← Chapters

အန့်လျန်

Vol. 17 Ch. 251

အန့်လျန်

Vol. 17 Ch. 251

“အရှင့်ရဲ့ တပည့်တွေက ဒီလောက်တောင် အစွမ်းထက်နေပြီလား..”

လီဝူချင်းတို့သည် သူတို့ပင် ဖြေရှင်းရခက်ခဲနေသည့် ရန်သူများကို ထိုလူငယ်သုံးဦးသည် အသာယာပင် တိုက်ခိုက်နေ၏။ ယန်ရွှမ်းတောက်တို့လည်း မှင်သက်စွာကြည့်မိနေသည်။

သူတို့သည် မဟာနတ်အင်ပါယာအဆင့်ရောက်ရန် နှစ်ပေါင်းသောင်းချီကျင့်ကြံခဲ့ရ၏။ သို့သော်ထိုလူငယ်လေးများ၏ အရိုးသက်တမ်းသည် နှစ်ငါးဆယ်အောက်တွင်သာရှိနေသည်။

သူတို့ယုံကြည်နိုင်စွမ်းပင်မရှိတော့ချေ။

“ငရဲကိုးဘုံ မီးလျှံတစ်သောင်း..”

လုရှင်းယန်သည် သူ၏ နောက်တွင် ပူလောင်ကြမ်းတမ်းလှသည် မီးတောက်လှံများစွာ ထွက်ပေါ်လာ၏။ များပြားလှသည့် မီးလှံ များသည် ကောင်းကင်ထက်တွင် ပြည့်နှက်သွား၏။

“သွားစမ်း..”

သူသည် မာန်ဟုန်သွင်းကာ ကျုးကျော်သူ မဟာ နတ်အင်ပါယာများထံ ပစ်လွှတ်လိုက်၏။

“ရွှီး..”

ထို့နောက် ကျုးကျော်သူများထံ တဟုန်ထိုးပြေးဝင်သွားသည်။

ကျုးကျော်သူများသည် ခုခံရန်ထက် တိုက်ခိုက်မှုကိုသာ ဦးစားပေးနေ၏။ သူတို့သည် ခုခံရန်သိရှိထားခြင်း မရှိသည့်အလား လုရှင်းယန်ကို တိုက်ခိုက်ရန်သာ ဆန္ဒရှိနေသည်။

ထို့ကြောင့်ပင် လုရှင်းယန်၏ လှံများကို မကာကွယ်နိုင်ပဲ သူတို့၏ ခန္ဓာကိုယ်များကို ဖောက်ဝင်သွားတော့၏။

“တိမ်စိုင်များနှင့် ပျက်ပြယ်ခြင်း..”

ပိုင်ကျန့်ယွီလည်း ရုတ်ချည်းဆိုသလိုသူ၏ ဓားကို ဝှေ့ယမ်းလိုက်၏။

ဓားဝိညာဉ်ရှောင်ယွင်လည်း အတူတကွလှုပ်ရှားလိုက်ခြင်းကြောင့် ထက်ရှသည့် ဓားချက်များစွာသည် ထိုကျင့်ကြံသူများထံ အလင်း၏အလျင်နှင့် ပြေးဝင်သွားသည်။

“ရွှစ်..”

လေတိုးသံနှင့် အတူ မြန်ဆန်လှသည့် ဓားချက်များ ဝင်ရောက်လာမှုကို ထိုကျင့်ကြံသူများ မသိလိုက်သည့်အလား ရုတ်ချည်းဆိုသလို လဲကျသွားကြ၏။

“စိတ်ဝိညာဉ် ချေမွခြင်း..”

လျှိုမင်ယွမ်ထံမှ တိတ်ဆိတ်ငြိမ်သက်သည့် စိတ်ဝိညာဉ်လှိုင်းသည် လေထုအတွင်း ပေါ်ထွက်လာပြီး ထိုကျင့်ကြံသူများထံ ဦးတည်သွားသည်။ သူတို့သည် ထိုလှိုင်းများ၏ တိုးဝင်လာမှုကြောင့် မည်သည့်အရာမျှပင် မသိရှိလိုက်ရပဲ သေဆုံးကုန်ပြန်၏။

