← Chapters

အပိုင်း ၂၇၇-၂၈၀

Vol. 14 Ch. 277-280

အပိုင်း ၂၇၇-၂၈၀

Vol. 14 Ch. 277-280

အပိုင်း ( ၂၇၇ )

နက်နဲတဲ့ ထောင်ချောက်

" ယဲ့ဖန်၊ သတိထား "

ရှုကျင်းရှင်းကလည်း သွမ့်ကျန်းလု၏သတ်လိုစိတ်ကို မြင်နေရသည်။

ထို့အပြင် သီးသန့်ခန်းထဲမှ ကိုယ်ခံပညာလောကမှလူတွေအားလုံးကလည်း ရှုံးနိမ့်ကြောင်း ဝန်ခံသည်ဟု ကြွေးကြော်ခဲ့ကြသည်။

ထိုအချိန်တွင် သူမသည် စင်မြင့်ပေါ်သို့ အပြေးတက်ပြီး ယဲ့ဖန်ရှေ့မှာ ရပ်ပြီးကာပေးချင်နေပြီဖြစ်သည်။

သွမ့်ကျန်းလု၏ ရူးမတတ်တိုက်ခိုက်မှုများကို ရင်ဆိုင်ရတဲ့အခါ

ယဲ့ဖန်သည် ရှေးခေတ်စစ်ဝါဒီများထံမှအကောင်းဆုံးဗျူဟာဖြစ်သည့် ထွက်ပြေးခြင်းကိုအသုံးပြုလေသည်။

သူ့ခေါင်းကိုအုပ်ပြီး ကြွက်တစ်ကောင်လို ပြေးသွားကာ သူ့ပုံရိပ်ကို လုံးဝဂရုမစိုက်ပေ။

မြင်လိုက်ရတဲ့ လူတိုင်းက အံသြသွားကြသည်။

သူ့ရှေ့တွင် လူသုံးယောက်တိုက်ခဲ့ပြီး သူတို့ရဲ့ ခွန်အားက ဘယ်လောက်ပဲရှိနေပါစေ အနည်းဆုံးတော့ သူတို့မှာ သိုင်းပညာရှင်တစ်ယောက်ရဲ့အသိစိတ်ရှိသည်။

သူတို့အားလုံးက ရန်သူကို ထိပ်တိုက်တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသည်။

ရှုံးခဲ့ရင်တောင် တရားမျှတသည်။

အခြေအနေမကောင်းလို့ ကြွက်လိုပြေးတဲ့လူ ဘယ်မှာရှိလို့လဲ။

ဒါက ရှက်စရာကောင်းလွန်းတယ်။

" ဘာလို့ပြေးနေတာလဲ။ ဆက်တိုက်လေ "

" သူရဲကောင်းက အသတ်ခံနိုင်ပေမဲ့ အရှက်အကွဲမခံနိုင်ဘူးလေ။ မင်းရှုံးရင်တောင် မင်းမှာ အသိစိတ်ရှိရမယ် "

" ဒါက ရှက်စရာကောင်းလွန်းတယ်။ ကိုယ်ခံပညာသမားတွေက တိုက်ပွဲမှာ ဒီလိုလုပ်လို့ရလား "

" သူက အရှက်မဲ့လွန်းတယ်။ ငါ တရုတ်လူမျိုးတောင် သည်းမခံနိုင်ဘူး။ သူက တရုတ်သိုင်းပညာလောကကို အရှက်ကွဲစေတယ် "

" ပထမနှစ်ကြိမ်လုံးက ကံကောင်းလို့ အသာစီးရခဲ့တာလေ။ သူ့မှာ ဒီလိုခွန်အားတွေ တကယ်ရှိတယ်လို့ ထင်နေတာလား "

ယဲ့ဖန်ကို အခြားသူတွေက ဘယ်လိုဘဲထင်နေပါစေ စင်ပေါ်က ယဲ့ဖန်ကတော့ စိတ်ထဲမထည့်ပေ။

သွမ့်ကျန်းလု၏ကန်ချက်က ယဲ့ဖန်၏မျက်နှာကို ဖြတ်ရှပ်သွားသည်။

တစ်မီတာလောက်ခြားပေမဲ့ ကန်လိုက်တဲ့လေရှိန်ကပင် ယဲ့ဖန်ပါးကိုစပ်ခနဲလာထိသည်။

ကန်ချက်က အားဘယ်လောက်ပြင်းလဲဆိုတာ ခန့်မှန်းနိုင်သည်။

အကန်ခံလိုက်ရတာနဲ့ သေလုနီးပါးဒဏ်ရသွားနိုင်သည်။

နှစ်ယောက်က အားမျှလျှင်တော့တော်သေးပေမဲ့ သူတို့နှစ်ယောက်ကြားက အင်အားကွာခြားချက်က အရမ်းကိုကြီးမားသည်။ အချင်းချင်းချရင်တောင်မှ သေဖို့ ရွေးလိုက်သလိုဖြစ်နေမည်။

ရူးနေတဲ့သူတွေ။

သွမ့်ကျန်းလုသည် သူ့ရန်ဘက်က ကြွက်တစ်ကောက်လို ရှောင်ပြေးနေတာကြောင့် ဒေါသငယ်ထိပ်ရောက်လာသည်။

ကြိုးဝိုင်းထဲတွင် ပြေးတိုက်လိုက်တမ်းကစားနေသလိုဖြစ်နေတာကြောင့် သူ့ကို အရှက်ခွဲနေသည်ဟုခံစားလာရသည်။

ဒီလိုကြွက်လိုကောင်လက်ထဲမှာ နှစ်ခါတောင် အထိနာသွားတာတဲ့လား။

သူ ယဲ့ဖန်ကို နေရာမှာတင်မသတ်ရရင် သူ ဂျပန်ကို ဘယ်လိုပြန်ပြီး မျက်နှာပြရမှာလဲ။

သွမ့်ကျန်းလုသည် တွေးလေလေ ဒေါသထွက်လေလေဖြစ်သည်။

တိုက်ကွက်တွေက ပိုပိုပြီးသေသပ်လာကာ စေစေနိုင်သည့်အကွက်တွေက ယဲ့ဖန်၏ခန္ဓာကိုယ်မှ သေစေနိုင်သည့်နေရာတွေကိုသာ ရွယ်ပြီးချနေသည်။

ယဲ့ဖန်က ဆက်ရှောင်နေပြီး သွမ့်ကျန်းလုနဲ့ လုံးဝထိပ်တိုက်မတွေ့ပေ။

ကြိုးကွင်းထဲမှာပတ်ပြေးနေပြီး သိန်းငှက်က ကြက်ပေါက်လေးကို လိုက်ဖမ်းနေတာနှင့်တူသည်။

ဆယ်မိနစ်မက ပြေးလိုက်တမ်းဆော့နေကြသည်။

ကြည့်နေတဲ့ပရိတ်သတ်က ကြည့်ရတာပျင်းလွန်းလို့ တစ်ချို့က အိပ်ပါပျော်ကုန်ကြသည်။

ဒါပေမဲ့ ယဲ့ဖန်က အထင်ကြီးစရာကောင်းတာတစ်ခုတော့ရှိသည်။

သွမ့်ကျန်းလု လိုက်တာကိုခံရပြီး ဆယ်မိနစ်ကျော်ကြာတစ်ချက်မှမထိဘဲ နေနိုင်တာကလည်း အရည်အချင်းတစ်ခုဟုဆိုရမည်။

