အပိုင်း ၂၅၇-၂၆၀
Vol. 13 Ch. 257-260
အပိုင်း ( ၂၅၇ )
မျက်နှာသာ မပေးခြင်း
ယွမ်လီရှက ယဲ့ဖန်ကို ငေးမောကြည့်နေမိသည်။
ယဲ့ဖန်၏ပြီးပြည့်စုံတဲ့အရှိန်အဝါက အသွေးအသားထဲကနေပင်ထွက်ပေါ်လာနေတာကြောင့် သူမကို သိချင်စိတ်ပြင်းပြစေသည်။
ရှုမန်ကိုလည်း အနည်းငယ်မနာလိုဖြစ်မိသည်။
သူမ ဘာလို့ ဒီလိုငယ်ငယ်ချောချောလေးနဲ့ မတွဲမိတာပါလိမ့်။
တကယ်တော့ သူမ၏မွေးစားဖေဖေသာ ဒီနားမှာမရှိရင် ယဲ့ဖန်ကို မေးမိမှာဖြစ်သည်။
' ဒီမမက မင်းကို ဂရုစိုက်ပေးရမလား 'ဆိုပြီးတော့ပေါ့။
ရှုမန်ကလည်း ယဲ့ဖန်ကို အံ့ဩစွာကြည့်နေသည်။
သူမ သေချာသိသည်။
ဒီလို အထက်တန်းဆန်တဲ့ကိုယ်ရှိန်ဝါမျိုးကို အသွေးအသားထဲကနေ ထုတ်လွှတ်နိုင်သူက အချိန်အတော်ကြာ ချမ်းသာတဲ့သူမျိုးမှဖြစ်မည်။
သူမနှင့် တွေ့ဆုံဖူးသည့် ဧည့်သည်များသည် ချမ်းသာပြီး အင်အားကြီးတဲ့အသိုင်းအဝိုင်းတွေကဖြစ်တဲ့အပြင် သူတို့က ငယ်စဉ်ကတည်းက အကောင်းစားပညာရေးနှင့် ကျင့်ဝတ်တို့ကို သင်ကြားခဲ့ရသူတွေဖြစ်သည်။
သို့ပေမဲ့ ယဲ့ဖန်ကတော့ သူ့မိသားစုက ဆင်းရဲလေသည်။
အဲ့လိုအခြေအနေမျိုးတွေ သူ့မှာမရှိခဲ့ပေ။
အဲ့တာဆို ယဲ့ဖန်က ဘယ်လိုဖြစ်ပြီး အချိန်တိုအတွင်းမှာ တမဟုတ်ချင်းပြောင်းလဲသွားရတာလဲ။
ဒါက သူမကို အတော်လေးမေးခွန်းထုတ်မိစေသည်။
ဘေးမှ ကျင်းဆန်းရွှေ့က ကောင်မလေးနှစ်ယောက်လုံးသည် ယဲ့ဖန်ကို ကြည့်နေကြောင်း သတိထားမိလိုက်သည်။
ထို့ကြောင့် မနာလိုဖြစ်သွားသည်။
သို့ပေမဲ့ ယဲ့ဖန်က အမှန်တကယ်ပင် ပိုချော၊ ပိုငယ်ပြီး ကိုယ်ရှိန်ဝါပိုကြီးလေသည်။
ချမ်းသာတာကလွဲပြီး ယဲ့ဖန်ကို သူ မယှဉ်နိုင်ပေ။
ဒီလိုဖြင့် သူတို့လေးယောက်လုံး စားပြီးသွားကြသည်။
ကျင်းဆန်းရွှေ့က ချက်ချင်းငွေရှင်းဖို့ အပြေးသွားသည်။
အကယ်၍ သူသာ ဘဏ်ကတ်နှင့် ခရက်ဒစ်ကတ်ကို သုံးပါက သူ့ ငွေအင်အားကို ပြသနိုင်မည်မဟုတ်ပေ။
ဒါကြောင့် ဖုန်းထဲက ငွေရှင်းတဲ့အင်ပလီကေးရှင်းကို ဖွင့်လိုက်သည်။
ပြီးတော့ တမင်တကာ ငွေပမာဏကိုပြလိုက်သည်။
[ အကောင့်ထဲကျန်ငွေ ၆,၂၄၅,၃၃၂.၄၃ ယွမ် ]
ယွမ်လီရှက ချက်ချင်းပြောသည်။
" ဒယ်ဒီ၊ အကောင့်ထဲမှာ ၆ သန်း ကျော်တောင်ရှိတာလား။ ဒါကြီးက မချမ်းသာလွန်းဘူးလား "
ဆိုင်ထဲက အခြားသူတွေကလည်း လှည့်ကြည့်ကြသည်။
သူတို့က ကျင်းဆန်းရွှေ့ကို တအံ့တဩကြည့်နေကြသည်။
၆ သန်းတောင်တဲ့လား
ဒီလူက တကယ်ချမ်းသာတာဘဲ။
လူတိုင်းရဲ့အာရုံကိုရပြီးတဲ့နောက် ကျင်းဆန်းရွှေ့က ချက်ချင်း သိတတ်သူကြီးပုံစံဖမ်းတော့သည်။
" ၆ သန်းလောက်က မုန့်ဖိုးလောက်ပါဘဲ "
ယွမ်လီရှက ဆက်ပြီး မြှောက်ပင့်နေသည်။
" ၆ သန်းက မုန့်ဖိုးလား။ လူချမ်းသာတွေရဲ့ကမ္ဘာက တကယ်ကွဲပြားတာဘဲ "
ထိုသို့ပြောပြီး ရှုမန်ကို ခပ်ထေ့ထေ့ကြည့်လိုက်သည်။
ရှုမန်ကလည်း ပြုံးသည်။
" တကယ့်လူချမ်းသာက ပိုက်ဆံတွေကို အကောင့်ထဲမှာမထားဘူး။ ကံကောင်းလို့ ချမ်းသာပြီး ပိုက်ဆံတွေကို ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတာကို မသိတဲ့သူတွေကသာ အကုန် အကောင့်ထဲထားတာ "
သူမရဲ့ရိုက်ချက်ကြောင့် ကျင်းဆန်းရွှေ့ မျက်နှာပင်တွန့်သွားရသည်။
သူက အမှန်တကယ်ပင် ကံကောင်းလို့ချမ်းသာလာတာဖြစ်သည်။
သူ့ဘိုးဘေးတွေက ခြံတစ်ခြံထားခဲ့ပြီး ထိုနေရာက မြေဈေးတက်လာကာ သန်း ၂၀ လောက်ရခဲ့လေသည်။
ရင်းနှီးမြှုပ်နှံဖို့လုပ်ပေမဲ့ အကြိမ်အနည်းငယ်ကျရှုံးပြီးတဲ့နောက် ထပ်မလုပ်ရဲတော့ပေ။
ဆုံးသွားတဲ့ပိုက်ဆံတွေနဲ့ သုံးခဲ့တဲ့ပိုက်ဆံတွေကို ဖယ်လိုက်လျှင် သူ့မှာ တကယ်ဘဲ ၆သန်းသာကျန်တော့သည်။
" အဲ့တာ ..... အဲ့တာဆို အိမ်သာအရင်သွားလိုက်ဦးမယ် "
ကျင်းဆန်းရွှေ့က ယွမ်လီရှကို အကြည့်တစ်ချက်ပေးလိုက်သည်။
ယွမ်လီရှကလည်း သူ့နောက်ကို ချက်ချင်းလိုက်သွားသည်။
ယဲ့ဖန်က ပြုံးကာပြောသည်။
" အစ်မမန်၊ သူက အစ်မကို မီချယ်လင်းဆိုင်ကြီးမှာ လိုက်ကျွေးတာတောင် အစ်မက မျက်နှာသာမပေးတော့ဘူးလား "
ရှုမန်က နှုတ်ခမ်းစူလိုက်သည်။
" အမှန်ပြောတာလေ။ သူဌေးအစစ်တွေက သူတို့ပိုက်ဆံတစ်ပြားမကျန်ရင်းနှီးမြှုပ်နှံကြတာ။ ဘယ်သူက အကောင့်ထဲမှာ ပိုက်ဆံထားလို့လဲ "