ကျင့်ကြံသူများသည် ချက်ချင်းဆိုသလို မီးများလောင်ကျွမ်းကာ သေဆုံးကုန်ခြင်း..၊ ထက်ရှသည့် ဓားချက်များကို ခံနိုင်ရည်မရှိခြင်း..၊ စိတ်ဝိညာဉ်များ ပြိုပျက်သွားရသောကြောင့် သေဆုံးကုန်ခြင်း..၊ စသည်တို့ကြောင့် မဟာ နတ်အင်ပါယာများ သုံးပုံနှစ်ပုံခန့်သည် ချက်ချင်းဆိုသလို သေဆုံးကုန်ကြ၏။

ကောင်းကင်ထက်ရှိ လူငယ်လေးသုံးဦးသည် သူတို့၏ ခန္ဓာကိုယ်မှ အစွမ်းထက်အရှိန်အဝါများ ပေါ်ထွက်နေပြီး အလွန်ပင် ကြည့်ကောင်းနေသည်။

“ဒါက..”

ဟုန်လျန်လည်း မှင်သက်သွား၏။ ထိုလူငယ်များသည် သူမတို့တက် ငယ်ရွှယ်သော်လည်း သူမတို့နှင့် အဆင့်တူဖြစ်နေသည်။ သို့သော် ထိုမျှနှင့် မပြီးသေးချေ။ သူမတို့ပင် ခက်ခက်ခဲခဲ တိုက်ခိုက်ရသည် မဟာ နတ်အင်ပါယာများစွာကို အသာယာပင် ဖြေရှင်းလိုက်၏။

ရန်သူများသည် မကုန်သေးသော်လည်း သူမတို့အတွက် ဖိအားများစွာ လျော့နည်းသွားပြီဖြစ်သည်။

“ဝုန်း..ဝုန်း..”

သူတို့သုံးဦးသည် မြန်ဆန်ကြမ်းတမ်းသည့် တိုက်ခိုက်မှုများနှင့် ဆက်လက်တိုက်ခိုက်လိုက်ကြ၏။

ခဏအကြာတွင် ရန်သူများအားလုံးသည် ရှင်းလင်းသွားတော့သည်။ သူတို့သည် စစ်ရှီးယဲ့တို့ ရှိရာ ခံတပ်တံတိုင်းပေါ်သို့ ဆင်းသပ်လာကြ၏။

“သခင်လေးတို့..”

လီဝူချင်းတို့သည် လုရှင်းယန်တို့ အနား ရောက်ရှိလာကာ ကျေးဇူးတင်စကားဆိုလိုက်သည်။ ကျန်သည့် ငါးဦးသည်လည်း အလားတူ ကျေးဇူးတင်သည့် အကြည့်များနှင့် ကြည့်ရှုနေကြ၏။

လုရှင်းယန်တို့သာ ရောက်ရှိမလာလျှင် သူတို့သည် စွမ်းအင်ကုန်ခမ်းမှုကြောင့် ဒဏ်ရာအပြင်းအထန်ရမည်မှာ ကျိန်းသေပင်။ အခန့်မသင့်လျှင် သေဆုံးမှုများပင် ကြုံတွေ့ နိုင်သည်။

“ဒါက ကျုပ်တို့နယ်မြေပဲ..၊ ဘယ်သူမှ မကျုးကျော်နိုင်အောင် ကာကွယ်ရမှာပဲလေ..”

လုရှင်းယန်သည် မလိုအပ်ကြောင်းပြောလိုက်၏။ ဤတစ်ခေါက် အချိန်တံခါးသည် အလွန်ပင် ထူးခြားလှသည်။ ပြင်ပလောကတစ်နှစ်သာကုန်ဆုံးသွားချိန်တွင် သူတို့သည် အချိန်တံခါးအတွင်း နှစ်ရာပေါင်းများစွာ ဖြတ်သန်းခဲ့ရ၏။

သူတို့သုံးဦးသည် မဟာနတ်အင်ပါယာ ကနဦး အဆင့်ထိပင် ရောက်ရှိလာခဲ့ကြသည်။ ထိုအရာကို သူတို့ကိုယ်တိုင်ပင် မယုံနိုင်ဖြစ်ခဲ့ရ၏။ အချိန်တံခါးသည် ပို၍ ထူးခြားဆန်းကြယ်လာသည်။

“ဒီခံစားချက်..”

ဓားဝိညာဉ်ရှောင်ယွင်သည် ချက်ချင်းဆိုသလို ထွက်ပေါ်လာကာ ထူးဆန်းသည် အမူအယာများ ထွက်ပေါ်နေ၏။

“ရှောင်ယွင် ဘာဖြစ်တာလဲ..”