သာမန်လူတွေကတော့ ပျော်စရာလို့ပြင်ပေမဲ့ ပညာရှင်တွေကတော့ စွမ်းရည်ကို မြင်နေရသည်။

နာကျင်မှုကို တောင့်ခံရင်း ဘေးကနေ ပွဲကိုကြည့်နေတဲ့ ယန်းမန်ထန်း၏မျက်လုံးက ပိုပိုတောက်လာတော့သည်။

" ဒီကောင်စုတ်လေးက ...... "

ယန်းမန်ထန်းမှမဟုတ်ပေ။

ကိုယ်ခံပညာရှင်လောကမှ ပညာရှင်တွေက ယဲ့ဖန်၏အစီအစဉ်ကိုသိကြသည်။

ယဲ့ဖန်က သွမ့်ကျန်းလုကို သူ့အတိုင်းပြန်ပေးဆပ်ရအောင်လုပ်နေတာဖြစ်သည်။

သွမ့်ကျန်းလုသည် သူ့ငယ်ရွယ်မှုကို အသုံးပြုတိုက်ခဲ့သည်။

ယန်းမန်ထန်းနှင့် တိုက်ခိုက်စဉ်က တစ်ဖက်သူကို တိုက်ရိုက်မချဘဲ ယန်းမန်ထန်း၏ခန္ဓာကိုယ် ပင်ပန်းလာသည်အထိစောင့်ပြီးမှ လှုပ်ရှားတိုက်ခိုက်သည်။

ယဲ့ဖန်ကလည်း ထိုအတိုင်းတွေးနေတာဖြစ်သည်။

မျက်နှာချင်းဆိုင်တိုက်ပါက သွမ့်ကျန်းလုကို နိုင်ဖို့ခက်ခဲပေလိမ့်မည်။

တစ်ဖက်လူကို မျှားခေါ်ပြီး အင်အားကုန်အောင်လုပ်ရမှာဖြစ်သည်။

ထို့နောက် တန်ပြန်စတိုက်မည်။

ထင်ထားသည့်အတိုင်း သွမ့်ကျန်းလုက ဆယ်မိနစ်လောက် အသည်းအသန်လိုက်ပြီးတဲ့နောက် သူ့လှုပ်ရှားမှုတွေက အရှိန်နှေးလာတော့သည်။

ယဲ့ဖန်ကလည်း ရှောင်နေတာရပ်ပြီး သေချာလေးတန်ပြန်တိုက်တော့သည်။

သွမ့်ကျားလုကတော့ တိုက်စစ်ဘဲဖြစ်ဖြစ် ခံစစ်ဘဲဖြစ်ဖြစ် သူလိုချင်သလိုဖြစ်မလာပေ။

ယဲ့ဖန်ကလည်း သွမ့်ကျန်းလု၏ဟာကွက်ကိုရှာနေပြီး ထိုအချိန်မှာ သွမ့်ကျန်းလုက လက်ကိုမြှောက်ပြီး လက်သီးထိုးဖို့ပြင်တဲ့အခါ သူ့ဗိုက်အောက်ပိုင်းမှာ နေရာလွတ်အကျယ်ကြီးကျန်နေတော့သည်။

ယဲ့ဖန်က တွန့်ဆုတ်မနေဘဲ ချက်ချင်းလှမ်းကန်လိုက်ဖို့ပြင်သည်။

ထိုကန်ချက်ဦးတည်ရာက သွမ့်ကျန်းလု၏ ဗိုက်အောက်ပိုင်းဖြစ်သည်။

ဗိုက်အောက်ပိုင်းဟာ လူတစ်ယောက်ရဲ့အားအနည်းဆုံးနေရာဖြစ်သည်။

တစ်ချက်ကန်လိုက်တာနဲ့ အပြင်းအထန်ဒဏ်ဖြစ်သွားမှာဖြစ်သည်။

ယဲ့ဖန်က ထိုနေရာကိုကန်ဖို့ပြင်နေတာကိုတွေ့တဲ့အခါ လျုံဝမ်းယွမ်က ချက်ချင်းလှမ်းတားသည်။

" ရှောင်ဖန်၊ အဲ့တာထောင်ချောက် "

ကိုယ်ခံပညာလောကမှ အခြားသူတွေကလည်း စိတ်ရှုပ်ထွေးကုန်ကြတော့သည်။

ယဲ့ဖန်ကန်ချက်က တိကျပြီး အောင်မြင်တာနဲ့ သွမ့်ကျန်းလု သေရင်သေ မသေရင် အရမ်းအထိနာသွားမှာဖြစ်သည်။

ဘာလို့ လျုံဝမ်းယွမ်က ထောင်ချောက်ဆိုပြီးတားရတာလဲ။

လူတိုင်းက စိတ်ရှုပ်ထွေးနေကြချိန်မှာဘဲ သွမ့်ကျန်းလုဆီမှ အပြုံးတစ်ခုပေါ်လာတော့သည်။

သူ့အင်အားလျော့လာတာကို သတိထားမိတဲ့အခါ သူ့ကိုမောအောင်လုပ်ပြီးတစ်ချီတည်းနဲ့ သေအောင်ချမဲ့ ယဲ့ဖန်ရဲ့အစီအစဉ်ကိုသိလိုက်ရသည်။

ထို့ကြောင့် သူက ခန္ဓာကိုယ်ပိုင်းပင်ပန်းလာချင်ယောင်ဆောင်လိုက်ပြီး တမင်ဟာကွက်ဖန်တီးကာ တစ်ဖက်သူက ထောင်ချောက်ထဲဝင်လာအောင်စောင့်နေလိုက်သည်။

ပြီးတော့ ယဲ့ဖန်က ထင်ထားတဲ့အတိုင်း သူ့ထောင်ချောက်ထဲကို ကျလာတော့သည်။

ထိုအချိန်တွင် ယဲ့ဖန်ရဲ့ဖြတ်လတ်ပြီးသန်မာတဲ့ကန်ချက်က သွမ့်ကျန်းလု၏ဗိုက်အောက်ပိုင်းကို ကျတော့မယ့်အချိန်မှာဘဲ သွမ့်ကျန်းလုက ရုတ်တရက်ဗိုက်ကိုရှုံ့လိုက်ပြီး လက်ကိုမြန်နိုင်သမျှအမြန်ထုတ်ကာ ယဲ့ဖန်၏ခြေချင်းဝတ်ကိုလှမ်းဆွဲလိုက်သည်။

ထိုအချိန်မှာဘဲ သူ့ဘယ်ခြေကမြောက်တက်လာပြီး ယဲ့ဖန်၏ခွခြားကို ကန်လိုက်ဖို့ပြင်သည်။

အကယ်၍ကန်ချက်သာ ကျရောက်သွားပါက ယဲ့ဖန် မသေရင်တောင် တစ်ဘဝလုံး သူ့ကပ္ပယ်အိတ်တွေက ကျေမွသွားမှာဖြစ်ပြီး ဘာမှလုပ်နိုင်တော့မှာမဟုတ်ပေ။

စင်အောက်ကလူအုပ်ကြီးကလည်း သတိထားမိသွားသည်။

လျုံဝမ်းယွမ်က သွမ့်ကျန်းလု၏အကြံကို ကြိုသိခဲ့ပြီး သတိပေးခဲ့လေသည်။

သို့ပေမဲ့ နောက်ကျသွားပြီဖြစ်သည်။

" ဟား၊ ယဲ့ဖန်က အတွေ့အကြုံနည်းသေးတာဘဲ။ သူက တစ်ဖက်သူထောင်ချောက်ထဲကျသွားပြီ "

" လွှတ်ထားလိုက်ပါ။ ငါတို့ဆိုလည်း လွတ်မှာမဟုတ်ဘူး "

