← Chapters

ကျေနပ်မှု၊ ဆုငွေ၊ ကျောင်းပြန်တက်ခြင်း ဘာသာပြန် Payer

Vol. 4 Ch. 55

ကျေနပ်မှု၊ ဆုငွေ၊ ကျောင်းပြန်တက်ခြင်း ဘာသာပြန် Payer

Vol. 4 Ch. 55

အိပ်ခန်းထဲတွင် စက်များ၏ အသံများသာ ထွက်ပေါ်နေသည်။

နင်အန်းချီသည် ကျန်းကျဲ့၏ လက်ရာကို ကိုင်ပြီး ဆရာမ မြောင် ကို ပြသည်။

ဆရာမ မြောင် သည် ပန်းချီကားကို ကြည့်နေပြီး အချိန်အကြာကြီး စကားမပြောပေ။

နင်အန်းချီသည် ဆရာမ မြောင် ၏ အသက်ရှူသံ ပိုပြင်းလာသည်ကို သတိပြုမိပြီး အသံတိုးတိုးဖြင့် “ဆရာမ မြောင် ၊ ဘယ်လိုထင်လဲ။ ဘယ်နေရာကို ပြင်ဖို့ လိုသေး လဲ” ဟု မေးလိုက်သည်။

ဆရာမ မြောင် သည် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး အချိန်အကြာကြီးကြာသောအခါ ခေါင်းခါသည်။ မျက်ရည်တစ်စက်က မျက်ဝန်းထောင့်မှ လှိမ့်ဆင်းလာသည်။

နင်အန်းချီသည် ပန်းချီကားကို အမြန်ချလိုက်ပြီး လက်ကိုင်ပဝါဖြင့် ဆရာမ မြောင် ၏ မျက်ရည်ကို သုတ်ပေးကာ - “ဆရာမ မြောင် ၊ စိတ်မလှုပ်ရှားပါနဲ့”

ဆရာမ မြောင် သည် အသက်ရှူမှန်သွားမှသာ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

သူမသည် လက်ချောင်းဖြင့် နင်အန်းချီကို ထိကာ - “ငါ ထပ်ကြည့်ချင်တယ်”

“အနားယူဦးမလား” နင်အန်းချီက စိုးရိမ်နေသည်။

ဆရာမ မြောင် သည် ခေါင်းမာစွာဖြင့် နင်အန်းချီကို ထပ်ထိလိုက်သည်။

နင်အန်းချီသည် ပန်းချီကားကို ဆရာမ မြောင် ၏ ရှေ့သို့ ပြန်ယူလာခဲ့ရသည်။

အဘွားအိုသည် ပန်းချီကားကို ထပ်ကြည့်ပြီး စိတ်ခံစားချက် ပိုမိုတည်ငြိမ်လာသည်။

အချိန်အကြာကြီးကြာသောအခါ သူမ ဖြည်းဖြည်းချင်း “၅၅ နှစ် ရှိခဲ့ပြီ။ ရိုးရိုးသားသား ပြောရရင် ငါ သူ့ပုံကို မေ့လုနီးပါးဖြစ်နေပြီ။ ဒါပေမဲ့ သူ့ရဲ့ မျက်လုံးတွေနဲ့ မျက်လုံးအကြည့်တွေကိုတော့ ငါ ဘယ်တော့မှ မမေ့နိုင်ခဲ့ဘူး။ သူ့ကို နောက်ဆုံးတွေ့တုန်းက သူ့ရဲ့ မျက်လုံးအကြည့်တွေက ဒီပန်းချီကားထဲက အတိုင်းပဲ” ဟု ပြောလေ သည်။

နင်အန်းချီက ချက်ချင်း နှစ်သိမ့်ပေး ကာ - “စိတ် အရမ်း မလှုပ်ရှားပါနဲ့။ ဒီပန်းချီကားကို သဘောကျတယ်ဆိုရင် ကျန်းကျဲ့ကို ထပ်ပြီး ပြီးပြည့်စုံအောင် လုပ်ခိုင်းလိုက်ပါ့မယ်”

ဆရာမ မြောင် သည် လက်ဖြင့် နင်အန်းချီကို ယမ်းပြပြီး ပန်းချီကားကို ချခိုင်းကာ ကျန်းကျဲ့နှင့် စကားပြောရန် ကြည့်လိုက်သည်။

