← Chapters

ကျစ်ယွီတျယ်

Vol. 17 Ch. 254

ကျစ်ယွီတျယ်

Vol. 17 Ch. 254

“ဝုန်း..”

“အာ့..”

“ကျွန်မ မလိမ်ပါဘူး..၊ ရှင့်ကို အမှန်အတိုင်းပြောပြတာ..”

အမှောင်စွမ်းအင်များ ပြည့်နှက်နေသည့် လှိုင်ဂူတစ်ခုအတွင်းမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

သူမ၏ လည်တိုင်သည် ဆုပ်ကိုင်ထားခံရပြီး သူမ၏ ပြေပြစ်သည့် ခန္ဓာကိုယ်လေးသည်လည်း ဂူနံရံနှင့် ထိကပ်နေ၏။ သူမသည် ရွှမ်းလင်ပင်။ ထိုသို့အခြေအနေရောက်ရှိနေသော်လည်း သူမ၏ မျက်နှာတွင် စိုးရိမ်ဟန်ရှိမနေချေ။

“မင်းကို ငါယုံမယ်ထင်နေလား...”

အဖြူရောင်ဝတ်စုံနှင့် အမျိုးသားသည် ထိုအမျိုးသမီး၏ လည်တိုင်ကို ဆုပ်ကိုင်ထားပြီး အေးစက်စက် မေးလိုက်၏။ ရွှမ်းလင်သည် ယုံကြည်စေရန်ပြောဆိုလိုက်သည်။

“ဟွမ်း..၊ ဒီအကြောင်းအရာကို ကျွန်မရဲ့ အသက်နဲ့ အာမခံတယ်..”

“မင်းရဲ့ ခန္ဓာကိုယ်က အစစ်မဟုတ်ဘူး..၊ မင်းရဲ့ အသက်နဲ့ အာမခံမှုက အသုံးဝင်မယ်ထင်နေလား..”

ဟွမ်းသည် အတိကျပြောဆိုလိုက်၏။ ထိုအမျိုးသမီးသည် သူ့အား လှည့်စားကာ ထိန်းချုပ်ရန် ကြံရွှယ်နေသည်ကို သိလိုက်ရသည်။

ထို့အပြင် သူမ၏ ခန္ဓာကိုယ်သည် အစစ်အမှန်မဟုတ်မှန်း ရိပ်မိခဲ့၏။ ထို့ကြောင့် ထိုမိန်းကလေးသည် ရဲတင်းနေခြင်းပင်။

“ဒါပေမဲ့..၊ ဒီဝိညာဉ်ခန္ဓာကိုယ် ဖျတ်ဆီးခံရရင် မင်းရဲ့ မူလခန္ဓာကိုယ်ကို သက်ရောက်စေမှာပဲမလား..”

ဟွမ်းသည် အေးစက်စက်လေသံနှင့် သူ၏ ခန့်မှန်းချက်ကို ထုတ်ပြောလိုက်သည်။ ထိုမိန်းကလေး လိမ်လည်နေခြင်းဖြစ်ပါက မူလခန္ဓာကိုယ်မဟုတ်သော်လည်း ဖျတ်ဆီးပစ်မည်ဖြစ်၏။

“ကျွန်မ..”

“ကျွန်မပြောတာအမှန်ပဲ..၊ အန့်လျန်ဆိုတဲ့လူက အရင်ခေတ်က အမှောင်မျိုးနွယ်ရဲ့ သခင်လေးပဲ..၊ လွန်ခဲ့တဲ့ နှစ်ဝက်က ကျွန်မရဲ့ တည်ရှိမှုကို သူကရှာတွေ့ခဲ့တယ်..၊ ဒါကြောင့် ကျွန်မကို ပူးပေါင်းပြီး ရှင့်ကို အချိန်ဆွဲ ထားပေးဖို့ ခြိမ်းခြောက်ခဲ့တယ်..၊ ကျွန်မသာ သူပြောတဲ့ အတိုင်း လုပ်မယ်ဆိုရင် ရှင့်ကို ဒီအမှောင်စွမ်းအင် တိုင်လုံးတွေ ဆီခေါ်လာမှာမဟုတ်ဘူး..”

