← Chapters

အပိုင်း ၂၅၃-၂၅၆

Vol. 13 Ch. 253-256

အပိုင်း ၂၅၃-၂၅၆

Vol. 13 Ch. 253-256

အပိုင်း ( ၂၅၃ )

ဒီလူငယ်လေးက ဘယ်လိုကစားရမလဲဆိုတာကို ကောင်းကောင်းသိတာဘဲ။

ဒုန်းအန်း၏အစည်းအဝေးခန်းထဲတွင် လူတိုင်းက မိုချောင်းရှန်း၏ရက်စက်သောနည်းလမ်းများကြောင့် ကြောက်လန့်သွားကြသည်။

သူတို့အားလုံးဟာ အတွေ့အကြုံရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ပေမဲ့ အမှန်တိုင်းပြောရရင် ဒီလိုသတ်ဖြတ်တဲ့ မြင်ကွင်းမျိုး တစ်ခါမှမမြင်ဖူးပေ။

အရေးအကြီးဆုံးကတော့ ထိုလူသတ်သမားက သူတို့နဲ့ တစ်ခန်းတည်းမှာရှိနေသည်။

ဒါကိုတွေးပြီး အားလုံးက နောက်သို့ဆုတ်သွားကာ မိုချောင်းရှန်းနှင့် ဝေးဝေးနေလိုက်ကြသည်။

ထိုအချိန်တွင် မိုချောင်းရှန်း၏ မျက်နှာက ဖြူဖျော့နေပြီဖြစ်သည်။

ပဲစေ့အရွယ် ချွေးသီးလုံးများ သူ့နဖူးမှ လိမ့်ကျလာသည်။

သူ့ခန္ဓာကိုယ်ကလည်း တုန်လှုပ်နေသည်။

" ယဲ့ ...... ယဲ့လူကြီးမင်း။ ဒီဗီဒီယိုကို ဘယ်ကနေရလာတာလဲ "

ယဲ့ဖန်က ချက်ချင်းပြုံးလိုက်သည်။

" ခင်ဗျားကို မုန်းတဲ့သူတွေ အများကြီးပါ။ ပြီးတော့ ကျွန်တော်က ဘယ်သူမလို့လဲ "

မိုချောင်းရှန်းက ရှုံးသွားတဲ့ ကြက်မကြီးတစ်ကောင်လိုမျက်နှာက ရှုံ့တွနေသည်။ သူက ခေါင်းငုံ့ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော့်အရှုံးကိုဝန်ခံပါတယ်။ ခွင့်လွတ်ပေးပါလို့ တောင်းပန်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို တောင်းဆိုသမျှကို သဘောတူပေးပါ့မယ် "

ယဲ့ဖန်က စိတ်ပျက်လက်ပျက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။

" တကယ်တော့ အရင်က ခင်ဗျားရဲ့ ရိုင်းစိုင်းကြမ်းတမ်းတဲ့ပုံစံကမှ စိတ်ဝင်စားစရာကောင်းသေးတယ်။ အဲ့လိုလေး နည်းနည်းပြန်လုပ်ပေးနိုင်မလား "

မိုချောင်းရှန်းက သူ့အံကိုကြိတ်လိုက်သည်။

" လိုချင်တဲ့အခြေအနေတွေကို ပြောပါ။ ဒီဗီဒီယိုကို ဖျက်ဖို့ ဘာလုပ်ပေးရမလဲ "

ယဲ့ဖန်က ခဏလောက် စဉ်းစားလိုက်သည်။

" ခင်ဗျားရဲ့ကျောထောက်နောက်ခံက ဖုလီကော်ပိုရေးရှင်းလို့ ပြောခဲ့တယ်မဟုတ်လား။ ဒါဆို ခင်ဗျားကို နျုံသွမ်းက ဒီကိုပို့လိုက်တာလား "

မိုချောင်းရှန်းသည် ချက်ချင်းပင် ကြောက်ရွံ့သော အကြည့်ဖြင့်ကြည့်လိုက်သည်။

နျုံသွမ်းသည် အလွန်တိတ်တဆိတ်နေတတ်သောပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

ထို့အပြင် သူ၏အမည်က ဖုလီကော်ပိုရေးရှင်း၏ ထိပ်တန်းအမှုဆောင်များစာရင်းတွင် မပါဝင်ပေ။

နျုံသွမ်းသည် နောက်ကွယ်မှ ထိန်းချုပ်ကြိုးကိုင်သူသာဖြစ်သည်။

ကွမ်တုန်းပြည်နယ်တောင်ပိုင်း၏ စီးပွားရေးလောကတွင် သြဇာလွှမ်းမိုးမှုအတိုင်းအတာတစ်ခုအထိ မရှိလျှင် သူ့နာမည်ကို သိရန် ခက်ခဲပေလိမ့်မည်။

ယဲ့ဖန်က ဘယ်လိုသိတာလဲ။

" နျုံသွမ်းက ဘယ်သူလဲ။ ကျွန်တော်မသိဘူး "

မိုချောင်းရှန်းသည် ချက်ချင်းပင် စိတ်ရှုပ်ထွေးဟန်ဆောင်လိုက်သည်။

ဒီလူဟာ ဒီအချိန်မှာတောင် သူ့ကို လှည့်စားဖို့ ကြိုးစားနေသေးတာကို ယဲ့ဖန် သိလိုက်ရသည်။

အခေါင်းကို မတွေ့မချင်း သူက တကယ်မျက်ရည်ကျမှာ မဟုတ်ဘူး။

" အမှန်တရားကို မပြောပြချင်ဘူးဆိုရင်တော့ ဒီဗီဒီယိုကို အစိုးရဆီလက်လွှဲပေးလိုက်ရုံဘဲ "

စကားပြောနေရင်းဖြင့် ဖုန်းကိုထုတ်လိုက်သည်။

မိုချောင်းရှန်းက အဲ့တာကိုမြင်ပြီး အမြန်ပြောသည်။

" ယဲ့လူကြီးမင်း၊ တောင်းပန်ပါတယ်။ ငါပြောမယ်၊ ငါပြောမယ်။ ငါက နျုံလူကြီးမင်းရဲ့ အမိန့်အရ ကျုံးဟိုင်ကို လာခဲ့တာပါ "

" သူက ခင်ဗျားကို ဘာလို့ ကျုံးဟိုင်ကို ပို့လိုက်တာလဲ " ယဲ့ဖန်က ဆက်မေးသည်။

အမှန်တော့ ကျောင်းဖုလင်က ပြောပြထား၍ ကျုံးဟိုင်ကို လာရသည့် မိုချောင်းရှန်း၏ရည်ရွယ်ချက်ကို သူသိထားပြီးဖြစ်သည်။

ဒါပေမယ့် မိုချောင်းရှန်းက အမှန်အတိုင်းပြောတာ ဟုတ်၊မဟုတ် စိစစ်ဖို့အတွက် မေးလိုက်တာဖြစ်သည်။

" သူက......ရှန်းကွမ်းလင်းရဲ့ စုဆောင်းမှုတွေထဲကတစ်ခုကို ရအောင်ကူညီပေးဖို့ တောင်းဆိုခဲ့တာပါ "

စကားပြီးသောအခါ မိုချောင်းရှန်း၏ မျက်နှာသည် ပြာကျမတတ်ဖြစ်သွားသည်။

နျုံလူကြီးမင်းကို သစ္စာဖောက်ခြင်းရဲ့ အကျိုးဆက်တွေကို သူသိသည်။

ဒါပေမယ့် သူ့မှာ တခြားရွေးချယ်စရာမရှိပေ။

နျုံလူကြီးမင်းကို သစ္စာဖောက်ရင် အနာဂတ်မှာ သေသွားနိုင်သည်။

ဒါပေမယ့် ယဲ့ဖန်ကို အမှန်တိုင်းမဖြေရင် သူ အခု သေလိမ့်မည်။

ယဲ့ဖန်က သူ့အဖြေအတွက် အရမ်းကျေနပ်သွားသည်။

" အဲ့တာက ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာရဲ့ ရတနာမြေပုံ မဟုတ်လား "

မိုချောင်းရှန်း အံ့အားသင့်သွားရသည်။

" မင်း ....... မင်း ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာရဲ့ ရတနာမြေပုံကို သိတာလား "

ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာရဲ့ ရတနာမြေပုံသည် လျှို့ဝှက်ချက်မဟုတ်ပေ။

