အခန်း (၂၄၁-၂၄၃)
Vol. 17 Ch. 241-243
အခန်း (၂၄၁) ဒီနေ့မှာ နတ်ဘုရားတစ်ပါးကို သုတ်သင်ပစ်မယ်
သူ၏ စကားမပြီးဆုံးခင်၌ပင် ရွှယ်အန်းက လေထုထဲမှ ပျောက်ကွယ်သွားခဲ့သည်။ သူ ပြန်ပေါ်လာသောအချိန်တွင် ဝံပုလွေသူတော်စင်၏ အရှေ့တွင် ရောက်ရှိနေပြီဖြစ်ရာ ထိုအချိန်၌ လက်သီးတစ်ချက် ထိုးချလိုက်သည်။ ဝံပုလွေသူတော်စင်သည်လည်း ယခုအချိန်မှသာ အာရုံပြန်ကပ်သွား၍ လှောင်ရယ်လိုက်သည်။
“မင်းလို နှိမ့်ကျတဲ့ သေမျိုးကများ မဆင်မခြင် ပြုမူရဲရတယ်လို့။ ဒီနေ့ ဝံပုလွေနတ်ဘုရား မျိုးနွယ်တွေရဲ့ စွမ်းအားကို ငါ မင်းကို ပြလိုက်မယ်"
ထို့အတူ ဝံပုလွေသူတော်စင်၏ ခန္ဓာကိုယ် တစ်ခုလုံး ငွေရောင် အဆင်းသဏ္ဍာန်များ ထွက်ပေါ်လာ၍ ဧရာမ လက်သည်းကြီးတစ်ခုကို ထုတ်လွှတ်လိုက်ရာ ရွှယ်အန်း၏ လက်သီးချက်ဖြင့် ထိပ်တိုက် ထိမှန်သွားလေသည်။
ဘန်း
ဗလုံးဗထွေးအသံများ ထွက်ပေါ်လာပြီးနောက် ၎င်းတို့၏ လက်သီးချက်များမှ မမြင်နိုင်သော လှိုင်းလုံးကြီးများ ပျံ့နှံ့သွား၍ အနီးနားရှိ အဆောက်အအုံများကို ဖျက်ဆီးပစ်လိုက်သည်။ အနီးနားရှိ ငွေရောင်ဝံပုလွေ အစောင့်အချို့သည်လည်း ပေါက်ကွဲမှုတွင် ပါဝင်သွားကြ၍ အော်ဟစ်သံ မထွက်လာမီတွင် ပြာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုအချိန်တွင် ဝံပုလွေ သူတော်စင်သည်လည်း အလွန်အမင်း အံ့အားသင့်လျက်ရှိသည်။ သူ၏လက်သည်းချက်သည် ဤလူကို လှီးဖြတ်ထားသော အသားတုံးများအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ ခွန်အားအရ၊ ဝံပုလွေမျိုးနွယ်သည် လူသားများထက် အဆပေါင်းများစွာ သန်မာကြသည်။ သို့သော် မထင်မှတ်ထားသည်မှာ သူ၏ပြိုင်ဘက်ကို မထိခိုက်ရုံသာမက သူ၏ ထိုးနှက်ချက်သည် ပြန်လည် တွန်းကန်လာသောကြောင့် အသက်ဓာတ်များကုန်ဆုံး၍ သွေးများအန်ထွက်လုနီးပါး ဖြစ်ခဲ့ရသည်။ တစ်ဖက်တွင် ရွှယ်အန်းသည် လျစ်လျူရှု့မြဲရှု့လျက် သူ၏လက်သီးများကို ဖြည်းညှင်းစွာ မြှောက်တင်လိုက်သည်။
"နောက်တစ်ကြိမ်"
ဘုံး
နောက်ထပ် လက်သီးတစ်ချက် ရောက်ရှိလာသည်။ ဝံပုလွေသူတော်စင်သည် အလွန်တုန်လှုပ်သွားခဲ့ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ငွေရောင်များ တုန်ခါသွားပြီးနောက် ခြေတစ်လှမ်း တစ်ဝက်မျှ နောက်ပြန်ဆုတ်သွားခဲ့ရသည်။ ယင်းဖြစ်စဉ်သည် အောက်ခြေမှ စောင့်ကြည့်နေသော ဝံပုလွေမျိုးနွယ်၏ အထက်တန်းလွှာများအားလုံးကို အံ့အားသင့်စေသည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူက တကယ်ပဲ ဝံပုလွေသူတော်စင် အရှင့်ကို ခန္ဓာကိုယ်ခွန်အားနဲ့ တိုက်ထုတ်ခဲ့တာပဲ"
ဝံပုလွေသူတော်စင်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွား၍ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်လွင်လာသည်။ ဤလူသား၏ ခန္ဓာကိုယ်သည် မည်သို့သော အရာမျိုးဖြင့် ပြုလုပ်ထားသောကြောင့် အလွန် ကြောက်မက်ဖွယ်ကောင်းနေခြင်း ဖြစ်သနည်း။ ရွှယ်အန်းသည် ပတ်ဝန်းကျင်ရှိလူများ၏ ထိတ်လန့်မှုကို ဂရုမစိုက်ဘဲ သူ၏ပုလဲဖြူရောင် သွားများစွာကို ထုတ်ပြ၍ ပြုံးလိုက်သည်။
"နောက်တစ်ကြိမ်"
ရွှယ်အန်းသည် စကားပြောနေစဉ်တွင် သူ၏လက်သီးများကို ဖြည်းညှင်းစွာ မြှောက်တင်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ အရာအားလုံး ရပ်တန့်သွား၍ ကောင်းကင်နှင့် မြေကြီး၏ တက်ကြွမှုကိုပင် ဤလက်သီးများဖြင့် ဆွဲယူခဲ့သည်။
"ဝံပုလွေနတ်ဘုရားရဲ့ လျှို့ဝှက်သိုင်း" ဝံပုလွေသူတော်စင်က ဤသို့အော်ဟစ်ပြီးနောက် မျက်နှာအမူအရာပြောင်းလဲသွားသည်။
ဘုံး
သူ့ခန္ဓာကိုယ်ရှိ ငွေရောင် အဆင်းသဏ္ဍာန်များ ပေါက်ကွဲသွားပြီးနောက် သူလျှင်ပင် ပိုမိုကြီးမားလာ၍ လက်သည်းနှစ်ဖက်စလုံးဖြင့် တိုက်ခိုက်လိုက်ရာ ရွှယ်အန်း၏ လက်သီးချက်ကို ထိသွား၏။ ၎င်းတို့သည် လက်များအချင်းချင်း ပေါ့ပါးစွာ ထိမိခဲ့သကဲ့သို့ အသံပင် မထွက်ခဲ့ပေ။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်း၌ပင် ခံ့ညားထည်ဝါသော ဝံပုလွေသူတော်စင်ကို လေထဲ၌ သွေးများ အန်ထွက်၍ အနောက်သို့ ပျံသန်းသွားစေခဲ့သည်။ ရွှယ်အန်းသည် သူ၏လက်သီးကို ပြန်ရုပ်သိမ်းပြီးနောက် ခြောက်ခြားနေသော ဝံပုလွေများ၏ မျက်လုံးများကို မျက်နှာမူကာ ခေါင်းခါလိုက်သည်။
“အားနည်းလွန်းတယ်”
ရွှယ်အန်းသည် သူ၏ ကျင့်ကြံမှုအဆင့်ကို အသုံးမပြုဘဲ သန်မာသော ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြင့် ဝံပုလွေသူတော်စင်ကို ပျံသန်းသည်အထိ ထိုးနှက်ခဲ့သည်။
"နိမ့်ကျတဲ့လူသား၊ မင်းကို ငါသတ်ပစ်မယ်။ ပြီးရင် မင်းရဲ့ဝိညာဉ်ကို ထာဝရမီးတောက်ထဲမှာထားပြီး ထာဝရလောင်ကျွမ်းအောင် လုပ်ပစ်မယ်" အဝေးမှ အလွန်ဒေါသကြီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
