← Chapters

အခန်း ၂၁၇-၂၂၀

Vol. 11 Ch. 217-220

အခန်း ၂၁၇-၂၂၀

Vol. 11 Ch. 217-220

အပိုင်း (၂၁၇)

ဘယ်သူလဲ။

ချောင်စစ်ရှီးက အဲ့ဒီနေ့တုန်းကလုပ်ခဲ့တဲ့အပေါစားစုဝေးပွဲအကြောင်းကြားတဲ့အခါ ယဲ့ဖန် အနည်းငယ် စိတ်ပျက်သွားသည်။

" ခင်ဗျားလည်း အဲ့ဒီမှာရှိနေခဲ့တာလား။ တောင်းပန်ပါတယ်၊ တကယ်မမှတ်မိလို့ပါ "

ချောင်စစ်ရှီးက လုံးဝ ဂရုမစိုက်ပေ။

အဲ့ဒီအစား ယဲ့ဖန်က စုဝေးပွဲအကြောင်းကို မှတ်မိမှန်းကြားလိုက်တဲ့အခါ သူက ကပ်ဖားလျက်ဖားအမူအရာမျိုးလုပ်သည်။

" ဟုတ်တယ်၊ ဟုတ်တယ်။ အဲ့လိုအဆင့်မြင့်စုဝေးပွဲကြီးမှာ ယဲ့လူကြီးမင်းကသာ အဓိကဇာတ်ဆောင်ပါ။ ကျွန်တော့်လိုလူစားမျိုးက ရေနွေးကြမ်းငှဲ့ပေးရတဲ့အဆင့်လောက်ပါဘဲ။ မမှတ်မိတာ သဘာဝကျပါတယ် "

ထိုစကားတွေကိုကြားတဲ့အခါ နေရာကလူတိုင်းက ပို၍ထိတ်လန့်သွားကြသည်။

ဖန်းမြို့ရဲ့သူဌေးကြီးချောင်စစ်ရှီးကတောင်မှ ရေနွေးကြမ်းငှဲ့ပေးတဲ့အဆင့်လောက်သာရှိတယ်ဆိုရင် အဲ့ဒီစုဝေးပွဲက ဘယ်လောက်တောင် အဆင့်မြင့်တဲ့စုဝေးပွဲမျိုးလဲ။

ထိုပါတီပွဲကိုတတ်ရောက်တဲ့သူတွေက ကျုံးဟိုင်မြို့ရဲ့ သူဌေးကြီးတွေဖြစ်ကောင်းဖြစ်နိုင်သည်။

ပြီးတော့ ဒီလူငယ်လေးက အဲ့ဒီပါတီပွဲရဲ့ အဓိကဇာတ်ဆောင်တဲ့လား။

ဒါဆို သူက သူဌေးတွေရဲ့ သူဌေးကြီးလား။

ခန့်မှန်းချက်သာဖြစ်သော်လည်း ထိုလူငယ်လေးမှာ အင်အားကြီးနောက်ခံရှိမှန်း သိသာနေပြီဖြစ်သည်။

ဒိတ်ဒိတ်ကြဲသူဌေးကြီးက ဖန်းမြို့လိုနေရာလေးမှာ ဘာလာလုပ်တာလဲ။

ချောင်စစ်ရှီးသည် ထိုကိစ္စကိုတွေးမိပြီး ဂရုတစိုက်သေချာမေးသည်။

" ယဲ့လူကြီးမင်း၊ ဖန်းမြို့မှာ ဘာကိစ္စများရှိလို့ပါဘဲ။ တစ်ယောက်ယောက်ကများ ပြဿနာရှာလို့လား။ ဘယ်သူလဲပြောပြပေးနိုင်မလား။ အဲ့လူက မွေးလာတာကို နောင်တရအောင်ပါလုပ်ပေးနိုင်တယ်လို့ ကတိပေးပါတယ် "

ထိုသို့ပြောလိုက်တဲ့အချိန်မှာ ရှန်ဂရီလာဟိုတယ်၏ဧည့်ကြိုကောင်မလေးက တစ်ကိုယ်လုံးတုန်ပြီး မြေပေါ်လဲကျသွားတော့သည်။

မြေပေါ်လဲကျသွားတဲ့အခါ သူမက ယဲ့ဖန်ကို တောင်းပန်တဲ့အကြည့်တွေဖြင့်ကြည့်နေသည်။

ယဲ့လူကြီးမင်းက သူမအသက်ကို စကားတစ်ခွန်းတည်းဖြင့် နှုတ်ယူနိုင်လေသည်။

ယဲ့ဖန်ကလည်း သူမကို ခက်ခဲအောင်မလုပ်ချင်ပေ။

ချောင်စစ်ရှီး၏ပုခုံးကိုသာ ပုတ်လိုက်သည်။

" အတွေးလွန်နေပါပြီ၊ ကျွန်တော့်က ဖန်းမြို့သားပါဘဲ "

ချောင်စစ်ရှီးက အံ့ဩသွားသည်။

" ဘာ၊ လူကြီးမင်းက တကယ်ကြီး ဖန်းမြို့သားလား။ ကျွန်တော့်တို့ဖန်းမြို့က ဘာတွေများလုပ်ခဲ့လို့ လူကြီးမင်းလို ယောက်ျားတွေထဲက နဂါးလိုလူရှိနေရတာလဲ။ ဒါက ကောင်းကင်က ဖန်းမြို့ကိုပေးတဲ့ ကောင်းချီးမင်္ဂလာဘဲမဟုတ်လား "

ယဲ့ဖန်သည် တစ်ကိုယ်လုံးကြက်သီးတွေပါထလာတာကြောင့် ဖြတ်ပြောလိုက်သည်။

" ကောင်းပြီ၊ ကောင်းပြီ၊ အဓိကကိုဘဲပြောကြရအောင်။ မနက်ဖြန် ကျွန်တော့်အဘိုးမွေးနေ့ .....…... "

" အိုက်ယား၊ မနက်ဖြန် သခင်ကြီးယဲ့မွေးနေ့လား။ စိတ်မပူပါနဲ့၊ လူကြီးမင်းယဲ့၊ သခင်ကြီးယဲ့အတွက် လက်ဆောင်ကြီးကြီးစီစဉ်ထားဖို့ ကတိပေးပါတယ် "

ချောင်စစ်ရှီးက ယဲ့ဖန်၏အဘိုး မွေးနေ့ပွဲကျင်းပမည်ဆိုသည်ကိုကြားတဲ့အခါ အလွန်ဝမ်းသာသွားသည်။

သူက ယဲ့ဖန်ကို ဘယ်လိုကျေနပ်အောက်လုပ်ပေးရမလဲဆိုတာကို စဉ်းစားနေတုန်းမှာဘဲ အခွင့်အရေးကရောက်လာသည်။

ဘာလက်ဆောင်ပြင်ဆင်ရမလဲဆိုတာကိုတွေးရင်း အတွေးတွေချာချာလည်လာတော့သည်။

ယဲ့ဖန်လိုသူဌေးကြီးအတွက် သာမန်လက်ဆောင်မျိုးက မျက်လုံးထဲတိုးမည်မဟုတ်ပေ။

" ရုရှားကနေရထားတဲ့ နိုင်ငံခြားမြင်းနှစ်ကောင် သခင်ကြီးကိုပေးရမလား "

" သခင်ကြီးက ယူပါ့မလားမသိဘူး "

ယဲ့ဖန်က ပြောစရာစကားပျောက်သွားသည်။

" ဒီကို လက်ဆောင်လာတောင်းတာမဟုတ်ပါဘူး။ ခင်ဗျားရဲ့ဟိုတယ်မှာ မွေးနေ့ပွဲလုပ်ဖို့ စားပွဲနေရာကြိုတင်အမှာစာတင်ထားမလို့ပါ ..... "

ချောင်စစ်ရှီးက ရင်ဘတ်ကိုပုတ်ပြီး ကတိပေးလိုက်သည်။

" ဒီကိစ္စကျွန်တော့်ကိုသာအပ်ထားလိုက်ပါ။ သခင်ကြီးယဲ့အတွက် ကျေးဇူးသိတတ်တဲ့မွေးနေ့ပွဲကို အကောင်းဆုံးဖန်တီးထားပေးပါ့မယ် "

