ဓာတ်ပုံနှင့် ပုံတူပုံကြမ်း ဘာသာပြန် Payer
Vol. 4 Ch. 54
ကျန်းကျဲ့နှင့် နင်အန်းချီတို့သည် ကား၏ နောက်ထိုင်ခုံတွင် ထိုင်နေသည်။
ကားသည် အဓိကလမ်းမကြီးမှ အနောက်ဘက်သို့ ခရီးဆက်ပြီး ပင်းဟိုင်၏ မြို့ဟောင်းထဲသို့ ဝင်သွားလေ သည်။
ဤဒေသသည် တစ်ချိန်က ပင်းဟိုင်၏ ဗဟိုနေရာဖြစ်ပြီး မတူညီသော ခေတ်ကာလများ၏ အဆောက်အအုံများကို ထိန်းသိမ်းထားသည်။ မြို့သစ်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ဟောင်းနွမ်းသော်လည်း ၎င်း၏ နက်ရှိုင်းသည့် အသွင်အပြင်များက ကျန်ရှိနေဆဲဖြစ်သည်။
ကားသည် လမ်းမကြီးမှ လမ်းသွယ်တစ်ခုသို့ ဝင်သွားသည်။
ပတ်ဝန်းကျင်၏ မြေမျက်နှာသွင်ပြင်က တဖြည်းဖြည်း မြင့်တက်လာပြီး လမ်းများက ပိုမိုကျဉ်းမြောင်းလာသည်။ တစ်ဦးပိုင် အိမ်ဟောင်းများက လမ်း၏ ဘေးတစ်ဖက်စီတွင် တန်းစီနေသည်။ အသက် ၅၀ ကျော် သက်တမ်းရှိ သစ်ပင်ကြီးများကို နေရာတိုင်းတွင် တွေ့ရပြီး အရိပ်ရစေသည့်အပြင် အပြင်လူများ၏ အမြင်ကိုလည်း ကာကွယ်ပေးသည်။
နင်အန်းချီ၏ ကားသည် သတ္တုအမည်းရောင် တံခါးကြီးတစ်ခုရှေ့တွင် ရပ်သွားသည်။
ဝန်ထမ်းတစ်ဦး ထွက်လာပြီး နင်အန်းချီ၏ ကားဖြစ်သည်ကို မြင်သောအခါ တံခါးကို အမြန်ဖွင့်ပေးသည်။
ကားသည် ခြံဝင်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။
ကျန်းကျဲ့သည် ကားပြတင်းပေါက်မှတစ်ဆင့် ခြံဝင်းသည် မကြီးသော်လည်း သပ်သပ်ရပ်ရပ် ရှိနေသည်ကို မြင်ရသည်။
လမ်းက ခြံဝင်းကို ပတ်ထားသည်။ ခြံဝင်း၏ အလယ်တွင် ငါးကန်ငယ်တစ်ခုရှိပြီး ငါးကန်ပတ်လည်တွင် မြက်ခင်းပြင်နှင့် ကျောက်စရစ်လမ်းလေးများ ရှိသည်။
ငါးကန်ကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ပုံစံဖြင့် အုတ်နှင့် ဘိလပ်မြေဖြင့် တည်ဆောက်ထားပြီး ကန်ထဲတွင် ကျောက်တောင်အတုတစ်ခုကို ပုံဖော်ထားကာ ရေညှိများ ဖုံးလွှမ်းနေသည်။
ခြံဝင်း၏ မြောက်ဘက်တွင် နှစ်ထပ်အဆောက်အအုံတစ်ခုရှိပြီး အဆောက်အအုံရှေ့တွင် ချုံပင်တစ်တန်း စိုက်ထားသည်။
ခြံဝင်းတစ်ခုလုံးတွင် နှစ်ထပ်အဆောက်အအုံအပြင် နောက်ထပ် တစ်ထပ်အဆောက်အအုံတစ်ခုလည်း ရှိသည်။
ကားမောင်းသူသည် ကားကို ရှေးဟောင်းကားဂိုဒေါင်တစ်ခုထဲသို့ ထိုးရပ်လိုက်သည်။ ကားဂိုဒေါင်ထဲတွင် ရှေးဟောင်းကားတစ်စီး ရပ်ထားသည်။
