← Chapters

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အခန်း( ၂၂၉) မင်း မာရ်နတ်ကို ယုံကြည်လား။

မြွေနက်ထွက်သွားပြီးနောက်၊ ဆုရှနာက

"ရွှယ်လူကြီးမင်း ဒီလူက…”

ရွှယ်အန်း က လျစ်လျူရှု့၍ ပြန်ပြောသည်။

"သူက ဇီဝအင်ဂျင်နီယာ စစ်သားပဲ"

ဆုရှနာက ထိတ်လန့်သွားသဖြင့် ရွှယ်အန်း ကို မယုံနိုင်စွာ ကြည့်လိုက်သည်။

“ရှင် ဘယ်လိုသိတာလဲ"

"သူ့ကိုကြည့်လိုက်ရုံနဲ့ အမေရိကရဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက် ဖြစ်နိုင်တယ်၊ တခြားဘယ်သူမှ ဒီလောက် ရူးသွပ်နေမှာ မဟုတ်ဘူး" ရွှယ်အန်း က တည်ငြိမ်စွာပြောသည်။

စပါးအုံးမြွေများနှင့် အခြားသော ပြင်းထန်သော သားရဲများ၏ မျိုးဗီဇများကို မြွေနက်၏ ခန္ဓာကိုယ်ထဲသို့ အစားထိုး ထည့်သွင်းပြုပြင်ခဲ့ပြီးနောက် ၎င်းသည် ခွန်အားများစွာပိုင်ဆိုင်ထားသည့် ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

သို့သော် ရွှယ်အန်း၏အမြင်အရ၊ ဤသည်မှာ ရိုးရှင်းသောအမှိုက်ဖြစ်သည်။

အကြီးမားဆုံး အလားအလာသည် လူသားများတွင် တည်ရှိသော်လည်း သားရဲများ၏ မျိုးရိုးဗီဇကြောင့် ညစ်ညမ်းနေပါက ၎င်းကို ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။

ဆုရှနာက ခေါင်းညိတ်လိုက်သည်။

"ရွှယ်လူကြီးမင်းက တကယ်ကို ပိုင်းခြားသိမြင်နိုင်တဲ့ အမြင်ရှိတာပဲ"

ရွှယ်အန်းက ပြုံး၍ ပြော၏။

"မင်း တရုတ်စကားကောင်းကောင်းပြောနိုင်နေပြီပဲ”

"ရွှယ်လူကြီးမင်း အချိုရည်လေးတစ်ခွက်နှစ်ခွက်လောက်များ သောက်ချင်မလားရှင်" ဆုရှနာက ခပ်ပြုံးပြုံးပြောသည်။

ဤအမျိုးသမီး ပြုံးလိုက်သောအခါ သူမကို တိတ်တဆိတ် စောင့်ကြည့်နေသော သူများအားလုံး အံ့သြသွားကြသည်။

လေ့ကျင့်ရေးစခန်းသည် ဆိုက်ဘေးရီးယား၏ အဆိုးရွားဆုံးပတ်ဝန်းကျင်တွင် တည်ရှိသည်။ တစ်နှစတာလုံး ၎င်းကို ရေခဲများ နှင်းများဖြင့် ဖုံးလွှမ်းထားသည်။

ဩဂုတ်လနှင့် စက်တင်ဘာ လများတွင်သာ ရှိသော်လည်း ဤနေရာတွင် နှင်းများ စတင်ကျနေပြီဖြစ်သည်။

သို့သော် ဤနေရာတွင် စစ်တပ်တစ်ခု အမြဲတမ်းတပ်စွဲထားသောကြောင့် အနီးနားရှိ မြို့ငယ်လေးသည် အလွန်အမင်း ချမ်းသာကြွယ်ဝလာခဲ့သည်။

အမေရိက၏စစ်တပ်များ များသောနေရာအများစုတွင် အရက်ဆိုင်များဖြင့် ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင်၊ မထင်ရှားသော အရက်ဆိုင်တစ်ခုတွင်၊ ဆုရှနာနှင့် ရွှယ်အန်းတို့သည် ပြည်တွင်းဖြစ် အထူး ဗော့ဒ်ကာတစ်မျိုးကို သောက်နေကြသည်။ ရိုးရှင်းစွာပြောရလျှင် ၎င်းသည် အရက် ကိုးဆယ်ရာခိုင်နှုန်းပါဝင်သည်။

ရွှယ်အန်း သည် ဗော့ဒ်ကာခွက်ကို တစ်ခွက်ပြီးတစ်ခွက်သောက်ပြီးသည့်တိုင် အမူအရာပြောင်းလဲခြင်းမရှိသဖြင့် ဆုရှနာက အလွန်အမင်း အံ့အားသင့်နေသည်။

“ရွှယ်လူကြီးမင်း ရှင် အရက်ကောင်းကောင်းသောက်နိုင်တာပဲ”

ရွှယ်အန်းက ပြုံးလိုက်သည်။ အကယ်၍ သူဆန္ဒရှိလျှင် အရက်ကန်ထဲ ရေဆင်းချိုးလျှင်ပင် မူးမည်မဟုတ်ပေ။

"မင်း စိတ်ထဲမှာ အများကြီးတွေးနေတဲ့ပုံပဲ" ရွှယ်အန်းက သူ့ဖန်ခွက်ကိုချ၍ အေးဆေးတည်ငြိမ်စွာပြောသည်။

ဆုရှနာသည် ထိုစကားကိုကြားသောအခါ အနည်းငယ် ထိတ်လန့်သွားပြီးနောက် သက်ပြင်းချလိုက်သည်။

"ရွှယ်လူကြီးမင်းက တကယ်ကို ထက်မြက်တယ်၊ တကယ်ပဲ၊ မကြာသေးခင်ကမှ ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေ ရှိခဲ့တယ်”

ရွှယ်အန်း ဆက်သောက်သည်။ဆုရှနာ၏ မျက်နှာတစ်ခုလုံးတွင် ထိတ်လန့်မှုများပြည့်နှက်သွားသည်။

"မစ္စတာ ရွှယ်၊ နတ်ဆိုးတွေ ရှိနေတာကို ယုံလား"

ရွှယ်အန်းက သူမကို မော့ကြည့်၍ ပြုံးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

"မကြာသေးမီက..." ဆုရှနာက ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။

"မကြာသေးမီက ဒီလေ့ကျင့်ရေးစခန်းအနီးမှာ နတ်ဆိုးတွေ ပေါ်လာခဲ့တယ်"

"အစကတော့ မယုံဘူး ဒါပေမယ့် တစ်ခါတုန်းက ကင်းလှည့်အဖွဲ့တစ်ဖွဲ့ကို လိုက်ကြည့်တော့ သူတို့နဲ့တွေ့ခဲ့တယ်…”

ဆုရှနာ၏ မျက်နှာသည် ဖြူဖျော့လာ၏။

"မတ်တတ်လမ်းလျှောက်နေတဲ့ ဝံပုလွေအုပ်စုတွေလေ… ကျွန်မ… ကျွန်မကိုတောင် စိုက်ကြည့်နေကြတာ။ အဲ့အကြည့်မျိုးက ဉာဏ်ရည်မြင့်သတ္တဝါတစ်ကောင်ကောင်လိုပဲ”