သို့ပေမယ့် လူအနည်းငယ်ကဘဲ အဲဒါကို အာရုံစိုက်ကြသည်။

ဝါရင့်စုဆောင်းသူမဟုတ်ပါက ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာရဲ့ ရတနာမြေပုံ အကြောင်းကြားဖူးရန်အလွန်ခက်ခဲပေမည်။

ပြီးတော့ ယဲ့ဖန်က ဒီကိစ္စကို တကယ်သိနေခဲ့တာလား။

ဒါက မိုချောင်းရှန်း သူ့ဘဝကို သံသယဖြစ်စေသည်။

ဒီလူငယ်က အရာအားလုံးကို သိပုံရတယ်။

ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာရဲ့ ရတနာမြေပုံအကြောင်း သိရုံသာမက နျုံသွမ်းအကြောင်းလည်း သူသိသည်။

သူ လျှို့ဝှက်စွာလုပ်ခဲ့သော တရားမဝင်အရာတွေရဲ့ ဗီဒီယိုပင် သူ့မှာရှိနေသည်။

ယဲ့ဖန်က ဘာများ မသိတာရှိသေးတာလဲ။

မိုချောင်းရှန်းက ယဲ့ဖန်ရှေ့မှာ သူ့လျှို့ဝှက်ချက်တွေ အားလုံးဖော်ထုတ်လိုက်ခံရသလို ခံစားရသည်။

ဒီခံစားချက်က ကြောက်စရာကောင်းလွန်းသည်။

ယဲ့ဖန်က သူ့ကို မဖြေဘဲ ဆက်မေးသည်။

" နျုံသွမ်းမှာ မြေပုံမှာ ဘယ်နှစ်ခုရှိလဲ "

မိုချောင်းရှန်း ချက်ချင်း တုံ့ဆိုင်းသွားရသည်။

ဒါက နျုံလူကြီးမင်းရဲ့ လျှို့ဝှက်ချက်နဲ့ တကယ်ပဲ ပတ်သက်နေသည်။

လျှို့ဝှက်ချက်ပေါက်ကြားတာနဲ့ သူ သေချာပေါက် သေရမည်ဖြစ်သည်။

ယဲ့ဖန်၏လက်ချောင်းများက ဖုန်းကို ပေါ့ပါးစွာ ပွတ်တိုက်နေသည်။

သူဘာမှမပြောပေမယ့်...

သူတစ်ခုခုပြောချင်နေပုံရတယ်။

မိုချောင်းရှန်းသည် ယဲ့ဖန်၏ခြိမ်းခြောက်မှုကို နားလည်သည်။ သူ့နှလုံးထဲမှ ကာကွယ်ရေးစည်းကလည်းလုံးလုံးကို ပြိုကျသွားတော့သည်။

" သုံးခု "

ထိုအဖြေကို ယဲ့ဖန်ကြားသောအခါ သူ့နှလုံးခုန်မြန်လာသည်။

Sotheby လေလံကုမ္ပဏီ၏ ကျွမ်းကျင်သူများထံမှ သိရသလောက် ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာရဲ့ ရတနာမြေပုံအပိုင်းအစက ခြောက်ခုသာရှိသည်။

ရှေးဟောင်းမြို့တော်၏အပျက်အစီးများကြားတွင် ယဲ့ဖန် ပထမဆုံးတစ်ခုကို တွေ့ရှိခဲ့သည်။

ထို့နောက် လေလံအိမ်မှ နောက်ထပ်တစ်ခုကို ဝယ်ခဲ့သည်။

ထို့နောက် ရှန်းကွမ်းလင်းထံမှ နောက်ထပ်တစ်ခုကို ရရှိခဲ့သည်။

အခုဆိုလျှင် သူ့မှာ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာရဲ့ ရတနာမြေပုံအပိုင်းသုံးပိုင်းရှိနေပြီဖြစ်သည်။

နျုံသွမ်းရဲ့ သုံးခုကို ထည့်ပေါင်းလိုက်လျှင် ..... ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာရဲ့ ရတနာမြေပုံက ပြီးပြည့်စုံသွားမှာမလား။

ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာရဲ့ ရတနာမြေပုံ၊ ရှေးခေတ်ကာလ၏ လျှို့ဝှက်ဆန်းကြယ်မှု။

သူဖွင့်ကြည့်ရတော့မှာလား။

သို့သော် တစ်ချို့ကိစ္စတွေက အနည်းငယ် လက်တွေ့မကျသည်မှာ ထင်ရှားသည်။

နျုံသွမ်းသည် ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာရဲ့ ရတနာမြေပုံအပိုင်း(၃) ခုကို သူနှင့် မျှဝေချင်ရဲ့လား။

နျုံသွမ်းက ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာရဲ့ ရတနာကို တူးဖော်ဖို့ သူနဲ့ အတူ လက်တွဲပြီး လုပ်ချင်ရင်တောင် နျုံသွမ်းက သူ့နောက်ကျောကို ဓားနဲ့မထိုးဖူးဆိုတာကို ဘယ်သူက အာမခံပေးနိုင်မှာလဲ။

ဒါက ကျားအရေခွံကို ကျားဆီကနေ တောင်းဆိုနေသလိုဘဲ။

မိုချောင်းရှန်းသည် ယဲ့ဖန်၏အမူအရာ အဆက်မပြတ်ပြောင်းလဲနေသည်ကို မြင်လိုက်ရသည်။ ယဲ့ဖန် ဆိုးရွားတဲ့အကြံဉာဏ်ပေါ်လာမှာကို စိုးရိမ်နေသည်။

မိုချောင်းရှန်း တုန်လှုပ်နေသည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော် သိသမျှ ပြောပြပြီးပါပြီ။ ဗီဒီယိုကို အခု ဖျက်ပေးလို့ရမလား "

ယဲ့ဖန်က ခေါင်းငြိမ့်ပြီး ပြုံးလိုက်သည်။

" ကောင်းပြီ၊ ပြောထားတာကို စကားတည်မှာပါ "

ထို့နောက် သူ့ရှေ့ရှိ ဖုန်းမှ ဗီဒီယိုကို ဖျက်လိုက်သည်။

ထို့နောက် အမှိုက်ပုံးကိုပင် ရှင်းပစ်လိုက်သည်။

မိုချောင်းရှန်းသည် ယဲ့ဖန် ဖျက်နေခြင်း ကိုယ်တိုင်မျက်စိတွေ့ခဲ့ရသည်။

သူ့အသက်နှင့်သေဆုံးမှုကို အဆုံးအဖြတ်ပေးနိုင်သော သက်သေအထောက်အထား လုံးလုံးလျားလျား ပျက်ဆီးသွားသည်ကို တွေ့မှ သူ့နှလုံးသားထဲက ကျောက်တုံးဟာ မြေပြင်ပေါ်ကို ကျသွားတော့သည်။

" ဒီနေ့ ငါ့ဘက်က ကျရှုံးသွားပေမယ့် သိပ်ဂုဏ်ယူမနေပါနဲ့။ မင်း နျုံလူကြီးမင်းကို စော်ကားရင် သင်္ချိုင်းတောင်မရှိဘဲ သေရလိမ့်မယ် "

အထောက်အထား ဖျက်ဆီးခံရပြီးသည်ကို တွေ့တဲ့နောက် မိုချောင်းရှန်း၏ မျက်နှာက ယခင်လို ရက်စက်ကြမ်းကြုတ်သော အမူအရာပြန်ပေါ်လာသည်။

" သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ်၊ မိုလူကြီးမင်း။ ဒါပေမယ့် ကိုယ့်ကိုကိုယ် အရင်စဉ်းစားသင့်တယ်။ ဒီနေ့ ခင်ဗျား နျုံသွမ်းကို သစ္စာဖောက်ခဲ့တယ်။ သူက ခင်ဗျားကို အလွှတ်ပေးမှာတဲ့လား "

ယဲ့ဖန်က သူ့ကို ပြုံးစိစိနဲ့ ကြည့်နေသည်။

"ဒါဆို ဘယ်သူအရင်သေမလဲ ကြည့်ကြတာပေါ့ "

မိုချောင်းရှန်းက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး လှည့်ထွက်သွားသည်။

ထိုအချိန်တွင် ရှုမန်က သူ့ဆီလျှောက်လာသည်။

" နင် သူ့ကို ဒီအတိုင်း လွှတ်လိုက်တာလား။ သူက လူသတ်သမားလေ "

