← Chapters

အပိုင်း ၂၈၉-၂၉၂

Vol. 15 Ch. 289-292

အပိုင်း ၂၈၉-၂၉၂

Vol. 15 Ch. 289-292

အပိုင်း ( ၂၈၉ )

ပြောနေရင်းနဲ့

ယဲ့ဖန်က ထိုလူတွေရဲ့အကြည့်ကို ဂရုမစိုက်ပေ။

ရှန်းပိုင်ထျန်းနဲ့အတူတူထိုင်ပြီးတဲ့နောက် စားချင်တာမှာသည်။

အကြာကြီးမစောင့်လိုက်ရခင်မှာဘဲ အသားကင်ချောင်းတွေရောက်လာတော့သည်။

တစ်ကိုက်စားလိုက်တာနဲ့ အသားကင်က ပါးစပ်ထဲမှာပျော်ဝင်သွားပြီး အရသာကစွဲကျန်နေသည်။

ယဲ့ဖန်က သိုက်ချန်းညွှန်းပေးလိုက်တဲ့အသားကင်ဆိုင်ကို အရမ်းကျေနပ်နေတော့သည်။

ဒီမှာ တစ်နာရီကြာစောင့်လိုက်ရတာက အလကားဖြစ်မသွားဘူးဘဲ။

တစ်ပြိုင်နက်တည်း သုံးလေးချောင်းလောက်စားလိုက်တာတောင် မကျေနပ်သေးဘူးဟု ခံစားရသည်။

ဒါပေမဲ့ ရှန်းပိုင်ထျန်းကတော့ တစ်ကိုက်မှမစားရသေးတာကို သတိထားမိလိုက်သည်။

တစ်ခုခုကြောင့် သူမက ပူပန်နေပုံရသည်။

" ဘာလို့ ဘာမှမစားတာလဲ။ ဘာကိစ္စရှိလို့လဲ "

ယဲ့ဖန်က အသားကင်ချောင်းကိုကောက်ပြီး သူမရှေ့တွင်ချပေးလိုက်သည်။

ရှန်းပိုင်ထျန်းက အသားကင်ကိုယူလိုက်ပေမဲ့ အစားသေးပေ။ ထို့နောက် သက်ပြင်းချသည်။

" အလုပ်ကြောင့်ဘဲလေ။ အခု ကုမ္ပဏီတစ်ခုမှာ အလုပ်သင်ဆင်းနေပေမဲ့ တိုးတက်မှုမရှိဘူးလို့ခံစားရတာကြောင့် အခြားကုမ္ပဏီမှာ အလုပ်သင်ပြောင်းဆင်းမလို့ "

ယဲ့ဖန်က အံ့ဩသွားသည်။

" မင်းက ကမ္ဘာ့အဆင့်မီနာမည်ကြီးဒီဇိုင်းကုမ္ပဏီမှာလုပ်နေတာမဟုတ်ဘူးလား။ ဘာလို့ ပြောင်းချင်ရတာလဲ "

ရှန်းပိုင်ထျန်းက ခေါင်းငြိမ့်ပြသည်။

" အဲ့ကုမ္ပဏီက တကယ်ဘဲကမ္ဘာ့နာမည်ကြီးအဆင့်မီတယ်။ ဒါပေမဲ့ အဲ့လိုနိုင်ငံခြားကုမ္ပဏီရဲ့စည်းမျဉ်းတွေက အရမ်းထူးခြားပြီးတော့ တရုတ်လူမျိုးတွေကိုပေးတဲ့အခွင့်အရေးကလည်း အရမ်းနည်းတယ် "

" တခြားဒီဇိုင်းပညာရှင်တွေနဲ့ အခွင့်အရေးတန်းတူရဖို့ ဆယ်ဆမကကြိုးစားမှရမှာ။ အဲ့တာကြောင့် ပြည်တွင်းဒီဇိုင်းကုမ္ပဏီကိုဘဲပြောင်းတော့မလို့ "

ယဲ့ဖန်က ထိုစကားကြားတဲ့အခါ ရယ်လိုက်သည်။

" အဲ့လိုကိစ္စသေးသေးလေးအတွက်နဲ့ စိတ်ပူနေတာလား။ အရမ်းကြီးတော့မဆိုးလောက်ဘူးမဟုတ်လား "

ရှန်းပိုင်ထျန်းက ယဲ့ဖန်ရယ်နေတာမြင်တော့အမြန်ရှင်းပြသည်။

" အဓိကက ငါဝင်ချင်တဲ့ကုမ္ပဏီက ကျုံးဟိုင်ရဲ့နံပါတ်၁ ဒီဇိုင်းကုမ္ပဏီလေ။ ဝင်ရ အရမ်းခက်တယ် "

ယဲ့ဖန်က လက်မခံသလိုပြုံးသည်။

" မင်းက ရှန်းကွမ်းလင်းရဲ့မြေး၊ ရှန်းမိသားစုက မမလေးဘဲ။ ကျုံးဟိုင်မှာ မင်းသွားချင်ပေမဲ့ဝင်မရတဲ့ကုမ္ပဏီရှိမှာတဲ့လား "

ရှန်းပိုင်ထျန်းက အသားကင်ကို သေချာမမြည်းဘဲ ကိုက်လိုက်သည်။

" ငါ နင့်ကိုအရင်မပြောဖူးဘူးလား။ အခု ငါက ကိုယ်ပိုင်အရည်အချင်းကိုဘဲ အားကိုးချင်တယ်ဆိုတာလေ "

" အဲ့တာကြောင့် ငါ့မိသားစုရဲ့ အဆက်အသွယ်တွေကို မသုံးချင်ဘူး။ ကိုယ့်အရည်အချင်းနဲ့ကိုယ် ဝင်ချင်တယ် "

ယဲ့ဖန်က ချက်ချင်း လက်မထောင်ပြလိုက်သည်။

" မင်းမှာ ကြိုးစားတဲ့စိတ်ရှိတာဘဲ။ မင်းရဲ့အစွမ်းအစနဲ့ ဒီကုမ္ပဏီကို အောင်အောင်မြင်မြင်နဲ့ ဝင်နိုင်မယ်လို့ ငါယုံတယ် "

ရှန်းပိုင်ထျန်းက သူ့ကိုယ်သူ ရယ်လိုက်သည်။

" ငါ့မှာ ဘာစွမ်းအားရှိမှာမလို့လဲ။ သုံးကြိမ်တောင် ပယ်ချခံခဲ့ရပြီးပြီ "

ယဲ့ဖန်က မယုံကြည်နိုင်ဖြစ်သွားသည်။

" မင်းကို သုံးခါတောင်လိုက်တာလား။ ဒါကြီးကတော့ လွန်တာပေါ့ "

ရှန်းပိုင်ထျန်း၏ မျက်နှာငယ်လေးက စိုးရိမ်သောအမူအရာပေါ်လွင်နေသည်။

" ဟုတ်တယ်၊ ဒီကုမ္ပဏီမှာ လိုအပ်ချက်တွေ အရမ်းများတယ်။ ပညာရပ်ဆိုင်ရာ အရည်အချင်းတွေ၊ ပရော်ဖက်ရှင်နယ်ကျကျ ကျွမ်းကျင်မှုတွေနှင့် ဆက်သွယ်မှုစွမ်းရည်တွေလိုအပ်ရုံမကဘဲ နိုင်ငံတကာ A-level ဒီဇိုင်းပြိုင်ပွဲမှာ ယှဉ်ပြိုင်ပြီးတော့ ထိပ်တန်း သုံးယောက်အဖြစ် ပါဝင်ဖို့လည်း လိုအပ်သေးတယ်။ ငါက ဒီနောက်ဆုံးအကြောင်းအရာမှာ တစ်နေတာလေ "

ထိုစကားကိုကြားတဲ့အခါ ယဲ့ဖန်က တောက်ခေါက်လိုက်သည်။

" အဲ့တာက ဘယ်ကုမ္ပဏီလဲ။ ဒီလောက် တောင်းဆိုချက်ကြီးကတော့ နည်းနည်းလွန်နေတာမဟုတ်ဘူးလား "

" နင် အရင်က ကြားဖူးမှာမဟုတ်ဘူး။ အဲ့တာက ကျန်းကျိုးဒီဇိုင်းကုမ္ပဏီလေ "

ရှန်းပိုင်ထျန်းသည် နာမည်တစ်ခုကို ပြောလိုက်သည်။

ထို့နောက် ခေါင်းငုံ့ကာ ဆက်စားနေသည်။

" ကျန်း.....ကျန်းကျိုး ဒီဇိုင်းကုမ္ပဏီလား "

ထိုစကားကိုကြားတော့ ယဲ့ဖန်၏မျက်နှာတွင် ထူးဆန်းတဲ့အမူအရာတစ်ခုပေါ်လာသည်။

" အရင်က ဒီကုမ္ပဏီအကြောင်းကို ကြားဖူးလို့လား "

