← Chapters

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း( ၂၆၂) သူ့ကို လာတောင်းပန်ဖို့ ၂ နာရီ ပေးတယ်

ဤသည်ကိုကြားသောအခါ ရှန့်ကျွင်းက ခဏတာထိတ်လန့်နေပြီးမှ လှောင်ရယ်လိုက်သည်။

"ဒါက တကယ်ရယ်စရာကောင်းတယ်၊ မင်းက ထန်ဂိုဏ်းနဲ့စာရင်းရှင်းချင်နေတာလား။ သူတို့တွေက ဘယ်လိုလူမျိုးလဲ သိလား။ အမေရိကက ဒေသခံဂိုဏ်းတွေတောင် သူတို့နဲ့ မရှုပ်ရဲဘူး မင်းကိုယ်မင်းဘယ်သူလို့ ထင်နေတာလဲ”

မထီမဲ့မြင်ပြုသော စကားများ ထွက်ပေါ်လာသည်။ ရွှယ်အန်းသည် အနည်းငယ် မျက်ခုံးပင့်ကာ ရှန့်ကျွင်းကိုဘာသိဘာသာကြည့်လိုက်သည်။ သူ့ကိုကိုင်တွယ်ရန် အလွန်ပျင်းသော်လည်း၊ ဒေါသကို ထပ်ခါထပ်ခါ ထပ်ခါထပ်ခါ လာဆွပါက၊ ရွှယ်အန်းသည် ပုရွက်ဆိတ်တစ်ကောင်ကို သုတ်သင်ရန် ချိန်ရွယ်နေမည်မဟုတ်ပေ။

ဆက်ပြောရန် ရည်ရွယ်ထားသည့် ရှန့်ကျွင်းသည် ထိုမျက်လုံးများကို စိုက်ကြည့်လျက် တင်းမာလာသည်။ ထိုမျက်လုံးများက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

...

ရွှယ်အန်းက ထန်ဂိုဏ်း၌ မည်သို့သောသူမျိုးရှိသည်ကို သိသည်။ ရှန့်မိသားစုက စော်ကားခဲ့သည်ဟုဆိုသော ထန်ဂိုဏ်းအကြီးအကဲ ဟန်ကျွင်းကပင်လျှင် သူ့ကို ရှင်းရှင်းလင်းလင်း သိသည်။

ကောင်းကင်ကို ညွှန်ပြသူ အကြီးအကဲ ယွီလင်သည် အမေရိကနိုင်ငံ ထန်ဂိုဏ်းမှဖြစ်သည်။ ရွှယ်အန်း၏ လက်ချက်တစ်ချက်ဖြင့် အသတ်ခံရပြီးနောက်၊ ဤဟန်ကျွင်းသည် သူ့ကို လက်စားချေရန် မဝံ့ရဲခဲ့သော်လည်း လင်နန်၏ ယွီမိသားစုထံသို့ သတင်းပေါက်ကြားခဲ့သည်။

ရွှယ်အန်းသည် ဤအရာအားလုံးကို ကောင်းကောင်းသိသည်။ ထို့ကြောင့် ထန်ဂိုဏ်းနှင့် စားရင်းရှင်းရန်ကိစ္စရှိသည်ဟုပြောခြင်းဖြစ်ရာ ရှန့်ခန်သည် ယခုအခိုက်အတန့်တွင် မယုံကြည်နိုင်မှုအပြည့်ဖြင့် ရှိနေ၏။

ရွှယ်အန်းသည် ဟွာရှားမှ အမေရိကသို့ ရောက်ရှိလာသူ တစ်ဦးသာဖြစ်ကာ တန်ဂိုဏ်းအတွက် မည်သို့ဖြစ်နိုင်မည်နည်း။ သူအထင်မှားနေခြင်းဖြစ်ပေလိမ့်မည်။ ရှန်မိသားစုဝင်များသည် မယုံကြည်မှုများ၊ သံသယများဖြင့် ပြည့်နှက်စွာကြည့်နေကြသည်။

