အားလုံး၏ တရားခံပေါ်ပေါက်လာခြင်း
Vol. 17 Ch. 252
အန့်လျန်သည် စိတ်မရှည်တော့ပေ။ သူ၏ အရှိန်အဝါကို ထုတ်ဖော်လိုက်ကာ အားလုံးကို ဖိနှိပ်လိုက်တော့၏။
လုရှင်းယန်တို့သည် အန့်လျန်၏ ဖိနှိပ်မှုကြောင့် လှုပ်ရှားရန် ခက်ခဲသွားသည်။
‘ဒီလူက အဓိပတိနတ်အင်ပါယာအလယ်အလတ်မှာလား..’
စစ်ရှီးယဲ့ပင် အခက်တွေ့သွားတော့၏။ သူသည် အဓိပတိနတ်အင်ပါယာ ကနဦး အဆင့်သို့ရောက်ရှိနေသော်လည်း အန့်လျန်၏ ဖိနှိပ်မှုကို ခံနေရသည်။ ထို့နောက်သူသည် မေးခွန်းထုတ်လိုက်၏။
“ခင်ဗျား..၊ ဘာလုပ်ချင်တာလဲ..”
“ငါ့..ရဲ့နောက်လိုက်ကို ပြန်လာခေါ်တာလေ..”
အန့်လျန်သည် မထူးဆန်းသလိုနှင့် ပြောလိုက်ကာ တလှမ်းချင်းလျှောက်လမ်းလာပြီး လူငယ်တစ်ဦး၏ ရှေ့တွင်ရပ်တန့်ကာ မေးမြန်းလိုက်သည်။
“ငါ..ပေးထားတဲ့ စွမ်းအားတွေက ဘယ်လိုနေလဲ...”
သူ၏ ဦးတည်ချက်သည် လျှိုမင်ယွမ်ပင် ဖြစ်နေတော့၏။ လျှိုမင်ယွမ်သည် စကားပင် မပြောနိုင်ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်လည်း တုန်ယင်လာ၏။ သူသည် အတင်းရုန်းကန်နေသော်လည်း ဖိနှိပ်ခံထားရသည့် ဖိအားသည် ပြင်းထန်လွန်းနေသည်။
လုရှင်းယန်နှင့် ပိုင်ကျန့်ယွီတို့ ဒေါသများ ထွက်လာကြသော်လည်း ဖိနှိပ်ခံထားရမှုကြောင့် လှုပ်ရှား၍ မရဖြစ်နေသည်။
“ဟုတ်သားပဲ..၊ မင်းရဲ့ဆရာက အမှောင်ဝိညာဉ်ကို ဖိနှိပ်ပေးထားတဲ့ပုံပဲ..”
အန့်လျန်သည် သူ့အား မျက်ထောက်နီနှင့် ဒေါသတကြီး ကြည့်ရှု့နေသည့် လျှိုမင်ယွမ်၏ နဖူးကို အသာတို့ထိလိုက်၏။
“အား...”
လျှိုမင်ယွမ်သည် နာကျင်စွာ ဟစ်အော်လိုက်ရပြီး ချက်ချင်းဆိုသလို သူ၏ မျက်လုံးအစုံသည် အနက်ရောင် အငွေ့အသက်များဖုံးလွှမ်းသွားတော့သည်။ လျှိုမင်ယွမ်သည် ငြိမ်သက်သွားကာ သူ၏ စိတ်ဝိညာဉ် မျှောလွင့်သွားပုံရ၏။
“မင်း.. ဘာလုပ်လိုက်တာလဲ..”
စစ်ရှီးယဲ့သည် အလွန်ပင် ထိတ်လန့်သွားတော့၏။ သူသည် အန့်လျန်၏ ဖိအားများကို ရုန်းကန်လိုက်ပြီးတိုက်ခိုက်ရန်ကြိုးစားလိုက်သည်။
သို့သော် အန့်လျန်သည် ငြိမ်သက်နေသည့် လျှိုမင်ယွမ်ကိုကြည့်ကာ မျက်မှောင်ကြုတ်သွား၏။ ထို့နောက် တင်းမာသည့် လေသံကို ထုတ်ဖော်လိုက်သည်။
“အန့်ယွမ်.. နိုးထစမ်း..”
‘ဒီကောင့် စိတ်ဝိညာဉ်က ဒီလောက်တောင် အားကောင်းလာတာလား..’
