တာဝန်ပြီးစီးခြင်း၊ နင်အန်းချီ၏ စီစဉ်မှုများ ဘာသာပြန် Payer
Vol. 4 Ch. 59
နံနက်ခင်းတွင် ကျန်းကျဲ့သည် စောစောထပြီး လေ့ကျင့်ခန်းလုပ်ကာ ခွေးလေးကို လမ်းလျှောက်ပေးပြီး သူနှင့် ခွေးလေးအတွက် မနက်စာ ပြင်လေ သည်။
မနက်စာ စားပြီးနောက် ပန်းချီစဆွဲလေ သည်။
သူသည် ခန္ဓာကိုယ်အပြည့် ပုံတူ ပန်းချီကို ကိုးကားပြီး ရေဆေးပုံတူပန်းချီတစ်ချပ်ကို ဆွဲရန် ရည်ရွယ်ထားသည်။
ယမန်နေ့ညက အလွန်စိတ်လှုပ်ရှားခဲ့သဖြင့် ပုံတူပန်းချီဆွဲနေစဉ်တွင် သူ၏ စိတ်ခံစားချက်များက မသိစိတ်ဖြင့် ပါသွားပြီး ပုံတူက ခွန်အားအပြည့်ရှိပုံ ပေါ်နေသော်လည်း ဓာတ်ပုံထဲမှ လူနှင့် အနည်းငယ် ကွာခြားနေ သည်။
ယနေ့မနက်တွင် ဤပုံတူပန်းချီကို ပြန်ကြည့်ပြီး ရေဆေးပန်းချီဆွဲသည့်အခါ ဤပုဂ္ဂိုလ်၏ အဓိကျ ကျသည့် အချက်များကို တတ်နိုင်သမျှ ဖယ်ရှားရန် ရည်ရွယ်ထားသည်။
နံနက် ၁၁ နာရီမှာ ဤလက်ရာကို ဆွဲပြီး ခဲ့သည်။
ကျန်းကျဲ့သည် နေ့လယ်စာ ပြင်နေစဉ် နင်အန်းချီ၏ ဖုန်းဝင်လာသည်။
သူသည် ဖုန်းထဲတွင် လက်ရာ ဆွဲ ပြီးပြီဖြစ်ကြောင်း နင်အန်းချီကို ပြောပြလိုက်သည်။
နင်အန်းချီသည် ချက်ချင်း လာယူမည်ဖြစ်ကြောင်း ပြောလေ သည်။
ကျန်းကျဲ့သည် နေ့လယ်စာကို အမြန်စားသည်။ ပန်းကန်များ ဆေးကြောနေစဉ် တံခါးခေါက်သံကို ကြားလိုက်ရသည်။
လက်များကို သုတ်ပြီး တံခါးဖွင့်လိုက်ရာ နင်အန်းချီသည် သူ၏ လက်ထောက်နှင့်အတူ တံခါးအပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
“အစ်မ နင်၊ ကြွပါ” ကျန်းကျဲ့သည် သူတို့ နှစ်ဦးကို အိမ်ထဲသို့ ဖိတ်ခေါ်ရင်း- “နေ့လယ်စာ စားပြီး ကြ ပြီလား”
“စားပြီးပါပြီ” နင်အန်းချီသည် ပြန်ဖြေရင်း ပန်းချီခန်းထဲသို့ ဝင်သွားသည်။
ကြီးမားသည့် ပန်းချီကားတင်ခုံပေါ်တွင် ပန်းချီဘုတ်ပြားတစ်ခု ရှိပြီး ပုံတူပန်းချီကားနှစ်ချပ် ကပ်ထားသည်။ တစ်ချပ်က ပုံတူ၊ တစ်ချပ်က ရေဆေးပင်။
