← Chapters

အပိုင်း ၂၉၇-၃၀၀

Vol. 15 Ch. 297-300

အပိုင်း ၂၉၇-၃၀၀

Vol. 15 Ch. 297-300

အပိုင်း ( ၂၉၇ )

ငါ့အတွက်က ရှုံးချင်ရင်တောင် ရှုံးဖို့ခက်တယ်

ဘာလို့လဲတော့မသိပေမဲ့ လုရှောင်ရသည် ယဲ့ဖန်ရဲ့မျက်လုံးတွေကိုမြင်တဲ့အခါ သူမ၏မှိုင်တွေသွားတဲ့နှလုံးသားက မျှော်လင့်ချက်ရောင်ခြည်ပြန်သန်းလာသည်။

ပြိုင်ပွဲပြီးဖို့ရာ ၃ မိနစ်သာကျန်တော့ပေမဲ့ မျှော့်လင့်ချက်ရာခိုင်နှုန်းက အရမ်းနည်းနေသော်လည်း သူမ သူ့ကို ယုံကြည်ဖို့ဆန္ဒရှိနေဆဲဖြစ်သည်။

ယဲ့ဖန်က အံ့ဩဖွယ်ရာတွေဖန်တီးနိုင်လို့များလား။

ဒါပေမဲ့ ထိုယုံကြည်မှုက သိပ်မကြာလိုက်ပေ။

လုံးဝကို ပျက်စီးသွားရသည်။

ယဲ့ဖန်က ဆိုင်ထဲက ပန်းချီတစ်ချို့ကိုညွှန်ပြသည်။

" အဲ့တာတွေအကုန်လိုချင်တယ် "

ထို့နောက် နောက်တစ်ဆိုင်ကိုထပ်သွားသည်။

" ဒီနှစ်ခုယူမယ် "

" အားလုံး သုံးခုယူမယ် "

" ....... "

ယဲ့ဖန်က ဆိုင်လေးတွေဆီကိုပတ်သွားပြီး လက်ရေးလှစာနှင့် ပန်းချီအပုံလိုက်ယူကာ ပြန်လာသည်။

လုရှောင်ရ လုံးဝကို ကြောင်အနေရသည်။

သူမ နောက်ဆုံးတော့ နားလည်သွားသည်။

ဒီတစ်ယောက်က ပိုက်ကွန်ကြီးကြီးနဲ့ငါးများများဖမ်းနေတာမလား။

ဒီလို ကြုံရာအများကြီးရွေးပြီးတော့ အရည်အသွေးကောင်းတဲ့ဟာကိုရှာတွေ့ဖို့တော့ စဉ်းစားနေတာ မဟုတ်လောက်ဘူးမလား။

ပြီးတော့ ကျုံးလင်းအယ်တို့ရွေးထားတဲ့ဟာထက် ပိုကောင်းတဲ့လက်ရာဖြစ်ရဦးမည်။

အဲ့လိုသာဆို ဒီနည်းလမ်းက ရူးမိုက်လွန်းရာရောက်သည်။

" ဘာလုပ်နေတာလဲ။ သွားပြီး ငွေချေလေ "

ယဲ့ဖန်က သူမ ငေးကြောင်နေတာကိုတွေ့ပြီး ချက်ချင်းတိုက်တွန်းလိုက်သည်။

ထိုအချိန်တွင် ဝမ်ပိုင်မင်းက ကြေညာသည်။

" ပြိုင်ပွဲအချိန်ရောက်ပြီ။ နှစ်ဖက်လုံး ဘာအပြောင်းအလဲမှထပ်မလုပ်ရတော့ဘူး "

လုရှောင်ရလည်း မတတ်နိုင်တော့ဘဲ ငွေချေလိုက်ရသည်။

အများကြီး မပေးလိုက်ရပေ။

ပန်းချီကား ၁၃ချပ်ကိုမှ ယွမ် ၁သိန်းသာ ပေးရသည်။

ကျုံးလင်းအယ်တို့ ပန်းချီနဲ့ယှဉ်ပါက ၁သိန်းတောင် ပိုနည်းလေသည်။

သို့ပေမဲ့ ဒီပြိုင်ပွဲက ဘယ်သူ ပိုက်ဆံ ပိုနည်းနည်းသုံးလဲဆိုတာ ပြိုင်ရတဲ့ပွဲမဟုတ်ပေ။

ဘယ်သူက ပိုပြီးအဖိုးတန်တဲ့ရှေးဟောင်းပစ္စည်းကိုရွေးလဲဆိုတာ ပြိုင်ရမှာဖြစ်သည်။

အရေအတွက်ပိုများလို့နိုင်မယ်ထင်နေတာက အရူးအိပ်မက်ဘဲဖြစ်လိမ့်မည်။

ထိုအခါ ကျုံးလင်းအယ်နှင့် ကုန်းလန်ချန်းတို့က ဂုဏ်ယူစွာပြုံးနေကြသည်။

ယဲ့ဖန်ရဲ့အပြုအမူတွေကို အားလုံးမြင်ပြီးသားဖြစ်သည်။

နောက်ဆုံးမိနစ်မှ အလောတကြီး ဟိုဟိုဒီဒီကောက်ရွေးပြီး သူတို့ကိုနိုင်ချင်တာတဲ့လား။

ဒါကို ရူးနေတာလို့ဘဲခေါ်ရမလား၊ ဉာဏ်မရှိတာလို့ပြောရမလား မသိတော့ပေ။

" ညီမငယ်လေးရှောင်ရ၊ ကြည့်ရတာ အနိုင်ရတဲ့သူပေါ်နေပြီထင်တယ် "

ကျုံးလင်းအယ်က လုရှောင်ရကို ခပ်ချဉ်ချဉ်ကြည့်လိုက်သည်။

" အနိုင်ဆိုလည်း နိုင်ပေါ့။ ဘာဂုဏ်ယူစရာရှိလဲ "

လုရှောင်ရက သူမကို စိတ်ပျက်လက်ပျက်ပြန်စိုက်ကြည့်လိုက်သည်။

" နင့်ရဲ့ ဒီသူငယ်ချင်းလေးဆီမှာ ငါက ရှုံးချင်ရင်တောင် မရဘူးဖြစ်နေတာ။ ပြိုင်ပွဲဆက်ပြိုင်ဖို့တောင် မလိုဘူးထင်တာပါဘဲ။ အရှုံးလက်ခံပြီး အချိန်ဖြုန်းမနေပါနဲ့တော့ "

ကျုံးလင်းအယ်က ဆက်ပြီးလှောင်သည်။

" ပြီးတော့ ငါ့ကို အစ်မလို့ခေါ်လိုက်ရင်လည်း ဘာမှအရှုံးမရှိဘူးနော် "

လုရှောင်ရက စိတ်ဆိုးလွန်းလို့ ဘာမှမပြောနိုင်တော့ပေ။

ထိုအချိန်တွင် ယဲ့ဖန်က လက်ရေးလှစာနဲ့ပန်းချီတွေကို ဝမ်ပိုင်မင်းဆီပေးလိုက်သည်။

" ဦးလေးဝမ် ဒါက ကျွန်တော်တို့ရွေးလာတဲ့ဟာတွေပါ စစ်ကြည့်ပါဦး "

ဝမ်ပိုင်မင်းက ပြန်မပြောခင်မှာဘဲ ကုန်းလန်ချန်းက လှောင်လိုက်သည်။

" မလိုဘူးထင်တယ်။ အမြန် နောက်တစ်ပွဲကို စကြတာပေါ့ "

ဝမ်ပိုင်မင်းကို သူ့ကိုစိုက်ကြည့်လိုက်သည်။

" ကျေးဇူးပြုပြီး ပြိုင်ပွဲစည်းမျဉ်းတွေကို လိုက်နာပေးပါ။ဂဒီတစ်ပွဲအတွက် အနိုင်ရတဲ့သူကို မဆုံးဖြတ်ခင် ယူလာတာတွေကို စစ်ကြည့်ရပါမယ် "

ကုန်းလန်ချန်း ပြောစရာစကားမဲ့သွားရသည်။

ဝမ်ပိုင်မင်းက အဲ့လိုပြောလိုက်ပေမဲ့ အနိုင်ရတဲ့သူကိုစိတ်ထဲမှ သတ်မှတ်ပြီးသားဖြစ်နေသည်။