ရှန်းပိုင်ထျန်း အနည်းငယ်အံ့သြသွားသည်။

ကျန်းကျိုးဒီဇိုင်းကုမ္ပဏီသည် ကျုံးဟိုင်မြို့ရှိ ထိပ်တန်းဒီဇိုင်းကုမ္ပဏီဖြစ်သည်။

သို့သော် ကုမ္ပဏီ၏ကျော်ကြားမှုက ဒီဇိုင်းလုပ်ငန်းလောကထဲရှိလူများအတွက်သာ ကန့်သတ်ထားသည်။

လူပြိန်း ယဲ့ဖန်ကကြားဖူးတယ်ဆိုတော့ သူက တကယ်ကို ကောင်းကောင်းသိပုံရသည်။

ယဲ့ဖန်သည် ကုလားထိုင်ကို ဖြည်းဖြည်းချင်း နောက်ပြန်မီပြီး ခြေထောက်ကိုချိတ်လိုက်သည်။

" ဒါက ကျန်းကျိုးဒီဇိုင်းကုမ္ပဏီပဲ မဟုတ်လား။ ကိုယ် စကားနည်းနည်းပြောပြီးတာနဲ့ မင်း လျှောက်ဝင်သွားလို့ရတယ် "

ရှန်းပိုင်ထျန်းသည် ယဲ့ဖန်၏မောက်မာသောစကားကို ကြားလိုက်ရသည်။

သူမ မထိန်းနိုင်ဘဲ နှုတ်ခမ်းကို စူလိုက်သည်။

" နင့်မှာတော်တော်အရည်အချင်းရှိမှန်း ငါသိပါတယ်။ ဒါပေမယ့် ကျန်းကျိုးဒီဇိုင်းကုမ္ပဏီထဲကို ဝင်ဖို့က မလွယ်ဘူး။ အထူးသဖြင့် သူတို့ဥက္ကဌသိုက်က သမာသမတ်ကျပြီး လာဘ်စားတာမကြိုက်တော့ ပိုဆိုးတယ်။ ငါ့အသိတစ်ယောက်ရဲ့ အဖေကအစိုးရဝန်ထမ်းလေ။ သူက အဆက်အသွယ်တွေကနေတဆင့် ရသွားပေမဲ့ နောက်ဆုံးကျ ဥက္ကဌသိုက်က သူကိုယ်တိုင် ဖယ်ချပစ်တာ "

ယဲ့ဖန်၏ မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ရှိတဲ့အပြုံးတစ်ခု ပေါ်လာသည်။

" ကိုယ် မင်းကို ကျန်းကျိုးဒီဇိုင်းကုမ္ပဏီထဲဝင်ခွင့်ရအောင်လုပ်ပေးရင် မင်း ကိုယ့်ကို ဘယ်လို ကျေးဇူးတင်မှာလဲ "

ရှန်းပိုင်ထျန်းက ခေါင်းကို တသွင်သွင် ခါလိုက်သည်။

" မဖြစ်နိုင်ဘူး။ နင်က ကျန်းကျိုးဒီဇိုင်းကုမ္ပဏီရဲ့ သူဌေးမဟုတ်ရင် လုံးဝမဖြစ်နိုင်ဘူး "

ယဲ့ဖန်က သူ့ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။

" မင်းကို အောင်အောင်မြင်မြင်နဲ့ ဝင်ခွင့်ရအောင်လုပ်ပေးရင် မင်းကိုယ့်ကို ဘယ်လို ကျေးဇူးတင်မလဲဆိုတာသာပြောပါ "

ရှန်းပိုင်ထျန်း၏စိတ်ဓာတ်ကလည်းတက်ကြွသွားပြီး ပြောလိုက်သည်။

" ရလို့ကတော့ နင့်ကို ဆုအဖြစ်နမ်းမယ် "

ယဲ့ဖန်က ချက်ချင်းခွန်းတုန့်ပြန်လိုက်သည်။

" ဆုလား အပြစ်ဒဏ်ကြီးလား "

ရှန်းပိုင်ထျန်းကရှက်ပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။

" အဲ့တာဆိုလည်းထားလိုက်။ နင် လျှောက်ပြောနေမှန်းသိပြီးသား။ နင်က ဘယ်လိုလုပ်ပြီး ငါ့ကို ကုမ္ပဏီမှာအလုပ်ရအောင်ပြောပေးနိုင်မှာလဲ "

ယဲ့ဖန်က ပြုံးလိုက်သည်။

" ကောင်းပြီ၊ ရအောင်လုပ်ပေးမယ်ပြောပြီးသားဘဲ "

သူက သဘောတူလိုက်တာကြောင့် ရှန်းပိုင်ထျန်းက အနည်းငယ်အံ့ဩနေသည်။

" နင် မလုပ်ပေးနိုင်ရင်ရော "

သူမက မေးသည်။

ယဲ့ဖန်က လျှာနဲ့နှုတ်ခမ်းကိုသပ်လိုက်သည်။

" ကိုယ်မလုပ်ပေးနိုင်ရင် တောင်းပန်တဲ့အနေနဲ့ အနမ်းပေးမယ်လေ "

ရှန်းပိုင်ထျန်းက ချက်ချင်းမျက်လုံးဝေ့လိုက်သည်။

" အဲ့တာဆို ငါက အရှုံးချည်းဘဲပေါ့ "

ယဲ့ဖန်က ပြောစရာစကားပျောက်သွားသည်။

" မယုံရင်လည်း ထားလိုက် "

ရှန်းပိုင်ထျန်းက အနည်းငယ်တုန့်ဆိုင်းနေပြီးမှ ဆက်ပြောသည်။

" အဲ့ကုမ္ပဏီကိုဝင်ဖို့ ရှင့်မှာတကယ်ဘဲ နည်းရှိတာလား "

ယဲ့ဖန်က တမင်မဖြေဘဲနေလိုက်သည်။

" အရင်ဆုံးစားကြတာပေါ့။ ပြီးမှပြောမယ်လေ "

ရှန်းပိုင်ထျန်းက နည်းနည်းစိတ်ပူနေပေမဲ့ ရွေးစရာမရှိဘဲ အသားကင်သာစားနေတော့သည်။

သူမရဲ့အရက်ခံနိုင်ရည်က သိပ်မမြင့်ပေ။

ဘီယာခွက်နည်းနည်းသောက်ပြီးတဲ့နောက် သူမမျက်နှာက နီရဲနေပြီဖြစ်သည်။

သူမ မျက်ဝန်းထဲမှာလည်း မူးရိပ်သန်းနေတော့သည်။

ထိုပုံစံကြောင့် ယဲ့ဖန်က သူမကို အမြန်တားလိုက်သည်။

" မသောက်နိုင်ရင်လည်းမသောက်နဲ့ "

ရှန်းပိုင်ထျန်းက သူ့ကို စိတ်အားထက်သန်စွာကြည့်လိုက်သည်။

" ကျန်းကျိုးကုမ္ပဏီကို ဘယ်လိုဝင်ရမလဲဆိုတာပြောပြ "

ယဲ့ဖန်က တစ်ခဏတုန့်ဆိုင်းသွားသည်။

သူက သိုက်ချန်းကိုခေါ်သင့်လားဆိုတာကို စဉ်းစားနေသည်။

ထိုအချိန်တွင် ဆိုင်အပြင်မှာ Mercedes-Benz S-Class အနက်ရောင်တစ်စီးရပ်သွားတာကို တွေ့လိုက်ကြသည်။

ထိုကားက ရှန်းပိုင်ထျန်းရဲ့ McLarenလောက် မမြင့်ပေမဲ့ ဆိုင်ထဲကသူတွေက ထိုကားကိုမြင်တဲ့အခါ အားလုံးကနှုတ်ဆက်ဖို့ ထကြသည်။

လူတိုင်း၏မျက်နှာမှာ အလွန်လေးစားဖွယ်နေတဲ့အမူအရာ ပေါ်လွင်နေသည်။

" ဒီတစ်ယောက်က ဘယ်သူမလို့လဲ။ ဒီလောက်ကြီးကျယ်တာလား "

ရှန်းပိုင်ထျန်းသည် ရုတ်တရက် သိချင်လာသည်။

ယဲ့ဖန်လည်း သိချင်သွားသည်။

ထို့နောက် အပြင်ကို လှမ်းကြည့်လိုက်သည်။

ထို့နောက် Mercedes-Benz တံခါးပွင့်လာပြီး လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက ကားထဲမှ ဖြည်းညှင်းစွာထွက်လာခဲ့သည်။

ယဲ့ဖန်သည် ထိုလူကို မြင်လိုက်တဲ့အခါတွင် ထူးဆန်းတဲ့အမူအရာပေါ်လာသည်။

သိုက်ချန်းလား။

တကယ်ပဲ ...... သူ့အကြောင်းပြောနေရင်းနဲ့

အပိုင်း ( ၂၉၀ )

ဘာတွေဖြစ်နေတာလဲ

Mercedes-Benz မှထွက်လာသောလူသည် ကျန်းကျိုးဒီဇိုင်းကုမ္ပဏီ၏ဥက္ကဌ သိုက်ချန်းဖြစ်နေသည်ကို ယဲ့ဖန်မြင်တဲ့အခါ သူအနည်းငယ်အံ့သြသွားရသည်။