ရွှယ်အန်းက ထူးမခြားနားသကဲ့သို့ ဖြည်းညှင်းစွာ ဆက်သောက်လျက် ပြောသည်။

"ဒါဆို ဘာဖြစ်လဲ"

"ဒီမှာ ဒေသခံတွေကို မေးကြည့်တော့ ဟိုဟိုဒီဒီ လျှောက်သွားနေကြတဲ့ ဝံပုလွေတွေလို့ပြောတယ်။ အရင်ကတော့ လှောင်ပြောင်ခဲ့ဖူးပေမယ့် အခုတော့ ကျွန်မလည်း စိတ်ရှုပ်နေပြီ”

“ကျွန်မ အထက်လူကြီးတွေကို သတင်းပို့ပြီးပြီ၊ ဒါပေမယ့် သူတို့ မယုံချင်ကြဘူး၊ အခု ပြိုင်ပွဲနီးလာတာနဲ့ အမျှ တစ်ခုခု အဆင်မပြေရင်..” ဆုရှနာ၏ မျက်နှာသည် စိုးရိမ်မှုအငွေ့အသက်များဖြင့် ပြည့်နေသည်။

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။

“ဟွာရှားမှာ ရှေးစကားတစ်ခုရှိတယ်၊ 'စစ်သားကို ဗိုလ်ချုပ်နဲ့ ရင်ဆိုင်၊ မြေကြီးအတားအဆီးကို ရေနဲ့ရင်ဆိုင်ပါ’ ဆိုတဲ့ စကားရှိတယ်။ ဝံပုလွေတွေရှိရင် သူတို့က ဒီပြိုင်ပွဲကို ပိုစိတ်လှုပ်ရှားစရာကောင်းအောင် လုပ်နိုင်တယ်"

"မျှော်လင့်ပါတယ်” ဆုရှနာ၏ မျက်နှာထက်တွင် စိတ်ရှုပ်မှုအငွေ့အသက်များရှိနေသေးသည်။

ထိုအချိန်တွင် အရက်မူးနေသော ရုရှားအမျိုးသားနှစ်ဦးသည် အဝတ်ဗလာ၊ ရွှင်မြူးသော အပြုံးများဖြင့် ချဉ်းကပ်လာသည်။ စစ်စခန်းကထွက်ပြီးသည်နှင့် ယူနီဖောင်းလဲရန် လိုအပ်သောကြောင့် ဆုရှနာက ပေါ့ပါးသော ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမ၏ ချောမောလှပသော အသွင်အပြင်သည် အရက်ဆိုင်ထဲမှ ယောက်ျားများစွာ၏ ဆန္ဒကို နှိုးဆွနှင့်ပြီးဖြစ်သွားသည်။

"ဟွာရှားကလူလား ထွက်သွားစမ်း" ယောက်ျားတစ်ယောက်က မူးလျက် အော်ပြောသည်။

ဘားရှိလူအများအပြားသည် ပြုံးရွှင်လျက် ပွဲကြည့်ရန် ပြင်ဆင်ကြသည်။ နောက်ဆုံးတွင်မူ အခြေအနေများစွာတွင် ဟွာရှားမှလူများသည်သာ အနိုင်ကျင့်အခံရဆုံးဖြစ်၏။

ဆုရှနာ၏ အမူအရာ နက်မှောင်သွားကာ စကားပြောရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ရွှယ်အန်းသည် ဒေါသအမျက်ထွက်ကာ ဤလူကို သတ်ပစ်မည်ကို သူမစိုးရိမ်နေမိသည်။ ဤသို့သာဖြစ်လာပါက ၎င်းသည် ကိစ္စများစွာကို အလွန်ရှုပ်‌ထွေးသွားစေပေလိမ့်မည်ဖြစ်သည်။

သို့သော်လည်း ရွှယ်အန်းက သူမကို ညင်သာစွာ ခေါင်းခါပြလိုက်သည်။

"မင်း မကြားဘူးလား။ ထွက်သွားစမ်း ငါ ဒီကြက်မလေးနဲ့ သောက်ချင်တယ်” ထိုသူက အော်ပြောသည်။

ရွှယ်အန်းသည် ရုတ်တရက် စားပွဲပေါ်မှ ခက်ရင်းကို ကိုင်လိုက်၍ ထိုသူ၏ လက်ထဲသို့ ထိုးချလိုက်ရာ

ခက်ရင်းက သူ့လက်ဖဝါးကို ထိုးဖောက်၍ သစ်သားထဲသို့ နစ်မြုပ်သွားသည်။

ထိုလူသည် အစပိုင်းတွင် တုံ့ပြန်ရန် အလွန်တုန်လှုပ်သွားသော်လည်း ခဏအကြာတွင် နာကျင်စွာ အော်ဟစ်နေတော့သည်။ နောက်တစ်ဦးသည် တိုက်ခိုက်ရန် ကြံရွယ်သော်လည်း၊ ရွှယ်အန်း က သူ့ကို လက်တစ်ဖက်ဖြင့် စားပွဲပေါ်တင်ကာ အခြားခက်ရင်းကို ကိုင်လျက် လည်ပင်းသို့ ထိုးချလိုက်သည်။

သို့သော် ရွှယ်အန်းသည် အသက်ကို မသေစေရန် သွေးကြောများကို ပညာသားပါပါရှောင်၍ အလွန်တိကျစွာထိုးချခဲ့သည်။

ထို့နောက် ရွှယ်အန်းက ရုရှားဘာသာဖြင့်ပြောလိုက်သည်။

"ဟွာရှားက လူကို နောက်တစ်ကြိမ်တွေ့ရင် မာန်တက်မနေဖို့ မမေ့နဲ့။ မဟုတ်ရင် မင်းအသက်ကို ကယ်နိုင်မှာမဟုတ်ဘူးဆိုတာ နားလည်ပြီလား”

ရုရှားလူမျိုး ပြည်သားနှစ်ယောက်သည် နာကျင်စွာ ရှုံ့တွကာ အဖေ အမေတ၍ အကြိမ်ကြိမ်ခေါင်းညိတ်လိုက်ကြသည်။

ရွှယ်အန်း၏ ကြောက်မက်ဖွယ် နည်းလမ်းများက ဘားရှိလူအားလုံးကို အံ့အားသင့်စေခဲ့သည်။

"သွားကြစို့" ရွှယ်အန်းက မတ်တပ်ရပ်၍ မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။

"ရှင်အခု လှုပ်ရှားလိုက်တော့ သူတို့ကို သတ်တော့မယ်ထင်သွားတာ"

ဆုရှနာသည် သူမ၏မျက်လုံးများဖြင့် ရွှယ်အန်းကို တအံ့တသြကြည့်၍ ပြော၏။

ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။

“သူတို့ကို သတ်လိုက်ရင် ငါ့လက်တွေပဲ ညစ်ပါတ်သွားမှာပေါ့

ရွှယ်အန်း ထွက်သွားပြီးနောက်၊ ဘားရှိလူများသည် လူနှစ်ယောက်ကို စားပွဲပေါ်မှဆွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း အံသြဖွယ်ရာမှာ ခက်ရင်းများကို သစ်သားထဲတွင် နက်နက်ရှိုင်းရှိုင်းမြှုပ်ထားသောကြောင့် မဖယ်ရှားနိုင်ခဲ့ပေ။

