← Chapters

တိုက်ပွဲ

Vol. 17 Ch. 253

တိုက်ပွဲ

Vol. 17 Ch. 253

“မင်းရဲ့ ဘိုးဘေးက ငါ့ရဲ့ ပထမဆုံးစမ်းသပ်ခံတစ်ဦးပေါ့..”

အန့်လျန်သည် ပြုံးရွှင်နေသည့် မျက်နှာထားနှင့် ဆိုလိုက်၏။

အမှောင်စွမ်းအင်များနှင့် ထိန်းချုပ်မှုသည် နတ်ဆိုးဘိုးဘေးမှ စတင်ခဲ့သည်။

ထိုစဉ်က သူ၏ စမ်းသပ်ချက်သည် မလုံလောက်သေးကြောင့် နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို မလွှမ်းမိုးနိုင်ခဲ့ချေ။

ထို့အပြင် ထိန်းချုပ်သူများ၏ အသိစိတ်ကို အပြီးတိုင် မဖယ်ရှားနိုင်သေးခဲ့ချေ။

ပိုဆိုးသည်က သူမထင်မှတ်ထားသည့် ဟွမ်းသည် လာရောက်အကူအညီပေးခြင်းပင်။

ထို့ကြောင့်ပင် နတ်ဆိုးဘိုးဘေး၏ ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်ခဲ့ကာ နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို ဖျတ်ဆီးခဲ့သည်။ မသေချာသေးသည့် အချိန်တွင် သူ၏ တည်ရှိမှုကို မပေါ်ပေါက်လိုပေ။

မော့ရွှယ်အာ၏ ခန္ဓာကိုယ်လေးသည် တသိမ့်သိမ့်တုန်ယင်နေ၏။

“ဟားဟား..၊ အတိတ်က ရန်ငြိုးဟောင်းတွေက ကောင်းကင်အရှင်သခင်ရဲ့ လူတွေနဲ့ပတ်သတ်နေတာပဲ..၊ မင်းတို့ကိုသာ သတ်လိုက်ရင် ဖြစ်ပေါ်လာမဲ့ သူ့ရဲ့ အမူအယာကို ကြည့်ရဖို့ မစောင့်နိုင်တော့ဘူး..”

အန့်လျန်သည် ရယ်မောကာ ပြောဆိုလိုက်၏။

သို့သော် လျှိုမင်ယွမ်၏ အနားတွင် ရပ်တည်နေသော ခရမ်းရောင်ပုံရိပ်လေးကြောင့် သူ၏ အရှိန်အဝါသည် ကြမ်းကြမ်းတမ်တမ်း ထွက်ပေါ်လာသည်။ သူ၏ အမူအယာသည် ချက်ချင်းဆိုသလို ဒေါသများအဖြစ်သို့ပြောင်းလဲသွားတော့၏။

“မင်းကို စောင့်နေတာ..၊ အဆင့်အတန်း နိမ့်ကျတဲ့ကောင်ရဲ့ မျိုးဆက်..”

ယွဲ့ဝူယောင်သည် လျှိုမင်ယွမ်၏ စိတ်ဝိညာဉ်ကို ထိန်းသိမ်းပေးနေခြင်းဖြစ်သည်။

အန့်လျန်သည် သူမကို သတိထားမိခဲ့ပြီး ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်သည်လည်း သူမ သာဖြစ်၏။

ယွဲ့ဝူယောင်သည် မျက်မှောင်ကြုတ်သွားတော့သည်။ သို့သော် အန့်လျန်သည် ချက်ချင်းဆိုသလို အမှောင်စွမ်းအင်များနှင့် သူမကို ရစ်ပတ်စေလိုက်၏။

“သေချင်နေတာပဲ..”

“ဝုန်း..”

မော့ရွှယ်အာသည် ထိုအချင်းအရာကြောင့် ဒေါသတကြီး အော်ဟစ်ကာ သူမ၏ တံစဉ်းနှင့် ခုတ်ပိုင်းလိုက်၏။

“မထင်မှတ်ထားလောက်အောင်..မင်းရဲ့စွမ်းအားတွေက တိုးတက်လာတာပဲ..”

