← Chapters

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆) သေခြင်းနှင့်ရှင်ခြင်းကို ဆုပ်ကိုင်ထားနိုင်သော စစ်မှန်သောစွမ်းအား

ဖူဂျိတာ့ မိကီသည် မျက်နှာအမူအရာအေးခဲစွာဖြင့် မတ်တပ်ရပ်လျက်ရှိသည်။ ဟာရုခို ရိုဆုခဲက သူ့ကိုယ်သူထိန်းချုပ်မထားတော့ဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ကိုယ်တိုင် ကိုင်တွယ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင် ရွှယ်အန်းက အေးစက်စွာပြောလိုက်သည်။

"ငါပြောတာက သူတို့က အသက်ကို အသက်နဲ့လဲလို့ရပေမယ့် မင်းမပါဘူး”

ဤသို့ပြောပြီးနောက် ချက်ချင်းပင် ဟာရုခို ရိုဆုခဲရှိရာသို့ ဓားအလင်းတန်းများသက်ဆင်းလာသည်။ ဟာရုခိုရိုဆုခဲသည် ထိတ်လန့်တုန်လှုပ်လျက် ဝင်လာသော ဓားအလင်းကို တားဆီးရန် ဖူဂျိတာ့ မိကီကို ဆွဲ၍ သူ့ရှေ့တွင် ကာလိုက်သည်။ သို့သော် ထိုအချိန်တွင် သူ၏လည်ချောင်း၌ သွေးစီးကြောင်းတစ်ကြောင်းပေါ်လာရာ ထိုမှတစ်ဆင့် တဖြည်းဖြည်း ကြီးလာ၍ သွေးများ ရေပန်းကဲ့သို့ ပန်းထွက်လာသည်။ ဟာရုခို ရိုဆုခဲသည် အချိန်အနည်းငယ်ကြာ လည်ခေါင်းခြစ်သံများဖြင့် အော်နေခဲ့ပြီးမှ နာကြည်းမှုအပြည့်ဖြင့်‌ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ရွှယ်အန်းကို ကိုင်တွယ်ရန် ဂျပန်မှ စေလွှတ်လိုက်သော နင်ဂျာအားလုံး ချေမှုန်းခံလိုက်ရပြီဖြစ်သည်။ ဖူဂျိတာ့ မိကီသည် သူမ၏အရိုးများထဲသို့ စိမ့်ဝင်သွားသော အအေးဓာတ်ကို ရုတ်တရက် ခံစားလိုက်ရသည်။

"မင်းအသက်ကို တခြားတစ်ယောက်နဲ့ လဲထားတာကြောင့် မင်းကို ငါသတ်မှာမဟုတ်ဘူး၊ ဒါပေမယ့် ငါ့ရဲ့စိတ်ရှည်မှုဟာ အကန့်အသတ်ရှိတယ်ဆိုတာ မင်းနားလည်မယ်လို့ ငါမျှော်လင့်ပါတယ်။ နားလည်ပြီလား"

ဖူဂျိတာ့ မိကီက တုန်လှုပ်စွာ ခေါင်းညိတ်ပြသည်။

ရွှယ်အန်းက မုန်တိုင်းထန်နေသော တိုကျိုကို ကြည့်၍ ရေရွတ်လိုက်သည်။

"ငါ တစ်ခါ ညှာတာပေးခဲ့ပြီးတာတောင် မင်းကအရှုံးပေးဖို့ ငြင်းနေတုန်းမို့... ဒီတစ်ခါ မင်း ဘယ်တော့မှ မမေ့နိုင်လောက်မယ့် သင်ခန်းစာတစ်ခု သင်ပေးမယ်"

ဓားအလင်းသည် ဧရာမနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားရာ ရွှယ်အန်းသည် ၎င်းပေါ်သို့ လှမ်းတက်၍ တိုကျို၏ အမြင့်ဆုံး အဆောက်အဦဖြစ်သည့် ကမ္ဘာ့ဦးသစ်ပင်၊ တိုကျိုတာဝါဟုခေါ်သော အရပ်ဆီသို့ ဦးတည်သွားခဲ့သည်။

ထိုဓားအလင်းသည် တိုကျိုတစ်ခွင်တွင်သို့ဖြတ်သန်းသွားခဲ့ရာ မရေမတွက်နိုင်အောင် များပြားလှသည့် ပုန်းကွယ်နေသော ဆရာများကို ထိတ်လန့်စေသည်။ တရားထိုင်သူ အများအပြားသည် ရုတ်တရက် မျက်လုံးများ ပွင့်လာ၍ ကောင်းကင်ကို မော့ကြည့်လျက် တုန်လှုပ်ခြောက်ခြားစွာပြောလိုက်ကြသည်။

"ဒီလောက် မြန်တဲ့ ဓားအရှိန်"

"ဒီလောက် ပြင်းတဲ့ ဓားအရှိန်"

"ဒီလူက ဘယ်သူလဲ"

ရွှယ်အန်း၏ ဓားအလင်းလမ်းကြောင်းနောက်သို့ မရေမတွက်နိုင်အောင်များပြားသော လူများလိုက်လာခဲ့ကြသည်။

ရွှယ်အန်း၏ နှုတ်ခမ်းထောင့်ဖျားတွင် ခပ်ပါးပါးအပြုံးတစ်ခု ဖျက်ခနဲပေါ်လာသည်။ သူလုပ်ချင်သည်မှာ ဤလူများကို စစ်မှန်သော စွမ်းအားက မည်သည်ကို ဆိုလိုသည်ကို ပြသရန်သာဖြစ်သည်။

ဓားအလင်းသည် ရပ်တန့်သွားသည်။

ရှေ့တွင် ကြီးကျယ်ခမ်းနားသော တိုကျိုမျှော်စင်ကို မြင်နေရပြီဖြစ်သည်။

ရွှယ်အန်းသည် လေထဲတွင် ငြိမ်သက်စွာ ရပ်နေသည်။

"လူကြီးမင်း၊ ဘာလို့များ ဒီလိုမျိုး ကမ္ဘာမြေကြီးကို ဖြိုခွဲနိုင်လောက်တဲ့ ဓားချီကို ထုတ်လွှတ်လိုက်ရတာလဲ” လူတစ်ယောက်က ကျယ်လောင်စွာအော်ပြောသည်။

ထိုအချိန်တွင် လျှပ်စီးအလင်းတစ်ခုလက်လာရာ လူအားလုံး ရွှယ်အန်း၏ မျက်နှာကို မြင်လိုက်ကြရသည်။

အချို့က တအံ့တသြ အော်ဟစ်ကြသည်။

"ရွှယ်အန်း၊ အဲ့တာ ရွှယ်အန်းပဲကွ”

တခြားသူများက ရွှယ်အန်းကမည်သူဖြစ်သည်ကို မသိကြသဖြင့် အချို့သိသောသူများက ပြောပြကြသည်။

"ဒီလူက ဟွာရှားက ကြောက်ဖို့ကောင်းတဲ့လူပဲ။ သိပ်မကြာခင်က ဆန်းဆိုဂျိဘုရားကျောင်းကိစ္စအတွက် သူ့မှာတာဝန်ရှိတယ်လို့ ပြောလို့ရတယ်”

ဤသည်ကိုကြားသောအခါ လူများစွာက ပင့်သက်ရှိုက်လိုက်မိကြသည်။ ဂျပန်မှ မရေမတွက်နိုင်အောင်များပြားလှသော ဆရာများက ဆန်းဆိုဂျိဘုရားကျောင်းတွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်၌ သေဆုံးခြင်း သို့မဟုတ် သေလုနီးပါးသော ဒဏ်ရာများကို ရခဲ့ကြသည်။

‘ဒီလူလုပ်တာ တကယ်ဖြစ်နိုင်ပါ့မလား’

