အခန်း (၂၃၈-၂၄၀)
Vol. 16 Ch. 238-240
အခန်း(၂၃၈) ပြဿနာပိုမိုပြင်းထန်လာခြင်း
အန်းယန်က နားရွက်နားက ဆံပင်များကို ဖယ်လိုက်ပြီးနောက် ခပ်ပါးပါးပြုံးလိုက်သည်။
“ဘာမှ ထပ်ပြောစရာ မလိုပါဘူး၊ ရှင်ဘာကိုဆိုလိုမှန်း ကျွန်မနားလည်ပါတယ်၊ ဘာမှ စိတ်မပူပါဘူး၊ သူက သေချာပေါက် အသက်ရှင်နေသေးပြီး ရက်အနည်းငယ်အတွင်း ပြန်လာမယ်လို့ ယုံကြည်တာကြောင့် ကျွန်မဘာမှစိတ်မပူပါဘူး"
"လုံးဝ ငါ့ အစ်ကို(၂)က ကောင်းချီးပေးခံထားရတာပဲ။ သူ့အပေါ် မကောင်းတာဖြစ်လာမှာမဟုတ်ပါဘး” ချောင်လဲ့က အမြန်ခေါင်းညိတ် သဘောတူလိုက်သည်။
ညီအကို သုံးယောက်က ခဏထိုင်နေပြီးမှ ထွက်လာခဲ့ကြသည်။ ၎င်းတို့ အန်းမိသားစု၏အိမ်အပြင်ဘက်သို့ရောက်သောအခါတွင် ကျောက်ရွှယ်ဟွေ့၏အမူအရာသည် လေးနက်လာ၏။
"ငါတို့ ပြင်ဆင်ထားရမယ်၊ အစ်ကို(၂)က ဒီမှာမရှိဘူး၊ တစ်ချို့လူတွေက ယုတ်မာတဲ့စိတ်တွေရှိနေမှာကို မလွဲမသွေပြင်ဆင်ထားရမယ်။"
"နားလည်ပါပြီ၊ အန်းမိသားစုကို နှောက်ယှက်ရဲပြီး ဒီမိန်းကလေးသုံးယောက်ဘေးကင်းဖို့လိုအပ်ရင် ငါတို့အသက်စွန့်မယ်" ယန်ပင်းယီနှင့် ချောင်လဲ့နှစ်ဦးစလုံး၏ မျက်လုံးများသည် အေးစက်မှုများဖြင့် တောက်ပနေသည်။
ကျောက်ရွှယ်ဟွေ့က ခေါင်းညိတ်လိုက်၏။
"အခုအချိန်မှာ၊ ငါတို့ရဲ့ အရေးကြီးဆုံးအလုပ်က ကောင်းကင်ကံကြမ္မာကုမ္ပဏီကို ကောင်းကောင်း စီမံခန့်ခွဲဖို့ပဲ၊ ချန်မိသားစုက ငါ့ကို ခုလေးတင်ဖုန်းခေါ်ထားတယ်။ အခြေအနေကို ထိန်းသိမ်းဖို့ သူတို့ လုပ်နိုင်သလောက်ကြိုးစားမယ်တဲ့”
" အဘိုးကြီးချန်က တော်တော် ဖြောင့်မတ်တယ် " ချောင်လဲ့က မှတ်ချက်ပြုသည်။
“သူက ထက်မြက်တဲ့သူပါ။ ကျုံးတုမှာရှိတဲ့ အားလုံးက အန်းမိသားစုနဲ့ ချန်မိသားစုကြားက ဆက်ဆံရေးကို သိတဲ့အတွက် သူ ဘာလုပ်ရမယ်ဆိုတာ သိတယ်" ကျောက်ရွှယ်ဟွေ့ကပြောသည်။
၎င်းတို့ ထွက်သွားပြီးနောက် အန်းယန်သည် အိမ်ထဲတွင် စိတ်ပျက်လက်ပျက် ထိုင်နေကာ သူမ၏ အကြည့်များက ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသည်။
"မေမေ၊ ဘာဖြစ်နေတာလဲ" ရွှယ်ရှန်း နှင့် ရွှယ်နျန်တို့က စိုးရိမ်စိတ်ဖြင့် မေးသည်။
အန်းယန်က ခေါင်းခါလိုက်သည်။
"ဘာမှမဟုတ်ဘူး"
"အဖေ့အကြောင်းလား" ရွှယ်ရှန်း က ခေါင်းငုံ့ကာ မေးလိုက်သည်။
အန်းယန်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွား၏။
"မေမေ သမီးတို့ ပြောပါရစေ၊ သမီးတို့ နှစ်ယောက်လုံး အဖေ အသက်ရှင်နေသေးတာကို ခံစားနိုင်တာမို့ သူ့ကို စိတ်မပူပါနဲ့၊ သူ သေချာပေါက် ပြန်လာမှာပါ" ရွှယ်ရှန်း နှင့် ရွှယ်နျန် သည် အန်းယန်ကို လူကြီးလေးများကဲ့သို့နှစ်သိမ့်ပေးသည်။
အန်းယန်က ခေါင်းညိတ်ကာ သူမ၏ ခံစားချက်ကို တွန်းလှန်ရန် ပြင်းပြင်းထန်ထန် အသက်ရှု၍ ပြုံးလိုက်သည်။
"ဘာစားချင်လဲ မေမေ အခုချက်ချင်း သွားလုပ်လိုက်မယ်”
"ကြက်ဥထမင်းကြော်"
"ရပါတယ် မေမေ အခုချက်ချင်းလုပ်လိုက်မယ်"
မီးဖိုချောင်ထဲသို့ဝင်သွားပြီးနောက် အလုပ်စမလုပ်ခင် အန်းယန်က ဒယ်ပြားကို ခဏတာမျှ စိုက်ကြည့်နေသည်။
‘ယောက်ျား ရှင်အခု လုံခြုံရဲ့လား။ စိတ်မပူနဲ့နော် ကျွန်မ ရှင်ပြန်လာမှာကို အမြဲစောင့်နေမယ်။ ရှန်းရှန်းနဲ့နျန်နျန်တို့ကို အနိုင်ကျင့်ဖို့သတ္တိရှိရင် ရှင်ပြောတဲ့အတိုင်း ဒီဒယ်ပြားကိုင်ပြီးရိုက်လိုက်မယ်”
စစ်တပ်စခန်း။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အန်းချင်သည် သိသိသာသာ ကိုယ်အလေးချိန် ကျသွားခဲ့ကာ သူမ၏ပါးပြင်များသည် ရေဓာတ်ခန်းခြောက်လာ၍ အနည်းငယ်ဝိုင်းစက်နေသည့် မျက်နှာလေးမှ ချွန်ထက်သော ဘဲဥပုံသဏ္ဍာန်သို့ ပြောင်းလဲသွားသည်။ စာရွက်စာတမ်းများ ကိုင်ဆောင်ထားလျက် စင်္ကြံပေါ်ကို လျှောက်သွားသည့်အခါတိုင်း သူမနောက်ကွယ်တွင်အတင်းအဖျင်းသံများစွာကို ကြားရပေလိမ့်မည်ဖြစ်သည်။
“သူ့ကိုတွေ့လား။ ဒါ တစ်သင်းလုံးသေအောင် လုပ်တဲ့သူပဲ"
"ရှုး စကားတွေ ရပ်လိုက်။ မကြားဘူးလား၊ ဒီတစ်ခါတော့ သူ့ခဲအိုကိုတောင် သတ်လိုက်တာလေ။ အိမ်မပြန်ရဲတာ မမြင်ဘူးလား"
ရံဖန်ရံခါ ထိုတိုးတိုးပြောစကားများသည် အန်းချင်၏နားထဲသို့ ရောက်ရှိလာသော်လည်း သူမသည် မကြားချင်ယောင်ဆောင်လျက် မျက်နှာပျက်သွားရသည်။ သူ့ရုံးခန်းကို ပြန်ရောက်သောအခါ အခြားသူတစ်ဦးရှိနေသည်ကို မြင်လိုက်ရ၏။
