← Chapters

အပိုင်း ၂၀၉-၂၁၂

Vol. 11 Ch. 209-212

အပိုင်း ၂၀၉-၂၁၂

Vol. 11 Ch. 209-212

အပိုင်း (၂၀၉)

သာမန်လောက်ပါဘဲ။

မားရှန်းလန်သည် သူမဝတ်ဆင်ထားသည့် လက်ကောက်က အနည်းဆုံး ယွမ် ၁ သန်းတန်ဖိုးရှိကြောင်း သိလိုက်ရသောအခါ သူမ မူးလဲမတတ်ဖြစ်သွားခဲ့သည်။

ယဲ့ဖန်နှင့် ယဲ့ပေါက်ကောတို့က သူမကို သူတို့ဘေးက ကုလားထိုင်ပေါ်ထိုင်ရန် ကူညီပေးခဲ့ပေမဲ့ သူမ စိတ်ပြန်လည်တည်ငြိမ်လာဖို့ အချိန်အတော်ကြာခဲ့သည်။

သူမ အသိပြန်ဝင်လာသောအခါ မားရှန်းလန်သည် ယဲ့ဖန်ဆီမှ အမှန်တရားကိုကြားချင်တာကြောင့် မြေးဖြစ်သူ၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။

" ရှောင်ဖန်၊ အဘွားကို အမှန်တိုင်းပြော။ ဒီလက်ကောက်က ဘယ်လောက်တန်လဲ "

ယဲ့ဖန်သည် ဘာမှမတတ်နိုင်တော့ဘဲ အမှန်အတိုင်းသာ ပြောလိုက်ရတော့သည်။

" ဒီလက်ကောက်က ၁.၆၈ သန်းတန်ပါ "

မားရှန်းလန်သည် ထိုစကားကိုကြားသောအခါ ထပ်ပြီး မူးလဲမတတ်ဖြစ်ပြန်သည်။

၁.၆၈ သန်းလား။

သူမနှင့် သူ့ခင်ပွန်းသည် တစ်သက်လုံး အလုပ်ကြိုးစားခဲ့ကြသော်လည်း ဒီလောက်များတဲ့ ငွေရဲ့ တစ်စိတ်တစ်ပိုင်းမျှပင် မရနိုင်ခဲ့ကြပေ။

မြေးဖြစ်သူက သူမအတွက်ဝယ်လာသည့်လက်ကောက်က ယွမ် ၁.၆၈ သန်းတန်လေသည်။

ဒါမျိုးက သူမရဲ့ တွေးနိုင်စွမ်းထက်ကျော်လွန်နေသည်။

" ရှောင်ဖန်၊ နင် ပိုက်ဆံတွေအများကြီး ဘယ်ကရလာတာလဲ။ မကောင်းတာတစ်ခုခု လုပ်ခဲ့တာတော့ မဟုတ်ဘူးမလား "

ထို့နောက် တက္ကသိုလ်ပထမနှစ်သာရှိသေးသော သူမမြေးလေးအကြောင်း တွေးမိသည်။

သူဘယ်လိုလုပ်ပြီး ဒီလောက်ချမ်းသာနိုင်မှာလဲ။

ဒီကလေးက တရားမ၀င်တာတွေ တစ်ခုခုလုပ်ခဲ့တာ ဖြစ်နေမလား။

ယဲ့ဖန်သည် စကားပြန်မပြောနိုင်ဖြစ်သွားသည်။

သို့ပေမဲ့ သူ့ရင်ထဲနွေးထွေးသွားရသည်။

တခြားလူတွေက မင်းမှာ ပိုက်ဆံရှိမရှိကို ဂရုစိုက်ပေမဲ့ မင်းကိုတကယ်ဂရုစိုက်တဲ့သူတွေကတော့ မင်းရဲ့လုံခြုံရေးအတွက်ကို စိတ်ပူပေးလိမ့်မည်။

" စိတ်မပူပါနဲ့ အဘွား။ ကျွန်တော့်လုပ်ငန်းကနေ ငွေနည်းနည်းရှာထားတာပါ။ လက်ကောက်လေးတင်ပါဘဲ။ ဈေးတော့ မများဘူး သာမန်လောက်ပါဘဲ "

ယဲ့ဖန်သည် သူအခု ဘီလီယံနဲ့ချီပြီးပိုက်ဆံရှိတယ်လို့ သူ့အဘွားကို မပြောရဲပေ။

မဟုတ်ရင် သူ့အဘွားဆုံးသွားလိမ့်မည်။

တစ်ဆင့်ချင်းတစ်ဆင့် အသိပေးပြီး သူမကို လက်ခံခိုင်းရမည်။

မားရှန်းလန်၊ ယဲ့ပေါက်ကော နှင့် အခြားလူများက သူ့စကားကိုကြားသောအခါ သူတို့ ပြောစရာစကားပျောက်သွားကြသည်။

ယွမ် ၁.၆၈ သန်းတန် လက်ကောက်တစ်ခုက သာမန်ဘဲတဲ့လား။

ဒါဆို ပိုက်ဆံဘယ်လောက်ကုန်မှ သာမန်မဟုတ်မှာလဲ။

ထိုအချိန်တွင် ဝေ့ဖုန်းသည် လက်ကောက်ကို ပြန်ပေးလိုက်ပြီး ယဲ့ဖန်ကို လေးလေးနက်နက်ကြည့်လိုက်သည်။

" ဒီလက်ကောက်ကို အရည်အသွေးအမြင့်ဆုံး ဟော်ထျန်းကျောက်စိမ်းနဲ့ ပြုလုပ်ထားတာ။ လက်မှုပညာက လည်း သေသပ်ကောင်းမွန်တယ်။ ပညာရှင်ဆရာကြီးတစ်ယောက်ယောက်လုပ်ထားမှန်း သိသာထင်ရှားတယ်။ ယွမ် ၁.၆၈ သန်းက တကယ်ဘဲဈေးမများပါဘူး "

ယဲ့ဖန်က ချက်ချင်း လက်မထောင်ပြလိုက်သည်။

" ပါမောက္ခဝေ့က တကယ်ကို အရည်အချင်းရှိတဲ့ မျက်လုံးကောင်းတွေရှိတာဘဲ။ ကျွန်တော်တော့ အထင်ကြီးသွားပြီ "

ပါမောက္ခဝေ့က သူ့ကို လေးလေးနက်နက်ကြည့်လိုက်သည်။

" ပိုရှားပါးတာက မင်းရဲ့အဘိုးအဘွားတွေအပေါ် သိတတ်တဲ့စိတ်ပါ။ မင်းက တကယ့်ကို ရှားရှားပါးပါး ကလေးကောင်းတစ်ယောက်ဘဲ။ ငါ့မြေးမ ....... ဟား၊ ထားလိုက်ပါတော့။ သူမက မင်းနဲ့မထိုက်တန်ဘူး "

ထို့နောက် သမီးဖြစ်သူ၏အကူအညီဖြင့် ထွက်ခွာသွားသည်။

သူတို့မြေးတွေကို ယဲ့ဖန်နဲ့ မိတ်ဆက်ပေးချင်ကြတဲ့ အဘိုးအို၊ အဘွားအိုတွေက စကားမပြောရဲကြတော့ချေ။

ပါမောက္ခဝေ့၏မြေးပင်လျှင် ယဲ့ဖန်နှင့် မထိုက်တန်မှတော့ သူတို့မိသားစုက သာမန်အမျိုးသမီးတွေက ယှဉ်လို့တောင်မရပေ။

လူတိုင်းက ယဲ့ပေါက်ကောနှင့် မားရှန်းလန်တို့ကို မနာလိုစိတ်ဖြင့် ကြည့်နေကြသည်။

ယဲ့မိသားစုသည် အရင်က သူတို့ရပ်ကွက်ထဲတွင် အဆင်းရဲဆုံးမိသားစုဖြစ်သည်။

ဒါပေမယ့် သူတို့မှာ ဒီလိုမြေးကောင်းတစ်ယောက်ရှိလို့ အခုသူတို့က ရပ်ကွက်ထဲမှာ အချမ်းသာဆုံးမိသားစု ဖြစ်သွားပြီဖြစ်သည်။

ဒါက အားကျစရာကိစ္စမဟုတ်တော့ပေ။

သူတို့က အနည်းငယ် မနာလိုဖြစ်ပြီး မုန်းတီးစိတ်ပင်ဝင်လာကြသည်။

သူတို့က စိတ်ဓာတ်ကျသွားကြပြီး လူစုခွဲတော့မယ့်အချိန်မှာဘဲ ရုတ်တရက် အပြင်ဘက်မှ လူတစ်ယောက်၏အော်သံကိုကြားလိုက်ရသည်။

" ဒီကားက ဘယ်သူ့ကားလဲ။ လာရွှေ့ပေးလို့ရလား "