အဆုံး၌ သစ်သားကို ဖြည်းဖြည်းချင်းဖွင့်ခဲ့ပြီးနောက် သစ်သားနှင့် ခက်ရင်းက ရောထွေးနေသည်ကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းက ရုရှားက လူများစွာ၏ ကျောရိုးကို အေးဆိမ့်တုန်လှုပ်သွားစေသည်။

ဟွာရှားမှ ထူးချွန်သူဟု ထင်ရသော ခက်ရင်းများကို ပေါ့ပေါ့ပါးပါး သစ်သားဖြင့် ရောယှက်သွားစေနိုင်သူသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။

ထိုအချိန်တွင် ရုရှားရှိ မြွေပွေးနက်အထူးတပ်ဖွဲ့စခန်း၌ မြွေနက်၏ မျက်နှာသည် ဒေါသကြောင့် မည်းမှောင်နေ၏။

ဆုရှနာနှင့် ရွှယ်အန်းသည် အရပ်ဝတ်နှင့် အပြင်ထွက်သွားသည်ဟူသော သတင်းကို သူရရှိခဲ့သည်။

ဤအရာက ဆုရှနာကို တပ်မက်နေသည့်မြွေနက်ကို ဒေါသဖြင့် ရူးသွပ်လုနီးပါးဖြစ်သွားစေသည်။

‘အဲ့ ဟွာရှားကကောင်… သူသေရမယ်”

သူ၏အစွမ်းသတ္တိအကြောင်း ကောလဟာလများကြားမှ မြွေနက်သည် ရွှယ်အန်းကို အပိုင်းပိုင်းကိုက်ဖြတ်နိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိထားသည်။

နောက်ဆုံးတွင်… သူ့တွင် ဝှက်ဖဲများစွာရှိနေသေးသည်။

မြွေနက်သည် ရုရှားနိုင်ငံမှရသော အပြာဖျော့ရောင် အထူးစိတ်ကြွဆေးတစ်မျိုးကို ဆေးထိုးအပ်ထဲထည့်၍ ကိုင်ဆောင်ထားသည်။

ထိုးသွင်းလိုက်သည်နှင့် သူ၏ စွမ်းရည်သည် အဆနှစ်ဆယ် တိုးလာသည်။

ဤသည်က မည်သည်ကို ဆိုလိုသနည်း။

လောလောဆယ်တွင်၊ မြွေနက်၏ လက်သီးတွင် ခွန်အားများစွာကိန်းအောင်းနေသည်။ ယင်းကို အဆနှစ်ဆယ်နှင့် မြှောက်လိုက်လျှင် လက်သီးတစ်ချက်က တန်ချိန်နှစ်ဆယ်ကို ထုတ်လွှတ်ပေးနိုင်သည်ဟုဆိုလိုသည်။ ၎င်းသည် ရထားတစ်စင်းကိုပင် လွင့်ထွက်သွားစေရန် လုံလောက်ပြီဖြစ်သည်။ ထိုကြောင့် မြွေနက်က ယုံကြည်မှုအပြည့်ရှိနေ၏။ သူ၏ လက်အောက်ငယ်သားများသည်မူ အလောင်းကောင်များကဲ့သို့ မျက်လုံးများမှိတ်၍ နံရံဘက်သို့ ကပ်ကာ ရပ်နေကြသည်။

၎င်းတို့အားလုံးသည် အာဟာရပြွန်တစ်ခုနှင့် ချိတ်ဆက်ထားကြသည်။ ဤသည်မှာ စစ်မတိုက်မီ စွမ်းအင်ချွေတာရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ မြွေနက်၏အမြင်တွင်၊ ထိုတပ်များသည် စစ်မှန်သောလူသားလက်နက်များသာဖြစ်သည်။ ကျန်သောအရာများအားလုံးသည် အမှိုက်များဖြစ်ကြ၏။

‘မီးဖီးနစ်ဟုတ်လား၊ အဟက် မင်းတို့အားလုံးကို ငရဲပြည်ပို့ပစ်လိုက်မယ်’ မြွေနက်က အေးစက်စွာရယ်မောလိုက်သည်။

အခန်း(၂၃၀) ပြိုင်ပွဲစတင်သည်

"လူကြီးမင်းတို့အားလုံးဟာ ကမ္ဘာတစ်ဝှမ်းက လက်ရွေးစင် အထူးတပ်ဖွဲ့တွေ ဖြစ်တာကြောင့် ကျုပ်အများကြီး မပြောလိုပါဘူး။ ပြိုင်ပွဲအတွက် လိုအပ်ချက် နှစ်ခုပဲ ရှိပါတယ်။ ပထမတစ်ခုက မင်းတို့ရဲ့ ပြိုင်ဘက်တွေကို သတ်ပစ်ရ၎ယ်။ ဒုတိယတစ်မျိုးကတော့ အောင်ပွဲခံရမယ်။ အားလုံးပဲ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်”

ရုရှားမှ မုတ်ဆိတ်မွေးများရှိသော အရာရှိတစ်ဦးသည် မြင့်မားသော စင်မြင့်ထက်၌ ရပ်ကာ အလွန်တိုတောင်းသော အဖွင့်မိန့်ခွန်းကို ပြောကြားခဲ့သည်။

မှန်သည်။

ကမ္ဘာ့အထူးတပ်ဖွဲ့များပြိုင်ပွဲတွင် အသေအပျောက်များရှိနိုင်သည်။ ထို့ကြောင့်လည်း ၎င်းက အလွန်အမင်းသြဇာကြီးရခြင်းဖြစ်သည်။

စင်မြင့်ပေါ်မှဆင်းပြီးနောက် ပြိုင်ပွဲတရားဝင်စတင်ခဲ့၍ အထူးတပ်ဖွဲ့အဖွဲ့တစ်ဒါဇင်ကျော်သည် ရဟတ်ယာဉ်ပေါ်သို့ တက်ခဲ့ကြသည်။ နက်နဲသော တောင်တန်းများနှင့် သစ်တောများ ထူထပ်သည့် ကီလိုမီတာ နှစ်ဆယ်အကွာအဝေးသို့ ကျပန်းအနေဖြင့် တစ်ဖွဲ့စီတိုင်းကို ချပေးမည်ဖြစ်သည်။

ကျယ်ပြောလှသော တောနက်ကြီးထဲတွင် ခွန်အားတစ်ခုတည်းကသာ စကားပြောပေလိမ့်မည်။

သင်တန်းဆရာများအားလုံး ခန်းမထဲတွင် စုရုံးနေကြသည်။ စက်ခရင်ပေါ်တွင် ၎င်းတို့၏ သက်ဆိုင်ရာအသင်းများကို ကိုယ်စားပြုသည့် အမှတ်များရှိသည်။ ဤသည်က ၎င်းတို့ မြင်နိုင်သည့် တစ်ခုတည်းသော အချက်အလက်များဖြစ်သည်။ လူတိုင်းသည် လေးနက်သော အမူအရာဖြင့် ကြီးမားသော ဖန်သားပြင်ကို စိုက်ကြည့်နေကြသည်။ တစ်ခုတည်းသော ခြွင်းချက်မှာ ရွှယ်အန်းက ဆိုဖာပေါ်တွင် ထိုင်လျက် ပေါ့ပါးစွာဖြင့် ဗော့ဒ်ကာသောက်နေခြင်းဖြစ်သည်။ ။

