အပိုင်း ၂၄၅-၂၄၈
Vol. 13 Ch. 245-248
အပိုင်း ( ၂၄၅ )
ဒါက ယောက်ျားတွေကြားက သူငယ်ချင်းဆက်ဆံရေးလား။
" နျုံသွမ်း။ အဲ့ဒီနာမည်ကို အရင်က ကြားဖူးလား "
ကျောင်းဖုလင်က ရုတ်တရက် နာမည်တစ်ခုကိုပြောလာသည်။
" နျုံသွမ်းတဲ့လား။ တစ်ခါမှမကြားဖူးဘူး "
ယဲ့ဖန်က ချက်ချင်းခေါင်းခါပြသည်။
" သူ့ကို မကြားဖူးတာက ပုံမှန်ပါဘဲ။ နျုံသွမ်းက အများသောအားဖြင့် သိုသိုသိပ်သိပ်နေတတ်တယ်။ မင်းက တောင်ပိုင်းကွမ်တုန်းရဲ့စီးပွားရေးလောကမှာ အနေအထားတစ်ခုမရှိဘူးဆိုရင် အဲ့နာမည်ကို ကြားဖို့ခဲယဉ်းလိမ့်မယ် "
ကျောင်းဖုလင်ကပြောပြီး ယဲ့ဖန်ထိုင်ဖို့ ခုံတစ်ခုကိုဆွဲပေးလိုက်သည်။
ပေါသာရက မျက်လုံးလျင်ပြီး ချက်ချင်း သူတို့နှစ်ယောက်အတွက် ရေနွေးကြမ်းနှစ်အိုးနဲ့ ဘီယာနှစ်ပုလင်းကို သွားယူစေသည်။
" ဒီ နျုံသွမ်းဆိုတဲ့သူက အရမ်းအင်အားကြီးတာလား "
ကျောင်းဖုလင်က ထိုလူရဲ့နာမည်ကိုပြောတဲ့အခါ မျက်နှာထားက လေးနက်နေတာကြောင့် ယဲ့ဖန်အတော်လေး စိတ်ဝင်စားသွားရသည်။
" ဒီလူက ဖုလီ ကောပိုရေးရှင်း(အကျိုးတူစီးပွားရေးလုပ်ငန်းစု)ကို အစကနေတည်ဆောက်ခဲ့ပြီးတော့ အနှစ် ၂၀ မပြည့်ခင်မှာဘဲ နိုင်ငံပေါင်းစုံပါဝင်တဲ့အကြီးစားကောပိုရေးရှင်းကြီးအဖြစ် ပြောင်းလဲခဲ့တာ။ သူက အံ့သြစရာကောင်းတယ်လို့ မထင်ဘူးလား "
နျုံသွမ်းအကြောင်းပြောနေတဲ့အခါ ကျောင်းဖုလင်၏အမူအရာသည် ပိုပြီးလေးနက်လာသည်။
" အစ်ကို့မိသားစုနဲ့ ယှဉ်ရင် ဘယ်လိုလဲ "
ယဲ့ဖန် ချက်ချင်းမေးလိုက်သည်။
ကျောင်းဖုလင်၏ဖခင်သည် တောင်ပိုင်းကွမ်တုန်းပြည်နယ်တွင် အချမ်းသာဆုံးဖြစ်သည်။
တွေးကြည့်ရင် နျုံသွမ်းက ဘယ်လောက်ပဲ သန်မာနေပါစေ ကျောင်းမိသားစုကိုတော့ မနိုင်လောက်ဘူး မဟုတ်လား။
" မသိဘူး၊ မပြောတတ်ဘူး "
ကျောင်းဖုလင်က သူ့ကို မမျှော်လင့်ထားတဲ့ အဖြေတစ်ခု ပေးခဲ့သည်။
" ဘာကိုဆိုလိုတာလဲ "
ယဲ့ဖန် အနည်းငယ် အံ့သြသွားရသည်။
" ပိုင်ဆိုင်မှု၊ ကြွယ်ဝမှုအကြောင်း ပြောရင်တော့ ငါ့အဖေက ပိုရှိတာပေါ့။ ဒါပေမယ့် ငါတို့ အုပ်စုနှစ်ခုရဲ့ အင်အားကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အတူတူပဲလို့ပြောလို့ရတယ် "
ကျောင်းဖုလင်က ချက်ချင်းရှင်းပြသည်။
" ဒီလိုဆိုရင်တော့ ဒီ မိုချောင်းရှန်းရဲ့ ကျောထောက်နောက်ခံက တကယ့်ကို အစွမ်းထက်တာဘဲ "
ကျောင်းဖုလင်၏ရှင်းပြချက်ကိုကြားပြီးနောက် ယဲ့ဖန် အံ့အားသင့်သွားသည်။
" ယဲ့ညီလေး၊ မင်း မိုချောင်းရှန်းနဲ့ ဘယ်လို ရန်ငြိုးရှိလို့လဲ။ မုန်းတီးမှုတွေကြောင့် မဟုတ်ရင် သူတို့နဲ့ မငြိဖို့ အကြံပေးချင်တယ် "
ကျောင်းဖုလင်က သူ့ကို စိုးရိမ်တကြီး ကြည့်သည်။
" ကျွန်တော်က သူတို့ကို မငြိချင်ပါဘူး၊ သူတို့က အရင် ပြဿနာလာရှာတာ "
ယဲ့ဖန်သည် သူနှင့် မိုကုန်းကြားက ရန်ငြိုးကို အတိုချုံးရှင်းပြရင်း ခါးသီးစွာ ပြုံးလိုက်သည်။
ကျောင်းဖုလင်က အလေးအနက် တွေးလိုက်သည်။
" မိုချောင်းရှန်းက ကျုံးဟိုင်မှာ ဘာလုပ်နေတာလဲ။ သခင်ကြီးရှန်းရဲ့မြေးကိုတောင်လိုက်ဖို့ သူ့သားကို ခိုင်းခဲ့တာလား။ ဒါက နည်းနည်းလေးမှ ပုံမှန်မဟုတ်ဘူးလေ "
" အရင်တုန်းကတော့ မိုကုန်းရဲ့ အဖမ်းအဆီးခံခဲ့ရတဲ့မိန်းကလေးတစ်ယောက်ကပြောတာ မိုကုန်းက ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံအကြောင်းပြောနေတာကို မတော်တဆ ကြားလိုက်တယ်တဲ့ "
ယဲ့ဖန်က ချက်ချင်းပြောပြသည်။
" ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံလား "
ကျောင်းဖုလင်က သူ့ပေါင်သူရိုက်လိုက်သည်။
" ငါသိပြီ။ နျုံသွမ်းက သူတို့ကို မြေပုံရှာဖို့ခိုင်းထားတာဖြစ်မယ် "
ထိုစကားကိုကြားတဲ့အခါ ယဲ့ဖန် အတော်လေးအံ့ဩသွားသည်။
" နျုံသွမ်းကလည်း ရှန်းဘုရင်ရဲ့မြေပုံတွေကို စုနေတာလား "
ကျောင်းဖုလင်က ခေါင်းငြိမ့်ပြသည်။
