← Chapters

အပိုင်း ၂၈၅-၂၈၈

Vol. 15 Ch. 285-288

အပိုင်း ၂၈၅-၂၈၈

Vol. 15 Ch. 285-288

အပိုင်း ( ၂၈၅ )

မှီခိုအားထားလို့မရတဲ့ ယဲ့လူကြီးမင်း

သိုက်ချန်းက ယဲ့ဖန်ကို ကုမ္ပဏီအစည်းအဝေးခန်းမသို့ခေါ်လာခဲ့သည်။

သူတို့က အစည်းအဝေးစားပွဲခုံရဲ့တစ်ဖက်တစ်ချက်စီမှာထိုင်လိုက်ကြသည်။

အခြားအထက်ပိုင်းအကြီးအကဲတွေကလည်း ပြောစရာမလိုဘဲ သူတို့ရဲ့တစ်ဖက်စီမှာ ရပ်နေသည်။

ထို့နောက် သိုက်ချန်းက သူပြင်ဆင်ထားတဲ့စာရွက်စာတမ်းကို ကမ်းပေးလိုက်သည်။

ယဲ့ဖန်က စနစ်ကို အပြည့်အဝယုံကြည်သည်။

အဲ့တာကြောင့် စာရွက်တွေကိုမစစ်ဘဲ လက်မှတ်တန်းထိုးလိုက်သည်။

ထိုမြင်ကွင်းကြောင့် သိုက်ချန်းနဲ့အခြားသူတွေက ခေါင်းခါကြသည်။

ထိုသူဌေးအသစ်က ဒီလိုအရေးကြီးစာရွက်စာတမ်းကိုတောင် မကြည့်ဘဲလက်မှတ်ထိုးလိုက်သည်။

ဘယ်လိုလုပ်ပြီးယုံရဲတော့မှာလဲ။

သိုက်ချန်းက လက်မှတ်ထိုးပြီးတာကို စောင့်ပြီးတဲ့နောက် မေးလိုက်သည်။

" စိတ်မရှိဘူးဆိုရင် ယဲ့လူကြီးမင်းက ဘာလို့ ကျန်းကျိုးဒီဇိုင်းကုမ္ပဏီကို ဝယ်လဲဆိုတာသိချင်ပါတယ် "

ယဲ့ဖန်က ထိုအမေးကိုကြားတဲ့အခါ ပြာသွားသည်။

" အဲ့တာက ....... "

ဒီမေးခွန်းက သူဖြေဖို့အတွက် ခက်ခဲလွန်းလေသည်။

ပြီးတော့ စနစ်ကဘဲ ဝယ်ယူပေးခဲ့တာဖြစ်သည်။

ဒီဝယ်ယူမှုတဲ့ပတ်သက်ပြီးလည်း သူ ကြိုမသိခဲ့ရပေ။

ယဲ့ဖန်က တွန့်ဆုတ်နေတာကိုကြည့်ပြီး သိုက်ချန်းစိတ်ပျက်သွားရတော့သည်။

" ယဲ့လူကြီးမင်းက ကျွန်တော်တို့ ကျန်းကျိုးဒီဇိုင်းကုမ္ပဏီနဲ့ပတ်သက်ပြီး အရင်ကသိဖူးတာရှိပါသလား "

" အဲ့တာက ........ "

" ကျန်းကျိုးကုမ္ပဏီကို အနာဂတ်မှာ ဘယ်လိုတိုးတက်အောင်လုပ်ဖို့ တွေးထားပါသလဲ "

" အဲ့တာ ...... "

ယဲ့ဖန်သည် သူ့ရဲ့မေးခွန်းသုံးခုကြောင့် ဆွံ့အပြီးသာကျန်နေခဲ့ရသည်။

သူ အဲ့မေးခွန်းတွေကို မဖြေနိုင်ပေ။

သိုက်ချန်းသည် တစ်ခုမေးပြီးတိုင်း တစ်ခါစိတ်ပျက်ရသည်။

ဒီတစ်ကြိမ်မှာတော့ သူ့နှလုံးသားက ချောက်ထဲပြုတ်ကျသွားသည်ဟုပင်ခံစားရသည်။

ယဲ့လူဲကြီးမင်းက ကျန်းကျိုးဒီဇိုင်းကုမ္ပဏီအကြောင်းကို တစ်စက်ကလေးမှမသိတာဖြစ်သည်။

သူက ဆော့ကစားချင်တာကြောင့်သာဝယ်လိုက်တာဖြစ်လိမ့်မည်။

သိုက်ချန်း ဒီလိုဒုတိယမျိုးဆက်သူဌေးသားတွေကို အများကြီးတွေ့ဖူးသည်။

အများစုက စွမ်းဆောင်ရည်ကောင်းမွန်နေတဲ့ကုမ္ပဏီတစ်ခုကို ငွေတွေအများကြီးသုံးပြီးဝယ်ကာ သူတို့ရဲ့မိသားစုကို အရည်အချင်းပြကြပေမဲ့ တကယ်တော့ အပေါ်ယံရှိုးပြရုံသာဖြစ်သည်။

ထိုကဲ့သို့ အဝယ်ခံလိုက်ရတဲ့ကုမ္ပဏီအများစုဟာ တစ်နှစ်ထက် ပိုမကြာခင်မှာဘဲ ပျက်စီးကကြရသည်။

ယဲ့လူကြီးမင်းမှာလည်း တူညီသော ရည်ရွယ်ချက်ရှိနေပုံရသည်။

ယဲ့ဖန်က စကားပြန်ပြောတော့မယ့်အချိန်မှာဘဲ သူ့ဗိုက်က ရုတ်တရက်နာလာသည်။

သူနဲ့ရှုကျင်းရှင်းအတူတူစားခဲ့တဲ့ နေ့လယ်စာ စီချွမ်းစားသောက်ဆိုင်က အတော်လေးစပ်သွားတာဖြစ်လိမ့်မည်။

ဗိုက်နာလာတော့သည်။

" တောင်းပန်ပါတယ်၊ အိမ်သာခဏသွားလိုက်ပါဦးမယ် "

ယဲ့ဖန်က လူအုပ်ကြီးကိုပြောလိုက်သည်။

ယဲ့ဖန် အိမ်သာစက္ကူယူမလာတာကြောင့် သူ့ရှေ့က လွှဲပြောင်းရေးစာရွက်ကိုဖြဲလိုက်ပြီး အိမ်သာဆီကိုအပြေးသွားတော့သည်။

ယဲ့ဖန်အမြင်မှာတော့ သူ့လုပ်ရပ်က ဘာအမှားမှမရှိပေ။

ဒီစာရွက်စာတမ်းတွေက လွှဲပြောင်းရေးပြီးတာနဲ့ အသုံးမဝင်တော့ချေ။

ဒီလိုစာရွက်ပုံးတွေ သူ့အိမ်ထောင့်မှာဖုံတက်နေတာရှိသည်။

ထို့ကြောင့် နှစ်ပိုင်းဖြဲလိုက်တာက ပြဿနာမဟုတ်ဘူးဟုထင်သည်။

သို့ပေမဲ့ သိုက်ချန်းနဲ့ အခြားသူတွေရဲ့စိတ်ထဲမှာတော့ အထူးသဖြင့် ဒီလိုကိစ္စတွေက အရမ်းကို အရေးပါအရာရောက်သည်။

ဒါပေမဲ့ ကုမ္ပဏီလွှဲပြောင်းရေးစာရွက်စာတမ်းတွေက ထိုသူဌေးအသစ်ရဲ့ကိစ္စဝစ္စရှင်းတဲ့အဖြစ်ကိုရောက်သွားရသည်။

ထိုသူဌေးအသစ်က ဒီကုမ္ပဏီကို တန်ဖိုးမထားမှန်းပေါ်လွင်လေသည်။

သိုက်ချန်းသည် ကျန်တဲ့ဝန်ထမ်းတွေကိုမော့ကြည့်ပြီး သူ့အမူအရာက တဖြည်းဖြည်းတင်းမာလာတော့သည်။

" မင်းတို့ ယဲ့လူကြီးမင်းကို ဘယ်လိုထင်လဲ ပြောကြည့်ကြရအောင် "

အားလုံးက တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း မျက်နှာမှာအဆင်မပြေတဲ့အမူအရာတွေ ပေါ်လာကြသည်။