ရွှယ်အန်းက လှည့်ကြည့်လိုက်ချိန်တွင် မြေပြင်ပေါ်သို့ ထိုးနှက်ခံခဲ့ရသော ဝံပုလွေသူတော်စင်က ဖြည်းညှင်းစွာ ထလာသည်ကိုမြင်လိုက်ရသည်။ သူ၏ အရောင်အဝါများ တည်ငြိမ်စွာ မြင့်တက်လာပြီးနောက် ဝံပုလွေမျက်လုံးများသည်လည်း ကြက်သွေးရောင်သန်းလာခဲ့သည်။
"အရိုင်းဝင်တာ"
"ဝံပုလွေသူတော်စင် အရှင်က အရိုင်းဝင်သွားပြီ" အောက်ရှိ ဝံပုလွေများ လှုပ်လှုပ်ရွရွ ဖြစ်လာကြ၍ ဝမ်းမြောက်သော အမူအရာများ ပြသလာသည်။
အရိုင်းဝင်ခြင်းသည် အဆင့်မြင့် ဝံပုလွေမျိုးနွယ်၏ ထူးခြားသော စွမ်းရည်တစ်ခုဖြစ်သည်။ ၎င်းတို့သည် ဤအခြေအနေသို့ ရောက်သည်နှင့် ၎င်းတို့၏စွမ်းရည်ကို အပြည့်အ၀ ထုတ်လွှတ်နိုင်ကာ နာကျင်မှုကို မကြောက်ဘဲ သေသည်အထိ တိုက်ပွဲဝင်နိုင်ကြသည်။
"တောရိုင်းဝံပုလွေရဲ့ ဒေါသ"
ဝံပုလွေသူတော်စင်သည် ဟိန်းဟောက်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ငွေရောင် အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ရွှယ်အန်းဆီသို့ တည့်တည့် ချီတက်လာသည်။ သူ၏အရှိန်သည် ယခင်ကထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်လာသည်။ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ဖြင့် ပြည့်နှက်နေသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ရွှယ်အန်းက အနည်းငယ် သက်ပြင်းချလိုက်သည်။
"မင်း မတော်ဘူးလို့ ပြောရင် မတော်ဘူးပဲ။ အရိုင်းဝင်လည်း အသုံးမဝင်ဘူး”
ဤသို့ပြောပြီးနောက် ရွှယ်အန်းက သူ၏လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။
ဘန်း
ဝံပုလွေသူတော်စင်သည် ယခု အရိုင်းဝင်ခြင်း အခြေအနေတွင် ရှိနေ၍ တောင်ငယ်တစ်ခုကိုပင် ဖျက်ဆီးရန် လုံလောက်သော စွမ်းအင်များရှိနေသည်။ သို့သော် ရွှယ်အန်းသည် သူ၏ သွယ်လျသော လက်ဖဝါးကို ဆန့်ထုတ်ကာ ဝံပုလွေသူတော်စင်၏ နဖူးသို့ ဖိလိုက်ခြင်းဖြင့် သူ၏ ချီတက်မှုကို ချက်ခြင်း ရပ်တန့်လိုက်သည်။
မြင်ကွင်းတစ်ခုလုံး အေးခဲတောင့်တင်းသွားလေသည်။ ဝံပုလွေသူတော်စင်၏ မျက်နှာပေါ်တွင် အံ့အားသင့်နေသော အကြည့်မျိုး ပေါ်ပေါက်လာသည်။ သူသာမက ဝံပုလွေများအားလုံးက အံသြသွားကြသည်။ မည်သို့ဆိုသော် မြင်ကွင်းက အလွန် ကြောက်မက်ဖွယ်ကောင်းသောကြောင့် ဖြစ်သည်။ ရွှယ်အန်းသည် လက်တစ်ဖက်ကို ဆန့်ထုတ်၍ ချစ်စဖွယ် ခွေးလေးတစ်ကောင်ကို ပိတ်ဆို့ထားသကဲ့သို့ ဝံပုလွေသူတော်စင်၏ ဦးခေါင်းကို ဖိထားလိုက်သည်။
"ကဲ၊ အခု ကျုပ် အလှည့်ပဲ"
ထို့အတူ ရွှယ်အန်းသည် ဝံပုလွေသူတော်စင်၏ ဦးခေါင်းကို ဖမ်းကိုင်လိုက်၍ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
ဘန်း ဘန်း ဘန်း
ရွှယ်အန်းဝံပုလွေသူတော်စင်၏ မြင့်မားသော ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ မြေပြင်ပေါ်သို့ ရက်စက်စွာ ပစ်ချလိုက်သည်။ ကြည့်နေသော ဝံပုလွေများ၏ခန္ဓာကိုယ်လုံး တုန်လှုပ်သွားကြသည်။
'ဒီလူ တကယ်ပဲ ဘယ်လောက်တောင် သန်မာနေတာလဲ'
သူ၏ အရိုင်းဝင်ခြင်း အခြေအနေတွင်ရှိနေသော ဝံပုလွေသူတော်စင်လျှင်ပင် ရွှယ်အန်း၏ ပြိုင်ဘက် မဟုတ်ခဲ့လေသလော။ မီးဖီးနစ်အဖွဲ့ဝင်များကသာ ရွှယ်အန်း ပြုလုပ်သမျှက ၎င်းတို့ မျှော်လင့်ထားသည်နှင့် တစ်ထပ်တည်းကျနေသကဲ့သို့ငြိမ်သက်နေကြသည်။ ဤအခိုက်အတန့်တွင် ရွှယ်အန်းက ရပ်တန့်သွား၍ ဝံပုလွေသူတော်စင်သည်လည်း ဒဏ်ရာများ ဖုံးလွှမ်းနေသည်အထိ စုတ်ပြတ်သတ်သွားကာ ရွှယ်အန်းကို ထိတ်လန့်သောမျက်လုံးများဖြင့် ကြည့်နေသည်။
"လာပါ၊ ကျုပ် ခင်ဗျားကို လိုက်ပို့ပေးမယ်"ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ဤသို့ပြောပြီးနောက် ရွှယ်အန်းက အရှေ့သို့ ခြေတစ်လှမ်းတိုးလာလာ ဝံပုလွေသူတော်စင်၏ ခန္ဓာကိုယ်ကို လှမ်းကိုင်လိုက်၍ ၎င်း၏ဦးခေါင်းကို အခြားလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် အော်ငေါက်လိုက်သည်။
“လာစမ်း"
ဘန်း
ဗလုံးဗထွေးအသံတစ်ခု ကြားရပြီးနောက် ရွှယ်အန်းသည် ဝံပုလွေသူတော်စင်၏ ဦးခေါင်းကို အားသုံး၍ ဆွဲဖြုတ်လိုက်သည်။ သွေးများ ပန်းထွက်လာပြီးနောက် ဝံပုလွေသူတော်စင်၏ ဘဝ အဆုံးသတ်သွား၏။
ဟူး
ဝံပုလွေများအားလုံး ပင့်သက်ရှိုက်လိုက်ကြကာ အချို့ အသည်းငယ်သော ဝံပုလွေများသည် နေရာ၌ပင် သတိလစ်သွားကြသည်။ ပြိုင်ဘက်ကင်း ဝံပုလွေသူတော်စင်၏ ဦးခေါင်းသည် ဤသို့ဖြင့် အလွယ်တကူ ဆွဲဖြုတ်ခံလိုက်ရသလော။ ဝံပုလွေသူတော်စင် သေဆုံးသွားပြီးနောက်၊ နတ်ဘုရားဗိမာန်သည် အနည်းငယ် တုန်လှုပ်လာ၍ ကြောက်မက်ဖွယ် အရှိန်အဟုန်များ မြင့်တက်လာသည်။
"ဘယ်သူလဲ။ ဒီ ဝံပုလွေဘုရားသခင်ရဲ့ သွေးသားကို သတ်ဖြတ်ရဲတဲ့အထိ ဘယ်သူက သတ္တိရဲရတာလဲ” ကြီးကျယ်ခမ်းနားသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