" နျုံသွမ်းမှာ ရှန်းဘုရင်ရဲ့မြေပုံရှိတယ်ဆိုတာ ဒီအသိုင်းအဝိုင်းမှာ လျှို့ဝှက်ချက်တော့မဟုတ်ဘူး။ ရှန်းဘုရင်ရဲ့မြေပုံအပိုင်းအစတွေကို နှစ်ထောင်ချီတဲ့အထိ ဘယ်သူကမှ မစုနိုင်သေးဘူးလေ။ အဲ့တာကြောင့် သူ့ကို လူအများစုက နောက်ကွယ်ကနေ လှောင်ရယ်နေကြတယ်။ သူက တကယ်ကို တဇွတ်ထိုး "
ယဲ့ဖန်က ဘီယာတစ်ငုံသောက်လိုက်သည်။
" အဲ့တာဆို နားလည်ပြီ။ ဒါဆို မိုချောင်းရှန်းက ရှန်းဘုရင်မြေပုံကိုလိုချင်နေတာက နျုံသွမ်းက ခိုင်းထားလို့ဘဲ "
ကျောင်းဖုလင်က သူ့ကို စိုးရိမ်တကြီးကြည့်သည်။
" ယဲ့ညီလေး၊ အဲ့နျုံသွမ်းက တကယ်ကို အင်အားကြီးလူစားဘဲ။ ရှောင်လို့ရသရွေ့တော့ရှောင်ပါ။ မင်းနဲ့ မိုချောင်းရှန်းနဲ့ကြား ညှိဖို့က မဖြစ်နိုင်တော့ဘူးလား "
ယဲ့ဖန်က ခေါင်းကိုခါလိုက်သည်။
" အရင်ကတော့ဖြစ်နိုင်သေးပေမဲ့ အခု သူ့သားက ကျွန်တော့်လက်ချက်နဲ့ ထောင်ထဲရောက်သွားပြီ။ တစ်ယောက်ဘဲရှင်နိုင်တော့မယ် "
ကျောင်းဖုလင်က စားပွဲကို လက်ထိပ်ဖြင့်ခေါက်နေသည်။
" ညှိလို့မရမှတော့ သူ့ကို တစ်ချက်တည်းနဲ့ သတ်မှရမယ်။ ဒီ မိုချောင်းရှန်းဆိုတဲ့ကောင်က တောင်ပိုင်းကွမ်တုန်းမှာ လူမဆန်တဲ့အလုပ်တွေအများကြီးလုပ်ခဲ့တာ။ သူ့ပြစ်မှုတွေကို သက်သေကူရှာပေးလို့ရတယ် "
ထိုစကားကိုကြားတဲ့အခါ ယဲ့ဖန်က အထူးတလည်ပျော်မသွားပေ။
အဲ့အစား ခေါင်းခါငြင်းလိုက်သည်။
" အစ်ကိုကျောင်းရဲ့ ကူညီပေးချင်တဲ့စိတ်ကို တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်နဲ့ မိုချောင်းရှန်းကြားကိစ္စပါ။ အစ်ကိုကျောင်းကို ဆွဲမထည့်ချင်ဘူး။ အကယ်၍ နျုံသွမ်းက သိသွားရင်လည်း အစ်ကိုကျောင်းကို အပြစ်လာဖို့လိမ့်မယ် "
ကျောင်းဖုလင်၏ ယဲ့ဖန်၏တွေးပေးတတ်မှုကြောင့် အတော်လေးစိတ်ချမ်းသာသွားသည်။
အခြားသူသာဖြစ်ပါက သူ့အကူအညီကို မဆိုင်းမတွလက်ခံမှာဖြစ်သည်။
ကျောင်းမိသားစုရဲ့အကူအညီကိုယူလိုက်ပါက ယဲ့ဖန် မိုချောင်းရှန်းကိုရှင်းဖို့ ပိုလွယ်ကူမှာဖြစ်သည်။
အကယ်၍ ယဲ့ဖန်က လက်ခံလိုက်လျှင် ဂျင်ဆင်းရိုင်းပေးခဲ့တုန်းက ကျေးဇူးကြွေးကို ရလိုက်မှာဖြစ်ပြီး အနာဂတ်မှာ သူတို့အချင်းချင်း ကျေးဇူးတင်စရာကိစ္စရှိမှာ မဟုတ်တော့ပေ။
သို့ပေမဲ့ ယဲ့ဖန်က ထိုသို့မလုပ်ဘဲ သူ့ကို တစ်ဖန်ပြန်စိတ်ပူပေးနေသည်။
ထို့ကြောင့် ဒီလူငယ်လေးနဲ့ မိတ်ဖွဲ့ခြင်းကို ခိုင်မာအောင်ဆက်လုပ်ဖို့ ပိုသေချာစေသည်။
" မင်းပြောတော့ အစ်ကိုလိုသဘောထားတယ်ဆို ဘာလို့ အပြင်လူလို ဆက်ဆံနေတာလဲ "
" ဟားဟားဟား ......... "
သူတို့နှစ်ယောက်သား ပြိုင်တူရယ်လိုက်ကြသည်။
အချင်းချင်းဝိုင်ခွက်ကိုတိုက်လိုက်ကြပြီး တစ်ကျိုက်တည်းမော့သောက်လိုက်ကြသည်။
ဟွမ်းမေလီက သူတို့ကိုကြည့်ပြီး အနည်းငယ်တုန်လှုပ်နေသည်။
ယောက်ျားလေးတွေရဲ့ သူငယ်ချင်းဆက်ဆံရေးက ဒီလိုလား။
သောက်ရင်း ရယ်ရင်းနဲ့ တစ်ဖက်သူကို ဘယ်လိုပြာချာမလဲဆိုတာ ပြောနေကြသည်။
" ယဲ့ညီလေး၊ ဗီလာကို အတူတူလိုက်ဦးမလား "
ကျောင်းဖုလင်က ခွက်ကိုစားပွဲပေါ်ချပြီး ထရပ်လိုက်သည်။
" တတိယဘီးအဖြစ်မခံချင်လို့ မလိုက်တော့ပါဘူး။ ကျုံးဟိုင်ကို ပြန်ရဦးမှာပါ "
ယဲ့ဖန်လည်း ထရပ်လိုက်သည်။
" အမှန်ဘဲ။ မင်းက ငါတို့ကြားထဲ လာရှုပ်နေတာ "
ကျောင်းဖုလင်ကလည်း နေဖို့ အတင်းမတိုက်တွန်းပေ။
" အစ်ကိုကျောင်း၊ အကြံပေးရဦးမယ်။ ဘယ်လို ရပ်တန့်ရမလဲဆိုတာကို လေ့ကျင့်ပါဦး။ မြေဩဇာကောင်းရင် မြေက မပျက်စီးပေမဲ့ နွားတွေကတော့ ပင်ပန်းလွန်ရင် သေတတ်တယ် "
" သေလိုက်လေ မင်း "
သူတို့နှစ်ယောက်သား ရယ်မောရင်း ယဲ့ဖန်က ကားဆီသို့သွားကာ တက်ပြီး အရှိန်မြှင့်ကာ မောင်းထွက်သွားသည်။
တစ်ချိန်တည်းမှာဘဲ စနစ်မှ အကြောင်းကြားစာရောက်လာသံကြားလိုက်ရသည်။
[ လက်ခံသူ၊ ကံကြမ္မာတာဝန်ပြီးမြောက်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဆုအဖြစ် ၃ ဘီလီယံတန်ဖိုးရှိ ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီကို ရရှိပါသည် ]
.......................