ရွှမ်းလင်သည် ငိုလုမတက် လေသံလေးနှင့် အသေအချာပင်ရှင်းပြလိုက်၏။ သူမသည် ရဲတင်းနေသော်လည်း ဟွမ်းဖျတ်ဆီးလိုက်မှာကို ကြောက်ရွံ့မိသွားသည်။ မဟုတ်လျှင် သူမ၏ မူလခန္ဓာကိုယ်ပါ ထိခိုက်သွားစေတော့မည်။

သူမသည် အန့်လျန်ကို တွေ့ရှိချိန်တွင် အလွန်အမင်း လန့်ခဲ့ရ၏။ ထိုသူသည် အရင်မျိုးဆက်မှ သခင်လေးတစ်ဦးဖြစ်သည်။ သူမနှင့် မျိုးဆက်ကွာခြားပြီး အမှောင်မျိုးနွယ်သည်လည်း သူမ၏ မျိုးနွယ်ထက် အားကောင်းလေ၏။

သို့သော် အန့်လျန်၏ ခြိမ်းခြောက်မှုနှင့်ယှဉ်လျှင် ဟွမ်းက ပို၍ ကြောက်မယ်ဖွယ်ကောင်းသည်ကို ခံစားမိသည်။

ထို့ကြောင့်ပင် အန့်လျန်၏ ရည်ရွှယ်ချက်များကို ဟွမ်းသို့ ထုတ်ပြောခဲ့သည်။ သို့သော် ဟွမ်းသည် ဒေါသတကြီး တုန့်ပြန်နေပြန်၏။

သူမ မခံစားနိုင်တော့ပေ။ သူမ၏ မျက်ဝန်းများမှ မျက်ရည်များသည် ပိုးပိုးပေါက်ပေါက် ကျဆင်းလာတော့၏။

ထိုသူသည် သူမအား သက်သက်မဲ့ အနိုင်ကျင့်နေ၏။ မိန်းကလေးပေါ် ရည်မွန်စွာ ဆက်ဆံရမည်မှန်း နားလည်ဟန်ရသည့်ပုံမပေါ်ချေ။

သို့သော် ဟွမ်းသည် အေးစက်သည့် လေသံနှင့် ဆက်မေးလိုက်သည်။

“သေချာလား..”

ရွှမ်းလင်သည် မျက်ရည်များကို သုတ်ကာ ခေါင်းညိတ်ပြလိုက်၏။

သို့မှသာ ဟွမ်းသည် သူမ၏ လည်တိုင်မှ လက်လွှတ်ပေးလိုက်တော့သည်။

“မိန်းကလေးတစ်ယောက်ကို ဒီလို မဆက်ဆံဖို့ ဘယ်သူမှ သင်ထားမပေးဘူးလား..”

ရွှမ်းလင်သည် ဒေါသ မျက်ဝန်းများနှင့် ကြည့်ကာ မေးခွန်းထုတ်လိုက်၏။ သူမ၏ မျက်ရည်များပင် မခြောက်သေးချေ။

“ရှင် မလွန်လွန်ဘူးလား..”

“ကျွန်မလည်ပင်းကိုပဲ ညှစ်တာ နှစ်ခါရှိနေပြီ..”

“မိန်းမလှလေးရဲ့ လည်ပင်းညှစ်ရတာကို နှစ်သက်တဲ့ အရူးလား..”

ရွှမ်းလင်၏ ပေါက်ပေါက်ဖောက်ကာ ပြောဆိုနေသည်။ သူမသည် ထိုသူနှင့် တွေ့ဆုံရတိုင်း နှိပ်စက်ခံနေရ၏။ မည်သို့ရေစက်ရယ် ကြောင့်မှန်း မသိရှိချေ။

သို့သော် သူတို့နှစ်ဦးသည် စတင်တွေဆုံချိန်ကတည်းက ကောင်းမွန်သည့် တွေ့ဆုံမှုမျိုး မဟုတ်ခဲ့ချေ။

“အန့်လျန်..”

ဟွမ်းသည် စကားများကို မကြားသည့်အလား တီးတိုးရေရွတ်လိုက်၏။ ထို့နောက် ရွှမ်းလင်ကို ကြည့်ကာ ပြောလိုက်သည်။

“လမ်းပြ..၊ အခြား အမှောင်စွမ်းအင် တိုင်လုံးတွေ ဘယ်မှာလဲ..”

“ဟွန့်..”

ရွှမ်းလင်သည် နှာမှုတ်လိုက်သော်လည်း နောက်ထပ် အမှောင်စွမ်းအင် တိုင်လုံးများ ရှိရာသို့ ဆက်လက် လမ်းပြလိုက်တော့၏။

မော့ရွှယ်အာ၏ ပုံရိပ်သည် အန့်လျန် ထုတ်ဖော်လိုက်သည့် လက်ကြီး၏ ဖျတ်ဆီးမှုကြောင့် သူမသည် သွေးများ အန်လိုက်ရသည်။

“သေလိုက်စမ်း..”

