အခန်း (၂၅၆-၂၅၈)
Vol. 18 Ch. 256-258
အခန်း(၂၅၆) ယန်အာ မျက်လုံးတွေ ခဏမှိတ်ထား
ယနေ့သည် ပိတ်ရက်ဖြစ်၍ တောင်ပေါ်သို့တက်သော လမ်းငယ်သည် ခရီးသွားများဖြင့် စည်ကားနေသည်။ တောင်ခြေရှိ လမ်းထက်၌ ရွှယ်အန်းနှင့် အန်းယန်တို့က သမီးနှစ်ယောက်နှင့်အတူ ပေါ်လာသောအခါ ချက်ချင်းဆိုသကဲ့သို့ပင် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
"ဘယ်လောက်ချစ်စရာကောင်းတဲ့ ကောင်မလေးတွေလဲ" လူများစွာက ရွှယ်ရှန်းနှင့်ရွှယ်နျန်ကိုကြည့်၍ အံ့ဩစွာအော်ကြသည်။
မှန်သည်။ ရွှယ်အန်းနှင့် အန်းယန်ကိုလည်း အလွန် သတိထားမိကြသည်။ နောက်ဆုံးတွင်မူ သူက သိသိသာသာချောမော၍ သူမသည် ရင်သပ်ရှု့မောရလုနီးပါး လှပသည်။ ဤမိသားစု၏ အမြင့်ဆုံးဆွဲဆောင်မှုမှာ ၎င်းတို့၏ ရူပအင်္ဂါလက္ခဏာများပင်ဖြစ်၏။
“ဟဲ့ ဟိုမှာ ဟိုလူက အရမ်းချောတာပဲ” နျို့ယီဖေးသည် ရှန့်နန်ကို တံတောင်ဖြင့် တို့၍ ပြော၏။
ရှန့်နန်က ခေါင်းလှည့်ကြည့်လိုက်သောအခါ ရွှယ်အန်းဖြတ်သွားသည်ကို တွေ့လိုက်ရသဖြင့် အံ့သြစွာ ခေတ္တမှင်သက်နေမိသည်။
"ဘယ်လိုလဲ ချောတယ်မလား" နျို့ယီဖေးက ဂုဏ်ယူစွာပြောသည်။
ရှန့်နန်၏မျက်နှာသည် နီရဲလာလျက် နျို့ယီဖေး၏ စကားကို သဘောတူသည့်သဘောဖြင့် မသိမသာ ခေါင်းညိတ်လိုက်သည်။ သို့သော် ၎င်းတို့၏ စကားဝိုင်းသည် ကျူဟောက်ကို စိတ်ပျက်သွားစေသည်။
သူသည် အနီးနားရှိ တက္ကသိုလ်တစ်ခုမှ ကျောင်းသားတစ်ဦဖြစ်ရာ ဤတစ်ကြိမ်တွင် သူက ရှန့်နန်ကို ရှန်းရှန်တောင်သို့ အလည်ခေါ်ကာ ကျောင်း၏အလှပဂေးကို အရယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာဖြင့် ရှန့်နန်သည် သူမတစ်ယောက်တည်းလာခဲ့ခြင်းမဟုတ် အဆောင်ဖော် နျို့ယီဖေးကိုပါ အပါခေါ်လာခဲ့သည်။ ကျူဟောက်က အတော်အတန် စိတ်တိုနေပြီးဖြစ်သော်လည်း ဤနျို့ယီဖေး၏ မှတ်ချက်က သူ့ဒေါသကို လောင်စာထည့်ပေးနေသကဲ့သို့ဖြစ်နေ၏။
“ဟား ရုပ်ချောတော့ရော ဘာအရေးလဲ။ သူဝတ်ထားတာကိုလည်းကြည့်ဦး ချမ်းသာမယ့်ပုံမပေါ်ဘူး။ နောက်ပြီး ကလေးတွေနဲ့တောက်တက်ရတာ ပျင်းစရာကောင်းလိုက်တာ”
နျို့ယီဖေးက ခပ်ပါးပါးရယ်လိုက်သည်။
“အိုး ဒါဆို ရှင်က ချမ်းသာတဲ့လူလို့ ဆိုလိုတာလား”
ကျူဟောက်က မာန်တက်စွာပြုံးလိုက်သည်။
“ကျွန်တော်က အရမ်းချမ်းသာနေတယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် အသားတင်တန်ဖိုးက သန်းတစ်ရာ နှစ်ရာလောက်တော့ ပိုင်တယ်”
ဤသို့ပြောလျက် ကျူဟောက်က ရှန့်နန်ကို မသိမသာကြည့်လိုက်သည်။ ရှန့်နန်သည် သူ့စကားကို လုံးလုံးလျားလျားမကြားလိုက်သကဲ့သို့ ဥပက္ခာပြုထားသည်။
ဤသည်ကို မြင်သောအခါ ကျူဟောက်ကို အလွန်အမင်းစိတ်ဆိုးလျက် အံကို တင်းတင်းကြိတ်ထား၏။
သူသည် အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့တစ်မြို့မှ ဆင်းသက်လာကာ သူ့မိသားစုသည် အမှန်တကယ်ပင် ကြွယ်ဝချမ်းသာသည်။ ထို့ကြောင့် ကျောင်းတက်နေစဉ်အတွင်း သူ၏ ချမ်းသာကြွယ်ဝမှုကို လှစ်ဟပြလျက် မိန်းကလေးအချို့ကို ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် သူ၏ ကြိုးစားမှုများက ရှန့်နန်၏ အပေါ်သို့ သက်ရောက်မှုမရှိလှပေ။
သူမအကြောင်းကို လူအများထံမှ မေးမြန်းခဲ့ဖူးကာ ရှန့်နန်သည် စာပေကိုစိတ်ဝင်စားသောမိန်းကလေးတစ်ဦးဖြစ်၍ အချစ်ဇာတ်လမ်းမျိုးကို တောင့်တလျက်ရှိသည်ဟု ကြားသိရသည်။ ဤသည်ကို သိပြီးနောက် ကျူဟောက်သည် ရှန်းရှန်တောင်ပေါ်သို့ ခရီးစဥ်ကို သေသေချာချာစီစဥ်ရန် စိတ်ကူးရခဲ့သည်။
ဤသည်ကိုတွေး၍ ကျူဟောက်၏ နှုတ်ခမ်းဖျားများတွင် အနည်းငယ် ညစ်ထေးသော အပြုံးတစ်ခု ပေါ်လာသည်။
ခဏအကြာတွင် လူအုပ်ကြီးက ရှန်းရှန်တောင်ထိပ်သို့ရောက်သွားသည်။
ရှန့်နန် နှင့် အထူးသဖြင့် နျို့ယီဖေးတို့သည် အလွန်ပင်ပန်းနေသော မျက်နှာများဖြင့် ကုလားထိုင်ပေါ်တွင်ထိုင်နေသည်။
“ဒါ အရမ်းဆိုးတာပဲ၊ ငါတို့ကို တောင်ပေါ်ခေါ်လာတာ ငါတကယ်ပင်ပန်းနေပြီ”
ရှန့်နန်က ပြန်ပြောခြင်းမရှိဘဲ တစ်စုံတစ်ခုကို ရှာဖွေနေဟန်ဖြင့် လှည့်ကြည့်လိုက်သည်။
"ဟေ့ ဟိုမှာ" နျို့ယီဖေးက ရှန့်နန်ကို လှမ်းဆွဲလိုက်သည်။
