← Chapters

စစ်ရှီးယဲ့၏သတင်းစကား

Vol. 17 Ch. 243

စစ်ရှီးယဲ့၏သတင်းစကား

Vol. 17 Ch. 243

“လူယုတ်မာ..”

ကျို့ယင်သည် ကွဲစရာအဆုပ်မရှိသော်လည်း အဆုပ်ကွဲလုမတက်သံနှင့် အော်ဟစ်လိုက်၏။ သို့သော် ဟွမ်းသည် မကြားတော့ပေ။ နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်မှ ထွက်ခွာသွားသောကြောင့်ပင်။

သူသည် ဤကုန်းမြေများ၏ တည်ဆောက်ပုံများကို နားလည်သွားပြီဖြစ်သည်။ ထို့အပြင် ကျီယွမ်ကုန်းမြေထက်ပင် မြင့်မားသည့် နေရာများ ရှိနေသည်ကို သိရှိလိုက်၏။

ကျို့ယင်ကို မသတ်ဖြတ်သည့် အကြောင်းအရင်းများ ထိုသားရဲသည် အကြောင်းအရာတော်တော်များများကို သိရှိနေသောကြောင့် သူ့အတွက်အသုံးဝင်၏။

သို့သော် ကျို့ယင်၏ လုပ်ရပ်များကို ခွင့်လွှတ်ပေးခြင်းမရှိချေ။

“အား..”

ဟွမ်းထွက်ခွာသွားသည်နှင့် သူ၏ ဝိညာဉ်ပေါ်သို့ သက်ရောက်လာသည့် ဖိအားသည် နှစ်ဆခန့် မြင့်မားသွားသည်။

ကျို့ယင်သည် ဒေါသတကြီး ဆဲရေးတိုင်းထွာမှုများ ပြုနေ၏။

ဟွမ်းသည် နန်းတော်၏ ဟောခန်းမတွင် ထိုင်နေကာ တင်ပြချက်များကို နားထောင်နေ၏။

“အရှင်..၊ အမှောင်ဝိညာဉ်အကြောင်း ထုတ်ပြန်ပြီးတဲ့နောက်မှာ အဖွဲ့အစည်း အတော်များများက လက်အောက်ခံအဖြစ်ဝင်ချင်နေကြတယ်..၊ အရှင့်ရဲ့ သဘောထားကို စောင့်ဆိုင်းနေတာပါ..”

သွမ့်မုယီသည် ဦးစွာဆိုလိုက်၏။ ကျီယွမ်ကုန်းမြေ၏ ကျင့်ကြံသူများသည် အမှောင်ဝိညာဉ်အကြောင်း ကြားသိပြိးနောက်တွင် သူတို့၏ ပူပန်မှုများမြင့်တက်လာကြသည်။

ထို့အပြင် အင်အားကြီးမျိုးနွယ်များပင် မရှိတော့သောကြောင့် သူတို့တွင် ခိုလှုံရာကင်းမဲ့နေပြီဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် အင်အားကြီးအဖွဲ့အစည်းဖြစ်သည့် ဟွမ်းရှန့်နန်းတော်ထံမှ အကာကွယ်ယူရန် ဆုံးဖြတ်လိုက်ကြ၏။

သို့သော် ထိုမရာကို ယုံကြည်မှု မရှိသောသူများ ဒုနှင့်ဒေးပင်။

“ဝင်ခွင့်ပြုလိုက်ပါ..၊ အဲ့ဒီကိစ္စတွေကို ခင်ဗျားကိုင်တွယ်လိုက်..၊ ပြီးရင် လက်အောက်ခံဖြစ်တဲ့ အဖွဲ့အစည်းတွေကို အကြီးအကဲမုန့်ကို တင်ပြလိုက်..”

