← Chapters

စမ်းခြင်း ၊ အနုပညာစာမေးပွဲ၊ အခွေ(DVD) ရုပ်ရှင်

Vol. 4 Ch. 51

စမ်းခြင်း ၊ အနုပညာစာမေးပွဲ၊ အခွေ(DVD) ရုပ်ရှင်

Vol. 4 Ch. 51

နင်အန်းချီ၏ လက်ထောက်သည် ဖြစ်ရပ်များစွာကို တွေ့ကြုံခဲ့ပြီးဖြစ်သည်။ ဤနေရာတွင် နေထိုင်သည့် အဘွားအိုသည် သူဌေးအတွက် အလွန်အရေးကြီးသည်ကို သူမ သိသည်။ ထို့ကြောင့် ဧည့်ခန်းတွင် စောင့်နေစဉ်တွင် အလွန်သတိထားပြီး ဤနေရာရှိ ဝန်ထမ်း နှစ်ဦးနှင့်လည်း အလွန်ယဉ်ကျေးစွာ ပြောဆိုသည်။

သူမသည် သုံးကြိမ် ဖုန်းကိုင်ခဲ့ပြီး တစ်နာရီခန့် စောင့်ရသည်။ နောက်ဆုံးတွင် နင်အန်းချီ ထွက်လာပြီး အဘွားအိုသည် ဧည့်ခန်းအထိ လိုက်ပို့သည်။

“ဆရာမ မြောင် ၊ ကောင်းကောင်းအနားယူပါ။ အချိန်ရရင် ကျွန်မ လာတွေ့ပါဦးမယ်”

“နင်က အလုပ်များတဲ့သူ၊ ငါကတော့ အားတဲ့သူပဲလေ ။ ငါ့ဆီ မကြာခဏ မလာပါနဲ့” အဘွားအို၏ အသံက ကြမ်းတမ်းပြီး စကားတစ်ခွန်း ပြောတိုင်း ခက်ခက်ခဲခဲ အသက်ရှုနေရ သည်။

နင်အန်းချီသည် ခါးညွတ်ပြီး အဘွားအိုနှင့် နီးကပ်စွာ ပြောသည်- “ဘာလိုအပ်တာရှိရင် ကျွန်မကို တိုက်ရိုက် ဖုန်းခေါ်လိုက်ပါ၊ ဒါမှမဟုတ် သူနာပြုအစ်မကို ဖုန်းခေါ်ခိုင်းလိုက်ပါ”

“ပြန်တော့၊ ပြန်တော့” အဘွားအိုသည် လက်ယမ်းသည်။

နင်အန်းချီသည် နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။

လက်ထောက်သည် ကားတံခါးကို ဖွင့်ပေးပြီး နင်အန်းချီက နှုတ်ဆက်ရန် လိုက်ပို့သည့် သူနာပြုကို “ဆရာမ မြောင် ဘာလိုအပ်တာရှိရှိ ကျွန်မကို ဖုန်းဆက်ပေးပါ” ဟု ပြောလိုက်သည်။

“မှတ်ထားပါ့မယ်”

နင်အန်းချီသည် ကားပေါ်တွင် ထိုင်ပြီး ကားသည် ဖြည်းဖြည်းချင်း မောင်းထွက်သွားသည်။

လက်ထောက်သည် ရှေ့ထိုင်ခုံတွင် ထိုင်ပြီး နောက်ကြည့်မှန်ကို ကြည့်ကာ ယနေ့ကိစ္စသည် အဆင်မပြေကြောင်း ခန့်မှန်းမိသည်။

သို့သော် ဤကိစ္စမျိုးနှင့် ပတ်သက်၍ သူမသည် ဘယ်တော့မှ စကားမပြောရဲပေ။

........