အရပ်ရှည်ရှည် အရပ်ဝတ်နှင့် ချောမောသော အမျိုးသားတစ်ဦးသည် သူမ၏ စားပွဲခုံပေါ်တွင် မှီ၍ ရယ်မောလျက် ကြည့်နေသည်။
"မိန်းကလေး အန်း၊ မတွေ့တာကြာပြီနော်”
သူ့ကိုတွေ့သည်နှင့် အန်းချင်၏ အမူအရာက လေးနက်လာသည်။
“လျို့မင်ဟွေ့"
လျို့မင်ဟွေ့က အားပါးတရရယ်လျက် အန်းချင်ကို ရမ္မက်ကြီးစွာငေးကြည့်နေသည်။
"အန်းချင်၊ မင်းက အရင်အတိုင်းပဲ၊ အများကြီး မပြောင်းလဲသေးဘူးပဲ”
"ဒီမှာရှင် ဘာလုပ်နေတာလဲ" အန်းချင်သည် ဒေါသကို ထိန်းကာ မေးလိုက်သည်။
"ငါဒီမှာဘာလုပ်နေတာလဲဟုတ်လား ဟာဟား၊ မကြာခင် ငါတို့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့မယ်ဆိုတာ ငါမင်းကိုအကြောင်းကြားသင့်တယ်ထင်လို့လေ။ မဟုတ်ဘူး၊ ငါပြောသင့်တာက… မကြာခင် ငါမင်းရဲ့အထက်လူကြီးဖြစ်လာလိမ့်မယ်" လျို့မင်ဟွေ့က မောက်မာသောလေသံဖြင့် ပြောလိုက်သည်။
အန်းချင်အံ့အားသင့်သွားသည်။
လျို့မင်ဟွေ့၏ မျက်နှာတွင်လှောင်ပြောင်သောအငွေ့အသက်များ ထွက်ပေါ်လာသည်။
"လူတချို့က လက်ရွေးစင် စစ်သားတွေ အများကြီးကို သေစေခဲ့တယ်။ ဖိနှိပ်ခံရပေမယ့် သူတို့ တာဝန်တော့ယူသင့်တယ်လို့မထင်ဘူးလား”
"ရှင် အဓိပ္ပါယ်မရှိတာတွေပြေမနေနဲ့” အန်ချင်၏ မျက်လုံးများသည် ဒေါသနှင့် ပြည့်နှက်နေသည်။
"အဓိပ္ပါယ်မရှိဘူးဟုတ်လား။ ဒါဘာလဲ ကြည့်ကြည့်ပါလား” လျို့မင်ဟွေ့ကစာရွက်တစ်ရွက်ကို ခုံပေါ်တင်ခဲ့ပြီးနောက် ထွက်ခွာသွားသည်။
သို့သော် အန်းချင်ကို သူဖြတ်သွားစဥ် သူက အဓိပ္ပါယ်ရှိစွာ ပြုံးလိုက်သည်။
"တောင်းပန်ပါတယ်၊ ဒါပေမယ့် အခု ဗိုလ်ချုပ်ကြီး သေသွားပြီ၊ မင်းမှာ ကျောထောက်နောက်ခံ ဘယ်သူမှ မကျန်တော့ဘူး"
"ဒါဆို နောက်ဆုံးတော့၊ ငါတို့ လျို့မိသားစုက အောင်နိုင်သွားပြီ။ မင်းရဲ့ လုံ့လဝီရိယတွေ အားလုံးဟာ ငါ့အတွက် အချည်းနှီးဖြစ်သွားလိမ့်မယ်၊ ပြီးတော့ မင်းငါ့ကို သက်ညှာပေးဖို့ တောင်းပန်မယ့်နေ့ကို ငါစောင့်နေတယ်နော်”
စကားပြောပြီးနောက် လျို့မင်ဟွေ့သည် ဆိုးယုတ်စွာပြုံးလျက် ထွက်ခွာသွားသည်။
သူထွက်သွားသည်နှင့် တပြိုင်နက် အန်းချင်သည် မှင်တက်စွာဖြင့် စာရွက်ပေါ်ရှိ အမိန့်စာများကို ကြည့်လိုက်သည်။
မူလက လျို့မိသားစုနှင့် အန်းမိသားစုသည် စစ်မှုထမ်းရန် အပြင်းအထန် ယှဉ်ပြိုင်ခဲ့သည်။ နောက်ဆုံးတွင်၊ အန်းမိသားစုက အနိုင်ရ၍ အန်းချင်သည် ဗိုလ်ချုပ်၏ ရာထူးကို ရရှိခဲ့သည်။
သို့သော် လျို့မင်ဟွေ့သည် အန်းချင်ကို လောဘဇောကြီးစွာဖြင့် ကြည့်နေသဖြင့် မိသားစုနှစ်စုကြား ရန်ငြှိုးသည် ဘယ်သောအခါကမျှ မရပ်တန့်ခဲ့ပေ။ ယခု ဗိုလ်ချုပ်သေဆုံး၍ မီးဖီးနစ် ပျောက်ဆုံးသွားသဖြင့်၊ အန်းချင်သည် အားကိုးရန်မကျန်ဘဲ တစ်ဦးတည်းဖြစ်လာခဲ့သည်။
ထို့ကြောင့် လျို့မိသားစုသည် ဤအချိန်တွင် ရဲရင့်စွာလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့၏ ရည်ရွယ်ချက်များတွင် ဒေါသနှင့် အဆိပ်အတောက်များ ပြင်းထန်လာသည်။ အန်းချင်၏ မျက်နှာသည် ဖြူဖျော့နေ၍ မျက်ရည်များက ပုလဲလုံးများကဲ့သို့ စီးကျနေလျက် စာရွက်ပေါ်သို့ တစ်စက်စီကျသွားသည်။
‘ခဲအို အခုဘယ်မှာလဲ’
ချန်ရှို့ ၏ အစွမ်းကုန် ကြိုးပမ်းမှုကြောင့် ရွှယ်အန်းပျောက်ဆုံးသွားသည့် သတင်းကို ဖုံးဖိနိုင်ခဲ့ကာ ကြီးမားသော ကသောင်းကနင်းတစ်ခု ဖြစ်မလာစေရန် တားဆီးထားသော်လည်း ငြိမ်သက်နေပုံရသော ကျုံးတုသည် မုန်တိုင်းတစ်ခုပေါက်ကွဲထွက်လာတော့မည့်အလား ခံစားလိုက်ရသည်။
ထိုအချိန်တွင် ကျုံးတု၏လမ်းများပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပေါ်လာသည်။
ထိုလူသည် အရပ်ရှည်၍ စွမ်းအားကြီးကာ ရွှေဝါရောင်အသားအရည်ရှိသည်။ ဖြူစင်သော ၀တ်စုံဖြင့် အမျိုးသမီးသည် ဖြူစင်သန့်ရှင်းသော နှင်းများကို သာလွန်၍ အလှစစ်စစ်ကို ပေါ်လွင်စေသည်။
နှစ်ယောက်သား အနီးနားက ကြော်ငြာတစ်ခုကို လှမ်းကြည့်လျက် လမ်းပေါ်၌ ရပ်လိုက်သည်။
၎င်းသည် ကောင်းကင်ကံကြမ္မာဆေးအတွက် ထင်ရှားသော ကြော်ငြာတစ်ခုဖြစ်သည်။
ထိုလူ၏မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ပေါ်လာ၏။
"ညီမလေး ဝမ်၊ ဒီသေမျိုး ဆေးရည်လေးက ဒီလောက်ကြီးကျယ်ကျယ်ပြောရဲတာ ရယ်စရာပဲ"
ဝမ်ပန့်မေ၏ အမူအရာသည် အေးစက်နေ၏
" ခွန်းလွန်ကနေထွက်လာခဲ့တာ ကျွန်မတို့ သခင်က သေမျိုးကမ္ဘာရဲ့ ဖြစ်ထွန်းမှုအသစ်ရှိမရှိ သိချင်လို့ပဲ။ ဒါကို ကျွန်မစိတ်ဝင်စားမိတယ်”
ကျန်းနုပင်းက ရယ်လိုက်သည်။