ဤပန်းချီကားနှစ်ချပ်ထဲမှ လူသည် ဓာတ်ပုံထဲမှ လူငယ်ဖြစ်ပြီး ပထမဆုံးကြည့်လိုက်လျှင် အတူတူဖြစ်သော်လည်း သေချာကြည့်လိုက်သောအခါ ပန်းချီကားနှစ်ချပ်က ခံစားချက်မတူသည်ကို တွေ့လိုက်ရသည်။
သူမသည် စိတ်ဝင်တစား ထိုင်ပြီး ကြည့်နေ သည်။
ကျန်းကျဲ့သည် သူတို့ နှစ်ဦးအတွက် လက်ဖက်ရည် ပြင် ပေး ပြီး ယခင်က ဆွဲထားသည့် ပုံတူပန်းချီများကို ထုတ်လာကာ - “ဒါက ကျွန်တော် ဆွဲထားတဲ့ ရေဆေး ပုံတူပန်းချီတွေပါ။ ဘယ်ဟာကို အကြိုက်ဆုံးလဲ”
နင်အန်းချီသည် လက်ရာများကို တစ်ခုပြီးတစ်ခု ကြည့်လေ သည်။ “ဒီပန်းချီကားတွေက ဓာတ်ပုံထဲက လူနဲ့ အရမ်းတူတယ်။စိတ် ဝိညာဉ်အရ တူပါတယ်။ ဒါပေမဲ့ လက်ရာတစ်ခုစီက ပေးတဲ့ စရိုက်လက္ခဏာက နည်းနည်း ကွာတယ်။ ငါ့ အနေနဲ့တော့ အကုန်လုံး ကောင်းတယ်လို့ ထင်တယ်။ ဘယ်ဟာက ဆရာမ မြောင် ကို ကျေနပ်စေမလဲဆိုတာတော့ ငါ မသိဘူး။
နင် ဒီနေ့ နေ့လယ်ပိုင်း အချိန်အား လား။ ပန်းချီကားအကုန်လုံး ကို ယူပြီး ဆရာမ မြောင် ကို သွားပြ ချင်တယ်”
ကျန်းကျဲ့သည် ခဏစဉ်းစားပြီး သူ၏ အချိန်လုံလောက်သည်ဟု တွေးလိုက်ကာ - “ရပါတယ်ဗျ”
“ထုပ်ပိုး ပြီးတာနဲ့ ချက်ချင်း ထွက်မယ်”
ကျန်းကျဲ့သည် ပန်းချီကားအချို့ကို ပန်းချီပြွန် ထဲသို့ ထည့်ပြီး ပန်းချီသေတ္တာ ကိုလည်း ယူသွားသည်။ နင်အန်းချီနှင့်အတူ ထွက်လာခဲ့သည်။
ကားသည် ဆရာမ မြောင် ၏ အိမ်သို့ မကြာမီ ရောက်လာခဲ့သည်။
ဆရာမ မြောင် ၏ သူနာပြုက ဧည့်ခန်းတွင် စောင့်နေသည်။
“မစ္စ နင်၊ ဆရာမ မြောင် အိပ်နေပါတယ်၊ မနိုးသေးဘူး”
နင်အန်းချီက “ဆရာမ မြောင် ကို မနှိုးနဲ့၊ ကျွန်မတို့ ဒီမှာ စောင့်နေပါ့မယ်” ဟု ပြောလိုက်သည်။
ဧည့်ခန်းတွင် စောင့်နေစဉ် နင်အန်းချီထံသို့ ဖုန်းများ ဆက်တိုက်ဝင်လာသည်။
အဆောက်အအုံ၏ အတွင်းပိုင်းသည် အလွန်တိတ်ဆိတ်နေသည်။
နင်အန်းချီသည် ဖုန်းလာတိုင်း အဆောက်အအုံအပြင်ဘက်သို့ ထွက်သွားသည်။ ရံဖန်ရံခါ အရေးပေါ်ဖုန်းလာပါက သူမသည် ပြန်ဖြေ ပြီး စကားပြောနေရင်း ဧည့်ခန်းမှ ထွက်သွားသည်။
