← Chapters

အပိုင်း ၂၆၁-၂၆၄

Vol. 14 Ch. 261-264

အပိုင်း ၂၆၁-၂၆၄

Vol. 14 Ch. 261-264

အပိုင်း ( ၂၆၁ )

မိန်းမစကပ်နားကပ်စားတဲ့သူကို ပြန်ကပ်ခြင်း။

ထိုစကားကိုကြားတဲ့အခါ ယဲ့ဖန်ကို တောင်းပန်နေကြသည့် ကျင်းဆန်းရွှေ့နှင့် ယွမ်လီတို့ကို ရှုမန်လှမ်းကြည့်လိုက်သည်။

ရှုမန် အတော်လေး ထိတ်လန့်တုန်လှုပ်သွားရသည်။

ယဲ့ဖန်က ဒုန်းအန်းငွေကြေးအာမခံ၏ပိုင်ဆိုင်သူဆိုတာကပင် အလွန်လန့်စရာကောင်းနေပြီးသားဖြစ်သည်။

ယဲ့ဖန်က ထန်းဂူဈေးဝယ်စင်တာ၏သူဌေးဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပေ။

ဒါက ကျုံးဟိုင်မြို့ရှိ ထန်းဂူဈေးဝယ်စင်တာခွဲကြီးဖြစ်သည်။

ကျုံးဟိုင်မြို့၏ ထိပ်တန်းအဆင့်အမြင့်ဆုံး ဈေးဝယ်ရသည့်နတ်ဘုံလို့တောင် ပြောလို့ရသည်။

သူမလို ဈေးဝယ်သိပ်မထွက်သည့်လူတောင် ဒီနေရာ၏ခမ်းနားပုံကို မကြာခဏကြားဖူးသည်။

ပြီးတော့ ဒီနေရာက ယဲ့ဖန်ရဲ့ပိုင်ဆိုင်မှုတဲ့လား။

ဘယ်လောက်ရယ်စရာကောင်းလဲ။ ဟုတ်ပါ့မလား။

ယဲ့ဖန်က မျက်နှာသွေးမရှိတော့သလိုဖြူနေသည့် ကျင်းဆန်းရွှေ့ကိုကြည့်ကာ အနည်းငယ်ရယ်ရသည်ဟုထင်သည်။

" ဘာလို့လဲ။ ကျွန်တော်က အဲ့လောက်တောင် ကြောက်စရာကောင်းလို့လား "

ကျင်းဆန်းရွှေ့က ခေါင်းကိုတဆတ်ဆတ်ခါသည်။

" ကြောက်စရာမကောင်းပါဘူး၊ ကြောက်စရာမကောင်းပါဘူး။ ယဲ့လူကြီးမင်းက နှစ်လိုဖွယ်ကောင်းပြီးတော့ ပေါင်းသင်းရလွယ်တဲ့သူပါ ....... "

သူ အဲ့လိုပြောပြီးတဲ့နောက် ကျင်းဆန်းရွှေ့၏ခွကြားနေရာက ရုတ်တရက် စိုသွားသည်။

ညီနံ့လိုလိုအနံ့က သူ့နှာခေါင်းနားတစ်ဝိုက်ပျံ့သွားသည်။

နေရာမှာရှိတဲ့သူတိုင်းက ကြောင်အ ကုန်တော့သည်။

သူက ကြောက်လွန်းလို့ သေးပါပေါက်ချလိုက်တာလား။

ဒါကြီးကတော့ မလွန်လွန်းဘူးလား။

ရှုမန်၏မျက်နှာက နီရဲသွားပြီး အဝေးတစ်ဖက်ကို ချက်ချင်းအကြည့်လွှဲလိုက်သည်။

ယဲ့ဖန်ကလည်း ဘာလုပ်ရမလဲမသိဖြစ်သွားသည်။

" ဦးလေးဆန်းရွှေ့၊ ဒီလောက်ကြီးထိဖြစ်စရာလိုလို့လား။ ကျွန်တော် ခင်ဗျားကို စိတ်မဆိုးပါဘူး။ ဘာလို့ အဲ့လောက်ကြောက်နေရတာလဲ "

ကျင်းဆန်းရွှေ့၏မျက်နှာက ဖြူသထက်ဖြူလာတော့သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော့်ကို ဒီလိုလေသံနဲ့မပြောပါနဲ့။ ဒီလိုပြောလေလေ ပိုကြောက်လာလေလေပါဘဲ။ ဒီအတိုင်း ရိုက်နှက်ဆဲဆိုလိုက်လို့မရဘူးလား။ အဲ့တာဆို ကျွန်တော့်အတွက်ပိုအဆင်ပြေပါတယ် "

ယဲ့ဖန် ပြောစရာစကားပျောက်သွားရသည်။

သူ ဒီလိုငကြောင်မျိုး ဘယ်တုန်းကမှ မတွေ့ဖူးပေ။

ယဲ့ဖန်က သူ့ကို စကားအကောင်းပြောနေတာတောင် သူက ကြောက်နေသည်။

သူ့ကို ရိုက်နှက်မှ စိတ်သက်သာရာရမှာတဲ့လား။

ဒါကြီးက ကြောင်တောင်တောင်မနိုင်ဘူးလား။

" အဲ့တာဆိုလည်း ကြမ်းပြင်ပေါ်မှာလှိမ့်လိုက် "

ကျင်းဆန်းရွှေ့ပျော်သွားသည်။

" ကောင်းပါပြီ၊ ကောင်းပါပြီ "

ထို့နောက် ကျင်းဆန်းရွှေ့က မြေပေါ်မှာလူးလှိမ့်နေသည်။

ထို့နောက် ထရပ်ပြီး ရှေ့သို့ ဆက်ပြီးထပ်လှိမ့်သည်။

အဲ့လိုဖြင့် ဈေးဝယ်စင်တာထဲကနေ လှိမ့်ရင်းထွက်သွားရသည်။

ထိုမြင်ကွင်းက ဘေးမှာရှိတဲ့သူတိုင်းကို မျက်စိပွင့်နားပွင့်ဖြစ်သွားစေသည်။

တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်၏အင်အားကို သူတို့အားလုံး သိသွားကြတော့သည်။

ယောက်ျားကြီးတစ်ယောက်ကို ဒီလိုမျိုး ကြောက်ဒူးတုန်အောင်လုပ်နိုင်ဖို့က တော်ရုံမရပေ။

ယွမ်လီရှကလည်း အတော်လေး ကြောင်အနေသည်။

သူမ၏မွေးစားဖေဖေက အရှက်တကွဲထွက်သွားရပြီး သူမကို တစ်ယောက်တည်းထားခဲ့သည်။

သူမ တုန်လှုပ်နေသည်။

သူမ အခုဘာလုပ်သင့်လဲ။

အရေးတကြီးစဉ်းစားနေရသည်။

ယဲ့ဖန်က သူမဘက်ကိုလှည့်ပြီး တစ်ချက်ကြည့်လိုက်သည်။

" ခင်ဗျားကရော ဒီမှာ ဘာလုပ်နေတာလဲ "

ယွမ်လီရှက အတင်းစိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး သူမကိုယ်သူမ ဆွဲဆောင်မှုရှိသည်ဟုထင်သည့်အပြုံးမျိုး ပြုံးလိုက်သည်။

သူမက ယဲ့ဖန်ဘေးဆီကို လျှောက်လာပြီး သူ့လက်မောင်းကို ဆွဲကိုင်လိုက်ကာ သူမ၏ခန္ဓာကိုယ်တစ်နေရာဖြင့် သိသိသာသာပွတ်တိုက်နေသည်။

" ယဲ့လူကြီးမင်း၊ ကျွန်မ ရှင့်ကိုစတွေ့လိုက်ကတည်းက စွမ်းအင်အပြည့်နဲ့၊ ငယ်ရွယ်ချောမော၊ တက်ကြွနေလို့ သေချာပေါက်က သာမန်လူမဟုတ်ဘူးဆိုတာသိလိုက်ရတယ်။ ယဲ့လူကြီးမင်းမှာ သေချာပေါက်အမြင်ကောင်းလည်းရှိမှာဘဲ "

ယဲ့ဖန်က သူမရဲ့ချီးကျူးစကားကိုကြားပြီး ပြုံးလိုက်သည်။

" ကျွန်တော်က မိန်းမစကပ်နားကပ်စားတဲ့ကောင်ဆိုပြီး ခင်ဗျားဘဲပြောခဲ့တာ မဟုတ်ဘူးလား "

ယွမ်လီရှ၏မျက်နှာ ဖြူဖျော့သွားသည်။

" ဒီအတိုင်း နောက်လိုက်တာပါ။ ကျွန်မက ယဲ့လူကြီးမင်းကို တမင်တကာ ကျွန်မဆီ အာရုံရောက်လာအောင်လုပ်တာ "