"ဒါဆို သွားကြည့်ရအောင်"
ဝမ်ပန့်မေက အနည်းငယ် ခေါင်းညိတ်သည်။
၎င်းတို့နှစ်ယောက် ကောင်းကင်ကံကြမ္မာတစ်ပုလင်းစီရပြီးနောက် မူလက သိပ်ဂရုမစိုက်လှသောအမူအရာဖြင့် ကျန်းနုပင်းက ရယ်မောလိုက်သည်။
“လှတယ် ဒါပေမယ့် အထဲမှာ ဘာတွေပါလဲမသိဘူးနော်”
သူစကားပြောနေစဉ် ကျန်းနုပင်းသည် ပုလင်းကိုဖွင့်ကာ နမ်းကြည့်လိုက်ပြီးနောက်သူ့မျက်နှာ ရုတ်တရက်ပြောင်းလဲသွားသည်။
“ဘယ်လိုလဲ" ဝမ်ပန့်မေက မေးသည်။
ကျန်းနုပင်းက ပြန်မဖြေသော်လည်း ပုလင်းအသေးလေးကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။ ခဏအကြာတွင် တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ပြူးကျယ်သွား၏။
"ဒီအရာက ငါတို့အတွက် အသုံးဝင်တယ်"
"ဘာလဲ" ဝမ်ပန့်မေ၏ အေးစက်နေသော မျက်နှာပေါ်တွင် အံ့အားသင့်သောအမူအရာများထင်ဟပ်လာသည်။
"ဒီဟာက နတ်ဆေးနဲ့ တူတဲ့ အာနိသင်ရှိတယ်။ အဲဒါကို သောက်ပြီးရင် ငါ့ ကျင့်စဥ်အဆင့် နည်းနည်းတိုးလာတယ်လို့ ခံစားမိတယ်”
ယခုအချိန်တွင် ဝမ်ပန့်မေသည်လည်း ဆက်လက်၍ ဂရုမစိုက်ဘဲမနေနိုင်တော့သဖြင့် ကောင်းကင်ကံကြမ္မာကိုယူ၍ ကိုယ်တိုင်မြည်းစမ်းကြည့်ပြီးနောက် အံ့အားသင့်သွားခဲ့သည်။
ခွန်းလွန်၏လျှို့ဝှက်နယ်မြေတွင် ကျင့်ကြံရေးအဆင့်မြင့်ဆေးများကို တပည့်အစစ်များသာ ပိုင်ဆိုင်ရန် အရည်အချင်းပြည့်မီ၍ တစ်နှစ်လျှင် အနည်းငယ်သာ ရရှိကြကြောင်း ကောင်းစွာသိရှိထားသည်။
ခွန်းလွန်၏ အင်မော်တယ်များဟု ကြွေးကြော်ခဲ့ကြသည့်တိုင် ၎င်းတို့သည် အနည်းငယ်သာအခွင့်အရေးရကြသည်။
စစ်မှန်သောဂိုဏ်းများက မျက်နှာသာပေးသော မျိုးဆက်များ ပိုများနိုင်သည်ဟု ဆို၍ရသော်လည်း ဤ ကောင်းကင်ကံကြမ္မာကို ဝယ်ယူသကဲ့သို့ အလွယ်တကူ ရယူရန် မဖြစ်နိုင်ပေ။
ဝမ်ပန့်မေ နှင့် ကျန်းနုပင်းတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် နှစ်ယောက်စလုံး၏ မျက်လုံးများတွင် လောဘနှင့် စိတ်လှုပ်ရှားမှုများကို ထွက်ပေါ်လာသည်။
ဤသေမျိုးကမ္ဘာသို့ ခရီးထွက်ခြင်းသည် ထိုက်တန်သည်။
အခန်း(၂၃၉) ဆရာ့အတွက် မီးဖီးနစ်အတွက်
စစ်ဝံပုလွေ လျှို့ဝှက်နယ်မြေ။
အဓိကမြို့ကြီး၏ ဝံပုလွေနတ်ဘုရားခန်းမတွင်ဖြစ်သည်။
လက်ရွေးစင်ဝံပုလွေဘုရင်တစ်ပါးက လမ်းလျှောက်လာလျက် ပြောလိုက်သည်။
“နတ်ဝံပုလွေသူတော်စင်၊ ရုတ်တရက်ပေါ်လာတဲ့ တရုတ်စစ်သည်တော်အုပ်စုကို မဖမ်းမိသေးပါဘူး”
"အသုံးမကျဘူး" ငွေရောင်တောက်နေသော သားမွေးများရှိသည့် ဧရာမဝံပုလွေတစ်ကောင်သည် ဖြည်းညှင်းစွာလှည့်လာရာ ၎င်း၏ဝံပုလွေမျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။
"မနက်ဖြန်ဟာ ရာစုနှစ်တစ်ခုကြာ ငိုက်မျဉ်းနေတဲ့ ငါ့အဖေ နိုးထလာမယ့်နေ့ပဲ။ ဒီစွမ်းအားကြီးတဲ့ စစ်သားတွေက ယဇ်အတွက်ပြီးပြည့်စုံတယ်ဆိုပေမယ့် မင်းက ရက်ပေါင်းများစွာကြာပြီးမှ သူတို့ကို ဖမ်းနိုင်ခဲ့တယ်”
အခန်းတွင်းရှိ ဝံပုလွေများအားလုံး စကားမပြောဝံ့ဘဲ ခေါင်းငုံ့ထားကြသည်။
ဝံပုလွေသူတော်စင် သည် ကျယ်ပြောလှသော ခန်းမကြီးအတွင်း၌ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
"အမိန့်တော်ထုတ်လိုက်၊ နတ်သွေးဝံပုလွေတွေကို စေလွှတ်ပြီး ဒီကျူးကျော်သူတွေကို ဒီနေ့ဖမ်းဖို့ သေချာစေ"
"ဟုတ်ကဲ့”
"အခြားကိစ္စရှိသေးလား”
"နတ်ဝံပုလွေသူတော်စင်၊ ကျုပ်တို့ နှင်းဝံပုလွေမြို့နဲ့ ရုတ်တရက် အဆက်အသွယ်ပြတ်သွားတယ်”
"နှင်းဝံပုလွေမြို့ဟုတ်လား" နတ်ဝံပုလွေသူတော်စင်က မျက်မှောင်ကြုတ်၍ေပြာလိုက်သည်။
"စိတ်ပျက်စရာကောင်းတဲ့နှင်းဝံပုလွေဘုရင်က ထပ်ပြီးကစားဖို့ ထွက်ပြေးသွားတာဖြစ်နိုင်တယ်။ အဲ့အတိုင်းထားလိုက်။ ငါ့အဖေ ဝံပုလွေနတ်ဘုရားပြန်လာတာနဲ့ဆင့်ခေါ်လိုက်ရင် အလိုလိုပြန်လာလိမ့်မယ်”
"ဟုတ်ကဲ့”
ဝံပုလွေသူတော်စင်၏အမိန့်ကို လိုက်နာပြီးနောက်၊ ဝံပုလွေများထဲမှ ထိပ်တန်းတိုက်ခိုက်ရေးသမားများဖြစ်သည့် နတ်သွေးဝံပုလွေများကို စည်းရုံးခဲ့သည်။
ထိုအချိန်တွင် ပင်မမြို့သည် ကီလိုမီတာ တစ်ရာခန့်ဝေးသော တောင်ပေါ်တွင်တည်ရှိသည်။ ချန်ဟောက်နှင့် သူ၏လူများသည် နောက်ထပ်တိုက်ခိုက်မှုတစ်ခုမှ လွတ်မြောက်ခဲ့၍ ယခုအခါတွင် အနားယူရန်အချိန်ကို ရှာဖွေနေကြသည်။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း၊ ၎င်းတို့သည် ဝံပုလွေများ၏ တိုက်ခိုက်မှုကို အလွန်အမင်းခုခံခဲ့ရသည်။
