← Chapters

နယ်မြေကျွန်

Vol. 17 Ch. 247

နယ်မြေကျွန်

Vol. 17 Ch. 247

“ဒီကုန်းမြေရဲ့ အမှောင်စွမ်းအင်က လင်းထျန်ဘုံရဲ့ မျိုးနွယ်ကြီး တစ်ခုကဆင်းသက်လာတာ..”

ရွှမ်းလင်သည် ရှင်းပြလိုက်၏။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လင်းထျန်းဘုံကို ရောက်လာတဲ့ နယ်မြေကျွန်တွေကြောင့် မဟုတ်ရင် သိမှာ မဟုတ်ဘူး..”

“ဘာ..”

“ဘာပြောတယ်..”

ဟွမ်းသည် မကြံစဖူးတုန်လှုပ်မှုကို ခံစားလိုက်ရ၏။ သူ၏ လေသံပင် အနည်းငယ် အငြိမ်မသက်ဖြစ်နေသည်။

ရွှမ်းလင်သည် တစ်စုံတစ်ခု အမှတ်ရသွားဟန်နှင့် ပြောဆိုလိုက်၏။

“အာ..ဟုတ်သား..၊ ဒီကမ္ဘာကဆိုတော့ ရှင်လဲ သိမှာပေါ့..၊ အဲ့ဒီအချိန်တုန်းက အဲ့ဒီ နယ်မြေကျွန်တွေထဲမှာ ရှင်ပါမလားလို့တောင် ကျွန်မ ရှာကြည့်သေးတယ်..”

ဟွမ်းသည် ရွှမ်းလင်၏ သေးသွယ်လှသည့် လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ကာ ဒေါသတကြီးမေးမြန်းလိုက်သည်။

“အသေးစိတ်ပြောစမ်း..၊ အဲ့ဒီထဲမှာ ထျန်းဟုန်ဆိုတဲ့သူပါလား..”

ထိုလုပ်ရပ်ကြောင့် ရွှမ်းလင် အထိတ်ထိတ်အလန့်လန့်ဖြစ်သွား၏။ သူမသည် ဟွမ်း၏ စိတ်မငြိမ်မသက်ဖြစ်နေသည်ကို ခံစားလိုက်မိသည်။

“အဲ့ဒီလူက နယ်မြေကျွန်ခေါင်းဆောင်ပဲလေ..”

“နယ်မြေကျွန်..နယ်မြေကျွန်ဆိုတာဘာလဲ..”

ဟွမ်းသည် ထပ်မံမေးမြန်းလိုက်ပြန်၏။ သူ၏ စိတ်သည် လှိုင်းဂယက်ထန်နေသည်။

“အိုက်ရား..၊ စိတ်အေးအေးထားပြီး ကျွန်မကို လွှတ်ပေးပါဦး..”

ရွှမ်းလင်သည် ဟွမ်း၏ လက်မှရုန်းထွက်လို၏။ သို့သော် ဟွမ်း၏ တင်းကြပ်စွာ ချုပ်ကိုင်ထားမှုကြောင့် ရုန်းမထွက်နိုင်ဖြစ်နေသည်။

“ပြောစမ်း..”

ရွှမ်းလင်၏ နူးညံ့သည့်လေသံနှင့်မတူပဲ ဟွမ်းသည် ခက်ထန်စွာပြောလိုက်၏။ ထို့နောက် သူ၏ လက်များဖြေလျော့ပေးလိုက်သော်လည်း ဆုပ်ကိုင်ထားဆဲပင်။

“နယ်မြေကျွန်ဆိုတာ..၊ ကမ္ဘာငယ်လေးတွေက ကျင့်ကြံသူတွေက လင်းထျန်းဘုံကို တက်လှမ်းချင်ရင် စည်းမျည်းဥပဒေသတွေကို ကျော်လွန်နိုင်ဖို့လိုတယ်၊ အဲ့လိုမှမဟုတ်ရင် လင်းထျန်းဘုံမှာ ရှိတဲ့ မျိုးနွယ်ကြီး၊ ဂိုဏ်းကြီးတွေရဲ့ လက်အောက်ခံဝင်ဖို့ပဲ..”

“လက်အောက်ခံ၊ ကျွန်ဖြစ်သွားရင် စိတ်ဝိညာဉ်တပိုင်းတစ်စကို ထုတ်ပေးရတယ်..”

