အခန်း (၂၄၄-၂၄၆)
Vol. 17 Ch. 244-246
အခန်း (၂၄၄) ကျုပ် အခု အရမ်းဒေါသထွက်နေတယ်
"ခင်ဗျားက...ဟွာရှား မီးဖီးနစ် ရဲ့ နည်းပြဆရာ ရွှယ်အန်း မဟုတ်လား" ချက်ကော့ဗ်၏ မျက်နှာရှိ သွေးရောင်များ ပျောက်ဆုံးသွားလေသည်။
“ကျုပ်ကို မှတ်မိနေသေးတဲ့အတွက် ဝမ်းသာပါတယ်၊ မစ္စတာချက်ကော့ဗ်” ရွှယ်အန်းက ပြုံးမြဲတိုင်းပြုံးလျက် ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ ချက်ကော့ဗ်သည် အလွန် တုန်လှုပ်သွားသည်။ ရွှယ်အန်းသည် ဤနေရာတွင် မည်သို့ကြောင့် ရုတ်တရက် ပေါ်ပေါက်လာခြင်းဖြစ်သနည်း။
'သူက မီးဖီးနစ်အဖွဲ့ဝင်တွေနဲ့အတူ ဝံပုလွေတွေ ဖမ်းဆီးမှုကို ခံနေမှာ မဟုတ်ဘူးလား'
ထိုအချိန်တွင် အခန်းတွင်းရှိ အခြားလူများ၏ အမူအရာများသည်လည်း သိသိသာသာ ပြောင်းလဲသွားကြသည်။
"စစ်တပ်ရဲ့ တားမြစ်နယ်မြေကို ကျူးကျော်လာရဲရတယ်လို့၊ ဒီလူကို တစ်ယောက်ယောက် လာဆွဲထုတ်ကြစမ်း"
ဗိုလ်ချုပ်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့သော် သူ့ထံ တုံ့ပြန်လာမှုသည် တိတ်ဆိတ် ငြိမ်သက်မှုသာ ဖြစ်လေသည်။
"စိတ်မရှိပါနဲ့၊ ကျုပ် ပြောဖို့မေ့သွားလို့ပါ။ အပြင်က အစောင့်တွေက ကျုပ် ရှင်းပစ်လိုက်ပြီ" ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
'ဘာ'
အခန်းထဲတွင် ရှိနေသော လူများ၏ မျက်နှာအမူအရာများ အလွန်အကျဉ်းတန်သွားသည်။
"ရွှယ်အန်း၊ ခင်ဗျား ဘာလုပ်ချင်နေတာလဲ" ချက်ကော့ဗ်က အေးစက်စွာ ပြောလိုက်သည်။
သူ၏စကားများ ပြီးဆုံးပြီး မကြာမီတွင် ရွှယ်အန်း၏ ပေါ့ပါးသော ဝှေ့ယမ်းမှုဖြင့် ဓားအလင်းရောင်တစ်ခုက ချက်ကော့ဗ်၏ လက်တစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်သည်။ လွင့်စဉ်လာသော သွေးများနှင့်အတူ ချက်ကော့ဗ်၏နာကျင်သော အော်ဟစ်သံသည် အခန်းတစ်ခုလုံးကို တိတ်ဆိတ် ငြိမ်သက်သွားစေသည်။
ရွှယ်အန်းသည် ကျယ်ဝန်းသော လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်ချ၍ သူ၏နှုတ်ခမ်းတွင် ပေါ့လျော့သော အပြုံးတစ်ခု ရှိနေသည်။
"ဗိုလ်ချုပ်ချက်ကော့ဗ်၊ ကျုပ် အခု အရမ်း အရမ်း ဒေါသထွက်နေတာ ခင်ဗျား နားလည်မယ်လို့ မျှော်လင့်ပါတယ် ... ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ရဲ့ လက်အောက်ငယ်သားတွေ အကုန်လုံးကို သေဆုံးလုနီးပါးလုပ်ခဲ့တဲ့က ခင်ဗျားလေ"
ချက်ကော့ဗ်၏ မျက်နှာအမူအရာ ပြာနှမ်းသွားလေသည်။ ထိုအချိန်တွင် အထူး ကျွမ်းကျင်သူကဲ့သို့သော အရာရှိတစ်ဦးသည် စားပွဲအောက်ရှိ ခလုတ်တစ်ခုကို လျှို့ဝှက်စွာ နှိပ်ချလိုက်သည်။ ခဏအကြာတွင် အပြင်ဘက်မှ ခြေသံများ အဆက်မပြတ် ကြားလာရသည်။ ထိုအရာရှိ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"နည်းပြဆရာရွှယ်၊ ခင်ဗျားရဲ့ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ကျုပ် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့အပြုအမူက ကျုပ်တို့ရဲ့ ရှရှားနိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတယ်၊ ဒီတော့..." ထိုအရာရှိက ခေတ္တရပ်တန့်လိုက်သည်။
"အိုး၊ ဒီတော့ ဘာဖြစ်လဲ" ရွှယ်အန်းက သူ၏မျက်ခုံးများကို အနည်းငယ် ပင့်တင်လိုက်သည်။
"ဒီတော့ ခင်ဗျားကို ငရဲပြည် ပို့ဖို့အတွက် ပြင်ဆင်ရလိမ့်မယ်" အရာရှိက ခက်ထန်စွာ ရယ်မောလိုက်သည်။
ရွှယ်အန်း၏ နောက်ကွယ်ရှိ ကွန်ကရစ်နံရံသည် လက်သီးချက်ဖြင့် ပေါက်ထွက်သွားပြီးနောက် ကြီးမား ကျယ်ပြန့်သော လက်တစ်ခု ဝင်ရောက်လာ၍ ရွှယ်အန်း၏ဦးခေါင်းကို ရိုက်နှက်ရန် ချိန်ရွယ်လိုက်သည်။ အခန်းထဲရှိ အရာရှိများအားလုံး အနည်းငယ် တည်ငြိမ်သွားကြသည်။
'ဒီလက်ဖဝါးချက်က ဒီကောင်ရဲ့ခေါင်းကို အစိတ်စိတ်အမြွှာမြွှာ ကွဲသွားစေလောက်တယ် မဟုတ်လား'
သို့သော် လူတိုင်း၏မျက်နှာပေါ်ရှိ အောင်ပွဲခံသည့် အကြည့်များ အေးခဲသွားရန် စက္ကန့်ဝက်မျှသာ ကြာမြင့်ခဲ့သည်။ မည်သို့ဆိုသော် ရွှယ်အန်းသည် ထိုဧရာမ လက်တံကို ဆုပ်ကိုင်ထားပြီ၍ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
"ဒါက ဝံပုလွေတွေနဲ့ ပူးပေါင်းပြီး ခင်ဗျားတို့ ဖန်တီးခဲ့တဲ့ စူပါစစ်သည်တော်တွေလား"
ဤသို့ဖြင့် ရွှယ်အန်းက ထိုလူ၏လက်ကို ဖိညှစ်လိုက်ရာ၊ အလွန်ထူထဲသော လက်မောင်းသည် အပိုင်းပိုင်း ကြေမွသွားလေသည်။ နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် လက်မောင်းကို ပြန်ဆွဲထုတ်ရန် ကြိုးစားသည်။
"အခုမှ ထွက်သွားဖို့ စဉ်းစားနေတာလား။ နုံလွန်းတယ်လို့ မထင်ဘူးလား"
ဤသို့ပြောပြီးနောက် ရွှယ်အန်းက သူ၏ လက်ကို ပြင်းထန်စွာ အားစိုက်လိုက်သည်။ နံရံသည် လူပုံသဏ္ဍာန် အပေါက်ကြီးတစ်ခုဖြင့် ပေါက်ထွက်သွားပြီးနောက် အခန်းထဲသို့ နှစ်မီတာကျော် မြင့်မား၍ ထွားကျိုင်းသော စစ်သည်တစ်ဦး ယိမ်းယိုင်စွာ ရောက်ရှိလာလေသည်။
စစ်သည်တော်သည် သူ၏လက်မောင်း ကျိုးကြေပြီးသည့်တိုင် ရွှယ်အန်းကို အလျင်စလို ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်နေဆဲဖြစ်သည်။ သို့သော် ရွှယ်အန်းသည် ထိုစစ်သည်တော်ကို အခွင့်အရေးပင် မပေးခဲ့ဘဲ ဓားအလင်းတန်းတစ်ခု လင်းလက်လာခဲ့ရာ ထိုလူထွားကြီး၏ ဦးခေါင်းသည် သူ၏ပခုံးပေါ်မှ ရှင်းလင်းစွာ ပြုတ်ကျသွားလေသည်။
"ခင်ဗျားတို့တွေ ဒီလိုအမှိုက်မျိုးအတွက် တခြားသူတွေကို ဒုက္ခပေးနေတာက တကယ်ပဲ တန်လို့လား" ထိုမှသာ ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။
