတ်ရရန် အခွင့်အရေး ပိုများသည်။

ကျန်းကျဲ့သည် သူ၏စိတ်ကူးကို မိဘများကို ပြောပြပြီး မိဘများကလည်း သူ၏ ရွေးချယ်မှုကို သဘောတူကြသည်။

သူသည် ဖုန်းချလိုက်သည်နှင့် ချန်းယန်၏ ဖုန်းဝင်လာသည်။

ချန်းယန်တွင် ဖုန်းမရှိသေးသဖြင့် အိမ်ဖုန်းကို သုံးရသည်။ စကားပြောသောအခါ သိပ်မလွတ်လပ် ပေ။

သူမသည် ကျန်းကျဲ့ ဘယ်ကျောင်းကို လျှောက်လွှာတင်မည်ကို မေးပြီးနောက် သူမသည် နောက်နေ့တွင် အနောက်တောင်ဘက်ရှိ ကျောင်းတစ်ကျောင်းသို့ လျှောက်လွှာတင်မည်ဖြစ်ပြီး ကျန်းကျဲ့ကို အတူတူ သွားရန် ချိန်းသည်။

ကျန်းကျဲ့နှင့် ချန်းယန်တို့သည် အချိန်ချိန်းဆိုပြီးနောက် ဖုန်းချလိုက်သည်။

ထိုညတွင် သူသည် မအိပ်မီ စနစ်ကို ဖွင့်ကာ ယခုလ၏ တိုးတက်မှုကို ကြည့်လိုက်သည်။ ဧပြီလကုန်ရန် ရက်အနည်းငယ်သာ လိုတော့သဖြင့် ဤလတွင် မည်မျှဆုလာဘ်များ ရရှိမည်ကို မသိသေးပေ။

နောက်နေ့နံနက်တွင် ကျန်းကျဲ့နှင့် ချန်းယန်တို့သည် စာမေးပွဲဖြေမည့်နေရာသို့ လျှောက်လွှာတင်ရန် သွားကြ သည်။

ဧပြီလကုန်ခါနီးပြီဖြစ်သဖြင့် အနုပညာစာမေးပွဲဖြေဆိုသူအရေအတွက် တဖြည်းဖြည်း လျော့နည်းလာသည်။

ကျောင်းများစွာသည် လျှောက်လွှာတင်သည့်အချိန်ကို တိုးပေး ထားသည်။

ကျန်းကျဲ့သည် ပုံမှန်လျှောက်လွှာတင်သည့်နေရာတွင် ကျောင်းသုံးကျောင်းက တစ်ချိန်တည်း လျှောက်လွှာလက်ခံနေသည်ကို မြင်ရသည်။

ချန်းယန်သည် သူမ လျှောက်လွှာတင်မည့်ကျောင်းကို မြင်သောအခါ “လာ လျှောက်လွှာသွားတင်ကြမယ်။ နင်က စောစောပြီးမှာဆိုတော့ ငါ့ကို ခဏစောင့်နေဦး” ဟု ပြောလေ သည်။

သူမ လျှောက်လွှာတင်မည့်ကျောင်းသည် မေဂျာ များစွာကို လက်ခံပြီး အသံမေဂျာ နှင့် မော်ဒယ်မေဂျာ များ ပါဝင်သဖြင့် လျှောက်လွှာတင်သူများ များပြားသည်။

ကျန်းကျဲ့သည် လျှောက်လွှာတင်ပြီးနောက် ချန်းယန် ပြန်မလာသေးသည်ကို မြင်သဖြင့် စာမေးပွဲဖြေမည့်နေရာ၏ ရင်ပြင်တွင် စောင့်နေသည်။

ခဏကြာသောအခါ တစ်စုံတစ်ဦးက သူ့ကို လှမ်းခေါ်သည်- “ကျန်းကျဲ့၊ နင်လည်း လျှောက်လွှာလာ တင်တာလား”

ကျန်းကျဲ့သည် အသံကို ကြားပြီး မည်သူဖြစ်ကြောင်း သိလိုက်သည်။ နောက်လှည့်ကြည့်လိုက်ရာ သူ၏ အထက်တန်းကျောင်းမှ အတန်းခေါင်းဆောင် ဖြစ်နေသည်။

“အတန်းခေါင်းဆောင်၊ နင်လည်း လျှောက်လွှာလာ တင်တာလား။ ဘယ်ကျောင်းလဲ” သူသည် ယခုတစ်နေ့ထဲတွင် လျှောက်လွှာတင်နိုင်သည့် ကျောင်းသုံးကျောင်းရှိသဖြင့် ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။ ချန်းယန်နှင့် သူ လျှောက်လွှာတင်သည့်ကျောင်းများအပြင် ဆရာအတတ်သင်ကျောင်း တစ်ကျောင်းလည်း ရှိသည်။