အန့်လျန်သည် မျက်မှောင်ကြုတ်ကာ တွေးမိသွား၏။
လုရှင်းယန်တို့သည် ဖြစ်ပျက်နေသည်များကို နားမလည်နိုင်တော့ပေ။ ထို့နောက် သူနှင့် ပိုင်ကျန့်ယွီသည် ဝိညာဉ်စွမ်းအင်များကို လောင်ကျွမ်းပစ်ကာ အန့်လျန်၏ ဖိအားကို ရင်ဆိုင် အံတုလိုက်၏။
“ခင်ဗျားမှာ အဲ့ဒီလို လုပ်ခွင့်မရှိဘူး..”
လုရှင်းယန်သည် သူ၏ လှံနှင့် ပြင်းပြင်းထန်ထန် လွှဲရိုက်လိုက်၏။
ပိုင်ကျန့်ယွီလည်း ဓားနှင့် အလျှင် အမြန်ခုတ်ပိုင်းလိုက်သည်။
“ပုရွက်စိတ်တွေ..၊ အခုအထိ ကို့ကိုယ်ကို စွမ်းအားကောင်းတယ်ထင်နေတုန်းလား..”
အန့်လျန်သည် မဲ့ပြုံး ပြုံးလိုက်ကာ သူ့ထံ တိုးဝင်လာသည့် ဓားနှင့်လှံကို အယာပင် တောက်ထုတ်လိုက်၏။
ထို့နောက် သူ၏ တည်ငြိမ်မှုကို မထိန်းနိုင်တော့ပဲ ဒေါသတကြီး ပြောဆိုလိုက်သည်။ ထိုလူငယ်များသည် သူတို့အကန့်အသတ်ကို မသိရှိနေချေ။
“မင်းတို့ ဆရာတူညီလေးရဲ့ အမှောင်ဝိညာဉ်က ငါ့ရဲ့ အစ်ကိုပိုင်ဆိုင်တဲ့ အရာပဲကွ..၊ ထျန်းဟုန်ဆိုတဲ့ကောင်က သူအားနည်းနေတဲ့အချိန် အခွင့်ကောင်းယူပြီး သတ်ဖြတ်ခဲ့တာကြောင့် မဟုတ်ရင်.. ဒီကောင်လေးဆီ ရောက်နေမယ်ထင်လား..”
အန့်လျန်နှင့် အန့်ယွမ်တို့ ညီအစ်ကို နှစ်ဦးသည် နတ်ဘုရားကုန်းမြေသို့ ဝင်ရောက်လာသူနှစ်ဦးဖြစ်သည်။
သူတို့သည် မူလခန္ဓာကိုယ်နှင့် ဝင်ရောက်လာသူများဖြစ်သောကြောင့် ကမ္ဘာငယ်လေး၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။ ထို့ကြောင့်ပင် သူတို့၏ မူလကျင့်ကြံဆင့်များစွာ ကျဆင်းခဲ့ရ၏။
သို့သော် ထိုစွမ်းအားကပင် ကျို့ယွင်ကုန်းမြေကို ဖျတ်စီးရန် လုံလောက်ခဲ့သည်။ ထိုအရာသည် သူတို့၏ ဤကုန်းမြေပေါ်သို့ ရောက်ရှိလာကာ ပထမဆုံး ဖျတ်ဆီးခြင်းပင်။
သူတို့သည် စွမ်းအင်များ ကျဆင်းနေသော်လည်း ကျို့ယွင်ကုန်းမြေ၏ အထွတ်ထိပ်တည်ရှိမှုများကို သတ်ဖြတ်ရန် လုံလောက်နေသေးသည်။
ထို့ကြောင့်ပင် တိမ်လွှာဓားပိုင်ရှင်ဟောင်းသည် သူတို့၏ လက်အတွင်း သတ်ဖြတ်ခံခဲ့ရ၏။
အန့်ယွမ်သည် သူ့တို့၏ စွမ်းအားကို ယုံကြည်မှုရှိလာပြီး ထိုမျှနှင့် မကျေနပ်ပဲ နောက်လိုက်များစုဆောင်းကာ နတ်ဘုရားကုန်းမြေကို စိုးမိုးရန်ကြိုးစားခဲ့၏။ ထို့ကြောင့်ပင် ကောင်းကင်ဧကရာဇ်သည် အန့်ယွမ်၏ ကြီးစိုးမှုကို နှိမ်နှင်းသတ်ဖြတ်ခဲ့သည်။
