← Chapters

အပိုင်း ၂၃၇-၂၄၀

Vol. 12 Ch. 237-340

အပိုင်း ၂၃၇-၂၄၀

Vol. 12 Ch. 237-340

အပိုင်း ( ၂၃၇ )

အချမ်းသာဆုံးလူမှ တောင်းပန်ရခြင်း။

ရှန်ဂရီလာဟိုတယ်တွင်ဖြစ်ခဲ့သည့် အဖြစ်အပျက်က ဖန်းမြို့တစ်ခုလုံးကို ဆူနာမီကဲ့သို့ နေရာတိုင်းပျံ့နှံ့သွားသည်။

အထူးသဖြင့် နေရာမှာရှိနေခဲ့ကြတဲ့ ယဲ့ပေါက်ကော၏အိမ်နီးချင်းတွေက သူတို့မြင်ခဲ့ကြသည့်အကြောင်းအရာကို နောက်တစ်နေ့မနက်တွင် ပုံပြင်သဖွယ်ပြောပြတော့သည်။

" အမှန်တိုင်းပြောရရင် အဝေးကြီးက တွေ့ခဲ့ရတယ်ဆိုရင်တောင် တစ်သက်လုံးကြွားလို့ရနေတော့မှာ "

" တကယ်ကြီးလား။ အဲ့လောက်တောင် ကြောက်စရာကောင်းတာလား။ ချဲ့ကားနေတာတော့မဟုတ်ဘူးမလား "

" ငါက လိမ်ပါ့မလား။ မယုံရင် အဘိုးကြီးကျောင်းနဲ့ တခြားသူတွေကိုမေးကြည့်။ ငါတို့အားလုံး မျက်လုံးနဲ့တပ်အပ်မြင်ခဲ့ရတာ "

" စားပွဲက ကုန်ကြမ်းတွေတင် ယွမ် ၅ သန်းဖိုးလောက်တန်တာဆို၊ ဟုတ်လား။ မကြီးကျယ်လွန်းဘူးလားအေ၊ တစ်ဝိုင်းကို ၅သန်းတောင်ဆိုတာကြီးက "

" အဲ့တာက ကိစ္စအသေးလေးတင်ပါ။ ရှောင်ဖန်က အခုဆို အရမ်းချမ်းသာနေတာလေ။ ယွမ် ၅သိန်းက သူ့အတွက် ဘာမှမဟုတ်လောက်ဘူး "

" ငါဖြင့် အခုထိတောင် မယုံနိုင်သေးဘူး။ ငါတို့မြို့က အချမ်းသာဆုံးလူကတောင် ဒုတိယဝိုင်းမှာထိုင်ရတာတဲ့။ သူကဖြင့် အဓိကစားဝိုင်းမှာထိုင်ဖို့တောင် အရည်အချင်းမပြည့်ဘူး "

" ငါတို့အတွက် လူကြီးမင်းထျန်းက ဂန္တဝင်ပုဂ္ဂိုလ်ဆိုပေမဲ့ ရှောင်ဖန်မျက်လုံးထဲမှာတော့ သူ့ကို သူဌေးလို့တောင် မသတ်မှတ်ဘူး။ အဲ့တာက ကွာခြားချက်ဘဲ "

" နင်ကတော့ ပိုပိုပြီး ချဲ့ကားနေသလိုဘဲအေ။ ရှောင်ဖန်က ဘယ်လောက်ဘဲ အင်အားကြီးကြီး သူက အခုမှ အသက် ၂၀ ဘဲရှိသေးတာလေ။ ဘယ်လိုလုပ်ပြီး ကမ္ဘာ့အချမ်းသာဆုံးလူလို ပြောနေရတာလဲ "

" နင် ရှောင်ဖန်ရဲ့ ဟိတ်ဟန်ကို မမြင်လိုက်လို့ပါ။ ကမ္ဘာ့အချမ်းသာဆုံးလူကတောင် သူ့လောက် အထင်ကြီးစရာကောင်းမယ်မထင်ဘူး "

" ဟုတ်တယ်၊ နင်တို့ မမြင်လိုက်လို့။ ကျုံးဟိုင်က သူဌေးအကြီးစားတွေကတောင် ရှောင်ဖန်ကို ဦးညွတ်ကြရတာ "

" ပြီးတော့ ငါတို့နိုင်ငံရဲ့ နာမည်အကြီးဆုံး ရှချူးတောင်ရောက်လာသေးတယ်။ နာမည်ကြီးကို အပြင်မှာတွေ့ဖူးတာ ပထမဆုံးဘဲ။ အိပ်မက်မက်နေသလိုပါဘဲအေ "

" အဲ့တာ ဘာမှမဟုတ်သေးဘူး။ ဟိုလူလေ၊ သူ့ညီမကတောင်လာတာ။ ဒါဆို ရှောင်ဖန်အင်အား ဘယ်လောက်ရှိလဲဆိုတာ သိလိုက်တော့ "

" ဘုရားရေ၊ အဲ့လိုလူကတောင် ငါတို့မြို့ထဲရောက်လာတာတဲ့လား။ ဘယ်လောက်တောင် မယုံနိုင်စရာကောင်းလဲ "

" တော်ပါအေ၊ အဲ့လောက်ကြွားဝါမနေပါနဲ့။ သူ ဘယ်လောက် အင်အားရှိရှိ ငါတို့နဲ့ ဘာဆိုင်လဲ "

" ဘာလို့ ဘာမှမဆိုင်ရမှာလဲ။ ရှောင်ဖန်ကြောင့် ငါတို့ရပ်ကွက်မြေဈေးတွေတက်တော့မှာလေ။ ငါတို့အိမ်ကို ရောင်းမလားလို့တောင် တစ်ချို့က ဖုန်းဆက်နေကြသေးတယ် "

" တကယ်ကြီးလား။ အဲ့လိုကောင်းတဲ့ကိစ္စရောရှိသေးတာလား။ အဲ့လိုဆို ငါတို့ဘဝတောက်ပြောင်တော့မှာလား "

" လိမ်တော့ရောလာရမှာလဲ။ ငါတို့ရပ်ကွက်မှာ သူဌေးကြီးရှိတော့ သူတို့က ငါတို့ရပ်ကွက်ရဲ့ ဖုန်းရွှေ(နေရာတည်ခင်းအနေအထား)က ကောင်းတဲ့အပြင် သူဌေးကြီးနဲ့ အနီးကပ်နေရတာ ကောင်းတယ်လို့ ထင်လို့နေမှာပေါ့။ အဲ့တာကြောင့် သူတို့က အိမ်ဝယ်ချင်နေကြရော "

" ဘယ်လောက်ပေးမှာတဲ့လဲ။ ဈေးနှိမ်မယ်လို့တော့ မပြောနဲ့နော် "

" စိတ်ချထားလိုက်။ သူတို့ပေးတဲ့ဈေးက အတော်လေးသင့်တင့်တယ်။ အရင်ကဆို ငါတို့ရပ်ကွက်မြေဈေးကို တစ်မီတာပတ်လည်တောင် ယွမ် ၁၀၀၀ မပေးချင်ကြဘူး။ အခု သူတို့က တစ်မီတာပတ်လည်ကို ယွမ် ၆၀၀၀ ပေးမယ်တဲ့ "

" ဘုရားရေ၊ ဘယ်လောက်တောင် ဈေးမြင့်သွားတာလဲ။ ငါတို့ရပ်ကွက်ထဲမှာ အကောင်းဆုံးနေရာတောင်မှ ယွမ် ၅ထောင်/၆ထောင်ဘဲပေးတာ မဟုတ်လား။ သူတို့ဝယ်ချင်ကြသေးလား။ ငါ့အိမ်ကိုရောင်းမယ် "

" ရူးနေလား။ နောက်ဆိုရင် ဝယ်ချင်တဲ့သူတွေက ပိုများလာမှာ။ အဲ့ကျ ဈေးက မိုးထိုးနေမှာဘဲ။ အခုရောင်းတဲ့သူကတော့ ရူးနေလို့ဘဲဖြစ်မယ် "

" ဒီလိုသာဆို ငါတို့က ရှောင်ဖန်ကြောင့် ကောင်းစားတော့မှာပေါ့ "

" ဒါက အပင်ကောင်းလို့ ငှက်တစ်သောင်းနားရတယ်ဆိုတာမျိုးမလား "

" နင်ကတော့ ခွေး "

" ............. "