ဗီလာအပြင်ဘက်တွင် အနက်ရောင်လုပ်ငန်းသုံးယာဉ်အများအပြား မောင်းနှင်လာပြီးနောက် ထွားကြိုင်းသော တရုတ်အမျိုးသားအချို့သည် ဦးစွာထွက်ခဲ့ကြသည်။ တစ်စုံတစ်ယောက်က ကားတံခါးကိုဖွင့်လိုက်ကာ အံကြိတ်ထားသော မျက်နှာထားနှင့် တည်ဆောက်ထားသော လူတစ်ယောက်သည် ကားထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ရှန့်မိသားစုအိမ်ရာကို ပထမဆုံး ကြည့်လိုက်ပြီးနောက် အေးစက်သော ရယ်မောသံတိုးတိုးထွက်ပေါ်လာကာ သူနှုတ်ခမ်းထောင့်ဖျား၌ အပြုံးတစ်ခုပေါ်လာသည်။

ဗီလာတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ဤလူအုပ်စုသည် မောက်မာသောမျက်နှာဖြင့် ဝင်လာကြသည်။ ဤလူများကို မြင်သောအခါ ရှန့်ခန်က တုန်လှုပ်ခြောက်ခြားလျက် ဖျော့တော့စွာဖြင့် အမြန်မတ်တပ်ထရပ်လိုက်သည်။

"ဆရာကြီးကျိုး ဒီကို‌ရောက်လာတယ်…”

ဤလူကို မျက်နှာမူကာ ရှန့်ခန်၏ အမူအရာသည် အလွန်လေးစားနေသည့်ပုံပေါ်၏။ ဤလူက မောက်မာစွာ ခေါင်းညိတ်လိုက်သည်။

“မိန်းကလေးရှန့် ကျုပ်သခင်က မင်း သေချာစဥ်းစားပြီးပြီလားမေးဖို့ လွှတ်လိုက်တာပဲ။ မြန်မြန်ပြန်မဖြေရင် မယဥ်ကျေးတဲ့အတွက် ကျုပ်ကို အပြစ်မတင်နဲ့”

ကျိုးလင် ဟုခေါ်သော ဤဆရာငယ်ကျိုးလင် သည် ထန်ဂိုဏ်း၏ အနီရောင်ဓားဟု လူသိများကြ၍ ဟန်ကျွင်း၏ အတွင်းစည်းတပည့်လည်း ဖြစ်ကာ မောက်မာစွာ ပြုမူလေ့ရှိသည်။

ယနေ့ သူ ကိုယ်တိုင်ရောက်လာခြင်းကိုကြည့်လျှင် ဤကိစ္စကို ဖြေရှင်းရန် လွယ်ကူမည် မဟုတ်ပေ။

ကျိုးလင်သည် အခန်းကို စူးစမ်းကြည့်၍ ရှန့်နန်ကိုတွေ့သောအခါ မျက်လုံးများ တောက်ပလာသည်။

“ရှန့်သခင်ကြီး ခင်ဗျားရဲ့ သမီးလေးက တော်တော်လှတာပဲ"

ဤသည်ကိုကြားသောအခါ ရှန့်ခန်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။

"ဆရာကြီးကျိုး ကျုပ်သမီးကတက္ကသိုလ်တက်နေတုန်းပါ”

"ဒါကိုကျုပ်မြင်ပါတယ်၊ ဒါပေမယ့် လူကြီးမင်းရှန့်၊ ဒီတစ်ခါ ခင်ဗျားကျုပ်ကို ကျေနပ်အောင်မလုပ်ပေးနိုင်ရင် .... ခင်ဗျားရဲ့သမီးက အရက်သောက်ပြီး ယောက်ျားတွေနဲ့ လိုက်ဖို့ ပြောလို့မရတဲ့ နေရာတချို့မှာ ဘဝဆုံးသွားနိုင်တယ်။ ကျုပ်ဆိုလိုတာကို ခင်ဗျားနားလည်လား"