ကျန်းကျဲ့သည် သူ၏ နောက်ဆုံးအနုပညာစာမေးပွဲအတွက် ပန်းချီခန်းတွင် ပြင်ဆင်နေသည်။ ဤစာမေးပွဲသည် စနစ်မစ်ရှင်ကို ပြီးမြောက်ရန်အတွက်သာ ဖြစ်သော်လည်း သူသည် စာမေးပွဲမေးခွန်းများကို အလေးအနက်ထား ခန့်မှန်းပြီး လေ့ကျင့်သည်။

ဤကျောင်း၏ ယခင်နှစ်များ၏ မေးခွန်းထုတ်ပုံစံအရ ပုံမှန်အားဖြင့် ပုံတူပုံကြမ်း၊ ရေခဲပန်းချီကားနှင့် ကြော်ငြာဒီဇိုင်းများကို စစ်ဆေးလေ့ရှိသည်။

သူသည် သုံးနာရီအတွင်း ခန့်မှန်းထားသည့် မေးခွန်းသုံးခုကို ပြီးစီးခဲ့သည်။ ညစာစားရန် အချိန်လိုသေးသည်ကို သိသဖြင့် ထိုလူငယ်၏ ပုံတူကို ယူပြီး ထပ်မံဆွဲသည်။

ဤလူငယ်၏ ပုံကို ခြောက်ကြိမ် ဆွဲခဲ့ပြီးဖြစ်သဖြင့် ပုံသဏ္ဍာန်ကို စိတ်ထဲတွင် မှတ်မိနေပြီး ခဲတံဖြင့် ပုံကြမ်းမဆွဲဘဲ ရေဆေးဖြင့် တိုက်ရိုက်စတင် ဆွဲသည်။

ဤအကြိမ် ပြန် ဆွဲရာတွင် သူသည် မူရင်းပုံကို မကြည့်ဘဲ စိတ်ကူးအမြင်အချို့ကို ထည့်သွင်းပြီး ဖန်တီးမှုနှင့် ပိုမိုနီးစပ်သည်။

မိနစ် ၃၀ ကျော်ကြာသောအခါ ရေဆေးပန်းချီကားတစ်ချပ် ပြီးစီးခဲ့သည်။

ဤလက်ရာသည် ယခင်ပုံနှင့် အနည်းငယ်ကွာခြားပြီး ပုံ၏ရှုထောင့်ကိုပင် အနည်းငယ် ပြောင်းလဲထားသော်လည်း အသွင်အပြင်က ပိုမိုသက်ဝင်သည်။

သူသည် ဖုန်းကို ယူပြီး နင်အန်းချီ၏ လက်ထောက်ထံသို့ ဖုန်းခေါ်လိုက်သည်။

“ဟယ်လို၊ မစ္စတာ ကျန်း လား” လက်ထောက်က ချက်ချင်း ဖုန်းကိုင်သည်။

“ဟယ်လို ၊ ကျွန်တော် ဓာတ်ပုံကို ရေဆေးပန်းချီနဲ့ ဆွဲပြီးပါပြီ။ မစ္စ နင်ကို ဆက်သွယ်ပေးပြီး ကျွန်တော် ဘယ်အချိန် သွားပေးရမလဲဆိုတာ မေး ပေးပါ”

“ခဏလေး စောင့်ပါ”

လက်ထောက်က ဖုန်းကို နင်အန်းချီကို တိုက်ရိုက်ပေးလိုက်သည်။

“ကျန်းကျဲ့၊ နင် ဆွဲပြီးသွားပြီလား”

“အစ်မနင်၊ ပြီးသွား ပါပြီ”

“နင် ပန်းချီခန်းမှာလား၊ အိမ်မှာလား”

“ပန်းချီခန်းမှာ”

“ငါ နင့်ပန်းချီခန်းကို တန်း လာခဲ့မယ်။ နင့်ပန်းချီခန်းကို ကြည့်ချင်သေး တယ်”

“ကြိုဆိုတာပေါ့ဗျာ ၊ ကျွန်တော် ကားပါကင်နားမှာ စောင့်နေပါ့မယ်”

နင်အန်းချီသည် ဖုန်းချပြီး ကားမောင်းသူကို “အကို လျူ၊ ကျန်းကျဲ့ရဲ့ ပန်းချီခန်းကို တန်းသွားမယ်” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့”

