← Chapters

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း(၂၅၉) ရှန့်မိသားစု၏ ဘေးဒုက္ခ

ထိုလူကိုမြင်သောအခါ ရှန့်နန်က အနည်းငယ်မျက်မှောင်ကြုတ်လိူက်သည်။

"ရှန့်ကျွင်း နင် အမေရိကမှာနေတာ နှစ်နှစ်ပဲရှိသေးတယ်၊ ဒီမှာဘယ်သူမှမရှိဘူးဆိုတော့ တရုတ်လိုပဲပြော"

ရှန့်ကျွင်းက မောက်မာစွာ ပြုံးလိုက်သည်။

"ငါ့အတွက်တော့ အင်္ဂလိပ်ဟာ ကမ္ဘာပေါ်မှာ အမိုက်ဆုံး ဘာသာစကားပဲ။ အခုကစပြီး တရုတ်စကားမပြောတော့ဘူးလို့ ဆုံးဖြတ်ထားတယ်”

ထိုသို့သောစကားများသည် ရိုးစင်းစွာပင် ရင်ခုန်ဖွယ်ကောင်းလှသည်။ ထိုအချိန်တွင် ရှန့်ကျွင်းသည် ဘေးတွင်ရပ်နေသော ရွှယ်အန်းကို သတိပြုမိကာ မူလက လန့်သွားသော်လည်း တဖြည်းဖြည်းနှင့်အမူအရာက နက်မှောင်လာသည်။

"နန်နန် ဒါဘယ်သူလဲ"

"ဒါက မနေ့ကတွေ့တဲ့ သူငယ်ချင်းပါ၊ ဒီနေ့ လေယာဉ်ပေါ်မှာ ထပ်တွေ့ပြီး ရင်းနှီးခဲ့ကြတာ။ သူတို့လည်း ဟောလိဝုဒ်ကို လာလည်တာမို့လို့ အိမ်လိုက်လည်ဖို့ ဖိတ်ထားတာ”

ဤသည်ကို ကြားသောအခါ ရှန့်ကျွင်းက ရွှယ်အန်းကို ကြည့်၍ အေးစက်စွာရယ်မောလိုက်သည်။

“သူငယ်ချင်းဖြစ်ခဲ့တာလား နန်နန်၊ ဒီကမ္ဘာပေါ်မှာ လူယုတ်မာတွေအများကြီးရှိတယ်။ နင်က ငယ်သေးတယ်။ လူလိမ်မခံရအောင်သတိထား”

…

ဤစကားများကို တရုတ်ဘာသာဖြင့် အလွန်ဖော်ရွေသောအသံမျိုးဖြင့် ပြောခဲ့၏။ ရှန့်နန်၏ မျက်နှာသည် ချက်ချင်း ရုပ်ဆိုးသွားကာ ဒေါသတကြီးပြန်ပြော၏။

“ရှန့်ကျွင်း နင်က ငါ့နဲ့ အမျိုးဝေးတဲ့ ဝမ်းကွဲတစ်ယောက်သာသာပဲ။ ငါ့ကိစ္စတွေကို နင်က ဘာမို့လို့ ဝင်စွက်ဖက်လို့ရရမှာလဲ”

ရှန့်နန်၏ စကားများသည် ရှန့်ကျွင်း၏ မျက်နှာကို ပြောင်းလဲသွားစေခဲ့ကာ နောက်ဆုံးတွင် ရှက်ရွံ့စွာပြုံးလိုက်၏။

“နင် လိမ်ခံရမှာစိုးလို့ပါ”

“မလိုအပ်ပါဘူး ငါ့သူငယ်ချင်းတွေကို နင် ဝေဖန်စရာမလိုဘူး”

ရှန့်နန်က ဒေါသကြောင့် အသားများပင်တုန်သွားကာ ရွှယ်အန်းနှင့် အန်းယန်ကို တောင်းပန်၍ ခေါင်းညိတ်ပြလိုက်သည်။

“တောင်းပန်ပါတယ်။ သူက ကျွန်မ ဝမ်းကွဲအစ်ကိုပါ။ စကားကောင်းကောင်း ဘယ်လိုပြောရမလဲမသိလို့ပါ။ ကျွန်မ တကယ်တောင်းပန်ပါတယ်”

ရွှယ်အန်းက ပြုံးရုံသာပြုံး၍ တုံ့ပြန်သည်။

သူ့အတွက် ရှန့်ကျွင်းကဲ့သို့သော လူတစ်ယောက်သည် လှည့်ကြည့်ရန်ပင် မထိုက်တန်ပေ။ လမ်းပေါ်၌ လမ်းလျှောက်နေသောခွေးတစ်ကောင်က သင့်ကို ကြိမ်ဖန်များစွာ ဟောင်နေသကဲ့သို့ ပုံမှန်တုံ့ပြန်မှုသည် နောက်ပြန်လှည့်ခြင်းမရှိဘဲ ဝေးရာသို့ ထွက်သွားခြင်းပင်ဖြစ်သည်။ ထွက်ခွာရန် အချိန်ကျသောအခါ ရှန့်ကျွင်းကို ပြင်းပြင်းထန်ထန်စိုက်ကြည့်ပြီးနောက် ရွှယ်အန်း၏ မိသားစုနှင့်အတူ ဦးစွာ ကိုယ်တိုင်ကိုယ်ကျမောင်းထွက်သွားခဲ့သည်။ ရှန့်ကျွင်းသည် အမျက်ဒေါသထွက်ကာ ဖြူလျော့သော မျက်နှာဖြင့် ထိုနေရာ၌ပင် ရပ်နေခဲ့လျက် မျက်လုံးများကမူ ရက်စက်သောအလင်းများဖြင့် တဖျပ်ဖျပ်လတ်နေသည်။

ရှန့် မိသားစုသည် ဟောလိဝုဒ်၏ ချမ်းသာကြွယ်ဝသော ရပ်ကွက်ရှိ အလွန်ခမ်းနားသော ဗီလာတစ်ခုတွင် နေထိုင်ကြသည်။ ရှန့်နန်သည် ရွှယ်အန်းနှင့် အခြားလူများကို အိမ်ထဲသို့ ခေါ်လာခဲ့သောအခါ အချို့သော အမေရိကနိုင်ငံမှ လူအနည်းငယ်နှင့်တွေ့မိကြသော်လည်း ထိုသူများက အမြန်ပင် ကမန်းကတန်းထွက်သွားကြသည်။ ရှန့်နန်၏ ဖခင်ဖြစ်သူ ရှန့်ခန်သည် စိုးရိမ်သောကများနေသော မျက်နှာဖြင့် ဆိုဖာထက်၌ ထိုင်နေသည်။

အဖိုးတန်သမီးလေး ဝင်လာသည်ကို မြင်လိုက်သောအခါတွင် သက်သာရာရသွားသည့် အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

"နန်နန်ရောက်လာပြီ"

"ဖေဖေ၊ ကြည့်ပါဦး၊ ဒါ သမီးရဲ့ သူငယ်ချင်းအသစ်ပါ။ အစ်ကို ရွှယ်အန်းနဲ့ အစ်မ အန်းယန်” ရှန့်နန်က ၎င်းတို့ကို ဝမ်းသာအားရ မိတ်ဆက်ပေးသည်။