ခန့်မှန်းချက်အရ ကျုံးလင်းအယ်နှင့် ကုန်းလန်ချန်းတို့က ဒီပွဲကို အနိုင်ရမှာဖြစ်သည်။

ထိုသို့တွေးထားပေမဲ့ ယဲ့ဖန်ရွေးထားတာတွေကို စစ်ကြည့်ရမှာ သူ့တာဝန်ဖြစ်သည်။

စာလိပ်ကို ဖြန့်လိုက်သည်။

ထိုပန်းချီက လှုပ်ရှားနေတဲ့မြက်ခင်းပုံဖြစ်သည်။

စုတ်ချက်တွေက ကြွနေသည်။ ပန်းချီဆွဲတဲ့သူက အတော်လေး ပြောင်မြောက်တဲ့လက်ရာရှင်ဖြစ်ရမည်။

ဒါက တကယ်ကို လက်ရာမြောက်ပန်းချီကားဘဲ။

သို့ပေမဲ့ လက်မှတ်ရေးထိုးထားတဲ့နာမည်ကို သူ မကြားဖူးပေ။

အဲ့တာကြောင့် ဈေးသတ်မှတ်ပေးလို့မရဖြစ်နေသည်။

ထိုပန်းချီကို ဘေးချပြီး နောက်တစ်ခုကို ကောက်ယူလိုက်သည်။

ထိုတစ်ခုက ပန်းနှင့်ငှက်တွေပုံဖြစ်သည်။

စုတ်ချက်အနည်းငယ်နဲ့ ပုံကိုရှင်းလင်းစွာဆွဲသားထားသည်။

ထိုအရာက လူတွေကို ပန်းချီရဲ့ရိုးရှင်းတဲ့အနှစ်သာရကို ခံစားရစေသည်။

ဒီလိုအနုပညာမျိုးကရှားသည်။

သို့ပေမဲ့ ပန်းချီရေးဆွဲသူကို သူ မသိပြန်ပေ။

ဝမ်ပိုင်မင်း၏ အမူအရာက ပိုပိုပြီးလေးနက်လာတော့သည်။

သူ ပန်းချီတွေအားလုံးကို စစ်ပြီးသွားတဲ့အခါ သူ့မျက်နှာတွင် စိတ်ရှုပ်ထွေးခြင်း၊ ပျော်ရွှင်ခြင်းနှင့် သံသယတို့ ရောပြွန်းနေသည်။

ပန်းချီ ၁၃ ချပ်လုံးက အတော်လေးပြောင်မြောက်သည်။

သို့ပေမဲ့ ရေးဆွဲသူတွေကို သူ မကြားဖူးတာဖြစ်နေသည်။

အဲ့တာကြောင့် ဈေးဖြတ်မရပေ။

ကျုံးလင်းအယ်က သူနဲ့အနီးဆုံးမှာရှိနေတာကြောင့် ဝမ်ပိုင်မင်းရဲ့အမူအရာကိုတွေ့ပြီး သိချင်စိတ်ဖြစ်လာသည်။

" ဦးလေးဝမ်၊ အဆင်ပြေရဲ့လား "

ဦးလေးဝမ်က ဒီပန်းချီတွေကြောင့် စိတ်တိုသွားတာတော့ မဟုတ်လောက်ဘူးမလား။

အဲ့တာဆို ဘယ်ပျော်စရာကောင်းတော့မှာလဲ။

ဝမ်ပိုင်မင်းက သူမကို မဖြေဘဲ ယဲ့ဖန်ကို လေးလေးနက်နက်ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း ၊ ဒီပန်းချီတွေက ....... ဒီလူအိုကြီးရဲ့မကောင်းတဲ့အမြင်ကို ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ နားမလည်လို့ တခြားတစ်ယောက်ကို ရှာကြမလား "

ယဲ့ဖန်က ချက်ချင်းခေါင်းငြိမ့်လိုက်သည်။

" ကောင်းပြီ အဲ့တာဆို ကြည့်ဖို့ တခြားတစ်ယောက်ကိုရှာတာပေါ့ "

ကုန်းလန်ချန်းက ရယ်ချလိုက်သည်။

" မင်းနားမလည်ဘူးလား။ ဦးလေးဝမ်က မင်းကို မျက်နှာသာပေးပြီး နားမလည်ဘူးလို့ပြောနေတာ။ မင်းဟာတွေက အတုတွေလို့ပြောပြီး မင်းကို ဖော်ထုတ်လိုက်ရမှာကို အားနာလို့ပြောနေတာကို မင်းက အတည်မှတ်နေတာလား ......... "

သူ့စကားမပြီးသေးခင်မှာဘဲ ဝမ်ပိုင်မင်းက ဖြတ်ပြောလိုက်သည်။

" ဘယ်သူ့ကိုမှ မျက်နှာသာမပေးပါဘူး။ တကယ်နားမလည်လို့ပါ "

ကုန်းလန်ချန်းက ကြောင်အသွားသည်။

နားမလည်ဘူးတဲ့လား။

ဒီပန်းချီကားလေးတွေကိုလေ။

ဘာနားမလည်စရာရှိလို့လဲ။

လုရှောင်ရနှင့် ကျုံးလင်းအယ်တို့ကလည်း စိတ်ရှုပ်ထွေးနေကြသည်။

သူတို့သိသလောက် ဦးလေးဝမ်မှာ ရှေးဟောင်းပစ္စည်းကျွမ်းကျင်မှုအဆင့်မြင့်မြင့်ရှိသည်။

သူက အတော်လေးပညာရှိတယ်ဟုတောင်ပြောလို့ရသည်။

ရှေးဟောင်းပညာရှင်တွေကတောင် သူ့ဆီကနေ အကြံတောင်းရသည်။

သူက ဒီပန်းချီတွေကို တကယ်ဘဲမသိတာလား။

ကုန်းလန်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။

" ကြည့်လို့ရမလား "

သူကပြောပြီးလက်လှမ်းလိုက်ပေမဲ့ ဝမ်ပိုင်မင်းက ချက်ချင်းတားလိုက်သည်။

" လူကြီးမင်းကလည်း ပြိုင်ပွဲဝင်ဖြစ်တာကြောင့် မျှတအောင် မထိသင့်ပါဘူး။ လူကြီးမင်းရဲ့ဆရာကြီးသခင်မန်းဒုန်ဟိုင်းကို ခေါ်လိုက်ပါလား။ လာဖို့အချိန်ရှိမလားလို့ "

ထိုစကားကြောင့် ကုန်းလန်ချန်းက ဘေးကိုသွားပြီးဖုန်းခေါ်သည်။

ခဏကြာတဲ့နောက် သူကပြန်လာသည်။

" ဆရာက အနီးနားမှာဘဲရှိလို့ လာခဲ့ပါမယ်တဲ့ “

ဝမ်ပိုင်မင်းက ခေါင်းငြိမ့်လိုက်သည်။

" ဒါဆို ခဏစောင့်ကြတာပေါ့ "

ကုန်းလန်ချန်းက ယဲ့ဖန်ကို မပျော်မရွှင်ကြည့်လိုက်သည်။

သူ့စိတ်ထဲတွင်တော့ ဒါက လုံးဝမလိုအပ်ပေ။

ဒီတစ်ယောက်ရွေးလိုက်တဲ့ပန်းချီကားတွေက တကယ်ဘဲ အရည်အသွေးမြင့်လို့လား။

ထီပေါက်တာထက်တောင် အခွင့်အရေးနည်းလောက်သည်။

ဒါပေမဲ့ ဝမ်ပိုင်မင်းက ဒီကလေးကိုကာကွယ်ပေးချင်နေမှတော့ စောင့်ကြည့်တာပေါ့။

အကုန်သိပြီးမှသေတော့လည်း အရှက်ကွဲပြီးသေခိုင်းလိုက်မယ်။

အပိုင်း ( ၂၉၈ )

မပူပါနဲ့၊ ကိုယ်က အချိန်တိုင်းလေးနက်ပါတယ်

အပူချိန်က တဖြည်းဖြည်းမြင့်တက်လာနေသည်။

ဝမ်ပိုင်မင်းက လုရှောင်ရနဲ့ ကျုံးလင်းအယ်တို့ ပူနေမှာစိုးရိမ်တာကြောင့် သူက ချက်ချင်းကြေညာလိုက်သည်။