" ဟုတ်တယ်။ သွမ့်ကျန်းလုက သန်မာရုံမကဘူး အကြံအစည်လည်းများတယ်။ ငါတို့အားလုံးအရူးလုပ်ခံလိုက်ရတာ "

" သွားပြီ၊ သွားပြီ၊ ယဲ့ဖန်တော့သွားပြီ။ မသေရင်တောင် သူ့ဘဝကြီးဖျက်ဆီးခံလိုက်ရပြီ "

ရှုကျင်းရှင်းက လူတိုင်း၏သုံးသပ်ချက်နေကြောင့် အလွန်စိတ်ပူလာတော့သည်။

' ယဲ့ဖန်၊ ဘာမှမဖြစ်ပါစေနဲ့ '

အပိုင်း ( ၂၇၈ )

ခန့်မှန်းချက်ကို ကြိုခန့်မှန်းခြင်း

လူတိုင်းက ယဲ့ဖန် သေမလား အနာရမလား တွေးနေကြတုန်းမှာဘဲ ပြိုင်ကွင်းထဲမှာ နောက်ထပ်အပြောင်းအလဲတစ်ခုဖြစ်သွားသည်။

သွမ့်ကျန်းလုရဲ့ တန်ပြန်ကွက်ထဲမှာ မိသွားတဲ့ ယဲ့ဖန်က ထိတ်လန့်သွားတဲ့ပုံမပြပေ။ အဲ့အစား ခပ်ဖျော့ဖျော့လေးပြုံးလိုက်သည်။

တကယ်တော့ ယဲ့ဖန်က သွမ့်ကျန်းလု တမင်ဟာကွက်ကို ဖန်တီးလိုက်ပြီး ဗိုက်အောက်မှာနေရာလွတ်ဖြစ်အောင်လုပ်လိုက်မှန်းသိသည်။

ထို့ကြောင့် ယဲ့ဖန်ကလည်း မသိချင်ယောင်ဆောင်လိုက်မြောပြီး ထောင်ချောက်ထဲကျဟန်ဆောင်လိုက်သည်။

သွမ့်ကျန်းလူက သူ့ကိုယ်သူနိုင်တော့မည်ဟုထင်မည့်အချိန်ကိုစောင့်နေတာဖြစ်သည်။

စစ်ပွဲတွေမှာ အကောင်းဆုံးအကွက်က တစ်ဖက်သူရဲ့အကွက်ကို ကြိုခန့်မှန်းခြင်းဖြစ်သည်။

ထောင်ချောက်ထဲကို မျှားခေါ်ခဲ့တယ်လို့ထင်နေပေမဲ့ မင်းကမှ ငါ့ထောင်ချောက်ထဲရောက်လာတာ။

သွမ့်ကျန်းလုက သူ့ခွကြားကိုကန်တော့မည့်အချိန်မှာ ခြေထောက်မရောက်လာခင်မှာ လေအရှိန်က အရင်ရောက်လာသည်။

ယဲ့ဖန်က တွန့်ဆုတ်မနေဘဲ လက်ကောက်ဝတ်ကို လေထဲမှာလှည့်လိုက်ပြီး နောက်ခြေတစ်ဖက်က ဝှီးခနဲ လေထဲကနေကန်ချလိုက်သည်။

ဘန်း

ဂျွတ်

အသံနှစ်ခုက တစ်ပြိုင်နက်ထွက်လာသည်။

ကန်ချက်က သွမ့်ကျန်းလုမျက်နှာပေါ်ကိုကျသွားသည်။

သွေးတွေပါးစပ်ထဲကနေ ချက်ချင်းထွက်လာတော့သည်။

သွေးနဲ့အတူ သွားတစ်ချို့ပါကျွတ်ထွက်လာသည်။

သွမ့်ကျန်းလု၏မေးရိုးပြုတ်သွားရသည်။

သူ့မျက်နှာတစ်ခုလုံးလိမ်သွားတော့သည်။

အဖြစ်အပျက်အလှည့်အပြောင်းက မြန်ဆန်လွန်းသည်။

ရှိနေတဲ့သူတိုင်းက ချက်ချင်းမတုန့်ပြန်နိုင်ကြပေ။

ယဲ့ဖန်က သွမ့်ကျန်းလုကို ပြန်တိုက်ချိန်မပေးပေ။

ကြိုတင်စီစဉ်ထားတဲ့တိုက်ကွက်အတွဲလိုက်ကြီးကို ချက်ချင်းထုတ်သုံးသည်။

လေချွမ်သိုင်းက အမြန်နှုန်းရော အင်အားပါတိကျသည်။

သူ့လက်သီးတွေက သွမ့်ကျန်းလု၏ခေါင်း၊ ရင်ဘတ်နှင့် ဗိုက်အောက်ပိုင်းတွေကို တရစပ်ကျရောက်လာသည်။

ဘန်း၊ ဘန်း၊ ဘန်း ......

အချက်တိုင်းက ပုစဉ်းပျံနေသလို မသိသာပေမဲ့ တကယ်မှာတော့ ထိုးချက်တိုင်းက အားအရမ်းပြင်းသည်။

သွမ့်ကျန်းလု နောက်ဆုတ်နေရသည်။

ပါးစပ်ကနေ သွေးတွေတစ်ပွက်ပြီးတစ်ပွက်အန်ကျလာသည်။

ပြန်တိုက်ဖို့တောင် အားမရှိပေ။

ဘန်း

ယဲ့ဖန်က သူ့ရင်ဘတ်ကို ထပ်ထိုးပြန်သည်။

ဒီတစ်ကြိမ်မှာတော့ ယဲ့ဖန် သူ့အားကို မထိန်းနိုင်လိုက်တာကြောင့် သွမ့်ကျန်းလုက လွင့်ထွက်သွားတော့သည်။

ထို့နောက် မြေပေါ်ကို ဘုန်းခနဲပြုတ်ကျသွားသည်။

ယဲ့ဖန်ကလည်း လွတ်ပေးဖို့စိတ်မရှိပေ။

ဆက်လိုက်သည်။

သွမ့်ကျန်းလုက အမြန်လှည့်ပြီး မြေပေါ်မှကုန်းရုန်းထသည်။

" ရပ်တော့၊ ရပ်တော့ အရှုံးပေးတယ် "

ယဲ့ဖန်က အတော်လေးဖိနှိပ်ခံလိုက်ရတာဖြစ်ပြီး အခုမှ အသာစီးရတာဖြစ်သည်။

ထို့ကြောင့် သွမ့်ကျန်းလုစကားတွေကို မကြားချင်ယောင်သာဆောင်နေလိုက်ပြီး သူ့ဆံပင်ကို ခေါင်းအနောက်ကနေ ဆွဲကိုင်လိုက်သည်။

ဘန်း၊ ဘန်း၊ ဘန်း ......