" သခင်ကြီးယဲ့အတွက် အကောင်းစားမွေးနေ့ပွဲကျင်းပနိုင်အောင် ဟိုတယ်ကိုလည်း မနက်ဖြန်တစ်ရက်လုံးလူရှင်းထားပေးပါ့မယ်လို့လည်း ကတိပေးပါတယ် "

ဒီတစ်ယောက်က အရမ်းစိတ်အားထက်သန်လွန်းသည်။

ထို့ကြောင့် ယဲ့ဖန်ကို ခေါင်းကိုက်စေသည်။

" နေရာကိုရှင်းဖို့ မလိုပါဘူး။ ကျွန်တော့်အဘိုးကို လူတွေကိုအနှောင့်အယှက်ဖြစ်စေမယ့်အလုပ်မျိုး ကြိုက်မှာမဟုတ်ဘူး "

" မနက်ဖြန် ပုံမှန်အတိုင်းဘဲ ဟိုတယ်ကိုဖွင့်ပါ။ စားပွဲတစ်ဒါဇင်ကျော်လောက်ဘဲ ချန်ထားပေးပါ "

ယဲ့ဖန်ရဲ့စကားကိုကြားတဲ့အခါ ချောင်စစ်ရှီးက ခေါင်းငြိမ့်သဘောတူသည်။

" ယဲ့လူကြီးမင်းရဲ့အမိန့်ကို နာခံပါ့မယ် "

ထိုအချိန်တွင် လျင်တဲ့စားပွဲထိုးတစ်ယောက်က မီနူးကို ချက်ချင်းယူလာပေးသည်။

ချောင်စစ်ရှီးက ကြည့်တောင်မကြည့်ဘဲ မီနူးကို ပြန်ပစ်ပေါက်လိုက်သည်။

" မင်းအမေကြီးတော်ဘဲ၊ ဒီဟင်းတွေက ယဲ့လူကြီးမင်းရဲ့အဆင့်အတန်းကို မီပါ့မလား "

ဖားချင်တဲ့စားပွဲထိုးက ပစ်လိုက်တာကြောင့် ထိသွား၍ ငိုတော့သည်။

ချောင်စစ်ရှီးက လက်ကို ယမ်းလိုက်သည်။

" ငါတို့ဆိုင်ထဲက စားဖိုးမှူးတွေအကုန်ခေါ်ခဲ့။ ယဲ့လူကြီးမင်းအတွက် မီနူးပြင်ဆင်ခိုင်းလိုက် "

စားပွဲထိုးက မနှောင့်နှေးရဲဘဲ အမြန်ထွက်သွားတော့သည်။

လူတိုင်းက အံ့အားသင့်နေကြသည်။

ချောင်စစ်ရှီးက ဒီယဲ့လူကြီးမင်းဆိုသူကို တန်ဖိုးထားလွန်းသည်။

သူ့အတွက်နဲ့ သီးသန့်ပြင်ဆင်ပေးမဲ့မီနူးတောင် လုပ်ခိုင်းနေသည်။

ဘယ်သူကမှ ထိုကဲ့သို့ဝန်ဆောင်မှုမျိုး ဒီဟိုတယ်မှာမရဘူးပေ။

ခဏကြာတဲ့နောက် ဖန်းမြို့ရှိ ရှန်ဂရီလာဟိုတယ်၏ တာဝန်ရှိစားဖိုမှူးတွေအကုန် ရောက်လာကြသည်။

ချောင်စစ်ရှီးက ချက်ချင်းရှေ့တက်လာပြီး အမိန့်ပေးသည်။

" အခု မင်းတို့အားလုံး ယဲ့လူကြီးမင်းရဲ့စီစဉ်မှုကို နာခံကြ။ ယဲ့လူကြီးမင်းမှာကြားသမျှ ချက်ရမယ် "

စားဖိုမှူးတွေကအကုန်လုံးကြောင်အနေကြသည်။

ဒီယဲ့လူကြီးမင်းက ဘယ်သူလဲဆိုတာ သူတို့သိလို့ရမလား။

ဘာလို့ သူဌေးက သူ့ကို အဲ့လောက် ခယနေတာလဲ။

ယဲ့ဖန်က ခါးသက်သက်ပြုံးပြီး ခေါင်းခါလိုက်ကာ လူတိုင်းရှေ့ကို လျှောက်လာသည်။

" သူပြောသလောက်ကြီးလဲမဟုတ်ပါဘူး။ အကောင်းဆုံးဟင်းတွေကိုဘဲ ချက်ပြုတ်ပေးရုံပါဘဲ "

ထိုအချိန် စားဖိုမှူးတစ်ယောက်က လက်ထောင်လာသည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော့်မှာ ဟင်းပွဲတွေအများကြီးရှိပေမဲ့ ပါဝင်ပစ္စည်းတွေက နိုင်ငံခြားကနေ မှာမှရမှာပါ။ အဲ့တာကြောင့် ......... "

သူ့စကားမပြီးသေးခင်မှာဘဲ ချောင်စစ်ရှီးက ဖြတ်ပြောလိုက်သည်။

" မင်းတို့ရဲ့ အကောင်းဆုံးအရည်အချင်းကိုသာပြ။ ပါဝင်ပစ္စည်းတွေကို စိတ်မပူနဲ့ "

" ယဲ့လူကြီးမင်းစိတ်တိုင်းကျသရွေ့ နဂါးအသည်းနဲ့ ဇာမဏီအမြစ်ဆိုရင်တောင် ငါရှာပေးမယ် "

ထိုစကားကိုကြားတဲ့အခါ စားဖိုမှူးတွေက စိတ်လှုပ်ရှားသွားကြသည်။

ဘယ်စားဖိုမှူးက ထိပ်တန်းဟင်းလျာတွေကို မပြင်ဆင်ချင်ဘဲနေမှာလဲ။

သို့ပေမဲ့ ပါဝင်ပစ္စည်းကန့်သတ်ချက်ကြောင့်သာ သူတို့ရဲ့အရည်အချင်းတွေကို မပြသနိုင်တာဖြစ်သည်။

သူတို့အရည်အချင်းကို ပြသဖို့အခွင့်အရေးက ရခဲသည်။ ဘယ်လိုလုပ်ပြီး လက်လွှတ်နိုင်မှာလဲ။

ချောင်စစ်ရှီးက စားဖိုမှူးတွေရဲ့ကြိုးစားချင်တဲ့ စိတ်အားထက်သန်မှုကြောင့် အရမ်းကျေနပ်သွားသည်။

" အခု မင်းတို့လိုတဲ့ပါဝင်ပစ္စည်းတွေချရေးထားလိုက်။ ဝယ်ဖို့ လူချက်ချင်းစီစဉ်ခိုင်းလိုက်မယ် "

အချိန်မရှိတာကြောင့် နိုင်ငံခြားရမယ့်ပစ္စည်းတွေကိုဝယ်ဖို့ အလျင်လိုသည်။

စားဖိုမှူးတွေက စာရွက်ထုတ်ပြီး လိုအပ်တာတွေချရေးကြသည်။

ဆယ်မိနစ်ကြာပြီးတဲ့နောက် စာရင်းစာရွက်ကို ပေးလိုက်ကြသည်။

ငွေကြေးဌာနက မန်နေဂျာက ယူလိုက်ပြီး တွက်ချက်ကာ ဆယ်မိနစ်ကြာပြီးတဲ့နောက် မန်နေဂျာက ချောင်စစ်ရှီးကို အထိတ်တလန့်ကြည့်လိုက်သည်။

" သူဌေးချောင် ....... တွက်ပြီးပါပြီ "

ချောင်စစ်ရှီးက ချက်ချင်းပြောသည်။

" အဲ့တာဆို ငွေထုတ်ပေးပြီး ဝယ်ရမယ့်သူတွေဆီ ဆက်သွယ်ခိုင်းလိုက် "

ငွေကြေးဌာနမန်နေဂျာက တွန့်ဆုတ်သွားသည်။

" ဒါပေမဲ့ ....... "

ချောင်စစ်ရှီးက စိတ်မရှည်တော့ပေ။

" ဒါပေမဲ့ ဘာလဲ။ ပြောစရာရှိလည်း ပြောလေ "