ရွှမ်းလင်သည် ရှင်းပြလိုက်၏။ ထိုသူသည် ဤမျှတုန်လှုပ်နေမည်ဟု မထင်ထားခဲ့ချေ။

လွန်ခဲ့သည့်နစ်အနည်းငယ်ကတွင် သူမတို့မျိုးနွယ်ထံတွင် နယ်မြေကျွန်အဖြစ်အသိပေးလိုက်သည့် စွမ်းအင်စက်လုံးသည် လင်းလက်လာခဲ့သည်။

ထိုအချင်းအရာကြောင့် သူမတို့မျိုးနွယ်အကြီးအကဲများသည် သတိထားမိခဲ့ပြီး အသိမှတ်ပြုလိုက်သည်။

သို့သော် ထျန်းဟုန်ဆိုသူတွင် တောင်းဆိုချက်ရှိနေခဲ့၏။ ထိုအရာသည် ဤနယ်မြေများရှိ အမှောင်စွမ်းအင်များကို ဖယ်ရှားကာ ကျင့်ကြံသူများကို ကယ်တင်ပေးရန်ဖြစ်သည်။

မျိုးနွယ်အကြီးအကဲများသည် လက်ခံလိုက်ကာ ထိုနယ်မြေကို သူတို့ထံပေါင်းစည်းနိုင်သည့် ရတနာတစ်ခု ပေးပို့ခဲ့၏။ ထို့နောက်တွင် ထျန်းဟုန်သည် ထိုနယ်မြေနှင့်အတူ ရွှမ်းလင်တို့မျိုးနွယ်၏ နယ်မြေကျွန်ဖြစ်လာခဲ့သည်။

‘မင်းရဲ့ လွပ်လပ်ခွင့်နဲ့လဲရလောက်အောင် ဒီကုန်းမြေက ကျင့်ကြံသူတွေကို အလေးထားတာလား..’

ဟွမ်းသည် ထိုအချင်းအရာများကို ကြားသိပြီးနောက် အတွေးများစွာဝင်ရောက်လာသည်။

ထျန်းဟုန်သည် ကောင်းကင်ဧကရာဇ်ဖြစ်ပြီး သူ၏ ဒုတိယအစ်ကိုဖြစ်၏။ သို့သော် ယွဲ့ဖုန်းချန်ကဲ့သို့ သွေးချင်းဖလှယ်ခဲ့သည်မျိုးတော့မရှိချေ။

ဤကုန်းမြေ၏ အထွတ်ထိပ်တစ်ဦးသည် သူ၏ ရာထူးများပင် စွန့်ကာ ကျင့်ကြံသူများကို ကာကွယ်လိုခဲ့၏။

ဟွမ်း၏ ခံစားချက်ကို မည်သို့ပင် ထုတ်ဖော်ရမည်ကို မသိတော့ပေ။ ထို့နောက် သူ၏ အတွေးများကို စုစည်းကာ ရွှမ်းလင်ကို မေးလိုက်၏။

“အမှောင်စွမ်းအင်ကို ဖြေရှင်းဖို့ လွှတ်လိုက်တာက ဟိုမရောက်ဒီမရောက်စွမ်းအားနဲ့ မင်းတစ်ယောက်တည်းကိုလား..”

“ကျွန်မက အရမ်းအစွမ်းထက်တာပါနော်..၊ ကျွန်မစွမ်းအားကို ရှင်ဆိုရင်တောင် နားလည်ဦးမှာ မဟုတ်ဘူး..”

ရွှမ်းလင်သည် ဆက်ဆက်ထိမခံသည့်အလားပြန်ပြောလိုက်၏။

“ဒီနယ်မြေကို ကျွန်မတို့ရဲ့ မူလ ခန္ဓာနဲ့ ဝင်ချင်ရင် စွမ်းအင်ဖိနှိပ်မှုဒဏ်ကို ခံရတယ်..”

ထို့ကြောင့် သူမသည် ဤနယ်မြေတွင် နှစ်တစ်ရာခန့် ကျင့်ကြံပြီး သူမ၏ စွမ်းအင်များ ပြန်လည် ကျင့်ယူမည်ဟု တွေးတောထားခဲ့သည်။ သို့သော် ဤနယ်မြေ၏ အမှောင်စွမ်းအင်များသည် သူမ တွေးထားသည်ထက် ကျော်လွန်နေပြီဖြစ်၏။ ထို့ကြောင့် အခက်တွေ့နေရသည်။

သူမသည် မတက်နိုင်သည့်အဆုံး လက်လျော့ရန်ဆုံးဖြတ်ခဲ့၏။ သို့သော်ဟွမ်း၏ အချိန်ကိုက် ရောက်ရှိလာမှုသည် သူမအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာလေသည်။

ဟွမ်းသည် ရွှမ်းလင်၏ ရှင်းပြမှုကို နားထောင်ပြီးသော်လည်း သူ၏စိတ်ရှုပ်ထွေးနေဆဲဖြစ်၏။ သူ၏ မျက်ဝန်းတွင် အေးစက်စက်အလင်းများ အရောင်လက်သွားပြီးနောက် မေးလိုက်သည်။

“ဘာကြောင့် မင်းတစ်ယောက်ထဲ လွှတ်လိုက်တာလဲ..”

