← Chapters

လမ်းလျှောက်ခြင်း၊ မစ်ရှင်၊ လက်ရာကောင်း ဘာသာပြန် Payer

Vol. 4 Ch. 60

လမ်းလျှောက်ခြင်း၊ မစ်ရှင်၊ လက်ရာကောင်း ဘာသာပြန် Payer

Vol. 4 Ch. 60

နင်အန်းချီ၏ စကားများသည် ကျန်းကျဲ့ကို အမှတ်တရများစွာကို ပြန်သတိရ စေသည်။

ငယ်စဉ်က သူအကြိုက်ဆုံး တိရစ္ဆာန်များမှာ ခွေးအပြင် မြင်းလည်း ပါဝင်သည်။

တီဗွီ နှင့် ရုပ်ရှင်များတွင် မြင်းစီးသည့်မြင်ကွင်းကို မြင်တိုင်း သူအလွန်စိတ်လှုပ်ရှားသည်။ မြင်းလှည်းများကိုပင် မြင်လျှင် ရပ်ကြည့်နေမိ သည်။

ကံမကောင်းစွာဖြင့် အသက်ကြီးလာသည်နှင့်အမျှ ဤတိရစ္ဆာန်သည် သူ့နှင့် ပိုမိုဝေးကွာလာခဲ့သည်။

သူသည် နင်အန်းချီကို မြင်းများကိုလည်း ကြိုက်သည်ဟု ပြောပြလိုက်သည်။

နင်အန်းချီက “ငါ့ သူငယ်ချင်းတွေနဲ့ မြင်းစီးကွင်း ဖွင့်ထားတယ်။ ကိုယ်ပိုင်မြင်းအချို့လည်း ရှိတယ်။ အချိန်ရရင် နင့်ကို ခေါ်ပြီး သွား ပျော်ကြမယ်” ဟု ပြောလေ သည်။

ကျန်းကျဲ့က ဤစကားကို အလေးအနက် မထားပေ။

ကားရပ်သောအခါ သူ ကားပေါ်မှ ဆင်းပြီး ပန်းချီခန်းသို့ ပြန်လာခဲ့သည်။

နင်အန်းချီသည် ကျန်းကျဲ့ လမ်းလျှောက်သွားသည်ကို ကြည့်ပြီးနောက် ကားမောင်းသူကို “သမုဒ္ဒရာ စင်တာကို သွားမယ်” ဟု အမိန့်ပေးလိုက်သည်။

........

ကျန်းကျဲ့သည် ပန်းချီခန်းသို့ ပြန်ရောက်လာပြီး ခွေးလေးကို လှောင်အိမ်ထဲမှ အရင်ထုတ်ပေးသည်။ လှုပ်ရှားခွင့် ပေးပြီးနောက် စာလေ့လာကာ ယနေ့သင်ခန်းစာများကို လုပ်သည်။

ပင်ပန်းလာသောအခါ သူသည် စနစ်ကို ဖွင့်ကာ မစ်ရှင် (တာဝန်) နေရာကို ကြည့်ပြီး (အနုပညာစာမေးပွဲအောင်မြင်ခြင်း) မစ်ရှင် ကို နှိပ်လိုက်သည်။

စာမျက်နှာပေါ်တွင် ဤမစ်ရှင် ၏ တိုးတက်မှုက ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြထားသည်။ ယခု ရယူလိုလားဟု မေးလေ သည်။

ကျန်းကျဲ့သည် စဉ်းစားသည်။ သူသည် လက်ရှိတွင် အောင်လက်မှတ်တစ်ခု သာ ရရှိထားသည်။ စနစ်သည် သူ၏ အနုပညာစာမေးပွဲအခြေအနေကို အခြေခံပြီး မစ်ရှင် ပြီးစီးမှုကို အကဲဖြတ်မည်။

အခြားအောင်လက်မှတ်များ ရောက်လာပြီးမှ ရယူ မည်ဆိုလျှင် ဆုကြေးက ပိုများမည်လား။

သူသည် ရလဒ်အားလုံး ထွက်လာပြီးမှ ရယူရန် ဆုံးဖြတ်လိုက်သည်။

ညနေ ၆ နာရီတွင် ကျန်းကျဲ့သည် ညစာချက်ပြုတ်ရမလား၊ အပြင်ထွက်စားရမလား စဉ်းစားနေစဉ် ဖုန်းမြည်လာသည်။