ထိုအသံကိုကြားလိုက်ရသော ဝံပုလွေများအားလုံး၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာ၍ မြေပြင်ပေါ်တွင် ဝပ်တွားလိုက်ကြသည်။ မည်သို့ဆိုသော် ၎င်းတို့၏ နတ်ဘုရား နိုးထလာသောကြောင့် ဖြစ်သည်။ သို့သော်လည်း ရွှယ်အန်းက ပျာယာခတ်ခြင်းမရှိဘဲ သူ၏ခေါင်းကို တိမ်းစောင်း၍ မြင့်မားသော နတ်ဘုရားဗိမာန်ကို လှည့်ကြည့်လျက် ဘာသိဘာသာ ပြောလိုက်သည်။
"သားရဲတစ်ကောင်လောက်ကများ၊ ကိုယ့်ကိုယ်ကို နတ်ဘုရားတစ်ပါးလို့ လိမ်ပြောရဲတယ်ပေါ့လေ" ဤသို့ပြောပြီးနောက် ရွှယ်အန်းသည် ဝေဟင်ထဲသို့ ဝဲပြန်သွားကာ သူ၏လက်ကို ဓားဖြင့်ပုံသဏ္ဌာန် ဖန်တီး၍ ပြင်းထန်စွာ ခုတ်ချလိုက်သည်။
ဘုံး
သူ၏ဓားအလင်းရောင်အောက်တွင် မြင့်မားသော နတ်ဘုရားဗိမာန်သည် တိုဟူးကဲ့သို့ ထက်ပိုင်း ကွဲသွားလေသည်။ အပျက်အစီးများအတွင်းမှ အလွန်အမင်း ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ အသံများ မှိန်ဖျော့သွားသည်နှင့်အမျှ နတ်ဘုရားဗိမာန်၏ မြေပြင်သည် ရုတ်တရက် ကွဲအက်သွားကာ မြေပြင်သို့ ဧရာမ လက်ကြီးတစ်စုံက ဆွဲကိုင်လိုက်ပြီးနောက် ဧရာမ ဝံပုလွေတစ်ကောင်၏ ဦးခေါင်းသည် တဖြည်းဖြည်း ထွက်ပေါ်လာ၏။
ဝံပုလွေများ အားလုံးသည် ၎င်းတို့၏ ဦးခေါင်းများကို အဆက်မပြတ် ငုံ့ထားကြသော်လည်း ရွှယ်အန်းက တိတ်တဆိတ် ကြည့်နေခဲ့သည်။ ဧရာမဝံပုလွေသည် အက်ကွဲကြောင်းမှ တွားသွားလာ၍ မတ်တပ်ရပ်လိုက်သောအခါ ၎င်းသည် မီတာနှစ်ဆယ်ကျော်ခန့် မြင့်မားကာ ခန္ဓာကိုယ်တစ်ခုလုံးသည် သန့်စင်သော ငွေရောင်အမွှေးများဖြင့် ဖုံးလွှမ်းထားသည့်အပြင် ၎င်း၏ ဝံပုလွေမျက်လုံးတစ်စုံသည်လည်း ကြီးစိုးသော သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ ဘိုးဘေးဝံပုလွေနတ်ဘုရား နိုးထလာခဲ့သည်။
"ဟွာရှားဓားသမား မင်းက ဝံပုလွေနတ်ဘုရားနယ်မြေကို ဘာကြောင့် ကျူးကျော်ဝင်ရောက်ပြီး ကျုပ်ရဲ့ ဝံပုလွေနတ်ဘုရားမျိုးရိုးကို ခက်ခဲအောင် လုပ်ရတာလဲ"
အသံသည် တောတွင်းတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့ရာ၊ ၎င်း၏ ခမ်းနားထည်ဝါသော တည်ရှိမှုတစ်ခုတည်းက သာမန်လူများကို တုန်လှုပ်စေရန် လုံလောက်နေသည်။ ရွှယ်အန်း၏နှုတ်ခမ်းတွင် လှောင်ရယ်မှုတစ်ခု ပေါ်ထွက်လာသည်။
"ခင်ဗျားရဲ့ ဝံပုလွေနတ်ဘုရားနယ်မြေတဲ့လား"
"ဒီနယ်မြေကို ဟွာရှား သိုင်းပညာရှင်က ဖန်တီးခဲ့တာ၊ နောက်ပိုင်းမှာမှာ ခင်ဗျား ခိုးယူသွားတာလေ။ ဒါနဲ့များ ခင်ဗျားရဲ့ ဝံပုလွေနတ်ဘုရားနယ်မြေလို့ ခေါ်ရဲတဲ့ သတ္တိရှိတယ်တဲ့လား"
“ခင်ဗျားက ကျုပ်တို့ ဟွာရှားလူမျိုးတွေကို သတ်ခဲ့တာ။ ဒါကြောင့် ကျုပ်က တစ်ထပ်တည်း တူအောင် ပြန်လုပ်လိုက်ရုံပဲ။ ဒါကိုများ ခင်ဗျားရဲ့ ဝံပုလွေနတ်ဘုရားမျိုးရိုးကို ခက်ခဲလုပ်တယ်လို့ ပြောရတယ်ရှိသေး"
“သားရဲတစ်ကောင်က ဘယ်အချိန်မဆို သားရဲတစ်ကောင်ပဲဖြစ်နေမှာ။ မှော်ဝင် သားရဲတစ်ကောင်ဆိုရင်တောင် ခင်ဗျားက သားရဲတစ်ကောင်ပဲ"
ရွှယ်အန်းက ထိုသို့ပြောပြီးနောက်၊ ဝံပုလွေဘုရားဘိုးဘေးက တုန်လှုပ်၍ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
“ငါက နတ်ဘုရားတစ်ပါးပဲ။ တန်ဖိုးမရှိတဲ့ သေမျိုး တချို့တလေကို သတ်လိုက်တော့ ဘာဖြစ်မှာမို့လို့လဲ"
ထိုစကားကို နားထောင်ပြီးနောက် ရွှယ်အန်း၏မျက်နှာအမူအရာ တဖြည်းဖြည်း အေးခဲသွားလေသည်။
"နတ်ဘုရားတဲ့လား။ ကျုပ်အတွက်တော့ မြောက်မြားစွာတဲ့ နယ်ပယ်တစ်လျှောက်လုံးမှာ မွေးရာပါ ချမှတ်ထားတဲ့ နတ်ဘုရားဆိုပြီး မရှိဘဲ၊ ကောင်းကင်ကို အံတုပြီး အလျှော့မပေးတဲ့ သေမျိုးတွေပဲရှိတယ်”
ရွှယ်အန်းသည် စကားပြောပြီးနောက် သူ၏လက်ဖဝါးကို ကျစ်ကျစ်ဆုပ်လိုက်ရာ ၎င်းအတွင်း၌ တောက်ပသော အလင်းလုံးတစ်ခု ဝေ့ဝဲလာ၍ အတွင်းတွင်ပါရှိသည့် ဧရာမ စွမ်းအင်သည် ဝံပုလွေနတ်ဘုရားကိုပင် တုန်လှုပ်သွားစေသည်။
"ဒီနေ့မှာ ကျုပ်က နတ်ဘုရားတစ်ပါးကို သုတ်သင်ပစ်မယ်"
အခန်း (၂၄၂) ဒီဓားကို… ပြိုင်ဘက်ကင်းလို့ခေါ်တယ်
ဘုံး
ရွှယ်အန်း၏လက်ထဲမှ အလင်းလုံးသည် အံ့ဩဖွယ် တောက်ပသော အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်ပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်သွား၍ မရေတွက်နိုင်သော ဓားချီများ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ သို့သော် ဝံပုလွေနတ်ဘုရားက တိမ်းရှောင်ခြင်း မရှိဘဲ ဤဓားချီကို သူ၏ခန္ဓာကိုယ်သို့ ထိုးနှက်ခွင့်ပြုလိုက်သည်။
“အသုံးမဝင်ဘူး ကွ၊ ကျုပ်က နတ်ဘုရားတစ်ပါးပဲ၊ မင်းရဲ့ဓားချီက ကျုပ်ကို လုံးဝ မထိရောက်ဘူး"
"အိုး၊ ဟုတ်လား" ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးကာပြောသည်။
"ဒါကလည်း အစကတည်းက ခင်ဗျားအတွက် ပြင်ဆင်ထားတာ မဟုတ်ပါဘူး။ ကျုပ်ကို မယုံဘူးလား၊ ဒါဆိုရင် ကြည့်ထား”
ဝံပုလွေနတ်ဘုရားက ထိတ်လန့်စွာဖြင့် လှည့်ကြည့်လိုက်သည်။ ဤဓားချီများသက်ဆင်းလာမှုအောက်တွင် နတ်ဗိမ္မာန်ရှိ ဝံပုလွေများအားလုံး အသတ်ခံခဲ့ရ၍ ၎င်းတို့၏ဝိညာဉ်များသည်လည်း ခန္ဓာကိုယ်နှင့်အတူ ပျက်စီးသွားခြင်းကို သူ မြင်တွေ့လိုက်ရသည်။