ကျုံးဟိုင်မြို့
" သူဌေး၊ ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီက ကျွန်တော်တို့ရဲ့တင်ပြချက်ကို ထပ်ပြီး ငြင်းလိုက်ပါတယ် "
ဝတ်စုံပြည့်နဲ့သူတစ်ယောက်က မိုချောင်းရှန်းကို တရိုတသေတင်ပြနေသည်။
" သေစမ်း၊ ခွေးသားတွေ "
မိုချောင်းရှန်းက သူ့ရှေ့ရှိစားပွဲကို ကန်လိုက်သည်။
စားပွဲပေါ်မှ ကောဖီခွက်တွေက ကြမ်းပြင်ပေါ်ကို ကျကွဲကုန်သည်။
သူ ကျုံးဟိုင်ကိုရောက်လာကတည်းက ကိစ္စတော်တော်များများကို ကြုံခဲ့ရသည်။
နျုံလူကြီးမင်းခိုင်းထားတဲ့ကိစ္စကို မလုပ်နိုင်သေးရုံသာမက သူ့သားကလည်း မုဒိမ်းမှုဖြင့် ထောင်ကျသွားသည်။
သူ့သားအမှုက နှစ် ၂၀ လောက်တောင် ပြစ်မှုခံရနိုင်သည်။
အခု ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီနှင့် စီးပွားရေးတင်ပြချက်ကလည်း အခါခါပယ်ချခံရသည်။
ကျုံးဟိုင်က သူ့အတွက် ဘူကျတဲ့နေရာဖြစ်လိမ့်မည်။
သူ ဒီမှာ ကြာကြာဆက်နေလို့မဖြစ်ပေ။
" သူဌေး၊ ကျွန်တော်တို့ ဘာလုပ်ရမလဲ "
" ငါ ဒုန်းအန်းကုမ္ပဏီကို မနက်ဖြန် ကိုယ်တိုင်သွားမယ်။ သူတို့အတွက် ဘာက ကောင်းလဲဆိုတာ သိစေရမှာပေါ့ ...... "
မိုချောင်းရှန်းက ထိုသို့ပြောပြီး ယုတ်မာတဲ့အမူအရာမျိုးဖြင့်ပြုံးသည်။
သူ တောင်ပိုင်းကွမ်တုန်းမှာတုန်းက အလုပ်တွေကို အမြဲကွက်ကျော်လုပ်ခဲ့တာဖြစ်သည်။
ကျုံးဟိုင်ကိုရောက်လာပြီးတဲ့နောက် သူ့ကိုယ်သူထိန်းကာ နျုံလူကြီးမင်း၏ကိစ္စကိုသာ အမြန်ပြီးအောင်ဆောင်ရွက်ချင်ခဲ့တာဖြစ်ပေမဲ့ ကြည့်ရတာ သူ အတော်လေး ထိန်းခဲ့မိပုံရသည်။
အခုကစပြီး သူ၏ ကောက်ကျစ်တဲ့အခြမ်းကို ပြသတော့မှာဖြစ်ပြီး သူ့ကို တားတဲ့သူမှန်သမျှ သေရမည်။
အထူးသဖြင့် ယဲ့ဖန်ဆိုသည့်ကောင်ကို အရိုးထဲကပင် မုန်းသည်။
သူ့ကိစ္စတွေပြီးတာနဲ့ အဲ့တစ်ယောက်ကို သေချာပေါက် အစိတ်စိတ်အမြွှာမြွှာဖြစ်အောင်လုပ်မည်ဖြစ်သည်။
အပိုင်း ( ၂၄၆ )
တကယ်ဘဲ နည်းနည်းလေး ပိုသေးတယ်လို့ထင်ရတယ်။
တစ်ဖက်မျိာတော့ ယဲ့ဖန်သည် ကျုံးဟိုင်ရှိ ကန်သာယာစံအိမ်သို့ပြန်ရောက်လာကာ ကားကို ပါကင်ထိုးသည်။
ထို့နောက် ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီ၏တရားဝင်ဌာနမှ ဖုန်းဆက်လာပြီး စာရွက်စာတမ်းလွှဲပြောင်းရေးအတွက် အချိန်ရမရမေးသည်။
တစ်မနက်လုံးကားမောင်းလာခဲ့ရသည့်အတွက် ယဲ့ဖန် နောက်ထပ်ကားမမောင်းချင်တာကြောင့် မနက်ဖြန်မှသွားဖို့ ချိန်းလိုက်သည်။
ထို့နောက် ဖုန်းချပြီး တစ်ရေးအိပ်လိုက်သည်။
နိုးလာတဲ့အခါ ယဲ့ဖန် ရှုမန်အကြောင်းကို တွေးမိသည်။
သူမက ဒုန်းအန်းငွေကြေးမှာ အလုပ်လုပ်တာဖြစ်ပြီး သူမ အလုပ်မှာ အဆင်ပြေရန် ဟန်ဆောင်ကူညီပေးခဲ့တာမျိုးရှိခဲ့သည်။
သူက တကယ်ဘဲ သူမရဲ့ သူဌေးဖြစ်လာမယ်လို့ ထင်မထားခဲ့ပေ။
ယဲ့ပေါက်ကောမွေးနေ့တွင် ရှုမန်က အလုပ်ကိစ္စကြောင့် မလာနိုင်ခဲ့ချေ။
သို့ပေမဲ့ သူမက ယဲ့ဖန်ဆီကို Wechat ကနေ အနီရောင်ငွေအိတ်ပို့ပေးခဲ့ပြီး တောင်းပန်ကာ ဆုမွန်ကောင်းတောင်းပေးသည်။
အဲ့နေ့က ဆုတောင်းပေးသူတွေများတာကြောင့် သူ ရှုမန်ကို စာမပြန်ခဲ့လိုက်မိပေ။
ထို့ကြောင့် သူမဆီကို ချက်ချင်းဖုန်းခေါ်လိုက်သည်။
ဖုန်းက နှစ်ခါလောက်မြည်ပြီးတဲ့နောက် တစ်ဖက်မှ ဖုန်းကိုင်သည်။
" ရှောင်ဖန်၊ နင် ကျုံးဟိုင်ကို ပြန်ရောက်ပြီလား "
ရှုမန်၏မောဟိုက်နေတဲ့အသံက ဖုန်းတစ်ဖက်မှထွက်လာသည်။
" အခုလေးတင် ပြန်ရောက်တာ။ အစ်မကို ပထမဆုံးခေါ်တာဘဲ "
" အမလေး၊ ရင်တောင်ခုန်သွားတယ်။ ဒဏ္ဍာရီလာ ယဲ့လူကြီးမင်းရဲ့ပထမဆုံးဖုန်းခေါ်သူက ငါဖြစ်နေတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး "
" အစ်မမန်၊ မစပါနဲ့။ ဒဏ္ဍာရီလာ ယဲ့လူကြီးမင်းဆိုတာ ဘာကြီးလဲ "
" ငါ ဖန်းမြို့ကို မလာနိုင်ပေမဲ့ နင် ငါတို့မွေးရပ်မြေကို ခမ်းနားတဲ့ပြန်လာမှုကြီးအကြောင်း ကြားပါတယ် "
" အစ်မတောင် သိတာလား "
" သေချာတာပေါ့။ လွန်ခဲ့တဲ့နှစ်ရက်ကဘဲ ငါ့မိဘတွေက ဖုန်းခေါ်တယ်လေ။ နင်က ဘယ်လောက် အောင်မြင်ကြောင်းပြောပြီး နင်နဲ့အနေနီးအောင်လုပ်ဖို့ပြောနေကြသေးတယ် "
" ကျွန်တော့်အထင် အစ်မ ဦးလေးနဲ့ဒေါ်လေးတို့စကားကို နားထောင်သင့်တယ်။ အခုချိန် ခြေသလုံးလာဖက်ရင် မီသေးတယ်နော် "
" သေလိုက်လေ။ ပြော၊ ဘာလို့ဖုန်းဆက်တာလဲ "
" ကိစ္စမရှိဘဲ ခေါ်လို့မရဘူးလား "
" နင့်အကြောင်းမသိဘူးများထင်နေလား။ နင် ငါ့ကို အကူအညီတောင်းစရာမရှိရင် နင်က ခေါ်မယ့်လူစားမဟုတ်ဘူး "
" ကျွန်တော်က အဲ့လိုလူမျိုးလား။ အစ်မကို သတိရလို့ပါ။ အစ်မကို တမ်းတနေတာက မြစ်တစ်စင်းလို ...... "
" ပြောစရာရှိတာ မပြောဘူးဆိုရင် ဖုန်းချလိုက်တော့မယ် "