သူသည် အရသာကို ခံစားလျက် ရေကဲ့သို့ပင် သောက်သုံးနေခဲ့သည်။ ထို့နောက်တွင် မြွေနက်က သူ့အဖွဲ့အပေါ် ယုံကြည်မှုအပြည့်ရှိသကဲ့သို့ သူ၏ခေါင်းကိုမမော့ဘဲ အဝေးတွင်ထိုင်ကာ ကြီးမားသောဖန်သားပြင်ကို တစ်ချက်မျှပင်မကြည့်ပေ။

အခြားအခန်းတွင်၊ ချက်‌ကော့ဗ်သည် ခန်းမအတွင်းရှိ ထောက်လှမ်းရေးစခရင်များကို ကြည့်နေ၍သူ့ပုလင်းထဲမှတစ်ငုံသောက်လိုက်သည်။

“ဆုရှနာ ဒီလူတွေရဲ့အသင်းတွေထဲမှာ ဘယ်သူအနိုင်ရမယ်ထင်လဲ”

"ဗိုလ်ချုပ်၊ ကျွန်မအမြင်အရတော့ တရုတ်နိုင်ငံက မီးဖီးနစ်အဖွဲ့ဖြစ်မယ်ထင်တယ်” ဆုရှနာက လေးစားစွာပြန်ဖြေ၏။

"အိုး.. ဘာလို့လဲ” ချက်ကော့ဗ်က သိချင်စိတ်ပြင်းပျစွာဖြင့် ပြန်မေးသည်။

"ဘာလို့လဲဆို​တော့ မီးဖီးနစ်ရဲ့နည်းပြက အရမ်းသန်မာတယ်” ဆုရှနာက ရှင်းပြသည်။

ချက်ကော့ဗ်က ပြုံး၍ ရွှယ်အန်းအရက်သောက်နေသည်ကိုပြနေသော စက်ခရင်ကို ကြည့်ကာ ပြံး၍ ပြောလိုက်သည်။

“မင်းတရုတ်ပြည်သွားတုန်းက သူ့ဆီရှုံးခဲ့တယ်လို့ ကြားတယ်”

"ဟုတ်တယ်”

"ဒါပေမယ့် ဒီပြိုင်ပွဲရဲ့ ရလဒ်က ခန့်မှန်းရခက်တယ်လို့ ကျုပ်ထင်တယ်။ နောက်ဆုံးတော့လည်း ရုရှားရဲ့ မြွေပွေးနက်အဖွဲ့ကလည်း သွားရှုပ်လို့ရတဲ့အဖွဲ့မျိုးမဟုတ်ဘူးလေ။ ဒီမြွေနက်က စစ်မြေပြင်ကို ဖြတ်ပြီး နတ်သတ်ဖြတ်သူလို့ ကျော်ကြားခဲ့တဲ့သူပဲ” ချက်ကော့ဗ်က ထူးမခြားနားပြောသည်။

ဆုရှနာခေါင်းငုံ့ကာ မည်သည့်စကားမျှ မပြောပေ။ ချက်ကော့ဗ်က သူမကို ပြန်ကြည့်၍ မျက်တောင်တစ်ဖျပ်ဖျပ်ခတ်လျက် ပြောလိုက်သည်။

“ဆုရှနာ မင်းက အမေရိကနိုင်ငံရဲ့ သစ္စာရှိ တပ်သားပဲ။ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကြောင့်တော့ စုံလုံးကန်းမနေပါနဲ့”

ဆုရှနာ၏ မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးမှုများ ပြည့်လာကာ ဗိုလ်ချုပ်က အဘယ်ကြောင့် ဤသို့ပြောလာရသည်ကို သူမနားမလည်သော်လည်း လေးစားစွာဖြင့် ခေါင်းညိတ်လိုက်၏။

“ဟုတ်ကဲ့ပါ”

"ဒီရဲရင့်တဲ့ သူရဲကောင်းတွေအတွက်…ချီးယာစ်” ချက်ကော့ဗ်သည် အဝေးရှိ တောအုပ်ဆီသို့ သူ့ပုလင်းကို မြှောက်လိုက်ပြီးနောက် အေးစက်စွာပြုံးလိုက်သည်။

ပြိုင်ပွဲစပြီး ဆယ်မိနစ်ခန့်အကြာတွင် စက်ခရင်ကြီးပေါ်ရှိ အမှတ်အသားများ အရေအတွက်က လျင်မြန်စွာလျော့ကျသွားသည်။

အာမေဋိတ်သံများက ခန်းမတစ်ခုလုံးပြည့်နှက်လာကာ နည်းပြအများစု၏ မျက်နှာများ ဖြူဖျော့လာသည်။ ပြိုင်ပွဲစတင်နေပြီဖြစ်သော်လည်း ဤအသင်းနှစ်သင်းသည် စစ်မြေပြင်ကို အပိုင်သိမ်းထားခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာသည်။

မကြာခင်ပင် ပထမဆုံးအဖွဲ့ ချေမှုန်းသုတ်သင်ခံလိုက်ရသည်။ ဤသည်က ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အမြန်ဆုံး နှိမ်နှင်းသုတ်သင်မှုအဖြစ် စံချိန်တင်၏။ အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်ခြောက်ခြားနေကြချိန်တွင် ရွှယ်အန်းက လက်အောက်ငယ်သားများအပေါ် ယုံကြည်မှုအပြည့်အဝရှိသောကြောင့် အေးဆေးစွာဖြင့် ဆက်လက် အရက်သောက်နေ၏။

ယမန်နေ့ညက ဆိုက်ဘေးရီးယားတောနက်၏ ကြမ်းတမ်းသော ပုံရိပ်ယောင်များနှင့် ကျင့်သားရစေရန် ရွှယ်အန်းက ၎င်းတို့၏ အတွင်းနတ်ဆိုးကျင့်စဥ်ကို အကြိမ်ကြိမ်လေ့ကျင့်ပေးခဲ့သည်။

ရွှယ်အန်း တွေးထားသကဲ့သို့ပင် နှင်းဖုံးနေသောတောထဲတွင် ကျိုယိသည် တောထဲတွင် ဝပ်နေလျက် တိတ်တဆိတ် ရှေ့သို့ ချီတက်လာသည်။ သူသည် ကြီးမားကျယ်ပြန့်သောအလွန် ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားရာ ကြီးမားကျယ်ပြန့်သော သစ်ပင်တောအုပ်ကြီးထဲ၌ ကိုယ်ပျောက်နေသကဲ့သို့ ဖြစ်နေ၏။

သို့သော် ပို၍ အရေးကြီးသည်မှာ ကျိုယိသည် ကိုယ်ပျောက်လုပ်ကြံသတ်ဖြတ်ခြင်းအတွက် အထူးပြုလုပ်ထားသည့် နည်းပညာကို လေ့ကျင့်ထားခြင်းပင်ဖြစ်သည်။

ဤသည်က ရွှယ်အန်း၏ လက်ဆောင်တစ်ခုလည်းဖြစ်၏။ လက်ခံပြီးနောက် ကျိုယိသည် ယင်းကို ထက်ထက်သန်သန်လေ့ကျင့်ခဲ့သည်။ ယခုအခါ အနည်းငယ်ကျွမ်းကျင်နေပြီဖြစ်ကာ ချန်ဟောက် သို့မဟုတ် စွန်းလင်တို့နှင့်မယှဥ်နိုင်သော်လည်း သူ၏ ကိုယ်ပိုင် အခွင့်အရေးအတွက် ကျွမ်းကျင်သူဖြစ်သည်မှာ သေချာသည်။

