← Chapters

အပိုင်း ၂၆၅-၂၆၈

Vol. 14 Ch. 265-268

အပိုင်း ၂၆၅-၂၆၈

Vol. 14 Ch. 265-268

အပိုင်း ( ၂၆၅ )

ဖော်ပြမရတဲ့ နာကျင်မှု

ယဲ့ဖန်သည် ဆိုဖာပေါ်မှာထိုင်နေတဲ့သူတွေ ပြောနေကြတဲ့စကားကို နားထောင်နေရင်း ဒီလူတွေအကြောင်းကို တဖြည်းဖြည်းချင်းသိလာရသည်။

သူ့ကို ဆူလိုက်တဲ့မုတ်ဆိတ်ဖြူနဲ့လူကြီးက ယန်းမန်ထန်းဖြစ်ပြီး သူက တောင်ပိုင်းကွမ်တုန်းပြည်နယ်က နဂါးနှင့်ကျားဂိုဏ်း၏ခေါင်းဆောင်ဖြစ်သည်။

ထိုလူတွေအားလုံးထဲတွင် သူက ရာထူးအမြင့်ဆုံးအနေအထားဟု ပြောလို့ရနိုင်သည်။

" လူတိုင်းဘဲ ဒီနေ့ပွဲကို ဘယ်လိုထင်ကြလဲ "

သူ့မေးခွန်းကိုကြားတဲ့အခါ လူတိုင်းက ချက်ချင်းဖြေကြတော့သည်။

" ဘာထင်စရာရှိမှာလဲ။ သူတို့က ကျွန်တော့်တံခါးပေါက်ကိုရောက်လာမှတော့ သေတဲ့အထိတိုက်ရမှာပေါ့ "

" ဟုတ်တယ်၊ ဒီဂျပန်ကောင်က ပြည်နယ်၁၈ခုလုံးမှာ မျိုးဆက်သစ်လူငယ်တွေကို အကုန်ချေမှုန်းလာတာ။ ဒီနေ့သာထပ်ရှုံးမှာဆိုရင် တရုတ်ပြည်ရဲ့ကိုယ်ခံပညာသိုင်းလောက မျိုးဆက်သစ်တွေက ဘယ်လိုမျက်နှာပြရတော့မှာလဲ "

" မပူပါနဲ့။ သူ အရင်က မောက်မာနိုင်တာ ငါနဲ့မတွေ့ရသေးလို့ပါ။ ဒီနေ့တော့ ဒီမှာ သူသေအောင်လုပ်ပြမယ် "

" သာမန်ကရာတေးအငယ်တန်းလေးကများ တရုတ်ပြည်မှာလာပြီး မောက်မာပြနေရဲတယ်။ သူ့ကို ဒီနေ့ သင်ခန်းစာပေးမှရမယ် "

" ......... "

လူတိုင်းရဲ့ စိတ်အားထက်သန်တဲ့စကားတွေကြားတဲ့အခါ ယန်းမန်ထန်းက အလွန်ကျေနပ်သွားသည်။

" မင်းတို့မှာ ယုံကြည်ချက်ရှိတာ ကောင်းတယ်။ ဒါပေမဲ့ တစ်ဖက်လူကိုအထင်မသေးဖို့ သတိပေးချင်တယ်။ လျှော့မတွက်သင့်ဘူး "

လူတိုင်းက သဘောတူခေါင်းငြိမ့်ကြသည်။

ယန်းမန်ထန်းကပြောပြီး အနောက်က လူငယ်မျိုးဆက်တွေကို လှမ်းကြည့်လိုက်သည်။

" ဒီ သွမ့်ကျန်းလုက ၂၃နှစ်ဘဲရှိသေးပြီး အငယ်တန်းအဆင့်ဘဲ။ အဲ့တော့ ငါတို့အကြီးတန်းတွေက ဝင်ပါဖို့မလွယ်ဘူး။ ဒီနေ့ မင်းတို့ကို အားကိုးလိုက်မယ်။ မင်းတို့ ယုံကြည်ချက်ရှိရဲ့လား "

မျိုးဆက်သစ်တွေက ချက်ချင်း အပြစ်ရှိသလို ခံစားသွားရသည်။

" ဟုတ် ... "

ဟု တိုးတိုးလေးသာ ပြန်ဖြေလာကြသည်။

ယန်းမန်ထန်း၏မျက်နှာမည်းမှောင်သွားပြီး ချက်ချင်း အသံမြင့်အော်လိုက်သည်။

" မင်းတို့ ယုံကြည်ချက်ရှိလား "

ထိုအချိန်တွင် အသက် ၂၀ အရွယ် လူငယ်တစ်ဦးက ကျယ်လောင်တဲ့အသံဖြင့် ပြန်ဖြေသည်။

" ကျွန်တော် ယုံကြည်ပါတယ် "

ယန်းမန်ထန်းက သူ့ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

" နာမည်ဘယ်လိုခေါ်လဲ။ မင်းက ဘယ်သူ့တပည့်လဲ "

" ဂိုဏ်းခေါင်းဆောင် ယန်း၊ ကျွန်တော့်နာမည်က ကျန်းလန်ပါ။ ကျွန်တော်က သုံးနားဆက်၈စုံကျောင်းရဲ့ ခေါင်းဆောင်လော့ကျားရှန်းရဲ့ တပည့်ပါ "

ထိုလူငယ်က ချက်ချင်း အသံကျယ်ကျယ်ဖြင့် ပြန်ဖြေသည်။

ထိုအချိန်တွင် ဆိုဖာပေါ်တွင်ထိုင်နေသော အဘိုးအိုနောက်တစ်ယောက်က ပြုံးကာပြောသည်။

" ကျန်းလန်က ကျွန်တော့်ရဲ့ အချစ်ဆုံးတပည့်ပါ။ သူ့ရဲ့ သုံးနားဆက်၈စုံက အတော်လေးမြင့်တဲ့အဆင့်ကို ရောက်နေပါပြီ။ သွမ့်ကျန်းလုနဲ့ ပြိုင်ရတာက သူ့အတွက် လွယ်ကူပါတယ် "

ယန်းမန်ထန်းကကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

" ခဏအတွင်းမှာ မင်း သွမ့်ကျန်းလုနဲ့ ပထမဆုံး တိုက်ပွဲကို တိုက်ရလိမ့်မယ်။ မင်းအနိုင်ရလိမ့်မယ်လို့ ငါမျှော်လင့်တယ်။ အဲ့တာဆို မင်းက ငါတို့တရုတ်သိုင်းပညာလောကရဲ့သူရဲကောင်းဖြစ်လာလိမ့်မယ်။ ယုံကြည်ချက်ရှိရဲ့လား "

ကျန်းလန်သည် ချက်ချင်း ရည်မှန်းချက်ကြီးလာတော့သည်။

" စိတ်မပူပါနဲ့ ဂိုဏ်းခေါင်းဆောင် ယန်း။ ကျွန်တော် သုံးနားဆက်၈စုံသိုင်းကို ဒီနေ့အထိ ဆယ်နှစ်လောက် လေ့ကျင့်ခဲ့တာပါ။ ဒီနေ့ ဒီတိုက်ပွဲမှာ ကျွန်တော့်နာမည်ကိုကျိန်ပြီး သုံးနားဆက်၈စုံလက်ဖဝါးရဲ့ စွမ်းအားကို ပြန်လည်အသက်သွင်းပါ့မယ် "

" ကောင်းပြီ "

အောင်ပွဲက သူတို့လက်ထဲမှာ ရှိပြီးနေတဲ့အတိုင်း သီးသန့်ခန်းထဲက လူတော်တော်များများက ချက်ချင်း လက်ခုပ်တီးပြီး အားပေးကြသည်။

ထောင့်မှာရပ်နေတဲ့ ယဲ့ဖန်က ခေါင်းယမ်းလိုက်သည်။

လူတစ်ယောက်တည်းကို ချဖို့ အုပ်စုကြီးလိုက် အခန်းကြီးထဲမှာစုဝေးနေကြတာဆိုတော့ ဒီလူအုပ်စုက တကယ်ကို အလားအလာကောင်းကြတာဘဲ။

တကယ်အဆင်ပြေတာဘဲ။

ရန်သူကတောင် ပေါ်မလာသေးဘူး သူတို့က အတော်လေး အောင်ပွဲခံနေကြပြီ။

ကြွားလုံးထုတ်တာက ရန်သူကို တိုက်နိုင်မယ်ဆို ဒီလူတွေကို နိုင်မယ့်သူမရှိလောက်တော့ဘူး။