ထိုအချိန်တွင် ရွှယ်အန်းက တည်ငြိမ်စွာပြောလိုက်သည်။

"ငါ ဂျပန်ကို တစ်ခုခုရှာဖို့ လာခဲ့တာ။ အခု ငါရှာတွေ့တော့ လူတချို့က ငါ့ကို ဒုက္ခပေးရဲနေတုန်းပဲ။ ဒါကြောင့် ငါ့ကို ဒေါသဖြစ်အောင်လုပ်ရင် ရမယ့် အကျိုးဆက်တွေကို မင်းတို့မြင်အောင် အခု သေချာပြပေးမယ်”

သူ ဤသို့ပြောလိုက်ပြီးနောက်တွင် ဓားအလင်းဖြင့်ဖြစ်ပေါ်နေသော နဂါးကြီးက ရုတ်တရက် ထွက်ပေါ်လာကာ မြင့်မားလှသော တိုကျိုမျှော်စင်ကို လှည့်ပတ်သွား၏။

ဘမ်း

တိုကျိုမြို့၏ အထင်ကရနေရာဖြစ်သည့် စတီးလ်ဖြင့်ပြုလုပ်ထားသော အထပ်မြင့်သည် ဤတစ်ချက်တည်းဖြင့် အပိုင်းသုံးပိုင်းကွဲသွားကာ တဖြည်းဖြည်း ပြုတ်ကျ၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ထိုစဥ် မိုးခြိမ်းသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသောကြောင့် လူအများ၏ နားစည်များတုန်ခါသွားသည်။ ဤကျယ်လောင်သော အသံကြောင့် တိုကျိုတစ်မြို့လုံးရှိ ပြည်သူများ နိုးထလာကြ၏။ ပြေးလိုက်လာသော ဆရာများပင်လျှင် ထိတ်လန့်မှုကြောင့် မျက်နှာများ ဖြူဖျော့လျက်ရှိသည်။ အချို့သော ကျင့်ကြံရေးအဆင့်နိမ့်သူများသည်မူ မြေပြင်ပေါ်သို့ တုန်လှုပ်စွာဖြင့် လဲကျကုန်၏။

ရွှယ်အန်းသည် လေထဲတွင် ရပ်နေမြဲရပ်နေလျက် ဘာသိဘာသာပြောလိုက်သည်။

"ကဲ၊ ကန့်ကွက်သူရှိလား"

မည်သူမျှ စကားပြန်မပြောဝံ့ကြပေ။ ဤနေရာကို ဆူညံသွားစေသည့် တစ်ခုတည်းသောအရာမှာ မိုးများ ပြင်းထန်စွာရွာချလိုက်ခြင်းပင်ဖြစ်သည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ၊ ဒါက မင်းတို့ကို ငါပေးခဲ့တဲ့ သင်ခန်းစာပဲ၊ ငါ့ကို ထပ်ပြီး ရန်စရဲရင်၊ ဒါက ရလဒ်ဖြစ်လာလိမ့်မယ်”

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ဓားကိုစီးကာ ထွက်ခွာသွားခဲ့သည်။

အဝေးသို့ ပျံထွက်သွားပြီဖြစ်ကြောင်းသေချာမှသာ ဤနေရာရှိ လူအများထံမှ သက်ပြင်းချသံများထွက်ပေါ်လာသည်။

“သူက ကျင့်စဥ်ဘယ်အဆင့်ရောက်နေပြီလဲ” လူတစ်ယောက်က အံ့အားသင့်စွာဖြင့် ကျယ်လောင်စွာပြောလိုက်သည်။

"ကျင့်စဥ်အဆင့်ကြောင့်ပဲဖြစ်ဖြစ် သူ့ဓားတာအိုတစ်ခုတည်းနဲ့ကို သူက အင်မော်တယ်လိုဖြစ်နေပြီ။ ငါတို့ ဂျပန်မှာ ဘယ်သူမှ သူ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး” လူတစ်ယောက်က ခါးသက်စွာပြုံး၍ ပြောသည်။

သို့သော် အများစုမှာ တိတ်ဆိတ်နေခဲ့သည်။

ထိုသို့သော အကြွင်းမဲ့အာဏာ ကွာဟမှုနှင့် ရင်ဆိုင်နေရချိန်တွင် ဤမာန်မာနကြီးသော ဂျပန်ပြည်၏ ဆာမူရိုင်းများအားလုံး ခေါင်းငုံ့လိုက်ကြရပြီဖြစ်သည်။

စားသောက်ဆိုင်သို့ ရွှယ်အန်းပြန်ရောက်သောအခါ လူတိုင်းက သူ့ကို ဖြူဖျော့သောမျက်နှာကိုယ်စီဖြင့် ကြည့်နေကြသည်။ အထူးသဖြင့် ရှက်တတ်သူများသည် ရွှယ်အန်းကို တစ္ဆေ သို့မဟုတ် နတ်ဘုရားကဲ့သို့ ရှုမြင်ကြသည်။

"ယောက်ျား၊ အခုဘာဖြစ်သွားတာလဲ ဘာလို့ ဒီလောက်ဆူညံနေတာလဲ”

အန်းယန်က အလန့်တကြားမေးလာသောအခါ ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ အေးဆေးစွာပြန်ဖြေလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ အဆင်မပြေလို့ တိုကျိုမျှော်စင်ကို ဖျက်လိုက်တာ"

"ဘာလဲ" ပင်ချောင်နှင့် ခါဝတ ခဲအိခို၏ မျက်လုံးများ တညီတညွတ်တည်း ပြူးကျယ်သွားသည်။

တိုကျိုမျှော်စင်။

တိုကျိုမျှော်စင်။

‘အဲ့တာ သံမဏိနဲ့လုပ်ထားတဲ့မျှော်စင်ကို သူတစ်ယောက်တည်းအားနဲ့ဖြိုချလိုက်တာလား’

အက်ဒ်ဝပ်၏ မျက်နှာသည်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"သွားကြစို့၊ အိမ်ပြန်ချိန်ရောက်ပြီ၊ မနက်ဖြန် ငါတို့တိုင်းပြည်ကို ပြန်နိုင်မယ်ထင်တယ်"

"တကယ်လား" အန်းယန် အလွန်အမင်းပျော်ရွှင်သွား၏။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် ပင်ချောင်နှင့် အခြားလူများကို အနည်းငယ်ပြုံးပြ၍ ယဥ်ကျေးစွာနှုတ်ဆက်ကာ

သူ့မိန်းမနှင့် သမီးများကို ခေါ်၍ တစ်မိသားစုလုံးထွက်လာခဲ့သည်။

ပင်ချောင်သည် ရွှယ်အန်း၏ နောက်ကျောကို စိုက်ကြည့်လျက် ရုတ်တရက် သဘောပေါက်သွားသည်။

သူမ၏ အိပ်မက်များနှင့် ဆန္ဒများအားလုံးသည် မိုက်မဲသော စိတ်ကူးယဉ်များမှလွဲ၍ အခြားအဓိပ္ပါယ်မရှိခဲ့ပေ။ ဆန်းဆိုဂျိဘုရားကျောင်းဖြစ်ရပ်နေ့မှစကာ ယနေ့အချိန်အထိ ဤသန်မာ၍ လျှို့ဝှက်ဆန်းကြယ်သောသူသည်

ပင်ချောင်ကို မယုံနိုင်လောက်အောင် ထိတ်လန့်စေခဲ့သည်။

သို့သော် သူနှင့် ရွှယ်အန်းကြားမှ ကွာဟချက်က မည်မျှ ဝမ်းနည်းဖွယ်ကောင်းသည်ကို သူမ သဘောပေါက်နားလည်၏