အသက်ရှုအောင့်၍ အာရုံစူးစိုက်လျက် ကျိုယိသည် နှင်းတောင်၏နောက်တွင် ပုန်းနေသော စနိုက်ပါတစ်ဦးထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

ဆယ်မီတာ

ငါးမီတာ

ကျိုယိသည် စနိုက်ပါသမား၏နှာခေါင်းမှ ထွက်သက်ဝင်သက်၏ နွေးထွေးမှုကိုပင် မြင်နိုင်သည်။ ထို့နောက် ကျိုယိက ရုတ်တရက် ထွက်လာ၍ စနိုက်ပါသမား၏ ကျောရိုးနှင့် တတိယ စတုတ္ထမြောက် ကျောရိုးနားသို့ ဓားဖြင့် ထိုးချလိုက်သည်။ ဓားသည် သွေးကြောများနှင့် အာရုံကြောများကို ဖြတ်တောက်ပစ်လိုက်ရာ စနိုက်ပါသမားသည်လည်း အော်ချိန်ပင်မရလိုက်ဘဲ လဲကျသွားသည်။ မထွက်ခင်တွင် အဖွဲ့ခေါင်းဆောင် ချန်ဟောက်က ရှင်းရှင်းလင်းလင်းပြောခဲ့သကဲ့သို့ပင် ဤသည်က စစ်ပွဲတစ်ပွဲဖြစ်သဖြင့် ကရုဏာပြနေရန် မလိုအပ်ပေ။

ရန်သူစနိုက်ပါသမားကို သတ်ပြီးနောက် ကျိုယိသည် အသက်ရှုအောင့်၍ပုန်းရှောင်ရန် ပြန်သွားတော့မည်ဖြစ်သည်။ ထို့နောက် ရုတ်​တရက်​ပင်​ ဘေးဘက်​မှ ပြင်းထန်​​သော လူသတ်​​ရောင်​ဝါတစ်​ခု​ ​ထွက်ပေါ်လာသည်​။

ကျိုယိသည် တွေးတောမနေဘဲ အလိုလို နောက်ဆုတ်သွားလိုက်သည်။ ထို့နောက် သူ ခုဏက ထိုးခဲ့သော နေရာသို့ စူးရဲတောက်လောင်နေသော လှံတစ်စင်းတိုးဝင်လာသည်။ ကျိုယိသည် ချွေးစေးများရွှဲနစ်သွား၏။ သူ၏ တုံ့ပြန်မှုက တစ်ချက်တစ်လေနှေးသွားခဲ့လျှင်ပင် ပွဲချင်းပြီးသေဆုံးသွားပေလိမ့်မည်ဖြစ်သည်။ သို့မှသာ ကျိုယိသည် ရန်သူဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ပေါ့ပါးသော တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားသည့် နိုင်ငံခြားသားနတ်ဆိုးတစ်ယောက်သည် ဥပက္ခာပြုသော မျက်နှာဖြင့် ကြည့်နေ၏။

"သေစမ်း အဲ့တာ မြွေပွေးနက်အဖွဲ့ကပဲ" ကျိုယိသည် ပြိုင်ဘက်၏ ယူနီဖောင်းကို သတိထားမိသဖြင့် သူ့ရင်ထဲတွင် တိမ်မြုပ်သွားသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ မြွေနက် အထူးတပ်ဖွဲ့သည် ဤပြိုင်ပွဲတွင် ကြောက်မက်ဖွယ်ကောင်းသော အဖွဲ့တစ်ဖွဲ့ဖြစ်၍ အသင်းခေါင်းဆောင် ချန်ဟောက်က ၎င်းတို့သည် စစ်မှန်သော ပြိုင်ဘက်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ အထူးသဖြင့် ရုရှား၏လူယုတ်မာများသည် စစ်သားတစ်ဦးစီတိုင်းကို လူသတ်စက်အဖြစ်သို့ပြောင်းလဲရန် ဤဇီဝမျိုးစပ်ခြင်းနည်းပညာကို အသုံးပြုခဲ့ကြသည်။

ကျိုယိသည် ထိုပြိုင်ဘက်ကိုမြင်သောအခါ သူ့နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မြွေနက်အဖွဲ့၏ လှံတစ်စင်းတိုးဝင်လာသောအခါ သူရှောင်တိမ်းနိုင်သည်ဆိုရုံမျှသာ တိမ်းရှောင်နိုင်ခဲ့သည်။ အပြောင်းအလဲ၏ အရှိန်ကြောင့် ကျိုယိ အလွန် ကြောက်လန့်သွား၏။

‘ပြီးပြီ၊ ဒီတစ်ခါ ငါသေမှာသေချာတယ်’

ဤအတွေးက ကျိုယိ၏ စိတ်ထဲတွင် ပေါ်လာသည်။

ထို့နောက် အလွန်သန်မာပုံရသော လူတစ်ယောက်ထွက်ပေါ်လာ၍ ထိုလှံချက်ကို သူ့အစား ခံယူပေးလိုက်သည်။

ချွင်

ထိုသူ၏ ခန္ဓာကိုယ်ကို အသားဖြင့်မဟုတ်၊ သံမဏိဖြင့် ပြုလုပ်ထားသည့်အလား သတ္ထုသံတစ်ခု အမှန်ပင်ထွက်ပေါ်လာသည်။

ကျိုးသာ့နျို

တစ်ချိန်က နုံအသန်မာကျောသောလူသည် ယခု ရွှယ်အန်းမှပေးအပ်သော ဖျက်ဆီး၍မရသော ဝိဇ္ဇာနည်းလမ်းကိုလေ့ကျင့်ခြင်းအားဖြင့် အဖွဲ့တွင် ထိပ်တန်းကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။

ထို့အပြင် သူသည် ကျိုယိ၏ လက်တွဲဖော်တစ်ဦးလည်းဖြစ်သည်။ သူ့ကို မြင်သောအခါ ကျိုယိက သက်ပြင်းတစ်ချက်ချလိုက်သော်လည်း ထိုအချိန်၌ပင် မြွေနက်အဖွဲ့ဝင်က ခုန်တက်လာ၍ သူ၏လက်နက်ဖြင့် ခုတ်ပိုင်းချလိုက်သည်။

"သတိထားပါ” ကျိုယိက လှမ်းအော်လိုက်၏။

သူ ဒေါသတကြီး ဟစ်အော်နေစဉ် ကျိုးသာ့နျို၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အကြည့်များ ပေါ်လာကာ သူ၏ ကြွက်သားများက ရွှေမှုန်များဖြင့် ဖုံးအုပ်ထားသကဲ့သို့ တောက်ပနေသည်။

ကျိုးကြေသံတစ်ခု ထွက်ပေါ်လာပြီးနောက် မြွေနက်အဖွဲ့ဝင်ကိုင်ဆောင်ထားသော စစ်လက်နက်သည် အမှန်ပင် ကျိုးကျသွားသည်။ မြွေနက်အဖွဲ့ဝင်ပင်လျှင် ဤသည်ကို မြင်၍ ထိတ်လန့်သွားရ၏။ အခွင့်အရေးကို ဆုတ်ကိုင်လျက် ကျိုးသာ့ညိုသည် လှည့်၍လက်သီးတစ်ချက်ထိုးသွင်းလိုက်ရာ ရန်သူပင်လျှင် လွင့်ထွက်သွားသည်။