သူတို့အားလုံးက သီးသန့်ခန်းထဲမှာ စိတ်ဓာတ်မြှင့်တင်ရေးလုပ်နေကြတုန်းမှာဘဲ အပြင်မှ အော်ဟစ်သံတို့ကို ကြားလိုက်ရသည်။

လူတိုင်းက လှည့်ကြည့်ကြသည်။

အဖြူရောင်လေ့ကျင့်ရေးဝတ်စုံဝတ်ထားတဲ့အမျိုးသားတစ်ယောက်က လျှောက်လမ်းကနေ ဝင်လာသည်။

ထိုလူက ၁.၈မီတာ ( ၆ပေ ) လောက် အရပ်မြင့်သည်။

သူ့မှာ အရှိန်အဝါပြင်းတဲ့ ကိုယ်ရောင်ဝါရှိနေသည်။

ထွက်လာကတည်းက လူတိုင်းကို လက်ခလယ်ထောင်ပြနေသည်။

" ရူးနေကြတဲ့ အရှေ့အာရှသားတွေ ချီးဘဲ "

ရှိနေသမျှလူတိုင်းက ဒေါသတဟုန်းဟုန်းထွက်သွားတော့သည်။

ထိုစကားလုံးက တရုတ်ပြည်အတွက်ရော တရုတ်ပြည်သားတွေအတွက်ပါ အထိမခံတဲ့စာလုံးဖြစ်သည်။

သို့ပေမဲ့ ထိုလူကတော့ အဲ့လိုစကားလုံးကို တမင်သုံးပြီး လူတိုင်းကို လှောင်ရယ်ပြုလိုက်သည်။

" ဂျပန်တွေ လာမောက်မာမနေနဲ့။ ကျုံးဟိုင်က မင်းတို့ရဲ့သင်္ချိုင်းဖြစ်သွားလိမ့်မယ် "

" သူနဲ့ချမယ့်ညီအစ်ကိုတွေ အားပိုသုံးပြီး သေအောင်ရိုက်သတ်ပေး "

" ငါတို့တရုတ်ကိုယ်ခံပညာကို ဘာအဆင့်ရှိလို့ လာအထင်သေးရဲတာလဲ။ ဒီနေ့ မင်းကို တရုတ်ပြည်ရဲ့ကိုယ်ခံပညာက ဘာလဲဆိုတာ ပြပေးမယ် "

" ခွေးမသား၊ သေလိုက်၊ ဂျပန်ကောင် "

" ......... "

လူတိုင်းရဲ့ဒေါသကို ကြုံနေရပေမဲ့ သွမ့်ကျန်းလုရဲ့အမူအရာကတော့ ပိုပြီးပျော်ရွှင်နေပုံရသည်။

လှလှပပလေးကျွမ်းထိုးပြီး ကွင်းထဲကို ခုန်ဝင်သွားသည်။

ထို့နောက် သူ့ရင်ဘတ်ကို နှစ်ကြိမ်တိတိထုပုတ်လိုက်သည်။

သူ့မျက်လုံးတွေမှာ အထင်သေးမှုတွေအပြည့်ဖြစ်နေသည်။

သီးသန့်အခန်းထဲတွင် ယန်းမန်ထန်းကထရပ်ပြီး ကျန်းလျန်၏ပုခုံးကို ပုတ်ပေးလိုက်သည်။

" သွားတော့ ငါတို့ တရုတ်သိုင်းလောကရဲ့ အရှိန်အဝါကို ထုတ်ပြခဲ့ "

ကျန်းလန်က လက်သီးနှစ်ဖက်ကို ရှေ့သို့ထုတ်ပြီး အခန်းထဲမှာရှိတဲ့ အကြီးတန်းတွေကို အရိုအသေပေးကာ ထွက်သွားတော့သည်။

ပရိတ်သတ်က တရုတ်ကိုယ်ခံပညာရှင်ပြိုင်ဘက်ထွက်လာတာကိုတွေ့တဲ့အခါ မှင်သက်သွားကြပြီး ချက်ချင်း အကြီးအကျယ်အားပေးကြတော့သည်။

ကျန်းလန်ကတော့ အာရုံစိုက်ခံရတဲ့ခံစားချက်ကို နှစ်ခြိုက်နေသည်။

လူတိုင်းကို လက်ပြနှုတ်ဆက်ပြီးနောက် စင်ပေါ်ကိုတက်လိုက်သည်။

သွမ့်ကျန်းလု၏ဆန့်ကျင်ဘက်တွင် ရပ်လိုက်သည်။

" သွမ့်ကျန်းလု၊ မင်း ဒီနေ့ ငါ့လက်ထဲမှာသေစေရမယ် "

သွမ့်ကျန်းလုက ခေါင်းခါလိုက်ပြီး တကျွတ်ကျွတ်မြည်အောင် ဇာတ်အညောင်းဆန့်သည်။

" မင်းတို့အမှိုက်ကောင်တွေရဲ့ ဒီစကားကို ဘယ်နှစ်ခေါက်လောက်ကြားပြီးပြီလဲသိလား။ စိတ်မပူပါနဲ့ ရှေ့မှာလဲ ငါချေမှုန်းပြီးသားဆိုတော့ မင်းအလှည့်ကိုအသင့်ပြင်ထား "

သွမ့်ကျန်းလုက တရုတ်စကားကို မမှန်တမှန်ဖြင့်ပြောသည်။။

သို့ပေမဲ့ လေသံကတော့ အထင်သေးဟန်အပြည့်ဖြစ်နေသည်။

ကျန်းလန်က ခေါင်းကိုမော့ပြီး စိတ်လိုလက်ရရယ်လိုက်သည်။

" အဲ့တာ မင်းငါနဲ့မတွေ့သေးလို့ပါ။ မင်းကိုသတ်မယ့်သူက ကျန်းလန်ဆိုတဲ့ ငါဘဲ "

ထိုသို့ပြောပြီးတဲ့နောက် သွမ့်ကျန်းလုရှိရာကို အပြေးသွားသည်။

သွမ့်ကျန်းလုက တုန့်ပြန်မှုမရှိဘဲ နေရာမှာတင်ရပ်နေကာ မလှုပ်ရှားပေ။

သူတို့နှစ်ယောက် အရမ်းကိုနီးကပ်လာသည်။

ကျန်းလန်၏တိုက်ခိုက်မှုက သွက်လက်ပြီးပြင်းထန်သည်။

မျက်စိတစ်မှိတ်အတွင်းမှာဘဲ သွမ့်ကျန်းလုအရှေ့ကို ရောက်သွားသည်။

" သေလိုက်တော့ "

ကျန်းလန်က အာခေါင်သံဖြင့်အော်လိုက်သည်။

သူ့လက်သီးက တူတစ်ချောင်းလိုလေးလံပြီး ရုတ်တရက် သွမ့်ကျန်းလုမျက်နှာနားကို ထိုးဖို့ပြင်လိုက်ပေမဲ့ ထိုအချိန်တွင်းမှာဘဲ သွမ့်ကျန်းလုက ချက်ချင်းတုန့်ပြန်လာသည်။

သူ့နှုတ်ခမ်းထောင့်က ကွေးညွတ်တက်သွားပြီး ညာလက်က သရဲတစေတစ်ကောင်လို လျင်မြန်စွာပေါ်ထွက်လာသည်။

သွမ့်ကျန်းလုက နောက်ကျမှုလှုပ်ရှားသူဖြစ်ပေမဲ့ အရင်ရောက်သွားပြီး သူ့ဘယ်ဘက်မျက်နှာကို ကာလိုက်နိုင်သည်။

ကျန်းလန်၏ထိုးချက်က ရွံ့တုံးနဲ့ ပင်လယ်ရေမျက်နှာပြင်ကိုပေါက်လိုသလိုပင် ဆက်ခနဲရပ်သွားရသည်။

ထို့နောက် ချက်ချင်းရပ်သွားရသည်။

ကျန်းလုက လန့်သွားပြီး ချက်ချင်းအကွက်ပြောင်းလိုက်သည်။

သို့ပေမဲ့ သွမ့်ကျန်းလုက သူ့ကို အခွင့်အရေးမပေဒပေ။

သွမ့်ကျန်းလုက လက်ဖဝါးကို လက်ကုတ်ပုံစံပြောင်းပြီး ကျန်းလန်၏လက်သီးချက်ကို ကုတ်ဖမ်းလိုက်သည်။

ထို့နောက် ကျန်းလန်ကို လက်သီးကနေဆွဲယူလိုက်သည်။

ဂျွတ် ....