ငွေကြေးဌာနမန်နေဂျာက ခေါင်းကိုကုတ်လိုက်ပြီး ဂရုတစိုက်ပြောသည်။

" စာရင်းအရ စားပွဲတစ်ဝိုင်းစာကို အနည်းဆုံး ယွမ် ၅သိန်းကျပါတယ်။ ဆယ်ဝိုင်းစာဆိုတော့ သိန်း ၅၀ ( ၅သန်း ) ကျမှာပါ ........ "

ထိုသို့ပြောလိုက်တာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

အပိုင်း (၂၁၈)

သူဌေးတွေရဲ့ကမ္ဘာကြီးကို မင်းတို့နားလည်မှာမဟုတ်ဘူး။

ချောင်စစ်ရှီးက ငွေကြေးမန်နေဂျာရဲ့စကားကိုကြားတဲ့အခါ သွေးတက်မတတ်ဖြစ်သွားသည်။

သူ့ နဂိုခန့်မှန်းချက်က တစ်ဝိုင်းကို တစ်သိန်းစာလောက်သာဖြစ်သည်။

ဆယ်ဝိုင်းဆို ၁သန်းသာ ကုန်ကျမှာဖြစ်သည်။

သို့ပေမဲ့ ခန့်မှန်းစရိတ်ကပင် သူထင်ထားတာထက် အများကြီးကျော်လွန်နေသည်။

ဒီစားဖိုမှူးတွေကတော့ ပညာပြနေကြတာဘဲ။

ဘယ်လောက် ဈေးကြီးတဲ့အဆာပလာတွေထည့်ချင်နေကြတာလဲ။

တစ်ဝိုင်းကို ၅သိန်းက များလွန်းသည်။

ချောင်စစ်ရှီး၏ငွေက သန်း၅၀ လောက်သာရှိသည်။

ဒီမွေးနေ့ပွဲအတွက် သူအကုန်အကျခံလိုက်ရင် သူ့ငွေထဲက ဆယ်ပုံပုံတစ်ပုံလျော့သွားမှာဖြစ်သည်။

ဘယ်လိုလုပ်ပြီး သွေးမတက်ဘဲနေနိုင်မှာလဲ။

ဒါပေမဲ့ သူက ကတိခံပြီးနေပြီဖြစ်တာကြောင့် ယဲ့ဖန်ရှေ့မှာ စကားကို ပြန်ရုတ်လို့မရတော့ပေ။ အံကိုကြိတ်ပြီး တံတွေးကို မြိုချလိုက်ရသည်။

" ၅သန်းဆိုလည်း သူတို့ကို ပိုက်ဆံချက်ချင်းလွှဲပေးလိုက် "

ငွေရေးကြေးရေးမန်နေဂျာသည် ထိုစကားကိုကြားသောအခါတွင် အနေခက်သွားသည်။

" သူဌေးချောင်၊ အကောင့်ထဲမှာ ပိုက်ဆံအများကြီးမရှိပါဘူး "

ချောင်စစ်ရှီးက ယဲ့ဖန်ရှေ့မှာ မျက်နှာပျက်သွားမှာကို ကြောက်နေသည်။

" ၅ သန်းပဲ မဟုတ်ဘူးလား။ သူတို့ကို ဘဏ်ကနေ ချက်ချင်းထုတ်ခိုင်းလိုက်မယ် ”

ပြီးတော့ သူကဖုန်းဆက်ဖို့ ဖုန်းကိုထုတ်လိုက်သည်။

ထိုအချိန်တွင် ယဲ့ဖန်က သူ့နားရောက်လာပြီး တားလိုက်သည်။

" ခင်ဗျားရဲ့ကြင်နာမှုကို တန်ဖိုးထားပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်ပေးရမှာပါ "

ချောင်စစ်ရှီးသည် ချက်ချင်း စိုးရိမ်လာတော့သည်။

" ယဲ့လူကြီးမင်းက ပွဲကျင်းပဖို့ ဒီနေရာကို လာပေးတာနဲ့တင် မျက်နှာသာပေးလွန်းနေပါပြီ။ ဘယ်လိုလုပ် ပိုက်ဆံပေးခိုင်းနိုင်မှာလဲ "

ယဲ့ဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" ဒါက ကျွန်တော့်အဘိုးရဲ့ မွေးနေ့ဆိုတော့ ကျွန်တော်က ပေးသင့်တာပုံမှန်ပါဘဲ။ ကောင်းပြီ၊ ဆုံးဖြတ်လိုက်ပြီ "

ယဲ့ဖန် သူ့အိတ်ကပ်ထဲက ဘဏ်ကတ်ကို ထုတ်ပြီး ငွေကြေးမန်နေဂျာကို ပေးလိုက်သည်။

ငွေရေးကြေးရေးမန်နေဂျာက ကတ်ကိုယူခဲ့ပေမယ့် ဖြတ်ရမလားဆိုတာကို သူ မသိပေ။

သူက ချောင်စစ်ရှီး၏အမူအရာကို အမြန်ကြည့်လိုက်သည်။

ချောင်စစ်ရှီးသည် တခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ကူကယ်ရာမဲစွာ ခေါင်းငြိမ့်လိုက်တော့သည်။

" ဒါဆို ယဲ့လူကြီးမင်းပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ်။ ပါဝင်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်ကိုဘဲ ကျွန်တော်တို့ ယူပ့ါမယ်။ ကျန်တဲ့ အချိုရည်နဲ့လုပ်အားခကတော့ ကျွန်တော့်အကောင့်ထဲ ရှင်းပါရစေ "

သူပြောပြီးသည်အခါ အလွန်အရှက်ရသွားသည်။

ကောင်းကင်က သူ့ကို ယဲ့ဖန်နဲ့ ခင်မင်နိုင်ဖို့ အခွင့်ကောင်းပေးခဲ့ပေမဲ့ သူ မဆုပ်ကိုင်နိုင်ခဲ့ပေ။

အခွင့်အရေးက သူ့ရှေ့မှာတင် လွတ်သွားခဲ့သည်။

သူ့ကို အလွန်အရှက်ကွဲစေခဲ့သည်။

ထိုမြင်ကွင်းကြောင့် တခြားလူတွေအားလုံးက အံသြသွားကြသည်။

စားပွဲတစ်ဝိုင်းကို ယွမ် ၅ သိန်းလား။

အဲ့ဒီအပြင် စားပွဲဆယ်ဝိုင်းကိုလည်း တစ်ပြိုင်နက် မှာထားခဲ့သေးသည်။

ပိုက်ဆံကို သုံးသွားတာ အမှိုက်လိုဘဲ။

ဒီလိုမျိုး သူတို့ တစ်ခါမှမကြားဖူးပေ။

ဒီယဲ့လူကြီးမင်းက သူဌေးတွေကြားက ထိပ်ဆုံးသူဌေးကြီးဖြစ်လိမ့်မည်။

ကောင်မလေးတော်တော်များများက ယဲ့ဖန်ကို ပရောပရည်အကြည့်များဖြင့်ကြည့်လာကြသည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောပြီးချမ်းသာတဲ့ သူဌေးကြီးနဲ့ နီးစပ်ဖို့ သူတို့ မျှော်လင့်ခဲ့ကြသည်။

သို့သော် ယဲ့ဖန်ကတော့ ထိုအရာတွေကို မျက်ကွယ်ပြုလိုက်သည်။

ငွေပေးချေပြီးနောက် သူက ချောင်စစ်ရှီး၏ ပခုံးကို ပုတ်လိုက်သည်။

" ဒါဆို ဧည့်ခံပွဲအတွက် ထားခဲ့တော့မယ် "

ချောင်စစ်ရှီး လျင်မြန်စွာ ခေါင်းငြိမ့်လိုက်သည်။

" စိတ်မပူပါနဲ့ ယဲ့လူကြီးမင်း။ တစ်ခုခု အဆင်မပြေရင် လူကြီးမင်းကို ကျွန်တော့်ခေါင်းကိုဖြုတ်ပြီးမှလာတွေ့ပါမယ် "

ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိတော့ပေ။

ပွဲလေးတစ်ခုဘဲကို စစ်ဘက်ဆိုင်ရာတွေလို ကတိကဝတ်ပြုဖို့ထိ လိုအပ်လို့လား။

ယဲ့ဖန် ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားခဲ့သည်။

ဒါကိုမြင်တော့ ချောင်စစ်ရှီးက သူ့နောက်ကို အလျင်အမြန်လိုက်သွားပြီး လိုက်ပို့ပေးသည်။