သွမ့်ကျန်းလု၏ခေါင်းဆီသို့ ထိုးချက်တွေက ဆက်တိုက်ကျလာပြီး မြင်သူတိုင်းကပါးစပ်အဟောင်းသားဖြစ်ကုန်သည်။

သွမ့်ကျန်းလုသည် ဂျပန်မှလာတဲ့ ကရာတေးသမားဖြစ်ပြီး တရုတ်ပြည်၏၁၈ပြည်နယ်မှ လူငယ်တွေကို အနိုင်ယူခဲ့သည်။

သူက ပညာရှင် ဖန်းယိမင်းလိုလူကိုတောင်သတ်ခဲ့ပြီး နဂါးနှင့်ကျားဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်ယန်းမန်ထန်းကိုပင်အတိုင်ယူခဲ့သည်။

အခုတော့ အမည်မသိတရုတ်ပြည်မှပညာရှင်လေးက သူ့ကို ကန်ထိုးနေပြီဖြစ်သည်။

စိတ်ကျေနပ်စရာဘဲ။

" မြန်မြန်၊ ရဲကိုခေါ်ကြ။ မခေါ်ရင် ဒီမှာ လူတစ်ယောက်သေတော့မယ် ..... "

သွမ့်ကျန်းလု ခံနိုင်ရည်မရှိတော့ဘဲ ထိုကဲ့သို့ပြောသည်။

သူ့တစ်ကိုယ်လုံးသွေးတွေအပြည့်ဖြစ်နေသည်။

လူအုပ်ကြီးဆီမှ အကူအညီတောင်းတဲ့အခါ တစ်ချို့က ဆက်ပြီး ကူချင်ကြပေမဲ့ ဘေးလူတွေက တားကြသည်။

" ရူးနေလား။ အဲ့လိုလူကို ကူမလို့လား။ သူက ငါတို့တရုတ်ပြည်ကပညာရှင်တွေကို ဘယ်လိုလုပ်ခဲ့လဲဆိုတာ မေ့သွားပြီလား "

" ဟုတ်တယ်၊ ပါရမီရှင် ဖန်းယိမင်းကတောင် သူ့လက်ထဲမှာသေခဲ့ရတာကို သူ့ဘက်ကနေ ကူပေးမလို့လား "

" ရဲကိုခေါ်တဲ့သူက သစ္စာဖောက်ဘဲ။ လူတိုင်း သူ့ကိုသတ်ခွင့်ရှိတယ် "

" ဟားဟားဟား၊ ကောင်းတယ်။ ဂျပန်ကောင် မောက်မာရဲသေးလား။ ဘာလို့ဆက်မမောက်မာရဲတော့တာလဲ "

" ဒီလူငယ်လေးက အင်အားကြီးလွန်းတယ်။ သူက သွမ့်ကျန်းလုကိုတောင် အပြီဖြုတ်ထားတာ။ ဟားဟားဟား ....... "

" တကယ်ဘဲ၊ သူရဲကောင်းတွေက ငယ်ရွယ်သူတွေထဲကဘဲ။ တရုတ်ပြည်ကိုယ်ခံပညာရှင်လောကမှာ ဒီလိုပါရမီရှင်တွေရှိတာ ကောင်းတာဘဲ "

" သူ့နာမည်ကိုသိကြလား။ ဒီလူငယ်လေးက အနာဂတ်မှာ ထိပ်တန်းအဆင့်ပညာရှင်ဖြစ်လာမှာ "

" အချောလေး၊ အဲ့ဂျပန်ကောင်ကိုသတ်လိုက်တော့။ တရုတ်ပြည်က ပါရမီရှင်တွေအတွက် လက်စားချေပေး "

ပရိတ်သတ်တွေက အော်ဟစ်အားပေးကြသည်။

သူတို့က အရှေ့မှာ သုံးပွဲဆက်တိုက်ရှုံးခဲ့ရတာကြောင့် စိတ်ပျက်နေရာမှ ဘယ်သူမှမထင်ထားတဲ့ဒီလူငယ်လေးက ကစားပွဲကိုပြောင်းပြန်လှန်လိုက်သည်။

မရှုံးနိုင်ဘဲမောက်မာနေတဲ့သွမ့်ကျန်းလုက နောက်ဆုံးမှာတော့ ခွေးလိုဝက်လိုအရိုက်ခံနေရပြီး အတော်စိတ်ကျေနပ်စရာကောင်းသည်။

ထိုအချိန်တွင် ကြိုးဝိုင်းဘေးမှ တရုတ်ပညာရှင်အကဲဖြတ်သူတွေကလည်း လုံးဝကို အံ့ဩကြောင်အနေကြသည်။

သွမ့်ကျန်းလုက ဘယ်လောက်အင်အားကြီးလဲဆိုတာ သူတို့က အားလုံးထက်ပိုသိသည်။

ပိုဆိုးတာက သွမ့်ကျန်းလုသည် မောက်မာတာဖြစ်သည်။

ဥပမာ ယန်းမန်ထန်းနှင့်တိုက်ချိန်မှာ သူက ယန်းမန်ထန်းအသက်ကြီးတာကို အခွင့်ကောင်းယူပြီး အစီအစဉ်ချသည်။

ဒီလိုကောက်ကျစ်တဲ့သူကို ယှဉ်ရခက်သည်။

သူတို့ထဲက အင်အားအကြီးဆုံးတွေတောင် တစ်ဖက်သူကို ယှဉ်နိုင်ဖို့ ယုံကြည်ချက်မရှိကြပေ။

ပြီးတော့ ယဲ့ဖန်က လုပ်နိုင်ခဲ့တဲ့အပြင် သွမ့်ကျန်းလုက ဒူးထောက်တောင်းပန်ရလေသည်။

ဒါက လုံးဝမထင်ထားတာဘဲ။

" ယဲ့ဖန်က ငယ်ပေမဲ့ အင်အားကြီးတယ်။ ကြောက်စရာဘဲ "

" အင်အားက ဒုတိယဘဲ။ အရေးအကြီးဆုံးက သူက ဉာဏ်လျင်တယ်။ အတတ်နိုင်ဆုံးရန်သူကိုလှည့်စားသွားတာ။ ဒါမျိုးက လူတိုင်းမှာမရှိနိုင်ဘူး "

" သူက လေ့ကျင့်တာ တစ်လဘဲရှိသေးတယ်လို့ လျုံဝမ်းယွမ်ပြောတာကြားလိုက်တယ်။ တကယ်သာဆို အရမ်းအံ့ဩစရာဘဲ "

" အမှန်သာဆို ဒီလူငယ်လေးက တရုတ်ပြည်ကိုယ်ခံပညာလောကမှာ ထိပ်ဆုံးအဆင့်ရှိပါရမီရှင်ဖြစ်လာမှာ "

" ငါလည်းလုံးဝသဘောတူတယ်။ တစ်လဘဲလေ့ကျင့်ရသေးတာတောင် သွမ့်ကျန်းလုလို ဆရာကြီးကိုယှဉ်နိုင်မှတော့ အံ့မခန်းဘဲ "

" အချိန်အလုံအလောက်သာလေ့ကျင့်ပြီးရင် ထိပ်သီးဆရာကြီးဖြစ်လာမှာ "

" ထိပ်တန်းပါရမီပညာရှင်တဲ့လား။ ဒီလိုအဆင့်နဲ့လူမျိုးကို မကြားဖူးတာ နှစ်ဘယ်လောက်တောင်ရှိပြီလဲ "

" အကောင်းဆုံးပျိုးထောင်နိုင်ရင် သူက အတောက်ပဆုံးထွန်းတောက်မှာ "

" ဒီလိုမျိုးစေ့ကောင်းကိုသေချာပျိုးထောင်ရမယ် "

" ဟုတ်တယ်၊ တရုတ်ပြည်ကိုယ်ခံပညာလောကအတွက် မျှော်လင့်ချက်ဘဲ "

" ဒီလိုနေ့မျိုးရောက်လာရင်တော့ နောင်တမရဘဲသေနိုင်လိမ့်မယ် "

အပိုင်း ( ၂၇၉ )

ချိုမြိန်တဲ့ဒိတ်။

ရှုကျင်းရှင်းကတော့ အခြားသူတွေနဲ့မတူဘဲ အကြည့်လွှဲလိုက်သည်။

ယဲ့ဖန်အတွက်ပျော်ပေမဲ့ မြင်ကွင်းက သွေးသံတရဲရဲဖြစ်နေတာကြောင့် သူမကို မသက်မသာခံစားရစေသည်။