ယဲ့ဖန် နှုတ်ခမ်းတို့က အပေါ်သို့ကွေးတက်ညွတ်သွားသည်။

" တကယ်လား။ ဒါဆို ခင်ဗျားက ဘာလို့ ကျွန်တော့်အာရုံစိုက်တာကို လိုချင်ရတာလဲ "

ယွမ်လီရှသည် ယဲ့ဖန်ကို ဖြားယောင်းနေတဲ့အမူအရာဖြင့်ကြည့်လိုက်သည်။

" ကျွန်မ ရှင့်ကိုတွေ့လိုက်ကတည်းက ချစ်မိသွားလို့လေ "

ယဲ့ဖန် အန်ထွက်မတတ်ဖြစ်သွားတဲ့စိတ်ကို မနည်းချုပ်တည်းလိုက်ရသည်။

" ကျွန်တော့်ကိုချစ်တယ်ဆို ခင်ဗျားရဲ့မွေးစားဖေဖေကြီးကရော "

ယွမ်လီရှက ဟွန်းခနဲနှာခေါင်းမှလေမှုတ်ထုတ်လိုက်သည်။

" အဲ့ဒီ အိုကြီးအိုမက ကျွန်မကို တစ်ယောက်တည်းထားပြီးပစ်သွားတာလေ။ သူက ဘယ်လိုလူစားမျိုးလဲ။ ပြီးတော့ ဘယ်လိုပုံစံနဲ့များ သူက ရှင့်ကိုယှဉ်နိုင်မှာတဲ့လဲ။ အသွင်အပြင်၊ အသက်အရွယ်၊ ကြွယ်ဝမှု ဒါမှမဟုတ် ဂုဏ်ပုဒ်လား။ တစ်ခုမှ သူက ရှင့်ရဲ့ခြေမှုန်ကိုတောင် မမီပါဘူး "

ယဲ့ဖန်က လှောင်ရိပ်သန်းတဲ့အကြည့်ဖြင့် ကြည့်လိုက်သည်။

" ဒါဆို မင်းက ဘယ်လိုစီစဉ်ထားလဲ "

ယွမ်လီရှက ယဲ့ဖန်ရဲ့အမူအရာကို သတိမထားမိဘဲ ဆက်ပြီးမြှောက်ပင့်နေသည်။

" အကယ်၍ ယဲ့လူကြီးမင်းကသာ စိတ်မရှိဘူးဆိုရင် ကျွန်မက ရှင့်မိန်းမဖြစ်ပေးချင်ပါတယ်။ အငယ်အနှောင်းဘဲဖြစ်ဖြစ်၊ လေးယောက်မြောက်ဘဲဖြစ်ဖြစ်ရပါတယ် "

သူမဘေးမှာရပ်နေတဲ့ ရှုမန်က သူမကို အထင်သေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

မိန်းမတစ်ယောက်က ဒီလောက်အရှက်မဲ့လိမ့်မည်ဟု ရှုမန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

ယွမ်လီရှက လူကြားထဲမှာတောင်မရှောင် ယောက်ျားတစ်ယောက်ကို ကပ်တွယ်နေသည်။

ထို့အပြင် အရှက်မရှိတဲ့စကားတွေကိုလည်း ပေါ်ပေါ်ထင်ထင်ပြောနေသည်။

သူမ၏အခန်းဖော်တစ်ယောက်ဖြစ်ခဲ့ဖူးသူအနေနဲ့ အတော်လေးရှက်မိသည်။

ဘေးနားမှာရှိနေကြတဲ့သူတွေကလည်း သူမကို အထင်သေးစွာကြည့်နေကြသည်။

သို့ပေမဲ့ ယွမ်လီရှကတော့ သူတို့၏အကြည့်ကို ဂရုမစိုက်ပေ။

သူမက ယဲ့ဖန်ကိုသာ မျက်နှာမူနေသည်။

ယဲ့ဖန်သာ ခေါင်းငြိမ့်လိုက်တာနဲ့ သူမက သစ်ကိုင်းပေါ်မှပျံတက်ပြီး တောက်ပတဲ့ဇာမဏီတစ်ကောင်ဖြစ်လာမှာဖြစ်သည်။

ဘာလို့ တခြားသူတွေရဲ့အကြည့်ကို ဂရုစိုက်ရမှာလဲ။

ယဲ့ဖန်က ဟက်ခနဲလုပ်လိုက်သည်။

" ခင်ဗျားက ဘာမှမဖြစ်ပေမဲ့ ကျွန်တော်ကတော့ဖြစ်တယ် "

ယွမ်လီရှက ကြောင်သွားသည်။

" ဘာ ..... ဘာကိုဆိုလိုတာလဲ "

ယဲ့ဖန်က သူမကို ရွံရှာစွာတွန်းထုတ်လိုက်သည်။

" တခြားသူတွေနဲ့ ပတ်သက်ထားတဲ့မိန်းမတွေကို စိတ်မဝင်စားဘူး "

ယွမ်လီရှက ရှေ့ကိုထပ်တိုးလာသည်။

" ကျွန်မက ညစ်ပတ်တယ်ထင်ရင် ထပ်ပြီးသန့်စင်လိုက်ပါ့မယ်။ ကျွန်မ ကတိပေးမယ် ထပ်ပြီး ......... "

သူမ စကားမဆုံးခင်မှာဘဲ ရှုမန်က သူတို့ဆီလျှောက်လာပြီး ယွမ်လီရှကို တွန်းထုတ်လိုက်သည်။

" ဒါက အရမ်းရှက်စရာကောင်းတယ်လို့ နင်မထင်ဘူးလား "

ယွမ်လီရှက ရှုမန်ကို မနာလိုတဲ့မျက်နှာထားဖြင့်ကြည့်နေသည်။

ဘာလို့ ဒီကောင်မက သူမထက် လှပနေရတာလဲ။

ပြီးတော့ အလုပ်အကိုင်အတည်တကျနဲ့လည်းဖြစ်နေသေးသည်။

အဲ့ဒီအပြင် ဘာလို့ ပြီးပြည်စုံတဲ့သူဌေးခပ်ချောချောလေးကိုလည်း ရထားရတာလဲ။

ဒါပေမဲ့ သူမကတော့ ရွတ်တွနေတဲ့အဖိုးကြီးတစ်ယောက်ကိုသာ ကပ်တွယ်နိုင်ခဲ့သည်။

ကောင်းကင်ဘုံက မတရားဘူး။

ယွမ်လီရှ အရမ်းကို မနာလိုဖြစ်နေတဲ့အပြင် ယဲ့ဖန်သာမက ရှုမန်ကပါ လာတွန်းထုတ်တာကြောင့် အလွန်ရှက်သွားသည်။

ထို့အပြင် လူတွေအများကြီးကလည်း ဝိုင်းအုံကြည့်နေကြသေးတာကြောင့် မျက်နှာပြောင်တိုက်ပြီး ဆက်မနေရဲတော့ပေ။

အမြန်ပြေးထွက်သွားသည်။

ရှုမန်က သူမ၏နောက်ကျောကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။

" သူမက ကျောင်းမှာတုန်းက တကယ်ကို ရိုးသားကြိုးစားတဲ့သူဖြစ်ခဲ့တာ။ အခုလို ဘယ်လိုများဖြစ်သွားတာပါလိမ့် "

ယဲ့ဖန်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

" လူမပြောနဲ့၊ အချိန်က အရာအားလုံးကို ပြောင်းလဲစေနိုင်တယ် "

ရှုမန်က ယဲ့ဖန်ကို ပြန်လှည့်ကြည့်လိုက်သည်။

" နင်ရော ပြောင်းလဲသွားမှာမလား "

ယဲ့ဖန်က တွန့်ဆုတ်ခြင်းမရှိ ချက်ချင်းခေါင်းငြိမ့်ပြသည်။

" ဒါပေါ့၊ ပိုပိုချောလာမှာလေ။ ပိုပိုပြီးလည်ထူးချွန်ပြီး၊ ပိုပိုပြီး ချစ်ချင်စရာကောင်းလာမှာ ...... "

ရှုမန်က အမြင်ကပ်တဲ့မျက်နှာပေးဖြင့် နှုတ်ခမ်းစူလိုက်သည်။

" ဘဝင်မြင့်တဲ့ကောင်၊ ဘယ်သူက နင့်ကို ချစ်နေလို့လဲ "

ယဲ့ဖန်နှုတ်ခမ်းက အသာအယာကွေးတက်သွားသည်။

ထို့နောက် အရောင်းဝန်ထမ်းကို လက်ဝှေ့ပြီး လှည့်ပြောသည်။

" ဒါတွေအကုန်လုံးကို ဒီအမျိုးသမီးအတွက် အကုန်ထုပ်လိုက် "