ကျန်းကျဲ့သည် ကားပေါ်မှ ဆင်းပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး လာနှုတ်ဆက်သည်ကို မြင်လိုက်သည်။ “မစ္စ နင် ရောက်လာပြီပေါ့ ။ ဆရာမ မြောင် မ နိုးသေးပါဘူး”
နင်အန်းချီက ဤအမျိုးသမီးသည် အိမ်ပိုင်ရှင်၏ သူနာပြုဖြစ်ကြောင်း ကျန်းကျဲ့ကို မိတ်ဆက်ပေးသည်။
သူတို့သည် သူနာပြုနှင့်အတူ ခြံဝင်းကို ဖြတ်ကာ လမ်းငယ်လေးအတိုင်း နှစ်ထပ်အဆောက်အအုံသို့ ဝင်သွားလေ သည်။
အဆောက်အအုံ၏ ပုံစံသည် ရိုးရှင်းသော်လည်း ပြတင်းပေါက်များ၊ တံခါးကြီးနှင့် ပန်းဆွဲတိုင်များက ရုရှားပုံစံဖြစ်ပြီး တရုတ်နှင့် အနောက်တိုင်း ပေါင်းစပ်ထားသည့် ဗိသုကာဖြစ်သည်။
အဝင်ဝသို့ ဝင်သောအခါ ခန်းမထဲတွင် နက်မှောင်သည့် သစ်သားကြမ်းခင်းများကို ခင်းထားသည်။ နှစ်ပေါင်းများစွာ ကြာ ခဲ့သော်လည်း ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။
နံရံများတွင် ခါးအမြင့်ရှိ နံရံကာများ တပ်ထားပြီး ကြမ်းခင်းနှင့် အရောင်တူကာ အနားများတွင် အဆင်တန်ဆာများ တပ်ထားသည်။ သစ်သားအရောင်နှင့် နွေးထွေးသည့် နံရံဆေးများသည် အခန်းကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက အငွေ့အသက်ကို ထိန်းသိမ်းထားသည်။
ခန်းမ၏ အလယ်တွင် အပေါ်ထပ် သို့ တက်ရန် မြွေလိမ် လှေကားတစ်ခု ရှိသည်။ ခန်းမ၏ ညာဘက်တွင် ဧည့်ခန်းရှိလေ သည်။
သူနာပြုသည် နင်အန်းချီနှင့် ကျန်းကျဲ့တို့ကို ဧည့်ခန်းတွင် စောင့်ခိုင်းပြီး သူမ၏ အလုပ်ရှင်ကို ပြုစုရန် သွားလေ သည်။
ကျန်းကျဲ့သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဧည့်ခန်းတွင် ရိုးရှင်းသည့် ဆိုဖာများနှင့် စားပွဲပုများ ထားရှိသည်။ နံရံများတွင် အလှဆင်ထားခြင်းမရှိဘဲ ချန်းဆောင်ယန်၏ “ဟုန်ယန်” ဟူသည့် လက်ရာတစ်ချပ်ကိုသာ ချိတ်ထားသည်။ ၎င်းသည် ပုံတူဖြစ်နိုင်သည်။
ဝန်ထမ်း က လက်ဖက်ရည်နှင့် အဆာပြေမုန့်များကို ချပေးသည်။
ကျန်းကျဲ့သည် ခွက်ကို ကောက်ယူကြည့်လိုက်ရာ ခွက်သည် ၁၉၇၀ ပြည့်နှစ်များက ပုံစံဖြစ်သည်ကို သတိပြုမိလိုက်သည်။
ပုံစံက ရှေးဟောင်းဆန်သော်လည်း ပတ်ဝန်းကျင်ရှိ အရာအားလုံးနှင့် အလွန်လိုက်ဖက်ညီနေ သည်။
ကျန်းကျဲ့သည် ဤဆရာမ မြောင် ၏အကြောင်းကို စိတ်ဝင်စားသော်လည်း နင်အန်းချီ၏ သတိပေးချက်ကို အမှတ်ရပြီး မေးခွန်းများ မမေးတော့ပေ။