“ဒါက..”

ရွှမ်းလင်သည် ဖြေရန် အခက်တွေ့သွား၏။ သူမအနေနှင့် အပြည့်အစုံပြောလိုဟန်မရချေ။ သို့သော် ဟွမ်း၏ သတ်ဖြတ်လိုသည့် အကြည့်ကြောင့် သက်ပျင်းချကာ ပြောလိုက်သည်။

“ကျွန်မပြောပြီးပြီလေ..၊ ကျွန်မအတွက် စမ်းသပ်ချက်လို့..”

ဟွမ်းသည် ရွှမ်းလင် အပြည့်အစုံရှင်းမပြသော်လည်း သဘောပေါက်သွားတော့၏။

ထျန်းဟုန်အတွက် ကျွန်ဖြစ်ကာ တောင်းဆိုချက်ဖြစ်သော်လည်း ထိုမျိုးနွယ်၏ မျိုးဆက်သစ်လူငယ်အတွက် စမ်းသပ်ချက်သာ ဖြစ်နေသည်။ ထို့ကြောင့် သူမသည် သေဆုံးရန် မကြောက်လန့်နေခြင်းဖြစ်နိုင်၏။

ဤကမ္ဘာကိုပင် ထိန်းချုပ်နိုင်သည့် မျိုးနွယ်သည် သူတို့၏ မျိုးဆက်ကို အသေခံလွှတ်မည်မဟုတ်ပေ။

ထိုမျိုးနွယ်သည် ဤကုန်းမြေကို ကယ်တင်နိုင်ရေးကို စိတ်မဝင်စားပေ။ သူတို့၏ မျိုးဆက်ကိုသာ လေ့ကျင့်ပေးရုံမျှသာ။

အတော်ပင် တရားနည်းလမ်းကျလေ၏။ ထျန်းဟုန်သာသိလျှင်တော့ ရင်ကွဲပက်လက်ဖြစ်နေနိုင်သည်။

“ဖြေရှင်းရမဲ့နည်းလမ်းကိုပြော..”

ဟွမ်းသည် လိုရင်းကို မေးလိုက်တော့၏။

“အမှောင်မျိုးနွယ်က အင်အားကြီးမျိုးနွယ်တစ်ခုဖြစ်လို့ ကျွန်မတို့က လုံလောက်တဲ့ သတင်းမစုံစမ်းနိုင်ဘူး ဒါပေမဲ့..နယ်မြေကျွန်..”

ရွှမ်းလင်သည် ထိုနေရာတွင် ရပ်တန့်သွားပြီး ဟွမ်းကို မျက်လုံးလှန်၍ ကြည့်လိုက်မိ၏။ ထို့နောက် ဟွမ်း၏ အေးစက်စက်အကြည့်နှင့် ရင်ဆိုင်လိုက်ရသောကြောင့် သူမ၏ အခေါ်အဝေါ်ကို ပြောင်းလဲလိုက်သည်။

“ထျန်းဟုန်က အမှောင်မျိုးနွယ်ဝင် တစ်ယောက်ကို သတ်ခဲ့ဖူးတယ်လို့ ပြောတယ်..၊ ဒါပေမဲ့ လင်းထျန်းဘုံရဲ့ မျိုးနွယ်ကြီးက လူတွေကို သတ်နိုင်ဖို့က ထင်သလောက်မရိုးရှင်းဘူး...”

ဟွမ်းသည် အမှောင်မျိုးနွယ်ဝင်တစ်ယောက် ပေါ်လာဖူးသည်ကို သိထား၏။ ထိုသူကို ထျန်းဟုန်နှင့် အဆင့်နှစ်နယ်မြေမှ ထိပ်သီးများ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်။

“အဲ့ဒီလူကို ထပ်ပြီးသတ်နိုင်ရင် အမှောင်စွမ်းအင်တွေကို ရှင်းလိုက်နိုင်ပြီမလား..”

“ယျေဘုယအားဖြင့်တော့ ဟုတ်တယ်..၊ ဒါပေမဲ့ အမှောင်မျိုးနွယ်က သူတို့ကိုယ်တိုင် ထွက်မလာရင် ဘယ်သူမှ မရှာနိင်ဘူး..”