ယဲ့ဖန်က သူ့နှာခေါင်းသူထိပြီး ခါးသက်သက်ပြုံးလိုက်သည်။
" တကယ်တော့ ...... ကျွန်တော့်အကောင့်ထဲမှာလည်း ပိုက်ဆံနည်းနည်းရှိတယ် "
ရှုမန်က ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်တယ်၊ နင်လည်း ကံကောင်းလို့ချမ်းသာလာတဲ့သူဘဲ "
" ဟာ ....... "
ထိုအချိန် သန့်စင်ခန်းတွင်။
ကျင်းဆန်းရွှေ့က မှန်ကိုကြည့်ပြီး ဆံပင်သပ်နေသည်။
" လီရှ၊ ငါ မိန်းကလေးရှုကို သဘောကျတယ် "
ယွမ်လီရှ ထိုစကားကြောင့် ထိတ်လန့်သွားရသည်။
" ဒယ်ဒီ၊ ကျွန်မကို မလိုချင်တော့ဘူးလား "
ကျင်းဆန်းရွှေ့က လှည့်ပြီး သူမ တင်ပါးကို ပွတ်လိုက်သည်။
" ရေနေရော ကုန်းနေရော အကုန်လိုချင်တာလေ။ ငါ နှစ်ယောက်လုံးကို လိုချင်တာ "
ထိုအခါမှ ယွမ်လီရှ စိတ်အေးရတော့သည်။ သူမက နှုတ်ခမ်းစူပြီးပြောသည်။
" ဒယ်ဒီက လောဘကြီးလိုက်တာ။ ပန်းကန်ထဲကအစာတောင် မကုန်သေးဘဲ။ အိုးထဲကို လှမ်းချောင်းနေတယ် "
ကျင်းဆန်းရွှေ့က သူမ တင်ပါးကိုထပ်ပွတ်လိုက်သည်။
" လိမ္မာစမ်းပါ၊ မင်း ဒယ်ဒီကို နည်းကူစဉ်းစားပေး။ ရှုမိန်းကလေးကို ဘယ်လိုချုပ်ရမလဲ "
ယွမ်လီရှက ချက်ချင်းနှုတ်ခမ်းစူသည်။
" ဘယ်လိုလုပ်သိမှာလဲ "
" အရင်တုန်းက အခန်းဖော်တွေဆို။ သူမ ဘာကြိုက်လဲဆိုတာ သိသင့်တယ်မဟုတ်လား "
ယွမ်လီရှက တွန့်ဆုတ်နေသည်။
" အခန်းဖော်တွေဆိုပေမဲ့ ဆက်ဆံရေးက မကောင်းဘူးလေ။ အရမ်းကြီးမသိဘူး "
သူမက ဝေ့လည်ကြောင်ပတ်လုပ်နေတာကြောင့် သူက နည်းပြောင်းသုံးရတော့သည်။
" BMW mini လေးလိုချင်တယ်လို့ ပူဆာထားတယ်မဟုတ်လား။ ကူပေးရင် ချက်ချင်းဝယ်ပေးမယ် "
ယွမ်လီရှ မျက်လုံးတောက်သွားသည်။
" တကယ်လား "
ကျင်းဆန်းရွှေ့ မကျေမနပ်ဖြစ်သွားသည်။
" ဘယ်တုန်းက စကားမတည်ဖူးလို့လဲ "
ယွမ်လီရှ အတော်ပျော်သွားသည်။
" သိပြီးသား၊ ဒယ်ဒီကအကောင်းဆုံး။ ကျေးဇူးပါ ဒယ်ဒီ ....... "
ကျင်းဆန်းရွှေ့က ဖြတ်ပြောသည်။
" ကျေးဇူးမတင်သေးနဲ့ဦး။ ဘယ်လိုလုပ်ရမလဲဆိုတာ ကူစဉ်းစားပေး။ မဟုတ်ရင် BMW mini လည်းရမယ်မထင်နဲ့ "
ယွမ်လီရှက မျက်လုံးကိုဝေ့ပြီးမှ ထပ်ပြောသည်။
" ဒယ်ဒီ၊ မိန်းကလေးတွေက ရေမွှေးတို့၊ အိတ်တို့ အင်္ကျီတို့ကြိုက်ကြတယ်လေ။ ထန်းဂူဈေးဝယ်စင်တာကိုခေါ်သွားပြီး ဒယ်ဒီ့အင်အားကိုပြလိုက်ပေါ့။ သူမ ချက်ချက်းကြွေဆင်းသွားလိမ့်မယ် "
ကျင်းဆန်းရွှေ့က ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။
" အဲ့တာက ကျိုးကြောင်းဆီလျော်တယ်။ အဲ့လိုလုပ်ကြတာပေါ့ "
သူတို့နှစ်ယောက် အိမ်သာထဲမှထွက်လာပြီး ရှုမန်နှင့် ယဲ့ဖန်တို့ပျော်ပျော်ရွှင်ရွှင်စကားပြောနေတာကို တွေ့လိုက်ရသည်။
ကျင်းဆန်းရွှေ့က ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။
ဒီမှာကလေး မင်းကို ခဏလောက်တော့ ပေးပျော်လိုက်မယ်။
ခဏဘဲစောင့်လိုက်။
မင်း မိန်းကလေးက ငါ့လက်ထဲကို ပစ်ဝင်လာစေရမယ်။
ဟားဟားဟားဟား
အပိုင်း ( ၂၅၈ )
အသက်ကြီး၊ ရုပ်ဆိုး၊ ကပ်စေးနှဲ
" ထန်းဂူဈေးဝယ်စင်တာကို သွားမလား "
မိနစ်အနည်းငယ်ကြာပြီးနောက် ကျင်းဆန်းရွှေနှင့် ယွမ်လီရှ၏အကြံပြုချက်ကိုကြားသောအခါ ရှုမန် သူတို့ကို ချက်ချင်းငြင်းချင်ခဲ့သည်။
သူမ အရမ်းအလုပ်ရှုပ်နေတဲ့အပြင် သူတို့နဲ့ ဈေးဝယ်ထွက်ဖို့ ဘယ်မှာအချိန်ရှိမှာလဲ။
ထို့အပြင် တစ်ဖက်က စျေးဝယ်ခြင်းသည်အတုဖြစ်ကြောင်းကိုလည်း သူမ သိသည်။ သူက ချမ်းသာမှုကို ပြသချင်တာဖြစ်ကောင်းဖြစ်နိုင်သည်။
ရှုမန်သည် သူတို့နှစ်ဦး၏ ဟန်ဆောင်မှုကို စိတ်ကုန်နေပြီဖြစ်သည်။
သူမ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားချင်သည်။
သို့သော်လည်း ထိုအချိန်တွင် ယဲ့ဖန်က ရုတ်တရက် ဝင်ပြောသည်။
" ဟုတ်တယ်၊ ရာသီဥတုက နည်းနည်းအေးလာပြီ။ နောက်ရာသီအတွက် အဝတ်အစားတွေဝယ်ဖို့ အချိန်ရောက်ပြီလေ "
သူက စကားပြောနေရင်း ရှုမန်ကို မျက်လုံးပင် မှိတ်ပြလိုက်သည်။
ဒီတစ်ယောက်က ဘာလုပ်ချင်နေမှန်း ရှုမန် မသိပေမဲ့ အခုချိန်မှာ သူမ၏သူဌေးဖြစ်နေသည်။