နင်အန်းချီသည် ကျန်းကျဲ့က မေးခွန်းများမမေးဘဲ၊ ရှက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုလည်း မပြသည်ကို မြင်သောအခါ စိတ်ထဲတွင် ချီးကျူးမိသည်။
ဤအချိန်တွင် သူမသည် ကျန်းကျဲ့အား ၁၉ နှစ်အရွယ် လူငယ်တစ်ဦးနှင့် မတူဟု ခံစားရသည်။
မိနစ် ၂၀ ခန့် စောင့်ပြီးနောက် သူနာပြုသည် နင်အန်းချီကို လာရှာလေ သည်။
“မစ္စ နင်၊ ဆရာမ မြောင် နိုးလာပြီး၊ အဝတ်လဲနေပါတယ်။ ခဏနေရင် ခေါ်လိုက်ပါ့မယ်”
နင်အန်းချီသည် ထရပ်ပြီး “ရပါတယ် ၊ ဆရာမ မြောင် ကို ဖြည်းဖြည်းချင်း လုပ်ခိုင်းလိုက်ပါ” ဟု ပြောလေ သည်။
နောက်ထပ် ခဏကြာသောအခါ သူနာပြုသည် ထပ်လာသည်။
“မစ္စ နင်၊ ဆရာမ မြောင် က မစ္စ နင်ကို အရင်ခေါ် ခိုင်းလိုက်ပါတယ်”
နင်အန်းချီက ကျန်းကျဲ့ကို သူ၏ လက်ထောက်နှင့်အတူ ဧည့်ခန်းတွင် စောင့်ခိုင်းခဲ့သည်။
ကျန်းကျဲ့သည် အချိန်အကြာကြီး မစောင့်ခဲ့ရပေ။
သူနာပြုသည် လျှောက်လာပြီး “မစ္စတာ ကျန်း၊ မစ္စ နင်ကပစ္စည်းတွေကို ယူပြီး လာ ခဲ့ဖို့ ခေါ်လိုက်ပါတယ်” ဟု ပြောလေ သည်။
ကျန်းကျဲ့သည် သူနာပြုနှင့်အတူ အောက်ထပ်ရှိ အိပ်ခန်းသို့ ဝင်သွားခဲ့သည်။
အိပ်ခန်းသည် စတုရန်း ၁၀ မီတာ ကျော်ရှိပြီး အိပ်ရာ၊ ဗီရိုနှင့် စားပွဲ စသည့် ပရိဘောဂသုံးခုသာ ရှိပြီး အလွန်သန့်ရှင်းသပ်ရပ်သည်။
အဘွားအိုတစ်ဦးသည် အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး ဘေးတွင် အမျိုးမျိုးသော ဆေး ကိရိယာများ ထားရှိသည်။ ကိရိယာများသည် အဘွားအို၏ အခြေအနေကို ပြသနေသည်။
နင်အန်းချီသည် အဘွားအို၏ ဘေးတွင် ထိုင်နေသည်။
ကျန်းကျဲ့ ဝင်လာသည်ကို မြင်သောအခါ အဘွားအို၏ မျက်ခွံအောက်ပိုင်းက အနည်းငယ် မြင့်တက်လာသည်။
နင်အန်းချီက ကျန်းကျဲ့ကို အဘွားအိုနှင့် မိတ်ဆက်ပေးပြီး ဆရာမ မြောင် ဟု ခေါ်ရန် ပြောလေ သည်။
ကျန်းကျဲ့သည် အဘွားအိုကို နှုတ်ဆက်သည်။ အဘွားအို၏ ပိန်လှီသည့် မျက်နှာတွင် အပြုံးတုဖြင့် “ကျန်းကျဲ့၊ မင်းကို အနှောင့်အယှက်ပေးမိပြီ” ဟု ပြောသည်။
သူမသည် လက်ချောင်းဖြင့် နင်အန်းချီကို ထိလိုက်သည်။
နင်အန်းချီသည် အဘွားအို၏ စိတ်ကို နားလည်သည်။
အိပ်ခန်းနေရာက ကျဉ်းမြောင်းသဖြင့် သူမသည် သူမ၏ လက်ထောက်ကို တံခါးအပြင်ဘက်တွင် စောင့်ခိုင်းခဲ့သည်။ သူနာပြုကို ကိရိယာများကို စောင့်ကြည့်ခိုင်းပြီး သူမ ကိုယ်တိုင် စားပွဲ၏ အံဆွဲကို ဖွင့်ကာ သစ်သားသေတ္တာတစ်ခုကို ထုတ်လိုက်သည်။
