အခန်း (၂၃၂-၂၃၄)
Vol. 16 Ch. 232-234
အခန်း (၂၃၂) ငါနဲ့တိုက်ဖို့ အရည်အချင်းရှိလား
ရွှယ်အန်းသည် မတ်တပ်ထရပ်၍ ပြတင်းပေါက်မှ ခုန်ချလိုက်ပြီးနောက် တောထဲသို့ ခုန်ချလိုက်ရာ မြွေနက်ကလည်း လှောင်ရယ်၍ နောက်မှလိုက်လာခဲ့၏။
နှစ်ယောက်သား ထွက်သွားပြီးသည်နှင့် အခန်းတွင်းရှိ လေထုသည် ထူးဆန်းလာသည်။ ကျန်ဆရာများသည် ဖြစ်ပျက်ခဲ့သည်ကို နားမလည်ကြသဖြင့် အချင်းချင်းကြည့်နေကြသည်။ အခြားအခန်းရှိ ချက်ကော့ဗ်သည် ထွက်ခွာသွားသော လူနှစ်ဦးကို ကြည့်၍ ဆိုးယုတ်စွာပြုံးလိုက်သည်။
ဆုရှနာသည် ဝံပုလွေအူသံကိုလည်း ကြားလိုက်ရသဖြင့် တုန်ယင်စွာဖြင့် ပြော၏။
"ဗိုလ်ချုပ်၊ ကျွန်မတို့အရင်က တွေ့ဖူးတဲ့ ဝံပုလွေတွေ..."
"မှန်တယ် သူတို့က အစစ်အမှန်တွေပဲ။ ငါတို့ အင်ပါယာက ဒီစွမ်းအားကြီးသတ္တဝါတွေနဲ့ပူးပေါင်းနေတယ်” ချက်ကော့ဗ်က ထူးမခြားနားပြောလိုက်သည်။
ဆုရှနာက တုန်လှုပ်ခြောက်ခြား၍ ဖြူလျော့ဖျော့တော့သော အမူအရာဖြင့် ပြော၏။
"ဒါဆို ပြိုင်ပွဲအတွက် ဒီနေရာကို ရည်ရွယ်ချက်ရှိရှိ ရွေးခဲ့တာလား”
ချက်ကော့ဗ်သည် ဆုရှနာ ကို လေးနက်သောအမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
"ဒီစွမ်းအားကြီးသတ္တဝါတွေက လျှို့ဝှက်ဆန်းကြယ်တဲ့ကမ္ဘာက လာတယ်၊ ဒါပေမယ့် သူတို့အနှစ်သက်ဆုံးအရာက သန်မာတဲ့စစ်သည်တော်တွေရဲ့ ဝိညာဉ်တွေပဲ။ အင်ပါယာရဲ့လိုအပ်ချက်အတွက် သူတို့နဲ့ ရောင်းဝယ်ဖောက်ကားဖို့ ငါတို့ ဒါကိုလုပ်ရမယ်။"
ဆုရှနာ၏ မျက်နှာတစ်ခုလုံးတုန်လှုပ်သွား၍ သူမ၏ အသားအရည်သည် နီတစ်လှည့်ဖြူတစ်ခါဖြစ်နေသည်။
"ဒါပေမယ့်..."
"ဆုရှနာ မင်း ပြောစရာ မလိုတော့ဘူး၊ မင်းက အင်ပါယာရဲ့ သစ္စာစောင့်သိတဲ့ အုပ်ထိန်းသူဆိုတာ သတိရပါ။ အင်ပါယာရဲ့ အကျိုးစီးပွားအတွက်၊ အထူးသဖြင့် သေသွားတဲ့သူတွေက တခြားနိုင်ငံက သူရဲကောင်းတွေ ဖြစ်လို့၊ ဒီရလဒ်က ငါတို့အတွက် အသင့်တော်ဆုံးပဲ နားလည်လား။"
စကားပြောပြီးနောက် ချက်ကော့ဗ်သည် ဆုရှနာ၏ ပခုံးကို ပုတ်လျက် ဖြတ်ကျော်သွားသည်။
"ဟယ်လီကော်ပတာတစ်စီး မကြာခင်လာတော့မယ်။ ငါတို့ အဲ့ကျ ကယ်ထုတ်လိုက်မယ်။ မော်စကိုကို ဒါမှမဟုတ် ဘယ်ကိုပဲဖြစ်ဖြစ် ပြန်ပါစေ"
ဆုရှနာက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် ရွှယ်အန်းသည် တောထဲသို့ အပြေးသွားနေသည်။ သူသည် စွမ်းအားကြီးသော တည်ရှိမှုများကို အာရုံခံမိခဲ့ရာ ၎င်းတို့အနက် တစ်ခုသည် ရွှယ်အန်းနှင့် အလွန်ရင်းနှီးသော အငွေ့အသက်တစ်ခုဖြစ်၏။
နတ်ဆိုးချီ။
ထိုအချိန်တွင် မြွေနက်သည် အနောက်မှအမှီလိုက်နိုင်ခဲ့သည်။
"ရွှယ်အန်း၊ မင်းထွက်မပြေးနိုင်ဘူး။ ငါ့စစ်သားတွေအတွက် ငါလက်စားချေမယ်။" မြွေနက်သည် ရက်စက်သော လေသံဖြင့် ပြောလိုက်သည်။
သူဤသို့ပြောသည်နှင့်ပင် ရွှယ်အန်းက ရုတ်တရက် ရပ်တန့်သွားသည်။ သတိမထားလိုက်သော မြွေနက်သည် သူ့ကို ဝင်တိုက်မိလုနီးနီးဖြစ်သွား၏။
"မင်း..."
မြွေနက်သည် သူ့ရှေ့က မြင်ကွင်းကြောင့် အံ့အားသင့်သွားသောကြောင့် စကားပင်အဆုံးမသတ်နိုင်ခဲ့ပေ။ မြေပြင်တစ်ခုလုံးသို့ သွေးများ အသားစများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ သွေးနံ့ထူထဲလှသဖြင့် လူတိုင်းကို အော့အန်စေလုနိုင်သည်။
"ဒါ...ဒါတွေက ငါ့ကောင်တွေပဲ" မြွေနက်သည် ဖြူဖျော့စွာဖြင့် ရွှယ်အန်းဘက်သို့ လှည့်ကာ အံကြိတ်လျက် တုန်လှူပ်ခြောက်ခြားစွာပြောလိုက်သည်။
"ဒါ မင်းလုပ်ခဲ့တာလား။ ဘယ်လို စက်ဆုပ်ဖို့ကောင်းတဲ့နည်းလမ်းတွေ မင်းသုံးခဲ့တာလဲ”
မြွေနက်၏အော်သံကိုကြားသောအခါ ရွှယ်အန်းသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ လက်ဖျောက်တီးလိုက်သည်။ ထို့နောက် ထိုလက်ဖျောက်သံနှင့်အတူ မြွေနက်သည် နောက်သို့ လွင့်ပျံလျက် ထူထပ်သော သစ်ပင်တစ်ဒါဇင်ကျော်ကို ဖြတ်ကာ ကြမ်းတမ်းပြင်းထန်စွာဖြင့်ရပ်တန့်သွားသည်။
"နားညီးလိုက်တာ" ရွှယ်အန်းက တင်းမာသောမျက်နှာဖြင့် ပြောလိုက်သည်။
မြွေနက်သည် သွေးတစ်ပွက်အန်ထုတ်၍ ရွှယ်အန်းကို ထိတ်လန့်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် အံကြိတ်ကာ အိတ်ကပ်ထဲမှ အပြာနုရောင် စိတ်ကြွဆေးကို ခန္ဓာကိုယ်ထဲသို့ မဆိုင်းမတွ ထိုးသွင်းလိုက်သည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ မြင့်တက်လာသဖြင့် မြွေနက်သည် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။
"ရွှယ်အန်း၊ မင်းက တကယ်ကိုစွမ်းအားကြီးပေမယ့် အသုံးမဝင်ပါဘူး။ အဲ့တာနဲ့..."