သူက ပြောပြီးသားဆိုမှတော့ သူမက တခြားဘာပြောနိုင်မှာလဲ။
ထို့အပြင် သူမသည် အလုပ်များပြီး စျေးဝယ်မထွက်သည်မှာ အတော်ကြာပြီဖြစ်သည်။
သူမသည် အခွင့်အရေးကိုယူကာ အနားယူရန်အသုံးချနိုင်သည်။
တွေးပြီးတဲ့နောက် ရှုမန်ခေါင်းငြိမ့်လိုက်သည်။
" ကောင်းပြီလေ "
ကျင်းဆန်းရွှေ့သည် ထိုစကားကိုကြားသောအခါ အလွန်ဝမ်းသာသွားသည်။
ရှုမန်စျေးဝယ်ထွက်ဖို့ သဘောတူလိုက်တာနဲ့ သူ့ရဲ့ငွေအင်အားကို ပြသဖို့ နောက်ထပ်အခွင့်အရေးတစ်ခုရှာတွေ့လိမ့်မည်။
သူ့ခွန်အားကြောင့် သူမကို မဆွဲဆောင်နိုင်ဘူးဟု သူ မယုံပေ။
ထို့နောက် သူတို့လေးဦးသည် စားသောက်ဆိုင်မှ ထွက်ခွာကာ ထန်းဂူဈေးဝယ်စင်တာသို့ ဦးတည်သွားခဲ့ကြသည်။
" နင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ "
ထန်းဂူဈေးဝယ်စင်တာထဲသို့ ဝင်လာပြီးတဲ့နောက် ရှုမန်သည် ရည်ရွယ်ချက်ရှိရှိ တမင်နောက်ကျကျန်နေခဲ့သည်။ သူမသည် ယဲ့ဖန်နားကပ်လာပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
" ကျွန်တော် သူ့ကို ကူညီနေတာလေ "
ယဲ့ဖန်က မျက်နှာမှာ အပြုံးမပျက်ပေ။
" နင်က အဲ့လို ကြင်နာတတ်တာလား။ မယုံနိုင်ဘူး "
ရှုမန်သည် ချက်ချင်းပင် မျက်လုံးပြူးသွားသည်။
" တကယ်တော့ ကျွန်တော်က အရမ်းကြင်နာတတ်တဲ့သူတစ်ယောက်ပါ။ အထူးသဖြင့် တခြားသူတွေကို အခွင့်အရေးပေးဖို့ ဆန္ဒရှိတယ်။ သူ့စည်းစိမ်ဥစ္စာကို ပြချင်တာပဲ၊ ငါတို့က သူ့ကို ဘာလို့ ဒီလိုအခွင့်အရေး မပေးရမှာလဲ "
ယဲ့ဖန်သည် ပြောပြီးသည်နှင့် ချက်ချင်းပင် ကျင်းဆန်းရွှေ့ကို လှမ်းခေါ်လိုက်သည်။
" ဦးလေး ဆန်းရွှေ့၊ အရှေ့မှာ Hermès ဆိုင်ရှိတယ်။ ဝင်ကြည့်ရအောင် ..... "
ကျင်းဆန်းရွှေ့သည် ထိုနာမည်ကိုကြားသောအခါ ချက်ချင်းပင် တုန်လှုပ်သွားသည်။
ဘယ်သူက မင်း ဦးလေးလဲ။
သူ ဘာမှပြန်မပြောနိုင်ခင်မှာဘဲ ...... ယဲ့ဖန်က သူ့ကို Hermès စတိုးဆိုင်ထဲကို ချက်ချင်း ခေါ်သွားခဲ့သည်။
" မင်းတို့ဆိုင်က ဈေးအကြီးဆုံး အိတ်တွေကို ထုတ်လိုက် "
ယဲ့ဖန်သည် စတိုးဆိုင်ထဲသို့ ဝင်လာသည်နှင့်ချက်ချင်း လှမ်းအော်လိုက်သည်။
ဆိုင်အကူက သူ့ကို ချက်ချင်းမှတ်မိသွားသည်။
ယဲ့ဖန်သည် ထန်းဂူဈေးဝယ်စင်တာသို့ ပထမဆုံးရောက်ရှိချိန်တွင် ယွမ်သန်းပေါင်း များစွာသုံးစွဲခဲ့သည်။
သူက စျေးဝယ်စင်တာ၏သုံးစွဲမှုစံချိန်ကို ချိုးဖျက်ခဲ့သည်။
ပြီးတော့ ကုန်တိုက်ရဲ့ သူဌေး ကွမ်းကျန်ရှန်းကိုတောင် သတင်းရောက်သွားသည်။
ထိုလူငယ်က ထန်းဂူဈေးဝယ်စင်တာ၏ သူဌေးအသစ်ဖြစ်ကြောင်းကို နောက်ပိုင်းမှ သိလာခဲ့ရသည်။
လူသုံးယောက်နှင့်အတူ ဝင်လာသည်ကို မြင်တဲ့အခါ နှုတ်ဆက်ဖို့ပြင်သည်။
သို့သော် ယဲ့ဖန်၏စကားကို သူမကြားလိုက်ရသည်။
သူမ ပေါ့ပေါ့ဆဆမနေဝံ့ပေ။
ကောင်တာမှ သပ်ရပ်လှပသောလက်ကိုင်အိတ်တွေကို အမြန်ထုတ်လိုက်သည်။
" ဒါက Birkin30 Ostrich Skin Platinum အိတ်ပါ။ ကျွန်မတို့ဆိုင်မှာ အခုလေးတင်ရောက်လာတာ။ ဒါကို .... "
ယဲ့ဖန်က သူမ မိတ်ဆက်တာကို ပြီးအောင်မစောင့်ဘဲ ဖြတ်ပြောသည်။
" ဘယ်လောက်ကျလဲသာပြောပါ "
" ဒီအိတ်ရဲ့စျေးနှုန်းက ယွမ် ၂၁၉,၉၉၉ ပါ။ ဝယ်ချင်ရင် နည်းနည်းလျှော့ပေးလို့ရပါတယ်... "
ဆိုင်လက်ထောက်က အမြန်ပြန်ဖြေသည်။
ယဲ့ဖန်က ထပ်ပြီး ဖြတ်ပြောလိုက်သည်။
" မင်းက ဘယ်သူ့ကို လာနှိမ်နေတာလဲ။ ငါတို့ ဦးလေးဆန်းရွှေ့က လျှော့စျေးလိုအပ်နေတဲ့ သူမလို့လား။ ဒီလို ပုံစံသုံးအိတ်ယူမယ် "
" ဖူး .......... "
ကျင်းဆန်းရွှေ့သည် ပါးစပ်မှ သွေးထွက်လုမတတ်ဖြစ်သွားသည်။
ယွမ် ၂သိန်းကျော်တန်တဲ့အိတ်လား။
သုံးအိတ် တစ်ခါတည်းဝယ်ချင်တာလား။
အဲ့တာဆို ယွမ် ၆သိန်းကျော်ကျမှာဘဲ။
သူ့စာရင်းလက်ကျန်က ၆ သန်းလောက်ပဲရှိတော့သည်။
ဒီလိုမျိုး သူဘယ်လိုလုပ်တတ်နိုင်မှာလဲ။
ယဲ့ဖန်ကို အမြန်ပြန်ဆွဲထုတ်လိုက်သည်။
" ဘာလို့ ..... သုံးအိတ်ဝယ်ချင်ရတာလဲ "
ယဲ့ဖန်က သူ့ကို စိတ်ရှုပ်ထွေးတဲ့အမူအရာနဲ့ ကြည့်လိုက်သည်။
" ဟုတ်တယ်လေ၊ အစ်မမန်ရယ်၊ မိန်းကလေးယွမ်နဲ့ ကျွန်တော်လေ။ အဲ့တော့ သုံးယောက်ပဲ မဟုတ်လား။ ဦးလေးကလည်း ဒါကိုလိုချင်တာလို့ မပြောနဲ့နော် "