ကျန်းကျဲ့ မကြားချင်သော်လည်း အချို့သတင်းအချက်အလက်များကို ကြားလိုက်ရသည်။
နင်အန်းချီ စီမံခန့်ခွဲနေသည့် ကုမ္ပဏီ၊ သို့မဟုတ် ပိုင် သည့် လုပ်ငန်းစု၏ နာမည်က ယွဲ့ဟွာလုပ်ငန်းစုဖြစ်သည်။
ဤယွဲ့ဟွာသည် သူသိသည့် ယွဲ့ဟွာလုပ်ငန်းစုဖြစ်ပါက နင်အန်းချီတွင် အမှန်ပင် ဩဇာအာဏာရှိသည်ဟု ကျန်းကျဲ့ တွေးမိသည်။
သူပြန်လည် မ မွေးဖွားမီ ဤယွဲ့ဟွာလုပ်ငန်းစုသည် ပင်းဟိုင်နှင့် ပတ်ဝန်းကျင်ဒေသများတွင် နာမည်ကြီးခဲ့သည်။ အခြားအရာများကို မပြောဘဲ သူသိသည့် ပင်းဟိုင်ရှိ အဆင့်မြင့် ရပ်ကွက်အချို့ကို ယွဲ့ဟွာလုပ်ငန်းစုက ဆောက်ခဲ့ခြင်းဖြစ်သည်။ ယွဲ့ဟွာလုပ်ငန်းစုတွင် လုပ်ငန်းအဆောက်အအုံများနှင့် အခြားလုပ်ငန်းများလည်း ရှိသည်ဟု ကြားသော်လည်း အတိအကျကို သူလည်း မသိပေ။
နင်အန်းချီသည် လုပ်ငန်းစုတွင် ဘာရာထူးရှိသည်ကို မသိသော်လည်း ဖိအားက ကြီးမားလိမ့်မည်။
မိနစ် ၃၀ ခန့် စောင့်ပြီးနောက် ဆရာမ မြောင် ၏ လက်ထောက်က ဧည့်ခန်းသို့ ဝင်လာကာ- “မစ္စ နင်၊ ဆရာမ မြောင် နိုးလာပါပြီ၊ မစ္စ နင်ရောက်နေတယ်လို့ ကြားတော့ အထဲဝင်ခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်”
နင်အန်းချီနှင့် အခြားသူများသည် အိပ်ခန်းတံခါးသို့ အတူတူ လျှောက်သွားကြသည်။
သူမသည် ကျန်းကျဲ့နှင့် လက်ထောက်ကို တံခါးအပြင်ဘက်တွင် စောင့်ခိုင်းပြီး သူမကိုယ်တိုင် အရင်ဝင်သွားသည်။
ကျန်းကျဲ့သည် တံခါးအပြင်ဘက်တွင် နင်အန်းချီနှင့် ဆရာမ မြောင် တို့ ခဏစကားပြောသည်ကို ကြားရသည်။ ထို့နောက် နင်အန်းချီက ထွက်လာပြီး သူ့ကို ခေါ်လေ သည်။
သူသည် အိပ်ခန်းထဲသို့ ဝင်သွားသောအခါ ဆရာမ မြောင် သည် အိပ်ရာတွင် လဲလျောင်းနေဆဲဖြစ်ပြီး ဘေး ရှိ ဆေး ကိရိယာအချို့ နည်းသွားကာ နှစ်ခုသာ ကျန်တော့ သည်ကို တွေ့လိုက်ရသည်။
“မင်္ဂလာပါ ဆရာမ မြောင်” သူနှုတ်ဆက်နေစဉ် ဆရာမ မြောင် က ပိုမိုပိန်လှီသွားပြီး သူမ၏ မျက်နှာက ယခင်ကထက် ပိုမိုဆိုးရွားနေသည်ကို တွေ့လိုက်ရသည်။
