← Chapters

အပိုင်း ၂၆၉-၂၇၂

Vol. 14 Ch. 269-272

အပိုင်း ၂၆၉-၂၇၂

Vol. 14 Ch. 269-272

အပိုင်း ( ၂၆၉ )

သူက သွေးပူတတ်တဲ့သူ

ပြိုင်ကွင်းထဲရှိ ဖန်းယိမင်းကို ဆေးရုံသို့အမြန်ခေါ်ဆောင်သွားခဲ့ကြပေမဲ့ သူ့ဒဏ်ရာတွေအရ ကယ်ဖို့ မမီလောက်တော့ပေ။

ကွင်းအပြင်ဘက်မှ ပရိတ်သတ်တွေကတော့ လူငယ်ပါရမီရှင် နေရာမှာတင်ဘဲ သေသွားတာကြောင့် အံ့ဩထိတ်လန့်နေကြသည်။

ဒီလိုမြေအောက်ပြိုင်ကွင်းတွေမှာ လူသေကြတာ မထူးဆန်းပေမဲ့ လူငယ်ပါရမီရှင်တစ်ယောက်က်ုဆုံးရှုံးလိုက်ရတာက ခံရခက်စေသည်။

သူက တရုတ်ပြည်ကိုယ်ခံပညာလောကအတွက် အနာဂတ်မျှော်လင့်ချက်ဖြစ်သည်။

သူက ဒီလိုဘဲ သေသွားတော့တာလား။

တစ်ချိန်တည်းမှာဘဲ သီးသန့်ခန်းထဲမှ လေထုဖိအားက အောက်ဆုံးအမှတ်ကိုရောက်ရှိလို့နေသည်။

လူတိုင်းက ပြိုင်ကွင်းကို ငေးမောကြည့်နေကြသည်။

အတော်ကြာ အကြည့်မလွှဲနိုင်ကြပေ။

တိုင်းပြည်၏ လူနေမှုအဆင့်အတန်းပြောင်းလဲလာတာနဲ့အမျှ တရုတ်ပြည်မှာလည်း ကိုယ်ခံပညာကို အရေးတယူလုပ်ကြတဲ့သူမရှိတော့ပေ။

ကိုယ်ခံပညာကို အမှန်အကန်လေ့ကျင့်ကြသူတွေမရှိတော့ပေ။

သူတို့က သာမန်ကွန်ဖူးလောက်ကိုဘဲလေ့ကျင့်ကြသလို တစ်ချို့ကလည်း အလှပြအကွက်တစ်ချို့ကိုသာသိကြသည်။

ကြော်ညာရိုက် ဇာတ်ကားရိုက်လောက်အဖြစ်ဘဲသုံးကြပြီး အားလုံးက ပိုက်ဆံပေါ်ဘဲအခြေခံကြသည်။

ဒီလို ကြမ်းတမ်းပြီး သွေးထွက်သံရိုဖြစ်ကာ သေတဲ့အထိတိုက်တဲ့ပွဲမျိုးမရှိတာ အတော်ကြာပြီဖြစ်သည်။

ဖန်းယိမက်းက သေချာပေါက် သေမျိုးဖြစ်သည်။

အဲ့တာကြောင့် သူထွက်သွားတုန်းကပြောခဲ့တာရှိသည်။

'ခင်ဗျားတို့နဲ့ရှိရတာ ရှက်ဖို့ကောင်းတယ်'ဟုဆိုသွားသည်။

သူ့ဆီမှ တရုတ်ပြည်ကိုယ်ခံပညာ၏အနာဂတ်ဂုဏ်ရောင်ကို လူတိုင်းခံစားမိသည်။

ပြီးတော့ သိုင်းပညာရှင်တစ်ယောက်မှာရှိသင့်တဲ့စိတ်ထားလည်း အပြည့်အဝရှိသည်။

ထိုအတွေးကြောင့် ယန်းမန်ထန်း ပြိုင်ကွင်းမှအကြည့်လွှဲပြီး သက်ပြင်းချလိုက်သည်။

ယဲ့ဖန်ဆီကိုလျှောက်လာပြီး ရှုပ်ထွေးတဲ့အမူအရာဖြင့်ကြည့်လိုက်သည်။

" မင်းထင်မြင်ချက်က မှန်ပါတယ်။ ဖန်းယိမင်းက သုံးကွက်ထက် ပိုမခံနိုင်ခဲ့ဘူး။ အရင်က ပြောခဲ့မိတယအတွက် တောင်းပန်ပါတယ် "

ထိုအခါ အခန်းထဲရှိလူတိုင်းက အသိပြန်ကပ်လာကြတော့သည်။

သူတို့အားလုံးက ယဲ့ဖန်ကိုကြည့်ကြသည်။

ယဲ့ဖန်က အမြင်ဘဲစူးရှတာလား သူပြောသလိုဘဲဖြစ်လာတာလား။

သုံးကွက်ထက်မပိုဘူးဟုပြောခဲ့ပြီး နေရာမှာတင်သေမလိုဖြစ်နိုင်သည်ဟုဆိုခဲ့သည်။

တစ်ချိန်တည်းမှာဘဲ သူတို့စိတ်ထဲမှ မေးခွန်းတစ်ခုပေါ်လာသည်။

ဒီတစ်ယောက်က ထင်ရာခန့်မှန်းတာလား ..... သေချာစိစစ်ပြီးမှ ဆုံးဖြတ်တာလား။

ထင်ရာခန့်မှန်းတာဆိုရင်တော့ အဆင်ပြေပေမဲ့ နောက်တစ်ခုသာဆိုရင်တော့ ဒီလူငယ်လေးရဲ့အမြင်ကအတော်လေးစူးရှလေစည်။

တစ်ချက်ကြည့်တာနဲ့ သူက နှစ်ပေါင်းများစွာလေ့ကျင့်ထားတာကြောင့်ဟုပြောနိုင်လိမ့်မည်။

သို့ပေမဲ့ ယဲ့ဖန် ကိုယ်ခံပညာလေ့ကျင့်တာက တစ်ခတောင်မပြည့်သေးမှန်း သူတို့သိပါက အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြလိမ့်မည်။

ယဲ့ဖန်က ငေးမောနေဆဲဖြစ်သည်။

ကိုယ်ခံပညာမှာ ဒီလိုဘဝနဲ့သေရေးတိုက်ပွဲကို ပထမဆုံးအကြိမ်မြင်ဖူးတာဖြစ်သည်။

ပြီးတော့ သေသွားသူက အနာဂတ်ကောင်းရှိတဲ့ပါရမီရှင်တစ်ယောက်ဖြစ်သည်။

ထို့ကြောင့် သူ့စိတ်ထဲမှာ ခံစားချက်ပေါင်းစုံရောပြွန်းလာရသည်။

ယန်းမန်ထန်းက သူ့ကိုလာတောင်းပန်တာကြောင့် သူ အထူးတလည်ပျော်မသွားပေ။

ယန်းမန်ထန်းက ယဲ့ဖန်ရဲ့အမူအရာကိုမြင်တဲ့အခါ သူက သွေးထွက်သံရိုမြင်ကွင်းကို ဘယ်တုန်းကမှ မမြင်ဖူးမှန်း ခန့်မှန်းသိလိုက်သည်။

ထို့ကြောင့် လျုံဝမ်းယွမ်ဘက်ကိုသာ လှည့်လိုက်တော့သည်။

" အစ်ကိုဝမ်းယွမ် ခင်ဗျားမှာ တပည့်ကောင်းရှိတာဘဲ "

လျုံဝမ်းယွမ်က ချီးကျူးခံရ၍ ပျော်တဲ့အမူအရာဖြစ်မလာပေ။

ဖန်းယိမင်း ရှုံးမယ်ဆိုတာ သူကြိုသိခဲ့ပါသော်လည်း တောက်ပတဲ့အနာဂတ်ပိုင်ရှင်ပါရမီရှင်လေးက သူ့မျက်စိရှေ့တွင် သေသွားရတာကြောင့် အလွန်နောင်တရနေသည်။

ဒီလူငယ်လေးရဲ့စွမ်းရည်က ယဲ့ဖန်ကလွဲရင် အကောင်းဆုံးဖြစ်သည်။

ဖန်းယိမင်းသာ နှစ်အနည်းငယ်ဆက်လေ့ကျင့်ပါက သေချာပေါက် ထိပ်တန်းဆရာကြီးအဆင့်ဖြစ်လာပေလိမ့်မည်။

ဒီလိုလူငယ်လေးက ခေါင်းမာလွန်းတာတော့ နှမြောစရာကောင်းလှသည်။

သူက သေတဲ့အထိတိုက်ခိုက်သွားလေသည်။

သတ္တိရှိရှိ အသေခံသွားလေသည်။

ဖန်းယိမင်းက တရုတ်ပြည်ရဲ့ကိုယ်ခံပညာလောကကို အတော်လေးစိတ်ပျက်နေတာကြောင့်လည်းဖြစ်နိုင်သည်။