ယဲ့ဖန်သည် သူ့ကားရပ်သည့်နေရာကိုပြောနေမှန်းသိလိုက်သည်။

သူ့ကားက တခြားတစ်ယောက်ရဲလမ်းကို ပိတ်မိနေတာဖြစ်နိုင်သည်။

ထို့ကြောင့် သူ ချက်ချင်းထွက်သွားသည်။

အားလုံးက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြပြီး ဘယ်လိုကားမျိုးမောင်းနေတာလဲဆိုတာ သိချင်ကြတာကြောင့် ချက်ချင်း လိုက်လာကြသည်။

ယဲ့ဖန် ရပ်ကွက်ထဲကထွက်ပြီး လမ်းလျှောက်လာတဲ့အခါ ရဲဝတ်စုံဝတ်ထားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့ရဲ့ ပြိုင်ကားကို ကြည့်နေတာကို တွေ့လိုက်သည်။

ယဲ့ဖန် စကားမပြောရသေးခင်မှာဘဲ ဝူပေါလိုင်က သူ့ကို နှုတ်ဆက်ဖို့ ရှေ့ကိုခြေလှမ်းပြင်လိုက်သည်။

" အိုက်ယား၊ ဒါက ရဲအုပ်ကြီးကျန်း မဟုတ်ဘူးလား။ ဘာလို့ ကျွန်တော်တို့ရပ်ကွက်ရောက်လာတာလဲ "

ထိုရဲ၏နာမည်က ကျန်းဝေမင်း ဖြစ်ပြီး ဖန်းမြို့ ရဲစခန်း၏စခန်းမှူးဖြစ်သည်။

သူက သူ့သား၏ အကြီးအကဲဖြစ်သည်။

အဲ့တာကြောင့် သူက လေးစားဖော်ရြွေပနေတာဖြစ်သည်။

ကျန်းဝေမင်းက သူ့ကို ခေါင်းငြိမ့်ပြပြီး ပြိုင်ကားကို လှည့်ကြည့်လိုက်သည်။

" ဒါဘယ်သူ့ကားလဲ "

" ကျွန်တော့်ဟာပါ "

ကျန်းဝေမင်းက သူ့ခေါင်းကို လှည့်ပြီး သူခိုးကိုကြည့်နေသလို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။

" ဒါ မင်းရဲ့ကားလား "

ယဲ့ဖန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

" ဟုတ်ပါတယ်၊ ကျွန်တော့် ကားပါ "

ကျန်းဝေမင်းသည် အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ပြီး ပါးစပ်ထဲသို့ တေ့လိုက်သည်။

ထို့နောက် ခေါင်းကို မော့ကာ ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ဆေးလိပ်သောက်လား "

ဘယ်လိုဘဲဖြစ်ဖြစ် သူက ရဲစခန်းရဲ့ စခန်းမှူးဆိုတော့ ယဲ့ဖန်က သူ့ကို မျက်နှာသာပေးဖို့စဉ်းစားပြီး ယူလိုက်သည်။

ထို့နောက် ကျန်းဝေမင်းသည် မီးခြစ်ကို ထုတ်ပြီး ယဲ့ဖန် စီးကရက်မီးညှိရန် ကူညီပေးခဲ့သည်။

ထိုရိုးရှင်းသောလုပ်ဆောင်ချက်က အိမ်နီးချင်းများကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။

ထိုလူက ဖန်းမြို့၏ ရဲစခန်းမှူးဖြစ်သည်။

သူတို့၏မျက်လုံးထဲတွင် သူက လက်လှမ်းမမီသော တည်ရှိမှုတစ်ခုဖြစ်သည်။

အခုမှာတော့ သူက ယဲ့ဖန်အတွက် စီးကရက်မီးညှိပေးခဲ့တာလား။

ထိုမြင်ကွင်းက သူတို့အပေါ် သက်ရောက်မှုကြီးသည်။

ယဲ့ဖန်ဝယ်လာခဲ့တဲ့ Rolex နဲ့ လက်ကောက်ထက်ပင် ပိုသက်ရောက်မှုကြီးသည်။

ဒီကလေးက ဘာလုပ်လို့လဲ။

သူက ဖန်းမြို့ရဲ့ ရဲစခန်းမှူးကို ဆေးလိပ် မီးညှိခိုင်းနိုင်သည်။

အထူးသဖြင့် ဝူပေါလိုင်ကတော့ ခြောက်ခြားနေသည်။

သူ့သားက ဒီရဲစခန်းမှူးကျန်း လက်အောက်မှာ အလုပ်လုပ်တာဖြစ်သည်။

အများအားဖြင့်တော့ သူနဲ့ မိတ်ဖွဲ့ဖို့ အခွင့်အရေးတောင် မရှိပေ။

အခုတော့ ဒီ ရဲစခန်းမှူးကျန်းဘက်ကနေ ယဲ့ဖန်ကို တန်ဖိုးထားမိတ်ဖွဲ့နေခဲ့သည်။

သူက ယဲ့ဖန်ကို စီးကရက်မီးညှိဖို့တောင် ကူညီပေးတာလား။

အဲ့တာက သူ့ကို ချက်ချင်း အလွန်ထိတ်လန့်သွားစေသည်။

ကျန်းဝေမင်းသည် မီးခိုးငွေ့များ မှုတ်ထုတ်ပြီး ယဲ့ဖန်ကို ဘာမှမဖြစ်သလိုသာ ကြည့်နေလိုက်သည်။

" ဒီကားက မဆိုးပါဘူး။ ဘယ်လောက်နဲ့ ဝယ်ခဲ့တာလဲ"

ဇိမ်ခံကားတွေအကြောင်း သိပ်မသိပေမယ့် အရမ်းမိုက်တဲ့ကားဒီဇိုင်းအရ အနည်းဆုံး ယွမ် ၁ သန်းလောက် တန်ကြေးရှိမယ်လို့ ခန့်မှန်းထားသည်။

သန်းပေါင်းများစွာတန်တဲ့ ပြိုင်ကားတစ်စီးကို စီးနိုင်သူက သာမန်ရိုးရှင်းတဲ့လူတစ်ယောက်တော့ မဟုတ်ပါပေ။

သူသည် တစ်ဖက်သားကို မျက်နှာသာမပေးချင်သော်လည်း ဒီလိုလူနဲ့ ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ရန် ကြိုးစားရမည်ဖြစ်သည်။

ယဲ့ဖန်က ပြောရခက်နေသည်။

ကား၏ဈေးနှုန်းအမှန်ကို မပြောရဲပေ။

ယွမ် သန်း ၇၀ မှ ၈၀ ကြားတန်တဲ့ ပြိုင်ကားတစ်စီးမှန်းသာ သူ့အဘိုးနဲ့အဘွား သိသွားရင် သူတို့ကို လက်ရှိနေရာမှာတင် ဆေးရုံပို့ရလိမ့်မည်။

သို့ပေမယ့် ရဲမှူးဘက်က စပြီးမေးနေတာဖြစ်၍ သူ ဖြေရတော့မည်ဖြစ်သည်။

လက်အမူအရာကို သုံးပြီး လက်ချောင်း ၇ချောင်းထောင်ပြလိုက်သည်။

တစ်ဖက်က နားလည်လောက်ပါသည်။

ကျန်းဝေမင်းသည် လက်အမူအရာကို မြင်သောအခါ တုန်လှုပ်သွားသည်။

" ၇ သန်းလား။ အဲ့လောက်ဈေးကြီးတာလား "

အပိုင်း (၂၁၀)

ဒီကားအတွက် ၇သန်းလား။ ဈေးကြီးလိုက်တာ။

ကျန်းဝေမင်းသည် အစမှာတော့ ဒီကားကို ယွမ် ၁သန်း၊ ၂သန်းလောက်သာပေးရမယ်ဟု ထင်ထားတာဖြစ်သည်။

၇သန်းဆိုတာ သူထင်ထားတာရဲ့သုံးဆမကဖြစ်နေသည်။

ယဲ့ဖန်ပြောတာကို ရပ်ကွပ်ထဲကလူတွေကြားတဲ့အခါ သူတို့က လဲကျမတတ်တွေဖြစ်ကုန်သည်။

" ဘာ၊ ဒီကားက ၇သန်းတန်တယ်ဟုတ်လား။ လာနောက်နေတာဘဲဖြစ်ရမယ် "

" ဒီလောက်ရုပ်ဆိုးတဲ့ကား။ ငါ့မြေးဆော့တဲ့ ကားအသေးစားလေးတွေလိုဘဲ။ ဘယ်လိုလုပ် ၇သန်းတန်မှာလဲ "

" ယဲ့မိသားစုက ကလေးက ကြွားနေတာဘဲ မဟုတ်လား။ လျှာဖြတ်ခံရမှာ မကြောက်ဘူးလား "