ဤဝံပုလွေများသည် မယုံနိုင်လောက်အောင် သန်မာ၍ ဉာဏ်ရည်ထက်မြက်သည်။
သာယာသောမြေပြင်အနေအထားကြောင့်သာမဟုတ်လျှင် ချန်ဟောက်နှင့် သူ၏လူများက လက်တုံ့ပြန်ရန် အပြင်းအထန်တိုက်ခိုက်နေလျှင်ပင် ၎င်းတို့က မြေပြင်ကို ထိန်းထားနိုင်ကြမည်မဟုတ်ပေ။ သို့သော် ချန်ဟောက်က ၎င်းတို့၏ ကန့်သတ်ချက်နှင့် နီးနေပြီဖြစ်ကြောင်းသိသည်။ လွန်ခဲ့သည့်ရက်များအတွင်း ၎င်းတို့ ယူဆောင်လာခဲ့သော တိုက်ပွဲရိက္ခာများ လုံးလုံးလျားလျား ကုန်ခမ်းသွားကာ ယခုအခါ တောရိုင်းသစ်သီးဝလံများနှင့် ၎င်းတို့ဖမ်းနိုင်သော ယုန်များပေါ်တွင်မှီခို၍ ရှင်သန်နေကြရသည်။
လူတိုင်းသည် သိသိသာသာ အရှိန်အဟုန်နှင့် အင်းအားလျော့နည်းသွားတော့သည်။
သို့သော်လည်း တိုက်ပွဲဝင်လိုသည့် စိတ်ဆန္ဒသည်မူ မြင့်မားနေဆဲဖြစ်သည်။
“ငါတို့က ငါတို့ဆရာလေ့ကျင့်ပေးထားတဲ့ လက်ရွေးစင်တွေပဲ။ ဒီတိရစ္ဆာန်တွေကို ငါတို့ ဘယ်လိုလုပ်ရှုံးမှုလဲ”
"ခေါင်းဆောင် စားပါ" ကျိုယိသည် နောက်ဆုံးအကြိမ် တိုက်ခိုက်ရေးရိက္ခာအိတ်ကို ချန်ဟောက်အား ဂရုတစိုက် လွှဲပေးလိုက်သည်။
ချန်ဟောက်က ခေါင်းခါလိုက်လိုက်သည်။
"ယုန်ကင်လေး စားလိုက်တာ ဗိုက်မဆာသေးဘူး"
တကယ်တမ်းတွင် ချန်ဟောက်သည် သူနောက်ဆုံး မည်သည့်အချိန်က စားခဲ့သည်ကိုပင် မမှတ်မိတော့ပေ။
ကျိုယိအနည်းငယ်စိုးရိမ်လာသည်။
"ခေါင်းဆောင် မင်းဘယ်လိုလုပ်မစားဘဲနေနိုင်မှာလဲ။ တကယ်လို့ ဗိုက်ဆာပြီးသေသွားရင် ဘယ်သူက ငါတို့ကို အမိန့်ပေးမှာလဲ”
ချန်ဟောက်က တစ်ခုခုကို ပြောတော့မည်အချိန်တွင် အောက်မှ ဝံပုလွေများက ထပ်မံ၍ နောက်တစ်ကြိမ် တိုက်ခိုက်လာသည်။ ဤတိုက်ခိုက်မှုသည် ယခင်ကထက် အလွန်ပြင်းထန်လှသည်။
ချန်ဟောက်က သူ့လူများကိုနယ်မြေကို အသုံးပြု၍ တန်ပြန်တိုက်ခိုက်ရန် အေးဆေးအမိန့်ပေးလိုက်သည်။
ဝံပုလွေအလောင်းအများအပြားသည် မြေပြင်ပေါ်တွင် စတင်ပေါ်ထွက်လာပြီဖြစ်သည်။ ထိုအချိန်တွင် ဧရာမဝံပုလွေတစ်ကောင်သည် ပြင်းထန်စွာ အော်ဟစ်လိုက်ကာ ချန်ဟောက်၏ ပခုံးဆီသို့ လက်သည်းများဖြင့် ကုတ်ရန် ချိန်ရွယ်လိုက်သည်။ ချန်ဟောက်က ရှောင်တိမ်းချင်သော်လည်း သူ၏ အမြင်အာရုံများဝေဝါးသွားသောကြောင့် သူ၏ တုံ့ပြန်မှုသည် စက္ကန့်ဝက်ခန့်နှောင့်နှေးသွားသည်။
ဧရာမဝံပုလွေသည် စိတ်လှုပ်ရှားနေ၏၊ ဤအဆင့်နိမ့်လူသားများ၏ တပ်များသည် အလွန်ပင် ခံနိုင်ရည်ရှိလွန်းသည်။ ခုနစ်ရက် သို့မဟုတ် ရှစ်ရက်ကြာ တိုက်ခိုက်မှုများသည် ဤလူသားများကို မဖိနှိပ်နိုင်ခဲ့သော်လည်း ဝံပုလွေများကြားတွင် အသေအပျောက်များစွာရှိခဲ့ရသည်။
ယင်းက ဤမာနကြီးသောဝံပုလွေများကို ဒေါသထွက်စေသည်။ ဤတစ်ကြိမ်တွင် ၎င်းတို့ လက်ထဲ၌
ခေါင်းဆောင်ကို ရထားပြီဖြစ်သည်။ သို့သော် ယင်းကို ငုံ့ကြည်လိုက်သောအခါ သူ့လက်ဝါးများမှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ကျိုးသာ့နျိုက အလွန်တောက်ပနေသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေသည်ကို မြင်လိုက်ရသည်။
“ထွက်သွားစမ်း”
ကျိုးသာ့နျိုက ဤသို့ပြော၍ သူ၏ လက်ကျန်ခွန်အားအားလုံးကို စုဆောင်းကာ ဧရာမဝံပုလွေကြီး၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်သည်။
ဘမ်း
ဧရာမဝံပုလွေကြီးသည် နာကျင်မှုအပြည့်ကို ခံစားနေရပုံပေါ်သော မျက်နှာအမူအရာမျိုးဖြင့် မီတာများစွာအကွာသို့ လွင့်ထွက်သွားသည်။
ကျိုးသာ့နျိုသည်လည်း ယခုအခိုက်အတန့်တွင် အသက်ကောင်းစွာမရှုနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်နေသည်။
ချန်ဟောက်က အလျင်အမြန် သူ့ဆီသို့ ပြေးသွားလိုက်သည်။
“သာ့နျို”
"ခေါင်းဆောင် ငါ ကြာကြာမထိန်းနိုင်တော့ဘူးထင်တယ်" ကျိုးသာ့နျိုက ပျော့ညံ့စွာပြောသည်။
ဤရက်များတစ်လျှောက် ဆက်တိုက်တိုက်ပွဲများအတွင်း ကျိုးသာ့နျိုသည် သူ၏ ဝိဇ္ဇာကျင့်စဥ်ကို ကျင့်သုံးသောကြောင့် ရှေ့တန်းတပ်နှင့် ပင်မတပ်ဖွဲ့တွင် ပါဝင်လေ့ရှိကာ ယင်းက သူ၏အင်အားကို လျင်မြန်စွာ ယုတ်လျော့သွားစေခဲ့သည်။
လူတိုင်းသည် သူ့ကို ထောက်ပံ့နိုင်ရန် ၎င်းတို့၏ ရိက္ခာကို တတ်နိုင်သမျှ လျှော့ချခဲ့သော်လည်း ၎င်းတို့အားလုံး ပြိုလဲလုနီးနီးဖြစ်နေခဲ့သည်။ ချန်ဟောက်က သူ့ရင်ထဲမှ လေးလံသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
“သာ့နျို မကြောက်နဲ့ ခဏနားလိုက်ပါ။ ငါတာဝန်ယူမယ်”