ကားသည် ပန်းချီခန်းအနီးသို့ ချောမွေ့စွာ ရောက်လာသည်။

နင်အန်းချီသည် ကားပေါ်တွင်ပင် ကျန်းကျဲ့ လမ်းဘေးတွင် စောင့်နေပြီး ခွေးလေးတစ်ကောင်ကို ဆွဲထားသည်ကို မြင်လိုက်သည်။

ကျန်းကျဲ့သည် ကားတံခါးဖွင့်သည်ကို မြင်သောအခါ “အစ်မ နင်” ဟု နှုတ်ဆက်သည်။

နင်အန်ချီးသည် ပြုံးလိုက်ကာ - “နင့်ကို အနှောင့်အယှက် ပေးမိပြီ”

ခွေးလေးသည် တစ်စုံတစ်ဦး အနားကပ် လာသည်ကို မြင်သောအခါ အလွန်သတိထားနေသည်။

ကျန်းကျဲ့သည် နှစ်သိမ့်ပြီးနောက်မှသာ ခွေးလေးသည် တိတ်ဆိတ်သွားသည်။

“နင် ဘယ်အဆောက်အအုံမှာ နေတာလဲ”

ကျန်းကျဲ့သည် လက်ညှိုးထိုးပြကာ - “မဝေးပါဘူး။ လှေကားနဲ့ တက်ရမှာ။ တကယ်တော့ ကျွန်တော် သွားယူပေးလည်း ရတာပဲလေ”

“ရပါတယ်၊ ဒီကနေ ဖြတ်သွားရမှာမို့လို့ပါ” နင်အန်းချီနှင့် လက်ထောက်သည် ကျန်းကျဲ့နှင့်အတူ ပန်းချီခန်းသို့ သွားကြပြီး ကားမောင်းသူသည် ကားထဲတွင် ကျန်နေခဲ့သည်။

ကျန်းကျဲ့သည် နှစ်ဦးကို လှေကားမှ ခေါ်သွားပြီး တံခါးဖွင့်ကာ “ဝင်ကြ ပါ၊ ပန်းချီခန်းက ရိုးရှင်းတာမို့ စိတ်ထဲမထားပါနဲ့” ဟု ပြောလိုက်သည်။

နင်အန်းချီသည် ဝင်ပေါက်မှတဆင့် ဝင်ပြီး “ပန်းချီဆရာတွေ ရဲ့ အခြေအနေက ခက်ခဲကြတာ သာမန်ပါပဲ။ ဒါ့အပြင် ဒါက နင့်ကြိုးစားမှုနဲ့ ရလာတာပဲလေ” ဟု ပြောလိုက်သည်။

သူမသည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဤမျှကျဉ်းမြောင်းပြီး ရှေးဟောင်းအိမ်ကို မမြင်ရသည်မှာ ကြာပြီဖြစ်သည်။

ကျန်းကျဲ့သည် ခွေးလေးကို လှောင်အိမ်ထဲ ထည့်ပြီး နှစ်ဦးကို ပန်းချီကားကြည့်ရန် ထိုင်စေသည်။ သူ ကိုယ်တိုင် လက်ဖက်ရည် ပြင်ပေး သည်။

ပန်းချီကားနှစ်ချပ်ကို ပန်းချီဘုတ်ပြားပေါ်တွင် ပြထားသည်။

နင်အန်းချီသည် ခုမှ ပြီးစီးသည့် လက်ရာကို ကြည့်ပြီး “ဒီပုံကို နင် ပြင်ထားတာလား” ဟု မေးလေ သည်။

ကျန်းကျဲ့သည် တစ်ခါသုံး ခွက်ကို နင်အန်းချီ၏ လက်နားတွင် ထားလိုက်ကာ - “ဟုတ်တယ်၊ ဒီပုံက မှတ်မိသလို ဆွဲထားတာဖြစ်ပြီးတော့ အဓိကက စရိုက်လက္ခဏာကို ဖော်ပြတာ”