" သူက စခန်းမှူးကျန်းရှေ့မှာ လိမ်ရဲပါ့မလား "

" အဲ့တာဆို ဒီကားက တကယ်ဘဲ ၇သန်းတန်တာလား။ အမလေး၊ ဘုရားရေ။ သူက ဘယ်လောက်တောင်ချမ်းသာတာလဲ "

" အဲ့လို ၇သန်းတန်တဲ့ကားကို ဝယ်နိုင်ဖို့ဆိုရင် သူ့ပိုင်ဆိုင်မှုက သန်းရာချီမှာပေါ့၊ ဟုတ်တယ်မလား "

" သန်းရာချီတောင်လား။ သူက ငါတို့နိုင်ငံရဲ့အချမ်းသာဆုံးသူဖြစ်နေမလား။ ငါတို့ရပ်ကွက်ထဲတော့ အချမ်းသာဆုံးဘဲအေ့ "

" သူက အချမ်းသာဆုံးတော့မဟုတ်လောက်ဘူး။ ဒါပေမဲ့ ထိပ်ဆုံးအယောက်၁၀၀ထဲတော့ပါလောက်တယ် "

" ဒီယဲ့မိသားစုက ကလေးက ဘာစီးပွားရေးလုပ်တာလဲ။ နှစ်တစ်ဝက်ဘဲရှိသေးတာတောင် အရမ်းကို ချမ်းသာနေပြီ "

" အဲ့တာ တရားမဝင်အလုပ်ဘဲနေမှာ။ မဟုတ်ရင် အဲ့လောက်မြန်မြန်နဲ့ ပိုက်ဆံအများကြီး ဘယ်လိုလုပ်ရမှာလဲ "

" ငါရောဘဲထင်တယ်။ သူက လူသတ်သမားများလား "

" .............. "

ယဲ့ဖန် ရပ်ကွက်ထဲကလူတွေရဲ့တီးတိုးပြောသံတွေကြောင့် ပြောစရာစကားတောင်ပျောက်သွားရသည်။

ဘာကိစ္စမှမရှိဘဲ သူက ဘာလို့ လူသတ်သမားတောင်ဖြစ်သွားရတာလဲ။

ချမ်းသာတာက တရားမဝင်လို့လား။

ပိုက်ဆံမြန်မြန်ရှာနိုင်တာ သူ့အပြစ်လား။

လူဖြစ်ရတာ ခက်ခဲလိုက်တာ။

ချမ်းသာရတာလည်း ခက်ခဲတယ်။

ပိုက်ဆံမြန်မြန်ရှာနိုင်တဲ့လူချမ်းသာဖြစ်ရတာ ပိုတောင်ခက်ခဲသေးသည်။

ကျန်းဝေမင်းက အံ့ဩသွားတဲ့အမူအရာကိုဖုံးပြီး ယဲ့ဖန်ကို လက်မထောင်ပြလိုက်သည်။

" အလားအလာရှိတဲ့လူငယ်လေးဘဲ "

ထိုသို့ပြောပြီးနောက် စခန်းမှူးက သူ့ကားရှိရာသို့ ပြန်သွားဖို့ပြင်နေပြီး ကားတံခါးဖွင့်ပြီးခါမှ ပြန်လှည့်လာကာ မေးသည်။

" ဒါနဲ့ နာမည်က ဘာလဲ "

" ယဲ့ဖန်ပါ "

ကျန်းဝေမင်းက ခေါင်းငြိမ့်ပြီး ကားပေါ်တက်သွားသည်။

ယဲ့ဖန်က အချိန်မဆွဲဘဲ သူ့ပြိုင်ကားကို ဘေးဖယ်ပေးလိုက်သည်။

ထို့နောက် ကားကို နဂိုမူလနေရာမှာဘဲ ပါကင်ပြန်ထိုးထားလိုက်သည်။

သူပြန်လှည့်လာတဲ့အခါ ရပ်ကွက်ထဲသူတွေက သူ့ကို မကောင်းဆိုးဝါးမြင်ရသည့်အလားကြည့်နေသည်။

ဘယ်လိုဘဲဲကြည့်ကြည့် လွန်ခဲ့တဲ့နှစ်ဝက်ကမှ စားစရာမရှိဖြစ်နေတဲ့ကောင်လေးက သန်းကြွယ်သူဌေးကြီးဖြစ်နေတာကို သူတို့ကို မြင်ကြည့်လို့တောင်မရပေ။

ထိုအပြောင်းအလဲက နည်းနည်းလေး ကြီးလွန်းနေသည်။

သူတို့လက်မခံနိုင်တာ ပုံမှန်ဘဲဖြစ်သည်။

လက်ခံနိုင်ဖို့ ကြားကာလတစ်ခုလိုအပ်သည်။

အံ့ဩလိုက် ထိတ်လန့်လိုက်နဲ့ နေသားကျလာတော့မှာဖြစ်သည်။

ယဲ့ဖန်က တံခါးကိုဖွင့်ပြီး ကားထဲကထွက်လာသည်။

သူက ခေါင်းငြိမ့်ကာ ရပ်ကွက်ထဲကသူတွေကို ပြုံးပြသည်။

" မနက်ဖြန်က လမုန့်ပွဲတော်ဖြစ်တဲ့အပြင် အဘိုးရဲ့မွေးနေ့လည်းဖြစ်တော့ မွေးနေ့ပွဲကို လာကြဖို့ ဖိတ်ခေါ်ချင်ပါတယ် "

" ဒါပေါ့၊ ဒါပေါ့၊ သေချာပေါက်လာရမှာပေါ့ "

" ယဲ့အဘိုး ....... ယဲ့သခင်ကြီးရဲ့မွေးနေ့ကို တက်ရောက်ရတာက ငါတိုရဲ့ဂုဏ်ယူစရာပါဘဲ "

" ယဲ့သခင်ကြီးက အရှေ့ပင်လယ်လိုကြွယ်ဝပြီး တောင်ပိုင်းက တောင်တွေလို သက်ရှည်ကျန်းမာဖို့ ကြိုဆုတောင်းပါတယ် "

" ........... "

လူတိုင်းက ယဲ့ဖန်ရဲ့ဖိတ်ခေါ်မှုကိုကြားပြီးတဲ့နောက် သူ့ကိုမြှောက်ပင့်ကြတော့သည်။

သခင်ကြီးယဲ့လို့တောင်ခေါ်ကြသေးသည်။

ဘယ်လိုဘဲဖြစ်ဖြစ် ယဲ့မိသားစုက အရင်ကနဲ့မတူတော့ပေ။

အရင်ကတော့ 'အဘိုးကြီးယဲ့'လို့ခေါ်ခဲ့ကြသည်။

အခုတော့ အဲ့လိုခေါ်ဖို့ ပါးစပ်တောင်မဟရဲကြတော့ချေ။

သူ့မြေးက သန်းချီသုံးနိုင်တဲ့သူဖြစ်နေပြီဖြစ်သည်။

သူတို့နဲ့အဆင့်အတန်းကွာခြားသွားပြီဖြစ်သည်။

ယဲ့ပေါက်ကောသည် သူ့ကို လူတိုင်းက 'သခင်ကြီးယဲ့'ဟုခေါ်နေတာကြောင့် နေရခက်နေသည်။

" မနက်ဖြန် အကုန်စုပြီး ပျော်ကြတာပေါ့။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ငါ့ကို 'သခင်ကြီး'လို့ထပ်မခေါ်ကြနဲ့။ ထပ်ခေါ်တာကြားရင် ပါးကို ခပ်နာနာလေးရိုက်ပေးမယ် "

သူပြောတာကိုကြားပြီးတဲ့အခါ လူတိုင်းက သဘောတူခေါင်းငြိမ့်ကြသည်။

ထို့နောက် သူ့ကို 'ဘဝမမေ့တတ်ဘူး'ဟုဆိုကာ ချီးကျူးကြပြီး တရိုတသေ လေးလေးစားစားဆက်ဆံကြသည်။

ထို့နောက် သူတို့အားလုံး လူစုခွဲလိုက်ကြသည်။

ဝူပေါလိုင်က ယဲ့ပေါက်ကောကို ချဉ်းကပ်ဖို့လုပ်ပေမဲ့ မျက်နှာပျက်မည့်အဖြစ်ကို မလုပ်နိုင်ဖြစ်နေသည်။

သူက သူတို့မြေးဘိုးတွေကို လှောင်ပြောင်ခဲ့ပြီး အခုမှ ညီအစ်ကိုသွားတော်ချင်နေလို့မရပေ။

ရပ်ကွက်ထဲကသူတွေက သူ့ကို သေအောင်ဟားတိုက်ရယ်ကြလိမ့်မည်။

ထို့ကြောင့် သူလည်း ဘာမှမတတ်နိုင်တော့ဘဲ လူအုပ်ကြားထဲကနေ စိတ်မပါလက်မပါ ထွက်လာတော့သည်။