နင်အန်းချီသည် နေရာဖယ်ပေးပြီး ကျန်းကျဲ့ကို ဆရာမ မြောင် ၏ ရှေ့တွင် ထိုင်စေသည်။

ကျန်းကျဲ့က “ဆရာမ မြောင် ၊ ဒီပန်းချီကားမှာ ပြင်ဖို့ လိုတာ ရှိသေးလား ။ ကျွန်တော် ရေဆေးပန်းချီ ဆွဲပေးလို့ရပါတယ်” ဟု မေးလိုက်သည်။

ဆရာမ မြောင် သည် ကျန်းကျဲ့ကို ကြည့်ပြီး “ကျေးဇူးတင်ပါတယ်၊ နင် ဆွဲတာ တကယ်ကောင်းတယ်။ သူ့အကြောင်းကို ငါ နင့်ကို ပြောပြမယ်။ သူက ပိန်တယ်။ မျက်နှာက အရောင်မကောင်းဘူး၊ နည်းနည်း ဖြူဖျော့နေတယ်။ စိတ်က ခေါင်းမာတယ်။ ဆံပင်က ကြမ်းပြီး တိုတိုလေး။ ရေဆေးပန်းချီအဖြစ် ဆွဲ တဲ့အခါ အဲဒီဦးထုပ်ကို ထည့် မဆွဲပေးလို့ရမလား။ အဲဒီဦးထုပ်က မလှဘူး”

“ဟုတ်ကဲ့၊ ရေဆေးပန်းချီ ဆွဲပြီးရင် ဆရာမ ကို ပြပါ့မယ်”

သူနာပြုသည် ဆရာမ မြောင် စကားဆက်တိုက် ပြောရ သဖြင့် ပင်ပန်းနေသည်ကို မြင်သောအခါ စကားထပ်မပြောရန် သတိပေးသည်။

နင်အန်းချီကလည်း “ဆရာမ မြောင် အရင်အနားယူလိုက်ပါ၊ ဆရာမ သက်သာလာမှ ကျွန်မတို့ ထပ်လာတွေ့ပါ့မယ်” ဟု နှစ်သိမ့်ပေး သည်။

ဆရာမ မြောင် သည် တကယ်ပင် ပင်ပန်းနေသဖြင့် နင်အန်းချီကို ကြည့်ပြီးနောက် မျက်လုံးများ မှိတ်သွားသည်။

လူအချို့ အခန်းထဲမှ ထွက်လာသည်။ နင်အန်းချီသည် နောက်မှ လိုက်လာသည့် သူနာပြုကို “ကျွန်မတို့ကို လိုက်ပို့စရာ မလိုပါဘူး၊ ကိစ္စရှိရင် ဖုန်းဆက်လိုက်ပါ” ဟု ပြောလေ သည်။

“မစ္စ နင် စိတ်ချပါ”

ဧည့်ခန်းသို့ လျှောက်လာစဉ် နင်အန်းချီသည် ကျန်းကျဲ့ကို အကောင်းဆုံး ပုံကြမ်းကို ယူသွားရန် ပြောလေ သည်။

ကျန်းကျဲ့က “မလိုပါဘူး၊ ကျွန်တော် မှတ်ထားပြီးပါပြီ” ဟု ပြောလိုက်သည်။

........

သူတို့သုံးဦးသည် မြောင် မိသားစု၏ ခြံဝင်းမှ ကားဖြင့် ထွက်လာခဲ့သည်။

နင်အန်းချီသည် မြောင် မိသားစု၏ တံခါးကြီး ဖြည်းဖြည်းချင်း ပိတ်သွားသည်ကို ကြည့်ပြီးနောက် ကျန်းကျဲ့ကို “ကျေးဇူးတင်ပါတယ်” ဟု ပြောလေ သည်။

“အစ်မ နင်၊ ဘာလို့ ယဉ်ကျေးနေတာလဲ”

“ငါ ယဉ်ကျေးနေတာ မဟုတ်ဘူး၊ နင်က ငါ့ကို ကူညီတာ။ ခဏနေရင် ငါ့လက်ထောက်ကို နင့်အကောင့်ထဲ ငွေထည့်ခိုင်းလိုက်မယ်”

ကျန်းကျဲ့က “အစ်မ နင်၊ အလုပ်က မပြီးသေးဘူးလေ” ဟု ပြောလိုက်သည်။

နင်အန်းချီက “ အရမ်းကောင်းနေပါ ပြီ။ ငါ ဆရာမ မြောင် ကို သိတယ်၊ သူက နင့်ပန်းချီကို ကျေနပ်တယ်။ ရေဆေးပန်းချီအတွက် ကိုလည်း ငါ နင့်ကို ယုံတယ်။