ဒါကြောင့် သူ့ရဲ့ဘဝကို ဆက်မနေချင်တော့တာဖြစ်လောက်မည်။

ဒါပေမဲ့ ဘယ်လိုဘဲဖြစ်စေကာမူ တရုတ်ပြည်ကိုယ်ခံပညာလောကအတွက် ဆုံးရှုံးမှုက အတော်လေးကြီးမားသည်။

ထိုအချိန်တွင် သွမ့်ကျန်းလု၏မောက်မာမှုက အထွတ်အထိပ်ကိုရောက်နေလေသည်။

ပရိတ်သတ်တွေကို ဖြည်းဖြည်းချင်းကြည့်လိုက်သည်။

" ငါနဲ့စိတ်ခေါ်ချင်တဲ့သူ ဘယ်သူရှိသေးလဲ "

လေထုက သိပ်သည်းဆများနေတော့သည်။

နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ထားခြင်းက သူတို့ရဲ့နဂိုစိတ်အားထက်သန်မှုတွေကို ဖြည်းဖြည်းချင်းလျော့နည်းလာစေသည်။

သွမ့်ကျန်းလုသည် သူ့မျက်လုံးထဲမှ အထင်သေးမှုကိုပင် မဖုံးကွယ်နိုင်တော့ပေ။

" အရှေ့အာရှက ငနာကောင်တွေ မင်းတို့ ငါတစ်ယောက်တည်းကိုတောင် စိန်မခေါ်ရဲရင် အတူတူလာလည်းရတယ် "

ကြည့်နေတဲ့ပရိသတ်တွေက ပိုလို့တောင် အရှက်ရသွားကြသည်။

အချို့သောစိတ်တိုသူများက တရုတ်သိုင်းပညာလောကကို စတင်ကျိန်ဆဲကြသည်။

" သူတို့က သူတို့ရဲ့ ပြိုင်ဘက်ကင်းကိုယ်ခံပညာကို ကြွားဝါလေ့ရှိပေမယ့် ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာဆို သူတို့အားလုံးက သူရဲဘောကြောင်တဲ့သူတွေ ဖြစ်သွားကြပြီ "

" ဟုတ်တယ်၊ ကြွားလုံးထုတ်လေ့ရှိတဲ့ဆရာကြီးတွေက ဘယ်ရောက်နေလဲ။ အခုဘယ်မှာလဲ "

" ဟိုကဖြင့်တံခါးဝကိုတောင်ရောက်နေပြီ။ သူတို့က ပုန်းနေကြတယ်။ အမှိုက်တွေချည်းဘဲ "

" မင်းအဲ့လိုပြောလို့မရဘူးလေ။ ခုနက ဖန်းယိမင်းကတော့ လူကောင်းတစ်ယောက်ပါ။ ဆိုးရွားတဲ့အခြေအနေနဲ့သေသွားပေမယ့် သူကတော့ တကယ့်ပညာရှင်အစစ်ဘဲ "

" အဲ့တာကြောင့် သူက ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားရတာလေ။ အသက်ကြီးတဲ့သူတွေက နောက်ကွယ်ကနေ သူရဲဘောကြောင်နေကြတာ "

လူအုပ်ကြီး၏ကျိန်ဆဲသံများက ပိုမိုကျယ်လောင်လာသည်။

သီးသန့်ခန်းထဲတွင် ယန်းမန်ထန်းက မျိုးဆက်သစ်လူငယ်တွေကို ကြည့်ပြန်သည်။

" မင်းတို့ အဲ့တာကို ကြားကြလား။ ငါတို့ တရုတ်သိုင်းပညာလောကက လမ်းပေါ်ကကြွက်တစ်ကောင်လိုဖြစ်နေပြီ။ မင်းတို့ထဲက ဘယ်သူက ငါတို့ရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ချင်လဲ "

သူ့မေးခွန်းကိုကြားတော့ အားလုံးက နှုတ်ဆိတ်နေကြသည်။

လာနောက်နေတာလား။

ရှေ့က တက်သွားတဲ့သူနှစ်ယောက်မှာ တစ်ယောက်ကသေပြီး နောက်တစ်ယောက်ကဒဏ်ရာအပြင်းအထန်ရခဲ့သည်။

သူတို့ထဲက ဘယ်သူကများ တကူးတကသွားပြီးအသေခံရဲမှာလဲ။

ယန်းမန်ထန်းက အကြိမ်အနည်းငယ် မေးပေမယ့် ဘယ်သူမှ မဖြေကြပေ။

သူ စိတ်ပျက်သွားသည်။

မျိုးဆက်သစ်ကိုယ်ခံပညာရှင်တွေက သတ္တိပျောက်နေပြီဖြစ်သည်။

သူတို့အပေါ်မျှော်လင့်ချက်ထားရတာက အရူးတစ်ယောက်ရဲ့ အိပ်မက်ကို ယုံရတာနဲ့မတူဘူးလား။

ထိုအချိန်မှာ သူ့နောက်က အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။

" ကျွန်တော်သွားမယ် "

သူလှည့်ကြည့်တဲ့အခါ အံ့အားသင့်သွားသည်။

ပြောလိုက်တဲ့သူက သူဆူပူခဲ့သည့် ယဲ့ဖန်ဖြစ်နေသည်။

ယန်းမန်ထန်းစကားမပြောခင်မှာဘဲ ဘေးမှာရှိနေသည့် လျုံဝမ်းယွမ်က ချက်ချင်းပြောသည်။

" မင်း မျက်စိမှိတ်ပြီး ဘာလျှောက်လုပ်ချင်နေတာလဲ "

ယဲ့ဖန်ကို ပြန်ဆွဲထုတ်လိုက်သည်။

ထို့နောက် ယန်းမန်ထန်းကို လက်သီးနှစ်ဖက်စုပြီးအရိုအသေပေးလိုက်သည်။

" တောင်းပန်ပါတယ် ဂိုဏ်းခေါင်းဆောင်ယန်း။ ဒီတပည့်က လေချွမ်သိုင်းကိုလေ့ကျင့်တာ တစ်လတောင်မပြည့်သေးပါဘူး။ ဒီလိုကြီးမားတဲ့တာဝန်ယူဖို့က သူ့အတွက် တကယ်ကို ခက်ခဲလွန်းပါတယ် "

မျှော်လင့်ချက်တလက်လက်တောက်ပနေခဲ့တဲ့ ယန်းမန်ထန်းကို ရေခဲရေပုံးဖြင့်ပတ်ခံလိုက်ရသလိုဖြစ်သွားသည်။

သူ လေ့ကျင့်တာ တစ်လမပြည့်သေးဘူးတဲ့လား။

တည်ငြိမ်တဲ့အားတောင်မရှိဘဲ စင်ပေါ်ကိုတက်ရဲမှာတဲ့လား။

ဒီတော့ သူက သွေးပူတတ်တဲ့သူပေါ့။

အပိုင်း ( ၂၇၀ )

ဝံပုလွေ၏ရည်မှန်းချက်

သီးသန့်ခန်းထဲကသူတွေက တော်တော်လေး စိတ်ပျက်သွားကြသည်။

တစ်ချို့က သူ့ကို လှောင်ရယ်ကြတော့သည်။

" အခုမှ လေ့ကျင့်တာ တစ်လတောင်မရှိသေးတဲ့အသစ်ပေါ့။ ဒီမှာ ဘာလာလုပ်နေတာလဲ "

" ဟုတ်တယ်။ စီနီယာအစ်ကိုကျန်းလန်နဲ့ ဖန်းယိမင်စတို့တောင် အပြင်းအထန်ဒဏ်ရာရပြီး တစ်ယောက်က သေတောင်သေထားတာ။ သူသွားရင် သွားအသေခံတာနဲ့မတူဘူးလား "

" အထင်ကြီးခံချင်ရင်တောင် အချိန်အခါကြည့်ဦးလေ။ အခုက အချိန်အခါသင့်တော်နေလို့လား "

" မိတ်ဆွေလေး၊ မြန်မြန်ပြန်ပြီး နို့သာသွားသောက်နေစမ်းပါ။ ဒီလိုနေရာက အရမ်းအန္တရာယ်များတယ် "

" ဒီလိုလူသစ်လေးက ကြောက်လွန်းလို့ သူ့ဘောင်းဘီကို စိုမသွားတာကဘဲ လုံလောက်နေပြီ။ ရယ်ရတာ သေတော့မယ် ဟားဟားဟား ...... "

အားလုံးရဲ့ လှောင်ပြောင်သံတွေ ကြားနေရပေမဲ့ ယဲ့ဖန်က ဘာမှပြန်မပြောပေ။

ယန်းမန်ထန်းက သူတို့ကို ပြင်းပြင်းထန်ထန် ကြည့်နေလိုက်သည်။

" မင်းတို့ ရယ်ရဲကြသေးလား။ ကိုယ်ခံပညာလေ့ကျင့်တာ တစ်လမပြည့်သေးတဲ့လူသစ်တစ်ယောက်ကတောင် အဲ့လိုလုပ်ဖို့ သတ္တိရှိသေးတယ်။ မင်းတို့မှာ သူ့ကို ရယ်ဖို့ ဘာအခွင့်အရေးရှိလို့လဲ "