သူ့စကားမဆုံးခင်တွင် ရွှယ်အန်းသည် ရှေ့သို့ ချီတက်လာကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
လက်သီးချက်ကြောင့် မြွေနက်၏ ခန္ဓာကိုယ် တစ်ဝက်ခန့် ကျိုးကြေသွား၏။
မြွေနက်သည် စိတ်ကြွဆေးသောက်ပြီးနောက် ရွှယ်အန်းကို အနိုင်ယူနိုင်မည်ဟု သူထင်ခဲ့သော်လည်း ဤအချက်ကြောင့် အလွန် ထိတ်လန့်တုန်လှုပ်သွားရသည်။ သို့သော် လက်သီးတစ်ချက်ကိုပင် မခံနိုင်ဘဲနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ထိုအချိန်တွင် ရွှယ်အန်းကဘာသိဘာသာပြောလိုက်သည်။
"မင်းငါ့ကို တိုက်ဖို့ အရည်အချင်းပြည့်မီတယ်လို့ ထင်နေတာလား"
ထို့နောက် လက်သီးတစ်ချက် ထပ်မံပစ်သွင်းလိုက်သည်။ မြွေနက်သည် ချက်ချင်းပင် စကားတစ်ခွန်းမျှဆက်မပြောနိုင်တော့ဘဲ သွေးအမှုန်အမွှားများအဖြစ်ပြောင်းလဲသွားသည်။
မြွေနက်ကိုသတ်ပြီးနောက် ရွှယ်အန်းသည် ပတ်ဝန်းကျင်ကို လေးနက်စွာ ကြည့်နေခဲ့သည်။
သူသည် ချန်ဟောက်နှင့် အခြားသူများ၏ အလောင်းများကို ရှာမတွေ့ခဲ့သည့်အပြင် သူ၏ နတ်အာရုံအတွင်း၌လည်း ၎င်းတို့ကို ခြေရာမခံနိုင်ခဲ့ပေ။ ဤလူများအားလုံး ကမ္ဘာမြေပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ ထင်ရသည်။ ထို့နောက် ရွှယ်အန်းသည် မျက်လုံးများကို မှိတ်ထားလျက် အသက်ပြင်းပြင်းရှုလိုက်၏။
"လျှို့ဝှက်နယ်မြေတစ်ခုပဲ၊ ငါ အဲ့တာကို မရှာနိုင်ဘူးလို့ မင်းတို့ တကယ်ထင်နေတာလား”
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ၏ဘယ်လက်ကို ဆန့်ထုတ်ကာ လက်ချောင်းများဖြင့် ဓားတစ်ချောင်းကို ဖန်တီးလိုက်သည်။
"ကောင်းကင်ကို ခွဲမယ့် … ဓားတစ်ချောင်း”
အလွန်ထက်မြက်သော ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီးနောက် အက်ကွဲသံနှင့်အတူ လေထုအလယ်တွင် အနက်ရောင်အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
ရွှယ်အန်းက ခြေတစ်လှမ်းလှမ်း၍ ယင်းထဲသို့ လမ်းလျှောက်ဝင်သွားသည်။
အက်ကွဲရာသည် အကြိမ်အနည်းငယ် လှုပ်ခါသွားပြီးနောက် ပျောက်ကွယ်သွားသည်။ ဤမြေကြီးသည် ရဲရဲနီလျက် လေထုတွင်လည်း သွေးနံ့များ ထူထဲစွာလွင့်ပျံနေသည်။
ဝံပုလွေအကောင်ကြီးတစ်အုပ်သည် ဝိုင်းရံလျက် လူအချို့ကို တိုက်ခိုက်နေသည်။ ဤလူများအားလုံးသည် ဒဏ်ရာပြင်းထန်စွာ ခံစားခဲ့ရကာမကြာမီ၌ပင် ၎င်းတို့သည် ဝံပုလွေများအောက်၌ သေကြပျက်စီးကြလုတော့မည့်ပုံပေါ်သည်။
ယောက်ျားတယောက်က ကြုံးဝါး၍ ရှေ့ကိုတိုးကာ သမန်းဝံပုလွေ၏ ခြေထောက်ကို ဆွဲကိုင်လျက် သူ့ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဘမ်း
ရုတ်တရက် ပေါက်ကွဲပြီးနောက်။
လူနှင့် သမန်းဝံပုလွေတို့သည် အတူတကွ ပျောက်ကွယ်သွားသည်။
"ညီ (၃)” လူတစ်ယောက်က အလွန်ဝမ်းနည်းကြေကွယ်စွာဖြင့် ငိုကြွေးနေ၏။
ကျန်ရှိသော သမန်းဝံပုလွေများသည် ပို၍ ပြင်းထန်စွာ ဆက်လက် တိုက်ခိုက်ခဲ့ကြကာ ထိုအချိန်တွင် ရွှယ်အန်းရုတ်တရက်ပေါ်လာသည်။ သမန်းဝံပုလွေများ နှင့် တိုက်ခိုက်ခြင်းခံနေရသော လူများ အားလုံးသည် ရွှယ်အန်းကို ဗြောင်ကျကျ စိုက်ကြည့်နေကြသည်။ ရွှယ်အန်းသည် ပတ်ပတ်လည်ကို ကြည့်ပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဤလျှို့ဝှက်နယ်ပယ်သည် သူထင်ထားသည်ထက် များစွာကြီးမားသည်ဖြစ်ရာ မျိုးရင်း နေထိုင်သူများပင်ရှိနေ၏။ လျို့ဝှက်နယ်ပယ်ဟုခေါ်သော နယ်ပယ်များသည် သဘာဝအတိုင်း ဖွဲ့စည်းထားခြင်း သို့မဟုတ် အစွမ်းထက်သော သတ္တဝါများ ဖန်တီးထားသည့်နယ်မြေများဖြစ်သည်။
ဤနေရာများသည် ပင်မကမ္ဘာနှင့်တွဲလျက်တည်ရှိသောကြောင့် လျှို့ဝှက်နယ်ပယ်များဟုခေါ်သည်။
လျှို့ဝှက်နယ်ပယ်များသည် ကြီးလျှင်ကြီး မကြီးလျှင် သေးနိုင်သည်။ အချို့မှာ အခန်းတစ်ခုတည်းကဲ့သို့ သေးငယ်သော်လည်း အချို့မှာ ကမ္ဘာဂြိုဟ်ထက် ပိုကြီးနိုင်သည်။ ရွှယ်အန်းသည် ၎င်း၏ကိုယ်ပိုင်စကြဝဠာကြီးတစ်ခုဖြစ်သည့် ဂလက်ဆီတစ်ခုလုံးပါဝင်နိုင်သည့် ကြီးမားသောလျှို့ဝှက်အတိုင်းအတာတစ်ခုကိုပင် မြင်တွေ့ခဲ့ရသည်။
ဝံပုလွေအချို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာအင်္ဂလိပ်ဘာသာစကားဖြင့်မေး၏။
"မင်းဟာ အဓိကကမ္ဘာကလား"
ရွှယ်အန်းသည် ပိတ်မိနေသော လူများကိုသာ အာရုံစိုက်နေသဖြင့် ထိုဝံပုလွေများကို လားလားမျှ ဂရုမစိုက်ပေ။
ဤဒေသခံများသည် ရှေးကျသော ၀တ်စုံကို ၀တ်ဆင်ထားကာ ၎င်းတို့၏ အသွင်အပြင်သည် မျက်နှာဖြူလူမျိုးများနှင့် မတူဘဲ ဟွာရှားလူမျိုးများနှင့် ဆင်တူသည်။
"မင်းက... ဒီနေရာက ဒေသခံမျိုးရင်းတွေလား။" ရွှယ်အန်းက မေးသည်။
အသက်အကြီးဆုံးသော အမျိုးသားတစ်ဦးသည် ကြောက်ရွံ့စွာကြည့်၍ ရှေ့သို့တိုးလာသည်။
"မင်းက… ဘယ်သူလဲ..."