သူမသည် လက်အိတ်အဖြူကို ဝတ်ထားပြီး သစ်သားသေတ္တာကို ဖွင့်ကာ သေးငယ်သည့် ဓာတ်ပုံတစ်ပုံကို သတိထားပြီး ထုတ်ယူကာ ကတ္တီပါအုပ်ထားသည့် ဗန်းငယ်လေးပေါ်တွင် တင်ထားပြီး ကျန်းကျဲ့ကို စဆွဲ ရန် အချက်ပြသည်။
“ကြည့်ပါဦး၊မင်း ဘာပစ္စည်းတွေ လိုမလဲ”
ကျန်းကျဲ့သည် ပန်းချီသေတ္တာ ကို ချလိုက်ကာ - “ကျွန်တော် ပုံတူပန်းချီကား ဘယ်လောက်ကြီးရမလဲဆိုတာ မသိဘူး၊ ပုံစံ ၄ ခု ရှိတဲ့ ပန်းချီပြားတစ်ခုပဲ ယူလာခဲ့တယ်”
“ပုံစံ ၈ ခု ဆိုရင် ရပါပြီ” အဘွားအိုက ပြောလေ သည်။
ကျန်းကျဲ့သည် ဗန်းငယ်နားသို့ ကပ်ကာ ဓာတ်ပုံကို ကြည့်လိုက်သည်။
နင်အန်းချီက တိုးတိုးလေး သတိပေးသည်- “တတ်နိုင်သမျှ ဓာတ်ပုံအတိုင်း ပြန်ဆွဲပါ။ ဆရာမ မြောင် ကြည့်ရအောင် ပုံတူကို အရင်ဆွဲပေးပါ”
ကျန်းကျဲ့က ရမရ မပြောပေ။
ဤဓာတ်ပုံသည် အဖြူအမည်းဖြစ်ပြီး တစ်လက်မသာ ရှိသဖြင့် အနည်းဆုံး နှစ် ၅၀ သို့မဟုတ် ၆၀ ရှိပြီဟု ခံစားရသည်။
ဓာတ်ပုံထဲမှ လူသည် လူငယ်တစ်ဦးဖြစ်ပြီး ဦးထုပ်ဆောင်းထားပြီး ရှေးဟောင်းအင်္ကျီနှင့် အဝတ်ဖိနပ်များ ဝတ်ထားသည်။ နောက်ခံရှေ့တွင် ခါးကို မတ်မတ်ထားကာ ထိုင်နေသည်။
ဓာတ်ပုံက အလွန်သေးငယ်ပြီး ကိုယ်ခန္ဓာအပြည့်ပုံဖြစ်သဖြင့် လူ၏မျက်နှာက မှုန်ဝါးနေသည်။ အထူးသဖြင့် ညာဘက်မျက်နှာက ပိုမှုန်ဝါးပြီး ဆန်စေ့အရွယ် အစအနများပင် ပျက်စီးနေသည်။
ကျန်းကျဲ့သည် ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို လေ့လာခဲ့သည်ကို ကံကောင်းသည်ဟု ခံစားရသည်။ ယခင်ကဆိုလျှင် သူသည် မသေချာပေ။
သူသည် နင်အန်းချီထံမှ မှန်ဘီလူးကို ယူပြီး ဓာတ်ပုံကို သေချာကြည့်သည်။
ဓာတ်ပုံထဲမှ လူသည် ပိန်သွယ်သည့် မျက်နှာပိုင်ရှင်ဖြစ်ပြီး နားရွက်က မျက်ခုံးအထက်တွင် ရှိသည်။ မျက်ခုံးကျဉ်းကျဉ်းနှင့် မျက်လုံးကြီးများရှိပြီး ပါးစပ်က ကျယ်သည်။ ရုပ်ချောသည်ဟု မဆိုနိုင်သော်လည်း မျက်လုံးများက တောက်ပပြီး ခွန်အားအပြည့်ရှိသည်။
ဦးထုပ်နှင့် ဆံပင် ထိတွေ့သည့်နေရာကို ကြည့်ပြီး ထိုလူသည် ဆံပင်တိုထားသည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့အပြင် အင်္ကျီကလည်း ခန္ဓာကိုယ်နှင့် အဆင်ပြေသည်။