ယဲ့ပေါက်ကောက လူအုပ်ကြီး လူစုကွဲသွားတာကို စောင့်နေပြီးမှ Lykan ကားရှိရာသို့လျှောက်သွားသညါ။

ထိဖို့ လက်လှမ်းလိုက်ပေမဲ့ ကားကို မထိမိခင်မှာဘဲ ကားကို ညစ်ပတ်သွားမှာစိုးရိမ်တာကြောင့် ရုတ်တရက် လက်ကိုပြန်ရုတ်လိုက်သည်။

ယဲ့ဖန်ကတော့ သူ့အဘိုးလုပ်နေတာကိုကြည့်ပြီး သူ့လက်ကိုဆွဲလိုက်သည်။

" အဘိုး၊ ဒါ ကျွန်တော်တို့ကားလေ၊ ထိချင်ထိလို့ရပါတယ် "

" မရဘူး၊ မရဘူး။ ဒီကားက ဈေးကြီးလွန်းတယ်။ ပွန်းသွားလို့မဖြစ်ဘူး ..... "

ယဲ့ပေါက်ကောက ထိုကဲ့သို့ပြောနေပေမဲ့ ယဲ့ဖန်ဆွဲခေါ်တာကို မငြင်းဆန်ပေ။

ထို့နောက် ကားကိုထိလိုက်တဲ့အခါ တစ်ကိုယ်လုံးတုန်သွားသည်။

" ငါ စစ်ထဲမှာတုန်းက အတော်ကြာ ကားမောင်းခဲ့ရသေးတယ်။ အလင်းလိုအရှိန်နဲ့ မောင်းခဲ့တဲ့အချိန်တွေကို အခုထိ မမေ့နိုင်သေးဘူး။ အဲ့တုန်းက ငါသာတစ်ဘဝလုံးကားဘဲမောင်းနေရရင် တော်တော်ပျော်စရာကောင်းမှာလို့ တွေးခဲ့တာ ...... "

ယဲ့ပေါက်ကောက အတိတ်ကိုပြန်တမ်းတနေသည်။

ထိုစကားကိုကြားတဲ့အခါ ယဲ့ဖန် နှလုံးသားထဲမှနာကျင်သွားသည်။

ဒီနှစ်တွေအတွင်းမှာ သူ့အဘိုးက သူ့မှာရှိသမျှအကုန်လုံးကိုသုံးပြီး သူစာသင်ဖို့အတွက် ပံ့ပိုးပေးခဲ့သည်။

သူ့ကြောင့်သာမဟုတ်ရင် သူ့အဘိုးအဘွားတို့အတွဲက ပိုကောင်းတဲ့ဘဝလေးတစ်ခုဖြစ်နေပြီး သူတို့လုပ်ချင်တာလုပ်နိုင်နေမှာဖြစ်သည်။

သူ့ကြောင့်သာ သူ့အဘိုးအဘွားက နောင်တတွေအများကြီးနဲ့ရှင်သန်နေရတာဖြစ်သည်။

ဒါပေမဲ့ အရမ်းနောက်မကျသေးပေ။

ယဲ့ဖန်က သူတို့ရဲ့ဆန္ဒတွေကို အကောင်းဆုံးဖြည့်ဆည်းပေးသွားမှာဖြစ်သည်။

" အဘိုး၊ စမ်းမောင်းပြီး ပျော်ကြည့်ကြမလား "

ယဲ့ဖန်က ဆွဲဆောင်တဲ့လေသံဖြင့်မေးလိုက်သည်။

ယဲ့ပေါက်ကောက ချက်ချင်းလက်ကို အမြန်ဝေ့ယမ်းလိုက်သည်။

" မဖြစ်ဘူး၊ မဖြစ်ဘူး။ ဒီကားက ဈေးကြီးလွန်းတယ်။ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ "

ယဲ့ဖန်က ဘာမှရှင်းပြမနေဘဲ သူ့အဘိုးကို မောင်းသူနေရာသို့တွန်းပို့လိုက်သည်။

" အဲ့တော့လဲ ပျက်နေတဲ့ကားဖြစ်သွားမှာပေါ့၊ မဟုတ်ဘူးလား။ ပျက်နေရင် အသစ်တစ်စီးဝယ်လိုက်ရုံဘဲ "

ထို့နောက် သူက ရှေ့ဘေးထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။

ပြိုင်ကားက နှစ်ခုံဘဲပါတာကြောင့် အဘွားအတွက် နေရာမဆန့်တော့ပေ။

ယဲ့ဖန်က မားရှန်းလန်ကို တောင်းပန်သည့်အပြုံးပြုံးလိုက်သည်။

" အဘွား အရင်ပြန်နှင့်လိုက်။ ကျွန်တော် အဘိုးနဲ့ ကားပတ်မောင်းလိုက်ဦးမယ် "

မားရှန်းလန်က အနည်းငယ်စိတ်ပူနေသည်။

" သူ့ကို မမောင်းခိုင်းနဲ့လေ။ သူ မမောင်းတာ ဘယ်နှစ်နှစ်တောင်ရှိနေပြီလဲ။ တစ်ယောက်ယောက်ကိုတိုက်မိသွားရင် ဘယ်လိုလုပ်မလဲ ....... "

သူမ ပြောလို့တောင်မပြီးသေးခင်မှာဘဲ ကားက ဝှီးခနဲမောင်းထွက်သွားသည်။

" အဘိုး၊ မဆိုးဘူးဘဲ။ အဘိုးကို အခြေခံလေးတွေသင်ပေးမလို့ကို။ အဘိုးက တန်းမောင်းနိုင်မယ်လို့ ထင်မထားဘူး "

ယဲ့ဖန်က ယဲ့ပေါက်ကောကို တအံ့တဩကြည့်လိုက်သည်။

ယဲ့ပေါက်ကော ခပ်မဲ့မဲ့ရယ်လိုက်ပြီး ကားမောင်းတာကို အာရုံစိုက်လိုက်သည်။

" အဘိုးကားမောင်းတော့ မင်းအဖေတောင် မင်းအဘွားရဲ့ဗိုက်ထဲမှာဘဲရှိသေးတာ။ မင်းကများ ငါ့ကို ဘယ်လိုမောင်းရမလဲဆိုတာ သင်ပေးဦးမယ်တဲ့။ ဘယ်သူ့ကို လာအထင်သေးနေတာလဲ "

" အဘိုး၊ အရှိန်လျှော့ပါဦး။ ကြောက်တယ် "

" ဘာကြောက်တာလဲ။ အဘိုးက မင်းကို Drift တောင်ဆွဲပြလိုက်ဦးမယ် "

အပိုင်း (၂၁၁)

အဘွားကြီးကို အောင်သွယ်တော်လုပ်ခိုင်းခြင်း။

ထိုအချိန်တွင် ဖန်းမြို့ရဲစခန်းမှာ ကျန်းဝေမင်းက သူ့လက်အောက်ငယ်သားတွေပို့ပေးထားတဲ့အချက်အလက်တွေကို လှန်လှောဖတ်ရှုနေသည်။

သူ့ရဲ့မျက်နှာပေါ်ကအမူအရာက ပိုပိုပြီးအံ့ဩထိတ်လန့်လာပုံရသည်။

အဆုံးမှာတော့ သူ ကြောက်ပါကြောက်သွားသည်။

သူ ဒီနေ့ ယဲ့ဖန်ကိုတွေ့ခဲ့ပြီး ထိုလူငယ်မှာ ပြိုင်ကားပါရှိနေတာကြောင့် ပုံမှန်မဟုတ်ဘူးဟု သူ ခံစားခဲ့ရသည်။

ပျက်စီးဟောင်းနွမ်းနေတဲ့ရပ်ကွက်မှာနေတဲ့လူငယ်လေးက သန်းချီတန်တဲ့ပြိုင်ကားကို စီးနိုင်တာလား။

ဒါက လုံးဝ အဓိပ္ပာယ်မရှိပေ။

စခန်းကိုပြန်ရောက်တဲ့နောက် ထိုပြိုင်ကားနဲ့ပတ်သက်တဲ့အချက်အလက်ကို အင်တာနက်ပေါ်မှာ ရှာဖွေခဲ့သည်။