“ငါသူ့ကိုရှာနေတာမဟုတ်ဘူး”
“ဟီးဟီး သူ့မှာ မိန်းမနဲ့ကလေးတွေရှိတာတောင် ချောတဲ့ကောင်က ချောနေသေးတာပဲ။ ငါကို ကြည့်နေမိတာ အပြစ်မရှိပါဘူး” နျို့ယီဖေးက တခစ်ခစ်ရယ်၍ ပြောသည်။
ထိုအချိန်တွင် ကျူဟောက်က ရှန့်နန်ကို စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“နန်နန် မင်း မျက်လုံးတွေမှိတ်ထားလိုက်”
“ဘာလို့လဲ” ရှန့်နန်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
“မင်း မျက်လုံးမှိတ်လိုက်ပါ၊ အဲ့ကျမြင်လိမ့်မယ်”
ရှန့်နန်သည် စိတ်ထဲဘဝင်မကျလှသော်လည်း မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထိုစဥ် ကျူဟောက်က လူအုပ်ထဲမှ လူအနည်းငယ်ကို မျက်စောင်းထိုးကာ အချက်ပြလိုက်သည်။ ထို့နောက် လူတစ်ဒါဇင်ခန့် ရှေ့သို့ တိုးလာကာ ကျောပိုးအိတ်ထဲမှ နှင်းဆီပန်းစည်းကြီးများကို ဆွဲထုတ်၍ ကြီးမားသော နှလုံးပုံသဏ္ဍာန်အဖြစ် မြေကြီးပေါ်တွင် ခင်းလိုက်ကြသည်။
ထိုအချိန်တွင် ရှန့်နန်သည် စိတ်မရှည်တော့ပေ။
“ရပြီလား ကျူဟောက် ရှင်ဘာဖြစ်နေတာလဲ”
နျို့ယီဖေးသည် တခစ်ခစ်ရယ်လျက် ကြည့်နေကာ စကားတစ်ခွန်းမျှမပြောပေ။
ဤအမျိုးသားများသည် နှင်းဆီပန်းများသာမက အလှဆင်မီးသီးများနှင့် အမျိုးမျိုးသော ပစ္စည်းမျိုးစုံကို ယူဆောင်လာကြသည်။ မိနစ်အနည်းငယ်အတွင်း၌ပင် မဏ္ဍပ်ကို အံ့မခန်း လှပစေရန် လျင်မြန်စွာ အလှဆင်ခဲ့သည်။ ထို့နောက် ကျူဟောက်သည် သေတ္တာငယ်လေးကို ထုတ်ကာ ဒူးတစ်ဖက်ထောက်လိုက်သည်။
"နန်နန် မျက်လုံးဖွင့်ကြည့်လိုက်ပါ"
ရှန့်နန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်နှင့် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အတွက် အလွန်အမင်း အံ့အားသင့်သွားမိသည်။ ကျူဟောက်သည် သေတ္တာကိုဖွင့်လိုက်ကာ အတွင်းဖက်ရှိ ကြီးမားသော စိန်လက်စွပ်ကြီးတစ်ကွင်းကို ထုတ်ပြလိုက်၏။
"နန်နန် ကို မင်းကို ကြိုက်နေတာ ကြာပြီ၊ အခု မင်းလည်းကို့ကို ပြန်ကြိုက်မယ်လို့ထင်တယ်။ တစ်သက်တာလုံး မင်းစိတ်မဆင်းရဲစေရပါဘူး”
ကောင်းစွာလေ့ကျင့်ထားသော လူတစ်ဒါဇင်ခန့်သည် ဘေးနားတွင် ရပ်ကာ “သူ့ကို လက်ထပ်ပါ၊ သူ့ကို လက်ထပ်ပါ” ဟု တစ်ညီတစ်ညွတ်တည်း ကြွေးကြော်လိုက်ကြသဖြင့် ဤမြင်ကွင်းသည် တောင်ထိပ်ရှိ ခရီးသွားများအားလုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထိုအချိန်တွင် ရှန့်နန်က မျက်နှာအနည်းငယ်ပျက်လာသည်။
“ကျူဟောက် ကျွန်မတို့က သာမန်သူငယ်ချင်းတွေပဲဖြစ်နိုင်တယ်လို့ ဒီကိုလိုက်မလာခင်က ပြောခဲ့ဖူးတယ်လေ။ ကျွန်မ ရှင့်အပေါ်မှာ ဘာခံစားချက်မှမရှိဘူး”
ကျူဟောက်၏ မျက်နှာထက်၌ ဒေါသအရောင်များ လတ်သွားသည်။
“နန်နန် ကျောင်းက ကောလဟာလတွေကို မယုံပါနဲ့ကွာ၊ အရင်က ရည်းစားတွေရှိခဲ့ဖူးတယ်ဆိုပေမယ့်အဲ့တာက အတိတ်ပါပဲ။ အခု ကို မင်းကိုပဲကြိုက်တယ်”
ရှန့်နန်က ရယ်မောလိုက်သည်။
“မိန်းကလေး သုံးယောက်ထက်မနည်း လက်ပေါ်မှာ ဒီစိန်လက်စွပ်ကို ကျွန်မ မြင်ဖူးတယ်။ ဘာလဲလမ်းခွဲပြီးရင် လက်စွပ်ကို ပြန်ယူမှာလား”
ဒီမှတ်ချက်ကြောင့် လူအများက ရယ်မောလျက် ကျူဟောက်ကို လှမ်းကြည့်လိုက်ကြသည်။
နျို့ယီဖေးက အခြေအနေကို သဘောမကျသဖြင့် ဝင်ပြော၏။
“ကျူဟောက်၊ နန်နန့်စကားကို နားမလည်သေးဘူးလား။ ထတော့ လူတွေအများကြီးဝိုင်းကြည့်နေကြပြီ"
နောက်ဆုံးတွင် ကျူဟောက်က မထိန်းနိုင်တော့သဖြင့် အပြုံးများ ပျောက်ကွယ်သွားကာ ဒေါသတကြီးပြောလိုက်သည်။
“နန်နန် ဒီနေ့ မင်းသဘောမတူရင် ကို ဒီနေရာကမထဘူးကွာ၊ သူတို့ ကြည့်ချင်ကြည့်ပါစေ”
ကျူဟောက်၏ မျက်နှာက အေးခဲနေသည်။
“ဘယ်သူက ဘာစကားပြောရဲမလဲ ကြည့်ကြသေးတာပေါ့”
ထိုစကားလုံးများ ထွက်လာအပြီးတွင် ကလေးတစ်ယောက်၏ စကားသံထွက်ပေါ်လာ၏။
"ဖေဖေ၊ ဒီဦးလေး ဘာလုပ်နေတာလဲ။ သူဘာလို့ မတ်တပ်မရပ်တာလဲ။"
ပြောလာသူမှာ ရွှယ်ရှန်းဖြစ်ကာ ဤအသံက လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်လိုက်သည်။ ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံး၍ ပြော၏။