ချက်ကော့ဗ်နှင့် အခြားလူများ အံသြသွားကြသည်။ ရွှယ်အန်း ဝင်လာချိန်ကစ၍ တစ်မိနစ် နှစ်မိနစ်သာ ကြာမြင့်ခဲ့သော်လည်း ရွှယ်အန်းက ဤလူများကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်။ မြေပြင်ပေါ်သို့ လူထွားကြီး၏အလောင်း လဲကျသွားပြီးနောက် ရွှယ်အန်းက သူ၏လက်များကို စားပွဲပေါ်သို့ ထောက်ချကာ မျက်နှာဖြူဖျော့နေသော ဗိုလ်ချုပ်များကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
"ခင်ဗျားတို့ကို ထပ်ပြောချင်တာ တစ်ခုရှိတယ်၊ မင်းတို့အားလုံး ပူးပေါင်းနေတဲ့ ဝံပုလွေတွေအကုန်လုံးကို ကျုပ် သတ်ပစ်လိုက်ပြီ"
"မဖြစ်နိုင်ဘူး" ချက်ကော့ဗ်က အော်ဟစ်လိုက်သည်။
ဓားအလင်းတန်းတစ်ခု လင်းလက်လာပြီးနောက် လေထဲသို့ ချက်ကော့ဗ်၏ဦးခေါင်း လွင့်စင်သွားခဲ့ရာ အံ့သြမှုများပြည့်နေသော မျက်နှာဖြင့် သေဆုံးသွားခဲ့သည်။ ရွှယ်အန်းက သူ၏ဒေါသကို ဖြေဖျောက်ရန်အတွက် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်၍ ဒေါသ ဖြေဖျောက်ပြီးသည်နှင့် ထွက်သွားမည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သူ၏လက်တစ်ဖက်ကို ဖြတ်ထုတ်ခဲ့လျှင်ပင် သူ့ကို သတ်ဖြတ်ဝံ့မည်မဟုတ်ပေ။ ထို့အပြင် သူသည် ရှရှားနိုင်ငံ၏စစ်တပ်တွင် အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်သည်။
"ကျုပ် ပြောပြီးပြီ။ ကျုပ် အရမ်း ဒေါသထွက်နေတယ်၊ ဒါကြောင့် ကျုပ် စကားပြောတဲ့အခါ ဝင်မနှောက်ယှက်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်" ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ကျန်အရာရှိများအားလုံးက ဆောင်းရာသီ၏ ပုစဉ်းရင်ကွဲများကဲ့သို့ ငြိမ်သက်စွာ ခေါင်းညိတ်လိုက်ကြသည်။
"ကောင်းပြီ၊ လျော်ကြေးအတွက် အခုစပြီး ဆွေးနွေးလို့ရပြီ ထင်တယ်" ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ရွှယ်အန်းသည် ရှရှားနိုင်ငံ၏ ဤအဆင့်မြင့် အရာရှိများနှင့် စာရင်းရှင်းနေစဉ် ဟွာရှားတိုင်းပြည်၏ ကျုံးတုတွင် ကျန်းနုပင်းနှင့် ဝမ်ပန့်မေတို့က ကားပေါ်မှ ဆင်းကာ ကျယ်ပြန့်၍ ခမ်းနားထည်ဝါသော စက်ရုံဂိတ်တံခါးကို ခေါင်းမော့ကြည့်လိုက်ကြသည်။
"အင်မော်တယ် သခင်တို့ ကျွန်တော်တို့ ကောင်းကင်ကံကြမ္မာကုမ္ပဏီကို ရောက်ပါပြီ" လျို့ရူယန်က လေးစားစွာ ပြောလိုက်သည်။
"ကောင်းပြီ၊ မင်းတို့လျို့မိသားစုတွေ အရမ်းတော်တယ်" ကျန်းနုပင်းအနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုနှင့် လောဘစိတ်များဖြင့် ပြည့်နှက်နေသည်။ ကျန်းနုပင်း၏ ချီးကျူးမှုကို ခံရပြီးနောက် လျို့ရူယန်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။
"ထူးဆန်းတဲ့ နေရာတစ်ခုပဲ၊ အထဲမှာ ဝိညာဉ်သွေးကြောတစ်ခုရဲ့ စွမ်းအင်အတက်အကျတွေ တကယ် ရှိနေတာပဲ" ဝမ်ပန့်မေက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းနုပင်းက ထိုသို့ကြားသောအခါ ရယ်မောလိုက်သည်။
"ထုံးစံအတိုင်း ဝိညာဉ်သွေးကြောမရှိရင် ဆေးက ဘယ်ထိရောက်ပါ့မလဲ"
ဝမ်ပန့်မေက ခေါင်းညိတ်လိုက်သည်။ အနောက်တွင် ရပ်နေသော လျို့ရူယန်သည် သူမ၏အတွေးများကို ရွက်လွှင့်နေမိသည်။ လျို့မိသားစုသည် အင်မော်တယ်သခင်နှစ်ဦးနှင့် ကြုံတွေ့ခြင်းဖြင့် ဤကဲ့သို့သော ကံကောင်းမှုမျိုးကို ရင်ဆိုင်ရမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ၎င်းတို့သည် လှုပ်ရှားမှုတစ်ခုတည်းဖြင့်၊ လျို့မိသားစုရှိ လူတိုင်းကို အထင်ကြီးအောင် ပြုလုပ်ခဲ့သည်။
ပြီးနောက် လျို့ရူယန်သည် သူမကို ယာယီအဖော်အဖြစ် သတ်မှတ်ခြင်းဖြင့် ဝမ်ပန့်မေ၏ မျက်နှာသာပေးမှုကို ရရှိခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လျို့မိသားစုသည် ၎င်းတို့နှစ်ဦးကို လေးစားခဲ့ကြရာ၊ အထူးသဖြင့် လျို့ရူယန်ကို အလွန်တရာ လေးစားမှုပြသခဲ့သည်။
သူမသည် ဝမ်ပန့်မေ၏ တပည့်တစ်ဦးဖြစ်လာရန် စိတ်ကူးရှိနေသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးက ကောင်းကင်ကံကြမ္မာ ကုမ္ပဏီကို ရှာဖွေလိုကြောင်း သူမ ကြားသောအခါ ၎င်းတို့၏ လမ်းပြအဖြစ် ဆောင်ရွက်ပေးခဲ့သည်။
"သွားကြရအောင်၊ လောကီကမ္ဘာမှာ ဒီလိုဆေးမျိုးထုတ်ခဲ့တဲ့ ဒီနေရာက ဘာတွေဒီလောက် မြင့်မြတ်နေလဲ ကြည့်ကြရအောင်” ဝမ်ပန့်မေက ဘာသိဘာသာ ပြောလိုက်သည်။
၎င်းတို့နှစ်ဦးက ဦးဆောင်လျှောက်ပြီးနောက် လျို့ရူယန်က လျို့မိသားစုမှ အစောင့်အကြပ်များစွာကို ခေါ်ဆောင်၍ လိုက်ပါလာခဲ့သည်။ ၎င်းတို့သည် ကောင်းကင်ကံကြမ္မာ ကုမ္ပဏီ၏ ရုံးခန်းအဆောက်အအုံသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
"ဘယ်သူနဲ့ တွေ့ချင်လို့ပါပဲ" အရှေ့စားပွဲမှ ဧည့်ကြိုသူက မေးလိုက်သည်။
ကျန်းနုပင်းနှင့် ဝမ်ပန့်မေတို့သည် သာမန်လူထုနှင့် စကားပြောဆိုခြင်းက ခွန်းလွန်ရှိ တပည့်များ၏ အဆင့်အတန်းကို နိမ့်ကျစေသည်ဟု ခံစားရသောကြောင့် စကားသိပ်ပြောလေ့ မရှိကြပေ။
"မင်းတို့ရဲ့ အထက်လူကြီးကို တွေ့ဖို့ လာခဲ့တာ မြန်မြန်သွားခေါ်ချေ" လျို့ရူယန်က အရှေ့တိုးလာ၍ မောက်မာစွာ ပြောလိုက်သည်။
"စိတ်မရှိပါနဲ့ မိန်းကလေး၊ ကျွန်မတို့ ဒါရိုက်တာတွေက လောလောဆယ် အစည်းအဝေးလုပ်နေတော့ အခု တွေ့ဖို့ အချိန်မရှိလောက်..."