ရှုမန်က အမြန်တားလိုက်သည်။

" တကယ်ကြီးဝယ်မလို့လား "

ယဲ့ဖန်က ရယ်လိုက်သည်။

" ကျွန်တော် နောက်နေတယ်ထင်လို့လား "

ရှုမန်က ခေါင်းခါပြသည်။

" အဲ့လိုဈေးကြီးတဲ့ပစ္စည်းတွေ မလိုချင်ပါဘူး "

ယဲ့ဖန်က ခပ်ညစ်ညစ်ပြုံးလိုက်သည်။

" အစ်မက ကျွန်တော့်အပေါ်အများကြီးအကြွေးတင်နေလို့ မတတ်နိုင်ဘဲ ကြွေကြသွားမှာကို စိုးရိမ်နေတာမဟုတ်လား "

ရှုမန် သူ့ကို စိုက်ကြည့်လိုက်သည်။

" ဘယ်က နင့်ကို ကြွေကျရမှာလဲ။ ငါက နင့်အစ်မပါ၊ ကောင်စုတ်လေးရဲ့ "

" အဲ့တာဆို ဘာတွေစိတ်ပူနေတာလဲ "

ယဲ့ဖန်က အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။

" အကုန်ထုတ်လိုက် "

အပိုင်း ( ၂၆၂ )

သူမ နှဖူးလေးပေါ်က ပျားရည်။

သူတို့က ကျင်းဆန်းရွှေ့ရဲ့ကားနဲ့အတူလာခဲ့တာဖြစ်တာကြောင့် ရှုမန်ရော ယဲ့ဖန်ရော ကားပါမလာကြပေ။

သူတို့ ထန်းဂူဈေးဝယ်စင်တာထဲမှာ ဈေးဝယ်တာပြီးတဲ့နောက် ယဲ့ဖန်က ရှုမန်ကိုခေါ်ပြီး အများသုံးဘတ်စ်ကားပေါ်သို့ တိုးဝှေ့တက်လိုက်သည်။

ချိုတစ်လှည့် ခါးတစ်သက်ဖြစ်ခဲ့တဲ့အချိန်တွေကို သတိရမိသည်။

ရှုမန် တက္ကသိုလ်ကဘွဲ့ရပြီးပြီးချင်း ကားဝယ်ခဲ့သည်။

အဲ့တာကြောင့် သူမ အများသုံးဘတ်စ်ကားမစီးရတာ အတော်ကြာပြီဖြစ်သည်။

ပြီးတော့ ယဲ့ဖန်သည်လည်း ဇိမ်ခံကားတွေချည်းဘဲစီးနေတာ လအတော်ကြာပြီဖြစ်သည်။

သူ အတိတ်ကို သတိမရဘူးလို့ပြောရင်တော့ ချဲ့ကားရာမရောက်ပေ။

သို့ပေမဲ့ 'ခါးသက်'တဲ့အပိုင်းကိုတော့ မမှတ်ချင်တော့ပေ။

မစီးတာကြာပြီဖြစ်၍ အများသုံးဘစ်ကားက ဘယ်လောက်လူကျပ်လဲဆိုတာကို သူတို့နှစ်ယောက်က လုံးဝလျှော့နေခဲ့ကြသည်။

မှတ်တိုင်၂ ခုလောက်စီးပြီးတဲ့အခါ ဘတ်စ်ကားပေါ်ကို လူအုပ်လိုက်ကြီးရောက်လာကြတော့သည်။

သူတို့နှစ်ယောက်လုံး ထောင့်ကိုရောက်သွားကြတော့သည်။

ယဲ့ဖန်က ကားနံရံကိုမှီထားသည်။

ရှုမန်က သူ့ရှေ့မှာရပ်နေပြီး လက်ကိုင်ကို သူမ၏ ရှိသမျှအားအကုန်သုံးကာ မယိုင်အောင် ကိုင်ထားသည်။

သူမက ယဲ့ဖန်နဲ့ တတ်နိုင်သမျှ အကွာအဝေးမနီးအောင် အကောင်းဆုံးထိန်းနေတာဖြစ်သည်။

သို့ပေမဲ့ ထိုအနေအထားက သိပ်မကြာလိုက်ပေ။

အနောက်မှလူအုပ်ကြီးက တိုးဝှေ့တွန်းထိုးနေကြတာကြောင့် ရှုမန်က ယဲ့ဖန် လက်မောင်းကြားထဲကို ရောက်လာတော့သည်။

" အိုး ....... "

ယဲ့ဖန်ဆီမှ ကျေနပ်သွားတဲ့အသံမျိုးထွက်လာသည်။

ရှုမန်၏ခန္ဓာကိုယ်သည် ယဲ့ဖန်သိသမျှမိန်းကလေးတွေအားလုံးထဲမှာ အကောင်းဆုံးအချိုးအစားဖြစ်သည်။

အဆီပိုလည်းမရှိပေ။

ရှိသင့်သည့်နေရာတွေလည်း လှပစွာရှိနေသည်။

သူမက ကောက်ကြောင်းလည်းလှသည်။

ပြီးပြည့်စုံသည်။

ယဲ့ဖန် မတတ်နိုင်ပေမဲ့ သူ့လည်ချောင်းသံဖြင့် ညည်းတွားလိုက်တာက စိတ်ထဲမှ လိုလိုလားလားဖြစ်လာတာဖြစ်သည်။

သူ့လက်မောင်းကြားမှ ရှုမန်ကတော့ အတော်လေးရှက်သွေးဖြာနေတော့သည်။

ရှုမန် တတ်နိုင်သမျှ မြန်မြန်သူ့လက်မောင်းထဲမှ ရုန်းထွက်ချင်သည်။

သို့ပေမဲ့ ဘတ်စ်ကားက နေရာလွတ်မရှိအောင်ပြည့်သိပ်နေသည်။

နေရာလွတ်ရှိဖို့မပြောနှင့် လှည့်စရာ တစ်လက်မတောင်မရှိပေ။

သူတို့နှစ်ယောက်က အတော်လေးကိုပူးကပ်နေတော့သည်။

တစ်ယောက်ရဲ့နှလုံးခုန်သံကို တစ်ယောက်က ခံစားမိနေသည်။

ထိုအချိန်တွင် ယဲ့ဖန် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။

နှာဘူးနှစ်ယောက်က ရှုမန်ဆီကိုရောက်အောင် တိုးဝှေ့ပြီးလာနေသည်။

သူတို့က ရှုမန်ကို အခွင့်ကောင်းယူချင်ကြတာဖြစ်လိမ့်မည်။

ယဲ့ဖန်သည် ရှုမန်၏ခါးသိမ်သိမ်ကိုဖက်ပြီး တတ်နိုင်သမျှထိန်းထားပေးသည်။

ယဲ့ဖန်က သူမနဲ့ နေရာချင်းလဲလိုက်သည်။

နှာဘူးနှစ်ယောက်က ထိုမြင်ကွင်းကြောင့် ယဲ့ဖန်ကို မြင်ပြင်းကပ်သွားကြပြီး သင်ခန်းစာပေးချင်သွားကြသည်။

သူတို့က ယဲ့ဖန်ရှိရာကို တိုးလာကြပြန်သည်။

ယဲ့ဖန်က တောင့်ထားပေမဲ့ ကားလှုပ်တာကြောင့် ရှုမန်ဆီကပ်သွားသည်။

ရှုမန်က ရှိသမျှအားသုံးပြီး ယဲ့ဖန်ရင်ဘတ်ကို တွန်းထားသည်။

သို့ပေမဲ့ သူမ အားလေးက ယဲ့ဖန်ကိုယ်ကို ထိန်းမထားနိုင်ပေ။

" မလှုပ်နဲ့ "

ယဲ့ဖန်က သူမကို အမြန်တားလိုက်သည်။

ရှုမန်က သူ့လက်မောင်းကြားမှာ လှုပ်စိလှုပ်စိဖြစ်နေတာကြောင့် သူ့ရဲ့ထိန်းချုပ်ထားတဲ့အတွေးတွေက စတင်ပြောင်းလဲလာတော့သည်။