ထို့အပြင် အသားကင်ဆိုင်ထဲရှိလူများက သိုက်ချန်းကို အလွန်ရိုသေနေကြသဖြင့် သူ့ကို ပို၍ပင် အံ့သြသွားစေခဲ့သည်။

ရှန်းပိုင်ထျန်းလည်း ထိတ်လန့်သွားသည်။

သူမသည် ကျန်းကျိုးဒီဇိုင်းကုမ္ပဏီတွင် အင်တာဗျူး သုံးခုလုပ်ခဲ့ဖူးသည်။

ကနဦးစမ်းသပ်မှုအတွင်းမှာဘဲ သူမကို အမြဲတမ်းဖယ်ချခံခဲ့ရပြီး သိုက်ချန်းကို လူကိုယ်တိုင် အင်တာဗျူးအဆင့်မှာ တွေ့ခွင့်မရခဲ့သော်လည်း သူမအတွက် ဥက္ကဌသိုက်က စိမ်းသက်နေတဲ့သူ မဟုတ်ပေ။

သူ့ကို ဒီမှာတွေ့မယ်လို့ တစ်ခါမှ မတွေးဖူးချေ။

" ယဲ့ဖန်၊ အဲ့တာက ကျန်းကျိုးဒီဇိုင်းကုမ္ပဏီရဲ့ သူဌေးပဲ... "

သူမက ယဲ့ဖန်၏လက်ကို စိတ်အားထက်သန်စွာဖြင့် ဆုပ်ကိုင်လိုက်ပြီး သူမ၏လက်ဖဝါးတွင် ချွေးများဖြင့်ပြည့်နေသည်။

ယဲ့ဖန်က သူ့မျက်လုံးတွေကို မှိတ်ထားရုံကလွဲပြီး မတတ်နိုင်ခဲ့ပေ။

သူက ကျန်းကျိုးဒီဇိုင်းကုမ္ပဏီသူဌေးတင်ဘဲ မဟုတ်လား။

ဒီလိုလုပ်ဖို့ထိ လိုအပ်လို့လား။

ထိုအချိန်တွင် သိုက်ချန်းသည် အသားကင်ဆိုင်ထဲသို့ လျှောက်လာနေပြီဖြစ်သည်။

ချက်ချင်း လူတစ်စုက သူ့နားကို ဝိုင်းလာကြသည်။

" ဥက္ကဌသိုက်၊ ဒီနေ့အစောကြီးရောက်နေတာလား။ ကျွန်တော် ခင်ဗျားအတွက် ထိုင်ခုံနေရာယူထားပြီးသား။ လာ ဒီမှာထိုင် "

" ဥက္ကဌသိုက်၊ ခင်ဗျားရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး မနက်စာဆိုင်ရဲ့ ဆိုင်းဘုတ်ကို ပြောင်းလိုက်တယ်။ အခု စီးပွားရေးက ပိုကောင်းလာတယ်။ အဲ့ဒီအတွက် ဥက္ကဌသိုက်ကိုကျေးဇူးတင်ရမယ် "

" ဥက္ကဌသိုက်က တကယ်ပဲ အမြော်အမြင်ရှိတယ်။ ပြီးခဲ့တဲ့အပတ်က ကျွန်တော့်ကိုဝယ်ခိုင်းတဲ့ စတော့ရှယ်ယာတွေက တကယ်ကို ထိုးတက်သွားတာ "

" ဥက္ကဌသိုက်၊ ကျွန်တော့်ချွေးမက မြေးငယ်လေးကို မွေးထားတယ်။ ဥက္ကဌသိုက်က အမြော်အမြင်ကြီးပြီး ယဉ်ကျေးဗဟုသုတလည်း ကြွယ်ဝတော့ ကလေးကို နာမည်ပေးလို့ရမလား "

" ဥက္ကဌသိုက် ...... "

အားလုံးက သိုက်ချန်းအနားမှာ စိတ်ပါလက်ပါတက်ကြွနေတာကို ယဲ့ဖန်မြင်လိုက်ရသည်။

သူတို့က အနုပညာရှင်ကိုမြင်ရသည်ထက်ပင် ပိုပြီးစိတ်လှုပ်ရှားနေပုံရသည်။

တိတ်တိတ်ကလေး တောက်ခတ်မိလိုက်သည်။

ထို့နောက် ယဲ့ဖန်က အထဲကိုတိုးဝေ့မနေတဲ့ လူတစ်ယောက်ကို ချက်ချင်း ဆွဲပြီးအသံတိုးတိုးဖြင့်မေးသည်။

" မင်းတို့ ဒီဥက္ကဌသိုက်ကို ဘာလို့ ဒီလောက်တောင်စိတ်အားထက်သန်နေကြတာလဲ "

ထိုလူက သူ့မေးခွန်းကိုကြားတော့ ချက်ချင်းပြုံးပြပြီး ဖြေသည်။

" ဥက္ကဌသိုက်က သူဌေးအကြီးစားလေ။ တစ်ခါတလေသူက မြို့ခေါင်းဆောင်တွေနဲ့ ထမင်းလက်စုံစားကြတယ်လို့လည်း ကြားဖူးတယ် "

ယဲ့ဖန်က ပြုံးလိုက်သည်။

" ဒါကြောင့်နဲ့ သူ့ကို အရမ်းလေးစားကြတာလား "

ထိုလူက ခေါင်းခါသည်။

" ဘယ်ဟုတ်မလဲ။ ငါတို့က ဥက္ကဌသိုက်ကို လေးစားရတဲ့အကြောင်းရင်းက သူ ဒီကို ခဏခဏ အသားကင်စားဖို့ လာ ........ "

ရှန်းပိုင်ထန်းကကြားဖြတ်ပြောသည်။

" သူ့ကို အသားကင်စားလို့ အရမ်းလေးစားတာလား "

ထိုလူက သူမကို မကျေမနပ် စိုက်ကြည့်လိုက်သည်။

" ပြီးအောင် ပြောပါရစေဦး။ ဥက္ကဌသိုက်က အသားကင်လာစားရင်းနဲ့ ကျွန်တော်တို့ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးတတ်လို့ သူ့ကို လေးစားကြတာပါ "

ယဲ့ဖန် စပ်စုချင်စိတ်က မြင့်တက်လာသည်။

" ပြဿနာတွေကို ဖြေရှင်းတာလား။ ဥပမာဆို ဘယ်လိုမျိုးလဲ "

" ဥပမာဆို ဟိုးအရင်တုန်းက အဘိုးကြီးဝမ်က ယွမ် ၁သိန်းကျော် အလိမ်ခံခဲ့ရတယ်။ ရူးမတတ်နီးပါးတောင်ဖြစ်ခဲ့တာ။ သူ အလိမ်ခံခဲ့ရတဲ့ ပိုက်ဆံတွေကို ပြန်ရဖို့အတွက် ကူညီပေးခဲ့တာက ဥက္ကဌသိုက်ဘဲ "

" အဘိုးကြီးသိုက်ရဲ့ မြေးဖြစ်သူက မြို့မှာရှိတဲ့ ကျောင်းကိုတက်ချင်ပေမယ့် စာရင်းသွင်းမထားတာကြောင့် တက်မရခဲ့ဘူး။ ဥက္ကဌသိုက်က ဖုန်းနဲ့လည်းပြောလိုက်ရော ပြေလည်သွားတာ "

" အဲ့တာအပြင် အဘိုးကြီးလုံရဲ့ မနက်စာဆိုင်လုပ်ငန်းက ကောင်းကောင်းမလည်ပတ်တာကြောင့် ဥက္ကဌသိုက်က အကြံပေးလိုက်တာ .......... "

ထိုလူက သိုက်ချန်းအကြောင်းကို တစ်ချက်ပြီးတစ်ချက် ပြောသည်။

သူက ပြောနေရင်း လေးစားသည့်အမူအရာကလည်း မျက်နှာမှာပေါ်နေသည်။

ဒါက သိုက်ချန်းကို စိတ်နှလုံးအောက်ခြေကနေထိ လေးစားမှုမျိုးဖြစ်တယ်ဆိုတာ ထင်ရှားပါသည်။

သူ့ပြောတာတွေကို နားထောင်ပြီးတဲ့နောက် ရှန်းပိုင်ထျန်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

" ဒီဥက္ကဌသိုက်က တကယ်ကိုနွေးထွေးတဲ့လူဘဲ။ သူက လူတွေကို အများကြီး ကူညီပေးခဲ့သေးတယ်။ ဒီလို ကြင်နာပြီးဖြောင့်မတ်တဲ့ ဥက္ကဌရှိတော့ ကျန်းကျိုးကုမ္ပဏီက တကယ်ဘဲ မဆိုးလောက်ဘူး "