ဧည့်ကြိုသူ၏ စကား မပြီးဆုံးမီတွင် ကျန်းနုပင်းနှင့် ဝမ်ပန့်မေတို့က အထဲသို့ စတင် ဝင်ရောက်နေပြီ ဖြစ်သည်။
“ဟေး အဲ့လို ဝင်သွားလို့မရဘူးလေ" ဧည့်ကြိုသူက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
ဝမ်ပန့်မေက သူမကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ဧည့်ကြိုသူသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသောကြောင့် စကားပင် မပြောနိုင်တော့ပေ။
"အရူး" လျို့ရူယန်က လှောင်ရယ်လိုက်သည်။
ပြီးနောက် သူမသည် ၎င်းတို့နှစ်ဦး အနောက်သို့ လိုက်ရန် အမြန်လျှောက်သွားလိုက်သည်။ ယခုအချိန်တွင် ကျောက်ရွှယ်ဟွေ့၊ ချောင်လဲ့၊ ယန်ပင်းယီ၊ ကောင်းဝမ်ယင်နှင့် ရှု့လျိုကဲ့သို့သော အခြားလူများက အစည်းအဝေးတစ်ခုတွင် ရှိနေကြသည်။
“မစ္စတာရွှယ်က ပြန်မလာသေးဘူးလား" ရှု့လျိုက စိုးရိမ်တကြီး မေးလိုက်သည်။
ကျောက်ရွှယ်ဟွေ့က ခေါင်းညိတ်လိုက်သည်။
"ညီလေး ပြန်မလာသေးဘူး၊ ဒါပေမယ့် သူအဆင်ပြေမယ်လို့ ကျွန်တော် ယုံကြည်တယ်။ အခု ကျွန်တော်တို့လုပ်ရမှာက ကုမ္ပဏီက တစ်ခုလုံး အမှားအယွင်းမဘဲ ချောချောမွေ့မွေ့ လည်ပတ်နေဖို့ပဲ"
သူ စကားပြောနေချိန်တွင် အစည်းအဝေးခန်းမ တံခါးသည် ကန်ထုတ်ကာ အဖွင့်ခံလိုက်၍ ကျန်းနုပင်းနှင့် ဝမ်ပန့်မေတို့က ၎င်းတို့၏ ခေါင်းများကို ထောင်မတ်လျက် လျှောက်လာခဲ့သည်။
အခန်း (၂၄၅) လွှမ်းမိုးနိုင်သော An Yan နှင့် သူမ၏ဒယ်ပြား
"ခင်ဗျားက ဘယ်သူလဲ" ချောင်လဲ့က ရုတ်တရက် ထရပ်၍ ဒေါသတကြီး မေးမြန်းလိုက်သည်။
“မင်းတို့က... ကောင်းကင်ကံကြမ္မာ ကုမ္ပဏီရဲ့ အကြီးတန်း ရှယ်ယာရှင်တွေလား” ကျန်းနုပင်းက လှောင်ရယ်၍ အခန်းထဲရှိ လူများကို လှည့်ပတ်ကြည့်ရှုပြီးနောက် ဂရုမစိုက်စွာ ပြောလိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ။ ကောင်းကောင်းမပြောရင် ကျုပ် လုံခြုံရေး ခေါ်လိုက်မှာနော်" ကျောက်ရွှယ်ဟွေ့က ပြင်းထန်သော အသံဖြင့် အဆိုပြုလိုက်သည်။
“ကျုပ်က ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းတို့ ကောင်းကင်ကံကြမ္မာ ရဲ့ ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွေနဲ့ ဖော်မြူလာအားလုံး ကျုပ်ကို လွှဲပြောင်းပေးရမယ်ဆိုတာပဲ" ကျန်းနုပင်းက စားပွဲဆီသို့ လျှောက်သွားပြီး ကုလားထိုင် ယူ၍ ထိုင်ချပြီးနောက် တည်ငြိမ်စွာပြောလိုက်သည်။ ကျောက်ရွှယ်ဟွေ့နှင့် အခြားလူများသည် အကြည့်ချင်း ဖလှယ်ကြပြီးနောက် ၎င်းတို့၏ နှလုံးသားများ တင်းမာသွားကြသည်။
'ဒီမှာလာပါပြီ တစ်ယောက်ယောက် ကောင်းကင်ကံကြမ္မာ ကို ပစ်မှတ်ထားဖို့ မစောင့်နိုင်ကြတော့ဘူး'
"ဟားဟား၊ စကားကြီး စကားကျယ်ပြောရအောင် ခင်ဗျား ဘာမို့လို့လဲ။ ကျုပ် ပြောမယ်၊ အခုထွက်သွားမယ်ဆိုရင် ခင်ဗျားကို ခွင့်လွှတ်နိုင်လိုက်မယ်၊ မဟုတ်လို့ကတော့..." ချောင်လဲ့၏ စကားများ မပြီးဆုံးသေးမီတွင် ဝမ်ပန့်မေကမျက်မှောင်ကြုတ်၍ လက်ဖျောက်တီးလိုက်သည်။
ဘုံး
ချောင်လဲ့သည် နံရံနှင့် ထိမှန်သွား၍ ပါးစပ်မှ သွေးများ ထွက်လာပြီးနောက် နာကျင်မှုဖြင့် ထပ်ခါတလဲလဲ ချောင်းဆိုးနေသည်။
"ခွေးကောင်၊ မင်းကို သတ်ပစ်မယ်" ယန်ပင်းယီသည် သူ၏ ညီ(၃) အရိုက်ခံရခြင်းကို မြင်လိုက်ရသောအခါ မျက်လုံးများ နီရဲလာကာ ထိုင်ခုံတစ်ခုကို ကောက်ယူ၍ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ထိုအချိန်တွင် လျို့ရူယန်က လှောင်ရယ်လိုက်သည်။
"စိတ်မလောဖို့ ကျွန်မ ရှင့်ကို့ အကြံပေးချင်တယ်။ ဒီက ပုဂ္ဂိုလ်နှစ်ဦးက အင်အားကြီး အင်မော်တယ်အရှင်တွေပဲ။ ဖော်မြူလာနှင့် လုပ်ငန်းစဉ်တွေ နာခံမှုရှိရှိနဲ့ လွှဲပြောင်းပေးလိုက်ပါ၊ ဒါဆိုရင် ရှင်တို့ အသက်ကို ငဲ့ညှာကောင်း ငဲ့ညှာပေးကြမှာပါ”