ကျင်းဆန်းရွှေ့က သူ့ကို တားလိုက်ပြန်သည်။
" မင်းက ယောက်ျားလေ။ ဘာလို့ အမျိုးသမီးကိုင်တဲ့အိတ်ကို ဝယ်ချင်တာလဲ "
ယဲ့ဖန်က မျက်လုံးပြူးသွားရသည်။
" ယောက်ျားတွေက မိန်းမကိုင်တဲ့အိတ်တွေကို ဘာလို့ သုံးလို့မရတာလဲ။ ဒီပုံစံကို ကျွန်တော်ကြိုက်တယ်လေ "
ကျင်းဆန်းရွှေ့သည် သူ၏ အရှက်မဲ့မှုကြောင့် ရှုံးနိမ့်သွားခဲ့ရသည်။
" ကြိုက်ရင် မင်းကိုယ်တိုင်ဝယ်လို့ရတယ်။ ငါ မင်းအတွက် ဝယ်ပေးမယ်လို့ မပြောခဲ့ဘူး။ မိန်းကလေးရှုကိုပဲဖိတ်ခဲ့တာ။ မင်းကသာ ငါ့ကိုလိုက်ကပ်နေတဲ့သူပဲ "
ယဲ့ဖန် ပြောစရာစကားဆွံ့အသွားသည်။
" ကောင်းပြီ၊ ကျွန်တော် မယူတော့ဘူး။ ဒါဆို အစ်မမန်နဲ့ မိန်းကလေးယွမ်အတွက် တစ်အိတ်စီဝယ်ပေးနိုင်မလား "
ထိုစကားကိုကြားတဲ့အခါ ယွမ်လီရှ၏မျက်နှာက မျှော်လင့်ချက်အပြည့်ဖြစ်သွားသည်။
သို့ပေမဲ့ ကျင်းဆန်းရွှေ့က သူမကို ရေခဲရေနဲ့ပက်လိုက်သလိုဆက်ဆံလိုက်သည်။
" လီရှ၊ ထပ်မဝယ်နဲ့တော့။ ဖအိမ်မှာ အိတ်တွေ အများကြီးပဲ "
ယွမ်လီရှသည် ချက်ချင်းပင် စိုးရိမ်လာသည်။
" ဒယ်ဒီ၊ ကျွန်မ ဒီအိတ်ကို အရမ်းကြိုက်တယ် "
ကျင်းဆန်းရွှေ့အနည်းငယ်စိတ်ပျက်သွားသည်။
" ငါတို့ အိမ်မှာ အိတ်တွေ အများကြီးဝယ်ထားပေမယ့် မင်းလွယ်တာ တစ်ခါမှမတွေ့ဖူးဘူး။ မင်းက ထပ်ဝယ်ချင်သေးလား။ စားလို့ရလို့လား "
ယွမ်လီရှသည် သူ့အမူအရာကိုမြင်သောအခါ ဘာမှထပ်မပြောရဲတော့ပေ။
ယဲ့ဖန်က သူ့ရယ်မောချင်စိတ်ကို အလျင်စလို ထိန်းလိုက်သည်။
" ခင်ဗျားက မိန်းကလေးရှုအတွက် တစ်လုံးမှ မဝယ်ချင်ဘူး ဆိုတော့ အစ်မမန်အတွက်ရော ဝယ်ပေးလို့ရမလား "
ကျင်းဆန်းရွှေ့သည် ရှုမန်ကို မှင်သက်စွာ စိုက်ကြည့်နေသည်။
" တကယ်တော့ .... ဒီအိတ်က အရမ်းကြည့်ရဆိုးတယ်။ ယွမ် ၂သိန်းကျော် မတန်ပါဘူး။ ငါ့အထင် ... ဒါလေးကတော့မဆိုးဘူး "
သူက ပြောရင်းဖြင့် ကောင်တာပေါ်ရှိ '၅၇၉၉' ဟုစျေးနှုန်းကပ်ထားသော အိတ်ကို ညွှန်ပြသည်။
ရှုမန်က ဘာမှပြန်မပြောပေ။
ယဲ့ဖန်က မပျော်ဘူးဖြစ်သွားသည်။
" ဦးလေးဆန်းရွှေ့၊ ဒါက ခင်ဗျားအပြစ်ပဲ။ ဒါက အစ်မမန်အတွက် ပထမဆုံးလက်ဆောင်ကို ဒီလောက်ဘဲတန်တဲ့ အိတ်တစ်လုံးပေးနေတာလား။ ဒါက ဦးလေးရဲ့အဆင့်အတန်းအခြေအနေနဲ့ မကိုက်ညီဘူး "
ကျင်းဆန်းရွှေ့မျက်နှာ နီရဲသွားသည်။
သူ့နှလုံးသားထဲမှပင် မုန်းတီးမှုတွေ ပြည့်လာတော့သည်။
ဒီကောင်က သူ့ကို စုတ်ပြတ်သတ်အောင် လုပ်ချင်နေမှန်း ထင်ရှားသည်။
သို့သော် အမျိုးသမီးတစ်ဦးအတွက် အိတ်တစ်လုံးကို ယွမ် ၂ သိန်းကျော် သုံးစွဲရမှာက တကယ်မတန်ပေ။
သေချာတာတစ်ခုကတော့ သူ တုန်လှုပ်ချောက်ချားပြီး ယဲ့ဖန် ထောင်ချောက်ထဲကို ကျမသွားဖို့ဖြစ်သည်။
သူ့ရဲ့ ချမ်းသာမှုအားလုံးက ယွမ် ၆ သန်းလောက်ပဲ ရှိတာဖြစ်သည်။
သူ့ပိုက်ဆံတွေကို စုထားရမည်။
ထို့ကြောင့် သေချာစဉ်းစားပြီး ကျင်းဆန်းရွှေ့က မကြားချင်ယောင်ဆောင်နေခဲ့သည်။
ခေါင်းကိုလှည့်ပြီး တခြားနေရာကို လှမ်းကြည့်လိုက်သည်။
စတိုးဆိုင်တွင် ဈေးဝယ်နေကြသော အခြားဖောက်သည်များအားလုံးက သူ့ကို အထင်အမြင်သေးစွာ ကြည့်နေကြသည်။
" အဲ့ဒီလူကြီးက အရမ်းကပ်စေးနှဲတာပဲမဟုတ်လား။ သူမကို လိုက်ချင်နေတာ သိသာပေမယ့် အရမ်းကို တွန့်တိုနေတာလေ "
" မှန်တယ်။ သူက အသက်ကြီး၊ ရုပ်ဆိုးတာတောင် ငယ်ငယ်လှလှမိန်းကလေးကို လိုက်ဖို့ အာရုံရှိနေသေးတယ်။ သူက တကယ်ကို အရှက်မရှိတာဘဲ "
" ယောက်ျားက အသက်ကြီးပြီး ရုပ်ဆိုးရင်တောင်ရပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ရက်ရောသင့်တယ်လေ။ မဟုတ်ရင် သရဲတစ္ဆေကတောင် သူ့ကို ဘာလို့ပြန်ကြိုက်မှာလဲ "
" ငါသာ သူဆိုရင် အပေါက်တစ်ခုရှာပြီး ပုန်းနေတော့မယ်။ သူ ဒီလောက်အရှက်ကွဲနေတာတောင် ဘယ်လို သတ္တိနဲ့ နေနေရဲသေးတာလဲ "
" ............ "
အပိုင်း ( ၂၅၉ )
ချမ်းသာတာကို ထုတ်ပြဖို့ ဘာလို့ အဲ့လောက် ခက်ခဲနေရတာလဲ။
ကျင်းဆန်းရွှေ့က လူတိုင်းပြောဆိုနေသံကိုကြားနေရသည်။
အတော်လေးလည်းရှက်မိသည်။