"မိန်းကလေး ပင်ချောင်၊ မင်းကို အိမ်ပြန်ပို့ပေးမယ်" အက်ဒ်ဝပ်က အတင်းပြုံးသည့်အပြုံးမျိုးပြုံး၍ပြောလိုက်သည်။

ပင်ချောင်က သူ့ကို တစ်ချက်ကြည့်ကာ စကားတစ်ခွန်းမျှ မပြောတော့ဘဲ သူမ၏ အချစ်ဆုံးသူငယ်ချင်း ခါဝတ ခဲအိခိုနှင့်အတူ ထွက်လာခဲ့သည်။

ဤညတွင် လူများစွာက အိပ်မပျော်နိုင်ခဲ့ကြပေ။ အခန်းထဲသို့ မနက်ခင်း၏ ပထမဆုံးနေရောင်ခြည်ဝင်လာချိန်တွင် တိုကျို၏ အထင်ကရပုဂ္ဂိုလ်များသည် ရွှယ်အန်းတည်းခိုသည့် ဗီလာအောက်တွင် စုရုံးနေကြပြီဖြစ်သည်။

ရွှယ်အန်း​အောက်​ထပ်​သို့​ရောက်​​သောအခါ အားလုံးက မတ်​တပ်​ရပ်​လိုက်​ကြသည်​။

"မစ္စတာရွှယ်"

ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်၏။

"ဘာကိစ္စရှိလို့လဲ၊ လိုအပ်တာတစ်ခုရှိလား"

ရွှယ်အန်းပြုံးနေသော်လည်း ထိုလူများအတွက် သူ့အပြုံးသည် မယုံနိုင်ဖွယ်‌ကောင်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည်။ ယမန်နေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ထိန်းမနိုင်သိမ်းမရနိုင်တော့သည်အထိ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

တိုကျိုမျှော်စင် ပြိုကျသွားသည်။

သာမန်လူများမသိခဲ့သည်မှာ ဤအရာများအားလုံး၏ နောက်ကွယ်မှအကြောင်းအရင်းက ဤနူးညံ့သိမ်မွေ့ပုံပေါ်သောသူဖြစ်သည်ဟုပင်ဆိုရပေလိမ့်မည်။

ဂျပန် အစိုးရမှ စေလွှတ်လိုက်သော သံတမန်သည် ချွေးစေးများကို သုတ်၍ ဖြူဖျော့စွာပြုံးလိုက်သည်။

“မစ္စတာ ရွှယ် ကျွန်တော်တို့ တောင်းပန်ဖို့လာခဲ့တာပါ၊ ကျွန်တော်တို့ကြားထဲမှာ နားလည်မှုလွဲတာလေးတွေ ရှိခဲ့လို့ စိတ်မကောင်းဖြစ်မိပါတယ်ဗျာ…” ၊

ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"အရမ်းကြောက်နေစရာ မလိုပါဘူး။ မနေ့ညက ငါလုပ်ခဲ့တာတွေက မင်းတို့ထဲက လူတချို့က စည်းအကြိမ်ကြိမ်လာကျော်နေလို့ပဲ။ အခု ငါလုပ်စရာမရှိတော့ဘူး။ သိပ်မကြာခင်မှာ ဒီဂျပန်ကနေ ငါပြန်တော့မှာပါ”

ရွှယ်အန်း၏ စကားကြောင့် ရောက်ရှိလာသူအားလုံးကို တိုးတိုးတိတ်တိတ်သက်ပြင်းချလိုက်ကြသည်။ ဤနတ်သုတ်သင်သူထွက်ခွာသွားတော့မည်မှာ အလွန်ကောင်းမွန်လွန်းလှသော ကိစ္စပင်ဖြစ်၏။ သံတမန်က ပို၍ပင် ဝမ်းသာသွားသည်။

"မစ္စတာ ရွှယ်၊ ဒီလိုဆိုရင် မင်းကို ပြန်ပို့ဖို့ အထူးလေယာဉ် စီစဉ်ပေးမယ်”

"မလိုပါဘူး၊ ငါပြန်ချငလို့ပြန်တာပဲဆိုတော့ ငါ့ဘာသာငါပြန်ပါ့မယ်။ ဘာလဲ။ မင်းတို့က ငါ့ကို အတင်း ထွက်သွားစေချင်နေတာလား”

ရွှယ်အန်း၏စကားကြောင့် သံတမန်သည် ချွေးစေးများထဲ၌ ထပ်မံနစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရပြန်သည်။

ရွှယ်အန်းက ဆိုဖာပေါ်ပြန်လှဲလိုက်၏။

"ဒါ့အပြင် တကဲအုချီ ခီယိုခိုက ငါ့ရဲ့ အကာအကွယ်အောက်မှာ ရှိနေတယ်။ မင်း ဘာလုပ်ရမယ်ဆိုတာ သိလား"

"ဟုတ်ကဲ့ သိပါတယ်" လူတိုင်းက လေးလေးနက်နက် ဦးညွတ်ကြသည်။

ဤပုဂ္ဂိုလ်များသည် အခြားအခြေအနေများတွင် မြင့်မြတ်သူများအဖြစ်သတ်မှတ်ခံထားရသည့်တိုင် ဤအခိုက်အတန့်တွင်မူ ၎င်းတို့က ရွှယ်အန်းကို ဦးညွတ်ရုံသာ ညွတ်နိုင်ကြတော့သည်။ ဤလူ၏ ရှေ့မှောက်တွင် ၎င်းတို့အားလုံး ကိစ္စတစ်ခုကို သဘောပေါက်သွားကြပြီဖြစ်၏။

လောကီစည်းစိမ်ဥစ္စာအားလုံးသည် သူ့အတွက် အသုံးမဝင်ပေ။ သူထိန်းချုပ်ထားသောအရာသည် အားလုံးထဲ၌ ကြောက်မက်ဖွယ်အကောင်းဆုံးစွမ်းအားဖြစ်သည်။

၎င်းသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းအပေါ်တွင် ကြီးမားသော အာဏာသက်ရောက်မှုရှိ၏။

အခန်း(၂၂၇) ဘယ်သူက မနာခံဘဲနေရဲတာလဲ၊ ဒယ်ပြားနဲ့ အရိုက်ခံစမ်း

တကဲအုချီ ခီရိုခို၏ မျက်လုံးများသည် ရွှယ်အန်းကို ကြည့်လျက် မျက်ရည်များဖြင့် ရွှဲနစ်လာသည်။ သူမ သူ့ကို မသွားစေချင်သေးပေ။

ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်၏။

“မင်းက ငါ့ကို သခင်လို့ခေါ်တယ်ဆိုမှတော့ မင်းလုံခြုံရေးအတွက် ငါမင်းကို ဒီဓား လက်ဆောင်ပေးခဲ့မယ်”

ဤသို့ပြော၍ ရွှယ်အန်းက အလင်းရောင်စီးမျောခြင်းဓားကို တကဲအုချီ ခီရိုခိုကို ပေးလိုက်သည်။

တကဲအုချီ ခီရိုခိုက ထိတ်လန့်တကြားကြည့်၍ အတင်းငြင်း၏။

“သခင်ရယ် ဒါကို လုံးဝလက်မခံဝံ့ပါဘူးရှင်၊ ဒါ သခင် တစ်ချိန်လုံး သယ်သွားနေကျ ဓားမလား၊ ဒါကို ကျွန်မကို ပေးလိုက်ရင် သခင်ဘာနဲ့သုံးမလဲ”