" အတည်ပြောပါ့မယ်။ မနက်ဖြန်ကျ ဒုန်းအန်းမှာ ကိစ္စတစ်ခုရှိလို့လာစရာရှိတယ်။ ပြီးရင် ထမင်းအတူသွားစားလို့ရတယ် "
" ကြုံမှ အတူတူစားရမှာလား "
" မစားချင်လည်းရပါတယ်။ အခြားတစ်ယောက်ရှာလိုက်မယ် "
" မရှာနဲ့။ ငါက စတာပါ။ ငါ နင့်ကို ဝယ်ကျွေးမယ်လေ။ အဘိုးယဲ့မွေးနေ့ကို မလာလိုက်နိုင်တာ တော်တော်လေးစိတ်မကောင်းဖြစ်နေတာ "
" အဘိုးကိုရှင်းပြလိုက်ပါတယ်။ သူကလည်း နားလည်ပါတယ် "
" ဒါပေမဲ့လည်း ငါဝယ်ကျွေးမယ် "
" ကောင်းပြီ၊ အဲ့တာဆိုလည်း "
" အင်၊ မနက်ဖြန်မှတွေ့ကြတာပေါ့ "
ဖုန်းချပြီးတဲ့နောက် ယဲ့ဖန် တစ်ကိုယ်လုံးစေးကပ်နေတာကို ခံစားလိုက်ရသည်။
ဖုန်းကိုချက်ချင်းဘေးချပြီး ရေချိုးခန်းသို့သွားရင်း အဝတ်တွေကို ချွတ်နေသည်။
သို့ပေမဲ့ သူ တံခါးကို တွန်းဖွင့်လိုက်တဲ့အခါ ယဲ့ဖန် ကြောင်သွားသည်။
သူ့ရေချိုးကန်ထဲတွင် မိန်းမတစ်ယောက်ရှိနေသည်။
သူမ ကြည့်ရတာ ပျော်မွေ့နေပုံရသည်။
သီချင်းလေးတောင် ညည်းနေသေးသည်။
ရေချိုးကန်ဘောင်တွင် ဝိုင်နီခွက်လည်းရှိသည်။
တစ်ချိန်တည်းမှာဘဲ သူမရဲ့ ဖြူဖွေးသောခြေတံကို မြှောက်လိုက်သည်။
သူမက တစ်ခြားသူမဟုတ်ဘဲ ရှန်းပိုင်ထျန်းဖြစ်သည်။
" ဒီထဲကို ဘယ်လိုရောက်နေတာလဲ "
ယဲ့ဖန် မေးလိုက်သည်။
" အား ......... "
ရှန်းပိုင်ထျန်းသည် ယောက်ျားတစ်ယောက်အသံကိုကြားလိုက်ရတာကြောင့် ထိတ်လန့်ပြီး အော်လိုက်သည်။
လှည့်ကြည့်လိုက်မှ ယဲ့ဖန်ဖြစ်နေမှန်းသိလိုက်ရသည်။
ထိုအခါမှ သက်ပြင်းချပြီး ထစ်ထစ်အအဖြင့်ပြောသည်။
" နင် ..... ဘယ်လိုလုပ်ပြီးရောက်လာတာလဲ "
ပြောရင်းဖြင့် သူမ၏နူးညံ့တဲ့ခန္ဓာကိုယ်လေးကို ဆပ်ပြာမြှုပ်တွေအောက် ဖုံးကွယ်နေသည်။
" သေချာပြောစမ်းပါ။ ဒါက ကိုယ့်အိမ်လေ။ မင်းကမှ ဘယ်လိုဝင်လာတာလဲ "
သူမရဲ့မေးခွန်းကြောင့် ယဲ့ဖန် သွေးအန်ထွက်မတတ်ဖြစ်သွားရသည်။
" နင် .... နင်ဘဲ ငါ့ကို သော့ပေးထားတာလေ။ မေ့သွားပြီလား "
ရှန်းပိုင်ထျန်းသည်လည်း သူမက မှားမှန်းသိတာကြောင့် ခပ်ကျုံ့ကျုံ့လေးဖြစ်သွားသည်။
" သော့ပေးခဲ့တာက တိုက်ရိုက်ထုတ်လွှင့်ဖို့လေ။ ဝင်ချင်တိုင်းဝင်ဖို့မှ မဟုတ်တာ "
ယဲ့ဖန် ဒေါသထွက်လွန်းလို့ မေ့လဲမတတ်ဖြစ်နေသည်။
" ငါ့အိမ်က ရေချိုးကန်က အရမ်းသေးတယ်။ ချိုးရတာ သက်တောင့်သက်သာမရှိဘူး။ အဲ့တာကြောင့် နင့်ရေချိုးကန်ကို ခဏငှားချိုးတာပါ။ နင် ဒီလောက်အစောကြီးပြန်ရောက်မယ်မှန်းမသိလို့လေ "
ရှန်းပိုင်ထျန်းအသံက တဖြည်းဖြည်းတိမ်ဝင်သွားသည်။
အဆုံးမှာတော့ အမှားလုပ်မိသည့်ကလေးတစ်ယောက်နှယ် ခေါင်းကိုငုံ့ချလိုက်သည်။
" ဒါဆို မှားတဲ့သူက ကိုယ်လို့ပြောချင်တာလား။ ကိုယ့်အိမ်ကို ပြန်လို့မရဘူးလား "
ယဲ့ဖန်က သူမကို စိုက်ကြည့်လိုက်သည်။
" ငါမှားမှန်းသိပါတယ်။ နောက်တစ်ခါမလုပ်ပါဘူး "
ရှန်းပိုင်ထျန်းက သနားချင့်စဖွယ်အမူအရာလေးလုပ်သည်။
" နောက်တစ်ခါရှိရဦးမှာလား။ မြန်မြန်ထွက်ခဲ့။ ကျွန်တော်က အသန့်ကြိုက်တဲ့သူ။ ဒီရေချိုးကန်ကို ဆက်သုံးလို့ မဖြစ်တော့ဘူး။ အသစ်ဝယ်လဲရမယ် "
" အဲ့လောက်ကြီးထိ လုပ်စရာလိုလို့လား။ နင့်ရေချိုးကန်က ညစ်ပတ်နေတာတောင် ငါက ဘာမှမပြောတာကို နင်က ဘာလို့ ငါ့ကိုပြန်ပြောနေတာလဲ "
ယဲ့ဖန် ဒေါသထွက်လွန်းလို့ စကားတောင်မပြောနိုင်ပေ။
" မင်း ..... အခုချက်ချင်း ထွက်ခဲ့ "
ထိုသို့ပြောပြီး ရှန်းပိုင်ထျန်းကို ရေချိုးကန်ထဲကနေ ဆွဲထုတ်သည်။
" အား ...... နင် နှာဘူးလား၊ လူရမ်းကားလားဟမ်။ ငါ ဘာအင်္ကျီမှဝတ်မထားဘူး "
ရှန်းပိုင်ထျန်းကြောက်လွန်းလို့ ဖြူဖျော့သွားရသည်။
" ကိုယ် ....... "
ယဲ့ဖန်လည်း ဘာလုပ်ရမလဲမသိဖြစ်သွားသည်။
" နင်အရင်ထွက်နှင့် ချက်ချင်းထွက်ခဲ့မယ် "
ရှန်းပိုင်ထျန်း၏မျက်နှာလှလှလေးက နားရွက်တွေထိ နီရဲတွတ်နေသည်။
ပါးပြင်ပေါ်မှာလည်း ရေစက်လေးတွေရှိနေသည်။
အဲ့တာက သူမကို ပိုပြီးဆွဲဆောင်မှုရှိစေသည်။
" မြန်မြန်လုပ် "
ယဲ့ဖန်က အလောပေးပြီး လှည့်ပြီး ထွက်သွားဖို့လုပ်သည်။
လှည့်လိုက်ချိန်မှာဘဲ ယဲ့ဖန် မသိစိတ်ကနေ ရေချိုးကန်ဘက်ကို ကြည့်လိုက်မိသည်။
တစ်ခုခုကို မြင်သွားပုံရသလို မမြင်ပုံလည်းရသည်။
ယဲ့ဖန် မထိန်းနိုင်ဘဲ တိုးတိုးလေးရေရွတ်လိုက်သည်။
" အဲ့တာက မသေးလွန်းဘူးလား "
ရှန်းပိုင်ထျန်း ချက်ချင်းမတုန့်ပြန်နိုင် တံခါးပိတ်သံကြားတော့မှ ယဲ့ဖန် ဘာပြောသွားတာလဲဆိုတာကို နားလည်သွားသည်။
" ယဲ့ဖန်၊ လူရမ်းကားကောင် "
ထိုသို့ပြောပြီး သူမဘာသာ မသိလိုက်ဘဲ ထိကြည့်မိလိုက်သည်။
အဲ့လောက်သေးလို့လား။
ဒါက C ဆိုက်ဒ်ပါ။
ဒါပေမဲ့ လင်းကျွင်းကျွင်းတို့ တခြားသူတွေနဲ့ယှဉ်ရင်တော့ ......