သူသည် မရင်းနှီးသည့် ဖုန်းနံပါတ်ကို မြင်ပြီး ခဏတွန့်ဆုတ်ပြီးမှ ကိုင်လိုက်သည်။

“ကျန်းကျဲ့၊ ငါပါ” ဖုန်းထဲမှ ရင်းနှီးသည့်အသံ ထွက်လာသည်။

“ချန်းယန်? မင်း ဘယ်ကနေ ဖုန်းဆက်နေတာလဲ” ကျန်းကျဲ့သည် ချန်းယန်ဘက်မှ အသံများ ကြားနေရသည်။

“ငါ အပြင်မှာ၊ အများသုံးဖုန်းကနေ ပြောနေတာ ။ ငါ အင်္ဂလိပ်စာသင်တန်းက ခုမှ ပြီးတယ်။ နင် ညစာစားပြီးပြီလား”

“မစားရသေးဘူး”

“နင် လာပြီး ငါနဲ့ အတူတူ စားမလား”

ကျန်းကျဲ့က “မင်း ဘယ်မှာလဲ” ဟု မေးလိုက်သည်။

“ငါ မင်ကျန်းလမ်း အရှေ့ဘက်အဝင်မှာ”

“ငါ လာခဲ့မယ်” ကျန်းကျဲ့သည် ဖုန်းချပြီး ခွေးလေးကို “ အဖေက မင်းအစ်မနဲ့ ညစာစားဖို့ သွားမယ်” ဟု လေချွန်လိုက်သည်။

ခွေးလေးသည် အပြင်ထွက်ရမည်ကို နားလည်ဟန်ရှိပြီး ချက်ချင်း တံခါးသို့ ပြေးသွားသည်။

ကျန်းကျဲ့သည် ခွေးလေးနှင့်အတူ ကားစီးပြီး မင်ကျန်းလမ်းသို့ ရောက်လာခဲ့သည်။ ဤနေရာတွင် ပင်းဟိုင်၏ နာမည်ကြီး လမ်းဘေးစားသောက်ဆိုင်များရှိသည်။

သူသည် အဝေးမှ ချန်းယန်က ကျောပိုး အိတ်ကို ကျောပိုးထားပြီး ပန်းအိုးဘေးတွင် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။

ခွေးလေးသည် ချန်းယန်ကို မြင်သောအခါ ကျန်းကျဲ့ကို ဆွဲကာ ပြေးသွားလေ သည်။

ချန်းယန်သည် လူတစ်ဦးနှင့် ခွေးတစ်ကောင်ကို မြင်သောအခါ အံ့သြစွာဖြင့် ခွေးလေးကို ချီပြီး ချစ်စနိုးဖြင့် ဆော့ကစားသည်- “ကားလ်၊ နင်က ပိုကောင်းတယ်၊ အဲဒီလူဆို တစ်ခါမှ ဖုန်းမဆက်ဘူး”

သူမသည် ခွေးလေးကို ပွေ့ထားပြီး ကျန်းကျဲ့ကို ကြည့်ကာ - “ဘာလို့ ဒီလောက်ကြာနေတာလဲ။ ငါ ဗိုက်ဆာလွန်းလို့ သေတော့မယ်”

ကျန်းကျဲ့က “ငါ ကားငှားပြီး လာရတာ၊ ဒါက အမြန်ဆုံးပဲ။ မင်း ဘာလို့ ဒီလောက်ဝေးတဲ့နေရာမှာ သင်တန်းသွားတက်တာလဲ။ မင်း အပြင်ထွက်လည်တာလား” ဟု မေးလိုက်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါ့အဖေ၊ အမေက ငါ့ကို အင်္ဂလိပ်စာ သင်တန်းရှာပေးထားတာ။ ဆရာက တစ်နေ့ကို ကျောင်းသား ၃ သုတ် သင်ပေးတယ်။ နင့်ကို ဖုန်းမဆက်ခင်အထိ ငါ စာ သင်နေတာ”