ထို့နောက် မြေပြင်သို့ ထိသွားသောအခါ ရန်သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့ ပေါက်ကွဲထွက်သွားသည်။

"ကောင်းတယ် သာ့နျို မင်းရဲ့ မပျက်စီးနိုင်တဲ့ ဝိဇ္ဇာကျင့်စဥ်က ထပ်ပြီးတိုးတက်လာပြီ” ကျိုယိက ပြုံး၍ ပြောသည်။

ကျိုးသာ့နျို က နုံအစွာရယ်မောလိုက်သည်။

"နားမလည်တဲ့ အပိုင်းတစ်ချို့ကို ဒီတစ်ခါတော့ ဆရာက ရှင်းပြခဲ့တယ်လေ ဒါကြောင့် အလိုလိုကို ငါပိုပြီးသန်မာလာတာပဲ”

"ကောင်းပြီ၊ ငါတို့သဘောတူထားတဲ့အတိုင်း ကပ္ပတိန်နဲ့တွေ့ကြရအောင်။ မင်းငါ့ရဲ့ဘယ်ဘက်သုံးဆယ်ဒီဂရီမှာ နေရာယူလိုက်ပြီး ငါတို့ရှေ့ဆက်ကြမယ်” ကျိုယိက အသံနက်ဖြင့် ပြောသည်။

ကျိုးသာ့နျို ခေါင်းညိတ်လိုက်သည်။ ရိုးရှင်းသော စိတ်ထားကြောင့် သူသည် လိမ္မာပါးနပ်သော ကျိုယိအတွက် ပြီးပြည့်စုံသောလက်တွဲဖော်ဖြစ်သည်။

"ဟားဟား ငါတို့ ဒီပြိုင်ပွဲမှာ အနိုင်ရရင် ငါတို့ နည်းပြက ထွက်သွားမှာ မဟုတ်ဘူး” ကျိုယိက ရယ်မောလျက် ပြောသည်။

ဤသည်ကို ကြားသောအခါ ကျိုးသာ့နျို၏ မျက်လုံးများ တောက်ပလာသည်။

"ဆရာအတွက် ဒီလူယုတ်မာတွေကို အပိုင်းပိုင်းဖြတ်ဖြစ်မယ်”

အခန်း(၂၃၁) သမန်းဝံပုလွေ ပေါ်ပေါက်လာခြင်း

ပြိုင်ပွဲက တစ်နာရီသာ ကြာမြင့်ခဲ့သည်။ အသင်းသုံးသင်း ဖယ်ထုတ်ခံလိုက်ရပြီး ရလဒ်များကတော့ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိခြင်းတို့ပင်ဖြစ်သည်။ ဤပြိုင်ပွဲ၏ ရက်စက်ကြမ်းကြုတ်သော ရလဒ်က လူများစွာကို ထိတ်လန့်စေခဲ့သည်။ နိုင်ငံအများအပြား၏ နည်းပြများ၏ မျက်နှာများက ဖြူဖျော့လျက် ဤပွဲကို အမြန်ဆုံးရပ်တန့်ပေးရန် ချက်ကော့ဗ်ကို တောင်းဆိုနေကြသည်။ သို့သော် ချက်ကော့ဗ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“အရင်က ပြောဖူးပါတယ်၊ ဒီပြိုင်ဆိုင်မှုဟာ စစ်ပွဲပါပဲ၊ အောင်ပွဲ ဒါမှမဟုတ် သေဆုံးမှု မရှိရင် ရပ်တန့်လို့ မရပါဘူး”

ချက်ကော့ဗ် ၏စကားမျာကြောင့် လူအများတုန်လှုပ်သွားခဲ့ကာ စတင်၍ ရှုံ့ချခဲ့ကြသည်။ သို့သော် ချက်ကော့ဗ်က နားထောင်ခြင်းအလျင်းမရှိဘဲ ထထွက်သွားခဲ့သည်။

နည်းပြဆရာများသည် ဒေါသထွက်နေကြရသော်လည်း လျစ်လျူရှုမှုကြောင့် အားကိုးရာမဲ့ကာ မြွေနက်နှင့် ရွှယ်အန်းကို မုန်းတီးလျက်ရှိသည်။ ပွဲအစမှစ၍ ယခုအချိန်အထိ အမှတ်အများဆုံးနှင့် အရှုံးအနည်းဆုံးအသင်းများသည် ၎င်းတို့သာဖြစ်သည်။

"တရုတ်ပြည်ရဲ့ အထူးတပ်ဖွဲ့တွေဟာ သူတို့ရဲ့ လူသားချင်းစာနာထောက်ထားမှုဝါဒအတွက် အမြဲနာမည်ကြီးနေတာ မဟုတ်ဘူးလား၊ ဒီအချိန်မှာ မင်းဘာလို့ ဒီလောက်ရက်စက်ရတာလဲ" အသားမဲ၍ ဗိုက်ပူသော လူတစ်ယောက်ကပြောသည်။

လူမျိုးကို မေးရန်ပင်မလိုလောက်အောင် သူ့ဆီမှ ထွက်လာသော ဟင်းရနံ့ဖြင့်ပင် မည်သည့်နိုင်ငံကလာသည်ကို ခန့်မှန်း၍ ရနိုင်သည်။ သို့သော် သူ၏ မေးခွန်းများက ရွှယ်အန်းကို မျက်ခုံးပင့်ရန်ပင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ရွှယ်အန်းက ဆက်လက်၍ သူ၏ ဗော့ကာကိုသာ အေးဆေးစွာ ဆက်လက်သောက်နေခဲ့သည်။

“တရုတ်ကောင် မင်းဒါကို မရှင်းပြသင့်ဘူးလား” ဆံပင်ရွှေရောင် မှုန်ကုပ်ကုပ်နှင့် အခြားသူက လေးနက်သော အသံဖြင့်ပြောသည်။

ရွှယ်အန်းသည် သူ့ဖန်ခွက်ကိုချချလိုက်ပြီးနောက် ရန်လိုသည့် မေးခွန်းများမေးလာသူကို ‌မော့ကြည့်လျက် အေးစက်စွာပြုံးလိုက်သည်။

"ဗိုလ်ချုပ် ချက်ကော့ဗ်ပြောတာ မှန်ပါတယ်၊ ဒါက စစ်မြေပြင်ပါ၊ အားနည်းတာက ငါတို့ တပ်တွေဖြစ်နေရင် မင်း ငါတို့ကို သက်ညှာပေးမယ်လို့ ထင်လား” သူက မေးသည်။

ရွှယ်အန်း၏ စကားများကြောင့် လူအများ၏ မျက်နှာများ အရုပ်ဆိုးကုန်ကြသည်။

"ဒါပေမယ့် မင်း ဒီလောက်ရက်စက်ဖို့ မလိုဘူး" Y နိုင်ငံမှ နည်းပြဆရာသည်လည်း လက်လျော့ခြင်းမရှိ ဆက်လက်ငြင်းခုန်ခဲ့သည်။