ယဲ့ဖန်သည် အသုံးဝင်သော အချက်အလက်များကို ရယူရန်အတွက်သာ မိုချောင်းရှန်းနှင့် သဘောတူညီမှုလုပ်ခဲ့သည်ကို သူမ နားလည်နိုင်သော်လည်း ...... လူသတ်သမားကို လွယ်လွယ်နဲ့ လွှတ်ပေးထားတာက နည်းနည်းတော့ အဆင်မပြေပေ။

ယဲ့ဖန်က သူမကို ပြုံးပြလိုက်သည်။

" စိတ်မပူပါနဲ့၊ ကျွန်တော့်မှာ ဗီဒီယိုတစ်ချို့ကျန်ပါသေးတယ်။ သူ ဆယ်ခါလောက်မကသေဖို့ လုံလောက်တယ် "

လူတိုင်း၏ဆံပင်များပင် ထောင်လာရသည်။

ချီး

ဒီလူငယ်က ဘယ်လိုကစားရမလဲဆိုတာကို သိတာဘဲ

မိုချောင်းရှန်းအတွက်တော့ အရမ်းသနားစရာကောင်းမှာဘဲ

အပိုင်း ( ၂၅၄ )

သာမန်လောက်လေးနဲ့ ဘာလို့ အဲ့လောက်တောင် ယုံကြည်ချက်တွေရှိနေရတာလဲ။

ဒုန်းအန်းကုမ္ပဏီ အစည်းအဝေးခန်းမထဲရှိ ယဲ့ဖန်ကို ခြေကန်ခဲ့ကြတဲ့ အကြီးအကဲများက အတော်လေးနေရခက်နေကြသည်။

မိုချောင်းရှန်းက လူသတ်သမားမှန်းသိလိုက်ရ၍ သူတို့ အဲ့ဘက်ကို မကပ်ရဲတော့ပေ။

ရွေးချယ်စရာမရှိဘဲ ယဲ့ဖန်ကို ထပ်ပြီး တောင်းပန်ခယကြရတော့သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော်တို့မှားသွားမှန်းသိပါတယ်။ နောက်ထပ် အခွင့်အရေးပေးပါ "

" ဟုတ်ပါတယ်။ ကျွန်တော်တို့ လောကကြောင့်မျက်ကန်းဖြစ်သွားတာပါ။ စိတ်ထဲမထားပါနဲ့ "

" ယဲ့လူကြီးမင်းသာ ခွင့်လွှတ်မယ်ဆိုရင် လူကြီးမင်းရဲ့ကြင်နာမှုအတွက် အစွမ်းကုန်ကြိုးစားလုပ်ကိုင်ပါ့မယ် "

" ယဲ့လူကြီးမင်း၊ ကျွန်တော့်မှာ မိဘတွေ သားသမီးတွေ စောင့်ရှောက်ဖို့ရှိတာမလို့ ဒီအလုပ်ပြုတ်လို့မရပါဘူး။ သနားညှာတာပေးပါ "

ယဲ့ဖန်က ထိုလူတွေရဲ့တောင်းဆိုချက်ကိုကြားပြီးတဲ့အခါ အသာအယာခေါင်းငြိမ့်လိုက်သည်။

"ခင်ဗျားတို့ကို နားလည်ပါတယ်။ လူတိုင်းက အမြင့်ကိုလိုချင်ကြတာဘဲမလား။ ကျွန်တော်ဆိုရင်လည်း ခင်ဗျားတို့လိုဘဲ ရွေးချယ်မိမှာပါ "

ထိုစကားကိုကြားတဲ့အခါ လူတိုင်းက ဝမ်းသာသွားကြတော့သည်။

ယဲ့ဖန်က သူတို့ကို ခွင့်လွှတ်ပေးလိုက်ပုံရသည်။

လူငယ်ကတော့ လူငယ်ပါဘဲ။

ချော့ပြောလိုက်တာနဲ့ ပျော့သွားရော။

သူတို့က စကားကောင်းလေး နည်းနည်းပြောလိုက်တာနဲ့ တန်းခွင့်လွှတ်ပေးသည်။

ဒါကြီးက လှည့်စားဖို့ မလွယ်လွန်းဘူးလား။

ထိုအချိန်မှာဘဲ ယဲ့ဖန်က ဆက်ပြောသည်။

" ခင်ဗျားတို့ကို နားလည်ပေးပေမဲ့ ခွင့်လွှတ်တာတော့မဟုတ်ဘူး။ အဆိုးကို အကောင်းနဲ့တုန့်ပြန်တာက ဘာရမှာမလို့လဲ။ သစ္စာဖောက်တွေကို ခွင့်လွှတ်ပေးလိုက်ရင် သစ္စာရှိတဲ့သူတွေအတွက် ဘယ်လိုလုပ်ပြီးမျှတမှာလဲ "

ထိုစကားကြောင့် လူအုပ်ကြီးက ချက်ချင်းစိတ်လှုပ်ရှားသွားပြီး ဆက်တောင်းပန်ကြတော့သည်။

ယဲ့ဖန်မျက်နှာထားက ပိုသုန်မှုန်လာတော့သည်။

" နောက်ဆုံးသဘောထားကြီးပေးမယ်။ နှုတ်ထွက်စာရေးတင်လိုက်ကြ။ အတင်းထုတ်ရအောင် မလုပ်နဲ့။ ကြည့်မကောင်းဘူး "

ထိုလူတွေက ကောဟွိုက်လျန်ကို တောင်းပန်အသနားခံစွာဖြင့် လှမ်းကြည့်ကြသည်။

သူတို့ရဲ့ခေါင်းဆောင်ဟောင်းက သူတို့အတွက် အသနားခံပေးလောက်သည်။

" ကျွန်တော် ယဲ့လူကြီးမင်း ပြောတာကို လိုက်နာပါ့မယ် "

ကောဟွိုက်လျန်က ပြောင်ပြောင်ရှင်းရှင်းဘဲပြောလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။

သစ္စာဖောက်တွေအတွက် လှည့်ပြန်စရာလမ်းမရှိတော့ပေ။

သူတို့က စိတ်ပျက်လက်ပျက်ဖြင့်ထွက်လာကြသည်။

ကောဟွိုက်လျန်ဘက်က ရပ်တည်ခဲ့သူတွေကတော့ တိတ်တခိုးသက်ပြင်းချလိုက်ကြသည်။

ကံကောင်းစွာနဲ့ သူတို့ကတော့ ယဲ့ဖန်ကို သစ္စာမဖောက်မိကြပေ။

မဟုတ်ပါက သူတို့လည်း အလုပ်လက်မဲ့ဖြစ်သွားပေလိမ့်မည်။

သူတို့အသက်အရွယ်အရ ဒုန်းအန်းလို လစာမြင့်မြင့်ပေးမယ့်အလုပ်မျိုးရှာရန် မလွယ်ကူတော့ပေ။

ယဲ့ဖန်က ထိုကိစ္စကို ပြောပြီးတဲ့နောက် ကောဟွိုက်လျန်ဘက်ကို လှည့်ကြည့်လိုက်သည်။

" ဥက္ကဌကော၊ ဒုန်းအန်းရဲ့အနာဂတ်ကို ဥက္ကဌလက်ထဲအပ်ထားပါမယ်။ စိတ်မပူပါနဲ့၊ ကျွန်တော် ယဲ့ဖန်က သစ္စာသိတဲ့သူတွေကို မလေးမစားမလုပ်ပါဘူး "

" စိတ်မပူပါနဲ့၊ ယဲ့လူကြီးမင်း။ ကျွန်တော်က ဒုန်းအန်းကို တည်ထောင်ခဲ့တာဖြစ်လို့ ကုမ္ပဏီကို သားသဖွယ်ဂရုစိုက်ပါတယ် "

ယဲ့ဖန်က စိတ်ချစွာဖြင့် သူ့ ပုခုံးကိုပုတ်လိုက်သည်။

" ဒါဆို ခင်ဗျားတို့ လုပ်စရာရှိတာလုပ်ကြတော့။ ကျွန်တော် သွားနှင့်တော့မယ် "

" နေ့လယ်ရောက်ပြီဆိုတော့ နေ့လယ်စာအတူစားကြရအောင်ပါ "