ပုံမှန် ဟွာရှားဘာသာစကားဖြင့် ပြောလိုက်၏။ ရွှယ်အန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။
"ငါ ဒီနေရာမှာ လူတစ်ယောက်ကိုရှာဖို့ရောက်လာတာ”
ထိုအချိန်တွင် သမန်းဝံပုလွေအနည်းငယ်ကဝင်ပြော၏။
"ဒါဆို သူကနောက်ထပ် လူယုတ်မာတစ်ကောင်ပဲ၊ သတ်ပစ်လိုက်"
ရွှယ်အန်းနှင့် အနီးဆုံး ဝံပုလွေများထဲမှ တစ်ကောင်က သူ့ဆီသို့ တည့်တည့် ချီတက်လာသည်။
"သတိထားပါ ချောင်ပိတ်တိုက်ခိုက်ခံနေရသော ယောက်ျားများက သတိပေးရန် အော်လိုက်သည်။
သမန်းဝံပုလွေသည် ချဉ်းကပ်လာသည်နှင့်အမျှ ရွှယ်အန်း၏ ဦးခေါင်းခွံကို ဖျက်ဆီးချေမှုန်းပစ်ရန် ၎င်း၏လက်ကို ဆန့်တန်းကာ ဟစ်အော်လိုက်သည်။
ဤသည်မှာ "အဆင့်နိမ့်များကိုသတ်ခြင်း”ဟူသော ၎င်းတို့အကြိုက်ဆုံးသတ်ဖြတ်ရေးနည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် မအောင်မြင်ခဲ့ပေ။ သမန်းဝံပုလွေ လန့်ဖျပ်သွားချိန်တွင် ရွှယ်အန်း၏ အသံက ထွက်ပေါ်လာသည်။
ဧ”မင်းလက်ထဲမှာ ဟွာရှားလူတွေရဲ့သွေးတွေ ရှိနေပုံပဲ"
ဤသို့ ပြော၍ ရွှယ်အန်းက ပေါ့ပေါ့ပါးပါး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုသမန်းဝံပုလွေသည် အပိုင်းပိုင်းကွဲသွားသည်။ သွေးစွန်းနေသော အကြွင်းအကျန်များ မြေပြင်ပေါ်သို့ ပြန့်ကျဲလာသည်။ ဤလုပ်ရပ်ကြောင့် ရွှယ်အန်း သေတော့မည်ဟု သေချာထင်နေခဲ့သော အမျိုးသားများကို လုံးလုံးလျားလျား အံသြသွားစေသည်။
"သူ့ကိုသတ်" ကျန်သော သမန်းဝံပုလွေများအားလုံး ချီတက်လာကြသည်။
ရွှယ်အန်းသည် ခေါင်းကိုပင် မလှည့်ဘဲ ရှေ့သို့ ပေါ့ပါ့ပါးပါးခြေတစ်လှမ်းလှမ်းလိုက်သည်။
သူတို့ရဲ့ အစွမ်းအစတစ်ဝက်လောက်မှာရှိနေတဲ့ ဝံပုလွေအကောင်ပေါင်းများစွာကို ဧရာမတူတူကြီးနဲ့ ထိမှန်ပြီး ပျော့ဖတ်ထဲကို တိုက်ရိုက် ကြေမွသွားသလိုပါပဲ။
၎င်းတို့၏ အသွင်ကူးပြောင်းမှု ထက်ဝက်ခန့်တွင်ရှိနေသော သမန်းဝံပုလွေ အကောင်ပေါင်းများစွာသည် ဧရာမတူကြီးဖြင့် ထိမှန်ကာ ရိုက်နှက်ခြင်းခံလိုက်ရသကဲ့သို့ ကြေမွသွားကြသည်။
အခန်း(၂၃၃) ဝံပုလွေ လျို့ဝှက်နယ်မြေတိုက်ပွဲ
လူများအားလုံး ကြောင်အထိတ်လန့်ကုန်ကြသည်။ သမန်းဝံပုလွေများသည် ၎င်းတို့၏ ခွန်အားအပြည့်အဝကို အသုံးမချဘဲ တိုက်ခိုက်ခဲ့ကြသောကြောင့်သာမဟုတ်လျှင် ၎င်းတို့အားလုံး သေနှင့်ပြီမှာ ကြာပြီဖြစ်သည်။ သို့ထိတိုင် ဤသမန်းဝံပုလွေများသည် ရွှယ်အန်းရှေ့တွင် တစ်ချက်မျှ မခံနိုင်ခဲ့ပေ။ ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ ၎င်းတို့ ထံသို့ လျှောက်သွားသည်။
“ဒါဘယ်နေရာလဲ”
အကြီးဆုံး ယောက်ျားက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လေးနက်စွာပြန်ဖြေသည်။
“ဆရာ ဒါက စစ်ဝံပုလွေ တောင်ကြားပါ”
“စစ်ဝံပုလွေတောင်ကြား”
ရွှယ်အန်းက ခဏတာမျှ တွေးနေပြီးမှ မေးလိုက်သည်။
“ဒီကမ္ဘာက ပျမ်းမျှ ဘယ်လောက်ကြီးလဲ။ ဒီနေရာနဲ့ အနီးဆုံးမြို့ကဘယ်မြို့လဲ”
ရွှယ်အန်းက သူ၏ နတ်အာရုံကိုသုံးခဲ့သော်လည်း မိုင်ရာကျော် အကွာအဝေးအတွင်းတွင် မည်သည့် အဆုံးသတ်မျဥ်းမျှမရှိသဖြင့် ဤသို့ မေးလိုက်ရခြင်းဖြစ်သည်။
ထိုသူက အနည်းငယ်တုန်လှုပ်လျက်ရှိကာ ကြောက်လန့်မှုများဖြင့် တုန်ယင်စွာပြောသည်။
“ဒီကမ္ဘာက အရမ်းကြီးပေမယ့် မြို့နည်းနည်းပဲရှိပါတယ်။ နောက်ပြီး… မြို့တွေအားလုံးကို ဒီသမန်းဝံပုလွေတွေက အုပ်စိုးထားတယ်”
ရွှယ်အန်း၏ ခေါင်းထဲတွင် အနည်းငယ်ရှုပ်ထွေးသွားသော်လည်း သူက ခပ်ပါးပါးပြုံးလိုက်သည်။
“ဒီအနီးအနားမှာ ပုံမှန်မဟုတ်တာများ ဒီနေ့သတိထားမိလား”
“ဘာမှမရှိပါဘူး”
ရွှယ်အန်းက သက်ပြင်းချလိုက်သည်။ မီးဖီးနစ်အဖွဲ့၏ လူများသည် တစ်နေရာရာသို့ ဆင်းသက်ခဲ့သည့်ပုံပေါ်သည်။ စစ်ဝံပုလွေတောင်ကြားနှင့် မလှမ်းမကမ်းတွင် သေးငယ်သော တောင်ရွာတစ်ခုရှိသည်။ လူများ ပြန်သွားပြီးသည့်နောက် တောင်ရွာတွင် အုတ်အော်သောင်းတင်းဖြစ်နေသည်ကို မြင်လိုက်ကြရသည်။ လူများစွာသည် လေး၊ မြား အစရှိသည်တို့ကို ကိုင်လျက် ရွာတံတိုင်းပေါ်မှ ခုန်ဆင်းလာကြသည်။
“အကြီးအကဲဝူ ခင်ဗျားပြန်လာပြီပေါ့”