ရှန့်ခန်သည် ဤစကားကိုကြားပြီးနောက် ရွှယ်အန်းအား အနည်းငယ်ခေါင်းညိတ်ကာပြော၏။

"တွေ့ရတာဝမ်းသာပါတယ် နှစ်ယောက်စလုံး"

ထို့နောက် သူက ရှန့်နန်ဘက်လှည့်၍ မေးလိုက်သည်။

“နန်နန် သမီး ခုတလော အဆင်ပြေရဲ့လား”

“အဆင်ပြေပါတယ် ဖေဖေရဲ့ အမေရိကက လူတွေက ဘာလို့ ဒီကို ရောက်နေတာလဲ”

ရွှယ်အန်းသည် တစ်စုံတစ်ခုကြောင့် စိတ်ပူပန်နေသကဲ့သို့ စိတ်ဓာတ်ကျနေသော မျက်လုံးများဖြင့် အဆက်မပြတ် တောက်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားကို သတိထားမိလိုက်သည်။ ရှန့်နန်၏အမေးကိုကြားသောအခါ ရှန့်ခန်က ခေါင်းခါလိုက်၏။

"ဘာမှမဟုတ်ပါဘူး သမီး အစ်ကိုရောဘယ်မှာလဲ"

ရှန့်နန်က နှာခေါင်းရှုံ့လိုက်၏။

“ ရှန့်ကျွင်းက အရမ်းဒေါသထွက်စရာပဲ ဖေဖေရာ သမီးသူငယ်ချင်းတွေကို လူလိမ်တွေလို့ ထင်နေတာ။ သမီး သူ့ကို လေဆိပ်မှာ ထားခဲ့တယ်”

ရှန့်ခန်က ရယ်လိုက်သည်။

"ခုထိ ကလေးလို လုပ်နေတုန်းပဲ”

၎င်းတို့ စကားပြောနေကြစဥ် ရှန့်ကျွင်းက အပြင်မှ ဝင်လာသည်။ သူသည်သာမန်ပုံပင်ဖြစ်၍ မည်သည့်အရာမျှ မှားယွင်းနေသည့် အမူအရာမျိုးမပြပေ။

“နန်နန် သမီးသူငယ်ချင်းတွေကို ကပ်လျက်က ဆိုင်ကို ခေါ်သွားချေ၊ သမီးအစ်ကိုနဲ့ ဆွေးနွေးစရာရှိတယ်”

“ဟုတ်ကဲ့ ဖေဖေ”

ရှန့်နန်သည် သူမ၏ ဝမ်းကွဲကို မကြိုက်သဖြင့် ‌အချိန်ဆွဲမနေတော့ဘဲ ထွက်လာခဲ့သည်။

“အချိုပွဲစားရအောင်လို့ အခြားအခန်းကိုသွားရအောင်၊ ညီမတို့ရဲ့ စားဖိုမှုးက ပြင်သစ်ကပါ” ရှန့်နန်က ရွှင်မြူးစွာပြောသည်။

ကပ်လျက်ခန်းသို့ရောက်သွားသောအခါ အန်းယန် နှင့် ရှန့်နန်တို့သည် မိန်းကလေးများ နှစ်သက်လေ့ရှိသည့် အကြောင်းအရာများအကြောင်း စတင်ပြောဆိုကြ၍ ကောင်းစွာရင်းနီးလာကြသည်။

ရွှယ်အန်းသည် သူ့လက်ဖက်ရည်ကို ဖြည်းညှင်းစွာတစ်ငုံသောက်ကာ ရှန့်ခန်နှင့် အခြားတစ်ယောက်တို့ ဧည့်ခန်းထဲတွင် စကားပြောသံကို ပေါ့ပေါ့ပါးပါး နားဆွင့်နေသည်။

"ဘယ်လိုလဲ" ရှန့်ခန်က လေးနက်သောလေသံဖြင့် မေးသည်။

“ကျွန်တော် ကုမ္ပဏီတော်တော်များများကို တောင်းဆိုထားပေမယ့် ဘယ်သူကမှ တာဝန်ယူဖို့ ဆန္ဒမရှိဘူး။ ဒီကောင်တွေက အခြေအနေတွေကို သတိပြုမိပုံရတယ်။ အငြင်းပွားမှုမပြေလည်ရင် ပရောဂျက်ကို မယူရဲကြဘူးလို့ အားလုံးက ပြောနေကြတယ်” ရ

ရှန့်ခန်က သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် အချိန်အတော်ကြာထိ ရပ်နေပြီးမှ စကားပြန်ပြော၏။

"အမေရိကနိုင်ငံက ကုမ္ပဏီတစ်ခုက ငါ့ဆီချဉ်းကပ်လာပေမယ့် သူတို့ကမ်းလှမ်းတဲ့စျေးက ပေါ်တင် ဓားပြတိုက်နေသလိုပဲမို့ ငါအရမ်းကြိုးစားတည်ဆောက်ထားတဲ့ ကုမ္ပဏီကို ဒီလိုပျက်စီးအောင် ခွင့်မပြုနိုင်ဘူး”

ထိုအချိန်တွင် ရှန့်ကျွင်းက အသံကို လျှော့လိုက်သည်။

"ဦးလေး၊ အရမ်းစိတ်ဝင်စားတဲ့ ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုရှိတယ်၊ ဦးလေး ဘယ်လိုထင်လဲ..."

"ဂျပန်နိုင်ငံဟုတ်လား"

“ဟုတ်”

ရှန့်ခန်သည် အအချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီးနောက် နောက်ဆုံးတွင် သူက စိတ်ပျက်အားငယ်စွာဖြင့်ပြော၏။

"စမ်းကြည့်ရအောင်။ ဂျပန်က နတ်ဆိုးတွေဆီရောင်းဖို့ ငါတကယ် မုန်းပေမယ့် ဒီအခြေအနေမှာတော့ သေတဲ့အထိ ခြေချုပ်မမိနေချင်ဘူး”

“ကောင်းပြီ”

ဤသည်ကို ကြားသောအခါ ရွှယ်အန်းက အကြမ်းဖျင်းနားလည်သွားသည်။ ရှန့်မိသားစုသည် ကုမ္ပဏီကို ရောင်းချလိုက်ရသောအတိုင်းအတာအထိ ဆိုးရွားသော ပြဿနာတစ်ရပ်ကို ရင်ဆိုင်နေရပုံပေါ်သည်။ အလားအလာရှိသော ဝယ်သူများ၏ သဘောတူညီချက်၌ ပြဿနာရှိနေသည်ကို သိသောကြောင့် ၎င်းတို့သည် စျေးနှုန်းကို ရည်ရွယ်ချက်ရှိရှိ နှိမ်နေကြခြင်းဖြစ်သည်။ သို့သော် ရွှယ်အန်းသည် ရှန့်ကျွင်း၏ အသံအနေအထားကို သင်္ကာမကင်းဖြစ်မိသည်။

ရွှယ်အန်းမျှော်မှန်းထားသည့်အတိုင်း ရှန့်ကျွင်းသည် သူ့ဦးလေးက ဂျပန်နိုင်ငံမှလူများနှင့်တွေ့ဆုံရန်သဘောတူကြောင်းကြားသောအခါတွင် ဝမ်းသာအားရဖြစ်သွားရကာ ဆက်လက်၍ တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ပေ။