“မဖြစ်ဘူး” ဝံပုလွေနတ်ဘုရားက ဟိန်းဟောက်လိုက်သည်။
"ဒီမျိုးဆက်တွေက ခင်ဗျားရဲ့ နတ်တန်ခိုးကို တည်တံ့စေတဲ့ အရင်းအမြစ်တွေ မဟုတ်လား" ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
အမှန်တကယ်ပင် ဤဝံပုလွေများ သေဆုံးသွားသောအခါ ဝံပုလွေနတ်ဘုရား၏ အရောင်အဝါများ အနည်းငယ်မျှ ယုတ်လျော့သွားခဲ့သည်။
"ဒါတွေကို မင်းဘယ်လိုသိတာလဲ" ဝံပုလွေနတ်ဘုရားသည် နောက်ဆုံးတွင် ထိတ်လန့်သွားလေသည်။
၎င်းအကြောင်းအရာသည် သူ၏ အချက်အချာအကျဆုံး လျှို့ဝှက်ချက်ဖြစ်သည်။ အမျိုးအနွယ်များစွာကို ပြန့်ပွားစေခဲ့သော အကြောင်းရင်းသည် ၎င်းတို့၏ ယုံကြည်ချက်နှင့် မျိုးဆက်များဖြင့် သူ၏နတ်အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ရန် ဖြစ်သည်။
"ခင်ဗျားလို နတ်ဘုရားအယောင်အဆောင်မျိုး မပြောနဲ့၊ မရေတွက်နိုင်တဲ့ ထိုက်ယိနတ်ဘုရား အစစ်တွေတောင် ကျုပ် လက်ချက်နဲ့ သေဆုံးခဲ့ရတာ" ရွှယ်အန်းက ခေါင်းခါလိုက်သည်။
“မင်းက ဘယ်သူလဲ။ သာမာန်ဓားသမားတစ်ယောက်ဆို ဒီလောက် သိနိုင်မှာ မဟုတ်ဘူး" ဝံပုလွေဘုရား၏ မျက်နှာအမူအရာက ပို၍ဆိုးရွားလာသည်။
"ကျုပ်က ဘယ်သူလဲ ဟုတ်လား။ ခင်ဗျား သေတဲ့အချိန်ကျ သိလိမ့်မယ်" ရွှယ်အန်းက ပြုံးလိုက်သည်။
“ငါ မင်းကို လျှော့တွက်ခဲ့တာ ဝန်ခံတယ်၊ ဒါပေမယ့် ဒီလောက်နဲ့ လုံလောက်မယ်လို့ မင်း တကယ်ထင်နေတာလား။ နတ်ဘုရားအစစ်အမှန်တစ်ပါးဆိုတာ… ပြိုင်ဘက်ကင်းပဲ” ဤအခိုက်အတန့်တွင် ဝံပုလွေနတ်ဘုရားက စိတ်ငြိမ်သက်သွား၍ ဆိုးယုတ်စွာ ပြုံးလိုက်သည်။
စကားပြောနေရာမှ ဝံပုလွေနတ်ဘုရား၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် ထပ်မံ ဖောင်းကားလာသည်။ မီတာသုံးဆယ် မီတာလေးဆယ်မျှ ဖြစ်လာပြီးနောက် အဆုံးတွင် ကောင်းကင်နှင့် မြေကြီးကြားရှိ ဧရာမ တာဝါကြီးတစ်ခုကဲ့သို့ မီတာတစ်ရာပြည့်အထိ ကြီးထွားလာ၍ ပုရွက်ဆိတ်ထက် မကြီးမားပုံပေါ်သည့် ရွှယ်အန်းကို လှောင်ရယ်သော အကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။
“အင်းဆက်လိုကောင်၊ ငါ မင်းကို လက်တစ်ချောင်းတည်းနဲ့တောင် ဖိနှိပ်နိုင်နေပြီ။ မင်းငါ့ကို ဘာလုပ်နိုင်မှာလဲ"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မီးဖီးနစ်ဖွဲ့ဝင်များ၏ စိတ်နှလုံးများ တင်းကျပ်လာသကဲ့သို့ ခံစားလိုက်ရသည်။ ရွှယ်အန်းသည် ကျိန်းသေအနိုင်ရမည်ဟု အခိုင်အမာ ယုံကြည်ထားကြသော်လည်း ဝံပုလွေနတ်ဘုရား၏ ကောင်းကင်ဘုံနှင့် မြေကြီး၏ နိယာမကို ထင်ရှားစွာပြသခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
"လာခဲ့စမ်း၊ ဓား" သို့သော်၊ ရွှယ်အန်းသည် ဝံပုလွေနတ်ဘုရားကို အမှုမဲ့အမှတ်မဲ့ ကြည့်ရုံမျှသာ ကြည့်၍ တီးတိုးပြောလိုက်သည်။
သူ၏ အမိန့်အရ ကောင်းကင်ယံတွင် ပြည့်နှက်သွားသော ဓားမိုးများက ဘုရင်တစ်ပါး၏ ခေါ်သံကို နာခံလိုက်သကဲ့သို့ မီတာဆယ်မျှ ရှည်လျားသော ဓားရှည်တစ်လက်အဖြစ် အရှိန်အဟုန်ပြင်းစွာ စုစည်းသွားလေသည်။ ယခုအချိန်တွင် ဝံပုလွေနတ်ဘုရားသည် ရွှယ်အန်းကို အစိတ်စိတ် အမွှာမွှာ ဖျက်ဆီးချင်သော ရည်ရွယ်ချက်ဖြင့် သူ၏ခြေသည်းများကို ထုတ်လိုက်သည်။ ရွှယ်အန်းသည် ဓားကို လက်ထဲတွင် ကိုင်ဆောင်လျက် ၎င်းကို ကောင်းကင်သို့ မြှောက်တင်၍ ထွန်းတောက်စေခဲ့သည်။
ဘုံး
ဧရာမ ဓားကြီးသည် ဝံပုလွေ၏ ခြေသည်းနှင့် တိုက်မိသွား၍ ကြီးမားသော ၎င်းစွမ်းအင်သာ် ရွှယ်အန်း၏ ခြေဖဝါးအောက်ရှိ နတ်ဘုရားဗိမာန်ကို ဖုန်မှုန့်များအဖြစ်သို့ ကွဲအက်သွားစေသည်။ ဝံပုလွေနတ်ဘုရားက ဟိန်းဟောက်၍ ဧရာမ ဓားကြီးကို ဖမ်းရန် ကြိုးစားခဲ့သော်လည်း ရွှယ်အန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"အသုံးမဝင်ဘူး၊ ဒီနေ့ ကျုပ် ခင်ဗျားကို သေချာပေါက် သတ်ပစ်မှာ" ရွှန်းအန်းသည် ထိုသို့ပြောပြီးသည်နှင့် ပျောက်ကွယ်သွားခဲ့ရာ၊ ပြန်လည် ပေါ်ပေါက်လာသောအခါ ဝံပုလွေနတ်ဘုရား၏အရှေ့တွင် ရောက်ရှိနေပြီဖြစ်၍ သူ၏ဧရာမ ဓားကြီးသည်လာ်း ရွှေအပ်တစ်ချောင်းအဖြစ်သို့ ပြောင်းလဲကာ ဝံပုလွေနတ်ဘုရား၏နဖူးသို့ တည့်တည့် တိုးဝင်သွားလေသည်။ ဝံပုလွေနတ်ဘုရားသည် ထိတ်လန့်စွာဖြင့် နောက်ပြန်ဆုတ်၍ ဤဓားချက်ကို ရှောင်တိမ်းရန် ကြိုးစားခဲ့သည်။ ထိုအချိန်တွင် ရွှယ်အန်း၏ အော်သံတစ်ခုက ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားသည်။
“ဒီဓားနာမည်က… ပြိုင်ဘက်ကင်းလို့ ခေါ်တယ်”
ဧရာမ ဓားကြီးသည် စူးရှတောက်ပသော အလင်းတန်းတစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွား၍ ဝံပုလွေနတ်ဘုရား၏ နဖူးကို သူမတူသော အရှိန်အဟုန်ဖြင့် ထိုးဖောက်သွားသည်။ ဝံပုလွေနတ်ဘုရား၏ အမူအရာ တောင့်တင်းသွား၍ သူ၏မျက်လုံးများ ထိတ်လန့်တကြား ပြူးကျယ်သွားလေသည်။