"မင်းက... လျို့မိသားစုရဲ့ သခင်မလေး လျို့ရူယန်မဟုတ်လား" ရှု့လျို့က တုန်လှုပ်သွားသည်။
"ဟုတ်တယ်၊ ကျွန်မက လျို့ရူယန်ပဲ။ မန်နေဂျာရှု့ ကို ဒီမှာတွေ့ဖို့ တကယ် မမျှော်လင့်ထားဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့လည်း မိတ်ဆွေဟောင်းတွေပဲလေ ရှင်တို့ဘက်က နာခံမယ်ဆိုရင် အသက်ငဲ့ညှာ ပေးဖို့အတွက် ကျွန်မ အင်မော်တယ်အရှင်တို့ဆီမှာ တောင်းဆိုပေးမှာပါ” လျို့ရူယန်က ဂုဏ်ယူစွာ ပြုံးလိုက်သည်။
“ဒါက ဘာလဲ။ ဓားပြတိုက်နေတာလား" ရှု့လျို့၏ မျက်နှာအမူအရာ ဆိုရွားလာ၍ သူမက ဒေါသတကြီး ပြောလိုက်သည်။
"ခင်ဗျားတို့နှစ်ယောက်လုံးက သာမန်လူတွေ မဟုတ်ကြပုံပါပဲ၊ ဒါပေမယ့် ဒီလိုလုပ်ရပ်မျိုး လုပ်ရင် အပြစ်ပေးခံရမှာ မကြောက်ကြဘူးလား" ကောင်းဝမ်ယင်က လေးနက်စွာ သက်ပြင်းချ၍ လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
“အပြစ်ပေးခံရမယ်တဲ့လား။ ခွန်းလွန်ရဲ့ အင်မော်တယ် တပည့်များတွေဖြစ်တဲ့ ကျုပ်တို့ရဲ့ စကားက အပြစ်ပေးမှုပဲ။ အခု အချိန်ဆယ်မိနစ်အတွင်း ကျုပ်တို့ တောင်းတာတွေပေးရင် မင်းတို့ကို အသက်ရှင်ခွင့်မယ် မဟုတ်လို့ကတော့…” ကျန်းနုပင်းက လှောင်ရယ်လိုက်သည်။
"မဟုတ်လို့ကတော့ ဘာဖြစ်လဲ" တံခါးအပြင်ဘက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
အခန်းတွင်းရှိလူများသည် ပထမဦးစွာ အံ့အားသင့်သွားပြီးနောက် အန်းယန်က ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့နှင့်အတူ အစည်းအဝေးခန်းထဲသို့ လျှောက်သွားခြင်းကို ၎င်းတို့ တွေ့လိုက်ရသည်။ ကျောက်ရွှယ်ဟွေ့နှင့် သူ၏ ညီနှစ်ဦးအပြင် ကောင်းဝမ်ယင်နှင့် တခြားလူများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။
အထူးသဖြင့် ကျောက်ရွှယ်ဟွေ့က စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။ သူ၏ ခယ်မလေးက ဤသို့သော အခိုက်အတန့်မျိုးတွင် မည်သို့ကြောင့် ရောက်လာရခြင်းဖြစ်သနည်း။ အမှန်တကယ်ပင် အန်ယန်၏ ယနေ့ ခရီးစဉ်သည် တိုက်ဆိုင်မှုသက်သက်သာဖြစ်သည်။
သူမသည် အိမ်တွင် အတော်လေး ငြီးငွေ့နေ၍ အန်းချင်သည်လည်း ပြန်မရောက်လာသေးပေ။ သူမ၏ ညီမဖြစ်သူ အန်းချင်က အပြစ်ရှိသကဲ့သို့ ခံစားနေရ၍ မျက်နှာမပြဝံ့သည်ကို အန်းယန် သိနေသည်။ အန်းယန်က ကြိမ်ဖန်များစွာ ဖုန်းခေါ်ခဲ့သော်လည်း အန်းချင်က မည့်သည့်အချိန်မျှ ဖုန်းမကိုင်ခဲ့ပေ။
ဤနေ့တွင် အန်းယန်က သူမ၏ ပျင်းရိငြီးငွေ့မှုနှင့် စိုးရိမ်ပူပန်မှုအချို့ကို ဖြေလျှော့ရန်အတွက် ကောင်းကင်ကံကြမ္မာ ကုမ္ပဏီသို့ လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ညီလာခံခန်းမထဲသို့ ရောက်သည်နှင့် အထဲရှိ ငြင်းခုံသံများကို ကြားလိုက်ရသောအခါ သူမက ဂရုတစိုက် နားထောင်လိုက်လေရာ၊ တစ်စုံတစ်ယောက်သည် ကောင်းကင်ကံကြမ္မာ ၏ဖော်မြူလာနှင့် လုပ်ငန်းစဉ်များကို ခိုးယူလိုချင်ပုံရသည်။
ဤအချက်သည် အန်းယန်ကို အလွန် ဒေါသထွက်သွားစေသည်။ ကောင်းကင်ကံကြမ္မာ ကို သူမ၏ ခင်ပွန်းဖြစ်သူက တည်ထောင်ခဲ့၍ ယခုကဲ့သို့ ရက်အနည်းငယ်မျှသာ ပျောက်ဆုံးနေချိန်တွင် တစ်စုံတစ်ယောက်က ၎င်းကို လုယူရန်ပင် မစောင့်နိုင်တော့ပေ။ လှပသည့် အမျိုးသမီးတစ်ဦးဖြစ်သော အန်းယန်ကို မြင်လိုက်ရသောအခါ၊ ကျန်းနုပင်း၏မျက်လုံးများ လင်းလက်တောက်ပလာပြီးနောက်သူ ဘာသိဘာသာ မေးလိုက်သည်။
"မင်းက ဘယ်သူလဲ"
"ကျွန်မက ရွှယ်အန်းရဲ့ ဇနီး၊ ကောင်းကင်ကံကြမ္မာ ကုမ္ပဏီရဲ့ ရှယ်ယာရှင် အန်းယန်ပဲ။ ကျွန်မ ခင်ပွန်းပြန်လာရင် ရှင်တို့ရဲ့ အပြုအမူတွေအတွက် စာရင်းရှင်းခံရမှာကို မကြောက်ကြဘူးလား" အန်းယန်က အေးစက်စွာ ပြောလိုက်သည်။