ဟိုတယ်ဝန်ထမ်းများနှင့် စားသောက်ဆိုင်ထဲရှိ လူများသည်လည်း စူးစမ်းလိုစိတ်ဖြင့် လိုက်လာကြသည်။

ယဲ့ဖန်က အလန်းစားပြိုင်ကားထဲတွင် ထိုင်နေသည်ကို တွေ့လိုက်သောအခါ အံ့အားသင့်သွားကြသည်။

လူအုပ်ကြီးက ပြောမပြတတ်အောင် တုန်လှုပ်သွားရသည်။

" ဘုရားရေ၊ ဒီပြိုင်ကားက အရမ်းမိုက်တယ်။ ဒီလောက်လန်းတဲ့ ပြိုင်ကားကို တစ်ခါမှ မမြင်ဖူးဘူး "

" ဒီပြိုင်ကားရဲ့နာမည်ကို တစ်ယောက်ယောက်သိကြလား။ ဘယ်လောက်လဲ။ ငါချမ်းသာရင် ဒါမျိုးတစ်စီးဝယ်မယ် "

" အိပ်မက်မက်နေတာကို ရပ်လိုက်။ ငါတို့သူဌေးက ယွမ် ၂ သန်းကျော်တန် ဝယ်ခဲ့တဲ့ Maserati MC20 တစ်စီးရှိတယ်။ ဒါပေမယ့် ဒီပြိုင်ကားနဲ့ နှိုင်းယှဥ်လိုက်ရင် အဲ့တာက စက်မှုကအမှိုက်သာသာပဲ "

" ချီး၊ ဒီလိုဆိုရင် ဒီလိုပြိုင်ကားတစ်စီးက ၇ သန်းကနေ ၈ သန်းလောက်အထိ တန်ကြေးရှိတာလား "

" Baidu မှာ ရှာကြည့်ပေးမယ်။ ဒီကားက ဘယ်လောက် တန်ဖိုးရှိလဲ ခန့်မှန်းကြည့်ကြ "

" ၇ သန်း၊ ၈ သန်းထက် ပိုမြင့်မှာလား။ ၁၀ သန်း ဖြစ်နိုင်လောက်လား။ ဒီလောက်စျေးကြီးတဲ့ ပြိုင်ကားမျိုးရှိလို့လား "

" ၁၀သန်းတဲ့လား။ ဒီကားကို Lykan လို့ခေါ်တယ်၊ ပြီးတော့ အနည်းဆုံး သန်း ၇၀ ကနေ ၈၀ အထိ တန်ကြေးရှိပြီးတော့ ဈေးကွက်မှာ ဝယ်လို့တောင် မရနိုင်တော့ဘူး "

"ဘယ်လောက်လို့ပြောလိုက်တာလဲ။ သန်း ၇၀ ကနေ ၈၀ ထိ ဟုတ်လား။ မင်းနောက်နေတာ ဟုတ်တယ်မလား။ သန်း ၇၀ ကနေ ၈၀ ထိတန်တဲ့ ပြိုင်ကားတစ်စီးကို ဒါပထမဆုံးအကြိမ်ကြားဖူးတာဘဲ "

" ချမ်းသာတဲ့သူတွေရဲ့ကမ္ဘာကို မင်းနားလည်နိုင်မှာမဟုတ်ဘူး။ သန်း ၇၀ ကနေ ၈၀ ထိဆိုတာ ငါတို့အတွက် မိုးလောက်မြင့်တဲ့ပိုက်ဆံဖြစ်ပေမဲ့ သူတို့အတွက်ကတော့ ကစားစရာတစ်ခုဝယ်လိုက်ရုံလောက်ဘဲ "

" စတုတ္ထသခင်ကြီးချောင်ကတောင် သူ့ကို အရမ်းလေးစားတာ မဆန်းပါဘူး။ သူက အရမ်းချမ်းသာတယ်။ ပြီးတော့ အရမ်းလည်းငယ်သေးတယ် "

" သူက အရမ်းချမ်းသာတဲ့ ဒုတိယမျိုးဆက်ဖြစ်နိုင်လောက်လား "

အားလုံးဆွေးနွေးနေကြစဉ်တွင် ချောင်စစ်ရှီးလည်း ထိတ်လန့်သွားသည်။

သူ့ရဲ့မူလခန့်မှန်းချက်အရ ယဲ့ဖန်၏ပိုင်ဆိုင်မှုသည် ၄ ဘီလီယံမှ ၅ ဘီလီယံအထိသာ ရှိသင့်တာဖြစ်သည်။

ထိုမျှလောက်ဆို ကျုံးဟိုင် တွင် ထိပ်တန်းသူဌေးတစ်ဦးဟု ယူဆလို့ရသည်။

သို့သော် ယဲ့ဖန်၏ကားကို မြင်လိုက်သောအခါ သူ ယဲ့ဖန်ကို လျှော့တွက်မိသွားသည်ဟု ခံစားရသည်။

ထိုပြိုင်ကားရဲ့တန်ဖိုးကပင် သူ့ရဲ့အသားတင်ဝင်ငွေတစ်ခုလုံးထက် ကျော်လွန်နေပြီဖြစ်သည်။

ထိုကဲ့သို့ပြိုင်ကားတစ်စီးကို ဝယ်နိုင်ရန်အတွက် သူ၏အသားတင်ဝင်ငွေက ဘီလီယံဆယ်နှင့်ချီရှိမှရမှာဖြစ်သည်။

သူက ယဲ့ဖန်ရဲ့ ကားထွက်သွားတာကို ကြည့်နေလိုက်သည်။

ထို့နောက် လှည့်ပြန်ဝင်သွားသည်။

သူ့ကို သိတဲ့လူတစ်ယောက်က ချက်ချင်းလာမေးသည်။

" စတုတ္ထသခင်ကြီး၊ အဲ့ လူကြီးမင်းဘယ်သူလဲ။ သူက သန်း ၇၀၊ ၈၀ တန်ပြိုင်ကားကိုတကယ်ပိုင်တာလား။ သူက အရမ်းချမ်းသာတာလား "

ချောင်စစ်ရှီးက သူ့ကို ငုံ့ကြည့်ကာ မထီမဲ့မြင်ရယ်လိုက်သည်။

" အဲ့လောက်ကို မင်းကကြောက်နေတာလား။ ဒါက ရေခဲဆောင်ရဲ့ ထိပ်ဖျားပဲရှိသေးတယ်လို့ ပြောလို့ရတယ် "

ထိုစကားကိုကြားတော့ အားလုံးက အံ့သြသွားကြသည်။

" ယွမ် သန်း ၇၀၊ ၈၀ တန် ပြိုင်ကားကို မောင်းတာက ရေခဲဆောင်ရဲ့ အစွန်လောက်ဘဲရှိသေးတာလား။ စိတ်ကူးနိုင်စွမ်းတွေကုန်ပြီ "

" သန်း ၇၀၊ ၈၀ကတောင် ရေခဲဆောင်ရဲ့အစွန်အဖျားတစ်ခုသာဆို သူ့မိသားစုပိုင်ဆိုင်မှုက အနည်းဆုံး ဘီလီယံဆယ်ချီမှာပေါ့၊ ဟုတ်တယ်မလား "

" ဘီလီယံချီတာလား။ အိုဘုရားရေ၊ ငါတို့နိုင်ငံရဲ့ အချမ်းသာဆုံးကတောင် ယဲ့လူကြီးမင်းလောက် ပိုင်ဆိုင်မှုများရဲ့လား "

" နိုင်ငံမှာတော့ မသိပေမဲ့ ဖန်းမြို့မှာတော့ သူက အချမ်းသာဆုံးဘဲ "

" ငါတို့ ဖန်းမြို့မှာ ဒီလိုနတ်ဘုရားနဲ့တူတဲ့ သူဌေးကြီး ဘယ်တုန်းက ရှိတာလဲ။ ဘယ်လိုလုပ် တစ်ခါမှ မကြားဖူးရတာလဲ "

" ဒီလို သူဌေးကြီးနဲ့အနီးကပ်ထိတွေ့ခွင့်ရတဲ့အထိ ဒီလောက်ကံကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ ဒါဆို ငါ့တစ်သက်လုံး ကြွားလုံးထုတ်ဖို့ လုံလောက်ပြီ "