ပြီးနောက် သူ၏ဦးခေါင်း အနောက်ဘက်မှ ဓားချီတစ်ခု ပေါက်ထွက်လာ၍ သွေးများနှင့် ဦးနှောက်များ နေရာအနှံ့ ပြန့်ကျဲသွားသည်။ ဝံပုလွေနတ်ဘုရား၏ ကြီးမားသော ကိုယ်ထည်သည် လေလျှော့သွားသော မီးပုံးပျံတစ်ခုကဲ့သို့ လျင်မြန်စွာကျုံ့လာပြီးနောက် မျက်လုံးတစ်မှိတ်အတွင်း၌ပင် ၎င်း၏မူလ အရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
သို့သော် ဤဓားဖြင့် ထိုးနှက်ခံရပြီးနောက် ဝံပုလွေနတ်ဘုရားသည် သေဆုံးသွားခြင်းမရှိဘဲ လှည့်၍ ထွက်ပြေးသွားလေသည်။ ၎င်းသည် ထွက်ပြေးနေလျက် ထိတ်လန့်တုန်လှုပ်မှုများက ၎င်း၏ စိတ်ကို ဝါးမျိုနေသည်။
'ဒီလူက ဘယ်သူလဲ ဟ'
သူ၏အားနည်းချက်ကို တစ်ချက်လှုပ်ရုံဖြင့် မည်သို့မျှ တိုက်ခိုက်နိုင်ခြင်းဖြစ်သနည်း။
'မဖြစ်ဘူး၊ ငါ ဒီနေရာကနေ မြန်မြန် ထွက်သွားရမယ်။ ဒီလူက လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါ့နောက်ကို လိုက်ခဲ့တဲ့ နတ်အမြင်တော်ထက်တောင် အဆတစ်ထောင်လောက် ကြောက်စရာကောင်းနေတယ်။
ဝံပုလွေဘုရာ၏ နှလုံးသားထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်၍ အလွန်အမင်းကြောက်ရွံ့စွာ ထွက်ပြေးနေသည်။ သို့သော် အဝေးသို့မပြေးနိုင်မီ၌ပင် သူ၏လည်ပင်းကို အနောက်မှ တစ်စုံတစ်ယောက်က ဖမ်းကိုင်မြှောက်လိုက်သကဲ့သို့ ခံစားလိုက်ရကာ ရွှယ်အန်း၏ ခံစားချက်ကင်းမဲ့နေသော အသံကို ကြားလိုက်ရသည်။
"အခုမှ ထွက်ပြေးဖို့ လုပ်ရင်၊ အရမ်းနောက်ကျနေပြီ မဟုတ်ဘူးလား"
"ကျွန်တော်အသက်ကို ချမ်းသာပေးပါ သခင်ကြီး၊ ဒီလျှို့ဝှက်နယ်မြေကနေ ချက်ချင်း ထွက်သွားပေးပါ့မယ် နောက်ထပ် ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကျွန်တော် ကတိပေးပါတယ်"
ဝံပုလွေနတ်ဘုရားသည် အလွန်တရာမှ မျက်နှာချိုသွေးသော အမူအရာမျိုး ချက်ချင်း ပြုလုပ်လိုက်သည်။
ရွှယ်အန်းက စကားမပြောဘဲ ဝံပုလွေနတ်ဘုရားကို ဝံပုလွေနတ်ဘုရား ခန်းမဆောင် အရှေ့သို့ ချက်ချင်း ပြန်ခေါ်သွားခဲ့သည်။ ထိုအချိန်တွင် ဝံပုလွေနတ်ဘုရား ခန်းမဆောင်သည် လုံးလုံးလျားလျား ယောက်ယက်ခပ်နေသော်လည်း ထောင့်တစ်နေရာတွင် တစ်စုံတစ်ခု လင်းလက်တောက်ပနေသည်။ ရွှယ်အန်းက ထိုနေရာသို့ လျှောက်သွားလိုက်သည်။
၎င်းသည် ပြင်းထန်သော အရောင်အဝါများ ထုတ်လွှတ်သည့် သွေးများဖြင့် ပြည့်နေသော သွေးအိုင်တစ်ခု ဖြစ်သည်။ သွေးကန်သည် ဝံပုလွေမျိုးနွယ်စုမှ နတ်သွေးပါသော တိုက်ပွဲဝံပုလွေများ ဖန်တီးရန်အတွင် အသုံးပြုသည့် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သည်။ သူ့ကို ဤနေရာသို့ ခေါ်လာရသည့် ရွှယ်အန်း၏ ရည်ရွယ်ချက်ကို မသိသော ဝံပုလွေနတ်ဘုရားက မသေချာ မရေရာမှုများဖြင့် စိုးရိမ်ပူပန်နေပုံရသည်။ ဝံပုလွေနတ်ဘုရားက မတုံ့ပြန်မီတွင် ရွှယ်အန်းက ဝံပုလွေနတ်ဘုရား၏ နဖူးဆီသို့ သူ၏လက်နှစ်ချောင်းကို ဆန့်ထုတ်၍ အင်အားကြီး အရောင်အဝါများ ဖြာထွက်နေသည့် သလင်းကျောက်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
ရွှယ်အန်းက ဓားဖြင့်ထိုးနှက်ခဲ့သောကြောင့် နတ်အဆင့် ၎င်းသလင်းကျောက်ပေါ်တွင် အက်ကွဲမှုမျိုး ဖြစ်ပေါ်နေသည်။ ၎င်းကို ဖယ်ရှားပြီးနောက် ဝံပုလွေဘုရား၏ခန္ဓာကိုယ်သည် တစ်ဖန် သေးငယ်လာ၍ သာမန် မီးခိုးရောင် ဝံပုလွေအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ရွှယ်အန်းသည် နတ်စွမ်းအင်များကို ချိုးဖျက်၍ သွေးကန်ထဲသို့ တိုက်ရိုက် ပစ်ချလိုက်သည်။ မီးခိုးရောင်ဝံပုလွေသည် စကားပင် မပြောနိုင်တော့ဘဲ ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်လေသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော ကျင့်ကြံမှုမှန်သမျှ ပျက်သုဉ်းသွားကြောင်း သူ သိလိုက်သည်။
'သူ အခု ငါ့ကို လွှတ်သင့်ပြီ' မီးခိုးရောင်ဝံပုလွေက တွေးသည်။
သို့သော် ရွှယ်အန်းသည် ၎င်းကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိဘဲ သူ၏ဓားကို ပေါ့လျော့စွာ ဝှေ့ယမ်းလိုက်၏။ မီးခိုးရောင်ဝံပုလွေ၏ ဦးခေါင်း ပိုင်းဖြတ်ခံလိုက်ရကာ သူ၏သွေးများ သွေးအိုင်ထဲသို့ စီးကျသွားလေသည်။ သွေးအိုင်၏ အရောင်အဝါသည် ပို၍ ပြင်းထန်ကာ သန့်စင်လာခဲ့သည်။ ရွှယ်အန်းသည် ချန်ဟောက်နှင့် အခြားလူများကို လှည့်ကြည့်လိုက်သည်။
“ဒီဟာက အခြေခံလောက်ပဲဆိုပေမယ့် ဝံပုလွေမျိုးနွယ်စုက ခန္ဓာကိုယ်ကို ကုသနိုင်တဲ့ စွမ်းရည်နဲ့ ကြံ့ခိုင်တဲ့ ကိုယ်ကာယမျိုးတွေ ရှိကြတယ်။ ဝံပုလွေနတ်ဘုရားရဲ့ နတ်စွမ်းအင်ကိုပါ ထည့်ထားပြီးပြီဆိုတော့ အထဲဝင်လိုက်တာ မင်းတို့ရဲ့ခန္ဓာကိုယ်ကို အတိုင်းအတာတစ်ခုအထိတော့ သန်မာစေနိုင်ပြီး အကျိုးကျေးဇူးတွေကလည်း အကန့်အသတ်မဲ့တယ်"