“အိုကေ အဲ့တာကို ကျွန်တော်တို့ အမြန်ဆုံးတွေ့လို့ရမလားသိရအောင် အခုပဲဆက်သွယ်လိုက်မယ်”

ရှန့်ကျွင်းသည် လွန်ခဲ့သည့်နှစ်အနည်းငယ်က ရှန့်ခန်ထံတွင် ၎င်းတို့၏မွေးရပ်နိုင်ငံမှ လာခဲ့၍ မွဲတေနေချိန်တွင် ဆွေမျိုးများနှင့် ဆက်ဆံရေးမှာ အမှန်တကယ်ပင် အလှမ်းဝေးနေခဲ့သည်။ သို့သော် ရှန့်ခန်က နှောင်ကြိုးဟောင်းကို မြတ်နိုးသူဖြစ်သောကြောင့် သူ့ကို ကြင်နာစွာ ခေါ်လာခဲ့သည်။

ရှန့်ကျွင်း၌ ယုတ်ညံ့သော ရည်ရွယ်ချက်များရှိနေလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။

အထူးသဖြင့် ရှန့်ခန်တွင် သမီးဖြစ်သူရှန့်နန်သာရှိ၍ သားမရှိပေ။ ထို့ကြောင့် ရှန့်ကျွင်းသည် ရှန့်နန်ကိုအပိုင်ရရန် အမြဲကြံစည်နေလျက်ရှိကာ သူမမှတဆင့် ရှန့် မိသားစုပိုင် အရာအားလုံးကို သိမ်းပိုက်လိုက်သည်။

ကံမကောင်းစွာဖြင့် ရှန့်နန်သည် သူမ၏ အမျိုးဝေးသော ဝမ်းကွဲကို အနည်းငယ်မျှ စိတ်မဝင်စားပေ။ အချိန်ကြာလာသည်နှင့်အမျှ ရှန့်ကျွင်းသည် စိတ်အနှောက်အယှက်ဖြစ်ကာ သူ့ရွေးချယ်စရာမရှိတော့သည့်အချိန်တွင် သူ့ကို မည်သူက ခေါ်လာပေးခဲ့သည်ကို လုံးလုံးမေ့သွားခဲ့သည်။

မကြာသေးမီက ရှန့်ခန်သည် အမေရိကနိုင်ငံတွင် ကြီးမားသော ပစ်ခတ်မှုကို ခံခဲ့ရ၍ ယခုအခါ ကုမ္ပဏီသည် ဆိုးရွားမှုနှင့် ကြုံတွေ့နေရသည်။

ရှန့်ကျွင်းသည် ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုသို့ တမင်တကာ ဆက်သွယ်ခဲ့ကာ ၎င်းတို့နှင့် ကြိုတင်ညှိနှိုင်း၍ ရှန့်ခန်ကိုပေါင်းလိမ်ရန် ကြံစည်ထားခဲ့သည်။

ယခု သူ့ပန်းတိုင်ကို ရောက်တော့မည်ဖြစ်သောကြောင့် ပီတိဖြစ်ရသည်မှာလည်း သဘာဝပင်ဖြစ်သည်။

ရှန့်နန် အဟက် မင်းမိသားစု ဒေဝါလီခံရတဲ့အခါ ငါ့ရှေ့မှာ မင်း မောက်မာနိုင်ဦးမလား ကြည့်ကြသေးတာပေါ့။

ရှန့်ကျွင်းအောင်​မြင်​စွာ ​တွေးလိုက်​သည်​။

မှန်သည်။ ရှန့်နန်က ဤအရာများအားလုံးကို လုံးလုံးလျားလျားမသိပေ။ သူမသည် အန်းယန် နှင့် ကွန်ပြူတာဂိမ်းများအကြာင်း ပျော်ရွှင်စွာ ဆွေးနွေးနေသည်။

ရှန့်နန်သည် ထိတ်လန့်ဖွယ်ဂိမ်းများကို အလွန်နှစ်သက်သူတစ်ဦးဖြစ်သည်။ ဤကိစ္စနှင့်စပ်လျှဥ်း၍ အမျိုးသမီးနှစ်ဦးသည် တူညီသောအရာတစ်ခုကို တွေ့ရှိခဲ့သည်။ ၎င်းတို့နှစ်ယောက် စကားပြောနေသည်ကို မြင်သောအခါ ရွှယ်အန်းက အနည်းငယ်ပြုံး၍ ကိတ်မုန့်များနှင့် ပျော်ပါးနေသော ရွှယ်ရှန်းနဲ့ နျန်နျန်ကို လှမ်းကြည့်လိုက်သည်။

"အရသာရှိလား"

ရွှယ်ရှန်းက အားတက်သရော ခေါင်းညိတ်လိုက်၏။

"တကယ်ကောင်းတယ်"

နျန်နျန်ကမူ ပြန်ဖြေရန် အလွန်အလုပ်များလျက်ရှိသည်။

သူမ၏ ပါးစပ်ကလေးသည် ဟမ်းစတားတစ်ကောင်ကဲ့သို့ ချိုချဥ်များဖြင့် ပြည့်နေသည်ကိုကြည့်ကာ ရွှယ်အန်း ရယ်လိုက်မိသည်။

ကောင်းပြီ ဒါဆို ရှန်းရှန်းနဲ့ နျန်နျန်တို့ကို ကျွေးပေးတဲ့ မုန့်အချိုတွေအတွက် ငွေပေးချေမှုအဖြစ် သဘောထားလိုက်ပါ။

ဒီတစ်ခါ… ငါမင်းကို ကူညီမယ်။

ရှေ့နောက်

အခန်း (၂၆၀) ပြိုင်ဘက်ကင်း သူငယ်ချင်း

တံခါးဖွင့်သံများ ပဲ့တင်ထွက်လာပြီးနောက် ဂျပန်နိုင်ငံမှ လူများ အမြန်အဆန်ရောက်လာကြသည်။ ရွှယ်အန်းသည် မျက်လုံးများကိုမှိတ်ထားလျက် ဧည့်ခန်းရှိ အရာအားလုံးကို နတ်အာရုံဖြင့်ကြည့်လိုက်သည်။

ဂျပန်နိုင်ငံမှ အမျိုးသားတစ်ဦး နှင့် အမျိုးသမီး အတွင်းရေးမှူးတစ်ဦး လိုက်ပါလာသည်ကို သူမြင်သည်။ ဤလူ၏အမူအရာသည် မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် မောက်မာပုံရ၍ ရှန့်ခန်နှင့် ခဏတာ လက်ဆွဲနှုတ်ဆက်ပြီးနောက် ဆိုဖာပေါ်တွင်ထိုင်ကာ ဂျပန်စကားများဖြင့် စကားပြောလာ၏။

ရှည်လျားစွာပြောပြီးသည့်နောက် ရှန့်ခန်နှင့် ရှန့်ကျွင်းတို့သည် မည်သည်ကို ဆိုလိုနေခြင်းဖြစ်ကြောင်း နားမလည်ကြသဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ ထိုစဥ်တွင် အမျိုးသမီးအတွင်းရေးမှူးက အင်္ဂလိပ်ဘာသာဖြင့် ပြောလာ၏။

“ဒါက ချွမ်ယဲ့လုပ်ငန်းစုဥက္ကဌရဲ့သားပါ။ ကျွန်မတို့ သခင်လေးမှာ ကုမ္ပဏီကို အကဲဖြတ်တဲ့ ပရော်ဖက်ရှင်နယ် စာရင်းကိုင် ကုမ္ပဏီမတွေရှိထားပြီး တန်ဖိုးဖြတ်လို့မရဘူး။ ဒါ့ထက် အခုက အဓိကပုဂ္ဂိုလ်ကို စော်ကားလိုက်တာဆိုတော့ ဒီကိစ္စကို ဖြေရှင်းဖို့ ငွေအမြောက်အမြား ကုန်ကျလိမ့်မယ်”

...