ဒါပေမယ့် ဘယ်သူကမှ အရင်မပြောပေ။

တကယ်တော့ အခုအခါမှာ ယဲ့ဖန်က သူတို့ရဲ့လက်ရှိသူဌေးဖြစ်နေပြီဖြစ်သည်။

နောက်ကွယ်မှာ သူတို့ရဲ့သူဌေးအကြောင်း မကောင်းပြောပြီး တစ်နေ့မှာ ထိုသူဌေးအသစ်က အဲ့ဒီအကြောင်းကို ကြားသွားရင် ဘယ်လိုလုပ်မလဲ။

သူတို့ အကျိုးဆက်ကို ခံနိုင်ရည်ရှိမှာမဟုတ်ပေ။

သိုက်ချန်းသည် သူတို့၏စိုးရိမ်ပူပန်မှုကို မြင်နိုင်သဖြင့် သူ့ဘက်က စပြီးပြောတော့သည်။

" မင်းတို့ မပြောရဲတဲ့အတွက် ငါကဘဲအရင်ပြောမယ်။ ဒီယဲ့လူကြီးမင်းကို မှီခိုအားထားပြီး သူကလည်း ကုမ္ပဏီကို စီမံခန့်ခွဲနိုင်စွမ်းရှိမယ်လို့ မခံစားရဘူး "

ဘယ်သူမှ စကားမပြောကြပေမယ့် အားလုံးက ခေါင်းငြိမ့်ကြသည်။

သူ့သုံးသပ်ချက်ကို သူတို့အားလုံးကသဘောတူမှန်း သိသာပါသည်။

သိုက်ချန်း၏ အမူအရာက လေးနက်နေပြီးဆက်ပြောသည်။

" ကုမ္ပဏီက အဲ့လိုလူရဲ့စီမံခန့်ခွဲမှုအောက်မှာဆို ကောင်းမွန်တဲ့ဖွံ့ဖြိုးတိုးတက်မှုရှိလာမှာမဟုတ်ဘူး။ အချိန်တောင်သိပ်မကြာလိုက်ဘဲပိတ်သွားမှာတောင် စိုးရိမ်ရတယ် "

သူ့စကားကြားတဲ့အခါ အားလုံးရဲ့နှလုံးသား တုန်လှုပ်သွားရသည်။

ဝန်မခံချင်သော်လည်း သိုက်ချန်းက အမှန်အတိုင်းပြောနေမှန်း သူတို့သိလေသည်။

ယဲ့ဖန်ရဲ့ ခုနတုန်းက လုပ်ဆောင်ချက်ကို အခြေခံရမယ်ဆိုလျှင် သူက တကယ်ကို စိတ်မချရပေ။

ကုမ္ပဏီက သူ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဘယ်လိုကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးတိုးတက်နေမည်ဆိုတာကို စိတ်ကူးဖို့ပင်ခက်သည်။

အကယ်၍ ကုမ္ပဏီက ကောင်းကောင်းမတိုးတက်ပါက ဒေဝါလီခံရခြင်းပင် ကြုံတွေ့ရနိုင်သည်။

သူတို့ရဲ့ အနာဂတ်ကို အကြီးအကျယ်ထိခိုက်စေလိမ့်မည်။

ချက်ချင်းပင် တစ်စုံတစ်ယောက်က သိုက်ချန်းကို အကူအညီတောင်းရန် လှည့်လာသည်။

" ဥက္ကဌသိုက်၊ အခု ဘာလုပ်သင့်လဲ "

သိုက်ချန်းက အားလုံးကို ဖြည်းဖြည်းချင်းကြည့်လိုက်သည်။

" ကျွန်တော်က အစကနေပြန်စပြီး ကုမ္ပဏီအသစ်တစ်ခုစထောင်ဖို့ စီစဉ်နေပါတယ်။ ကျွန်တော့်နောက်ကို လိုက်ချင်တဲ့ဘယ်သူမဆို လက် မြှောက်ပါ "

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ကုမ္ပဏီကို အခုလေးတင်ဝယ်ယူခံထားရပြီး ချက်ချင်းဘဲ ဥက္ကဌသိုက်က နောက်အသစ်တစ်ခုကိုစဖို့ စီစဉ်နေလေသည်။

သို့သော်လည်း သူတို့ အနည်းငယ်သာအံ့သြသွားခဲ့ရသည်။

ထို့နောက် တုံ့ဆိုင်းမနေဘဲ လက်ကိုမြှောက်လိုက်ကြသည်။

စိတ်မချရတဲ့ ယဲ့ယဲ့လူကြီးမင်းထက်စာလျှင် .......... သူတို့က နှစ်ပေါင်းများစွာ လက်တွဲလုပ်ကိုင်ခဲ့တဲ့သိုက်ချန်းကို ပိုမိုယုံကြည်လိုစိတ်ရှိခဲ့ကြသည်။

သိုက်ချန်းသည် လူတိုင်း၏သဘောထားကို အလွန်ကျေနပ်နေပြီး ချက်ချင်းခေါင်းငြိမ့်လိုက်သည်။

" ကောင်းပြီ၊ ဒါဆိုရင် လက်လွှဲပြီးတာနဲ့ ကျွန်တော်တို့အားလုံးနှုတ်ထွက်ကြမယ် "

အထက်ဝန်ထမ်းများအားလုံးက အနည်းငယ်စိတ်လှုပ်ရှားနေကြသည်။

ယဲ့လူကြီးမင်း၏ မျက်နှာပေါ်အမူအရာကို စိတ်ကူးကြည့်နိုင်သည်။

အသစ်ဝယ်ယူထားသောကုမ္ပဏီရဲ့အကြီးတန်းဝန်ထမ်းတွေအားလုံးက ထွက်သွားမယ်ဆိုရင် ဘာကျန်ခဲ့မှာလဲ။

သူ့မျက်နှာက ဒေါသထွက်လွန်းလို့ အစိမ်း‌ရောင်တောင်ဖြစ်နေမှာဘဲ။

သို့သော် အဲ့တာအတွက် သူတို့ကို အပြစ်မတင်သင့်ပေ။

ယုံကြည်စိတ်ချရမှုမရှိခြင်းအတွက် သူ့ကိုယ်သူသာ အပြစ်တင်သင့်သည်။

သူတို့က သူ့နောက်ကိုလိုက်ပြီး သူတို့ရဲ့ အနာဂတ်ကို ဂိမ်းတစ်ခုအဖြစ်သဘောထားလို့မရဘူးလေ ဟုတ်တယ်မလား။

ချမ်းသာတဲ့ဒုတိယမျိုးဆက်သခင်လေးကတော့ ကစားရန်တတ်နိုင်ပေမဲ့ သူတို့ကတော့ မကစားနိုင်ပေ။

ထိုအချိန် ကျန်းကျိုးဒီဇိုင်းကုမ္ပဏီ၏ အစည်းအဝေးခန်းတံခါးကိုခေါက်သံ ရုတ်တရက် ထွက်လာသည်။

အဲ့ဒီနောက်မှာတော့ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက သူ့ခန္ဓာကိုယ်တစ်ဝက်ကို မှီပြီးအခန်းထဲကိုလှမ်းကြည့်လိုက်သည်။

" ဥက္ကဌသိုက်၊ ကျွန်တော် ဝင်လာလို့ရမလား "

သိုက်ချန်းက ထိုလူကိုတွေ့တော့ ကမန်းကတန်းထရပ်လိုက်သည်။

" ဒါရိုက်တာကုန်း မဟုတ်လား။ ကျေးဇူးပြုပြီး ဝင်ပါ "

ထိုလူက ကျုံးဟိုင်မြို့၏ ဟူရန်လူချမ်းသာစာရင်းတာဝန်ရှိသူ ကုန်းရှန်းဟုန်ဖြစ်သည်။

သူတို့က မိတ်ဆွေဟောင်းတွေဖြစ်ကြသည်။

ကုန်းရှန်းဟုန်က တံခါးကိုတွန်းဖွင့်ပြီးဝင်လာသည်။

သူက သိုက်ချန်းနှင့် လက်ဆွဲနှုတ်ဆက်သည်။

" ဥက္ကဌသိုက်၊ ကျွန်တော်က မဖိတ်ဘဲလာခဲ့တာမလို့ အနှောင့်အယှက်မဖြစ်သွားဘူးလို့တော့ မျှော်လင့်ပါတယ် "