ဝူချင်းက ခေါင်းညိတ်ပြီးနောက် လေးနက်စွာဖြင့် မိတ်ဆက်ပေးလိုက်သည်။
“ဒါကမစ္စတာရွှယ်ပါ၊ ငါတို့ကို ကယ်ခဲ့တဲ့သူပဲ။ သူမရှိရင် ငါတို့ ဘယ်တော့မှ ပြန်လာနိုင်မှာမဟုတ်ဘူး”
လူအုပ်က ထိတ်လန့်မှုအပြည့် အံ့သြမှုအပြည့်ဖြင့် ရွှယ်အန်းကိုကြည့်နေကြသည်။
ရွှယ်အန်းက ယင်းကို ရိုးရှင်းစွာပင် ပြုံးပြလိုက်၏။ ပြန်လာသည့်လမ်းတစ်လျှောက်တွင် ရွှယ်အန်းသည် ဤကမ္ဘာ၏ အခြေအနေကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။ ဤကမ္ဘာ၏ အကျယ်အဝန်းသည် ဟွာရှား၏ ထက်ဝက်ခန့်မျှရှိကာ အမျိုးမျိုးသော ရွာငယ်များ ကွဲထွက်နေသည်။ သို့သော် စစ်မှန်သော အုပ်ချုပ်သူများသည်မူ ထို သမန်းဝံပုလွေများပင်ဖြစ်ကြသည်။ ဤဝံပုလွေများသည် မြို့ထဲ၌ နေကြ၍ ဤရွာသူတောင်သားများ၏ ဆက်သမှုများဖြင့် ရှင်သန်ကြသည်။ ထို့အပြင် ထိုရွာသူများကို အဆင့်ဆင့်ခွဲခြားထားကာ ဟွာရှားနိုင်ငံ၏ ပြည်သူများက အဆင့်အနိမ့်ဆုံးနှင့် ဖိနှိပ်မှုကို အခံရဆုံးဖြစ်သည်။
“အကြီးအကဲဝူ ဘာလို့ ကျွန်မယောက်ျား ပြန်မလာသေးတာလဲ” အမျိုးသမီးက တုန်လှုပ်နေသော အသံဖြင့် ပြော၏။
ဝူချင်း၏ မျက်နှာက မှောင်မိုက်လာသည်။
“အစ်ကို (၃) … သူ… သူ ဒီ ခွေးမသား ဝံပုလွေတွေကို ထိန်းထားဖို့ ကြိုးစားရင် ပေါက်ကွဲမှုမှာ အဆုံးသတ်သွားရတယ်”
ဤသည်ကို ကြားသောအခါ အမျိုးသမီးသည် လဲကျ၍ သတိမေ့သွားသည်။ ရွာသားအများစုသည် ရှေ့သို့ ထွက်၍ သူမကို ကူညီခဲ့ကြသော်လည်း ၎င်းတို့၏ မျက်နှာထက်မှ အမူအရာများက ထုံယင်နေသည့်ပုံပေါ်သည်။ ဤလူများအတွက် သေခြင်းတရားဟူသည် ဖြစ်လေ့ဖြစ်ထရှိသော အရာတစ်ခု ဖြစ်လာခဲ့သည့်ပုံပေါ်သည်။
သမန်းဝံပုလွေသခင်များဆီမှ စွမ်းအားအနည်းငယ်ခန့်ကပင် ဤရွာတစ်ရွာလုံးကို အပြီးတိုင် ပျောက်ကွယ်သွားစေနိုင်သည်။ ၎င်းတို့သည် ဤကိစ္စနှင့်အသားကျစွာဖြင့် ဤနေရာ၌ ကြီးပြင်းလာခဲ့ကြ၏။ ရွှယ်အန်းက ဤလူများကို ပြန်လည်ပို့ဆောင်ပြီးလျှင် ထွက်သွားရန် ရည်ရွယ်ခဲ့သော်လည်း ရွာ၏ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်အဖြစ်လေးစားခြင်းခံရသည့် အကြီးအကဲဝူ၏ အသက်သခင်ဖြစ်လာသဖြင့် ဤစိတ်အားထက်သန်လှသော ရွာသားများက သူ့လမ်းကို ပိတ်ထားကြကာ မည်သည့်ကိစ္စပင်ရှိစေကာမူ ထွက်သွားခွင့် မပေးလိုခဲ့ပေ။
ထို့အပြင် ဤနေရာရှိလူအများက ၎င်းတို့၏ ဘဝတစ်သက်တာတွင် တောင်ရွာမှ ထွက်မသွားခဲ့ကြဖူးကာ မြို့ထဲသို့ သွားခဲ့ဖူးသူများ အကြီးအကဲဝူချင်းတစ်ဦးတည်းသာလျှင်ဖြစ်သည်။
ရွှယ်အန်းက လမ်းကြောင်း တည်နေရာများကို မေးမြန်ပြီးနောက် အနီးဆုံးမြို့ဆီသို့ ဦးတည်သွားခဲ့သည်။
ဤကမ္ဘာတွင်လည်း နေ့တာနှင့် ညတာရှိသဖြင့် ကောင်းကင်ယံထက်မှ ကြယ်တာရာနက္ခတ်များသည်ပင်လျှင် ကမ္ဘာမြေမှ ကြယ်တာရာများနှင့်တူသည်။ ရိုးရှင်းစွာပြောရလျှင် ၎င်းသည် ကမ္ဘာမြေနှင့် ယှက်နွယ်နေသော ကမ္ဘာငယ်တစ်ခုဟု ထင်ရသည်။
ညမိုးချုပ်လာသောအခါ ရွာသားများက မီးပုံတစ်ခု ထွန်း၍ ၎င်းတို့ အတတ်နိုင်ဆုံး ညစာကို စတင်ပြင်ဆင်ကြသည်။ ရွှယ်အန်းက ယင်းတွင် တောင်များလယ်များတစ်လျှောက်ရှိ အမျိုးမျိုးသော သားရဲများပါဝင်နေသည်ကို မြင်လိုက်ရသည်။ ယင်းတို့အပြင် သစ်သီးဝိုင်များလည်းရှိကြ၏။
တစ်ငုံသောက်ကြည့်ပြီးနောက် ရွှယ်အန်းက ပြုံးကာ သူယူလာသော သေးငယ်သည့် အပူခံပုလင်းတစ်ပုလင်းကို ထုတ်လိုက်သည်။
“ဒါမြည်းကြည့်”
အဖုံးဖွင့်လိုက်သောအခါ ဗော့ကာအနံ့ထွက်လာသည်။
ဝူချင်းက ထိတ်လန့်သွားပြီးမှ ကြောက်လန့်တကြား ပြော၏။
“ဒါက မြို့ပေါ်က ပုဂ္ဂိုလ်ကြီးတွေပဲတတ်နိုင်တဲ့ နတ်သေရည်ပဲ”
ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။
“အိုး ဒါဆို ခင်ဗျားက ဒီလို သေရည်မျိုးကို မြင်ဖူးသေးတာပေါ့”
ဝူချင်းက ခေါင်းညိတ်လိုက်သည်။
ရွှယ်အန်း၏ အပြုံးသည် အနည်းငယ်အေးစက်လာသည်။
ဟွာရှား၊ အရမ်းကောင်းတယ်၊ မင်း တို့က တကယ်ပဲ ဒီလူတွေနဲ့ ပူးပေါင်းပြီး ဆိုက်ဘေးရီးယားမှာ အထူးတပ်ဖွဲ့တွေပြိုင်ပွဲစီစဥ်တယ်ပေါ့။ ဒါတွေအားလုံးက မင်းတို့ရဲ့ အစီအစဥ်တွေရဲ့ တစ်ပိုင်းတစ်စပဲလို့ ငါခန့်မှန်းမိတယ်