နင်အန်းချီက ခေါင်းညိတ်ကာ - “ကောင်းပြီ ၊နင် အများကြီး ကြိုးစားလိုက်ရတာပဲ၊ ဒီပန်းချီကားနှစ်ချပ်လုံးကို ငါ ယူသွားမယ်၊ ပိုက်ဆံ ကရော”

ကျန်းကျဲ့က ခေါင်းခါကာ - “ကျွန်တော် ပန်းချီကောင်း မကောင်း မသိဘူး၊ ရိုးရိုးလေး စမ်းကြည့် တာပါ။ အစ်မ သဘောကျတယ်ဆိုရင် ယူသွားလိုက်ပါ၊ ပိုက်ဆံ မယူပါဘူး”

နင်အန်းချီကလည်း ရွံတာမျိုး မရှိပေ။ “ဒီတစ်ကြိမ်တော့ နင် ငါ့ကို ကူညီတာလို့ သဘောထားမယ်။ ဒါနဲ့ ၊ နင့်ရဲ့ အနုပညာစာမေးပွဲက ဘယ်တော့ပြီးမှာလဲ”

ကျန်းကျဲ့က “နောက်တစ်ကြိမ် ဖြေရဦးမယ်။ ဖြေပြီးရင် နည်းနည်း အနားယူပြီး ကျောင်းကို ပြန်တက်ရမယ်” ဟု ပြောလိုက်သည်။

“ဒါဆို ငါ နင့်ကို တွေ့ ချင်ရင် စနေ၊ တနင်္ဂနွေကိုပဲ စောင့်ရမှာလား”

ကျန်းကျဲ့က “ကျွန်တော့်ကို တစ်ခုခု ဆွဲခိုင်းဖို့ လိုရင် ညဘက်မှာ ဆွဲပေးနိုင်ပါတယ်” ဟု ပြောလိုက်သည်။

နင်အန်းချီတွင် အလုပ်များသဖြင့် စကားအနည်းငယ်ပြောပြီးနောက် နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

ကျန်းကျဲ့သည် သူတို့ နှစ်ဦးကို ကားပေါ်အထိ လိုက်ပို့ပြီး ကား ထွက်သွားသည်ကို ကြည့်နေသည်။ ရှောင်ကားကို “ဈေးကိုသွားကြမယ် ၊ ဒီနေ့ မင်းအတွက် အရိုးမပါတဲ့အသား ဝယ်ပေးမယ်” ဟု ပြောလိုက်သည်။

...........

နင်အန်းချီသည် ကားထဲတွင် ထိုင်ရင်း ပန်းချီကားနှစ်ချပ်ကို ကြည့်နေသည်။

သူမသည် ဤပန်းချီကားများက ကျန်းကျဲ့၏ အဆင့်ကို ဖော်ပြနိုင်ပြီး ဆရာမ မြောင် ကို ယုံကြည်အောင် ပြောပြနိုင်မည်ဟု မျှော်လင့်မိသည်။

ပန်းချီကားများကို သိမ်းပြီးနောက် သူမသည် လက်ထောက်ကို “ကျန်းကျဲ့ ပန်းချီခန်း ငှားရတာ ဘယ်လောက်ကုန်ကျလဲဆိုတာ နင် သိလား” ဟု မေးလိုက်သည်။

လက်ထောက်က ခေါင်းခါကာ - “ဒီက အိမ်တွေက အရမ်း ဟောင်းတာမို့ ငှားရမ်းခအခြေအနေကို ကျွန်မ သွားမေးကြည့်ရအုန်းမယ်”

“မလိုတော့ ဘူး”

နင်အန်းချီသည် ကျန်းကျဲ့က အနုပညာစာမေးပွဲအတွက် ဤအိမ်ကို ငှားထားသည်ဟု ပြောဖူးသည်ကို ကြားမိသည်။ ထိုကိစ္စ အောင်မြင်ပါက ဤကိစ္စတွင် ကျန်းကျဲ့ကို ကူညီပေးနိုင်သည်ဟု သူမ ထင်သည်။