ကျိုးလင်၏ မာနကြီးသောလေသံသည် ရှန့်ခန်၏မျက်နှာကို ဖြူဖပ်ဖြူရော်ဖြစ်စေ၍ ရှန့်နန်သည်လည်း မည်သို့တုံ့ပြန်ရမည်ကို မသိဘဲ ထိတ်လန့်တကြားဖြစ်သွားသည်။ ထိုအချိန်တွင် ဆိုဖာပေါ်တွင်ထိုင်နေသော ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

“ဒါမင်းတို့ ထန်ဂိုဏ်းရဲ့ ကျင့်ကြံမှုဆိုတာလား”

ဤသည်ကိုကြားသောအခါ ကျိုးလင်က ရုတ်တရက် လှည့်ကြည့်၍ ရွှယ်အန်းကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်ကြည့်လိုက်သည်။

“မင်းက ဘယ်သူလဲ။ ထန်ဂိုဏ်းရဲ့ ကိစ္စတွေကို ရှောင်နေဖို့ မင်းမသိဘူးလား၊ ဘေးလူတွေ နောက်ဆုတ်နေတာမမြင်ဘူးလား”

"ငါက ဘယ်သူလဲဟုတ်လား။ မင်းသိဖို့ အရည်အချင်းမမီသေးဘူး"

ကျိုးလင်က အလွန်အမင်း ဒေါသတကြီး ရယ်မောလိုက်သည်။

“ကောင်းပြီ၊ မင်းငါ့ကို စိတ်ဆိုးအောင်လုပ်တာ ဒီနေ့ မင်းကို အပိုင်းပိုင်းဖြတ်မယ်"

ဤသို့ဖြင့် ကျိုးလင်သည် တောင်ပေါ်မှဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ ခုန်ပေါက်လာသည်။

ကျိုးလင်သည် ဟွာရှား၏ ရှေးကျသော သိုင်းပညာ ပြင်းထန်သော ကျားဆယ့်သုံးပုံစံကို လေ့ကျင့်ခဲ့သည်။ ထို့အပြင် သူ၏ ကျွမ်းကျင်မှုအဆင့်သည် အလွန်ကောင်းမွန်သဖြင့် လှုပ်ရှားမှုတိုင်းသည် အမှန်စင်စစ် စွမ်းအားကြီး ကျားတစ်ကောင်နှင့်တူသည်။

ရှန့်ကျွင်းသည် ကျေနပ်မှုအရိပ်အယောင်အပြည့်ဖြင့် ဘေးမှကြည့်နေသည်။

ကဲ ဘယ်လို ဆက်ပြီး ဟန်ဆောင်နေမလဲ ကြည့်ရအောင်

သို့သော် ဤအတွေးက သူ့စိတ်ထဲ နစ်မွန်းသွားသည်။

ရွှယ်အန်းက ခေါင်းမော့ပြီးမျက်ခုံးများအနည်းငယ်ကျုံ့ကာ အော်လိုက်ရာ အလင်းတန်းတစ်ခု ထွက်လာသည်။

"သွားစမ်း"

ဤ "သွားစမ်း" ဟူသော စကားလုံးသည် လေးလံသော တူနှင့် တူကာ ကျိုးလင်၏ ရင်ဘတ်သို့ တိုက်ရိုက်ထိမှန်သွားရာ အရှိန်ပြင်းစွာဖြင့် လွင့်ထွက်သွားသဖြင့် နံရံနှင့် တိုက်မိသောအခါမှသာ ရပ်တန့်၍ ပြုတ်ကျသွားသည်။

ထို့နောက် ကျိုးလင်း၏ ပါးစပ်ထဲမှ လတ်ဆတ်သော သွေးတစ်ပွက်အန်ထွက်လာသည်။ ဤအချိန်တွင် ရှန့်ကျွင်း၊ ရှန့်ခန်နှင့် အခြားသူများ အားလုံး အံသြသွားကာ သူတို့၏မျက်လုံးများကို မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။ ကျော်ကြားသော ထန်ဂိုဏ်း၏ အနီရောင်ဓားသည်လည်း “သွားစမ်း”ဟူသော အမိန့်တစ်ခုတည်းကိုပင် လုံးလုံးလျားလျား သည်းမခံနိုင်တော့ပေ။