သိုက်ချန်းက အမြန်ခေါင်းခါပြသည်။

" မဟုတ်ပါဘူး။ လွှဲပြောင်းရေးလုပ်ငန်းစဉ်က မြန်မြန်ဘဲပြီးသွားတာပါ။ ဒါရိုက်တာကုန်းက ဘာကိစ္စများရှိလို့ ဒီနေ့ ကျွန်တော်တို့ကုမ္ပဏီဆီကိုရောက်လာတာပါလဲ "

" ကျန်းကျိုးဒီဇိုင်းကုမ္ပဏီကို ဝယ်သွားတဲ့သူရှိတယ်ဆိုလို့ပါ။ အဲ့တာကြောင့် အချက်အလက်လေးစုဆောင်းချင်လို့ "

ကုန်းရှန်းဟုန်က အမြန်ရှင်းပြသည်။

ထို့နောက် လှည့်ပတ်ကြည့်ပြီးမေးသည်။

" ဘယ်သူဌေးက ခင်ဗျားတို့ကုမ္ပဏီကိုဝယ်လိုက်တာလဲ "

သိုက်ချန်းက ထိုအခါ ချက်ချင်းသက်ပြင်းချသည်။

" ပြောမနေပါနဲ့တော့။ ဒီကိစ္စကြောင့် အတော်လေးခေါင်းကိုက်နေတာ "

သူ့လေသံအရ တစ်ခုခုရှိနေမှန်း ကုန်းရှန်းဟုန်သိလိုက်သည်။ အဲ့တာကြောင့် ချက်ချင်းစိတ်ဝင်စားသွားတော့သည်။

" ဘာများဖြစ်သွားလို့လဲ "

သိုက်ချန်းက ခါးသက်သက်ပြုံးသည်။

" ကျွန်တော့်တို့ကုမ္ပဏီကိုဝယ်သွားတဲ့ ယဲ့လူကြီးမင်းက ယုံကြည်အားကိုးထိုက်တဲ့သူမဟုတ်ဘူး .... "

ထို့နောက် သူက ကုန်းရှန်းဟုန်ကို ယဲ့ဖန်၏အပြုအမူတွေကို ရှင်းပြတော့သည်။

ကုန်းရှန်းဟုန်ကလည်း သဘောတူခေါင်းငြိမ့်သည်။

" ခင်ဗျားပြောပုံအရဆို ဒီယဲ့လူကြီးမင်းက တကယ်ကို ယုံကြည်လို့မရတဲ့သူဘဲ "

အပိုင်း ( ၂၈၆ )

အံ့သွားတောင်စုံအောင်မပေါက်လောက်သေးတဲ့ သူဌေးအကြီးစား

ကုန်းရှန်းဟုန်သည် သူ့မိတ်ဆွေဟောင်းကြီးသိုက်ချန်းအတွက် အတော်လေးစိတ်မကောင်းဖြစ်သွားရသည်။

သိုက်ချန်း၏ပုခုံးကိုပုတ်ပေးပြီးပြောသည်။

" ဒီတစ်ခါတော့ ခင်ဗျား တကယ်ကံဆိုးတော့တာဘဲ။ သူ့လို ဒုတိယမျိုးဆက်သူဌေးသားတွေအများကြီးတွေ့ဖူးပါတယ်။ သူတို့က တွေ့ကရာကုမ္ပဏီကောက်ဝယ်ပြပြီး သူတို့မိသားစုဆီကနေ အသိအမှတ်ပြုတာလိုချင်ကြတာ။ သူတို့ပျင်းလာတာနဲ့ ကုမ္ပဏီကို ချောင်ထိုးထားကြရော။ ကုမ္ပဏီရဲ့ သေရေးရှင်ရေးကို တစ်စက်မှလှည့်မကြည့်ကြဘူး "

သိုက်ချန်းက ခပ်ပြင်းပြင်းအသက်ရှူထုတ်လိုက်သည်။

" ဟုတ်တယ်၊ အဲ့တာကြောင့် ဆုံးဖြတ်ချက်ချပြီးပါပြီ။ သူ့ကို အကုန်လွှဲပေးပြီးတာနဲ့ ကျွန်တော်တို့ညီအစ်ကိုတွေ ကုမ္ပဏီအသစ်ထောင်ဖို့စီစဉ်နေပါတယ် "

ကုန်းရှန်းဟုန်က သိုက်ချန်း၏အကြံကို ထောက်ခံကြောင်းပြသသည်။

" ကုမ္ပဏီအသစ်စတင်ဖို့ဆိုတာ ခက်ခဲပေမဲ့ မိုက်မဲတဲ့သူဌေးနောက်လိုက်တာထက်စာရင် ပိုကောင်းပါတယ်။ ကျွန်တော့်အထင် ခင်ဗျားလုပ်ရပ်ကမှန်ကန်တယ် "

ကုန်းရှန်းဟုန်ကလည်း သိုက်ချန်းရဲ့အတွေးကိုသဘောတူသည်။ သံသယပင်မရှိပေ။

အခုတော့ သူတို့က ယဲ့လူကြီးမင်းပြန်လာတာကိုသာစောင့်နေကြရတော့သည်။

နောက်ဆုံးတော့ ယဲ့ဖန်ပြန်လာခဲ့သည်။

" တကယ်တောင်းပန်ပါတယ်။ နေ့လယ်တုန်းက မကောင်းတဲ့ဟာစားမိသွားလို့ ....... "

သိုက်ချန်းက သူ့ဆုံးဖြတ်ချက်ကို ပြောဖို့ စိတ်ပိုင်းဖြတ်ပြီး ယဲ့ဖန်ဆီကို ချက်ချင်းလျှောက်သွားသည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော် ....... "

သိုက်ချန်းက သူနှုတ်ထွက်ကြောင်းကို ပြီးအောင်တောင်မပြောရသေးခင်မှာဘဲ ကုန်းရှန်းဟုန်အသံကိုကြားလိုက်ရသည်။

" ယဲ့လူကြီးမင်းလား။ ဒီမှာ ဘာကိစ္စရှိလို့လဲ "

သိုက်ချန်းက အံ့အားသင့်သွားသည်။

ထို့နောက် နောက်ပြန်လှည့်ကာ သူ့မိတ်ဆွေဟောင်းကြီးကို ကြည့်လိုက်သည်။

ဘာတွေဖြစ်နေတာလဲ။

ယဲ့ဖန်က ကုန်းရှန်းဟုန်ကိုတွေ့တဲ့အခါ သူလည်းအံ့အားသင့်သွားရသည်။

" ကုန်းလူကြီးမင်းလား။ ဒီမှာဘာလုပ်နေတာလဲ "

ကုန်းရှန်းဟုန်က ယဲ့ဖန်ဆီကို အမြန်လျှောက်လာပြီး လက်ဆွဲနှုတ်ဆက်သည်။

" ကျန်းကျိုးကုမ္ပဏီကို ဒီနေ့ဝယ်တဲ့သူရှိတယ်ဆိုတာကြောင့် အခြေအနေလာစစ်ဆေးတာပါ။ လူကြီးမင်းကို ဒီမှာတွေ့ရမယ်လို့ထင်မထားဘူး "

ယဲ့ဖန်ကလည်း စနောက်လိုက်သည်။

" ခင်ဗျားရဲ့အလုပ်ကတော့ တကယ်ကောင်းတာဘဲ။ သတင်းရတာ အဲ့လောက်တောင်မြန်တာလား "

ကုန်းရှန်းဟုန်က ယဲ့ဖန်ရဲ့ချီးကျူးစကားကြောင့် အတော်လေးပျော်သွားသည်။

သို့ပေမဲ့ ချက်ချင်းတစ်ခုခုကိုသဘောပေါက်သွားရသည်။

" ဝယ်လိုက်တဲ့ ယဲ့လူကြီးမင်းဆိုတဲ့သူက ...... လူကြီးမင်းလား "

ယဲ့ဖန်က သူ့မေးခွန်းကြောင့် အနည်းငယ်ကြောင်သွားသည်။

" ကျွန်တော်အပြင် တခြားယဲ့လူကြီးမင်းရှိသေးတာလား "