ထိုစကားကိုကြားသောအခါ ရှန့်ခန်၏မျက်နှာသည် သိသိသာသာရုပ်ဆိုးသွားသည်။

သို့သော် စီးပွားရေးလုပ်ငန်းတွင် ချီးမွမ်းမှု ကဲ့ရဲ့မှုများဟူသည် ရှိနေမြဲဖြစ်၍ သူ့စိတ်ထဲမှ ဒေါသမီးကို မြိုသိပ်ထားဆဲဖြစ်သည်။

“သခင်လေးချွမ်ယဲ့ခင်ဗျာ ကျုပ်တို့ ရှန့်မိသားစုက တည်ထောင်ခဲ့တဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားကုမ္ပဏီဟာ ဟောလိဝုဒ်မှာ အကြီးကျယ်ဆုံးမဟုတ်ပေမယ့် ဘယ်ဟာထက်မှ နိမ့်ကျမနေပါဘူး။ လုပ်ငန်းသုံး အခွင့်အရေးတွေမပါဘဲနဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ရပိုင်ခွင့်တွေနဲ့တင် အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီပြီး ရောင်းလို့ရပါတယ်”

သခင်လေးချွမ်ယဲ့၏ နှုတ်ခမ်းများကလှောင်ရိပ်များဖြင့် သိသိသာသာကွေးတက်သွားကာ နောက်ထပ်ရှည်လျားလှစွာသော ဂျပန်စကားများကို ပြောလိုက်သည်။

အတွင်းရေးမှူးအမျိုးသမီးက ပြော၏။

“ကျွန်မတို့ သခင်လေးက အဲ့အခွင့်အရေးတွေကို သိပ်စိတ်မဝင်စားဘူးလို့ ပြောပါတယ်။ ဒါပေမယ့် သူဒီကို ရောက်နေပြီဆိုတော့ စစ်မှန်တဲ့ကမ်းလှမ်းမှုမျိုးကို ကမ်းလှမ်းနိုင်ပါတယ်”

ဤသို့ပြော၍ အတွင်းရေးမှူးက သူမအိတ်ထဲရှိဖိုင်တွဲကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။

ရှန့်ခန်က ၎င်းတို့ကို ခေါ်သွားပြီးနောက် ချက်ချင်း မျက်နှာအမူအရာပြောင်းလဲသွားသည်။

ကမ်းလှမ်းထားသော စျေးနှုန်းသည် အမေရိကမှ ကုမ္ပဏီအနည်းငယ်ထက် အတန်ငယ် ပိုမိုမြင့်မားသော်လည်း ပုံမှန်အချိန်များတွင် ရောင်းချသည့် စျေးနှုန်းထက် များစွာနိမ့်ကျနေသေးသည်။

“ဒီ… ဒီ” ဤ ဆုပ်လည်းစူး စားလည်းရူးမည့်အခြေအနေမျိုးတွင် ရှန့်ခန်ပိတ်မိသွား၏။

အကယ်၍ သူမရောင်းချလျှင် မကြာမီ၌ အာဏာကြီးပုဂ္ဂိုလ်များက သတ်မှတ်ထားသည့် နောက်ဆုံးရက်သို့ ရောက်လာမည်ဖြစ်ကာ သူ၏ ငွေအားလုံး ဆုံးရှုံးရမည်သာမက သူ့မိသားစု၏ လုံခြုံရေးကိုလည်း အာမခံပေးနိုင်တော့မည်မဟုတ်ပေ။ သို့သော် ရောင်းလိုက်လျှင်လည်း ဆုံးရှုံးမှုက ကြီးမားလွန်းလှသည်။

နှဖူးပေါ်မှ ချွေးစေးများကျလာပြီး‌နောက် ရှန့်ခန်၏ မျက်နှာတစ်ခုလုံး ဖြူဖျော့လာသည်။ ထိုအချိန်တွင် ရှန်ကျွင်းသည် ဆိုဖာပေါ်တွင် ထိုင်နေသော ချွမ်ယဲ့နှင့် အကြည့်ချင်းဖလှယ်လိုက်၏။

“ဒီဈေးက အရမ်းနည်းနေသေးတယ်။ နည်းနည်းထပ်မြှင့်လို့ရမလား" ရှန့်ခန်၏ လေသံက အတန်ငယ် အက်ကွဲနေသည်။

ချွမ်ယဲ့ပြုံး၍ စကားပြောရန် သူ၏ အတွင်းရေးမှူးကို လက်ပြလိုက်သည်။

“လူကြီးမင်းရှန့် ရှင်သိထားသင့်တာက အခု ဒီစျေးပေးနိုင်တဲ့ တစ်ဦးတည်းသောသူက ကျွန်မတို့ရဲ့ သခင်လေး ချွမ်ယဲ့ပဲလေ။ အခု လက်မှတ်ထိုးလိုက်ပါ။ ရှင့်ဘဏ်အကောင့်ထဲကို ငွေချက်ချင်းရောက်လာပါလိမ့်မယ်။ ပြီးရင် ရှင့်မိသားစု ဟွာရှားမှာ ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်”

“ရှင်က ရှင့်အဖိုးတန်သမီးလေးကို ရေတိမ်မနစ်စေချင်လောက်ဘူးလို့ ကျွန်မယုံကြည်ပါတယ်”

ဤနောက်ဆုံးစကားကြောင့် ရှန့်ခန် လုံးလုံးလျားလျား ကြေကွဲသွားရသည်။

ခဏတာမျှ ငြိမ်ကျသွားပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ဘောပင်တစ်ချောင်းကို ကောက်ကိုင်လိုက်သည်။

"ကောင်းပြီ အခုလက်မှတ်ထိုးလိုက်မယ်"

ရှန်ကျွင်းသည် မျက်လုံးများထဲမှ ပျော်ရွှင်မှုကို ဖုံးကွယ်ရန် အလွန်ခဲယဥ်းလျက်ရှိသည်။ ရှန့်ခန်က လက်မှတ်ထိုးရန် ပြင်ဆင်နေသောအချိန်တွင် ရွှယ်အန်းမတ်တပ်ထရပ်၍ ဧည့်ခန်းမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ရုတ်​တရက်​ သူထွက်ပေါ်လာမှုသည် အခန်းထဲရှိ လူတိုင်းကို ထိတ်​လန့်​သွားစေသည်။ ရှန်ကျွင်းက မျက်မှောင်ကြုတ်လျက် တင်းမာစွာပြောသည်။