ထိုအချိန်တွင် ကျိုးလင်၏ မျက်နှာက ဖြူဖျော့လျက်ရှိသည်။ ရွှယ်အန်းကို ကြည့်နေရင်းဖြင့် သူ၏ မျက်လုံးများက ထိတ်လန့်မှုများဖြင့် တဖျပ်ဖျပ်လတ်နေသည်။ သူ ကြုံလိုက်ရသော ကြောက်ရွံ့မှုကို မည်သူထက်မဆိုပိုသိသည်။ အန္တရာယ်ကင်း၍ နူးညံ့သိမ်မွေ့သောအသွင်အပြင်ရှိသော ဤလူသည် စက္ကန့်ပိုင်းအတွင်း ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ဖြင့် တွန်းလှန်နိုင်သော ထရိုင်နိုစောတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"မင်း... မင်းဘယ်သူလဲ၊ အတိအကျ" ကျိုးလင်၏ မာနထောင်လွှားသော အမူအရာသည် အနည်းငယ် လျော့ပါးသွားသော်လည်း ရွှယ်အန်းကို စူးစိုက်စိုက်ကြည့်လျက် မေးနေသေးသည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"မင်း ပြန်သွားပြီး ကောင်းကင်ညွှန်ပြသူအကြီးအကဲကိစ္စ သူနဲ့ ပြေလည်အောင် စာရင်းမရှင်းရသေးဘူးလို့ မင်းသခင်ကို ပြောလိုက်ပါ။ ပြီးတော့ ငါ သူ့ကို လာတောင်းပန်ဖို့ နှစ်နာရီ အချိန်ပေးတယ်၊ ဒါမှမဟုတ်ရင် မင်းရဲ့ ထန်ဂိုဏ်းကို ငါ ရှင်းပစ်မယ်"

ကျိုးလင်၏မျက်နှာသည် ဖြူဖျော့သွားသော်လည်း သူက ခေါင်းညိတ်လိုက်သည်။

“ဟုတ် ဟုတ် ‌စောင့်ပေးပါ”

ထိုစကားကို ပြောပြီးနောက် သူထ၍ ရှန့်ခန်ကို လေးလေးနက်နက်ကြည့်ကာ ထိတ်လန့်စွာ ပြေးသွားခဲ့သည်။ ရှန်းမိသားစုအဖွဲ့ဝင်များသာ အခန်းထဲတွင် ကျန်ခဲ့ကာ တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။ ရှန့်ခန်၏ နှလုံးသားထဲတွင် မျှော်လင့်ချက် အလင်းတန်းများ ရုတ်တရက် ပေါ်လာသည်။

ဖြစ်နိုင်ပါ့မလား... သူ ငါတို့ ရှန့်မိသားစုကို တကယ်ကယ်နိုင်ပါ့မလား။

ရှန့်နန်အသက်ပြင်းပြင်းရှူ၍ ဤကိစ္စကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ရွှယ်အန်းအပေါ်တွင် နားမလည်နိုင်သော ယုံကြည်မှုတစ်ခုရှိသည်။ ဤလူကို ရှုံးနိမ့်စေနိုင်သောအရာ ကမ္ဘာပေါ်တွင် တစ်ခုမျှမရှိဟု သူမ ခံစားမိသည်။

ထိုအချိန်တွင် ရှန့်ကျွင်းသည် ရှန့်ခန်ထံ တိတ်တဆိတ် ချဉ်းကပ်လာသည်။

"ဦးလေး၊ ဒီကောင်က ထန်ဂိုဏ်းရဲ့ အနီရောင်ဓားကိုတောင် စော်ကားခဲ့တာ။ ကျွန်တော်တို့ စောစောစီးစီး အစီအစဥ်တွေ လုပ်သင့်တယ်၊ မဟုတ်ရင် ကျွန်တ်ောတို့လည်း ငြိသွားနိုင်တယ်”