“သူလား၊ သူက သူ့ကိုယ်သူ အရူးဖြစ်အောင်လုပ်နေတာ”
“ဖေဖေ ကိုယ့်ကိုယ်ကိုယ် အရူးဖြစ်အောင်လုပ်တယ်ဆိုတာ ဘာလဲ” ရွှယ်နျန်ကလည်း မေး၏။
“လူတစ်ယောက်က ပြန်မကြိုက်ချင်ပါဘူးဆိုတာကို အတင်းအကြပ် ကြိုးစားနေတာက ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာမဟုတ်ရင် ဘာဖြစ်မလဲ"
ရွှယ်အန်း၏ စကားများသည် ကြည့်ရှု့သူများစွာ၏ ခံစားချက်များနှင့် တစ်သားတည်းပင်ဖြစ်လျက်ရှိသည်။ ကျူဟောက်က ချက်ချင်းမျက်နှာပျက်သွားပြီးနောက် ကြမ်းကြုတ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ဒီကိစ္စက မင်းနဲဘာဆိုင်လို့ ဝင်ပါနေတာလဲကွ”
ရွှယ်အန်းက အနည်းငယ်ပြုံး၍ အေးဆေးစွာပြန်ဖြေ၏။
“ဒါက ငါ့နေရာမဟုတ်ပေမယ့် အခုတော့ ငါ့နေရာဖြစ်သွားပြီ။ စိတ်မရှိပါနဲ့ ငါ ဒီနေရာကို ငှားချင်လို့”
“ငါမင်းကို ပြောနေတယ်နော်။ မင်းဒီမှာ ပြဿနာလာမရှာနဲ့ မဟုတ်ရင် မင်းနောင်တရအောင်လုပ်ပစ်လိုက်မယ်” ကျူဟောက်က ပြင်းထန်စွာခြိမ်းခြောက်၏။
ထိုစကားကို ပြောပြီးနောက် ကျူဟောက်က ရှန့်နန်ကို လှည့်ကြည့်လိုက်သည်။
"ရှန့်နန်၊ ငါပြောလိုက်မယ်။ ကျူဟောက်ဆိုတဲ့ငါ အမြင်ကျရင် ပြန်မကြိုက်တဲ့ မိန်းမမရှိဘူးကွ။ ဒီနေ့ မင်းသဘောမတူရင် ထွက်သွားဖို့ မစဥ်းစားနဲ့”
ဤစကားကြောင့် လူအများ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ရှန့်နန်၏ မျက်နှာက ဖြူလျော့လျက် ကျူဟောက်၏ ရက်စက်ကြမ်းတမ်းသောအမူအရာကိုကြည့်ကာ အနည်းငယ်ကြောက်လန့်လျက်ရှိသည်။
ထိုအချိန်တွင် ရွှယ်အန်းက အထင်သေးစွာကြည့်၍ ပြောလိုက်၏။
“မင်း ငါ့ကို နောင်တရအောင် ဘယ်လိုစီစဥ်မလဲဆိုတာ အရမ်းသိချင်မိတယ်”
ထို့နောက် ရှန့်နန်သည် နျို့ယီဖေးကို လှမ်းကြည့်ကာ ရွှယ်အန်းအနားသို့ ထလာခဲ့သည်။
“ကူညီပေးပါ”ရှန့်နန်က တောင်းပန်၏။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ငါ့နောက်မှာ ရပ်နေ"
ရှန့်နန်သည် ရွှယ်အန်း၏ စကားကို နာခံစွာဖြင့် သူ့နောက်သို့ လာရောက်မတ်တပ်ရပ်လိုက်သည်။
ကျူဟောက်ကမူ အလွန်စိတ်မဝင်စားသကဲ့သို့ ပြက်ရယ်ပြု၍ ရယ်လိုက်၏။
“မင်းကိုယ်မင်း ဘာထင်နေလဲကွ၊ မင်း အကြံအစည်တွေကို အခုတည်းက ဖျက်ဖို့ ပြောလိုက်မယ်”
“ငါ့ သည်းခံနိုင်စွမ်းက အချိန်အကန့်အသတ်ရှိတယ်။ ဒါ့ကြောင့် ငါ့ကို ထပ်ပြီး မစမ်းသပ်ဖို့ အကြံပေးလိုက်မယ်”
ကျူဟောက်က ထပ်ပြောချင်နေသေးသည့်ပုံစံဖြင့် အထင်သေးစွာကြည့်နေ၏။
ထို့နောက် ရွှယ်အန်းက အေးစက်စွာအမိန့်ပေးလိုက်သည်။
“ထွက်သွားစမ်း”
ကျူဟောက်သည် လေးလံသော တူဖြင့် အရိုက်ခံလိုက်ရသကဲ့သို့ ခန်းမအပြင်ဘက်သို့ လွင့်ထွက်သွားသည်။
နောက်ဆုံးတွင် သူ့မျက်နှာထက်၌ ကြောက်လန့်မှု အငွေ့အသက်များ ပေါ်လာ၏။ ထိုမှသာလျှင် ရွှယ်အန်းက အန်းယန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
“ယန်အာ မိန်းမလည်း မျက်လုံးတွေမှိတ်ထားလိုက်”
အခန်း(၂၅၇) ငါငယ်ငယ်တုန်းက မင်းက ငယ်သေးတယ်
ဤသည်ကို ကြားသောအခါ ကျူဟောက်က မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာအော်လိုက်သည်။
“ဟားဟား ဒါဘာလဲ ငါ ပိုက်ဆံပေးထားရတဲ့ နှင်းဆီပန်းတွေနဲ့ ချစ်ကြည်နူးချင်နေတာလား”
ထိုသို့ဖြင့် ကျူဟောက်သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် နှင်းဆီပန်းများကို စိတ်ကျေနပ်မှုအပြည့်ဖြင့် ကန်ထုတ်လိုက်သည်။ သို့သော် ရွှယ်အန်းက စိတ်ရှုပ်မခံတော့ဘဲ အန်းယန်ကိုသာ တိတ်တဆိတ်ကြည့်နေသည်။ အန်းယန်၏ နှလုံးသားသည် အကြိမ်ပေါင်းများစွာ ခုန်လှုပ်၍ နှလုံးသားထဲ၌ အမြဲရှိနေခဲ့သော တည်ငြိမ်မှုက လှုပ်ရှားစပြုလာသည်။
‘သူမှတ်မိနေသေးတာများလား’
အန်းယန်က နာခံစွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။
…
ပထမက မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူများစွာ၏ မျက်နှာများသည် အံ့သြမှု၊ စိတ်ဝင်စားမှုအပြည့်ဖြင့် တောက်ပလာကြသည်။ ကျူဟောက်က အေးစက်စွာအောဒ
လူများစွာ၏ မျက်နှာများသည် အံ့သြမှုနှင့် သံသယစိတ်များ ပေါ်လာသည်။