အန့်လျန်သည် ယွဲ့ဝူယောင်ကို တိုက်ခိုက်မှု တုန့်နှေးသွားရ၏။ သူသည် ယွဲ့ဝူယောင်ကို ဖမ်းဆီးလိုခြင်းဖြစ်သည်။

မော့ရွှယ်အာသည် ဒေါသများကြောင့် အန့်လျန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။

“ဒါပေမဲ့..”

အန့်လျန်သည် ချက်ချင်းဆိုသလို အမှောင်စွမ်းအင်များကို ထုတ်ဖော်ကာ ကျီယွမ်ကုန်းမြေ၏ ခံတပ်တစ်ခုလုံးကို လွှမ်းမိုးလိုက်၏။

“ငါ့ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်လိုက်စမ်း..”

သူ၏ အမှောင်စွမ်းအင်များသည် အဆင့်ငါးကျင့်ကြံသူနှင့် အဆင့်ခြောက်ကျင့်ကြံသူများကို လွှမ်းမိုးသွားပြီး သူတို့၏ စိတ်ဝိညာဉ်များကို ထိန်းချုပ်စေလိုက်သည်။

“သူ့ကို အခွင့်အရေးမပေးနဲ့..”

စစ်ရှီးယဲ့သည် ရုတ်ချည်းဆိုသလို လှုပ်ရှားသွားပြီး အန့်လျန်ကို တိုက်ခိုက်လိုက်၏။

“နောက်ကျသွားပြီ..”

အန့်လျန်သည် စစ်ရှီးယဲ့နှင့် မော့ရွှယ်အာ၏ တိုက်ခိုက်မှုကို ခုခံလိုက်ရင်းဆိုလိုက်၏။

ထိုအချိန်တွင် ကျီယွမ်ကုန်းမြေ၏ ကျင့်ကြံသူများသည် အမှောင်စွမ်းအင်များ စတင်သက်ရောက်ကုန်တော့သည်။

သူတို့၏ ခန္ဓာကိုယ်များသည် ထိန်းချုပ်ခံလိုက်ရပြီး တိုက်ခိုက်မှုများ စတင်ကြတော့၏။

“ပြသနာပဲ..”

လီဝူချင်းတို့သည် သူတို့၏ ကျင့်ကြံသူများကို သူတို့ကိုတိုင်ပင် ပြန်လည် တိုက်ခိုက်နေရတော့သည်။

အန့်လျန်၏ လွှမ်းမိုးမှုသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေ၏။

“သေစမ်း..”

လုရှင်းယန်တို့သည် အန့်လျန်ကို ဒေါသတကြီး တိုက်ခိုက်မှုများ ပြုလုပ်လိုက်ကြ၏။ ထိုသူသည် လျှိုမင်ယွမ်၏ ဝိညာဉ်ကို ဖျတ်စီးချင်နေပြီး ရှောင်ယွင်၏ ကုန်းမြေနှင့် မော့ရွှယ်အာ၏ မျိုးနွယ်ကို ဖျတ်ဆီးခဲ့သူဖြစ်သည်။

သူတို့၏ စွမ်းအားများနှင့် အနိုင်ယူနိုင်ခြင်းမရှိမှန်းသိသော်လည်း သူတို့၏ ဒေါသများကြောင့် တိုက်ခိုက်နေခြင်း ဖြစ်၏။

ထိုသူကို ခွင့်မလွှတ်နိုင်ချေ။

“ဖယ်စမ်း..”

သို့သော် အန့်လျန်၏ အသံလှိုင်းကိုပင် ခံနိုင်ရည်မရှိခဲ့ချေ။ သူတို့နှစ်ဦးသည် လွင့်ထွက်သွားရသည်။

“သေလိုက်စမ်း..”

ယွဲ့ဝူယောင်သည် ခရမ်းလဓားကို ထုတ်ဖော်ကာ အန့်လျန်ကို ခုတ်ပိုင်းလိုက်၏။

“ဝုန်း..”