ကျန်းလန်၏လက်ကောက်ဝတ်က အရိုးကျိုးသံမြည်လာပြီး အသံက သွားကျဉ်စေသည်။

ကျန်းလန် နာကျင်မှုကြောင့် အော်တောင် မအော်နိုင်သေးခင်မှာဘဲ သွမ့်ကျန်းလု၏ဘယ်ခြေက ကျန်းလန်ဒူးကွေးကို လှမ်းကန်လိုက်သည်။

ဒေါက်

ကျန်းလန် မြေပြင်ပေါ်ကို ဒူးထောက်ကျသွားရတော့သည်။

ကျန်းလန် အရမ်းလန့်သွားပြီး ချက်ချင်းထကာ ပြန်တုန့်ပြန်ဖို့လုပ်ပေမဲ့ အရမ်းနောက်ကျသွားပြီဖြစ်သည်။

သွမ့်ကျန်းလု၏ အားပြင်းတဲ့ဒူးတိုက်ချက်က အရှိန်ပါပါနဲ့ သူ့မေးစေ့ကို တိုက်မိသွားတော့သည်။

ကျန်းလန်၏မေးရိုးချော်ထွက်သွားပြီး နေရာအနှံ့မှာ သွေးတွေပြန့်ကျဲသွားရသည်။

ထို့နောက် ကြိုးကွင်းထဲမှာဘဲ မေ့လဲသွားတော့သည်။

သွမ့်ကျန်းလုက သူ့ခန္ဓာကိုယ်ပေါ်ကိုခြေတင်ပြီး လူအုပ်ကြီးကို အထင်သေးမောက်မာစွာကြည့်နေသည်။

သုံးစက္ကန့်အတွင်းမှာ ဘယ်သူကမှ တုန့်ပြန်မှုမပေးဘဲ ပွဲစဉ်က အဆုံးသတ်သွားခဲ့ရသည်။

လူတွေပြည့်နှက်နေတဲ့ကွင်းကြီးက အတော်လေးတိတ်ဆိတ်နေတာကြောင့် နည်းနည်းထူးဆန်းနေလေသည်။

အပိုင်း ( ၂၆၆ )

အပြောဘဲရှိတဲ့သူ

သီးစန့်အခန်းထဲတွင် ယဲ့ဖန်နှင့် အခြားသူတွေရှိနေသည်။

" ငါ့တပည့် !!! "

သူ့တပည့်ကျန်းလန်ကို သွမ့်ကျန်းလုက သုံးစက္ကန့်အတွင်းမှာဘဲ အမှောက်ထိုးလိုက်တာကြောင့် သုံးနားဆက်၈စုံကျောင်းအုပ် လော့ကျားရှန်းက အရမ်းဒေါသထွက်နေပြီး မျက်လုံးပါထွက်ကျမတတ်ဖြစ်နေတော့သည်။

ချက်ချင်းအပြင်ကို ပြေးထွက်သွားသည်။

သို့ပေမဲ့ သူ အပြင်ကို မထွက်နိုင်ခင်မှာဘဲ ယန်းမန်ထန်းက တားလိုက်သည်။

" ဂိုဏ်းခေါင်းဆောင်လော့၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါ "

လော့ကျားရှန်းက ဒေါသထွက်စွာ စိုက်ကြည့်လိုက်သည်။

" ငါ့အချစ်ဆုံးတပည့်ကို အဲ့ခွေးသူတောင်းစားက နှိပ်စက်နေတာ။ ငါက ဘယ်လို စိတ်လျှော့နိုင်မှာလဲ။ အဲ့ကောင်ကို သွားသတ်မယ် "

ယန်းမန်ထန်းက သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

" မင်းအနေအထားကို သတိထားဦး "

" မင်းက သုံးနားဆက်၈စုံဂိုဏ်းခေါင်းဆောင် "

" မင်း အခု စိတ်လိုလက်ရလုပ်လိုက်ရင် မင်းနိုင်ရင်တောင်မှ မင်းက အားနည်းတဲ့သူကို အနိုင်ယူပါတယ်ဆိုပြီးဖြစ်မှာ။ ရှုံးရင်တော့ သုံးနားဆက်၈စုံဂိုဏ်းက တရုတ်ပြည်ကိုယ်ခံပညာလောကမှာ နေရာရှိတော့မှာမဟုတ်ဘူး "

လော့ကျားရှန်းက ထိုစကားကိုကြားတဲ့အခါ ချက်ချင်းတည်ငြိမ်သွားတော့သည်။

ယန်းမန်ထန်း၏စကားတွေက ကျိုးကြောင်းဆီလျော်သည်။

သူသာ ထွက်ပြီး သွမ့်ကျန်းလုနဲ့တိုက်ပါက ...... ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ အကျိုးယုတ်မည်ဖြစ်သည်။

ထိုအတွေးကြောင့် မတတ်နိုင်တော့ဘဲ ထိုင်သာနေရတော့သည်။

ယန်းမန်ထန်း၏မျက်လုံးက ဘေးမှာရှိနေတဲ့ လူငယ်တွေကို ဖြတ်ခနဲကြည့်လိုက်သည်။

" ဘယ်သူကဆက်ပြီး တိုက်ပွဲဝင်ချင်လဲ "

လူငယ်တွေက သူတို့ဆီကို အကြည့်ရောက်လာတာတွေ့တဲ့အခါ တစ်ယောက်ပြီးတစ်ယောက် ခေါင်းငုံ့သွားကြသည်။

သူတို့သည် ကျန်းလန်၏အဖြစ်အပျက်ကို တွေ့လိုက်ကြပြီးသားဖြစ်သည်။

ကျန်းလန်က အလဲထိုးမခံရခင် သုံးစက္ကန့်သာကြာလိုက်သည်။

နှစ်ဖက်လုံး၏တိုက်ခိုက်စွမ်းက အဆင့်လုံးဝမတူပေ။

ကျန်းလန်၏ပိုသန်မာရင်တောင်မှ ဘယ်လောက်သန်မာလဲဆိုသည့်ကန့်သတ်ချက်ရှိသည်။

အများစုက သူ့ထက် ဘယ်နှစ်စက္ကန့်လောက် ပိုကြာနိုင်မှာမလို့လဲ။

သူတို့သည် ရှုံးပွဲရလဒ်ကို သေချာပေါက် မပြောင်းလဲနိုင်လောက်ပေ။

အဲ့တာကြောင့် သူရဲဘောကြောင်နေလိုက်တာက ပိုကောင်းသည်။

" ဘာလို့လဲ။ မင်းတို့အားလုံးကြောက်နေကြပြီလား။ မင်းတို့က တရုတ်နိုင်ငံကိုယ်ခံပညာလောကရဲ့ အနာဂတ်ကိုကိုယ်စားပြုတဲ့လူငယ်တွေဆိုပေမဲ့ မင်းတို့မှာရှိတာ ဒါအကုန်ပဲလား "

ယန်းမန်ထန်းသည် လူတိုင်း၏သူရဲဘောကြောင်မှုကို မြင်နေရသည်။

သူက ချက်ချင်း ဒေါသထွက်သွားသည်။

လူငယ်အုပ်စုက ခေါင်းငုံ့ကာ အသံမထွက်သေးပေ။

ယန်းမန်ထန်းက မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်တော့သည်။

" ရန်သူဆီကနေ ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ယူခံရတာက ကြောက်စရာမဟုတ်ဘူး။ ကြောက်စရာကောင်းတာက စိတ်ပိုင်းဆိုင်ရာ ရှုံးနိမ့်သွားတာပဲ "

" ငါတို့ရဲ့ တရုတ်သိုင်းပညာလောကက ဒီအဆင့်အထိ ကျသွားလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ ဝမ်းနည်းစရာဘဲ၊ စိတ်ပျက်စရာလည်းကောင်းတယ် "

ယဲ့ဖန်၏အကြည့်သည် ကြောက်လန့်နေသောထိုလူငယ်လေးဆီသို့ ဖြည်းညှင်းစွာ ဖြတ်ကျော်သွားသည်။

သူ့စိတ်ထဲတွင် မုန်းတီးမှုတွေဖြင့် ပြည့်နှက်နေတော့သည်။

သူ ရှေ့တစ်လှမ်းတိုးဖို့ပြင်နေတဲ့အချိန်မှာဘဲ သူ့ဆရာ လျုံဝမ်းယွမ်က သူ့ကို စိုက်ကြည့်ကာ တားလိုက်သည်။