'ရွှယ်အန်းရဲ့ ဇနီးတဲ့လား၊ စာရင်းရှင်းမယ်တဲ့လား'
ကျန်းနုပင်းနှင့် ဝမ်ပန့်မေတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်၍ ရယ်မောလိုက်ကြသည်။ ရွှယ်အန်း၏ နာမည်ကို ၎င်းတို့နှစ်ဦးစလုံးက သဘာဝအတိုင်း သိထားကြသည်။
'ကောင်းကင်ကံကြမ္မာ ကုမ္ပဏီရဲ့ တည်ထောင်သူလား'
ထို့အပြင်၊ သူသည် သိုင်းပညာလောက၏ မျိုးဆက်သစ်လူငယ်များကြားရှိ နံပါတ်တစ် သိုင်းပညာရှင်အဖြစ် ချီးကျူးခံခဲ့ရသူဖြစ်ကြောင့် လျို့မိသားစုက သူ၏ လုပ်ဆောင်မှုများကို ကျယ်ပြန့်စွာ မိတ်ဆက်ခဲ့ပြီးဖြစ်သည်။ ကျန်းနုပင်းနှင့် ဝမ်ပန့်မေတို့က ဤဖြစ်စဉ်ကို အလေးအနက်မထားဘဲ ပြုံးရုံသာ ပြုံးလိုက်ကြသည်။
၎င်းတို့ကဲ့သို့ ခွန်းလွန် လျှို့ဝှက်နယ်မြေမှ ထွက်လာခဲ့သော တပည့်များအတွက် လောကီကမ္ဘာ၏ ပညာရှင်များသည် မပြောပါ့လောက်သော အရာမျှသာဖြစ်သည်။ ထို့ကြောင့်၊ ကျန်းနုပင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“အိုး၊ ဒါဆို မင်းလည်း ကောင်းကင်ကံကြမ္မာ ရဲ့ ဖော်မြူလာကို သိတယ်ပေါ့လေ ဟုတ်လား။ ကျုပ်တို့ကို ပြောပြလိုက်လေ ဒါဆိုရင် ချက်ချင်း ထွက်သွားမှာပါ။ ဘယ်လိုလဲ"
"ဆုတောင်းလေ" အန်ယန်က အေးစက်စွာ အော်လိုက်သည်။
ဤအခိုက်တွင် လျို့ရူယန်က လှောင်ပြောင်သော မျက်နှာထားဖြင့် အရှေ့သို့ တိုးလာလိုက်သည်။
“အန်းမိသားစုက သခင်မလေးအန်းက ဂုဏ်အရှိန်အဝါ သိပ်ကြီးတာပဲ ကျွတ် ကျွတ်။ နှမြောစရာကောင်းတာက မင်းရဲ့ခင်ပွန်းက ဒီမှာရှိမနေတာပဲ။ ကျွန်မကြားတာတော့ သူ ဆိုက်ဘေးရီးယားမှာ အဆုံးသတ်သွားပြီဆို။ ဒါနဲ့များ ဘာတွေ မာန်တက်ပြနေတာလဲ။ ဖော်မြူလာကို ထုတ်ပေးပြီး လူတိုင်းကို ပျော်ရွှင်အောင် လုပ်ပေးလိုက်တာ ပိုကောင်းတယ် မဟုတ်ဘူးလား"
အန်းယန်က လျို့ရူယန်ကို ကြည့်နေရာမှ သူမ၏ အကြည့်များ အေးစက်လာသည်။
"လျို့မိသားစုက ဒီရွှံ့ရေထဲကို ဝင်လျှောက်ချင်နေတာလား။ စစ်တပ်က ဝင်ပါလာမှာကို မကြောက်ကြဘူးလား”
ထိုသို့ကြားသော လျို့ရူယန်က အေးစက်စွာ ရယ်မောလိုက်သည်။
"အန်းယန်၊ ရှင် ဘာတွေတွေးနေလဲဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက မင်းညီမ အန်းချင်က အခုမြစ်ကို ဖြတ်ကူးဖို့ ရုန်းကန်နေရတဲ့ ဘုရားလောင်းလိုပဲ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် အနိုင်နိုင်။ ကျွန်မ အမှန်အတိုင်းပြောလိုက်မယ် ကျွန်မ အစ်ကိုက အခု သူတို့တပ်ကို ပြောင်းရွှေ့သွားပြီ၊ ပြီးတော့ သူက အန်းယန်ရဲ့ အထက်အရာရှိပဲ။ အန်းမိသားစုက အခြေအနေတွေ ပြောင်းလဲဖို့ အခွင့်အရေးရှိသေးတယ်လို့ ရှင် ထင်နေတာလား"
ဤစကားလုံးများသည် အန်းယန်၏ မျက်နှာအမူအရာကို များစွာပြောင်းလဲသွားစေသည်။ သူမသည် လတ်တလောတွင် အန်းချင်နှင့် ဆက်သွယ်၍ မရခြင်းက မထူးဆန်းတော့ပေ။ ယခုအချိန်တွင် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က စိတ်ရှုပ်ထွေးနေကြသော်လည်း ထူးခြား၍ လိမ္မာပါးနပ်သော ကလေးမလေးများဖြစ်သော ၎င်းတို့သည် လျို့ရူယန်က မိတ်ဆွေမဟုတ်ကြောင်း မြင်လိုက်ရသောကြောင့် ၎င်းတို့၏ လက်သီးလေးများကို ကျစ်ကျစ် ဆုပ်၍ အော်ဟစ်လိုက်ကြသည်။
"မကောင်းတဲ့ အဒေါ်ကြီး သတိကြပ်ကြပ်သာ ထားနေ၊ ဖေဖေ ပြန်လာရင် နင့်ကို အသေရိုက်ပစ်လိမ့်မယ်"
ကလေးမလေးများ၏ စကားလုံးများသည် လျို့ရူယန်၏အမူအရာကို ပို၍ အေးစက်သွားစေ၍ သူမသည် အေးစက်စွာ လှောင်ရယ်လိုက်သည်။
"အန်းယန်၊ ဒီမှာ အင်မော်တယ်အရှင်နှစ်ပါး ရှိနေတာကြောင့် ကျွန်မ ရှင့်ကို အကြံပေးလိုက်မယ်..."