အန့်လျန်သည် ကာကွယ်လိုက်နိုင်သော်လည်း သူ၏ ဘေးနှစ်ဖက်တွင် ခရမ်းရောင်အလင်းများနှင့် တောက်ပနေပြီး မျက်စိတစ်ဆုံး အေးခဲသွားသည်။

သာမန်ကျင့်ကြံသူသာဆိုလျှင်တော့ ထိုဓားချက်နှင့်ပင် သေဆုံးသွားနိုင်ပေမည်။ သို့သော် သူမသည် မဟာနတ်အင်ပါယာ အထွတ်ထိပ် အဆင့်တွင်သာရှိနေ၏။ အဓိပတိ တစ်ဦးကို ထိခိုက်အောင်ပင် မလုပ်နိုင်ခဲ့ချေ။

“မင်းရဲ့ နိမ့်ကျတဲ့ ဖခင်လောက် အားမကောင်းသေးဘူး..”

“တိတ်စမ်း..”

ယွဲ့ဝူယောင်သည် သူမ၏ ဖခင်ကို ထိုသို့ခေါ်ဝေါ်ခြင်းကို အလွန်ပင် ဒေါသထွက်လာ၏။

သူမသည် ချက်ချင်းဆိုသလို ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။

ကောင်းကင်ထက်တွင် ခရမ်းရောင် အလင်းတန်းများ လင်းလက်နေပြီး ယွဲ့ဝူယောင်သည် အန့်လျန်ကို တရကြမ်း တိုက်ခိုက်နေ၏။

မော့ရွှယ်အာနှင့် စစ်ရှီးယဲ့သည်လည်း အန့်လျန်၏ နောက်မှ ချက်ချင်းဆို သလို ဖိအားပေးတိုက်ခိုက်နေသည်။

“မသေချင်ရင်ဖယ်စမ်း..၊ ငါ့ရည်ရွယ်ချက်က သူမကို ခေါ်သွားဖို့ပဲ..”

အန့်လျန်သည် ဒေါသတကြီး ရေရွတ်ကာ တုန့်ပြန်လိုက်ခိုက်လိုက်၏။ သူသည် စစ်ရှီးယဲ့တစ်ယောက်ထဲရှိစဉ်က သိပ်အလေးမထားသော်လည်း မော့ရွှယ်အာနှင့် ပူးပေါင်းတိုက်ခိုက်မှုသည် သူ့အား အနည်းငယ်ဖိအားသက်ရောက်စေသည်။

ထို့ကြောင့် သူသည် နက်မှောင်နေသည့် ဓားတစ်လက်ကို ထုတ်လိုက်ကာ စစ်ရှီးယဲ့ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

“ချွမ်း..”

ဓားနှစ်လက် ထိခက်သံပေါ်ထွက်လာပြီး စစ်ရှီးယဲ့သည် အန့်လျန်၏ ဓားကို အံကြိတ်ကာ တားဆီးထား၏။ စစ်ရှီးယဲ့သည် သွားကြားထဲမှ လေသံနှင့် ပြောလိုက်သည်။

“အရှင့်ကို..၊ မင်းကြောက်ရတယ်မလား..၊ သူရောက်လာရင် မင်းကို အလွတ်ပေးမယ်ထင်နေလား..”

“သူရောက်မလာနိုင်ဘူး..”

အန့်လျန်သည် သေချာနေသည့် လေသံနှင့် ဆိုလိုက်၏။ သို့သော် တံစဉ်းနက်ကြီး ဝင်လာသောကြောင့် စစ်ရှီးယဲ့ကို အားပြင်းပြင်းနှင့် ရိုက်ချလိုက်သည်။

“ဘုန်း..”

အန့်လျန်၏ ပြင်းထန်သည့် ခွန်အားကြောင့် စစ်ရှီးယဲ့သည် နောက်သို့ ဆုတ်ခွာလိုက်ရ၏။

ထို့နောက် သူ့ထံဝင်လာသည် မော့ရွှယ်အာ၏ တံစဉ်းကို တားဆီးလိုက်သည်။

“သေစမ်း..”

မော့ရွှယ်အာသည် ဆက်တိုက်ဆိုသလို သူမ၏ တံစဉ်းကို ဝှေ့ယမ်းနေကာ အန့်လျန်ကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေ၏။

သူမ တံစဉ်းဝှေ့ယမ်းလိုက်တိုင်း အဆင့်သုံးနယ်မြေ၏ လေဟာနယ်သည် ခံနိုင်ရည်မရှိသည့်အလား ပေါက်ပြဲကုန်သည်။

သို့သော် အန့်လျန်သည် အဆင့်ကွာခြားချက်ကြောင့် ထိန်းချုပ်ထားနိုင်သော်လည်း သူ၏ လိုရင်းကို မရောက်နိုင်သေးချေ။

“ငါ့ရဲ့ အချိန်တွေကို ဖြုန်းတီးနေကြတာပဲ..”