ကြည့်ရတာ ........
တကယ်ဘဲ နည်းနည်းလေး ပိုသေးတယ်ထင်ရတယ်။
အပိုင်း ( ၂၄၇ )
အဲ့လို အဖြစ်မခံနိုင်ဘူး
မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် ရှန်းပိုင်ထျန်းရေချိုးခန်းထဲမှထွက်လာကာ ဆိုဖာပေါ်တွင်ထိုင်နေသည့် ယဲ့ဖန်ကို တွေ့လိုက်သည်။
ထို့အပြင် သူ့ဆီမှ လူတွေကို ခြိမ်းခြောက်နေသည့် ပုံစံမျိုးရှိနေသည်။
သူမက ယဲ့ဖန်ကို ဘယ်လိုပြောပြီး ပျော်အောင်လုပ်ယ
ရမလဲဟု တွေးနေချိန်မှာဘဲ ယဲ့ဖန်က အေးစက်စွာဖြင့် သူမရှေ့ကို လက်လှမ်းလိုက်သည်။
" ပေး "
" ဘာလဲ "
ရှန်းပိုင်ထျန်းက ရုတ်တရက် ဘာမှန်းမသိပေ။
" သော့လေ "
ယဲ့ဖန်က အတော်လေးဒေါသထွက်နေပုံရသည်။
" ငါမှားမှန်းသိပါတယ်။ ဒါပေမဲ့ ဒီလောက်ကြီးထိလုပ်ဖို့တော့ မလို ....... "
ရှန်းပိုင်ထျန်းက ဆက်ပြီးနားချချင်သေးပေမဲ့ ယဲ့ဖန်က အညှာအတာမဲ့စွာဖြင့် သူမစကားကို ဖြတ်ပြောလိုက်သည်။
" တော်စမ်းပါ။ မင်း ငါ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တာ။ အိမ်သော့ပြန်ပေး "
" အင်းပါ၊ အင်းပါ။ ပြန်ပေးပါ့မယ် "
ရှန်းပိုင်ထျန်းသည် ဆိုဖာပေါ်က အိတ်ကိုယူပြီး သော့ကိုထုတ်ကာ ဧည့်ခန်းစားပွဲပေါ်ပစ်တင်လိုက်သည်။
တကယ်တော့ သူမ ကြိတ်ရယ်နေတာဖြစ်သည်။
ဒီလိုနေ့မျိုးရောက်လာမည်ဆိုတာကို သူမ ခန့်မှန်းပြီးသားဖြစ်သည်။
ထို့ကြောင့် ကြိုပြီး သော့တူတွေပွားထားသည်။
ငါ့ကို တားချင်တာလား။
တွေးတောင် မတွေးနဲ့။
ရေချိုးကန်ကလည်း ငါ့ဟာ။
မီးဖိုချောင်ကလည်း ငါ့ဟာ။
အိပ်ရာကလည်း ငါ့ .......
အာ .. ထားလိုက်ပါတော့။
" အဲ့လိုမှပေါ့ "
ယဲ့ဖန်က သော့ကိုပြန်ယူပြီး ရှန်းပိုင်ထျန်းကို ထပ်ဆူဖို့ပြင်နေချိန်မှာဘဲ သူမက ယောက်ျားဝတ်အင်္ကျီကိုဝတ်ထားမှန်း သတိထားမိလိုက်သည်။
ရှပ်အင်္ကျီက သူမနဲ့ အတော်လေးချောင်နေသည်။
အင်္ကျီက သူမ၏ပေါင်လယ်ထိ ဖုံးနေပြီး ရှည်သွယ်လျတဲ့ခြေနှစ်တံက လူတိုင်းကို ငေးမောစေသည်။
" မင်း ...... ဘယ်သူ့အင်္ကျီဝတ်ထားတာလဲ "
" ရေချိုးနေရင်းနဲ့မှ အဝတ်လဲဖို့ မေ့ခဲ့တာသတိရလို့ .... နင့်ဘီရိုထဲက တစ်ခုရှာဝတ်ထားတာ "
ရှန်းပိုင်ထျန်း ခေါင်းကိုငုံ့ပြီး လက်ချောင်းတွေကို ဆော့ကစားနေသည်။
ယဲ့ဖန် ဒေါသကြောင့် တသိမ့်သိမ့်တုန်လာသည်။
" သူများအင်္ကျီကို ဘာလို့ဝတ်ထားတာလဲ။ အခု ချွတ်လိုက် "
ရှန်းပိုင်ထျန်းက မကျေမနပ်ဖြင့် နှုတ်ခမ်းကိုကိုက်ထားသည်။
" ဘာလို့ ကပ်စေးကုတ်နေတာလဲ။ အင်္ကျီလေးတစ်ထည်ဘဲကို။ နောက်နေ့ကျ ၁၀ထည်မက ပြန်ဝယ်ပေးနိုင်ပါတယ် "
" ချွတ်မှာလား မချွတ်ဘူးလား "
" အခု ဘယ်လိုလုပ်ချွတ်ရမှာလဲ "
" မချွတ်ဘူးလား။ လာကူချွတ်ပေးမယ် အဲ့တာဆို "
ယဲ့ဖန်က ပြောပြီးနောက် ချက်ချင်းမတ်တပ်ရပ်လိုက်သည်။
" အား၊ မကောင်းတဲ့လူရမ်းကား .... "
ရှန်းပိုင်ထျန်း အော်ပြီး ထွက်ပြေးဖို့ပြင်သည်။
သို့ပေမဲ့ ယဲ့ဖန်က အနောက်နေဆွဲဖမ်းပြီး သူမကို ဆိုဖာပေါ်သို့ဖိချလိုက်သည်။
" ယဲ့ဖန်၊ ငါမှားမှန်းသိပါပြီ။ ထပ်မလုပ်တော့ပါဘူး။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ အလွတ်ပေးပါ .... "
ရှန်းပိုင်ထျန်းက ရုန်းကန်ရင်း တောင်းပန်နေသည်။
ယဲ့ဖန်ကတော့ သူမအင်္ကျီကြယ်သီးကိုဖြုတ်ဖို့ ပြင်နေသညိ။
ရှန်းပိုင်ထျန်းသည် သနားဖို့တောင်းပန်နေတာက အလုပ်မဖြစ်တဲ့အခါ ချက်ချင်း နည်းလမ်းပြောင်းလိုက်သည်။
" ကောင်းပြီ၊ ငါအခုချွတ်လိုက်မယ်။ ရပြီလား "
ထိုသို့ပြောပြီးနောက် ယဲ့ဖန်၏လက်ကို တွန်းထုတ်လိုက်ပြီး သူမဘာသာ ကြယ်သီးဖြုတ်တော့သည်။
ယဲ့ဖန်က သူမ နောက်တစ်ခါ သူ့ပစ္စည်းတွေမထိအောင် ခြောက်လန့်ရုံသာဖြစ်ပေမဲ့ သူမက အတည်ပေါက်ကြီးလုပ်နေတဲ့အခါ လန့်သွားရသည်။
" မင်း .... ရပ်လိုက် "
သူမရဲ့အကြံအစည်အောင်မြင်တာကိုသိလိုက်ရတဲ့အခါ ရှန်းပိုင်ထျန်း ဂုဏ်ယူတဲ့မျက်နှာပေးဖြစ်သွားသည်။
" နင်ဘဲ ငါ့ကို ချွတ်ခိုင်းတာလေ။ ငါ့ ခန္ဓာကိုယ်ကို မြင်ချင်တာမဟုတ်လား။ ချွတ်လိုက်မယ်။ ကြိုက်သလောက်ကြည့် "
ထို့နောက် ပထမဆုံးကြယ်သီးကိုဖြုတ်လိုက်သည်။