" ပထမအဆင့်အနိုင်ရသူက ဆုံးဖြတ်လို့မရသေးတာကြောင့် ဒုတိယပွဲကို ဆက်သွားပါမယ် "

ဒုတိယအဆင့်က ကြွေထည်ဖြစ်သည်။

" ကြွေထည်တွေက ရှေးဟောင်းပစ္စည်းနယ်ပယ်မှာ အရေးအကြီးဆုံးတွေထဲက တစ်ခုပါဘဲ။ စံချိန်တင်လေလံပွဲတွေရဲ့ပစ္စည်းက အများသောအားဖြင့် ကြွေထည်တွေပါ။ ကြွေထည်ရည်က အရမ်းကို နက်ပြီး နည်းပညာက ........ "

ကုန်းလန်ချန်းက ကြွေထည်ဗဟုသုတကို ကျုံးလင်းအယ်ကို ရှင်းပြမိတ်ဆက်သည်။

ပြီးတော့ ကြွေထည်တန်းကို လျှောက်သွားသည်။

ပထမပွဲရလဒ်ကို မကြေညာရသေးပေမဲ့ သူတို့ဘက်က အသာစီးရနေမှန်း ထင်ရှားသည်။

ပြီးတော့ ကျုံးလင်းအယ်က သူ့ကို ယုံကြည်ပေးခဲ့တာကြောင့်လည်းဖြစ်သည်။

" ကုန်းလူကြီးမင်းကို ကျွန်မယုံတယ်။ ရှင်က ကျွန်မကို စိတ်ပျက်စေရမှာမဟုတ်ဘူး "

ကုန်းလန်ချန်းက ခါးသက်သက်ပြုံးလိုက်သည်။

" ကျုံးမိန်းကလေး၊ ကျွန်တော် တမင်နှိမ်ချနေတာမဟုတ်ပါဘူး။ ကြွေထည်လောကက အရမ်းနက်နဲတယ်။ ကျွန်တော်က သေချာမယ်လို့ မပြောနိုင်ဘူး "

သူက လိမ်နေတာမဟုတ်ဘဲ အတည်ပြောနေမှန်း ကျုံးလင်းအယ်မြင်လိုက်ရသည်။

သူမက ခေါင်းကိုငုံ့ပြီး တွက်ချက်လိုက်သည်။ ထို့နောက် ပြုံးပြီးပြောသည်။

" ရပါတယ်၊ ဒီတစ်ချီရှုံးရင်တောင် နောက်နှစ်ချီနိုင်နိုင်တော့ ရပါတယ် "

ကုန်းလန်ချန်းကလည်း သဘောတူခေါင်းငြိမ့်လိုက်သည်။

ထို့နောက် ကြွေထည်တန်းကိုဝင်ပြီး သေချာရွေးနေသည်။

လုရှောင်ရနဲ့ ယဲ့ဖန်တို့လည်း ကြွေထည်တန်းကို ဝင်လာတော့သည်။

ခမ်းနားထည်ဝါသော ကြွေထည်ခင်းများကို ကြည့်ရှုနေကြသည်။

လုရှောင်ရသည် အနည်းငယ်နစ်မြောသွားခဲ့သည်။

" အရမ်းလှတာပဲ "

သို့သော် ယဲ့ဖန်ကတော့ ထိုကြွေထည်တွေရဲ့ 'အလှ' ကို မနှစ်သက်ခဲ့ပေ။

အဲ့အစား သူက စနစ်၏အတွင်းကျကျစကန်ဖတ်ခြင်းလုပ်ဆောင်ချက်ကို ထပ်မံဖွင့်ခဲ့သည်။

ကြွေထည်ပေါ်ရှိ အချက်အလက်အားလုံးက သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

[ အဝါရောင်ရွှံ့မြေ လေးရာသီပန်းပွင့်ပုံ (ခေတ်မီတုပ)။ တန်ဖိုး ယွမ် ၈၀၀ ]

[ အပြာနှင့်အဖြူရောင်ပန်းပွင့်ပုံစံ လက်ဖက်ရည်အိုး (ခေတ်မီတုပ) တန်ဖိုး ယွမ် ၂၀၀၀ ]

[ ပန်းရောင်လိပ်ပြာကျောက်စိမ်းအိုး (ချင်မင်းဆက် အစစ်အမှန်) တန်ဖိုး ယွမ် ၂သိန်းခွဲ ]

ယဲ့ဖန်သည် ကြွေထည်တန်းကို အမြန်ကြည့်လိုက်သည်။

ငါးမိနစ်လောက် မကြာပေ။

သူ့မှာ ကြွေထည်နဲ့ပတ်သက်တဲ့အချက်အလက်တွေ အကုန်ရသွားတော့သည်။

ကျန်တာအားလုံးက စိစစ်ဖို့ဘဲကျန်သည်။

ခေတ်မီအတုအပထုတ်ကုန်များကို ဖယ်ရှားပစ်ရမည်။

အစစ်တွေကြားမှာလည်း အများစုက ဈေးအလွန်ကြီးတာကြောင့် အဲ့တာတွေကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။

နောက်ဆုံးတော့ ကျန်တာတွေအားလုံးက တန်ဖိုးနည်းပေမယ့် အဖိုးတန်တဲ့ ပစ္စည်းတွေဖြစ်သည်။

ယဲ့ဖန်၏ရွေးချယ်မှုလုပ်ငန်းစဉ်ပြီးတဲ့နောက်ဆုံးတွင် ဝယ်သင့်သည့်ပစ္စည်း ၅ ခု၊ ၆ ခုသာကျန်တော့သည်။

စုစုပေါင်း ကုန်ကျစရိတ်က ၅ သောင်းလောက်တော့ရှိသည်။

သူ တတ်နိုင်သလောက် လုပ်ထားပြီးပြီဖြစ်လို့ အနားယူရန် အေးမြတဲ့အရိပ်နေရာကို ချက်ချင်း လှမ်းရှာလိုက်တော့သည်။

လုရှောင်ရ အဲ့တာကိုမြင်လိုက်ရတော့ ကြေကွဲမတတ်ဖြစ်သွားသည်။

ဒီလူကို အကူအညီတောင်းလိုက်တာက ကြီးမားတဲ့အမှားတစ်ခုဆိုတာ သူမသဘောပေါက်သွားတော့သည်။

ကုန်းလန်ချန်းကတော့ အလေးအနက် ရွေးချယ်နေဆဲဖြစ်ပေမယ့် ယဲ့ဖန်ကတော့ အရင်အနားယူသွားလေသည်။

လုရှောင်ရ သူ့ဘာသာသူ ရွေးဖို့ကလွဲလို့ ရွေးစရာမရှိတော့ပေ။

အချိန်ကုန်လာသည်။

ပွဲမစခင် ငါးမိနစ်သာ ကျန်တော့သည်။

ကျုံးလင်းအယ်ဘက်ကလည်း သေချာရွေးထားသည်။

အဆုံးတွင် သူတို့သည် သက်တံ့တိမ်တိုက်လင်းနို့ပန်းကန်တစ်စုံကို ရွေးချယ်ခဲ့သည်။

ကုန်းလန်ချန်းသည် ကြွေထည်အကြောင်း များများစားစား မသိသောကြောင့် ဒီတစ်ကြိမ်မှာတော့ သူသည် အလွန်သတိထားခဲ့ရသည်။

သူသည် ပြီးခဲ့သည့်အကြိမ်ကလို ရဲရင့်စွာ ရှေ့မတိုးဝံ့ပေ။

ဒီသက်တံ့တိမ်တိုက်လင်းနို့ပန်းကန်တစ်စုံသည် ယွမ် ၅ သောင်းခန့်သာကျသင့်သည်။

လုရှောင်ရသည် ရွေးချယ်မှုများစွာကို ဖြတ်သန်းခဲ့ပြီး သူမကအဖြူအပြာ ထင်းရှူးဝါးနှင့် ဇီးသီးသား ကရားအိုးကြီးကို ရွေးခဲ့သည်။

သူမ ချက်ချင်း ငွေပေးဖို့လုပ်နေစဉ် ယဲ့ဖန်က ရုတ်တရက် သူမနောက်မှ ပေါ်လာသည်။

" ဒါက မင်းရွေးထားတဲ့ ကြွေထည်လား "