ရှန့်ခန်သည် ထိုစကားကြောင့် တွန့်ဆုတ်သွားပြန်သည်။

ရှန့်နန်က ဒေါသတကြီဖြင့် ဝင်ပြော၏။

“ရှန့်ကျွင်း နင်က ဒီမှာ ပြဿနာရှာနေတာပဲ။ နင့်ရည်ရွယ်ချက်က ဘာလဲ။ ငါတို့ ရှန့်မိသားစုပြုတ်ကျရင်တောင် နင့်အတွက် အကျိုးရှိမှာလား”

ရှန့်ကျွင်း၏ မျက်နှာက နီရဲလာပြီးနောက် ဖြူဖျော့သွားကာ ထောင့်တစ်နေရာသို့ မျက်နှာလွှဲလိုက်သည်။

ဤလူသည် အမှန်တကယ်ပင် ထန်ဂိုဏ်းအကြီးအကဲတစ်ဦးအား ကိုယ်တိုင်လာရောက်တောင်းပန်ခိုင်းခဲ့သည်။

'သေခြင်း' ဟူသော စကားလုံးကို မည်သို့ရေးထားသည်ကို သူတကယ်မသိခြင်းဖြစ်ပေလိမ့်မည်။

နာရီဝက်။

တစ်နာရီ…

တစ်နာရီခွဲ…

အပြင်ဘက်တွင် လှုပ်ရှားမှု အရိပ်အယောင်မရှိဘဲ တိတ်ဆိတ်နေခဲ့သည်။

ရှန့်ခန်၏ မျက်နှာသည် ပို၍ ဖြူဖျော့လာသည်။ ထိုအချိန်တွင် ရှန့်ကျွင်းသည် ဤကိစ္စကို သူမည်သို့ ဖြေရှင်းမည်ကို စိတ်ဝင်တစားဖြင့် တွေးလျက် ဆိုးယုတ်စွာပြုံးနေသည်။

ရွှယ်အန်းတစ်ယောက်သာ တည်ငြိမ်သောအမူအရာဖြင့် ထိုင်နေကာ အနည်းငယ်စိတ်မပူရဟု ထင်ရသည်။

နောက်ထပ် မိနစ်နှစ်ဆယ်ကျော်ကြာသွားသောအခါ ရှန့်ခန်က မထိန်းနိုင်တော့သဖြင့် စကားပြောတော့မည့်ဆဲဆဲတွင် ရုတ်တရက် အပြင်ဘက်မှ အုတ်အော်သောင်းတင်းဖြစ်သံထွက်ပေါ်လာသည်။

ရှန့်ကျွင်းသည် ပြတင်းပေါက်ဆီသို့ ချက်ချင်း ခုန်ဆင်းသွားသည်။

ထန်ဂိုဏ်းတပည့်များစွာနှင့်အတူ အနက်ရောင်စီးပွားရေးကား ဒါဇင်များစွာ ရောက်ရှိလာသည်ကို သူမြင်လိုက်ရသည်။

ခေတ်ဟောင်းကားများထဲမှ ဆံပင်ဖြူ အဘိုးကြီးတစ်ယောက် ထွက်လာသည်။ ရှန့်ခန်လည်း ပြတင်းပေါက်သို့ ရောက်လာကာ အဘိုးအိုကို တွေ့လိုက်သောအခါတွင် သူ့မျက်နှာသည်လည်း ခပ်ဖျော့ဖျော့ဖြစ်သွားသည်။

"ဒါက ထန်ဂိုဏ်းက ဟန်ကျွင်း"

ဤအင်အားပြမှုက အခန်းတွင်းရှိလူတိုင်းကို ထိတ်လန့်စေခဲ့သည်။ ထို့နောက် ထန်ဂိုဏ်းအကြီးအကဲသည် ရှန့်အိမ်ရာသို့ တည့်တည့်လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ရှန့်ခန်သည် ကြောက်ရွံ့မှုအပြည့်ဖြင့် နံရံဘေးတွင် ရပ်နေကာ မည်သို့တောင်းပန်ရမည်ကိုမသိတော့ပေ။

သို့သော် ဟန်ကျွင်းသည် ဘယ်ညာမကြည့်ဘဲ ရွှယ်အန်းဆီသို့ တိုက်ရိုက်လျှောက်သွားကာ ရပ်တန့်သွားသည်။