မရှာခင်က အံ့ဩနေမှုက ရှာပြီးတဲ့အခါ အဆပေါင်းများစွာပိုအံ့ဩသွားရသည်။

ထို Lykan အမည်ရှိပြိုင်ကားက လုံးဝ ၇သန်းတန်မဟုတ်ပေ။

သန်း ၇၀ တန်တာဖြစ်သည်။

သန်း ၇၀တန် ပြိုင်ကားရှိတယ်ဆိုတာ သူ ကြားတောင်မကြားဖူးချေ။

ပြီးတော့ ထို သန်း ၇၀ တန် ပြိုင်ကားကို ပိုင်တဲ့သူက လူငယ်လေးဖြစ်သည်။

အတော်လေး မယုံကြည်နိုင်ဖွယ်ဖြစ်သည်။

သူ့ရဲ့ပညာရှင်ဆန်တဲ့သတိချပ်မှုကြောင့် ချက်ချင်း သူ့လက်အောက်ငယ်သားတွေကို ယဲ့ဖန်အကြောင်းစုံစမ်းခိုင်းလိုက်သည်။

အချက်အလက်စာဖိုင်ကိုမြင်တဲ့အခါ အောက်ဆီဂျင်မဝသလိုပါဖြစ်သွားရသည်။

အချက်အလက်က ပြင်းထန်လွန်းလို့ ဆံပင်ပါထောင်မတတ်ဖြစ်သွားသည်။

ယွမ်းဖန်ဝမ်းချန်ကုမ္ပဏီ

လင်းယွမ်ကုမ္ပဏီ

Silver Brilliance အဆောက်အဦး

ထျန်းဟော်ဟိုတယ်

ထန်းဂူဈေးဝယ်စင်တာ

ကျုံးဟိုင်တိုက်ကွန်းကလပ်

ဒီပိုင်ဆိုင်မှုတွေကို စီးပွားပညာရှင်ကြီးတစ်ယောက်ကပိုင်ဆိုင်ထားတာဆိုလျှင်တော့ ကျန်းဝေမင်း ထူးဆန်းတယ်လို့ခံစားမိမှာမဟုတ်ပေမဲ့ ဒီပိုင်ဆိုင်မှုတွေရဲ့ နောက်ကွယ်ကပိုင်ရှင်က အသက် ၂၀အရွယ် လူငယ်လေးဖြစ်နေသည်။

အဲ့တာဆိုရင်တော့ မတူညီတဲ့ဇာတ်ကြောင်းဖြစ်သွားပြီဖြစ်သည်။

သူသိရသလောက် လွန်ခဲ့တဲ့နှစ်ဝက်ကထိ ဒီလူငယ်လေးရဲ့မိသားစုက အတော်ကိုဆင်းရဲသည်။

သူစာသင်တာကို ထောက်ပံ့ပေးဖို့အတွက် သူ့အဘိုးအဘွားက အိမ်ထဲက အဖိုးတန်ပစ္စည်းတွေအကုန်ရောင်းချခဲ့ရသည်။

အဲ့လိုမိသားစုက ကလေးက နှစ်ဝက်အတွင်းမှာဘဲ ဘီလီယံနဲ့ချီတဲ့ပိုင်ဆိုင်မှုတွေ ရရှိသွားသည်။

' စီးပွားရေးဉာဏ်ကြီးရှင် ' ဆိုတဲ့စကားကတောင် သူ့ကို ဖော်ပြလို့မရပေ။

' မကောင်းဆိုးဝါး 'တောင်ဆန်လွန်းနေသည်။

ကျန်းဝေမင်းသည် သူ့တစ်ဘဝလုံး ရဲဘဝအဖြစ်နဲ့ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်သားတွေကို မြင်ဖူးတာတောင် ဘယ်တုန်းကမှ မကြောက်ဖူးပေ။

ဒါပေမဲ့ ဒီလူငယ်လေးနဲ့ကြုံရတဲ့အခါမှာတော့ ကျောတစ်ပြင်လုံးတောင် အေးစိမ့်သွားတဲ့ခံစားချက်မျိုးဖြစ်လာသည်။

ဒီလူငယ်လေးရဲ့အနာဂတ်က အဆုံးမရှိဘူးဘဲ။

အကယ်၍ သူနဲ့သာ မိတ်ဖွဲ့နိုင်ရင် ......

ကျန်းဝေမင်း ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။

ဝူကျန်းမင်း၏ဖခင် ဝူပေါလိုင်သည် ယဲ့ဖန်နှင့် တစ်ရပ်ကွက်တည်းဖြစ်ပုံရသည်။

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အတော်လေးကောင်းမွန်နေလောက်တယ် မဟုတ်လား။

သူကနေတဆင့် ယဲ့ဖန်နှင့် ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါက သူ့အတွက် အကျိုးရှိမည်ဖြစ်သည်။

ဒါကိုစဉ်းစားရင်း ကျန်းဝေမင်းက ဝူကျန်းမင်းကို ချက်ချင်းခေါ်လိုက်သည်။

ခဏကြာတော့ ခပ်ထွားထွားနဲ့လူကြီးတစ်ယောက်က တံခါးခေါက်ပြီးဝင်လာသည်။

" စခန်းမှူးကြီးကျန်း၊ ဘာများကူညီဆောင်ရွက်ပေးရမလဲ "

ဝူကျန်းမင်း၏မျက်နှာအမူအရာက မှုန်ကုပ်ကုပ်ရှိသည်။

ကျန်းဝေမင်းက အမြန်ထပြီး ဝူကျန်းမင်းကိုဆိုဖာပေါ်တွင်ထိုင်ခိုင်းလိုက်သည်။

ထို့နောက် သူ့ကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။

ထို့နောက် သူ့ဘေးတွင် ကြင်နာစွာ ထိုင်လိုက်သည်။

" ကျန်းမင်း၊ အခုတလော မင်းအလုပ်ကဘယ်လိုလဲ "

ဝူကျန်းမင်းက ချက်ချင်း မော့ကြည့်လိုက်သည်။

သူတို့ရဲ့ စခန်းမှူးကြီးက သူ့အပေါ် ဘယ်တုန်းကမှ မကြင်နာဖူးပေ။

သူနဲ့ စကားပြောတဲ့အခါတွေမှာလည်း အထက်စီးဆန်တတ်သည်။

ဒီနေ့ နေက အနောက်ကနေ ထွက်တာလား။

" စခန်းမှူးကြီးရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ စခန်းမှူးကြီးကျန်း။ အားလုံးအဆင်ပြေပါတယ် "

" အဲ့တာဆိုကောင်းတယ်။ မင်းမိသားစုရော ဘယ်လိုလဲ "

ကျန်းဝေမင်းသည် သူ့မျက်နှာပေါ်တွင် ကြင်နာသောအပြုံးတစ်ခု ရှိနေသည်။

" အိမ်သားတွေလည်း အားလုံးအဆင်ပြေပါတယ်။ ကျွန်တော့်မိန်းမရဲ့ ဒုတိယမြောက် ကိုယ်ဝန်က မကြာခင်မွေးတော့မှာပါ .......... "

ဝူကျန်းမင်းက သေသေချာချာ ပြန်ဖြေသည်။

"မင်းအဖေကို မတွေ့တာ ကြာပြီမလား "

ကျန်းဝေမင်းက လှည့်ပတ်မေးသည်။

" ကျွန်တော့်အဖေလား။ သူ တစ်ခုခု အမှားလုပ်ပြန်ပြီလား။ စခန်းမှူးကျန်း၊ ဒါက ကျွန်တော်နဲ့ မဆိုင်ဘူး။ ကျွန်တော် ဘာမှမသိဘူး "

ဝူကျန်းမင်းသည် စခန်းမှူးက သူ့အဖေအကြောင်းမေးတာကို ကြားတဲ့အခါ ချက်ချင်း လန့်သွားသည်။

သိမ်ဖျင်းသောသူ့ဖခင်က အပြင်မှာ ပြဿနာတိုင်း သူ့နာမည်ကို မကြာခဏ ထုတ်သုံးသည်။

သူနဲ့ပတ်သက်တဲ့ အရာတိုင်းက သေချာပေါက်မကောင်းပေ။

ကျန်းဝေမင်းက သူနားလည်မှုလွဲနေတာကိုမြင်တော့ ခပ်မြန်မြန်ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။

" မဟုတ်ဘူး၊ မဟုတ်ဘူး။ မင်းအဖေက အရမ်းကောင်းပါတယ်။ အင်း ဒါနဲ့ ..... ယဲ့ပေါက်ကောကို သိလား "

" ယဲ့ပေါက်ကောလား "

ဝူကျန်းမင်းခဏလောက် ထိတ်လန့်သွားသော်လည်း သူ အမြန်တုံ့ပြန်လိုက်သည်။

" အဘိုးကြီးယဲ့ကိုဆိုလိုတာလား။ ကျွန်တော်တို့က တစ်ရပ်ကွက်ထဲမှာ ဆယ်စုနှစ်နဲ့ချီပြီး အတူနေလာခဲ့ကြတာပါ "