မီးဖီးနစ်အဖွဲ့ဝင်များအားလုံးက စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီးနောက် သွေးကန်ထဲသို့ တစ်ဦးပြီး တစ်ဦးပြီး ခုန်ဆင်းသွားကြသည်။ မည်သူ တစ်ဦး တစ်ယောက်ကမျှ မတွန့်ဆုတ်ကြပေ။ ၎င်းတို့၏ အမြင်တွင် ရွှယ်အန်း ပြောသမျှသည် မငြင်းပယ်နိုင်သော အမှန်တရားတစ်ခုဖြစ်သည်။ သွေးကန်ထဲသို့ ဝင်သွားပြီးနောက် ၎င်းတို့အားလုံးက မျက်လုံးများကို မှိတ်ထား၍ ဝံပုလွေနတ်ဘုရား၏တန်ခိုးဖြင့် ၎င်းတို့၏ခန္ဓာကိုယ်ကို စတင် ပြောင်းလဲနေကြသည်။ ရွှယ်အန်းက ဘေးမှ ကြည့်နေခဲ့သည်။
လျှို့ဝှက်နယ်မြေထဲရှိ ဝံပုလွေများအားလုံးသည် ဝံပုလွေနတ်ဘုရား၏ သေဆုံးမှုဖြင့် ၎င်းတို့၏ မျိုးနွယ်စွမ်းအင်များကို ဆုံးရှုံးသွားကာ သာမန် ဝံပုလွေအုပ်တစ်ခုသာ ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် ရွှယ်အန်းသည် ၎င်းတို့အနောက်သို့ လိုက်ရန် စိတ်မ၀င်စားတော့ပေ။ တစ်ရက်ကြာပြီးနောက် ပထမဆုံး ပေါ်ထွက်လာသူသည် ကျိုးသာ့နျိုဖြစ်သည်။ နွားသိုးတစ်ကောင်ကဲ့သို့ ထွားကျိုင်းသော ဤအမျိုးသားသည် ယခုအခါ ပို၍ပင် အားကောင်းလာ၍ သူ၏ ပုံသဏ္ဌာန်သည်လည်း ပို၍ကြီးမားလာသည်။
"ဆရာ" ကျိုးသာ့နျိုက လေးစားစွာ ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့ ကျင့်ကြံမှု အဆင့်ကို စမ်းကြည့်ချေ"
“ဟုတ်ကဲ့ ဆရာ” ကျိုးသာ့နျိုသည် ဝိဇ္ဇာလမ်းစဉ်ကို အသုံးပြုလိုက်ရာ သွေးရောင်များဖြင့် လွှမ်းခြုံနေသော ရွှေအလင်းတန်းများက သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။
ရွှယ်အန်းသည် သေးငယ်သော ဓားချီ တစ်ခုဖြင့် ပေါ့ဆစွာ ဝှေ့ယမ်းလိုက်သည်။ ၎င်းသည်သည် ခန္ဓာကိုယ်ထဲ့သို့ ဖောက်ဝင်မသွားဘဲ အရေပြားပေါ်တွင် အဖြူရောင် အမှတ်အသားတစ်ခုသာ ကျန်ရစ်ခဲ့သည်။
"မဆိုးပါဘူး" ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် အခုဆိုရင် ဧရာမ ဝံပုလွေကြီးကိုတောင် လက်သီးတစ်ချက်နဲ့ ထိုးသတ်နိုင်နေပြီလို့ ခံစားရတယ် ဆရာ" ကျိုးသာ့နျိုက ကျိုးနွံစွာ ပြုံးရယ်လိုက်သည်။
စကားစမြည် ပြောနေစဉ်တွင် တစ်စုံတစ်ခု ဖြစ်မြောက်ခဲ့သော အခြားလူများသည်လည်း တစ်ဦးပြီး တစ်ဦး သွေးအိုင်ထဲမှ ထွက်လာကြသည်။ အဓိကအချက်သည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများ အလွန်တရာ မြင့်မားလာခဲ့သည်။
"ဆရာ" အားလုံးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
"အိမ်ပြန်ကြတာပေါ့" ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။
အခန်း (၂၄၃) ရှရှားနိုင်ငံဖြင့် စာရင်းရှင်းခြင်း
ဆိုက်ဘေးရီးယား။
နှင်းဖြူများဖြင့် ဖုံးလွှမ်းနေသော တောင်ထိပ်ပေါ်တွင် ရုတ်တရက် ကောင်းကင်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာ၍ ၎င်းအတွင်းမှ ရွှယ်အန်းနှင့်အတူ မီးဖီးနစ်အဖွဲ့ဝင်များ ထွက်ပေါ်လာသည်။
"ဆရာ၊ အခု ဘယ်ကိုသွားနေတာလဲ။ ကျွန်တော်တို့ နိုင်ငံကိုလား" ချန်ဟောက်က မေးလိုက်သည်။
“ပြန်ဖို့ အလျင်မလိုသေးဘူး။ ရှရှားနိုင်ငံရဲ့ စစ်ဦးစီးချုပ်က ဝံပုလွေများနှင့် ပူးပေါင်းခဲ့တော့ သူတို့နဲ့အရင်ဆုံး စာရင်းရှင်းရဦးမှာပေါ့" ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"ဆရာ၊ ကျွန်တော်တို့လည်း လိုက်ပါရစေ။ ဆရာ့ကြောင့်သာ မဟုတ်ရင် ကျွန်တော်တိံ အကုန်လုံး အပြတ်ရှင်းခံလိုက်ရမှာ။ ဒီရှရှားနိုင်ငံက လူယုတ်မာတွေက တော်တော်ကို စက်ဆုပ်ဖို့ ကောင်းလွန်းတယ်” ချန်ဟောက်က အံကြိတ်လျက် ပြောလိုက်သည်။
"ဟုတ်တယ် ကျွန်တော်တို့လည်းလိုက်မယ်" စွန်းလင်နှင့် အခြားလူများသည်လည်း မုန်းတီးမှုများနှင့် ပြည့်နှက်နေသော မျက်နှာများဖြင့် အော်ဟစ်လာကြသည်။
“မင်းတို့အားလုံး ဝင်ပါစရာ မလိုဘူး။ ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်။ ဒီမှာစောင့်နေကြ၊ ငါ ချက်ချင်း ပြန်လာခဲ့မယ်" ရွှယ်အန်းက ခေါင်းခါလိုက်သည်။
ဤသို့ဖြင့် ရွှယ်အန်းက ကောင်းကင်တွင် ပျံသန်းနေသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားခဲ့သည်။ ချန်ဟောက်နှင့် အခြားလူများက တအံ့တသြကြည့်နေကြသည်။
"ခေါင်းဆောင်၊ ကျွန်တော်တို့ရဲ့ဆရာက အင်မယ်တယ်ဖြစ်သွားပြီလား" ကျိုယိက ထအော်လိုက်သည်။
"အင်မော်တယ်ဟုတ် မဟုတ်တော့ မသိပေမယ့် ဆရာက ပိုပြီး သန်မာလာတယ်" ချန်ဟောက်က တီးတိုး ရေရွတ်လိုက်သည်။
ရွှယ်အန်းသည် ပထမဆုံးစတွေ့စဉ်က ယခုမျှ အစွမ်းထက်ပုံမပေါ်ပေ။ တိုတောင်းသော လအနည်းငယ်အတွင်း ရွှယ်အန်း၏ အရောင်အဝါသည် ကြီးမား၍ တိုင်းတာမရနိုင်သော သမုဒ္ဒရာကဲ့သို့ ဖြစ်လာသည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ရှရှားနိုင်ငံ၏မြို့တော်ဖြစ်သည့် မော်စကိုသည် စည်ကားသော်လည်း လူခြေတိတ်သော မြို့တစ်မြို့ဖြစ်သည်။ ကြီးမား၍ သန်မာသော အင်ပါယာကြီးသည် တစ်ချိန်က ဤနေရာတွင် တည်ရှိခဲ့သော်လည်း ယခုအခါတွင် အတိတ်က ဂုဏ်ကျက်သရေများကို အမှတ်ရစေသော အနီရောင် ရင်ပြင်ရှိ ချိုးငှက်မှလွဲ၍ အရာအားလုံးသည် အချိန်နှင့်အမျှ ပြောင်းလဲသွားခဲ့သည်။