“လာ သွားစားကြမယ်”

သူတို့နှစ်ဦးသည် လမ်းဘေးစားသောက်ဆိုင်တွင် ညစာစားရန် သင့်တော်သည့် ဆိုင်ကို လိုက်ရှာကြ သည်။

ဤအချိန် လမ်းမပေါ်တွင် လော့ရှန် (ပုစွန်ထုပ်) များ ရှိနေပြီဖြစ်သော်လည်း စျေးက အလွန်ကြီးသည်။ ကျန်းကျဲ့သည် ချန်းယန်က လော့ရှန်(ပုစွန်ထုပ်) ကို ကြည့်ပြီး သွားရေကျနေသည်ကို မြင်သောအခါ သူမကို လမ်းဘေးစားသောက်ဆိုင်သို့ ခေါ်သွားပြီး စားပွဲထိုးကို မှာလိုက်သည်။

“မင်း ဘယ်အရသာကို ကြိုက်လဲ” ကျန်းကျဲ့က ချန်းယန်ကို မေးလိုက်သည်။

“ဒီက အရမ်းစျေးကြီးတယ်” ချန်းယန်သည် စျေးနှုန်းစာရင်းကို ကြည့်ပြီး ပြောလေ သည်။

“စိတ်မပူပါနဲ့၊ ငါ ကျွေးမှာပါ” ကျန်းကျဲ့တွင် ယခင်ဘဝက ဤမျှ ငွေများစွာ မရှိခဲ့ပေ။

ချန်းယန်က အရသာ ၂ မျိုးရှိသည့် လော့ရှန် (ပုစွန်ထုပ်) ကို မှာလိုက်သည်။ ကျန်းကျဲ့က ဟင်းပွဲ ၂ မျိုးနှင့် အချိုရည်အချို့ကို မှာသည်။

ချန်းယန်သည် ပင်းထန်ရွှယ်လီ (သစ်တော်သီး သကြားဖျော် ရည်) ကို ဖွင့်ပြီး “ဂလုဂလု” ဟု သောက်လေ သည်။

“ဖြည်းဖြည်းသောက်ပါ”

“နင် မသိပါဘူး၊ နေ့လယ်ပိုင်းတစ်ခုလုံး ငါ ရေလည်းငတ်ပြီး ပင်လည်း ပင်ပန်းတယ်” ချန်းယန်က ညည်းညူသည်။

စားပွဲထိုးက မကြာမီ လော့ရှန်ပန်းကန်ကြီးတစ်ချပ်ကို လာချသည်။

သူတို့နှစ်ဦးသည် လော့ရှန်များကို စတင်ခွာကြ သည်။

ချန်းယန်သည် ခေါင်းကို ဖြုတ်ပြီး အရည်ကို တစ်ငုံ စုပ်လိုက်ကာ - “အွန်း... အရသာရှိလိုက်တာ”

ကျန်းကျဲ့သည် ပြန်လည်မွေးဖွားပြီးနောက် ဤစားစရာ ကို ပထမဆုံးအကြိမ် စားခြင်းဖြစ်သည်။ ဤအချိန် လော့ရှန်များတွင် အရသာများစွာ မရှိသေးပေ။ ကံကောင်းစွာဖြင့် ဤဆိုင်၏ လော့ရှန် က အလွန်လတ်ဆတ်သည်။

“နင့်ရဲ့ အနုပညာစာမေးပွဲအောင်လက်မှတ် ရောက်ပြီလား” ချန်းယန်သည် ပုစွန်ကို စားရင်း မေးသည်။

ကျန်းကျဲ့က “ယင်ကျီ ကောလိပ်က ရောက်ပြီ၊ အခြားဟာတွေက မရောက်လာသေးဘူး” ဟု ပြောလိုက်သည်။

ချန်းယန်၏ မျက်နှာက ပျက်သွားကာ - “ငါ့ရဲ့ ယင်ကျီကောလိပ်လက်မှတ်လည်း ရောက်ပြီ၊ ဒါပေမဲ့ အဆင့်က အရမ်းဆိုးတယ်၊ အဆင့် ၈၀ ကျော်လောက်ဆိုတော့ အောင်မြင်မှုအဆင့်ထဲမှာ လုံးဝမပါဘူး”