နေရာမှ ချက်ချင်း ထွက်သွားချင်ပေမဲ့ ယဲ့ဖန်က သူ့ကို အလွှတ်မပေးချေ။
သူက တခြားလက်ဝတ်တန်ဆာဘက်ခြမ်းကိုသွားပြီး ကောင်တာထဲမှ လက်ကောက်တစ်ခုကို ညွှန်ပြလိုက်သည်။
" ဒီလက်ကောက်လေးက မဆိုးဘူး။ ထုတ်ပြပေးလို့ရမလား "
အရောင်းဝန်ထမ်းက လက်ကောက်ကို ချက်ချင်းထုတ်ပေးလိုက်သည်။
" အမြင်ကောင်းရှိတာဘဲ။ ဒါက ကျွန်မတို့ဆိုင်ရဲ့ အရောင်းရဆုံးပါ။ 18k Rose Gold ဖြစ်ပြီးတော့ စိန်မြှုပ်ထားတဲ့ Kelly လက်ကောက်လေးက အတော်လေးစတိုင်ကျပါတယ်။ ကောင်မလေးကိုပေးဖို့လည်း သင့်တော်ပါတယ် ..... "
ယဲ့ဖန်က လက်ကောက်ကိုယူပြီး ရှုမန်၏လက်ကောက်ဝတ်ပေါ်သို့ဝတ်ပေးလိုက်သည်။
" ဘယ်လိုလဲ "
ရှုမန်က တလက်လက်တောက်နေတဲ့လက်ကောက်ကိုကြည့်ပြီး အတော်လေးပျော်သွားသည်။
" ကြည့်လို့ကောင်းလိုက်တာ "
ယဲ့ဖန်က ချက်ချင်း ကျင်းဆန်းရွှေ့ကို လှည့်ကြည့်လိုက်သည်။
" ဦးလေးဆန်းဟွေ့၊ အိတ်မဝယ်တော့ဘဲ လက်ကောက်ဝယ်လို့ရမလား "
ကျင်းဆန်းရွှေ့က သက်ပြင်းချလိုက်သည်။
သူ ၂ သိန်းတန်အိတ်ကို မဝယ်ပေးရသရွေ့ဖြစ်သည်။
ဒါက လက်ကောက်အစုတ်လေးဘဲ အလွန်ဆုံးမှ ယွမ် ၂ သောင်းလောက်ရှိမှာပေါ့။
အဲ့လောက်တော့ သူတတ်နိုင်ပါသေးသည်။
သူက ချက်ချင်းလျှောက်သွားပြီး အရောင်းဝန်ထမ်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
" ဒီလက်ကောက်ကိုဝယ်မယ် "
အရောင်းဝန်ထမ်းက သူ့ကို ပြုံးလျက်ပြောသည်။
" လူကြီးမင်း၊ ဒီလက်ကောက်က ၂သိန်း ၃ထောင့် ၈ရာ ၈၈ယွမ်ကျပါတယ်။ ကတ်နဲ့ပေးမလား ငွေသားပေးမလားရှင့် "
ကျင်းဆန်းရွှေ့သည် ငွေရှင်းဖို့လုပ်ရင်း မြေပေါ်လဲကျမတတ်ဖြစ်သွားသည်။
" ဘယ် ....... ဘယ်လောက်။ ၂သိန်း၊ ၂ သိန်းဟုတ်လား။ လက်ကောက်အပျက်ကိုလား။ ဓားပြသာတိုက်လိုက်ပါတော့လား "
သူ့အသံက အနည်းငယ်ကျယ်သွားသည်။
တံခါးကဖြတ်သွားတဲ့ဈေးဝယ်တွေကပါ ပြပွဲကို ရပ်ကြည့်ကြသည်။
အရောင်းဝန်ထမ်းကောင်မလေးက သူ့ကို သနားစွာကြည့်လိုက်သည်။
" လူကြီးမင်း၊ ဒါက နာမည်ကြီးထုတ်ကုန်ဆိုင်ပါ။ ဒီဈေးက တစ်နိုင်ငံလုံးတစ်မျိုးတည်းပါဘဲ။ မေးချင်တာရှိရင် ဈေးဝယ်ဝန်ဆောင်မှုကို ဖုန်းဆက်လို့ရပါတယ် "
ကျင်းဆန်းရွှေ့သည် စိတ်တိုလွန်းလို့ သွေးအန်ထွက်မတတ်ဖြစ်သွားသည်။
သူက ချမ်းသာကြောင်းကြွားချင်တာဘဲဖြစ်သည်။
ဘာလို့ အဲ့လောက်တောင် ခက်ခဲရတာလဲ။
ဒီမှာရှိတဲ့ ပစ္စည်းတွေရဲ့ ဈေးတွေက အရမ်းလွန်သည်။
ဒီအတိုင်းသာ ဆက်ဝယ်နေရင်တော့ စင်တာထဲက ထွက်လိုက်တာနဲ့ ဒေဝါလီခံပြီးသား ဖြစ်နေမှာကိုတောင် သူကြောက်ရသည်။
ယဲ့ဖန်က စောင့်မျှော်နေတဲ့ အမူအရာကို ထုတ်ပြလိုက်သည်။
" ဦးလေးဆန်းဟွေ့ ဘာဖြစ်နေတာလဲ။ ဒီမှာ ငွေပြေစာ "
ဒီကလေးက သူ့ကို တမင်တကာ လှည့်စားနေတာကို ကျင်းဆန်းဟွေ့ ဘယ်လိုလုပ်ပြီး မမြင်နိုင်ခဲ့ရတာလဲ။
ထိုစကားတွေကို သူကြားလိုက်ရတော့ ယဲ့ဖန်ကို လည်ပင်းထညှစ်တော့သည်။
" မိန်းကလေးရှုကတောင် ငါ့ကို ဝယ်ဖို့တောင် မပြောဘူး။ အဲ့တာကို မင်းက ဘာလို့ အမြဲဝင်စွက်ဖက်နေတာလဲ။ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ "
သူက ထွက်လမ်းရှာဖို့ ကြိုးစားနေတာဖြစ်သည်။
ရှုမန်ရဲ့ ပင်ကိုယ်စရိုက်အရ သူမဟာ ဒီလောက်စျေးကြီးတဲ့လက်ဆောင်ကို ဘယ်တော့မှ ဝယ်ခိုင်းမည်မဟုတ်ပေ။
သို့ပေမဲ့ ကျင်းဆန်းဟွေ့ပြောနေချိန်မှာဘဲ ရှုမန်က ရုတ်တရက်ပြောလိုက်သည်။
" ကျွန်မ ဒီလက်ကောက်လေးကို အရမ်းကြိုက်တယ်။ကျွန်မအတွက် ဘာလို့ မဝယ်ပေးတာလဲ "
သူမစကားပြီးတဲ့အခါ ကျင်းဆန်းရွှေ့ကို တည့်တည့်စိုက်ကြည့်လိုက်သည်။
ကျင်းဆန်းရွှေ့သည် သူမရှေ့တွင် သူ့စည်းစိမ်ဥစ္စာများကို ထုတ်ဖော်ပြသနေခြင်းက သူမကို မနှစ်မြို့စေသော်လည်း သူမ တစ်ဖက်သူကို အဆင့်နိမ့်ကျစေလိုသည့်စိတ်မရှိပေ။
သို့ပေမဲ့ သူက ယဲ့ဖန်အား ရိုင်းရိုင်းစိုင်းစိုင်းပြောသည်ကို ကြားလိုက်ရပြီးနောက်... ရှုမန်ကိုဒေါသ ချက်ချင်း ထွက်လာစေသည်။
ရှင့်ရဲ့ ချမ်းသာမှုကို မပြချင်ဘူးလား။
ကောင်းပြီ၊ ကျွန်မ ရှင့်ကို အခွင့်အရေးပေးမယ်။
သူမ စကားကိုကြားတော့ ကျင်းဆန်းရွှေ့ လုံးလုံးအံ့သြသွားရသည်။