ယဲ့ဖန်က အိမ်နီးချင်းတွေရဲ့ ရပ်ကွက်ထဲမှ အိမ်ဈေးတွေတက်တာက သူ့ကြောင့်ဆိုပြီး ဆွေးနွေးနေတာကိုကြားတဲ့အခါ ရယ်ချင်မိသည်။

သို့ပေမဲ့ တစ်ချိန်တည်းမှာဘဲ ငွေနံ့ရသည်။

ဒီအကြောင်းကို လူတွေအများကြီးမသိသေးခင် သူက အရင်အိမ်တွေကြိုဝယ်ထားလိုက်ရမလား။

ဈေးတက်လာမှ သူပြန်ရောင်းရင်ရလေသည်။

ဒါပေမဲ့ ယဲ့ဖန်တွေးရုံသာတွေးတာဖြစ်သည်။

သူ့လက်ရှိဝင်ငွေနဲ့သာဆို အကျိုးအမြတ်ရဖို့အတွက် ဒီအိမ်နီးချင်းတွေနဲ့ ယှဉ်ဖို့မလိုပေ။

သူ့အိမ်နီးချင်းတွေက တစ်ဘဝလုံးပင်ပန်းဆင်းရဲခဲ့ကြရသူတွေဖြစ်သည်။

အကယ်၍ သူ့ကြောင့် သူတို့အကျိုးအမြတ်ရမယ်ဆို ဒါကုသိုလ်ကောင်းမှုဘဲမဟုတ်လား။

ယဲ့ဖန် ထိုသို့တွေးရင်း ထွက်လာတဲ့အခါ အိမ်နီးချင်းတွေကတွေ့ပြီး လေးလေးစားစားနှုတ်ဆက်ကြသည်။

" ရှောင်ဖန်၊ ကောင်းသောမနက်ခင်းပါ "

" ရှောင်ဖန်လို့ခေါ်လို့ရော ရရဲ့လား။ ယဲ့လူကြီးမင်းလို့ခေါ်ရမှာမဟုတ်လား "

" ဟုတ်တယ်၊ ဟုတ်တယ်။ အချိန်တွေက မတူတော့ဘူး။ ငါတို့ အခေါ်ပြောင်းရမယ် "

" ကောင်းသောမနက်ခင်းပါ၊ ယဲ့လူကြီးမင်း "

" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း "

သူတို့က သူ့ကို တရိုတသေကြီးခေါ်နေတဲ့အခါ ယဲ့ဖန် နေရခက်စွာပြုံးလိုက်သည်။

" အားလုံးဘဲ ဒီလိုမလုပ်ကြပါနဲ့။ အရင်ကလိုဘဲ ခေါ်ကြပါ "

လူအုပ်ထဲက ဝူပေါလိုင်က အမြန်ခေါင်းခါလိုက်သည်။

" ဘယ်လိုလုပ်ပြီး ခေါ်ရဲမှာလဲ။ စီးပွားရေးလောကက ပညာရှင်ကြီးတွေကတောင် ယဲ့လူကြီးမင်းလို့ခေါ်တာ ငါတို့က ဘာအဆင့်ရှိလို့လဲ "

ယဲ့ဖန် အားလုံးကို ဖြတ်ခနဲကြည့်လိုက်သည်။

" ကျွန်တော် ငယ်ငယ်တုန်းကည်းက ဆင်းရဲခဲ့ချိန်မှာ အားလုံးက ကူညီပေးခဲ့တဲ့ ကြင်နာမှုကို အမြဲတမ်းသတိရနေမှာပါ။ အပြင်မှာ ဘာဘဲလုပ်နေပါစေ အားလုံးအတွက်တော့ အငယ်ပါဘဲ "

အိမ်နီးချင်းတွေက ထိုစကားကြောင့် ပီတိဖြစ်ကြရသည်။

ယဲ့ဖန်က တကယ်ကို နဂါးလိုအဆင့်ရှိတဲ့သူဖြစ်သည်။

ဖန်းမြို့၏အချမ်းသာဆုံးသူကတောင် ယဲ့ဖန်ကို မျက်နှာသာလုပ်ရပေမဲ့ ယဲ့ဖန်က သူ့ကိုယ်သူ သူတို့အရှေ့မှာ အငယ်တစ်ယောက်အဖြစ်နှိမ့်ချသည်။

ဒီလိုစိတ်မျိုးက လူတိုင်းမှာ မရှိနိုင်ပေ။ ယဲ့ဖန် ဒီလိုအောင်မြင်နိုင်တာ အံ့ဩစရာမဟုတ်တော့ပါ။

ယဲ့ဖန်က အိမ်နီးချင်းတွေနဲ့ ခဏကြာစကားပြောပြီးတဲ့နောက် ကားမောင်းထွက်ဖို့ပြင်နေချိန်မှာဘဲ အနက်ရောင် Bentley ကားက ရုတ်တရက် သူတို့ရပ်ကွက်ထိပ်နားတွင်ရပ်သွားသည်။

ထို့နောက် ထျန်းဖုကွေ့က ဆင်းပြီးပြေးလာသည်။

" ယဲ့လူကြီးမင်း၊ အပြင်သွားမလို့ပါလား "

ယဲ့ဖန်က သူ့ကို အံ့ဩစွာကြည့်လိုက်သည်။

" ဘာလို့ ဒီရောက်နေတာလဲ "

ထျန်းဖုကွေ့၏သဘောထားက အလွန်လေးစားနေသည့်ပုံပေါ်သည်။

" မနေ့ညက ကျွန်တော် မျက်ကန်းဖြစ်ခဲ့ပြီး ယဲ့လူကြီးမင်းကို စော်ကားမိခဲ့ပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်။ အဲ့တာကြောင့် ဖန်းမြို့က မပြန်မချင်း လူကြီးမင်းရဲ့ ယာဉ်မောင်းအဖြစ် ကျေကျေနပ်နပ်ကြီး လုပ်ပေးပါရစေ "

သူ့စကားကိုကြားတဲ့အခါ ............ အိမ်နီးနားချင်းတွေ အားလုံးက အံ့အားသင့်သွားကြသည်။

" ငါ ..... ငါ ကြားတာမမှားဘူး မဟုတ်လား။ ထျန်းလူကြီးမင်းက ရှောင်ဖန်ရဲ့ ယာဉ်မောင်းဖြစ်ပေးမှာတဲ့လား "

" အို ဘုရားရေ။ ငါ့မျက်စိနဲ့သာ မမြင်ခဲ့ရရင် ငါ့ကို သတ်ပစ်ရင်တောင် ယုံမှာမဟုတ်ဘူး "

" ဒါက တကယ်ဘဲ ထျန်းလူကြီးမင်းမှ ဟုတ်ရဲ့လား။ သူက ဖန်းမြို့မှာ အချမ်းသာဆုံးဖြစ်တာတောင် ရှောင်ဖန်ရဲ့ ကားမောင်းဖြစ်ပေးမှာတဲ့လား "

" မင်း နားမလည်ပါဘူး။ ထျန်းလူကြီးမင်းက မနေ့က တန်းမိသားစုဘက်ကနေ ပွဲတက်ခဲ့ပြီး ရှောင်ဖန်ကို စော်ကားခဲ့မိတာလေ။ မြန်မြန်မတောင်းပန်ရင် နောက်ဆက်တွဲဆိုးကျိုးတွေက အရမ်းပြင်းထန်လိမ့်မယ် "

" မင်းတို့ အခုနက ပြောနေကြတုန်းက ငါ နည်းနည်း သံသယဖြစ်မိပေမယ့် အခုတော့ မျက်စိနဲ့တပ်အပ်မြင်လိုက်ရတော့ ရှောင်ဖန်က ဘယ်လောက်ကြောက်စရာကောင်းလဲ နောက်ဆုံးတော့ သိလိုက်ရပြီ "

" ........ "

အိမ်နီးနားချင်းများ၏တီးတိုးပြောသံများက ယဲ့ဖန်၏နားထဲသို့ရောက်လာကာ သူ ခေါင်းခါပြီး ပြုံးပြရုံမှတစ်ပါး သူ မတတ်နိုင်ပေ။

" ဒါရိုက်တာထျန်း၊ ဒီလိုမလုပ်သင့်ပါဘူး။ မနေ့ညက အဖြစ်အပျက်ကို စိတ်ထဲမှာ မထားပါဘူး "

ထျန်းဖုကွေ့၏ သဘောထားက ရိုးသားသည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော် မင်းကိုတကယ်ကူညီချင်တာပါ။ ဒီလိုအခွင့်အရေးကို ပေးမယ်လို့ မျှော်လင့်ပါတယ်။ တောင်းပန်နေတယ်လို့ဘဲ သဘောထားလိုက်ပါ "