ကောဟွိုက်လျန်က ပြောရင်း ထရပ်လိုက်သည်။

ယဲ့ဖန်က ထူးဆန်းတဲ့အပြုံးပြုံးပြီး ရှုမန်ဘက်ကို လှည့်ခေါင်းငြိမ့်ပြလိုက်သည်။

ကောဟွိုက်လျန်က ချက်ချင်းသဘောပေါက်သွားသည်။

" ဒါဆို နောက်တစ်ခါ၊ နောက်တစ်ခါမှပေါ့ "

ရှုမန်ကလည်း ယဲ့ဖန်၏အပြုအမူကို သတိထားမိပြီး မျက်နှာက ချက်ချင်းနီရဲလာတော့သည်။

တကယ်ပါဘဲ ဒီတစ်ယောက်ကတော့ လူကြားထဲမှာကို သတိထားလို့မရဘူးလား။

သူမ လုပ်ဖော်ကိုင်ဖက်တွေကို အထင်လွဲသွားစေနိုင်သည်။

ရှုမန်က သူမ ရုပ်ရည်နဲ့ ဒီလိုရလာတယ်လို့များ ထင်နေကြမလား။

အဲ့လိုဆိုရင်တောင်မှ ..... သူမ ရှင်းပြချက်ပေးလို့မရပေ။

ဒါပေမဲ့ သူမ အမှန်တကယ်ဘဲ သူမ ကိုယ်ပိုင်အင်အားကိုသာ မှီခိုတာဖြစ်သည်။

ထိုအတွေးကြောင့် ရှုမန် ချက်ချင်းပင် ယဲ့ဖန်၏ချိုင်းကနေ နာနာလေးဆွဲဆိတ်လိုက်သည်။

" အာ့ ...... "

ယဲ့ဖန် နာကျင်မှုကြောင့် အံကြိတ်လိုက်သည်။

မိုချောင်းရှန်းနဲ့ ယှဉ်နေတုန်းကလို ဟိတ်ဟန်ကြီးတဲ့အမူအရာမျိုးမရှိတော့ပေ။

သာမန်တက္ကသိုလ်ကျောင်းသားလေးနဲ့ ပိုတူသည်။

ကောဟွိုက်လျန်နှင့် အခြားသူတွေက အတော်လေးအံ့အားသင့်သွားကြသည်။

တစ်ယောက်က သားပေါက်နွားလေးလိုဖြစ်ပြီး တစ်ယောက်က စီးပွားရေးလောကမှ ဉာဏ်နီဉာဏ်နက်များတဲ့ မြေခွေးအိုကြီးတစ်ကောင်လိုဖြစ်သည်။

ဘယ်ဟာက သူ့ပုံစံအစစ်လဲ။

နှစ်ခုလုံးလား။

တစ်ခုမှမဟုတ်တာလား။

ဘယ်လောက်မျက်နှာများတဲ့သူလဲ။

ယဲ့ဖန်နှငိ့ ရှုမန်တို့က အစည်းအဝေးခန်းမထဲက ထွက်လာကြသည်။

ကောဟွိုက်လျန်နှင့် အခြားသူတွေက အနောက်ကနေ တရိုတသေလိုက်လာကြသည်။

ထိုမြင်ကွင်းကိုမြင်တဲ့ဝန်ထမ်းတွေက အတော်လေးထိတ်လန့်ကုန်ကြသည်၊

ထို့အပြင် ကုမ္ပဏီမှ အကြီးအကဲတစ်ချို့က သူတို့မိဘတွေဆုံးသွားသကဲ့သို့ မျက်နှာမှိုင်လျက် အစည်းအဝေးခန်းမထဲမှထွက်လာတာကို တွေ့ခဲ့ကြသည်။

သူတို့ကို သူဌေးအသစ်က ရှင်းထုတ်လိုက်တာဖြစ်မည်။

ထို့ကြောင့် သူတို့ ပိုအံ့ဩရသည်။

ကြည့်ရတာ သူဌေးအသစ်လေးက ကြင်နာတတ်တဲ့သူ မဟုတ်လောက်ပေ။

သူ ကုမ္ပဏီကိုစဝင်တာနဲ့ အကြီးအကဲတစ်ဝက်လောက်ကို ကန်ထုတ်ပလိုက်သည်။

ဒီလို ရက်စက်တတ်မှုနဲ့ တိကျဆုံးဖြတ်တတ်မှုက တကယ်ဘဲ အံ့ဩစရာကောင်းလှသည်။

တစ်ချိန်တည်းမှာဘဲ ဝန်ထမ်းတစ်ချို့က စိတ်လှုပ်ရှားစွာဖြင့် လက်ကို ပွတ်သပ်နေကြသည်။

အကြီးတန်းအရာရှိတွေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်တဲ့အတွက် အောက်ခြေမှ တော်တော်များများ ရာထူးတိုးတော့မှာဖြစ်သည်။

ဒါမျိုးက နှစ်တစ်ထောင်မှလာသည့် အခွင့်အရေးမျိုးနှင့်တူသည်။

သူတို့ စက်ဘီးကိုကြိုးစားနင်းပြီး BMW ကြီးသွားဝယ်နိုင်တော့မှာဖြစ်သည်။

ယဲ့ဖန်နှင့် ရှုမန်တို့သည် ကုမ္ပဏီနားက အနောက်တိုင်းစားသောက်ဆိုင်ဆီ သွားကြသည်။

သူမက ထိုဆိုင်တွင် မကြာခဏသွားစားလေ့ရှိသည်။

စားပွဲထိုးမလေးက သူမကို မြင်တဲ့အခါ နွေးထွေးစွာကြိုဆိုသည်။

" အစ်မရှု၊ ရောက်နေပြီလား။ ကျွန်မ ခုံဦးထားတယ် "

သူမက ပြောပြီး ယဲ့ဖန်ကို တအံ့တဩကြည့်လိုက်သည်။

မိန်းကလေးရှုက လာတဲ့အခါတိုင်း တစ်ယောက်တည်းသို့မဟုတ် မိန်းကလေးလုပ်ဖော်ကိုင်ဖက်တွေကိုသာ ခေါ်လာတတ်သည်။

ယောက်ျားလေးတစ်ယောက်ကို ဘယ်တုန်းကမှ ခေါ်မလာဘူးပေ။

သူမ သိချင်စိတ်ဖြစ်သွားသည်။

ရှုမန်လည်း အနည်းငယ်ရှက်သွားပေမဲ့ သူမက ရှင်းမပြခဲ့ပေ။

သူမက ယဲ့ဖန်နှင့်အတူ ပြတင်းပေါက်နားမှာ ထိုင်လိုက်သည်။

" ငါတို့ရဲ့ ဒုန်းအန်းကို နင်တကယ် ၀ယ်လိုက်မယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး "

ရှုမန် ဟင်းမှာပြီးတဲ့နောက် သူမက ယဲ့ဖန်ကို စူးစိုက်ကြည့်လိုက်သည်။

သူမ မယုံနိုင်သေးပေ။

ယဲ့ဖန်သည် အမှန်တကယ်ပင် သူမ၏ သူဌေးဖြစ်လာခဲ့သည်။

" ကျွန်တော်အစ်မကို ပြောခဲ့ပေမယ့် အစ်မက ကျွန်တော့်ကို မယုံဘူးလေ "

ယဲ့ဖန် နှုတ်ခမ်းစူလိုက်သည်။

" ဒုန်းအန်းကို နင်ဘာလို့ရုတ်တရက်ဝယ်လိုက်တာလဲ။ နင် ....... ငါ့အတွက် ဝယ်တာတော့ မဟုတ်ဘူးမလား "

ရှုမန်၏ မျက်နှာနီရဲသွားပြီး သူမ အနည်းငယ်ရှက်သွားပုံရသည်။

" အစ်မ အတွေးလွန်နေတာ။ ဒါက လုံးဝ တိုက်ဆိုင်မှုသပ်သပ်ပါပဲ "

ယဲ့ဖန်သည် သူမ၏ စိတ်ကူးဆန္ဒများကို ရက်စက်စွာ ဖျက်ဆီးပစ်လိုက်သည်။

" ဒါဆို နင် ငါ့ကို ဒုဥက္ကဌအဖြစ် ရုတ်တရက် ခန့်အပ်လိုက်တာကရော တိုက်ဆိုင်မှုဘဲလား။ ငါ့ကိုပြော၊ နင် ဘာတွေစီစဉ်နေတာလဲ "