" သူက ကိုယ်ခံပညာလေ့ကျင့်တာ တစ်လမပြည့်သေးဘူးဆိုရင်တောင် မင်းတို့ထက် အဆတစ်ရာမက အဆတစ်ထောင်တောင် ပိုတော်နေသေးတယ် "

ယဲ့ဖန်ကို လှောင်ရယ်နေကြသူများက ရှက်စိတ်ဖြင့် ခေါင်းငုံ့လိုက်ကြသည်။

ယန်းမန်ထန်းက သူတို့ကိုဆုံးမပြီးနောက် သူက ယဲ့ဖန်ကို လှည့်ကြည့်သည်။

" လူငယ်လေး၊ မင်းလုပ်တာကောင်းတယ်။ ဒီသတ္တိကို ထိန်းထားရင် နောင်အနာဂတ်မှာ မင်းက လူတော်တစ်ယောက်ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် အခုချိန်ကတော့ စောလွန်းနေပါသေးတယ် "

ထို့နောက် လှည့်ထွက်သွားသည်။

သူ့လုပ်ရပ်ကို မြင်သောအခါ လူတိုင်း၏အမူအရာက ပြောင်းလဲသွားသည်။

" ဂိုဏ်းခေါင်းဆောင်ယန်း၊ ဘယ်သွားမလို့လဲ "

ယန်းမန်ထန်းက ခေါင်းတောင် လှည့်မကြည့်ပေ။

" လူငယ်တွေအားလုံးက သေလောက်အောင် ကြောက်လန့်နေကြမှတော့ တရုတ်သိုင်းပညာရဲ့ ဂုဏ်သိက္ခာကို ငါ့လိုအဘိုးကြီးတစ်ယောက်ကပဲ ပြန်အဖတ်ဆယ်နိုင်မှာ "

ထိုစကားကို လူတိုင်းကကြားတဲ့အခါ အားလုံးက သူ့ကိုတားဖို့ ကြိုးစားကြသည်။

" ဂိုဏ်းခေါင်းဆောင်ယန်း၊ အဲ့လို မလုပ်ပါနဲ့။ ခေါင်းဆောင်ရဲ့အနေအထားနဲ့ ဘယ်လိုလုပ် လွယ်လွယ်ကူကူဝင်ပါလို့ရမှာလဲ "

" ဟုတ်ပါတယ်၊ ခေါင်းဆောင်က နဂါးနဲ့ကျားဂိုဏ်းရဲ့ ပုံရိပ်ကို ကိုယ်စားပြုတာပါ။ ရှုံးသွားရင် နဂါးနဲ့ကျားဂိုဏ်းက ကိုယ်ခံပညာလောကထဲမှာ ဘယ်လိုလုပ်ရပ်တည်နိုင်တော့မှာလဲ "

" ဟုတ်တယ်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဒါက ဂုဏ်ယူစရာမဟုတ်ပါဘူး။ မတက်တာ က ပိုကောင်းပါတယ် "

" ဒီ သွမ့်ကျန်းလုက အစွမ်းထက်လွန်းတယ်။ သူက ဆယ့်ရှစ်ပြည်နယ်ရဲ့မျိုးဆက်သစ်လူငယ်တွေကို ဖြတ်ကျော်ပြီးပြီ။ အရှုံးကို ဝန်ခံလိုက်မယ်ဆိုရင်တောင် သိပ်ရှက်စရာကောင်းမှာ မဟုတ်ပါဘူး "

" ဂိုဏ်းခေါင်းဆောင်ယန်း၊ ငယ်တာက အမြဲတမ်းအကောင်းဆုံးပါပဲ။ ခေါင်းဆောင်က အသက်အရမ်းကြီးနေပြီဆိုတော့ အဲ့ဒီပေါ်ကိုတက်ရင် ဒုက္ခရောက်ပါလိမ့်မယ် "

လူတိုင်းရဲ့ သတိပေးသံကို ကြားလိုက်ရပေမဲ့ ယန်းမန်ထန်း၏မျက်နှာမှာတော့ သေခြင်းတရားကို မကြောက်ကြောင်းပြသနေသည်။

" လူငယ်တွေကတောင် တိုက်ပွဲမှာ သေသေးတာဘဲ။ ငါက အသက်၇၂နှစ်ရှိတဲ့ အဘိုးကြီးဆိုတော့ ဘာလို့သေရမှာကို ကြောက်နေရမှာလဲ "

ထို့နောက် တံခါးကို တွန်းဖွင့်ပြီး ထွက်သွားသည်။

ယန်းမန်ထန်းထွက်လာသည်ကို တွေ့သောအခါ .... မူလက တိတ်ဆိတ်နေသောကွင်းကြီးက အားရပါးရ အော်ဟစ်လာပြန်တော့သည်။

" အာ၊ အဲ့တာ ယန်းမန်ထန်းလား။ ငါမြင်တာ မှားတာလား "

" တကယ်ဘဲ ကွမ်တုန်းပြည်နယ်တောင်ပိုင်းက နဂါးနဲ့ကျားဂိုဏ်းရဲ့ ခေါင်းဆောင်ယန်းမန်ထန်းပဲ "

" ဂိုဏ်းခေါင်းဆောင်ယန်းတောင်မှ ကိုယ်တိုင်ထွက်လာရတော့ တရုတ်သိုင်းပညာလောကမှာ တကယ်ဘဲ ဘာမှမကျန်တော့တာလား "

" ယန်းမန်ထန်းက ဘယ်သူလဲလို့ မေးလို့ရမလား "

" ယန်းမန်ထန်းကို မင်း မသိဘူးလား။ အဲ့အချိန်တွေတုန်းက ဂိုဏ်းခေါင်းဆောင်ယန်းက ကျန်းနန်တစ်ခွင်မှာ ပြိုင်ဘက်ကင်းပြီးတော့ သူ့နဂါးကျားလက်သီးက အရမ်းကိုပြီးပြည့်စုံတာလေ "

" ဟုတ်တယ်။ အဲ့အချိန်တုန်းက နဂါးနှင့်ကျားဂိုဏ်းက တောင်ပိုင်းကွမ်တုံက ဂိုဏ်းသေးတစ်ခုသာဖြစ်ပေမဲ့ ဂိုဏ်းခေါင်းဆောင်ယန်းက အဲ့တာကို အစကနေ ကျော်ကြားတဲ့ဂိုဏ်းတစ်ခုဖြစ်လာအောင် ကိုယ်တိုင်တည်ဆောက်ခဲ့တာ "

" နဂါးနှင့်ကျားဂိုဏ်းက အခု ကိုယ်ခံပညာလောကမှာ အရမ်းနာမည်ကြီးတဲ့အနေအထားရှိတယ်။ နေပါသည်။ ဂိုဏ်းခေါင်းဆောင်ယန်းရဲ့ စွမ်းဆောင်မှုတွေကို လျစ်လျူရှုထားလို့ မရဘူး "

" ဂိုဏ်းခေါင်းဆောင်ယန်းက အရမ်းအစွမ်းထက်တာဆိုတော့ ဒီပွဲမှာ သူအနိုင်ရမှာ သေချာတယ်မဟုတ်လား "

"သိပ်မသေချာဘူး။ ဂိုဏ်းခေါင်းဆောင်ယန်းက အစွမ်းထက်ပေမယ့် သူကအသက်ကြီးနေပြီ။ သူက သွမ့်ကျန်းလုရဲ့ပြိုင်ဖက်တောင်မဖြစ်သင့်ဘူး "

" ဂိုဏ်းခေါင်းဆောင်ယန်း ရှုံးသွားရင်တော့ သိုင်းလောကထဲမှာ နဂါးနဲ့ ကျားဂိုဏ်းရဲ့ ရပ်တည်ချက်က အတော်လေးကြီးမားတဲ့ထိုးနှက်ချက်ကိုခံရလိမ့်မယ် "

" ဂိုဏ်းခေါင်းဆောင်ယန်းအကြောင်းမသိဘူးလား။ သူ့လိုလူအိုကြီးက ဝင်ပါတယ်ဆိုကတည်းက ဒီလိုသတ္တိရှိကို လေးစားထိုက်တယ် "

" ........... "

လူအုပ်ကြီးက ဆွေးနွေးရင်း အပူတက်လာတော့သည်။

သို့ပေမဲ့ ယန်းမန်ထန်းက မသိချင်ယောင်ဆောင်နေသည်။

သူက စင်ပေါ်ကို ဖြည်းဖြည်းချင်းလျှောက်တက်လာသည်။

သွမ့်ကျန်းလုက သူ့ကိုတွေ့တဲ့အခါ ချက်ချင်း ခေါင်းမော့ပြီးရယ်သည်။

" တရုတ်ပြည်ကိုယ်ခံပညာလောကက တကယ်စုတ်ပြတ်နေပြီဘဲ။ ခင်ဗျားလို အဘိုးကြီးကိုတောင် တိုက်ဖို့ လွှတ်လိုက်တယ်ပေါ့ "