သူ့အမူအရာက ရိုးရိုးသားသားဖြစ်နေပြီး အတုအယောင်လုပ်နေပုံမပေါ်တာကြောင့် ယဲ့ဖန် ခေါင်းငြိမ့်ပြီးသာ သဘောတူလိုက်သည်။

" ဒါဆို ခင်ဗျားကို ဒုက္ခပေးရတော့မှာဘဲ "

ထျန်းဖုကွေ့က အလွန်ဝမ်းသာသွားပြီး ကားတံခါးကို အမြန်ဖွင့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး ကားထဲဝင်ပါ "

အပိုင်း ( ၂၃၈ )

အချမ်းသာဆုံးသူက တစ်စုံတစ်ယောက်ရဲ့ ကားသမားဖြစ်နေနိုင်လား

ယဲ့ဖန်သည် Bentley ကားနောက်ခန်းတွင် သဘာဝကျကျထိုင်လိုက်ပြီး တစ်ချိန်တည်းမှာဘဲ ထျန်းဖုကွေ့ကို စိုက်ကြည့်လိုက်သည်။

ထိုအချိန်တွင် ယဲ့ဖန် နောက်ကြည့်မှန်ထဲမှ ထျန်းဖုကွေ့၏မျက်လုံးအောက်တွင် မျက်ကွင်းညိုနေသည်ကို မြင်လိုက်ရသည်။

" ထျန်းလူကြီးမင်း၊ ခင်ဗျား မနေ့ညက ကောင်းကောင်းမအိပ်ရသေးဘူးလား "

ထျန်းဖုကွေ့က ခါးသက်သက်သာပြုံးလိုက်ပြီး ကားမောင်းတာကို အာရုံစိုက်နေလိုက်သည်။

" မနေ့ညက သူငယ်ချင်းဟောင်းတော်တော်များများက ယဲ့လူကြီးမင်းရဲ့ အခြေအနေအကြောင်းမေးဖို့ ဖုန်းဆက်ကြတော့ မနက်လေးနာရီအထိ မအိပ်ခဲ့လိုက်ရဘူး "

ယဲ့ဖန် အနည်းငယ်အံ့သြသွားသည်။

" သတင်းပြန့်တာက မြန်လိုက်တာ "

" ယဲ့လူကြီးမင်းကတော့ မသိနိုင်ပေမယ့် ဖန်းမြို့မှာရှိ တဲ့ အထက်တန်းအသိုင်းအဝိုင်းတစ်ခုလုံးက လူကြီးမင်းရဲ့ဒဏ္ဍာရီတွေကို စတင်ပြောဆိုနေကြပြီ "

ယဲ့ဖန်၏ စိတ်ဝင်စားမှု မြင့်တက်သွားသည်။

" သူတို့ ဘာပြောကြလဲ "

" ဘယ်လိုတွေဘဲဖြစ်ဖြစ် အားလုံးက နတ်ဘုရားဆန်တာတွေချည်းဘဲ။ သူတို့အားလုံးသဘောတူတဲ့ ကိစ္စကြီးတစ်ခုတော့ရှိတယ်။ ယဲ့လူကြီးမင်းက မြို့တော်မှာရှိ မိသားစုကြီးတစ်ခု၏ တရားမ၀င်သားဖြစ်တယ်ဆိုတာရယ်၊ ငယ်ငယ်လေးကတည်းက အပြင်မှာ ကြီးပြင်းလာခဲ့ပြီး မကြာသေးခင်ကမှ ကြီးမားတဲ့ မိသားစုစီးပွားရေးကို အမွေဆက်ခံခဲ့တယ်ဆိုတဲ့အကြောင်းရယ်။ ပြီးတော့ လူကြီးမင်းက ဇာတိမြေကို ပြန်လာပြီး အာဏာရှိလာတယ်ဆိုတာ ...... "

" .......... ဒီလူတွေက ဝတ္ထုတွေ အများကြီးဖတ်ဖူးကြပုံရတယ် "

" ဟုတ်တယ်၊ ဒီထက်ပိုပြီး မယုံကြည်နိုင်စရာတွေ ရှိသေးတယ်။ တချို့က လူကြီးမင်းကို နတ်ဘုရားတွေ၊ နတ်ဆိုးတွေနဲ့ တိုင်တည်၊ နှလုံးသားကိုစတေးပြီးတော့ အနာဂတ်ကို ခန့်မှန်းနိုင်တာတဲ့။ အဲ့တာကြောင့် လူကြီးမင်းက အချစ်ရေးမကောင်းသေးဘဲ၊ စီးပွားရေးမှာတင် အောင်မြင်နေတာလို့ တချို့က ပြောကြတယ် "

" ဟမ်၊ အဲ့တာကမှ ပိုယုံရသေးတယ် "

" ဟားဟား၊ နောက်ကောလဟာလတစ်ခုရှိသေးတယ်။ လူကြီးမင်းက ပြည်နယ်ကြီးကသူရဲ့ယောက်ဖဖြစ်တာကြောင့် လူကြီးမင်းက ကျုံးဟိုင်းမှာ လူတွေအများကြီးကို သတ်ဖို့ အခွင့်ထူးရတာတဲ့ ....... "

ထိုစကားကို ယဲ့ဖန် ကြားလိုက်တဲ့အခါ သူ့အမူအရာက မှုန်သုန်သွားသည်။

" အဲ့လိုရည်ရွယ်ချက်နဲ့သူတွေကို အပြစ်ပေးသင့်တယ် "

ထျန်းဖုကွေ့က ချက်ချင်း ပြန်ပြောလိုက်သည်။

" ယဲ့လူကြီးမင်း၊ စိတ်မပူပါနဲ့။ အနာဂတ်မှာ ဒီလို ကောလာဟလတွေကို ထပ်ပြီးဖြန့်တဲ့သူတွေကို ကျွန်တော်က သူတို့လျှာကို ဆွဲထုတ်ပစ်လိုက်ပါ့မယ် "

ယဲ့ဖန်၏ အမူအရာက လေးနက်နေသည်။

" ဒါဆို ဒါရိုက်တာထျန်းနဲ့ လွှဲထားခဲ့လိုက်တော့မယ် "

တခြားကောလဟာလတွေသာဖြစ်ခဲ့ရင်တော့ လွှတ်ထားလိုက်လို့ရသည်။

သို့ပေမဲ့ ရှုကျင်းရှင်း၏မိသားစုနှင့်ပတ်သက်သည့်ကောလာဟလများကိုတော့ လုံးဝဖယ်ရှားပစ်ရမည်ဖြစ်သည်။

မဟုတ်ရင် သတင်းတွေပျံ့သွားပါက ...... အကျိုးဆက်တွေက တွေးကြည့်ရန်ပင် အလွန်ကြောက်စရာကောင်းပေလိမ့်မည်။

သူ စိတ်မ၀င်စားပေမယ့် ရှုကျင်းရှင်းရဲ့မိသားစုနဲ့ပတ်သက်ရင်တော့ ..... အဲ့တာက ဟာသမဟုတ်ပေ။

သူတို့လိုမိသားစုတွေနဲ့ ထိတွေ့မိတဲ့ မိုက်မဲမှုအပြစ်က အတိမ်အနက်မရှိပေ။

အခြေအနေက ပိုရှုပ်ထွေးလာပေလိမ့်မည်။

ထျန်းဖုကွေ့သည် လေထုအခြေအနေ အနည်းငယ်အဆင်မပြေကြောင်း ခံစားမိလိုက်ရပြီး တင်းမာမှုကို ပြန်လည်ဖြေလျှော့ရန် ကြိုးစားခဲ့သည်။

" ဟုတ်တယ်၊ သူတို့ ဘယ်လိုကောလဟာလတွေဖြန့်ပါစေ၊ ယဲ့လူကြီးမင်းက ဉာဏ်ပညာကြီးပြီး အစွမ်းထက်တဲ့ တည်ရှိမှုပါပဲ။ အဲ့တာကို ကျွန်တော်က အပြစ်ပြုမိပါတယ်။ ကျွန်တော့်ရဲ့မျက်နှာကို ယဲ့လူကြီးမင်းက ရိုက်တာခံရတာပါ "

ဒါကိုကြားတော့ ယဲ့ဖန်က အကျယ်ကြီး ရယ်လိုက်သည်။

" ဒါရိုက်တာထျန်း၊ မဟုတ်တဲ့စကားမပြောပါနဲ့။ ခင်ဗျား မျက်နှာကို ဘယ်တုန်းကရိုက်လိုက်လို့လဲ "