ရှုမန်၏ လှပသောမျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်။

" ကောင်းပြီ၊ ဒါဆို ကျွန်တော် အမှန်တိုင်း ပြောမယ်။ အစ်မနဲ့ ပိုပြီးနီးကပ်ဖို့ ဒုန်းအန်းကို ဝယ်ခဲ့တာ။ ဒုဥက္ကဌအဖြစ် ရာထူးတိုးပေးလိုက်တာက အစ်မနဲ့နီးကပ်ဖို့ အကြောင်းပြချက်သပ်သပ်ဘဲ။ အစ်မ မရှိရင် ကျွန်တော် တစ်ရက်ကလေးတောင်အသက်မရှင်နိုင်ဘူး။ တောင်းဆိုပါတယ်၊ အစ်မရဲ့ရည်းစားဖြစ်ပါရစေ "

ယဲ့ဖန်က တောင်းပန်တဲ့အမူအရာပြပြီး သူ့မျက်လုံးရွဲတွေနဲ့ သူမကိုကြည့်သည်။

ရှုမန်က ရှက်ရွံ့စွာ ပြန်ပြောလိုက်သည်။

" နင်၊ နင့်မှာ ရည်ရွယ်ချက်ကောင်းမရှိဘူးဆိုတာ ငါသိတယ်။ နင်ကရုတ်တရက်လုပ်လိုက်တော့ ငါစိတ်ပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်သေးဘူး ....... "

ယဲ့ဖန် ချက်ချင်း မျက်လုံးပြူးသွားရသည်။

သာမန်လူတစ်ယောက်ဖြစ်နေပေမဲ့ ဘာလို့ အဲ့လောက်တောင် ယုံကြည်မှုတွေရှိနေရတာလဲ။

စနောက်နေတာကို မကြားမိဘူးလား ....

အပိုင်း ( ၂၅၅ )

လုပ်ငန်းပိုင်းမှာ မယှဉ်နိုင်သူ။

ရှုမန်ကတော့ ယဲ့ဖန်စကားကို စိတ်ထဲမထားဘဲ စကားသာဆက်ပြောနေလိုက်သည်။

သူတို့နှစ်ယောက်သား ဟိုဟိုဒီဒီပြောနေကြရင်း မိန်းမတစ်ယောက်အသံကို ရုတ်တရက်ကြားလိုက်ရသည်။

" ရှုမန်လား "

ရှုမန်လှည့်ကြည့်လိုက်သည်။

ထိုအခါ မျက်ကပ်အထူကြီးလိမ်းထားတဲ့အမျိုးသမီးတစ်ယောက်က သူမကို တအံ့တဩကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးက တကယ်တော့ အတော်လေးလှပေမဲ့ လိုတာထက်ပိုပြီးဝတ်စားထားတာကြောင့် ကြည့်ရတဲ့သူတိုင်းကို စိတ်မသက်မသာဖြစ်စေသည်။

ကျုံးဟိုင်တွင် အောက်တိုဘာလဟာ မအေးသေးပေမဲ့ သူမက သားမွေးကုတ်အင်္ကျီကြီးဝတ်ထားသည်။ အတော်လေး အထက်တန်းစားဆန်တဲ့ပုံစံတော့ပေါ်ပါသည်။

သူမဘေးတွင် သက်လတ်ပိုင်းခပ်ဝဝလူကြီးတစ်ယောက်ရှိပြီး လက်ချိတ်ထားသည်။

ထိုလူကလည်း သားမွေးကုတ်အင်္ကျီကိုဝတ်ထားပြီး အနက်ရောင်နေကာမျက်မှန်ကြီးတပ်ထားသည်။

သူ့လည်ပင်းကရွှေဆွဲကြိုးကြီးက လက်ချောင်းတစ်ချောင်းစာလောက် တုတ်သည်။ တောက်ပြောင်လွန်းလို့ မျက်စိတောင်ကျိန်းစေနိုင်သည်။

သူတို့နှစ်ယောက်က တကယ်ကို လိုက်ဖက်ပါပေသည်။

ရှုမန်က ထိုအမျိုးသမီးကိုတွေ့တဲ့အခါ မျက်မှောင်ကြုတ်လိုက်သည်။

သို့ပေမဲ့ သူမ စီးပွားရေးလောကမှာ အတော်ကြာကျင်လည်ခဲ့တာဖြစ်တာကြောင့် ဘယ်လိုထိန်းချုပ်ပြီး ဟန်ဆောင်ပြုံးရမလဲဆိုတာကို သိသည်။

" ယွမ်ရှောင်းမိန် မလား။ မတွေ့ရတာအတော်ကြာပြီ "

ထိုအမျိုးသမီးကို သူမ နာမည်ကိုအခေါ်ခံရတဲ့အခါ အနည်းငယ်မနှစ်မြို့သလိုဖြစ်သွားသည်။

" အခု ငါ့နာမည်က ယွမ်လီရှဖြစ်သွားပြီ။ လီရှလို့ခေါ်လို့ရတယ် "

ရှုမန်က နေရခက်စွာပြုံးလိုက်ပေမဲ့ ချိုချိုသာသာဘဲပြန်ပြောသည်။

" အို၊ သိပြီ။ လီရှ၊ နင်ရော ဒီမှာလာစားတာလား "

ယွမ်လီရှက ချက်ချင်းငြင်းသည်။

" ဘယ်ဟုတ်မလဲ။ ငါက ဒီလိုအဆင့်နိမ့်တဲ့နေရာမှာ ဘာလို့ လာစားရမှာလဲ။ ဖြတ်သွားရင်း နင့်ကိုတွေ့လို့ လာနှုတ်ဆက်တာ "

ထိုသို့ပြောပြီး သူမ၏လက်ကောက်ဝတ်မှ Cartier တံဆိပ်လက်ကောက်ကို တမင်မြှောက်ပြသည်။

သူမဘေးကလူကတော့ ဆိုင်ထဲဝင်လာကတည်းက ရှုမန်ကိုသာ စိုက်ကြည့်နေသည်။

" လီရှ၊ ဒါ မင်းသူငယ်ချင်းလား။ မိတ်မဆက်ပေးတော့ဘူးလား "

ယွမ်လီရှက အနည်းငယ်တွန့်ဆုတ်နေပေမဲ့ ထိုလူကြီးကို ကြောက်ရတာကြောင့် မလိုက်နာဘဲ မနေရဲပေ။

" ဒါက ကျွန်မတက္ကသိုလ်တုန်းက အခန်းဖော် ရှုမန်တဲ့။ သူမက ဘွဲ့ရပြီးတော့ ငွေကြေးအာမခံကုမ္ပဏီတစ်ခုကို ဝင်သွားတယ်ကြားတယ်။ အခု သူမက မန်နေဂျာဖြစ်နေပြီထင်တယ်၊ ဟုတ်တယ်မလား "

ထိုလူ၏မျက်လုံးတွေက အရောင်တောက်သွားသည်။

" မင်္ဂလာပါ၊ ရှုမိန်းကလေး။ ငါက ကျင်းဆန်းရွှေ့၊ လီရှရဲ့ ရှူးဂါးဒယ်ဒီ "

ထိုသို့ပြောပြီး ပြုံးကာ သူ့လက်ကနေ ရှုမန်ဆီကို လက်လှမ်းလိုက်သည်။

သို့ပေမဲ့ ရှုမန်က လက်ပြန်မဆွဲပေ။

ထိုအစား သူမက ယွမ်လီရှဘက်ကို လှည့်ကြည့်လိုက်သည်။

" နင့် ရှူးဂါးဒယ်ဒီတဲ့လား။ နင် အလုပ်မလုပ်ဘူးလား "

'ရှူးဂါးဒယ်ဒီ'ဆိုတဲ့ အသုံးအနှုန်းအရ သူမ အခန်းဖော်ဟောင်းက သိုက်တူးသမားဆိုတာသိလိုက်ရသည်။

ယွမ်လီရှက အဲ့တာကို ရှက်ပုံမရပေ။

အဲ့အစား သူမက ဂုဏ်ယူနေသေးသည်။

" အလုပ်လား။ အလုပ်က Cartier ဝယ်နိုင်လား။ LV အိတ်ရော။ Hermes ရေမွှေးရော ဝယ်နိုင်ပါ့မလား "