ကျန်းဝေမင်းသည် ချက်ချင်းပင် ဝမ်းသာသွားသည်။

ဒီလိုသာဆို အခွင့်အရေးရှိပုံရသည်။

" မင်းတို့အတူ ဆယ်စုနှစ်မက တစ်ရပ်ကွက်ထဲနေခဲ့တာလား။ ဒါဆို မင်းတို့မိသားစုနှစ်ခုကြားက ဆက်ဆံရေးက တော်တော်လေးကောင်းမှာပေါ့၊ မဟုတ်လား "

ဝူကျန်းမင်းက ချက်ချင်းခေါင်းယမ်းကာ ငြင်းလိုက်သည်။

" ကောင်းတာလား၊ ဘယ်ကကောင်းရမှာလဲ ........ တောင်းပန်ပါတယ်။ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ မိသားစုနှစ်စုကြားက ဆက်ဆံရေးက တော်တော်ဆိုးတယ်။ မီးနဲ့ရေလိုဘဲလို့တောင် ပြောလို့ရတယ် "

ထိုစကားကိုကြားတဲ့အခါ ကျန်းဝေမင်း၏စိတ်အားထက်သန်မှုက အနည်းငယ်မှေးမှိန်သွားသည်။

" အိုး၊ ဘာလို့ မီးနဲ့ ရေလို့ပြောတာလဲ "

" အဲ့ဒီယဲ့အဘိုးကြီးက ကျွန်တော့်အဖေကို အမြဲမုန်းနေတာ။ အရင်တုန်းက သူက အဖေ့ကို ရိုက်တောင်မှရိုက်သေးတယ်။ အဲ့တာကြောင့် အဖေက လက်စားချေဖို့ တွေးနေခဲ့တာ ..... "

ဝူကျန်းမင်းသည် ထိုကိစ္စများကို မရပ်ဘဲဆက်ပြောသည်။

မိသားစုနှစ်စုကြား ပဋိပက္ခကြီးများ၊ ရန်ပွဲကြီးများမှအစ အသေးအမွှားကိစ္စများအထိ အကြောင်းအရာအားလုံးကို ပြောပြသည်။

ကျန်းဝေမင်း နားထောင်လေလေ သူ့အမူအရာက ပိုဆိုးလာလေလေဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူသတိထားပြီး ကြိုမေးလိုက်မိလို့သာတော်သေးသည်။

မဟုတ်ပါက ကြောက်စရာကောင်းတဲ့ကိစ္စတွေ ဖြစ်ကုန်လိမ့်မည်။

သူက ယဲ့ဖန်ရဲ့ရန်သူကို ကူညီခိုင်းဖို့ခေါ်မိတာလား။

ဒါက အဘွားကြီးကို အောင်သွယ်လုပ်ခိုင်းတာနဲ့ မတူဘူးလား။

ယဲ့ဖန်နဲ့ မိတ်မဖွဲ့နိုင်ရုံတင်မကပဲ သူ့ကိုတောင် စိတ်အနှောင့်အယှက်ဖြစ်သွားစေနိုင်သည်။

ဒါဟာ ဖြစ်နိုင်ရုံတင်မဟုတ်ဘဲ ယဲ့ဖန်ကို စော်ကားမိဖို့ ၁၀၀% သေချာသည်။

" ကောင်းပြီ၊ မင်းအရင်ထွက်သွားလို့ရပြီ "

ကျန်းဝေမင်းသည် ထိုလူက မရပ်မနားပြောနေသေးတာကြောင့် စိတ်မရှည်တော့ဘဲ ချက်ချင်းတားလိုက်သည်။

" စခန်းမှူးကျန်း၊ ကျွန်တော် အလုပ်ပြန်လုပ်ပါတော့မယ် "

ဝူကျန်းမင်စက ဖြည်းဖြည်းချင်း ထရပ်ပြီး ထွက်သွားဖို့ကို တုံ့ဆိုင်းနေသည်။

" ခဏစောင့်ဦး "

ကျန်းဝေမင်းက ရုတ်တရက် လှမ်းတားလိုက်သည်။

" စခန်းမှူးကျန်း၊ တခြားအမိန့်ရှိသေးလို့လား "

ဝူကျန်းမင်းက လေးလေးစားစား မေးလိုက်သည်။

" အခု မင်းဘာတာဝန်တွေယူထားလဲ "

ကျန်းဝေမင်းက စားပွဲပေါ်တွင် လက်ချောင်းများကို ခေါက်နေသည်။

" လောလောဆယ် အိမ်ထောင်စုစာရင်းဖိုင်တွေကို စီမံခန့်ခွဲဖို့ တာဝန်ယူထားပါတယ် "

ဝူကျန်းမင်းက အမြန်ပြန်ဖြေလိုက်သည်။

" အဲ့တာက ကောင်းတဲ့အလုပ်ပဲ။ လွယ်ရုံတင်မကဘူး၊ အရမ်းလည်းအရေးကြီးတယ် ......... "

ကျန်းဝေမင်းက လေးလေးနက်နက် တွေးနေသည်။

" ဒါတွေအားလုံးက စခန်းမှူးကျန်းရဲ့ ပံ့ပိုးမှုတွေပါ၊ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကျန်းမင်းက အရမ်းကျေးဇူးတင်ပါတယ် "

ဝူကျန်းမင်းက သေသေချာချာ ပြန်ဖြေသည်။

တစ်ချိန်တည်းမှာဘဲ သူက စိတ်ထဲမှ တိတ်တဆိတ်ပျော်ရွှင်နေခဲ့သည်။

ကြီးကြပ်ရေးမှူးပြောသလို စခန်းမှူး ရာထူးတိုးပေးချင်တဲ့သူက သူများဖြစ်နိုင်မလား။

သူ့ကို ပိုအရေးကြီးတဲ့အလုပ်တစ်ခု ပေးမှာလား။

ထိုအချိန်တွင် ကျန်းဝေမင်း၏ ဖြည်းညှင်းစွာပြောလာတဲ့အသံကို သူကြားလိုက်ရသည်။

" အနာဂတ်မှာ မော်ကွန်းတိုက်တွေကို တာဝန်ယူဖို့ မလိုတော့ဘူး။ အပြင်ထွက်ပြီး ကင်းလှည့်ပါ။ မင်းမှာ ဘာမှလုပ်စရာမရှိရင် လူတွေကို ကြောင်တွေ၊ ခွေးတွေရှာပေးတာတို့ အဲ့လို ရပ်ကွက်ပြဿနာတချို့ကို ဖြေရှင်းပေးပါဦး ........ "

ဝူကျန်းမင်းသည် ထိုစကားကိုကြားသောအခါ မြေပြင်ပေါ်သို့ လဲကျမတတ်ဖြစ်သွားခဲ့သည်။

သူသည် ဖိုင်စီမံခန့်ခွဲမှုလို အေးဆေးသည့်အနေအထားမှ နေ့တိုင်း ခွေးလိုကင်းလှည့်ပြီးပင်ပန်းသည့်ရာထူးသို့ ပြောင်းရွှေ့ခံရသည်။

ဒါက ကောင်းကင်ဘုံကနေ ငရဲကို ကျသွားသလိုပင်ဖြစ်သည်။

" စခန်းမှူး၊ ကျွန်တော် ကျန်းမာရေးကမကောင်းပါဘူး။ ပင်ပန်းမှာစိုးရိမ်တယ် .......... "

သူ့စကားမပြီးခင်မှာဘဲ ကျန်းဝေမင်းက သူ့ကို ဖြတ်ပြောလိုက်သည်။

" ပင်ပန်းမှာကြောက်ရင် အိမ်ပြန်ပြီး အနားယူနိုင်ပါတယ်။ အနားယူပြီးတာနဲ့ အလုပ်ပြန်ဆင်းပါ "

ဝူကျန်းမင်း၏နှလုံးသည် ချက်ချင်းပြာကျသွားရသည်။

ရဲမှူးပြောသည့်သဘောက ကင်းမလှည့်ချင်လျှင် အထုတ်သိမ်းလို့ရသည်ဟုဆိုလိုတာဖြစ်သည်။

အနားယူပြီးရင် ပြန်လာရမှာလား။

အဲ့အချိန် စခန်းမှာ သူ့အတွက် နေရာရှိသေးပါ့မလား။

" ဟုတ်ကဲ့၊ စခန်းရဲ့ အစီအစဉ်တွေကို လက်ခံပါ့မယ် "

" မင်းထွက်သွားနိုင်ပြီ "

"ဟုတ်ကဲ့ပါ၊ စခန်းမှူး"

အပိုင်း (၂၁၂)