ခုမှ နိုးလာသဖြင့် ဆရာမ မြောင် ၏ မျက်လုံးများက ယခင်ကထက် ပိုမိုကြည်လင်နေ သည်။
“ကျန်းကျဲ့ ရောက်လာပြီပေါ့ ၊ လာထိုင်ပါ”
“ကျေးဇူးတင်ပါတယ် ဆရာမ မြောင်”
နင်အန်းချီက “ဆရာမ မြောင် ၊ ကျန်းကျဲ့က ဓာတ်ပုံကို ကိုးကား ပြီး ပုံတူအချို့ ဆွဲထားပါတယ်။ ခေါင်းပုံတူ၊ အောက်ပိုင်းပုံတူနဲ့ ခန္ဓာကိုယ်အပြည့်ပုံတူတွေ ပါပါတယ်၊ ဘယ်ဟာကို အကြိုက်ဆုံးလဲ ကြည့်ပေးပါ” ဟု ပြောလေ သည်။
အိပ်ခန်းနေရာက ကျဉ်းမြောင်းသဖြင့် သူနှင့် ကျန်းကျဲ့တို့သည် ပန်းချီကားများကို တစ်ချပ်ပြီးတစ်ချပ် ပြသည်။
ပန်းချီကားတိုင်းကို ဆရာမ မြောင် က အလွန်ဂရုတစိုက် ကြည့်နေ သည်။
ကျန်းကျဲ့သည် စိတ်ရှည်စွာဖြင့် ဤအဘွားအို၏ အကဲဖြတ်မှုကို စောင့်ဆိုင်းနေသည်။
သူသည် ဆရာမ မြောင် နှင့် နင်အန်းချီ၏ ဆက်ဆံရေးကို နားမလည်သော်လည်း နင်အန်းချီ၏ သဘောထားကို ကြည့်ပြီး ဆရာမ မြောင် ၏ ကိုယ်ရေးအချက်အလက် က ရိုးရှင်းမည်မဟုတ်ဟု သူ နားလည်သည်။
ဆရာမ မြောင် သည် ကျန်းကျဲ့နှင့် နင်အန်းချီကို ခန္ဓာကိုယ်အပြည့် ပုံတူပန်းချီနှစ်ချပ်လုံးကို ပြခိုင်းသည်။
သူမသည် လက်ရာနှစ်ချပ်ကို အကြာကြီးကြည့်ပြီး ရေဆေးခန္ဓာကိုယ်အပြည့်ပုံတူပန်းချီကို လက်ညှိုးထိုးကာ “ဒီပုံက ဓာတ်ပုံထဲက သူနဲ့ အတူဆုံးပဲ။ သူ့ကို နောက်ဆုံးတွေ့တုန်းက သူ့မျက်နှာက အရောင်မကောင်းဘူး။ ယခင်ကနဲ့ မတူဘူး။ ဒီပုံတူကတော့ အရင်က သူနဲ့ ပိုတူတယ်၊ ခွန်အားအပြည့်နဲ့ပေါ့” ဟု ပြောလေ သည်။
“ဆရာမ မြောင် ဘယ်ပုံကို ပိုသဘောကျလဲ” နင်အန်းချီက မေးလိုက်သည်။
“ဒီပုံတွေ အကုန်လုံး ကောင်းတယ်။ သူရဲ့ မတူညီတဲ့ အချိန် ကာလတွေနဲ့ တူနေတယ်”
“ဒါဆို အကုန်လုံး ထားခဲ့ပါ့မယ်” နင်အန်းချီက ပြောလိုက်သည်။
ဆရာမ မြောင် က ခေါင်းညိတ်ပြီး သူနာပြုကို ပန်းချီကားများကို သိမ်းကာ ဘောင်သွင်းရန် ပြောလေ သည်။