ရှုမန်သည် သူမ၏စကားတွေကိုကြားတဲ့အခါ မတတ်နိုင်ဘဲ ခေါင်းခါမိတော့သည်။

" နင်က အရမ်းတော်တဲ့သူပါ။ ဘာလို့ ကိုယ့်ဟာကိုယ်ရှာမစားတာလဲ "

ရှုမန်၏'သင်ခန်းစာ'ပို့ချမှုကိုကြားတဲ့အခါ ယွမ်လီရှက ဒေါသထွက်လာတော့သည်။

" နင်က ကိုယ့်ဟာကိုယ်ရှာစားတာဆိုတော့ ဘယ်လိုနေလဲ။ မန်နေဂျာဖြစ်လာပြီလား။ လစာက တစ်လ ၁သောင်းကျော်ရဲ့လား။ အိမ်ပိုင်ပြီလား။ ကားရှိပြီလား "

ရှုမန်သည် သူမ၏မေးခွန်းတွေကြောင့် ပြောစရာစကားပျောက်သွားတော့သည်။

သူမက ကောင်းစေချင်တဲ့စိတ်နဲ့ပြောလိုက်တာဖြစ်သည်။ မိန်းကလေးတွေက လုပ်ရည်ကိုင်ရည်ရှိပြီး ယောက်ျားတွေရဲ့စွန့်ကြဲစာကို မယူသင့်ဘူးဟု ရှုမန်တွေးသည်။

အဲ့လိုလုပ်ရင်လည်း တစ်ခဏသာခံလိမ့်မည်။

သူမ၏ကောင်းစေချင်တဲ့စိတ်ကို တစ်ဖက်ကစော်ကားလိမ့်မည်ဟု သူမ မထင်ထားပေ။

ထိုအချိန်မှာ ယဲ့ဖန်က ကြားဖြတ်ပြောသည်။

" ဒုဥက္ကဌရှု၊ ဟိုနေ့က ကျွန်တော့်အဘိုးမွေးနေ့တုန်းက အနီရောင်စာအိတ်ထဲမှာ တစ်သိန်းတောင်ထည့်ပေးတာကို အခုထိ ကျေးဇူးမတင်ရသေးဘူး "

ရှုမန်က တစ်ခဏကြောင်သွားပြီးနောက် ခါးသက်သက်ပြုံးလိုက်သည်။

ယဲ့ဖန်က သူမကို မျက်နှာရအောင် ကူပြောပေးနေတာဖြစ်တာကြောင့် သူမ စိတ်ချမ်းမြေ့သွားရသည်။

ယဲ့ဖန်၏စကားကြောင့် ယွမ်လီရှကတော့ ကြောင်သွားရသည်။

အနီရောင်စာအိတ်က ၁သိန်းတောင်လား။

" နင် ..... နင် တကယ်ဘဲ ဒုဥက္ကဌလား "

ယွမ်လီရှက မယုံကြည်နိုင်စွာဖြင့်မေးသည်။

" ဟုတ်တယ် "

ယဲ့ဖန်က ရှုမန်အစား ပြန်ဖြေပေးလိုက်သည်။

" ကျွန်တော်တို့ရဲ့ ဒုဥက္ကဌရှုက ကျွန်တော်တို့ရဲ့ အမျှော်အမြင်ကြီးတဲ့ဥက္ကဌကြီးက ရာထူးတိုးပေးလိုက်တာ။ သူမက အလုပ်မှာ အရမ်းတော်တာ "

ရှုမန် ထိုစကားကြောင့် မျက်လုံးဝေ့လိုက်သည်။

ဒီတစ်ယောက်ကတော့ ကြွားဖို့ဆို မမေ့ဘူး။

အဲ့လောက်နဲ့တင် ယွမ်လီရှ၏မျက်နှာတစ်ခုလုံး မနာလိုမှုအပြည့်ဖြစ်သွားစေသည်။

ကျောင်းမှာတုန်းက ရှုမန်ရဲ့ ရလဒ်တွေက သူမလောက် မကောင်းပေ။

အခုတော့ ရှုမန်က စီးပွားရေးမှာ နေရာကြီးရနေပြီဖြစ်သည်။

ပြီးတော့ သူမကတော့ ယောက်ျားတစ်ယောက်ရဲ့ စွန့်ကြဲစာကိုသာ ယူနေရသည်။

နှစ်ယောက်ကို ယှဉ်ပါက ကွာခြားချက်က ကြီးလွန်းသည်။

" ဟားဟား၊ ဒုဥက္ကဌဖြစ်တော့ရော နင် သူများအတွက် အလုပ်လုပ်နေရတာဘဲလေ။ မီချယ်လင်းစားသောက်ဆိုင်မျိုးမှာတောင် စားဖူးရဲ့လား "

သူမက ရှုမန်ကို လုပ်ငန်းရေးမှာ မယှဉ်နိုင်တော့ကြောင်း ယွမ်လီရှသိသည်။

အဲ့တာကြောင့် သုံးနိုင်ဖြုန်းနိုင်မှုကို ကြွားလုံးထုတ်တော့သည်။

ရှုမန်က ဒုဥက္ကဌဆို တစ်လ ဘယ်လောက်ရမှာလဲ။

၂ သောင်းလား

၃ သောင်းလား

ဒါမှမဟုတ် ၅ သောင်းလား

ထိုသို့တွေးပြီး ယွမ်လီရှက ကျင်းဆန်းရွှေ့၏လက်မောင်းကို တွဲပြီးပြောသည်။

" ဒယ်ဒီ၊ ဒီနားမှာ အရမ်းကောင်းတဲ့မီချယ်လင်းစားသောက်ဆိုင်ရှိတယ်။ သွားစားကြရအောင်နော် "

ကျင်းဆန်းရွှေ့ကလည်း သဘောတူခေါင်းငြိမ့်သည်။

" မင်းစကားနားထောင်မယ်။ မင်းလေးကြိုက်သရွေ့ဒယ်ဒီက အားလုံးဖြည့်ဆည်းပေးမှာ "

ထို့နောက် သူက ရှုမန်ဘက်ကို လှည့်လိုက်သည်။

" မိန်းကလေးရှုရော၊ ငါတို့နဲ့လိုက်မလား "

ရှုမန်က ငြင်းဖို့ပြင်နေချိန်မှာဘဲ ဘေးက ယဲ့ဖန်က ချွဲနွဲ့တဲ့လေသံဖြင့်ပြောသည်။

" မမရှု၊ မီချယ်လင်းကဘာလဲ။ ကောင်းလားဟင်။ ကျွန်တော်လ်ညး မီချယ်လင်းစားချင်တယ်လို့။ အတူတူသွားစားကြရအောင်လေနော် "

ရှုမန် ကူကယ်ရာမဲ့နေသည်။

ဒီတစ်ယောက်က ဘာလုပ်ပြန်တာလဲ။

ယွမ်လီရှက ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမမျက်လုံးမှာ အထင်သေးမှုအပြည့်ဖြစ်သွားသည်။

ဒါဆို သူက အပျော်ကောင်လေးပေါ့။

သူမ ယဲ့ဖန်ကို တွေ့လိုက်တုန်းက သာမန်တဲ့ထူးကဲတဲ့ကိုယ်ရောင်ဝါရှိတာကြောင့် သူဌေးသားလေးဟုထင်လိုက်မိသည်။

သူက မိန်းမတွေနားကပ်စားတဲ့ကောင်ဟု မထင်ခဲ့ပေ။

ပြီးတော့ သူက မီချယ်လင်းက ဘာမှန်းတောင် မသိချေ။

သူ့ကိုသာ မီချယ်လင်းစားသောက်ဆိုင်ဆီခေါ်သွားပါက ထိုကောင်လေးက ပေါက်ကရလုပ်လျှင် ရှုမန် အရှက်ကွဲမှာဖြစ်သည်။

ထိုအတွေးကြောင့် ယွမ်လီရှက ချက်ချင်း ရှုမန်လက်မောင်းကိုဆွဲကာပြောသည်။

" ရှောင်မန်၊ ငါတို့ မတွေ့တာ အရမ်းကြာနေပြီလေ။ ပြောစရာတွေအများကြီးရှိတာမလို့ လိုက်ခဲ့ပါလား "