“ငါ့မျက်လုံးထဲမှာ ကမ္ဘာပေါ်က အရာအားလုံးက ဓားတစ်လတ်ဖြစ်နိုင်ပါတယ်။ ငါက ဒီပစ္စည်းကို စွဲလမ်းနေတာမျိုးမဟုတ်ဘူး။ ယူလိုက်၊ ဒီနေရာကို မင်းကိုယ်မင်း ကာကွယ်လာခဲ့တာ အရမ်းကြာနေပြီ၊ ဒီဓားက အဲ့မကောင်းတဲ့အကြံအစည်တွေအားလုံးကို တားဆီးပေးလိမ့်မယ်” ရွှယ်အန်းက ဘာသိဘာသာပြောသည်။

ထိုမှသာ တကဲအုချီ ခီရိုခို၏အမူအရာက ပြောင်းလဲသွား၍ လေးစားစွာဖြင့် အလင်းရောင်စီးမျောခြင်းဓားကို လက်ခံလိုက်သည်။

“သခင် စိတ်ချပါ၊ ကျွန်မ ဘယ်တော့မှ ဒီဓားရဲ့ စွမ်းအားကို မလေးမစားမလုပ်ပါဘူး”

ရွှယ်အန်းက အနည်းငယ်ခေါင်းညိတ်ပြလိုက်ပြီးနောက် အန်းယန်တို့နှင့်အတူ လေယာဥ်ပေါ်သို့တက်လာခဲ့သည်။ တကဲအုချီခီရိုခိုသည် ထိုနေရာတွင် နှလုံးသားတစ်ခုလုံး ဗလာကျင်းသွားသကဲ့သို့ ခံစားလျက် အချိန်အတန်ကြာအထိ ရပ်ကြည့်နေခဲ့သည်။

ခပ်ဝေးဝေးရှိ လေဆိပ်၏ ထောင့်တစ်နေရာတွင် ပင်ချောင်သည် ထွက်ခွာသွားပြီဖြစ်သော ရွှယ်အန်း၏ နောက်ကျောပြင်ကို ကြည့်လျက် သူမ၏ ဂါဝန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရာ ဖြူဖွေးသော လက်ဆစ်လေးများပင် နီရဲလာခဲ့သည်။

လေယာဥ်က ထွက်ခွာသွားပြီးနောက် ဟွာရှားသို့ ဦးတည်သွားသည်။

ဂျပန်နိုင်ငံ၏ အရေးပါသော ပုဂ္ဂိုလ်များအလယ်တွင်မူ အလွန်ပြင်းထန်သော အစည်းအဝေးတစ်ခု ကျင်းပလျက်ရှိ၏။

“စစ်တပ်ကို အခု ပို့လိုက်တော့ စစ်လေယာဥ်တစ်ခုတည်းနဲ့ ဒီလေယာဥ်လောက်ကို ပစ်ချလို့ရတယ်။ အဲ့တာဆို ငါတို့ ဂျပန်ရဲ့ အဓိက ခြိမ်းခြောက်မှုကြီးကို ဖယ်ရှားပစ်နိုင်လိမ့်မယ်” အသက်လတ်ပိုင်းလူတစ်ယောက်က ကျယ်လောင်သောအသံ၊ ဆိုးယုတ်သော အမူအရာဖြင့် ပြောသည်။

“ဒါပေမယ့် ရွှယ်အန်းရဲ့ ကျင့်ကြံရေးအဆင့်က နတ်အဆင့်ရောက်နေပြီ၊ မနေ့ညက ဘာဖြစ်သွားလဲဆိုတာ လူတိုင်းမြင်ကြတာပဲမလား။ သူသာ အသက်ရှင်ကျန်နေရင် ဘယ်သူက တိုက်နိုင်မှာလဲ” နောက်ထပ်လူတစ်ယောက်က ဝင်ပြောသည်။

အခန်းတွင်းရှိလူများသည် အလွန်ပြင်းထန်စွာ ငြင်းခုံနေခဲ့ကြရာ အဓိကခုံတွင်နိုင်နေသော ဝန်ကြီးချုပ်က ထောင့်တစ်ဖက်ရှိ ဖူဂျိတာ့ မိကီကို ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် သူမ၏ အရည်အချင်းဖြင့် ထိုနေရာတွင် ထိုင်ခွင့်ရလိမ့်မည်မဟုတ်သော်လည်း ရွှယ်အန်းကို ကိုယ်တွေ့မြင်လိုက်ရသူများအနက် သူမတစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သဖြင့် ဤအစည်းအဝေးပွဲသို့ တက်ရောက်ခွင့်ရခဲ့သည်။

“ဖုဂျိတာ့ မင်းဒါကို ဘယ်လိုမြင်လဲ”

ဖူဂျိတာ့ မိကီသည် စိတ်နှင့်ကိုယ်ကပ်မနေသကဲ့သို့ မျက်လုံးများက အသက်မဲ့နေသည်။ ဝန်ကြီးချုပ်၏ ခေါ်သံကို ကြားသောအခါ သူမ အသိစိတ်ပြန်ဝင်လာ၏။

“အာ.. ဝန်ကြီးချုပ် ကျွန်မ ဒီကိစ္စကို ဘယ်လို ပြောရမလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် ရှါယ်အန်းက ကျွန်မကို တစ်ခု ပြောခဲ့တယ်”

“ဟေ ဟုတ်လား ဘာပြောလိုက်တာလဲ”

ဖူဂျိတာ့ မိကီက ခဏတာ ရပ်တန့်သွားပြီးနောက် မျက်လုံးထဲတွင် ကြောက်လန့်မှုအငွေ့အသက်များ တဖျပ်ဖျပ်လတ်လာသည်။

“သူပြောတာက… သူ့မှာ သည်းခံနိုင်စွမ်းနည်းနည်းပဲကျန်တော့လို့ နောက်ထပ် ရန်စရဲရင် ဘယ်သူမှ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ရမှာမဟုတ်ဘူးတဲ့”

အခန်းတစ်ခုလုံး တိတ်ဆိတ်ခြင်းအတိပြီးသွားသည်။

လေယာဥ်ကို ဒုံးကျည်နှင့် ပစ်ချရန် တောင်းဆိုနေကြသူများပင်လျှင် ယခု တိတ်ဆိတ်သွားသည်။

အချိန်အတော်အတန်ကြာမြင့်ပြီးသည့်နောက်၊

ဝန်ကြီးချုပ်က သက်ပြင်းတစ်ချက်ချလိုက်သည်။

“လုံလောက်ပြီ ဒီကိစ္စ‌ နောက်ထပ် ဆက်မပြောကြရအောင်၊ သတင်းတွေကို လုံးဝပိတ်ပစ်ဖို့ သတိရပါ၊ မဟုတ်ရင်… ဒါက ငါတို့ ဂျပန်အင်ပါယာကြီးကို မျက်နှာပျက်စေလိမ့်မယ်”

“ဟုတ်ကဲ့ပါ သခင်”

တစ်မိသားစုလုံး လေဆိပ်မှထွက်လာခဲ့ပြီးနောက် ဝင်ပေါက်တွင်စောင့်နေသော အန်းချင်ကို မြင်လိုက်ရသည်။ သူမကို မြင်သည်နှင့်တစ်ပြိုင်နက် ကလေးမလေးနှစ်ယောက်က ဝမ်းသာအားရပြေးသွားကြသည်။

“အန်တီ”

အန်းချင်က ဆောင့်ကြောင့်ထိုင်ချ၍ အလွန်တောက်ပစွာပြုံးကာ ရှန်းရှန်းနှင့် နျန်နျန်တို့နှစ်ယောက်ကို သေချာစွာကြည့်၍ ကျေနပ်စွာခေါင်းညိတ်ပြလိုက်သည်။

“ကောင်းတယ်၊ သမီးတို့ ဝိတ်မကျသွားဘူးပဲ”