သူမကို မတားပါက အတော်လေး နေရခက်သွားလိမ့်မည်။

ရှုမန်က ယဲ့ဖန်၏ရှက်နေတဲ့အမူအရကိုမြင်ပြီး တစ်ခုခုတွေးမိသွားပုံရသည်။

ထို့ကြောင့် ရှုမန်၏မျက်နှာ နီရဲလာပြီး ချက်ချင်းခေါင်းကို ငုံ့ချလိုက်သည်။

သူမ၏နှလုံးခုန်နှုန်းက အရမ်းကိုမြန်လာတော့သည်။

ဒါဟာ သူမဘဝတွင် ပထမဆုံးအကြိမ် ယောက်ျားတစ်ယောက်နဲ့ အနီးကပ်ဆုံးရှိနေဖူးတာဖြစ်သည်။

ယဲ့ဖန်ဆီမှ ထူးခြားတဲ့ယောက်ျားဆန်ဆန်အနံ့ကိုရနေသည်။

အဲ့တာက သူမကို အလွန်စိတ်ထွေပြားစေသည်။

သို့ပေမဲ့ ရှုမန် ချက်ချင်း သတိထားလိုက်သည်။

သူမ မသင့်တော်တဲ့အတွေးတွေ မတွေးသင့်ပေ။

သူမက ယဲ့ဖန်ထက် အသက်နှစ်အပိုင်းအခြားအတော်လေးကြီးသည်။

ထိုအပြင် သူမက ဟိုလိုအပိုင်းတွေမှာ အတွေ့အကြုံမရှိသေးပေ။

သို့ပေမဲ့ သူမ အတတ်နိုင်ဆုံးထိန်းချုပ်နေပါသော်လည်း အတွေးတွေက အရိုင်းဆန်လာနေသည်။

တွေးမိလေလေ၊ စိတ်လှုပ်ရှားလေလေဖြစ်သည်။

ရှုမန်နှဖူးမှာ ချွေးတွေပင်စိုလာပြီး သူမပုံစံက ဆွဲဆောင်မှုအပြည့်ဖြစ်နေသည်။

ယဲ့ဖန် ခေါင်းငုံ့ပြီး သူမကိုကြည့်မိသည်။

" အစ်မမန်၊ အစ်မမျက်နှာက မျောက်ဖင်လိုနီနေပြီ "

ရှုမန်က သူ့ကို ရှက်ရှက်ဖြင့် မျက်စောင်းထိုးလိုက်သည်။

" စကားအပြောမတတ်ရင်လည်း နင့်ပါးစပ်ကို ပိတ်ထား "

ဘာကို မျောက်ဖင်နီလဲ။

အနည်းဆုံးတော့ ပန်းသီးနီနီရဲရဲလေးနဲ့ တင်စားသင့်တာပေါ့၊ ဟုတ်တယ်မလား။

ဘတ်စ်ကားက ငွေရောင်အလင်းတန်းအဆောက်အဦး ( Silver Brilliance Building ) သို့ရောက်တာနဲ့ ရှုမန် တန်းပြေးဆင်းတော့သည်။

ယဲ့ဖန်သည် သူမ၏သနားစရာကောင်းတဲ့ပုံရိပ်ကိုကြည့်ပြီး မထိန်းနိုင်ဘဲ ရယ်လိုက်သည်။

ရှုမန် ဒီလိုပျာယာခတ်ပြီး ရှက်နေတာကို သူ ပထမဆုံးတွေ့ဖူးတာဖြစ်သည်။

စိတ်ဝင်စားစရာဘဲ။

တကယ်ကို စိတ်ဝင်စားစရာကောင်းလွန်းတယ်။

.................

နောက်တစ်နေ့မနက် ၄နာရီ ၅နာရီ ဝန်းကျင်။

ယဲ့ဖန် ရုတ်တရက်ဖုန်းမြည်သံကြောင့် နိုးလာသည်။

ဖုန်းခေါ်သူက ကျောင်းဖုလင်ဖြစ်သည်။

" ယဲ့ညီလေး၊ မိုချောင်းရှန်းက သေပြီ "

ဖုန်းကိုင်လိုက်တဲ့အခါ တစ်ဖက်က စိတ်လှုပ်ရှားနေတဲ့အသံကိုကြားလိုက်ရသည်။

" ဘယ်လို။ သူက သေပြီလား "

ယဲ့ဖန် ချက်ချင်း နိုးသွားတော့သည်။

အတော်ကြာကြောင်နေပြီးတဲ့နောက် ဆက်မေးသည်။

" ဘယ်လိုသေသွားတာလဲ "

" ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာ "

ကျောင်းဖုလင်ဆီမှ မထင်မှတ်ထားတဲ့အဖြေကို ကြားလိုက်ရသည်။

" သတ်သေတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ့ကိုယ်သူသတ်သေတာဆိုတာ သေချာလို့လား "

ယဲ့ဖန်က အနည်းငယ် မရေမရာဖြစ်နေသည်။

မနေ့က မိုချောင်းရှန်းပြန်သွားတော့ သူ့ကို

'ဘယ်သူအရင်သေမလဲစောင့်ကြည့်ကြတာပေါ့'ဟုတောင် စိန်ခေါ်သွားသေးသည်။

လေသံအရ ယဲ့ဖန်ကို အဆုံးထိတိုက်သွားမယ့်ပုံပေါ်သည်။

အဲ့တာဆို ဘာလို့ ရုတ်တရက်ကြီးသတ်သေရတာလဲ။

ဒါနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အချက်တွေများသည်။

သံသယဝင်စရာဘဲ။

" အရာရှိတွေကတော့ အခင်းဖြစ်တဲ့နေရာကိုစစ်ကြည့်ပြီး သတ်သေတာဟုတ်တယ်လို့တော့ အတည်ပြုပေးသွားတယ် "

ကျောင်းဖုလင်က ယဲ့ဖန်ရဲ့သံသယကို ဖြေရှင်းပေးသည်။

ယဲ့ဖန်စိတ်ထဲမှာ အတော်လေးဟာတာတာဖြစ်သွားသည်။

သူ သက်သေတွေအများကြီးစုဆောင်းထားတာဖြစ်သည်။

မိုချောင်းရှန်းကို သေချင်အောင်ထိ တွန်းအားပေးဖို့ ယဲ့ဖန်ပြင်ဆင်ထားပေမဲ့ အခုတော့ကြည့်ရတာ မလိုတော့ဘူးထင်သည်။

" ရန်ဘက်က မတိုက်ရသေးဘဲသေသွားတော့ နည်းနည်းပျင်းသွားပြီမလား "

ကျောင်းဖုလင်က သူ့ရဲ့စိတ်ကို ခန့်မှန်းနိုင်လိုက်သည်။

" ဟုတ်တယ်၊ သူ့ကို အခါ ၃၀၀ လောက်သေအောင်ပြင်ဆင်ထားတာကို အခုလို တစ်ချီတည်းနဲ့သေသွားမယ်လို့ ထင်မထားဘူး "

ယဲ့ဖန်က ခါးသက်သက်ပြုံးလိုက်သည်။

" ညီလေး၊ ပျော်မနေသေးနဲ့ဦး။ မင်းက နျုံသွမ်းရဲ့အစီအစဉ်ကို ဖျက်ဆီးထားတာဆိုတော့ သူက မင်းကို သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး။ သေချာဂရုစိုက်ရမယ် "

ကျောင်းဖုလင်က သူ့ကို ချက်ချင်းသတိပေးသည်။

" ကျွန်တော် နားလည်ပါတယ် "

ယဲ့ဖန်က တည်ကြည်စွာခေါင်းငြိမ့်ရင်းပြောသည်။

" နားလည်တယ်ဆိုရင်ကောင်းတယ်။ အန္တရာယ်တစ်ခုခုကြုံရင် ငါတို့ ကျောင်းမိသားစုနာမည်ပြောလိုက်။ တစ်ဖက်က နည်းနည်းတော့ ချိန်ဆသွားလိမ့်မယ် "

ကျောင်းဖုလင်က ဖြည့်စွက်ပြောသည်။

ယဲ့ဖန် ကြည်နူးသွားရသည်။

တစ်ဖက်က ဒီလိုစကားမျိုးပြောဖို့ ကမ်းလှမ်းလာတာက တစ်အိမ်တည်းသားအဖြစ် လက်ခံလို့ဖြစ်သည်။

" နားလည်ပါတယ်၊ အစ်ကိုကျောင်း "

" ဒါဆို ဖုန်းချတော့မယ် "

" နောက်မှတွေ့မယ် "

ဖုန်းချပြီးတဲ့နောက် ယဲ့ဖန် အိပ်ရာကိုမှီပြီး အတော်ကြာစဥ်းစားနေသည်။

ကျောင်းဖုလင်ပြောသလိုပင် သူက နျုံသွမ်းရဲ့အစီအစဉ်ကို ဖျက်ဆီးခဲ့သည်။

ဒါကြောင့်တစ်ဖက်သူရဲ့ လက်စားချေမှုနဲ့ မုန်းတီးမှုကို သေချာပေါက်ကြုံတွေ့ရမှာဖြစ်သည်။