ရှန့်ကျွင်းကမူ ရွှယ်အန်း ကိုင်တွယ်ခြင်းခံရတော့မည်ဟုထင်ကာ တိတ်တဆိတ် ကျေနပ်လျက် စောင့်ဆိုင်းနေ၏။

သို့သော် ဟန်ကျွင်းက ခါးကို လေးလေးလေးနက်နက်ကိုင်း၍ ပြောလိုက်၏။

“ကျွန်တော် ရောက်ပါပြီ.. .လူကြီးမင်းရွှယ်”

အခန်း (၂၆၃) ဖြစ်ချိန်တန်ရင် ဖြစ်မှာပဲ

ဤသည်ကို မြင်လိုက်ရသောအခါ ရှန့်ကျွင်း၏ ပါးစပ်သည် ဘဲဥနှစ်လုံး ထည့်၍ ရနိုင်သည်အထိ ကျယ်လျက် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ရှန့်ခန်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားလျက် မျက်နှာသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ဟန်ကျွင်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ၎င်းတို့အားလုံးသိကြသည်။ ထိုစဥ်က အသေးအမွှားကိစ္စကြောင့် ထန်ဂိုဏ်းကို စော်ကားမိခဲ့ကာ ရလဒ်အနေဖြင့် ဟန်ကျွင်း၏ စကားတစ်ခွန်းတည်းကြောင့် သူ့ကုမ္ပဏီ ပြိုလဲလုနီးပါးဖြစ်သွားခဲ့ရသည်။ ယင်းက ဟန်ကျွင်းပိုင်ဆိုင်ထားသည့် ကြီးမားသော စွမ်းအားကို ရောင်ပြန်ဟပ်နေ၏။

ယခုမူကား မရေမတွက်နိုင်ဖွယ်များပြားသော လူများ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ထိန်းချုပ်ထားသော ဤပုဂ္ဂိုလ်သည် ရွှယ်အန်းကို အမှားလုပ်မိသော ကလေးကဲ့သို့ ဦးညွတ်တောင်းပန်လျက် အစွမ်းကုန်လေးစားပြနေသည်။

...

အခန်းတွင်းနှင့် အပြင်ဘက်တွင် အလွန် အမင်းတိတ်ဆိတ်သွားသည်။ ရွှယ်အန်း၏ အမူအရာက တည်ငြိမ်နေမြဲတည်ငြိမ်နေလျက် အရာအားလုံးကို လျစ်လျူရှု့ထားသည်။ ရွှယ်အန်းက စကားတစ်ခွန်းမျှမပြောရသေးသော်လည်း ဟန်ကျွင်းက ခေါင်းကိုပင် မဖော်ဝံ့ဘဲ ခါးကို ကိုင်းမြဲကိုင်းထားသည်။

ဤအခိုက်အတန့်တွင် ဟန်ကျွင်း၏ နှလုံးသားထဲ၌ ကြောက်ရွံ့မှုများနှင့် နောင်တတရားများ ပြည့်နှက်နေသည်။

လွန်ခဲ့သော နှစ်နာရီခန့်။

ဟန်ကျွင်းသည် ထန်ဂိုဏ်းဌာနချုပ်၌ အေးဆေးစွာထိုင်နေသည်။ ဟောလိဝုဒ်ရုပ်ရှင်လုပ်ငန်း၏ အမြတ်အစွန်းများကို ကာလအတန်ကြာ လိုချင်တောင့်တခဲ့သော်လည်း ကံမကောင်းစွာဖြင့် နိုင်ငံတကာမှ ကုမ္ပဏီကြီးများက အမေရိကနိုင်ငံ၏ ပြည်တွင်း ရုပ်ရှင်ကုမ္ပဏီများနောက်၌သာကြိုးကိုင်ခြင်းခံခဲ့ရကာ ထိုအဆင့်အထိ မရောက်နိုင်ခဲ့ပေ။