" ငါတို့ အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးနေတယ် ချက်ချင်းထွက်သွား"

အလိုအေလျာက်ပင် သူက ရွှယ်အန်းကို အမြင်မကြည်လှပေ။

“လူကြီးမင်းရှန့် ဒီလိုမျိုး လက်မှတ်ထိုးပေးလိုက်ရမှာ နှမျောဖို့ မကောင်းဘူးလား”

ထိုစကားများက လျှပ်စီးတစ်စင်းသဖွယ်ရိုက်ခတ်သွားသည်။

ရှန့်ကျွင်း၏ မျက်နှာက သိသိသာသာပြောင်းလဲသွားကာ ဒေါသတကြီးအော်လိုက်သည်။

"မင်းကို ငါထပ်ပြီးသတိပေးလိုက်မယ် အခုချက်ချင်းထွက်သွား။ ရှန့်မိသားစုရဲ့ အရေးကြီးကိစ္စတွေကို နှောက်ယှက်ရင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး”

ရှန့်ခန်သည် ရုတ်တရတ် မကျေမနပ်ဖြစ်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည် ။ သူ့အမြင်တွင် သမီးဖြစ်သူ၏ သူငယ်ချင်းက တစ်စုံတစ်ခုကို ကြား၍ နှောက်ယှက်ရန် အလျင်စလိုထွက်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူသည်လည်း အေးစက်စွာပြောလိုက်၏။

“လူကြီးမင်းရွှယ်… မင်းက နန်နန် ဖိတ်ကြားထားတဲ့ သူငယ်ချင်းတစ်ယောက်မို့ နည်းနည်းတော့ လေးစားပြနိုင်မယ်လို့မျှော်လင့်ပါတယ်”

သို့သော် ရွှယ်အန်းက တည်ငြိမ်စွာဖြင့် ချွမ်ယဲ့အုပ်စု၏ သခင်လေးထံသို့ လျှောက်လာသည်။ ဆိုဖာပေါ်တွင် မောက်မာစွာထိုင်နေသော ချွမ်ယဲ့က ဂျပန်စကားဖြင့် ကန့်လန့်ဖြတ်ပြောလိုက်သည်။

“ကျွန်မတို့ သခင်လေးက ပြောတယ်…” အမျိုးသမီး အတွင်းရေးမှုးက စကားပြန်ဆိုရန် ကြိုးစားလိုက်သည်။

ရွှယ်အန်းက သူ့လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်၏။

"မလိုပါဘူး၊ နားလည်ပါတယ်"

ထို့နောက် ရွှယ်အန်းသည် ခေါင်းငုံ့ကာ ချွမ်ယဲ့အမွေဆက်ခံသူကို ကြည့်၍ ဂျပန်စကားဖြင့် ကျွမ်းကျင်စွာ မေးခွန်းထုတ်လိုက်သည်။

“ချွမ်ယဲ့အဖွဲ့”

ချွမ်ယဲ့၏ အမွေဆက်ခံသူ၏ အမူအရာက တုန်လှုပ်သွားကာ အနည်းငယ်စိတ်ရှုပ်စွာဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။

“ကျုပ်ကို သိလား”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံး၍ ခေါင်းယမ်းလိုက်သည်။

မင်းကိုငါမသိပါဘူး။ ဒါပေမယ့် တိုကျိုက လူတော်တော်များများကိုတော့သိပါတယ်”

ချွမ်ယဲ့၏ အမွေဆက်ခံသူက မောက်မာစွာပြုံးလိုက်သည်။

“အိုး တိုကျိုကလူတွေ သိလား။ ခန့်မှန်းကြည့်ရအောင်၊ သူတို့က ဘော်ဒါဆောင်က အမျိုးသမီးတွေလား၊ အဖော်လား… ဘားတွေကနေ လာတဲ့ဆော်တွေလား”

“တကဲအုချီ ခီရိုခို…ကို သိလား”

တကဲအုချီ ခီရိုခို

ဤအမည်သည် မိုးခြိမ်းသံကဲ့သို့ဖြစ်ကာ ယခင်က မထီမဲ့မြင်ပြုနေသော ချွမ်ယဲ့အမွေဆက်ခံသူအား တဒင်္ဂမှိန်းသေသွားစေသည်။

"မင်း... မိန်းကလေး တကဲအုချီကို သိတာလား" ချွမ်ယဲ့ အမွေဆက်ခံသူက ထစ်အစွာပြော၏။

တကဲအုချီ ခီရိုခိုသည် ယခု တိုကျို၏ မှောင်ခိုလောက၏ အကြွင်းမဲ့အုပ်ချုပ်သူဖြစ်လာ၍ ချွမ်ယဲ့အမွေဆက်ခံသူက လက်လှမ်းမမီရုံသာမက သူမထံမှ စကားလုံးတစ်လုံးတည်းက တိုကျိုမြို့မှ စီးပွားရေးလုပ်ငန်းအားလုံးပေါင်းလိုက်ခြင်းနှင့် ညီမျှသည်ကိုသိသည်။

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

ချွမ်ယဲ့၏ အမွေဆက်ခံသူသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။

"အတိအကျပြောရရင် ငါက သူ့ဆရာပဲ"

‘ဆရာဟုတ်လား’

ဤစကားကို ကြားသောအခါ ချွမ်ယဲ့အမွေဆက်ခံသူက ဆိုဖာပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။ မည်သူမျှ ဟန်ဆောင်ဝံ့မည်မဟုတ်သောကြောင့် ဤစကား၏ မှန်ကန်မှုကို သူလုံးလုံးလျားလျားသံသယမရှိပေ။

ချွမ်ယဲ့၏ အမွေဆက်ခံသူသည် လျင်မြန်စွာ မတ်တတ်ထ၍ ဦးညွှတ်လိုက်သည်။

"မင်း... မင်းက ရွှယ်လူကြီးမင်း… ရွှယ်အန်းလား”

"အိုး ကျုပ်ကို သိတာလား" ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဤအခိုက်တွင် ချွမ်ယဲ့ အမွေဆက်ခံသူသည် ငိုချင်လာသကဲ့သို့ ခံစားလိုက်ရ၏။

တိုကျိုတွင် ဤနာမည်ကို မသိသောသူ မည်သူရှိလိမ့်မည်နည်း။

မှောင်ခိုဧကရီ၏ အရှင်သခင်၊ ဆန်းစို့ဂျီဘုရားကျောင်းအဖြစ်အပျက်ကို စတင်စေခဲ့သူ၊ တိုကျိုမျှော်စင်ကို ဓားတစ်ချက်တည်းဖြင့် ဖျက်ဆီးခဲ့သူ။

မကြာသေးမီက ရွှယ်အန်းသည် တိုကျိုတစ်ခွင်၌ ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်။