သူမ စကားပြောနေရင်း သူမ၏မျက်နှာတွင် တစ်ခုခုကိုတောင့်တနေသည့်အမူအရာ ပေါ်နေသည်။

သူမက ကျန်းကျိုးဒီဇိုင်းကုမ္ပဏီမှာ အလုပ်လုပ်ချင်နေမှန်း သိသာပါသည်။

ယဲ့ဖန်သည် လူတိုင်း၏လေးစားမှုကိုခံနေရသော သိုက်ချန်းကို ကြည့်ကာ ပြုံးလျက်ခေါင်းယမ်းလိုက်သည်။

" တကယ်ကောင်းတယ်၊ ဒါပေမယ့် နည်းနည်းတော့ များလွန်းတယ် "

သူက ပေါ့ပေါ့ပါးပါးပဲ မှတ်ချက်ပေးလိုက်သည်။

သို့သော် အသားကင်ဆိုင်ပိုင်ရှင်က ကြားသွားသည်။

ထိုလူက ချက်ချင်း စိတ်မချမ်းသာစွာဖြင့် ယဲ့ဖန်ဆီကို လမ်းလျှောက်လာခဲ့သည်။

" ဥက္ကဌသိုက်နဲ့ ပတ်သက်ပြီး မင်းမှာဘာပြောပိုင်ခွင့်ရှိလို့လဲ။ သူက ငါတို့အတွက် ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်လုပ်ပေးခဲ့လဲ မင်းသိလား "

ယဲ့ဖန်က သူနှင့် ငြင်းခုံရန် မလိုလားဘဲ ပြုံးပြလိုက်သည်။

" စိတ်မဆိုးပါနဲ့၊ ဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲ ပြောတာပါ "

ယဲ့ဖန်ကပြောပြီးတာနဲ့ အသားကင်ကို ကောက်ကိုင်ကာ ပါးစပ်ထဲသို့ ထည့်ဖို့ပြင်လိုက်ချိန်မှာဘဲ အသားကင်ဆိုင်ပိုင်ရှင်က လုယူသွားခဲ့သည်။

" ဥက္ကဌသိုက်အကြောင်း မကောင်းပြောရဲရင် ငါ့အသားကင်ကို မစားနဲ့။ ခွေးကျွေးလိုက်မယ် "

ယဲ့ဖန်မျက်မှောင်ကြုတ်လိုက်သည်။ သူက ခေါင်းကိုမော့ပြီး ဆိုင်ရှင်ကို စိုက်ကြည့်လိုက်သည်။

အသားကင်ဆိုင်ပိုင်ရှင်ကလည်း သူ့ကို စိုက်ကြည့်နေသည်။

" ဘာကြည့်နေတာလဲ လူ့စကားကို နားမလည်ဘူးလား။ မင်းက ငါ့ကို တကယ်လုပ်စေချင်တာလား "

ဒါကိုမြင်တော့ ရှန်းပိုင်ထျန်းက ယဲ့ဖန်ကို အမြန်ဆွဲထုတ်လိုက်သည်။

" ယဲ့ဖန်၊ သွားကြစို့ "

ယဲ့ဖန်စကားပြန်မပြောမီ သိုက်ချန်းက လူအုပ်ထဲမှရုန်းထွက်လာပြီး သူ့ဆီကို အမြန်လျှောက်လာနေသည်။

" ယဲ့လူကြီးမင်းက စာရွက်စာတမ်းယူဖို့ မေ့သွားလို့ ကျွန်တော်က ကိုယ်တိုင်ကိုယ်ကျ လာပေးတာပါ "

သူက ပြောသည့်အတိုင်း ယဲ့ဖန်ကို လေးစားစွာဖြင့် ဖိုင်တွဲတစ်ခုကိုပေးလိုက်သည်။

သူ့လုပ်ရပ်ကို မြင်လိုက်ရတော့ အားလုံးက ချက်ချင်း ထိတ်လန့်သွားကြသည်။

သူတို့အရမ်းလေးစားရတဲ့ ဥက္ကဌသိုက်က ဒီလူငယ်ကို တကယ်ကြီးလေးစားနေရတာလား။

ပြီးတော့ စကားအသွားအလာက ဖားနေတဲ့ အရိပ်အမြွက်တောင် ရှိနေသေးသည်။

မယုံကြည်နိုင်စရာဘဲ။

ဒီလူငယ်က ဘယ်သူလဲ။

ရှန်းပိုင်ထျန်းလည်း အံသြသွားသည်။

ဒီလူက ကျန်းကျိုးဒီဇိုင်းကုမ္ပဏီ၏သူဌေးဖြစ်လေသည်။

သူက ကျုံးဟိုင်၏ ဒီဇိုင်းနယ်ပယ်တွင် အလွန်အရေးပါသော ရာထူးအနေအထားရှိသူဖြစ်သည်။

သူက ယဲ့ဖန်ကို အမှန်တကယ်ဘဲ လေးစားနေတာလား။

ဘာတွေဖြစ်နေတာလဲ။

အသားကင်ဆိုင်ပိုင်ရှင်လည်း အံ့အားသင့်သွားသည်။

သူသည် ကျောက်ရုပ်လိုရပ်ပြီး သိုက်ချန်းကို ကြည့်နေလိုက်သည်။

ထို့နောက် သူ စောစောကပြောဆိုခဲ့တဲ့ယဲ့ဖန်ကို ကြည့်လိုက်သည်။

ကျောချမ်းသွားတာကို သူချက်ချင်းခံစားလိုက်ရသည်။

" ကျေးဇူးတင်ပါတယ် ဥက္ကဌသိုက် "

ယဲ့ဖန်က စာရွက်ကို အေးဆေးတည်ငြိမ်တဲ့အမူအရာနဲ့ ယူလိုက်သည်။

သိုက်ချန်းက သူ့အမူအရာက ထူးဆန်းနေတာကို တွေ့လိုက်ရသည်။

အသားကင်ဆိုင်ပိုင်ရှင်၏လက်ထဲတွင်ရှိနေတဲ့ အသားကင်တွေကို သတိပြုမိလိုက်သည်။

" ဘာဖြစ်လို့လဲ "

သူက အံ့ဩစွာမေးလိုက်သည်။

အသားကင်ဆိုင်ပိုင်ရှင်က ပြောသည်။

" အခုလေးတင် ဒီကောင်လေးက ...... လူကြီးမင်းကို အရမ်းပိုတယ်လို့ ရိုင်းရိုင်းစိုင်းစိုင်းပြောပြီး သိက္ခာချနေတယ်။ ကျွန်တော့်ဒေါသကို မထိန်းနိုင်လို့ သူတို့ကို မောင်းထုတ်နေတာပါ "

" ဘာတွေပြောနေတာလဲ "

သိုက်ချန်းသည် ထိုစကားကိုကြားတဲ့အခါ သူ့မျက်နှာက ချက်ချင်းပြောင်းသွားသည်။

" မင်းရဲ့ အသားကင်ဆိုင်ကို ယဲ့လူကြီးမင်းကလာတာ ဂုဏ်ယူစရာပဲ။ တန်ဖိုးထားရကောင်းမှန်းမသိဘူးလား။ မင်း သူ့ကို နှင်တောင်ထုတ်ချင်သေးတာလား "

အသားကင်ဆိုင်ပိုင်ရှင်သည် ထိတ်လန့်သွားသည်။

သိုက်ချန်းသည် သူ့အသားကင်စားသောက်ဆိုင်ကို ရောက်လာတဲ့အခါတိုင်း အလွန်နှိမ့်ချတတ်သည်။

သူက လူတိုင်းကို အပြုံးနဲ့ နှုတ်ဆက်သည်။

ဒါပေမဲ့ သူက အခု လူငယ်လေးတစ်ယောက်ကြောင့် စိတ်တိုနေတာလား။

ဥက္ကဌသိုက်စိတ်ထဲမှာ ဒီလူငယ်လေးရဲ့ အရေးပါမှုကို မြင်နိုင်လောက်စေသည်။

ချက်ချင်း ချွေးအေးတွေ ထွက်လာတော့သည်။

သိုက်ချန်းသည် ဒေါသလျော့လိုက်ပြီးနောက် သူက အမြန်လှည့်ကာ ယဲ့ဖန်အား တောင်းပန်လိုက်သည်။

" ယဲ့လူကြီးမင်း၊ တကယ်တောင်းပန်ပါတယ်။ ကျွန်တော်က လူကြီးမင်းကို ဒီဆိုင်ကို အကြံပြုပေးတဲ့သူဖြစ်ပြီး လူကြီးမင်းကို ဒီလို ဆက်ဆံမှုမျိုးခံစေရတဲ့အတွက် သေဖို့ ထိုက်တန်ပါတယ်။ ကျေးဇူးပြု၍ ကျွန်တော့်ကို အပြစ်ပေးပါ "

သူပြောလိုက်သည့်အခိုက်အတန့်တွင် ရှိနေသူအားလုံးက အံသြသွားကြသည်။

သူ သေသင့်ပါတယ်တဲ့လား။

ကျွန်တော့်ကို အပြစ်ပေးပါတဲ့လား။

ဒါက အဲ့လောက်တောင် ဆိုးတာလား။

အပိုင်း ( ၂၉၁ )