ကျိုယိသည် မျက်နှာထက်တွင် ဖုန်မှုန်များဖုံးလွှမ်းလျက်ပြန်ရောက်လာသည်။ သူက ဧရာမဝံပုလွေတစ်ကောင်ကို သတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
"သာ့နျို မင်းအဆင်ပြေရဲ့လား" ကျိုယိက တခြားသူများထက် သူ့အဖော်ကို ပိုဂရုစိုက်သည်။
"စိတ်မပူပါနဲ့ ငါမသေသေးဘူး" ကျိုးသာ့နျိုက ပြုံးပြလိုက်သည်။
အပြင်းအထန်တိုက်ခိုက်ပြီးနောက် ဧရာမဝံပုလွေများသည် နောက်တစ်ကြိမ်ပြန်ဆုတ်သွားခဲ့သည်။
လူတိုင်း သက်ပြင်းချကာ အနားယူရန် အခွင့်အရေးကို စတင်ယူကြသည်။ သို့သော် တောင်အောက်ခြေမှ ကြီးမားသော အုပ်စုကြီးတစ်ခု ထွက်ပေါ်လာသောအခါတွင် ၎င်းတို့ တစ်မိနစ်မျှပင် မထိုင်နိုင်ကြတော့ပေ။
အားလုံးက ပဟေဠိဖြစ်နေစဥ်တွင် ရုတ်တရက် တောင်ကြီးက အနည်းငယ် တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရကာ သာမန်သားရဲဝံပုလွေများထက် များစွာကြီးသော ရွှေဝံပုလွေအုပ်စုသည် ၎င်းတို့ထံသို့ ချီတက်လာသည်။
ချန်ဟောက်၏နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသော်လည်း သူက အားတင်း၍ ပြောလိုက်သည်။ "အဖွဲ့ဝင်အားလုံး အဆင်သင့်ပြင်ထား"
ဤသည်မှာ နောက်ဆုံးအကြိမ်ဖြစ်သည်ကို လူတိုင်းနားလည်ကြသည်။
သို့သော် မည်သူမျှ ကြောက်ရွံ့မှုကို မခံစားရပေ။
လူတိုင်း မတ်တပ်ထရပ်ကာ ရွှေဝံပုလွေများနှင့် ရင်ဆိုင်ခဲ့ကြသည်။
ကျိုယိသည် ကျိုးသာ့နျို၏ပခုံးပေါ်သို့ သူ့လက်ကို တင်၍ ပြောလိုက်သည်။
"ဟေ့ နွားအိုကြီး ငါသေရင် ငါ့အတွက် ငါ့မိဘတွေကို ပြောဖို့ မမေ့နဲ့”
ကျိုးသာ့နျိုက ပြုံးလိုက်သည်။
"ငါမသွားဘူး၊ မင်းမသေခင် ငါသေလိမ့်မယ်"
ကျိုယိက ရယ်မော၍ ကျိုးသာ့နျိုကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
"ကောင်းတယ် အစ်ကို၊ နောက်ဘဝတွေမှာသာ ထပ်တွေ့ခွင့်ရခဲ့ရင် ငါတို့ အတူတူ ဘေးချင်းယှဥ်ပြီး ထပ်တိုက်ကြရအောင်ကွာ”
"ကောင်းပြီ"
ထို့နောက် စွန်းလင်သည် ချန်ဟောက်ကို ကြည့်၍ ခပ်ပါးပါးပြုံးလိုက်သည်။
"ခေါင်းဆောင် ငါတို့ ဒီမှာကျန်ခဲ့ပြီး ဒီသားရဲအုပ်ကို ထိန်းထားလိုက်မယ်။ ဒါဆို မင်း တောင်ခြေက လမ်းသေးသေးကနေ ထွက်သွားလို့ရနိုင်တယ်”
ချန်ဟောက်က စွန်းလင်ကို ကြည့်ကာပြုံးလိုက်သည်။
“မီးဖီးနစ်ရဲ့ ခေါင်းဆောင်က တိုက်ပွဲကနေ ဘယ်တော့မှ ထွက်မပြေးဘူးကွ။ ငါသေရင် မင်းငါ့နေရာကို အစားထိုးမှာဆိုတာကို သတိရပါ"
ထိုသို့ပြောပြီးနောက် ချန်ဟောက်ကပြောလိုက်သည်။
“ဆရာ့အတွက် မီးဖီးနစ်အဖွဲ့အတွက် အဖွဲ့ဝင်အားလုံး၊ နောက်ဆုံးအနေနဲ့ တန်ပြန်တိုက်ခိုက်ကြပါ။ သေသွားရင်တောင် ဒီအကောင်တွေကို ငါတို့နဲ့အတူ မြှုပ်လိုက်ကြရအောင်"
"ဟုတ်ကဲ့" လူတိုင်းက ပြင်းထန်စွာ တုံ့ပြန်ကြသည်။
ယခုအချိန်တွင် နတ်သွေးဝံပုလွေများ နီးကပ်လာနေကြပြီဖြစ်သည်။ မီးဖီးနစ်အဖွဲ့ဝင်များသည် ဤသတ္တဝါများနှင့် တိုက်ပွဲတွင် ရောထွေးနေခဲ့သည်။
အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေတွင်ရှိနေသည်။
ခပ်ဝေးဝေးမှ မောက်မာသောအမူအရာဖြင့် ရွှေဝံပုလွေတစ်ကောင်က ပြောလိုက်သည်။
“ဝံပုလွေနတ်ဘုရားက ဘာတွေတွေးနေလဲဆိုတာ ငါမသိဘူး။ သူတို့ကို အရှင်လတ်လတ် ခေါ်လာခိုင်းနေတာကြောင့်သာ မဟုတ်ရင် ငါ့လက်အောက်ငယ်သားတွေက ဒီကောင်တွေကို အရေခွံခွာပစ်လိုက်တာ ကြာလောက်ပြီ”
"နှင်းဝံပုလွေဘုရင်ပြောတာ မှန်တယ်၊ ဒါပေမယ့် ဒီနိမ့်ကျတဲ့လူသားတွေ ဒီထက်ပိုကြာကြာနေနိုင်မယ် မထင်ဘူး" ငွေရောင်ဝံပုလွေတစ်ကောင်က ခေါင်းညိတ်ကာ သဘောတူလျက် ဦးညွှတ်လိုက်သည်။
ရွှေဝံပုလွေသည် ယခုအချိန်တွင် စိတ်မရှည်တော့ဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
"လျို့ဝှက် ဝံပုလွေသိုင်း”
သေးငယ်သော ငွေရောင်အလင်းတန်းတစ်ခုသည် ၎င်း၏လက်အောက်ငယ်သားများအားလုံးကို လွှမ်းခြုံထားသည်။ ၎င်းတို့၏ ကာကွယ်ရေးနှင့် တိုက်ခိုက်မှုစွမ်းအား နှစ်ခုစလုံးသည် အလွန်များပြားလှသည်။
မီးဖီးနစ်၏အဖွဲ့ဝင်များသည် ရွေးချယ်ရန်လမ်းကုန်ဆုံးနေပြီဖြစ်သဖြင့် မကြာမီတွင် ၎င်းတို့အားလုံး ချေမှုန်းခံကြရတော့မည်ဖြစ်သည်။ ဝံပုလွေများသည် သတ်ပစ်ရန် ရည်ရွယ်ချက်မရှိသော်လည်း ချန်ဟောက်နှင့် အခြားသူများက ၎င်းတို့ကို သက်ညှာပေးရန် ရည်ရွယ်ချက်မရှိကြောင်း နားလည်ကြသည်။
ထို့ကြောင့် အကြည့်ချင်းဖလှယ်ကြပြီးနောက် ဓားမြှောင်များကို ဆွဲထုတ်လိုက်ကြသည်။