ကျန်းကျဲ့သည် ခွေးလေးကို ခေါ်ကာ ဈေးသို့ ရောက်လာသည်။ ဤခွေးလေးကို မွေးပြီးနောက် သူသည် ကိုယ်တိုင် ချက်ပြုတ်စားသောက်လေ့ရှိပြီး ဈေးသို့ မကြာခဏ လာရောက်လေ့ရှိ သည်။

သူသည် ဝက်ပေါင်သားနှင့် အရိုးမပါသည့်အသားတစ်တုံးကို ရွေးပြီး သူကိုယ်တိုင် ကြက်သွန်ဖြူဝက်သားချက် စားရန်နှင့် ခွေးလေးအတွက် ပြုတ် ထားသည့်အသား လုပ်ပေးရန် စဉ်းစားထား သည်။

ဆိုင်ပိုင်ရှင်၏ ကျွမ်းကျင်သည့် ဓားစွမ်းရည်သည် ကျန်းကျဲ့၏ စိတ်ဝင်စားမှုကို ဖြစ်စေသည်။

သူသည် ဆိုင်ပိုင်ရှင် အသားများကို လှီးနေသည်ကို ကြည့်ရင်း တစ်စုံ တစ်ခုကို သတိရသွား သည်။

သူသည် စွမ်းရည်ကို ရရှိပြီးနောက် လူ၏ပုံသဏ္ဍာန်ကို နားလည်သော်လည်း အနုပညာရှုထောင့်မှသာ နားလည်ပြီး ကျွမ်းကျင်သူများလောက် အသေးစိတ်မသိပေ။

သူသည် လူ၏ပုံသဏ္ဍာန်ကို ပိုမိုနားလည်နိုင်ပါက သူ၏ ဓာတ်ပုံပန်းချီကျွမ်းကျင်မှုစွမ်းရည်နှင့် ပေါင်းစပ်ပြီး ဓာတ်ပုံပြန်ထုတ်ဖော်ခြင်း မျိုးတွင် ပိုမိုကောင်းမွန်စွာ လုပ် နိုင်မည်လား ။

သူသည် သက်ဆိုင်ရာစာအုပ်အချို့ကို အမြန်ဝယ်ယူပြီး လေ့လာရန် ဆုံးဖြတ်လိုက် သည်။ ၎င်းသည် နောင်တွင် လေ့လာမှုအတွက် ပြင်ဆင်ခြင်းလည်းဖြစ်သည်။

အနုပညာစာမေးပွဲနေ့တွင် ကျန်းကျဲ့ မိဘများသည် စောစောစီးစီး ပန်းချီခန်းသို့ ရောက်လာသည်။

ကျန်းကျဲ့သည် ပန်းချီပစ္စည်းများကို သယ် ပြီး စာမေးပွဲဖြေမည့်နေရာသို့ ဝင်သွား သည်။

ချန်းယန်သည် မော်ဒယ်စာမေးပွဲဖြေဆိုရမည်ဖြစ်သဖြင့် နှစ်ဦးသား တန်းစီစောင့်ဆိုင်း၍ မရပေ။

ပထမ ပုံကြမ်းစာမေးပွဲ၏ မေးခွန်းသည် ပုံတူပုံကြမ်းဖြစ်သည်။

နေ့လယ်ပိုင်းတွင် ဒုတိယစာမေးပွဲသည် ရေခဲပန်းချီကားဖြစ်သည်။

ဤစာမေးပွဲနှစ်ခုလုံးကို ချောမွေ့စွာ ပြီးစီးခဲ့သည်။

ဒုတိယနေ့တွင် ဒီဇိုင်းစာမေးပွဲ၏ မေးခွန်းသည် ကျန်းကျဲ့ ခန့်မှန်းထားသည်နှင့် မတူဘဲ အရောင်ဖွဲ့စည်းမှုဒီဇိုင်းဖြစ်သည်။