သူမ၏ စကားမဆုံးနိုင်မီတွင် အန်းယန်က အနောက်ဘက် ကျောပိုးအိတ်ထဲရှိ ဒယ်ပြားကို ထုတ်ယူ၍ လျို့ရူယန်၏ မျက်နှာကို တိုက်ရိုက် ရိုက်ချလိုက်သည်။ ၎င်းသည် အလွန် သိသာ ပြတ်သားသော အသံတစ်ခုဖြစ်သည်။ လျို့ရူယန်ကို ဒယ်ပြားဖြင့် လွင့်ပျံသွားသည်အထိ ရိုက်နှက်ခံလိုက်ရပြီးနောက် နံရံနှင့် ထိမိသည့်အချိန်မှ ရပ်တန့်သွားလေသည်။ ပြီးနောက် လျို့ရူယန်၏လှပသော မျက်နှာပြင်သည် လူမြင်သာသော အရှိန်နှုန်းဖြင့် ရောင်ရမ်းလာခဲ့သည်။
"ဖမ်းစမ်း၊ ဒီမကောင်းတဲ့ မိန်းမကို ဖမ်းကြစမ်း" လျို့ရူယန်က နာကျင်စွာ အော်ဟစ်ပြီးနောက် သူမ၏ ကိုယ်ရံတော်များကို ဒေါသတကြီး အမိန်းပေးလိုက်သည်။
လျို့မိသားစု၏ ကိုယ်ရံတော် အများအပြားက အရှေ့သို့ ပြေးလာကြသည်။ အန်းယန်သည် သူမ၏ ပုံမှန် နူးညံ့သိမ်မွေ့သော အပြုအမူနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၍ ဒယ်ပြားကို ကိုင်ဆောင်လျက် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ ဝှေ့ယမ်းမှု တစ်ခုစီသည် လူတစ်ဦးကို ပြားချပ်သွားစေ၍ ဝှေ့ယမ်းမှု နှစ်ခုက လူနှစ်ဦးကို ဖြေရှင်းခဲ့ရာ၊ သူမက ပျော်ရွှင်စွာဖြင့် တိုက်ခိုက်နေသည်။
ကျောက်ရွှယ်ဟွေ့နှင့် ချောင်လဲ့နှင့် အခြားလူများသည် အစပိုင်းတွင် အံ့အားသင့်သွားကြသည်။ အမြဲတစေ နူးညံ့သိမ်မွေ့လွန်းသော အန်းယန်သည် ပေါက်ကွဲထွက်သည်နှင့် ဤမျှ ပြင်းထန်လာလိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။ ခဏအကြာတွင် ၎င်းတို့အားလုံး အသိစိတ်ပြန်ဝင်လာကြသည်။ ၎င်းတို့သည် အန်းယန်ကို တစ်ယောက်တည်း တိုက်ခိုက်စေရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ၎င်းတို့အားလုံးသည် ကုလားထိုင်နှင့် ခွေးခြေများ ဆွဲယူကာ တိုက်ပွဲထဲသို့ ချီတက်လိုက်ကြသည်။ အစည်းအဝေးခန်းသည် ဤသို့ဖြင့် ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားနေသည်။ လျို့ရူယန်သည် ရောင်ရမ်းလာသော သူမ၏မျက်နှာကို ထိကြည့်ပြီးနောက် အလွန် မတရားခံရလိုက်သည်ဟု ခံစားရ၍ ဝမ်ပန့်မေဆီသို့ ရောက်လာခဲ့သည်။
“အင်မော်တယ်အရှင်တို့ ဒီမိန်းမက အရမ်းအတင့်ရဲလွန်းတယ်၊ အရှင်တို့ ကျွန်မအတွက် သေချာပေါက် လက်စားချေပေးကြပါ"
သို့သော်လည်း ဝမ်ပန့်မေနှင့် ကျန်းနုပင်းတို့သည် ယခုအခိုက်အတန့်တွင် အန်းယန်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ ဤအမျိုးသမီးသည် ရှောင်ယောင်း ကျင့်ကြံမှုအဆင့်ကို အမှန်တကယ် ပိုင်ဆိုင်ထားသူဖြစ်သည်။ မကြာမီတွင် လျို့မိသားစု၏ ကိုယ်ရံတော်များအားလုံးက အန်းယန်၏ လက်ချက်ဖြင့် အရေးနိမ့်သွားကြသည်။ ပြီးနောက် ဒယ်ပြားကို ကိုင်ဆောင်ထားသော အန်းယန်သည် သတ်ဖြတ်ချင်စိတ်များ အပြည့်ဖြင့် ကျန်းနုပင်းနှင့် အခြားလူများကို လက်ညှိုးထိုးလိုက်သည်။
"နောက်တစ်ယောက် ဘယ်သူလာမလဲ"
အခန်း (၂၄၆) ကိုယ့်ကို ခဏလောက် စောင့်ပေးပါ မိန်းမ
အန်းယန်က ဒယ်ပြားဖြင့် လမ်းရှင်းသတ်ဖြတ်နေစဉ် ရွှယ်အန်းက ရှရှားနိုင်ငံ၏ ဝမ်းနည်းပူဆွေးနေသည့် မိဘများကဲ့သို့သော စစ်တပ်အရာရှိများထံမှ သင့်လျော်သော လျော်ကြေးများ ရရှိခဲ့သည်။ ဤလျော်ကြေးသည် များပြားလှသည့် ငွေကြေးများသာမကဘဲ လက်နက်၊ ကိရိယာများ၏ အသေးစိတ် ပုံကြမ်းအမျိုးမျိုးတို့လည်း ပါဝင်သည်။ ဤသည်မှာ ဟွာရှားအတွက် အရေးတကြီး လိုအပ်နေသည့် အရာများဖြစ်သည်။ ရွှယ်အန်းသည် ဤပစ္စည်းများကို ထုပ်ပိုးပြီးနောက်တွင် အရာရှိများဘက်သို့ ခပ်ပါးပါး ပြုံး၍ လှည့်ကြည့်လာသည်။
"ပြီးတော့ နောက်ထပ် ပြောစရာရှိသေးတယ်။ ခင်ဗျားတို့က စက်ဆုပ်ဖို့ကောင်းတဲ့ နည်းဗျူဟာတွေ သုံးခဲ့ပေမယ့်၊ ကျုပ်ရဲ့ မီးဖီးနစ်က တစ်ချက်လေးမှ မထိခိုက်ခဲ့ဘူး၊ ရလဒ်အနေနဲ့ ကျုပ်တို့က နံပါတ်တစ် ဖြစ်နေတုန်းပဲ"
ရွှယ်အန်း၏ စကားများက အရာရှိများ၏ မျက်နှာကို ပြာနှမ်းသွားစေသည်။ ဤသည်မှာ ကျောက်တုံးကို မြှောက်လိုက်ပြီးနောက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ပစ်ချမိခြင်းနှင်ပင် ဆင်တူသည်။ ဆုရှနာသည် စစ်ဌာနချုပ် အဆောက်အဦးထဲမှ ရွှယ်အန်းကို ခေါ်ဆောင်လာစဉ်တွင် သူမ၏မျက်နှာအမူအရာသည် အလွန်တရာမှ ရှုပ်ထွေးနေသည်။
ဤအမျိုးသားသည် ကြောက်မက်ဖွယ်ကောင်းသည်အထိ အင်အားကြီးမားလှသည်။ အင်ပါယာဘက်မှ အမြဲတစေ ဂုဏ်ယူခဲ့ရသော စူပါစစ်သည်များသည် သူ့ကို လှုပ်ရှားမှုတစ်ခုပင် မပြုလုပ်နိုင်သည့်အပြင် အထက်အရာရှိများမှ ထိပ်တန်း တိုက်ခိုက်ရေးတပ်များဟု သတ်မှတ်ခံထားရသည့် ဝံပုလွေမျိုးနွယ်စုကိုပင် ဖျက်ဆီးပစ်ခဲ့သည်။
'အခု စဉ်းစားကြည့်ရင် အင်ပါယာသည် ဒီလူကို အစကတည်းက ရန်မဆွခဲ့သင့်ဘူး'
စစ်ဌာနချုပ် အဆောက်အဦးမှ ထွက်သွားသည်နှင့် ရွှယ်အန်းက ရပ်တန့်၍ ဆုရှနာဘက်သို့ လှည့်ကာ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
"ကျေးဇူးပဲ ဆုရှနာ"