သူ အချိန်မရွေးပြဿနာကြုံရနိုင်သည်။

သူ့အခြေအနေကတော့ အခုထက်ထိ အားနည်းနေသေးသည်။

တစ်ဖက်သူက တိုက်ရိုက်တိုက်ခိုက်လာပါက သူ အနိုင်ရဖို့ အခွင့်အရေးသိပ်မရှိပေ။

ထို့ကြောင့် ရှိတဲ့အချိန်ကို အကောင်းဆုံးအသုံးပြုပြီး သူ့ရဲ့အဘက်ဘက်က စွမ်းရည်တွေကို မြှင့်တင်ထားရမည်ဖြစ်သည်။

ပြီးတော့ သူ လေချွမ်သိုင်းကို လေ့ကျင့်တာ ရက်အနည်းငယ်နောက်ကျနေသည်။

သူ ဆက်ပြီး လေ့ကျင့်ရပေမည်။

အပိုင်း ( ၂၆၃ )

ရှင်းပြချက်က အလိမ်အညာဖြစ်ပြီး အလိမ်အညာက အမှန်တရားဖြစ်နေသည်။

စိတ်ပိုင်းဖြတ်ပြီးနောက် နောက်တစ်နေ့နံနက်တွင် ယဲ့ဖန်သည် ရေချိုးပြီးအားကစားဝတ်စုံလဲကာ ရှုကျင်းရှင်းအိမ်သို့ သွားခဲ့သည်။

သူ ဒီကို အကြိမ်များစွာရောက်ဖူးတာကြောင့် ရှုကျင်းရှင်းအိမ်၏ အစောင့်တွေနဲ့လည်း ရင်းနှီးလာခဲ့သည်။

ထို့ကြောင့် သူ့ကို ဘယ်သူကမှ မတားရဲကြပေ။

ယဲ့ဖန်သည် ရှုကျင်းရှင်းအိမ်၏ခြံဝင်းသို့ ရောက်လာသောအခါ သူမက စံအိမ်လုံးထဲတွင် ထိုင်နေပြီး စာအုပ်ဖတ်နေသည်ကို တွေ့လိုက်ရသည်။

သူမသည် အလွန်လှပနေသည်။

သူမသည် အဖြူရောင်ဝတ်စုံဝတ်ထားပြီး ရှေးဟောင်းပုံစံ စံအိမ်လုံးတစ်ခုထဲတွင် ထိုင်နေသည်။

သူမသည် လက်ဖက်ရည်သောက်ရင်း စာအုပ်တစ်အုပ်ဖတ်နေသည်။

ဒီမြင်ကွင်းက လုံးဝကို လှပလွန်းပြီး ငေးမောချင်စရာကောင်းလှသည်။

ထိုအချိန်တွင် ရှုကျင်းရှင်းသည် စာဖတ်ခြင်းကိုသာ အလွန်အာရုံစိုက်နေခဲ့သည်။

ယဲ့ဖန်က သူမအနောက်ကို ရောက်လာပေမယ့် သူမက သူ့ကို သတိမထားမိလိုက်ပေ။

ထိုပုံစံက သူ့ရဲ့သိချင်စိတ်ကို တိုးပွားစေခဲ့သည်။

သူမ ဘာစာအုပ်ဖတ်နေတာလဲ။

သူမ၏ အဆင့်အတန်း၊ စရိုက်၊ စိတ်နေစိတ်ထားတို့အရ သူမက ဂန္တဝင်ဆန်တဲ့တိုင်းပြည်လေ့လာမှုတွေ ဒါမှမဟုတ် အနောက်နိုင်ငံတွေရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ လက်ရာတွေကို ဖတ်နေလောက်တယ် မဟုတ်လား။

အနည်းဆုံးတော့ ကဗျာစာပေတို့ဖြစ်လောက်သည်။

သို့ပေမဲ့ ယဲ့ဖန် သူမလက်ထဲကစာအုပ်ဆီသို့ အကြည့်ရောက်သွားတဲ့အခါ ပထမဆုံးစာကြောင်းကို ဖတ်မိလိုက်သည်။

' ဒုန်းဖန်မူရှင်းက တတိယသခင်လေးမုရုံရဲ့လက်ကို တင်းကျပ်စွာကိုင်ထားပြီး မျက်ရည်ဝဲလျက်ပြောသည် (အစ်ကို၊ ကျွန်မရှင့်ကိုချစ်တယ်။ ထားမသွားပါနဲ့) တတိယသခင်လေးမုရုံ၏မျက်လုံးက ဆိုးရွားပြီးရူးနှမ်းတဲ့အကြည့်ဖြင့် .......... '

ယဲ့ဖန် လဲကျမတတ်ဖြစ်သွားသည်။

ဒါက 'မာနကြီးတဲ့ဥက္ကဌက ကျွန်မနဲ့ချစ်ကျွမ်းဝင်သွားပါတယ်' ဆိုတဲ့ ခေါင်းစဉ်လို အွန်လိုင်းအချစ်ဝတ္ထုတွေမလား။

ယဲ့ဖန်လို အရှုံးသမားကသာ အွန်လိုင်းအချစ်ဝတ္ထုတွေကိုဖတ်ရတာကြိုက်တာဖြစ်ပြီး ရှုမိန်းကလေးလို အထက်တန်းလွှာကမိန်းကလေးက ဒါမျိုးတွေကို နှစ်သက်မယ်လို့ ထင်မထားပေ။

ရှုကျင်းရှင်းသည် သူမအနောက်မှာ တစ်ယောက်ယောက်ရှိနေတာကို သတိထားမိသွားပြီး လှည့်ကြည့်လိုက်တဲ့အခါ ယဲ့ဖန်ကိုတွေ့ရတာကြောင့် သူမ စာအုပ်ကို ချက်ချင်းပိတ်လိုက်သည်။

သူမမျက်နှာက ချက်ချင်းရဲတက်လာတော့သည်။

" ရှင် ဒီရောက်နေတာလား "

သူမပုံစံက အခန်းထဲမှာဂျပန်ကားခိုးကြည့်တာ မိဘတွေမိသွားသလိုမျိုး အနည်းငယ်ပျာယာခတ်နေသည်။

" ကိုယ့်မျက်လုံးကိုဘဲကြည့်လေ။ အဲ့တာဆို ရတယ်မလား "

ယဲ့ဖန်က ပြောရင်း သူမကို မျက်စိမှိတ်ပြသည်။

ရှုကျင်းရှင်း၏မျက်နှာလှလှလေးက ယဲ့ဖန် စနောက်နေတာကြောင့် နီသထက်နီလာတော့သည်။

" အထင်မလွဲပါနဲ့၊ ကျွန်မ .... ကျွန်မက ..... သိချင်လို့ ..... "

" ရှင်းပြမနေပါနဲ့။ လိမ်ဖို့ ရှင်းပြနေရင်း ရှင်းပြရာက အမှန်ပေါ်နေတယ် "

ယဲ့ဖန်က သူမရဲ့ရှင်းပြချက်ကို ဖြတ်ပြောလိုက်သည်။

" ဘယ်သူက ရှင့်ကို ရှင်းပြနေလို့လဲ။ အွန်လိုင်းအချစ်ဝတ္ထုတွေဖတ်တာ ဘာဖြစ်လဲ။ ရှက်စရာကောင်းနေလို့လား "

ရှုကျင်းရှင်းသည် ရှက်ပြီး ဒေါသထွက်နေမှန်းသိသာသည်။

" ဒါက ရှက်စရာမဟုတ်ဘူး၊ ရှက်စရာမဟုတ်ပါဘူး။ အလန်းစားအွန်လိုင်းဝတ္တုတွေရေးတာက ငွေတွေအများကြီးရပြီး တစ်လကို ယွမ်တစ်သန်းတောင်ရနိုင်တယ်လို့ ပြောကြတယ်။ ကိုယ့်အသိထဲမှာ နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေအလုပ်ထွက်ပြီး အွန်လိုင်းဝတ္ထုရေးတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရှိခဲ့ဖူးတယ် "

" ပြီးတော့ ဘာဆက်ဖြစ်သွားတာလဲ "

" နောက်တော့ သနားစရာကောင်းလောက်အောင် အစာငတ်ပြီး သေသွားတယ်လို့ ကြားတယ် "

" ....... "

ဒီတစ်ယောက်က ပေါက်ကရလျှောက်ပြောနေတာလို့ ရှုကျင်းရှင်းခံစားရသည်။

သူမက သူနဲ့ ဖက်ပြန်မပြောချင်တော့ပေ။

ယဲ့ဖန်သည် သူမနှင့် ဆက်ပြီး စကားစမြည်ဆက်ပြောဖို့ပြင်နေအချိန်တွင် လျုံဝမ်းယွမ်၏ အနောက်မှ ချောင်းဆိုးသံကို သူကြားလိုက်ရသည်။

" ဆရာ၊ မတွေ့တာကြာပြီ။ ကြည့်ရတာ ပိုတောင်ငယ်သွားသလိုဘဲ "