ကျန်းကျဲ့သည် သင်တန်းတွင် ဤကဲ့သို့ လေ့ကျင့်ဖူးပြီး ယခင်ဘဝကလည်း ပုံသဏ္ဍာန်ဒီဇိုင်းကို လေ့လာခဲ့ဖူးသဖြင့် ဤမေးခွန်းသည် သူ့အတွက် မခက်ခဲပေ။

အချုပ်အားဖြင့် စာမေးပွဲသည် ချောမွေ့စွာ ပြီးစီးခဲ့သည်။

သူသည် စာမေးပွဲခန်းမှ ထွက်လာသောအခါ ကျောင်းသားများစွာက ကွင်းပြင်တွင် စုဝေးနေသည်ကို တွေ့လိုက်ရသည်။ ထိုထဲတွင် သူ၏ အတန်းဖော်အချို့နှင့် အတန်းခေါင်းဆောင်လည်း ပါဝင်သည်။

အခြားမြို့နယ်များတွင် စာမေးပွဲဖြေဆိုသည့် ကျောင်းသားများသည် မကြာသေးမီက ပင်းဟိုင်သို့ ပြန်ရောက်လာကြပြီဟု သူ ခန့်မှန်းမိသည်။

အတန်းခေါင်းဆောင်သည် သူငယ်ချင်းအချို့နှင့် စကားပြောနေသည်။ ကျန်းကျဲ့ ထွက်လာသည်ကို မြင်သောအခါ ချက်ချင်း လက်ယမ်းပြကာ - “ကျန်းကျဲ့၊ ဒီကိုလာ”

ကျန်းကျဲ့သည် အားနေသဖြင့် သူငယ်ချင်းများနှင့် စကားပြောရန် သွားလေ သည်။

အတန်းခေါင်းဆောင်က “နင် စာမေးပွဲလာဖြေတာကို သိလို့ ဒီမှာ နင့်ကို စောင့်နေတာ” ဟု ပြောလေ သည်။

“ငါ့ကို စောင့်တာလား။ ဘာကိစ္စလဲ” ကျန်းကျဲ့က မေးလိုက်သည်။

“နင် ဘယ်တော့ ပြန်တက်ဖို့ စဉ်းစားထားလဲ” ကျောင်းသားတစ်ဦးက အလျင်အမြန် မေးလိုက်သည်။

ကျန်းကျဲ့က “ငါ မစဉ်းစားရသေးဘူး” ဟု ပြောသည်။ သူသည် ဘေးရှိ ကျောင်းသားအချို့၏ မျက်နှာအမူအရာများကို ကြည့်ကာ သူတို့၏ အဓိပ္ပာယ်ကို ခန့်မှန်းမိသည်။

ဤကျောင်းသားများသည်လည်း စာမေးပွဲပြီးစီးပြီဖြစ်သော်လည်း ကျောင်းကို အချိန်ခဏအတွင်း ပြန်မတက်ချင်သေးပေ။

ဤအရာသည် သာမန်သာ ဖြစ်သည်။ ဆောင်းရာသီကျောင်းပိတ်ရက်မှ ဧပြီလကုန်အထိ ကျောင်းသားအများစုသည် ဤမျှကြာမြင့်သည့်အားလပ်ရက်ကို မရရှိခဲ့ဖူးပေ။ ဤကာလအတွင်း သူတို့သည် နေရာအမျိုးမျိုးသို့ သွားရောက်ကာ အနုပညာစာမေးပွဲများ ဖြေဆိုခဲ့ရသော်လည်း မည်သို့ပင်ဆိုစေ၊ ကျောင်း၏ ထိန်းချုပ်မှုမှ အတိုင်းအတာတစ်ခုအထိ လွတ်မြောက်ခဲ့ကြသဖြင့် အနားယူရန် အခွင့်အရေး ရရှိခဲ့ကြသည်။

နှစ်လကြာပြီးနောက် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေရမည်ဖြစ်သော်လည်း ၎င်းသည် ကျောင်းသားများ၏ နှစ်ရက်ခန့် အနားယူလိုသည့် စိတ်ကို တားဆီး၍မရပေ။