ယဲ့ဖန်က ဆိုဖာပေါ်မှ အမြန်ထလိုက်သည်။
" ဘယ်သူက မြင်ချင်နေလို့လဲ။ မင်းမှာ ရင်ရောတင်ရောမရှိဘူး။ မင်းအစား ကိုယ့်ဟာကိုယ်မှန်ထဲမှာကြည့်လိုက်တာမှ ဟုတ်ဦးမယ် "
ရှန်းပိုင်ထျန်းက ယဲ့ဖန် ရှက်နေတာကိုမြင်ပြီး အူမြူးနေသည်။
" နင် မမြင်ဖူးဘဲ ငါ့မှာ မရှိဘူးဆိုတာ ဘယ်လိုသိလဲ။ မြင်ဖူးလို့ သိတာမလား။ ဘာလို့ လူကြီးလူကောင်းဟန်ဆောင်နေရတာလဲ။ မပင်ပန်းဘူးလား "
သူမက ထိုကဲ့သို့ပြောပြီး ယဲ့ဖန်ရှေ့ကို တမင်တကာလျှောက်လာပြီး ကြယ်သီးဆက်ဖြုတ်သည်။
ယဲ့ဖန်က ဆက်ပြီး အကြည့်လွှဲလိုက်ပြန်သည်။
ရှန်းပိုင်ထျန်းကဆက်လုပ်သည်။
ယဲ့ဖန်က အများသောအားဖြင့် သူရေီ့တွင် ယုံကြည်မှုရှိသည့်ပုံစံဖြင့်သာနေသည်။
သူ့အရွယ်နှင့်မလိုက်အောင် ရင့်ကျက်တာကြောင့် ဒီလိုရှက်နေတဲ့ပုံစံကို မြင်ရခဲသည်။
ဒါက သူမရဲ့ မကောင်းတဲ့စိတ်ကို နှိုးဆွပေးရာရောက်သည်။
ယဲ့ဖန်က ရှန်းပိုင်ထျန်းရဲ့ ရည်ရွယ်ချက်ကို ချက်ချင်းသိလိုက်သည်။
ထို့ကြောင့် စိတ်ကို ပြန်ပြောင်းပြီး ဆိုဖာပေါ်ထိုင်ချကာ ခြေချိတ်လိုက်သည်။
" ချွတ် "
ထိုအခါမှာတော့ ကြောင်အသွားရသူက ရှန်းပိုင်ထျန်းဖြစ်သည်။
သူမ လက်တွေ ချက်ချင်းရပ်သွားသည်။
တကယ်တော့ သူမက လေကြီးလေကျယ်ပြောနေတာသာဖြစ်သည်။
အကယ်၍ သူကသာ သူမကို တကယ်ကြီး အဝတ်ချွတ်ခိုင်းပါက သူမကို သေအောင်ရိုက်လျှင်တောင် လုပ်မည်မဟုတ်ပေ။
ယဲ့ဖန် နှုတ်ခမ်းကွေးညွတ်တက်သွားသည်။
" ချွတ်လေ၊ ဘာစောင့်နေတာလဲ "
ရှန်းပိုင်ထျန်း မျက်ရည်တွေဝဲတက်လာရသည်။
" နင် အရှက်မရှိဘူး "
ထိုသို့ပြောပြီးနောက် သူမ ပစ္စည်းတွေကိုကောက်ပြီး ပြေးထွက်သွားသည်။
ထိုအခါမှ ယဲ့ဖန် အောင်နိုင်သူတစ်ယောက်လို ပြုံးပြီး ရေချိုးခန်းထဲသို့ဝင်သွားသည်။
သူမ အဝတ်အစားတွေ မယူသွားဘူးဆိုတာ ယဲ့ဖန် တွေ့လိုက်သည်။
အဝတ်တွေက ရေချိုးကန်ထဲမှာ ပုံနေသည်။
ပြီးတော့ ရေချိုးခန်းကလည်း ရှုပ်ပွနေသည်။
ခေါင်းလျှော်ရည်နှင့် ရေချိုးဆပ်ပြာဂျယ်တွေကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။
ယဲ့ဖန် ခေါင်းခါလိုက်တော့သည်။
အခုတွင် 'တရားခံ' က လွတ်မြောက်သွားပြီဖြစ်၍ သူကိုယ်တိုင်သာ ရှင်းရတော့မည်ဖြစ်သည်။
လှည့်ပတ်ကြည့်ပြီးတဲ့နောက် အဝတ်စုတ် ရှာမတွေ့ချေ။
ယဲ့ဖန်သည် ရှန်းပိုင်ထျန်း၏အဝတ်ပုံထဲမှ ပန်းရောင်ခြေအိတ်နှစ်ထည်ကို ထုတ်ယူလိုက်သည်။
အဝတ်လဲခုံပေါ်ရှိ ခေါင်းလျှော်ရည်နှင့် ရေချိုးဂျယ်တွေကို သုတ်လိုက်သည်။
ထိုအခါမှ ပိုသပ်ရပ်သွားတော့သည်။
ဒီအချိန်တွင် ရုတ်တရက် သူ့နောက်ကနေ ရှန်းပိုင်ထျန်းရဲ့ အာမေဋိတ်သံကို ကြားလိုက်ရသည်။
" နင် .......... ဘာလုပ်နေတာလဲ "
ယဲ့ဖန်လှည့်ပြီး သူမကို ကြည့်လိုက်သည်။
" ဘာလို့ပြန်လာတာလဲ "
ရှန်းပိုင်ထျန်းက သူ့ကို ညွှန်ပြရင်း တုန်တုန်ယင်ယင်ဖြင့် သူ့လက်ထဲမှာရှိတဲ့ ခြေစွပ်ကို ကြည့်နေသည်။
" ယဲ့ဖန်၊ နင် လူရမ်းကားကောင်ကြီး "
ပြောပြီးသည်နှင့် မျက်နှာကို အုပ်ကာ ထွက်ပြေးသွားပြန်သည်။
ယဲ့ဖန် နားမလည်နိုင်ဖြစ်နေသည်။
သူ့အဝတ်အစားတွေယူဖို့ ပြန်လာတာမဟုတ်ဘူးလား။
အဝတ်အစားတွေ ယူချင်တယ်ဆိုလည်း ပြောပေါ့။ သူ့ကိုဘာလို့ ကြိမ်းမောင်းရတာလဲ။
သူမ ရှုပ်ထားတာတွေကိုတောင် သူက ရှင်းနေရတာ မဟုတ်ဘူးလား။
ဘယ်သူက လူရမ်းကားလဲ။
သို့ပေမယ့် သူ့လက်ထဲက ပိုးသားခြေအိတ်တွေကို အံ့သြတကြီးနဲ့ ကြည့်လိုက်မိတော့...
ယဲ့ဖန် ရုတ်တရက် သဘောပေါက်သွားတော့သည်။
ထိုအချိန်တွင် ခြေအိတ်နှစ်ခုပေါ်မှာ အဖြူရောင်အရည်များ စွန်းထင်းနေသည်။
တစ်ချက်ကြည့်လိုက်တဲ့အခါ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာလည်း အဝတ်မပါပေ။
ရေချိုးခန်းထဲမှာလည်း ရောက်နေတော့ မြင်သူတိုင်းက မကောင်းတာလုပ်နေတာလို့ ထင်ကြလိမ့်မည်။
ကောင်းရော၊ သူအခု မြစ်ထဲကို ခုန်ဆင်းသွားရင်တောင် သူ့နာမည်ကို ရှင်းနိုင်တော့မှာ မဟုတ်ဘူး။
အပိုင်း( ၂၄၈ )
ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့က ခက်ခဲတယ်မလား?