အန့်လျန်သည် မော့ရွှယ်အာနှင့် အကွာအဝေးကို ထိန်းလိုက်ပြီးနောက် သူ၏ ဓားကို အောက်သို့ ထိုးစိုက်သည့် အသွင် ပြုလုပ်လိုက်၏။

သူ၏ခြေအောက်တွင် အလင်းများတောက်ပလာပြီး သင်္ကေတများ ရေးဆွဲထားသည့် အစီအရင် စက်ဝန်းတစ်ခု ဖြစ်ပေါ်လာသည်။

“ဖိနှိပ်စမ်း..”

ထိုသို့ ဟစ်အော်လိုက်သည်နှင့် တစ်ပြိုင်နက် ထို အစီအရင်မှ အမှောင်စွမ်းအင်များသည် ချိန်းကြိုးကြီးများအသွင် ဖြစ်ပေါ်လာ၏။

ထို့နောက်တွင် ၎င်းတို့သည် မော့ရွှယ်အာနှင့် စစ်ရှီးယဲ့ထံ တိုးဝင်သွားသည်။

မော့ရွှယ်အာသည် ထိုချိန်းကြိုးများကို အပြင်းအထန်ဖျတ်ဆီးနေသော်လည်း ၎င်းတို့သည် ပြန်လည်ဖြစ်တည်လာ၏။

သူ၏ နောက်သို့ အဆက်မပြတ် ကပ်လိုက်နေပြီး သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်တော့၏။

“နတ်ဆိုးအစောင့်အရှောက်များ..”

ချက်ချင်းပင် သူမ၏ ဘေးတွင် အရိပ်လေးခု ထွက်ပေါ်လာပြီး ထိုချိန်းကြိုးများကို အတူတကွ ခုခံလိုက်ကြသည်။

သို့သော် အချိန်များစွာ မရချေ။ ချိန်းကြိုးများ၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် အရိပ်များသည် တစ်ခုပြီးတစ်ခု ဖျတ်ဆီးခံလိုက်ရ၏။

“နတ်ဆိုး အရိပ်..”

မော့ရွှယ်အာ၏ နောက်တွင် ကြီးမားသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ထိုပုံရိပ်၏ ဦးခေါင်းတွင် သရဖူတစ်ခု ရှိနေသည်။

“ချုပ်နှောင်စမ်း..”

အန့်လျန်သည် ထိုပုံရိပ်ကြောင့် ထိတ်လန့်မသွားပေ။ များစွာသည့် ချိန်းကြိုးများကို ထပ်မံ စေလွှတ်လိုက်ပြန်သည်။

မော့ရွှယ်အာ၏ နောက်မှ ပုံရိပ်သည် ကြီးမားသည့် တံစဉ်းကြီးနှင့် ထိုချိန်းကြိုးများကို ထိုးခွဲလိုက်၏။

“ခွမ်း..”

ချိန်းကြိုးများသည် ပျက်စီးသွားပြီးသော်လည်း တံစဉ်းကြိးသည် မရပ်တန့်ပဲ အန့်လျန်ထံ တိုးဝင်သွားသည်။

“အမှောင်..”

“ချိတ်ပိတ်ခြင်း..”

အန့်လန်သည် ပျာယာခပ်ခြင်းမရှိပဲ သူ၏ လက်ကို အလျင်အမြန်လှုပ်ရှားလိုက်၏။

ထိုအချိန်တွင် သူ၏ နောက်မှ ကြီးမားသည့် လက်တစ်ဖက်ပေါ်ထွက်လာပြီး ထိုတံစဉ်းကြီးကို ဖမ်းဆုပ်လိုက်သည်။

“ဖျတ်စီးစမ်း..”

အန့်လျန်သည် ထပ်မံရေရွတ်လိုက်ချိန်တွင် ထိုလက်ကြီးသည် ဆုပ်ကိုင်ထားသည့် တံစဉ်းကြီးကို ဖိချေလိုက်၏။

“ခွမ်း..”

All Chapters