ထျန်းဖုကွေ့ လျင်မြန်စွာ ခေါင်းငြိမ့်လိုက်သည်။

" တကယ်လည်း ငါမရိုက်ခဲ့ပါဘူး။ ယဲ့လူကြီးမင်းရဲ့ နှလုံးသားက အလွန်ကိုကြီးမြတ်ပါတယ်။ ကျွန်တော်က အရမ်းကျေးဇူးတင်ပါတယ် "

ယဲ့ဖန် ခေါင်းငြိမ့်ပြလိုက်သည်။

ထျန်းဖုကွေ့ သည် ဖန်းမြို့တွင် အချမ်းသာဆုံးလူဖြစ်လာနိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။

အနည်းဆုံးတော့ ဒီလိုကိစ္စတွေကိုကိုင်တွယ်ရာမှာ ဒီလူက သာမန်လူတွေထက် အများကြီးသာလွန်သည်။

" ထျန်းလူကြီးမင်း၊ ခင်ဗျား အနာဂတ်မှာ ကျုံးဟိုင်မှာ တစ်ခုခုလုပ်ချင်တယ်ဆိုရင် ကျွန်တော့်ကိုအကူအညီတောင်းဖို့ တုံ့ဆိုင်းမနေပါနဲ့ "

ထျန်းဖုကွေ့ ဝမ်းသာသွားသည်။

" ထောက်ခံပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ယဲ့လူကြီးမင်း "

သူ ကျုံးဟိုင်ထဲကို အမြဲဝင်ချင်ခဲ့ပေမယ့် အကြိမ်ကြိမ်ကျရှုံးခဲ့ရသည်။

ကျုံးဟိုင်သည် ဖန်းမြို့နှင့် ကွဲပြားသည်။

ကျုံးဟိုင်က ပိုကျယ်တဲ့စင်မြင့်တစ်ခုဖြစ်သည်။

အကောင်းနှင့်အဆိုး ရောထွေးနေသည်။

သူ့လို နောက်ခံမရှိ၊ အဆက်အစပ်မရှိတဲ့တောသားတစ်ယောက်အတွက် ဒီလိုတိုးဝင်နိုင်ဖို့ အတော်လေးခက်ခဲလှသည်။

အခုတော့ ယဲ့ဖန်၏အကူအညီဖြင့် နောက်ဆုံးတွင် မျှော်လင့်ချက်အချို့ရှိလာပြီဖြစ်သည်။

ယဲ့ဖန်နှင့် ကျိုးရှုယောင်းတို့သည် အမိုးဖွင့် ဂျက်ဇ်ဂီတစားသောက်ဆိုင်တွင်တွေ့ဆုံရန် သဘောတူခဲ့ကြသည်။

ဆိုင်အဝင်ဝတွင် ဇိမ်ခံကားများစွာ ရပ်ထားသည်။

သို့သော် ထျန်းဖုကွေ့၏ Bentleyကားပေါ်လာသောအခါ အခြားဇိမ်ခံကားများအားလုံးက အရောင်ဖျော့သွားရသည်။

စားသောက်ဆိုင်ရှိလူများအားလုံး ခေါင်းငုံ့ထားကြသည်။

တစ်ဖက်တွင်၊ ဤအဆင့်ရှိ ဇိမ်ခံကားများသည် Fan City တွင်ရှားပါးသောကြောင့်ဖြစ်သည်။

ဒီလို ကားအမျိုးအစားက အမိုးဖွင့် စားသောက်ဆိုင်ပုံစံနှင့် မကိုက်ညီပေ။

နောက်တစ်ခုက လေဟာပြင်စားသောက်ဆိုင်လို နေရာမျိုးတွင် စားကြသူအများစုဟာ လူငယ်တွေဖြစ်ကြသည်။

Bentley ပိုင်တဲ့လူတွေဟာ အောင်မြင်တဲ့အသက်မွေးဝမ်းကြောင်းအလုပ်ရှိတဲ့ သက်ကြီးရွယ်အိုမလား။

လူတိုင်းက အရမ်းသိချင်နေတဲ့အချိန်မှာပဲ ထူးခြားသောအသွင်အပြင်ရှိတဲ့ လူလတ်ပိုင်းတစ်ဦးက ရှေ့ခန်းထဲမှ ဆင်းလာခဲ့သည်။

သူက ကား၏ညာဘက်ခြမ်းသို့ အမြန်လျှောက်သွားပြီး တံခါးကို လေးစားစွာဖွင့်လိုက်သည်။

ထို့နောက် ကားပေါ်မှဆင်းလာသည့် လူငယ်ချောချေားလေးတစ်ဦးကို တွေ့လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် စားသောက်ဆိုင်က ချက်ချင်းပေါက်ကွဲသွားတော့သည်။

" ဝါး၊ တော်တော်ချောတဲ့သူဘဲ။ Bentley စီးနိုင်မှတော့ သူက ချမ်းသာတဲ့မိသားစုက ဖြစ်လောက်တယ် မဟုတ်လား။ သူက အရပ်ရှည်တယ်၊ ချမ်းသာတယ်၊ ချောတယ် "

" ဒီကားသမားကလည်း တော်တော်ချောတာဘဲ။ အသက်နည်းနည်းကြီးပေမယ့် ကိုယ်ရှိန်ဝါရှိတယ်။ သေချာသာမသိရင် သူက တစ်တိုင်းပြည်လုံးမှာ အချမ်းသာဆုံ သူဌေးပဲလို့ တွေးမိမှာဘဲ "

" ဟုတ်တယ် ကားမောင်းသမားတောင် တော်တော်လေးကြည့်ကောင်းတာ "

" နင်ပြောတာကိုကြားမှ ဒီကားသမားကို အရင်က တစ်နေရာရာမှာ မြင်ဖူးသလို့ ဘာလို့ခံစားရတာလဲ "

" အရင်က ဘယ်မှာတွေ့ဖူးလို့လဲ "

" ကြည့်ရတာ .... တီဗီမှာများလား။ သူက ငါတို့မြို့ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ထျန်းဖုကွေ့နဲ့တူတယ်လို့ နင်မထင်ဘူးလား "

" မနောက်နဲ့။ ထျန်းလူကြီးမင်းက ဖန်းမြို့မှာ အချမ်းသာဆုံးလေ။ သူက ဘာလို့ တခြားတစ်ယောက်ရဲ့ ယာဉ်မောင်းဖြစ်ရမှာလဲ "

" သူက ထျန်းလူကြီးမင်းလို့ မပြောခဲ့ပါဘူး။ သူနဲ့ ခပ်ဆင်ဆင်တူတယ်လို့ဘဲ ပြောတာပါ "

" ရုပ်ဆင်တယ်ဆိုတာ ဘာကိုပြောတာလဲသိလား။ မတူညီတဲ့ဘဝတဲ့လေ။ တစ်ယောက်က သူဌေး၊ တစ်ယောက်က ကားသမား ဖြစ်နိုင်နေပါ့မလား "

" ............ "

ယဲ့ဖန် ကားပေါ်မှဆင်းပြီးနောက် ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။

ထိုအချိန်တွင် အမိုးပွင့် လေဟာပြင်မှ ကျိုးရှုယောင်း၏အသံကို ကြားလိုက်ရသည်။

" ယဲ့ဖန်၊ ငါ ဒီမှာ "

ယဲ့ဖန် မော့ကြည့်လိုက်သည်။

လေဟာပြင်အစွန်နားတွင် ထိုင်နေသော ကျိုးရှုယောင်းက သူ့ကို လက်ပြနှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။

သူက ချက်ချင်း ထျန်းဖုကွေ့ ဘက်လှည့်လိုက်သည်။

" ဒါရိုက်တာထျန်း၊ ကျွန်တော်တို့ရောက်ပြီဆိုတော့ ခင်ဗျား ပြန်သွားလို့ရပါတယ် "

ထျန်းဖုကွေ့က ခေါင်းကို တဆတ်ဆတ်ခါလိုက်သည်။

" လူကြီးမင်းကို ပြောပြီးသားပါ။ ဖန်းမြို့က မထွက်သွားခင်အထိ လူကြီးမင်းရဲ့ အချိန်ပြည့်ကားမောင်းလုပ်ပေးမှာပါ။ ကျွန်တော် ကားထဲမှာ စောင့်နေပါ့မယ် "