ဟွမ်းသည် အစီစဉ်များချမှတ်ပေးကာ သွမ့်မုယီကို တာဝန်ပေးလိုက်သည်။ ထိုသို့ ကိစ္စများကို သူကိုယ်တိုင် အချိန်ယူဖြေရှင်းနေရန် မလိုပေ။

ထို့အပြင် ထိုအဖွဲ့အစည်းများထံမှ ဝိညာဉ်ကျောက်များ ကောက်ခံစေသည်။ ဘယ်အရာမျှ အလကားမရချေ။ ထိုက်သင့်သည့် တန်ဖိုးတော့ ပေးချေရမည်ဖြစ်သည်။

သို့သော် ဟွမ်းရှန့်နန်းတော်အနနှင့် ဝိညာဉ်ကျောက်များအတွက်လည်း ပြန်လည် ကာကွယ်မှု ပေးရန်လိုအပ်သည်။

လက်အောက်ခံများ အတွက် သတင်းပို့ အဆောင်များ ပေးအပ်မည်ဖြစ်သည်။

သူသည် ဝိညာဉ်ကျောက်များ၏ တန်ဖိုးကို နားမလည်သောကြောင့် ချုးယွီဟွာနှင့် ဝမ်မုန့်ယွင်တို့ကိုသာ တာဝန်ပေးလိုက်၏။

“ကျုပ်တာဝန် မပျက်စေရပါဘူး..”

သွမ့်မုယီသည် ထိုအရာများကို မှတ်သားလိုက်၏။

“အရှင် မြူနှင်းမြို့တော်ကို ဆက်ပြီး တိုးချဲ့ဖို့လိုနေပြီ..၊ အိမ်တော်ငယ်လေးတွေအတော်များများက မြူနှင်းမြို့ကိုလာရောက်ခိုလှုံတာကြောင့် ကျင့်ကြံသူအရေအတွက်က အတော်လေး များပြားလာပြီ..”

ရှင်းဝေ့ကျန်းသည် သူ၏ အခက်အခဲကိုပြောဆိုလိုက်၏။ သူနှင့်ဟေးချုံးသည့် မြူနှင်းမြို့ကို တလှည့်စီတာဝန်ယူကာ ကျင့်ကြံခဲ့သောကြောင့် အဆင့်သုံးကျင့်ကြံသူပင် ဖြစ်လာတော့သည်။

သို့သော်လက်ရှိအခြေအနေတွင် မြို့ကိုစီမံရာတွင် သူတို့နှစ်ဦးနှင့် မလုံလောက်တော့ပေ။

“မြို့တော်ကို တိုးချဲ့လိုက်ပါ..၊ လက်ထောက်မြို့သခင်နေရာကို ဟုန်ကျွင်းနဲ့ မိန်းကလေးချီက ပူးပေါင်း တာဝန်ယူလိမ့်မယ်..”

ဟွမ်းသည် စီမံပေးလိုက်၏။ ထိုက်ဟုန်ကျွင်းသည် ဟွမ်းရှန့်နန်းတော်သို့ ရောက်ရှိချိန်ကတည်းက ကျင့်ကြံမှုတွင်သာ အာရုံစိုက်ခဲ့သည်။ ထို့ကြောင့် ချီမင်ယောင်နှင့် အတူ အဆင့်လေးကျင့်ကြံသူများ ဖြစ်လာကြတော့၏။

သူတို့၏ စွမ်းအားသည် မလုံလောက်သေးသော်လည်း ထိုလေးဦးနှင့် မြို့တစ်မြို့စီမံရန် မခက်ခဲတော့ပေ။

ဟွမ်းသည် သူမြို့သခင်နေရာကို စဉ်းစားထားပြီးဖြစ်သည်။ သို့သော် အချိန်မကျရောက်သေးပေ။ လက်ထောက်မြို့သခင်များနှင့် လုံလောက်နေသေးသည်။

ထို့ကြောင့် ထိုက်ဟုန်ကျွင်းကိုလည်း လက်ထောက်မြို့သခင်နေရာယူစေခဲ့သည်။ ထိုအကြောင်းအရာဆွေးနွေးစဉ်က ချီမင်ယောင်သည် သူမပါ မြူနှင်းမြို့ကို စီမံရာတွင် ကူညီလိုကြောင်း တောင်းဆိုခဲ့သည်။

ထို့ကြောင့် ခွင့်ပြုချက်ပေးလိုက်၏။ ယခင်က ကုန်းမြေတစ်ခု၏ ထိပ်သီးလေးဦးသည် ယခုတွင် မြို့တစ်မြို့ကို အတူတကွ စီမံကြတော့မည်ဖြစ်သည်။

လအနည်းငယ်ကြာပြီးနောက်တွင် ကျီယွမ်ကုန်းမြေသည် တဖြည်းဖြည်း အသားကျလာခဲ့၏။ ထို့အပြင် အရာရာသည် တိတ်ဆိတ်တည်ငြိမ်နေပြီး အေးအေးချမ်းချမ်းရှိနေသည်။