နင် မကြာခင် ကျောင်းပြန်တက်ရတော့မယ်။ နေ့ခင်းဘက် အချိန်သိပ်မရဘူးဆိုတာ ငါ သိတယ်။ နောက်အပတ် စနေနေ့မှာ ဆွဲလို့ ပြီးနိုင်မလား”

ကျန်းကျဲ့က “ကျွန်တော် ကြိုးစားပါ့မယ်” ဟု ပြောလိုက်သည်။

“ကောင်းပြီ၊ နင့်သတင်းကို ငါ စောင့်နေမယ်။ဆွဲလို့ ပြီးရင် ငါ့ကို ဖုန်းခေါ်လိုက်ပါ”

ကားသည် ပန်းချီခန်းအနီးသို့ ရောက်လာသည်။

ကျန်းကျဲ့သည် နင်အန်းချီကို နှုတ်ဆက်လေ သည်။

နင်အန်းချီသည် ကျန်းကျဲ့ လမ်းလျှောက်သွားသည်ကို ကြည့်ပြီး ကားမောင်းသူကို “ဘဏ္ဍာရေးဌာနကို သွားမယ်” ဟု ပြောလိုက်လေ သည်။

........

ကျန်းကျဲ့သည် ပန်းချီခန်းသို့ ပြန်လာပြီး ပန်းချီပစ္စည်းများကို ထုတ်ကာ စဆွဲလေ သည်။

နင်အန်းချီကို တစ်ပတ်ကြာမည်ဟု ကတိပေးခြင်းသည် မိမိကိုယ်ကို အချိန်လုံလောက်စွာ ပေးခြင်းဖြစ်သည်။ သူသည် ပုံကြမ်းတစ်ပုံကို အရင်ပြန်ဆွဲပြီးမှ ရေဆေးပန်းချီကို စဆွဲလေ သည်။

ဤပန်းချီကားသည် စိုစွတ်သည့် စုတ်တံအမျိုးအစားကို မသုံးဘဲ အများအားဖြင့် ခြောက်သွေ့သည့် စုတ်တံဖြင့် ဆွဲကာ တိကျမှုကို ဦးစားပေးထားသည်။ အမှားအယွင်းများ မဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားထားသည်။

နေ့လယ် ၅ နာရီတွင် ကျန်းကျဲ့သည် လက်ရာကို ဆွဲ ပြီးခဲ့သည်။

သူသည် လက်ရာကို ကျေနပ်ပြီး ကျောင်းကျောပိုး အိတ်ကို ထုပ်ပိုးလိုက်သည်။

မကြာမီ နင်အန်းချီ၏ ဖုန်းဝင်လာပြီး ဆုငွေကို သူ၏ အကောင့်ထဲသို့ ထည့်ပြီးပြီဖြစ်ကြောင်း ပြောလေ သည်။

ကျန်းကျဲ့က ကျေးဇူးတင်ကြောင်း ပြောသော်လည်း လက်ရာ ဆွဲ ပြီးပြီဖြစ်ကြောင်း မပြောပေ။

သူသည် ကွန်ပျူတာကို ဖွင့်ပြီး အကောင့်ကို ကြည့်လိုက်သည်။ အကောင့်ထဲသို့ ယွမ် ၆၀,၀၀၀ ဝင်နေလေ သည်။

အကောင့်ထဲမှ ငွေသည် ယွမ် ၁၈၀,၀၀၀ ကျော်သွားသည်။

ကျန်းကျဲ့သည် လက်ရှိအိမ်စျေးနှုန်းကို ခန့်မှန်းကြည့် သည်။ လက်ရှိစျေးက နည်းသော်လည်း အိမ်ကောင်း တစ်လုံးအတွက် ဤငွေပမာဏက မလုံလောက်သေးပေ။ ထို့ကြောင့် သူသည် ထပ်မံစောင့်ရဦးမည်ပင်။