“ဒီသေရည်က ကျုပ်ခင်ဗျားကို လက်ဆောင်ပေးတာပါ” ရွှယ်အန်းက သေရည်အပေါ်သို့ ဝူချင်း၏ စိတ်အားထက်သန်မှုကို မြင်လိုက်ရသောကြောင့် ပြုံး၍ ပြောလိုက်သည်။ ဝူခငျ်းသည် ထိတ်လန့်တကြား လက်ခါပြလိုက်သည်။
“ကျုပ် ဒါကို လက်မခံနိုင်ပါဘူးဗျာ ဒီဟာက အရမ်းတန်ဖိုးကြီးလွန်းတယ်ဗျ”
ရွှယ်အန်း ရယ်လိုက်သည်။ သူ ဤပုလင်းကို လမ်းဘေးမှ ရူပီးငါးဆယ်ဖြင့် ဝယ်ယူလာခဲ့ခြင်းဖြစ်သည်။ ၎င်းကို ယီဝူတွင်ပြုလုပ်ခဲ့ခြင်းဖြစ်၍ တန်ဖိုးကြီးသည်ဟူသော စကားလုံးဖြင့် လားလားမျှ မသက်ဆိုင်ပေ။
အဆုံးသတ်တွင် ဝူချင်းသည် သေရည်ပုလင်းကို လက်ခံ၍ ဗော့ကာ အနည်းငယ်ကို လောင်းထည့်ကာ နေရာ၌ ရှိနေသူအားလုံးကို အရသာခံခိုင်းလိုက်သည်။ သစ်သီးဝိုင်ကို သောက်နေကျဖြစ်သော ရွာသားများအတွက်မူ ဤဗော့ကာ တစ်ငုံကပင် မူးဝေသွားစေနိုင်သည်။ ညစာဝိုင်း၏ လေထုသည် ရလဒ်အနေဖြင့် အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ မူလက ရွှယ်အန်းကို ကြောက်ရွံ့နေခဲ့ကြသော ကလေးငယ်များသည် ယခုအခါတွင် စုဝေးလာကြသည်။ ရွှယ်အန်းသည် သမီးဖြစ်သူနှစ်ဦးကြောင့် ဤကလေးများကို အလွန် ချစ်နှစ်သက်လျက်ရှိသည်။ သူမသိလိုက်ခင်၌ပင် စကားဝိုင်းသည် ညအထိတိုင်ကြာသွားခဲ့သည်။ ဝူချင်း၏ သမီးဖြစ်သူသည် နီမြန်းနေသော မျက်နှာဖြင့် အခန်းတစ်ခန်းကို ရွှယ်အန်းအတွက် ရှင်းလင်းပေးပြီးနောက် အသစ်စက်စက် အိပ်ရာခင်းများကို ယူလာခဲ့သည်။
ရွှယ်အန်းက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် မျက်လုံးများကို မှိတ်ကာ မီးဖီးနစ်အဖွဲ့ဝင်များကို နတ်အာရုံသုံး၍ စတင်ရှာဖွေလိုက်သည်။
တစ်ညတာ ကြိုးစားအားထုတ်ခဲ့သည့်တိုင် မည်သည့် အောင်မြင်မှုမျှမရခဲ့ပေ။
နံနက်မိုးလင်းသောအခါ ရွှယ်အန်းက အပြင်ဘက်မှ အရေးတကြီး ဗုံတီးသံကြားလိုက်ရသဖြင့် ထလာလိုက်ရာ အိမ်ပြင်သို့ရောက်သည်နှင့် သူ့နှလုံးသားတစ်ခုလုံး ရှုပ်ထွေးသွား၏။
အပြင်ဘက်တွင် အလွန် စိတ်ညစ်နေသည့်အမူအရာများဖြင့် စုဝေးနေကြသည့် ရွာသားများကို မြင်လိုက်ရသည်။ ရွှယ်အန်းက လမ်းလျှောက်သွားပြီးနောက် ရွာသားတစ်ယောက်ကို ရွာဝင်ပေါက် နံရံထက်၌ မြှားဖြင့် ထိုးစိုက်ထားသည်ကို မြင်လိုက်ရကာ ထိုမြှားခေါင်းတွင် ဝံပုလေခေါင်းပုံသဏ္ဍာန်တစ်ခုပါရှိသည်။
ရွှယ်အန်းသည် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မသိသဖြင့် မေးတော့မည့်ဆဲဆဲတွင် ဝူချင်းက လေးနက်သော မျက်နှာဖြင့် ပြော၏။
“ရွှယ်လူကြီးမင်း ကျုပ်တောင်းပန်ပါတယ်ဗျာ ကျုပ်တို့ ရွာကို မကောင်းတာတစ်ခုဖြစ်သွားလို့ ဆက်ပြီး လူကြီးမင်းကို ဆက်ပြီး လက်ခံထားဖို့ မဖြစ်နိုင်တော့လို့ပါ။ ကျုပ် လူတွေထည့်ပေးပြီး အဝေးကို ပြန်ပို့ပေးပါ့မယ်”
ရွှယ်အန်းက ဝူချင်း၏ ထိတ်လန့်နေသော အမူအရာကို မြင်သောအခါ ပြုံးလိုက်မိသည်။
“ဘာဖြစ်သွားတာလဲ”
ဝူချင်းက ခေါင်းခါ၍ ပြော၏။
“ရွှယ်လူကြီးမင်း ဒါက လူကြီးမင်းရဲ့ ကိစ္စမဟုတ်ပါဘူး။ မြန်မြန် ထွက်သွားလိုက်ပါတော့ဗျာ”
ဤအခိုက်အတန့်တွင် အခြားသော ရွာသားများကလည်း စတင်၍ တိတ်တဆိတ်ငိုကြွေးလာကြသည်။
ရွှယ်အန်း၏ မျက်နှာထက်မှ အကြည့်က ပိုမိုအေးခဲလာသည်။
“ဘာဖြစ်ခဲ့တာလဲလို့ မေးနေတယ်”
ဝူချင်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
“မမေးတာပဲကောင်းပါလိမ့်မယ်ဗျာ”
အချိန်ခဏကြာတွေးပြီးနောက် ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ ဒါဆို ကျုပ်ကို အပြင်ကို လမ်းညွှန်ပေးလိုက်တော့”
လူငယ်အချို့က ရွှယ်အန်းကို တောင်ရွာမှ ခေါ်ထုတ်သွားခဲ့ပြီးနောက် ဝူချင်းနှင့် အတူပြန်လာသော ယောက်ျားက မေးလိုက်သည်။
“အကြီးအကဲဝူ ရွှယ်လူကြီးမင်းက သေချာပေါက် စွမ်းအားရှိတဲ့ လူတစ်ယောက်ပဲ ဘာလို့ သူ့ကို ထွက်သွားခိုင်းလိုက်တာလဲ”
ဝူချင်းက ခေါင်းခါ၍ ခါးသက်စွာပြုံးလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ရွာက ထပ်ပြီး ကြာကြာခံမှာမှမဟုတ်တာ။ ဘာလို့ သူများတွေကို ဝင်စွက်ဖက်ခိုင်းရမှာလဲ။ သူလုပ်နိုင်တယ်ဆိုရင်တောင် တစ်ဖက်ကလူက နှင်းဝံပုလွေဘုရင်လေ”