ထိုကဲ့သို့ သတင်းကြီးတစ်ခုကို သိပြီးတဲ့နောက် လူတိုင်းက သူတို့၏သူငယ်ချင်းများကို ပြန်လည်ကြွားလုံးထုတ်ရန် အသင့်ဖြစ်နေခဲ့ကြသည်။

ချောင်စစ်ရှီးက သူတို့ကို အေးစက်စွာ ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်းက ထင်ပေါ်တာကို မကြိုက်ဘူး။ အဲ့တာကြောင့် ဒီနေ့ ဘာဖြစ်ခဲ့တာလဲဆိုတာ အတင်းအဖျင်းပြောတဲ့သူက ဖန်းမြို့မှာ ရှင်သန်နိုင်မှာမဟုတ်ဘူးဆိုတာ မင်းတို့ကို အာမခံတယ်။ ငါပြောတာကြားလား "

ထိုစကားကိုကြားသောအခါ လူတိုင်းက ကြောက်လန့်တကြား ငြိမ်သွားကြသည်။

" ကျွန်တော်တို့ကြားပါတယ် "

အပိုင်း (၂၁၉)

အရင်ဆုံး ၁၀ သန်းဘဲ ထည့်ထားဦးမယ်။

တစ်ဖက်မှာတော့ Lykan စူပါပြိုင်ကားကြီးက ရှန်ဂရီလာဟိုတယ်ကနေ ထွက်ခွာလာပြီး ယဲ့ဖန်က ဖန်းမြို့ရှိ လုံကုန်းဘဏ်ခွဲသို့ မောင်းသွားခဲ့သည်။

ယဲ့ဖန်က သူ့အဘိုးနဲ့အဘွားအတွက် သီးသန့်ငွေစုဘဏ်အကောင့်ဖွင့်ပေးဖို့ဖြစ်သည်။ တစ်ဖက်တွင် သူ့အဘိုးနဲ့အဘွားအတွက် သုံးဖို့ပိုက်ဆံပေးထားချင်တာဖြစ်ပြီး တစ်ဖက်မှာတော့ သီးသန့်ဘဏ်ကနေ ငွေတိုးရအောင်ဖြစ်သည်။

ယဲ့ဖန်သည် လုံကုန်းဘဏ်ကိုရောက်တဲ့အခါ ညနေ ၄နာရီ ၅၅မိနစ်ဖြစ်ပြီဖြစ်သည်။

ဘဏ်တရားဝင်မပိတ်မီ ငါးမိနစ်သာကျန်တော့သည်။

ဘဏ်ထဲသို့ဝင်လာပြီး ကောင်တာရှိစာရေးမဆီလျှောက်လာတဲ့အခါ သူမက အထုတ်အပိုးသိမ်းပြီး ပြန်ဖို့ပြင်နေသည်။

" နေဦး၊ လုပ်စရာလေးရှိလို့ပါ "

ယဲ့ဖန်က ကောင်တာဆီကိုလျှောက်လာပြီး ကာထားတဲ့မှန်ကို ခေါက်လိုက်သည်။

" တောင်းပန်ပါတယ်၊ အလုပ်သိမ်းပြီမလို့ပါ။ လုပ်စရာရှိရင် မနက်ဖြန်မှပြန်လာခဲ့ပါ "

စာရေးမက ခေါင်းတောင်လှည့်မကြည့်ဘဲ ပြန်ဖြေသည်။

" မင်းတို့က ၅နာရီမှ အလုပ်ဆင်းတာမဟုတ်ဘူးလား။ အချိန်မကျသေးပါဘူး "

ယဲ့ဖန်က စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းသည်။

" နားမလည်ဘူးလား။ အလုပ်ဆင်းပြီလို့ပြောနေတယ်လေ "

စာရေးမရဲ့စိတ်နေသဘောထားက အနည်းငယ်ဆိုးရွားနေသည်။

ယဲ့ဖန်က စိတ်မချမ်းမသာဖြစ်သွားသည်။

" အလုပ်ဆင်းရတော့မလားဆိုတာကို မင်းတို့ သူဌေးကိုခေါ်မေးသင့်လား "

ထိုစာရေးမက ချက်ချင်းပျာယာခတ်သွားသည်။

လက်ထဲကစာရွက်စာတမ်းတွေကို ဘေးချပြီး သူ့ကို လှည့်ကြည့်လိုက်သည်။

" ဘာကိစ္စလုပ်ချင်လို့လဲ "

ယဲ့ဖန်က ထိုင်လိုက်သည်။

" သီးသန့်ဘဏ်အကောင့်ဖွင့်မလို့ "

ထိုစာရေးမက သူ့ကို အကဲခတ်ပြီး အထင်သေးသည့်အသံဖြင့်ပြောလိုက်သည်။

" သီးသန့်ဘဏ်အကောင့်ဖွင့်မယ်ဆို ဘာတွေလိုအပ်လဲဆိုတာ ရှင်မသိဘူးထင်တယ်။ လူတိုင်း အဲ့လိုအကောင့်ဖွင့်လို့ရတာမဟုတ်ဘူး "

ယဲ့ဖန်က တစ်ခဏကြောင်သွားသည်။

" ငါတကယ်မသိဘူး။ ဘာတွေလိုအပ်လို့လဲ "

ထိုစကားကိုကြားတဲ့အခါ စာရေးမက ပိုလို့တောင်စိတ်မရှည်တဲ့ပုံစံဖြစ်သွားသည်။

" ကျွန်မတို့ လုံကုန်းဘဏ်မှာသီးသန့်အကောင့်ဖွင့်ချင်တယ်ဆိုရင် အနည်းဆုံး ၁၀သန်းထည့်မှရမှာ။ ရှင် ....... အဲ့လိုဆိုရင် ဖွင့်ချင်သေးလား "

သူမအသံက လှောင်သံပေါက်နေသည်။

သူမ အရှေ့ကလူငယ်လေးက ၁၀သန်းမရှိဘူးဟု တွေးနေမှန်း သိသာသည်။

သူမက ထိုသို့ပြောပြီးတဲ့နောက် ယဲ့ဖန်ကို လျစ်လျူရှုလိုက်သည်။

ဆက်ပြီးပစ္စည်းတွေသိမ်းဆည်းကာ အလုပ်ဆင်းဖို့ပြင်နေသည်။

" ဘာများလဲလို့။ ဘီလီယံနဲ့ချီပြီးရှိရမယ်မှတ်နေတာ။ ၁၀သန်းထဲဆိုရင်တော့ ကျေးဇူးပြုပြီးတစ်ခုကူဖွင့်ပေးပါဦး "

ယဲ့ဖန်က ထိုသို့ပြောပြီး ဘဏ်ကတ်ကို ရှေ့တိုးပေးလိုက်သည်။

စာရေးမက လန့်သွားပြီး သူ့ကို ကြောင်အစွာ ကြည့်နေသည်။

" ရှင် ..... ကျွန်မပြောတာမကြားဘူးလား။ အနည်းဆုံး ၁၀သန်းနော်၊ တစ်ထောင်မဟုတ်ဘူး၊ တစ်သောင်းလည်းမဟုတ်ဘူး၊ ဆယ်သန်း၊ ဆယ်သန်း "

တစ်ဖက်လူက သူမရဲ့စကားကို မကြားမှာစိုးရိမ်ပြီး ထပ်ပြောသည်။

" သေချာကြားပါတယ်။ ဟုတ်တယ်၊ ၁၀ သန်းလေ။ ဘာပြဿနာရှိလို့လဲ "

သူမက ဘာလို့ ရေးကြီးခွင်ကျယ်လုပ်နေလဲဆိုတာ ယဲ့ဖန်နားမလည်ပေ။ သူမကို အရူးတစ်ယောက်အားကြည့်နေသလို ကြည့်လိုက်သည်။

စာရေးမက ဘဏ်ကတ်ကိုယူပြီး သံသယအကြည့်ဖြင့်ကြည့်လိုက်သည်။

ထို့နောက်ကတ်ဖြတ်စက်နဲ့ ကတ်ကိုချိတ်လိုက်သည်။

" ကတ်ရဲ့ လျှို့ဝှက်နံပါတ် ရိုက်ထည့်ပါ "