သို့သော် ထိုစဉ်က အန့်လျန်ထံတွင် ပြင်းထန်သည့် ဒဏ်ရာရရှိထားသောကြောင့် အန့်ယွမ်၏ သေဆုံးမှုကို မတားဆီးနိုင်ခဲ့ချေ။
အန့်လျန်သည် အလွန်အမင်း ဒေါသထွက်ခဲ့ရသော်လည်း သူ့ထံတွင် ကောင်းကင်ဧကရာဇ်ကို အံတုနိုင်သည့် ကျင့်ကြံမှု အဆင့် မရရှိသေးသောကြောင့် ပုန်းလျှိုးနေခဲ့ရ၏။
အန့်လျန်သည် မူလစွမ်းအားများ ယုတ်လျော့နေသောကြောင့် လူလုံးထွက်မပြခဲ့ချေ။ သူသည် တိတ်ဆိတ်သာ နေထိုင်ခဲ့ပြီး နတ်ဘုရားကုန်းမြေ၏ အခြေအနေကို စောင့်ကြည့်ခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ဧကရာဇ်ထက် ပို၍သတိထားရမည့်သူတစ်ဦးကို သိရှိခဲ့သည်။ ထိုသူက ဟွမ်း..ပင်။
နောက်ပိုင်းတွင် အန့်ယွမ်၏ ဝိညာဉ်သည် အပြီးသတ် မသေဆုံးသေးပဲ အမှောင်ဝိညာဉ်အဖြစ်ရှိနေခဲ့သည်။
ထို့ကြောင့် အန့်လျန်သည် မွေးကင်းစ ကလေးထံတွင် ဝင်ရောက်ကပ်ငြိစေကာ ပြန်လည်မွေးဖွားစေခဲ့၏။ သို့သော်လည်း ကောင်းကင်နန်းတော်၏ စောင့်ကြည့်မှုအောက်တွင် အမှောင်ဝိညာဉ်နှင့် မွေးဖွားသူတိုင်းကို သတိထားမိကြပြီး ကြီးထွားခွင့်မပေးခဲ့ချေ။
သူသည် ကြံရာမရသည့်အဆုံးတွင် နတ်ဘုရားကုန်းမြေနှင့် ဝေးရာသို့ အန့်ယွမ်၏ဝိညာဉ်ကို ထျန်းယွမ်ကုန်းမြေရှိ မွေးကင်းစလျှိုမင်ယွမ်ထံ ထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်။
တိုက်ဆိုင်တက်သည့် ကံကြမ္မာကြောင့် လျှိုမင်ယွမ်သည် ဟွမ်း၏ တပည့်ဖြစ်လာခဲ့လေ၏။
ထိုအရာက သူ့အတွက် ငိုရခက်၊ ရယ်ရခက်ပင်။ သို့သော် ဟွမ်းရှိနေလျှင် သူ၏ တည်ရှိမှုကို သတိထားမိနိုင်သောကြောင့် အနားမကပ်ခဲ့ပေ။
သို့သော် ယခုတွင် အားများစွာ မစိုက်ထုတ်ရပဲ လျှိုမင်ယွမ်သည် မဟာ နတ်အင်ပါယာအဆင့်ပင် ရောက်ရှိနေပြီဖြစ်သည်။ သူသည် ဟွမ်း၏ အရိပ်အောက်တွင် ကောင်းမွန်စွာ ကြီးထွားလာလေခြင်းပင်။
ထိုအရာက သူ၏ အစ်ကိုဖြစ်သူ အန့်ယွမ်ကို နိုးထစေရန် အချိန်သို့ ရောက်ရှိလာပြီ..။
ရှောင်ယွင်သည် ထိုအချင်းအရာများကြားသိကာ တုန်လှုပ်နေမိသည်။ ထိုလူများ၏ သာမန်သတ်ဖြတ်မှုများသည် ကုန်းမြေတစ်ခုပျက်သုန်းခဲ့ရ၏။
“အခု ထျန်းဟုန် ဆိုတဲ့ကောင်တောင် ငါ့ကိုကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တာ..၊ မင်းတို့စွမ်းအားနဲ့ တားဆီးနိုင်မယ်ထင်နေလား..”