နှင်းဝံပုလွေဘုရင်ဟူသော စကားလုံးသည် ရွာသားအားလုံး၏ မျက်နှာများကို ပြာနှမ်းသွားစေသည်။
အချို့အမျိုးသမီးများက ကျယ်လောင်စွာငိုကြွေးလိုက်ကြသည်။ ထိုအခိုက်အတန့်တွင် ဝူချင်းက အံကို တင်းတင်းကြိတ်လိုက်၏။
“ငိုမနေကြစမ်းနဲ့ အားလုံးပဲ။ ငါတို့ အခု မပြေးနိုင်တော့ဘူးဆိုတော့ စွမ်းအားရှိသလောက် တိုက်ခိုက်ကြရအောင်၊ ငါတို့က တစ်ကောင်သတ်နိုင်ရင်တောင် အမှတ်ကို ညီမျှအောင်လုပ်လို့ရတယ်”
သူစကားနားထောင်၍ ရွာသားများ၏ တိုက်ခိုက်ရေးစိတ်ဓာတ်များ တဖြည်းဖြည်း နိုးကြားလာသည်။ ဝူချင်း၏ နှလုံးသားသည် အခြားသူများ၏နှလုံးသားထက် ပို၍ ဆိုးဝါးလျက်ရှိသည်။
နှင်းဝံပုလွေဘုရင်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တောင်ရွာတစ်ခုလုံး ကပ်ဘေးကြီးကို ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း သူသေချာစွာသိထား၏။
အခန်း(၂၃၄) ပင်လယ်ကဲ့သို့ ဓားချီ
တစ်နေ့တာ ကုန်လွန်သွားခဲ့သည်။ တောင်ရွာ၏ တံတိုင်းများသည် သိသိသာသာ ထူလာကာ အမျိုးသမီးများနှင့် ကလေးများသည် လက်နက်အဖြစ် အသုံးပြုနိုင်သည့် အရာမှန်သမျှကို ထုတ်ယူ၍ခုခံရေးတွင် ပါဝင်လာကြသည်။ ထို့နောက် ဝူချင်းသည် ရိတ်သိမ်းထားသော ကောက်ပဲသီးနှံအားလုံးကို ထုတ်ကာ အရသာရှိသော ညစာတစ်ခု ပြုလုပ်ခဲ့သည်။
သို့သော် မည်သူကမျှ စားနိုင်ခြင်းမရှိကြပေ။
အားလုံးက အဝေးက လမ်းငယ်တစ်ခုကို ငေးကြည့်နေကြသည်။
ဆည်းဆာ နီးလာပြီဖြစ်၍ လမ်းမထက်မှ နေရောင်ခြည်သည် တောက်ပစွာဖြာကျလျက်ရှိသည်။
ရုတ်တရက် ကောင်းကင်ယံထက်၌ အရိပ်ကြီးတစ်ခု ပေါ်လာသည်။ ရွာရိုးတွင် ကင်းလှည့်နေသောဝူချင်းက ယင်းကို အနီးကပ်ကြည့်၍ စိတ်နှလုံးပျက်သုဥ်းသွားရသည်။ အမှောင်ထုကဲ့သို့ နက်မှောင်လှသည့် အရိပ်ကြီးတစ်ခုနောက်တွင် ဝံပုလွေများ တစ်ရာကျော်ခန့်ပြေးလာသည်ကို သူမြင်လိုက်ရသည်။
အလယ်တွင်၊ ဧရာမဝံပုလွေဝံပုလွေနှစ်ကောင်က ဆွဲယူလာသော သစ်သားလှည်းတစ်ခုရှိ၍ လှည်းပေါ်တွင် ထွားကြိုင်းသော ဝံပုလွေဖြူတစ်ကောင် ထိုင်နေသည်။
၎င်းသည်ကား နှင်းဝံပုလွေပင်ဖြစ်၏။ ဤသို့ ဖွဲ့စည်းမှုက တောင်ရွာတစ်ခုလုံးကို ပြန့်ကျဲလျက်ရှိသည်။ ဤမြင်ကွင်းကို ရွာသူရွာသားအားလုံးမြင်တွေ့လိုက်ရပြီးနောက် အများစုသည် ကြောက်လန့်တကြားဖြင့် တုန်လှုပ်လျက်ရှိသည်။ ဝူချင်းက သူ၏ ခွန်အားအားလုံးကို စု၍ အော်ပြောလိုက်သည်။
"အားလုံးပဲ မကြောက်ကြပါနဲံ ငါတို့က တိုက်ပွဲမှာသေရင်သေလိမ့်မယ် ဒါပေမယ့် ငါတို့ဒူးထောက်လို့တော့မဖြစ်ဘူး။ ဒီကောင်တွေ ငါတို့ကို သတ်ရင်သတ်သွားပါစေ။”
"မှန်တယ်"
ယောက်ျားများစွာ၏ မျက်လုံးများ တဖြည်းဖြည်း နီရဲလာသည်။
ဝံပုလွေတစ်ကောင်သည် တောင်ရွာ၏ အဝေးတစ်နေရာ၌ရပ်သွားသည်။ နှင်းဝံပုလွေဘုရင်သည် ရိုးရှင်းသောတောင်ပေါ်ရွာကို ကြည့်၍ ရွာရိုးပေါ်ရှိ ရွာသားများကို မထီမဲ့မြင်ပြုကာ ရယ်မောလိုက်သည်။
"ဘယ်လို အဆင့်နိမ့်လူသားတွေလဲကွာ၊ ခုထိ ခုခံဖို့စဉ်းစားတုန်း"
ဝေးလံခေါင်သီသော လူဆိတ်ညံရာအရပ်သို့ ကြီးမြတ်သောအရှင်က စေလွှတ်ပြီးစဥ်မှစ၍ နှင်းဝံပုလွေဘုရင်သည် ပင်မကမ္ဘာသို့ မရောက်တာကြာနေပြီဖြစ်သောကြောင့် စိတ်ခံစားချက်မကောင်းနေခဲ့ပေ။ ပြင်ပကမ္ဘာ၏ တောက်ပ၍ စည်ကားနေသော ဘဝကိုသတိရလျက် နှင်းဝံပုလွေဘုရင်က အလွန်အမင်းတောင့်တနေမိသည်။
ထိုခံစားချက်မကောင်းလှသည်ကို အခြေပြု၍ သတ်ဖြတ်ချင်စိတ်များလည်းပြင်းထန်လျက်ရှိသည်။ ဝူချင်း၏ ခုခံမှုကို နှင်းဝံပုလွေဘုရင်က မသေဆုံးမီ အချည်းအနှီးရုန်းကန်မှုအဖြစ်သာ မြင်၏။
သို့သော် ဤသို့ ခပ်များများတွေးလေ ပိုပျော်လေဖြစ်၏။ ဤအရာက အနည်းငယ်စိတ်ဝင်စားဖွယ်ကောင်းသည်။
“အားလုံးဆီ ချီတက်ပြီး သတ်ပစ်လိုက်ပါ။ ခေါင်းဆောင်ကို ပြန်ခေါ်သွားလိုက်” နှင်းဝံပုလွေဘုရင်က အမိန့်ပေးသည်။
“ဟုတ်ကဲ့”
လေးမီတာမြင့်သော ဧရာမဝံပုလွေများစွာသည် ရွာဆီသို့ ပြုံးလျက်လျှောက်လာကြသည်။