လုရှောင်ရအနည်းငယ် ဒေါသထွက်သွားသည်။

" ဟုတ်တယ် ဘာဖြစ်လို့လဲ "

ယဲ့ဖန်က ကရားကြီးကို ကြည့်လိုက်သည်။

" ဘာလို့ ဒါကိုရွေးခဲ့တာလဲ "

လုရှောင်ရက ချက်ချင်း ရယ်စရာကောင်းတဲ့ ရှင်းပြချက်ကို ပေးလိုက်သည်။

" အကြီးကြီးမလို့ "

ယဲ့ဖန်က မျက်လုံးပြူးသွားရသည်။

" အကြီးကြီးဆိုတာနဲ့ တန်ဖိုးရှိရမှာလား "

လုရှောင်ရသည် စွပ်စွဲခံရသည်ဟု ခံစားရသည်။

" ဘာဘဲဖြစ်ဖြစ်၊ နားမှမလည်တာ။ ကြီးတာရွေးတော့ ဘာဖြစ်လဲ။ မဆိုးဘူးလို့ထင်တာဘဲ "

ယဲ့ဖန်က လုံးဝကို ပြောစရာစကားပျောက်သွားရတော့သည်။

" ချလိုက်၊ ကိုယ်ရွေးမယ် "

လုရှောင်ရက အိုးကို မကျေမနပ်နဲ့ချထားလိုက်သည်။

" အဲ့တာဆို ရှင် ဒီတစ်ခါတော့ သေချာရွေးနော် "

" မပူပါနဲ့၊ ကိုယ်က အကြိမ်တိုင်းသေချာပါတယ် "

ယဲ့ဖန်က ပြောပြီးတဲ့နောက် ဆိုင်တစ်ခုကိုလျှောက်သွားပြီးပြောသည်။

" အဲ့ဒီကြေးနီရောင်ကြွေလွှာတိမ်နဂါးပုံစံပုလင်းကို ယူမယ် "

ထို့နောက် အခြားဆိုင်ကို လျှောက်သွားခဲ့သည်။

" ဒီပဲစိမ်းပြားပန်းပုံပန်းကန်လေး ယူသွားလိုက်မယ် "

" အပြာရောင်နဲ့ အဖြူရောင် ဘီးပုံစံ အဲ့ဒီပန်းကန်ကိုလည်း ယူလိုက်မယ် "

" ပြီးတော့ အဲ့တာ ..... "

ခဏအကြာတွင် ကြွေထည်ခြောက်ခုကို မှာယူခဲ့သည်။

ဒီတစ်ခေါက် ကုန်ကျစရိတ်က ယွမ် ၅၀၀၀၀ လောက်သာ ရှိသည်။

သို့သော် လုရှောင်ရကတော့ မျှော်လင့်ချက်အားလုံးကို ဆုံးရှုံးသွားပြီဖြစ်သည်။

ဒီတိုက်ပွဲက သူမ ဂုဏ်သိက္ခာကို ရင်းထားပေမဲ့ ယဲ့ဖန်ကတော့ သိပ်ဂရုစိုက်ပုံမရပေ။

သူ့အတွက်သူ မစဉ်းစားရင်တောင် သူမအတွက် မစဉ်းစားနိုင်ဘူးလား။

သူသာ ရှုံးရင်...

ယဲ့ဖန်က လုံးဝ ဂရုမစိုက်တာလား။

ထိုအချိန်တွင် ဝမ်ပိုင်မင်းသည် ပွဲပြီးဆုံးကြောင်း ကြေညာခဲ့သည်။

ရွေးချယ်ထားသော ရှေးဟောင်းပစ္စည်းများကို ပြောင်းလဲ၍မရတော့ပေ။

လုရှောင်ရသည် ငွေပေးချေရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

သူမနှင့် ယဲ့ဖန်တို့သည် ကြွေထည် ၆ခုကို ဝမ်ပိုင်မင်းဆီသို့ ယူဆောင်လာကြသည်။

ဝန်ထုပ်ဝန်ပိုးအပြည့်ဖြင့်ပြန်လာသော သူတို့နှစ်ယောက်ကို တွေ့တဲ့အခါ ကျုံးလင်းအယ် နှင့် ကုန်းလန်ချန်းတို့က ရယ်မောပြန်သည်။

" မင်းတို့ တကယ်အများကြီးဝယ်ခဲ့တာလား "

ကျုံးလင်းအယ်သည် အရမ်းရယ်လိုက်တာကြောင့် မျက်ရည်ပင် ထွက်ကျလာသည်။

" ဟမ်၊ ဒီလိုကံကောင်းတဲ့လှည့်ကွက်ကိုသုံးပြီး တကယ့်ရှေးဟောင်းပစ္စည်းတွေကို ရွေးထုတ်နိုင်ရင် ရှေးဟောင်းလောကရဲ့ နေရာတိုင်းမှာ ကျွမ်းကျင်သူတွေရှိနေတော့မှာပေါ့ "

ကုန်းလန်ချန်းက ထေ့ငေါ့ပြောသည်။

လုရှောင်ရသည် သူတို့၏ရယ်မောသံကိုကြားပြီး ခေါင်းမထောင်နိုင်ပေ။

ရှက်စရာကောင်းလွန်းသည်။

သို့ပေမဲ့ ယဲ့ဖန်ကပြောသည်။

" ရေတွင်းထဲက ဖားတစ်ကောင်က ပင်လယ်ထဲမှာ စကားမပြောတတ်ဘူး။ နွေရာသီအင်းဆက်တွေက ရေခဲထဲမှာ စကားမပြောနိုင်ဘူး။ မင်းလို တပည့်တစ်ယောက်ကို သင်ပေးနေတဲ့ မင်းရဲ့ဆရာအတွက် ငါတကယ်ရှက်မိတယ် "

ကုန်းလန်ချန်းက သူ့ကိုပြောတာကို ကြားရုံသာမက သူ့ဆရာကိုလည်း စော်ကားခံလိုက်ရသည်။

သူ ချက်ချင်း ဒေါသထွက်သွားပြီး ပြန်ပြောဖို့လုပ်နေချိန်တွင် Mercedes-Benz V-Class လုပ်ငန်းသုံးကားတစ်စီးက ရှေးဟောင်းလမ်းတွင် ရုတ်တရက် ရပ်တန့်သွားသည်။

ထို့နောက် ကားတံခါးပွင့်လာသည်။

အဖြူရောင်တရုတ်ရိုးရာဝတ်စုံဝတ်ထားတဲ့ အဘိုးအိုတစ်ယောက်က ကားပေါ်မှ ဆင်းလာသည်။

ကုန်းလန်ချန်းသည် ချက်ချင်းခေါ်လိုက်သည်။

" ဆရာကြီး "

ထိုအဘိုးကြီးသည် ရှေးဟောင်းပစ္စည်းများ၏ သခင်မန်းဒုန်ဟိုင်းဖြစ်သည်။

အပိုင်း ( ၂၉၉ )

အဲ့တာက သူပေါ့

တကယ်တော့ ယဲ့ဖန်က မန်းဒုန်ဟိုင်းဘယ်သူလဲဆိုတာ မမှတ်မိခဲ့ချေ။

ကုန်းလန်ချန်း၏နှုတ်ဆက်သံကိုကြားတဲ့အခါ ချက်ချင်းလှည့်ကြည့်လိုက်သည်။

ယဲ့ဖန်သည် ထိုဆရာကြီးမန်းဒုန်ဟိုင်းကို မြင်တဲ့အခါ သူ အံ့ဩသွားသည်။

အကြောင်းမှာ ထိုလူသည် သူ ခွေးခေါင်းပုံရွှေကိုရောင်းရန် ရှေးဟောင်းလမ်းသို့ သူပထမဆုံးလာခဲ့တုန်းက တစ်ကြိမ်တွေ့ဖူးခဲ့သော ရှေးဟောင်းပစ္စည်းဆရာဖြစ်နေတာကြောင့်ဖြစ်သည်။

ထိုအချိန်တုန်းက ချန်းရွှမ်၏ကုမ္ပဏီက ဒုက္ခရောက်နေခဲ့ပြီး သူမမိသားစု၏အမွေပစ္စည်းဖြစ်တဲ့ နဂါးကိုးခွက်ကိုထဲမှ တစ်ခွက်ကို ရောင်းချနေတာဖြစ်သည်။