ကျူဟောက် က အေးစက်စွာ နှာခေါင်းရှုတ်၍ အော်ဟစ်ကြုံးဝါးတော့မည့်ဆဲဆဲတွင် အဝေး မိုးကုတ်စက်ဝိုင်းတစ်ဖက်ဆီမှ ခပ်တိုးတိုး ကြိမ်းဝါးသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း အံ့သြသွားကြ၏။
ထို့နောက်တွင် ရဟတ်ယာဥ် ငါးစင်းက ဝေးလံခေါင်သီသော မိုးကုတ်စက်ဝိုင်းတစ်ဖက်မှ အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းတို့သ်ည ရှန်းရှန်တောင်ပေါ်သို့ ပျံတက်သွားကြရာ လေယာဥ်ရဟတ်များမှတစ်ဆင့် ရိုက်ခတ်လာသည့် လလေလှိုင်းများသည် သစ်ပစ်များစွာကို လှုပ်ယမ်းသွားစေ၏။
လူများစွာက ယင်းကို ထိတ်လန့်တကြားကြည့်၍ ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်လိုက်ကြသည်။ ထို့နောက် ရဟတ်ယာဥ်များ၏ တံခါးများပွင့်လာ၍ များစွာသော ပွင့်ချပ်များနှင့် မိုးပျံပူဖောင်းများစွာကျလာသည်။ ယာဥ်တစ်စီးစီမှ စာလုံးဗီနိုင်းများကျလာကာ ပြီးပြည့်စုံသော စာကြောင်းများ ဖြစ်ပေါ်လာသည်။
“လွန်ခဲ့တဲ့ ရှစ်နှစ်က ကိုတို့ ဒီနေ့ ပထမဆုံးအကြိမ်တွေ့တာ”
“အဲ့တုန်းက ကိုတို့နှစ်ယောက်လုံး ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်မပူဘဲ တစ်နေ့လုံး ချစ်ခဲ့ကြတယ်”
“ဒါပေမယ့် မင်းမသိတာ တစ်ခုက ကိုယ် မင်းရဲ့ပါးပြင်လေးကို ပထမဆုံးစတွေ့တဲ့နေ့တည်းက နမ်းချင်နေတယ်ဆိုတာပဲ”
“နောက်တော့ မင်းက ကိုယ့်ကို ချစ်သူအဖြစ်လက်ခံလိုက်တာနဲ့ ကိုယ်တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ဘူးလေ။ မိုးလင်းတဲ့အထိ လမ်းပေါ်လျှောက်ပြေးတဲ့အထိ ရင်အရမ်းခုန်ခဲ့ရတယ်”
“အဲ့နေ့ရက်တွေက ရိုးရှင်းပြီး လှပပါတယ်”
“မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှစ်နှစ်ကြာသွားပြီ။ ရှစ်နှစ်ဆိုတာ လူတော်တော်များများအတွက် တိုတောင်းနိုင်ပေမယ့် ကိုယ့်အတွက်တော့ အရမ်းရှည်ခဲ့တယ်”
“အဲ့လို ညရှည်ရှည်တွေမှာ ကိုယ့်ကို အသက်ဆက်ရှင်နေစေနိုင်တဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က မင်းပဲ”
“အန်းယန် ရှေ့ဆက်ရမယ့်လမ်းက ကိုယ်တို့ အတူတူမျှဝေဖို့ပဲ။ ဘယ်တော့မှ မခွဲတော့ဘူး”
အန်းယန် မျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက် ဤဆိုင်းဘုတ်များကို မြင်လိုက်ရသောအခါ ခဏတာမျှ ထိတ်လန့်သွား၍ မည်သည့်စကားမျှ မပြောနိုင်တော့ဘဲ မျက်ရည်များစီးကျလာသည်။ ခရီးသွားဧည့်သည်များအားလုံးလည်း ရင်ခုန်သွားကြရကာ ရှန့်နန်နှင့် နျို့ယီဖေးနှစ်ယောက်လုံး အံသြသွားသည်။
ရှန့်နန်က ခပ်တိုးတိုး ရေရွတ်လိုက်၏။
"ဒီလို ဖြူစင်ပြီး လှပတဲ့ ချစ်ခြင်းမေတ္တာက ကမ္ဘာပေါ်မှာ တကယ်ရှိသလား"
ကျူဟောက်ကမူ ရှက်ရွံ့သော မျက်နှာဖြင့် ကြည့်နေလျက် မည်သည့်စကားမျှမပြောဝံ့တော့ပေ။ ဟယ်လီကော်ပတာ ငါးစင်းကို ပေါ့ပေါ့ပါးပါးခေါ်ယူလိုက်နိုင်သည့် ဤအာဏာသည် သာမန်မဟုတ်သည်မှာသေချာသည်။ တစ်ချိန်တည်း၌ပင် ကျောက်ရွှယ်လေ့၊ ချောင်လဲ့နှင့် ချန်ဟောက်တို့က ခေါင်းညိတ်ကာ ရွှယ်အန်းကို အော်ခေါ်လိုက်ကြသည်။
“ဒုတိယအစ်ကို”
“ဆရာ”
“ကောင်းကင်ကံကြမ္မာကုမ္ပဏီ"
"မီးဖီးနစ်အထူးတပ်ဖွဲ့"
"နှစ်ယောက်လုံး ထာဝရပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်"
အော်သံများက တောင်ကြားတစ်လျှောက် ပဲ့တင်ထပ်လျက်ရှိကာ လှမ်းကြည့်နေကြသူ အများအပြားသည်လည်း လက်ခုပ်တီးလိုက်ကြသည်။ အန်းယန်၏ ပါးပြင်များက တဖြည်းဖြည်းနီမြန်းလာသည်။ သို့သော် ရွှယ်အန်းသည် ကောင်းကင်ယံထိ ပဲ့တင်ထပ်သွားနိုင်သော ရယ်သံဖြင့် ရယ်မောလျက် အန်းယန်ကို ရင်ခွင်ထဲသို့ ဆွဲသွင်း၍ လက်ယမ်းလိုက်သည်။
“ဝမ်ရှန့်ဟုန်ယဲ့”
ရွှယ်အန်း၏ အမိန့်နှင့်အတူ လူတိုင်း၏ရှေ့မှောက်၌ အံ့ဖွယ်အချင်းအရာများဖြစ်ပျက်သွားသည်။
ရှန်းရှန်တောင်ပေါ်ရှိ မေပယ်ရွက်များအားလုံး အနီရောင်ပြောင်းသွားသည်ကို ချက်ချင်းမြင်လိုက်ကြရ၏။ စိမ်းလန်းစိုပြေသော ရှန်းရှန်တောင်သည် မျက်လုံးတစ်မှိတ်အတွင်း ကြက်သွေးရောင်ပြောင်းသွားသည်။