အကြည့်လွှဲထားပေမဲ့ သွမ့်ကျန်းလု၏နာကျင်မှုကြောင့်အော်နေသံကို သူမကြားနေရသေးသည်။

ရှုကျင်းရှင်း အတော်လေးအံ့ဩနေရသည်။

ယဲ့ဖန် လေ့ကျင့်တဲ့တစ်လျှောက်လုံးကို သူမ မျက်မြင်တွေ့ခဲ့ရတာဖြစ်ပြီး လျုံဝမ်းယွမ်ကိုတောင်မှ သူမ မိတ်ဆက်ပေးလို့ ယဲ့ဖန်က သိတာဖြစ်သည်။

ယဲ့ဖန်က ကိုယ်ခံပညာလေ့ကျင့်တာ အမှန်တကယ်ပင်တစ်လမပြည့်သေးပေ။

သို့ပေမဲ့ ယဲ့ဖန်က သွမ့်ကျန်းလုလို ကရာတေးပညာရှင်ကိုတောင် အနိုင်ပိုင်းနိုင်လေသည်။

ယဲ့ဖန်က တကယ်ကို မကောင်းဆိုးဝါးကြီးဖြစ်လေသည်။

ရှုကျင်းရှင်းသည် သူမကိုယ်သူမ အရမ်းတော်တယ်ဟုထင်ပြီး အခြားသူတွေထက် သင်ယူတာမြန်တဲ့သူဟု တွေးသည်။

သို့ပေမဲ့ ယဲ့ဖန်နဲ့ယှဉ်တဲ့အခါမှာတော့ ဘယ်လိုမှလိုက်မမီပေ။

တစ်လဘဲလေ့ကျင့်တဲ့ရလဒ်က ဆယ်နှစ်မကလေ့ကျင့်ထားသူကိုတောင် အလဲထိုးနိုင်နေသည်။

ဒါ ဘယ်လိုကြီးလဲ။

ရှုကျင်းရှင်းကိုပင်မပြောနှင့် လျုံဝမ်းယွမ်ပင်တောင် မယုံနိုင်ဖြစ်နေသည်။

သူတောင်ဝင်တိုက်လျှင် အောင်နိုင်မည်ဟု ၁၀၀% အတိအကျမပြောရဲပေ။

ဒါပေမဲ့ သူ့ရဲ့တပည့်ကျော်လေးကတော့ နိုင်သွားခဲ့သည်။

ငိုရမလား၊ ရယ်ရမလားမသိပေ။

မထင်မှတ်ဘဲ အရမ်းကိုစွမ်းရည်ပြည့်တဲ့တပည့်ကို သူလက်ခံခဲ့သည်။

သူ့ဆရာတစ်ယောက်အနေနဲ့ အိပ်နေရင်းတောင် ထရယ်နိုင်ပြီဖြစ်သည်။

ဒါပေမဲ့ စိတ်ထဲမှာတော့ အနည်းငယ်ခါးသက်မိသည်။

ဒီလိုသာဆို ဒီတပည့်က ဆရာကိုတောင်ကျော်နိုင်ဖို့ သိပ်မလိုတော့ဘူးမဟုတ်လား။

ယဲ့ဖန်ကို သူက ဘာများသင်ပေးနိုင်တော့မှာမလို့လဲ။

တပည့်ဝတ္တရားတွေသင်ပေးရမှာလား။

ထိုအချိန်တွင် သွမ့်ကျန်းလုက နောက်ဆုံးထွက်သက်နီးနေပြီဖြစ်သည်။

မြေပေါ်မှာလဲပြီး မလှုပ်ရှားတော့ပေ။

သွေးတွေက အိုင်ထွန်းနေပြီး စင်ပေါ်မှ စီးကျလာနေသည်။

ဖန်းယိမင်း၏သွေးတွေနဲ့ပါ ရောကုန်သည်။

ကြည့်ရတာ အတော်လေးကြောက်ဖို့ကောင်းသည်။

သို့ပေမဲ့ ယဲ့ဖန်က အလွှတ်ပေးဖို့စိတ်ကူးမရှိပေ။

သွမ့်ကျန်းလု၏ညာဘက်ခြေကျင်းကိုကိုင်ပြီး အားထည့်ချိုးလိုက်သည်။

ဂျွတ် ....

အရိုးကျိုးသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

မေ့လဲနေပြီဖြစ်တဲ့ သွမ့်ကျန်းလုက နာကျင်မှုကြောင့် ပြန်နိုးလာသည်။

" အား ...... "

" အား "

စူးရှတဲ့အော်ဟစ်သံက ကွင်းတစ်ခုလုံးပြန့်သွားသည်။

လူတိုင်းက ယဲ့ဖန်ရဲ့နည်းလမ်းတွေကြောင့် အံ့ဩနေကြသည်။

ဒါပေမဲ့ လူတွေက ပိုအားပေးကြသည်။

သွမ့်ကျန်းလုက တစ်ပုံစံတည်းပြန်ခံစားနေရတာဖြစ်သည်။

သူက ကျန်းလန်နှင့် ယန်းမန်ထန်းတို့ကို အရိုးချိုးခဲ့ပြီး ဖန်းယိမင်းက နေရာမှာတင်သေခဲ့ရသည်။

အခု ယဲ့ဖန်က သူ့ကို ပြန်ချိုးနေတာဖြစ်သည်။

သူတို့သုံးယောက်အတွက် လက်စားချေပေးတာဟုဆိုနိုင်သည်။

သွမ့်ကျန်းလုအနိုင်ယူခဲ့တဲ့ လူငယ်ပညာရှင်၅၀ကျော်အတွက်လည်း လက်တုန့်ပြန်တာဟုဆိုနိုင်သည်။

လူတွေအများကြီးက ယဲ့ဖန်ကို သူရဲကောင်းအဖြစ်မြင်ကြသည်။

တစ်ယောက်ယောက်ကများ ယဲ့ဖန်ကို ရက်စက်တယ်လို့ပြောလာရင် ယဲ့ဖန်တောင်လုပ်စရာမလိုဘဲ ပရိတ်သတ်တွေက သူ့အစားလာပြီးသေအောင်ရိုက်ကြလိမ့်မည်။

ဘေးမှာလှဲကြည့်နေတဲ့ယန်းမန်ထန်းက ကျေနပ်တဲ့အမူအရာပေါ်လာသည်။

တရုတ်ပြည်ကိုယ်ခံပညာရှင်လောကမှာ ဒီလိုလူငယ်လေးရှိနေလေသည်။

ပြန်လည်ရှင်သန်ဖို့မျှော်လင့်ချက်ရှိသည်။

ယန်းမန်ထန်းသည် အပြင်းအထန်ဒဏ်ရာရထားပေမဲ့ ပြိုင်ပွဲကို စိတ်ပူနေတာမရပ်နိုင်တာကြောင့် ဆေးရုံကိုမသွားဘဲတင်းခံနေတာဖြစ်သည်။

သို့ပေမဲ့ ယဲ့ဖန်အနိုင်ရတဲ့မြင်ကွင်းကြောင့် စိတ်ဒုန်းဒုန်းချလိုက်တဲ့အခါ နောက်ဆုံးမှာတော့ မေ့လဲသွားတော့သည်။

သူ့ကို ဆေးရုံသို့ခေါ်ဆောင်သွားကြတော့သည်။

ယဲ့ဖန်က နောက်ဆုံးမှာတော့ ထလာပြီး သူ့ရဲ့နီရဲစုတ်ပြတ်နေတဲ့လက်သီးထိပ်တွေကို ပွတ်လိုက်သည်။