ဆုရှနာ၏ မျက်နှာအမူအရာ ဖြူဖျော့သွားကာ မည်သို့တုံ့ပြန်ရမည်ကို သူမ မသိပေ။
"ကျုပ်က စည်းကမ်းရှိတဲ့လူမျိုးပါ၊ တစ်ယောက်ယောက်က ကျုပ်ကို ကြင်နာရင် ကျုပ် အဲ့ဒီ့လူကို သေချာပေါက် ပြန်ဆပ်မှာပါ၊ ဒါပေမယ့် တစ်ယောက်ယောက်က ကျုပ် အကောက်ကြံရဲရင်တော့ ကျုပ်ဘက်က ရိုင်းပြရင် အပြစ်မတင်နဲ့ပေါ့"
ဆုရှနာက တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။
"ဒီတစ်ခါတော့ စိတ်ကျေနပ်ရုံလောက်ပဲ ဆိုပေမယ့် မလုံလောက်သေးဘူး" ရွှယ်အန်းက အေးဆေးစွာ ပြောလိုက်သည်။
"မလုံလောက်သေးဘူးလား" ဆုရှနာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ လျော်ကြေးငွေသည်လည်း ဤအတိုင်းအတာအထိ ရောက်ရှိနေ၍ အင်ပါယာ၏ မျက်နှာသည်လည်း မြေပြင်ပေါ် ရောက်နေသော်လည်း မလုံလောက်သေးဘူးဟု ဆိုလေသလော။
'သူ တကယ်ပဲ ဘာတွေလိုချင်တာလဲ'
“တခါတရံမှာ နိမ့်ချပြီး နေတာက အကြံဉာဏ်ကောင်းတစ်ခုပဲ။ ဒါပေမယ့် အလွန်အကျွံ နိမ့်ချနေထိုင်ရင်း ဝက်ယောင်ဆောင်ပြီး ကျားကို စားဖို့လုပ်တာက လောဘနဲ့ အမုန်းတရားမျိုးကို ဖိတ်ခေါ်နေတာနဲ့အတူတူပဲ” ဤသို့ဖြင့် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဒီအရာတွေကို ရှင်းပစ်ချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက မင်းနဲ့ မင်းရဲ့ ခွန်းအားကိုသုံးပြီး အဲ့ဒီ့လူတွေကို ကြောက်ရွံ့သွားအောင်လုပ်တာပဲ" ရွှယ်အန်းသည် စကားပြောနေစဉ်အတွင်း လေထုထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသော လူအများအပြားက အံ့အားသင့်နေကြသည်။
"ဘုရားရေ ငါ အမြင်မှားနေတာလား" ဖြတ်သွားဖြတ်လာများစွာက မယုံကြည်မှုများဖြင့် ပြည့်နေကြသည်။
ရွှယ်အန်းသည် လေထုထဲတွင် ရပ်တန့်ပြီးနောက် သူ၏လက်ကို ဓားတစ်လက်အဖြစ် အသုံးပြု၍ ခေါင်းပေါ်သို့ ဖြည်းညှင်းစွာ မြှောက်တင်လိုက်သည်။
"စ”
ဘုံး
ကောင်းကင်နှင့်မြေကြီးကို ခွဲထုတ်လိုက်ပုံရသော ဓားအလင်းတန်းတစ်ခုသည် စစ်ဌာနချုပ် အဆောက်အအုံပေါ်သို့ တိုက်ရိုက်ဆင်းသက်သွားလေသည်။ ဒုံးကျည်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိရန်အတွက် မရေတွက်နိုင်သော သံမဏိအထပ်များ၊ ကွန်ကရစ်များဖြင့် ဆောက်လုပ်ထားသည့် ခုနစ်ထပ် အဆောက်အအုံသည် ဤဓားချက်၏ အောက်တွင် ပျက်စီးလွယ်သော ကြက်ဥခွံကဲ့သို့ နှစ်ပိုင်းကွဲထွက်သွားသည်။ အလယ်တွင် ကျယ်ပြောလှသော ချောက်ကြီးတစ်ခု ပေါ်ပေါက်လာ၍ အထဲရှိ လူများ၏ အော်ဟစ်သံများနှင့် လျှပ်စစ် ရှော့ရိုက်သံများ ရောနှောနေလေရာ၊ ဤမြင်ကွင်းသည် ဆုရှနာအတွက် အေးစက်မှုများ ဖြစ်ပေါ်စေသည်။
'ဒီလူ၊ ဒီလူက နတ်ဘုရားတွေထက်တောင် ပိုပြီးကြောက်စရာကောင်းတယ်'
"နှုတ်ဆက်ပါတယ် သူငယ်ချင်း" ရွှယ်အန်းသည် ဆုရှနာကို ငုံ့ကြည့်၍ ပြုံးပြလိုက်သည်။
ရွှယ်အန်းသည် ထိုစကားဖြင့် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၍ ကောင်းကင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။ ဤအခိုက်အတန့်ကို လူအများအပြားက မှတ်တမ်းတင်ခဲ့ကြ၍ လူအများ၏ ထင်မြင်ယူဆချက်များသာ် မုန်တိုင်းတစ်ခုကဲ့သို့ တိုက်ခိုက်လာခဲ့သည်။
ဆိုက်ဘေးရီးယား၏ လေ့ကျင့်ရေးစခန်းတွင် ချန်ဟောက်နှင့် အခြားလူများ ရောက်ရှိလာသောအခါ ကြာမြင့်စွာ စွန့်ပစ်ခံထားရသော ၎င်းသည် သစ်ခိုးယူဂိုဏ်းတစ်ခု၏ သိမ်းယူခြင်းကိုပင် ခံထားရသည်။ ၎င်းသည်နှင့် အခြားလူများ ပေါ်လာသည်နှင့် သစ်ခိုးထုတ်မှုတွင် ပါဝင်ပတ်သက်သူများက ခုခံရန် တွေးခဲ့ကြသော်လည်း သေနတ်ကို မဆွဲနိုင်မီအတွင် အရိုက်နှက်ခံခဲ့ရကာ အေးခဲသော တောထဲသို့ ပစ်ချခံလိုက်ရသည်။ ထိုအချိန်တွင်၊ ၎င်းသည်နှင့် သူ၏အပေါင်းအဖော်များက ရွှယ်အန်းကို အဆောက်အအုံထဲတွင် စောင့်ဆိုင်းနေကြသည်။
"ခေါင်းဆောင်၊ ဆရာ ပြန်လာဖို့ ဘယ်လောက်ကြာမယ်ထင်လဲ" ကျိုယိက ပြုံး၍ မေးလိုက်သည်။
ချန်ဟောက်က ခေတ္တ စဉ်းစားလိုက်သည်။
"အနည်းဆုံး တစ်ရက်လောက်တော့ ကြာမယ်ထင်တယ်"
"တစ်နေ့လား၊ ဒီနေရာကနေ မော်စကိုကို အနည်းဆုံး ကီလိုမီတာ သုံးထောင်လောက်ရှိတယ်လေ။ ဆရာက ပျံသန်းနိုင်ပေမယ့် တစ်နေ့တည်းနဲ့ တကယ် လုပ်နိုင်ပါ့မလား” ကျိုယိက ယုံကြည်ရခက်နေသေးသည်။ သို့သော် ၎င်းတို့စကားပြောနေစဉ် ရွှယ်အန်း ပြတင်းပေါက်မှ တိုက်ရိုက် ဖောက်ဝင်လာလေသည်။
"ဆရာ" လူတိုင်းသည် လျင်မြန်စွာ မတ်တပ်ထရပ်လိုက်ကြ၍ ၎င်းတို့၏ နှလုံးသားထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် မကြာသေးမီအချိန်က အနည်းဆုံး တစ်ရက်မျှ ကြာမြင့်မည်ဟု မှတ်ချက်ချခဲ့သော်လည်း ဆရာက နေ့တစ်ဝက်အတွင်း ပြန်လာမည်ဟု မည်သူက ထင်မှတ်ခဲ့မည်နည်း။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ဒီနေရာက ဟွာရှားနဲ့ သိပ်မဝေးဘူး။ ခဏနေတော့ မင်းတစ်ယောက်ချင်းစီကို ဓားချီနဲ့ အားဖြည့်ပေးမယ် ပြီးရင် ငါ့နောက်လိုက်ပြီး အတူပျံသန်းဖို့လုပ်ကြ နားလည်ကြလား"