ယဲ့ဖန်က အမြန်ထသွားပြီး ချီးကျူးစကားပြောလိုက်သည်။

" အပိုတွေ ပြောမနေနဲ့။ မင်းမွေးရပ်မြေကို ပြန်ခဲ့တဲ့ နှစ်ရက်လုံး လေ့ကျင့်ခန်းမလုပ်ဖြစ်ဘူးမလား။ မင်းအလေ့အကျင့်တွေပျက်နေပြီထင်တယ်၊ ဟုတ်လား "

လျုံဝမ်းယွမ်သည် သူ့နောက်ဆုံးတပည့်၏အပြုအမူကို လွန်စွာစိတ်တိုင်းမကျဖြစ်နေသည်။

" ဘယ်လိုလုပ်ဟုတ်မှာလဲ။ အိပ်မက်ထဲမှာတောင် လေ့ကျင့်နေခဲ့တာ။ ကျွန်တော်က ဘယ်လိုလုပ် သံချေးတက်နိုင်မှာလဲ "

ယဲ့ဖန်သည် ချက်ချင်းပင် ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။

" အို၊ တကယ်လား။ ဒါဆို မင်းရဲ့ကွန်ဖူးက တိုးတက်လာလားဆိုတာကို သိရဖို့ ငါကိုယ်တိုင် မင်းနဲ့အတူ လှုပ်ရှားမှုအနည်းငယ်ကို လေ့ကျင့်ပေးမယ် "

လျုံဝမ်းယွမ်က စကားစမြည်ပြောနေရင်း ချက်ချင်း ဝမ်းချွမ် လက်သီးအကွက်ကို ပြင်လိုက်သည်။

ယဲ့ဖန်က လန့်ဖျပ်သွားသည်။

" ဆရာ၊ ဒီလောက်ထိ မလိုဘူး ဟုတ်တယ်မလား။ ကျွန်တော့်ရဲ့ အလယ်အလတ်ကျွမ်းကျင်မှုအဆင့်နဲ့ ဆရာရဲ့ထိုးနှက်ချက်တွေကို ဘယ်လို သတ္တိရှိရှိ ပညာဖလှယ်ရဲမှာလဲ "

လျုံဝမ်းယွမ်သည် အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။

" အသုံးမဝင်တဲ့စကားတွေ ရပ်ပြီး အကွက်ထုတ်တော့ "

ယဲ့ဖန်သည် ဘာမှမတတ်နိုင်တော့ဘဲ အလိုက်ထိုက်လုပ်ရတော့သည်။

လျုံဝမ်းယွမ်၏မျက်လုံးများသည် ဓားတစ်လက်ကဲ့သို့ ထက်မြက်နေပြီး ယဲ့ဖန်၏လှုပ်ရှားမှုများကို စိုက်ကြည့်ကာ တုံ့ပြန်ရန် အသင့်ဖြစ်နေသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် ရှုကျင်းရှင်းရှိနေရာသို့ ရုတ်တရက် ညွှန်ပြလိုက်သည်။

" ဘာဖြစ်တာလဲ၊ မိန်းကလေးရှု "

လျုံဝမ်းယွမ်က ကမန်းကတန်း လှည့်ကြည့်လိုက်သည်။

ထိုအခါ ထိုင်နေတဲ့ ရှုကျင်းရှင်းကို ကောင်းကောင်းကြီး မြင်လိုက်ရပြီး လှည့်စားခံလိုက်ရကြောင်း ချက်ချင်းသိလိုက်သည်။

သူလှည့်ကြည့်လိုက်တော့ ..... ယဲ့ဖန်၏လက်သီးက သူ့မျက်နှာနှင့် တစ်ပေအောက် အကွာအဝေးမှာ ရောက်နေပြီဖြစ်သည်။

" ဒီကောင်စုတ်လေး ၊ မင်း ညစ်နေတာလား "

လျုံဝမ်းယွမ်ကျိန်ဆဲပြီး ပြန်ဆုတ်သွားသည်။

" ဒါကို စစ်ပွဲမှာတော့ တရားမျှတမှုလို့ ခေါ်တယ် "

ယဲ့ဖန်သည် သူ့ဗျူဟာအတွက် အလွန်ဂုဏ်ယူနေခဲ့သည်။

သူက ဆရာသင်ပေးထားသော လှုပ်ရှားမှုအားလုံးကို အသုံးပြုခဲ့သည်။

အလယ်မျဉ်းကိုကျော်လာတော့သည်။

အကွက်တိုင်းက လျုံဝမ်းယွမ်၏မျက်နှာ၊ ရင်ဘတ်နှင့် ဗိုက်အောက်ပိုင်းတို့ကို ချိန်ရွယ်ထားနိုင်ခဲ့သည်။

ထိုးမိမလိုဖြစ်သွားတဲ့ အကြိမ်ရေအနည်းငယ်လည်းရှိသည်။

သို့ပေမဲ့ အသက်ကြီးလေ ဉာဏ်ရှိလေဖြစ်သည်။

လျုံဝမ်းယွမ်က လေချွမ်သိုင်းကို နှစ်ပေါင်းများစွာလေ့ကျင့်လာသူဖြစ်တာကြောင့် ယဲ့ဖန်က သူ့ကို ဘယ်လောက်ကြာကြာ အနိုင်ယူနိုင်မှာတဲ့လဲ။

လျင်မြန်စွာဘဲ လျုံဝမ်းယွမ်က ယဲ့ဖန်ရဲ့ဟာကွက်ကိုတွေ့သွားပြီး ချက်ချင်း ခံစစ်မှ တိုက်စစ်ပြောင်းလိုက်သည်။

ယဲ့ဖန် ထောင့်နားသို့ တွန်းပို့ခံလိုက်ရသည်။

" အရှုံးပေးပြီ၊ အရှုံးပေးပြီ "

ယဲ့ဖန်သည် ဆုတ်စရာလမ်းမရှိတော့တာကြောင့် ညှာတာပေးဖို့ အမြန်တောင်းဆိုလိုက်တော့သည်။

လျုံဝမ်းယွမ်က နောက်ဆုံးမှာရပ်ပေးလိုက်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

" ကြည့်ရတာ မင်း မလိမ်ဘူးဘဲ။ မင်းရဲ့ကွန်ဖူးက တကယ်ဘဲ ပိုပြီးတိုးတက်လာတယ်။ အစပိုင်းမှာတော့ နည်းနည်းချွတ်ချော်နေပေမဲ့ ကြာလာလေလေ တိုက်ကွက်တွေက စည်းချက်ကျပြီး အားပြင်းလာတယ်။ ငါတောင် တိုက်ရတာ နည်းနည်းခက်ခဲလာတယ်လို့ပြောရမယ် "

ထိုသို့ပြောပြီးနောက် သူက သဘောတကျပြုံးလိုက်သည်။

ဒီတပည့်လေးက သူ့ကို အံ့ဩစရာတွေအများကြီးယူဆောင်လာပေးသည်။

အချိန်တိုအတွင်းမှာဘဲ တိုးတက်မှုက ကြောက်ခမန်းလိလိဖြစ်သည်။

တကယ်ကို ရှားတယ်၊ ရှားတယ်။

" ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်၊ ဆရာ "

ယဲ့ဖန်က တရိုတသေပြုံးလိုက်သည်။

တကယ်တော့ ခုနကလက်ရည်ယှဉ်ပွဲမှာ သူ တမင်တကာအကွက်တစ်ချို့ကို ထိန်ချန်ထားခဲ့တာဖြစ်သည်။

သူသာ အစွမ်းကုန်ထုတ်လိုက်ပါက လျုံဝမ်းယွမ်ကိုပင် အထိနာအောင်လုပ်လိုက်နိုင်မည့်အခွင့်အရေးတစ်ချိူ့ရှိခဲ့သည်။

ဒါပေမဲ့ သူ ချုပ်တည်းထားလိုက်သည်။

မဟုတ်ရင် ဆရာက မျက်နှာပျက်မှာမဟုတ်လား။

လျုံဝမ်းယွမ်က ရယ်ပြီးတဲ့နောက် သက်ပြင်းချသည်။

" မင်း ဆက်ပြီးလေ့ကျင့်နေလိုက်။ ငါ ကိစ္စလေးရှိလို့ အပြင်သွားဦးမယ် "

ယဲ့ဖန်က သူ့ရဲ့ထူးဆန်းတဲ့အမူအရာကြောင့် ချက်ချင်းမေးလိုက်သည်။

" ဆရာ၊ ပြဿနာရှိလို့လား "

လျုံဝမ်းယွမ် ထပ်ပြီး သက်ပြင်းချသည်။

" တကယ်ဘဲ ခက်ခဲတဲ့ အခြေအနေတစ်ချို့ရှိနေတယ်။ သေချာမကိုင်တွယ်ရင် တရုတ်ပြည်ကိုယ်ခံပညာလောကက ပျက်စီးသွားလိမ့်မယ်။ ပညာရှင်တွေမျိုးတုန်းတဲ့အဖြစ်တောင် ရောက်သွားနိုင်တယ် "