ကျန်းကျဲ့က နှစ်သိမ့်ပေစကာ - “စိတ်မပူပါနဲ့၊ စောင့်ကြည့်ပါဦး”

“ငါ ဒီကျောင်းကိုလည်း သိပ်မျှော်လင့်မထားပါဘူး။ ငါ မော်ဒယ်မေဂျာ ကို သွားရမယ် ထင်တယ်” ချန်းယန်သည် လော့ရှန်ကို ဆက်ခွာသည်။

“မင်းရဲ့ ယဉ်ကျေးမှုဘာသာရပ်တွေက ဘယ်လိုလဲ” ကျန်းကျဲ့က မေးလိုက်သည်။

“ငါ့အင်္ဂလိပ်စာက အရမ်းဆိုးတယ်။ အဖေနဲ့ အမေက ငါ့ကို သင်တန်းတွေရှာပေးတယ်။ နောက်ထပ် သမိုင်းဆရာလည်း ရှာပေးဦးမယ်တဲ့။ မနက်ဖြန်လည်း သင်တန်းရှိသေးတယ်။ ငါ သေလောက်အောင် ပင်ပန်းနေပြီ”

“ဒါဆို ပိုစားပြီး အားဖြည့်လိုက်” ကျန်းကျဲ့သည် ရယ်မောပြီး “ငါတို့အတန်းရဲ့ တစ်ဝက်လောက် ကလည်း သင်တန်းတွေ သွားတက်နေရတယ်” ဟု ပြောလိုက်သည်။

ချန်းယန်သည် ကျန်းကျဲ့က အမြန်ခွာသည်ကို မြင်သောအခါ “ငါ့အတွက် တစ်ခုခွာပေးပါဦး” ဟု ပြောလေ သည်။

ခွေးလေးသည် သူတို့နှစ်ဦး စားနေသည်ကို မြင်သောအခါ ရပ်ပြီး စားပွဲကို လက်နှစ်ဖက်ဖြင့် တွန်းနေသည်။ ပါးစပ်မှ သွားရည်များပင် စီးကျလာသည်။

ကျန်းကျဲ့နှင့် ချန်းယန်တို့သည် ခွေးလေးကို အသားများ ကျွေးကြ သည်။

ညစာက ပျော်စရာကောင်းသည်။ “ငါ ကားငှားပြီး မင်းကို ပြန်လိုက်ပို့ပေးမယ်”

“လမ်းလျှောက်ရအောင်၊ ဒါက အစာကြေစေတယ်” ချန်းယန်သည် အိမ်သို့ အမြန်မပြန်လိုပေ။

သူတို့နှစ်ဦးသည် ခွေးလေးကို ခေါ်ကာ မင်ကျန်းလမ်းအတိုင်း လမ်းလျှောက်ပြီး ပတ်ဝန်းကျင်မှ အကြောင်းအရာများကို ပြောကြသည်။

ရာသီဥတုက ပိုပူလာသဖြင့် ခရီးသွားများလည်း ပိုများလာသည်။ ညနေခင်းလေက တိုက်ခတ်နေသဖြင့် လမ်းလျှောက်ခြင်းက သာယာသော အချိန်ဖြစ်စေသော်လည်း သာယာသည့်အချိန်က ခဏသာဖြစ်သည်။

လမ်းဆုံသို့ ရောက်သောအခါ ချန်းယန်သည် အချိန်ကို ကြည့်ကာ - “ကျန်းကျဲ့၊ ငါ အိမ်ပြန်ရတော့မယ်”

“ငါ လိုက်ပို့ပေးမယ်” ကျန်းကျဲ့သည် တက္ကစီငှားပြီး ချန်းယန်ကို သူမအိမ်အနီးသို့ လိုက်ပို့ပေးသည်။