ထိုးချက်တွေကပြင်းလွန်းတာကြောင့် လက်သီးထိပ်တွေစုတ်ပြဲကုန်သည်။ ရက်အနည်းငယ်နားပြီးမှ ပြန်သက်သာလာမှာဖြစ်သည်။

ယဲ့ဖန်သည် ထိုအချိန် ကြိုးဝိုင်းထဲမှာဘဲ ရပ်နေဆဲဖြစ်ပြီး သွမ့်ကျန်းလု၏သွေးတွေပေါ်ကို တက်နင်းမိသည်။

သူ့ပုံစံက ဘယ်သူမှတားမရတဲ့အရှိန်အဝါမျိုးနှင့်ပြည့်စုံနေသည်။

ပရိတ်သတ်တွေကလည်း ဩဘာပေးဖို့ မတွန့်ဆုတ်ကြပေ။

ကွင်းတစ်ခုလုံး လက်ခုပ်သံတွေဟိန်းနေသည်။

ယဲ့ဖန်က သူတို့ကို လက်ယမ်းပြသည်။

သူ့မှာ လူမိုက်ဂိုဏ်းကလိုကိုယ်ရောင်ဝါရှိတယ်လို့တောင် ခံစားမိနေသည်။

ထိုအချိန်တွင် လျုံဝမ်းယွမ်က စင်ပေါ်ခုန်တက်ပြီး ယဲ့ဖန်နားရွက်ကိုဆွဲသည်။

" အမှန်တိုင်းပြောစမ်း၊ မင်း လေချွန်သိုင်းကို ဘယ်ကနေသင်ထားတာလဲ "

ယဲ့ဖန်က နာလို့ အံကြိတ်ထားသည်။

" ဆရာ၊ အသက်ကြီးလို့မေ့နေပြီလား။ သေချာပေါက် ဆရာ့ဆီကပေါ့ "

" လာမလိမ်နဲ့။ ငါမင်းကို အခြေခံအကွက်တွေဘဲသင်ပေးရသေးတာ။ ဒါပေမဲ့ မင်းအခုသုံးသွားတဲ့လေချွမ်သိုင်းက ငါသင်ပေးထားတာနဲ့မတူဘူး "

ယဲ့ဖန်က ရယ်လိုက်သည်။

" ဆရာက သိတယ်လား "

လျုံယွမ်းဝမ်၏အမူအရာကတည်ကြည်လေးနက်နေသည်။

" မင်း နောက်တစ်ယောက်ကို ဆရာတင်ထားတာလား "

ယဲ့ဖန် သက်ပြင်းချလိုက်သည်။

" ဟုတ်တယ် "

လျုံယွမ်းဝမ် ကြောင်အသွားရသည်။

ကိုယ်ခံပညာလောကမှာ ဆရာတွေရဲ့အရေးပါမှုက ဒွန်တွဲပါသည်။

ဆရာရဲ့ခွင့်ပြုချက်မရဘဲ တပည့်က ဆရာပြောင်းခွင့်မရှိပေ။

ယဲ့ဖန်က ဆရာနှစ်ယောက်တင်ထားလျှင် လောကစည်းဖောက်ရာကျသွားလိမ့်မည်။

သူက စိတ်ထဲမထားပေမဲ့ စကားပြန့်သွားလျှင် မကောင်းပေ။

" မင်း လေချွမ်လက်သီးသိုင်းကို ဘယ်သူ့ဆီက သင်ယူခဲ့တာလဲ "

လျုံယွမ်းဝမ်က သူ့ကို စိုက်ကြည့်နေသည်။

" ဆရာ၊ ယဲဝမ်ကိုကြည့်ပြီးပြီလား "

ယဲ့ဖန်၏ အမူအရာက လေးနက်နေသည်။

" ယဲဝမ်က ဘာလဲ "

လျုံယွမ်းဝမ်အံ့သြသွားသည်။

" အဲ့တာက ရုပ်ရှင်ပါ။ ကျွန်တော့်ရဲ့ လေချွမ်လက်သီးသိုင်းကို အဲ့ဒီကနေသင်ယူခဲ့တာ "

ယဲ့ဖန်က ရိုးရိုးသားသား ဖြေခဲ့သည်။

" ရုပ်ရှင်ထဲကနေ ...... လက်သီးသိုင်းကို သင်ယူတာလား "

လျုံယွမ်းဝမ်၏အမူအရာမှာ ထိတ်လန့်နေသည်။ သူ့နားကိုပင် မယုံနိုင်ချေ။

" ဆရာ၊ ကျွန်တော်တို့က အခု ဘယ်ခေတ်မှာမလို့လဲ။ လက်သီးထိုးနည်းတွေကို လေ့လာဖို့နည်းလမ်းတွေအများကြီးရှိတယ်။ အွန်လိုင်းမှာလည်း သင်ခန်းစာတွေအများကြီးရှိတယ်။ ခေတ်နဲ့အမီလိုက်ရမယ်လေ "

ယဲ့ဖန်က သူ့ပခုံးကိုပုတ်ပြီး စိတ်ထက်သန်စွာပြောလိုက်သည်။

လျုံယွမ်းဝမ်အံ့အားသင့်သွားသည်။

" ဒါဆို ငါ့အမြင်တွေက အရမ်းဟောင်းနေလို့လား "

ယဲ့ဖန်က သူ့ကို ကြည့်လိုက်သည်။ သူ ကိုယ်တိုင် တွေ့ကြုံခံစားပါစေ။

ထို့နောက် သူပလှည့်ပြီး ကွင်းထဲမှခုန်ဆင်းကာ ရှုကျင်းရှင်းထံသို့ လျှောက်သွားသည်။

သူ စကားမပြောနိုင်ခင်တွင် ရှုကျင်းရှင်းက သူ့လက်မောင်းပေါ်ကို ရုတ်တရက် ရိုက်လိုက်သည်။

ယဲ့ဖန်အံ့သြသွားသည်။

ဒီမိန်းကတော့ ဘာတွေဖြစ်နေတာလဲ။

မမေးနိုင်ခင်မှာဘဲ ရှုကျင်းရှင်းက သူ့ရင်ခွင်ထဲ ရောက်လာတော့သည်။

" ငါ့ကို ကတိပေး၊ ဒီလိုမျိုး အန္တရာယ်များတဲ့ဟာတွေ ထပ်မလုပ်နဲ့တော့။ ဟုတ်ပြီလား "

ယဲ့ဖန်သည် သူ့လက်ထဲမှ အလှတရားလေး၏နွေးထွေးမှုကို ခံစားမိသည်။

ခဏတာ ခံစားချက်တွေ ရောထွေးလာတော့သည်။

သူမက သူ့ကိုရိုက်နှက်ပြီးတော့ ချိုမြိန်တဲ့ချိန်းတွေ့မှုလေးပေးမှာလား။

ဒီချိန်းဆိုမှုက အရမ်းချိုမြိန်တယ် ......

အရမ်းချိုမြိန်တာဘဲ ........