ဤအံ့ဖွယ်အမှုသည် ခရီးသွားများအားလုံးကို အံသြသွားစေလျက်ရှိရာ ရွှယ်အန်းသည် အန်းယန်ကိုပွေ့ဖက်ထားလျက် ကလေးနှစ်ယောက်ကို လက်ဖြင့် ချီကာ လေထုအလယ်သို့ ခုန်ပျံသွားလိုက်သည်။ ထို့နောက် တဖြည်းဖြည်းနှင့် မိုးကုတ်စက်ဝိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
လူတိုင်းက ထွက်ခွာသွားသော ရွှယ်အန်း၏ နောက်ကျောကို ငေးကြည့်နေကြသည်။ ကျူဟောက်သည်မူ ယခုလေးတင်ကြားလိုက်ရသော “ကောင်းကင်ကံကြမ္မာကုမ္ပဏီ”နှင့် “မီးဖီးနစ်အထူးတပ်ဖွဲ့” ဟူသော အော်သံများသည် သူ လှုံ့ဆော်၍ မရနိုင်သော အရာများဖြစ်ကြောင်း သတိထားမိ၍ ယခုအချိန်တွင် စကားပင်မပြောနိုင်လောက်အောင် ကြောက်လန့်လျက်ရှိနေပြီဖြစ်သည်။
ထို့ကြောင့် သူသည် တုံ့ဆိုင်းမနေဝံ့ဘဲ စိတ်မကောင်းသော အခြေအနေဖြင့် ထွက်ခွာသွားခဲ့သည်။ ရှန့်နန်နဲ့ နျို့ယီဖေးက အဝေးကို အားကျစွာဖြင့် ငေးကြည့်နေကြသည်။
“ဘုရားရေ သူက ချောလည်းချောတယ်၊ တော်လည်းတော်တယ်၊ ချမ်းလည်းချမ်းသာတယ် အဓိကကတော့ သူက အရမ်းချစ်တတ်တာပဲ။ ဘာလို့ ဒီလိုမျိုး ပြီးပြည့်စုံနေတဲ့ယောက်ျားမျိုးနဲ့မဆုံနိုင်တာလဲ” နျို့ယီဖေးက ခံစားချက်များရောထွေးလျက် သက်ပြင်းချလိုက်သည်။
ရှန့်နန်သည် တိတ်ဆိတ်မြဲတိတ်ဆိတ်နေ၍ မျက်လုံးများက မျက်ရည်များဖြင့် ရွှန်းလဲ့နေသည်။ ထိုစာတန်းများသည် သူမကို အမှန်ပင် စိတ်လှုပ်ရှားစေနိုင်ခဲ့သည်။ ရှန်းရှန်တောင်တွင်ဖြစ်ပျက်ခဲ့သမျှ အရာများအားလုံးက ကျုံးတုတစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည်။ ထိုအချိန်တွင် လက်ကိုဝှေ့ယမ်း၍ မေပယ်ရွက်များကို ချက်ချင်း အနီရောင်ပြောင်းသွားစေရန် အမိန့်ပေးခဲ့သူမှာ ကျော်ကြားသော ရွှယ်အန်းဖြစ်သည်ကို လူအများ သိလိုက်ကြရသည်။
ထိုသတင်းက ချန်မိသားစုထံသို့ရောက်သွား၏။ ထိုသတင်းကို ကြားသောအခါ ချန်ရုရှီသည် အခန်းတွင်း သော့ချလျက် အိမ်မှ အိမ်ပြင်မထွက်ဘဲ တစ်နေကုန် နေခဲ့သည်။ ဝေ့ရူလန် အနည်းငယ်ထိတ်လန့်သွားသော်လည်း ခေါင်းယမ်းလိုက်၏။
“တကယ်မနာလိုစရာကောင်းတဲ့ အတွဲပဲ”
ပြင်ပကမ္ဘာက အဖြစ်အပျက်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဆူညံနေချိန်တွင် ရွှယ်အန်းသည် အန်းယန် နှင့် ငြိမ်းချမ်းသောနေ့ရက်များကို ပျော်ရွှင်စွာဖြတ်သန်းလျက်ရှိသည်။
"ကို အဲ့တာကို အချိန်အကြာကြီး ပြင်ဆင်ခဲ့ရတာလား” အန်းယန်က ရွှယ်အန်း၏ လက်မောင်းထက်၌ လဲလျောင်းလျက် မေးလိုက်သည်။
"ဟား ဒါပေါ့၊ ကို တကယ်မေ့သွားပြီထင်နေလား” ရွှယ်အန်းက ရယ်၏။
“ရှင် အဲ့တာကို သိပ်ဂရုမစိုက်ဘူးထင်လို့လေ” အန်းယန်၏ မျက်နှာပြင်တစ်ခုလုံး နီမြန်းလာသည်။
ထို့နောက် အန်းယန်က ရွှယ်အန်း၏ လက်မောင်းပေါ်သို့ ဖြည်းညှင်းစွာ တိုး၍ နူးညံ့စွာပြောလိုက်သည်။
“ယောက်ျား၊ အခု ဒါနဲ့တင် ကျွန်မ တကယ်ကို ကျေနပ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ဘက်တွေအများကြီးနဲ့ ရင်ဆိုင်နေရတာကို ကျွန်မအကြောင်း တွေးပေးနေတုန်းပဲဆိုတော့… ငိုတောင်ငိုချင်လာပြီ”
ဤသို့ပြောလျက် အန်းယန်၏ ပါးပြင်ထက်သို့ မျက်ရည်စက်များ ထပ်မံကျဆင်းလာသည်။ ရွှယ်အန်းက အန်းယန်၏ မျက်ရည်များကို ညင်သာစွာသုတ်ပေး၍ နူးညံ့စွာပြော၏။
“မငိုနဲ့တော့ ကိုယ်နဲ့သာရှိနေရင် မင်းဘယ်တော့မှ မငိုစေရဘူး”
“အင်း…အင်း” အန်းယန်က ခေါင်းညိတ်လိုက်သည်။
ရွှယ်အန်းသည် သူမကို မိန်းမတစ်ယောက်အတွက် လိုအပ်မည့်အရာမှန်သမျှကို ပေးခဲ့သည်။ ယခုအချိန်တွင် အန်းယန် သေရမည်ဆိုလျှင်ပင် သူမ ကျေနပ်စွာ ဘဝကူးနိုင်လိမ့်မည်ဖြစ်သည်။ ရွှယ်အန်းနှင့် အန်းယန်တို့သည် တောင်ပေါ်တွင် နောက်ထပ် တစ်ညထပ်နေပြီးမှသာ အန်းမိသားစုဆီသို့ ပြန်ခဲ့သည်။ အိမ်ရှေ့တံခါးကို ဖြတ်၍ ဝင်လိုက်သည်နှင့် အန်းချင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ထွက်လာပြီးနောက် သူ့အစ်မကို ကြည့်လျက်လေးစားစွာဖြင့် ပြောလိုက်သည်။
"မမ ငါနင့်ကို တကယ်မနာလိုဖြစ်မိနေပြီ”
အန်းယန်၏မျက်နှာက နီရဲလာပြီးနောက် တည်ကြည်သော မျက်နှာထားမျိုးဖြင့် ပြော၏။
“အရူးမလေး ဘာမဟုတ်တာတွေပြောနေပြန်ပြီလဲ”
အန်းချင်က တခစ်ခစ်ရယ်၍ ဘေးသို့ဖယ်လိုက်သည်။