သန်း၇၀တောင်လား။ ဒီလက်ဖွာတဲ့ကောင်ကတော့။

ဝူကျန်းမင်းသည် ဒါရိုက်တာရုံးခန်းမှထွက်သွားပြီး မှင်သက်နေဆဲဖြစ်သည်။

သူ ဝင်သွားခါစကတော့ စခန်းမှူးကျန်းက သူ့အပေါ် သဘောထား ကြီးကြီးမားမားရှိလေသည်။

စခန်းမှူးရဲ့ပုံစံက သူ့ကို ချက်ချင်းဘဲ မွေးစားသားတော်ချင်ပုံတောင်ပေါက်နေခဲ့သည်။

စကားအနည်းငယ်ပြောပြီးသည့်နောက် သူ့သဘောထားသည် ၁၈၀ဒီဂရီလည်သွားသလို ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတာလဲ။

သူ့အရင်က ခင်မင်ရင်းနှီးမှုတွေ ဆုံးရှုံးရုံတင်မကဘဲ ကျေးဇူးတင်စရာမကောင်းတဲ့ အနေအထားကိုပင် ပြောင်းခဲ့သည်။

သူတို့ စကားဝိုင်းကို သေသေချာချာ စဉ်းစားသည်။

အစပိုင်းတွင် ပြောတဲ့အသေးအမွှားကိစ္စတွေကလွဲပြီး ကျန်တဲ့ကိစ္စက သူ့အဖေနဲ့ ယဲ့မိသားစုကြား ဆက်ဆံရေးအကြောင်းသာဖြစ်သည်။

အဲ့တာကြောင့်များလား။

အတွေးတစ်ခုဝင်လာပြီး သူ့ဖုန်းကို အမြန်ထုတ်ကာ သူ့အဖေ ဝူပေါလိုင်ဆီကို ဖုန်းဆက်လိုက်သည်။

" အဖေ၊ ယဲ့မိသားစုမှာ အင်အားကြီးတဲ့ ဆွေမျိုးတွေရှိလား "

" ဘယ်မိသားစုလဲ "

" ဟို ယဲ့ပေါက်ကောတို့မိသားစုလေ "

" ဟာ၊ သူတို့မှာ ဘယ်လိုလုပ် အင်အားကြီးတဲ့ ဆွေမျိုးတွေရှိနိုင်မှာလဲ။ ချမ်းသာတဲ့ မိသားစုနဲ့ လက်ထပ်သွားတဲ့ ယဲ့ပေါက်ကောရဲ့ ညီအစ်မတစ်ယောက်တော့ရှိတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက ရန်သူတွေလိုဘဲ။ အဆက်အသွယ်မရှိတာ နှစ်အတော်ကြာပြီ "

" အဲ့တာဆို မဟုတ်သေးပါဘူး "

ဝူကျန်းမင်းသည် သူ့အဖေ၏စကားကိုကြားပြီးနောက် ပို၍ပင် စိတ်ရှုပ်သွားသည်။

" မင်းဘာလို့ အဲ့ဒီယဲ့အဘိုးကြီးအကြောင်း ရုတ်တရက်မေးတာလဲ "

ဝူပေါလိုင်သည် ယဲ့ပေါက်ကော၏နာမည်ကိုကြားသောအခါ ဒေါသထွက်သွားသည်။

" ဟူး၊ စခန်းမှူးက အခုပဲ ရုံးကိုခေါ်ပြီး ယဲ့ပေါက်ကောနဲ့ အဖေ့ရဲ့ဆက်ဆံရေးအကြောင်း မေးတယ် ....... "

ဝူကျန်းမင်းက သူ့အဖေကို ရုံးမှာ ဖြစ်ပျက်ခဲ့တာတွေကို ချက်ချင်းပြောပြလိုက်သည်။

" ဘာလဲ။ စခန်းမှူးက မင်းကို ကင်းလှည့်ဖို့ တာဝန်ပြောင်းပေးတာလား။ မင်း သူ့ကို ဘာစော်ကားလိုက်မိလို့လဲ "

ဝူပေါလိုင်သည် သူ့သားကို တာဝန်ပြောင်းပေးခံလိုက်ရကြောင်းကြားတဲ့အခါ သူက ချက်ချင်း စိုးရိမ်လာသည်။

" ကျွန်တော်က သူ့ကို ဘယ်လိုလုပ် စော်ကားရဲမှာလဲ။ ကျွန်တော်ကဖြင့် သူ့ကို အဘိုးလို့တောင် ခေါ်မတတ်ဘဲ။ ဘာတွေဖြစ်နေတာလဲဆိုတာ ဘယ်သူသိမှာလဲ "

ဝူကျန်းမင်းက စကားပြောရင်း စိတ်ဓာတ်ကျလာကာ အဆုံးတွင် မျက်ရည်ပါကျလာသည်။

" ဟိုကိစ္စများလား "

" ဘာကိစ္စလဲ "

" ယဲ့မိသားစုရဲ့ကလေး ဒီနေ့ပြန်လာပြီလေ "

" ဖိနပ်ပါးလေးတစ်ရံဘဲဝတ်တဲ့ ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ် အရွယ် ဆင်းရဲသားကောင်လေးကို ပြောတာလား။ သူက ဘာကိစ္စရှိလို့ ပြန်လာတာလဲ "

" အဲ့ကလေးက ချမ်းသာနေပြီလေ။ သူ့အဘိုးကို Rolex နာရီတစ်လုံးပေးတာ။ ယွမ် ၂သိန်းတန်တယ်တဲ့ "

" ဟား ၂သိန်းတန် Rolex နာရီလား။ အဲ့ကလေးက ပိုက်ဆံအများကြီး ဘယ်ကရတာလဲ "

" သူ့အဘွားကိုလည်း ယွမ် ၁.၆၈ သန်းတန်ဖိုးရှိတဲ့ လက်ကောက်တစ်ခု ပေးခဲ့သေးတယ် ..... "

" ဘာ ....... ဘယ်လောက်တန်လို့ပြောလိုက်တာ။ ၁.၆၈ သန်း ဟုတ်လား။ အဖေနောက်နေတာလား "

" ပြီးတော့ သူက ၇ သန်းတန်တဲ့ ပြိုင်ကားတစ်စီးကို မောင်းသေးတယ် ....... "

" အဖေ၊ ကျွန်တော် စိတ်တိုနေတာနော်။ နောက်နေတာကို ရပ်ပေးနိုင်မလား။ ၇ သန်းတန်ပြိုင်ကားတစ်စီးတဲ့လား။ အဖေ့ကို ဘယ်အရူးကပြောတာလဲ "

" မင်းရဲ့စခန်းမှူး "

" ကျွန်တော့်ရဲ့ ....... ဘယ်သူ။ ကျွန်တော့်စခန်းမှူးလား၊ ကျွန်တော်တို့စခန်းမှူးလည်း အဲ့မှာ ရှိနေခဲ့တာလား "

ထိုစကားကိုကြားတဲ့အခါ ဝူကျန်းမင်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။

" ဟုတ်တယ်၊ မင်းရဲ့စခန်းမှူးက ငါတို့အားလုံးရှေ့မှာ ယဲ့ဖန်အတွက် စီးကရက်မီးညှိပေးလိုက်သေးတယ် "

ဝူပေါလိုင်၏ စကားလုံးများက အနည်းငယ် မနာလိုနေသံပေါ်သည်။

" ကျွန်တော်တို့ စခန်းမှူးက အဲ့ဒီကလေးအတွက် စီးကရက်မီးညှိပေးတယ်။ သေချာလား "

ဝူကျန်းမင်း အံသြသွားသည်။

" ငါတို့အိမ်နီးနားချင်းတွေရော၊ ငါရော မျက်စိနဲ့တပ်အပ်မြင်လိုက်တာ။ ဘယ်လိုလုပ် လိမ်တာဖြစ်နိုင်မှာလဲ "

ဝူပေါလိုင်သည် သူ့သားရဲ့သံသယစကားတွေကို ကြားလိုက်တဲ့အခါ သူ အနည်းငယ်စိတ်မချမ်းမသာဖြစ်သွားသည်။

ဝူကျန်းမင်းသည် မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားလိုက်သည်။ ထို့နောက် သူ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြန်သည်။

" စခန်းမှူးကို ဘယ်လိုစော်ကားလိုက်မိတာလဲဆိုတာ သိပြီထင်တယ် "

" ဘယ်လို စော်ကားမိလို့လဲ "

" စခန်းမှူးကျန်းက ကျွန်တော်တို့နဲ့ ယဲ့မိသားစုကို အိမ်နီးချင်းတွေလို့ ထင်ပြီး ယဲ့ဖန်ကိုချဉ်းကပ်ဖို့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို အသုံးချချင်တာ။ ဒါပေမယ့် ကျွန်တော်က ယဲ့မိသားစုအကြောင်း မကောင်းတာတွေ အများကြီးပြောခဲ့တယ် ....... "

" ဟုတ်တယ်၊ အဲ့တာဘဲဖြစ်ရမယ်။ ဒါဆို ဘာလုပ်ကြမလဲ။ ငါတို့က ယဲ့မိသားစုဆီကို သွားတောင်းပန်မလား။ အဘိုးကြီးယဲ့က ငါတို့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ရတာဘဲ "

ဝူကျန်းမင်းက သက်ပြင်းရှည်ကြီးချလိုက်သည်။

" အသုံးမဝင်ပါဘူး။ ယဲ့မိသားစုက ကျွန်တော်တို့ကို ခွင့်လွှတ်ရင်တောင် ယဲ့ဖန်က ကျွန်တော်တို့ စခန်းမှူးကို တောင်းဆိုပေးမှာတဲ့လား "

ဝူပေါလိုင်က ငိုကြွေးတော့သည်။

" ဒါဆို ငါတို့အခုဘာလုပ်ကြမလဲ "

ဝူကျန်းမင်းက ကောင်းကင်ကိုမော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။

" ဟူး၊ ကံကြမ္မာကို လက်ခံရမှာပေါ့။ ယဲ့မိသားစု ရုတ်တရက်ကြီး ချမ်းသာလာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ "

" အိုက်ယား၊ ဘုရားရေ ......... "

ဝူပေါလိုင်က မခံမရပ်နိုင် အော်ငိုတော့သည်။

...........................