ဆရာကြီးမန်း၏ အကဲဖြတ်ရလဒ်အရ ထိုခွက်က သာမာန်ကျောက်စိမ်းခွက်တစ်ခုသာဖြစ်ပြီး အလွန်ဆုံး ယွမ် ၁သိန်း တန်ကြေးရှိသည်ဟုဆိုသည်။

အဆုံးမှာတော့ သူက ယဲ့ဖန်ရဲ့ ပါးရိုက်ခြင်းကို ခံလိုက်ရသည်။

အဆုံးတွင် ရှန်းကွမ်းလင်းက ယွမ် သန်း၈၀ ဖြင့် အမြင့်ဆုံးဈေးပေးကာ ဝယ်ယူခဲ့သည်။ ထိုအချိန်တွင် မန်းဒုန်ဟိုင်းသည် သူ့ဂုဏ်သိက္ခာကို အရှက်မကွဲစေရန် ကာကွယ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းပင် ပြောခဲ့သေးသည်။

ယဲ့ဖန် ဒီနာမည်ကို ကြားလိုက်တာနဲ့ ရင်းနှီးတယ်လို့ ခံစားနေရတာ အံ့သြစရာမရှိတော့ပေ။

သူတို့ဟာ အသိဟောင်းတွေဖြစ်ခဲ့ကြသည်။

မန်းဒုန်ဟိုင်းသည် ကျုံးဟိုင်၏ ရှေးဟောင်းပစ္စည်းလုပ်ငန်းတွင် အဓိကအရေးပါသူတစ်ဦးဖြစ်သည်။

သူ့မှာ ပရိသတ်တွေ အများကြီးရှိသည်။

" ဆရာကြီးမန်းက ရှေးဟောင်းလမ်းမှာ ရောက်နေတာလား။ ဘုရားရေ၊ ငါ ယုံတောင်မယုံနိုင်ဘူး "

" ဆရာကြီးကို ငါတကယ်တွေ့ဖူးပြီလား။ မခံနိုင်တော့ဘူး၊ ရူးတော့မယ် "

" ဆရာကြီး၊ ကျွန်တော်က ဆရာ့ရဲ့တပည့်ပါ။ ဆရာ့ရဲ့ စာအုပ်တိုင်းနဲ့ အွန်လိုင်းသင်ခန်းစာတွေကို အကြိမ်ပေါင်းများစွာ ဖတ်ပြီးလေ့လာဖူးပါတယ် "

" ဆရာကြီးမန်း၊ ကျွန်တော့်မှာ ရှေးဟောင်းပစ္စည်းတစ်ခုရှိတယ်။ ကြည့်ပေးလို့ရမလား "

" ဆရာကြီးမန်း .......... "

မန်းဒုန်ဟိုင်း၏အသွင်အပြင်သည် ရှေးဟောင်းပစ္စည်းလမ်းရှိ လူတိုင်းကို အုတ်အုတ်သဲသဲ ဖြစ်စေသည်။

လူအများအပြားက စုရုံးနေကြသည်။

နိုင်ငံတကာစူပါစတားတစ်ယောက် ရောက်နေသလိုဟု နှိုင်းယှဉ်ပြောနိုင်သည်။

ယဲ့ဖန်၊ လု‌ရှောင်ရနဲ့ အခြားသူတွေက စကားမပြောနိုင်ကြပေ။

ဒီဆရာကြီးမန်းရဲ့သြဇာက နည်းနည်းချဲ့ကားလွန်းနေတယ် မဟုတ်လား။

တစ်ဖက်တွင် ကုန်းလန်ချန်း၏မျက်နှာမှာတော့ ဂုဏ်ယူနေသည့်အမူအရာ ပေါ်လာသည်။

ထိုကဲ့သို့ အလွန်ရိုသေလေးစားခံရတဲ့ဆရာရဲ့ တပည့်ဖြစ်တဲ့သူကလည်း ကျော်စောလိမ့်မည်။

သူ့ကိုမြင်တဲ့သူတိုင်းက ကုန်းလူကြီးမင်းဟု တရိုတသေခေါ်ကြရမည်။

သက်တော်စောင့်များစွာ၏အကာအကွယ်အောက်တွင် မန်းဒုန်ဟိုင်းသည် နောက်ဆုံးတွင် လူကြားထဲမှ ထွက်လာနိုင်ခဲ့သည်။

" ဆရာ၊ ပင်ပန်းသွားရပြီ "

ကုန်းလန်ချန်းက သူ့ဆီ အမြန်လျှောက်သွားသည်။

ထိုစကားကိုကြားတော့ အနီးပတ်ဝန်းကျင်မှလူတွေက အံ့သြသွားကြသည်။

" ဒါဆို ဒီလူငယ်က ဆရာကြီးမန်းရဲ့ တပည့်ပဲလား။ သူက ဒီလောက် အစွမ်းထက်တာ မဆန်းတော့ပါဘူး "

" ငါက အခုမှလာကြည့်တော့ ဘာဖြစ်သွားတာလဲ မသိလိုက်ဘူး။ ဆရာကြီးမန်းရဲ့ တပည့်က ဘယ်လိုများတန်ခိုးကြီးလို့လဲ "

" ဆရာကြီးမန်းရဲ့ တပည့်က တစ်စုံတစ်ယောက်နဲ့ လောင်းကြေးထပ်ထားတယ်။ နာရီဝက်အတွင်း အနိမ့်ဆုံးဈေးနဲ့ တန်ဖိုးအမြင့်ဆုံးပန်းချီကားကို သူရှာတွေ့ခဲ့တယ် ......... "

" တကယ်ဘဲ ဆရာကြီးမန်းရဲ့ တပည့်တွေနဲ့ လောင်းကစားလုပ်ရဲတဲ့သူရှိသေးတာလား။ ပြီးတော့ ရလဒ်ကရော "

" နောက်ဆုံးတော့ ဆရာကြီးမန်းရဲ့ တပည့်က ပန်းချီကားတစ်ချပ်ကို ယွမ် ၂၀၀,၀၀၀ နဲ့ ဝယ်လိုက်တယ်။ အဲ့တာက အနည်းဆုံး ယွမ် ၅၀၀,၀၀၀ တန်ကြေးရှိတဲ့ ဆရာကြီးဟုန်ရှန်းရဲ့ စစ်မှန်တဲ့လက်ရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ရတယ် "

" ကျစ်၊ကျစ် ဆရာကြီးမန်းက တကယ့်ကို ထက်မြက်တဲ့တပည့်မွေးထုတ်နိုင်တဲ့ ဆရာကြီးဘဲ "

" ဒီ ကုန်းလူကြီးမင်းက အနာဂတ်မှာ ရှေးဟောင်းဆိုင်ရာပညာရှင် ဖြစ်လာမှာ သေချာတယ် "

" ........... "

မန်းဒုန်ဟိုင်းသည် လက်ကိုင်ပုဝါကိုထုတ်ကာ ချွေးများကို သုတ်လိုက်ပြီး သူ့တပည့်ကို မကျေမနပ် စိုက်ကြည့်နေသည်။

" လန်ချန်း၊ တခြားသူတွေနဲ့ မလောင်းဖို့ ငါ အကြိမ်ကြိမ် သတိပေးထားပြီးသား။ မင်းဘာလို့ နားမထောင်တာလဲ။ အဲ့အပြင် မင်းက လူပြိန်းနှင့် လောင်းကစားလုပ်နေတာလား။ မင်းက တကယ်ကို တိုးတက်ဦးမှာဘဲ "

သူ့တပည့်၏ ဖုန်းခေါ်ဆိုသံကို ကြားပြီးတဲ့နောက် သူ့တပည့်က တစ်စုံတစ်ယောက်နဲ့ လောင်းကစားလုပ်နေမှန်းသိလိုက်ရသည်။

ထို့အပြင် တစ်ဖက်သူက ရှေးဟောင်းပစ္စည်းအကြောင်း ဘာမှမသိတဲ့လူပြိန်းတစ်ဦးဖြစ်နေသေးသည်။