ထို့နောက် လှည့်၍ ကားပေါ်သို့ တက်နေခဲ့သည်။

ယဲ့ဖန်သည် သူ့၏ခေါင်းမာမှုကြောင့် လက်လျှော့ခဲ့သည်။

ထို့်နောက် ဘာမှဆက်မပြောတော့ဘဲ အပေါ်ထပ်ကိုတက်သွားခဲ့သည်။

" ဘာသောက်ချင်လဲ "

ယဲ့ဖန်က သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်လိုက်တာနဲ့ ကျိုးရှုယောင်းက ချက်ချင်းမေးလိုက်သည်။

ယဲ့ဖန်က လှည့်ပြီး စားပွဲထိုးကို ပြောလိုက်သည်။

" ရေတစ်ခွက်လောက် ကျေးဇူးပြုပြီးပေးပါ "

" အဲ့လောက် သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး။ ငါ ကျွေးမှာပါ "

ကျိုးရှုယောင်းက ရယ်ပြီး နောက်ပြောင်လိုက်သည်။

" စောစောက ပြောသင့်တယ်။ လိမ္မော်ရည်တစ်ခွက်၊ coke တစ်ခွက်နဲ့ ဘလက်ကော်ဖီတစ်ခွက်ပေးပါ။ ကျေးဇူးတင်ပါတယ် "

ယဲ့ဖန်က ပြုံးပြီး တုံ့ပြန်လိုက်သည်။

" နင် အရမ်းလွန်တာဘဲ။ အဲ့လောက်အများကြီး မှာထားလို့ အကုန်အောင်သောက်နိုင်မှာတဲ့လား။ ဒီမှာက အရမ်းဈေးကြီးတယ် "

ကျိုးရှုယောင်းသည် သူမ၏ပိုက်ဆံအိတ်ကို ထိလိုက်သည်နှင့် သူမ နှလုံးထဲမှသွေးများစီးကျလာသည်ဟု ခံစားရသည်။

" ကျွေးမယ်ဆိုမှတော့ ကုန်အောင်သောက်မှာပေါ့။ အလဟဿမဖြစ်စေရပါဘူး "

ယဲ့ဖန်သည် အနည်းငယ်အရှက်မရှိတဲ့သူဖြစ်သွားမှန်း ချက်ချင်းခံစားလိုက်ရသည်။

မရေမတွက်နိုင်သော ရန်လိုတဲ့အကြည့်တွေက သူ့ဆီကို ဦးတည်နေခဲ့သည်။

အပိုင်း ( ၂၃၉ )

ဒဏ္ဍာရီလာ ယဲ့လူကြီးမင်း

လှပသောအမျိုးသမီးများရှိလျှင် ပြိုင်ဆိုင်မှုရှိလိမ့်မည်။ အထူးသဖြင့် ကျိုးရှုယောင်းကဲ့သို့ လှပသောမိန်းကလေးတွေအတွက် ပြိုင်ဆိုင်မှုက ပြင်းထန်သည်။

ရှေးခေတ်ကတည်းက စစ်ဝါဒီတွေက လှပသောကောင်မလေးတွေအတွက် တိုက်ပွဲဝင်ကြသည်။

ယဲ့ဖန် မရောက်ခင်ကတည်းက ကျိုးရှုယောင်း ဒီမှာထိုင်နေချိန်တွင် အမိုးဖွင့် စားသောက်ဆိုင်ထဲက အမျိုးသားများက အချင်းချင်း လျှို့ဝှက်စွာ ယှဉ်ပြိုင်နေခဲ့ကြသည်။

တစ်စုံတစ်ယောက်က သူမရှေ့တွင် ဇိမ်ခံနာရီကို တမင်တကာပြနေသည်။

တစ်စုံတစ်ယောက်သည် သူမရှေ့တွင် ကိုယ်ပိုင်ဘဏ်ကတ်ကို 'မတော်တဆ' ပြုတ်ကျသွားသည်။

အချို့သောလူများက သူတို့၏ Mercedes-Benz သော့များကို မြေပြင်ပေါ်သို့ မတော်တဆပြုတ်ချနေကြသည် ......

ရည်ရွယ်ချက်မှာ ကျိုးရှုယောင်း၏အာရုံကိုဆွဲဆောင်ရန်ဖြစ်သည်။

ဒါပေမယ့် ဒီလူတွေက အပြန်ပြန်အလှန်လှန် တိုက်ခိုက်ခဲ့ကြပေမဲ့ ကျိုးရှုယောင်းက ဂရုမစိုက်တာကြောင့် နောက်ဆုံးမှာတော့ သရေကျခဲ့ရသည်။ သူမက သူတို့ကို ကြည့်တောင်မကြည့်ပေ။

သို့သော် ယဲ့ဖန်ရောက်လာတဲ့အခါ ဘာမှမလုပ်နိုင်တော့ပေ။

သူက အရပ်ရှည်ပြီး ချောမောရုံသာမက Bentley ကားကိုလည်း စီးသေးသည်။

အခုတော့ သူက ဒီလိုအလှတရားလေးဖြင့် စကားပြောရင်း ရယ်မောနေသေးသည်။

ပြိုင်ဆိုင်နေကြသောယောက်ျားတွေက မနာလိုဖြစ်မိကြသည်။

သို့သော် မနာလိုရုံ တစ်ခုတည်းသာတတ်နိုင်သည်။

သူတို့က ယဲ့ဖန်ကို အတွင်းရော၊ အပြင်ပါ မယှဉ်နိုင်ကြောင်းတွေးမိတဲ့အခါ အများစုက လက်လျှော့လိုက်ကြတော့သည်။

ယဲ့ဖန်ဘေးကပ်လျက်ကသူတစ်ချို့ကတော့ လက်မလျှော့သေးပေ။

ကျိုးရှုယောင်းနှင့် ယဲ့ဖန်တို့ ရယ်မောစကားပြောနေတာကို မြင်တဲ့အခါ အနည်းငယ်ချောမောသည်ဟု သတ်မှတ်လို့ရတဲ့တစ်ယောက်က အကျယ်ကြီးပြောလိုက်သည်။

" ဟေး၊ မင်းတို့ မနေ့ညက ရှန်ဂရီလာမှာဖြစ်သွားတဲ့ကိစ္စကို သိကြလား "

သူ့ဘေးကလူတစ်ချို့က အားလုံးစိတ်ရှုပ်ထွေးသွားကြသည်။

" ဘာဖြစ်တာလဲ "

ထိုလူက ကျိုးရှုယောင်းကို လှမ်းကြည့်လိုက်သည်။

ကျိုးရှုယောင်းက နားထောင်နေပုံရတာကိုတွေ့တဲ့အခါ သူက ချက်ချင်း ပျော်သွားသည်။

" သေချာတာပေါ့။ အဲ့တာက ဆန်းကြယ်တဲ့ ယဲ့လူကြီးမင်းအကြောင်းလေ "

" ဘာ ယဲ့လူကြီးမင်းလဲ။ မကြားမိပါဘူး "

" မင်းတို့ကောင်တွေက တုံးတာကိုး။ ဒါပေမဲ့ မင်းတို့ကို အပြစ်တင်လို့လည်းမရပါဘူး။ ဒီလိုကိစ္စတွေက အထက်တန်းလွှာတွေကြားမှာဘဲသိရတာ။ အထက်တန်းအဆင့်မှာမဟုတ်ရင် မင်းတို့သိနိုင်မှာမဟုတ်ဘူး "

" အဲ့တာဆိုလည်း မင်းက ပြောပြလေ "

" ငါပြောပြမယ်။ ဒါပေမဲ့ လျှောက်ပြီး မပြောကြနဲ့ "

" မပူပါနဲ့၊ ငါတို့ ဘာမှပြောမှာမဟုတ်ပါဘူး "

" မနေ့ညက ဖန်းမြို့ ရှန်ဂရီလာဟိုတယ်မှာ ခမ်းနားတဲ့စားပွဲကြီးကျင်းပခဲ့တယ်။ ကျုံးဟိုင်က နာမည်ကြီးစီးပွားရေးပညာရှင်တွေတောင်လာကြတာ။ ဖန်းမြို့ရဲ့အချမ်းသာဆုံး ထျန်းဖုကွေ့လည်းတက်ခဲ့တယ်တဲ့ "

" ဝါး၊ ထျန်းဖုကွေ့တောင် သွားတာလား။ သူက ဘယ်သူမလို့လဲ "

" အချမ်းသာဆုံးဖြစ်တော့ရော ဘာဖြစ်လဲ။ သူက အဲ့တစ်ယောက်နဲ့တစ်ဝိုင်းထဲတောင် ထိုင်ခွင့်မရဘူးတဲ့။ အခြားသူတွေအတွက် ရေတို့ လက်ဖက်ရည်တို့ ငှဲ့ပေးရတဲ့အဆင့်လောက်ဘဲလို့ပြောတယ် "