နောက်တစ်နေ့မနက်၌။
ယဲ့ဖန် ရှုမန်နှင့်ချိန်းဆိုထားသည့်အချိန်တွင် ငွေရောင်အဆောက်အဦးသို့ရောက်ချိန်၌ ရှုမန် သူ့အား အောက်ထပ်တွင် ရပ်စောင့်နေလေသည်။
“ မန်နေဂျာရှုကိုယ်တိုင် ကျွန်တော့်ကိုလာကြိုတော့ ကိုယ့်ကိုယ်ကိုယ်တောင် ဂုဏ်ယူမိသွားပြီဗျာ ”
ယဲ့ဖန်ဒီနေ့ Ferrari Enzo ကားကို မောင်းလာတာဖြစ်တာကြောင့် များစွာသောလူတို့၏အာရုံကို ဆွဲဆောင်မိလိုက်ပြန်သည်။
သူတို့က ယဲ့ဖန်အားတကယ်ခေါင်းကိုက်စေသည်။
နည်းနည်းဈေးပေါတဲ့ကားမျိုး ဝယ်တာပိုကောင်းမလား။
မဟုတ်ရင် သူဘယ်သွားသွား တိရစ္ဆာန်ရုံထဲကမျောက်လိုမျိုး လူတိုင်းရဲ့ အာရုံစိုက်စရာဖြစ်နေတော့မည်။
“ နင်ကပဲပြောရတယ်ရှိသေးတယ်။ ငါကသာ နင့်ပေါင်လုံးကို ခပ်တင်းတင်းဖက်ထားဖို့ အချိန်လုနေရတဲ့သူပါနော်။ မဟုတ်ရင် အနာဂတ်မှာ အခွင့်အရေးမရှိတော့မှာစိုးတယ် ”
ရှုမန်စနောက်လိုက်သည်။
“ ယောကျာ်းတွေကသာ ပေါင်လုံးဖက်ရမှာပါ။ မိန်းမတွေက…”
ယဲ့ဖန်တစ်ခုခုပြောလိုက်ချင်ပေမယ့် ထိုနေရာ၌သာ စကားကိုရပ်လိုက်သည်။
“ မိန်းမတွေက ဘယ်နားအဖက်ခံသင့်တာလဲ ”
ရှုမန်၏လှပသော ဗာဒံစေ့သဏ္ဍာန်မျက်လုံးများဟာ သူ့အပေါ်၌သာ မြဲမြံနေ၏။
ယနေ့၌ သူမမီးခိုးရောင် OL အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားတာဖြစ်သည်။
သို့သော် သူမထံမှထုတ်လွှတ်နေသည့် နှစ်လိုဖွယ်ကောင်းမှုကို ဘယ်ယောကျာ်းမှ တောင့်ခံနိုင်မည်မဟုတ်ချေ။
“ အဟမ်း၊ ဘာမှမဟုတ်ပါဘူး။ အမြန်အထဲဝင်ရအောင် ”
ယဲ့ဖန် သူမထံမှအမြန်အကြည့်လွှဲလိုက်ကာ အဆောက်အဦးထဲအမြန်ဝင်လာလိုက်သည်။
ရှုမန်၏နှုတ်ခမ်းတွေတွန့်ကွေးသွားကာ ခပ်ဖွဖွပြုံးလိုက်မိသည်။
သူမက ယဲ့ဖန်ထက် ငါးနှစ်ကြီးလေသည်။
ထိုကောင်လေးကို သူမအမြဲတမ်း မောင်ငယ်လေးတစ်ယောက်လို ဆက်ဆံခဲ့တာပင်။
အတိတ်တုန်းကဆို ထိုကောင်လေးဟာ သူမကိုစကားပြောတိုင်း ရှက်သွေးဖြာနေတတ်သည့် ဘေးအိမ်မှ ကောင်ငယ်လေးဖြစ်သည်။
ယခုတော့ သူမကိုတောင် စနောက်ရဲနေလေပြီ။
ဟားဟား၊ စိတ်ဝင်စားစရာကောင်းသားပဲ။
ရှုမန်နှင့်ယဲ့ဖန်တို့ ဓာတ်လှေကားထဲ ဝင်လာလိုက်ပြီးနောက် ရှုမန်သူ့အား သိလိုစိတ်ပြင်းပြစွာမေးလိုက်သည်။
“ ဒီနေ့ငါတို့ကုမ္ပဏီကို ဘာလာလုပ်တာလဲ? ကုမ္ပဏီရုံးခန်းငှါးရမ်းခက ဟိုတစ်လောက ပေးပြီးပြီမဟုတ်ဘူးလား ”
“ ကျွန်တော် အစ်မတို့ကုမ္ပဏီကို ဝယ်မလို့စီစဉ်ထားတာလေ။ အခုကစပြီး ကျွန်တော်က အစ်မသူဌေးဖြစ်သွားပြီ။ လာ၊ သူဌေးလို့ခေါ်ပါဦး ”
ယဲ့ဖန် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
“ ဖူး၊ ဟားဟားဟား…”
ယဲ့ဖန်စကားကိုကြားတော့ ရှုမန် အကျယ်ကြီးအော်ရယ်တော့သည်။
“ ဘာရယ်တာလဲ ”
သူမရယ်သံထဲမှ သရော်မှုများကို ယဲ့ဖန် ရှင်းရှင်းလင်းလင်းကြားနေရသည်။
“ နင်က ငါတို့ကုမ္ပဏီကိုဝယ်မယ်။ အိပ်မက်မက်မနေစမ်းပါနဲ့။ ဒီတစ်လော ငါတို့ကုမ္ပဏီကို အကျိုးတူပူးပေါင်းဖို့ လာကမ်းလှမ်းကြတဲ့ကုမ္ပဏီတွေမှ အများကြီးပဲ။ နိုင်ငံခြားကကုမ္ပဏီတွေတောင်ပါသေးတယ်။ ဒါပေမယ့် ဘော့စ်က စဉ်းတောင်မစဉ်းစားပဲ အကုန်ငြင်းလွှတ်လိုက်တာ ”
သိသိသာသာကိုပင် ရှုမန် သူ့စကားအား အတည်မယူပေ။
“ ပိုနီမားကလည်း မင်းတို့ကုမ္ပဏီကို ဝယ်ချင်နေတယ်ဆိုတာ သူ မပြောပြဘူးလား။ ဘာလို့မဝယ်နိုင်လိုက်တာပါလိမ့် ”
“ ငါတို့ဆွေးနွေးကြည့်တာ ပြီးတောင်ပြီးတော့မယ်။ ဒါပေမယ့် ဘော့စ်က နောက်ဆုံးကျမှငြင်းလိုက်တာ ”
“ ဘာလို့လဲ။ ပေးတဲ့ဈေးကနည်းလို့လား ”
ယဲ့ဖန် အနည်းငယ်သိချင်သွားရသည်။
“ ဈေးကြောင့်မဟုတ်ပါဘူး။ သူတို့ကမ်းလှမ်းတဲ့ငွေက လက်ရှိ ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီရဲ့ ပေါက်ဈေးထက်တောင် ပိုများသေးတယ် ”
“ ဒါဆို ဘာလို့ငြင်းလိုက်တာလဲ ”
“ ငါတို့သူဌေးက ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီကို သူ့ကလေးလို့ သတ်မှတ်ထားတာလေ။ ရှင်သာဆို ကိုယ့်ကလေးကိုယ် ပြန်ရောင်းမှာလား ”
“ အာ…”
ယဲ့ဖန် ဆွံ့အသွားရသည်။
ရှုမန်အား သူ့ဘော့စ်က သူ့ကလေးကို မိမိအားရောင်းလိုက်ပြီဖြစ်ကြောင်းကို အလွန်ပြောပြချင်နေမိသည်။
သို့သော် ရှုမန်သူ့ကိုယုံမည်မဟုတ်ပေ။
ဓာတ်လှေကား ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီအထပ်၌ ရပ်သွားပြီဖြစ်တာကြောင့် ယဲ့ဖန် ထွက်ရန်ပြင်လိုက်သည်။
“ ခဏလေး ”
ရုတ်တရက် ရှုမန်သူ့အားတားလာသည်။
ထို့နောက် ခြေဖျားထောက်ကာ သူ့ကောလံအားပြင်ပေးလာသည်။
“ လူကြီးဖြစ်နေပြီကို ဘယ်လိုသပ်သပ်ရပ်ရပ် နေရမလဲအခုထိမသိသေးဘူးလား ”
ရှုမန် သူ့အား ဇနီးသည်တစ်ယောက်ကဲ့သို့ ဆူပူနေခဲ့သည်။