ဒီလိုဖြစ်လာမယ်လို့ လုံးဝမမျှော်လင့်ထားပေ။
သူ့ကို အမြဲလျစ်လျူရှုနေတဲ့ ရှုမန်ဘက်က အရင်စပြီး သူ့ကိုတောင်းဆိုလာလေသည်။
ထို့အပြင် လက်ဆောင်က ၂သိန်းကျော်နေသည်။
ဒီတစ်ခါတော့ ကျင်းဆန်းရွှေ့လုံးဝအခက်တွေ့သွားရသည်။
ယဲ့ဖန်က သူ့အမူအရာကိုမြင်ပြီး ချက်ချင်း ဟွန်းခနဲလုပ်လိုက်သည်။
" ဘာလို့လဲ၊ ဦးလေးဆန်းရွှေ့။ ၂ သိန်းလောက်တောင် မသုံးနိုင်ဘူးလား။ အဲ့တာဆိုလည်း ဘာလို့ကြီးကြီးကျယ်ကျယ်တွေလုပ်နေသေးလဲ "
ဘေးက ယွမ်လီရှက ယဲ့ဖန်မှ ကျင်းဆန်းဟွေ့ကို ရိုင်းရိုင်းစိုင်းစိုင်းပြောနေတဲ့အခါ ဒေါသထွက်သွားသည်။
" နင်က မိန်းမနားကပ်စားနေတဲ့သူဘဲ။ ဘာအဆင့်ရှိလို့ ငါ့မွေးစားဖေဖေကို အဲ့လိုပြောရတာလဲ။ နင့်မှာ အရည်အချင်းရှိရင် နင်လည်း ငါ့ကိုဝယါပေးလိုက်လေ "
ယဲ့ဖန်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
ထို့နောက် အရောင်းဝန်ထမ်းဘက်ကို လှည့်လိုက်သည်။
" ဒီလက်ကောက်ယူမယ်။ ပြီးတော့ ဟိုအိတ်ရော။ ပြီးတော့ နောက်ဆုံးထွက် အင်္ကျီ၊ ရေမွှေး၊ လက်ပတ်၊ လည်စီးပဝါ၊ ခါးပတ် ..... အကုန်ထုတ်လိုက် "
ထိုသို့ပြောပြီးတဲ့အခါ ရှုမန်သာမက ကျင်းဆန်းရွှေ့၊ ယွမ်လီရှနှင့် ဘေးမှာရှိတဲ့သူတိုင်း လန့်သွားကြသည်။
ဒီတစ်ယောက်က နောက်နေတာ မဟုတ်လား။
အဲ့တာတွေအကုန်ဆို ဘယ်လောက်ကျမှာလဲ။
အနည်းဆုံးတော့ သန်းချီလောက်တယ်။
အရောင်းဝန်ထမ်းမလေးက ကြောင်အနေသည်။
သူက အတည်ပြောနေတာလား၊ နောက်နေတာလားမသိပေ။
ယဲ့ဖန်ကလည်း ရွေးစရာမရှိတော့ဘဲ သူမကို အလောပေးလိုက်သည်။
" ဘာစောင့်နေတာလဲ။ မပေးနိုင်မှာစိုးလို့လား "
အရောင်းဝန်ထမ်းက အသိပြန်ကပ်လာတော့သည်။
အခြားသူတွေက ယဲ့ဖန်ရဲ့သရုပ်မှန်ကို မသိရင်တောင် သူမက ဘယ်လိုလုပ်ပြီး မသိဘဲနေမှာလဲ။
သူက ထန်းဂူဈေးဝယ်စင်တာ၏ပိုင်ရှင်ဖြစ်သည်။
သူက ဒီလောက်ပိုက်ဆံလေးကို မတတ်နိုင်ဘဲနေမှာတဲ့လား။
နောက်နေတာလား။
ထိုအတွေးကြောင့် သူမ ပစ္စည်းတွေအားလုံးထုတ်ပိုးဖို့ အမြန်ပြင်သည်။
ထို့နောက် တွက်ပြီးတဲ့အခါ နောက်ဆုံးဈေးထွက်လာသည်။
" ဒီတစ်ခေါက် သုံးငွေက ၂သန်း ၁သိန်း ၂သောင်း ၃ ထောင် ယွမ်ပါ "
ထိုစကားကိုကြားပြီးတဲ့အခါ တစ်ဆိုင်လုံးဆူညံသွားတော့သည်။
" ဝါး၊ ၂သန်းကျော်လား။ အဲ့လောက်တောင် ချမ်းသာဖို့လိုလို့လား "
" ၂ သန်းတောင်သုံးမှတော့ ထန်းဂူရဲ့ဈေးဝယ်နှုန်းစံချိန်ကို ကျော်သွားလောက်တယ်မဟုတ်လား "
" မင်း အတွေးလွန်နေတာဘဲ။ ထန်းဂူရဲ့ အမြင့်ဆုံးဝယ်နှုန်းက ၁၀သန်းတဲ့ "
" ဘာ ၁၀သန်းကျော်ဟုတ်လား။ ၁၀သန်းမက သုံးနိုင်တဲ့သူရှိတာလား။ ဘယ်လောက်များချမ်းသာလို့လဲ "
" လွန်ခဲ့တဲ့တလောက နတ်ဘုရားလောက်ချမ်းသာတဲ့သူက ဆယ်သန်းသုံးသွားတာတဲ့ ဒုဥက္ကဌကိုယ်တိုင်တောင် ဆင်းလာတယ်ပြောတယ်။ ပြီးတော့ အဲ့တာက အလွန်ဆုံးမဟုတ်သေးဘူး "
" ဘာက လွန်သေးတာလဲ "
" အလွန်ဆုံးက အဲ့သူဌေးကြီးက ထန်းဂူဈေးဝယ်စင်တာရဲ့ ဥက္ကဌအသစ်တဲ့။ ပြီးတော့ အသက် ၂၀ ဘဲရှိသေးတာပြောတယ် "
" ဘာ။ ထန်းဂူပိုင်ရှင်အသစ်။ အသက် ၂၀ ဟုတ်လား။ ဘုရားရေ၊ မယုံနိုင်ဘူး "
" ငါ့သူငယ်ချင်းတစ်ယောက်ပြောတာဘဲ။ သူက ဒီစင်တာမှာ ဝန်ထမ်းဘဲ။ သူ့မျက်လုံးနဲ့တပ်အပ်မြင်တာတဲ့။ အဲ့သူဌေးလေးနဲ့ယှဉ်ရင် ဒီလောက်က ပမွှားလေးပါ "
ကျင်းဆန်းရွှေ့နဲ့ ယွမ်လီရှတို့ကတော့ စကားပင်မပြောနိုင်တော့ပေ။
တစ်ခါတည်းနဲ့ ၂ သန်းကို ဘယ်သူကသုံးနိုင်လို့လဲ။
၂ သန်းကျော်တောင်။
ကျင်းဆန်းရွှေ့၏ပိုင်ဆိုင်မှု ၃ပုံ ၁ပုံဖြစ်သည်။
မိန်းကလေးတစ်ယောက်အတွက်နဲ့လေ။
ယွမ်လီရှ ယဲ့ဖန်ပေါင်ကို ချက်ချင်းသွားဖက်လိုက်ချင်သည်။
သူဌေးကြီး ကျွန်မကိုလည်း စွန့်ကြဲပေးပါ။
အပိုင်း ( ၂၆၀ )
ချောမောမှုကြောင့် လျှော့ဈေးရခြင်း
ကျင်းဆန်းရွှေ့က ယဲ့ဖန်ကို ချီးကျူးနေသံတွေသာကြားနေရသည်။
ယွမ်လီရှကလည်း ယဲ့ဖန်ဘက်ကိုသာ မျက်နှာမူနေသည်။
သူ မျက်နှာပျက်ရတော့သည်။
" သူက ငွေမချေရသေးဘူး။ မင်းတို့က ဘာတွေ အံ့ဩပြနေတာလဲ "
သူ လှောင်လိုက်သည်။
ထို့နောက် ယဲ့ဖန်ကို ရွံရှာစွာကြည့်လိုက်သည်။