ကုန်းရှန်းဟုန်က သိုက်ချန်းကိုနေရခက်စွာလှမ်းကြည့်လိုက်သည်။

ဘာတွေဖြစ်နေတာလဲ။

သိုက်ချန်းပြောတဲ့ မယုံကြည်ရတဲ့ ယဲ့လူကြီးမင်းဆိုတာ ဒီယဲ့လူကြီးမင်းလား။

သူတို့သိတဲ့ ယဲ့လူကြီးမင်းချင်း မတူကြလို့လား။

နောက်ဆုံးတစ်ခေါက် သူ ယဲ့ဖန်ကို ကျုံးဟိုင်တိုက်ကွန်းကလပ်မှာတွေ့ခဲ့တာဖြစ်သည်။

ယဲ့ဖန်က မိုချောင်းရှန်းနဲ့ထိပ်တိုက်တွေ့နေတာဖြစ်သည်။

ထိုအချိန်တွင် မိုချောင်းရှန်းက ယဲ့ဖန်ခေါင်းကို သေနတ်ဖြင့်ချိန်ထားသည်။

သို့ပေမဲ့ အဲ့ဒီယဲ့လူကြီးမင်းကတော့ တည်ငြိမ်ပြီး ဟန်မပျက်နေခဲ့သည်။

ထိုယဲ့လူကြီးမင်း၏ ကိုယ်ရောင်ဝါနဲ့စိတ်ထားက သူ့ရှေ့မှာ ထိုက်တောင်ကြီးပြိုကျသွားရင်တောင် မပြောင်းလဲမယ့်အမူအရာနဲ့စစ်သူကြီးတစ်ယောက်လိုအသွင်ရှိသည်။

ပြီးတော့ ကုန်းရှန်းဟုန်ကိုပါ ကျောချမ်းသွားစေတာက လွန်ခဲ့တဲ့နှစ်ရက်မှာဘဲ မိုချောင်းရှန်းက သူ့ကိုယ်သူ သတ်သေသွားတယ်လို့ သူကြားထားသည်။

ကြောက်စရာကောင်းလွန်းလို့ အသေးစိတ်ကိုပင် တွေးမကြည့်နိုင်ပေ။

မိုချောင်းရှန်းနှင့် ယဲ့ဖန်တို့က ရန်ငြှိုးရှိကြပြီး သေနတ်သုံးရတဲ့အခြေအနေထိတောင်ရောက်ခဲ့ပြီး မကြာခင်မှာဘဲ မိုချောင်းရှန်းက သေသွားခဲ့သည်။

အကယ်၍ မိုချောင်းရှန်းရဲ့သေဆုံးမှုက ယဲ့ဖန်နဲ့စပ်ဆက်နေပါက ဒီလူငယ်လေးရဲ့နည်းလမ်းတွေက အတော်လေးကြောက်ဖို့ကောင်းလေသည်။

ဒီလိုထက်မြက်ပုံ၊ နည်းလမ်းတွေနဲ့ စီးပွားရေးလောကမှ မြေခွေးအိုကြီးတွေတောင် ကြောက်နေရလောက်ပြီဖြစ်သည်။

အဲ့လိုလူကို သိုက်ချန်းက 'မယုံကြည်ရတဲ့သူ'လို့ သမုတ်လိုက်တာလား။

ဘယ်လိုတောင်

ပြီးတော့ သူက သိုက်ချန်းပြောတာကို သဘောတူလိုက်တာကိုတွေးမိရင် ယဲ့ဖန်ကို ဘယ်လောက်တောင် မရိုမသေပြုမိသွားတာလဲ။

အဲ့တာက သူ့ကို ကြောက်စိတ်ဝင်လာစေသည်။

ယဲ့ဖန်က သူ့စကားတွေကိုမကြားဖို့မျှော်လင့်ရသည်။ မဟုတ်ပါက ကုန်းရှန်းဟုန် အကျိုးဆက်တွေကို တွေးပင်မတွေးရဲပေ။

ထိုအချိန်မှာ သိုက်ချန်းကတော့ လုံးဝကို ကြောင်အနေသည်။

သူ့ရဲ့ဒီမိတ်ဆွေဟောင်းက အတွေ့အကြုံကြီးတာကြောင့် စီးပွားရေးလောကမှ သူဌေးအကြီးစားတွေရှေ့မှာတောင် ပေါ့ပေါ့ပါးပါးရယ်မောစကားပြောနိုင်တဲ့သူဖြစ်သည်။

သူက ယဲ့လူကြီးမင်းကိုတွေ့တာနဲ့ ဆိုးဆိုးရွားရွားဖြစ်သွားတာလဲ။

ပြီးတော့ သူ့ပုံစံက ဒူးထောက်ပြီး ဖိနပ်ကိုလျက်မတတ်ပင်ဖြစ်နေသည်။

ယဲ့ဖန်က ဒီအတိုင်းသာမန်ဒုတိယမျိုးဆက်သူဌေးသားတင်ဘဲမဟုတ်လား။

ဘာတွေ အဲ့လောက်ကြောက်စရာကောင်းနေလို့လဲ။

သိုက်ချန်းက သံသယအပြည့်ဖြစ်နေသည်။

ထို့နောက် ချက်ချင်းမေးလိုက်သည်။

" ဒါရိုက်တာကုန်း၊ ယဲ့လူကြီးမင်းကို အရင်ကသိဖူးတာလား "

ကုန်းရှန်းဟုန်က ထိုမေးခွန်းကြောင့် ရယ်လိုက်သည်။

" ကျွန်တော်က ဟူရန်လူချမ်းသာစာရင်းတာဝန်ရှိသူပါ။ ယဲ့လူကြီးမင်းကိုသာမသိရင် ကျွန်တော့်ဘဝက ဘာအဓိပ္ပာယ်ရှိမှာလဲ "

လူတိုင်းက သူ့စကားကြောင့်အံ့ဩသွားကြသည်။

သူ့စကားအဓိပ္ပာယ်အရ ယဲ့လူကြီးမင်းနဲ့မသိတာနဲ့ သူ့ဘဝက ခွေးနဲ့တူပြီလို့ပြောလိုက်တာလား။

ပြောတာက မလွန်ဘူးလား။

သိုက်ချန်းက လန့်သွားပြီးတဲ့နောက် အမြန်မေးလိုက်သည်။

" မသိလို့ပါ ယဲ့လူကြီးမင်းက အရမ်းနာမည်ကြီးလို့လား "

ကုန်းရှန်းဟုန်က ခေါင်းခါလိုက်သည်။

" ယဲ့လူကြီးမင်းက သိုသိုသပ်သပ်နေတတ်တဲ့သူမလို့ လူတွေအများကြီးက မသိကြပါဘူး "

" ဒါပေမဲ့ ပိုင်ဆိုင်မှုအရကတော့ ကြားဖူးမယ်ထင်ပါတယ် "

" သိချင်ပါတယ် "

" ယွမ်းဖန်ဝမ်းချန်အိမ်ခြံမြေကုမ္ပဏီ "

" ကျွန်တော်သိတယ်၊ အဲ့တာက ဥက္ကဌဟွမ်းကျီယွမ်ရဲ့ကုမ္ပဏီလေ။ ယဲ့လူကြီးမင်းက ဝယ်ထားတာလား "

" လင်းယွမ်အိမ်ခြံမြေကုမ္ပဏီ "

" အဲ့တာက အိမ်ခြံမြေကုမ္ပဏီအသစ်ဆိုပေမဲ့ တော်တော်လေးကောင်းတယ်။ ကုမ္ပဏီကောင်းဘဲ "

" ငွေရောင်အလင်းအဆောက်အဦး "

" အဲ့တာက တရုတ်ပြည်ရဲ့အထင်ကရအဆောက်အဦးထဲကတစ်ခုဘဲ။ ကုမ္ပဏီကြီးတွေရဲ့ရုံးချုပ်တွေက အဲ့ဒီမှာ "

" ထန်းဂူဈေးဝယ်စင်တာ ကျုံးဟိုင်အခွဲ "

" ဘာ။ ထန်းဂူဈေးဝယ်စင်တာကရော ယဲ့လူကြီးမင်းပိုင်တာလား။ အဲ့တာက ကျုံးဟိုင်မှာ အကြီးဆုံးဈေးဝယ်စင်တာလေ "

" ဒုန်းအန်းငွေကြေးအာမခံကုမ္ပဏီ "