ယဲ့ဖန်က ရိုက်နှိပ်ထည့်လိုက်သည်။

ထို့နောက် စာရေးမရှေ့ရှိ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ကတ်၏အချက်အလက်တွေကျလာတော့သည်။

[ နာမည် - ယဲ့ဖန် ]

[ ငွေပမာဏ - ၅၅၉,၄၅၃,၃၈၅.၅၂ ယွမ် ]

စာရေးမက ထိုနံပါတ်အရှည်ကြီးကိုတွေ့တဲ့အခါ အမြင်မှားတယ်ထင်ပြီး မျက်လုံးကိုပွတ်လိုက်သည်၊

သူမ အမြင်မမှားပေ။

သူမရှေ့က လူငယ်လေးရဲ့ ဘဏ်ကတ်ထဲမှ ငွေပမာဏက ယွမ်သန်း၅၀၀ကျော်သည်။

သူမ ဘဏ်မှာအလုပ်လုပ်လာတာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး ချမ်းသာတဲ့သူတွေအများကြီးတွေ့ဖူးသည်။

သို့ပေမဲ့ ဘဏ်ထဲမှာ ငွေအများကြီးထည့်ထားတဲ့သူကိုတော့ ပထမဆုံးတွေ့ဖူးတာဖြစ်သည်။

အများသောအားဖြင့် လူချမ်းသာတွေက ပိုက်ဆံကို ဘဏ်ထဲမထည့်တတ်ကြပေ။

ရင်းနှီးမြှုပ်နှံရေးနှင့် ငွေကြေးစီမံခန့်ခွဲရေးတို့အတွက် အဓိကသုံးကြသည်။

ဘဏ်ထဲမှာ ငွေအများကြီးရှိနေရတဲ့အကြောင်းအရင်းက တစ်ခုသာရှိနိုင်သည်။

သူ့မှာ အပြင်လုပ်ငန်းတွေအများကြီးပိုင်ဆိုင်ထားပြီးသားဖြစ်လို့ ဘဏ်ထဲမှာ မုန့်ဖိုးသဘောဖြင့်ထည့်ထားတာဖြစ်ရမည်။

ယွမ် သန်း ၅၀၀ က မုန့်ဖိုးသဘောလား။

ထိုသို့တွေးမိတဲ့အခါ စာရေးမက တစ်ကိုယ်လုံးတုန်သွားသည်။

သူမအရှေ့ကလူငယ်လေးက အရမ်းချမ်းသာမှန်း သူမ သဘောပေါက်သွားပြီဖြစ်သည်။

သူ့အပေါ်အေးစက်စက်ဆက်ဆံခဲ့တာကိုတွေးပြီး မျက်နှာက ဖြူဖျော့သွားတော့သည်။

သူမက အချိန်အတော်ကြာ မလှုပ်မယှက်ဖြစ်နေတာကိုတွေ့တဲ့အခါ ယဲ့ဖန်က ပြောလိုက်သည်။

" ဘာလဲ။ ဘဏ်ကတ်က ဘာဖြစ်နေလို့လဲ။ ကတ်လဲပေးရမလား "

အဲ့ဒီစကားကိုကြားတဲ့အခါ ထိုဝန်ထမ်းက သွေးအန်မတတ်ဖြစ်သွားသည်။

ဒီတစ်ယောက်က ဘဏ်ကတ် တစ်ကတ်ထက်ပိုပြီးရှိတာလား။

တစ်ကတ်ထဲမှာတောင် သန်း ၅၀၀ ရှိတာ တစ်ခြားကတ်တွေပါပေါင်းရင် .......

ဝန်ထမ်းက ဆက်ပြီးမတွေးရဲတော့ဘဲ မချိပြုံးပြုံးလိုက်သည်။

" တောင်းပန်ပါတယ်၊ လူကြီးမင်း။ သီးသန့်ဘဏ်အကောင့်ဖွင့်တာက အဆင့်မြင့်လုပ်ငန်းစဉ်ဖြစ်တာမလို့ ကျွန်မ အခွင့်အာဏာနဲ့မရပါဘူး။ မန်နေဂျာကို ဆက်သွယ်ပေးပါ့မယ် "

ထို့နောက် မန်နေဂျာဆီကို ဖုန်းဆက်လိုက်သည်။

" အချစ်လေး၊ ဘာလဲ ကိုယ့်ကိုတွေ့ရဖို့ မစောင့်နိုင်တော့ဘူးလား "

" ဒီလူကြီးမင်းတစ်ယောက်က သီးသန့်အကောင့်ဖွင့်ချင်လို့တဲ့ အဲ့တာ ရှင်ကိုယ်တိုင်လာမှဖြစ်မယ်ထင်တယ် "

စာရေးမက အမြန်ရှင်းပြသည်။

" သီးသန့်အကောင့်လား။ သူက အရည်အချင်းပြည့်မီရဲ့လား "

" ဒီလူကြီးမင်းရဲ့အကောင့်ကိုစစ်ပြီးပြီ။ သီးသန့်ဘဏ်အကောင့်ဖွင့်ဖို့ လုံးဝပြည့်မီတယ် "

" ကောင်းပြီ၊ ဧည့်သည်ကို ခဏစောင့်ခိုင်းထားလိုက်။ ချက်ချင်းလာခဲ့မယ် "

ဘဏ်မန်နေဂျာက အကျင့်ပျက်ချစားသူဖြစ်ပေမဲ့ သွက်လက်သည်။

ထို့ကြောင့် ဖုန်းချပြီး သုံးမိနစ်အတွင်းရောက်လာသည်။

အရင်ဆုံးသူက ဟောခန်းထဲကိုကြည့်လိုက်တဲ့အခါ ဘယ်သူ့ကိုမှမတွေ့ရပေ။

ထို့နောက် ယဲ့ဖန်ကို သံသယအကြည့်ဖြင့်ကြည့်လိုက်သည်။

" လူကြီးမင်းက သီးသန့်ဘဏ်အကောင့်ဖွင့်ချင်တဲ့သူလား "

ယဲ့ဖန်က ခေါင်းငြိမ့်လိုက်သည်။

" ဟုတ်တယ် "

ဘဏ်မန်နေဂျာက သူ့လက်ကို တင်းကျပ်စွာဆွဲနှုတ်ဆက်သည်။

" မင်္ဂလာပါ၊ ကျွန်တော်က ဖန်းမြို့ လုံကုန်းဘဏ်ခွဲ မန်နေဂျာ ဟွမ်ခိုက်ပါ။ လူကြီးမင်းနာမည်ကို သိလို့ရမလား "

" မျိုးရိုးက ယဲ့ပါ "

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ သီးသန့်ဘဏ်အကောင့်ဖွင့်တာရဲ့ လုပ်ငန်းစဉ်ကို ရှင်းပြပါရစေ "

" မလိုဘူး။ အချိန်မရှိလို့ ခင်ဗျားဘဲဖွင့်လိုက်ပါ "

ယဲ့ဖန်က သူ့ရဲ့ပေါက်တက်တရတွေကို နားမထောင်ချင်ပေ။

တစ်ဖက်သူက လုပ်ငန်းစဉ်ကိုရှင်းပြရင်း ရင်းနှီးချင်တာဖြစ်သည်။

သူ့မှာအချိန်ရှိရင် သူ့အဘိုးအဘွားနဲ့သာ ကုန်ဆုံးချင်တာဖြစ်သည်။

ဟွမ်ခိုက်၏နွေးထွေးတဲ့မျက်နှာက ယဲ့ဖန်ရဲ့အေးစက်တဲ့ပြုမူခြင်းနဲ့ ကြုံရပေမဲ့ ဘာမှမဖြစ်ဘဲ သူက ဖော်ရွေတဲ့အမူအရာနဲ့ဘဲဆက်ပြောသည်။

" အဲ့တာဆို ယဲ့လူကြီးမင်းက ဘယ်လောက် ငွေထည့်ချင်ပါသလဲ "

ယဲ့ဖန်က စာရေးမကို လှမ်းကြည့်လိုက်သည်။

" အစကတော့ သန်း ၁၀၀ ထည့်မလို့ဘဲ။ ဒါပေမဲ့ ခင်ဗျားတို့ ဝန်ဆောင်မှုကို သဘောမကျလို့။ ၁၀သန်းဘဲ အရင်ထည့်ဦးမယ် "