ယန်းမန်ထန်းက သူ့ကို မျက်နှာအမူအရာတည်တည်ဖြင့်သာကြည့်သည်။

" မင်းရဲ့ သာမန်အရည်အချင်းလောက်နဲ့ ငါမင်းကို သင်ခန်းစာပေးဖို့ လုံလောက်ပါတယ် "

သွမ့်ကျန်းလုက ခေါင်းခါပြီး သက်ပြင်းချသည်။

" ဒီတစ်ခါ တရုတ်ပြည်ကိုလာတာက လူငယ်ပညာရှင်တွေကိုတွေ့ဖို့ဆိုပေမဲ့ ဒီလောက်ထိစိတ်ပျက်ရမယ် မထင်ထားဘူး "

" ကိုယ်ခံပညာတတ်တဲ့သူတွေက အပေါ်ယံဖြစ်ရင်ဖြစ် မဖြစ်ရင် ခင်ဗျားတို့လို အဘိုးကြီးတွေဘဲကျန်တော့တာ "

" အင်တာနက်က အပြောစကားတွေကမှန်နေတာဘဲ။ တရုတ်ပြည်သိုင်းလောကက အဆုံးသတ်နေပြီ "

ယန်းမန်ထန်းက သူ့ကို စူးရှတဲ့အကြည့်တစ်ချက်ဖြင့်ကြည့်လိုက်သည်။

" မင်း ဘာလုပ်ချင်နေလဲဆိုတာ ငါမသိဘူးလို့ မထင်နဲ့ "

" မင်းက ဒီအခွင့်အရေးကိုယူပြီး တရုတ်ပြည်ရဲ့လူငယ်ပါရမီရှင်တွေရဲ့အညွန့်ကို ရိုက်ချိုးချင်နေတာ။ မင်း ရည်ရွယ်ချက်တွေက ဝံပုလွေတစ်ကောင်လို ကောက်ကျစ်တယ် "

သွမ့်ကျန်းလုက သူ့ရည်ရွယ်ချက်ပေါ်သွားတာကြောင့် ဟန်ဆောင်နေဖို့စိတ်ကူးမရှိပေ။

" မှန်တယ်။ ငါ တရုတ်ပြည်ကိုလာတာ မင်းတို့ရဲ့ပါရမီရှင်တွေကို တစ်သုတ်တည်းအပြတ်ရှင်းချင်လို့ဘဲ "

" ပြည်နယ် ၁၈ ခုမှာ တရစပ် လူငယ်ပညာရှင် ၅၆ယောက် အရိုးချိုးအညွန့်ဖြတ်ခဲ့ပြီးပြီ "

" ခင်ဗျားက တားနိုင်ပါ့မလား "

ယန်းမန်ထန်းက သူ့ကို စိုက်ကြည့်လိုက်သည်။

" ဒီနေ့ မင်းသွေးနဲ့ပြန်ပေးဆပ်ရမယ်။ အဲ့ဒီလူငယ်လေးတွေအတွက် တရားမျှတမှုကို ငါပေးမယ်။ ရော့ ငါ့အကွက်ကို ယူလိုက် "

ထိုသို့ပြောပြီးတဲ့နောက် ရှေ့ကိုတိုးလာပြီး သွမ့်ကျန်းလုကိုတိုက်တော့သည်။

ဟူး၊ ဟူး၊ ဟူး .....

သူ့ဘယ်လက်က နဂါးခေါင်းပုံပြင်လိုက်ပြီး ညာလက်က ကျားခေါင်းပုံစံလက်ပြင်သည်။

လက်ကို လေထဲမှာဝှေ့လိုက်ပြီး ကျားဟိန်းသံနှင့် နဂါးဟိန်းသံတို့ကို ကြားလိုက်ရသလိုပင်လှုပ်ရှားသည်။

ထိပ်တန်းပညာရှင်က အကွက်တစ်ခုခုလုပ်တာနဲ့ တန်းသိနိုင်သည်။

ထိုလှုပ်ရှားမှုနဲ့တင် ဒီလူအိုကြီးမှာ သာမန်ထက်ထူးကဲတဲ့အရည်အချင်းအစွမ်းတွေရှိမှန်း သွမ့်ကျန်းလုသိလိုက်သည်။

ထို့ကြောင့် စိတ်ကိုပြင်ဆင်ပြီး ရှေ့ကိုတက်လာသည်။

ဘန်း

နှစ်ဦးသား ရှေ့ကိုချီပြီး တိုက်ကြကာ နောက်ပြန်ဆုတ်သွားကြသည်။

" တကယ်ကို အင်အားကြီးတာဘဲ "

သွမ့်ကျန်းလုမျက်နှာက တည်ကြည်သွားသည်။

ထို့နောက် ခုန်ပြီး ခြေထောက်ကို ဝှီးခနဲယမ်းကာ ယန်းမန်ထန်း၏မျက်နှာဆီဦးတည်လိုက်သည်။

သူ့ကန်ချက်အားက အတော်လေးပြင်းပြီး လျှပ်စီးလိုလျင်စည်။

လူအများစုက ချက်ချင်းမတုန့်ပြန်နိုင်လောက်ပေ။

သူတို့က နောက်ဆုတ်တို့သာတွေးမိကြလိမ့်မည်။

ထိုအခါ ထောင်ချောက်ထဲကျသွားမှာဖြစ်သည်။

ထိုတိုက်ကွက်က နောက်ဆုတ်လိုက်တာနဲ့ နှစ်ချက်ဆင့်တိုက်ခံရမှာဖြစ်ပြီး ခေါင်းပြုတ်ထွက်မတတ်အကန်ခံရမည်ဖြစ်သည်။

သို့ပေမဲ့ သွမ့်ကျန်းလု၏အကြံကပျက်စီးသွားရသည်။

သူ့ရဲ့ပြင်းထန်တဲ့ကန်ချက်ကို ယန်းမန်ထန်းက မရှောင်ဘဲ ဆက်တိုက်ဖို့ အစပြုသည်။

သွမ့်ကျန်းလု၏ခြေကျင်းဝတ်ကို ညာလက်ဖြင့်လှမ်းဖမ်းလိုက်သည်။

ကန်ချက်အားကပြင်းတာကြောင့် လှမ်းဖမ်းတဲ့ လက်မနဲ့လက်ညှိုးကြားက နေရာကပြဲထွက်ပြီးသွေးတွေထွက်လာပေမဲ့ ယန်းမန်ထန်းဟာ လက်ကောက်ဝတ်နဲ့ ဗိုက်အားကို ညှစ်လိုက်ကာ သွမ့်ကျန်းလု၏ ခြေကျင်းကို လက်နှစ်ဖက်ဖြင့် ဆွဲပြီး မြေပြင်ပေါ်ကို ပစ်ပေါက်လိုက်သည်။

ဘန်း

သွမ့်ကျန်းလု၏ကိုယ်က ပြိုင်ကွင်းထဲကို ပြင်းထန်စွာပေါက်ခံလိုက်ရသည်။

အနားကပရိတ်သတ်တွေက မြေကြီးတုန်ခါသွားမှုကိုတောင် ခံစားလို့ရသည်။

အားဘယ်လောက်ပြင်းလဲဆိုတာ ခံစားလို့ရနိုင်သည်။

စတဲ့နေ့ကတည်းက ဒါဟာ တရုတ်ပြည်ပညာရှင်ဘက်မှ အမှန်အကန် အသာစီးရတာဖြစ်တာကြောင့် ကြည့်နေကြသူတွေက ထရပ်ပြီး အားပေးကြတော့သည်။

အပိုင်း ( ၂၇၁ )

စိတ်ဝင်စားစရာ အကောင်းဆုံးအခိုက်အတန့်

သီးသန့်ခန်းထဲ၌ ချက်ချင်းဆိုသလို ရုတ်ရုတ်သဲသဲဖြစ်သွားရသည်။

“ ဂိုဏ်းခေါင်းဆောင်ယန်းက အရင်ကလို အားပြင်းနေတုန်းပါပဲလား။ သူ့ရဲ့ ‘မြင်းရိုက်တဲ့ကြာပွတ်’အကွက်က တကယ်အံ့ချီးလောက်စရာပဲ ”

“ ဟုတ်ပ၊ ဟုတ်ပ။ သွမ့်ကျန်းလုက ခွန်အားအရာမှာထူးချွန်တယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်ယန်းရဲ့ တိုက်ကွက်တွေကိုမြင်တော့ သူ့ရဲ့ လက်သီးသုံးပုံတွေ ကန်ချက်တွေက ရိုးရိုးရှင်းရှင်းကိုအားပျော့သွားတယ်.”