ပိုင်ကျန့်ယွီသည် စိုးရိမ်သွားကာ မေးလိုက်၏။ သူနှင့် ဆက်နွယ်ချက်ကြောင့် ရှောင်ယွင်သည် တုန်လှုပ်နေသည်ဟု ခံစားမိသည်။

“ကြောက်စရာကောင်းပြီး ရင်းနှီးတဲ့ စွမ်းအား ချည်းကပ်လာပြီ..”

ထိုစကားကြောင့် လုရှင်းယန်တို့သည် မျက်မှောင်ကြုတ်သွား၏။ ရှောင်ယွင်သည် ယခုတွင် ခွန်အယး အပြည့်အဝ မရရှိသေးသော်လည်း အဆင့်မြင့် ဓားဝိညာဉ်ဖြစ်သည်။ သူ၏ ခံစားချက်များ မမှားနိုင်ပေ။

ထိုအချိန်တွင် အံ့ဩသည့်ဟန်နှင့် စကားသံတစ်ခု ပေါ်ထွက်လာ၏။

“ဟွမ်းရဲ့ တပည့်တွေလို့ မပြောရဘူး..၊ ထင်ထားတာထက် အစွမ်းထက်တာပဲ..”

“ဘယ်သူလဲ..”

လုရှင်းယန်တို့သည် အသံသာကြားရသောကြောင့် သတိအပြည့်ကပ်သွားကြ၏။ သူတို့သည် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သော်လည်း မည်သည့် ထူးဆန်းမှုမျှ ရှာမတွေ့ချေ။

“ဒီအသံ..”

ရှောင်ယွင်သည် ပို၍ တုန်လှုပ်လာသည်။ ထိုအသံနှင့် အတူ သူ၏ အာရုံတွင် ကြောက်စရာကောင်းသည့် မြင်ကွင်းများမြင်ယောင်လာ၏။

ပိုင်ကျန့်ယွီသည် ရှောင်ယွင်၏ မတည်မငြိမ်ဖြစ်မှုကြောင့် စွမ်းအင်များနှင့် ထိန်းသိမ်းထားရသည်။

ထိုအချိန်တွင် ရုတ်ချည်းဆိုသလို ကောင်းကင်သည် မဲမှောင်လာပြီး အမှောင်ထု နှင့်အတူ အနက်ရောက်ဝတ်စုံနှင့် အမျိုးသားတစ်ဦးပေါ်ထွက်လာ၏။

သူ၏ မြန်ဆန်သည့် လှုပ်ရှားမှုကို လုရှင်းယန်တို့၏ အမြင်အာရုံနှင့်ပင် လိုက်မမှီခဲ့ချေ။

ထိုသူသည် တစ်လှမ်းချင်းသာ လျှောက်လှမ်းလာသော်လည်း ခဏတာနှင့် လုရှင်းယန်တို့နဲ့ နီးကပ်သည့် အကွာအဝေးတစ်ခုသို့ရောက်ရှိလာ၏။

သူ၏ ရုပ်ရည်ငယ် သကလတ်ပိုင်းလူငယ်အရွှယ်သာ ဖြစ်ပြီး ရုပ်ရည်လည်း ပြေပြစ်လှသည်။

“ခင်ဗျားက ဘယ်သူလဲ..”

လုရှင်းယန်တို့သည် သူတို့၏ သွေးများ အေးစက်လာပြီး ကျက်သီးများထလာသည်ဟု ခံစားမိသွားသည်။

အားလုံးထဲတွင် အားအကောင်းဆုံးဖြစ်သည် စစ်ရှီးယဲ့ပင် ထိုလူ၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မတွေ့ရှိခဲ့ရပေ။

“အဲ့ဒါသူပဲ..”

“ကျို့ယွင်ကုန်းမြေကို ဖျတ်စီးခဲ့တဲ့စွမ်းအားရှင်ပဲ..”