"နောက်ဘဝအထိ" ခပ်တိုးတိုးပြော၍ ကိုယ့်အသက်ကိုယ်အဆုံးသတ်ရန် ပြင်ဆင်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် အဝေးမှ ဒေါသတကြီးအော်သံ ထွက်ပေါ်လာသည်။
"ဘယ်သူက ငါ့လူတွေကို ထိရဲတာလဲ။"
အခန်း(၂၄၀) အဲ့လိုဆိုမှတော့ သွားသေပေတော့
အသံထွက်လာပြီးနောက် ဤအသံနှင့်၎င်းတို့ ရင်းနီးနေကြသောကြောင့် မီးဖီးနစ်အဖွဲ့ဝင်များအားလုံး အံ့အားသင့်သွားကြသည်။
ဧရာမဝံပုလွေများစွာတို့သည် စိတ်ရှုပ်ထွေးစွာဖြင့် မျှော်ကြည့်နေကြသည်။ လူတစ်ယောက်က အရှိန်ပြင်းပြင်းဖြင့် တောင်ပေါ်သို့ ပြေးသွားကာ ရပ်လိုက်ပြီးနောက် လှည့်လာသောအခါ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရွှယ်အန်း၏ မျက်နှာကို မြင်လိုက်ရသည်။
"ဆရာလား" ချန်ဟောက်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။
ရွှယ်အန်းသည် သူ့လူများကို ကြည့်ကာ ဒဏ်ရာများ ရနေသော်လည်း ၎င်းတို့၏ မျက်လုံးများက စိတ်ပိုင်းဖြတ်ထားဟန်ပေါ်သဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ငါလာပြီ"
မီးဖီးနစ်အဖွဲ့ဝင်များသည် ပျော်ရွှင်စွာ ငိုကြွေးကြသည်။ ၎င်းတို့သည် ဤရှင်သန်ခြင်းနှင့် သေဆုံးခြင်းအကြား အရေးကြီးသောအခိုက်အတန့်တွင် ရွှယ်အန်းကိုတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
"ဆရာ၊ မီးဖီးနစ်ရဲ့ အဖွဲ့ဝင် လေးဆယ့်ရှစ်ယောက်က တစ်ယောက်မှ မသေဆုံးဘဲ ခုနစ်ရက် ခုနှစ်ညလုံး တောင်ထိပ်မှာ ခြေကုပ်ဆွဲထားကြတာ” ချန်ဟောက်က ပင်ပန်းနွမ်းနယ်နေသော်လည်းဂုဏ်ယူသောအမူအယာဖြင့် ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"နားတော့ ကျန်တာကို ငါနဲ့ထားခဲ့ချေ”
ရွှေရောင်ဝံပုလွေသည် စိတ်မရှည်စွာဖြင့် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလာလိုက်သည်။
“ငါတို့ နတ်သွေးဝံပုလွေတွေရဲ့ တာဝန်ကို ဝင်နှောက်ယှက်ရဲတဲ့ အဆင့်နိမ့်လူသားက ဘယ်သူလဲ။ သူ့ကို သတ်ပစ်စမ်း”
နတ်သွေးဝံပုလွေအများအပြားက အော်ဟစ်၍ ချီတက်လာကြသည်။ ရွှယ်အန်း၏ မျက်လုံးများသည် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။
သူသည် နှင်းဝံပုလွေမြို့ မှ တစ်လျှောက်လုံးပျံသန်းလာခဲ့သည်။ အဓိကမြို့ကြီးသို့ တိုက်ရိုက်သွားရန် ရည်ရွယ်ထားသော်လည်း ထိုလမ်းတစ်ဝက်တွင် မီးဖီးနစ်အဖွဲ့ဝင်များ၏ အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရပြီးနောက် ချက်ချင်း ပြန်လှည့်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူအချိန်မီခဲ့သည်။ အကယ်၍ သူနောက်တစ်လှမ်း နောက်ကျခဲ့မည်ဆိုလျှင်၊ သူ့လူများအားလုံး ကိုယ်ကိုယ်ကိုယ်သတ်သေကြနှင့်ပြီးဖြစ်ပေလိမ့်မည်။ ဤအရာက ရွှယ်အန်းကို အလွန်အမင်း ဒေါသဖြစ်စေသည်။ ရွှယ်အန်းဒေါသထွက်လာလျှင် လူတစ်ယောက်သေဆုံးရပေလိမ့်မည်။ ထို့ကြောင့် ရွှယ်အန်းက အခြားဘာမျှ မပြောဘဲ လေထဲ၌ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
"ကောင်းကင်နဲ့ မြေကြီးကို ရွှေ့စေ"
ဘမ်း
ချီတက်လာသည့် နတ်သွေးဝံပုလွေများသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။ ကျန်ရှိသော ဝံပုလွေများက မယုံကြည်နိုင်ကြသေးပေ။ ရွှယ်အန်းသည် ဒုတိယခြေလှမ်းကို လှမ်းလိုက်သည်။
“ယင်နဲ့ ယန်ကို ခွဲထုတ်ပါ”
ဘမ်း
တောင်ကုန်းပေါ်ရှိ သာမန်ဝံပုလွေများအားလုံး နာကျင်စွာ အော်ဟစ်ပြီးနောက် အပိုင်းပိုင်းကွဲသွားကြသည်။
နှစ်ဆင့်ဆက်တိုက်စွမ်းအားထုတ်ပြလိုက်ခြင်းသည် ရွှေသွေးဝံပုလွေ၏ အမူအရာကို ပြောင်းလဲသွားစေသည်။
“မြန်မြန်ပြန်တော့” နတ်သွေးဝံပုလွေများကို ဆုတ်ခွာရန်အမိန့်ပေးလိုက်သော်လည်း အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။
ရွှယ်အန်းသည် တင်းမာစွာကြည့်၍ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။
"အသက်နှင့်သေခြင်းကို ဖြတ်ကျော်ပါ"
အရာအားလုံး ရပ်တန့်သွားပုံရသည်။
ချန်ဟောက်နှင့် အခြားသူများသည် သွေးနတ်ဝံပုလွေများ၏ မျက်လုံးထဲမှ အဆုံးမဲ့သော အကြောက်တရားများကို မြင်နေရသည်။ ဤသားရဲဝံပုလွေများပေါ်သို့ တစ်စုံတစ်ယောက်က ခေတ္တရပ်ရန် ခလုတ်ကို နှိပ်လိုက်သကဲ့သို့ ၎င်းတို့ကို ပတ်ဝန်းကျင်နှင့်လုံးလုံးလျားလျားကင်းရှင်းသွားစေသည်။