ဤသို့နှင့် နှစ်ဝက်ခန့်ကုန်ဆုံးသွား၏။ ဟွမ်းသည် တပည့်များရရှိလာသည်မှာ ဆယ်နှစ်ပင် ရှိပြီဖြစ်သည်။ သူ၏ တပည့်များကြောင့်ပင် လောကရေးရာ အရှုပ်အထွေးများကို ထည်းထည်းဝင်ဝင် သိရှိလာရ၏။

တစ်ရက်တွင် ချုံးမင်ကိုယ်တိုင် ဟွမ်းရှန့်နန်းတော်သို့ အလောတကြီး ရောက်ရှိလာခဲ့၏။ သူ၏ ပုံစံသည် အလွန်အလျင်လိုနေဟန်ရှိသည်။

“ဘာဖြစ်တာလဲ..”

ချုံးမင်၏ အလောတကြီး ဝင်ရောက်လာမှုကြောင့် ဟွမ်းသည် မေးမြန်းလိုက်၏။

“အရှင်..၊ အဆင့်သုံး နယ်မြေတော်တော်များများမှာ အမှောင်စွမ်းအင်တွေ ထွက်ပေါ်လာနေပြီ..”

ချုံးမင်သည် ရေးကြီးသုတ်ပြာပြောလိုက်သည်။ ဟွမ်းသည် အနည်းငယ်စဉ်းစားပြီးနောက် မေးလိုက်၏။

“သက်ရောက်ခံရသူတွေရှိလာပြီလား..”

“တစ်ချို့နယ်မြေတွေမှာ သက်ရောက်ခံရသူတွေရှိနေပြီ..၊ အဆင့်နိမ့်သေးလို့..ဖြေရှင်းလိုက်နိုင်ပေမဲ့ ဒီထက်ပိုပြီးဆိုးလာရင် ကျုပ်တို့ မထိန်းချုပ်နိုင်တော့မှာ စိုးမိတယ်..”

ချုံးမင်၏ မျက်နှာသည် မှုံတေနေကာ ဆိုလိုက်သည်။ သူ၏ စွမ်းအားနှင့် များပြားလှသည့် ကုန်းမြေများ၏ အခြေအနေများကို မထိမ်းသိမ်းနိုင်ချေ။

ထို့အပြင် မဟာ နတ်အင်ပါယာများသည် နည်းပါးလွန်းလှသည်။ ထို့ကြောင့် ထိန်းချုပ်နိုင်ရန် ပို၍ပင် ခက်ခဲနေ၏။

“အမှောင်စွမ်းအင်တွေ ထွက်ပေါ်လာပြီးရင် တားဆီးလို့မရတော့ဘူး..၊ ခင်ဗျားတို့ လုပ်နိုင်တာက အခြားဂိုဏ်းလေးခုရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး နယ်မြေတွေပေါင်းစည်းဖို့ပဲ..၊ ပြီးရင် အတူတကွ ခုခံဖို့ပြင်ဆင်ကြ..”

ဟွမ်းသည် အကြံပေးလိုက်၏။ အမှောင်စွမ်းအင်များကို သူကိုယ်တိုင်ပင် မဖြေရှင်းနိုင်သေးချေ။ သူ့တွင် ထိုစွမ်းအင်များက မသက်ရောက်နိုင်သော်လည်း အခြားကျင့်ကြံသူများ အတွက်မတူညီပေ။

“ဒါပေမဲ့ အရှင်..၊ နယ်မြေတွေအားလုံးမှာ အမှောင်စွမ်းအင် သက်ရောက်နေပြီ..”