“အန်တီ ဘာလို့ သမီးတို့ ဝိတ်ကျမကျကို ကြည့်နေတာလဲ” ရွှယ်ရှန်းက မေးသည်။

“ဘာလို့လဲဆိုတော့ သမီးတို့သာ ဝိတ်ကျသွားရင် သမီးတို့ မိဘတွေက ကောင်းကောင်းဂရုမစိုက်ပေးဘူးလို့ အဓိပ္ပါယ်ရတယ်လေ။ အဲ့လိုဆိုရင် သမီးတို့ရဲ့ အန်တီ အရမ်း အရမ်းစိတ်ဆိုးမှာပေါ့”

အန်းချင်က ဤသို့ပြော၍ သူမအိတ်ထဲမှ မုန့်ထုတ်ကြီးတစ်ထုပ်ကို ဆွဲထုတ်လိုက်သည်။

“ဒီမှာ ဒါ သမီးတို့အတွက် အန်တီ ယူလာတာ”

“ကျေးဇူးပါ အန်တီ”

ဤအခိုက်အတန့်တွင် အန်းယန်က ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်သည်။

“နင်က ကလေးတွေကို ဖျက်ဆီးနေတာပဲ”

“သူတို့ ဆိုးရင် ညီမလေး ဂရုစိုက်လိုက်မှာပေါ့”

အန်းချင်က တစ်ခစ်ခစ်ရယ်လျက် ပြောပြီးနောက် ရွှယ်အန်းကို ကြည့်၍ လေးစားစွာဖြင့် လက်မထောင်ပြလိုက်သည်။

“ဝိုး ခဲအို လေးစားစရာပဲ”

“ဘာကို လေးစားတာလဲ”

“ကျွတ် ကျွတ်…သူက ဂျပန်ရဲ့ သိုင်းသမားတွေကို လက်သီးတစ်ချက်တည်းနဲ့ ရှင်းလိုက်ပြီးတော့ နင်ဂျာအဖွဲ့တွေ အများကြီးကို ချေမှုန်းပစ်ခဲ့တာ၊ နောက်ပြီး တိုကျိုတာဝါကိုတောင် ဖြိုချပစ်ခဲ့တာကို လေးစားဖို့မကောင်းဘူးလား”

အန်းချင်သည် ယခုအခါတွင် စစ်တပ်၏ အမြင့်ပိုင်းနေရာတစ်ခုကို ရထားပြီးဖြစ်သောကြောင့် ပြည်သူများမသိထားသည့်အရာများစွာကို သိရှိခွင့်ရထားသည်။

ဤသည်ကို ကြားပြီးနောက် ရွှယ်အန်းက အားပါးတရ ရယ်မောလိုက်၏။

“ငါ့အမြင်မှာတော့ ဂျပန်ကလူတွေက အရမ်းအားနည်းလို့ပါပဲ”

“ဟီးဟီး အဲ့တာလည်း အထင်ကြီးစရာပဲလေ”

အန်းမိသားစုသို့ပြန်ပြီးနောက် ချန်ရှု့ဟေးနှင့် ရွှယ်အန်း၏ ညီအစ်ကိုများအားလုံး ပြေးလာကြသည်။ ချောင်လဲ့က စိတ်အားထက်သန်စွာဖြင့် ပြော၏။

“အစ်ကို(၂) မင်း အဝေးရောက်နေတုန်း ငါတို့ရဲ့ ကောင်းကင်ကံကြမ္မာထုတ်ကုန်တွေက အသေရောင်းရတာကွ။ နောက်ဆုံး ငါတို့ ဝယ်အားနဲ့ မကိုက်လို့ အကန့်အသတ်နဲ့ရောင်းနေရတယ်။ အခုဆိုရင် ပြည်ပက အင်အားစုတွေ အကုန်လုံးက ဝယ်ချင်နေကြပြီ”

“ငါတို့ ပြည်တွင်းက ဝယ်ချင်တဲ့လူတွေအတွက် အရင် ထုတ်ကုန်ပြည့်အောင်လုပ်ရမယ်။ ဒါမှမဟုတ်ရင် ငါတို့ အချို့ အရည်အသွေးမပြည့်တဲ့ ပစ္စည်းတွေကို ပြည်ပကို ရောရောင်းလို့ရတယ်”

“အဲ့တာ… အဲ့တာ တကယ် အဆင်ပြေပါ့မလား” ချောင်လဲ့၏ မျက်လုံးများ အံ့သြစွာဖြင့် ပြူးကျယ်လာသည်။

“ဘာလို့မရရမှာလဲ။ သူတို့ အရင်တုန်းက ငါတို့ကို ဘယ်လိုပစ္စည်းတွေရောင်းခဲ့လဲ။ အခု ငါတို့ အဲ့အတိုင်း ပြန်လုပ်မှာပဲလေ။ အကျိုးသက်ရောက်မှုနည်းနည်းလျော့သွားရုံပဲရှိမှာ မသေပါဘူး” ရွှယ်အန်းက ဘာသိဘာသာ‌ပြောသည်။

“ကောင်းတယ်၊ အဲ့တာ ကောင်းတယ်၊ ဟားဟား အဲ့ ပြည်ပကစောက်ပေါတွေ တစ်ကောင်မှ ကောင်းတာမဟုတ်ဘူး။ ငါအခု နားလည်ပြီ” ချောင်လဲ့က စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်၏။

၎င်းတို့သည် ညဥ့်နက်သည်အထိ အစည်းအဝေးလုပ်ခဲ့ကြရာ ရွှယ်အန်းဆီမှ အခမဲ့ ညစာစားပြီးနောက် အန်းယန်က ၎င်းတု့ိကို အိပ်ရန် ခေါ်သွားသည်။

ရွှယ်အန်းသည် အိပ်ရာထဲ၌လှဲချကာ မျက်လုံးများကို မှိတ်လိုက်သည်။

ထို့နောက် ရုတ်တရက် အခန်းတွင်း၌ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သဖြင့် အလျင်အမြန်မတ်တပ်ထရပ်လိုက်ရာ အန်းယန်သည်လည်း အလွန် ထိတ်လန့်နေသော မျက်နှာဖြင့် ပြေးဝင်လာ၍ ရွှယ်အန်း၏ ရင်ခွင်ထဲသို့ ပြေးဝင်လာသည်။

“ယောက်ျား”

“ဘာဖြစ်လို့လဲ” ရွှယ်အန်းက အန်းယန်ကို အမြန် ပွေ့ဖက်လိုက်သည်။

“ကျွန်မ အိပ်နေတုန်း ရုတ်တရက်ကြီး ခန္ဓာကိုယ်ကနေ အရမ်းထူးဆန်းတဲ့အရာတစ်ခုကို ခံစားမိလို့။ ဘာဖြစ်တာလဲ”

အန်းယန် ကြောက်ရွံ့နေသည်မှာသိသာလှသည်။

ရွှယ်အန်း၏ အမူအရာက ချက်ချင်းပင် မှောင်မိုက်သွားသည်။

‘စည်းချိပ်က ထပ်ပြီး ပြဿနာရှာနေတာလား’

သို့သော် ခဏတာ အနီးကပ်စစ်ဆေးကြည့်လိုက်ပြီးနောက် ရွှယ်အန်း ရယ်လိုက်၏။

“အဆင်ပြေပါတယ်၊ မင်း နောက်တစ်ဆင့်ထပ်တက်သွားလို့”

“အဆင့်တက်တယ်ဟုတ်လား”

ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် အံ့သြတကြီးပြောသည်။

“မိန်းမ ကိုယ့်အထင် မင်းက ကျင့်ကြံရေးမှာ ပါရမီပါတာပဲဖြစ်ရမယ်”

“တခြားသူတွေက နှစ်တွေအများကြီး လေ့ကျင့်ပြီးမှ အဆင့်တက်နိုင်တာကို မင်းက အိပ်နေတုန်း အဆင့်တက်သွားတယ်ဆိုတော့ ဒါကိုသာကြားရင် လူတော်တော်များများ ရှက်လို့ သေကုန်ကြလိမ့်မယ်”