" ကျွန်တော် ...... လွန်ခဲ့တဲ့နှစ်ရက်က ဒုန်းအန်းကုမ္ပဏီကိုဝယ်တဲ့သူရှိတယ်လို့ကြားမိတယ်။ အဲ့တာက ယဲ့လူကြီးမင်းဖြစ်မယ်ထင်မထားဘူး။ အဲ့တာ ...... "

" အခြားပိုင်ဆိုင်မှုတွေက ကျုံးဟိုင်ရေပူစမ်းအပန်းဖြေစခန်း၊ ကျုံးဟိုင်တိုက်ကွန်းကလပ်၊ နန်းဖန်ဖျော်ဖြေရေးကုမ္ပဏီ၊ ထျန်းဟော်ဟိုတယ်၊ ပြီးတော့ အများကြီးဘဲ "

ကုန်းရှန်းဟုန်က တခဏရပ်လိုက်သည်။

" ဒီလိုပြောရမယ်ဆို ယဲ့လူကြီးမင်းရဲ့စီးပွားရေးတွေက အိမ်ခြံမြေ၊ ငွေကြေး၊ ဟိုတယ်၊ ခရီးသွား၊ ဈေးဝယ်၊ ဖျော်ဖြေရေးနဲ့ အခြားလုပ်ငန်းတွေမှာရော အများကြီးပါဘဲ။ သူ့ပိုင်ဆိုင်မှုတွေအရ ကျုံးဟိုင်မှာ အချမ်းသာဆုံးအဆင့် ၇ လောက်မှာ အနည်းဆုံးရှိပါတယ်။ ယဲ့လူကြီးမင်းက အားကိုးလို့မရဘူးလို့ထင်နေတုန်းလား "

ကုန်းရှန်းဟုန်ရဲ့အသံက ပဲ့တင်သံထပ်နေပြီး အားပြင်းသည်။

သိုက်ချန်းအပါအဝင်အားလုံးက မိုးကြိုးပစ်ချခံလိုက်ရသလိုဖြစ်သွားသည်။

သူတို့ ဒါကို လုံးဝ မမျှော်လင့်ထားကြပေ။

သူတို့ ယုံလို့မရဘူးလို့ထင်ထားတဲ့သူဌေးအသစ်ရဲ့နောက်ခံက အရမ်းကိုကြောက်စရာကောင်းနေသည်။

ယဲ့ဖန်က အသက် ၂၀ သာရှိသေးသည်။

အံ့သွားတောင်စုံအောင်မပေါက်လောက်သေးတဲ့ သူဌေးအကြီးစားကြီးက ဘယ်ကမှန်းမသိပေါ်လာသည်။

အပိုင်း ( ၂၈၇ )

ဖုံးကွယ်ထားတဲ့စူပါသူဌေးကြီး

တစ်ဖက်မှာတော့ ကုန်းရှန်းဟုန်ရဲ့စကားကိုကြားပေမဲ့ ယဲ့ဖန်အမူအရာကတည်ငြိမ်နေသည်။

ကုန်းရှန်းဟုန်က သူ့လုပ်ငန်းတွေတစ်ချို့ကျန်ခဲ့ကြောင်း သူသာသိသည်။

ထိုပိုင်ဆိုင်မှုအပြင် အခြားပိုင်ဆိုင်မှုတွေလည်းရှိသေးသည်။

ဥပမာ သန်းရာချီတန်တဲ့ တော်ဝင်ကျောက်စိမ်းတုံးနှင့် သူ့ဘဏ်အကောင့်ထဲက ငွေပမာဏတွေမပါသေးပေ။

ထို့အပြင် အခုလေးတင် မိုချောင်းရှန်းအိမ်ထဲမှ တစ်ဘီလီယံတန်ငွေလက်မှတ်ရထားသေးသည်။

ထိုပိုင်ဆိုင်မှုတွေပါပေါင်းထည့်ပါက သူက ကျုံးဟိုင်ရဲ့အချမ်းသာဆုံး၅ယောက်ထဲတွင်ပါလောက်သည်။

ကျန်းကျိုးဒီဇိုင်းကုမ္ပဏီမှ အကြီးတန်းတာဝန်ရှိသူများက စကားလုံးနဲ့ဖော်မပြတတ်အောင်ပင် အံ့ဩနေကြသည်။

ဒီနာမည်ကြီးကုမ္ပဏီတွေက ယဲ့လူကြီးမင်းရဲ့အပိုင်တွေလား။

အင်အားက ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်လဲ။

ယုံလို့မရဘူးလို့ သူတို့ထင်ခဲ့တဲ့သူက လုံးဝကိုစူပါသူဌေးကြီးဖြစ်နေတာမဟုတ်လား။

ဘယ်နားက မယုံကြည်ထိုက်တာလဲ။

ကုန်းရှန်းဟုန်က ပြောရတာမကျေနပ်သေးဘဲထပ်ဖြည့်ပြောသည်။

" အိုဟုတ်သားဘဲ။ ယဲ့လူကြီးမင်းက အောက်ခြေကစခဲ့တာ "

ဘုန်း

အစည်းအဝေးခန်းထဲကရပ်နေတဲ့သူတွေက ခြေပင်မခိုင်တော့ဘဲ ထိုင်ခုံတွေပေါ်ပြုတ်ကျသွားတော့သည်။

ကုန်းရှန်းဟုန်က ကုမ္ပဏီနာမည်တွေကိုပြောတဲ့အခါ အံ့အားသင့်သွားကြသည်။

အရမ်းအံ့ဩကြပေမဲ့ လက်ခံနိုင်သေးသည်။

ယဲ့ဖန်က အရမ်းချမ်းသာတဲ့ဒုတိယမျိုးဆက်သူဌေးသားလေးဟုထင်ခဲ့တာကြောင့်ဖြစ်သည်။

သူ့မိသားစုက အတော်လေးအင်အားကြီးတာကြောင့်ဟုထင်ခဲ့သည်။

အဲ့တာကြောင့် မိသားစုအရှိန်ဖြင့် ယဲ့ဖန်က ထိုစီးပွားရေးလုပ်ငန်းတွေကို လုပ်နိုင်ခဲ့တာဖြစ်သည်ဟု တွေးကြသည်။

ကုမ္ပဏီတွေအများကြီးပိုင်တာက အထင်ကြီးစရာကောင်းပေမဲ့ အခု ကုန်းရှန်းဟုန်က ယဲ့ဖန် အောက်ခြေမှစတယ်လို့ပြောလိုက်တဲ့အခါဖြစ်သွားတဲ့ထိတ်လန့်မှုကို ယှဉ်မရပေ။

လူတိုင်းလက်မြှောက်အရှုံးပေးပြီး ချက်ချင်းထိုင်ရှိခိုးချင်တဲ့စိတ်ကိုတောင် မနည်းထိန်းနေရသည်။

" အသက် ၂၀ အရွယ်ကောင်လေးက အောက်ခြေကစပြီး ဒီလိုပိုင်ဆိုင်မှုတွေအများကြီးရှိနေတာလား။ ဖြစ်ရော ဖြစ်နိုင်ရဲ့လား "

" ကုန်းရှန်းဟုန်က ကျုံးဟိုင်ဟူရန်လူချမ်းသာစာရင်းတာဝန်ခံလေ။ သူကတော့ မဟုတ်ဘဲ မပြောလောက်ဘူး မဟုတ်လား "

" တကယ်လို့ သူပြောခဲ့တာတွေက အမှန်သာဆို တကယ်ကို ကြောက်စရာကောင်းလွန်းတယ် မဟုတ်လား။ အသက်နှစ်ဆယ်မှာ ကျုံးဟိုင်ဟူရန်လူချမ်းသာစာရင်းမှာ ၇ယောက်မြောက်ဆိုတာက သူ့ကို 'စီးပွားရေး ဉာဏ်ကြီးရှင်' ဆိုတဲ့စကားလုံးနဲ့တောင် ခိုင်းနှိုင်းလို့ရနေပြီမဟုတ်လား "

" သူ့ကိုဖော်ပြဖို့ဆို 'အမိုက်စား' ဆိုတဲ့စကားလုံးကို သုံးရမယ်။ သေချာတာကတော့ သူကသမိုင်းမှာ အကောင်းဆုံးစီးပွားရေးပါရမီရှင်ပဲ "