ရွှယ်အန်းသည် မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်ရှိ အထပ်မြင့် အဆောက်အအုံတစ်ခု အပေါ်သို့ တိုက်ရိုက် ဆင်းသက်လာသည်။ ရွှယ်အန်းသည် သူ၏ စိတ်အာရုံကို ဖြန့်ကြက်မှုဖြင့် အင်အားကြီး ပုဂ္ဂိုလ်များစွာကို တွေ့ရှိခဲ့ရာ ၎င်းတို့အနက်မှ တစ်ဦးသည် အလွန်ရင်းနှီးပုံပေါ်သော ပုဂ္ဂိုလ်ဖြစ်သည်။ ရွှယ်အန်း၏နှုတ်ခမ်းတွင် အေးစက်သောအပြုံးတစ်ခု ပေါ်ပေါက်လာပြီးနောက် ရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
"ဗိုလ်ကြီးဆုရှနာ၊ အိမ်ပြန်တော့မှာလား" တစ်ယောက်ယောက်က ဆုရှနာကို ဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။
ဆုရှနာက ပြုံးပြ၍ ခေါင်းညိတ်ပြပြီးနောက် သူ၏ကားပေါ်သို့ တက်သွားလိုက်သည်။ အင်ဂျင်စက် စတင်ခါနီးတွင် ကား၏ အနောက်ခန်းမှ အသံတစ်ခု ထွက်လာသည်။
"မတွေ့တာကြာပြီ ဆုရှနာ"
ထိုအသံကိုကြားသောအခါ ဆုရှနာတစ်ယောက် အေးခဲသွား၍ အနောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ နောက်ခုံတွင် ရွှယ်အန်းက ထိုင်နေ၍ သူမကို အမူအရာကင်းမဲ့စွာ ကြည့်နေလေသည်။
"ရွှယ်...ရွှယ်အန်း" ဆုရှနာသည် သရဲတစ္ဆေတစ်ကောက်းကို မြင်ရသကဲ့သို့ တုန်လှုပ်သွားသည်။
"အံ့သြသွားတာလား သူငယ်ချင်း" ရွှယ်အန်းက ဘာသိဘာသာ ပြောခဲ့သော်လည်း ယခု သူ ပြောခဲ့သည့် "သူငယ်ချင်း" ဟူသော စကားလုံးတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
ဆုရှနာ၏မျက်နှာအမူအရာ ချက်ချင်း ဖြူဖျော့သွားပြီးနောက် သူမက ဟန်လုပ်ပြုံးလိုက်သည်။
"ဟုတ်တယ်၊ အံ့ဩသွားတာ။ ရှင့်ကို လိုက်ရှာဖို့ ကျွန်မ လူဘယ်နှစ်ယောက်လောက် လွှတ်ခဲ့တယ်ဆိုတာ ရှင် သိသင့်တယ်၊ ဒါပေမယ့်…”
"ဒါဆို မင်းက ဝံပုလွေအကြောင်း ဘာမှ မသိဘူးပေါ့" ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်း၍ ဆုရှနာ၏ စကားလမ်းကြောင်းကို ဖြတ်ပြောလိုက်သည်။
ဆုရှနာက လေးနက်စွာ သက်ပြင်းချလိုက်သည်။
"အကုန်လုံးပြီးသွားတော့ ကျွန်မ သိသွားခဲ့တာလို့ ပြောရင် ရှင် ယုံမှာလား" သူမသည် စကားပြောနေစဉ် ရွှယ်အန်း၏ မျက်လုံးများကို စိုက်ကြည့်လ်ိုက်သည်။
"ကောင်းပြီ၊ အခု ခင်ဗျားတို့ ရှရှားနိုင်ငံရဲ့ စစ်ဦးစီးချုပ်ဆီ ကျုပ်ကို ခေါ်သွားပေး" ခဏအကြာတွင် ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
"ရှင် ဘာလုပ်ဖို့စီစဉ်နေတာလဲ" ဆုရှနာ၏ အမူအရာ တင်းမာသွားသည်။
“ကျုပ်က ဘာလုပ်မလို့လဲ ဟုတ်လား။ ထုံးစံအတိုင်း ဒီကိစ္စအတွက် စာရင်းရှင်းမလို့ပေါ့" ရွှယ်အန်းက အမူမထားဘဲ ပြန်ဖြေလိုက်သည်။
"ရွှယ်အန်း၊ ရှရှားနိုင်ငံက မှားခဲ့တယ်ဆိုတာ ကျွန်မ ဝန်ခံတယ်၊ ဒါပေမယ့် ရှင် စိတ်ကို တည်ငြိမ်အောင် ထားပါဦး။ အခုက ကျယ်ပြန့်တဲ့ အာဏာကို ထိန်းချုပ်ထားတဲ့ စစ်ဦးစီးချုပ်နဲ့ ရှင် ရင်ဆိုင်နေတာနော်။ ကျေးဇူးပြုပြီး စိတ်လိုလက်ရ မလုပ်ပါနဲ့" ဆုရှနာက စိုးရိမ်တကြီး ပြောလိုက်သည်။
"ခင်ဗျားက ကျုပ်ကို မလိမ်ခဲ့လို့ သူငယ်ချင်းတစ်ယောက်လို သတ်မှတ်သေးပေမယ့် ကျုပ်ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်။ ဒီအတွက် ကျုပ်ရဲ့ အဖိုးတန်အချိန်တွေကို မဖြုန်းတီးပါနဲ့၊ နားလည်လား" ရွှယ်အန်းက ခေါင်းခါလိုက်သည်။
ဆုရှနာက ဖြူဖျော့သွား၍ သူမ၏နှုတ်ခမ်းကို ဖိကိုက်ကာ ပြောလိုက်သည်။
“ကောင်းပြီ၊ ဒါပေမယ့် ရှင် စိတ်မလောဖို့တော့ ကျွန်မ အကြံပေးပါရစေ။ အင်ပါယာရဲ့ အင်အားက ရှင် တစ်ယောက်တည်း စိန်ခေါ်နိုင်တဲ့ အရာမဟုတ်ဘူး"
ရွှယ်အန်းက မည်သည့် အမူအရာမျှ မပြဘဲ ပြုံးပြလိုက်သည်။ ဆုရှနာသည် စစ်ဌာနချုပ် အဆောက်အဦး အပြင်ဘက်သို့ မောင်းနှင်သွားခဲ့သည်။ သူမ၏ရာထူးသည် ဗိုလ်ချုပ်အဆင့်ဖြစ်သောကြောင့် အစောင့်များသည် သူမကို သေချာ မစစ်ဆေးဘဲ တိုက်ရိုက် ဝင်ခွင့်ပြုလိုက်ကြသည်။
"ဗိုလ်ချုပ်ချက်ကော့ဗ်နဲ့ တခြားအဆင့်မြင့်အရာရှိတွေက အပေါ်ဆုံးထပ်မှာ အစည်းအဝေးလုပ်နေကြတယ်၊ ဒါပေမယ့် ကျွန်မ ရာထူးနဲ့ ဝင်လို့မရဘူး" ဓာတ်လှေကားပေါ်တွင် ဆုရှနာက ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး၊ ဘယ်နေရာမှာ ရှိတယ်ဆိုတာ သိရရင် လုံလောက်ပြီ" ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။
ပြီးနောက် ခုနစ်လွှာသို့ အမြန်ရောက်သွားကြ၍ ဓာတ်လှေကားတံခါးများ ပွင့်လာသည်နှင့်အမျှ ရွှေရောင်ဆံပင်များနှင့် အပြာရောင်မျက်လုံးများရှိသည့် စစ်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက အထဲဝင်ရန် ပြင်ဆင်နေခဲ့သည်။ ထိုအမျိုးသားသည် ဆုရှနာကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ တောက်ပလာသည်။
"ရောက်လာပြီလား ဆုရှနာ" ထိုအမျိုးသားသည် သူမကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။