တက္ကသိုလ်အလှလေးရှန်းရဲ့ လျှပ်တပြက်တိုက်ခိုက်မှု

သိုက်ချန်း၊ ကျန်းကျိုးဒီဇိုင်းကုမ္ပဏီမှဥက္ကဌနှင့် ဒီနေရာမှာ ဘာဘီကျူးစားရန် ရောက်ရှိလာသောလူအားလုံးအတွက် သူကအထူးပစ်မှတ်ကြီးတစ်ခုဖြစ်နေပြီးသားပင်။

သို့သော် သူတို့အားလုံးတစ်ခါမှ မမျှော်လင့်ခဲ့ကြတာက…ဒီလိုအရေးကြီးပုဂ္ဂိုလ်တစ်ယောက်က ထိုလူငယ်လေးကို တကယ်ကြီး ကြောက်နေလိမ့်မည်ဟုပင်။

“ ကျွန်တော်က သေဖို့ထိုက်တန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ “ ဆိုတဲ့ နှိမ့်ချသည့်စကားမျိုးကိုပင် ပြောနိုင်လေသည်။

ထိုအရာက သူတို့ကိုပိုလို့ သိချင်စိတ် ပြင်းပြလာစေသည်။

ဒီလူငယ်လေးက ဘယ်သူပါလိမ့်။

တစ်ချိန်ထဲမှာပဲ ရှန်းပိုင်ထျန်းလည်း ယဲ့ဖန်အား ကြောင်အနေသည့်အမူအရာဖြင့် ကြည့်လိုက်မိသည်။

သူမသည် ဥက္ကဌသိုက်၏လုပ်ပုံကိုင်ပုံကို အနည်းငယ်နားလည်သည်။

သိုက်ချန်းဟာ ဖြောင့်မတ်ပြီးပြတ်သားသည့် လူစားမျိုးပင်ဖြစ်သည်။

သို့သော် တစ်ချိန်တည်းမှာပဲ ယဲ့ဖန်ရှေ့က သိုက်ချန်းမှာတော့ အလွန်နှိမ့်ချနေလေသည်။

မတူညီသည့်လူနှစ်ယောက်ကဲ့သို့ပင်။

ဒါက…ဘာတွေဖြစ်နေတာလဲ။

ယဲ့ဖန် သိုက်ချန်း၏တောင်းပန်မှုကို ပြုံးရုံသာပြုံးပြလိုက်သည်။

“ တကယ်တော့၊ ခင်ဗျားလည်း ပိုင်ရှင်ကို အပြစ်တင်လို့မရပါဘူး။ ကျွန်တော်ကသာ ခင်ဗျားကအရမ်းအဆင့်မြင့်လွန်းတယ်လို့ ပြောခဲ့တဲ့သူပါ။ သူကလည်း ခင်ဗျားကို ကာကွယ်ချင်ဇောနဲ့ ဒေါသထွက်သွားရတာပါ “

သိုက်ချန်း၏နဖူးထက်၌ ချွေးအေးတစ်လွှာ ဖုံးလွှမ်းနေသည်။

“ ယဲ့လူကြီးမင်းပြောတာမှန်ပါတယ်။ ကျွန်တော်က အဆင့်မြင့်လွန်းနေတာပါ။ အနာဂတ်ကျရင် ဒီထက်ပိုချုပ်ထိန်းပါ့မယ် “

သူတို့လိုဒီဇိုင်းကုမ္ပဏီမျိုးက များသောအားဖြင့် တစ်ဖက်ပါတီရဲ့ ရက်စက်မှုနဲ့ ခက်ခဲတဲ့အရာတွေကို ကြုံလာရရင် စိတ်ဓာတ်ကတာကြောင့် ဒီဘာဘီကျူးဆိုင်သို့ သောက်ရန်လာခဲ့တာဖြစ်သည်။

သူက စီးပွားရေးမှာ အခက်အခဲ ဖြစ်နေတဲ့လူတစ်ယောက်ကို အရှုံးကနေ အမြတ်ဖြစ်အောင်ကူညီပေးခဲ့တာဖြစ်သည်။

ထိုလူလည်းချက်ချင်းပင် သူ့အား ကျေးဇူးတင်ကာ အလွန်စိတ်လှုပ်ရှားမိသွားတော့သည်။

အပြင်ပန်းမှာတော့သိုက်ချန်းက နှိမ့်ချနေပုံပေါ်ပေမယ့် တကယ်တော့ ကယ်တင်ရှင်အနေနဲ့ဆက်ဆံခံရတာကို သူကျေနပ်နေမိတာပင်။

ထိုအချိန်မှစ၍ သူအလုပ်မှာပြဿနာတက်တိုင်း ဒီနေရာမှာ အကင်လာစားတတ်သည်။

အချိန်ကြာလာတာနှင့်အမျှ သူ့ကို အကူအညီတောင်းတဲ့သူတွေ ပိုများလာတော့သည်။

တချို့ဆိုလျှင် သူက‌အသက်ရှင်နေသည့် ဗုဒ္ဓကဲ့သို့ပင် ကြည်ညိုကြလေသည်။

ထိုအရာက သူ့ကိုပိုပြီးဘဝင်မြင့်သွားစေသည်။

တဖြည်းဖြည်းနှင့် သူထိုအရာကို သဘောကျလာတော့သည်။

ယခုယဲ့ဖန်ပေါ်ထွက်လာမှုကို သူ့ခေါင်းကိုပိတ်ထိုးလိုက်သလိုပင် သူ့အား အိပ်မက်မှ နိုးထလာစေသည်။

မှန်လေသည်။ သူဒီလူတွေကို ကူညီရတဲ့အကြောင်းအရင်းက ...... ကောင်းမွန်တဲ့ဆန္ဒကြောင့်မဟုတ်ပဲ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဆန္ဒကြောင့်ဖြစ်သည်။

တကယ်ကိုရယ်စရာကောင်းလေသည်!

အခြားသူများထိုအရာကိုမြင်တော့ သူတို့အားလုံးမယုံနိုင်ဖြစ်သွားရသည်။

သူတို့တကယ်ကိုနားမလည်နိုင်ပေ။

“ဥက္ကဌသိုက်၊ သူကဘယ်သူလဲ။ ဘာလို့ ခင်ဗျားသူ့အပေါ်ဒီလောက် ယဉ်ကျေးနေရတာလဲ “

ဘာဘီကျူးဆိုင်ရှင်မှာ ပဟေဠိဖြစ်နေရလေသည်။

သူချက်ချင်းထုတ်မေးလိုက်မိသည်။

အခြားသူများလည်း သိုက်ချန်းအား သိလိုစိတ်ပြင်းပြစွာကြည့်လာကြတော့သည်။

သူတို့လည်းရှင်းပြချက်ကို နားထောင်လိုသည်။

သိုက်ချန်း ယဲ့ဖန်အား နက်ရှိုင်းစွာ ကြည့်လိုက်သည်။

“ သေချာတာပေါ့၊ ကျုပ် သူ့စကားကို နားထောင်ရမယ်လေ။ သူကကျွန်တော့် သူဌေးပဲကို “

သူ့စကားကိုကြားလိုက်သည့်လူတိုင်း အသက်ရှုမှားသွားရသည်။

သူတို့အားလုံးယဲ့ဖန်ကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။

“ ဒီလူငယ်လေးက အသက်နှစ်ဆယ်ဝန်းကျင် လောက်ပဲရှိသေးတာမလား။ သူကတကယ်ကြီး သိုက်ဥက္ကဌရဲ့သူဌေးလား။ ဒါကြီးကတော့များသွားပြီမထင်ဘူးလား “

“ ဥက္ကဌသိုက်ကိုယ်တိုင်ပြောတာဆိုတော့ အမှန်ပဲဖြစ်လောက်တယ် “

“ ဥက္ကဌသိုက်ရဲ့ကုမ္ပဏီတန်ကြေးက ဘီလီယံချီလောက်တယ်မလား။ အသက်နှစ်ဆယ်အရွယ်ကောင်လေးတစ်ယောက်က ဒေါ်လာဘီလီယံချီတန်တဲ့ ကုမ္ပဏီတစ်ခုရဲ့သူဌေးဆိုတာကြီးက တကယ်ရောဖြစ်နိုင်လို့လား “

“ ငါ့မြေးလည်း သူနဲ့အသက်တူတူလောက်ပဲ။ ဒါပေမယ့် သူကအခုထိနေ့တိုင်း အင်တာနက်ဆိုင်မှာ ဂိမ်းကစားဖို့လောက်ပဲ သိတယ်။ နှိုင်းကြည့်ရင် တော်တော်စိတ်တို‌ဖို့ကောင်းတာပဲ! “

“ ဥက္ကဌသိုက်ရဲ့သူဌေးဆိုတော့ ဒီလူငယ်လေးက ဘယ်လောက်တောင် အာဏာရှိတာများလဲ “

“ ငါတော့အခုထိမယုံနိုင်သေးဘူး…”