သူဆရာက မျက်လုံးဖြင့် 'မင်းရဲ့ အလယ်အလတ် အရည်အချင်းနဲ့ မင်းက ဒီမှာ ဘာလုပ်နိုင်မှာမလို့လဲ ' ဟုပြောနေပုံရသည်။

ယဲ့ဖန်သည် ကူကယ်ရာမဲ့နေခဲ့သည်။

ရှေ့ထွက်ပြီးသား ခြေထောက်ကို ဖြည်းဖြည်းချင်း ပြန်ဆုတ်နေသည်။

သီးသန့်ခန်းထဲရှိ လေဖိအားသည် အနိမ့်ဆုံးနေရာသို့ ကျဆင်းသွားသကဲ့သို့ပင်ဖြစ်နေသည်။

ရုတ်တရက် ထောင့်မှ အသံတစ်ခုကို ကြားလိုက်ရသည်။

" ကျွန်တော် သွားမယ် "

အားလုံး လှည့်ကြည့်လိုက်ကြသည်။

အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ကောင်လေးတစ်ယောက်က ထောင့်မှာရပ်နေတာကို တွေ့လိုက်ကြရသည်။

ထိုကောင်လေးက အရမ်းနူးညံ့ပြီး တည်ငြိမ်ပုံရသည်။

သူသည် မျက်မှန်တပ်ထားပြီး အနက်ရောင်တရုတ်ဝတ်စုံကို ၀တ်ထားသည်။

သူ၏အသွင်အပြင်အရ တိုက်ခိုက်ရေးစွမ်းအား လုံးဝရှိပုံမရပေ။

ယန်းမန်ထန်းမျက်လုံးတွေက တောက်ပလာပြီး ချက်ချင်းမေးလိုက်သည်။

" မင်းနာမည်ဘယ်လိုခေါ်လဲ "

ထိုကောင်လေးက သူ့လက်တွေကို အိတ်ကပ်ထဲထည့်လိုက်သည်။

" ဖန်းယိမင်း "

ထိုအမည်ကိုကြားသောအခါ တစ်စုံတစ်ယောက်သည် ချက်ချင်း အော်ပြောသည်။

" ဖန်းယိမင်းလား။ ပိုင်းကျိချွမ်၊ ပါးကွ လက်ဝါးသိုင်၊ ရှင်းယိလက်သီးသိုင်းနဲ့ အခြားလက်သီးသိုင်းတွေအများကြီးကို ဖန်တီးခဲ့တဲ့သူ၊ ကျုံးဟိုင်ရဲ့ နံပါတ်တစ် ဉာဏ်ကြီးရှင်လား "

"ကျွန်တော်က ရှီရှန်းပြည်နယ်လို နယ်ဝေးကသူဖြစ်‌ပေမယ့် ဒီဉာဏ်ကြီးရှင်လူငယ်ရဲ့ နာမည်ကို ကျွန်တော်ကြားဖူးတယ်။ ဒီလောက်ငယ်မယ်လို့ ကျွန်တော်မထင်ထားဘူး "

" ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ကိုယ်ပိုင်လက်သီးထိုးသိုင်းတွေကိုတောင် ဖန်တီးနိုင်ရင် သူက အနာဂတ်မှာ သေချာပေါက်ဆရာကြီးအဆင့်ဖြစ်လာမှာ "

" အဲ့တာအပြင် သူက ပြင်းထန်တဲ့ရန်သူကိုတောင် တိုက်ခိုက်ဖို့ သတ္တိရှိတယ်။ တကယ့်ကို ချီးကျူးစရာပဲ "

" ....... "

လူတိုင်း၏ ပြောသံကိုကြားတဲ့အခါ ယန်းမန်ထန်းက ဖန်းယိမင်းကို ပို၍ပို၍ လေးစားလာခဲ့သည်။

" ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ကျုံးဟိုင်ရဲ့သိုင်းပညာလောကမှာ ဒီလိုပါရမီရှင်တစ်ယောက်ရှိနေမယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ ဒီနေ့ သွမ့်ကျန်းလုကို အနိုင်ယူနိုင်သရွေ့ မင်းရဲ့ တောက်ပတဲ့စွမ်းဆောင်ချက်နဲ့ အနိုင်ရမှုက ကမ္ဘာကို အံ့အားသင့်စေလိမ့်မယ်။ ယိမင်း၊ ဒီတိုက်ပွဲမှာ မင်း ယုံကြည်မှုရှိရဲ့လား "

ဖန်းယိမင်း၏ အမူအရာမှာ ငြိမ်သက်နေခဲ့သည်။

" မရှိဘူး "

သူက ကျန်းလန်လို ' ကျွန်တော်ယုံကြည်ပါတယ် 'လို့ ဖြေမယ်ဟု လူတိုင်းက ထင်ထားကြသည်။

ဒါကို သူတို့ မမျှော်လင့်ထားပေ။

စင်ပေါ်တောင် မတက်ရသေးပေမယ့် သူက စိတ်ဓာတ်ကျနေပြီဖြစ်သည်။

ချက်ချင်း အသက်အရွယ်တူ လူငယ်တစ်ဦးက ပြေသည်။

" စီနီယာအစ်ကိုယိမင်း၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိသင့်တယ်လို့ ကျွန်တော်ထင်တယ်။ သွမ့်ကျန်းလုက ကျွန်တော်တို့ထက် နှစ်အနည်းငယ်ဘဲ အသက်ကြီးတာပါ။ ဘာကြောက်စရာရှိလို့လဲ "

ဖန်းယိမင်းက ခေါင်းကို လှည့်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

" မင်းတော်နေရင် ဘာလို့ မင်း မသွားတာလဲ "

ထိုလူက ချက်ချင်း ဖန်းယိမင်းစကားကို မကြားချင်ယောင်ဆောင်ကာ ခေါင်းလှည့်လိုက်သည်။

အပြောဘဲရှိတတ်တဲ့သူမျိုး။

ဖန်းယိမင်း၏ နှုတ်ခမ်းသည် လှောင်ပြောင်ရိပ်အပြုံးဖြင့် ကွေးတက်သွားသည်။

သူ့အကြည့်တွေက အခန်းထဲမှာရှိနေတဲ့သူတိုင်းကို ဖြည်းညှင်းစွာ ဖြတ်ကြည့်သွားသည်။

" စင်ပေါ်တက်ရတဲ့အကြောင်းရင်းက ခင်ဗျားတို့ ကယ်တင်ချင်နေကြတဲ့ တရုတ်နိုင်ငံကိုယ်ခံပညာလောကရဲ့ဂုဏ်ကျက်သရေကြောင့်မဟုတ်ဘူး။ ပွဲတစ်ပွဲ ရှုံးနိမ့်ခြင်း၊ နိုင်ခြင်းက တရုတ်သိုင်းပညာလောကကို မကယ်တင်နိုင်ခြင်းတွေ ဘာတွေနဲ့မဆိုင်ဘူး။ ကျွန်တော်က လက်ရှိခေတ်ရဲ့ဉာဏ်ရည်ထက်မြက်ပြီး ကျွမ်းကျင်တဲ့ပါရမီရှင်နဲ့ တိုက်ပွဲဝင်ချင်ရုံတင်ဘဲ "

" ဒီတိုက်ပွဲက ဆိုးရွားတဲ့ အလားအလာတွေနဲ့ ပြည့်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အနည်းဆုံးတော့ အရိုးကျိုးသွားလိမ့်မယ်။ အဆိုးဆုံးကတော့ နေရာမှာတင် သေသွားနိုင်တာဘဲ။ ဒါပေမဲ့ အစွမ်းထက်ကျွမ်းကျင်သူရဲ့လက်ထဲမှ သေရခြင်းက ကိုယ်ခံပညာရှင်တိုင်းရဲ့ဂုဏ်ကျက်သရေဘဲ။ လျှို့လျှို့ဝှက်ဝှက်နေရတာထက် ကျော်ကြားမှုနဲ့ဂုဏ်ကျက်သရေအတွက် သေသွားရတာက ပိုကောင်းတယ်လို့ထင်တယ် "

" ကျွန်တော်၊ ဖန်းယိမင်းက မင်းတို့လို စိတ်ထားတွေနဲ့တစ်လှေတည်းစီးရမှာကို ရှက်တယ် "