ရှောင်ယွင်သည် အထိတ်ထိတ်အလန့်လန့်နှင့် အော်ဟစ်လိုက်၏။ သူ၏ ဝိညာဉ်အသွင် ခန္ဓာကိုယ်လည်း အလွန်ပင် တုန်လှုပ်နေတော့သည်။ သူ၏ နာကျည်းချက်များသည် အစပြုလာခဲ့၏။

ပိုင်ကျန့်ယွီသည် ရှောင်ယွင်နှင့် စတွေ့ချိန်က သူပြောခဲ့သည့် အကြောင်းအရာများကို အမှတ်ရသွားသည်။

ကျို့ယွင်ကုန်းမြေကို အမည်မသိစွမ်းအားရှင်နှစ်ဦးက ဖျတ်စီးခဲ့ခြင်းပင်။ တိမ်လွှာဓားပိုင်ရှင်ဟောင်းသည် ထို့ကြောင့်ပင် သေဆုံးခဲ့ပြီး ရှောင်ယွင်လည်း နှစ်ပေါင်းများစွာ အိပ်စက်နေခဲ့ရသည်။

လင်းရှန်နယ်မြေနှင့် အချိန်တံခါး၏ ဝိညာဉ်စွမ်းအင်များကြောင့်သာ သူသည် ပြန်လည်ကောင်းမွန်လာခြင်း ဖြစ်၏။

ပိုင်ကျန့်ယွီသည် ဒေါသများ ထွက်လာခဲ့တော့သည်။ ချက်ချင်းဆိုသလို တိမ်လွှာဓားကို ဝှေ့ယမ်းလိုက်ကာ ထိုသူကို တိုက်ခိုက်လိုက်တော့၏။

“သွားစမ်း..”

အနက်ဝတ်နှင့် သူသည် တောက်ခေါက်သံတစ်ချက် ထုတ်ဖော်လိုက်သည်။ မမြင်နိုင်သည့် စွမ်းအင်လှိုင်းတစ်ခုသည် ထိုသူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ထိုလှိုင်းသည် မြန်ဆန်သည့်အရှိန်နှင့် တိမ်လွှာဓားကို ထိမှန်သွားတော့သည်။

“ချွမ်..”

တိမ်လွှာဓားသည် ထိုသူအနီးသို့ မရောက်ရှိတော့ပဲ မြေလွှာတွင် စိုက်ဝင်သွား၏။ ပိုင်ကျန့်ယွီ၏ စူးရှနေသည့် မျက်ဝန်းများမှေးကျဉ်းသွားသည်။

“ငါ့ရဲ့ ကုန်းမြေကို ဖျတ်ဆီးတဲ့ကောင် သေစမ်း..”

ရှောင်ယွင်သည် ဒေါသတကြီးနှင့် တိမ်လွှာဓားကို ဆွဲယူလိုက်ကာ ထိုသူထံ ပြေးဝင်သွား၏။ သူတို့၏ ကုန်းမြေအား ဖျတ်ဆီးခဲ့သူကို တွေ့လိုက်ရသောကြောင့် သူ၏ ဒေါသများ မထိန်းနိုင်တော့ချေ။

“ပုရွက်စိတ်အဆင့် ဝိညာဉ်ကများ..၊ ငါဖျတ်စီးခဲ့တဲ့ ကုန်းမြေတွေက အများကြီးပဲ..”

အနက်ဝတ်ကျင့်ကြံသူသည် သာမန်ကာလျှံကာနှင့် ပြောဆိုကာ မှတ်မိဟန် မရသည့်အလားပင်။

သူ၏ ခန္ဓာကိုယ်ပင် မလှုပ်ရှားသော်လည်း ရုတ်ချည်း အနက်ရောင် အမျှင်တန်းများ ထွက်ပေါ်လာကာ ရှောင်ယွင်နှင့် အတူတိမ်လွှာဓားကို ချုပ်နှောင်လိုက်တော့၏။

ထို့နောက် မထူးဆန်းသည့် အမူအယာနှင့် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

“သေစမ်း..”

“ရပ်လိုက်စမ်း...”

ကျယ်လောင်သည့် ဒေါသနှင့်အတူ လှံတစ်စင်းသည် တိုးဝင်လာ၏။

ထိုလှံ၏ အရှိန်သည် လေထုကိုပင် ထိုးခွဲလုမတက် ပြင်းထန်နေသောကြောင့် အနက်ဝတ်ကျင့်ကြံသူသည် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် အမှောင်စွမ်းအင်များထုတ်ဖော်ကာ တားဆီးလိုက်သည်။

“နိမ့်ကျတဲ့ စွမ်းအားတွေနဲ့ ..အန့်လျန်ဆိုတဲ့ ငါ့ကို ရှုပ်ထွေးဖို့ကြိုးစားနေတာလား..”

All Chapters