ကျန်းကျဲ့သည် ဓာတ်ပုံ၏ မှုန်ဝါးသည့် အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာပြီးနောက် သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချလိုက် သည်။
“ဆရာမ မြောင်၊ ကျွန်တော် ပုံကြမ်းအချို့ကို အရင်ဆွဲပြီး ဆရာမ က မှန်မမှန် ကြည့်ပေးပါ”
သူသည် စတင်ဆွဲမည့်အချိန်တွင် ခဏတာ တွန့်ဆုတ်နေသည်။
ဤအဘွားအိုသည် နာမကျန်းဖြစ်နေပြီး ဤနေရာတွင် ပန်းချီဆွဲခြင်းသည် အနှောင့်အယှက် ဖြစ်စေမည်ကို သူ မသိပေ။
“ရပါတယ်၊ ဆွဲလိုက်ပါ၊နားမလည်တာရှိရင် ငါ ပြောပြလို့ရသေးပါတယ်” ဆရာမ မြောင် က စိတ်မရှုပ်ထွေးပေ။
ကျန်းကျဲ့သည် ပန်းချီပစ္စည်းကို ယူပြီး ပုံကြမ်းစဆွဲသည်။
သူသည် ပုံကြမ်းတစ်ပုံကို အမြန်ဆွဲပြီး ဓာတ်ပုံနှင့် နှိုင်းယှဉ်သည်။ ဓာတ်ပုံပျက်စီးသည့် အစိတ်အပိုင်းများ၏ ဖြစ်နိုင်ခြေကို ထပ်မံခွဲခြမ်းစိတ်ဖြာသည်။ ထို့နောက် အခြားတစ်ပုံကို ထပ်ဆွဲပြီး ပြန်နှိုင်းယှဉ်သည်။
ဤသို့ဖြင့် အကြိမ်ကြိမ်လုပ်ပြီးနောက် သူ ပုံကြမ်းခြောက်ပုံ ဆွဲခဲ့သည်။
အဘွားအိုသည် ကျန်းကျဲ့ဆွဲသည့် ပုံကြမ်းများကို တစ်ခုပြီးတစ်ခု ကြည့်နေ သည်။ နောက်ဆုံးအပုံကို မြင်သောအခါ လက်ချောင်းဖြင့် နင်အန်းချီကို ညွှန်ပြသည်။ “ဒီပုံက အကောင်းဆုံးပဲ”
နင်အန်းချီသည် ပုံကြမ်းကို ကျန်းကျဲ့ကို ပေးလိုက်သည်။
ကျန်းကျဲ့သည် ပုံကြမ်းနှင့် ဓာတ်ပုံကို အခြေခံပြီး ပုံတူပုံကြမ်းကို စတင်ဆွဲသည်။
ထိုလူသည် ကင်မရာကို တိုက်ရိုက်ကြည့်နေသဖြင့် မှုန်ဝါးခြင်းနှင့် ပျက်စီးမှုများကြောင့် မျက်နှာအသေးစိတ်အချက်အလက်များစွာ ပျောက်ဆုံးနေသည်။ ကျန်းကျဲ့သည် သူ၏ ကိုယ်ပိုင်နားလည်မှုဖြင့်သာ ဖြည့်စွက်နိုင်ပေသည်။
သူသည် အပိုင်းတစ်ခုဆွဲပြီးတိုင်း ဆရာမ မြောင် ကို ပြသည်။
ဆရာမ မြောင် က အကြံဉာဏ်များ ပေးပြီး ကျန်းကျဲ့က ပြင်လေ သည်။
အကြိမ်ကြိမ် ပြန်ပြင်ပြီးနောက် ကျန်းကျဲ့သည် တစ်နာရီအတွင်း ဤပုံတူပုံကြမ်းကို ပြီးစီးခဲ့သည်။
သူသည် အရောင်အသွေးများကို တတ်နိုင်သမျှ လျှော့ချပြီး မျက်နှာ၏ အဓိကသွင်ပြင်လက္ခဏာများနှင့် ပုံသဏ္ဍာန်ကို အသားပေးဖော်ပြထားသည်။ ၎င်းသည် လူ၏ထူးခြားချက်များကို ပိုမိုလွယ်ကူစွာ မြင်နိုင်စေသည်။
အဘွားအိုသည် ပုံတူကို ကြည့်ရင်း အတန်ကြာအောင် စကားမပြောဘဲ ငြိမ်သက်နေလေသည်။