ထိုစကားကိုပြောပြီးနောက် လှည့်ကြည့်ကာ သီးသန့်ခန်းမှ ထွက်လာခဲ့သည်။

သီးသန့်ခန်းရှိလူတွေက သူ့ရဲ့ဆူပူကြိမ်းမောင်းမှုကြောင့် ကြောက်လန့်ကုန်ကြရသည်။

လူတချို့က သူ့ကို လှောင်ပြောင်ဖို့ အခွင့်အရေးယူချင်ကြပေမဲ့ ယန်းမန်ထန်းနှင့် အခြားသူတွေက သိပ်ကြည့်ကောင်းပုံမပေါ်တာကို မြင်တဲ့အခါ ပါးနပ်စွာဖြင့်

ပါးစပ်ပိတ်နေဖို့သာ ရွေးချယ်ခဲ့ကြသည်။

တစ်ဖက်တွင် ယဲ့ဖန်ကတော့ ဖန်းယိမင်းကို အလွန်သဘောကျနေသည်။

လက်ရှိ တရုတ်သိုင်းပညာလောကကြီးက သနားစရာအဖြစ်ဖြစ်နေသည်။

ဒီလို ရဲတင်းပြတ်သားတဲ့စိတ်ဓာတ်နဲ့ ကိုယ်ခံပညာရှင်တွေက အလွန်နည်းပါးသည်။

ဖန်းယိမင်း ထွက်လာသည်ကို တွေ့သောအခါ ကျန်းလန် ရှုံးနိမ့်ပြီးနောက် စိတ်ပျက်နေခဲ့ကြတဲ့ ပရိသတ်အချို့က တစ်ဖန် မိုးခြိမ်းသံတမျှကျယ်တဲ့ အားပေးသံများထွက်ပေါ်လာပြန်သည်။

" တရုတ်သိုင်းပညာရှင်တို့၊ လာစမ်းပါ။ အဲ့ဒီဂျပန်ကောင်ကို သင်ခန်းစာပေးကြရအောင် "

" ဂျပန်တွေ တရုတ်ပြည်ထဲမှာ ဒီလောက်မောက်မာနေတာကိုတောင် ဘယ်လိုခွင့်ပြုထားတာလဲ။ သူ့ကိုပြန်ရိုက်ကြစမ်း "

" ဒီလူငယ်က အရမ်းပိန်တယ်။ သူလုပ်နိုင်ပါ့မလား "

" မင်းရောလုပ်နိုင်ပါ့မလား။ ကျိန်းသေအဆင်ပြေလိမ့်မည်။ သူရဲကောင်းတွေ လူငယ်တွေထဲက လာတယ်ဆိုတဲ့ စကားကို မင်းမကြားဖူးဘူးလား "

" ဟုတ်တယ်၊ သူက တရုတ်အင်္ကျီဝတ်ထားတာကို မင်းမမြင်ဘူးလား။ အများအားဖြင့်တရုတ်ဝတ်စုံဝတ်တဲ့သူတွေကို ပေါ့ပေါ့တန်တန်မတွေးသင့်ဘူး "

" မင်း ရုပ်ရှင်တွေ အများကြီးကြည့်ထားတာလား "

" ....... "

အပိုင်း ( ၂၆၇ )

ရည်ရွယ်ချက်ကဘာလဲ

ပြိုင်ကွင်းထဲတွင်။

ဖန်းယိမင်းသည် ကွင်းထဲသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

သွမ့်ကျန်းလု၏မျက်နှာတွင် အထင်အမြင်သေးသောအကြည့် ပေါ်လာသည်။

ကျန်းလန်သည် ကန်ချက်ဖြင့်ပျံတက်သွားခဲ့ရသည်။

ချက်ချင်းပင် နေရာမှ ဝန်ထမ်းများက ကျန်းလန်ကို ဆေးကုသမှုခံယူရန် ခေါ်ဆောင်သွားခဲ့သည်။

" သေကွင်းမှာ အသေခံဖို့လာတဲ့အထိ သတ္တိရှိမယ်လို့ မမျှော်လင့်ထားဘူး။ သေမှာမကြောက်ဘူးလား "

သွမ့်ကျန်းလုသည် သူ့ရင်ဘတ်ရှေ့သို့ သူ့လက်နှစ်ဖက်ကိုယှက်ထားကာ ဖန်းယိမင်းကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။

" ကြောက်တယ် "

ဖန်းယိမင်းသည် သွမ့်ကျန်းလုဆီသို့ လျှောက်လာပြီး စကားတစ်ခွန်းကို ဖြည်းညှင်းစွာပြောလိုက်သည်။

" မင်းက သေမှာကြောက်တာတောင် တက်လာဖို့ သတ္တိရှိတုန်းဘဲလား "

သွမ့်ကျန်းလု စိတ်ဝင်စားသွားသည်။

ဖန်းယိမင်းက တိုတိုတုတ်တုတ်ဖြေလိုက်သည်။

" အမည်မသိလျစ်လျူရှုခံရတဲ့ဘတက ပိုကြောက်စရာကောင်းတယ် "

" မင်းက အရင်တစ်ယောက်ထက် ပိုသန်မာတာဘဲ။ အနည်းဆုံးတော့ မင်းက ကိုယ့်ကိုယ်ကိုယ် သတိရှိသေးတယ်။ ငါ မင်းကို အလျော့ပေးလိုက်မယ် "

သွမ့်ကျန်းလုက သူ့အတွက် ချီးကျူးစကားဆိုလိုက်သည်။

" အသတ်ခံလိုက်ရတာကရပေမယ့် အရှက်ကွဲလို့တော့မရဘူး "

ဖန်းယိမင်းက အသံနက်နက်ဖြင့် ပြောသည်။

သွမ့်ကျန်းလုသည် ရိုသေမှုအရိပ်အယောင် ချက်ချင်းပြသပေးခဲ့သည်။

" ကောင်းပြီ၊ မင်းဆန္ဒကို ငါဖြည့်ဆည်းပေးမယ် "

သူက ဖန်းယိမင်းအား ဦးညွှတ်လိုက်သည်။

ထို့နောက် သူက တိုက်ပွဲဝင်ပုံစံပြင်ခဲ့သည်။

ဖန်းယိမင်းကလည်း လက်သီးဆုတ်ပြင်သည်။

ထို့နောက် သူက ရှေ့ကိုတိုးလာသည်။

သူသည် သွမ့်ကျန်းလု၏ခါးဆီသို့ သူ၏ညာဖက်ခြေထောက်ဖြင့် တိုက်ရိုက်ကန်လိုက်သည်။

ခွန်အားက မကြီးမားပေမယ့် အရမ်းမြန်သည်။

သွမ့်ကျန်းလု၏နှုတ်ခမ်းက အပြုံးအဖြစ်ကွေးတက်သွားသည်။

သွမ့်ကျန်းလုက သူ့ဘယ်လက်ကိုမြှောက်ပြီး ကာဖို့အသင့်ပြင်လိုက်သည်။

သို့ပေမဲ့ ဖန်းယိမင်း၏ခါးကို ကန်မည့်ကန်ချက်က ဟန်ဆောင်တာဖြစ်ပြီး ကန်ချက်မထိခင်မှာဘဲ ညာခြေထောက်ကို ချက်ချင်းမြှောက်ကာ ဦးတည်ချက်ပြောင်းပြီး သွမ့်ကျန်းလု၏ခေါင်းကို ကန်ဖို့ပြင်သည်။

သွမ့်ကျန်းလုမျက်နှာတွင် အံ့ဩသည့်အမူအရာပေါ်လာတော့သည်။

သို့ပေမဲ့ သူက ချက်ချင်းလျင်မြန်စွာ တုန့်ပြန်လိုက်နိုင်သည်။

ဘယ်လက်ကို ချက်ချင်းမြှောက်ပြီး ခေါင်းကန်ချက်ကိုတားဖို့ပြင်သည်။

သို့ပေမဲ့ ဖန်းယိမင်း၏လှုပ်ရှားမှုက ဟန်ဆောင်ရည်ရွယ်ချက်ဖြစ်နေပြန်သည်။

တစ်ချိန်တည်းမှာဘဲ ဖန်းယိမင်း၏ ဘယ်ခြေကမြောက်တက်လာပြီး သွမ့်ကျန်းလု၏ညာပါးပြင်ကို ကန်ချလိုက်သည်။

သွမ့်ကျန်းလု အတော်လေးလန့်သွားပြီး သူ ဒါကို လုံးဝမမျှော်မှန်းထားပေ။

ဒီလူငယ်လေးက အချိန်တိုအတွင်းမှာဘဲ လှုပ်ရှားမှုသုံးခုကို ဆက်တိုက်ပြောင်းနိုင်လေသည်။