“မြှားပစ်၊ မြှားပစ်၊ မီးမြှားကို ပစ်” ဝူချင်းသည် အကွာအဝေးကအဆင်ပြေပြီဟုထင်သောအခါ အမိန့်ပေးလိုက်သည်။
မီးတောက်များ ပျံထွက်သွားသော်လည်း ထိုဝံပုလွေကြီးများကို ထိလိုက်ခြင်းသည် ကလိထိုးနေသကဲ့သို့သာ ဖြစ်၏။ ဝူချင်းသည် အံကြိတ်လျက် ရွာရှိ အကောင်းဆုံးသော လေးကို ကောက်ကိုင်ကာ ဝံပုလွေကြီး၏ မျက်လုံးကို ချိန်ရွယ်၍ အသက်ရှုအောင့်လျက် စူးစိုက်ကြည့်ကာ ပြင်းထန်စွာပစ်လိုက်သည်။
မြှားသည် ၎င်း၏ပစ်မှတ်ကို အတိအကျ ထိမှန်၍ ဧရာမဝံပုလွေ၏ မျက်လုံးတစ်ဖက် ကွဲအက်သွားသည်။ ဧရာမဝံပုလွေကြီးသည် နာကျင်စွာ အော်ဟစ်လျက် ဟိန်းဟောက်လိုက်၏။
"မင်းတို့အားလုံးကို အသားလုံးဖြစ်အောင်ကြိတ်ပစ်မယ်”
ဤသို့ပြောလိုက်သောအခါ ဝံပုလွေကြီးများ ချီတက်လာကြသည်။
ရွာသားများသည် ၎င်းတို့၏ ကျည်တောက်များကို ရှင်းထုတ်၍ လှံများအားလုံးကို ပစ်ချကာ တိုက်ခိုက်မှုတိုင်းကို ခုခံခဲ့ပြီးနောက် အလွန်ပင်ပန်းလာကြသည်။ အချို့၏ မျက်နှာထက်တွင် စိတ်ဓာတ်အားငယ်မှုများ အပြည့်ဖြင့် နောက်ဆုံးသော သေခြင်းတရားကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်စွာဖြင့် မျက်လုံးမှိတ်ထားကြသည်။
ဝူချင်းသည် လေးလေးနက်နက် သက်ပြင်းချကာ လေးနှင့်မြှားများကို ပစ်ချလျက် ရတနာဓားကို ဆွဲထုတ်ကာ သူ့ကိုယ်သူအဆုံးသတ်ရန် အဆင်သင့်ဖြစ်နေသည်။
သို့သော် ထိုခဏ၌ ခပ်တိုးတိုးအသံတစ်ခု ထွက်လာသည်။
"ဒီည လရောင်က သာယာတယ်၊ သားရဲတွေကိုသတ်ဖို့ သင့်တော်တယ်"
ထိုအသံထွက်ပေါ်လာပြီးနောက် ရွှယ်အန်းသည် လရောင်အောက်တွင် လမ်းလျှောက်လာ၏။ သူ၏ ရောက်ရှိလာမှုသည် ဝူချင်းအပါအဝင် ရွာသားအားလုံးကို အံ့အားသင့်သွားစေ၏။
“ရွှယ်… ရွှယ်လူကြီးမင်း ဘာလို့ပြန်လာတာလဲ” ဝူချင်းက စိုးရိမ်တကြီးမေးသည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"ကျုပ်ပြန်မလာရင် ခင်ဗျားတို့အားလုံးကို ဒီအကောင်တွေက သတ်တော့မှာမဟုတ်ဘူးလား”
"ဒါပေမယ့် မင်းရဲ့ ပြန်လာမှုက အကူအညီမရှိဘူး၊ ပြိုင်ဘက်က နှင်းဝံပုလွေဘုရင်မို့လို့ သူ့မှာ လက်အောက်ငယ်သားတွေ အများကြီးရှိတယ်" ဝူချင်းသည် အလွန်စိုးရိမ်နေသဖြင့် ချွေးများ ချွေးများထွက်နေသည်။
ရွှယ်အန်းက ပြုံးလိုက်၏။
"ငါ့အတွက် အကောင်တွေက ဘယ်လောက်ပဲရှိရှိ သားရဲက သားရဲတွေပဲ"
ဤသားရဲဝံပုလွေများသည် ရွှယ်အန်းက ၎င်းတို့အား သားရဲများအဖြစ် ကြိမ်ဖန်များစွာ ရည်ညွှန်းသည်ကို ကြားလိုက်သောအခါတွင် အလွန်အမင်းဒေါသထွက်လာကြသည်။
"အဆင့်နိမ့် လူသား၊ ငါ မင်းကို အပိုင်းပိုင်းဖြတ်ပြီး ကိုက်စားမယ်" ဝံပုလွေကြီးတစ်ကောင်က ဟိန်းဟောက်ပြီးနောက် ခုန်အုပ်ရန်ပြင်လိုက်သည်။
ချီတက်လာသော သားရဲဝံပုလွေကိုမျက်နှာမူ၍ ရွှယ်အန်းသည် လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်၍ မတ်တပ်ရပ်လိုက်သည်။
“ဓားချီ အသက်ဝင်စေ”
ဘမ်း
မူလက နူးညံ့သိမ်မွေ့သော လရောင်သည် ရုတ်တရက် မရေမတွက်နိုင်သော ဓားချီများ အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် နဂါးပုံသဏ္ဍာန်အဖြစ် အသွင်ပြောင်းကာ ဧရာမဝံပုလွေများဆီသို့ တည့်တည့် တိုးဝင်သွားသည်။ ဧရာမဝံပုလွေကြီးသည် ယင်းကိုမြင်သောအခါ အလွန်ထိတ်လန့်သွားသဖြင့် တစ်စုံတစ်ခု ဝိဉာဥ်ပင်လွင့်သွားကဲ့သို့ ခံစားလိုက်ရကာ တစ်စုံတစ်ခုကို အော်တော့မည့်ဆဲဆဲတွင် ပင်လယ်ကဲ့သို့ များပြားလှသော ဓားချီများက ၎င်းတို့ကို ဖုံးလွှမ်းသွားသည်။
၎င်းပြန်ပေါ်လာသောအခါ အရာအားလုံးက ဖြူဖွေးသော အရိုးများအဖြစ်သို့ပြောင်းလဲသွားပြီဖြစ်၍ ထို့နောက်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံနှင့်အတူ ပျက်ဆီးသွားသည်။
ဤမြေကြီးဖြိုခွင်းသောဓားသည် စိတ်ဓာတ်ခိုင်မာသော နှင်းဝံပုလွေဘုရင်ကိုပင် ထိတ်လန့်စေခဲ့သည်။ သို့သော် ဤသည်က အစသာရှိသေးသည်။ သမုဒ္ဒရာနှင့်တူသော ဓားချီသည် အရှိန်အဟုန်မပျက်ဘဲ ၎င်းနောက်မှ ဧရာမဝံပုလွေများကို တိုက်ရိုက်ဖိနှိပ်ဖုံးလွှမ်းသွားသည်။
နာကျင်စွာ အော်ဟစ်ညည်းတွားပြီးနောက် ဤသားရဲဝံပုလွေများလုံးသည် အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