" ချီး၊ တကယ်ကြီးလား။ ထျန်းဖုကွေ့ကတောင် အဲ့လိုအောက်ကျို့ရတဲ့အဆင့်လား။ အဲ့ဒီယဲ့လူကြီးမင်းက ဘယ်လောက် အင်အားကြီးလို့လဲ "

" ငါပြောရင်တောင် မင်းယုံမှာမဟုတ်ဘူး။ ယဲ့လူကြီးမင်းက မြို့တော်က မိသားစုကြီးကတဲ့။ ပြီးတော့ ငါတို့ပြည်နယ်ခေါင်းဆောင်ကြီးရဲ့ညီမနဲ့တောင် အရှုပ်တွေရှိတယ်လို့ပြောတယ် ...... "

" ဘုရားရေ၊ အဲ့လိုအဆင့်နဲ့လူက ငါတို့ဖန်းမြို့ကို ဘာလာလုပ်တာလဲ "

" အဲ့တာက အဓိက မဟုတ်ဘူး။ အဓိကက သူတို့ အဲ့ဒီစားပွဲမှာ ဘာစားခဲ့တာလဲဆိုတာသိလား "

" ဘာလဲ။ ပုဇွန်ုတုပ်လား။ ငါးမန်းတောင်ပံလား။ ငှက်အသိုက်လား "

" အဲ့လောက်ဘဲထင်ထားတာလား။ ငါပြောလိုက်ရင် မင်းတို့ လန့်သေသွားမယ်။ အဲ့လိုဟာတွေကြားဖူးမှာတောင်မဟုတ်ဘူး။ ကယ်ဗီရာငါးဥဆိုတာကြားဖူးလား "

" မသိဘူး "

" အဲ့တာက ရွှေထက်တောင် ဈေးကြီးသေးတယ်။ တစ်ကီလိိုကို တစ်သောင်းမကဘူးတဲ့။ စားပွဲမှာ အဲ့တာကို ပန်းကန်လိုက်ကြီးကျွေးတာတဲ့ "

" တကယ်လား။ အဲ့တာဆို ဘယ်လောက်တောင်ကျမှာလဲ "

" အဲ့လောက်အဆင့်ကလူတွေအတွက် ပိုက်ဆံက ပိုက်ဆံရော ဟုတ်သေးရဲ့လား "

" ဝါးဂုအမဲသား၊ အဖြူရောင်မြေအောင်းမှို ပြီးတော့ အများကြီးဘဲ။ အလကားစားရတာ။ သန်းချီတန်တဲ့ ရိုမန်နီကွန်တီဝိုင်နီရော "

" အဲ့လောက်သာဆို တစ်ဝိုင်းဆို သောင်းချီနဲ့တော့ရမှာမဟုတ်ဘူးမလား "

" သောင်းချီတဲ့လား။ ငါပြောမယ်၊ တစ်ဝိုင်းကို ငါးသန်းတဲ့ "

" ဖူး ....... များလိုက်တာ။ ဘယ်လိုစားပွဲကတစ်ဝိုင်းကို ၅သန်းတန်လို့လဲ "

" လူချမ်းသာတွေရဲ့ဘဝကို မင်းတို့မသိပါဘူး။ သူတို့က ၅သန်းတန်တဲ့စားပွဲကိုတောင် စားပွဲ ၃၀ မှာတာတဲ့ "

" ဘုရားရေ၊ အဲ့တာဆို ယွမ်သန်း ၁၅၀မလား။ ပိုပြောနေတာလား "

" ဘာလို့ပိုပြောရမှာလဲ။ ငါ ..... ငါ အဲ့မှာရှိနေခဲ့တယ "

" အာ။ မင်းက အဲ့စားပွဲကို ဘယ်လိုရောက်သွားတာလဲ "

" ငါဘယ်လိုရောက်လဲဆိုတာ မင်းနဲ့ဘာဆိုင်လဲ။ ငါက ယဲ့လူကြီးမင်းဘေးမှာထိုင်နေတာ။ သူ့မျက်နှာမြင်ရတာတောင် ဂုဏ်ယူစရာဘဲ "

ဘေးကသူတွေက ထိုစကားကိုကြားတဲ့အခါ အံ့ဩကုန်ကြသည်။

" ဖူး .......... "

ကျိုးရှုယောင်းက ယဲ့ဖန်ကို ယဲ့လူကြီးမင်းလို့ခေါ်နေတာကြားတဲ့အခါ သောက်နေသမျှတွေပါ ထွက်ကျလာတော့သည်။

ထို့နောက် ကိုယ်ကိုလှုပ်ရမ်းပြီးပါရယ်လိုက်သည်။

ယဲ့ဖန်က တစ်ရှူးထုတ်ပြီး သူမကို ပေးလိုက်သည်။

ပြီးတော့ သူမကိုယ်သူမထိန်းရန် သတိပေးကြည့်လိုက်သည်။

ဟိုဘက်ကလူက တစ်ခုခုကို အထင်လွဲသွားပုံရသည်။

ကျိုးရှုယောင်း ပြုံးနေတာကိုမြင်ပြီး အားတက်သွားသည်။

" မင်းတို့မသိလို့ ယဲ့လူကြီးမင်းက အရမ်းချောပြီး ကိုယ်ရှိန်ဝါပြင်းတာ။ အဲ့လောက်ချောတဲ့ယောက်ျားမျိုးတစ်ခါမှမတွေ့ဖူးဘူး "

" မင်းပြောနေပုံက ယဲ့လူကြီးမင်းက မသေမျိုးကမ္ဘာက လူလိုဘဲ။ အရမ်းချဲ့ကားမနေလွန်းဘူးလား "

" ချဲ့ကားတာလား။ အဲ့တာဆိုရင်တော့ သူ့ရဲ့ကျက်သရေကိုဖော်မပြနိုင်တဲ့ ငါ့ကိုဘဲအပြစ်တင်လိုက်တော့ "

" မင်းက တမင်တက်ကြွအောင်ပြောနေတာလေ။ သူက ဘယ်လောက်ဘဲ အံ့ဩစရာကောင်းနေပါစေ။ မင်းနဲ့ဘာဆိုင်လဲ "

" ဘာလို့ မဆိုင်မှာလဲ။ ယဲ့လူကြီးမင်းနဲ့ငါက တွေ့ကတည်းက အရမ်းခင်သွားပြတာ။ သူက ငါ့ကို အထင်ကြီးလွန်းလို့ နောက်ဆို အလုပ်ပါပေးဦးမှာတဲ့။ အချိန်မရွေးလာလို့ရတယ်ပြောတယ် "

" တကယ်လား။ ယဲ့လူကြီးမင်းက အဲ့လိုပြောတာလား "

" လိမ်ရင်တောင် မကောင်းတဲ့အကျိုးဆက်ဖြစ်မှာပေါ့ "

" အစ်ကိုချောင်း၊ ငါ မင်းနောက်ကိုလိုက်မယ်။ ချမ်းသာရင် မင်း ညီအစ်ကိုတွေကို မမေ့နဲ့နော် "

" ဟုတ်တယ်၊ အစ်ကိုချောင်း။ ယဲ့လူကြီးမင်းက မင်းကို ကူညီရင် မင်းကလည်း ပြန်ကူညီရမယ် "

" အစ်ကိုချောင်းကတော့ ရှယ်ဘဲ "

အစ်ကိုချောင်းက ယဲ့လူကြီးမင်းပေါင်ကို ဖက်တွယ်နိုင်လိုက်ပြီဟုကြားတဲ့အခါ သူတို့က ဖားကြတော့သည်။

ထိုလူက သူ့ကိုယ်သူအထင်ကြီးနေပြီး ကျိုးရှုယောင်းကို ထပ်လှည့်ကြည့်သည်။

ကျိုးရှုယောင်းက ဆက်မနေနိုင်တော့ဘဲ ယဲ့ဖန်ကို ကြည့်လိုက်သည်။

" သွားကြတော့မလား "

ယဲ့ဖန်ကလည်း ဆက်ထိုင်မနေချင်တာကြောင့် သူမနဲ့အတူ အောက်ဆင်းသွားသည်။

ထိုပုံစံကိုတွေ့တဲ့အခါ အစ်ကိုချောင်းဆိုသူက အနည်းငယ်အံ့ဩသွားသည်။

ဘာတွေဖြစ်နေတာလဲ။

သူက ယဲ့လူကြီးမင်းပေါင်ကို ဖက်တွယ်နိုင်တယ်လို့ကြားရင် သူမက သူ့လက်မောင်းကိုလာဖက်တွယ်ရမှာ မဟုတ်ဘူးလား။