မိဘများက ဖုန်းခေါ်ပြီး အိမ်ပြန်လာရန် ပြောလေ သည်။

ကျန်းကျဲ့သည် ပန်းချီခန်းကို သပ်သပ်ရပ်ရပ် သိမ်းဆည်းခဲ့သည်။

ဤကာလအတွင်း သူသည် ပန်းချီခန်းတွင် အများအားဖြင့် နေခဲ့ပြီး တစ်ဦးတည်းနေသည့်ဘဝကို အသားကျနေပြီဖြစ်သည်။ ကျောင်းပြန်တက်ပြီးနောက် အိမ်ပြန်နေခွင့် ရမည်လား မသိပေ။

ကျန်းကျဲ့သည် ကျောင်းကျောပိုး အိတ်နှင့် ပန်းချီပစ္စည်းများကို ယူပြီး ခွေးလေးကို ခေါ်ကာ အိမ်သို့ ပြန်လာခဲ့သည်။

မိဘများက ညစာကို ပြင်ထားပြီးဖြစ်သည်။

ကျန်းကျဲ့သည် ပစ္စည်းများကို ချပြီး ဟင်းပွဲများ ချရန် ကူညီပေး သည်။

သူသည် ဟင်းပွဲတစ်ပွဲ ချတိုင်း ခွေးလေးသည် နောက်မှ ပြေး လိုက်လာ သည်။

မိခင်သည် ခွေးလေးကို မြင်သောအခါ အနည်းငယ် ညည်းညူသည်- “နင် ကိုယ့်ကိုယ်ကိုယ် ပြဿနာရှာတာ တော်တယ်။ ကျောင်းတက်ရင်လည်း ခေါ်သွားလို့မရဘူး၊ ငါတို့နဲ့ပဲ ထားခဲ့ရမယ်”

ကျန်းကျဲ့က “ကျွန်တော် တက္ကသိုလ်တက်ပြီးရင်လည်း အမေတို့ နှစ်ယောက်တည်း ပျော်စရာတစ်ခုခု ရှာသင့်တယ်” ဟု ပြောလိုက်သည်။

ကျန်းယီက “မင်း ကျောင်းပြန်တက်ပြီးရင် ပန်းချီခန်းကို ပြန် မသွားနဲ့တော့” ဟု ပြောလေ သည်။

ကျန်းကျဲ့က “ငှားထားတယ့် ကာလ မကုန်သေးဘူး။ ဒီအတိုင်း ထားထားတာက အလကား ဖြစ်နေလိမ့်မယ်။ ကျွန်တော် အိမ်မှာနေပြီး စနေ၊ တနင်္ဂနွေ ဒါမှမဟုတ် လိုအပ်တဲ့အခါမှ ပန်းချီခန်းကို သွားမှာပါ၊ အဆင်ပြေမလား။ ကျွန်တော့်ပစ္စည်းအချို့လည်း အဲဒီမှာ ထားထားခဲ့တယ်၊ ပြန် မသွားရင်လည်း စိတ်မချရဘူး”

ကျန်းယီက “မင်း သွားလိုက်၊ ပြန်လိုက်လုပ်ရင် အခက်အခဲ ဖြစ်မှာ စိုးလို့ပါ”

ကျန်းကျဲ့သည် ခက်ခက်ခဲခဲ ရှင်းပြပြီးနောက် နောက်ဆုံးတွင် မိဘများက သူ၏ စီစဉ်မှုကို သဘောတူလိုက်ကြ သည်။

ညစာစားပြီးနောက် သူ၏ အခန်းငယ်လေးတွင် စာလေ့လာနေ သည်။

လအနည်းငယ်ကြာမှ ဤနေရာတွင် စာပြန်လေ့လာသဖြင့် အနည်းငယ် ကျဉ်းကျပ်သည်ဟု ခံစားရသည်။ ခွေးလေးလည်း အသားမကျသေးပေ။

ကျန်းကျဲ့သည် ညဉ့်နက်မှ အနားယူပြီး နောက်တစ်နေ့ မိုးမလင်းမီ ခွေးလေး ဟောင်သဖြင့် နိုးလာခဲ့သည်။

သူသည် မနက်စာစားပြီး ကျောပိုး အိတ်ကို သယ်ကာ အမှတ် ၇ အထက်တန်းကျောင်းသို့ လမ်းလျှောက်သွားလေ သည်။

ကျောင်းတံခါးသို့ ရောက်သောအခါ ကျောင်းသားများ ကျောင်းသို့ တက်နေသည်ကို မြင်လိုက်ရသည်။ သူသည် ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်သည်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် နှစ်လကျော်သာ လိုတော့သည်။ သူ၏ အထက်တန်းကျောင်းသား ဘဝကလည်း ပြီးဆုံးတော့မည်ဖြစ်သည် ။