ဟွမ်ခိုက်က ထိုစကားကြားတဲ့အခါ ဝန်ထမ်းကို ဟိုက်ကြည့်လိုက်သည်။

ထိုဝန်ထမ်း၏မျက်နှာက ဖြူဖျော့သွားတော့သည်။

အပိုင်း (၂၂၀)

ငါလည်းမင်းကို မကာကွယ်နိုင်တော့ဘူး။

" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုကို မကျေနပ်ရင် ကျေးဇူးပြုပြီး ပြောပြပေးပါ။ သေချာပေါက် အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ပါ့မယ် "

ဟွမ်းခိုက်က အမြန်ပြောလိုက်သည်။

သီးသန့်ဘဏ်အကောင့်ဖောက်သည်များကို အဆင့်မြင့်ဖောက်သည်များအဖြစ် သတ်မှတ်ထားသည်။

ဖောက်သည်တစ်ဦးက အကောင့်ထဲကို စုဆောင်းငွေများများထည့်လေ၊ ဝန်ဆောင်မှုပေးရသော သူတို့ကော်မရှင်ခပိုများလေလေဖြစ်သည်။

ထိုအပြင် နှစ်ကုန်ခါနီးနေပြီဖြစ်ပြီး သူတို့ဘဏ်ခွဲရဲ့လုပ်ဆောင်မှုတွေက သိပ်မကောင်းသေးပေ။

ဒါကြောင့် ယဲ့ဖန်လို ချမ်းသာတဲ့ဖောက်သည်မျိုး အလောတကြီးလိုအပ်နေတာဖြစ်သည်။

ထို့ကြောင့် ဒူးဘဲထောက်ရထောက်ရ ပြေးဘဲလျက်ရလျက်ရ လုပ်ဖို့အသင့်ဖြစ်နေသည်။

သို့ပေမဲ့ ယဲ့ဖန်ကတော့ သူ့ကို အဖတ်တောင်မလုပ်ပေ။

" အလုပ်ရှုပ်နေတယ်။ အကြောင်းပြချက်ပေးဖို့ အချိန်မရှိဘူး။ မြန်မြန်သာဖွင့်ပေးပါ "

ဟွမ်ခိုက်က ရွေးစရာမရှိတော့ဘဲ အကောင့်ကို နာခံစွာဖွင့်ပေးလိုက်ရသည်။

တစ်ချိန်တည်းမှာဘဲ စာရေးမကို လှမ်းစိုက်ကြည့်လိုက်သည်။

အဲ့အရူးမက ဒီဖောက်သည်အကြီးစားကို တစ်ခုခုပြဿနာရှာထားတာဖြစ်လိမ့်မည်။

အခုတော့ သန်း ၁၀၀ ဖိုးစာ ဝန်ဆောင်ခ လုပ်ဆောင်ချက် လျော့နည်းသွားပြီဖြစ်သည်။

အကောင့်ဖွင့်ပြီးတာနဲ့ သူမနဲ့ စာရင်းရှင်းရမည်ဖြစ်သည်။

စာရေးမကလည်း ဒုက္ခရောက်ပြီဆိုတာ သိလိုက်သည်။

ထို့ကြောင့်နေရာမှာတင်ဘဲ ငေးငိုင်စွာရပ်နေသည်။

ဘယ်လိုလုပ်ရမလဲမသိပေ။

ဟွမ်ခိုက်က ယဲ့ဖန်က လျင်မြန်စွာ အကောင့်ဖွင့်ပေးလိုက်သည်။

ထို့နောက် လှပတဲ့အနက်ရောင်ဘဏ်ကတ်လေးကို ပေးလိုက်သည်။

" ယဲ့လူကြီးမင်း၊ အကောင့်ဖွင့်ပြီးပါပြီ။ ဒီမှာ ငွေကြေးထိန်းသိမ်းမှုဆိုင်ရာပစ္စည်းများစွာရှိပါတယ်။ ကြည့်ချင်သေးပါသလား "

ယဲ့ဖန်က ဘဏ်ကတ်ကိုယူပြီး ခေါင်းခါလိုက်သည်။

" အဲ့လိုဟာတွေ လိုမယ်ထင်နေလို့လား "

ထို့နောက် မဲ့ပြုံးပြုံးပြီး ထွက်သွားသည်။

သူထွက်သွားတဲ့အခါ ဟွမ်ခိုက်က စာရေးမကို စိုက်ကြည့်သည်။

လက်သီးကို တင်းကျပ်စွာဆုပ်လိုက်သည်။

သတ်တာက တရားမဝင် မဟုတ်ပါက ဒီအရူးကို လည်ပင်းညှစ်သတ်ပစ်မှာဖြစ်သည်။

ဝန်ထမ်းစာရေးမကလည်း ဆက်မထိန်းထားနိုင်တော့ဘဲ ငိုကြွေးသည်။

" မန်နေဂျာ၊ ကျွန်မ မှားသွားပါတယ် "

ဟွမ်ခိုက်က သူမ မျက်နှာကို လက်ညှိုးထိုးလိုက်သည်။

" မှားသွားတာလား။ မင်းက သန်း ၁၀၀ တန်ဖောက်သည်ကို လက်လွှတ်အောင်လုပ်လိုက်တာလေ။ မှားသွားပါတယ်ပြောတာနဲ့ ရမှာလား "

ထိုဝန်ထမ်းက သူ့လက်ကို ဆွဲပြီးပြောသည်။

" မန်နေဂျာ၊ သူက အရမ်းချမ်းသာမှန်း ကျွန်မ မသိခဲ့လို့ပါ။ သူက အရမ်းငယ်ပြီးတော့ ....... "

ဟွမ်ခိုက်က စကားကိုဖြတ်ပြောလိုက်သည်။

" မင်း ငါ့ကို ထပ်ပြီးရှင်းပြစရာမလိုတော့ဘူး။ ငါ သေချာပြောမယ်။ မင်းကို အလုပ်ထုတ်လိုက်ပြီ "

ထိုဝန်ထမ်းက လန့်သွားပြီး သက်ညှာပေးဖို့တောင်းပန်သည်။

" မန်နေဂျာ၊ ခွင့်လွှတ်ပြီး အခွင့်အရေးလေးထပ်ပေးပါ။ ဒီလိုအမှားမျိုး နောက်ထပ်မရှိစေရပါဘူး "

ဟွမ်ခိုက်က ဟွန်းခနဲ နှာခေါင်းထဲမှလေမှုတ်ထုတ်လိုက်ပြီး လက်ကို ပုတ်ထုတ်လိုက်သည်။

" အခွင့်အရေးပေးရမှာလား။ မင်းလုပ်တဲ့အမှားက ကြီးလွန်းတယ်။ အကြီးအကဲတွေသာသိသွားရင် ပိုရှုပ်ကုန်လိမ့်မယ်။ တောင်းပန်ပါတယ်၊ ငါလည်း မင်းကို ကာကွယ်မပေးနိုင်ဘူး "

စာရေးမက ဆက်တောင်းပန်သည်။

" ကျွန်မ ရှင်နဲ့ အများကြီးအိပ်ဖူးတယ်လေ။ ရှင်ပြောတော့ ကာကွယ်ပေးမယ်ဆို ဘာလို့ မျက်နှာလွှဲခဲပစ်လုပ်ရတာလဲ "

ထိုစကားကိုကြားတဲ့အခါ ဟွမ်ခိုက်က သက်ပြင်းချလိုက်သည်။

" ငါမင်းကို ကာကွယ်ချင်ပေမယ့် ဒီတစ်ခေါက် မင်းလုပ်ရပ်က တော်တော်ဒုက္ခဖြစ်သွားတာ။ မင်းဘက်ကအရင် နှုတ်ထွက်စာတင်လိုက်။ နောက်အလုပ်တစ်ခုရှာဖို့ ကူညီပေးနိုင်မယ့်နည်းလမ်းကို ငါစဉ်းစားလိုက်မယ် "