“ဟုတ်တယ် ညီမလေးက မဟုတ်တာတွေပြောနေတာ။ ဒါပေမယ့် ကျုံးတုတစ်ခုလုံးက လူချမ်းသာမိသားစုတွေရဲ့ သမီးတွေဘယ်လောက် မနာလိုနေလဲဆိုတာသိလား”
အန်းချင်ပြောနေသည်မှာ အမှန်တရားပင်ဖြစ်သည်။ တစ်ချိန်က အန်းယန်အား လှောင်ပြောင် ကဲ့ရဲ့ခဲ့ကြဖူးသူများသည် ယခုအခါတွင် အလွန်အမင်း ချီးမွမ်းလျက်ရှိကြသည်။
ထိုအချိန်က သာမန်လူငယ်လေးတစ်ယောက်သည် စစ်မှန်သော စွမ်းအားရှင်တစ်ဦးဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။
မိသားစုနှင့်အတူ ညစာစားပြီးသည့်နောက်၊ ညဥ့်နက်လာသောအချိန်၊ အန်းယန်က အိပ်ရန်ပြင်ပြီးနောက် ဖုန်းမြည်လာ၏။
၎င်းသည် ပြည်ပနိုင်ငံမှ ဖုန်းနံပါတ်တစ်ခုဖြစ်၍ အန်းယန် လန့်သွားသည်။ ဤအချိန်ကြီးတွင် ပြည်က မည်သူက ဖုန်းခေါ်မည်နည်း။
ဖုန်း၏ အခြားတစ်ဖက်မှ အေးစက်သော အသံထွက်ပေါ်လာသည်။
“အန်းယန် တို့ပါ”
ဤအသံကို ကြားသောအခါ အန်းယန်က ကြောင်အနေရာမှ စိတ်အေးသက်သာရစွာဖြင့် ပြုံးလိုက်သည်။
"အန်းယန်၊ မင်းနဲ့ ရွှယ်အန်း ကို အသိပေးချင်လို့ပါ။ တို့လေ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုရခဲ့တယ်။ ဆုပေးပွဲ အခမ်းအနားက သိပ်မလိုတော့ဘူးဆိုတော့လေ မင်းတို့ လာဖို့ မျှော်လင့်မိတယ်”
အန်းယန်၏ မျက်လုံးများ တောက်ပလာ၏။
“ဂုဏ်ယူပါတယ် မင်ရွှယ်၊ ကိုယ်တို့ သေချာပေါက်လာခဲ့ပါ့မယ်”
ဖုန်းချပြီးနောက်တွင် အန်းယန်က အနည်းငယ်ပျော်ရွှင်နေသေးသော်လည်း ဖန်းမင်ရွှယ်၏အသံက အနည်းငယ်ကွဲပြားနေသည်ကို သတိမထားမိခဲ့ပေ။
သမုဒ္ဒရာ၏ အခြားတစ်ဖက်တွင်မူ ဖန်းမင်ရွှယ်က ဖုန်းကို ချလိုက်ပြီးနောက် သူမ၏ မျက်လုံးများက လူမဆန်စွာဖြင့် တဖျပ်ဖျပ်လတ်နေသည်။
အခန်း(၂၅၈) ဧကရီသခင်မ
“ဧကရီသခင်မ အရှင်မက ဘာကြောင့်များ ဒီရွှယ်အန်းကို ကိုင်တွယ်ဖို့ ဒီအတိုင်းအတာအထိ လုပ်နေရတာလဲခင်ဗျာ”
အသံနှင့်အတူ သင့်လျော်သောဝတ်စုံကို ၀တ်ဆင်ထားသော အမျိုးသားတစ်ဦးသည် သူ၏ဆံပင်များကို ဂရုတစိုက်ဖြီးလျက် အမှောင်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထိုအမျိုးသား၏မျက်နှာတွင်သာမန်ကျသော အပြုံးတစ်ခု ဆင်မြန်းထားကာ အသံသည်လည်း လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ နူးညံ့သိမ်မွေ့လှသည်။ သို့သော် အခြားသူများသာရှိလျှင် ၎င်းတို့ ငိုယို၍ ထွက်ပြေးကြရပေမည်ဖြစ်သည်။ ဤသည်ကား ဒုစရိုက်မြို့တော်မှ မှောင်မိုက်သော ဖြစ်တည်မှုများထဲမှ တစ်ခုဖြစ်သည့် အရိုးမိစ္ဆာဟုလူသိများသည့်အမျိုးသားပင်ဖြစ်သည်။
အရိုးမိစ္ဆာဟု အမည်တွင်သွားရခြင်းမှာ သူသည် လူ့အရိုးများကို အထူးတလည် သဘောကျ၍ ကမ္ဘာပေါ်၌ အခမ်းနားဆုံးသော ဆုဖလားများအဖြစ်သတ်မှတ်ကာ စုဆောင်းတတ်သောကြောင့်ဖြစ်သည်။ သူ၏ အတောက်ပဆုံးသော စွမ်းဆောင်ချက်မှာ လူများကို အသက်ရှင်နေကြောင်း သေချာစေရန် ပြုလုပ်လျက် ၎င်းတို့၏ အရိုးများကို အရှင်လတ်လတ် ချွတ်ပစ်ခြင်းပင်ဖြစ်သည်။ ဤသည်မှာ မရေမတွက်နိုင်ဖွယ်များပြားလှသော အိပ်မက်ဆိုးများကို ဖြစ်ပေါ်စေနိုင်သည့် နာမည်တစ်ခုပင်ဖြစ်သည်။
“ငါ့လုပ်ရပ်တွေကို မင်းကို ရှင်းပြဖို့လိုသေးလား” ဖန်းမင်ရွှယ်၏ မျက်လုံးများတွင် အနီရောင်အလင်းတန်းတစ်ခု တောက်ပလာ၏။
“မလိုပါဘူး မလိုပါဘူး ဒါပေမယ့် သခင်မ ရွှယ်အန်းကို သတ်ပြီးရင် ဒုစရိုက်မြို့တော်ကို ပြန်ပြီး လူငယ်ရေပန်းကို ပြန်ယူဖို့ ကူညီပေးမယ်ဆိုတဲ့ကတိကိုတော့ မမေ့ဘူးလို့ မျှော်လင့်ပါတယ်”
“လူငယ်ရေပန်း” ဖန်းမင်ရွှယ်၏ မျက်နှာအမူအရာက ထူးဆန်းသွားသည်။
“ဒီဒဏ္ဍာရီက တကယ်ရှိလား”
အရိုးမိစ္ဆာက ပြုံးလိုက်သည်။
“ဟုတ်ပါတယ် အဲ့တာက တကယ်ရှိပါတယ်။ သိပ်မကြာခင်မှာ ဒုစရိုက်မြို့တော်မှာ ပေါ်လာတော့မှာပါ”
ဤသို့ပြော၍ သူ့မျက်လုံးများထဲ၌ မကျေနပ်မှုအငွေ့အသက်များ ထင်ဟပ်လာသည်။
“မဟုတ်ရင် တစ္ဆေအိုကြီးနဲ့ အဆိပ်ပြင်းကင်းမြှီးကောက် ဆိုတဲ့ ခွေးမကြောင့်နဲ့ ကျွန်တော်မျိုး ဒီ ဒုစရိုက်မြိုကကို ထွက်သွားလို့ရမှာမဟုတ်ဘူး”
ဖန်းမင်ရွှယ်က ခေါင်းညိတ်လိုက်သည်။
“နားလည်ပြီ။ ကျွန်မ ကတိတည်မယ်။ ရှင်လည်းပြောတဲ့အတိုင်း လုပ်မယ်လို့ မျှော်လင့်ပါတယ်။ အခု ထွက်သွားလို့ရပြီ”