“ဆရာမ မြောင် ကျွန်မ လုပ်ပေးပါ့မယ်” နင်အန်းချီက အစီအစဉ်ဆွဲထားသည်။
“ရိုးရိုးလေးပဲ လုပ်ပါ၊ အရမ်းမလှပါစေနဲ့” ဆရာမ မြောင် သည် ကျန်းကျဲ့ကို ကြည့်လိုက်သည်။
“ကျန်းကျဲ့၊ လာထိုင်”
ကျန်းကျဲ့သည် ဆရာမ မြောင် ၏ ဘေးတွင် ဝင်ထိုင်သည်။
ဆရာမ မြောင် သည် သူ့ကို ကြည့်ကာ - “ကျန်းကျဲ့၊ ကျေးဇူးတင်ပါတယ်။ ငါ့ရဲ့ နှစ်ပေါင်းများစွာ စိတ်မကောင်းဖြစ်ခဲ့သမျှကို မင်း ဖြည့်ဆည်းပေးလိုက်တာပဲ”
“ဆရာမ မြောင် ရပါတယ်။ ဆရာမ ကို ကူညီနိုင်ရင်ပဲ တော် ပါပြီ”
“နင် ဒီပုံတူကို ဆွဲတုန်းက” ဆရာမ မြောင် သည် ခုမှ သိမ်းလိုက်သည့် ခန္ဓာကိုယ်အပြည့်ပုံတူကို ညွှန်ပြကာ- “စိတ်ခံစားချက် အရမ်းကောင်းနေတယ်မဟုတ်လား၊ ပျော်စရာတစ်ခုခု တွေ့ခဲ့တာလား”
ကျန်းကျဲ့သည် အံ့သြကာ - “ဆရာက တကယ်တော်တာပဲ ။ ကျွန်တော် အရမ်းသိသာနေတာ လား” သူသည် တကယ်လေးစားမိသည်။
ဆရာမ မြောင် က “ ရေဆေးပန်းချီဆွဲတုန်းက နင် ပိုသတိထားနေတာကို ငါ မြင်တယ်။ ဒါကြောင့် အဲဒီ ပုံတူက ခွန်အားအပြည့်ရှိတဲ့ သူနဲ့ ပိုတူတယ်လို့ ငါပြောခဲ့တာပေါ့
မင်း ဆွဲတာ အရမ်းကောင်းတယ်။ အတွေ့အကြုံရှိလာရင် နားလည်လာပါလိမ့်မယ်၊ ပန်းချီဆရာက စိတ်ဝင်တစား ဖန်တီးတဲ့ လက်ရာတွေမှာ သူရဲ့ အဲဒီအချိန်က အခြေအနေက မသိစိတ်နဲ့ ပေါ်လာတတ်တယ်”
“ကျွန်တော် ပြန်ပြီး သေချာစဉ်းစားလိုက်ပါ့မယ်”
“ရှောင်နင် ပြောတာ ကြားတာတော့ မင်းက အထက်တန်းကျောင်းသားဖြစ်နေတုန်းပဲဆို တက္ကသိုလ်ဝင်ဖို့ ပြင်ဆင်နေတာ လား”
“ဟုတ်ကဲ့”
“မင်း ဒီလောက် အလုပ်များနေတာကို ငါက ပန်းချီဆွဲခိုင်းမိတော့ အနှောင့်အယှက် ပေးမိ ပြီ” ဆရာမ မြောင် က ကျန်းကျဲ့၏ မိသားစုနှင့် အခြားအကြောင်းအရာများကို မေးမြန်းသည်။ အိမ်နီးချင်းအဘွားအိုတစ်ဦးနှင့် စကားပြောသကဲ့သို့ ဖြစ်နေသည်။
သူတို့နှစ်ဦး စကားပြောနေကြစဉ် နင်အန်းချီက ရံဖန်ရံခါ ဝင်ပြော သည်။ သူနာပြုက ဆရာမ မြောင် ကို အနားယူရန် သတိပေးမှသာ ရပ်လိုက်ကြသည်။