" ဒီလိုဉာဏ်ကြီးရှင်က ငါတို့ကို ဦးစီးမှာဆိုတော့ ငါတို့ရဲ့ ကုမ္ပဏိက ပိုပြီးအားကောင်းလာမှာ သေချာတယ်။ ငါတို့ရဲ့အနာဂတ်ကလည်း တောက်ပလာလိမ့်မယ် "

" ကံကောင်းလို့ ငါတို့ နှုတ်မထွက်ရသေးတာ။ မဟုတ်ရင် ငါတို့သေတဲ့အထိ နောင်တရနေလိမ့်မယ် "

" ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့ကို နှုတ်ထွက်ဖို့ အခွင့်အရေးမပေးခဲ့တဲ့ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ် "

အားလုံးက အပြင်းအထန်ဆွေးနွေးကြသည်။

တစ်ချိန်တည်းမှာဘဲ သူတို့က ကြောက်ရွံ့မှုလှိုင်းလုံးကြီးကို ခံစားလိုက်ရသည်။

ကုန်းရှန်းဟုန်သည် ယဲ့ဖန်၏အကြောင်းကို အချိန်ကိုက်ထုတ်ဖော်မပြောခဲ့ပါက ..... သူတို့က စိတ်အားထက်သန်စွာဖြင့် နှုတ်ထွက်ပြီး ဒီလောက်ကြီးမားတဲ့အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားရနိုင်သည်။

ထိုအချိန်တွင် သိုက်ချန်းကတော့ အချိန်အတော်ကြာတဲ့အထိ စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားသည်။

ဒီလို လွဲမှားသွားမယ်လို့ မမျှော်လင့်ထားပေ။

ဒီ'စိတ်မချရဘူး'ဟု ထင်ခဲ့တဲ့လူငယ်က အမှန်တကယ်ပင် ဖုံးကွယ်ထားတဲ့စူပါသူဌေးအကြီးစားကြီးဖြစ်နေသည်။

အသက် ၂၀ အရွယ်မှာတင်ဘဲ စီးပွားရေးအင်ပါယာကြီးကို တည်ဆောက်နိုင်နေပြီဖြစ်သည်။

ဒီအင်အားက ပြင်းထန်လွန်းသည်။

သူက သူတို့ကုမ္ပဏီကိုဝယ်ယူနိုင်ခဲ့ခြင်းက ကုမ္ပဏီအတွက်ဂုဏ်ယူစရာဖြစ်လေသည်။

ရယ်စရာကောင်းတာက သူက အခုနလေးကထိ စီးပွားရေးအသစ်လုပ်မယ်ဟု ကြွေးကြော်နေခဲ့တာဖြစ်သည်။

ထိုအတွေးကြောင့် သိုက်ချန်းက ယဲ့ဖန်ကို ရှက်ရွံ့စွာဖြင့်ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော် တကယ်တောင်းပန်ပါတယ်။ အပေါ်ယံဘဲကြည့်ပြီးဆုံးဖြတ်လိုက်တာကြောင့် လူကြီးမင်းကို ...... "

" ဘာမှမလုပ်နိုင်ဘူးလို့ထင်လိုက်တာ မဟုတ်လား "

ယဲ့ဖန်က သူ့အစားဆက်ပြောလိုက်သည်။

" ကျွန်တော် ...... "

သိုက်ချန်းရှက်စိတ်ကြောင့် ခေါင်းငုံ့နေပြီး ယဲ့ဖန်ကို တိုက်ရိုက်မကြည့်ဝံ့ပေ။

" ဟားဟားဟား၊ ကျွန်တော်နားလည်ပါတယ်။ ဒီနေ့ အရမ်းအလျင်လိုပြီး အဝတ်အစားလဲဖို့ အချိန်မရှိခဲ့တော့ ကျွန်တော့်ပုံက ဘာကိုမှအလေးအနက်ထားပြီးလုပ်တဲ့သူနဲ့ မတူဘူးဆိုတော့ ခင်ဗျားကို အပြစ်တင်လို့မရဘူး "

ယဲ့ဖန်သည် ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်သည်။

အားလုံးက သူ့စကားကိုကြားတော့ သက်ပြင်းချကြသည်။

အလုပ်ပြောင်းမယ့်ကိစ္စနှင့်ပတ်သက်ပြီး သူတို့စကားတွေကို ယဲ့လူကြီးမင်းက မကြားလိုက်ပုံရသည်။

မဟုတ်ရင် သူနဲ့စကားပြောရတာ သိပ်လွယ်မှာမဟုတ်ပေ။

သို့သော် ယဲ့ဖန်၏ပြောင်းလဲသွားတဲ့စကားတွေကို ကြားလိုက်ကြရသည်။

" ခင်ဗျားတို့က ကျွန်တော့်အစွမ်းအစကို သိပြီးပြီဆိုတော့ အစကနေစဖို့ စိတ်ကူးသေးလား "

ထိုစကားကြားတဲ့အခါ သိုက်ချန်းအပါအဝင် လူတိုင်းင မြေပြင်ပေါ်သို့ လဲကျမတတ်ဖြစ်သွားသည်။

သူတို့စကားဝိုင်းကို ယဲ့ဖန်ကကြားပြီးပြီဆိုတာ သိလိုက်ရသည်။

ဒါက မကောင်းပေ။

သိုက်ချန်းက ချက်ချင်း စိုးရိမ်လာတော့သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော်က သတိမမူဂူမမြင်မိသွားတာပါ။ အဲ့ဒါကြောင့် ဒီလိုစကားတွေကို စိတ်အားထက်ထက်သန်သန်နဲ့ ပြောခဲ့တာပါ။ ပြီးတော့ ဒီကိစ္စက ကျွန်တော်တစ်ယောက်တည်းက ဦးဆောင်တာမလို့ ကျွန်တော့်ကိုဘဲ အပြစ်ပေးလို့ရပါတယ်။ တခြားသူတွေကို အပြစ်မပေးဖို့ မျှော်လင့်ပါတယ် "

ယဲ့ဖန်က သူ့ကို ရယ်မောနေတဲ့ မျက်နှာဖြင့် ကြည့်သည်။

" ခင်ဗျားကို အပြစ်ပေးမယ်လို့ ကျွန်တော်ပြောတာမဟုတ်ဘူး။ မသိတာက အပြစ်မဟုတ်ပါဘူး။ အခုထွက်သွားချင်ကြသေးလားလို့မေးရုံတင်ပါ "

သိုက်ချန်းက ထိုစကားကိုကြားတဲ့အခါ အမြန်လက်ခါပြလိုက်သည်။

" ယဲ့လူကြီးမင်းလို ကုမ္ပဏီတွေကို ဦးဆောင်နေတဲ့ စီးပွားရေးပါရမီရှင်တစ်ယောက်က ကျွန်တော်တို့ကျန်းကျိုးဒီဇိုင်းကုမ္ပဏီကို ပိုကောင်းလာစေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ကို မောင်းမထုတ်သရွေ့ ကျွန်တော်တို့က ယဲ့လူကြီးမင်းအတွက် ဘာမဆိုလုပ်ပါ့မယ် "

ယဲ့ဖန်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

" အဲ့တာဆိုကောင်းတယ်။ ကျွန်တော့်ကိုစိတ်မပျက်စေသရွေ့ ကျွန်တော်ကလည်း စိတ်မပျက်စေရပါဘူး "

" ကုမ္ပဏီက အနာဂတ်မှာအများပိုင်ကုမ္ပဏီဖြစ်လာရင် ခင်ဗျားတို့တစ်ယောက်ချင်းစီအတွက် ငွေကြေးလွတ်လပ်ခွင့်ရှိစေရမယ်လို့ ခင်ဗျားတို့ကို ကတိပေးနိုင်ပါတယ် "

အဲ့တာကိုကြားတော့ လူအုပ်ကြီးက ထခုန်မတတ်ဖြစ်သွားသည်။

ကတိတစ်ခုမျှသာဖြစ်ပေမဲ့လည်း သူတို့အတွက် စိတ်ငြိမ်ဆေးတစ်ခွက်ဖြစိခဲ့သည်။

ထိုစကားအရ ယဲ့ဖန်က သူတို့ကို ဒေါသထွက်ပုံမရပေ။

သူ့ကို မချီးကျူးဘဲ မနေနိုင်တော့ချေ။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ကြီးကျယ်တဲ့အောင်မြင်မှုကိုရထားတာ အံ့သြစရာမရှိတော့ပေ။