“ ကျန်းနန်ပြည်နယ်မှာတော့ ဂိုဏ်းခေါင်းဆောင်ယန်းကို ဘယ်သူမှ မယှဉ်နိုင်ဘူး။ သွမ့်ကျန်းလုလောက်ကတော့ စကားထဲတောင် ထည့်ပြောနေစရာမလိုဘူး.”

“ဂိုဏ်းခေါင်းဆောင်ယန်း၊ သူ့ကို အမြန်သတ်ပစ်ပြီး ကျွန်တော့်တပည့် ကျန်းလန်နဲ့ ကျုံးဟိုင်မြို့ရဲ့ပါရမီရှင် ဖန်းယိမင်းတို့အတွက် ပြန်လက်စားချေပေးပါ.”

“ပြီးတော့ သူ့ကြောင့် မသန်မစွမ်းဖြစ်သွားရတဲ့ တရုတ်ကိုယ်ခံပညာပါရမီရှင် အယောက်ငါးဆယ်လောက်ရှိတယ်။ ကျွန်တော်တို့သူတို့အတွက် ကလဲ့စားချေပေးရမယ် “

ယခုအခန်းထဲရှိလူအားလုံးမှာ သွမ့်ကျားလုအား အရိုးထဲကပင် မုန်းတီးနေကြတာဖြစ်သည်။

ထိုဂျပန်ကောင်ကလေးက အလွန်ထောင်လွှားလွန်းသည်။

သူက တရုတ်မှာရှိနေတဲ့ လူငယ်မျိုးဆက်သစ် ပါရမီရှင်တွေအကုန်လုံးကို သူ့လက်နဲ့ကိုယ်တိုင် ချေမှုန်းပစ်ချင်နေတာ ဖြစ်သည်။

ထိုအရာကတကယ်ကိုမုန်းစရာပင်။

လျုံဝမ်းယွမ်ပင်လျှင် မနေနိုင်ပဲ ခေါင်းငြိမ့်ထောက်ခံမိတော့သည်။

“ ဂိုဏ်းခေါင်းဆောင်ယန်းရဲ့ အစွမ်းကတော့ တကယ်ကိုပဲနက်နဲလှပါတယ်။ သွမ့်ကျန်းလုက သူ့အတွက်ပြိုင်ဘက်လို့တောင် မခေါ်ထိုက်ဘူး “

ယဲ့ဖန် ထိုလူအား သူ့ဆရာတောင်မှ ချီးကျုးနေရသည်ကို ကြားလိုက်ရသည်။

ဘာကြောင့်မှန်းမသိ အနည်းငယ်မလွယ်ကူဘူးဟု ယဲ့ဖန် ခံစားလာရသည်။

ကိစ္စတွေက ထိုမျှလောက်မရိုးရှင်းနိုင်ပေ…

ထိုသီးသန့်ခန်းနှင့်ယှဉ်လျှင် တိုက်ရိုက်ထုတ်လွှင့်နေတာကိုကြည့်နေသည့် ပရိသတ်များမှာ ပိုလို့ပင်ရူးသွပ်ကုန်တော့သည်။

တရုတ်အသင်းက တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရဖြင့် ပထမပွဲစဉ် နှစ်ခုလုံးကို ရှုံးနိမ့်သွားခဲ့သည်။

ပရိသတ်များမှာ အသက်ရှူပင်အောင့်ထားမိသည်။

ယခုယန်းမန်ထန်း၏ တိုက်ကွက်တစ်ခုက သွမ်းကျန်းလု၏ထောင်လွှားနေမှုကို အဆုံးသတ်သွားစေခဲ့သည်။

တကယ်ကိုအဆင့်မြင့်တာပဲ!

“ ဂိုဏ်းခေါင်းဆောင်ယန်း၊ ခင်ဗျားကတော့ တကယ်အံ့ဩစရာပဲ။ အဲ့ဂျပန်ကောင်ကို ဆက်သာရိုက်။ သူ့ကိုမျက်နှာသာမပေးနဲ့ “

“ ဂျပန်လေး၊ မင်းဆက်ပြီးထောင်လွှားနေလို့ ရသေးတယ်နော်။ ဂိုဏ်းခေါင်းဆောင်ယန်းက မင်းကိုသင်ခန်းစာပေးပေးလိမ့်မယ် “

“ ဂိုဏ်းခေါင်းဆောင်ယန်းကတော့ တကယ့်ကိုဆရာကြီးပဲ။ တိုက်ကွက်တစ်ခုနဲ့တင် အဲ့ဂျပန်ကောင်ကို တစ်သက်စာပညာပေးလိုက်နိုင်တယ် “

“ ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်ယန်းက အခုထိဆရာသခင်မဖြစ်သေးဘူးမလား။ ကိုယ်ခံပညာလောကမှာ ဆရာသခင်လို့ ခေါ်ထိုက်တဲ့လူက ဇာမဏီငှက်မွှေးနဲ့ ယူနီကွန်းဦးချိုလိုပဲ၊ အရမ်းရှားပါးတယ် “

“ ငါကတော့ အဲ့တာကိုဂရုမစိုက်ဘူး။ ငါ့နှလုံးသားထဲမှာတော့ ဂိုဏ်းခေါင်းဆောင်ယန်းက ဆရာသခင်ပဲ။ ငါလုပ်ချင်တာလုပ်လို့ရတယ် “

“ ငါလည်းအဲ့လိုပဲထင်တယ်။ မင်းက ဆရာသခင်ဖြစ်နေတော့ရော ဘာအရေးလဲ။ ဒီလိုအချိန်မှာ အဲ့ဆရာသခင်ဆိုတဲ့ဟာတွေ အကုန်ဘယ်နားသွားသေနေကြတာလဲ။ ဂိုဏ်ခေါင်းဆောင်ယန်းလိုလူမျိုးကပဲ ပြောင်းလဲပေးသွားတာမဟုတ်ဘူးလား “

“ ငါလည်းသဘောတူတယ်။ ဂိုဏ်းခေါင်းဆောင်ယန်းက ဆရာသခင်ပဲ! “

“ ဆရာသခင်ယန်း! “

“ ဆရာသခင်ယန်း! “

“ ဆရာသခင်ယန်း! “

ယန်းမန်ထန်းဟာတော့ ပရိသတ်များထံမှ သက်ရောက်မှုကိုလုံးဝမခံ‌ရချေ။

ထိုအောင်မြင်သည့်တိုက်ခိုက်မှုအပြီးမှာ သူမိမိကိုယ်ကိုအားမရပေ။

ထိုအစား သူခြေတစ်လှမ်းတိုးကာ သွမ့်ကျန်းလုကိုလုံးဝအနိုင်ပိုင်းပစ်ချင်သည်။

သို့သော် သွမ်းကျန်းလု၏တုံ့ပြန်မှုဟာလည်း အလွန်လျင်မြန်လေသည်။

ယန်းမန်ထန်းခြေမချရသေးခင်မှာပင် သူမြေပေါ်လှိမ့်ချပြီးပြီဖြစ်သည်။

ဘန်း!

ယန်းမန်ထန်း လွဲသွားလေသည်။

စတိတ်စင်တစ်ခုလုံး တုန်ခါသွား‌ရသည်။

သို့သော် သူ့မှာတိုက်ပွဲအတွေ့အကြုံ အများကြီးရှိသည်။

သူ့တိုက်ကွက်လွဲသွားပေမယ့် လက်မလျှော့ပဲ ထပ်မံ၍ မြေကြီးနှင့်ကပ်၍ကန်လိုက်သည်။

T/N - Sweeping kick - တိုက်ကွမ်ဒိုတွေ ဘာတွေမှာလေ မြေကြီးနားကပ်ပြီး ခြေထောက်ကိုဖြတ်ကန်တဲ့အကွက်မျိုးပါ။

ထိုအကွက်ဟာ အခုမှခြေချပြီးတည်ငြိမ်စပြုနေသော သွမ့်ကျန်းလုကို ကန်မိသွားစေသည်။

သွမ့်ကျန်းလု ယခုလေးတင်မှ မတ်တပ်ရပ်လိုက်တာဖြစ်သော်လည်း သူ့နောက်မှ လေတိုးသံကိုကြားလိုက်ရသည်။

ထို့နောက် သူဘာအမူအရာမှမပြပဲ တစ်ဖန်‌အရှေ့သို့လှိမ့်ချကာ ရှောင်လိုက်သည်။

သွမ့်ကျန်းလု ယန်းမန်ထန်း‌ဆီမှ စိတ်‌မကောင်းစရာအခြေအနေမျိုးမှာ ဖမ်းမိသွားတော့မည်ကိုမြင်တော့ ပရိသတ်အုပ်စုမှာ ပွက်လောရိုက်သွားပြန်သည်။

“ ဆရာသခင်ယန်းက တကယ်အားကြီးတာပဲ! ဟိုဂျပန်ကောင် ဆရာသခင်ယန်းဆီက အရိုက်ခံနေရတာများ ပြန်တောင်မတိုက်နိုင်တော့ဘူး “