ရှန်းပိုင်ထျန်းလည်း ကြက်သေသေနေမိသည်။

ယဲ့ဖန်က ကျန်းကျိုးဒီဇိုင်းကုမ္ပဏီရဲ့ သူဌေးတဲ့လား။

သူမ နားကြားမှားတာတော့မဟုတ်ပါဘူးနော်။

ဒါကြီးကဖြစ်နိုင်လို့လား။

ကျန်းကျိုးဒီဇိုင်းကုမ္ပဏီလေ။

ကျုံးဟိုင်က နံပါတ်တစ်ဒီဇိုင်းကုမ္ပဏီ ။

ထို‌ကုမ္ပဏီက သူမအမြဲတမ်းအိပ်မက် မက်ခဲ့ရတဲ့နေရာတစ်ခုပင်။

အဲ့တာကတကယ်ကြီးယဲ့ဖန်ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်နေခဲ့တာလား။

သူမ အိပ်မက်မက်နေတာများလား။

သူမသာ သိုက်ချန်းကိုမသိခဲ့လျှင် ထိုလူက ယဲ့ဖန်ငှါးထားသည့်သရုပ်ဆောင်တစ်‌ယောက်ဟုပင် သံသယဖြစ်ချင်စရာကောင်းသည်။

ဘာဘီကျူးဆိုင်ပိုင်ရှင်လည်း အလွန်ထိတ်လန့်သွားတာကြောင့် မျက်နှာပင် ဖြူဖျော့လာသည်။

“ ဒီကသူဌေး… ကျွန်တော် အစောကသတိမပြု မိလိုက်ဘူးဖြစ်သွားပါတယ်။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ “

သူ့နှလုံးသားထဲ၌ ဥက္ကဌသိုက်ဟာ နတ်ဘုရားလိုလူမျိုးပင်။

သူအခုလေးတင် ဥက္ကဌသိုက်ရဲ့သူဌေးကို အပြစ်ပြုမိလိုက်သည်။

တစ်ဖက်လူက လက်တစ်ချောင်းလှုပ်လိုက်တာနဲ့ သူအပိုင်းပိုင်းဖြစ်သွားနိုင်သည်။

ယဲ့ဖန်မှာ သူနှင့်အငြင်းအခုံလုပ်ရန်ပင် ပျင်းလွန်းတာကြောင့် လက်အသာ‌ယမ်းပြလိုက်သည်။

“ ခင်ဗျားလည်း ဥက္ကဌသိုက်ကို ကာကွယ်ဖို့လုပ်ခဲ့တာပဲလေ။ ကျွန်တော် နားလည်ပါတယ် “

ဘာဘီကျူးဆိုင်ရှင်မှာ အလွန်ပင် ကျေးဇူးတင်မိသွားရသည်။

ထို့နောက်မှ သက်ပြင်းအသာချလိုက်မိသည်။

ဒီလောက်ငယ်ငယ်လေးနဲ့ ဥက္ကဌသိုက်ရဲ့ သူဌေး‌ဖြစ်နေတာ မအံ့ဩတော့ပါဘူးလေ။

ယဲ့ဖန် သိုက်ချန်းအား လှည့်ကြည့်သည်။

“ ဥက္ကဌသိုက်၊ ကျန်းကျိုးဒီဇိုင်းကုမ္ပဏီမှာ ဝန်ထမ်းခေါ်သေးလား “

သူ့အမေးကိုကြားတော့ သိုက်ချန်း အမြန်ပြန်ဖြေလိုက်သည်။

“ ကျွန်တော်တို့ အခု‌တစ်လောမှ စခေါ်နေတာဆိုတော့ လွတ်နေတဲ့နေရာလေးတွေရှိနေပါသေးတယ် “

ယဲ့ဖန်ခေါင်းငြိမ့်ပြကာ ရှန်းပိုင်ထျန်းကို ညွှန်ပြသည်။

“ ကျွန်တော့်သူငယ်ချင်းကလည်း ဒီဇိုင်းပိုင်းကိုလေ့လာနေတာလေ။ သူလည်း ကျန်းကျိုးမှာအလုပ်သင်လုပ်ချင်နေတာ “

သိုက်ချန်း ထိုစကားကိုကြားတော့ အနည်းငယ်တုံ့ဆိုင်းသွားရသည်။

တကယ်တော့ အနောက်ပေါက်မှ ဝင်လာတဲ့သူတွေကို သူသဘောမကျပေ။

ဘယ်သူမဆို သူတစ်ချက်လေးမှ တုံ့ဆိုင်းမနေပဲ ငြင်းလွှတ်လိုက်မှာပင်။

သို့သော် ယဲ့ဖန်က ကျန်းကျိုးရဲ့ သူဌေးအစစ်ဖြစ်နေလေသည်။

ထိုကိစ္စမှာ သူ့အားချက်ချင်းဆိုသလို ကျဉ်းထဲကျပ်ထဲရောက်သွားစေသည်။

သူတုံ့ဆိုင်းနေတာကိုမြင်တော့ ယဲ့ဖန် ထပ်ပြောလိုက်သည်။

“ သူကအကုန်တော်တယ်။ ဒါပေမယ့် နိုင်ငံတကာပြိုင်ပွဲတွေမှာ သိပ်နေရာမရထား‌ဘူး။ ကျွန်တော့်အထင်တော့ ကုမ္ပဏီတစ်ခုက အရည်အချင်းရှိတဲ့လူကိုခေါ်ချင်တာဆိုရင် အရင်ဆုံးသူတို့ရဲ့လုပ်နိုင်စွမ်းကို ကြည့်ရမယ်မလား။ သင့်တော်တဲ့ အနေအထားဖြစ်အောင်လို့ ကျန်တာတွေကိုက လိုက်လျောညီထွေ ဖြစ်အောင်လုပ်လိုက်လို့ရပါတယ်။ ခင်ဗျားရောဘယ်လိုထင်လဲ “

သိုက်ချန်း သဘောတူသည့်ဟန် ခေါင်းငြိမ့်ပြလိုက်သည်။

“ လူသစ်ရှာဖွေရေးတာဝန်ခံက တစ်ခါတစ်လေ နည်းနည်းတင်းကျပ်တော့ သိပ်အဆင်မပြေတာတွေရှိတယ်။ အဲ့တာတွေကိုပြင်ဖို့ ကျွန်တော် သူတို့ကို ပြောလိုက်ပါမယ် “

သူ့အဖြေကို ယဲ့ဖန်အလွန်ကျေနပ်သွားရသည်။

“ ကျွန်တော်က သူ့ကိုဖိအားပေး သွင်းခိုင်းနေတာ မဟုတ်ပါဘူး။ သူ့ကို ဝင်ပြိုင်ဖို့အခွင့်အရေးပေးစေချင်ရုံပါ။ တကယ်လို့ သူကသိပ်မသန်မာသေးဘူးဆိုရင် ကြိုက်တဲ့အချိန်ဖြုတ်လိုက်လို့ရတယ်။ ကျွန်တော့်မျက်နှာကိုထောက်နေစရာ မလိုဘူး”

ထိုအခါမှသာ သိုက်ချန်း သက်ပြင်းအသာချလိုက်မိသည်။ ထို့နောက် ချက်ချင်း ခေါင်းငြိမ့်သဘောတူလိုက်သည်။

“ ဒီတစ်ခါ ကျွန်တော်ကိုယ်တိုင် သူ့ကိုအင်တာဗျူးစစ်လိုက်ပါမယ်။ သေချာပေါက် မျှမျှတတဖြစ်အောင် လုပ်မှာပါ “

ရှန်းပိုင်ထျန်းထိုစကားကြားတော့ အလွန်ပျော်ရွှင်သွားရသည်။

သူမအလုပ်အင်တာ‌ဗျူးတစ်ခုလျှောက်ခဲ့ပေမယ့် ဖောင်တင်ပြီးပြီးချင်း နိုင်ငံတကာပြိုင်ပွဲတွေမှာ မပါဖူးတာကြောင့် ဟုဆိုကာ ချက်ချင်းအငြင်းခံခဲ့ရသည်။

သူမနောက်တစ်ချီကိုပင် ဆက်မပြိုင်နိုင်ခဲ့ပေ။

သူမခွန်အားကိုသာ ထုတ်ပြနိုင်မယ်ဆိုရင် တခြားသူတွေထက် မနိမ့်စေရဘူးဆိုတာ သူမကိုယ်သူမယုံကြည်သည်။

ထိုသို့တွေးမိပြီး ရှန်းပိုင်ထျန်း ယဲ့ဖန်အား ကျေးဇူးတင်စွာကြည့်လိုက်မိသည်။

ထိုလူသားက သူမအကူအညီအလိုအပ်ဆုံး အချိန်မှာ သူမအားအမြဲအံ့အားသင့်စေခဲ့သည်။

သူက သူမရဲ့အစောင့်အရှောက်နတ်သားကဲ့သို့ပင်။

ထိုစိတ်လှုပ်ရှားစရာကောင်းသည့် အခိုက်အတန့်မှာ…

သူမဘီယာအနည်းငယ်သောက်ထားမိတာကြောင့် ရီဝေဝေဖြစ်နေလေသည်။

ရှန်းပိုင်ထျန်း သူမခေါင်းအား ပုတ်လိုက်မိသည်။

သူမယဲ့ဖန်၏ပါးပြင်ထက်သို့ အနမ်းတစ်ပွင့်ပေးရန်ပြင်လိုက်သည်။

ယဲ့ဖန်က သိုက်ချန်းနှင့် မျက်နှာချင်းဆိုင် ထိုင်နေတာဖြစ်သည်။

သူတစ်ဖက်လှည့်လိုက်သည့်အချိန်မှာ အလွန်ကသိကအောက်ဖြစ်စရာ အခြေအနေကြီးဖြစ်သွားတော့သည်။

“ အိုး…”

ရှန်းပိုင်ထျန်း သူမမျက်နှာနှင့်အလွန် နီးကပ်နေသည့်မျက်နှာအားကြည့်ကာ နှုတ်ခမ်းထက်ရှိထူးခြားသည့် အထိ‌အတွေ့ကို ခံစားမိတော့ သူမမျက်လုံးတွေ ပြူးကျယ်သွားရသည်။

မိုးကြိုးပစ်ခံလိုက်ရသလိုပင်…..