အန့်လျန်သည် မည်သို့မျှ အလျော့မပေူတော့ဟန်နှင့် မော့ရွှယ်အာကို အဆုံးသတ်ရန် ပြင်လိုက်သည်။

ချက်ချင်းပင် ထိုလက်ကြီးနှင့် ဖိချေလိုက်၏။

“ဝုန်း..”

ယွဲ့ဝူယောင်သည် အလျှင်အမြန် ရောက်ရှိလာပြီး မော့ရွှယ်အာ၏ ခန္ဓာကိုယ်ကို ရေခဲများနှင့် ကာကွယ်ပေးလိုက်၏။

“ဘုန်း..”

“ခွမ်း..”

သို့သော်လည်း ခွန်အားခြင်း မညီမျှသည်မို့ ရေခဲများသည် ကွဲကြေသွားတော့၏။

ကံကောင်းသည်မှာ ယွဲ့ဝူယောင်၏ လျှင် မြန်မှုကြောင့် မော့ရွှယ်အာကို ထိုလက်ကြီးနှင့် မဖိချမိခင် ခေါ်ထုတ်နိုင်ခဲ့သည်။

သူမသည် ချက်ချင်းဆိုသလို ခရမ်းလဓားကို အန့်လျန်ထံ တစ်ဟုန်ထိုး ထိုးစိုက်လိုက်၏။

အန့်လျန်၏ လက်ကြီးသည် ထိုဓားကို တားဆီးလိုက်သည်။ သို့သော် ခရမ်းလဓားမှ ပေါ်ထွက်လာသည့် အအေးဓာတ်ကြောင့် ၎င်းလက်ကြီးသည် အေးခဲ့သွားရ၏။

“ဖျတ်စီးစမ်း..”

ယွဲ့ဝူယောင်သည် အေးခဲနေသည့် လက်ကြီးကို ဓားနှင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။

“ခွမ်း...”

သူမ၏ ရိုက်ချက်ကြောင့်ပင် ထိုလက်ကြီးသည် တစ်စစီကြေမွသွားတော့သည်။

“မဟုတ်သေးဘူး..”

ထိုအချိန်တွင် အန့်လျန်သည် လျှင်မြန်သည့် အရှိန်နှင့် သူမထံ တိုးဝင်လာနေခြင်းပင်။

သူ၏ ဓားနှင့် ယွဲ့ဝူယောင်ကို ထိုးစိုက်လိုက်၏။ သူမသည် အန့်လျန်၏ လျင်မြန်မှုကို မကန့်သတ်နိုင်တော့ချေ။

“ရွှစ်..”

“ရှင်..”

ယွဲ့ဝူယောင်သည် ထိတ်လန့်သွားရ၏။

“သခင်မလေးကို မကာကွယ်နိုင်ရင်..၊ အရှင်ကို ကျုပ်က မျက်နှာ ပြရဲမှာ မဟုတ်တော့ဘူး..၊ ပြီးတော့ သခင်ကြီးဖုန်းချန်ကိုရောပဲ..”

စစ်ရှီးယဲ့သည် မြန်ဆန်သည့် အရှိန်နှင့် ယွဲ့ဝူယောင်၏ ရှေ့မှ ပိတ်ရပ်လိုက်ခြင်းပင်။ ယွဲ့ဝူယောင်သည် ယွဲ့ဖုန်းချန်၏ သမီးဖြစ်သူမှန်း သိရှိသွားပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူမကို အထိခိုက် မခံခဲ့ပေ။

အန့်လျင်၏ ဓားသည် သူ၏ ခန္ဓာကိုယ်တွင် ထိုးစိုက်မိသွား၏။ ထို့နောက် လဲကျသွားတော့သည်။

“မြို့သခင်..”

ယွဲ့ဝူယောင်သည် မှင်သက်နေ၏။ သူမသည် မည်သည့် စကားမျှ ပြောဆိုရန် ထွက်မလာတော့ချေ။ သူမ၏ ခံစားချက်များကို ခန္ဓာကိုယ်က မလိုက်နိုင်တော့ပေ။

“သေလိုက်စမ်း..”

အန့်လျန်သည် ထပ်မံ ထိုးစိုက်လိုက်ပြန်သည်။

သို့သော် ယွဲ့ဝူယောင်သည် တွေတွေကြီး ဖြစ်နေ၏။ မည်သည့် တုန့်ပြန်ချက်မှ မရှိတော့ချေ။

အန့်လျန်၏ ဓားသည် သူမအား ထိုးစိုက်တော့မည် အချိန်တွင် သူမ၏ လည်ဆွဲမှ ထူးဆန်းသည့် ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် ချိုမြသော်လည်း အေးစက်နေသည့် စကားသံ ထွက်ပေါ်လာ၏။

“နင့်အဆင့်လောက်နဲ့ ငါ့ရဲ့ သမီးကို ထိခိုက်အောင် လုပ်နိုင်မယ်ထင်နေတာလား..”