ယဲ့ဖန်က ထိတ်လန့်သွားသည်။

" အဲ့လောက်တောင် ပြင်းထန်တာလား။ ဘာကိစ္စမလို့လဲ "

အပိုင်း ( ၂၆၄ )

ကျွန်တော်က ပါရမီပြည့်တဲ့ပညာရှင်မဟုတ်လို့လား။

လျုံဝမ်းယွမ်က အလျင်စလိုမပြောပြဘဲ ယဲ့ဖန်ကို ဖန်အိမ်လုံးထဲသို့ခေါ်သွားကာ ထိုင်စေသည်။

ထို့နောက်မှ ဖြည်းဖြည်းချင်းပြောပြသည်။

" အခုတလော ဂျပန်ကနေရောက်လာတဲ့ သွမ့်ကျန်းလုလို့ခေါ်တဲ့ ကရာတေးပညာရှင်တစ်ယောက်က တရုတ်ပြည်ကိုလာပြီး တရုတ်ကိုယ်ခံပညာရှင်မျိုးဆက်သစ်လူငယ်တွေကို ချေမှုန်းမယ်လို့ ခြိမ်းခြောက်နေတယ် ..... "

ယဲ့ဖန်က ထိုစကားကိုကြားပြီး ကော်ဖီစားပွဲကို ရိုက်ချလိုက်သည်။

" ဒီလူက အရမ်းမာနကြီးနေတာ မဟုတ်ဘူးလား။ သူက တရုတ်ပြည်ကိုယ်ခံပညာသိုင်းလောကကို အထင်သေးနေတာဘဲ "

လျုံဝမ်းယွမ်က ခါးသက်စွာပြုံးလိုက်သည်။

" သူက တကယ်ဘဲ မာနကြီးခွင့်ရှိတယ်။ အခုထိသူက ပြည်နယ်၁၈ခုဆက်တိုက် ကိုယ်ခံပညာရှင် မျိုးဆက်သစ်တွေကို အရှုံးမရှိအနိုင်ယူလာတာ "

ယဲ့ဖန်က အနည်းငယ်အံ့ဩသွားသည်။

" အဲ့လောက်တောင် အင်အားကြီးတာလား "

ပြည်နယ်၁၈ခုကို အရှုံးမရှိအနိုင်ပိုင်းဖို့ဆိုတာက ထိပ်တန်းဆရာကြီးတစ်ဦးဖြစ်မှရလိမ့်မည်။

လျုံဝမ်းယွမ်က လေးပင်စွာခေါင်းငြိမ့်ပြသည်။

" အဲ့လူက တကယ်ဘဲ အင်အားကြီးတယ်။ ဒါပေမဲ့ အဲ့တာက အဓိက အကြောင်းပြချက်မဟုတ်သေးဘူး။ အဓိကက ငါတို့တရုတ်ကိုယ်ခံပညာလောကက တကာ်ဘဲ နှစ်အနည်းငယ်လောက် အင်အားလျော့နည်းနေတာ။ ပြိုင်ဖို့ထိုက်တန်တဲ့ ဆရာအဆင့်ပညာရှင်တွေမရှိကြဘူး။ ဒါပေမဲ့ တစ်ဖက်ကျွန်းနိုင်ငံမှာတော့ ပညာရှင်တွေဆက်တိုက်ပေါ်ထွက်နေတယ် "

ယဲ့ဖန်က ထိုစကားကိုကြားတဲ့အခါ အနည်းငယ်စိတ်မချမ်းမသာဖြစ်သွားသည်။

" ကျွန်တော်က ပညာရှင်မဟုတ်ဘူးလား "

လျုံဝမ်းယွမ်က သူ့ကို စိုက်ကြည့်လိုက်သည်။

" ဘယ်ပညာရှင်က သူ့ကိုယ်သူ ပညာရှင်လို့ပြောလို့လဲ။ မင်းက အရှက်ကိုမရှိဘူးဘဲ "

ရှုကျင်းရှင်းလည်း မထိန်းနိုင်ဘဲ ပါးစပ်အုပ်ရယ်သည်။

ယဲ့ဖန်က နှုတ်ခမ်းစူလိုက်သည်။ သူက ပညာရှင်မဟုတ်ဘူးဆိုတာကို လက်မခံပေ။

လျုံဝမ်းယွမ်က ယဲ့ဖန်ကိုကြည့်ပြီး ထပ်သက်ပြင်းချလိုက်သည်။

" မင်းက တကယ်ဘဲ ဂျပန်က ပညာရှင်တွေကိုတောင် ယှဉ်နိုင်တဲ့တစ်ဦးတည်းသောပညာရှင်အဆင့်ရှိတဲ့သူပါ။ ဒါပေမဲ့ မင်းက အရည်အချင်းရှိပြီးပါရမီပါပေမဲ့ လေ့ကျင့်တာ တစ်လဘဲရှိသေးတာတော့ နှမြောစရာဘဲ။ မင်းကို ဒီလိုကြီးလေးတဲ့တာဝန်မျိုးအပ်ဖို့က အရမ်းဝန်လေးလွန်းတယ် "

ယဲ့ဖန်က အတော်လေးဆွံ့အသွားရသည်။

သူလည်း တရုတ်ပြည်ကိုယ်ခံပညာလောက၏တာဝန်ကို ပုခုံးပေါ်ထမ်းရလောက်တဲ့အထိ ယုံကြည်မှုအလုံအလောက်မရှိပေ။

" ဆရာ၊ ကျွန်တော့်ကိုခေါ်သွားပါ။ ကျွန်တော် သင်ယူလို့ရတာပေါ့ "

လျုံဝမ်းယွမ်က တစ်ခဏစဉ်းစားပြီးတဲ့နောက် ပြောလိုက်သည်။

" ကောင်းတယ်၊ မင်းမှာက အခြေခံကောင်းရှိပေမဲ့ တကယ့်တိုက်ကွက်အတွေ့အကြုံတွေမရှိသေးဘူး။ ပညာရှင်ကြီးတွေချတာကို မင်း အနီးကပ်သင်ယူလို့ရတယ် "

ရှုကျင်းရှင်း အလျင်စလိုခေါင်းထောင်လာသည်။

" ဦးလေးလျုံ၊ ကျွန်မလည်းသွားချင်တယ် "

လျုံဝမ်းယွမ်က သဘောမတူပေ။

" ဒါက မဖြစ်နိုင်ပါဘူး။ အဲ့ဒီနေရာက ရက်စက်ကြမ်းတမ်းပြီးသွေးမြေခရတဲ့နေရာပါ။ ဘာလို့လိုက်မှာလဲ "

ရှုကျင်းရှင်းက မကျေနပ်ပေ။

" ဒါဆို ယဲ့ဖန်ကျ ဘာလို့ရပြီး ကျွန်မကျ မရတာလဲ "

" ဘာလို့ဆို သူက ယောက်ျားလေးဖြစ်တဲ့အပြင် ကိုယ်ခံပညာလည်းတတ်တယ်လေ။ သူက ဒီလိုအခြေအနေကို အနှေးနဲ့အမြန်ကြုံရမှာပါ "

လျုံဝမ်းယွမ်က ခါးသက်သက်ပြုံးလိုက်သည်။

ရှုကျင်းရှင်း၏မျက်နှာလှလှလေးက သုန်မှုန်သွားသည်။

" လိင်ခွဲခြားနေတာဘဲ။ ထပ်ပြောမယ်ဆို ကျွန်မ ဦးလေးကို ထိုးလိုက်မှာ "

လျုံဝမ်းယွမ်က ဆက်တားချင်ပေမဲ့ ထိုစကားကိုကြားတဲ့အခါ ချက်ချင်း လည်ပင်းကျုံ့သွားရသည်။

ဝါရင့်ကိုယ်ခံပညာရှင်ကြီးက အမျိုးသမီးလက်ဝှေ့ထိုးတတ်သူကို ကြောက်နေရတာပါတဲ့လား။

မတတ်နိုင်ဘူး၊ မတတ်နိုင်ဘူး။

အဆုံးမှာတော့ အဘိုးကြီးလျုံလည်း ရွေးစရာမရှိတော့ဘဲ မြေအောက်ပြိုင်ကွင်းဆီသို့ သူ့အမြီးလေးနှစ်ခုကို ခေါ်လာခဲ့ရတော့သည်။

လျုံဝမ်းယွမ်၏ဦးဆောင်မှုကြောင့်သာမဟုတ်ရင် ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့ ဒီလိုနေရာမျိုးကို လုံးဝတွေးဖူးမှာတောင်မဟုတ်ပေ။