ဒီလို သဘောထားကြီးတဲ့ကိစ္စသည် သာမာန်လူတစ်ယောက်က လုပ်နိုင်တဲ့အရာမဟုတ်ချေ။

ဒီလိုခေါင်းဆောင်သူဌေးမျိုးရှိပါက ကုမ္ပဏီရဲ့ အနာဂတ်က ပိုကောင်းလာမှာသေချာပါသည်။

သူတို့က အလုပ်ပြန်ဆင်းဖို့ မစောင့်နိုင်တော့ပေ။

သူတို့က ယဲ့ဖန်အတွက် ခွေးတစ်ကောင်လို အလုပ်ကျွေးပြုချင်လာတော့သည်။

ဘေးမှာရှိနေသည့်ကုန်းရှန်းဟုန်က အဲ့တာမြင်ပြီး ယဲ့ဖန်၏နည်းလမ်းများကို ထပ်ပြီး သဘောကျသွားပြန်သည်။

ထိုစကားက ရိုးရှင်းသောဝါကျဖြစ်သော်လည်း လူတိုင်းကို စိတ်ကို မြှင့်တင်နိုင်ခဲ့သည်။

သူတောင်မှ ကျန်းကျိုးဒီဇိုင်းကုမ္ပဏီသင်္ဘောကြီးပေါ်ကို ခုန်တက်ပြီး ကိစ္စကြီးတစ်ခုဖန်တီးကာ ဒီသူဌေးနောက်ကို လိုက်ချင်သွားသည်။

ဒီလို ဦးနှောက်ဆေးနိုင်စွမ်းကြီးက ...... ပထမတန်းစားလို့ပင် ပြောလို့ရသည်။

အပိုင်း ( ၂၈၈ )

ကိုယ်လူချောနဲ့ အလှလေး

ကျန်းကျိုးဒီဇိုင်းကုမ္ပဏီ လွှဲပြောင်းပေးအပ်မှုအပြီးတွင် သိုက်ချန်းက ညစာအတူစားရန် ချက်ချင်းအဆိုပြုခဲ့သည်။

ယဲ့ဖန်က ခဏစဉ်းစားလိုက်သည်။

ကျန်းကျိုးဒီဇိုင်းကုမ္ပဏီကို အခုဘဲ ၀ယ်ယူခဲ့တာဖြစ်သည်။

သူက အကြီးတန်းဝန်ထမ်းတွေနဲ့ အနည်းငယ်ရင်းနှီးရန် အမှန်တကယ်ဘဲ လိုအပ်ပါသည်။

သူက ချက်ချင်း သဘောတူလိုက်တော့သည်။

ထိုအချိန်တွင် ရှန်းပိုင်ထျန်းထံမှ ရုတ်တရက် ဖုန်းဝင်လာသည်။

သူက သိုက်ချန်းနှင့် အခြားသူများကို တောင်းပန်ပြုံးပြလိုက်သည်။

ထို့နောက် ဘေးနားသို့ လျှောက်သွားကာ ဖုန်းကို ဖြေလိုက်သည်။

" ယဲ့ဖန်၊ နင် ဘယ်မှာလဲ "

ဖုန်းဝင်သွားသည်နှင့်တပြိုင်နက် ရှန်းပိုင်ထျန်း၏အနည်းငယ်စိတ်ဓာတ်ကျနေသောအသံ ထွက်လာသည်။

" ကိုယ်အလုပ်လုပ်နေတာ။ ဘာဖြစ်လို့လဲ "

ယဲ့ဖန်က သူမရဲ့စိတ်မကောင်းတဲ့အသံကိုကြားတဲ့အခါ သူက ချက်ချင်းမေးလိုက်သည်။

" နင့်မှာတောင် အလုပ်ရှိတာလား "

" ဘာပြောတာလဲ။ ဘယ်သူ့ကို လာပြီး အထင်သေးနေတာလဲ "

" အိုက်ယား၊ ငါ စိတ်မပျော်ဘူး။ လာပြီး အဖော်ပြုပေးလို့ရမလား "

" ရပါတယ်၊ ဒါပေမယ့် အခကြေးငွေကတော့ အရမ်းများတယ် "

" ဒီလို မိန်းကလေးဘက်က မျက်နှာသာပေးနေတာတောင် နင်က အခကြေးငွေတောင်းဖို့ စဉ်းစားနေသေးတာလား။ ငါနဲ့ ထမင်းစားဖို့ လူဘယ်နှစ်ယောက် တောင်တန်းစီနေလဲ သိလား "

" အဲ့တာဆို သူတို့ကို သွားရှာလေ။ ဖုန်းချလိုက်တော့မယ် "

" နင် ..... အေးပါ၊ ပြော ဘယ်လောက်လိုချင်လဲ "

" ပိုက်ဆံမလိုချင်ဘူး "

" ပိုက်ဆံမလိုချင်ဘူးလား။ လူလိုချင်တာလို့တော့မပြောနဲ့နော် "

" မရဘူးလား "

" ကောင်းပြီ၊ ဒီနေ့ အမူးသောက်ရသရွေ့လိုချင်တာအကုန်ရစေရမယ် "

ရှန်းပိုင်ထျန်းရဲ့စကားကိုကြားပြီးတဲ့အခါ ယဲ့ဖန် ချက်ချင်းနှလုံးခုန်နှုန်းက နှစ်ဆဖြစ်သွားသည်။

" ကောင်းပြီ၊ ဘယ်လာရှာရမှာလဲ "

" ငါဘဲလာပါ့မယ်။ အသားကင်ဆိုင်တစ်ခုခုရှာပြီး လိပ်စာပို့လိုက် "

" အင်း၊ သိပြီ "

ယဲ့ဖန်က စကားပြောပြီးတဲ့နောက် ဖုန်းချလိုက်သည်။

ထို့နောက် သိုက်ချန်းနဲ့အခြားသူတွေကို အားတုံ့အားနာဖြင့်ပြုံးပြလိုက်သည်။

" ကိစ္စလေးပေါ်လာလို့ ညစာအတူတူမစားနိုင်လောက်တော့ဘူး "

ယဲ့ဖန်၏စကားပြောသံအရ တစ်ဖက်သူက မိန်းကလေးဖြစ်မှန်း သိုက်ချန်းသိလိုက်သည်။

သူမက ယဲ့လူကြီးမင်း၏ကောင်မလေးဖြစ်နိုင်လောက်သည်။

ထိုအခါ သူတို့အားလုံးက နားလည်စွာဖြင့် ခေါင်းငြိမ့်ပြကြသည်။

" ယဲ့လူကြီးမင်း၊ ကိစ္စရှိရင်သွားပါ။ အချိန်ရှိမှ အတူတူထမင်းစားကြတာပေါ့ "

ယဲ့ဖန်က ကျန်တဲ့စာရွက်စာတမ်းတွေကို သိမ်းလိုက်သည်။

" ဥက္ကဌသိုက်၊ ဒီနားတစ်ဝိုက်မှာ ကောင်းတဲ့အသားကင်ဆိုင်များ သိလား "

သိုက်ချန်းက ခဏလောက်ထိတ်လန့်သွားပြီးနောက် အလျင်စလို‌ပြန်ဖြေသည်။

" ယဲ့လူကြီးမင်း၊ အသားကင်စားချင်တာလား။ ကျွန်တော် ခဏခဏသွားဖြစ်တဲ့အသားကင်ဆိုင်ကိုသိပေမယ့် နည်းနည်းဝေးတယ်။ အဲဒီ့ကို လိုက်ပို့ပေးရမလား "

ယဲ့ဖန်က ချက်ချင်းငြင်းလိုက်သည်။

" ခင်ဗျား ဒီမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်ဆိုတော့ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး။ တည်နေရာကိုဘဲပြောပါ ကျွန်တော့်ဘာသာသွားလိုက်ပါ့မယ် "

သိုက်ချန်းက သူပြောတာကို ကြားပြီးတဲ့နောက် အတင်းအကျပ်မပြောတော့ပေ။

ကုမ္ပဏီမှာ ဒီနေ့ကိစ္စပြီးတဲ့နောက် အမှန်တကယ်ပင် လုပ်ဆောင်ရမည့် နောက်ဆက်တွဲအလုပ်တွေများစွာ ရှိနေသည်။