အရိုးမိစ္ဆာက သူ့နေရာမှ တုပ်တုပ်မျှမရွှေ့ပေ။
ဖန်းမင်ရွှယ်က အနည်းငယ် မျက်မှောင်ကြုတ်လျက် ရွံရှာစွာဖြင့် သူမ၏ တရုတ်ရိုးရာဝတ်စုံအောက်မှ ခြေတံသွယ်သွယ်များကို ဆန့်ထုတ်လိုက်သည်။ ဤရှည်လျားသွယ်လျသော ခြေထောက်ကို မြင်သောအခါ အရိုးမိစ္ဆာက မြေပြင်ပေါ်တွင် ခယစွာဖြင့် ဝပ်တွားနေဆဲဖြစ်ကာ သူလက်မခံနိုင်လျှင်ပင် ဖန်းမင်ရွှယ် နင်းခြေသွားသော မြေပြင်ကိုသာ နမ်းရှုံ့ရဲမည်ဖြစ်သည်။
“ဧကရီသခင်မ ဒီလောကနဲ့ မဆိုင်မယ့် ခြေတံသွယ်သွယ်တွေကို ပိုင်ဆိုင်ထားတာနဲ့တင် ကျွန်တော်မျိုးက သခင်မရဲ့ သစ္စာရှိ လူရုံတော်ဖြစ်ဖို့ ဆန္ဒရှိပါတယ်”
"ထွက်သွားစမ်း" ဖန်းမင်ရွှယ်က အေးစက်စွာပြောသည်။
ထို့နောက် အရိုးမိစ္ဆာထွက်သွား၏။
ဟန်ယောင်းသည် တစ်ချိန်က စိတ်အားထက်သန်သော ထိပ်တန်းအေးဂျင့်ဖြစ်သော်လည်း ယခုအချိန်တွင် လူသားနှင့်မတူသော ခံစားချက်ကင်းမဲ့သည့် မျက်လုံးများဖြင့် လမ်းလျှောက်ဝင်လာခဲ့သည်။
“သခင်မ ဘာလို့ အဲ့ အရိုးမိစ္ဆာကို နေရာပေးရတာလဲ”
ဖန်းမင်ရွှယ်က ပြတင်းတံခါးမှ လှမ်းကြည့်လိုက်သည်။
ဤသည်မှာ အချမ်းသာဆုံးသော ရုပ်ရှင်မြို့တော်တစ်ခုဖြစ်သည့်ဟောလိဝုဒ်ဖြစ်သည်။ ညဥ့်နက်နေပြီးဖြစ်သော်လည်းအပြင်မှ မီးရောင်များက အလွန် ဝင်းပစွာတောက်ပနေဆဲဖြစ်သည်။
“ငါ စိတ်ပြောင်းသွားပြီ။ ငါအရင်က ခန္ဓာကိုယ်တွေအများကြီးပိုင်ခဲ့ဖူးပေမယ့် ဒီခန္ဓာကိုယ်က အရမ်းပြီးပြည့်စုံနေလွန်းတယ်။ ငါ ဒါကို ကျင့်ကြံဖို့အတွက် သုံးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် သူ့ဝိဉာဥ်က အရမ်းသန်မာလွန်းတယ်။ ငါ မဖျက်ဆီးနိုင်ခဲ့ဘူး”
“စည်းမျဥ်းစည်းကမ်း ကန့်သတ်ချက်တွေကြောင့် ငါ့ရဲ့ စစ်မှန်တဲ့ ခန္ဓာကိုယ်က ခွန်းလွန်ကို မစွန့်ခွာနိုင်သေးဘူး။ ဒါ့ကြောင့် ရွှယ်အန်းနဲ့ ရင်ဆိုင်ဖို့ဆိုရင် ငါ့ရဲ့
လောကီအင်အားစုတွေကို သုံးပြီး အားကိုးရမှာ”
“အရိုးမိစ္ဆာပြောခဲ့တဲ့ လူငယ်ရေပန်းကိုတော့… အဲ့တာကိုသာ ငါရမယ်ဆိုရင် ငါ့ကိုယ်ခန္ဓာအစစ်အမှန်ရဲ့ ကျင့်ကြံစဥ်ကို အများကြီးအထောက်အကူပြုလိမ့်မယ်”
ဤသို့ပြောလျက် ဖန်းမင်ရွှယ်၏ မျက်လုံးများတွင် လောဘဇော အငွေ့အသက်များ ထင်ဟပ်လာသည်။
ဟန်ယောင်းက တလေးတစားခေါင်းညိတ်လိုက်သည်။
‘ရွှယ်အန်း၊ နင်က ညနတ်ဆိုးတောင်ကြားက ငါ့တပည့်တွေကို သတ်လိုက်တယ်၊ လကြည့်မျှော်စင်ကိုလည်း ဖျက်ဆီးပစ်လိုက်တယ်။ ဒါပေမယ့် နင်မထင်ထားတာက… ဒါဟာ လောကီလောကရဲ့ အစွန်းအထင်းတစ်ခုထက်မပိုဘူးဆိုတာပဲ”
စစ်မှန်သော စွမ်းအားကြီးသူအားလုံးသည် ခွန်းလွန်တွင်ရှိသည်။
‘ပညတ်ချက်တွေကြောင့်သာမဟုတ်ရင် ငါ့ စစ်မှန်တဲ့ခန္ဓာကိုယ်က ဒီကိုလာလို့ရပြီးတော့ နင့်ကို ခဏလေးတွင်းမှာ ဖုန်မှုန့်အဖြစ်ပြောင်းလိုက်လို့ရတယ်။ ဒါပေမယ့် ဒါလည်းကောင်းပါတယ်… အခုဆိုပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ငါပိုင်ဆိုင်ရနေပြီလေ’
‘ဟား ဟား’
‘အချိန်ကျလာရင် ငါနင့်ကို ငါကိုယ်တိုင်သတ်ပစ်မယ်’
‘နင့်ကိုသဘောကျတဲ့လူက နင့်ကို သတ်လိုက်မယ်ဆိုတာကို တွေးမိရုံနဲ့တင် စိတ်လှုပ်ရှားစရာပဲ’
ဖန်းမင်ရွှယ်သည် ပြတင်းပေါက်အပြင်ဘက်မှ ရှုပ်ထွေးနေသော မြင်ကွင်းကိုကြည့်၍ သူမ၏ နှုတ်ခမ်းဖျားများထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ဤအခိုက်အတန့်တွင် ရွှယ်အန်းနှင့် အန်းယန်တို့သည် အမေရိကနိုင်ငံသို့ ဦးတည်နေသော လေယာဥ်ထက်သို့ တက်နေပြီဖြစ်သည်။
အန်းယန်က အလွန်အမင်း စိတ်လှုပ်ရှားလျက်ရှိ၏။ ဤသည်က ပထမဆုံးအကြိမ်အဖြစ် အမေရိကနိုင်ငံကို သွားဖူးခြင်းဖြစ်သည်။ ရွှယ်အန်းသည်မူ ခရီးစဥ်နှင့်ပတ်သက်၍ မည်သည့်ခံစားချက်မျိုးမျှ မရှိနေပေ။ အန်းယန်က ဖန်းမင်ရွှယ်၏ ဖိတ်ကြားချက်ကို ပထမဆုံးပြောသောအခါ ရွှယ်အန်းသည် တစ်စုံတစ်ရာက ပုံမှန်ဟုတ်မနေကြောင်း ခံစားမိခဲ့သည်။
ဤအကြောင်းကို သူ ယခင်က အဘယ်ကြောင့် မကြားခဲ့ရသနည်း။ သို့သော် သူ့မိန်းမဖြစ်သူ ပျော်နေသရွေ့ကာလပတ်လုံး မည်သည့်နေရာသို့ သွားစေကာမူ အရေးမကြီးပေ။ ထို့အပြင် ရွှယ်အန်းသည် သူ၏ အတန်းဖော်ဟောင်းကို ချီးကျူးဂုဏ်ပြုလိုသေး၏။