ရလဒ်အနေဖြင့် ဝန်ကြီးချုပ်နှင့် အခြားသူများက သူ့ကို ကန့်ကွက်နိုင်စွမ်းမရှိတော့ဘဲ ယဥ်ယဥ်ကျေးကျေး ပြန်လွှတ်လိုက်ရသည်။ ထို့ကြောင့် တိုကျို၏ လက်ရွေးစင်များနှင့် လုပ်ငန်းစုကြီးများ၏ အသိုင်းအဝိုင်းများတွင် ရွှယ်အန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော လူတစ်ဦးအဖြစ် လူသိများလာခဲ့သည်။ ထိုကဲ့သို့ ပြင်းထန်‌စွာ ခြိမ်းခြောက်နိုင်သောလူပေါ်လာသောအခါ ချွမ်ယဲ့၏အမွေဆက်ခံသူက ခါးကို လေးလေးနက်နက် ကိုင်းညွတ်လိုက်သည်။

“ဟုတ်ကဲ့ လူကြီးမင်းရဲ့ ထူးကဲတဲ့ လုပ်ရပ်တွေကို ကြားခဲ့ဖူးပါတယ်။ လူကြီးမင်းကို အပြင်မှာ တွေ့ခွင့်ရမယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဖူးပါဘူး”

"ငါ ဒီကို အလုပ်ကိစ္စတစ်ခုခုနဲ့ ရောက်လာတာပဲ။ မင်းရဲ့စကားပြောတာကို ကြားခဲ့ရလို့ ထွက်ခဲ့တာ။ ဒီ ရှန့်မိသားစုက ငါ့သူငယ်ချင်းရဲ့ မိသားစုပဲ”

“ဟုတ်ကဲ့ပါ”

ချွမ်ယဲ့၏ အမွေဆက်ခံသူသည် နဖူးနှင့်ကြမ်းပြင်ထိလုနီးပါး ပိုမိုနက်ရှိုင်းစွာဦးညွတ်လိုက်သည်။

“ရှန့်-စံက လူကြီးမင်းရဲ့ သူငယ်ချင်းဖြစ်နေမှန်း ကျွန်တော်မသိလိုက်ပါဘူး။ ကျွန်တော် သေထိုက်ပါတယ်။ ခွင့်လွှတ်ပေးပါ ဆရာ”

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“ထားလိုက်တော့ မင်းမှမသိတာပဲ ငါ စိတ်ထဲမထားပါဘူး”

ချွမ်ယဲ့ အမွေဆက်ခံသူ၏ နှလုံးသား ပေါ့ပါးသွား၏။

"ကျေးဇူးတင်ပါတယ်၊ သခင်၊ ကျေးဇူးတင်ပါတယ်"

ထိုမှသာ ရွှယ်အန်းကို ကြည့်ရန် ခေါင်းမော့လိုက်သည်။

“လူကြီးမင်း … ဒါဆို ကျွန်တော် အခု …”

ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“ထွက်သွားစမ်း”

အခန်း ( ၂၆၁) ထန်ဂိုဏ်း

ကြီးစွာသော လွတ်ငြိမ်းချမ်းသာခွင့်ကို ခံရသကဲ့သို့ ချွမ်ယဲ့၏ သခင်ငယ်သည် အပြင်သို့ ပြေးသွားကာ ပျော်ရွှင်လျက်ရှိသည်။ ထိုအချိန်တွင် ရှန့်ကျွင်းသည်လည်း မည်သို့ ဖြစ်သွားသည်ကို မသိပေ။ သူမြင်လိုက်သည်မှာ ရွှယ်အန်းက ဂျပန်ဘာသာစကားဖြင့် ချွမ်ယဲ့ကို စကားအနည်းငယ်ပြောလိုက်ခြင်းသာဖြစ်သည်။ ထို့နောက် သူတို့၏ဧကရာဇ်ကိုမြင်လိုက်ရသကဲ့သို့ ချွမ်ယီ၏သခင်ငယ်သည် ဦးညွတ်လျက် အဆက်မပြတ်အရိုအသေပေးကာ ထွက်သွားသည်။ ရှ့န်ကျွင်းက ရှေ့သို့ လှမ်းကာ မည်သို့ဖြစ်နေကြောင်း မေးရန် အဆင်သင့်ဖြစ်နေ၏။

သို့သော် ချွမ်ယဲ့၏သခင်ငယ်က သူ့ကိုမြင်၍ အံ့အားသင့်လျက် ဒေါသဖြစ်နေသည်။ ချွမ်ယဲ့၏မျက်လုံးများတွင် ရှန့်ကျွင်းအတွက်မဟုတ်ပါက ရှန့်မိသားစုဆီသို့ ဘယ်‌သောအခါမျှ လာလည်လိမ့်မည်မဟုတ်သည်ကိုတွေးမိကာ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးသူနှင့်လည်း ကြုံရမည်မဟုတ်ပေ။ ကံကောင်းစွာဖြင့် ဤအလွန်ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်သည် ယ‌နေ့စိတ်ကောင်းဝင်နေသောကြောင့်သာမဟုတ်လျှင် သူသေသွားမည်မှာကြာပေလိမ့်မည်။

...

ထိုချမ်းသာသော မိသားစုများနှင့် တိုကျိုရှိ ဓားသူတော်စင်များ အားလုံး သူ့လက်ထဲတွင် သေကုန်ကြသည်မဟုတ်သလော။ နှိုင်းယှဥ်ကြည့်လျှင် သူ၏ ချွမ်ယဲ့လုပ်ငန်းစုသည် လောက်တစ်ကောင်သာသာသာရှိသည်။ ထို့ကြောင့် ချွမ်ယဲ့အမွေဆက်ခံဿူက လက်ကိုမြှောက်၍ ရှန့်ကျွင်း၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“သေစမ်း”

ရှန့်ကျွင်းသည် ထိုရိုက်ချက်ကြောင့် ထိတ်လန့်ကာ ကြက်သေသေနေ၏။

ထို့နောက်တွင် ချွမ်ယဲ့၏ ဆက်ခံသူက ရွှယ်အန်းဘက်လှည့်ကာ ခေါင်းညိတ်ပြ၍ လျင်မြန်စွာထွက်သွားလိုက်သည်။

အခန်းတွင်းလေထုက အဆင်မပြေဖြစ်လာသည်။ ရှန့်ကျွင်းသည် နီမြန်းနေသော မျက်နှာတစ်ခြမ်းကို ပွတ်သပ်ကာ ဖျတ်ခနဲ စူးစိုက်ကြည့်လိုက်သည်။

ရှန့်ခန်လည်း အံ့ဩသွားသည်။ ဖြစ်ပျက်ခဲ့သမျှကို သူနားမလည်ပေ။ သူ့သမီး၏ ဤသူငယ်ချင်းသက စကားအနည်းငယ်ပြောရုံမျှသာပြောလိုက်ရာ အစပိုင်းတွင် ပြောင်ပြောင်တင်းတင်း မာန်တက်နေသော ချွမ်ယဲ့သခင်ငယ်သည် နတ်ဘုရားကိုမြင်လိုက်ရသည့်နှယ် ကြောက်လန့်တကြား ဖြူဖျော့သွားခဲ့သည်။

ဒီလူက ဘယ်သူလဲ..။

ရှန့်ခန်က ရွှန်းအန်းကို အံ့သြတ ကြည့်နေသည်။ ထိုအချိန်တွင် ဧည့်ခန်းထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြားလိုက်သဖြင့် ရှန့်နန်နှင့် အန်းယန်လည်း ထွက်လာသည်။