ဆရာမ မြောင် က ကျန်းကျဲ့ကို “ကျန်းကျဲ့၊ ငါ သက်သာလာရင် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောလေ သည်။
ကျန်းကျဲ့က “ကျွန်တော် နားမလည်တာတွေ ရှိရင် ဆရာမ ကို လာမေးပါ့မယ်” ဟု ကတိပေးလိုက်သည်။
ဆရာမ မြောင် က “ကောင်းပြီ၊ မင်း အရင် လက်ဖက်ရည် သွားသောက်နှင့်၊ ငါ ရှောင်နင်နဲ့ စကားအချို့ ပြောစရာရှိသေးတယ်” ဟု ပြောလေ သည်။
“ဆရာမ ကောင်းကောင်း အနားယူပါ”
သူနာပြုသည် ကျန်းကျဲ့ကို ဧည့်ခန်းသို့ ခေါ်သွားသည်။ ဆရာမ မြောင် သည် နင်အန်းချီနှင့် နှစ်ဦးတည်း စကားပြောလေ သည်။
ကျန်းကျဲ့သည် ဤကိစ္စ အောင်မြင်စွာ ပြီးဆုံးသွားပြီဟု ထင်သည်။
မကြာမီ နင်အန်းချီသည် ဆရာမ မြောင် ၏ အိပ်ခန်းမှ ထွက်လာသည်။ သူနာပြုကို အနည်းငယ် သတိပေးပြီး ကျန်းကျဲ့နှင့် လက်ထောက်နှင့်အတူ ထွက်လာခဲ့သည်။
ကားပေါ်တွင် လက်ထောက်က နင်အန်းချီ၏ စိတ်ခံစားချက် ကောင်းနေသည်ကို တွေ့ရသည်။ ကိစ္စတွင် အောင်မြင်မှုတစ်ခု ရရှိခဲ့သည်ဟု သူမ ခန့်မှန်းမိသည်။
“ကျန်းကျဲ့၊နင့်ကို ညစာ လိုက်ကျွေး မယ်။ နင် ဆွဲတဲ့ ပန်းချီက အရမ်းကောင်းတယ်။ ဆရာမ မြောင် က လည်း အရမ်းကျေနပ်တယ်” နင်အန်းချီက ကျန်းကျဲ့ကို ပြောလေ သည်။
ကျန်းကျဲ့သည် စိတ်သက်သာရာရသွားကာ - “ကျေနပ်ရင် ရပါပြီ။ ညစာတော့ မစားတော့ပါဘူး” သူသည် လက်ပတ်နာရီကို ကြည့်ကာ - “ညစာစားချိန် ရောက်နေပြီပဲ ။ အခြားကိစ္စ မရှိရင် ကျွန်တော် ပန်းချီခန်းကို တန်စ ပြန်လိုက်ပါ့မယ်”
နင်အန်းချီသည် သူက ယဉ်ကျေးစွာ ပြောခြင်းမဟုတ်သည်ကို သိသည်။ သူမသည် ခဏစဉ်းစားပြီး “ကောင်းပါပြီ၊ နင့်ရဲ့ သင်ယူမှုကို အနှောင့်အယှက်မပေးတော့ပါဘူး။ ငါတို့ကြားမှာ ဒီညစာက အရေးမကြီးပါဘူး။
အချိန်ရလာရင် နင့်ကို နေရာကောင်းအချို့ကို သွားလည်ဖို့ ခေါ်ပါ့မယ်။
နင်က တိရစ္ဆာန်တွေကို ကြိုက်တယ်ဆိုတာ သိတယ်။ မြင်းတွေကို ရော ကြိုက်လား မသိဘူး” ဟု ပြောလိုက်သည်။