ထိုအသံနှင့် အတူ ယွဲ့ဝူယောင်၏ နောက်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး အန့်လျန်၏ ဓားလည်း လွင့်စင်သွားတော့၏။

“မင်း..မင်း..”

အန့်လျန်သည် ထိုပုံရိပ်ကို မြင်ပြီး ထိတ်လန့်မှု နှင့် ဒေါသထွက်မှုများ ရောပြွန်းလာသည်။ သူသည် ဒေါသတကြီး အော်ဟစ်လိုက်၏။

“ကျစ်ယွီတျယ်”

သို့သော် ယွဲ့ဝူယောင်၏ နောက်ရှိ ပုံရိပ်အသွင်နှင့် ကျစ်ယွီတျယ်သည် ဂရုစိုက်ဟန်မရချေ။ သူမသည် ယွဲ့ဝူယောင်ကို သာ မြတ်နိုးသည့် အကြည့်များနှင့် ကြည့်ရှု့နေ၏။

“ကျွန်မ အမေလား..”

ယွဲ့ဝူယောင်သည် အိမ်မက်မှ လန့်နိုးလာသည့်အလား တုန်ယင်သွားပြီး သူမနှင့် တူညီသည့် အသွင်ရှိသည့် ကျစ်ယွီတျဲကို မေးလိုက်၏။

“ဟုတ်တယ်..၊ ယောင်အာ..သမီးက တကယ်ကို လှလှပပလေးကြီးပြင်းလာတာပဲ..၊ အမေတို့ စိတ်ချရပါပြီ..”

ကျစ်ယွီတျယ်သည် ယွဲ့ဝူယောင်၏ ဆံနွယ်များကို သပ်ကာ ဆိုလိုက်သည်။ သူမသည် ယွဲ့ဝူယောင်အတွက် ဂုဏ်ယူနေဟန်ရှိ၏။ သူမသည် ယွဲ့ဝူယောင်၏ လည်ဆွဲတွင် ဝိညာဉ်အပိုင်းအစကို ချန်ထားခဲ့ခြင်းဖြစ်သည်။

“သမီး..”

ယွဲ့ဝူယောင်သည်ပြောဆိုရန် ပြင်ဆင်လိုက်သော်လည်း သူမ၏ နှုတ်မှ ပွင့်ဟမလာတော့ချေ။ မျက်ရည်များသာ တသွင်သွင်စီးကျလာပြီး ကျစ်ယွီတျယ်ကို ပွေ့ဖက်လိုက်၏။ သူမ၏ မိခင်ထံမှ မခွဲခွာလိုသည့်အလား တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့သည်။

သို့သော် ကျစ်ယွီတျယ်ထံမှ အနွေးဓာတ်ကို မရရှိတော့ချေ။ သူမသည် ဝိညာဉ်အပိုင်းအစသာ ဖြစ်နေခြင်းကြောင့်ပင်။

“ကျစ်ယွီတျယ်..၊ နင့်ကြောင့် ငါတို့ ဒီလိုဖြစ်ရတာ..”

အန့်လျန်သည် ဒေါသတကြီး အော်ဟစ်လိုက်မိ၏။ သူ၏ ခန္ဓာကိုယ်ရှိ အရှိန်အဝါများပင် မငြိမ်မသက်ဖြစ်လာတော့သည်။

ထိုအမျိုးသမီးကြောင့်ပင်။ သူတို့သည် ဤကုန်းမြေသို့ ရောက်ရှိခဲ့ရသည်။

ထိုအမျိုးသမီးကြောင့်ပင်။ သူ၏ အစ်ကို သေဆုံးခဲ့ရ၏။

ထိုအမျိုးသမီးကြောင့်ပင်။ သူသည် အရှက်တကွဲအကျိုးနည်းခဲ့ရသည်။

ထို့အမျိုးသမီးကြောင့်ပင်။ သူသည် ဤကုန်းမြေမှ ပြန်မထွက်နိုင်ခြင်းဖြစ်၏။

သူနှင့် ပတ်သတ်သမျှ အရာအားလုံးသည် ထို အမျိုးသမီးကြောင့် ဖြစ်ပျက်ခဲ့ရတော့သည်။

All Chapters