" အစွမ်းအစရှိရင် ငွေရှင်းလိုက်လေ။ ဘာဖြစ်လို့လဲ။ ပိုက်ဆံမရှိဘဲတော့ အဲ့လောက်ကြီးထိ မကြွားလောက်ဘူးမလား "
ယဲ့ဖန်က သူ့ကို လျစ်လျူရှုပြီး အရောင်းဝန်ထမ်းကိုကြည့်လိုက်သည်။
" ၂သန်းဆိုတာ သူများတွေအတွက်ဘဲ။ ငါ့မျက်နှာကိုကြည့်။ လျှော့ဈေး ဘယ်လောက်ရနိုင်မလဲ "
ထိုစကားကိုကြားတဲ့အခါ ဘေးလူတွေအားလုံးက ပါးစပ်ကို အုပ်လိုက်ကြသည်။
ဒီကောင်လေးက ဘာလို့ အရိုက်ခံရအောင် တောင်းဆိုနေတာလဲ။
မျက်နှာကြည့်ရုံနဲ့ ဘယ်သူက လျှော့ဈေးပေးမှာလဲ။
ချောရုံနဲ့ အဲ့လိုရမယ်ထင်နေတာလား။
လူတိုင်းက သူ့ကို တိတ်တဆိတ် ဝေဖန်နေကြဆဲမှာဘဲ အရောင်းဝန်ထမ်းက ရိုသေစွာပြန်ဖြေသည်။
" အခြားသူဆိုရင်တော့ လျှော့ဈေးလုံးဝမရှိပေမဲ့ လူကြီးမင်းက ဝယ်တဲ့သူဖြစ်နေတာကြောင့် ၅၀% ထိပေးနိုင်ပါတယ် "
" ဖူး ........ "
ထိုအရာကို လူတိုင်းကြားသောအခါ ပါးစပ်မှ သွေးများထွက်လုမတတ် ဖြစ်သွားကြသည်။
" ဘာ။ ငါ မကြားတာ မမှားဘူး မဟုတ်လား။ မျက်နှာကို တကယ်သုံးလို့ရတာလား "
" ၅၀% လျှော့စျေးရသွားတာလား။ ဒါက Hermèsလေ၊ Hermès "
" ဟုတ်တယ်၊ ငါ ပစ္စည်းတွေဝယ်ဖို့ သူတို့ဆိုင်ကို ခဏခဏလာတယ်။ ဒါပေမယ့် လျှော့ပေးတယ်ဆိုတာ တစ်ခါမှ မတွေ့ဖူးဘူး။ အခုသူတို့က ၅၀%တောင် လျှော့ပေးနေတာလား "
" ဘာကို အခြေခံတာလဲ။ သူက ရုပ်ချောလို့လား။ သူက ရုပ်ချောတာနဲ့ လုပ်ချင်တာလုပ်လို့ရမလား "
"ငါ့ရုပ်ရည်နဲ့ဆို ငါ ၅၀% လျှော့စျေးမရရင်တောင် အနည်းဆုံး ၂၀% လျှော့ပေးသင့်တယ်မဟုတ်လား "
ဖောက်သည်တွေတင်မကဘဲ ကျင်းဆန်းရွှေ့နှင့် ယွမ်လီရှတို့ပင် အနည်းငယ် အံသြသွားကြသည်။
Hermès ကဲ့သို့သော နာမည်ကြီးစတိုးဆိုင်က လျှော့စျေးပေးသည်ဆိုတာကို ပထမဆုံးအကြိမ်ကြားသိလိုက်ရတာဖြစ်သည်။
ဒါ့အပြင် လျှော့စျေးပမာဏကလည်း အရမ်းကြီးသည်။
ဘာတွေဖြစ်နေတာလဲ။
ဒီတစ်ယောက်ရဲ့နောက်ခံကဘာလဲ။
သူတို့နှစ်ယောက်သည် ယဲ့ဖန်ကို ကြောင်အစွာဖြင့် ကြည့်နေကြသည်။
ထိုအချိန်တွင် ရှုမန်လည်း အနည်းငယ် အံ့သြသွားသည်။
ယဲ့ဖန်က ဒီအရောင်းအ၀ယ်အမျိုးသမီးကို သိလို့ဖြစ်မလား။
ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိနေရင်တောင် သူက ဒီလောက်ကြီးတဲ့လျှော့စျေးကို မရနိုင်ဘူး မဟုတ်လား။
ပြီးတော့ ယဲ့ဖန်အပေါ် အရောင်းစာရေးမလေးရဲ့ သဘောထားကို သူမ မြင်လိုက်ရသည်။
သူတို့သည် သူငယ်ချင်းဖြစ်ပုံမရပေ။
ဝန်ထမ်းက သူဌေးကိုကြောက်နေရတာနှင့် ပိုတူသည်။
ဘာတွေဖြစ်နေတာလဲ။
လူတိုင်းက သံသယဝင်နေချိန်မှာဘဲ။
တစ်စုံတစ်ယောက်က ဒေါသကြောင့် စတင် ဆန္ဒပြတော့သည်။
" Hermès က လွန်လွန်းတယ်။ ဘာလို့ သူ့ကို အဲ့လိုလျှော့ဈေးအကြီးကြီးပေးတာလဲ။ မင်းတို့က အာဏာပြတာလား "
" ဟုတ်တယ်။ ငါတို့ဆို အများကြီးဝယ်တာတောင် ဘာလို့ ဘာမှမရတာလဲ "
" မန်နေဂျာကိုခေါ်လိုက်။ အခုချက်ချင်းရှင်းခိုင်း "
" ပြီးတော့ မင်းတို့ရဲ့လုပ်ရပ်ကို အွန်လိုင်းမှာတင်ပြီး လူတိုင်းကို ဝေဖန်ခိုင်းမယ်။ မင်းတို့ရဲ့ဖောက်သည်တွေကို ခွဲခြားဆက်ဆံဖို့ မင်းတို့မှာ ဘာလုပ်ပိုင်ခွင့်ရှိလဲ "
အားလုံးက ဒေါသဖြစ်နေကြတာကို မြင်လိုက်ရတော့ အရောင်းဝန်ထမ်းက ထိတ်လန့်သွားသည်။
သူမသည် ထိုနေရာတွင် ကြောင်အစွာ ရပ်နေခဲ့သည်။
ယဲ့ဖန်ရဲ့ လုပ်ရပ်တွေက အများသူငါ ဒေါသဖြစ်သွားတာကို ကျင်းဆန်းရွှေ့မြင်လိုက်တာနဲ့ သူ အရမ်းပျော်သွားသည်။
ငါ မင်းကို ထပ်ပြီး သရုပ်ဆောင်ခွင့်ပေးမယ်။
ဆက်သရုပ်ဆောင်နေလိုက်။
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦး ရုတ်တရတ် ထွက်လာသည်ကို တွေ့လိုက်ရသည်။
" အားလုံးဘဲ၊ မင်္ဂလာပါ။ ကျွန်တော်က ထန်းဂူဈေးဝယ်စင်တာရဲ့ Hermès အမှတ်တံဆိပ်ရုံးခွဲမန်နေဂျာပါ။ ကျွန်တော့်ကို မေးခွန်းတွေ မေးလို့ရပါတယ် "
လူတိုင်းက သူ့ကိုယ်သူမိတ်ဆက်တာကို ကြားပြီးတဲ့အခါ သူတို့ရဲ့ဒေါသကို ဖြေဖျောက်ဖို့ လမ်းကြောင်းတစ်ခုကို ချက်ချင်းရှာတွေ့သွားကြသည်။
" ဒါဆို မင်းက ဒီက မန်နေဂျာဆိုတော့ မင်းရဲ့ဝန်ထမ်းတွေက ဒီလူကို ဘာလို့ ၅၀ရာခိုင်နှုန်း လျှော့စျေးပေးတာလဲဆိုတာ ငါတို့ကို ရှင်းပြပါဦး "