“ငါ အနောက်မြောက်ပိုင်း တက္ကသိုလ် ဆရာအတတ်သင်ကျောင်းကို လာ လျှောက်တာ။ နင်ရော ဘယ်ကို လျှောက်တာလဲ” အတန်းခေါင်းဆောင်က မေး လိုက်သည်။

ကျန်းကျဲ့သည် သူ လျှောက်လွှာတင်သည့်ကျောင်းကို ပြောပြသည်။

အတန်းခေါင်းဆောင်က “ပြည်နယ်စာမေးပွဲမှာ နင် ဘယ်ကျောင်းကို လျှောက်တာလဲ။ နင့်ကို မတွေ့ရတာ ကြာပြီ” ဟု ထပ်မံမေးသည်။

ကျန်းကျဲ့က “ပင်းဟိုင်အနုပညာကျောင်း” ဟု ပြောလိုက်သည်။ သူသည် အတန်းခေါင်းဆောင်က ပြည်နယ်ရှိ ဆရာအတတ်သင်ကျောင်းကို လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံးတွင် ထိုနေရာ၌ ပညာသင်ကြားခဲ့သည်ကို သူ သိသည်။

“နင် မြို့တော်က ဆရာအတတ်သင်တက္ကသိုလ်ကို လျှောက်တယ်လို့ ကြားတယ်။ နင့်ရလဒ်ကောင်းတော့ ပြဿနာရှိမှာ မဟုတ်ဘူး”

အတန်းခေါင်းဆောင်သည် ကျန်းကျဲ့၏ ယဉ်ကျေးမှုဘာသာရပ်ရလဒ်နှင့် အနုပညာကျောင်းသို့ ဝင်ခွင့်ရမည်ကို မယုံကြည်သော်လည်း ချီးမွမ်းပြောသည်- “နင် အခု ပန်းချီဆွဲတာ တော် လာပြီဆို ၊ အနုပညာကျောင်းကို ရွေးတာ အကောင်းဆုံးပဲ၊ ပြဿနာရှိမှာ မဟုတ်ဘူး”

ကျန်းကျဲ့သည် ဤအတန်းခေါင်းဆောင်ကို ဒါရိုက်တာလင် နှင့် အတန်းပိုင်ဆရာက အတန်းခေါင်းဆောင်အဖြစ် ခန့်ထားခြင်းသည် အကြောင်းရှိသည်ဟု ထင်သည်။

ကံမကောင်းစွာဖြင့် နှစ်အနည်းငယ်ကြာပြီးနောက် ဆရာအလုပ်သည် ဝင်ရန် ပိုမိုခက်ခဲလာသည်။ လူအချို့၏ ပြောပြချက်အရ အတန်းခေါင်းဆောင်သည် ဆရာမဖြစ်နိုင်ဘဲ လုပ်ငန်းတစ်ခုသို့ ရောက်သွားပြီးနောက် သတင်းအစအန မရတော့ပေ။ ဘွဲ့ရပြီးနောက် သူတို့နှစ်ဦး ပြန်မတွေ့ရတော့သဖြင့် အတိအကျအခြေအနေကို မသိရပေ။

“ကျန်းကျဲ့” ကြည်လင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ချန်းယန်သည် အမြန်လျှောက်လာပြီး ကျန်းကျဲ့၏ ဘေးတွင် ရပ်ကာ လက်တစ်ဖက်ဖြင့် ကျန်းကျဲ့၏ လက်မောင်းကို ကိုင်ထားသည်။ သူမ၏ အမူအရာက အနည်းငယ် တောင့်တင်းနေသည်။

“ငါ လျှောက်လွှာတင်ပြီးပြီ၊ နင် ဘယ်တုန်းက ထွက်လာတာလဲ” သူမသည် ကျန်းကျဲ့ကို စကားပြောပြီးနောက် အတန်းခေါင်းဆောင်ကို ကြည့်လိုက်သည်။ ကျန်းကျဲ့သည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ အတန်းခေါင်းဆောင်သည် မိန်းကလေးဖြစ်သော်လည်း ချန်းယန်လောက် မလှပေ။

အတန်းခေါင်းဆောင်၏ မျက်လုံးများလည်း တောက်ပလာပြီး “မင်္ဂလာပါ၊ ငါက ကျန်းကျဲ့ရဲ့ အတန်းဖော်ပါ၊ နင်ကရော” ဟု နှုတ်ဆက်လိုက်သည်။

“သူက ငါ့သင်တန်းက သူငယ်ချင်းပါ” ကျန်းကျဲ့က မိတ်ဆက်ရင်း ချန်းယန်က သူ့ကို လက်ဖြင့် ပုတ်နေသည်ကို ခံစားရသည်။

မိန်းကလေးနှစ်ဦး နှုတ်ဆက်ကြသည်။

သူတို့၏ အသံများက စိတ်အားထက်သန်သော်လည်း ကျန်းကျဲ့က အတုအယောင်ဖြစ်ပြီး ရှက်စရာကောင်းသည်ဟု ခံစားရသဖြင့် ထွက်သွားရန် အကြောင်းပြချက် ရှာနေ သည်။