အပိုင်း ( ၂၉၂ )

အချိန်ကိုကောင်းစွာ စီမံခန့်ခွဲနိုင်သူကြီး

ထိုအချိန်တွင် ရှန်းပိုင်ထျန်းမပြောနှင့် ယဲ့ဖန်ပင်ကြောင်သွားရသည်။

သူ့နှုတ်ခမ်းထက်မှ နူးညံ့အိစက်သည့် အထိအတွေ့ကို ခံစားမိနေသည်။

မသိစိတ်အလျောက် ထိုအရာကို သူအရသာခံနေမိသည်။

ထို့နောက်မှတော့ စတော်ဘယ်ရီ၊ ဘီယာ၊ ဇီရာစေ့နှင့် သိုးသားအရသာသို့ သူ့ပါးစပ်ထဲ တိုးဝင်လာတော့သည်…

အရသာမှာ အလွန်ထူးကဲကာ မှော်ဆန်‌သည်။

“အား!”

ရှန်းပိုင်ထျန်း နောက်ဆုံး၌ တုံ့ပြန်လာလေသည်။

သူမချက်ချင်းအော်ထုတ်ကာ သူ့အား တွန်းထုတ်လိုက်သည်။

သူမမျက်နှာမှနားရွက်တွေအထိ နီရဲလာတော့သည်။

သူမကတိကို‌ဖြည့်ဆည်းသည့်အနေနှင့် သူ့ပါးကိုခပ်ဖွဖွနမ်းရုံသာ ရည်ရွယ်ခဲ့တာဖြစ်သည်။

ဒီလူကရုတ်တရက်ကြီးလှည့်လာမယ်လို့ ဘယ်သူကထင်မှာလဲ…

တကယ့်ကိုဆုံးရှုံးမှုကြီးပဲ!

သိုက်ချန်းနှင့်အခြားဈေးဝယ်သူများလည်း ဟိုလိုလိုသည်လိုလိုကြည့်လာကြသည်။

“ အိုက်ယား၊ မမျှော်လင့်ပဲ ခွေးစာစားလိုက်ရတာပဲ…”

“ ဘာဘီကျူးလေးစားဖို့လာပါတယ် အနှိပ်စက်ခံနေရတယ်။ ငါတို့လို စင်ဂယ်ခွေးတွေကို လွတ်လမ်းတောင် မပေးကြဘူးပဲ! “

“ ဒါပေမယ့် ပြောရရင် သူတို့နှစ်ယောက်က တကယ်လိုက်တယ်ကွ။ ကောင်းကင်ဘုံက ဖန်ဆင်းပေးထားတဲ့စုံတွဲလိုပဲ “

“ ထင်တဲ့အတိုင်းပဲ မိန်းကလေးဘက်က လက်ဦးမှုရယူသင့်တာ။ ဘယ်ယောကျာ်းမှ မတောင့်ခံနိုင်ဘူး “

“ အခုခေတ်လူငယ်တွေကတော့ တော်တော်ပွင့်လင်းကြတာပဲ။ ငါတို့ခေတ်တုန်းကဆို… “

ရှန်းပိုင်ထျန်း လူအုပ်ကြီး၏ဆွေးနွေးသံကို ကြားတော့ သူမပိုလို့ပင်ရှက်လာရကာ အမြန်လှည့်ထွက်လာလိုက်တော့သည်။

သူမထွက်သွားသည်ကိုမြင်တော့ ယဲ့ဖန်အော်ပြောလိုက်သည်။

“ မင်းသောက်ထားတာကို ကားမမောင်းနဲ့လေ“

ရှန်းပိုင်ထျန်းကတော့ ပြန်လှည့်လာကာ ယဲ့ဖန်ထံ ကားသော့ပစ်ပေးပြီး အထိတ်တလန့်ပြေးသွားတော့သည်။

ယဲ့ဖန်သူမကြောက်လန့်တကြား ပြေးထွက်သွားသည်ကိုမြင်တော့ မထိန်းနိုင်ပဲ ရယ်လိုက်မိသည်။

သိုက်ချန်းမှာ အလွန်ပင်မနာလိုဖြစ်သွားရသည်။

အသက်ငယ်တော့ကောင်းလိုက်ကြတာ!

သူ့သူဌေးနဲ့အစောကကောင်မလေးတို့က ဆက်ဆံရေးကောင်းကြတဲ့ပုံပဲ။

ထိုမိန်းကလေးက အနာဂတ်မှာ သူဌေးကတော်ဖြစ်လာနိုင်ချေရှိတယ်။

ထိုအရာကချက်ချင်းပင် သူ့အား ခေါင်းကိုက်သွားစေသည်။

သူဌေးကတော်ကို အင်တာဗျူးရမယ်တဲ့လား။

ဒါကသူ့အတွက်အရမ်းခက်ခဲလွန်းသည်။

တစ်ဖက်လူရဲ့ခွန်အားက သာမန်မဟုတ်ဘူး…

သူမကို ဒီအတိုင်းအအောင်ပေးလိုက်ရမလား။

တကယ်လို့သူမကို‌အအောင်ပေးလိုက်လျှင် သူ့အသိစိတ်ကသည်းခံနိုင်မှာမဟုတ်ပေ။

သူမကိုအအောင်မပေးလိုက်ပြန်ရင်လည်း သူ့အနာဂတ်ကတကယ်ကိုဟာသဖြစ်စရာပင်။

ဟူး၊ ယောကျာ်းတစ်ယောက်ဖြစ်ရတာ ခက်ခဲလိုက်တာ!

ထိုအချိန်တွင် ရုတ်တရက် ယဲ့ဖန်၏ဖုန်း မြည်လာလေသည်။

ခေါ်ဆိုသူမှာ လုရှောင်ရဖြစ်သည်။

သူချက်ချင်းသိချင်စိတ်အပြည့်နှင့် ကိုင်လိုက်မိသည်။

“ ဟယ်လို၊ ရှောင်ရ၊ ဘာလို့လဲ “

တစ်ဖက်မှလုရှောင်ရ၏ ကြည်လင်သောအသံထွက်ပေါ်လာသည်။

“ ယဲ့ဖန်၊ ရှင်မနက်ဖြန်အားလား “

သိုက်ချန်း ဖုန်းထဲမှမိန်းကလေးတစ်ယောက်၏ အသံကိုကြားလိုက်ရသည်။

သူ့အမူအရာမှာ ချက်ချင်းထူးဆန်းသွားရသည်။

နောက်တစ်ယောက်လား။

ဘယ်တစ်ယောက်က အနာဂတ်သူဌေးကတော်လဲ။

ယဲ့ဖန်ထံတွင်တော့ ထိုကဲ့သို့ရှုပ်ထွေးသည့် အတွေးမျိုးရှိမနေပေ။ သူချက်ချင်း ပြန်ဖြေလိုက်သည်။

“အင်း၊ ဘာလို့လဲ”

“ ဒါဆိုမနက်ဖြန်ကျ ရှေးဟောင်းပစ္စည်းလမ်းကို ကျွန်မနဲ့ အဖော်လိုက်ခဲ့ပေးလို့ရလား “

“ ရှေးဟောင်းပစ္စည်းလမ်းကို ဘာသွားလုပ်မလို့လဲ “

“ မနက်ဖြန် ရှေးဟောင်းပစ္စည်းလမ်းရဲ့ နှစ်ပတ်လည်ရတနာပြပွဲရှိတယ်။လုပ်ငန်း တော်တော်များများ သူတို့ရဲ့တန်ဖိုးကြီး ရတနာတွေကို ပြကြမှာ။ တကယ်ပျော်ဖို့ကောင်းလောက်တယ်လေ “