ချုံးမင်သည် စိတ်ဓာတ်ကျစွာ ပြောဆိုလိုက်သည်။ ကောင်းကင်တံခါးဂိုဏ်းကဲ့သို့ ကုန်းမြေကြီးပင် ဆိုးဆိုးဝါးဝါးသက်ရောက်နေပြီ ဖြစ်၏။ အခြားအားနည်းသည့် ကုန်းမြေများတွင်ပို၍ ဆိုးဝါးပေမည်။

ဟွမ်းသည် မျက်မှောင်ကြုတ်သွား၏။ အနီးအနားရှိ ကုန်းမြေအားလုံးသက်ရောက်နေဟန်ရသော်လည်း ကျီယွမ်ကုန်းမြေသည် အဆင်ပြေနေသည်။

ခဏကြာ စဉ်းစားပြီးနောက် ရွှေရောင်သစ်ပင်ငယ်လေး၏ အကြောင်းကို အမှတ်ရသွား၏။ ထိုသစ်ပင်လေးသည် အမှောင်စွမ်းအင်များကို ချေဖြတ်သန့်စင်နိုင်သည်။

ထို့အပြင် ရွှေရောင်သစ်ပင်ငယ်လေးသည် ဟွန်းရှန့်နန်းတော်အတွင်းတွင် စိုက်ပျိုးထားခြင်းဖြစ်၏။

‘ရွှေရောင်သစ်ပင်ငယ်လေးကြောင့်..၊ အမှောင်စွမ်းအင်တွေက ကျီယွမ်ကုန်းမြေကို မသက်ရောက်နိုင်သေးတာလား..’

ဟွမ်းသည် တစ်ခုခု ပြောမည်အပြုတွင် သူ၏ အသံပို့လွှတ်ခြင်း အဆောင်သည် တုန်ခါသွားသည်။ ဟွမ်းသည် ထိုအဆောင်ကို စစ်ဆေးလိုက်၏။ ထိုအဆောင်အတွင်းမှ စစ်ရှီးယဲ့၏ အလောတကြီးစကားသံကို ကြားလိုက်ရသည်။

“အရှင်နတ်နန်းမြို့တော်ကို အမှောင်ထုက ဝါးမြိုသွားပြီ..၊ ကျုပ်..ကျုပ်မတားဆီးနိုင်ခဲ့ဘူး..”

ချုံးမင်ပင် ထိုအသံကြောင့် အထိတ်ထိတ်အလန့်လန့်ဖြစ်သွားရ၏။ နတ်နန်းမြို့တော်သခင်သည် ခန့်မှန်း၍ မရသည့် စွမ်းအားမျိုးပိုင်ဆိုင်ထားသူဖြစ်သည်။ သို့သော် သူပင် နတ်နန်းမြို့တော်ကို မကာကွယ်နိုင်ခဲ့ချေ။

ချုံးမင်သည် သူတို့၏ အနာဂတ်ကိုတွေးမိကာ စိတ်ပျက်အားငယ်သွားတော့၏။

စစ်ရှီးယဲ့၏ သတင်းစကားသည် ထိုနေရာတွင် ပြတ်တောက်သွား၏။ ဟွမ်းသည် အလေးနက်တွေးတောနေသည်။ ထို့နောက် ချုံးမင်ကို ကြည့်ကာ ဆိုလိုက်၏။

“ခင်ဗျားတို့ရဲ့ အရင်က ရာထူးဂုဏ်ဒြပ်တွေကို စွန့်လွှတ်နိုင်ရင် ကျုပ်တက်နိုင်တာကူညီပေးမယ်..”

“အရှင် တကယ်ပြောတာလား..”

ချုံးမင်သည် ဟွမ်း၏ စကားကြောင့် ပျော်ရွှင်သွား၏။

“ဒီကုန်းမြေကို ရွှေ့ပြောင်းပြီး ဟွမ်းရှန့်နန်းတော်ရဲ့ လက်အောက်ကို ဝင်ရောက်မယ်ဆိုရင် မင်းတို့အတွက် နေရာပေးမယ်..”

ဟွမ်းသည် ထိုအကြောင်းအရာကို အလေးနက်စဉ်းစားခဲ့သည်။ အဆင့်နှစ်နယ်မြေမရှိတော့သောကြောင့် ထိုအမှောင်စွမ်းအင်များကို ရင်ဆိုင်ရန် စွမ်းအားရှင်များ မရှိသလောက်ပင် ဖြစ်သွား၏။

ထို့ကြောင့် သူသည် ကျန်ရှိသည့်နယ်မြေများကို စုစည်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မူလကရှိခဲ့သည့် ရာထူးဂုဏ်များကို ပေးမည်မဟုတ်ပေ။

ဟွမ်းသည် စကားဆက်လိုက်၏။

“ဒါပေမဲ့..၊ ကျီယွမ်ကုန်းမြေက ထင်သလောက်မကျယ်ဝန်းဘူး..”

All Chapters