ယခင်ဘဝက အထက်တန်းကျောင်းဘွဲ့ရခြင်းနှင့် ပတ်သက်၍ ဘာခံစားချက်မျှ မရှိခဲ့သော်လည်း ယခုအခါ အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။

ယခင်ဘဝက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်နေစဉ်တွင် စိတ်ဝင်စား စရာကောင်းသည့် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်ကို သူ မှတ်မိသည်။ နောက်ဆုံးနှစ်လသည် အရမ်းပျင်းစရာကောင်းမည်မဟုတ်ပေ။

ကျန်းကျဲ့သည် အတန်းပိုင်ဆရာမ၏ ရုံးခန်းသို့ အရင်ရောက်လာပြီး တံခါးဝတွင် “ဝင်ခွင့်ပြုပါ” ဟု အော် လိုက်သည်။

ဆရာမယွီ သည် လှည့်ကြည့်ပြီး ကျန်းကျဲ့ဖြစ်သည်ကို မြင်သောအခါ ပြုံးပြီး “ကျန်းကျဲ့၊ စာမေးပွဲတွေ ပြီးသွားပြီပေါ့ ။ ကျောင်းပြန်လာ တက်တာလား” ဟု မေးလေ သည်။

ကျန်းကျဲ့က “ဆရာမယွီ ၊ ကျွန်တော် စာမေးပွဲတွေ ဖြေ ပြီးပါပြီ” ဟု ဖြေလိုက်သည်။

“ကောင်းပြီ၊ နင် ဒါရိုက်တာလင် ရုံးခန်းကို သွားလိုက်ဦး။ ပြန်တက်တဲ့သူ မများသေးလို့ ဆရာတွေက တစ်ဦးချင်းစီ သင်ကြားပေးနေရတယ်။

(မူရင်းစာရေးဆရာက ညွှန်မှူးမှ ဒါရိုက်တာ သို့ ပြောင်းထားသည်)

နင် ဆရာအားလုံးဆီ သွားပြီး ပစ္စည်းတွေနဲ့ စာမေးပွဲစာရွက်တွေ ယူခဲ့လိုက်”

“ဟုတ်ကဲ့ ”

ကျန်းကျဲ့သည် အတန်းတံခါးဝ သို့ ရောက်သောအခါ အထဲမှ စကားပြောသံများ ကြားရသည်။ တံခါးဖွင့်ကာ ဝင်လိုက်သောအခါ လူ ၁၀ ဦးကျော် ရှိနေပြီး အချို့က စကားပြောနေကြပြီး အချို့က စာပြန်ကျက်နေကြသည်။

သူသည် သူငယ်ချင်းများနှင့် နှုတ်ဆက်လိုက်သည်။

သူ့အခြေအနေကို မသိသည့် သူငယ်ချင်းအချို့က သူ ဘယ်ကျောင်းတွေမှာ စာမေးပွဲဖြေခဲ့လဲဟု မေးကြ သည်။

၎င်းသည် ပြန်တင်သည့် ကျောင်းသားတိုင်းကို မေးလေ့ရှိသည့် ထုံးစံ တစ်ခုလို ဖြစ်နေလေ သည်။

ကျန်းကျဲ့သည် ပစ္စည်းများကို ချထားပြီး သူ ဖြေဆိုခဲ့သည့် စာမေးပွဲများကို အတိုချုံး ပြောပြသည်။

သူသည် အတန်းပိုင်ဆရာမ၏ ညွှန်ကြားချက်အတိုင်း ဒါရိုက်တာလင် ထံ အရင်အစီရင်ခံသည်။

ကျောင်းသားများသည် မကြာခဏဆိုသလို ဆုံးဖြတ်ချက် များ ရုတ်တရက် ပြောင်းတတ်သဖြင့် ကျောင်းက အတိအကျသိရှိရန် ကြိုးစားနေရ သည်။

အစီရင်ခံခြင်း ပြီးသောအခါ ဒါရိုက်တာလင် က ကျန်းကျဲ့ကို စိတ်ကိုတည်ငြိမ်စွာဖြင့် ပြန်လည်သင်ယူရန် ထုံးစံ အတိုင်း သတိပေးသည်။

ကျန်းကျဲ့သည် နိုင်ငံခြားဘာသာစကားဆရာမထံ ထပ်သွားလေ သည်။

All Chapters