ဒေါသကြောင့် ပွဲချင်းပြီး သေချင်စိတ်တောင်ပေါက်သွားသည်။

မသိတဲ့လူနဲ့ လောင်းကစားလုပ်တာလား။

ဒါက အနိုင်ကျင့်တာ မဟုတ်ဘူးလား။

ကုန်းလန်ချန်းက သူ့အမှားကို အမြန်ဝန်ခံလိုက်သည်။

" ဆရာကြီး၊ ကျွန်တော့်အမှားကို သိပါတယ်။ ထပ်မလုပ်တော့ပါဘူး။ ဒါပေမယ့် အခု လောင်းကြေးက စတင်နေပြီဆိုတော့ ရပ်တန့်ဖို့ နည်းမရှိတော့လို့ပါ "

မန်းဒုန်ဟိုင်း ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။

" ကိစ္စတွေက ဒီလိုဖြစ်နေမှတော့ ငါတို့လုပ်ရတော့မှာပေါ့။ မင်းအနိုင်ရရင်တောင်မှ မလွန်စေနဲ့ "

ကုန်းလန်ချန်းက အကြိမ်ကြိမ်ခေါင်းငြိမ့်သည်။

မန်းဒုန်ဟိုင်းက ဘာမှ ထပ်မပြောတော့ပေ။

အဲဒီအစား သူက လက်ရေးလှနှင့်ပန်းချီကားများရှေ့သို့ လျှောက်သွားပြီး သူတို့ကို ဂရုမစိုက်ဘဲ ကြည့်လိုက်သည်။

ပထမတော့ သူ သိပ်ဂရုမစိုက်ပေ။

တစ်ဖက်သူက နောက်ဆုံးအခိုက်အတန့်မှာ ရုန်းကန်နေပြီး ကြုံရာရွေးထားကောင်း သူ့တပည့်ထံမှ ကြားသိရဖြစ်သည်။

သို့သော် ပထမဆုံးလက်ရေးလှရေးစာကို ဖတ်ရှုပြီးတဲ့နောက်တွင် သူ့အမူအရာ ပြောင်းလဲသွားသည်။

ဒီလက်ရေးလှလက်ရာဟာ တကယ်တော့ ရှားပါးတဲ့လက်ရာတစ်ခုဖြစ်နေသည်။

လက်မှတ်မှာ ထောက်ချန်းဇီဖြစ်သည်။

ထိုလူသည် တရုတ်လက်ရေးလှရေးလောကတွင် လူသိများခြင်းမရှိတာကြောင့် လူအများစုက သူ့ကို မသိကြပေ။

ထိုအကြောင်းကို သူအရင်က ကြားဖူးသည်။

ထိုပုဂ္ဂိုလ်သည် သူ၏အစောပိုင်းနှစ်များတွင် အရှေ့တောင်အာရှသို့ ပြည်နှင်ဒဏ်ခံခဲ့ရပြီး ထိုနေရာတွင် လက်ရေးလှရေးကာ အတော်အတန်ကျော်ကြားခဲ့သည်။

ပြီးတော့ ဒီလက်ရေးလှရေးနည်းဟာ သူ့ရဲ့လက်ရာအနည်းငယ်ထဲက ရှားပါးတဲ့လက်ရာတွေအနက်မှတစ်ခုဖြစ်သည်။

အနည်းဆုံး ယွမ် ၂သိန်းတန်သည်။

သူ့တပည့်နဲ့ လောင်းကစားလုပ်တဲ့သူက ကံကောင်းတတ်တဲ့သူ ဖြစ်နိုင်လား။

ကျပန်းရွေးချယ်လိုက်ရုံနဲ့ ဒီလိုကောင်းမွန်တဲ့အနုပညာလက်ရာကို ရွေးချယ်နိုင်ခဲ့တာလား။

သို့ပေမဲ့ မန်းဒုန်ဟိုင်းသည် ဒုတိယနှင့် တတိယ လက်ရေးလှစာနှင့် ပန်းချီကို မြင်သောအခါ ........ သူ့အမူအရာက ချက်ချင်း လေးနက်သွားတော့သည်။

ဒီလက်ရာတွေအားလုံးဟာ တကယ်ကို ကောင်းမွန်သည်။

တစ်ခုတည်းကို ရွေးမိရင်တော့ ကံကောင်းတာဖြစ်ပေမဲ့ တစ်ခုပြီးတစ်ခုက အရည်အသွေးမြင့်လာတဲ့အခါ 'ကံ' နဲ့ ရှင်းပြလို့ မရတော့ပေ။

ဒါက သေချာပေါက် အရည်အချင်းဘဲ။

သူက အရမ်းအစွမ်းထက်တဲ့သူဘဲ။

သူ့တပည့် ဖုန်းထဲမှာပြောပုံအရ တစ်ဖက်သူက ဒီဟာတွေကို နောက်ဆုံးသုံးမိနစ်အတွင်းမှာဘဲ အမြန်ရွေးချယ်ခဲ့သည်ဟု သိရသည်။

ဒီလို ဆုံးဖြတ်ချက်မျိုးကို မကြားဖူးသလောက်ပါဘဲ။

မန်းဒုန်ဟိုင်းက ကုန်းလန်ချန်းကို အမြန်လှည့်ကြည့်လိုက်သည်။

" မင်းနဲ့ လောင်းကစားလုပ်တဲ့ လူက ဘယ်မှာလဲ "

သူ့သခင်၏လေးနက်တဲ့အမူအရာကို မြင်လိုက်ရတဲ့အခါ ကုန်းလန်ချန်း ရုတ်တရက် စိတ်ရှုပ်သွားရသည်။

သို့ပေမဲ့ သူက ယဲ့ဖန်ရှိတဲ့နေရာကို ညွှန်ပြလိုက်သည်။

" အဲ့ဒီ သူပဲ "

မန်းဒုန်ဟိုင်းသည် သူညွှန်ပြနေသည့် လမ်းကြောင်းကို ကြည့်လိုက်သည်။

စိတ်အေးလက်အေးဖြင့် လှုပ်လို့ရသည့် ထိုင်ခုံပေါ်တွင် လဲလျောင်းနေသော ယဲ့ဖန်ကို သူတွေ့လိုက်ရသည်။

ခြေဖဝါးမှ ခေါင်းအထိ အေးစိမ့်စိမ့်တစ်ခုခုက ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။

ဒီလူငယ်လေးအပေါ် မှာ လေးနက်တဲ့ ထင်မြင်ချက်တစ်ခုရှိသည်။

အဲဒီတုန်းက ရှေးဟောင်းပစ္စည်းလမ်းမှာ အကဲဖြတ်ပွဲတစ်ခုရှိခဲ့သည်။

မိန်းကလေးတစ်ဦးသည် ကျောက်စိမ်းခွက်တစ်ခုကို ကိုင်ဆောင်ကာ သူ့ထံလာခဲ့သည်။

အကဲဖြတ်ပြီးနောက်မှာ ထိုခွက်အတွက် ခန့်မှန်းခြေ ယွမ် ၁သိန်းကျော် ပေးခဲ့သည်။

နောက်ဆုံးတော့ ဒီလူငယ်ကြောင့် အရှက်ကွဲလုမတတ်ဖြစ်ခဲ့ရသည်။

ထိုကျောက်စိမ်းခွက်က အမွေအနှစ်တစ်ခုဖြစ်ကြောင်း သူက ထောက်ပြသည်။

ဘယ်စာအုပ်၊ ဘယ်စာမျက်နှာ၊ ဘယ်ရှေးဟောင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတယ်ဆိုတာကိုလည်း သူက ထောက်ပြနိုင်ခဲ့သည်။

နောက်ဆုံးရလဒ်ကတော့ အဲ့ဒီလူငယ်ပြောသလိုထွက်လာသည်။

ထိုအချိန်တွင် မန်းဒုန်ဟိုင်းသည် ထိုလူငယ်လေးကို ထိတ်လန့်သွားရသည်။

ဒါပေမယ့် ကံမကောင်းစွာဖြင့် နောက်ပိုင်းမှာ ဒီလူငယ်နဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရခဲ့ပေ။

ဒီတစ်သက်မှာ သူ့ကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ တွေးခဲ့မိသည်။