"ဖေဖေ၊ ဘာဖြစ်နေတာလဲ" ရှန့်နန် အံ့ဩစွာ မေးလိုက်သည်။

ရှန့်ခန် ပြန်မပြောခင် ရှန့်ကျွင်းက အေးစက်စွာ ဟစ်အော်လိုက်သည်။

"ဘာဖြစ်နေတာလဲ။ ဟား ကြီးမြတ်လှပါတယ်မမလေး မင်းမသိဘူးလား”

"ဘာသိရမှာလဲ" ရှန့်နန်က လုံးလုံးလျားလျား ထိတ်လန့်သွားသည်။

ရှန့်ခန်က မျက်မှောင်ကြုတ်၍ ဟန့်တားလိုက်သည်။

“ရှန့်ကျွင်း”

သို့သော် ရှန့်ကျွင်းက မထိန်းနိုင်ပေ။

“ဦးလေး ဒီကိစ္စကို ဖုံးကွယ်ထားလို့ မရဘူး။ သူ့ကိုပါ ပြောလိုက်ပါ”

ရှန့်ခန်၏အမူအရာပြောင်းသွားပြီးနောက် သူသည် သက်ပြင်းရှည်ကြီးချကာ ကုလားထိုင်ပေါ်သို့ လှဲချလျက် မျက်လုံးများကို မှိတ်လိုက်သည်။

"ဖေဖေ၊ ဘာဖြစ်တာလဲ" ရှန့်နန်၏အသံမှာ တုန်လှုပ်လာသည်။

ရှန့်ကျွင်းက လှောင်ရယ်၏။

“ဝမ်းကွဲ၊ ငါတို့ ရှန့်မိသားစုက အာဏာကြီးပုဂ္ဂိုလ်တစ်ယောက်ကို စော်ကားမိခဲ့တယ်။ အခု ကုမ္ပဏီက ဆိုးရွားတဲ့ အခြေအနေသို့ ရောက်ပြီး ဒေဝါလီခံခါနီးဖြစ်တော့မယ်”

ရှန့်ကျွင်း၏ စကားလုံးများက ဗုံးတစ်လုံးကဲ့သို့ ထွက်ပေါ်လာရာ ရှန့်နန်၏မျက်နှာသည်လည်း ပြာနှမ်းလာသည်။

"ဖေဖေ၊ ရှန့်ကျွင်းပြောတာ အမှန်လား"

ရှန့်ခန်က သက်ပြင်းတစ်ချက်ချ၍ ခေါင်းညိတ်လိုက်သည်။ ရှန့်နန်သည် ထိတ်လန့်တုန်လှုပ်စွာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေမြဲရပ်နေလျက် အံ့အားသင့်နေသော အမူအရာမျိုးလည်းရှိနေသည်။

ရှန့်ကျွင်းက ဆက်လက်၍ပြော၏။

“ဒီလိုအခြေအနေမျိုးမှာ ကုမ္ပဏီကို ဘယ်သူကမှ ဝယ်ဖို့ဆန္ဒမရှိဘူး၊ ဝယ်ချင်တယ်ဆိုရင်တောင် ကမ်းလှမ်းချက်တွေက အရမ်းနည်းတယ်။ အခက်အခဲတွေ အများကြီး ကြုံလာပြီးနောက်မှာ ဝယ်ယူဖို့ ဆွေးနွေးချင်တဲ့ ဂျပန်ကကုမ္ပဏီတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့်…”

ရှန့်ကျွင်းက ရွှယ်အန်းကို မကျေနပ်မှုအပြည့်ဖြင့် လက်ညှိုးထိုးပြလိုက်သည်။

"ဒီကောင်က ပေါ်လာပြီး သဘောတူညီချက်ကို လုံးဝဖျက်ဆီးပစ်လိုက်တာပဲ"

အခန်းက တိတ်ဆိတ်သွားသည်။ အတန်ကြာ ခေတ္တရပ်ပြီးနောက်၊ ရှန့်နန်သည် နောက်ဆုံးတွင် ခါးသက်စွာပြုံးလိုက်သည်။

"ငါထင်တယ်၊ အစ်ကိုရွှယ်မှာ ဒီလိုလုပ်ရတဲ့ အဓိပ္ပါယ်ကောင်းကောင်း ရှိလိမ့်မယ်"

"ရည်ရွယ်ချက်ကောင်းလား" ရှန့်ကျွင်းရယ်မောလိုက်သည်။

"ရည်ရွယ်ချက်ကောင်းဟုတ်လား။ ကုမ္ပဏီက ဒေဝါလီခံရတော့မှာ၊ ဒေဝါလီခံတာနဲ့ တန်ဖိုးမဲ့သွားလိမ့်မယ်။ သူ ဘာပြောလိုက်လဲငါမသိပေမယ့် သူ့မှာ ရည်ရွယ်ချက်ကောင်းကောင်းမရှိခဲ့ဘူးလို့ ငါထင်တယ်”

ရွှယ်အန်း၏အမူအရာမှာ တည်ငြိမ်နေလျက်ပင် မည်သည့်ခံစားချက်မျှမပြဘဲ ရှန့်နန်ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

ဤမိန်းကလေးက မည်သို့တုံ့ပြန်မည်ကို သူကြည့်ချင်နေ၏။

ရှန့်နန်၏အမူအရာပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင် သူမသည် ရှန့်ကျွင်းအား တင်းတင်းမာမာပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် သူက ငါ့သူငယ်ချင်းဖြစ်နေတုန်းပဲ၊ နင့်မှာ ဘာအထောက်အထားမှမရှိဘူး။ လူတွေကို ဘာဆဲဆိုခွင့်ရှိလို့လဲ”

"ငါက လူတွေကို ဆဲဆိုနေတာလား" ရှန့်ကျွင်းသည် စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားမိသော်လည်း ဟန်ဆောင်ကာတင်းမာစွာဖြင့် ပြန်ပြောနေ၏။

“ဘာကြောင့် လက်မှတ်ထိုးတာကို ရပ်လိုက်တာလဲ။ ဂျပန်ကလူတွေနဲ့ ဘာသဘောတူညီချက်ရထားလဲလို့ ပြောရမှာလား”

ထိုစကားကြောင့် ခေါင်းငိုက်စိုက်ကျနေသော ရှန့်ခန်သည် ရွှယ်အန်းအား တုန်လှုပ်ခြောက်ခြားသောအမူအရာဖြင့် မော့ကြည့်လိုက်သည်။

"မောင်ရင် ဘယ်အကြောင်းပြောနေတာလဲ" ရှန့်ခန်က မေးသည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"ဒါ ခင်ဗျား ချစ်တူလေးကို မေးသင့်တယ်”

ရှန့်ကျွင်း၏ မျက်နှာက ဖြူဖျော့သွားသော်လည်း ဝန်ခံရန် ငြင်းဆန်ဆဲဖြစ်သည်။

"ဦးလေး သူ့စကား နားမထောင်နဲ့။ ရှန်းမိသားစုကို ဘယ်လိုလုပ် သားက သစ္စာဖောက်နိုင်မှာလဲ"