ကံကောင်းစွာနဲ့ သူကလည်း တိုက်ပွဲအတွေ့အကြုံများတဲ့သူဖြစ်တာကြောင့် တစ်ခဏအတွင်းမှာဘဲ နောက်ကိုခြေဆုတ်လိုက်နိုင်သည်။

ဖန်းယိမင်း၏အားပြင်းတဲ့ကန်ချက်က သွမ့်ကျန်းလုမျက်နှာကို ရှပ်တိုက်ရုံလေး လွဲသွားသည်။

အရှိန်နဲ့ပါလာတဲ့လေက မျက်နှာကိုတောင် အထိနာစေသည်။

တကယ်များကန်မိပါက ဘယ်လောက်နာမလဲဆိုတာ စဉ်းစားကြည့်လို့ရသည်။

ဘယ်လိုအကျိုးဆက်တွေဖြစ်မလဲ။

ဒါပေမဲ့ ဒါကအဆုံးသတ်မဟုတ်သေးပေ။

ဖန်းယိမင်း၏ကန်ချက်ကလွဲသွားတာကြောင့် သူ ချက်ချင်း အခြေအနေကိုညှိလိုက်သည်။

သူ့ဘယ်ခြေထောက် မြေပေါ်ကို ပြန်မကျလာခင်မှာဘဲ ညာခြေကိုလှည့်ပြီး ဘန်းခနဲ သွမ့်ကျန်းလု၏ရင်ဘတ်ကို လှမ်းကန်လိုက်သည်။

ကံကောင်းစွာနဲ့ သွမ့်ကျန်းလုက ခြေတစ်လှမ်းဆုတ်ထားတာကြောင့် အကွာအဝေးက ဟနေပြီး သိပ်အထိမနာလိုက်ပေ။ မဟုတ်ပါက ထိုကန်ချက်သည် သူ့ကို အတော်လေးဒဏ်ဖြစ်သွားစေလိမ့်မည်။

သို့ပေမဲ့ သွမ့်ကျန်းလုရင်ဘတ်တွင် တောက်လောင်တဲ့နာကျင်မှုကို ခံစားလိုက်ရသည်။

ဒါက သူ့ကို ဒီတရုတ်ကိုယ်ခံပညာရှင်လူငယ်လေးအပေါ် သတိကြီးကြီးထားစေမိသွားသည်။

" ငါ မင်းကို တကယ် အထင်သေးခဲ့မိတာဘဲ "

ဖန်းယိမင်းက သူ့ရဲ့တိုက်ကွက်တွေအလွယ်တကူရှောင်ခံလိုက်ရတာကို ကြည့်နေသည်။

ထို့ကြောင့် သက်ပြင်းချသည်။

လူအုပ်ကြီးက အကြီးအကျယ်အားပေးကြတော့သည်။

" လှတယ်ဟေး၊ ဒီလိုဘဲဆက်လုပ်။ အဲ့ဂျပန်ကောင်ကို သေအောင်ချ "

" ဒီလူငယ်လေးရဲ့နာမည်ကို သိလား။ သူက ငယ်ငယ်လေးဘဲရှိသေးတာတောင် အရမ်းအင်အားပြင်းတယ်။ သူ့အနာဂတ်က အဆုံးမရှိဘူးဘဲ "

" မင်း သူ့ကို မသိဘူးလား။ သူက ငါတို့ကျုံးဟိုင်ကိုယ်ခံပညာလောကမှာ နံပါတ်(၁)ပညာရှင် ဖန်းယိမင်းဘဲ။ အသက် ၁၈ နှစ်ဘဲရှိသေးတာတောင် သူက ကိုယ်ပိုင် လက်သီးသိုင်းတွေထွင်နိုင်နေပြီ "

" ကိုယ်ပိုင် လက်သီးတိုက်ကွက်ကို ၁၈ နှစ်မှာတဲ့လား။ သူက ပါရမီရှင်တွေထဲက ပါရမီရှင်ကြီးတစ်ယောက်ဘဲ "

" သာမန်ထက် ထူးချွန်တာ မထူးဆန်းတော့ပါဘူး။ သူ့မှာ ဒီလိုအင်အားကောင်းနောက်ခံရှိတာဘဲ "

" ငါတို့တရုတ်ပြည်ကိုယ်ခံပညာလောကအတွက် မျှော်လင့်ချက်ရှိသေးတာဘဲ "

ပရိတ်သတ်တင်မဟုတ်ဘဲ သီးသန့်ခန်းထဲမှသူတွေကလည်း ထရပ်ပြီး ဩဘာပေးကြသည်။

" ဖန်းယိမင်းရဲ့ဆက်တိုက်ကန်ချက်တွေက တကယ်ကိုအကွက်လှတယ်။ စက္ကန့်ပိုင်းအတွင်းမှာကို ဟန်ဆောင်တိုက်ကွက်တွေပြောင်းနိုင်ပြီးတော့ အရမ်းလည်းအားပြင်းသေးတယ် "

" အကွက်တွေအရ တိုက်ကွမ်ဒို၊ လှည့်ကန်ချက်နဲ့ မွေထိုင်းအကွက်တွေတောင် တွေ့လိုက်သေးတယ် "

" ကြည့်ရတာ ဒါတွေကို ပိုင်နိုင်ထူးချွန်လို့ ကိုယ်ပိုင်ချကွက်တွေတောင်ထွင်ပြီး ကျောင်းထောင်နိုင်တာကိုး "

" ငါပြောရဲတယ်၊ ဒီကလေးက သေချာပေါက် ထိပ်တန်းအဆင့်ထူးချွန်တဲ့သူဖြစ်လာမှာ

လူတိုင်းက ဖန်းယိမင်းကို ချီးကျူးနေတာကြည့်ပြီး လျုံဝမ်းယွမ်၏မျက်နှာထားက တည်ကြည်နေသည်။

သူက ယဲ့ဖန်ဘက်ကို လှည့်မေးသည်။

" ရှောင်ဖန်၊ မင်း ဘယ်လိုထင်လဲ "

ယဲ့ဖန်က ကွင်းထဲကလူနှစ်ယောက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

" ကျွန်တော့်အထင် ဖန်းယိမင်းက အန္တရာယ်ရှိနေပြီ "

ရှုကျင်းရှင်းက အနည်းငယ်နားမလည်ဖြစ်သွားသည်။

" ဘာလို့လဲ။ ဖန်းယိမင်းက သေချာပေါက် အထက်စီးရနေတာဘဲလေ "

ယဲ့ဖန်က ခေါင်းခါသည်။

" အဲ့တာ သွမ့်ကျန်းလုက သူ့ရန်ဘက်ကို အထင်သေးခဲ့မိလို့။ ဖန်းယိမင်းက သွမ့်ကျန်းလု သူ့ကို အထင်သေးနေဆဲအချိန်မှာဘဲ အကွက်တွေပေါင်းပြီး တစ်ချီတည်းအပြတ်ဖြုတ်ဖို့ ကြိုးစားခဲ့တာ "

" ဒါပေမဲ့ သွမ့်ကျန်းလုရဲ့တိုက်ပွဲအတွင်းအသိစိတ်က အရမ်းလျင်တယ်။ အဲ့တာကြောင့် ဖန်းယိမင်းအကြံကပျက်သွားရော "

" ပြီးကျရင် သွမ့်ကျန်းလုရဲ့ အသေတိုက်ကွက်တွေကိုသုံးတော့မှာ။ ဖန်းယိမင်းက သုံးကွက်ထက်ပိုပြီးမခံနိုင်မှာတောင်စိုးရတယ် "

ဒါက သူတို့သုံးယောက်ကြား သီးသန့်ပြောနေတဲ့စကားဝိုင်းဖြစ်သည်။

သို့ပေမဲ့ နားပါးတဲ့လူငယ်တစ်ယောက်ကကြားသွားပြီး ချက်ချင်းမေးခွန်းထုတ်သည်။

" ဘာမဟုတ်တာတွေပြောနေတာလဲ။ စီနီယာအစ်ကိုဖန်းရဲ့အရည်အချင်းက မင်းလိုလူနားလည်နိုင်တာမျိုးမဟုတ်ဘူး "

ထိုအချိန်တွင် သီးသန့်ခန်းထဲရှိသူတွေအားလုံးက လှည့်ကြည့်လာတော့သည်။

" ဘာဖြစ်တာလဲ "

တစ်စုံတယောက်က စပ်စပ်စုစုဖြင့်မေးသည်။

" စီနီယာအစ်ကိုဖန်းက အသာစီးရနေတာက သွမ့်ကျန်းလုက ရန်သူကို အထင်သေးထားတာကြောင့်လို့ ဒီကလေးကပြောနေတာ "