သူ့ကို ဒီနေ့ဒီမှာထပ်တွေ့မယ်လို့ မျှော်လင့်မထားပေ။

ထို့အပြင် ထိုလူငယ်က သူ့တပည့်နှင့် လောင်းကြေးထပ်ခဲ့သေးသည်။

ဒါကိုတွေးမိတဲ့အခါ မန်းဒုန်ဟိုင်း ချွေးအေးတွေ ရုတ်တရက်ထွက်လာတော့သည်။

တစ်ဖက်သား၏ ရှေးဟောင်းပစ္စည်းများကို အကဲဖြတ်နိုင်မှုက သူ့ထက်တောင်သာလွန်သေးသည်။

သူ့တပည့်က ဒီလိုလူနဲ့ လောင်းဖို့ သတ္တိရှိတာတဲ့လား။

သေခြင်းတရားကို မီးပုံးထွန်းပြီးရှာတာနဲ့ အတူတူဘဲ မဟုတ်လား။

အပိုင်း ( ၃၀၀ )

ဘာတွေဖြစ်နေတာလဲ

" မိတ်ဆွေလေးယဲ့၊ ဒီမှာထပ်တွေ့ရမယ်လို့ ထင်မထားဘူး။ ဘယ်လောက်ဂုဏ်ယူစရာကောင်းလိုက်လဲ "

မန်းဒုန်ဟိုင်းက ယဲ့ဖန်ကို မှတ်မိပြီးတဲ့နောက် သူ့ဆီကို ချက်ချင်းလျှောက်သွားပြီး နှုတ်ဆက်သည်။

ထိုအခါ လုရှောင်ရ၊ ကျုံးလင်းအယ်၊ ကုန်းလန်ချန်းနှင့် အခြားသူတွေက ကြောင်အသွားရသည်။

မန်းဒုန်ဟိုင်းက ယဲ့ဖန်ကိုသိတာလား။

ဘာတွေဖြစ်နေတာလဲ။

ယဲ့ဖန်က မန်းဒုန်ဟိုင်းကို တစ်ချက်သာကြည့်လိုက်ပြီး ထိုင်ရာက မထပေ။ ခေါင်းကိုသာ အနည်းငယ်ငြိမ့်ပြလိုက်သည်။

" ဆရာကြီးမန်း၊ မတွေ့တာတောင်ကြာပြီ "

သူ့ဆရာအပေါ် ရိုင်းပျနေတာကြောင့် ကုန်းလန်ချန်းစိတ်တိုသွားသည်။

" ယဲ့မျိုးရိုးနဲ့ကောင်၊ ငါ့ဆရာက မင်းကို မျက်နှာသာပေးပြီး လာနှုတ်ဆက်တာတောင်လွန်လှပြီ။ မင်းက ဘာအချိုးချိုးတာလဲ "

ယဲ့ဖန်က ဘာမှမပြောရသေးခင်မှာဘဲ မန်းဒုန်ဟိုင်းက သူ့ကိုလှည့်ပြီးဆူလိုက်သည်။

" ဘာလို့ ယဲ့လူကြီးမင်းကို အဲ့လိုပြောရတာလဲ။ ရိုင်းလိုက်တာ။ မြန်မြန် ယဲ့လူကြီးမင်းကို တောင်းပန်လိုက် "

ကုန်းလန်ချန်းက ကြောင်သွားသည်။

လုရှောင်ရလည်း ကြောင်သွားသည်။

ကျုံးလင်းအယ်လည်းဘဲ ကြောင်သွားရသည်။

ဘေးမှာကြည့်နေကြတဲ့သူတွေလည်း အကုန် ကြောင်သွားသည်။

" ရိုင်းတယ်တဲ့လား။ ဆရာကြီးမိန်းရဲ့တပည့်က အဲ့လူငယ်လေးထက် အသက်ကြီးတယ်မဟုတ်လား "

" ဆရာကြီးမိန်းက လုပ်ငန်းဝါစဉ်ကိုပြောတာဖြစ်မယ်၊ ဟုတ်တယ်မလား "

" ဘာတွေဖြစ်နေတာလဲ။ ဒီလူငယ်လေးက ဘယ်သူလဲ။ ဆရာကြီးမိန်းက သူ့ကို အတော်လေးတန်ဖိုးထားပုံရတယ် "

" ဆရာကြီးမိန်းက တန်ဖိုးထားရုံတင်မဟုတ်ဘဲ မျက်နှာချိုသေးတယ်လို့တောင် ထင်ရသေးတယ် "

" ဆရာကြီးမိန်းက ကျုံးဟိုင်ရဲ့ ရှေးဟောင်းပစ္စည်းလောကမှာ အလေးစားခံရတဲ့သူဘဲ။ ယုံဖို့တောင်ခက်တယ် "

" မျက်စိနဲ့ကိုယ်တိုင်မြင်တာသာမဟုတ်ရင် သေအောင်ရိုက်တောင် ယုံမှာမဟုတ်ဘူး "

" .............. "

ကျုံးလင်းအယ်ကလည်း နည်းနည်းစိတ်ရှုပ်ထွေးနေသည်။

မန်းဒုန်ဟိုင်း၏အနေအထားက သာမန်မဟုတ်ပေ။

သူ့ကို ဒီလောက်လေးလေးစားစားဖြစ်အောင် လုပ်နိုင်တဲ့သူအရေအတွက်ကို လက်ချိုးရေလို့ ရနိုင်တယ်မဟုတ်လား။

သူမနဲ့ပြိုင်နေတဲ့ သူက ဘာ ဘာကြီးဖြစ်နေတာလဲ။

ဆရာကြီးမန်းကတောင် သူ့ကို ဒီလိုလေးလေးစားစား ဆက်ဆံအောင် ဘယ်လိုလုပ်ထားတာလဲ။

ထိုအတွေးဖြင့် သူမက လုရှောင်ရကို အမြန်ကြည့်လိုက်သည်။

သူမ အဖြေကို ရှာချင်မိသည်။

သို့သော် လုရှောင်ရသည်လည်း သူမကဲ့သို့ပင် စိတ်ရှုပ်ထွေးနေခဲ့သည်။

မန်းဒုန်ဟိုင်းက သူ့ကို လေးစားအောင် ယဲ့ဖန်ဘာတွေလုပ်ခဲ့လဲဆိုတာ သူမ မသိပေ။

ဒီနေ့ ယဲ့ဖန်ရဲ့ လုပ်ရပ်တွေက သူမကို စိတ်ပျက်စေခဲ့သည်။

သူမသည် နာကြည်းမှုအပြည့်ရှိနေဆဲဖြစ်သည်။

သို့သော် မန်းဒုန်ဟိုင်းသဘောထားကတော့ ယဲ့ဖန်အပေါ် အလွန်တန်ဖိုးထားပုံရ‌နေသည်။

ဘာအကြောင်းကြောင့်လဲ။

ဝမ်ပိုင်မင်းပင် အနည်းငယ် အံ့သြသွားသည်။

သူသည် လုမိသားစု၏အကူဖြစ်ပေမဲ့ အလွန်ပညာတတ်သူဟု ဆိုနိုင်သည်။

သို့သော် ဒါမတိုင်မီတွင် သူသည် ယဲ့ဖန်၏ရှေးဟောင်းပစ္စည်းအရည်အချင်းကို မတွေ့ခဲ့ရပေ။

ယဲ့ဖန်က ပြိုင်ပွဲတစ်လျှောက်မှာ အတော်လေးစိတ်မ၀င်စားတာကြောင့် သူ အနည်းငယ် မပျော်မရွှင် ဖြစ်ခဲ့ရသည်။

ဝမ်ပိုင်မင်းသည် အခြားသူများထက် အားနည်းနေခြင်းက ရှက်စရာမဟုတ်ဟု ခံယူသည်။

ရှက်စရာကောင်းတာက သူတို့က ပြိုင်ပွဲအပေါ်ထားတဲ့ မမှန်ကန်တဲ့သဘောထားဖြစ်သည်။

ယဲ့ဖန်နဲ့ပတ်သက်တဲ့ ထိုအချက်ကို သူမကြိုက်ပေ။

ထို့ကြောင့် သူက ယဲ့ဖန်ကို ကောင်းကောင်း အထင်ကြီးခြင်း မရှိခဲ့ပေ။

သို့သော် အခု သူ့အပေါ် မန်းဒုန်ဟိုင်း၏သဘောထားကို မြင်လိုက်ရတဲ့အခါ .....