မှန်သည်။ အန်းယန်သည် ယခု ကျန့်ရန်အဆင့်မှ ရှောင်ယောင်းအဆင့်သို့ တက်သွားပြီဖြစ်သည်။ ဤတိုးတက်မှုက ရွှယ်အန်းကို အံ့သြစေသည်။

နောက်ဆုံးတွင်မူ အန်းယန်သည် သူ့ကဲ့သို့ ပြန်လည်မွေးဖွားလာခြင်းမဟုတ် အောက်ခြေအဆင့်မှစတင်ခဲ့ခြင်းဖြစ်သည်။

‘ကြည့်ရတာ ငါ့မိန်းမရဲ့ နောက်ခံက ထင်ထားတာထက်ပို ကောင်းတဲ့ပုံပဲ…’

ရွှယ်အန်း၏ နှုတ်ခမ်းဖျားများထက်၌ အပြုံးတစ်ခု ပေါ်လာသည်။ ဤအခိုက်အတန့် တွင် အန်းယန်က သက်ပြင်းတစ်ချက်ချလိုက်၏။

‘အကုန်အဆင်ပြေနေရင် ကောင်းပါတယ်’

ထို့နောက် ရွှယ်အန်းက ခါးအနည်းငယ်ကိုင်း၍ ရွှယ်အန်း၏ နားနားသို့ကပ်ပြောလိုက်သည်။

“မိန်းမ မင်း အခု ကျင့်စဥ်အဆင့် မြင့်လာပြီဆိုတော့လေ… ကိုယ်တို့တွေ…”

အန်းယန်သည် မူလက သူမည်သည်ကို ဆိုလိုချင်နေခြင်းဖြစ်ကြောင်း နားမလည်သော်လည်း နားလည်သွားသည်နှင့်တစ်ပြိုင်နက် မျက်နှာတစ်ပြင်လုံး နီမြန်းလာသည်။

“အဲ့တာ… ကျွန်မ ဒီနေ့ နေသိပ်မကောင်းလို့လေ” အန်းယန်၏ အသံသည် တဖြည်းဖြည်း ခြင်တစ်ကောင်၏ အသံကဲ့သို့ တိုးသွားသည်။

ရွှယ်အန်းက အားပါးတရ ရယ်မောလိုက်၏။

“ကိုယ် ဒီတိုင်းစနေတာပါကွာ.. အရူးမလေး”

အန်းယန်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ရွှယ်အန်း၏ ဗိုက်ကို လိမ်ဆွဲလိုက်သည်။

ဟူးးးး

ရွှယ်အန်းသည် နာကျင်မှုကြောင့် အသက်ကို ခပ်ပြင်းပြင်းရှုလိုက်သည်။

‘တကယ်နာတာပဲ’

ဤသည်ကို မြင်သောအခါ အန်းယန်က ချက်ချင်းပင် လက်လွှတ်ပေးလိုက်သည်။

“အာ ဆောရီး ဆောရီး ကျွန်မတကယ် ဒီလောက်သန်မာလာတာကို သတိမထားလိုက်မိဘူး။ နာသေးလား”

ရွှယ်အန်းက ခေါင်းခါလိုက်ပြီးနောက် အန်းယန်၏ လက်ကို နွေးထွေးစွာဆုပ်ကိုင်လိုက်သည်။

“ပိုသန်မာတော့ ပိုကောင်းတာပေါ့ မိန်းမရ၊ နောက်ကျရင် မင်းကို ဖျက်ဆီးလို့မရနိုင်တဲ့ ဒယ်ပြားတစ်ချောင်းယူပေးမယ်။ တကယ်လို့ တစ်ယောက်ယောက်က မင်းကို ခုခံရဲရင် သူတို့ကို ရိုက်ပစ်လိုက်”

အခန်း(၂၂၈) ကမ္ဘာ့အထူး အင်အားစုများ ပြိုင်ပွဲ

နောက်တစ်နေ့မနက် မိုးလင်းလာသည်နှင့် အန်းချင်သည် မစောင့်နိုင်တော့ဘဲ တံခါးလာခေါက်သည်။

"ခဲအို၊ မမ မြန်မြန်ထ"

ရွှယ်အန်းသည် အိပ်ရန် မလိုအပ်တော့သော်လည်း အကျင့်ပျက်ကာ အိပ်ချင်ယောင်ဆောင်၍ အိပ်ရာထဲတွင် လှဲနေသေးသည်။ အန်းချင်၏အော်သံကိုကြားလိုက်ရသည်နှင့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

‘ဘာဖြစ်တာလဲ’

သူထ၍ တံခါးဖွင့်လိုက်သည်နှင့် အန်းချင်က သူ့ကို ကျီစယ်သည့်အပြုံးမျိုးပြုံး၍ နှုတ်ဆက်လိုက်သည်။

“ခဲအို စိတ်မကောင်းပါဘူး။ ဒါပေမယ့် ရှင် အိမ်မှာနေလို့မရတော့ဘူး”

"ဟမ်”

"ကျွန်မ မနေ့က ရှင့်ကို ပြောခဲ့ရမှာ ဒါပေမယ့် ရှင်လေယာဉ်ပေါ်ကဆင်းပြီး ဘာမှ မပြောလိုက်မိဘူး။ မီးဖီးနစ်က ကမ္ဘာ့အထူးတပ်ဖွဲ့ ပြိုင်ပွဲမှာ ပါဝင်တော့မှာဆိုတော့ ပုံမှန်ဆိုရင် အဖွဲ့ကို ဦးဆောင်ရမယ့် ဗိုလ်ချုပ်ရဲ့တာဝန်ပဲ။ ဒါပေမယ့် ဗိုလ်ချုပ်က ငါတို့နဲ့ မရှိတော့ဘူး။"

ဤသို့ပြောပြီးနောက် အန်းချင်၏ အမူအရာက အနည်းငယ် စိတ်မကောင်းဖြစ်သောပုံစံပြောင်းလဲသွားသည်။

"ဒါကြောင့် စစ်တပ်က ရှင့်ကိုဟိုမှာ အဖွဲ့ကို ဦးဆောင်ဖို့ အမိန့်ထုတ်လိုက်တာ”

"ငါက အသင်းကို ဦးဆောင်ရမှာလား" ရွှယ်အန်း အနည်းငယ် အံ့သြသွားသည်။

"ဟုတ်တယ်။ မီးဖီးနစ်ကို ရှင့်လက်နဲ့တည်ဆောက်ခဲ့တာဆိုတော့ ဒါက ကျွန်မရဲ့အကြံပြုချက်ပဲ။ အတွေ့အကြုံနဲ့ ဂုဏ်သိက္ခာအရဆို ရှင်က အသင့်တော်ဆုံးပဲ” အန်းချင်က စိတ်အားထက်သန်စွာပြောသည်။

ရွှယ်အန်းက အလွန်အမင်း ရယ်နေမိ၏။

“ငါက စစ်တပ်ထဲက မဟုတ်ဘူးလေ။ ဒီအမိန့်က ငါအပေါ် ဘယ်လိုလုပ်သက်‌ရောက်မှုရှိရမှာတုန်း”

"ဗိုလ်ချုပ်က ရှင့်ကို မီးငှက်ဗိုလ်ချုပ်ကြီးရာထူးပေးခဲ့တာမဟုတ်ဘူးလား။ အဲ့အချိန်ကစပြီး ရှင်က စစ်တပ်အဖွဲ့ဝင်တစ်ယောက်ဖြစ်သွားပြီလေ”

"ခဲအို စိတ်မဆိုးပါနဲ့၊ ဒီကိစ္စက သိပ်အရေးကြီးတာမို့…”