"နောက်ကျကျန်ခဲ့ရင် မင်းအရိုက်ခံရလိမ့်မယ်တဲ့၊ ဒါက ငါတို့ဘိုးဘေးတွေ လက်ဆင့်ကမ်းလာခဲ့တဲ့ စကားပုံပဲ။ အခု ငါမင်းကို ပြန်ပြီး လက်ဆင့်ကမ်းပေးခဲ့မယ်"

ရွှယ်အန်းအနီးတဝိုက်တွင် စုဝေးလာကြသူများသည် ပို၍ ပြောချင်နေကြ‌သေးသော်လည်း နောက်ပိုင်းတွင် အော်သံများစွာကိုကြားလိုက်ရသည်။

လှည့်ကြည့်လိုက်သောအခါ မြွေနက်ကို မေးခွန်းထုတ်နေသည့်သူတစ်ဦးသည် ကြမ်းပြင်ပေါ်၌ ခေါင်းနှင့်ကိုယ်အိုးစားကွဲလျက် လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။ သွေးများက ကြမ်းပြင်တစ်ခုလုံးသို့ စိုရွှဲလျက်ရှိကာ ပြင်းထန်သော သွေးနံ့များထွက်ပေါ်လာသည်။

လူတိုင်း အံ့သြသွားကြရသည်။

“မင်း… တကယ် သတ်ရဲလား” မျက်နှာဖြူဖျော့နေသော နည်းပြက တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

မြွေနက်က လှောင်ပြုံးလိုက်၏။

"ခွန်အားမရှိရင် မင်းတို့ ငါ့ရှေ့မှာစကားပြောခွင့်တောင်မရှိဘူးကွ၊ ဆက်ပြောနေကြရင် မင်းတို့အားလုံး သူ့လို အဆုံးသတ်သွားရလိမ့်မယ်”

မြွေနက်၏ ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများသည် လူတိုင်းကို အသံတိတ်စေခဲ့သည်။

ထို့နောက် မြွေနက်သည် ရွှယ်အန်းကို လှည့်ကြည့်၍ ပြော၏။

"မီးဖီးနစ်ကို လျှော့တွက်မိတာတော့ ဝန်ခံပါတယ်၊ ဒါပေမယ့် ဒီစွမ်းအားကြောင့် မြွေပွေးနက်အဖွဲ့နဲ့ ယှဉ်နိုင်မယ်လို့ မင်းတကယ်ထင်နေတာလား။"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"နိုင်မလား ရှုံးမလားဆိုတာကို လောလာဆယ်မပြောပါရစေနဲ့ဦး။ ဒါပေမယ့် အနည်းဆုံးတော့… ငါ့ကောင်တွေ တစ်ယောက််မှ မသေသေးဘူး”

အားလုံးက တညီတညွတ်တည်း ခေါင်းလှည့်၍ ကြီးမားသော ဖန်သားပြင်ဆီသို့ ခေါင်းလှည့်ကြသည်။

အမှန်တကယ်ပင် မီးဖီးနစ်၏ အထူးတပ်ဖွဲ့များသာ အင်အားအပြည့်ရှိနေဆဲဖြစ်သည်။ မြွေနက်၏ အမူအရာသည် တဖြည်းဖြည်း နက်မှောင်လာ၍ အေးစက်စွာနှာခေါင်းရှုတ်လိုက်ပြီးနောက် မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ မျက်လုံးမှိတ်ထားလိုက်သောအခါ မြွေပွေးနက်အဖွဲ့သားများ၏ ခန္ဓာကိုယ်ထဲတွင် ထည့်ထားသော ချစ်ပ်ပြားများသည် တစ်ပြိုင်နက်တည်း အချက်ပြမှုတစ်ခု ရရှိခဲ့သည်။

စက်များနှင့် ထူးမခြားနားပုံပေါ်သော မြွေပွေးနက် အဖွဲ့ဝင်များ၏ အမူအရာများ တဖြည်းဖြည်းပြောင်းလဲလာသည်။ ၎င်းတို့၏ မျက်လုံးများ လျင်မြန်စွာနီရဲလာကာ ၎င်းတို့၏ ကိုယ်ရောင်ကိုယ်ဝါသည်လည်း အဆများစွာတိုးလာသည်။

ထိုအခါ ဤလူများသည် နတ်သတ်ဖြတ်သူများကဲ့သို့ ၎င်းတို့၏ ရန်သူများကို ချေမှုန်းလိုက်ကြပြီးနောက် မီးဖီးနစ်အဖွဲ့ဆီသို့ ဦးတည်သွားကြသည်။ အင်အားကြီးအဖွဲ့နှစ်ဖွဲ့ တိုက်ခိုက်ကြတော့မည်ကို ဖန်သားပြင်ထက်၌ လူများစောင့်ကြည့်နေကြသည်။ ဆုရှနာသည်လည်း မထိန်းနိုင်တော့ဘဲ လေးနက်သော မျက်နှာထားမျိုးဖြစ်လာသည်။

ရွှယ်အန်းသာလျှင် ပြင်ပကမ္ဘာရှိ အရာအားလုံးသည် သူနှင့်မသက်ဆိုင်သကဲ့သို့ သူ့အရက်ကို အပြင်းအထန် ဆက်သောက်လျက်ရှိသည်။

အခု တောထဲတွင် မီးဖီးနစ်အဖွဲ့ဝင်များအားလုံး စုဝေးခဲ့ကြသော်လည်း ချန်ဟောက်နှင့် အခြားသူများသည် အလွန်ပြင်းထန်သော ရောင်ဝါတစ်ခုနီးကပ်လာသောကြောင့် ရွှင်မြူးရန်အချိန်မရှိပေ။ ယခုအခါတွင် ၎င်းတို့၏ တပ်နှစ်ခုသာ စစ်မြေပြင်တွင် ကျန်ရှိတော့သည်။

ကျန်သူများမှာ သေသည်ဖြစ်စေ၊ ဒဏ်ရာအပြင်းထန်ရသည်ဖြစ်စေဖြင့် တိုက်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။

စွန်းလင်က ရှေ့ကို ခြေတစ်လှမ်းတိုး၍ ပြော၏။

"ဗိုလ်ကြီး၊ ရန်သူက တော်တော် တင်းမာပုံပဲ”

"မူးယစ်ဆေးတွေ နည်းပညာတွေနဲ့ အတုလုပ်ထားတဲ့ အထူးတပ်ဖွဲ့တစ်ဖွဲ့က ငါတို့ကို လာတိုက်တော့မယ်လို့ကြားတယ်”

ထိုသို့ပြောပြီးနောက် မြွေပွေးနက်အဖွဲ့ဝင်များ ချီတက်လာကြသည်။ ၎င်းတို့သည် အစမှအဆုံးထိ အလွန်ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပြေးလာခဲ့ရာ တောင်တန်းများနှင့်သစ်ပင်များပင်လျှင် ၎င်းတို့၏ အရှိန်ကို မရပ်တန့်နိုင်ပေ။

ချန်ဟောက်က ပြော၏။

"လူကြီးမင်းတို့ ပြိုင်ဘက်ကို ချေမှုန်းပြီး နည်းပြကို ပြီးပြည့်စုံတဲ့အမှတ်ရအောင် လုပ်ပေးလိုက်ကြရအောင်”

"ဟုတ်ကဲ့”