အတန်းခေါင်းဆောင်က “ငါ ကြားတာတော့ လုကျားလည်း ဒီနေ့ ပြန်လာပြီး သင်တန်းတက်နေပြီ။ ငါလည်း မနက်ဖြန် ပြန်တက်မလို့။ နင်တို့လည်း အမြန်လာတက်ကြပါ” ဟု ပြောလိုက်သည်။

“အတန်းခေါင်းဆောင်၊ နင် စာမေးပွဲမဖြေတော့ဘူးလား”

“ငါ ဖြေချင်တဲ့ ကျောင်းအားလုံးကို ဖြေပြီးသွားပြီ။ နောက်ပိုင်းကျောင်းတွေကို ဖြေလည်း အဓိပ္ပာယ်မရှိတော့ဘူး” ဟု အတန်းခေါင်းဆောင်က ပြန်ဖြေသည်။

“ဒါဆို မင်းအရင်ပြန်နှင့်တော့ ။ ငါတော့ နောက်တစ်ခါ ဖြေရဦးမယ်”

“ဟုတ်တယ်၊ ငါလည်း စဉ်းစားရဦးမယ်”

“ကိစ္စရှိရင် မင်းကို ဖုန်းခေါ်မယ်” ကျောင်းသားအချို့က အကြောင်းပြချက်ရှာနေကြ သည်။

ကျန်းကျဲ့လည်း ချက်ချင်း ပြန်မတက်ချင်သေးပေ။ အလုပ်သမားနေ့အားလပ်ရက်ပြီးမှ ကျောင်း ပြန်တက်လည်း အချိန်မီသေးသည်။

“ ပြန်တက်တဲ့သူ မများရင် ဘယ်လို သင်တန်းတက်ရမှာလဲ” ကျောင်းသားအချို့က တွန့်ဆုတ်နေသည်။

“ဘာသာရပ်ဆရာတွေက သင်ကြားရေးတာဝန်တွေ ပေးထားတယ်။ ငါ ကြားတာတော့ ပြန်တက်ရင် စာမေးပွဲစာရွက်တွေ လုပ်ပြီး ပြန်လည်သင်ကြားရမှာ။ ငါတို့ရဲ့ သင်ရိုးတွေအားလုံး သင်ပြီးသွားပြီပဲလေ” ကျောင်းသားတစ်ဦးက ပြန်ဖြေသည်၊ သူသည် လက်ရှိအခြေအနေကို သိနေသည်မှာ ထင်ရှားသည်။

ကျန်းကျဲ့က အတန်းခေါင်းဆောင်တစ်ဦးတည်းသာ အမြန်ပြန်တက်လိုနေသည်ကို တွေ့သည်။

သူသည် အတန်းခေါင်းဆောင်၏ အတွေးကို နားလည်သည်။ အတန်းခေါင်းဆောင်နှင့် လုကျားတို့သည် အမြဲတမ်း ယှဉ်ပြိုင်နေကြဖြစ် သည်။ လုကျား၏ ယဉ်ကျေးမှုဘာသာရပ်ရလဒ်သည် အတန်းခေါင်းဆောင်ထက် အနည်းငယ် သာသည်။

သူသည် သူငယ်ချင်းများနှင့် နှုတ်ဆက်ပြီး ပန်းချီခန်းသို့ ပြန်လာခဲ့သည်။

မိဘများက ဤနေရာတွင် သတင်းစောင့်နေကြသည်။

“စာမေးပွဲ ဘယ်လိုလဲ”

ကျန်းကျဲ့က “ပြဿနာမရှိလောက်ဘူး၊ ဒီနေ့မေးခွန်းတွေကို ကျွန်တော် အရင်က လေ့ကျင့်ဖူးတယ်” ဟု ပြောလိုက်သည်။

ကျန်းယီက “ဒီနောက်ဆုံးစာမေးပွဲ ပြီးသွားပြီဆိုတော့ မင်း မြန်မြန် ကျောင်းပြန်တက်ရမယ်” ဟု ပြောလေ သည်။