ကျုံးဟိုင်လို သာယာဝပြောပြီးယဉ်ကျေးမှုထွန်းကားသောမြို့ကြီးတွင် အမှန်တကယ်ပင် ထိုကဲ့သို့နေရာမျိုးရှိလေသည်။

သူတို့သုံးယောက်သည် ချောင်ကျသည့်နေရာရှိ မြေအောက်ပြိုင်ပွဲကွင်းအနီးသို့ ရောက်လာတဲ့အခါ လူ ၁သောင်းမကဆန့်သောပြိုင်ကွင်းတွင် လူတွေပြည့်ကျပ်နေပြီဖြစ်သည်။

အထဲတွင် လက်ဗလနဲ့သူ၊ တက်တူးတွေ၊ ပြောင်ပြောင်လက်လက်အဝတ်အစားတွေကို ဝတ်ထားသည့် လူမျိုးစုံက ကွင်းအတွင်းထဲတွင် အော်ဟစ်မြည်တမ်းနေကြသည်။

လူထွားကြီးတချို့က ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့ကို တမင်တကာခြောက်လှန့်ပြခဲ့ကြသည်။

ရှုကျင်းရှင်းသည် အမြဲတည်ငြိမ်နေတတ်သူဖြစ်သည်။

သို့ပေမယ့် အရှေ့ကမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ အနည်းငယ် ဖြူဖျော့သွားခဲ့သည်။

နှိုင်းယှဉ်ကြည့်လျှင် ယဲ့ဖန်ကပင် အတော်ငြိမ်သက်နေသည်ဟုဆိုရမည်။

သူက ပိုသိချင်စိတ်ပြင်းနေတာဖြစ်သည်။

လျုံဝမ်းယွမ်က သူတို့နှစ်ယောက်ကို ကွင်းအလယ်နားက သီးသန့်ခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။

ထိုအချိန်တွင် သီးသန့်ခန်းမှာလည်း လူတွေပြည့်ကျပ်နေပြီဖြစ်သည်။

အသက်ကြီးသူအချို့က ဆိုဖာပေါ်တွင် ထိုင်နေကြသည်။

လူငယ်တချို့က သူတို့တွေအနောက်မှာ ရပ်နေကြသည်။ တပည့်တွေဖြစ်နိုင်သည်။

သူတို့ ဝင်လာတဲ့အခါ လျုံဝမ်းယွမ်နှင့် သူတို့နှစ်ယောက်ကို ဘယ်သူကမှ အရေးတယူမနှုတ်ဆက်ပေ။

ဘယ်သူကမှ ထိုင်ခုံမဖယ်ပေးချေ။

လျုံဝမ်းယွမ်ကလည်း အဲ့တာကို စိတ်မ၀င်စားပေ။

သူသည် ယဲ့ဖန်နှင့် ရှုကျင်းရှင်းကို ထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားသည်။

ဒါကို ယဲ့ဖန်မြင်တော့ အနည်းငယ် စိတ်ဆိုးသွားသည်။

" ဆရာ၊ ဒီလူတွေ လွန်လွန်းတယ်၊ မဟုတ်ဘူးလား။ ဆရာ့အတွက် ထိုင်ခုံကို ဘယ်လိုဖယ်ပေးရမလဲဆိုတာတောင် မသိကြဘူး "

အသက်အရွယ်အရ လျုံဝမ်းယွမ်သည် အသက်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ကျော်နေပြီဖြစ်သည်။

ကြံ့ခိုင်မှုအရဆိုလျှင်တော့ သူက အခြားလူတွေထက်တော့ မပျော့ညံ့ပေ။

သူ့မှာ ထိုင်ခွင့်တောင် မရှိဘူးတဲ့လား။

လျုံဝမ်းယွမ်က ခေါင်းယမ်းပြီး ခါးသက်သက် ပြုံးလိုက်သည်။

" ဂိုဏ်းခေါင်းဆောင်တွေနဲ့ ဂိုဏ်းကြီးတွေရဲ့ ခေါင်းဆောင်တွေကဘဲ ထိုင်ဖို့ အရည်အချင်းပြည့်မီတာ။ ငါက ဘယ်ဂိုဏ်းနဲ့မှ မဆိုင်ဘူး။ အဲ့တာကြောင့် ထိုင်ခွင့်မရှိဘူး "

ယဲ့ဖန်သည် အနည်းငယ် ဒေါသထွက်သွားခဲ့သည်။

" ကျွန်တော်တို့ ခွန်အားအကြောင်းပြောရမယ်ဆိုရင် ဒီမှာ ဆရာကိုယှဉ်နိုင်တဲ့သူ မရှိမှာကိုတောင် စိုးရတယ်။ ဘာလို့မထိုင်နိုင်ရမှာလဲ "

လျုံဝမ်းယွမ် သက်ပြင်းချလိုက်သည်။

" သိုင်းလောကက တိုက်ခိုက်သတ်ဖြတ်ရုံတင်ဘဲ မဟုတ်ဘူး။ လောကကြီးရဲ့နည်းလမ်းတွေအကြောင်းလည်းဖြစ်တယ်။ တရုတ်ကိုယ်ခံပညာလောကမှာ စီနီယာကျတာကို အရမ်းတန်ဖိုးထားတယ်။ မင်းရဲ့ ကွန်ဖူး ဘယ်လောက်ကောင်းနေပါစေ မင်း ဂုဏ်သိက္ခာရှိတဲ့ဂိုဏ်းကမဟုတ်ရင် သူတို့ရဲ့ အသိအမှတ်ပြုမှုရဖို့ခက်လိမ့်မယ် "

ယဲ့ဖန်က လှောင်လိုက်သည်။

" တရုတ်သိုင်းပညာလောကဟာ တစ်နေ့ထက်တစ်နေ့ကျဆင်းလာတာ အံ့သြစရာမရှိတော့ပါဘူး။ ခွန်အားရှိတဲ့သူတွေကို မကြိုဆိုပေမဲ့ ခွန်အားမရှိတဲ့သူတွေကိုတော့ အရမ်းလေးစားနေကြတာဘဲ "

ယဲ့ဖန် ထိုစကားပြောတဲ့အချိန်မှာ အသံက အနည်းငယ်ကျယ်သွားသည်။

ချက်ချင်းဆိုသလိုပင် ဆိုဖာပေါ်မှာထိုင်နေတဲ့ အဖြူရောင်မုတ်ဆိတ်နဲ့အဘိုးကြီးက လှမ်းကြည့်သည်။

" ဒီလိုမောက်မာတဲ့ဂျူနီယာက ဘယ်ကလဲ။ ဒီမှာ ဘာလို့ မဟုတ်တာတွေလာပြောနေတာလဲ "

ယဲ့ဖန်က ဒေါသထွက်နေပြီးသားဖြစ်တာကြောင့် ချက်ချင်းပြန်ခံပြောတော့မည့်အချိန်မှာဘဲ လျုံဝမ်းယွမ်က အမြန်တားလိုက်သည်။

ထို့နောက် သူက မုတ်ဆိတ်ဖြူနဲ့အဘိုးကြီးကိုတောင်းပန်လိုက်သည်။

" ဒီလူငယ်လေးက စည်းမျဉ်းတွေမသိသေးလို့ပါ။ မတင်းကျပ်မိတဲ့ ကျွန်တော့်အပြစ်မလို့ ကျွန်တော်ကဘဲ အစားတောင်းပန်ပါတယ် "

မုတ်ဆိတ်ဖြူနဲ့အဘိုးကြီးက အေးစက်စွာ ဟက်ခနဲလုပ်လိုက်သည်။

" မင်းတပည့်ကိုကြည့်ထိန်း။ မဟုတ်တာဆက်ပြောမယ်ဆိုရင် မင်းလည်းနှင်ထုတ်ခံရမယ် "

လျုံဝမ်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

ယဲ့ဖန်က တကယ်ဘဲ ဒါမျိုးကို လက်မခံနိုင်ပေ။

" ဆရာ၊ သူတို့က မကြိုဆိုမှတော့ ဘာလို့ သူတို့ကိုပြောနေရမှာလဲ။ သွားကြတော့မလား "

လျုံဝမ်းယွမ်က ရယ်လိုက်သည်။

" ငါက ဒီမှာ တရုတ်ပြည်ကိုယ်ခံပညာလောကရဲ့ အတက်အကျကိုလာကြည့်တာလေ။ သူတို့ကြိုက်မကြိုက်က ငါနဲ့ဘာဆိုင်လို့လဲ "

ယဲ့ဖန် သူ့ဆရာက အဲ့လိုပြောနေတာကြောင့် ဘာမှဆက်မပြောတော့ဘဲ ဘေးနားမှာသာရပ်နေလိုက်တော့သည်။

All Chapters