ရွှမ်းလင်သည် ရှင်းပြလိုက်၏။

ဟွမ်း တဖြည်းဖြည်းနှင့် တည်ငြိမ်သွားသည်။ ထို့နောက် ထွက်ခွာသွားရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ရွှမ်းလင်သည် ရုတ်ချည်းတာဆီးကာ ပြောလေ၏။

“ကျွန်မ ရှင့်ကို ကူညီပေးမယ်...”

“မလိုဘူး..”

ဟွမ်းသည် တစ်ချက်မျှပင် တွေဝေချင်းမရှိ ငြင်းပယ်လိုက်၏။ ထို့နောက် သူမကို လှည့်ပင် မကြည့်ပဲ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

သူသည် ရွှမ်းလင်ကို ထိခိုက်အောင် မလုပ်ခဲ့ခြင်းမှာ အဆင့်နှစ်နယ်မြေတစ်ခုလုံး သူမမျိုးနွယ်၏ လက်အောက်ကျရောက်နေသောကြောင့်ပင်။

“ဒီလူက စိတ်မရှည်တက်ဘူးပဲ..၊ ဒါပေမဲ့ ကြည့်ကောင်းတယ်..”

ရွှမ်းလင်သည် ဟွမ်းပျောက်ကွယ်သွားသည့် နေရာကိုကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

“သူ့ရဲ့ စွမ်းအားနဲ့ လင်းထျန်းဘုံက တည်ရှိမှုတွေက သတိမထားမိဘူးဆိုတာ အံဩစရာကောင်းလွန်းတယ်..”

သို့သော် သူမ၏ မျက်နှာထက်တွင် နားလည်ရခက်သည် အပြုံးများ ပေါ်ထွက်နေသည်။

ဟွမ်းသည် ကျီယွမ်ကုန်းမြေသို့ ပြန်လာခဲ့၏။ ထိုအချိန်တွင် စစ်ရှီးယဲ့၏ အရှိန်အဝါကို ခံစားမိလိုက်သည်။

“အရှင်..”

စစ်ရှီးယဲ့သည် ဟွမ်းရောက်ရှိလာသည်ကို သိလိုက်သောကြောင့် နှုတ်ဆက်လိုက်၏။ သူ၏ အရှိန်အဝါသည် အနည်းငယ် ဖရိုဖရဲဖြစ်နေသည်။ အမှောင်စွမ်းအင်များကို တွန်းလှန်ထားရသောကြောင့် ဖြစ်နိုင်၏။

သူသည် နတ်နန်းမြို့တော်မှ ကောင်းကင်တံခါးဂိုဏ်းအထိ အလျှင် အမြန် ရောက်ရှိခဲ့သည်။ ထို့နောက်တွင် အခြေအနေများကို သိရှိပြီးနောက် သူသည် ခေါင်းဆောင်များကို ဦးစီးကာ ကျင့်ကြံသူများကို ကျီယွမ်ကုန်းမြေသို့ ရွှေ့ပြောင်းစေခဲ့၏။

ယခုတွင် ကျီယွမ်ကုမ်းမြေ၏ အစွန်အဖျားများတွင် ကြီးမားသည့် တံတိုင်းကြီးများ တည်ဆောက်နေခြင်းဖြစ်သည်။ သူသည် ရက်ပိုင်းအတွင်း ကျီယွမ်ကုန်းမြေ၏ တည်ဆောက်ပုံကို လေ့လာခဲ့ကာ ကြိုတင်ပြင်ဆင်မှုများ ပြုနေ၏။

ဟွမ်းသည် သူ၏ ဦးဆောင်နိုင်မှုကို တိတ်တဆိတ် အသိအမှတ်ပြုလိုက်၏။ စစ်ရှီးယဲ့သည် မြို့သခင်တစ်ဦးဖြစ်ရန် လုံလောက်သည့် အရည်အချင်းရှိနေသည်။

“မင်းရဲ့ကိစ္စတွေ လက်စသတ်ပြီးရင် ချုံးမင်တို့ပါ ခေါ်ပြီး ဟွမ်းရှန့်နန်းတော်ကို လာခဲ့..”

“ဟုတ်ကဲ့ပါအရှင်..”

စစ်ရှီးယဲ့သည် အရိုအသေးပေးကာ နာခံလိုက်၏။ ထို့နောက် ဟွမ်းသည် နန်းတော်သို့ ထွက်ခွာသွားတော့သည်။

All Chapters