ရှုမန်က ခါးသက်သက်ပြုံးပြီး ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

ဒီတစ်ယောက်ကတော့ မဟုတ်တာ ထပ်ကြံနေပြန်ပြီ။

" အဲ့တာဆိုလည်း ..... လိုက်ခဲ့တာပေါ့ "

ရှုမန် ခေါင်းသာငြိမ့်ပြလိုက်ရတော့သည်။

ယွမ်လီရှက အထင်သေးတဲ့အပြုံးပြုံးလိုက်သည်။

နင်တို့ ဘယ်လိုအရှက်ကွဲမလဲဆိုတာ ပြပေးမယ်။

အပိုင်း ( ၂၅၆ )

ကြွားဝါခြင်း၏ ပြစ်မှု

ယဲ့ဖန်တို့နှင့် အနီးဆုံးမီချယ်လင်းစားသောက်ဆိုင်က မီတာ ၅၀၀ လောက်သာဝေး၍ ငါးမိနစ်လောက်သာ လမ်းလျှောက်ရသော်လည်း ယွမ်လီရှက ရှုမန်ကို အတင်းဆွဲပြီး ကျင်းဆန်းရွှေ့၏ Mercedes-Benz CLSကားပေါ်သို့ တက်စေသည်။

ကားထဲရောက်ပြီးတဲ့နောက် သူမက ကျင်းဆန်းရွှေ့ကို မေးသေးသည်။

" ဒယ်ဒီ၊ ဒီကားကိုဝယ်ဖို့ ဘယ်လောက်တောင်သုံးခဲ့တာလဲ "

ကျင်းဆန်းရွှေ့က မောင်းသူနေရာမှာထိုင်ပြီး ပြန်ဖြေပေးသည်။

" အရမ်းဈေးမကြီးပါဘူး။ ယွမ် ၈ သိန်းလောက်ပါဘဲ "

ယွမ်လီရှက ရှုမန်ကို ကြည့်လိုက်သည်။

" အဲ့တာက တကယ်ဈေးပေါတာဘဲ။ ဒယ်ဒီ့မိသားစုစီးတဲ့ Audi S7 ကဆို သန်းချီ ပေးဝယ်ရတာ "

ကျင်းဆန်းရွှေ့က သူရဲကောင်းလိုလိုနဲ့ လက်ဝှေ့ယမ်းလိုက်သည်။

" သန်းချီလောက်က ဘာမှမဟုတ်သေးပါဘူး။ ထည့်ပြောဖို့တောင် မလိုပါဘူး "

ယွမ်လီရှက အားကျလေးစားတဲ့အမူအရာလုပ်လိုက်သည်။

" ဒယ်ဒီက အရမ်းချောတာဘဲ "

ယဲ့ဖန်နှင့် ရှုမန်တို့ ပျို့အန်ထွက်မတတ်ဖြစ်သွားသည်။

ကျင်းဆန်းရွှေ့၏ထိပ်ပြောင်နေတဲ့ခေါင်းကြီးကိုကြည့်ပြီးတွေးမိသည်။

' ဒါကြီးက ချောတယ်ဆိုတဲ့ စကားလုံးနဲ့ ဘာမှမသက်ဆိုင်တာကြီးလေ '

မျက်စိတစ်မှိတ်အတွင်းမှာဘဲ သူတို့လေးယောက်က အနီးနားရှိ ကြယ်နှစ်ပွင့်အဆင့်ရှိ မီချယ်လင်းစားသောက်ဆိုင်ကို ရောက်လာခဲ့ကြသည်။

သူတို့ စားသောက်ဆိုင်ထဲဝင်လာတဲ့အခါ စားပွဲထိုးက ချက်ချင်းကြိုဆိုပြီး လေးယောက်စား စားပွဲဆီသို့ ခေါ်သွားပေးသည်။

ထို့နောက် မီနူးပေးသည်။

ကျင်းဆန်းရွှေ့က ယူလိုက်ပြီး ပိုက်ဆံသုံးတယ်ဆိုတာ သူ့အတွက် ဘာမှမဟုတ်ဘူးဆိုတာကို ရှုမန်သိအောင်ပြချင်နေသည်။

သို့ပေမဲ့ မီနူးကိုဖွင့်လိုက်တဲ့အခါ လုံးဝကြောင်အသွားရသည်။

မီနူးထဲမှာ ကြိုးလိုလိုစာလုံးတွေသာရှိသည်။

သူက မူလတန်းအဆင့်ဘဲအောင်ခဲ့တာကြောင့် ဘာမှ နားမလည်ပေ။

" ဒီဟာ ...... ဒီဟာက .... "

ကျင်းဆန်းရွှေ့ အရှက်ရမှုကြောင့် မျက်နှာနီသွားသည်။

ဘေးမှာရှိနေသည့် ယွမ်လီရှသည် သူ့အမူအရာကိုမြင်ပြီး ချက်ချင်းဆိုလိုက်သည်။

" ဒယ်ဒီ၊ ဘာလို့ မမှာသေးတာလဲ "

ကျင်းဆန်းရွှေ့သည် မီနူးကို ပေးလိုက်သည်။

" မင်း မှာလိုက်လေ "

ယွမ်လီရှဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်ခဲ့၍ သူမက နိုင်ငံခြားစကားလုံးတွေကို ဖတ်တတ်လောက်ပါသည်။

သို့သော် ယွမ်လီရှသည် မီနူးကို လက်ခံရရှိသောအခါ ..... သူမ ချက်ချင်းပင် အံ့သြသွားရသည်။

မီနူးသည် အင်္ဂလိပ်လို မဟုတ်ပေ။

သူမသည် မီနူးထဲမှ စကားလုံးတစ်လုံးမှ မဖတ်နိုင်ချေ။

ယွမ်လီရှ၏မျက်နှာသည် ချက်ချင်းပင် ရှက်ရွံ့စွာနီရဲသွားသည်။

" မိန်းကလေး၊ ပြဿနာရှိလို့လား "

စားပွဲထိုးက အသံတိုးတိုးဖြင့် မေးသည်။

ယွမ်လီရှက ခေါင်းကုတ်လိုက်သည်။

" အဲ့တာ ..... မင်းတို့မှာ တရုတ်မီနူးရှိလား "

စားပွဲထိုးက ချက်ချင်း ခေါင်းခါလိုက်သည်။

" ကျွန်တော်တို့က ပြင်သစ်စားသောက်ဆိုင်ပါ။ မီနူးအားလုံးက ပြင်သစ်ဘာသာစကားနဲ့ဘဲရှိပါတယ် "

ယွမ်လီရှ လုံးဝ အံသြသွားသည်။

ကြယ်နှစ်ပွင့် မီချယ်လင်း စားသောက်ဆိုင်သို့ ရောက်ရှိလာကြပေမဲ့ ဘယ်လိုမှာရမလဲဆိုတာကို သူမ မသိပေ။

ဒါက ရှက်စရာကောင်းလွန်းသည်။

ဒီအချိန်မှာ ရှုမန်က ရုတ်တရက် ပြောသည်။

" ငါကြည့်လို့ရမလား "

ယွမ်လီရှက သူမကို တစ်ချက်ကြည့်လိုက်သည်။

" ဒါက ပြင်သစ်လိုတွေနော်။ နင်ဖတ်တတ်လို့လား "

ရှုမန်က ခပ်ဖျော့ဖျော့ပြုံးပြသည်။

" ငါ့မှာ ပြင်သစ်ဖောက်သည်တစ်ချို့ရှိတယ်။ အဲ့တာကြောင့် ပြင်သစ်ဘာသာစကားကို နည်းနည်းလေ့လာထားတယ် "

ပြောနေရင်း သူမထံမှ မီနူးကို ယူလိုက်သည်။

ဖွင့်ကြည့်ပြီးတဲ့နောက် စားပွဲထိုးဘက်ကို ပြန်လှည့်လာပြီး မှာသည်။

" Bœuf bourguignon၊ Bouillabaisse၊ Navarin d’agneau ...... "

( အမဲသား ဘူဂွီနွန်၊ ပင်လယ်စာကမာအစပ်ပြုတ်၊ သိုးသားစွပ်ပြုတ် )

ကျင်းဆန်းရွှေ့ နှင့်ယွမ်လီရှတို့သည် သူမစကားကို နားထောင်နေကြသည်။

စားပွဲထိုးက ခေါင်းတငြိမ့်ငြိမ့်နဲ့ အော်ဒါတွေကို မှတ်နေသည်။

အဆုံးတွင် သူက ရှုမန်ကို လက်မထောင်ပြခဲ့သည်။

" မစ္စ၊ မင်းရဲ့ ပြင်သစ်စကားက အရမ်းကောင်းတာဘဲ။ မင်း ပြင်သစ်မှာ ကျောင်းတက်ခဲ့တာလား "