" စီနီယာအစ်ကိုဖန်းက သွမ့်ကျန်းလုကို သုံးကွက်ထက်ပိုပြီးမနိုင်ဘူးလို့လည်းပြောသေးတယ် "

သူ့စကားကိုကြားတဲ့အခါ လူတိုင်းက ယဲ့ဖန်ကို မျက်မုန်းကျိုးစွာကြည့်ကြသည်။

" မသိတတ်တဲ့ကောင်၊ ဒီမှာ အဲ့လိုမိုက်မဲတဲ့စကားပြောရလား။ မင်းက ဘာသတ္တိရှိလို့လဲ "

" ရန်သူက ငါတို့ရှေ့မှာကို သူက တစ်ဖက်လိုက်ပြောနေတာ အပြစ်ပေးခံသင့်တယ် "

" မင်းလိုလူက ဒီမှာနေဖို့တောင် ထိုက်တန်ရဲ့လား။ ထွက်သွား "

ယန်းမန်ထန်းကလည်း ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" ထပ်ပြီး မင်းဘဲလား။ အစကတော့ လေကျယ်နေတာမလို့ ခွင့်လွှတ်ပေးထားတာ။ အခုတော့ မင်းက မစဉ်းစားဘဲ ပေါက်ကရပြောနေပြန်ပြီ။ မင်းရည်ရွယ်ချက်က ဘာလဲ "

ယဲ့ဖန်က သူ့အမြင်ကိုပြောရုံသာဖြစ်သည်။

ဒီလို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရမယ်လို့ထင်မထားပေ။

ခါးသက်သက်သာပြုံးလိုက်ရသည်။

သူက တိတ်ဆိတ်နေတာကိုမြင်တဲ့အခါ ယန်းမန်ထန်းက ချက်ချင်းဟက်ခနဲလုပ်သည်။

" မင်းလိုအဆင့်နဲ့ပြိုင်မဖြစ်ဘူး။ အသိစိတ်နဲ့ချက်ခိင်းထွက်သွား "

" ထွက်သွား "

" ထွက်သွား "

" ထွက်သွား "

အပိုင်း ( ၂၆၈ )

ဘာလို့ ဒူးမထောက်နိုင်ရမှာလဲ

လျုံဝမ်းယွမ်သည် သူ့တပည့်၏အမြင်ကို သိချင်ရုံသာဖြစ်ပြီး ဒီလိုတုန့်ပြန်မှုတွေကို အာရုံဆွဲဆောင်မိမယ်မှန်း မထင်ခဲ့ပေ။

ရှေ့ကို ချက်ချင်းတက်လာပြီး လူအုပ်ဘက်ကို လက်နှစ်ဖက်စုကာပြသည်။

" ဒါက ကျွန်တော့်တပည့်ရဲ့အမြင်ပါ။ လူတိုင်းရဲ့အမြင်နဲ့မတူတာဖြစ်နိုင်ပါတယ်။ မင်းတို့က ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် "

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ယန်းမန်ထန်း၏ နားနားကို တီးတိုးပြောနေသည်။

ထို့နောက် ယန်းမန်ထန်းက လျုံဝမ်းယွမ်ကို ထပ်ကြည့်ပြီး သူ့အကြည့်က လေးနက်သွားသည်။

" ဆိုတော့ ခင်ဗျားက သွေးရဲရဲကျတဲ့ ကျန်းဒုန်းက တိုက်ပွဲကို တိုက်ခဲ့တဲ့ လျုံဝမ်းယွမ်လား "

လျုံဝမ်းယွမ်က ရှေ့ကို လက်နှစ်ဖက်စုသည်။

" ဟုတ်ပါတယ် "

ယန်းမန်ထန်းက အသာအယာခေါင်းငြိမ့်သည်။

" ငါက ခင်ဗျားရဲ့ အင်အားနဲ့သရုပ်ကို လေးစားပေမဲ့ ခင်ဗျားရဲ့တပည့်က မောက်မာတဲ့စကားတွေ ခဏခဏပြောနေတော့ သူ့ကို အပြစ်မပေးရင် မဖြစ်ဘူးလေ၊ ဟုတ်တယ်မလား။ သူ့ကို အပြင်မှာဘဲ ရပ်ကြည့်ခိုင်းလိုက် "

လျုံဝမ်းယွမ်က လက်မလျှော့ပေ။

" ရလဒ်ကမထွက်သေးတော့ ကျွန်တော့်တပည့်ကမှားတယ်ဆိုတာ ဘယ်လိုသိမှာလဲ "

ထိုအခါ တစ်ခန်းလုံးရဲ့မုန်းတီးတဲ့အကြည့်ကို ထပ်ရလိုက်ပြန်သည်။

" ဘာကိုဆိုလိုတာလဲ။ စီနီယာအစ်ကိုဖန်းက ရှုံးမယ်လို့ သူကပြောနေတာလား "

" ဆရာတပည့်လိုက်ပါပေတယ်။ နှစ်ယောက်လုံး အမြင်မကောင်းကြဘူးဘဲ "

" လျုံဝမ်းယွမ်ရဲ့နာမည်ကို အရင်ကကြားဖူးပေမဲ့ အခုဒီနေ့တွေ့လိုက်ရတော့ အရမ်းစိတ်ပျက်သွားပြီ "

" သူ့တိုက်ပွဲက အစစ်ဟုတ်မဟုတ်တောင် သံသယဝင်မိတယ် "

" ငါလည်း သံသယဝင်တယ်။ ဒီလိုအမြင်နဲ့ ၇ပြည်ထောင်က ဆရာကြီးတွေကို ဘယ်လိုအနိုင်ပိုင်းနိုင်မှာလဲ "

" ဒီအတိုင်း ကောလဟာလဘဲထင်တယ်။ နာမည်ကြီးသလောက် မကောင်းဘူးနေမှာ "

လျုံဝမ်းယွမ်အကြောင်းပြောနေကြတဲ့ လူအုပ်ကြီးကြောင့် ယန်းမန်ထန်းက သူ့ကို မသာမယာကြည့်ပြန်သည်။

" လျုံလူကြီးမင်း၊ ခင်ဗျားက မစဉ်းစားဘဲပြောတတ်တဲ့ကလေးတစ်ယောက်အတွက်နဲ့ ပုံရိပ်ကျဆင်းခံမလို့လား "

လျုံဝမ်းယွမ်က သူ့ကို မျက်လုံးတည့်တည့်စိုက်ကြည့်သည်။

" ကျွန်တော့်တပည့်စကားအတွက် တာဝန်ယူနိုင်ပါတယ်။ အကယ်၍ ဖန်းယိမင်းကသာ အဆုံးမှာနိုင်မယ်ဆိုရင် လူတိုင်းကို ဒူးထောက်တောင်းပန်ပါ့မယ် "

သွေးပူနေတဲ့အခန်းထဲကသူတွေက ရုတ်တရက်ငြိမ်ကျသွားတော့သည်။

လျုံဝမ်းယွမ်၏လောင်းကြေးက မသေးပေ။

သူက ဒီလောကမှာ နာမည်အတော်အသင့်ရှိတဲ့သူဖြစ်ပြီး သူသာ နှစ်အတော်ကြာ တိတ်တဆိတ်မနေခဲ့ပါက ဒီထက်တောင် အဆင့်မြင့်လေးစားခံရမယ့်သူဖြစ်သည်။

သူက ဒီနေ့မှာ ဆိုဖာပေါ်မှာထိုင်ခွင့်ရတဲ့သူအဆင့်ထိရှိသည်။

ဒီလိုလူက ဒူးထောက်တောင်းပန်မည်ဆိုတာ သေရတာထက် ပိုအရှက်ကွဲသည်။

သူတို့ ဘာပြောနိုင်မှာလဲ။

ယန်းမန်ထန်းက ခေါင်းငြိမ့်လိုက်သည်။

" ကောင်းပြီ၊ ဖန်းယိမင်းသာရှုံးခဲ့ရင် ငါက ခင်ဗျားတပည့်ကို လူသိရှင်ကြားတောင်းပန်မယ် "