အန့်လျန်သည် မာန်ဟုန်သွင်းကာ ပြောဆိုလိုက်၏။ သူသည် လက်စားချေရန် စတင်လိုသော်လည်း သူ၏ အစ်ကိုအား သတ်ဖြတ်ခဲ့သူသည် ဤကုန်းမြေမှ ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။
“ကျန်ရှိနေတဲ့ ထျန်းဟုန်ရဲ့ ကျင့်ကြံသူတွေကို အကုန်သတ်ပြီး ဒီကမ္ဘာငယ်က ထွက်သွားမယ်ကွ..”
လုရှင်းယန်တို့သည် အန့်လျန်ကို သူတို့၏ စွမ်းအားနှင့် မဆန့်ကျင်နိုင်တော့ချေ။ အန့်လျန် အသာယာတောက်ထုတ်လိုက်ယုံနှင့်ပင် သူတို့သည် သွေးများ အန် ထွက်နေရသည်။
ထို့နောက် အန့်လျန်သည် လျှိုမင်ယွမ်၏ နဖူးကို ထပ်မံ တို့ထိရန် ကြံရွှယ်လိုက်၏။
ထိုအချိန်တွင် ပတ်ဝန်းကျင်၏ လေထုသည် အအေးဓာတ်များ ထွက်ပေါ်လာမှုကို ခံစားလိုက်ရ၏။
ချက်ချင်းဆိုသလို လျှိုမင်ယွမ်၏ ခန္ဓာကိုယ်တစ်ဝှိုက်တွင် အေးခဲမှုများထွက်ပေါ်လာပြီး ခရမ်းရောင်ရေခဲအလွှာများနှင့် ဖုံးလွှမ်းသွားသည်။
“အဲ့ဒီလက်ကို ဖယ်လိုက်စမ်း..”
ဒေါသတကြီး အော်ဟစ်သံနှင့် အတူ နတ်ဆိုးစွမ်းအင်များစွာ ရစ်ပတ်နေသည့် အနက်ရောင်တံစဉ်းကြီးသည် အန့်လျန်၏ လက်ကို ပိုင်းဖြတ်လု မတက်ထွက်ပေါ်လာ၏။
အန့်လျန်သည် ရုတ်ချည်းဆိုသလို သူ၏ လက်ကို လှုပ်ရှားလိုက်ပြီး ထိုတံစဉ်းကို ရိုက်ပုတ်လိုက်သည်။ သို့သော် သူ၏ လက်သည် ထုံကျဉ်သွားသည်ဟု ခံစားမိလိုက်သည်။
“ဒီအငွေ့အသက်တွေရင်းနှီးနေတယ်..”
လွင့်စင်သွားသည့် တံစဉ်းကို ဖမ်းထိမ်းလိုက်ပြီး ကောင်းကင်ထက်တွင် ရပ်တည်နေသည့် အမျိုးသမီးငယ်လေးတစ်ဦးကို တွေ့ရှိလိုက်၏။ သူမ၏ မျက်ဆံများသည် ရဲရဲတောက် နီးမြန်းနေသည်။
“ရင်းနှီးပါတယ်လို့ထင်နေတာ..၊ မိတ်ဟောင်းဆွေဟောင်းတွေပဲ..”
မော့ရွှယ်အာ၏ အငွေ့အသက်ကို မှတ်မိသွားပြီး အန့်လျန်သည် ရယ်မောကာ ပြောဆိုလိုက်၏။
မော့ရွှယ်အာသည် အန့်လျန်၏ အပြုံးကြောင့် သူမ၏ အနီရောင်မျက်ဆံများ ပျောက်ကွယ်လုနီးပါး မှေးကျဉ်းသွားသည်။ သို့သော် အန့်လျန်၏ ထပ်မံပြောဆိုလိုက်သည့် စကားကြောင့် သူမ၏ ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်ယင်သွား၏။
“အဲ့ဒီတုန်းက ဟွမ်းကို သာရင်ဆိုင်နိုင်စွမ်းရှိရင် မင်းအသက်ရှင်နေမှာ မဟုတ်ဘူး..”
“ရှင်..၊ ဘိုးဘေးကို ရူးသွပ်အောင် လုပ်ခဲ့တဲ့သူလား..”
မော့ရွှယ်အာသည် ဒေါသတကြီး မေးခွန်းထုတ်လိုက်၏။ သူမ၏ အသက်ရှုသံများ ပြင်းထန်လွန်းနေသည်။ သူမ၏ ရင်ဘက်လေးသည်လည်း နိမ့်ချေ မြင့်ချေလှုပ်ရှားနေ၏။