ရွှယ်အန်းက သူ့လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။

"ကောင်းပြီ၊ ဒါက အခြားသူသာဆိုရင် ငါ သေချာပေါက်ငြင်းလိုက်မှာဆိုပေမယ့် မင်းကတော့ ခြွင်းချက်ပဲ။ ဒါ့အပြင် ဗိုလ်ချုပ်လင်းကို အားလုံးကို စောင့်ရှောက်ပေးမယ်လို့ ငါကတိပေးထားတယ်”

"ဒါဆို ရှင်သဘောတူတယ်ပေါ့ ဟီးဟီး ခဲအို ရှင်က အကောင်းဆုံးပဲ” အန်းချင်က ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေ၏။

ရွှယ်အန်းက အဖွဲ့ကို ဦးဆောင်တော့မည်ဟူသော သတင်းက မီးဖီးနစ်စခန်းသို့ပြန်ရောက်သွားသောအခါ မီးဖီးနစ်အဖွဲ့ဝင်များအားလုံး စိတ်လှုပ်ရှားသွားကြသည်။

"ဆရာ ပြန်လာပြီ”

"ကောင်းလိုက်တာ၊ ဆရာသာဦးဆောင်မှာဆိုရင် ဒီတစ်ခါတော့ ငါတို့ ပထမနေရာရမှာသေချာတယ်”

နောက်ပိုင်းမှ ပါဝင်လာသော အဖွဲ့ဝင်အသစ်များက အထူးစိတ်လှုပ်ရှားနေကြသည်။

ရွှယ်အန်း၏ လေ့ကျင့်ပေးမှုများအကြောင်း၊ အထူးသဖြင့် မီးဖီးနစ်အဖွဲ့၀င်များကို စမ်းသပ်ရန်အတွက် နှလုံးသားနတ်ဆိုးနယ်ပယ်ကို အသုံးပြုသည့် နည်းလမ်းကို၎င်းတို့ကြားသိခဲ့ရပြီးနောက် ယင်းကို မကြုံခဲ့ရသောသူများက အလွန် မနာလိုဖြစ်ခဲ့ကြရသည်။

"ဒီတခေါက် ရှန်းရှန်းနဲ့ နျန်နျန်ကို မခေါ်သွားနဲ့တော့။ စစ်ထဲကိုလိုက်ဖို့ကျ ကျွန်မတို့အတွက် အဆင်မပြေဘူး” အန်းယန်က ပြောသည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်။ ကိုယ်မေးလိုက်သေးတယ်။ ပြိုင်ပွဲရဲ့ တည်နေရာက ကိုယ်တို့နဲ့သိပ်မဝေးဘူး။ ဆိုက်ဘေးရီးယားမှာတဲ့၊ အဲ့နေရာကို ဓားပျံနဲ့သွားရင် တစ်ရက်တောင်ကြာမှာမဟုတ်ဘူး”

"ကောင်းပြီ ချစ်သူ၊ အပြင်မှာ သတိထားနော်”

ရွှယ်အန်းပြုံး၍ သူ့အိတ်ထဲမှ အသေးစိတ်ပြုလုပ်ထားသည့် ဒယ်ပြားကို ဆွဲထုတ်လိုက်သည်။

"ကြည့်၊ ဒါ မင်းအတွက် ကိုယ် လုပ်ထားတဲ့ နတ်လက်နက်ပဲ။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ မင်းနဲ့အတူဆောင်ထားနော်”

အန်းယန်သည် ရယ်ရခက်ငိုရခက်ဖြစ်သွားရသော်လည်း ယင်းကို ကိုင်ကြည့်လိုက်သောအခါ အလွန်အဆင်ပြေသည်ကို တွေ့လိုက်ရ၏။

အန်းယန်မသိခဲ့သည်မှာ ရွှယ်အန်းက ဤဒယ်ပြားကို ဖန်တီးရန်မည်မျှ လုပ်‌ဆာင်ခဲ့ရသည်ကိုပင်ဖြစ်သည်။ အဖိုးတန်ပစ္စည်းအမျိုးမျိုးရှိသော်လည်း ၎င်း၏ စွမ်းအားသည် မှော်ရတနာတစ်ခု၏ စွမ်းအားကိုပင် အမှီလိုက်နိုင်မည်မဟုတ်ပေ။ သို့သော် ရွှယ်အန်းသည် ပန်းပဲထုခြင်း၏ အမြင့်ဆုံးအဆင့်ဖြစ်သော နှလုံးသားသန့်စင်ခြင်းပညာကို အသုံးပြု၍၊ ဤသာမန်ဒယ်အိုးကို ဝိဉာဥ်ရေးဆိုင်ရာစွမ်းအင်များထည့်ပေးထားခဲ့သည်။

"ဒီပစ္စည်းက မင်းနဲ့ အသင့်တော်ဆုံးပဲ။ နောက်ပြီး သူက ဘာလဲဆိုတာ ဘယ်သူမှ သံသယဖြစ်မှာမဟုတ်ဘူး။ ပုံမှန်နေ့တွေမှာ ဟင်းချက်ဖို့တောင်သုံးလို့ရတယ်၊ အဲဒါက ရိုးရိုးရှင်းရှင်းပဲ" ရွှယ်အန်းက ရယ်မော၍ ပြောသည်။

အန်းယန်က အကြိမ်အနည်းငယ် စိတ်လှုပ်ရှားစွာ စမ်းသပ်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"တကယ်တော့ ကိုင်တွယ်ရတာ အရမ်းလွယ်တယ် ဒါပေမယ့် လူတွေကို ရိုက်ရင် ဘယ်လောက် ထိရောက်မလဲဆိုတာ မသိသေးဘူး”

ရွှယ်အန်းသည် ရုတ်တရက် ကျောရိုးတစ်လျှောက် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရကာ အန်းချင်ကို လှမ်းပြောလိုက်သည်။

"ငါတို့ အခု ထွက်သင့်ပြီ ထင်တယ်၊ မဟုတ်ရင် နောက်ကျနေလိမ့်မယ်”

အန်းချင်က ရယ်မောလျက် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါပြီ”

ရွှယ်အန်းက ဆိုက်ဘေးရီးယားသို့ သွားရန် ပြုလုပ်ထားသော စစ်လေယာဥ် ပေါ်မှ ဆင်းလာသောအခါ မီးဖီးနစ်အဖွဲ့ဝင်များအားလုံး မတ်တပ်ရပ်ကာ သူ့ကို အလေးပြုကြသည်။

"မင်္ဂလာပါ ဆရာကြီး”

၎င်းတို့၏ အသံများက တန်းလျားတစ်ခုလုံးကို တုန်ယင်သွားစေသောကြောင့် အခြားစစ်သားများက လှမ်းကြည့်လိုက်ကြသည်။

ရွှယ်အန်းသည် သူ့လက်အောက်ငယ်သားဟောင်းများကိုသေချာကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ တစ်ချိန်က ၎င်းတို့တစ်ဦးစီတိုင်းကို ကျင့်ကြံရေးနည်းလမ်းတစ်ခုစီပေးခဲ့ရာ ၎င်းတို့အားလုံး ကောင်းမွန်စွာတိုးတက်ခဲ့သည့်ပုံပေါ်သည်။

“ကောင်းပြီ၊ ထိုင်ပါဦး”

ထိုမှသာ အားလုံးထိုင်လိုက်ကြရာ ချန်ဟောက်နှင့် စွန်းလင်တို့ ရောက်လာကြသည်။

"ဆရာ၊ ကျွန်တော်တို့ ဒီတခေါက် ဆိုက်ဘေးရီးယားကို သွားရမယ်လို့ ကြားထားတယ်။ ပြိုင်ပွဲက ဒီနှစ်တွေထဲမှာ အပြင်းထန်ဆုံးလို့တောင် ပြောလို့ရတယ်”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ဆိုက်ဘေးရီးယားပဲ။ ဒါပေမယ့် ခက်တယ်မခက်ဘူးတော့ ငါလည်းသေချာမသိဘူး။ ဘာလို့လဲ။ မင်းကြောက်လို့လား”