ဆုရှနာသည် အလွန်ထိတ်လန့်နေပုံရ၍ ထိုအမျိုးသားကို သူမ၏ မျက်လုံးများဖြင့် လျှို့ဝှက် ဆိုင်းတစ်ခု ပြုလုပ်ခဲ့သော်လည်း ထိုအမျိုးသားက အနည်းငယ် အံ့ဩသွားပုံရ၍ သူမ၏ အဓိပ္ပါယ်ကို နားမလည်ခဲ့ပေ။ သို့သော်၊ သူမ နံဘေးတွင် ရပ်နေသော ရွှယ်အန်းကို သတိပြုမိသွားသောအခါ ထိုလူ၏အမူအရာ ချက်ချင်းပင် မည်းမှောင်သွားလေသည်။
"ဟွာတိုင်းပြည်က လူတစ်ယောက်က ဘယ်လိုရောက်လာတာလဲ။ ဆုရှနာ၊ ဒီလူက ဘယ်သူလဲ" သူသည် စကားပြောနေစဉ် သူ၏မျက်လုံးများတွင် မနာလိုမှု အရိပ်အမြွက်များ ပေါ်ပေါက်လာသည်။
သူသည် အရှေ့ဖျားစစ်တပ်၏ ဤအလှပဂေးလေးကို စိတ်အားထက်သန်စွာ ပိုးပန်းနေခဲ့သော်လည်း ယခုမူကား သူမ နံဘေးတွင် ဟွာပြည်နယ်မှ အခြားလူတစ်ယောက် ရှိနေခဲ့သည်။ ဆုရှနာက အလွန် ဒေါသထွက်သွားလေသည်။ သူမသည် ဤအမျိုးသားကို အလျင်အမြန် ထွက်ခွာသွား၍ ဗိုလ်ချုပ်ချက်ကော့ဗ်နှင့် အခြားသူများထံ သတင်းပေးပို့ရန် လျှို့ဝှက်ဆိုင်းတစ်ခု ပြုလုပ်ခဲ့သည်။
သူမသည် ရွှယ်အန်းအပေါ် အကောင်းမြင်စိတ်ရှိသော်လည်း သူမ၏အထက်လူကြီးများကို ဒုက္ခပေးမည့် အပြုအမူကိုတော့ ကြည့်မနေနိုင်ပေ။ မည်သို့ဆိုသော် အမူအရာကင်းမဲ့သော ဤလူသည် ကြီးမားသော အမှုကိစ္စများ ပြုလုပ်တော့မည်ဟူသော အတိတ်နမိတ်မျိုး ဆုရှနာတွင် ရှိနေသည်။
ဟွာနိုင်ငံမှလူများအပေါ် အထင်အမြင်သေးပုံပေါ်သော ထိုအမျိုးသား၏ စကားများကို ရွှယ်အန်းက နားထောင်နေခဲ့သည်။ သူ၏မျက်လုံးများ တဖြည်းဖြည်း အေးစက်လာ၍ အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"ဘေးဖယ်"
"ကျုပ်က ရှရှားနိုင်ငံရဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ပဲ ခင်ဗျား ချက်ချင်း ထွက်သွားလိုက်၊ ဒီလိုမှမဟုတ်လို့ကတော့..." ထိုလူသည် ခေတ္တရပ်တန့်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရွှယ်အန်းသည် ဤအထပ်တွင် အင်အားကြီး ပုဂ္ဂိုလ်များစွာ ရှိနေကြောင်း သူ၏ စိတ်အာရုံဖြင့် ခံစားလိုက်ရသောကြောင့် ဤလူ၏ အဓိပ္ပါယ်မဲ့သော စကားများကို အာရုံမစိုက်နိုင်တော့ဘဲ သူ၏လက်ကို ပေါ့လျော့စွာ ဝှေ့ယမ်းလိုက်သည်။ ထိုအမျိုးသား၏ ဦးခေါင်းသည် ချက်ချင်းပင် ပြတ်တောက်သွား၍ သွေးများ လွင့်စဉ် ထွက်လာကာ အလောင်းသည်လည်း ပြုတ်ကျသွားလေသည်။
ဤမြင်ကွင်းသည် ဆုရှနာကို အလွန် အံ့အားသင့်သွားစေသည်။
လှုပ်ရှားလိုက်သည်နှင့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းဖြစ်လေသလော။
ဤအခိုက်အတန့်တွင် ထိုအလွှာရှိ အစောင့်များသည်လည်း အဖြစ်အပျက်များကို မြင်လိုက်ရ၍ ပြေးထွက်လာကြသည်။
"မင်းက ဘယ်သူလဲ…"
"အကြွေးကောက်ဖို့ လာတဲ့လူပဲ" ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
ဓားအလင်းရောင် တောက်ပသွားပြီးနောက် အစောင့်များ ထက်ပိုင်းပြတ်သွားလေ၏။ ထို့နောက် ရွှယ်အန်းသည် အရှေ့သို့ တိုးကာ အထဲသို့ ဝင်လာခဲ့သည်။ သူ ဖြတ်သွားသည့် နေရာတိုင်းတွင် အလောင်းများလဲကျသွား၍ သွေးများ မြစ်သဖွယ် စီးဆင်းခဲ့လေသည်။ ထိုအချိန်တွင် ချက်ကော့ဗ်နှင့် ရှရှားနိုင်ငံ၏ ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိ အများအပြား အစည်းအဝေး တက်ရောက်နေကြသည်။ ၎င်းတို့သည် ဝံပုလွေများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးနေကြသည်။
"ပြီးခဲ့တဲ့လက ကျုပ်တို့တွေက ဗော့ကာ တန်ချိန် တစ်ရာ ပို့လိုက်တော့ အထူးစစ်သည်တော် တစ်ဒါဇင်ကျော်လောက် ဖန်တီးနိုင်လောက်တဲ့ ဝံပုလွေနတ်ဘုရားရဲ့ သွေး ငါးပုလင်း ပြန်ရခဲ့တယ်" ကျွမ်းကျင်သူတစ်ဦး ဖြစ်ပုံပေါ်သည့် အရာရှိတစ်ဦးက ပြောလိုက်သည်။
“ဒါပေမယ့် ဒီစစ်သည်တော်တွေအတွက် ဝိညာဉ်တွေကို ရှာဖွေရတာ မလွယ်ကူဘူး။ ကျုပ်တို့တွေ ဒီအထူးတပ်ဖွဲ့ပြိုင်ပွဲတွေချည်း အမြဲတမ်း လုပ်နေလို့မရဘူးလေ" တစ်စုံတစ်ဦးက မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်သည်။
ချက်ကော့ဗ်က ဂုဏ်ယူစွာ ပြုံးလိုက်သည်။
"ဒါပေါ့ စစ်သည်တွေရဲ့ ဝိညာဉ်တွေကို ကျုပ်တို့အမြဲတမ်းတော့ မလိုအပ်ဘူးပေါ့၊ ပြီးတော့ နိုင်ငံခြားအထူးစစ်ဆင်ရေး အဖွဲ့တွေရဲ့ အသက်တွေကို ရက်ရောတဲ့ ဆုကြေးတွေ ဖလှယ်မယ်ဆိုရင်... မထိုက်တန်တယ် မဟုတ်ဘူးလား"
ဤကိစ္စရပ်ကို သူ၏လက်ဖြင့် ကိုယ်တိုင် ခြယ်လှယ်ခဲ့သောကြောင့် ချက်ကော့ဗ်တွင် ဂုဏ်ယူရသည့် အကြောင်းပြချက်တစ်ခု ရှိနေသည်။ ထိုအချိန်တွင် အပြင်ဘက်၌ ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားနေသည်။ ချက်ကော့ဗ်နှင့် အခြားလူများ ထိတ်လန့်နေကြရာ၊ တံခါးသည် ပြင်းထန်သောအသံဖြင့် ပွင့်လာပြီးနောက် ရွှယ်အန်းက ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။
"စိတ်မရှိပါနဲ့ လူကြီးမင်းတို့ ဒါပေမယ့် ဒီနေ့အစည်းအဝေးကို ဖျက်သိမ်းလို့ရပြီ" ရွှယ်အန်းသည် ခက်ထန်သော အပြုံးတစ်ခုဖြင့် သူ၏ သွားများကို ထုတ်ဖော် ပြသလိုက်သည်။