ထို့ကြောင့် ထိုလောကထဲသို့ဝင်ရန်နည်းလမ်းကို သူမည်သည့်အခါကမျှ ရှာမတွေ့ခဲ့ပေ။ နောက်ပိုင်းတွင် ရှန့်ခန်က အသေးအမွှားကိစ္စတစ်ခုလုပ်၍ သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်။ ထိုအတွေးဖြင့် ရှန့်မိသားစု၏ ရုပ်ရှင်ကုမ္ပဏီက အလွန်ကြီးမားသည်မဟုတ်သော်လည်း ၎င်းသည် ကောင်းမွန်စွာလည်ပတ်နေသဖြင့် နှစ်စဥ်ပုံမှန် များပြားသော အမြတ်အစွန်းများရနိုင်သည်။

ထို့ကြော်င့ ဟန်ကျွင်းက ရှန့်ခန်၏ ကုမ္ပဏီကို ထန်ဂိုဏ်းသို့ ရောင်းချရန် အကြောင်း ပြချက်ရှာခဲ့သည်။

မနက်ဖြန်သည် နောက်ဆုံးနေ့ဖြစ်သည်။ ကျိုးလင်ကို နောက်ဆုံးသော ဖိအားအဖြစ်အသုံးချရန် စေလွှတ်လိုက်ခြင်းဖြစ်သည်။ ဟန်ကျွင်း၏ မျက်လုံးများထဲတွင် ဤအရာသည် သာမန် နိစ္စဓူဝကိစ္စသာဖြစ်သည်။ သို့သော် တစ်နာရီကျော်စောင့်ပြီးနောက် ကျိုးလင်ပြန်ရောက်လာ၍ မျက်နှာပျက်သွားသည်။

ကျိုးလင်၏ အမူအရာကို မြင်သောအခါ ဟန်ကျွင်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာဖြစ်တာလဲ"

“ကျုပ်အရိုက်ခံလိုက်ရတယ်” ကျိုးလင်က ပြော၏။

"အိုး"

ဟန်ကျွင်း၏ မျက်ခုံးများပင့်တက်သွားကာ မျက်နှာထက်တွင် သတ်ဖြတ်လိုစိတ်များပြည့်နှက်လာသည်။

တန်ဂိုဏ်းဝင်တစ်ယောက်ယောက်ကို တိုက်ခိုက်ဖို့ သတ္တိရှိလား။

"ရှန့်မိသားစုက ငှားထားတဲ့သိုင်းသမားလား" ဟန်ကျွင်းက အေးအေးဆေးဆေး မေးသည်။

ကျိုးလင်က သူ့ခေါင်းကို ခါလိုက်၏။

"ငါတော့ မသိဘူး၊ ဒါပေမယ့် ဒီကောင်က တော်တော် ကြောက်စရာကောင်းပြီး မာနကြီးတာပဲ"

“သူက ကျွန်တော့်ကို ဒဏ်ရာရအောင်လုပ်ပြီး သူ့နာမည်ကို မေးတော့ ကျွန်တော်သိဖို့ မတန်ဘူးလို့ပြောတယ်။ နောက်ပြီး…”

“နောက်ပြီး ဘာလဲ”

ကျိုးလင်က အံကြိတ်၍ပြောလိုက်သည်။

"ဆရာလာတောင်းပန်ဖို့ နှစ်နာရီပေးမယ်လို့ပြောတယ်”

ဤသည်ကိုကြားသောအခါ ဟန်ကျွင်း၏ မျက်နှာထက်၌ ဒေါသအငွေ့အသက်များ ပေါ်လာသည်။

"ဘယ်လောက်တောင် သတ္တိရှိနေတာလဲ”

ကျိုးလင်သည် အတွင်းိစတ်ထဲတွင် တိတ်တဆိတ်ကျေနပ်လျက်ရှိသည်။ သူ၏ ဆရာကသာ ကိုင်တွယ်ခဲ့လျှင် ထိုသူက မည်မျှပင် စွမ်းအားကြီးသည်ဖြစ်စေ အားလုံး ပြီးသွားရပေလိမ့်မည်။

“သူ တခြားဘာပြောသေးလဲ” ဟန်ကျွင်းက သူ၏လက်ဖက်ရည်ခွက်ကို ကောက်ယူ၍ ဖြည်းညှင်းစွာ တစ်ငုံသောက်လိုက်သည်။