“ လှိမ့်နေတာများ ဘောလုံးအတိုင်းပဲ။ တကယ်သနားစရာကောင်း‌နေတာပဲကွ ဟားဟားဟား…”

“ ဒါပေမယ့် အဲ့ဂျပန်ကောင်လေးကလည်း မခေဘူးနော်။ ဆရာသခင်ယန်းရဲ့တိုက်ကွက်တွေကို အချိန်တိုင်းရှောင်နိုင်တယ် “

“ အားကြီးလည်းဘာလုပ်မှာလဲ။ ဆရာသခင်ယန်းကမှ တကယ်တစ်ပန်းသာနေတာလေ။ အဲ့ဂျပန်ကောင်တော့အသေပဲ “

လူအုပ်ကြီး၏အားပေးသံကိုကြားတော့ ယန်းမန်ထန်း၏မျက်နှာအမူအရာမှာ ပိုလို့ပင်လေးနက်လာသည်။

ဒီသွမ့်ကျန်းလုက သူထင်ထားတာထက် ပိုရင်ဆိုင်ရခက်တာပဲ။

သူအဲ့ကောင်လေးကို ဖမ်းဖို့လုပ်လိုက်တိုင်း အဲ့ကောင်ကလွတ်လွတ်သွားတယ်။

ဒီလောက်မြန်တဲ့နှုန်းနဲ့တုံ့ပြန်နိုင်စွမ်းကို တစ်ခါမှတောင်မကြားဖူးဘူး။

ထိုအရာက ယန်းမန်ထန်းကို အနည်းငယ်ပူပန်လာစေသည်။

အမှန်ဆို သူကအသက်ကြီးနေပြီဖြစ်သည်။

ယခုထိုတိုက်ကွက်တွေကို ထုတ်သုံးလိုက်တာကြောင့် အနည်းငယ် အားနည်းလာသလိုခံစားနေရသည်။

ထို့ကြောင့် သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားကို ကျဆင်းစေမည့်အရာမျိုးကို သူရှောင်မှရမည်။

အဲ့အစား ဒီတိုက်ပွဲကိုအမြန်အပြီးသတ်ရမည်။

ထိုသို့တွေးကာ ထိုကောင်လေးအားလိုက်နေမှုကို ပိုအရှိန်တင်လိုက်တာကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာလည်း ပိုလို့လျင်မြန်စွာ ကျဆင်းလာတော့သည်။

သူတို့နှစ်ဦးသား ကြိုးဝိုင်းထဲမှာ ပြေးတမ်းလိုက်တမ်းကစားနေကြသည်မှာ စိတ်လှုပ်ရှားစရာကောင်းနေ၏။

သီးသန့်ခန်းထဲရှိပရိသတ်များမှာ စိတ်လှုပ်ရှားလွန်းတာကြောင့် လက်ခုပ်တွေပင်တီးကုန်ကြသည်။

“ ဂိုဏ်းခေါင်းဆောင်ယန်းကတော့ အရင်အတိုင်းသန်မာနေတုန်းပဲ။ သွမ့်ကျန်းလုကတော့ တကယ်မရှူနိုင် မကယ်နိုင်ဖြစ်နေပြီ “

“ အစက ငါနဲ့ဂိုဏ်းခေါင်းဆောင်ယန်းနဲ့ သိပ်မကွာဘူးထင်ထားတာ၊ ဒါပေမယ့် ဒီနေ့တွေ့လိုက်ရတော့ တကယ်ယုံတောင်မယုံနိုင်ဘူး “

“ ဟုတ်ပါ့၊ ဂိုဏ်းခေါင်းဆောင်ယန်းက အရမ်းသိုဝှက်လွန်းတယ်။ မဟုတ်ရင် ကိုယ်ခံပညာလောကမှာ သူ့ဂုဏ်ပုဒ်က အခုထက်ပိုမြင့်နေလောက်မှာကို “

“ ဒီနေ့တိုက်ပွဲကတော့ သေချာပေါက် ဂိုဏ်းခေါင်းဆောင်ယန်းကို ဂုဏ်တက်စေမှာပဲ။ စောင့်ကြည့်ကြတာပေါ့ဗျာ “

“ ဂိုဏ်းခေါင်းဆောင်ယန်းရဲ့ စရိုက်နဲ့ခွန်အားက ဘယ်လိုပဲဖြစ်နေပါစေ လူထုကိုသိမ်းသွင်းနိုင်တုန်းပဲ။ အဲ့တော့ ဒါကသူနဲ့ထိုက်တန်တယ်! “

“ နောက်ထပ်တိုက်ကွက် ဆယ်ကွက်လောက်တောင် မရောက်စေရဘူး အဲ့သွမ့်ကျန်းလုရှုံးမယ်ဆိုတာ ကျွန်တော်လောင်းရဲတယ်! “

“.....”

လူအများ၏အရေးမပါသည့်မြှောက်လုံးပင့်လုံးများကိုကြားတော့…

ယဲ့ဖန်မျက်မှောင်ကြုတ်မိသွားသည်။

သူ့နှလုံးသားထဲရှိ ရတက်မအေးဖြစ်မှုကလည်း ပိုလို့ကြီးထွားလာသည်။

ဤသည်ကို လျုံဝမ်းယွမ်မြင်တော့ အသံခပ်တိုးတိုးဖြင့် မေးလာသည်။

“ ရှောင်ဖန်၊ တစ်ခုခုတွေ့လို့လား “

ယဲ့ဖန် အသာခေါင်းယမ်းပြလိုက်ကာ “ကျွန်တော်လည်း သေချာတော့မပြောတတ်ဘူး။ ဒါပေမယ့် အခြေအနေသိပ်မကောင်းဘူးလို့ ခံစားနေရတယ် “

လျုံဝမ်းယွမ် အနည်းငယ်အံ့အားသင့်သွားကာ “ဂိုဏ်းခေါင်းဆောင်ယန်း ဒုက္ခရောက်တော့မယ်လို့‌ ဆိုလိုချင်တာလား “

ယဲ့ဖန်အသာခေါင်းငြိမ့်ပြလိုက်သည်။

“ သွမ်းကျန်းလုက ဉာဏ်နီဉာဏ်နက်များတယ်။ သူမရှုံးချင်တာနဲ့ပဲ ယုတ်မာတဲ့နည်းတွေ သုံးရင်သုံးလာနိုင်တယ် “

“ အခုငါတို့ကအပေါ်စီးမှာပဲကို၊ ငါတို့ဘက်က အရင်ဦးအောင်ဒီတိုက်ပွဲကို အဆုံးသတ်လိုက်လို့ရတာပဲ “

သူထိုသို့ပြောနေသည့်အချိန်မှာပဲ အခန်းထဲရှိ လူများကိုမကျေမနပ်ဖြစ်စေမည့် အကြောင်းအရာပေါ်ပေါက်လာတော့သည်။

“ ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ။ အခုဂိုဏ်းခေါင်းဆောင်ယန်းဘက်က အပုံကြီးသာနေတာ။ ဘယ်နားကအန္တရာယ်ဖြစ်စေနိုင်လို့လဲ “

“ တစ်ခုလောက်မှန်အောင်မှန်းနိုင်ရုံနဲ့ ကိုယ့်ကိုယ်ကိုဆရာကြီးထင်မနေနဲ့။ ဒီအဆင့်တိုက်ပွဲတွေကို မင်းနားရောလည်လို့လား “

“ ဘာခန့်မှန်းတာလဲ။ အသိအသာကြီး သူ့ကိုအထင်သေးနေတဲ့ဟာကို “

“ အဲ့ကောင်ကဖြင့် တစ်လလောက်ပဲ ကိုယ်ခံပညာသင်ဖူးတဲ့ငနဲပါကွာ။ သူကဘယ်လိုလုပ်ခန့်မှန်းတတ်မှာလဲ။ အစောကဟာက ကြက်ကန်းဆန်အိုးတိုးသွားတာပဲနေမှာ “

“ ဟုတ်တယ်၊ ဒီကလေးက ငါတို့ကိုဒီည မကောင်းဘူးတောင်ပြောနေသေးတာ။ အဲ့ကောင်သစ္စာဖောက်ပဲဖြစ်ရမယ် “

“ ဟေ့၊ သစ္စာဖောက်လေး။ မင်းထပ်ပြီး ရန်သူ့ဘက်ကကာပြောရင် ငါမင်းကို အလွတ်မပေးဘူးမှတ် “

“......”

အပိုင်း ( ၂၇၂ )

ဒီလူက တကယ့်ကို နတ်ဆိုးကောင်ပဲ!