အပိုင်း ( ၂၈၀ )

တပည့်ကို ပျားရည်ထောင်ချောက်ထဲသို့တွန်းပို့ခြင်း

ပရိတ်သတ်ထဲတွင် ယဲ့ဖန်နှင့်တွဲပြီး ဓာတ်ပုံရိုက်ချင်တဲ့သူတွေများသည်။

သို့ပေမဲ့ ယဲ့ဖန်သဘောမတူနိုင်ခင်မှာဘဲ လျုံဝမ်းယွမ်က အားလုံးကို ငြင်းလိုက်သည်။

ယဲ့ဖန်သည် နာမည်ရလာပြီဖြစ်ပြီး အရမ်းထင်ပေါ်မနေဖို့တော့လိုသည်။

အပင်မြင့်လေ လေတိုက်ကြမ်းလေဖြစ်သွားလိမ့်မည်။

အရမ်းကြီးထင်ပေါ်နေပါက မကောင်းပေ။

ယဲ့ဖန်ကလည်း အဲ့တာနဲ့ပတ်သက်ပြီး ဘယ်လိုမှစိတ်ထဲမနေပေ။

သူ ဒီနေ့စင်ပေါ်တက်ခဲ့ခြင်းက နာမည်ရချင်လို့မဟုတ်ဘဲ မောက်မာနေသည့် သွမ့်ကျန်းလုကို အညွန့်ချိုးချင်တာကြောင့်ဖြစ်သည်။

ပရိတ်သတ်အားပေးမှုကို လိုချင်တာကြောင့်မဟုတ်ပေ။

သို့ပေမဲ့ ကိုယ်ခံပညာရှင်အသိုင်းအဝိုင်းကိုတော့ ရှောင်မရပေ။

သူတို့က ယဲ့ဖန်ရဲ့ ဖြစ်နိုင်စွမ်းကိုတွေ့ခဲ့ပြီးဖြစ်တာကြောင့် သူတို့က မိတ်လာဖွဲ့ကြသည်။

" သူရဲကောင်းတွေဆိုတာ ငယ်ရွယ်တဲ့သူတွေထဲက လာကြတာ။ မိတ်ဆွေလေးယဲ့က အရမ်းငယ်ပေမယ့် သွမ့်ကျန်းလုကို အမှန်တကယ်အနိုင်ယူခဲ့တယ်။ သဘောကျတယ်ဟေး "

" ဂျပန်ကကောင်ကတော့ ယဲ့ညီလေးရိုက်လိုက်လို့ သူ့မိဘတွေကို ငိုပြီးတိုင်နေလောက်ပြီ။ ဒါက တကယ်ကို ကျေနပ်စရာပဲ "

" ဒီနေ့တိုက်ပွဲပြီးရင် ငါတို့ရဲ့မိတ်ဆွေလေးယဲ့က တရုတ်နိုင်ငံကိုယ်ခံပညာလောကထဲမှာ သေချာပေါက် နာမည်ကြီးလာလိမ့်မယ်။ သူ့အနာဂတ်က အကန့်အသတ်မရှိဘူး "

" မိတ်ဆွေလေးယဲ့ ကျွန်တော်တို့ရဲ့ ကျားငါးကောင်ဓားပဲ့ဂိုဏ်းမှာ ပါဝင်ဖို့ ဆန္ဒရှိလား။ ကျွန်တော်တို့ရဲ့ ရှိသမျှစွမ်းအင်အားလုံးကို ရင်းနှီးမြှပ်နှံပြီး အစွမ်းရှိသမျှလေ့ကျင့်ပေးဖို့ ဆန္ဒရှိပါတယ် "

" ငါတို့၏အနောက်တောင်တန်းရှင်းယိလက်သီးဂိုဏ်းကလည်း ဖိတ်ခေါ်ဖို့ဆန္ဒရှိပါတယ်။ မိတ်ဆွေလေးယဲ့၊ ငါတို့နဲ့ တွဲသင့်တယ် "

" မိတ်ဆွေလေးယဲ့က ငါတို့ရဲ့ တောင်မြစ်ရွှမ်းဝူဂိုဏ်းမှာ လက်တွဲဖို့ဆန္ဒရှိနေရွေ့ အနာဂတ်ဂိုဏ်းခေါင်းဆောင်ရာထူးကိုပေးမယ်လို့ ငါကတိပေးနိုင်ပါတယ် "

"မိတ်ဆွေလေးယဲ့က တောင်မြစ်ရွှမ်းဝူဂိုဏ်းမှာ ဂိုဏ်းခေါင်းဆောင်ဖြစ်ဖို့ သက်သက်နဲ့ လာချင်ပါ့မလား။ တကယ်ကို ရူးနေတာဘဲ "

" ဒါက မိတ်ဆွေလေးယဲ့နဲ့ ငါတို့ကြားကကိစ္စပဲ။ မင်းတို့ ကျားငါးကောင်ဓားပဲ့ဂိုဏ်းနဲ့ ဘာဆိုင်လဲ "

" ငါတို့ ကျားငါးကောင်ဓားပဲ့ဂိုဏ်းက နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိတဲ့ ဂိုဏ်းတစ်ခုဘဲ။ မင်းတို့ တောင်မြစ်ရွှမ်းဝူဂိုဏ်းက ငါတို့နဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ။ မိတ်ဆွေလေးယဲ့က ပါဝင်ချင်တယ်ဆိုရင်တောင် ငါတို့နဲ့ဘဲ ပူးပေါင်းသင့်တယ် "

" လူကောင်းတစ်ယောက်က အတိတ်က အောင်မြင်မှုတွေကို မကြွားတတ်ဘူး။ မင်းတို့ ကျားငါးကောင်ဓားပဲ့ဂိုဏ်းက အငြင်းခံထားရပြီးသားမလို့ မိတ်ဆွေလေးယဲ့ကို တောင်းဆိုဖို့ ဘာအရည်အချင်းတွေရှိလို့လဲ။ ငါတို့ အနောက်တောင်တန်းရှင်းယိလက်သီးဂိုဏ်းနဲ့ဘဲ ပူးပေါင်းသင့်တယ် "

" မင်းတို့ အနောက်တောင်တန်းရှင်းယိလက်သီးဂိုဏ်းကဘာမလို့လဲ။ သူတို့က အားနည်းတဲ့အတွက်မိတ်ဆွေလေးယဲ့ရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကို မဖြုန်းတီးသင့်ဘူး "

" ငါတို့ကို အားနည်းတယ်လို့ မင်းပြောရဲတာလား။ မင်းမှာ အရည်အချင်းရှိရင် ပြိုင်ကြရအောင် "

" ဘယ်သူကကြောက်လဲဆိုတာ ကြည့်ရအောင်။ တိုက်ကြစို့၊ အနိုင်ရတဲ့သူတိုင်းရဲ့ဂိုဏ်းမှာ မိတ်ဆွေလေးယဲ့က ပါလိမ့်မယ် "

" လာ၊ ငါက မင်းကို ကြောက်မယ်ထင်လား "

" ........ "

ယဲ့ဖန်ကို ဂိုဏ်းမှာပါဖို့ တိုက်ခိုက်နေကြသူတွေက မျက်နှာတွေပါ နီရဲလာတော့သည်။

လျုံဝမ်းယွမ်က ယဲ့ဖန်နှင့် ရှုကျင်းရှင်းကို ဆွဲပြီးထွက်လာသည်။

သူသာ အခုမထွက်လာရင် သူ့တပည့်ကပါသွားလိမ့်မည်။

ထိုအခါ သူ့မှာငိုစရာနေရာမရှိဘဲနေလိမ့်မည်။

ဒီနေ့တိုက်ပွဲပြီးတဲ့နောက် ယဲ့ဖန်သည် တရုတ်မှာသာမက ဂျပန် ကိုယ်ခံပညာရှင်လောကမှာပါ နာမည်ကြီးပေလိမ့်မည်။

သူ့ဆရာထက်ပင် နာမည်သတင်းမွှေးနေလိမ့်ပေမည်။

တစ်လတောင်မရှိသေးပညာရှင်လေးအတွက် ဒီလိုဖြစ်တာက မကောင်းပေ။

အနာဂတ်မှာ ယဲ့ဖန်ကို ဒီလိုကိစ္စမှာ မျက်နှာမပြစေဖို့လိုသည်။

" ဆရာ၊ ကျွန်တော် ဗိုက်ဆာပြီ "