ပြတ်သားသောအသံတစ်ခုပြီးနောက်၊ အချိန်သည် တစ်ဖန်ပြန်အစပြုလာကာ ရွှေရောင်ဝံပုလွေများအားလုံး မြေမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဝံပုလွေဘုရင်ကသာ သွေးအနည်းငယ်အန်ထုတ်လျက် ကပ်တွယ်နေသေးသော်လည်း အလွန်ကြောက်ရွံ့လှသဖြင့် ရှါယ်အန်းကို နောက်တစ်ကြိမ်မကြည့်ဝံ့ဘဲ ထွက်ပြေးသွားခဲ့သည်။ ဤဝံပုလွေများသည် မိမိတို့ကိုယ်ကို မြင့်မြတ်သောမျိုးနွယ်အဖြစ် အမြဲဂုဏ်ယူခဲ့ကြသော်လည်း ၎င်းတို့၏ဘဝနှင့် သက်ဆိုင်လာသောအခါတွင်မူ ခြေလေးချောင်းသုံးလျက် ပြေးသွားကြရ၏။
သို့သော် ရွှယ်အန်းသည် မညသ်ည့် ဝံပုလွေကိုမျှ လွှတ်ထားရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သူက လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်း၍ ဓားအလင်းတန်းတစ်ခု လေထုထဲသို့ ထွက်ပေါ်လာကာ ရွှေဝံပုလွေ၏ နောက်ကျောသို့ တိုက်ရိုက်ထိုးချလိုက်သည်။
ရွှေဝံပုလွေဘုရင်သည် နာကျင်စွာအော်ဟစ်လိုက်သော်လည်း ဆက်လက်၍ ရိုင်းစိုင်းစွာပြေးသွား၏။ ရွှယ်အန်းသည် လက်ကို တင်းတင်းဆုပ်လျက် ခပ်ပါးပါးပြုံးလိုက်သည်။
ဘမ်း
ရွှေရောင်ဝံပုလွေဘုရင်၏ခန္ဓာကိုယ်အတွင်း၌ ဗုံးတစ်လုံးခိုအောင်းနေသကဲ့သို့ ပေါက်ကွဲသွားသည်။ ခြေလှမ်းသုံးလှမ်းဓားတစ်ချောင်းတည်းဖြင့် ဧရာမဝံပုလွေများအားလုံးကို ချေမှုန်းနိုင်ခဲ့ပြီဖြစ်သည်။
ရွှယ်အန်းသည် ချန်ဟောက်နှင့် အခြားလူများဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။
“မင်းတို့ ဆက်ထိန်းထားနိုင်သေးလား”
ချန်ဟောက်နှင့် အခြားသူများအားလုံး မတ်တပ်ထရပ်လိုက်ကြ၏။
“ဆရာ့ကို သတင်းပို့ပါတယ်။ ပြဿနာမရှိပါဘူး”
ကျိုးသာ့နျိုက ရှက်ရွံ့စွာ ပြုံးလိုက်သည်။
"ထူးဆန်းလိုက်တာ၊ အခု ဆရာက ဒီမှာရှိနေပြီဆိုတော့ နောက်ထပ် ဝံပုလွေကြီးတစ်ကောင်ကို အေးဆေး ချေမှုန်းပစ်နိုင်တော့မယ်လို့ ခံစားရတယ်”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ကောင်းပြီ ငါ့နောက်လိုက်ခဲ့"
"ဆရာ၊ ကျွန်တော်တို့ ဘယ်သွားရမှာလဲ” ချန်ဟောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ရွှယ်အန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ သိသာထင်ရှားစွာပေါ်လာသည်။
" သမန်းဝံပုလွေတွေရဲ့ ပင်မမြို့တော်ကို ချေမှုန်းဖို့လေ”
ရွှယ်အန်းသည် ဝူချင်း နှင့် အခြားသူများကို ရိုးရှင်းသော ကျင့်စဥ်များ ပေးခဲ့ရုံသာမက ဝံပုလွေအားလုံးကိုလည်း သုတ်သင်ပေးမည်ဟု ကတိပေးခဲ့ပြီးနောက် နှင်းဝံပုလွေမြို့မှထွက်လာခဲ့သည်။
ရွှယ်အန်းသည် လျှို့ဝှက်နယ်မြေသည် မူလက ဟွာရှား ၏ ကြီးမားသော စွမ်းအားများနှင့် သက်ဆိုင်ကြောင်း ကောင်းစွာသိရှိခဲ့ပြီးဖြစ်၍ ဝံပုလွေနတ်ဘုရား ဤနေရာသို့ အခွင့်ကောင်းယူ၍ ဝင်ရောက်လာခဲ့ရုံသာမက ဌာနေ ဟွာရှား လူမျိုးများကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ ဤအရာသည် လူသားများနှင့် နတ်ဘုရားများကို ဒေါသထွက်စေသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။
မှန်သည် ရွှယ်အန်းက ဤသားရဲများကို အလွတ်ပေးမည်မဟုတ်ပေ။
ပင်မမြို့။
ဝံပုလွေသူတော်စင်သည် စင်မြင့်တစ်ခုပေါ်တွင် ရပ်နေကာ နတ်ဘုရားကျောင်းရှိ မြင့်မြတ်သောရုပ်တုကို လေးစားစွာဖြင့် မျှော်ကြည့်နေသည်။
မကြာခင်၌
အနှစ်တစ်ရာကျော် အိပ်ပျော်နေခဲ့သော ၎င်း၏ဘိုးဘေးသည် နိုးထလာခဲ့၏။ နိုးထပြီးသည်နှင့် ၎င်းသည် ၎င်း၏လူများကို ပင်မကမ္ဘာကြီးကို သိမ်းပိုက်ရန် ဦးဆောင်နိုင်မည်ဖြစ်သည်။
ဤသည်ကို တွေး၍ ဝံပုလွေသူတော်စင်သည် မျှော်လင့်ချက်များနှင့် ပြည့်နေသည်။
ပင်မကမ္ဘာသည် ကျယ်ပြောလှ၍ နေရာတိုင်းတွင် အားနည်းသူများရှိသည်ဖြစ်ရာ ထိုနေရာ၌ သမန်းဝံပုလွေမျိုးဆက်ကို တည်ထောင်နိုင်ခဲ့လျှင် မည်မျှ အံ့သြဖွယ်ကောင်းမည်နည်း။
ဝံပုလွေသူတော်စင်သည် ယင်းကို စိတ်ထဲမှ တွက်ချက်လိုက်သည်။
ထို့အပြင် သူ့အောက်က ဝံပုလွေလက်ရွေးစင်များကလည်း ဤကိစ္စကို ဆွေးနွေးနေကြသည်။
"ဝံပုလွေနတ်ဘုရား နိုးထလာတော့မှာမို့လို့ အဲ့အချိန်ရောက်ရင် ငါတို့ ဝံပုလွေမျိုးနွယ်က ကမ္ဘာမြေကို အုပ်စိုးနိုင်လိမ့်မယ်”
"မှန်တယ်၊ ပင်မကမ္ဘာမှာ အရသာရှိတဲ့ ဗော့ဒ်ကာ မျိုးစုံရှိတယ်ဆိုတာ ငါကြားပြီးပြီ။ မကြာခင်မှာ အားလုံးဟာ ငါတို့ ဝံပုလွေတွေအပိုင်ဖြစ်လာလိမ့်မယ်”
ဤပျော်မွေ့နေသော ဝံပုလွေများနှင့် ကွာခြားစွာ ကျွန်များအဖြစ် ဖိနှိပ်ခံနေရသော ဟွာရှား လူမျိုးများ အားလုံးသည် နှိမ့်ချစွာ ခေါင်းငုံ့ထားကြသည်။