သူ အမှားလုပ်မိသွားတာ ဖြစ်နေမလား။

ဒီကလေးက တကယ်တော့ လျှို့ဝှက်ကျွမ်းကျင်တဲ့သူတစ်ယောက်လား။

စိတ်ဓာတ်အကျဆုံးသူမှာတော့ ကုန်းလန်ချန်းဖြစ်သည်။

ယဲ့ဖန်သည် သူ့ဆရာသခင်အပေါ် ရိုင်းသည်ကို မြင်တဲ့အခါ သူက သူ့ဆရာအစား လက်စားချေလိုပေမဲ့ အပြစ်တင်ခံရမယ်လို့ သူ မမျှော်လင့်ထားပေ။

အလွန်အမင်းမှားယွင်းသွားသည်ဟု ခံစားမိသည်။

" ဆရာ၊ ဒီကောင်က ရိုင်းနေတာကို ဘာလို့ကာကွယ်ပေးနေတာလဲ "

သူ့မေးခွန်းက အားလုံး၏အတွေးကို ကိုယ်စားပြုသည်။

မန်းဒုန်ဟိုင်းက ချက်ချင်း ရှင်းပြသည်။

" ဟိုတလောက အကဲဖြတ်တဲ့ပွဲမှာ ရှေးဟောင်းပညာရှင်လူငယ်တစ်ယောက်နဲ့ တွေ့ဖူးတယ်လို့ ပြောခဲ့တာ မှတ်မိသေးလား "

" ဟုတ်ကဲ့ မှတ်မိပါတယ် "

ကုန်းလန်ချန်းက ခေါင်းငြိမ့်လိုက်သည်။

အဲ့ဒီနေ့တုန်းက သူ့ဆရာက ပြန်လာပြီးပြောသည်။

အကဲဖြတ်တဲ့ပွဲမှာ အမှားလုပ်မိလုနီးပါး ဖြစ်ခဲ့တယ်လို့ ဆိုသည်။

ကံကောင်းထောက်မစွာဖြင့် လူငယ်ရှေးဟောင်းပစ္စည်းဆရာကြီးတစ်ဦးက အချိန်မီပေါ်လာပြီး သူ့အမှားကို ပြင်ပေးခဲ့သည်။

ကြီးကြီးမားမား အမှားမပြုလုပ်မိစေရန် တားဆီးနိုင်ခဲ့သည်။

သူ့ဂုဏ်သိက္ခာကို ကာကွယ်ခဲ့သည်။

သို့ပေမဲ့ သူ့ဆရာက ဘာ့ကြောင့် ဒီလိုလုပ်ရမှန်း အခုထိ နားမလည်ပေ။

မန်းဒုန်ဟိုင်းသည် ယဲ့ဖန်ကိုညွှန်ပြလိုက်သည်။

" အဲ့တာက ငါပြောခဲ့တဲ့ ရှေးဟောင်းပစ္စည်းပညာရှင်လူငယ်ဘဲ "

ကုန်းလန်ချန်းသည် အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

" သူက အဲ့ဒီပညာရှင်လို့ ပြောနေတာလား။ လူမှားတာမဟုတ်ဘူးလား "

ယဲ့ဖန်၏ဒီနေ့အပြုအမူတွေအရ သူက အပျော်တမ်းသမားဖြစ်ကြောင်း ဖော်ပြနေသည်။

ဒီလိုလူက တကယ်ဘဲ သူ့ဆ

ရာချီးကျူးရတဲ့ ပညာရှင်လား။

အမှားတစ်ခုခုများရှိနေတာလား။

မန်းဒုန်ဟိုင်း၏ စကားကြောင့် တစ်ချိန်တည်းမှာလည်း လူအုပ်ကြီးထံမှ ပြင်းထန်သောတုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

" ငါနားကြားမမှားဘူးဟုတ်လား။ ဆရာကြီးမန်းက ဒီလူငယ်ကို ရှေးဟောင်းပစ္စည်းပညာရှင်လို့ပြောလိုက်တာလား "

" ဆရာကြီးမန်းရဲ့ အသိအမှတ်ပြုတာတောင်ခံရတော့ ဒီလူငယ်က ရှေးဟောင်းပစ္စည်းတွေကို နက်နက်နဲနဲနားလည်ပုံရတယ် "

" ဒီလူငယ်လေးက အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတယ်။ နောက်နေတာတော့မဟုတ်ဘူးမလား "

" ဆရာကြီးမန်းက နောက်နေတဲ့ပုံတော့မပေါ်ဘူး။ ဒီလူငယ်က တကယ် အစွမ်းထက်တာလား "

" ဒါပေမယ့် အခုက သူ့ရဲ့ စွမ်းဆောင်ရည်အရတော့ သူက အရည်အချင်းရှိတဲ့သူတစ်ယောက်လို မဟုတ်ဘူး "

" ဆရာကြီးမန်းက အထင်လွဲနေတာ ဖြစ်နိုင်လား။ တကယ်တော့ ပညာရှိတစ်ယောက်လည်း အမှားလုပ်မိနိုင်တာဘဲ "

" အဲ့တာက အဓိပ္ပာယ်ရှိတယ် ...... "

အံ့အားသင့်ဆုံးသူမှာ လုရှောင်ရဖြစ်သည်။

သူမ နားကိုပင် မယုံနိုင်ပေ။

ဆရာကြီးမန်းက ယဲ့ဖန်ကို ရှေးဟောင်း ပစ္စည်းဆရာကြီးလို့ ပြောခဲ့တာ အမှန်ဘဲလား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒီနေ့ သူ့လုပ်ရပ်ရဲ့ ဘယ်နားက ပညာရှင်အသွင်အပြင်နဲ့ ကိုက်ညီနေလို့လဲ။

ဆရာကြီးမန်းက နားလည်မှုလွဲနေတာ ဖြစ်နိုင်တယ်။

မန်းဒုန်ဟိုင်းသည် လူတိုင်းက အနည်းငယ် စိတ်ရှုပ်သွားသည်ကို မြင်လိုက်ရသည်။

သူက ဆက်ပြီး ရှင်းပြတော့မယ့်အချိန်မှာ ယဲ့ဖန်က သူ့ကို တားလိုက်သည်။

" ဆရာကြီးမန်း၊ အဲ့ဒီနေ့က ကျွန်တော်က ကြက်ကန်းဆန်အိုးတိုးတာပါ။ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ကျွန်တော်က ရှေးဟောင်းပစ္စည်းဆရာ ကြီးမဟုတ်ပါဘူး။ ကျွန်တော်က ရှေးဟောင်းပစ္စည်းနယ်ပယ်မှာ လူပြိန်းတစ်ယောက်ပါဘဲ "

မန်းဒုန်ဟိုင်းက သူ့ရှင်းပြချက်ကို လက်မခံပေ။

ဘယ်ရှေးဟောင်းစာအုပ်၊ ဘယ်စာအုပ်မှာ နဂါးခွက်ကိုးပါလဲဆိုတာတောင် မှတ်မိတဲ့သူက ဘယ်လိုဖြစ်နိုင်မလဲ။

ပြီးတော့ ဒီနေ့ ကျပန်းရွေးချယ်ခဲ့တဲ့ ပန်းချီကားတွေကလည်း ရှားပါးပြီး လက်ရာမြောက်လှသည်။

ဒါက ကြက်ကန်းဆန်အိုးတိုးတာ ဖြစ်နိုင်ပါ့မလား။

ဒါဆို ဒီကြက်ကန်းက ကံကောင်းလွန်းနေတာမဟုတ်ဘူးလား။

သူ့စိတ်ထဲမှာ အဲ့ဒီလိုတွေးနေပေမယ့် ယဲ့ဖန်ရဲ့ ဆုံးဖြတ်ချက်ကို သူက လေးစားစဲဖြစ်သည်။

ယဲ့ဖန်သည် လူသိမများချင်တာကြောင့် ရှင်းပြခွင့်မပေးပေ။

သို့ပေမဲ့ သူ့စိတ်ထဲမှာတော့ ဒီပွဲကို ဆက်ကစားနေစရာအကြောင်းမရှိဘူးဟုထင်သည်။

သူက သူ့တပည့်၏အရည်အချင်းတွေကို သူသိသည်။

ယဲ့ဖန်လို ဆရာကြီးအနေအထားနဲ့ တိုက်ရိုက်ကြုံပါက ...... သူ့ဆရာဖြစ်တဲ့သူကိုယ်တိုင် ဝင်ပါလျှင်တောင် ထိခိုက်ရပေမည်။

All Chapters