ရွှယ်အန်းက ယခုအချိန်တွင် ပထမတန်း၌ ထိုင်လျက်ရှိကာ ၎င်းတို့၏ သမီးငယ်လေးနှစ်ယောက်သည် တက်ပလက်တစ်လုံးစီကို ကိုင်၍ နားကြပ်တပ်ထားကြသည်။ လူအများက လေယာဥ်ပေါ်သို့ ထပ်မံတက်လာကြသည်။ ထို့နောက် ရုတ်တရက် အံ့သြသံကြီးတစ်ခု ထွက်လာသည်။
“ဆရာလား”
ရွှယ်အန်းက ခေါင်းလှဉ့်ကြည့်လိုက်သောအခါ ယမန်နေ့က ရှန်ရှန်းတောင်၌ ကြုံခဲ့ရသော မိန်းကလေးကို မြင်လိုက်ရသည်။
“တကယ်ပဲ ရှင်ကိုး။ မိသားစုနဲ့ ခရီးသွားတာလား” ရှန့်နန်က စိတ်လှုပ်ရှားစွာပြောသည်။
ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်၏။
“မနေ့က ရှင် အမြန်ထွက်သွားတော့ ကျွန်မ ကိုယ့်ကိုယ်ကို မိတ်မဆက်လိုက်ရဘူ။ ကျွန်မနာမည်က ရှန့်နန်ပါ” ရှန်နန်က သူမ၏ လက်ကို ရက်ရက်ရောရော ဖြန့်ပေးလျက် ရင်ခုန်စွာပြောလိုက်သည်။
ယမန်နေ့က ရွှယ်အန်း၏ ပျံသန်းခြင်းသည် မိန်းကလေးကို အလွန်အမင်း ထိတ်လန့်အံ့သြစေခဲ့သည်။ နောက်ထပ်တစ်ကြိမ် ထပ်မဆုံနိုင်လောက်ဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ လေယာဥ်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ပြန်တွေ့ရကြကာ အလိုအလျောက်ပင် ရှန့်နန် စိတ်လှုပ်ရှားလာမိသည်။
ရွှယ်အန်းက ခေတ္တရပ်လိုက်ပြီးနောက် သူ့ဘေးမှ အန်းယန်ကို လှည့်ကြည့်လိုက်သည်။ အန်းယန်သည် ထိုမိန်းကလေးငယ်ကို ကလေးအဖြစ်သာ မြင်နေသောကြောင့် ဤကိစ္စအတွက် မနာလိုဖြစ်မည်မဟုတ်ပေ။
“အစ်မနာမည် အန်းယန်ပါ၊ ဒါက အစ်မ ယောက်ျား … ရွှယ်အန်း” အန်းယန်က ပြုံး၍ မိတ်ဆက်ပေးလိုက်သည်။
ရှန့်နန်က အန်းယန်၏ ဘေးမှ ခုံတွင်ထိုင်လျက် ခေါင်းညိတ်လိုက်သည်။ ထိုင်ပြီးနောက် အမျိုးသမီး နှစ်ယောက် စကားစမြည်ပြောကြသည်။
ရွှယ်အန်းသည် ၎င်းတို့၏ စကားဝိုင်းကို နားထောင်ပြီးမှသာလျှင် နားလည်သဘောပေါက်လာခဲ့သည်။ ရှန့်နန်သည် ချမ်းသာသောမိသားစုမှ ဒုတိယမျိုးဆက် ဖြစ်ကာ သူမ၏ အဖေက ဟောလိဝုဒ်ရှိ တရုတ်ရုပ်ရှင်ထုတ်လုပ်သူဖြစ်ကာ ယခုအချိန်တွင် မိသားစုတွင်းကိစ္စအချို့ကြောင့် အိမ်သို့ အချိန်မီပြန်နေခြင်းဖြစ်သည်။
ထိုအချိန်တွင်၊ ရွှယ်အန်းသည် ယမန်နေ့က ချစ်ခွင့်ပန်ခဲ့သော ကောင်လေးကို စာနာမိသွားသည်။ မိန်းကလေး၏ သာလွန်သော မိသားစုနောက်ခံကို သတိမထားမိဘဲ စိန်လက်စွပ်ဖြင့် လှည့်စားနိုင်သည်ဟု သူထင်ခဲ့သည်။ အနည်းဆုံးအနေဖြင့် ပေါ့ပေါ့ပါးပါး အိမ်ပြန်ရန် ပထမတန်း၌ လေယာဥ်စီးနိုင်ကာ ဟောလိဝုဒ်၌ နေရာတစ်နေရာရထားနိုင်သည်မှာ သာမန်မိသားစုက လုပ်နိုင်သောအရာမဟုတ်ပေ။ ရွှယ်အန်းနှင့် သူ့မိသားစုသည်လည်း ဟောလိဝုဒ်ကို သွားမည်ဖြစ်ကြောင်း ရှန့်နန်ကြားသောအခါ ပို၍ပင် ဝမ်းသာလျက် အိမ်သို့ အလည်လာရန် ဖိတ်ခေါ်ခဲ့သည်။
အန်းယန်သည် ကောင်မလေးကို အထင်ကြီးလေးစားကာ အဆုံးတွင် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"အစ်မ အန်းဟောလိဝုဒ်ကို ဘာသွားလုပ်မှာလဲ” ရှန့်နန်က စိတ်ဝင်တစားမေးသည်။
အန်းယန်က ပြုံးပြီး သူ့ဘေးက ရွှယ်အန်းကို တစ်ချက်ကြည့်လိုက်သည်။
"ရက်အနည်းငယ်ကြာရင် အော်စကာဆုရမယ့် သူငယ်ချင်းတစ်ယောက်ရှိတယ်၊ ငါတို့လည်း အပျော်သွားကြတာပါ"
ရှန့်နန် ရုတ်တရက် နားလည်သွားသည်။ မကြာသေးမီနှစ်များအတွင်း အော်စကာဆုများ၏ လွှမ်းမိုးမှုက ပိုမိုနက်ရှိုင်းလာခဲ့သည်။
အချိန်ကျလာလျှင် အများစုက သွားကြည့်ကြလေ့ရှိသည်ဖြစ်ကာ အော်စကာဆုပေးပွဲသို့ တက်ရောက်နိုင်သူဟု အန်းယန်ကပြောခဲ့သည့် သူငယ်ချင်းဟူသည် ကော်ဇောနီလမ်းလျှောက်ရန် အခကြေးငွေပေးခဲ့သည့် အင်တာနက်နာမည်ကြီး အမျိုးသမီးအချို့လည်း ဖြစ်နိုင်သည်။
ရှန့်နန်က စိတ်ထဲမှ အလေးအနက်မထားဘဲ တွေးလိုက်သည်။
လေယာဥ်က တဖြည်းဖြည်းနှင့် အမေရိကနိုင်ငံ လေဆိပ်သို့ ဆင်းသက်လာသောအခါတွင် အဖွဲ့တစ်ဖွဲ့သည် ဂိတ်မှ ထွက်လာ၏။ ထို့နောက် အလွန်စိတ်အားထက်သန်နေပုံရသော အင်္ဂလိပ်စကားပြောသည့် အလွန် ပိုကဲသော လေယူလေသိမ်းဖြင့် အမျိုးသားတစ်ယောက်က ရှေ့သို့ တိုးလာသည်။
“နန်နန် ရောက်ပြီလား”