ဘာလို့ ထွက်သွားတာလဲ။

ထောင့်နားမှာထိုင်နေတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က သူ့ကို ဟွန်းခနဲနှာခေါင်းမှ လေမှုတ်ထုတ်လိုက်သည်။

" မင်း အဲ့ဒီလူကြီးမင်းကို မသိဘူးလယး "

" သိစရာလိုလို့လား "

အစ်ကိုချောင်းက စိတ်မရှည်တော့ပေ။ အဲ့တာကြောင့် အေးစက်စက်ပြောလိုက်သည်။

" မင်းပြောတော့ ယဲ့လူကြီးမင်းကို သိတယ်ဆို "

" ဟုတ်တယ်၊ ဘာမှားလို့လဲ "

" အခုဆင်းသွားတဲ့လူကြီးမင်းက မင်းကို အထင်ကြီးတယ်ဆိုတဲ့ ယဲ့လူကြီးမင်းဘဲ "

အစ်ကိုချောင်းဆိုသူက ပါးစပ်အဟောင်းသားဖြစ်သွားသည်။

အပိုင်း ( ၂၄၀ )

အတည်ပြုလိုက်တဲ့ဒဏ္ဍာရီ

အစ်ကိုချောင်းကြွားပြောတာကို ကြားတဲ့သူတွေအားလုံးက အံ့ဩကုန်ကြသည်။

" အစ်ကိုချောင်း၊ ယဲ့လူကြီးမင်းကိုသိတယ်လို့ မပြောလိုက်ဘူးလား "

လူတိုင်းက အစ်ကိုချောင်းကို သံသယမျက်လုံးဖြင့်ကြည့်ကြသည်။

အစ်ကိုချောင်းက ရှက်သွားပြီး ထိုသက်လတ်ပိုင်းလူကို အမြန်ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်းဆိုတာ ဘယ်လိုသိလဲ။ ယဲ့လူကြီးမင်းကိုသိလို့လား "

ထိုသက်လတ်ပိုင်းလူ၏အမူအရာက တည်ကြည်နေသည်။

" ငါက တန်းမိသားစုကဘဲ။ အဲ့ညတုန်းက ညစာစားပွဲမှာရှိနေခဲ့တော့ ယဲ့လူကြီးမင်းကို အဝေးကနေတွေ့လိုက်ရတယ် "

သူက အတည်ပေါက်ပြောနေတာကြောင့် ၇၀% ၈၀%လောက် လက်ခံသွားရသည်။

သို့ပေမဲ့ သူကကြွားပြီးသွားပြီဖြစ်၍ အခက်တွေ့သွားရသည်။

အဲ့တာကြောင့် ဆက်ပြီး ဗြောင်လိမ်ရတော့သည်။

" ပါးစပ်ရှိသမျှ လျှောက်ပြောလို့ရတာဘဲ "

ထိုလူကြီးက အောက်ထပ်ကို ညွှန်ပြလိုက်သည်။

" မယုံရင် အောက်ကိုကြည့်လိုက်။ ယဲ့လူကြီးမင်းကို ကားမောင်းပေးတဲ့သူက ဘယ်သူလဲဆိုတာ "

အမိုးထပ်ကသူတွေက အပြေးကြည့်ကြသည်။

ယဲ့ဖန်နှင့် ကျိုးရှုယောင်းတို့က ကားထဲဝင်ဖို့လုပ်နေချိန်မှာဘဲ ထျန်းဖုကွေ့က ရိုသေစွာဖြင့် ကားတံခါးကိုဖွင့်ပေးနေသည်။

" ကားသမားကြည့်ရတာ ရင်းနှီးလိုက်တာ။ တစ်နေရာရာမှာတွေ့ဖူးတယ်ထင်တယ် "

" ငါလည်း ရင်းနှီးတယ်ထင်ပေမဲ့ ဘယ်မှာမှန်းမသိဖြစ်နေတာ "

" ရား ကားသမားက ..... ငါတို့ဖန်းမြို့ကအချမ်းသာဆုံးသူနဲ့ ဘာလို့ အဲ့လောက်တူနေရတာလဲ "

" အဲ့လိုဆိုမှ ဟုတ်သလိုဘဲ။ အဲ့တာကြောင့် အရမ်းရင်းနှီးပါတယ်လို့ထင်နေတာ "

" အဲ့တာက ဆင်တာဘဲ ဖြစ်မှာပါ၊ ဟုတ်တယ်မလား။ အချမ်းသာဆုံးလူက တစ်စုံတစ်ယောက်ရဲ့ ယာဉ်မောင်းဖြစ်နိုင်ပါ့မလား "

အားလုံးက သံသယရှိနေကြချိန်မှာဘဲ လူလတ်ပိုင်းအရွယ်လူကပြောသည်။

" မင်းတို့ သံသယဖြစ်စရာမလိုဘူး။ အဲ့ဒီလူက မြို့ထဲမှာ အချမ်းသာဆုံးပဲ "

" ဘာ "

လူတိုင်းက အံသြသွားကြသည်။

" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့ ဖန်းမြို့မှာအချမ်းသာဆုံးက ယာဉ်မောင်းတစ်ယောက်အနေနဲ့ တကယ်ကြီးအလုပ်လုပ်နေတာလား "

" ထျန်းလူကြီးမင်းရဲ့ မိသားစုပိုင်ဆိုင်မှုက ယွမ်တစ်ဘီလီယံကျော်ရှိတယ်လေ။ ဒီလိုလူက တခြားသူအတွက် ဘာလို့ ကားမောင်းပေးမှာလဲ "

" တကယ်ကြီး ထျန်းလူကြီးမင်းဘဲ။ အရင်က ငါတို့စက်ရုံကို လာစစ်ဖူးတယ်။ သူ့ကို အဝေးကနေ တစ်ခါ မြင်ဖူးတယ် "

" တကယ်လို့ ထျန်းလူကြီးမင်းသာဆိုရင် ဒီလူက ဒဏ္ဍာရီလာ ယဲ့လူကြီးမင်း မဟုတ်လား "

" ဟုတ်တယ်။ ယဲ့လူကြီးမင်း မဟုတ်ဘဲ အခြားဘယ်သူကို ထျန်းလူကြီးမင်းက ဦးညွှတ်ပေးမှာလဲ "

" အို ဘုရားရေ၊ အမှန်ဘဲလား။ ဒီ ယဲ့လူကြီးမင်းက နည်းနည်းတော့ ကြောက်စရာကောင်းတယ် မဟုတ်လား "

" သူ့ကို အဘိုးကြီးလို့ ထင်ခဲ့တာ။ ဒီလောက်ငယ်မယ်လို့ ထင်မထားဘူး "

" ပြီးတော့ သူက အရမ်းချောတယ်။ သူက နာမည်ကြီးတစ်ယောက်ထက်တောင် ပိုချောသေးတယ် "

" သွားရည်ယိုတာကို ရပ်လို့ရလား "

လူစုလူဝေး၏ဆွေးနွေးသံကို ကြားလိုက်သောအခါ နဂိုက ကြွားလုံးထုတ်နေသည့် အစ်ကိုချောင်းက သူ၏ခြေထောက်များ ပျော့ခွေသွားသည်ဟု ခံစားလိုက်ရပြီး မြေပေါ်သို့လဲကျသွားတော့သည်။

ကံမကောင်းစွာဘဲ မြေပြင်ပေါ်တွင် ဘီယာတစ်ပုလင်းရှိနေသည်။

အစ်ကိုချောင်းက အဲဒီအပေါ်မှာ ထိုင်လိုက်မိသည်။

ထို့နောက် အမိုးပွင့် စားသောက်ဆိုင် တစ်ခုလုံး အော်ဟစ်ရယ်ကြသည်။

ကြွားလုံးထုတ် လိမ်လည်ခဲ့မယ်ဆိုရင် သွေးထွက်သံယို ဘေးဒုက္ခကို ခံရမှာသေချာသည်ဟု သူ အရင်က ပြောခဲ့ဖူးသည်။

သို့သော် ထိုကဲ့သို့ ဝဋ်လည်မှုက သူ့ဆီမှာ လျင်မြန်စွယခံရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