" ဟုတ်တယ်။ မင်း ဒီနေ့ ငါတို့ကို ရှင်းပြရမယ်။ ငါတို့ကို ဘာလို့ ခွဲခြား ဆက်ဆံနေတာလဲ "
" ကျွန်တော်တို့ စော်ကားခံရတယ်လို့ ခံစားရတယ်။ ဒီနေ့ မင်း ငါတို့ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်မပေးဘူးဆိုရင် မင်းရဲ့လုပ်ရပ်တွေကို အွန်လိုင်းမှာ ဖော်ထုတ်ပြီး လူတိုင်းက မင်းရဲ့စတိုးနဲ့ မင်းရဲ့အမှတ်တံဆိပ်ကို သပိတ်မှောက်လိုက်မယ် "
" ဒါကို အတူတူ သပိတ်မှောက်ကြရအောင် "
မန်နေဂျာသည် လူတိုင်း၏ မှတ်ချက်များကို တိတ်တဆိတ် နားထောင်ပြီး ပြုံးနေသည်။
အားလုံးက ပြောပြီးတဲ့အခါ သူက ပြောသည်။
" ယဲ့လူကြီးမင်းက ထန်းဂူစင်တာရဲ့ သူဌေးဖြစ်လို့ပါ။ ဒီရှင်းပြချက်ကို ကျေနပ်ပါရဲ့လား "
" အိုး ... "
လူအုပ်ကြီးက ချက်ချင်း တိတ်ဆိတ်သွားသည်။
ထို့နောက် သူတို့က ယဲ့ဖန်အား ကြောင်အအဖြင့် ကြည့်နေကြသည်။
" သူက ထန်းဂူစင်တာရဲ့ သူဌေးလား။ သူက အရမ်းငယ်တာယ် မဟုတ်လား "
" ဒါက ၁၀သန်းကျော် အကုန်အကျခံပြီး ထန်းဂူစင်တာရဲ့ စံချိန်ကို ချိုးခဲ့တဲ့လူလား "
" တကယ်လို့ ထန်းဂူစင်တာရဲ့သူဌေးမလို့ သူ့ကို ၅၀% လျှော့စျေးပေးတာဆိုရင် ကျိုးကြောင်းဆီလျော်တယ် "
" ၅၀% လျှော့ဈေးအကြောင်းတောင်မပြောနဲ့။ သူတို့ရဲ့ အထောက်အထားနဲ့တည်နေရာအရသာဆိုရင် အခမဲ့ ပေးလိုက်ရင်တောင် ပြဿနာမဟုတ်ဘူး "
" သူတို့ကို ငါတို့ အထင်လွဲသွားပုံပဲ "
အခုမှ စိတ်လှုပ်ရှားနေတဲ့ ဖောက်သည်တွေက ချက်ချင်းရပ်သွားကြသည်။
အဲ့ဒီအစား ယဲ့ဖန်ကို အံ့ဩနေကြသည်။
လူငယ်လေးသည် သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်နှင့် ပိုတူသည်။
သူသည် ထန်းဂူစင်တာရဲ့သူဌေးဖြစ်မယ်ဟု ဘယ်သူက ထင်မှာလဲ။
ငယ်ရုံတင်မကဘဲ ချောမောလွန်းသည်။
သူသည် အမျိုးသမီးတိုင်း၏ မျက်လုံးထဲတွင် ချစ်စရာကောင်းသော ပြီးပြည့်စုံသော မင်းသားလေးဖြစ်သည်။
နေရာမှ အမျိုးသမီးဖောက်သည်အများအပြားက ယဲ့ဖန်ကို ချက်ချင်း သဘောကျစွာ ကြည့်ကြတော့သည်။
ကျင်းဆန်းရွှေ့ကတော့ ကြောက်လွန်းလို့ မျက်နှာ ဖြူဖျော့သွားသည်။
ထန်းဂူစင်တာရဲ့သူဌေးလား။
သူ့ရဲ့ အသားတင် ပိုင်ဆိုင်မှုက အနည်းဆုံးဘီလီယံနဲ့ချီရှိတယ် မဟုတ်လား။
ဒါက အရမ်းကြောက်စရာကောင်းသည်။
သူသည် ဘိုးဘွားပိုင်မြေအိမ်ရောင်းပြီး ချမ်းသာတာဖြစ်သည်။
ထို့အပြင် လွန်ခဲ့သည့် ၂ နှစ်အတွင်းမှာဘဲ သူရောင်းရခဲ့သည့်ငွေ၏ ထက်ဝက်ကျော်ကို အသုံးပြုခဲ့ပြီးဖြစ်သည်။
အခုတွင် သူ့ရဲ့ပိုင်ဆိုင်မှုတစ်ခုလုံးက ၆ သန်းကနေ ၇ သန်းကြားမှာဘဲ ရှိတော့တာဖြစ်သည်။
ဒီလို ကြီးမားတဲ့အဆင့်အတန်းနဲ့ ယှဉ်ရင် သူက ဘာမှ မဟုတ်ပေ။
တစ်ဖက်က သူ့ကိုသတ်ချင်ပါက .... သူ့လက်ချောင်းတွေကို နည်းနည်းရွှေ့ဖို့ပဲလိုသည်။
နောက်တော့ သူ ယဲ့ဖန်ကို ဘယ်လို လှောင်ပြောင်ခဲ့လဲ ဆိုတာကို တွေးလိုက်မိသည်။
ကျင်းဆန်းရွှေ့သည် ထိုအတွေးကြောင့် ကြောက်လန့်သွားခဲ့သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော် အခု မျက်စိကန်းသွားတာပါ။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ "
တစ်ချိန်တည်းမှာပဲ သူက ယွမ်လီရှကို ဆွဲလိုက်သည်။
" မင်းဘာလုပ်နေတာလဲ။ မြန်မြန်သွားပြီး ယဲ့လူကြီးမင်းကို တောင်းပန်လိုက် "
ယွမ်လီရှ၏စိတ်ထဲတွင် ဗလာဖြစ်သွားသည်။
ထိုစကားကြားတော့ သူမ ပိုလို့တောင် စိတ်ရှုပ်သွားရသည်။
" ဘာလို့ သူ့ကိုတောင်းပန်ရမှာလဲ "
ကျင်းဆန်းရွှေ့ ပေါက်ကွဲသွားသည်။
သူ့လက်ကိုလွှဲကာ သူမကို ပါးရိုက်လိုက်သည်။
" မင်းက ယဲ့လူကြီးမင်းကို မိန်းမတစ်ယောက်နားကပ်စားတဲ့သူလို့ခေါ်ခဲ့တာ မင်း မေ့သွားပြီလား။ မင်းသေချင်ရင်တောင် ငါ့ကို ဆွဲမချနဲ့ "
ယွမ်လီရှသည် သူမ၏ နီရဲပြီးရောင်ရမ်းနေသော ပါးကိုဖုံးကာ နောက်ဆုံးတွင် တုံ့ပြန်ခဲ့သည်။
သူမက အမြန်ဦးညွှတ်ပြီး ယဲ့ဖန်ကို တောင်းပန်လိုက်သည်။
" ယဲ့လူကြီးမင်း၊ တောင်းပန်ပါတယ် ကျွန်မ မှားသွားပါတယ်။ ကျွန်မကမှ ချူစားတဲ့သူပါ။ မဟုတ် ..... ကျွန်မက အရှက်မရှိတဲ့ အပျက်မပါ။ လူတောင် မဟုတ်ပါဘူး "