“ဟေ့၊ ကျန်းကျဲ့၊ အတန်းပိုင်ဆရာ ဆရာ ယွီ က နင် ဘယ်တော့ ယဉ်ကျေးမှုဘာသာကို ပြန်တက်မလဲလို့ မေးခိုင်းလိုက်တယ်” အတန်းခေါင်းဆောင်က အလျင်အမြန် မေးသည်။

ကျန်းကျဲ့သည် ရပ်လိုက်ကာ - “ငါတို့အတန်းထဲမှာ ပြန်တက် တဲ့သူရှိလို့လား”

အတန်းခေါင်းဆောင်က ပြုံး လိုက်ကာ- “အခုတော့ တစ်ယောက်ပဲ စာမေးပွဲပြီးသွားပြီး အတန်းထဲ ပြန်တက်နေတယ် ။ ဆရာ ယွီ က ငါ သူငယ်ချင်းတွေနဲ့ တွေ့ရင် မေးခိုင်းလိုက်တာ”

အတန်းထဲရှိ ကျောင်းသား ဒါဇင်ပေါင်းများစွာ၏ အခြေအနေက မတူသဖြင့် တစ်ဦးချင်းစီ ပြန်တက်မည့်အချိန်ကလည်း ကွဲပြားသည်။

ကျန်းကျဲ့က “ကျွန်တော်လည်း မကြာခင် ပြန်တက်မှာပါ။ ဒီစာမေးပွဲပြီးမှ ထပ်စဉ်းစားပြီး အပြောင်းအလဲမရှိရင်တော့ ပြန်တက်မယ်” ဟု ပြောလိုက်သည်။

“ကောင်းပြီ၊ ပြန်တက်တာနဲ့ ဆရာ ယွီ ကို သွားရှာလိုက်”

“ကျေးဇူးတင်ပါတယ်၊ ပြန်ဆုံကြတာပေါ့”

ကျန်းကျဲ့နှင့် ချန်းယန်တို့သည် စာမေးပွဲဖြေမည့်နေရာမှ ထွက်လာသည်။ ချန်းယန်က သူ၏ လက်မောင်းကို ကိုင်ထားဆဲ ဖြစ်သည်။

“မိန်းမလှလေး၊ ငါတို့အတန်းခေါင်းဆောင်က မင်းလောက် မလှဘူး။ ဒီလိုပုံစံမျိုး လုပ်စရာလိုလို့လား”

“ဟွန့်၊ ငါမရှိတဲ့အချိန်မှာ သူ နင့်နဲ့ စကားလာပြောတယ်၊ စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ”

“မင်း က အကဲပိုလွန်း နေတာ”

ချန်းယန်သည် ခဏတာ တွန့်ဆုတ်နေပြီး “ခုနက နင် ငါ့ကို မိတ်ဆက်တဲ့အခါ ဘာလို့ သူငယ်ချင်းလို့ ပြောလိုက်တာလဲ” ဟု မေးလိုက်သည်။

ကျန်းကျဲ့က အံ့သြဟန်ဆောင်ကာ- “ဒါဆို ဘယ်လိုပြောရမလဲ”

“နင်” ချန်းယန်က သွားကြိတ် ပြီး “နင်က ငါ့ရည်းစားပါလို့ ပြောသင့်တာ” ဟု ပြောလိုက်သည်။

ကျန်းကျဲ့က “မင်းက ငါ့ရည်းစား ဘယ်တုန်းက ဖြစ်သွားတာ လဲ။ သက်သေအထောက်အထားလည်း မရှိဘဲနဲ့” ဟု ပြောလိုက်သည်။

“နင် နောက်တစ်ခါပြောကြည့်လေး” ချန်ယန်က လက်ညှိုးဖြင့် ဖိထားသည်။

“အို၊ မင်းက ရှောင်ကားအတိုင်းပဲ၊ ပိုင်နက် တွေ လိုက်မှတ်နေတယ်”

ချန်းယန်သည် ဒေါသထွက်ပြီး လက်သီးဖြင့် ထုသည်။

သူတို့နှစ်ဦးသည် နောက်ပြောင်ရင်း ပန်းချီခန်းသို့ ပြေးသွားကြ သည်။

နင်အန်းချီ၏ မက်ဆီဒီးကားသည် ခြံ ဝန်း တစ်ခုထဲသို့ ဖြည်းဖြည်းချင်း ဝင်လာသည်။

သူမသည် ကားပေါ်မှ ဆင်းပြီး ဝန်ထမ်း နှင့်အတူ ရှေးဟောင်းဗီလာတစ်လုံးသို့ ဝင်လာသည်။ ဧည့်ခန်းတွင် ခဏကြာ စောင့်ပြီးနောက် ဝန်ထမ်း က သူမကို ခေါ်ပြီး ဘီးတပ်ကုလားထိုင်တွင် ထိုင်နေသည့် အဘွားအိုတစ်ဦးကို တွေ့လိုက်ရသည်။

All Chapters