လျုံဝမ်းယွမ်က ပြိုင်ကွင်းဘက်ကိုလှည့်ကြည့်ပြီး သက်ပြင်းရှည်ချလိုက်သည်။

" ဖန်းယိမင်းက အနိုင်ရပြီး တရုတ်ပြည်ကိုယ်ခံပညာလောကရဲ့ဂုဏ်ကို ပြန်ဆောင်နိုင်မယ်လို့မျှော်လင့်တယ်။ အဲ့လိုသာ ငါ လျုံဝမ်းယွမ်က ဘာလို့ ဒူးမထောက်နိုင်ရမှာလဲ "

လူတိုင်းက စိတ်လှုပ်ရှားသွားကြသည်။

ထို့နောက် ပြိုင်ကွင်းဘက်ကို ပြန်ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ဖန်းယိမင်းက နောက်ထပ်တစ်ချီစတိုက်နေပြီဖြစ်သည်။

ပြီးတော့ တိုက်ချက်တွေက အရင်ကထက် ပိုပြင်းထန်လာလေသည်။

ယဲ့ဖန်ပြောသလိုဘဲ သွမ့်ကျန်းလုက ရန်သူကို အထင်သေးခဲ့မိတာကြောင့် ဖန်းယိမင်းကို ဟာကွက်ကိုရှာတိုက်နိုင်ခဲ့တာဖြစ်သည်။

ဒီတစ်ခါမှာတော့ သွမ့်ကျန်းလုက အာရုံအပြည့်စိုက်ထားသည်။

ဖန်းယိမင်းသည် အရင်တစ်ချီကလို မအောင်မြင်နိုင်တော့ပေ။

နှစ်ကွက်လောက်ချပြီးတဲ့နောက် ဖန်းယိမင်း၏ပျော့ချက်ကို သွမ့်ကျန်းလုကရှာတွေ့ပြီး ကာကွယ်နေရင်းဖြင့် ရင်ဘတ်ကို အကန်ခံလိုက်ရသည်။

ဖျတ်၊ ဖျတ်၊ ဖျတ်

ဖန်းယိမင်း နောက်ပြန်ဆုတ်ရသည်။

ထို့နောက် ပါးစပ်အပြည့်သွေးအန်ထွက်လာသည်။

" အား ..... "

အားပေးနေကြတဲ့လူအုပ်ကြီးက သတိပေးကြသည်။

" ဖန်းယိမင်း၊ သတိထား "

" မပူပါနဲ့။ ဖန်းယိမင်းက ကျုံးဟိုင်မှာ နံပါတ်တစ်ပါရမီရှင်ဆိုတော့ ရှုံးမှာမဟုတ်ပါဘူး "

' ဟုတ်တယ်၊ သူက အခု သတိလွတ်သွားလို့ပါ။ ချက်ချင်းပြန်တိုက်နိုင်ပါလိမ့်မယ် "

" ဂျပန်ကောင်၊ သေစမ်းပါ "

လူတိုင်းက ဆက်အားပေးနေကြစဉ်မှာဘဲ ဖန်းယိမင်းက ထပ်တိုက်သည်။

ဒီတစ်ခါမှာတော့ ပိုဆိုးလာသည်။

သူက ရှေ့တက်ပြီး ဘာမှမလုပ်နိုင်ခင်မှာဘဲ သွမ့်ကျန်းလုက ထိုးချတာကြောင့် မြေပေါ်ကို ဘုန်းခနဲလဲကျသွားရသည်။

အွတ်၊ ဖူး .....

ဖန်းယိမင်း သွေးထပ်အန်ပြန်သည်။

သွမ့်ကျန်းလုက အခွင့်အရေးယူပြီး မတိုက်ပေ။

အဲ့အစား ဖန်းယိမင်းကို ငုံ့ကြည့်သည်။

" အရှုံးလက်ခံလိုက်၊ ငါမင်းကို မသတ်ဘူး "

ဖန်းယိမင်းက ပြုံးလိုက်သည်။

မြေပြင်ကနေ ခက်ခက်ခဲခဲရုန်းထသည်။

" လာ နောက်တစ်ခေါက် "

ထိုသို့ပြောပြီး သွမ့်ကျန်းလုဆီကို ထပ်ဝင်တိုးသည်။

သွမ့်ကျန်းလုကလည်း မညှာပေ။

ချက်ချင်းကန်လိုက်ပြန်သည်။

မျက်နှာကို ထိသွားသည်။

ဖန်းယိမင်းသွေးတွေက လေထဲမှာတင်ထွက်ကျလာပြီး မြေပေါ်ကို လဲကျသွားပြန်သည်။

သူ သေလုဆဲဆဲဖြစ်နေသည်။

သွမ့်ကျန်းလုက သူ့ကို တည်ကြည်တဲ့အမူအရာဖြင့်ကြည့်သည်။

" ငါမင်းကို တကယ်ဘဲမသတ်ချင်ဘူး။ အရှုံးကို ဝန်ခံလိုက် "

ကြည့်နေတဲ့ပရိတ်သတ်တွေကလည်း ဆက်မကြည့်ရက်ကြတော့ပေ။

" ရပ်လိုက်တော့၊ အရှုံးပေးလိုက် "

" ဟုတ်တယ်။ ဆက်တိုက်နေရင် သေလိမ့်မယ် "

" ပြိုင်ပွဲလေးတင်ဘဲမလား။ အရှုံးက အရှုံးပေါ့ "

" ဟုတ်တယ်။ အသက်ရှိသရွေ့ မျှော်လင့်ချက်ရှိတယ်။ လေ့ကျင့်ပြီး အနာဂတ်မှာ ပြန်လက်စားချေလို့ရတာဘဲ "

" မြန်မြန်အရှုံးပေးလိုက်ပါ၊ တောင်းပန်ပါတယ် "

လူအုပ်ကြီး၏အားပေးသံကြောင့် ဖန်းယိမင်း အနည်းငယ်ရုန်းကန်ပြီးနောက် မြေပေါ်မှထပ်ထလာသည်။

ဒါပေမဲ့ ထရပ်ဖို့ထိ အားမရှိတာကြောင့် မြေပေါ်မှာ ဒူးထောက်နေသည်။

သူ့ နဂိုနူးညံ့လှပတဲ့မျက်နှာက လုံးဝကို စုတ်ပြတ်သတ်နေပြီဖြစ်သည်။

သွေးနှင့်သွားရည်တို့က ပါးစပ်မှစီးကျနေသည်။

" ထပ်ပြီး ........ လာစမ်းပါ "

သူက သွမ့်ကျန်းလုကိုကြည့်ပြီး အားနည်းသွာပြောသည်။

သွမ့်ကျန်းလုမျက်နှာမှာ လေးစားတဲ့အရိပ်အယောင်ပေါ်လာပြီး ဖန်းယိမင်းကို အနည်းငယ်အရိုအသေပေးလိုက်သည်။

" မင်းက လေးစားဖို့ထိုက်တန်တဲ့သူရဲကောင်းဘဲ။ ဖန်းယိမင်း၊ ငါမင်းနာမည်ကို အမှတ်ရနေမယ် "

သူကပြောပြီးတဲ့နောက် ခေါင်စကို ပိတ်ထိုးလိုက်သည်။

ဖူး .........

ဖန်းယိမင်း သွေးတွေ ပါးစပ်မှ တရစပ်စီးကျလာတော့သည်။

အမြင်တွေက ဝေဝါးပြီး .......

ဘုန်း .......

စင်ပေါ်မှာ လဲကျသွားတော့သည်။

ကြိုးကွင်းထဲမှာ သွေးတွေနေရာအနှံ့ဖြစ်နေသည်။

ကျုံးဟိုင်မြို့၏နံပါတ်(၁)ကိုယ်ခံပညာရှင်က ကျဆုံးသွားပြီဖြစ်သည်။

သွမ့်ကျန်းလု တရုတ်ပြည်ကိုလာတဲ့ခရီးစဉ်မှာ သေတဲ့ ပထမဆုံးကိုယ်ခံပညာရှင်ဖြစ်သည်။

ပြီးတော့ သူ လေးစားတယ်လို့ခံစားရတာ ပထမဆုံးအကြိမ်လည်းဖြစ်သည်။

ဖန်းယိမင်းမှတစ်ဆင့် တရုတ်ပြည်၏တောက်ပခဲ့တဲ့ ကိုယ်ခံပညာရှင်ဂုဏ်ရောင်ကို သွမ့်ကျန်းလုခံစားမိသည်။

ဒါပေမဲ့ ဒီနေ့မှာတော့ ထိုဂုဏ်ရောင်က နေဝင်ချိန်လို မှေးမှိန်နေပြီဖြစ်သည်။

ဒီလို သွေးပူတဲ့ပညာရှင်မျိုးက ကြုံခဲတာဘဲ။

All Chapters