“အခုအချိန်မှာ အဓိကအချက်ကတော့ ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို ဘယ်သူကမှ မဝယ်ချင်ဘူးဆိုရင် နောက်လာမယ့်အရာတွေကို ဘယ်လိုကျော်ဖြတ်မလဲ”

ဤသည်ကို ကြားသောအခါ ရှန့်ခန်၏ အမူအရာက မှိန်ဖျော့သွား၍ ပင်ပန်းစွာခေါင်းညိတ်လိုက်သည်။

“အဲ့တာကြောင့်ဆိုရင် အမေရိကကလူတွေကိုပဲ‌ရောင်းလိုက်တော့မယ်”

စကားပြောပြီးနောက် ရှန့်ခန်၏မျက်နှာသည် စိတ်ပျက်အားငယ်မှုအပြည့်နှင့် ညှိုးနွမ်းနေသည်။ ရှန့်နန်က ဤသည်ကို မြင်သောအခါ သမီးဖြစ်သူပီပီ အလွန်အမင်းခံစားနေရသည်။

ဝမ်းနည်းပူဆွေးမှုများဖြင့် အတူ မျက်ရည်များက ပါးပြင်ထက်ဆီမှ အလိုအလျောက်ကျလာသည်။ သူမ၏ အဖေ ဤမျှ စိတ်ပျက်အားငယ်နေသည်မျိုးကို တစ်ခါမျှမမြင်ခဲ့ဖူးပေ။ ရုတ်တရက် သူမကို လှည့်ကြည့်၍ တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။

“အစ်ကိုရွှယ်၊ ညီမတို့ ရှန့်မိသားစုကို အစ်ကို ကူညီပေးနိုင်မလား”

ဤသည်မှာ ရှန့်နန်၏ နောက်ဆုံးမျှော်လင့်ချက် အလင်းရောင်ဖြစ်သည်။ ရွှယ်အန်းသည် အံ့ဖွယ်နည်းဖြင့် တွန်းလှန်ခြင်းကို တစ်ချိန်က မြင်ဖူးသောကြောင့်၊ ရှန့်နန်၏ စိတ်ထဲတွင် ရွှယ်အန်းသည် အင်မော်တယ်စွမ်းအားရှင်တစ်ဦးကဲ့သို့ ဖြစ်နေသည်။

အစ်ကိုရွှယ်က အဖေ့ကို လက်မှတ်မထိုးဘဲ ရှန့်ကျွင်းတွင် အပြစ်ရှိသည်ဟု ပြောပါက၊ ရှန့်မိသားစုကို ကူညီရန် နည်းလမ်းရှိရမည်မှာ သေချာသည်။

ထိုစကားကိုကြားသောအခါ ရှန့်ကျွင်း၏ မျက်နှာမှ အထင်အမြင်သေးမှုများ လျှံထွက်လုနီးပါးဖြစ်လာ၏။

"သူ ဟား၊ ဝမ်းကွဲညီမ နုံအမနေနဲ့။ ဒီအချိန်မှာ ငါတို့ ရှန့်မိသားစုက ဘယ်သူကို စော်ကားခဲ့တာလဲ မင်းသိလား"

ရှန့်နန်က သူ့အဖေကို လှည့်ကြည့်လိုက်သည်။

"ဖေဖေ ရှန့်မိသားစုကို ဖျက်ဆီးဖို့ ဘယ်သူက ကြိုးစားနေတာလဲ။ ပြောပါ၊ အစ်ကိုရွှယ် မှာ အဖြေတစ်ခု ရှိကောင်းရှိနိုင်မယ်”

ရှန့်ခန်က ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်သည်။

"အသုံးမဝင်ပါဘူး၊ အဲဒီလူက သူ့ကို စော်ကားဖို့ တတ်နိုင်သူအမေရိကမှာ အများကြီး မရှိဘူး"

ဤသည်ကိုကြားသောအခါ ရှန့်နန်၏ နှလုံးသားများ အေးခဲသွားသော်လည်း သူမသည် နောက်ဆုံးသော မျှော်လင့်ချက်များကို ဆုပ်ကိုင်လျက် မေးလိုက်သည်။

“အတိအကျ ဘယ်သူလဲ”

ရှန့်ခန်သည် တခဏမျှ တုံ့ဆိုင်းသွားသည်။

"ဒါက ထန်ဂိုဏ်းပဲ"

ထန်ဂိုဏ်း

အမေရိကနိုင်ငံ၏ လူမှုဆက်ဆံရေးကို နားမလည်သော ရှန့်နန်သည် ဤစကားနှစ်ခွန်းကြောင့်ပင် ဖြူလျော့ဖျော့တော့သွားရသည်။

"ပြီးတော့ ထန်ဂိုဏ်းရဲ့ အကြီးအကဲက ဟန်ကျွင်းပဲ" ရှန့်ကျွင်းက ဆက်ပြော၍ ရွှယ်အန်းကို ဒေါသတကြီးကြည့်လိုက်သည်။

"ငါတကယ်မေးချင်တယ်၊ မင်းရဲ့ အစ်ကိုရွှယ်က သူ့ရဲ့ ဘယ်လိုကျယ်ပြန့်တဲ့အဆက်အသွယ်တွေနဲ့များ ထန်ဂိုဏ်းကို ရင်ဆိုင်မှာလဲ”

ရှန့်ကျွင်း၏ လေသံက သရော်မှုအပြည့်ပါနေသည်။

ရှန့်နန်ကမူ ခေါင်းငုံ့ကာ ငြိမ်နေလိုက်သည်။ ရှန့်ကျွင်းပြော​နေသည်မှာ အမှန်​ဖြစ်​ကြောင်း သူမသိသည်​။ အမေရိကနိုင်ငံတွင် ထန်ဂိုဏ်း၏ စွမ်းအားသည် ကြီးမားသည်။ ရှန့်မိသားစုအပါအဝင် ရှေးကျသော မိသားစုများပင် နှိုးဆွရန် တတ်နိုင်သည့် အရာမဟုတ်ပေ။

“လူကြီးမင်းရွှယ် မင်းငါ့ကို စာချုပ်မချုပ်ဆိုဖို့ ဘာကြောင့် တားခဲ့တာလဲ ငါမသိပေမယ့် မင်းက ငါ့သမီးရဲ့ သူငယ်ချင်းပဲ။ ယခု ရှန့်မိသားစု ဒုက္ခရောက်နေပြီ၊ မင်းအတွက် အဆင်ပြေရင် ကျေးဇူးပြုပြီး ငါတို့ကို ထားခဲ့လိုက်ပါ။ ငါအရမ်းတောင်းပန်ပါတယ်" ရှန့်ခန်က ရှုံးနိမ့်သောအသံဖြင့်ပြောသည်။

အခန်းတွင်းရှိ လေထုသည် တင်းမာတင်းမာနေသော်လည်း ထိုအချိန်တွင်ပင် ရွှယ်အန်းသည် ခေါင်းကိုမော့ကာ အနည်းငယ် ပြုံးလိုက်သည်။

"ထန်ဂိုဏ်း ကောင်းပြီ၊ ငါသူတို့နဲ့ စာရင်းရှင်းစရာရှိတယ်”

All Chapters