ထို့နောက် သူက အသားကင်ဆိုင်လိပ်စာကို ယဲ့ဖန်ကိုပေးလိုက်သည်။

ယဲ့ဖန်က အသားကင်စားသောက်ဆိုင်ကို ရောက်လာတဲ့အခါတွင် လူများဖြင့် ပြည့်ကျပ်နေပြီဖြစ်သည်။

အပြင်မှာလည်း တန်းစီစောင့်နေတဲ့သူတွေအများကြီးရှိသေးသည်။

ဒီဆိုင်က ဘယ်လောက်နာမည်ကြီးလဲဆိုတာကို ပြသနေသည်။

ယဲ့ဖန်မှာ ရွေးချယ်စရာမရှိဘဲ နံပါတ်တစ်ခုရဖို့အတွက် အပြင်မှာတန်းတဲ့လူတိုင်းနောက်တွင် တန်းစီလိုက်သည်။

ကျုံးဟိုင်၏ရာသီဥတုသည် အောက်တိုဘာလရောက်လာသော်လည်း ပူနေဆဲဖြစ်သည်။

ယဲ့ဖန် အပြင်မှာ ခဏထိုင်ပြီးတဲ့နောက် သူ့အဝတ်အစားတွေက ချွေးတွေစိုနေပြီဖြစ်သည်။

ယဲ့ဖန်က အပေါ်ထပ်ကို ချွတ်လိုက်သည်။

ထိုအခါ သူ့ကြွက်သားတွေက ချက်ချင်းပေါ်လာတော့သည်။

သူ့ကြွက်သားတွေက အရမ်းကြီး ကြီးနေတာတော့မဟုတ်ပေမဲ့ ကောက်ကြောင်းနဲ့ လိုင်းတွေက အရမ်းကိုလှသည်။

တစ်ခါကြည့်လိုက်ရုံနဲ့ လူတွေကို သက်တောင့်သက်သာဖြစ်စေတဲ့ ပုံစံမျိုးဖြစ်သည်။

အသားကင်ဆိုင်ထဲက မိန်းကလေးတွေက သူ့ကိုမြင်ပြီး ချက်ချင်းလှမ်းကြည့်ကြသည်။

သူတို့ဘေးမှာထိုင်နေတဲ့ ကောင်လေးတွေကြောင့်သာမဟုတ်ရင် ယဲ့ဖန်ကို ဖုန်းနံပါတ်လာတောင်းလောက်သည်။

တစ်နာရီခန့်စောင့်ဆိုင်းပြီးတဲ့နောက် ရှန်းပိုင်ထျန်းက သူမရဲ့ McLaren စူပါကားကိုစီးပြီးရောက်လာခဲ့သည်။

ယဲ့ဖန်က သူမကို စိတ်ထဲမှကျိန်ဆဲလိုက်သည်။

ဒီမိန်းကလေးရဲ့ကံက ကောင်းလွန်းတာမဟုတ်ဘူးလား။

သူကတော့ တစ်နာရီအပြည့်စောင့်နေခဲ့ရပြီး သူမကတော့ ရောက်တာနဲ့တန်းဝင်လာရုံဘဲဖြစ်သည်။

အပြင်မှာစူပါကားတစ်စီးရပ်လာတဲ့အခါ လူတိုင်းက အံ့ဩသွားကြသည်။

ဘာဘီကျူးကင်ဆိုင်ထဲမှ အုတ်အုတ်ကြွပ်ကြွပ်ဖြစ်သွားသည်။

အများသောအားဖြင့် ဒီလိုဘာဘီကျူးကင်လာစားကြသူတွေက မချမ်းသာကြပေ။

ဒီလို အဆင့်မြင့်ဇိမ်ခံကားတွေကိုမြင်ရဖို့က အတော်လေးရှားသည်။

လူတိုင်းက သိချင်တာကြောင့်ခေါင်းထွက်ကြည့်ကြသည်။

ကားတံခါးပွင့်တဲ့အခါ ငယ်ငယ်လှလှကောင်မလေးတစ်ယောက်ထွက်လာသည်။

ဆိုင်ထဲကယောက်ျားအားလုံးက အသက်ပြင်းပြင်းရှူနေကြတာကို ယဲ့ဖန်ကြားနေရသည်။

သူတို့မျက်လုံးတွေက ပေါက်ထွက်မတတ်ဖြစ်နေသည်။

အသားကင်ဆိုင်မှာမပြောနှင့် အလှပဆုံးမိန်းကလေးတွေရှိတတ်တဲ့ အနုပညာလောကမှာတောင် ရှန်းပိုင်ထျန်းလို အလှမျိုးက ထိပ်တန်းအဆင့်လို့သတ်မှတ်ရနိုင်သည်။

စူပါကားနှင့်ယှဉ်ရင်တောင် ရုပ်ရည်ကပိုရှားလေသည်။

ပြိုင်ဘက်ကင်းဟုပြောနိုင်သည်။

" တောင်းပန်ပါတယ်၊ ကားလမ်းပိတ်နေတော့ နောက်ကျသွားတယ် "

လူတိုင်းက သူမကို တငေးတမောကြည့်နေတုန်းမှာဘဲ သူမက ယဲ့ဖန်ဆီကို အပြေးလာပြီးတောင်းပန်သည်။

ယဲ့ဖန်က ပူနေတာကြောင့် စိတ်ရှုပ်နေပြီး အသံကလည်းမကောင်းပေ။

" မမလေး၊ မင်းကဘဲထွက်လာခိုင်းပြီး မင်းကဘဲနောက်ကျနေတယ်။ နည်းနည်းပါးပါးလေး အားကိုးလို့မရဘူးလား "

သူ့စကားကိုကြားတဲ့အခါ ဆိုင်ထဲကသူတွေက ဘီယာသီးပြီးသေမတတ်နီးပါးဖြစ်သွားကြသည်။

ဒီကောင်က သူ ဘယ်လောက်ကံကောင်းလဲဆိုတာကိုမသိဘူးလား။

ဒီလိုမိန်းမလှလေးက သူတို့ကိုညစာဖိတ်ကျွေးတာသာဆိုရင် သူတို့သုံးရက်သုံးညတောင် ပျေယ်ပျော်ကြီးစောင့်လိုက်မှာဖြစ်သည်။

ဒီတစ်ယောက်က အတွန့်တက်ရဲသေးတယ်ပေါ့လေ။

သွေးဆူလွယ်တဲ့သူတစ်ချို့က ယဲ့ဖန်ကိုထပြီး ပါးရိုက်ချင်စိတ်တောင်ပေါက်လာကြသည်။

ငါတို့နတ်ဘုရားမလေးကို ဘာလို့အဲ့လိုပြောရတာလဲ။

ရှန်းပိုင်ထျန်းက သူ့လက်မောင်းကိုဆွဲပြီး သနားစရာကောင်းစွာကြည့်လိုက်သည်။

" တောင်းပန်ပြီးပြီကို ဘာလို့ခက်ထန်နေရတာလဲ "

ယဲ့ဖန်က ဒီအတိုင်းအတွန့်တက်လိုက်တာဖြစ်သည်။

တကယ်ကြီးဒေါသမထွက်ပေ။

ထို့အပြင် ရှန်းပိုင်ထျန်းက ချော့မော့နေတာကြောင့် သူမကိုချက်ချင်းခွင့်လွှတ်လိုက်တော့သည်။

သူတို့နှစ်ယောက်က အသားကင်ဆိုင်ထဲကိုဝင်သွားကြတော့သည်။

နှစ်ယောက်သားဟာ တစ်ယောက်က အရပ်ပြီးချောမောကာ တစ်ယောက်က နတ်သမီးတမျှလှပသည်။

ဒီလိုလူချောနဲ့အလှလေးက နာမည်ကြီးဇိမ်ခံဟိုတယ်က စားသောက်ဆိုင်တွေသွားသင့်တာကို ဘာလို့ ဒီလိုအသားကင်ဆိုင်လေးကိုလာရတာလဲ။

ကြိုးကြာက ကြက်ပေါက်တွေကြားရပ်နေသလိုဘဲ။

ဘေးနားကကြက်တွေက အသားကင်တောင်မြိုမကျတော့ပေ။

တစ်ချက်တစ်ချက်လှည့်ကြည့်ကြပြီး မျက်စိအစာကျွေးတယ်ဆိုတဲ့အဓိပ္ပာယ်ကို နောက်ဆုံးမှာနားလည်သွားကြတော့သည်။

All Chapters