“ဟုတ်ကဲ့" လူတိုင်းက စိတ်လှုပ်ရှားလာသည်။
"ဆရာ၊ ဓားထိန်းချုပ်မှုနဲ့ ပျံသန်းမှာလား" ကျိုယိက သူ၏ မျက်လုံးများ တောက်ပလာ၍ မေးလိုက်သည်။
"အဲ့လိုပြောလို ရတယ်" ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
၎င်းတို့စကားပြောနေစဉ်တွင် ရွှယ်အန်း၏အမူအရာ ရုတ်ချည်း ပြောင်းလဲသွား၍ ဟွာရှားဘက်သို့ လှည့်ကြည့်လိုက်ရာ၊ အရိုးထဲထိ အေးစက်သွားစေသည့် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များသည် ကောင်းကင်ပေါ်သို့ မြင့်တက်သွားလေသည်။ ချန်ဟောက်နှင့် အခြားလူများ၏ မျက်နှာများဖြူဖျော့သွား၍ အနီးနားရှိသူများသည် ဤသတ်ဖြတ်ချင်စိတ် အရောင်အဝါကြောင့် အနောက်သို့ တွန်းပို့ခံလိုက်ရသည်။
"ဆရာ၊ ဘာဖြစ်လို့လဲ" ချန်ဟောက်နှင့် အခြားလူများ၏ အမူအရာများ တင်းမာသွားလေသည်။
အန်းယန်နှင့် သမီးလေးများ၏ ခံစားချက်များကို အာရုံရလိုက်ရသောကြောင့် ရွှယ်အန်းက တင်းကျပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းတို့သည် အန္တရာယ်ရှိသော ကပ်ဆိုးတစ်ခုတွင် ရောက်ရှိနေပုံရသည်။
"တစ်ယောက်ယောက်က ငါ့မိန်းမနဲ့ သမီးတွေကို ဒုက္ခပေးနေတယ်" ရွှယ်အန်းက လေးလံသော အသံဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ချန်ဟောက်နှင့် အခြားသူများက ၎င်းတို့၏ မျက်ခုံးပင့်လိုက်ပြီးနောက် ၎င်းတို့၏မျက်နှာတွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်လာသည်။ ပြီးနောက် ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်း၍ ၎င်းတို့တစ်ဦးစီကို ဓားချီဖြင့် အားဖြည့်လိုက်သည်။
"ငါ့ နောက်လိုက်ခဲ့ကြ"
ဤသို့ဖြင့် ရွှယ်အန်းက ကောင်းကင်သို့ ပျံတက်သွားသည်။ ချန်ဟောက်နှင့် အခြားလူများက အနောက်မှ နီးကပ်စွာ လိုက်ပါလာ၍ တစ်ဦးကို တစ်ဦးကြည့်လိုက်ကြရာ သတ်ဖြတ်ချင်စိတ်နှင့် ဒေါသစိတ်များ ပြည့်နှက်နေသည့် ၎င်းတို့၏မျက်လုံးများမှ တစ်ဆင့် အချင်းချင်း၏ ခံစားချက်များကို နားလည်သွားကြသည်။
'တစ်ယောက်ယောက်က ဆရာရဲ့ မိသားစုကို ထိခိုက်နစ်နာအောင် လုပ်ရဲရတယ်လို့။ မင်းက ဘယ်သူဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ပုန်းနေပါစေ၊ မင်းကို မီးဖီးနစ်က ရေမြေအဆုံးထိ လိုက်ပြီး သုတ်သင်ပစ်မယ်မှတ်'
ရွှယ်အန်းသည် မီးဖီးနစ်တပ်ဖွဲ့ဝင်များကို ခေါ်ဆောင်၍ ထွက်ခွာသွားခဲ့ရာ၊ ဒါဇင်နှင့် ချီသော အလင်းတန်းများက ကောင်းကင်တွင် အရှိန်အဟုန် ပြင်းစွာ လင်းလက်သွားလေသည်။
'မိန်းမ၊ ကိုယ့်ကို ခဏစောင့်ပါ၊ ကိုယ် ပြန်လာတာနဲ့ မင်းကို ထိခိုက်အောင်လုပ်တဲ့ လူယုတ်မာတွေကို ကိုယ် သတ်ပစ်မယ်'
ထိုအချိန်တွင် ကောင်းကင်ကံကြမ္မာ ကုမ္ပဏီ၏ အစည်းအဝေးခန်း၌ ဝမ်ပန့်မေက ဖြည်းညှင်းစွာ မတ်တပ်ထရပ်ပြီးနောက် သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"ဒယ်ပြားက ဘယ်ဆိုးလို့လဲ"
အန်းယန်က မျက်နှာအမူအရာ တင်းမာစွာဖြင့် နှုတ်ဆိတ်နေလိုက်သည်။
"ဒါပေမယ့် မင်းရဲ့ ဒယ်ပြားနဲ့ ရယ်စရာကောင်းတဲ့ ရှောင်ယောင်းအဆင့်လောက်နဲ့ ကျုပ်တို့ကို တားနိုင်မယ်လို့ထင်နေရင်တော့ ရယ်စရာတွေဖြစ်ကုန်လိမ့်မယ်" ဝမ်ပန့်မေက အမူမထားဘဲ ပြောလိုက်သည်။
"ဒါဆိုရင် ရှင်တို့ ကြိုးစားလို့ရပါတယ်" အန်းယန်က အေးစက်စွာ ပြောလိုက်သည်။
ဝမ်ပန့်မေက အေးစက်စွာ ရယ်မောပြီးနောက် သူ၏အရောင်အဝါများ တစ်လှမ်းခြင်း မြင့်တတ်လာခဲ့ရာ လွတ်မြောက်အင်မော်တယ်အဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။ ဤသို့သော စွမ်းအင်အဆင့်မျိုးသည် ကျောက်ရွှယ်ဟွေ့၊ ရှု့လျိုနှင့် အခြားလူများကဲ့သို့ အခန်းတွင်းရှိ သာမန်လူများကို ဖျော့တော့သွားစေ၍ နံရံဆီသို့ တွန်းပို့ခံရပြီးနောက် မတ်တပ်ပြန်ရပ်နိုင်ကြသည်။ အန်းယန်၏ မျက်နှာအမူအရာ အနည်းငယ် ဖြူဖျော့သွားသော်လည်း သူမက အံကြိတ်လျက် တင်းခံထားဆဲ ဖြစ်သည်။
ဝမ်ပန့်မေ၏မျက်လုံးများတွင် အံ့အားသင့်မှုအရိပ်အမြွက်များ ပြသလာသည်။ သူမ၏ လွတ်မြောက်အင်မော်တယ်အဆင့်သည် ရှောင်ယောင်းအဆင့်တွင် ရှိနေသော အန်းယန်ကို အညံ့ခံအောင် မပြုလုပ်နိုင်ခြင်း ဖြစ်လေသလော။ ထိုအချိန်တွင်ပင် ပင်ဂွင်းလေးနှစ်ကောင်ကဲ့သို့သော ရွယ်ရှန်းနှင့် ရွှယ်နျန်တို့က အန်းယန်၏ အရှေ့တွင် လက်နှစ်ဖက်ဖြန့်၍ ရပ်လိုက်ကြသည်။
"မကောင်းတဲ့ မိန်းမကြီး ငါ့တို့မေမေကို အနိုင်မကျင့်နဲ့" ရွှယ်နျန်က ပြောလိုက်သည်။
"ဟုတ်တယ်၊ မေမေ့ကို ဆက်ပြီးအနိုင်ကျင့်လို့ကတော့ ငါတို့ဖေဖေ ပြန်လာရင် နင်တို့အားလုံးကို ပျောက်ကွယ်သွားအောင် လုပ်လိုက်လိမ့်မယ်” ရွှယ်ရှန်းက ဆက်ပြောလိုက်သည်။
ဝမ်ပန့်မေနှင့် ကျန်းနုပင်းတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ ဤကလေးမလေးနှစ်ဦးသည် လွတ်မြောက်အင်မော်တယ်အဆင့်၏ စွမ်းအားဖြင့် လုံးလုံးလျားလျား မထိခိုက်ခဲ့လေသလော။