ကျန်းကျဲ့သည် ကြိုတင်ပြင်ဆင်ထားကာ - “ကျွန်တော် ရက်အနည်းငယ် အနားယူပြီးမှ ပြန်တက်မယ်”

ကျန်းယီသည် မျက်လုံးပြူးပြီး “ရက်အနည်းငယ် ထပ်အနားယူရယဦးမှာလား”

ကျန်းကျဲ့က “ကျောင်းပြန်တက်တဲ့သူ နည်းတော့ ဆရာက သင်တန်းမသင်ပေးဘူး။ ဒါပေမဲ့ ကျွန်တော် စာမေးပွဲစာရွက်နဲ့ ပစ္စည်းတွေ ယူလာပြီး လေ့လာပါ့မယ်” ဟု ပြောလိုက်သည်။

သူသည် လေ့လာမှုကို မပေါ့ဆဘဲ နေမည်မဟုတ်ကြောင်း ထပ်ခါထပ်ခါ အာမခံပြီးနောက် မိဘများက သဘောတူလိုက်ကြ သည်။

နေ့လည်စာစားပြီးနောက် ကျန်းယီနှင့် သူ့မိန်းမတို့ ပြန်သွားကြ သည်။

နေ့လယ်ပိုင်းတွင် ချန်းယန်က ကျန်းကျဲ့ကို လာရှာသည်။

“ကျန်းကျဲ့၊ ငါ စာမေးပွဲအဆုံးမှာ ပန်းချီဆွဲရတာ နည်းနည်းခက်လာတယ်လို့ ခံစားရတယ်။ ငါ့အတန်းဖော်တွေလည်း မနေ့က အရောင်ခြယ်တဲ့အချိန်မှာ ဒီလိုမျိုး ခံစားရတယ်လို့ ပြောတယ်”

ကျန်းကျဲ့က “စာမေးပွဲကို ဆက်တိုက်ဖြေပြီး စာမေးပွဲကြားမှာ လေ့ကျင့်မှု မလုပ်ရင် ဒီလိုမျိုး ဖြစ်တတ်တယ်” ဟု ပြောလိုက်သည်။

ဤအရာသည် သူ၏ ယခင်ဘဝမှ အတွေ့အကြုံဖြစ်သည်။ ထို့ကြောင့် သူသည် စာမေးပွဲကြားကာလများတွင်လည်း လေ့ကျင့်မှုများ ဆက်လုပ်သည်။

“ကျန်းကျဲ့၊ နင်လည်း စာမေးပွဲပြီးပြီ၊ နေ့လယ်ပိုင်းမှာ ရုပ်ရှင်သွားကြည့်မလား”

ကျန်းကျဲ့က အနားယူသင့်သည်ဟု ခံစားရသဖြင့် “ရုပ်ရှင်ရုံဟောင်းတွေ အများကြီး ပိတ်သွားပြီ၊ ရုပ်ရှင်ရုံအသစ်တွေမှာလည်း ရုပ်ရှင်ကောင်း တွေ မရှိဘူး” ဟု ပြောလိုက်သည်။

ချန်းယန်က သူ့ကို ထူးဆန်းစွာ ကြည့်ကာ - “ဘာလို့ ရုပ်ရှင်ရုံကို သွားရမှာလဲ။ နင့်မှာ ကွန်ပျူတာရှိတယ်လေ ၊အခွေ DVDပြားတွေ ဝယ်ပြီး ပြန်ကြည့်တာ ပိုမကောင်းဘူးလား”

ကျန်းကျဲ့သည် ရုတ်တရက် နားလည်သွားသည်။ သူသည် ရုပ်ရှင်ကြည့်ခြင်းကို ယခင်ဘဝမှအတိုင်း နားလည်နေခြင်းဖြစ်သည်။ ဤအချိန်တွင် လူများစွာသည် ရုပ်ရှင်ရုံသို့ သွားသည့်အလေ့အထ မရှိသေးဘဲ အခွေ DVDပြားများကို ဝယ်ယူခြင်း သို့မဟုတ် ငှားရမ်းခြင်းကို ပိုနှစ်သက်ကြသည်။

All Chapters