ထိုအချိန်တွင် ဓာတ်လှေကားတံခါးပွင့်သွားပြီး အပြင်ဘက်၌စောင့်နေသည့်သူများမှာ သူတို့နှစ်ဦးကြားမှ ရင်းနှီးသောအပြုအမူကို မြင်သွားကြတော့သည်။
ရှုမန်လည်း ရှက်ကိုးရှက်ကန်းဖြင့် လက်ပြန်ရုတ်လိုက်ပြီး ယဲ့ဖန်အား ဓာတ်လှေကားထဲမှဆွဲထုတ်လိုက်သည်။
“ ဒီနေ့ဘာလို့ငါ့ကိုရှာတာလဲ။ အလုပ်ကိစ္စ ထပ်ပြီးကူညီပေးမလို့လို့တော့ လာမပြောနဲ့နော် ”
ရှုမန် ယဲ့ဖန်အား နားနေခန်းထဲသို့ ဆွဲခေါ်သွားကာ ကောဖီတစ်ခွက်ဖျော်ပေးရင်း ထပ်မေးလိုက်သည်။
“ ကျွန်တော်ဒီကိုလာတာ အစ်မတို့ကုမ္ပဏီကို လက်လွှဲလာယူတာလို့ ပြောပြီးပြီလေဗျာ ”
ယဲ့ဖန် ကူကယ်ရာမဲ့နေဟန်ဖြင့် ကောဖီခွက်ကို လှမ်းယူလိုက်သည်။
“ လာနောက်မနေနဲ့။ ထားလိုက်တော့၊ မေးရမှာပျင်းလာပြီ ”
သူ ‘အမှန်အတိုင်း’ မပြောသည်ကိုမြင်တော့ ရှုမန်အနည်းငယ်စိတ်ဆိုးသွားရသည်။
ယဲ့ဖန်မျက်ရည်မကျပဲငိုချင်လာရသည်။
သူအမှန်အတိုင်းပြောနေတာပင်။
ရှုမန်ကဘာလို့သူ့ကိုမယုံရတာလဲ။
ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ ဒီလောက်တောင်ခက်တယ်လား။
ထိုအချိန်တွင် ရုတ်တရက် ယဲ့ဖန်ဖုန်းသံမြည်လာသည်။
ဖုန်းကိုင်လိုက်တော့ တစ်ဖက်မှ အသံခပ်ဩဩနှင့်ယောကျာ်းတစ်ယောက် အသံကိုကြားလိုက်ရသည်။
“ ယဲ့လူကြီးမင်း၊ ကျွန်တော်ကဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီရဲ့ ဥက္ကဌ ကောဟွိုက်လျန်ပါ။ ယဲ့လူကြီးမင်း ရောက်ပြီလား မသိဘူး ”
“ ကျွန်တော်အခု ခင်ဗျားတို့ကုမ္ပဏီကို ရောက်နေပြီ ”
“ ဟုတ်ကဲ့၊ ကျွန်တော်အခုချက်ချင်း လာခဲ့ပါမယ် ”
ယဲ့ဖန်ဖုန်းချလိုက်ပြီးနောက် ရှုမန်မေးလာသည်။
“ ဘယ်သူခေါ်တာလဲ ”
ယဲ့ဖန် သူမအားအမှန်အတိုင်းပြောလိုက်သည်။
“ အစ်မဘော့စ်က မကြာခင်သူဒီကိုရောက်မယ်တဲ့။ ပြီးရင် ကျွန်တော့်ကို လုပ်ငန်းလွှဲပြောင်းတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဖို့အတွက် ခေါ်သွားပေးမယ်တဲ့ ”
ရှုမန် တကယ်ကြီးဆွံ့အသွားရသည်။
“ နင်ဒီနေ့ဘာဖြစ်နေတာလဲ။ မနေ့ညက သောက်တာများသွားပြီး အခုထိ အမူးမပြေသေးတာလား ”
ယဲ့ဖန်ခေါင်းယမ်းပြလိုက်ကာ ခါးသက်စွာ ပြုံးပြလိုက်သည်။
ပါရမီရှင်တစ်ယောက်အတွက် အထင်လွဲခံရတာပုံမှန်ပါပဲ။
ရှုမန် မယုံကြည်တာကို အပြစ်တင်လို့မရဘူး။
ကလိမ်ကျတဲ့ သူ့ဘဝကိုပဲ အပြစ်တင်ရမှာပဲ။
သူ့ရဲ့ကလိမ်ကျတဲ့ဘဝကိုရှင်းပြနေစရာ မလိုပေ။
ထိုအချိန်တွင် သူ့ထံသို့ လူတစ်အုပ် အလျင်စလိုလျှောက်လာသည်ကို မြင်လိုက်ရသည်။
ထိုအုပ်စုကိုဦးဆောင်လာသူမှာ ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီ၏ဥက္ကဌ ကောဟွိုက်လျန်ပင်ဖြစ်သည်။
သူ့နောက်တွင်တော့ ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီ၏ အမှုဆောင်အဖွဲ့ဝင်များပါလာသည်။
“ ဥက္ကဌ ကော ”
ကောဟွိုက်လျန်ကိုမြင်တော့ ရှုမန်လည်း အမြန်ထရပ်လိုက်သည်။
သူမ နှလုံးသားထဲတွင်တော့ အနည်းငယ် ပဟေဠိဖြစ်နေ၏။
ဥက္ကဌကောက ဒီကိုဘာလာလုပ်တာလဲ။
ကောဟွိုက်လျန် သူမအား ခေါင်းတစ်ချက်ငြိမ့်ပြပြီးနောက် ယဲ့ဖန်ထံ အမြန်လျှောက်သွားလေသည်။
“ ယဲ့လူကြီးမင်း၊ စောင့်နေရအောင်လုပ်မိလို့ တကယ်တောင်းပန်ပါတယ်ဗျာ ”
ယဲ့ဖန် သူနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။
“ ဥက္ကဌကော ကြင်နာလွန်းနေပါပြီ။ ကျွန်တော်လည်း အခုမှရောက်တာပါ ”
“ ဒါဆိုရင်ကုမ္ပဏီလွှဲပြောင်းမှု လုပ်ငန်းစဉ်တွေကို အခုပဲစလိုက်ကြမလား ”
ကောဟွိုက်လျန် သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
ယဲ့ဖန်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
“ ဟုတ်ကဲ့ ”
ထို့နောက် ကောဟွိုက်လျန်မှ ဦးဆောင်ကာ လမ်းပြပေးလေသည်။
ရှုမန် သူ့အားအလျင်စလိုလှမ်းဆွဲလိုက်သည်၊
“ ဥက္ကဌကော၊ သူ့ကိုကုမ္ပဏီလွှဲမယ်လို့ ပြောလိုက်တာလား။ ဘာလို့သူ့ကိုလွှဲမှာလဲ ”
ကောဟွိုက်လျန် ယဲ့ဖန်အား မဝံ့မရဲကြည့်သည်။
“ ယဲ့လူကြီးမင်း မင်းကိုမပြောရသေးဘူးလား ”
ရှုမန်ခေါင်းရှုပ်သွားရသည်။
“ ဘာပြောရမှာလဲ ”
ကောဟွိုက်လျန် လည်ချောင်းရှင်းလိုက်ကာ
ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီမှ ရှယ်ယာရှင်များကိုကြည့်လိုက်သည်။
“ ယဲ့ဖန်က ဒုန်အန်းငွေကြေးအာမခံကုမ္ပဏီရဲ့ ရှယ်ယာတွေအားလုံးကို ပိုင်ဆိုင်ထားတယ် ဆိုတာကို ကျွန်တော်အလေးအနက်ထား ကြေညာချင်ပါတယ်။ အခုကစပြီး ယဲ့ဖန်က ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးဖြစ်သွားပါပြီ ”
သူထိုသို့ပြောလိုက်သည့်အချိန်မှာ …
ထိုနေရာ၌ရှိနေသည့် ဒုန်အန်း ငွေကြေးအာမခံကုမ္ပဏီမှ ဝန်ထမ်းများအားလုံး ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်တော့သည်။