လူတိုင်ထံမှအဆူပူခံလိုက်ရတာကြောင့် ယဲ့ဖန်ဆွံ့အသွားရသည်။

ယဲ့ဖန်က ယန်းမန်ထန်းကိုစိတ်ပူတာကြောင့် သူတို့ကိုရပ်စေချင်တာသာဖြစ်သည်။ သူ့ရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်က မကောင်းတဲ့ရည်ရွယ်ချက်အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့ကြောင့် ကူကယ်ရာမဲ့စွာသာပြုံးကာ ဘာမှထပ်မပြောတော့ပေ။

တစ်ချိန်ထဲမှာပဲ စတိတ်စင်ပေါ်ရှိ အခြေအနေမှာ တိတ်တဆိတ်ပြောင်းလဲနေလေသည်။

ယန်းမန်ထန်းလိုက်နေသည့်နှုန်းမှာ တဖြည်းဖြည်းပိုပိုနှေးလာသည်။

တကယ်ဆို သူကအသက်ကြီးနေပြီဖြစ်သည်။

သူ့ရဲ့ခွန်အားကတဖြည်းဖြည်းလျော့နည်းလာလေသည်။

သူ့ခြေတွေလက်တွေပိုမိုလေးလံလာကာ ပိုလို့ထိန်းချုပ်မှုကင်းမဲ့လာရသလိုပင် ခံစားနေရသည်။

ထိုအခြေအနေတွင် ချက်ချင်းဆိုသလို ဟာကွက်တစ်ခုပေါ်ထွက်လာသည်။

သွမ့်ကျန်းလုလည်း ထိုဟာကွက်ကို အမိအရဖမ်းဆုပ်လိုက်သည်။

ရှေ့သို့နောက်တစ်ကြိမ်ထပ်လှိမ့်လိုက်တော့ ယန်းမန်ထန်း၏တိုက်ကွက်ထဲမှ သူလုံးဝလွတ်သွားတော့သည်။

ထို့နောက် ယန်းမန်ထန်းအားအပြုံးတစ်ပွင့်ဖြင့် လှည့်ကြည့်ရင်း “ ခင်ဗျားက‌တကယ်တော်ပါတယ်။ ဒီထက်ပိုပြီး ဆယ်နှစ်လောက်သာငယ်မယ်ဆိုရင် ကျွန်တော်ကြာကြာခံနိုင်မှာမဟုတ်ဘူး “

“ ဒါပေမယ့်လည်း အိုနေတာကတော့ စိတ်မကောင်းစရာပဲ! “

ယန်းမန်ထန်း သူ့အသက်ရှူနှုန်းကို အနည်းငယ်ထိန်းညှိလိုက်ကာ “ ငါအိုနေရင်တောင် မင်းနဲ့တော့ အသာလေးတိုက်နိုင်သေးတယ် “

သွမ့်ကျန်းလု ချက်ချင်းအကျယ်ကြီး အော်ရယ်လာသည်။

“ ကိုယ့်ကိုယ်ကိုတွန်းအားပေးမနေပါနဲ့။ ကျွန်တော်ကရည်ရွယ်ချက်ရှိရှိ ခင်ဗျားရဲ့ အင်အားတွေကုန်သွားအောင်လုပ်နေတာ “

“ အခုဆိုခင်ဗျားတော်တော်လေး ပြိုင်းနေပြီမလား။ ဘယ်‌လောက်ခံမလဲဆိုတာ ကြည့်ကြတာပေါ့ “

“ စက်ဆုပ်ဖို့ကောင်းလိုက်တာ “

ယန်းမန်ထန်းဆဲရေးလိုက်သည်။

ထို့နောက် သူဆက်လက်၍ ရှေ့တက်လာသည်။

တစ်ဖက်တွင်တော့ သွမ်းကျန်းလုဟာ သူ့ကိုပြန်တိုက်ရလောက်အောင် သူလည်း တော်ပေမယ့် မတိုက်ပဲ ဆက်လက်ရှောင်ရှားနေသည်။

ပရိသတ်ထုကြီးမျ ပိုမိုစိတ်ရှုပ်ထွေးလာရကာ ယန်းမန်ထန်းကိုသာ ဆက်လက်၍အားပေးနေတော့သည်။

သီးသန့်ခန်းထဲရှိ ကိုယ်ခံပညာလောကမှ စီနီယာတစ်စုဟာတော့ အစောထဲက သဲလွန်စများကိုတွေ့မြင်ပြီးဖြစ်သည်။

“ ဒီသွမ့်ကျန်းလုက တကယ်ရွံဖို့ကောင်းတာပဲ။ သူကတိုက်ပွဲကို ဆက်တိုက်ရှောင်ပြီး ဂိုဏ်းခေါင်းဆောင်ယန်းကို အားနည်းလာအောင်လုပ်နေတာ “

“ ဟုတ်တယ်၊ တကယ်ဆို ဂိုဏ်းခေါင်းဆောင်ယန်းက အသက်ကြီးနေပြီ။ သူဒီလိုသာ ဆက်ပြီးအင်အားကိုဖြုန်းတီးနေမယ်ဆိုရင် သေချာပေါက်အားကုန်သွားမှာပဲ “

“ ဒီလူငယ်လေးက ကိုယ်ခံပညာရဲ့ ကိုယ်ကျင့်တရားတွေကို ဂရုမစိုက်ဘူးပဲ။ ဒီလိုစက်ဆုပ်ဖို့ကောင်းတဲ့နည်းမျိုးကို တကယ်ထုတ်သုံးရဲတယ် “

“ ဂိုဏ်းခေါင်းဆောင်ယန်း တစ်ပန်းသာနေတုန်းမှာ ပြိုင်ပွဲကိုရပ်လိုက်ရအောင်။ မဟုတ်ရင် သူဒုက္ခရောက်လိမ့်မယ် “

“ အစောကဆိုရင်တော့မှီသေးတယ်။ ဒါပေမယ့်အခုကတော့ နောက်ကျသွားပြီ။ သွမ့်ကျန်းလုကအရှုံးပေးမှာ မဟုတ်ဘူး “

သူတို့ထိုသို့ပြောကာ ထောင့်နား၌ရပ်နေသည့် ယဲ့ဖန်ကိုလှည့်ကြည့်မိသွားကြသည်။

ဒီတစ်ကြိမ်လည်း ကြည့်ရတာ ဒီကလေးပြောတာထပ်မှန်သွားပြန်ပြီ။

လက်ရှိမှာတော့ ယန်းမန်ထန်း အသာစီးရနေပေမယ့် ဒီတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင်…

သွမ့်ကျန်းလုက သေချာပေါက် လွတ်နေတဲ့နေရာကိုရှာပြီး ပြန်တိုက်လိမ့်မည်။

ထိုသို့သာဖြစ်ခဲ့လျှင် ယန်းမန်ထန်း အန္တရာယ်ရှိသည်။

အမှန်တော့ ဤမြင်ကွင်းက သူတို့ထင်ထားတာထက် စောပြီးဖြစ်ခဲ့တာဖြစ်သည်။

ထိုအခိုက်အတန့်၌ တိုက်ခိုက်နေဆဲဖြစ်သည့် ယန်းမန်ထန်းမှာ သူ့ခန္ဓာကိုယ်အားနည်းလာသည်ကို ရုတ်တရက်ခံစားမိလိုက်သည်။

ရုတ်တရုတ် သူခလုတ်တိုက်သွားကာ သူ့ခန္ဓာကိုယ်လည်း ယိုင်သွားရသည်။

သူချက်ချင်းသူ့ကိုယ်သူတည်ငြိမ်အောင် လုပ်လိုက်ပေမယ့်…

သွမ့်ကျန်းလုက ထိုအကွက်ကို အမိဖမ်းမိသွားကာ ချက်ချင်းပင် ဆူနာမီကဲ့သို့ တန်ပြန်တိုက်ကွက်တွေ ထုတ်သုံးတော့သည်။

ဒဲ့လက်သီး၊ ဝိုက်လက်သီး၊ နောက်ပြန်ကန်ချက်…

စသဖြင့်တိုက်ကွက်တွေ အဆက်မပြတ်ထွက်လာတော့သည်။

ယန်းမန်ထန်း တဖြည်းဖြည်းနောက်ဆုတ် လာရသည်။

သူ့ထံတွင် ပြန်ခုခံနိုင်သည့်အားမရှိချေ။

နောက်ဆုံးတွင် တိုက်ကွက်အနည်းငယ်ကို ဆက်တိုက်ရှောင်ရှားပြီးနောက် သူ့ခုခံမှုမှာ ဟာကွက်တစ်ခုပေါ်လာသည်။

သွမ့်ကျန်းလုလည်း နည်းနည်းလေးပင် တုံ့ဆိုင်းမနေပေ။ တိုက်ရိုက်ပင် ခြေထောက်ကိုမြှောက်ကာ သူ့ရင်ဘတ်ကို အားနှင့်ကန်ချလိုက်တော့သည်။

ဘန်း!