တစ်ဖက်မှ ယဲ့ဖန်ကတော့ သူထွက်သွားပြီးနောက် ဘာတွေဖြစ်သွားလဲဆိုတာကို မသိပေ။

Bentley ကားသည် ကျိုးရှုယောင်း၏အိမ်အဝင်ပေါက်ဆီသို့ တလမ်းလုံးမောင်းသွားခဲ့သည်။

ကားရပ်ပြီးတဲ့နောက် ထျန်းဖုကွေ့တစ်ယောက်တည်း ဆေးလိပ်သောက်ရန် ကားထဲမှ ထွက်လာခဲ့သည်။

ယဲ့ဖန်နှင့် ကျိုးရှုယောင်း နှစ်ယောက်တည်း ကားထဲမှာပဲ ကျန်ခဲ့သည်။

ကျိုးရှုယောင်းသည် အခြေအနေမှ ရုန်းမထွက်နိုင်သေးပေ။

" ဟားဟားဟား၊ အဲ့ဒီလူက ငါ့ကို ရယ်သေအောင် လုပ်နေတာ။ အဲ့ဒီလူက နင့်ကို မသိပေမယ့် သူက နင့်ကို သိချင်ယောင်ဆောင်ပြီး နင့်အကြောင်း ကြွားလုံးထုတ်နေသေးတယ် ဟားဟား ........ "

ကျိုးရှုယောင်းသည် ပိန်ပေမဲ့ ရှိသင့်သည့် ကိုယ်လုံးကိုယ်ပေါက်ရှိသည်။

ဒီလိုပုံစံမျိုးက အမျိုးသားတွေကို ဆွဲဆောင်နိုင်သည်။

ကျိုးရှုယောင်းသည် ရယ်မောနေရင်း သူ့အကြည့်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

" မကောင်းတဲ့အကောင် "

သူမက ကျိန်ဆဲပြီး ကားထဲက ထွက်ဖို့ တံခါးကို တွန်းဖွင့်လိုက်သည်။

ယဲ့ဖန်က သူ့ကို 'ညစ်ညမ်းသော လူယုတ်မာ' ဟု ခေါ်ကြောင်း ကြားလိုက်သောအခါ သူ့ဂုဏ်ပုဒ်ကို မမြှင့်တင်ဘဲ မနေနိုင်တော့ပေ။

သူမကို ချက်ချင်းပြန်ဆွဲထိုင်စေလိုက်သည်။

ကျိုးရှုယောင်းသည် ဟန်ချက်ပျက်သွားပြီး သူ့ရင်ခွင်ထဲသို့ လဲကျသွားသည်။

သူမ ချက်ချင်း ထိတ်လန့်သွားရသည်။

" နင်..... ဘာလုပ်နေတာလဲ "

" ဘယ်လိုထင်လဲ "

ယဲ့ဖန်၏ နှုတ်ခမ်းများက ခပ်ညစ်ညစ် အပြုံးတစ်ခုအဖြစ် ကွေးကောက်တက်သွားပြီး သူမကို နောက်ထိုင်ခုံပေါ် သို့ ချက်ချင်းဖိချလိုက်သည်။

" ယဲ့ဖန်၊ နင် .... နင် ဘာမှမလုပ်နဲ့ "

ကျိုးရှုယောင်းသည် အစွမ်းကုန်ကြိုးစားခဲ့သည်။

သို့သော် သူမ၏အားနည်းသော ခွန်အားက ယဲ့ဖန်ရှေ့တွင် ထည့်ပြောရန်ပင် မထိုက်တန်ပေ။

" ငါက ရှုပ်တာလား။ မနေ့ညက ငါ့ကို ဘယ်သူက နမ်းဖို့ အစပြုခဲ့လဲဆိုတာ ငါတွေးမိတယ် "

ယဲ့ဖန်သည် သားရဲတစ်ကောင်လို နီးကပ်ရင်း ပိုနီးကပ်လာသည်။

" ငါ .... အဲ့ဒီတုန်းက မူးနေတော့ မမှတ်မိတော့ဘူး "

" နင် ... တကယ်မူးနေတာလား၊ မမူးဘူးလားဆိုတာ နင်က ငါ့ထက် ပိုသိသင့်တယ် "

" ငါ .... "

ကျိုးရှုယောင်း၏မျက်နှာက နီရဲလာသည်။

သူမ၏လှည့်ဖြားမှုကို တစ်ဖက်လူက မြင်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

ယဲ့ဖန်သည် သူမ၏နားဆီသို့ ဖြည်းညှင်းစွာ တိုးလာသည်။

" နင်က ငါ့မိန်းမ အရမ်းဖြစ်ချင်နေတယ်ဆို နင့်ဆန္ဒကို ငါဖြည့်ဆည်းပေးမယ် "

သူက စကားပြောရင်းနဲ့ စတင်တိုက်ခိုက်တော့သည်။

ကျိုးရှုယောင်းသည် သူမ၏ လှပသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။

သူမ မရုန်းကန်ခဲ့ချေ။

တွန်းလှန်ခြင်းကို မလုပ်ဖို့ စွန့်လွှတ်လိုက်ကြောင်း ထင်ရှားသည်။

သူမ မျက်လုံးများကိုပင် ဖြည်းညှင်းစွာမှိတ်လိုက်သည်။

ဒါက အရိပ်အမြွက်တစ်ခုဆိုတာ သေချာသည်။

ယဲ့ဖန်သည်လည်း ချက်ချင်းပင် ထိုအချက်ပြမှုကို လက်ခံရရှိခဲ့သည်။

ယဲ့ဖန်သည် 'ရက်စက်သည့်အပြုအမူ' စတင်တော့မည်ဖြစ်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ ချောင်းလန်၏အသံကို ရုတ်တရက်ကြားလိုက်ရသည်။

" ဟေ့၊ ဒါက ထျန်းလူကြီးမင်း မဟုတ်ဘူးလား။ ဒီမှာ ဘာလုပ်နေပါလဲ "

ကျိုးရှုယောင်း အံ့သြသွားသည်။

အိပ်မက်ကနေ ချက်ချင်း လန့်နိုးသကဲ့သို့ အလျင်စလို ထထိုင်လိုက်သည်။

ယဲ့ဖန်သည်လည်း ထိတ်လန့်တကြားဖြင့် သူ့လက်ကို ပြန်ရုတ်လိုက်သည်။

ကျိုးရှုယောင်းက ထိတ်လန့်တကြားနဲ့ သူမ အဝတ်အစားတွေကို သပ်ရပ်အောင်လုပ်လိုက်ပြီး သူ့ကို စိုက်ကြည့်နေလိုက်သည်။

တံခါးကိုတွန်းဖွင့်ပြီး ကားထဲမှဆင်းလိုက်သည်။

ချောင်းလန်သည် သူမသမီး ကားပေါ်မှ ၏ဆင်းလာသည်ကို မြင်ပြီး အံ့အားသင့်သွားသည်။

" ယောင်ယောင်း၊ ထျန်းလူကြီးမင်းရဲ့ ကားထဲ ရောက်နေတာလဲ "

ကျိုးရှုယောင်း ပြန်မဖြေခင်မှာဘဲ ယဲ့ဖန်သည်လည်း ကားပေါ်က ဆင်းလိုက်သည်။

" အန်တီ၊ ကျွန်တော် ယောင်ယောင်းကို ပြန်လိုက်ပို့ပေးတာပါ "

ချောင်းလန်က သူ့ကိုမြင်တော့ ပိုအံ့သြသွားသည်။

" ရှောင်ဖန် ...... မဟုတ်သေးပါဘူး။ ယဲ့လူကြီးမင်း၊ ဘယ်လိုလုပ် ....... "

သူမစကားပြောနေရင်း ထျန်းဖုကွေ့ကို ကြောင်အစွာဖြင့် ကြည့်နေသည်။

ဒီအချမ်းသာဆုံးသူဌေးက ဘာလို့ ယဲ့ဖန်ရဲ့ ယာဉ်မောင်း ဖြစ်နေတာလဲ။

ဒါ ..... ဒါက သိပ်ချဲ့ကားနေတာ မဟုတ်ဘူးလား။

ထျန်းဖုကွေ့က သူမကိုမြင်တော့ သက်ပြင်းချလိုက်သည်။

ဖန်းမြို့မှာ အချမ်းသာဆုံးဖြစ်တဲ့သူဟာ တစ်နေ့မှာ တစ်စုံတစ်ယောက်ရဲ့ ယာဉ်မောင်းဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။

ဒီစကားထွက်လာရင် သူ့နာမည်ပျက်သွားလိမ့်မည်။

သူ့ကိုယ်သူ စိတ်ပျက်မိသည်။

All Chapters