ဝံပုလွေနတ်ဘုရား နိုးထလာပါက၊ ၎င်းတို့၏ ခေါင်းပေါ်ရှိ ဝန်ထုပ်ဝန်ပိုးသည် ပို၍လေးလာပေလိမ့်မည်။
"ယုတ်ညံ့တဲ့ လူသားစစ်သည်တွေကို ဖမ်းဖို့ လွှတ်လိုက်တဲ့ကောင်တွေ ဘာလို့ ပြန်မလာသေးတာလဲ။" ဝံပုလွေသူတော်စင် သည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
ဝံပုလွေသူတော်စင်သည် ဝံပုလွေတစ်ကောင်၏ ဝိညာဉ်နှင့် နှိုင်းယှဉ်ပါက၊ လူသားစစ်သည်များ၏ ဝိညာဉ်များသည် အကောင်းဆုံးသော ဆေးများဖြစ်ကြောင်း ရှင်းလင်းစွာ နားလည်သဘောပေါက်ထားသောကြောင့် အဆိုပါ လူသားစစ်သည်များကို ဖမ်းဆီးရန် နတ်သွေးဝံပုလွေများကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
‘ဒါပေမယ့် ဘာလို့ပြန်မလာသေးတာလဲ’
ဝံပုလွေသူတော်စင်သည် ကျရှုံးနိုင်ခြေကိုပင် မစဉ်းစားခဲ့ပေ။
ဤသည်က မဖြစ်နိုင်ပေ။ နောက်ဆုံးတွင်မူ နတ်သွေးဝံပုလွေများသည် ဝံပုလွေနတ်ဘုရား၏ သွေးကို အမွေဆက်ခံသည့် ထိပ်တန်းစစ်သည်များဖြစ်ကြ၍ အသီးသီးသော ကောင်းကင်ဘုံရှိသတ္တဝါများ၏ စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် ၎င်းတို့ မည်သို့မအောင်မြင်ဘဲနေလိမ့်မည်နည်း။
သို့သော် ထိုအချိန်တွင် ကောင်းကင်မှ မိုးခြိမ်းသံများထွက်ပေါ်လာသည်။
ဝံပုလွေသူတော်စင်က ယင်းကို မျှော်ကြည့်လိုက်သောအခါ ပင်မမြို့ရှိ နတ်ဘုရားကျောင်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် ရွှေရောင်အလင်းတန်းတစ်ခု ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
ရွှေရောင်အလင်းတန်းများအတွင်း ပါ၀င်နေသော ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် သူ့ကိုယ်ပင် ထိတ်လန့်စေသည်။
‘ဒါဘယ်သူလဲ။ လူတစ်ယောက်က ဘယ်လိုလုပ်အဲ့လိုစွမ်းအားမျိုးရှိနိုင်မှာလဲ’
ဝံပုလွေသူတော်စင် ၏ အမူအရာ ပြောင်းသွားသည်။ ရွှယ်အန်းသည် ဝေဟင်ထက်၌ ရပ်တန့်၍ ဝံပုလွေနတ်ဘုရားခန်းမနှင့် ဝံပုလွေအဆင့်မြင့်အဖွဲ့ကို ငုံ့ကြည့်နေသည်။
"မင်းတို့အားလုံးဒီမှာလား" ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
‘ဒါက အဆင့်နိမ့်လူသားပဲ’
ဝံပုလွေသူတော်စင် စကားမပြောမီတွင် ဧရာမဝံပုလွေကြီးတစ်ကောင်ကဝင်ပြောလိုက်သည်။
“ဒါက နတ်ဘုရားကျောင်းရဲ့ မြင့်မြတ်တဲ့မြေကွ မင်းလို နိမ့်ကျတဲ့ လူသားတစ်ယောက် ဒီကို ခြေချရဲတယ်ပေါ့။ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ"
သို့သော် ရွှယ်အန်းသည် လက်ကို ပေါ့ပါးစွာဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုသည် ဧရာမဝံပုလွေ၏ဦးခေါင်းကို ထိုးဖောက်ဝင်ရောက်သွားသည်။
ဘမ်း
ဧရာမဝံပုလွေ၏ဦးခေါင်းနောက်ဘက်မှ ဦးနှောက်များနှင့် သွေးများ ပြန့်ကျဲထွက်ပေါ်လာသည်။
ဧရာမဝံပုလွေကြီး၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများရှိနေသေးကာ ၎င်း၏အလောင်းသည် မြေပြင်ပေါ်သို့ ပြိုကျသွားသည်။
ဤသည်ကား ဓားချက်တစ်ချက်သာဖြစ်သည်။
မြင်ကွင်းတစ်ခုလုံးသည် အလွန်အမင်းတုန်လှုပ်ဖွယ်ကောင်းလှသည်။ ထိုအချိန်တွင် မီးဖီးနစ်အဖွဲ့ဝင်များသည် တယောက်ပြီးတယောက် ရောက်ရှိလာကြ၍ အားလုံးက ရွှယ်အန်းနောက်တွင် သပ်ရပ်စွာ တန်းစီနေကြသည်။
တစ်ယောက်ချင်းစီ၌ဒဏ်ရာများရနေသော်လည်း ၎င်းတို့၏ မျက်နှာများထက်တွင် စိတ်လှုပ်ရှားမှုများပြည့်နှက်နေသည်။ ဤဟွာရှား စစ်သည်များအုပ်စုကို မြင်လိုက်ရသောအခါ ဝံပုလွေသူတော်စင်၏ မျက်နှာသည် တဖြည်းဖြည်း နက်မှောင်လာသည်။
ဤအခိုက်အတန့်တွင် ရွှယ်အန်းကပေါ့ပါးစွာပြောလိုက်၏။
“မင်းတို့ထဲမှာ ဘယ်ကောင်က ဘုရင်လဲ”
ဝံပုလွေသူတော်စင်၏အမူအရာများ တဖြည်းဖြည်း ဆိုးယုတ်လာပြီးနောက် ရှေ့သို့ တိုးလာကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။
"မင်းက ဘယ်သူလဲ။ ဝံပုလွေနတ်ဘုရားရဲ့ မြင့်မြတ်တဲ့ နယ်မြေကို မင်း ဘာလို့ကျူးကျော်လာတာလဲကွ။"
"မင်းက ဒီဝံပုလွေတွေကြားထဲက ဘုရင်ပေါ့" ဟု ရွှယ်အန်း၏ နှုတ်ခမ်းပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
ဝံပုလွေသူတော်စင်သည် အံ့အားသင့်သွားသော်လည်း မောက်မာစွာ ခေါင်းညိတ်လိုက်သည်။
"အင်း ဟုတ်တယ်၊ ငါက ဝံပုလွေသူတော်စင် ..."
၎င်းက ဆက်လက် ကြွားဝါချင်သော်လည်း ရွှယ်အန်းက ပြတ်ပြတ်သားသားပြောလိုက်သည်။
“အဲ့လိုဆိုမှတော့.. သွားသေလိုက်တော့”