ယဲ့ဖန်နှင့် ယဲ့ပေါက်ကောသည် ဖန်းမြို့တစ်ဝိုက်ကို အကြိမ်အနည်းငယ်လှည့်ပတ်ခဲ့ပြီးပြီဖြစ်သည်။

ဖန်းမြို့လို မြို့ငယ်လေးကို မပြောနှင့် ကျုံးဟိုင်လိုမြို့ကြီးမှာတောင် ဒီ Lykan စူပါပြိုင်ကားကို အာရုံစိုက်ကြသည်။

ကားမောင်းရင်း လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သောအကြည့်များက ကားရဲ့ဆွဲဆောင်မှုနောက်မှာ ကပ်ပါလာသည်၊

အထူးသဖြင့် ကားမောင်းတဲ့သူက မုတ်ဆိတ်ဖြူနှင့်အဘိုးအိုတစ်ဦးဖြစ်သည်ကို တွေ့လိုက်ရသောအခါမှာ လည်ပြန်ကြည့်တဲ့သူတွေက ပိုလို့တောင်များလေသည်။

ယဲ့ပေါက်ကောနှင့် စကားစမြည်ပြောဆိုရန် အစပြုခဲ့သော ၁၈-၁၉ နှစ်အရွယ် မိန်းကလေးအချို့ပင်ရှိသေးသည်။

ရင့်ကျက်ပြီးအသက်ကြီးတဲ့ဦးလေးကြီးတွေကို ကြိုက်တယ်လို့လည်း ပြောကြသေးသည်။

ယဲ့ဖန်က အရမ်းကြောက်သွားပြီး သူ့အဘိုးကို အမြန်မောင်းခိုင်းလိုက်ရသည်။

သူ့အဘိုးက နောက်ထပ် နှစ်ပတ်လောက်သာထပ်မောင်းရင် ယဲ့ဖန်မှာ နောက်ထပ်အဘွားတချို့ထပ်ရလာပေလိမ့်မည်။

အဲ့လိုသာဆိုရင် သူ့အဘွားက သူ့ကို ဓားနဲ့ အနောက်ကနေ လိုက်ဖမ်းတာကို ခံရလိမ့်မည်။

" ကားက ကောင်းတယ်။ ရှောင်ဖန်၊ မင်းရဲ့ကားက တကယ်မဆိုးဘူးဘဲ။ Mercedes-Benz နဲ့ BMW တို့ထက်တောင် အများကြီးပိုကောင်းသေးတယ် "

ယဲ့ပေါက်ကောသည် စတီယာတိုင်ဘီးကို လက်တစ်ဖက်တည်းဖြင့်ကိုင်ထားပြီး စိတ်အားထက်သန်နေပုံရသည်။

သူ့အသက် ၂၀ လောက်ကို ပြန်ရောက်သွားသည်ဟု ခံစားနေရသည်၊

" အဘိုး၊ အရင်က Mercedes-Benz ဒါမှမဟုတ် BMW မောင်းဖူးလား "

သူ့အဘိုး အရမ်းပျော်နေတာကိုမြင်တော့ ယဲ့ဖန်ရဲ့ စိတ်ကလည်း ပိုနေလို့ကောင်းလာသည်။

" မစီဖူးဘူး။ ဒါပေမယ့် Mercedes-Benz တို့ BMW တို့က မင်းရဲ့အခုကားလို လည်ပြန်ကြည့်တဲ့သူတွေ များများစားစား မရှိဘူးလေ။ ဒီကားက ၇သန်းတောင် တန်တာကိုး "

" အဘိုး၊ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ဒီကားက ၇ သန်းတန်မဟုတ်ဘူး "

" အိုး၊ ၈ သန်းလောက် ရှိတာလား "

" အဘိုး၊ ပိုမြှင့်သင့်တယ် "

" ဒါဆို ၁၀ သန်းဖြစ်နိုင်မလား "

" အဘိုး၊ ဒီလောက်သတ္တိရှိတာလား။ အကောင်းဆုံး ခန့်မှန်းကြည့်စမ်းပါ "

" သန်း ၂၀ ဖြစ်နိုင်မလား။ မင်း ငါ့ကို လန့်အောင်မလုပ်နဲ့ "

" ထားလိုက်တော့။ ကျွန်တော်ဘဲ ပြောပြတော့မယ်။ တကယ်တော့ ...... သန်း ၇၀ တန်တာ "

ကျွီ ............

ပြိုင်ကား၏ဘီးများသည် ဘရိတ်အုပ်လိုက်တာကြောင့် ပွတ်တိုက်သံအကျယ်ကြီးမြည်သွားသည်။

အဘိုးကြီးယဲ့က ကားကို သစ်ပင်ဆီသို့ တိုက်မိမတတ်ဖြစ်သွားသည်။

" ဘယ်လောက် ........ ဘယ်လောက်တန်တာ။ သန်း ၇၀ ဟုတ်လား။ မင်းက လက်ဖွာတာဘဲ။ မင်း ဒီလိုပျက်နေတဲ့ကားကို ဝယ်ဖို့ သန်း ၇၀ သုံးခဲ့တာလား "

" ပျက်နေတာတဲ့လား။ အဘိုးပြောတော့ ကားမောင်းလို့ အဆင်တယ်ဆို "

" ကောင်းတယ်၊ ဒါပေမယ့် သန်း ၇၀ တောင်လေ။ မင်း ....... အမှန်အတိုင်းပြော။ မင်းဘာစီးပွားရေးတွေလုပ်နေတာလဲ "

" ကျွန်တော် ကုမ္ပဏီအနည်းငယ်ကို စလုပ်နေတာပါ "

" တရားမဝင်တဲ့အလုပ် မဟုတ်ဘူးဆိုတာ သေချာလား "

" တရားမ၀င်တဲ့ဟာမဟုတ်ဘူး။ ကျွန်တော်ကတိပေးတယ် "

" အဲ့တာဆိုကောင်းတယ်။ လူကြီးလူကောင်းတစ်ယောက်က ငွေကို မှန်ကန်သော နည်းလမ်းနဲ့ဘဲ ရှာသင့်တယ်။ ငါ့ရဲမိသားစုထဲမှာ ဥပဒေကို ချိုးဖောက်တဲ့ ရာဇ၀တ်ကောင်တွေကို အရှင်မထားဘူး။ မင်းလူတွေကို ထိခိုက်စေတယ်ဆိုတာ ငါသိရရင် မင်းကို အပြစ်ပေးမယ့် ပထမဆုံးသူက ငါဘဲ "

" ကျွန်တော် နားလည်ပါတယ်၊ အဘိုး "

" ဒါဆို အဆင်ပြေတယ်။ အိမ်ပြန်ကြစို့ "

ယဲ့ပေါက်ကောနှင့် ယဲ့ဖန် ရပ်ကွက်ထဲသို့ ပြန်ရောက်လာတဲ့အခါ ရုတ်တရက် ကားကို ရပ်လိုက်ပြီး လူအနည်းငယ်က သူတို့ရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ရှေ့ဆုံးကလျှောက်လာသူကတော့ ဆံပင်ဖြူတွေအပြည့်နဲ့ အဘွားကြီးတစ်ယောက်ဖြစ်သည်။

ယဲ့ပေါက်ကော ကားပေါ်မှဆင်းလာသည်ကိုမြင်သောအခါ ထိုအဘွားကြီးသည် သူ့ဆီသို့ ချက်ချင်းပြေးလာခဲ့သည်။

ထို့နောက် စကားမပြောနိုင်လောက်အောင်ပင် ငိုကြွေးနေခဲ့သည်။

" အစ်ကိုရေ "

All Chapters