“ ရတနာပြပွဲလား၊ ကိုယ်စိတ်မဝင်စားဘူး “

ယဲ့ဖန်ချက်ချင်းငြင်းဆိုလိုက်သည်။

တကယ်တော့ သူရှေးဟောင်းပစ္စည်းတွေ အကြောင်းသိပ်မ‌သိပေ။

ယခင်က စနစ်ရဲ့စကေးကိုသုံးပြီး အတိုအစလေးတွေလောက်ပဲ ကောက်ခဲ့တာဖြစ်သည်။

ရှေးဟောင်းပစ္စည်းပိုင်းမှာ သူ့အသိဉာဏ်က လူသစ်လေးတွေထက်ပင် နိမ့်လောက်သည်။

အဲ့တာအပြင် ထိုအရာမှကြီးပွားဖို့ လုပ်ဖို့လည်း သူစိတ်ကူးမရှိပေ။

ထို့ကြောင့်အချိန်ဖြုန်းနေစရာမလိုပါ ။

လုရှောင်ရ စိတ်ညစ်ညူးသွားဟန်ဖြင့် ပြောသည်။

“ ဒါပေမယ့် ကျွန်မသွားချင်တယ်လေ။ ဒီတိုင်း ကျွန်မကိုအဖော်လိုက်ပေးတယ်လို့ပဲ မှတ်လိုက်ပေါ့ “

“ တခြားသူကိုရှာလိုက်တာ ပိုကောင်းမယ် “

“ ကျွန်မအသိထဲမှာ ရှေးဟောင်းပစ္စည်းတွေ အကြောင်းသိတာဆိုလို့ ရှင်ပဲရှိတာလေ။ ရှင်ကအမြင်လည်းစူးရှသေးတယ် “

“ မင်းအထင်လွဲနေပြီ။ ကိုယ် ရှေးဟောင်းပစ္စည်းတွေအကြောင်း တကယ်မသိဘူး “

“ အဓိပ္ပာယ်မရှိတာ၊ အရင်တစ်ခေါက်ကဆို လိပ်ပြာပုံခရမ်းပြာကျောက်ကို တစ်ချက်ကြည့်ရုံနဲ့ တန်ကြေးကိုသိလိုက်တဲ့ဟာကို၊ ဘာမှမသိဘူးလို့ လာပြောနေတာလား “

“ ကြက်ကန်းဆန်အိုးတိုးသွားတာလို့ ငါပြောရင်မင်းယုံမှာလား “

“ မယုံဘူး “

“ ကိုယ်…”

“ လုပ်ပါ၊ ဒီတစ်ခါတော့ ကူညီမှရမယ်။ မဟုတ်ရင် ကျွန်မအရှက်ကွဲမှာ “

“ ဘာဖြစ်လို့လဲ “

“ ဟူး၊ ဝမ်းကွဲတစ်ယောက်နဲ့ လူတိုင်း ယွမ်တစ်သန်းရအောင်ရှာလာရမယ်ဆိုပြီး လောင်းထားတာ။ မနက်ဖြန်ကျရင် ရတနာပြပွဲမှာ ဘယ်သူက တန်ဖိုးအကြီးဆုံး ရတနာကိုရထားလဲဆိုတာ သွားကြည့်ကြမှာ။ ရှုံးတဲ့သူက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်။ အဲ့တာကြောင့် ဒီတစ်ကြိမ်တော့ ရှင် ကူညီမှဖြစ်မယ် “

“ အဲ့တာကိုယ်နဲ့ဘာဆိုင်လို့လဲ။ ကိုယ်က မင်းကို လောင်းဖို့ပြောခဲ့တာမှမဟုတ်တာ။ ကိုယ့်ပြဿနာကိုယ့်ဘာသာရှင်း။ ဖုန်းချပြီ…”

ယဲ့ဖန်‌ထိုသို့ပြောပြီးသည်နှင့် ဖုန်းချရန်ပြင်လိုက်သည်။

ရုတ်တရက် လုရှောင်ရဆက်ပြောလာ၏။

“ ဒီပြိုင်ပွဲမှာကူညီပေးရင် ဖုလီကော်ပိုရေးရှင်းအကြောင်း ပြောပြနိုင်တယ် “

“ ပြီးတော့လည်း ရှင်င်နဲ့ပက်သက်တဲ့ သတင်းနည်းနည်းလောက် ကြိုဖွင့်ချထားလို့ရတယ်။ အဲ့သတင်းက ရှင်နဲ့ဆက်စပ်နေတာနော် “.

“ ရှင်သေချာပေါက် စိတ်ဝင်စားမယ့်ဟာမျိုး “

ယဲ့ဖန် ကြောင်သွားရသည်။

“ မင်းဘယ်လိုလုပ် ဖုလီကော်ပိုရေးရှင်း အကြောင်းသိတာလဲ “

အစောက ရှုကျင်းရှင်း ဖုလီကော်ပိုရေးရှင်း အကြောင်းပြောလိုက်တုန်းက သူအံ့ဩနေမိတာဖြစ်သည်။

လုရှောင်ရဆီက ထိုသို့ထပ်ကြားရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူနဲ့ဖုလီကော်ပိုရေးရှင်းက နျုံသွမ်းရဲ့ကြားက အငြင်းပွားမှုကို လူတိုင်းသိနေကြတာလား။

“ စိတ်မပူပါနဲ့။ ရှင်သဘောတူမှာလား မတူဘူးလား “

“ မင်းရဲ့တောင်းဆိုချက်ကို သဘောတူတာ မတူတာက ပြဿနာမဟုတ်ဘူး။ ဒါပေမယ့် ကြိုပြောထားမယ်နော်။ မင်းနိုင်မယ်လို့ ငါအာမမခံနိုင်ဘူး “

ယဲ့ဖန်မှာရွေးချယ်စရာမရှိတော့ပဲ အပေးအယူလုပ်ရတော့သည်။

“ ရှင်သာ ကူညီမယ်ဆိုရင် ရှုံးသွားလည်း အပြစ်မတင်ဘူး “

“ ကောင်းပြီလေ “

ယဲ့ဖန်ဖုန်းချလိုက်ကာ သိုက်ချန်းနှင့် စကားဆက်ပြောရန်ပြင်လိုက်သည်။

ဖုန်းသံထပ်မြည်လာပြန်၏။

ဤတစ်ကြိမ်တွင်တော့ ချန်းရွှမ်ဖြစ်သည်။

သူမကလင်းယွမ်အိမ်ခြံမြေ၏ လတ်တလော လုပ်ငန်းများကို အစီရင်ခံဖို့ဆက်လာတာ ဖြစ်သည်။

ယဲ့ဖန်သူမအားအနည်းငယ်ညွှန်ကြားကာ ဖုန်းချလိုက်သည်။

သူဖုန်းချပြီးပြီးချင်းမှာပဲ ကျိုးရှုယောင်ထံမှ ဖုန်းထပ်ဝင်လာပြန်သည်။

သူမပြောသည်မှာ သူမဖန်းမြို့မှ ပြန်ရောက်ပြီဖြစ်တာကြောင့် သူအားလျှင် ထမင်းတစ်နပ်လောက်အတူစားရန် ဖိတ်ခေါ်တာပင်။

ထို့နောက်တွင်တော့ ကြိုတင်စီစဉ်ထားသလိုပင် ရှုမန်နှင့် လင်းကျွင်းကျွင်းတို့လည်း ဖုန်းခေါ်လာကြသည်။

အရင်လူမှာ ဒုန်အန်းငွေကြေးအာမခံ၏ ဒုဥက္ကဌရာထူးကိုလက်လွှဲယူလိုက်ပြီ ဖြစ်တာကြောင့် အနည်းငယ်အလုပ်ရှုပ်နေရာ သူမညည်းညူဖို့ဖုန်းခေါ်လာခြင်းဖြစ်သည်။

နောက်တစ်ယောက်မှာတော့ သူပြန်ရောက်တာကို သူမကိုမပြောသောကြောင့် သူ့ကို အပြစ်တင်ဖို့ဖုန်းခေါ်လာတာဖြစ်သည်။

တစ်ဖက်၌ထိုင်နေသည့်သိုက်ချန်းမှာ သူ့သူဌေးဖြစ်ပြီး ဖုန်းဆက်တိုက်ပြောရင်း အလုပ်ရှုပ်နေသည်ကို ထိုင်ကြည့်နေရသည်။

ထို့အပြင် ခေါ်ဆိုမှုတိုင်းမှာ မိန်းကလေးတွေသာဖြစ်ကာ လူတိုင်း၏ အသံမှာချိုမြပြီးထူးခြားလေသည်။

သူ့မျက်နှာထက်ရှိအမူအရာမှာ ပိုလို့ပင်စိတ်ဝင်စားဟန် ဖြစ်လာရသည်။

သူ့ရဲ့သူဌေးအသစ်က ငယ်တဲ့ပုံပေါ်ပေမယ့် အချစ်ရေးရာမှာတော့ ဝါရင့်ပဲ။

မိန်းကလေးအများကြီးကို တစ်ပြိုင်နက် ရင်ဆိုင်နိုင်တဲ့အပြင် အောင်လည်း အောင်မြင်နေသေးတယ်။

တကယ်ကိုအသက်ရှုမှားလောက်စရာပါပဲ။

အချိန်ကိုစီမံခန့်ခွဲတဲ့နေရာမှာ ဆရာတစ်ဆူပဲ!

All Chapters