သူသည် ချန်းယန် အိမ်ပေါ်သို့ တက်သွားသည်ကို မြင်မှသာ ပန်းချီခန်းသို့ ပြန်လာခဲ့သည်။

သူသည် စနစ်ကို ကြည့်လိုက်ရာ ယနေ့၏ သင်ယူမှုစုဆောင်းမှုသည် ပျမ်းမျှအဆင့်အောက်သို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။

တကယ်ကို တစ်ခဏမျှ စိတ်မအေးရဲပေ။

ဆုကြေးအတွက် ယနေ့၏ စုဆောင်းမှုကို ပြန်ဖြည့်ရန် ကြိုးစားရမည်။

နောက်တစ်နေ့ တနင်္ဂနွေနေ့တွင် ကျန်းကျဲ့တွင် အပြင်ထွက်ရန် အစီအစဉ်မရှိသလို၊ ဘယ်သူကမှ သူ့ကို လာမ ရှာပေ။ တစ်ယောက်တည်းနေရန် ကောင်းသည့်အချိန်ဖြစ်သည်။

သူသည် ပန်းချီခန်းတွင် နေပြီး စာလေ့လာကာ ပင်ပန်းသောအခါ ပန်းချီဆွဲသည်။

မစ်ရှင် နေရာတွင် ချန်းယန်၏ မစ်ရှင် မပြီးဆုံးသေးသဖြင့် သူသည် ပုံကြမ်းများဖြင့် စာမျက်နှာ ၁၀ ရွက် ကျော် ဆွဲလိုက်သည်။

ဤတစ်ကြိမ်တွင် ချန်းယန်၏ နေ့စဉ်အခြေအနေများကို ပြသထားသည်။ ဥပမာအားဖြင့် မနေ့ညက ညစာစားခြင်း၊ လမ်းလျှောက်ခြင်းစသည့် အခိုက်အတန့်များပင်။

နေ့လယ်ပိုင်းတွင် သူသည် ယနေ့၏ သင်ယူမှုစုဆောင်းမှုက ပျမ်းမျှအဆင့်သို့ ရောက်နိုင်သည်ကို မြင်သည်။ ထို့ကြောင့် သူသည် ပုံကြမ်းအချို့ကို ရွေးပြီး ရေဆေးပန်းချီအဖြစ် ဆွဲလေ သည်။

နေ့လယ် ၅ နာရီအထိ ဆွဲပြီး ပစ္စည်းများ သိမ်းဆည်းသောအခါ ချန်းယန် လမ်းလျှောက်နေသည့် ပုံတစ်ပုံကို စနစ်က လက်ရာကောင်းအဖြစ် အကဲဖြတ်သည်ကို တွေ့လိုက်ရသည်။

သူသည် ဤပန်းချီကားကို နံရံတွင် ချိတ်ဆွဲပြီး သူ၏ဖန်တီးမှု ဖြစ် စဉ်ကို ပြန်လည်သုံးသပ်သည်။

ဤပန်းချီကားကို ဆွဲရန် မိနစ် ၂၀ ခန့်သာ ကြာခဲ့သည်။ နေရာများစွာကို ရိုးရှင်းသည့်နည်းဖြင့် ဆွဲထားသည်။ ဤအရာက စနစ်က လက်ရာများကို အကဲဖြတ်သည့်အခါ အလှအပကို ပိုမိုအလေးထားပြီး နည်းစနစ် က အရေးအကြီးဆုံးအချက် မဟုတ်ကြောင်း ပြလေ သည်။

ယခု ချန်းယန်ကို အခြေခံသည့် လက်ရာကောင်းတစ်ချပ် ထပ်မံဆွဲနိုင်ပါက ဤမစ်ရှင် ပြီးဆုံးမည်ဖြစ်သည်။

ညနေ ၆ နာရီတွင် ကျန်းကျဲ့အမေ ၏ ဖုန်းဝင်လာသည်။

“မပြန်လာသေးဘူးလား”

“ကျွန်တော် ပြန်လာပါ့မယ်၊ ပြန်လာပါ့မယ်” ကျန်းကျဲ့သည် ဖုန်းချလိုက်သည်။

အားလပ်ရက်သည် အမြဲတမ်း ဤမျှတိုတောင်းလေ သည်။

All Chapters