ရှုမန် ခေါင်းယမ်းပြလိုက်သည်။

" မဟုတ်ဘူး၊ ကျွန်မက သီးသန့်ကျူရှင်ဆရာနဲ့ သင်ထားလို့ပါ "

" အချိန်တိုလေးပဲ သင်ယူပြီး ကောင်းကောင်းပြောတတ်ဆို တကယ့်ကို ဘာသာစကား ဉာဏ်ကြီးရှင်ပဲ "

စားပွဲထိုးက ပြောပြီး လှည့်ထွက်သွားသည်။

ကျင်းဆန်းရွှေ့ နှင့်ယွမ်လီရှတို့သည် ပြေးပုန်းရန် ကျင်းတစ်ခုသာ ရှာချင်ကြတော့သည်။

သူတို့သည် သူတို့၏ ကြွယ်ဝမှုကို ပြသရန် မီချယ်လင်းစားသောက်ဆိုင်သို့ လာချင်ခဲ့ကြပေမဲ့ စည်းစိမ်ဥစ္စာကို မကြွားနိုင်ခဲ့ရုံသာမက သူတို့ရဲ့ မသိနားမလည်မှုကြောင့် အရှက်ကွဲရမယ်လို့ ထင်မထားပေ။

ကြွားဝါခြင်းရဲ့ ပြစ်ဒဏ်လား။

ယဲ့ဖန်သည် သူတို့၏ အမူအရာတွေကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်ပေ။

ယွမ်လီရှက သူ့ကို စိုက်ကြည့်ပြီး ပြောသည်။

" ဘာရယ်တာလဲ။ သူမ လုပ်တာက ပြင်သစ်စကားပြောရုံဘဲ။ ဘာကြီးကြီးမားမားကိစ္စမလို့လဲ။ ဘာနေနေ သူများတွေအတွက် အလုပ်လုပ်နေရတာဘဲ မဟုတ်ဘူးလား "

ယဲ့ဖန်က ချက်ချင်းပြန်ပြောသည်။

" ဒါဆို သူမ အလုပ်လုပ်ရင်ရော ဘာဖြစ်လဲ။ ကိုယ့်အစွမ်းအစနဲ့ အသက်မွေးရင် ဘာရှက်စရာရှိမှာလဲ။ အဲဒီအစား ရုပ်ရည်ကို ရောင်းစားပြီး ဒူးထောက်ပြီး ယောက်ျားတွေကို နမ်းနေတာကသာ ရွံဖို့ကောင်းတာ ....... "

ယွမ်လီရှ၏ ချက်ကောင်း နေရာကို ထိမိသွားသည်။ သူမ ချက်ချင်း စားပွဲကို ဆောင့်ချလိုက်ပြီး ထရပ်လိုက်သည်။

" ရုပ်ရည်ကို ရောင်းစားနေတယ်ဆိုတာ ဘယ်သူ့ကိုပြောတာလဲ။ ဘယ်သူက ဒူးထောက်ပြီး ယောက်ျားကို နမ်းတာလဲ။ စကား ရှင်းရှင်းလင်းလင်း ရှင်းပြတာ ပိုကောင်းလိမ့်မယ် "

ယဲ့ဖန်က သူမကို အေးအေးဆေးဆေးကြည့်လိုက်သည်။

" ခင်ဗျားပဲလို့ ကျွန်တော် ပြောတာမဟုတ်ပါဘူး။ ဘာလို့ အဲ့လောက် အရမ်းစိတ်ပူနေရတာလဲ "

အနားမှာရှိနေသည့် ကျင်းဆန်းရွှေ့ကတားလိုက်သည်။

" လီရှ ၊ သူနဲ့ ငြင်းခုံမနေပါနဲ့။ သူက မိန်းကလေးကျိုး မျက်နှာရအောင်ပြောနေတာပါ "

ယွမ်လီရှသည် မုန်းတီးစွာဖြင့် ထိုင်နေသော ယဲ့ဖန်ကို စိုက်ကြည့်နေလိုက်သည်။

" မင်း ငါ့ကိုပြောလည်း ဂရုမစိုက်ဘူး။ အမှန်ဘဲ ငါ့ရုပ်ရည်နဲ့စားတယ်၊ ဘာဖြစ်လဲ။ နင်လည်း မိန်းမနားကပ်စားနေတာဘဲလေ။ ငါ့ကို ဘာအဆင့်ရှိလို့ဘာဝေဖန်နေတာလဲ "

ယဲ့ဖန်က ရှုမန်ဘက်ကိုလှည့်လိုက်သည်။

" မမရှု၊ ကျွန်တော်က အစ်မဆီက ချူစားနေတာတဲ့။ တာဝန်ယူပေးရမယ် "

ရှုမန် သူ့ကို စိုက်ကြည့်လိုက်သည်။

ဒီတစ်ယောက်က တကယ်ကိုတစ်စက်ကလေးမှ မတည်ကြည်ပေ။

ထိုအချိန်တွင် စားပွဲထိုးက ဟင်းလျာတွေချပေးသည်။

ကျင်းဆန်းရွှေ့သည် ယွမ်လီရှအတွက် မျက်နှာဆယ်ဖိူ့လုပ်သည်။

သူက စကြွားတော့သည်။

" ငါပြောပြမယ်။ အနောက်တိုင်းအစားအစားတွေမှာ စားပွဲနဲ့ပက်သတ်တဲ့ အမူအကျင့်တွေက အရေးအကြီးဆုံးဘဲ။ ဥပမာ၊ လက်ကိုင်ပဝါကို ကော်လာထဲမှာထည့်ပြီး ကာရမယ် ..... "

ထိုသို့ပြောပြီး လည်ပင်းကော်လာထဲကို ခေါက်ထည့်လိုက်သည်။

ယွမ်လီရှက ချက်ချင်း ချီးကျူးတော့သည်။

" ဒယ်ဒီက အရမ်းသိတာဘဲ။ တကယ်ကို အထက်တန်းစားပီသပါတယ် "

ကျင်းဆန်းရွှေ့က ပိုပိုပြီး ဂုဏ်တက်လာတော့သည်။

ရှုမန်ကတော့ ဘေးကနေကြည့်ပြီး သူမ နဖူးကို အုပ်ကိုင်လိုက်သည်။

ဒီနှစ်ယောက်က တကယ်အံ့ဩစရာဘဲ။

ယဲ့ဖန်က ကျင်းဆန်းရွှေ့ကို ပြုံးပြီးကြည့်လိုက်သည်။

" ဒီလိုစည်းမျဉ်းကို ဘယ်ကနေ သင်လာတာလဲ "

ကျင်းဆန်းရွှေ့က သူ့ကို အထင်သေးစွာကြည့်လိုက်သည်။

" မင်း The Godfather ဆိုတဲ့ဇာတ်ကားကို မကြည့်ရသေးဘူးလို့တော့ မပြောနဲ့နော်။ အဲ့ထဲမှာ Malone Brando က အဲ့လိုလုပ်တာဘဲ "

ယဲ့ဖန် ပြုံးရင်းခေါင်းခါလိုက်သည်။

ယဲ့ဖန် လက်ကိုင်ပဝါကိုခေါက်ပြီး ပေါင်ပေါ်တင်လိုက်သည်။

ထို့နောက် ဖြည်းဖြည်းချင်း စစားတော့သည်။

ယဲ့ဖန်သည် နဂိုကတည်းကချောကာ ထူးခြားတဲ့ ကိုယ်ရောင်ဝါလည်းရှိသည်။

သူက ဓားနဲ့ခရင်းကိုသုံးပြီး ကျွမ်းကျင်စွာလှီးဖြတ်နေချိန်မှာ သူ၏မျက်စိကျိန်းလောက်တဲ့အရှိန်အဝါက ချက်ချင်းထွက်ပေါ်လာသည်။

သူစားနေတာကိုကြည့်နေရုံနဲ့တင် ပျော်ရွှင်စရာကောင်းသည်။

ဒီလို အနုပညာဆန်တဲ့ချောမောတောက်ပမှုကြီးကတော့။

All Chapters