စာရေးမလေးက ချက်ချင်း မြေပြင်ပေါ်ကိုထိုင်ပြီး ငိုတော့သည်။

သူမကို အလုပ်သစ်တစ်ခုပေးလိုက်ရင်တောင်မှ အစကနေ ပြန်စလုပ်ရမည်ဖြစ်သည်။

ဘဏ်မှာ လုပ်ရသလောက် အေးအေးဆေးဆေး ဘယ်လိုနေနိုင်တော့မှာလဲ။

ဒါက သူမရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်ဖြစ်ခဲ့သည်။

သူမက ဖောက်သည်အကြီးစားကို ရိုင်းပြမိခဲ့သည်။

ထို့ကြောင့် သူမ၏အနာဂတ်သည်လည်း ပျက်စီးသွားခဲ့ရသည်။

……………………

ဘဏ်ကထွက်လာပြီးနောက် ဘာဖြစ်တွေသွားမှန်း ယဲ့ဖန်ကတော့ မသိချေ။

သူ့အဘိုးအဘွားတွေအတွက် ကိုယ်ပိုင်ဘဏ်အကောင့်တစ်ခုဖွင့်ပေးနိုင်ခဲ့သည်။

သူ့စိုးရိမ်မှုတွေကို ဖြေရှင်းလိုက်တယ်လို့လည်း ယူဆနိုင်သည်။

သူ စိတ်အခြေအနေကောင်းနေသည်။

ယဲ့ဖန်က သီချင်းလေးညည်းပြီး သူ့ကားပေါ်တက်ကာ မောင်းထွက်တော့မည့်အချိန်မှာဘဲ အမျိုးသမီးတစ်ဦး၏ ညည်းတွားနေသည့်အသံကို ရုတ်တရက်ကြားလိုက်ရသည်။

" ယဲ့ဖန်၊ ငါ့ကိုကယ်ပါဦး ....... "

လှည့်ကြည့်လိုက်တော့ ကျိုးရှုယောင်း တရွတ်တိုက်ဆွဲလာသည်ကို သူမြင်လိုက်ရသည်။

သူမ၏ဆံပင်က ညစ်ပတ်နေပြီး အဝတ်အစားတွေကလည်း ရှုံ့တွနေသည်။

သူမသည် ဘီးကျိုးနေသော ခရီးဆောင်အိတ်တစ်လုံးကိုလည်း သယ်လာနေသည်။

အသွင်အပြင်က အတော်လေးသနားစရာကောင်းနေသည်။

ယဲ့ဖန်က သူမဆီ အမြန်သွားလိုက်သည်။

" ဘာဖြစ်တာလဲ။ လုယက်ခံရတာလား "

ကျိုးရှုယောင်းသည် အသက်ရှုကြပ်နေပြီး ယဲ့ဖန်အပေါ်ပိုင်းကို မှီလိုက်သည်။

" မမေးနဲ့ဦး။ နင့်ကားထဲမှာ ရေရှိလား။ ရေအရင်သောက်ပါရစေဦး၊ ရေငတ်သေတော့မယ် "

ယဲ့ဖန်က ရေတစ်ပုလင်းကို ကားပေါ်မှ အမြန်သွားယူပေးကာ အဖုံးဖွင့်ပြီး သူမပြီး ပေးလိုက်သည်။

ကျိုးရှုယောင်းက အမြန်ခေါင်းကို မော့ပြီး ရေသောက်လိုက်သည်။

ရေသန့်တစ်ဘူးလုံး အမြန်ကုန်သွားသည်။

ထိုအခါမှ သူမ နေလို့ပိုကောင်းလာတော့သည်။

ယဲ့ဖန်က သူမပြန်ကောင်းလာတာကိုမြင်တော့ ထပ်မေးသည်။

" ဘာဖြစ်လာတာလဲ။ ငါ နင့်ကို တနေကုန် ဖုန်းခေါ်နေတာ။ ဘာလို့ မကိုင်တာလဲ "

ကျိုးရှုယောင်း၏ မျက်နှာက ခါးသီးနေပုံရသည်။

" ပြောမနေနဲ့တော့။ ဒီနေ့က တကယ့်ကို ကံဆိုးတဲ့နေ့ဘဲ။ ဒီနေ့ ရထားဘူတာကို ရောက်တော့မှ ဖုန်းမယူလာမိတာ သိလိုက်ရတယ်။ ရထားထွက်တော့မှာမလို့ ပြန်ယူချိန်မရှိလိုက်ဘူး ........ "

ထိုမှသာ ယဲ့ဖန်နားလည်သွားခဲ့သည်။

သူမကို ဆက်သွယ်လို့မရတာ မထူးဆန်းတော့ပေ။

ကျိုးရှုယောင်းရဲ့ ထူးဆန်းတဲ့ပုံစံကို တွေးမိပြီး ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။

" နင် ဖုန်းမကိုင်ရင်တောင် သူတောင်းစားတစ်ယောက်လို ဖြစ်အောင်လုပ်စရာမလိုဘူး မဟုတ်လား "

ကျိုးရှုယောင်းက သူ့ကို မျက်စောင်းထိုးလိုက်သည်။

" မိုးရွာတော့ မိုးမိတယ်။ ရထားပေါ်က ဆင်းခါနီးကျမှ ပိုက်ဆံအိတ်ပါ ပျောက်သွားတာကို သိလိုက်ရတယ်။ အဲ့ဒီတော့ ငါ့မှာ တစ်ပြားမှမရှိလို့ လမ်းလျှောက်ပြန်လာရတာလေ ...... "

ယဲ့ဖန်သည် ထိုစကားကိုကြားပြီးတဲ့အခါမှာတော့ မထိန်းနိုင်တော့ဘဲ ခေါင်းကိုမော့ကာ ကျယ်လောင်စွာရယ်မောလိုက်သည်။

သူ့ရှေ့မှာ ကျိုးရှုယောင်းက အမြဲတမ်းထက်မြက်ပြီး အရည်အချင်းရှိတဲ့သူတစ်ယောက်အဖြစ်သာရှိနေတတ်သည်။

ဒီလို သနားစရာကောင်းတဲ့ အခိုက်အတန့်တွေ ရှိလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။

ကျိုးရှုယောင်းသည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေပြီဖြစ်ပြီး အခု သူမကို လှောင်ရယ်နေတာ တွေ့လိုက်သောအခါ မကျေနပ်ချက်မျိုးစုံ သူမနှလုံးသားထဲ ပေါက်ဖွားလာခဲ့တော့သည်။

ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။

" ငါက ဒီလောက်ဆင်းရဲတဲ့အနေအထားဖြစ်နေတာကို နင်က ရယ်နိုင်သေးတာလား။ ငါ့ခရီးဆောင်အိတ်က ဘီးပြုတ်သွားတဲ့အပြင် ဒေါက်မြင့်ဖိနပ်က ကျိုးသွားလို့ ခြေကျင်းဝတ်တွေ နာနေတာကို နင်က ငါ့ကို ရယ်တယ် .......... "

သူမ စကားပြောလေလေ ပိုဝမ်းနည်းလာလေလေဖြစ်သည်။

အဆုံးမှာတော့ သူမ မျက်ရည်ကျလာတော့သည်။

ယဲ့ဖန်က ရယ်နေတာ ချက်ချင်းရပ်သွားသည်။

လမ်းဘေးက ခုံမှာ ထိုင်ဖို့ ကူပေးလိုက်ပြီး ထိုင်စေလိုက်သည်။

ထို့နောက် ခြေထောက်ကို မြှောက်ကိုင်လိုက်သည်။ အနည်းငယ်ယောင်နေတဲ့ ခြေကျင်းဝတ်ကို စမ်းမိသွားသည်။

" ဟူး၊ နင်က တကယ်ကို အရူးမလေးဘဲ။ ဘာပြောရမလဲ "

ယဲ့ဖန်က ခေါင်းကို ခါပြီး သက်ပြင်းချလိုက်သည်။

ထို့နောက် သူမရဲ့ကျိုးနေတဲ့ဒေါက်ဖိနပ်ကို ချွတ်ပေးပြီး ယောင်နေတဲ့ခြေကျင်းဝတ်ကို နူးညံ့စွာ နှိပ်နယ်ပေးသည်။

ကျိုးရှုယောင်း ငိုတာရပ်သွားပေမဲ့ မျက်နှာပေါ်မှာ မျက်ရည်စတွေရှိနေသေးသည်။

လှပတဲ့မျက်ဝန်းတစ်စုံက သူ့ကို ငေးကြည့်နေသည်။

ထိုအချိန်တွင် သူမ တစ်နေကုန်ကြုံခဲ့တဲ့ မကျေနပ်ချက်တွေက မပြောပလောက်အောင် ပျောက်သွားတော့သည်။

All Chapters