ချန်ဟောက်က ရယ်မောလိုက်သည်။

“ဒါက စိန်ခေါ်မှုတောင် မဖြစ်မှာစိုးပါတယ် ဆရာရယ်။ ပထမဆုက ဆုလို့တောင် မခံစားရပါဘူး”

စွန်းလင်က ရွှယ်အန်းကို ရှက်ရွံ့စွာဖြင့် တောင်းပန်လိုက်သည်။

"ဆရာ၊ ဟိုနေ့ကလေ…”

ရွှယ်အန်းက လက်ခါပြလိုက်၏။

“ အဲ့တာ အတိတ်ပါပဲ။ အဲ့အကြောင်း ထည့်ပြောနေစရာမလိုပါဘူး”

ဆိုက်ဘေးရီးယားသို့သွားနေသော လေယာဥ်ထက်တွင် ရွှယ်အန်းသည် သူ၏ အဖွဲ့ဝင်များနှင့် စကားပြောနေ၏။

၎င်းတို့၏ ကျင့်ကြံမှုနှင့်ပတ်သက်၍ မေးမြန်းစရာများရှိပါက ရွှယ်အန်းက ၎င်းတို့ကို တစ်ယောက်ချင်းစီရှင်းပြပေလိမ့်မည်။

ထို့ကြောင့် ဆိုက်ဘေးရီးယားသို့ ရောက်သောအခါ၊ ချန်ဟောက်နှင့် အခြားအဖွဲ့၏ ထူးချွန်သောအဖွဲ့ဝင်များသည် ၎င်းတို့၏ ကျင့်စဥ်အဆင့်များ သိသိသာသာ တိုးတက်လာခဲ့သည်။

လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် ချောမောလှပသောလူတစ်ယောက်က ရွှယ်အန်းဆီသို့ အလျင်အမြန်ချဉ်းကပ်ကာ အလေးပြုသည်။

"မစ္စတာ ရွှယ်၊ ရှင့်ကို သိပ်မကြာခင်တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး”

ရွှယ်အန်းသည် တပ်မှုးဟူမှ ငှားရမ်းထားသော ရုရှားမှ နည်းပြဆရာ ဆုရှနာဖြစ်ကြောင်း ချက်ချင်းသတိပြုမိ၏။

ယောက်ျားများပြည့်နေသော ဤတန်းလျားသို့ ဆုရှနာရောက်ရှိလာခြင်းသည် လူတိုင်းကို စိတ်လှုပ်ရှားသွားစေသည်။ အနည်းဆုံးအနေဖြင့် လမ်းသွားလမ်းလာယောက်ျားများက သူမဆီမှ အကြည့်မခွာချင်ကြပေ။ ရွှယ်အန်းကသာ ထူးမခြားနားသောအပြုံးပြုံး၍ ပြောလိုက်၏။

"ဒီတစ်ခါ ကျွန်မက အမေရိကရဲ့စစ်တပ်ကိုယ်စားပြုလာခဲ့တာပါ။ အဖွဲ့ခေါင်းဆောင်တွေစာရင်းမှာ ရှင့်နာမည်တွေ့တော့ ရှင်နဲ့တွေ့ဖို့ ဒီဘက်ဝင်လာခဲ့တာ” ဆုရှနာက ပြုံး၍ ပြောသည်။

ဤအခိုက်အတန့်တွင် ချန်ဟောက်နှင့် အခြားသူများက ရွှယ်အန်းကို မျက်စိတစ်မှိတ်ပြ၍ ရယ်မောလျက် ထွက်ခွာသွားကြသည်။

"ရှင့် အဖွဲ့သားတွေက အရမ်းအားကောင်းကြတယ်နော် တကယ်လေးစားဖို့ကောင်းတယ်”

ခဏအကြာတွင် နောက်ကျောဘက်မှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။

"ဟမ်၊ သူတို့က ပျမ်းမျှ အကောင်းဆုံးပဲလို့ ငါထင်တယ်။ လေပဲရှိပြီး ဘာအစွမ်းအစမှမပြနိုင်တဲ့ကောင်တွေ”

ထိုသို့ပြောလျက် ထိပ်ပြောင်ပြောင်နှင့် လူတစ်ယောက် ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။ ဤလူသည် အလွန် ကြမ်းတမ်းပြင်းထန်သော အသွင်အပြင်မျိုးရှိကာ နက်မှောင်သောအသားအရည်နှင့်

သူ၏ မျက်လုံးများမှ အေးစက်သော အကြည့်ကြောင့် လူတိုင်းစိတ်မသက်မသာဖြစ်ရသည်။

ဤလူကို မြင်သောအခါ ဆုရှနာက မျက်မှောင်ကြုတ်လိုက်မိ၏။

"မြွေနက်၊ ရှင် ဒီမှာ ဘာလုပ်နေတာလဲ"

မြွေနက်သည် တောက်ပြောင်သော အပြုံးဖြင့် ဆုရှနာ၏ တစ်ကိုယ်လုံးကို ရမ္မက်ပြင်းစွာငေးကြည့်၍ ပြောလိုက်သည်။

"နာမည်ကြီး မီးဖီးနစ်က ဘယ်လောက်တောင် အထင်ကြီးစရာကောင်းလဲလို့ ကျုပ်လာကြည့်တာ အင်မော်တယ် နည်းပြတစ်ယောက်ရှိတယ်ဆိုပြီး နာမည်ကြီးနေလို့ စိတ်ဝင်စားမိတာကို အခုတော့လည်း…”

“ရလဒ်က…” မြွေနက်၏ နှုတ်ခမ်းပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ဘာမှမထူးခြားပါဘူး”

ဆုရှနာသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ရွှယ်အန်းဒေါသမထွက်စေလိုသောကြောင့် လှမ်းကြည့်၍ တောင်းပန်သည့်အမူအရာဖြင့် ပြုံးပြလိုက်သည်။

သို့သော် ရွှယ်အန်းသည် မြွေနက်ကို စိတ်ဝင်တစားကြည့်ကာ ပြုံးပြလိုက်၏။

"စိတ်ဝင်စားဖို့ကောင်းလိုက်တာ တစ်ယောက်ယောက်က‌ တိရစ္ဆာန်နဲ့ တကယ်ပဲ မျိုးစပ်ရဲတယ်ပေါ့”

ဤမှတ်ချက်သည် မြွေနက်၏မျက်နှာကို ဒေါသအငွေ့အသက်များ ပြည့်နှက်လာစေသည်။

ဆုရှနာ၏အမူအရာမှောင်မိုက်သွားသည်။

"နည်းပြဆရာ မြွေနက်၊ ဆိုက်ဘေးရီးယားလေ့ကျင့်ရေးစခန်းရဲ့ အခြေခံမူတွေကို ရှင်သတိထားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ သီးသန့်ရန်ပွဲတွေနဲ့ နှုတ်နဲ့ရန်စတာတွေအကုန်လုံးကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ မဟုတ်ရင် ရှင် ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီမှာမဟုတ်ပါဘူး”

မြွေနက်က လျှာသပ်လိုက်သည်။

"ကောင်းပြီ၊ ငါ့ကောင်တွေကို ပြိုင်ပွဲမှာ မင်းလက်အောက်ကကော ကိုက်ဖြတ်ခိုင်းလိုက်မယ်”

ရွှယ်အန်းသည် ထိုသို့သော ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် စိတ်မ၀င်စားပေ။

All Chapters