လူတိုင်း အံ့ဩသွားကြသည်။
အထူးသဖြင့် ၎င်းတို့၏ မျက်လုံးများကိုပင် မယုံနိုင်လောက်တော့သည်အထိ ရွာသားအများအပြားက အံ့သြလျက်ရှိကြသည်။ ယေဘုယျအားဖြင့် ရွာတစ်ရွာကို ၎င်းတို့ဘာသာ ချေမှုန်းနိုင်သည့် ဧရာမဝံပုလွေများသည် တစ်ချက်မျှ ခံနိုင်ရည်မရှိဘဲ ဤလူသားထံတွင် အရိုးဖြူများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
‘ဒီလူက ဘယ်လောက်တောင်စွမ်းအားကြီးလဲ’
ထိုအချိန်တွင် နှင်းဝံပုလွေဘုရင်လည်း မတ်တတ်ထရပ်လိုက်သည်။ မတ်တပ်ရပ်လိုက်သည်နှင့် ၎င်းသည် အခြားဝံပုလွေကြီးများထက် ခေါင်းတစ်လုံးစာ ပိုမြင့်သည်။
၎င်းသည် အမြင့်ငါးမီတာအပြည့်ရှိ၍ တောင်ငယ်တစ်ခုနှင့်တူသည်။ ရွှယ်အန်းသည် ရှေ့လေထုထဲတွင် အလွန်သေးငယ်စွာဖြင့် မတ်တပ်ရပ်နေသည်။
"မင်းက ပင်မကမ္ဘာက သိုင်းပညာရှင်လား” နှင်းဝံပုလွေဘုရင်က အသံနက်ကြီးဖြင့် မေးသည်။
ရွှယ်အန်းသည် ဧရာမဝံပုလွေကို ဘာသိဘာသာ ကြည့်ကာပြောလိုက်၏။
"အင်း အဲ့တာဆိုဘာဖြစ်လဲ”
နှင်းဝံပုလွေဘုရင်၏ မျက်နှာပေါ်တွင် အံ့သြမှုနှင့် လေးစားမှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"ဒီလိုဆိုရင် မင်းက တကယ့်ကို ဂုဏ်ထူးဆောင် ဧည့်သည်ပဲ။ ငါ အခု တကယ် နှောက်ယှက်လိုက်မိတယ်။ ငါ့ကို ခွင့်လွှတ်ပါ၊ ဒီရွာသားတွေကို ငါသက်ညှာပေးမယ်”
နှင်းဝံပုလွေဘုရင်က ဤလူကို အမှန်ပင် တောင်းပန်ခဲ့သည်။
ဤဖြစ်ရပ်က ရွာသူရွာသားတွေကို လုံးလုံးလျားလျား အံ့သြသွားစေသည်။ ဤရွှယ်လူကြီးမင်းသည် ဤမျှ အထင်ကြီးဖွယ်ကောင်းသော နောက်ခံရှိပါသလော။
သို့သော် နှင်းဝံပုလွေဘုရင်၏ နှိမ့်ချမှုကို ရိပ်မိသောအားဖြင့် ရွှယ်အန်းက သူ့ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
"မင်း အမှားလုပ်မိသွားပြီ"
"ဘာအမှားလဲ"
"မင်းက ရွာသားတွေကို သက်ညှာပေးတာမဟုတ်ဘူး။ ငါက… မင်းကို သက်ညှာပေးမလားမသက်ညှာပေးမလားဆိုတာပဲ ကြည့်ရမှာ”
"ပင်မကမ္ဘာ သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ငါမင်းကို လေးစားပါတယ်၊ ဒါပေမယ့် မင်းကို ငါကြောက်တယ်လို့ မဆိုလိုပါဘူး။ မင်း ငါ့ကို သက်ညှာပေးဖို့ ဆန္ဒမရှိဘူးလား။ ငါဘယ်သူလဲဆိုတာ မင်းသိလား။ ငါက ဝံပုလွေနတ်ဘုရား၊ နှင်းဝံပုလွေဘုရင်ရဲ့ အငယ်ဆုံးသားပဲ"
နှင်းဝံပုလွေဘုရင်၏ ဂုဏ်ယူဝင့်ကြွားသော စကားများမဆုံးလိုက်ခင်တွင် ရွှယ်အန်းက ဖြူဖွေးသော သွားများကို ဖြဲ၍ ပြုံးပြလိုက်သည်။
"မင်းက ဝံပုလွေဗုဒ္ဓရဲ့ သားဖြစ်ရင်တောင် မင်းဟာ သားရဲပဲ"
ရွှယ်အန်း၏ခြေရင်းတွင် ကိန်းအောင်းနေသည့် ဓားချီများသည် အမွှေးအတောင်များ ဖြန့်ထားသည့် ဒေါင်းတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာပြီးနောက် ရှေ့သို့ချီတက်လာသည်။
ဒဏ်ကို ပထမဆုံးခံရသူမှာ နှင်းဝံပုလွေဘုရင်၏ ကိုယ်ရံတော်များဖြစ်သည်။ ၎င်းတို့ တုံ့ပြန်နိုင်ခင်၌ပင် ၎င်းတို့သည် ဓားချီ၏ ဖုံးလွှမ်းခြင်းကို ခံရပြီးနောက် အရိုးစုများအဖြစ်ပြောင်းလဲသွားကြသည်။
နှင်းဝံပုလွေဘုရင်ကဤသည်ကို ကြည့်၍ စိတ်များ သူ့ စိတ်များ ကြီးစိုးခြင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
"ဝံပုလွေလျှို့ဝှက်သိုင်းပညာ”
တောက်ပသော အလင်းတန်းတစ်ခုသည် နှင်းဝံပုလွေဘုရင်အား ဖုံးအုပ်ထားကာ သူ၏ရောင်ဝါကို အဆပေါင်းများစွာ တိုးလာစေသည်။
"မင်း ငါတို့ဝံပုလွေနတ်ဘုရားကို ဆန့်ကျင်ချင်နေတဲ့အတွက် သွားသေလိုက်တော့" နှင်းဝံပုလွေဘုရင်က ဟိန်းဟောက်လျက် ချီတက်လာသည်။
ရှေ့တွင် ရွယ်အန်းကို မြင်လိုက်ရသောအခါ နှင်းဝံပုလွေက အလွန် ပီတိဖြစ်သွားရသည်။ တစ်ကြိမ်ချီတက်ရုံဖြင့် အင်မော်တယ်တစ်ယောက်ဖြစ်လျှင်ပင် အပိုင်းပိုင်းကွဲသွားရပေလိမ့်မည်။
ရွာသူရွာသားများက အော်ဟစ်သတိပေးကြသည်။
သို့သော် ဤအခြေအနေတွင်၊ ချီတက်လာသော နှင်းဝံပုလွေကိုရင်ဆိုင်ရချိန်တွင် ရွယ်အန်းသည် ခံစားချက်ကင်းမဲသောအမူအရာမျိုးဖြင့်သာရှိနေ၏။
"လက်သီးတစ်ချက်... ကောင်းကင်နဲ့ မြေကြီးကို ရွေ့လျားစေတယ်”