တုံ့ပြန်မှုသည် ချိုင့်ဝှမ်းတစ်လျှောက်တွင် ပဲ့တင်ထပ်သွားပြီးနောက် မီးဖီးနစ်အဖွဲ့မှလူများသည် မဆိုင်းမတွ ရှေ့သို့ ချီတက်လာကြသည်။ ဤအခိုက်အတန့်တွင် အထက်မှငုံ့ကြည့်လျှင် အဖွဲ့နှစ်ဖွဲ့ကို မြင်ရမည်ဖြစ်၍ အနက်ရောင်နှင့် အဖြူအဖွဲ့နှစ်ဖွဲ့သည် ချွန်ထက်သော ဓားသွားနှစ်စင်းကဲ့သို့ ရက်စက်ကြမ်းတမ်းစွာ သတ်ဖြတ်တိုက်ခိုက်နေကြသည်ကို မြင်ရမည်ဖြစ်သည်။

ထိုအချိန်တွင် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်နေသည်။ မြွေပွေးနက်အဖွဲ့ကို ကိုယ်စားပြုသော အမှတ်များသည် တစ်ပြီးတစ်စ လျော့နည်းလာသည်။

သို့တိုင် မီးဖီးနစ်ကိုယ်စားပြုအမှတ်များသည်မူ ပျောက်ကွယ်သွားရန် ငြင်းဆန်နေဆဲဖြစ်သည်။ ဤမြင်ကွင်းက မြွေနက်၏ မျက်နှာကို ပြာနက်သွားစေသည်။ သို့သော် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးရုံပြုံးလိုက်၏။

ဤသည်က အစသာရှိသေးကြောင်း သူသိထား၏။

ဘမ်း

ကျိုးသာ့နျိုသည် မြွေပွေးနက်အဖွဲ့ဝင်တစ်ဦးကို လက်သီးဖြင့်ထိုးပြီးနောက်

"ဘယ်သူ ကျန်သေးလဲ" ဟု အသံနက်ကြီးဖြင့် မေးလိုက်သည်။ ဤပြင်းထန်သော အရှိန်အဟုန်သည် မြွေပွေးနက်အဖွဲ့၏မာနကြီးသော အဖွဲ့ဝင်များကိုပင် ထိတ်လန့်စေကာ ၎င်းတို့ကို အလိုအလျောက် ခြေနှစ်လှမ်း နောက်ပြန်ဆုတ်သွားစေသည်။

"ဟားဟား မင်းတို့က အကြောက်တရားကိုသိကြသေးတယ်ပေါ့။ မင်းတို့အားလုံးကို စက်ရုပ်တွေလို့ ငါထင်ထားတာ”

၎င်းတို့ နောက်မှ အသံတစ်ခု ထွက်လာပြီးနောက် ဓားတစ်စင်းသည် အသက်များစွာကို ချေမှုန်းသုတ်သင်ပစ်လိုက်၏။ မီးဖီးနစ်သည် တဖြည်းဖြည်းဖြင့် အသာစီးရလာခဲ့သည်။ သို့သော် ထိုအချိန်တွင် မြေကြီးတစ်ခုလုံဂ တုန်လှုပ်သွားနုငိ်စေသည့် ခြေသံများ တောထဲမှ ထွက်ပေါ်လာသည်။ ချန်ဟောက်နှင့် အခြားသူများသည် မြွေပွေးနက်အဖွဲ့၏ စစ်ကူများဖြစ်ကြောင်းတွေး၍ လန့်သွားသော်လည်း မယုံကြည်နိုင်ဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ဝံပုလွေနှစ်ဆယ်ကျော် အုပ်စုတစ်စု ဖြည်းညှင်းစွာ ထွက်လာသည်ကို မြင်လိုက်ရသည်။

ဤသမန်းဝံပုလွေများသည် အရပ်သုံးမီတာခန့် မြင့်၍ အလွန်ရက်စက်ကြမ်းတမ်းသော အမူအရာများရှိကာ အထင်သေးသော မျက်နှာများဖြင့် ကြည့်နေကြသည်။ ချန်‌ဟောက်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။

‘ဘာ…ဘာတွေဖြစ်နေတာလဲ’

ထိုအချိန်တွင်ပင် စိတ်မရှည်သော သမန်းဝံပုလွေတစ်ကောင်သည် ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရာ ရှေ့မှ အသားခပ်ညိုညို မြွေပွေးအဖွဲ့ဝင်တစ်ဦး အပိုင်းပိုင်းကွဲသွားသည်။

ချန်ဟောက်နှင့် အခြားသူများ အံ့အားသင့်သွားကာ နောက်ပြန်ဆုတ်သွားကြသည်။

"လူသားတွေ မင်းတို့ ငါတို့နယ်မြေမှာ တိုက်ပွဲဝင်နေတော့ ငါတို့က မင်းတို့ကို သွေးကြွေးပြန်တောင်းရတော့မှာပေါ့” ခေါင်းဆောင်ဝံပုလွေက အေးစက်စွာပြောသည်။

အသံထွက်ပေါ်လာသည်နှင့်အမျှ မြွေပွေးနက်အဖွဲ့အဖွဲ့ဝင်များသည် ဘူဒိုဇာတစ်ခုရှေ့တွင် မြေကွက်ငယ်များကဲ့သို့ ပြန့်ကျဲသွားသည်။

"နောက်ဆုတ်ကြ” ချန်ဟောက်က ကြောက်လန့်တုန်လှုပ်စွာဖြင့် အမိန့်ပေးလိုက်သည်။

သို့သော် လမ်းကြောင်း အဘက်ဘက်မှ ပြန်လည်ဆုတ်ခွာရန် ကြိုးစားနေကြချိန်တွင် နောက်ထပ် ဝံပုလွေတစ်အုပ်ပေါ်လာ၍ ၎င်းတို့၏ ထွက်ပြေးမှုကို တားဆီးလိုက်သည်။

"ဒီလူတွေရဲ့ ကိုယ်လုံးကိုယ်ပေါက်က အဲ့ဒီ့ အမှိုက်ထက် အများကြီးသာတယ်။ သူတို့ကို ပြန်ခေါ်သွား ငါတို့အတွက် ဆုဖလားတွေဖြစ်လာနိုင်တယ်” ဝံပုလွေတစ်ကောင်က ညွှန်ကြားသည်။

မီးဖီးနစ်အဖွဲ့သည် အလွန်ခက်ခဲသောအခြေအနေတွင် ပိတ်မိနေပြီဖြစ်သည်။ ခန်းမထဲ၌ အလွန်ပရမ်းပတာဖြစ်သွားသည်။ မြွေပွေးနက်အဖွဲ့ကို ကိုယ်စားပြုသည့် အမှတ်များသည် ဖန်သားပြင်မှ ရုတ်ချည်း ပျောက်ကွယ်သွားကာ မြွေနက်က ရုတ်တရက် မတ်တပ်ရပ်ကာ ရွှယ်အန်းကို မျက်နှာညှိုးငယ်စွာဖြင့် ရပ်ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ မင်းတို့ စောက်တရုတ်တွေ ဘယ်လိုလှည့်ကွက်တွေလုပ်နေတာလဲ”

ရွှယ်အန်းက စကားမပြောဘဲ ခပ်ဝေးဝေးကို မော့ကြည့်လိုက်သည်။

ထိုအချိန်တွင် ဝံပုလွေအော်သံတစ်ခု ထွက်ပေါ်လာ၏။

All Chapters