ယဲ့ဖန်က လျုံဝမ်းယွမ်နောက်မှလိုက်ထွက်လာပြီး သူ့ဗိုက်ကိုပွတ်ပြသည်။

တိုက်ပွဲကြီးက သူ့အားတွေကို စုပ်ယူသွားလေသည်။

သူ့စွမ်းအင်ကို အမြန်ဆုံးဖြည့်ဖို့လိုအပ်နေသည်။

" ဒီနားမှာ ကောင်းတဲ့သီးသန့်စားသောက်ဆိုင်တစ်ခုကိုသိတယ်။ စားကြည့်ချင်လား "

လျုံဝမ်းယွမ်က မပြောနိုင်ခင်မှာဘဲ ရှုကျင်းရှင်းက အမြန်ပြောလိုက်သည်။

လျုံဝမ်းယွမ်က မျက်လုံးဝေ့လိုက်သည်။

" ငါလည်းလုပ်စရာရှိသေးတော့ မင်းတို့အရင်သွားနှင့်ကြ "

အခုဂိုဏ်းတွေအများကြီးက သူ့တပည့်ကိုချိန်နေကြသည်။

ဂုဏ်ရော အနေအထားရော ယှဉ်မယ်ဆို သူတို့ကို လျုံဝမ်းယွမ် မယှဉ်နိုင်ပေ။

အခုတော့ ပျားရည်ထောင်ချောက်လေးကိုသာသုံးရတော့မည်ဖြစ်သည်။

ယဲ့ဖန်က မမလေးရှုကို ထောက်ပြီး သူ့ကို စွန့်မသွားဖို့ မျှော်လင့်ရမည်။

ဟူး ဆရာတစ်ယောက်က ဒီလိုနည်းလမ်းမျိုးသုံးတယ်။

သူ့တပည့်လှေပြောင်းမစီးဖို့ ဒီလိုနည်းလမ်းကို တကယ်ဘဲသုံးလိုက်ရသည်။

ဘယ်လောက်အရှက်ရစရာကောင်းလဲ။

ယဲ့ဖန်က လျုံဝမ်းယွမ်ကို နှုတ်ဆက်ပြီး ရှုကျင်းရှင်းက အနားရှိစားသောက်ဆိုင်သို့မောင်းသွားသည်။

လမ်းတစ်လျှောက်တွင် ရှုကျင်းရှင်းက သူ့ကို ခဏခဏကြည့်နေသည်။

အဆုံးမှာတော့ ယဲ့ဖန်လည်း ထိန်းမထားနိုင်ဘဲ မေးလိုက်တော့သည်။

" ဘာလို့ကြည့်နေတာလဲ။ မျက်နှာမှာပန်းပွင့်နေလို့လား "

ရှုကျင်းရှင်းက နည်းနည်းရှက်သွေးဖြာသွားသည်။

" မယုံလို့ပါ။ ရှင်လေ့ကျင့်တာတစ်လတောင်မရှိသေးဘူး။ ဒါတောင် သွမ့်ကျန်းလုကို အနိုင်ရခဲ့တာလေ "

သို့ပေမဲ့ ယဲ့ဖန်ကတော့ ဘယ်လိုမှမနေပေ။

" ကိုယ်က နှစ်တစ်ရာမှ တစ်ယောက်လောက်ရှိလာတဲ့ ပညာရှင်လို့ ဆရာကပြောတယ်လေ။ အဲ့တော့ သွမ့်ကျန်းလုလောက်က ကိတ်မုန့်လေးလိုအသာလေးဘဲမဟုတ်လား "

ယဲ့ဖန် အဲ့လိုပြောလိုက်ပေမဲ့ ပွဲက ဘယ်လောက်အန္တရာယ်များလဲဆိုတာသိသည်။

အင်အားအရသာဆို သူ သွမ့်ကျန်းလုကို တကယ်ဘဲ မနိုင်ပေ။

သူက ဂျပန်မှ ကရာတေးပညာရှင်ဖြစ်ပြီး အတွေ့အကြုံများကာ ပြည်နယ် ၁၈ခုမှ ပညာရှင်တွေကိုတောင် ကျော်ဖြတ်လာခဲ့ရပြီး အယောက် ၅၀ ကျော် ပွဲ အခြေအနေနဲ့ ကြုံခဲ့ရသည်။

တစ်ဖက်သူနဲ့ ယဲ့ဖန် ခေါင်းချင်းယှဉ်ရမယ်ဆိုလျှင် ဆယ်ကွက်တောင်မခံဘဲ ရှုံးမှာဖြစ်သည်။

ဒီတစ်ခေါက်နိုင်တာက သူ့မှာ အသိကျယ်လို့ဖြစ်သည်။

သူ စစ်မြေပြင်၊ စိတ်ပိုင်းဆိုင်ရာ၊ ပွဲခင်းအနေအထား စသည်တို့ကို တွက်ချက်ပြီးတိုက်ခဲ့လို့ဖြစ်သည်။

အရင်ဆုံးတစ်ဖက်သူရဲ့ဒေါသကိုစွခဲ့ပြီး တစ်ဖက်သူရဲ့အကွက်ကို ကြိုမှန်းနိုင်ခဲ့လို့ဖြစ်သည်။

အဆုံးမှာ ကံကောင်းပြီး အနိုင်ရခဲ့သည်။

ကိုယ်ခံပညာလောကကြားက တိုက်ပွဲဟာ ဗဟုသုတတွေပေါင်းစပ်ပြီး အောင်ပွဲခံအဆုံးသတ်မယ်လို့ ဘယ်သူက ထင်မှာလဲ။

သွမ့်ကျန်းလုက ဒါကိုကြားလိုက်ရင်တော့ သူ အရမ်းစိတ်ဓာတ်ကျပြီး သွေးအန်သွားနိုင်သည်။

သူက တစ်သက်လုံး ကရာတေးလေ့ကျင့်ခဲ့ပြီး နောက်ဆုံးမှာတော့ ဗဟုသုတနည်းတာကြောင့် ရှုံးနိမ့်ခဲ့ရသည်။

ဒါပေမယ့် ဘယ်လောက်ပဲ စိတ်ဓာတ်ကျနေပါစေ .... သူသည် ယဲ့ဖန်ကို လက်စားချေရန် နောက်ထပ် ဘယ်တော့မှအခွင့်အရေးမရှိနိုင်တော့ပေ။

သူရဲ့ခြေထောက်တစ်ဖက်သည် ယဲ့ဖန်ကြောင့် ကျိုးနေပြီဖြစ်သည်။

ကိုယ်ခံပညာသမားတစ်ယောက်အတွက် ခြေထောက်ဆုံးရှုံးရတာ အသက်ဆုံးရှုံးရသလိုဖြစ်သည်။

သူက ဒုက္ခိတဖြစ်သွားခဲ့ပြီဖြစ်သည်။

သို့သော် ဒီကိစ္စအတွက် ဘယ်သူ့ကိုမျှ အပြစ်မတင်နိုင်ပေ။

လက်စားချေခြင်းဟုသာ ယူဆနိုင်သည်။

ရှုကျင်းရှင်း၏ကားသည် သီးသန့်စားသောက်ဆိုင်သို့ရောက်ရှိခါနီးတွင် ..... ရုတ်တရက် စနစ်မှသတိပေးချက်ကို ယဲ့ဖန်နားထဲမှ ကြားလိုက်ရသည်။

[ ရတနာလမ်းကြောင်းအသစ်ကို ရှာတွေ့ထားပါသည်။ လက်ရှိလမ်းအတိုင်း မီတာ ၅၀ တည့်တည့်သွားပြီး ညာဘက်ကို ကွေ့ပါ .... ]

All Chapters