ယန်းမန်ထန်း လက်မြှောက်ကာ ကာလိုက်သည့်နှုန်းက အနည်းငယ်နှေးကွေးသွားသည်။

သူ့ရင်ဘတ်ကိုအကန်ခံလိုက်ရသည်ကိုသာ ယန်းမန်ထန်းခံစားလိုက်ရသည်။

ဖူး! ယန်းမန်ထန်းသွေးတစ်ပွက် အန်သွားရသည်။

‘ ရွှား၊ ရွှား၊ ရွှား’ ဖြင့် သူခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရသည်။

သူ့မျက်နှာဟာလည်း အလွန်တရာ ဖြူဖျော့သွားသည်။

ဤအလှည့်အပြောင်းက အလွန်ပင် ရုတ်တရက်ဆန်လွန်းသည်။

ရလဒ်အနေနှင့် ယန်းမန်ထန်းအတွက် အားပေးသံတွေဟာတော့ မရပ်သွားခဲ့ပေ။

အံ့ဩတကြီးရေရွတ်သံများ ထွက်ပေါ်လာသည်။

“ ဘုရားရေ၊ ဂိုဏ်းခေါင်းဆောင်ယန်း သွေးအန်သွားတာလား “

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီတစ်လျှောက်လုံး ဂိုဏ်းခေါင်းဆောင်ယန်းကပဲ အသာစီးရနေတာကို။ ဘာလို့ရုတ်တရက်ကြီး အရိုက်ခံလိုက်ရတာလဲ “

“ အဲ့ဂျပန်ကောင်က တော်တော်ဉာဏ်နီဉာဏ်နက်များတာပဲ။ သူက ဂိုဏ်းခေါင်းဆောင်ယန်းကို တမင်သက်သက် အားကုန်အောင်လုပ်နေတာ။ သူအားကုန်သွားတဲ့အချိန်ကျမှ ပြန်တိုက်ပစ်တာ “

“ ဒီဂျပန်ကောင်က ကိုယ်ခံပညာလောကရဲ့ ကိုယ်ကျင့်တရားတွေကို ဂရုမစိုက်ဘူးပဲ။ ဒီနည်းသုံးပြီး သူနိုင်သွားရင်တောင် ဒါအရှက်မရှိတာပဲ “

“ ဒီနည်းလမ်းက အောက်တန်းကျပေမယ့် ကျိုးကြောင်းဆီလျော်တာပဲလေ။ တရုတ်ပြည်မှာ လူငယ်ပါရမီရှင်တွေ မရှိတာက ငါတို့အမှားပဲ “

“ ဂိုဏ်းခေါင်းဆောင်ယန်း၊ ဂရုစိုက် “

ထိုအချိန်မှာပဲ…

ကြိုးဝိုင်းထဲရှိလူတိုင်း၏မျက်နှာအမူအရာမှာ လုံးဝပြောင်းလဲသွားတော့သည်။

“ ငါတို့အရှုံးပေးတယ်၊ ငါတို့အရှုံးပေးတယ်! “

“ ငါတို့အရှုံးမပေးနိုင်ဘူး။ ပွဲစဉ်နှစ်ခုတောင် ရှုံးပြီးသွားပြီ။ ဂိုဏ်းခေါင်းဆောင်ယန်းသာ အရှုံးပေးလိုက်ရင် တရုတ်ပြည်ရဲ့ ကိုယ်ခံပညာက ဘယ်လိုလုပ်မျက်နှာရှိတော့မှာလဲ “

“ မင်းမျက်နှာကအရေးကြီးလား အသက်က ပိုအရေးကြီးလား။ ဒီတိုင်းသာဆက်သွားရင် ဂိုဏ်းခေါင်းဆောင်ယန်း အန္တရာယ်ရှိတယ် “

“ ဟုတ်တယ်၊ အမြန်အရှုံးပေးလိုက်ပါတော့။ မတိုက်နဲ့တော့ “

“ ဒါဆို ဒီလိုအရှုံးပေးပြီးရင် ကိုယ်ခံပညာ လောကမှာ ဂိုဏ်းခေါင်းဆောင်ယန်း ဘယ်လိုဆက်ရပ်တည်ရမလဲဆိုတာကိုရော မင်းစဉ်းစားကြည့်ဖူးလား။ ကျားနဲ့နဂါးဂိုဏ်းကရော ကိုယ်ခံပညာလောကမှာ ဘယ်လိုဆက်ရပ်တည်ရမှာလဲ “

“ ငါတို့လည်းအဲ့တာတွေအကုန်လုံးကို နားလည်ပါတယ်။ တကယ်တော့ ဂိုဏ်းခေါင်းဆောင်ယန်းကလည်း အသက်ကြီးနေပြီလေ။ သူ့ခွန်အားက သွမ်းကျန်းလုလောက် မကောင်းတာက နားလည်ပေးလို့ရပါတယ် “

“ ငါတို့ကတော့နားလည်ပေမယ့် တခြားသူတွေကရော နားလည်နိုင်မှာတဲ့လား။ ဂိုဏ်းခေါင်းဆောင်ယန်းသာ အရှုံးပေးလိုက်ရင် သူ့ဂုဏ်သိက္ခာကတော့ မြောင်းထဲရောက်ပြီပဲ “

“ ဒါက…”

ထိုကဲ့သို့လူတိုင်းသဘောထားကွဲလွဲနေကြစဉ်မှာပဲ …

ကြိုးဝိုင်းထဲကအခြေအနေကတော့ ပိုလို့ပင် ဆိုးရွားလာသည်။

သွမ့်ကျန်းလုက တိုက်ကွက်တစ်ကွက် အသာစီးရသွားတာကို ဘယ်လိုလုပ် ဒီလိုအခွင့်ကောင်းကို လက်လွှတ်ခံပါ့မလဲ။

သူကအရူးတစ်ယောက်လို သဲကြီးမဲကြီး တိုက်ခိုက်တော့သည်။

ယန်းမန်ထန်းက နဂိုထဲက အားနည်းနေပြီဖြစ်ရာ ယခုဆိုလျှင် ပြင်းပြင်းထန်ထန်ဒဏ်ရာရနေပြီဖြစ်သည်။

သူ့ထံ၌ခုခံနိုင်သည့်အားမရှိတော့ပေ။

သူနောက်ကြောင်းသာပြန်ဆုတ်နေရသည်။

ထိုသို့နောက်ဆုတ်ရင်းနှင့်ပင် ပြိုင်ပွဲကျင်းပရာဧရိယာ၏ အစွန်နားထိရောက်လာခဲ့သည်။

ထိုအချိန်တွင် သွမ့်ကျန်းလုအနေနှင့် ရှေ့တိုးကာ သူ့ကိုကြိုးဝိုင်းထဲမှ တွန်းချလိုက်လျှင်ပင် ပွဲသိမ်းနေပြီဖြစ်သည်။

ထိုသို့ဆိုလျှင်တောင် အနိုင်အရှုံးမသဲကွဲသေးပေ။ အနည်းဆုံးတော့ သူ့ဒဏ်ရာတွေက ထိုလောက်ထိမပြင်းပေ။

သို့သော် သွမ့်ကျန်းလုကတော့ သူ့ကို လွယ်လွယ်နှင့်လွှတ်ပေးချင်ပုံမရပေ။

သူ ယန်းမန်ထန်း၏လက်မောင်းကို တိုက်ရိုက်လှမ်းဆွဲလိုက်ကာ နောက်ပြန် ကိုင်ပေါက်လိုက်သည်။

T/N - Back throw - ဂျူဒိုမှာ ရင်ဘတ်က အင်္ကျီစကိုကိုင်ပြီး တံတောင်နဲ့ နောက်ကိုပြန်ဖိချပြီး ကိုင်ပေါက်တာမျိုးပါ။

ထို့နောက် အားပြင်းပြင်းဖြင့် ဒူးကန်ချက်ကို ထုတ်သုံးလိုက်ရာ ယန်းမန်ထန်း၏ ရင်ဘတ်ကို ပြင်းထန်စွာထိသွားသည်။

ဖူး!

ယန်းမန်ထန်း နောက်ထပ် သွေးတစ်ပွက် ထပ်အန်မိသွားသည်။

သူ၏အ‌ဖြူရောင်ဂိုဏ်းဝတ်စုံမှာ အနီရောင် စွန်းထင်းသွားရသည်။

သို့သော် သွမ့်ကျန်းလုကမရပ်ပေ။

သူ့ခြေကျင်းဝတ်ကိုဆုပ်ကိုင်ကာ အားဖြင့်ဆွဲလိုက်သည်။

‘ ခွပ်’ ဆိုသည့်အသံဖြင့် သွားကျိန်းစေမည့် အရိုးကျိုးသံကိုကြားလိုက်ရသည်။

ယန်းမန်ထန်း၏ညာခြေထောက်မှာ ချက်ချင်းပင် ကွေးကောက်သွားသည်။

ထိုနေရာ၌ရှိနေသည့်လူများအားလုံး သွမ့်ကျန်းလု၏ရက်စက်သည့်နည်းလမ်းကို မြင်လိုက်ကြရသည်။

သူတို့အားလုံး ဦးရေပြားတွေ ထုံထိုင်းကုန်ရသည်။

ဒီလူကနတ်ဆိုးတစ်ကောင်ပဲ!

All Chapters