“ကောင်းကင်ညွှန်ပြသူအကြီးအကဲနဲ့ကိစ္စကို ဆရာနဲ့ စားရင်းမရှင်းရသေးဘူးလို့ပြောလိုက်တယ်” ကျိုးလင်က ပြော၏။

ဤသည်ကိုကြားသောအခါ လက်ဖက်ရည်‌သောက်ပြီးကာစ ဟန်ကျွင်းသည် အလွန်တုန်လှုပ်လျက် ပါးစပ်ထဲမှ လက်ဖက်ရည်များပြန်ထွေးထုတ်လိုက်မိသည်။

“မင်းဘာပြောလိုက်တာလဲ” ဟန်ကျွင်း၏ မျက်နှာက အလွန်ညှိုးနွမ်းသွားသည်။

“သူက… ကောင်းကင်ညွှန်ပြသူအကြီးအကဲဟောင်းနဲ့ စာရင်းမရှင်းရသေးဘူးလို့ပြောပါတယ်။ ဆရာသွားပြီး တောင်းပန်ဖို့ နှစ်နာရီပဲလိုတော့တယ်။ ဆရာ၊ ဒီကောင့်ကို ကိုင်တွယ်ဖို့ တစ်ယောက်ယောက်လွှတ်သင့်လား”

ဟန်ကျွင်းက လက်ကို မြှောက်လိုက်သောအခါ ကျိုးလင်က လေထဲ၌ အကြိမ်ပေါင်းများစွာလည်၍ လွင့်ထွက်သွား၏။

"အရူး အဲဒါ မင်းကို နှိုးဆော်နိုင်တဲ့ ယောက်ျားလား။ ပြီးတော့ မင်းသူ့ကို လက်ဆွဲခိုင်းတာလား။" ဟန်ကျွင်းသည် ရှင်းရှင်းလင်းလင်း ဒေါသထွက်နေပြီး ကျိုးလင်အား လက်သီးနှင့် ကန်သွင်းရန် ရှေ့တိုးလာခဲ့သည်။

“အရူး အဲ့တာ မင်းကိုင်တွယ်လို့ရတဲ့လူလား။ ပြီးတော့ မင်းက သူ့ကို လက်တင်ရဲလို့လား”

ဤစကားကို ကြားသောအခါ ကျိုးလင် လုံးလုံးလျားလျား ထိတ်လန့်သွား၏။ သူ့သခင်က ဤမျှ ဒေါသထွက်၍ ထိတ်လန့်နေသည်ကို သူတစ်ခါမျှ မမြင်ခဲ့ဖူးပေ။ သူ့ကို ကြိမ်ဖန်များစွာရိုက်ပြီးနောက် ဟန်ကျွင်းသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၍ နာရီကို အမြန်ကြည့်လိုက်သည်။

“ရှန့်အိမ်က ထွက်လာတာ အချိန်ဘယ်လောက်ကြာပြီလဲ”

"နာရီဝက်ကျော်ကျော်" ကျိုးလင်က တုန်ယင်စွာဖြင့် ပြောလိုက်သည်။

ဟန်ကျွင်းက အလွန်ကြောက်လန့်လျက် တစ်ကိုယ်လုံး တုန်ယင်စွာဖြင့် ပြော၏။

“အမြန်… ကားပြင်ထား”

ထိုအချိန်တွင် ကျိုးလင်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့်မေးလိုက်၏။

“ဆရာကြီး…အဲ့တာ ဘယ်သူလဲ”

"သူက... ရွှယ်အန်း"

ရွှယ်အန်း

ဤစကားလုံးနှစ်လုံးသည် အနန္တမှော်ပညာကို ပိုင်ဆိုင်ထားပုံရသည်။ အနည်းဆုံးအနေဖြင့် ကျိုးလင်သည် ၎င်းတို့ မျက်စိရှေ့ရှိ အမှောင်ထုကို ခံစားလိုက်ရကာ ထိတ်လန့်တကြားသေဆုံးသွားလုနီးပါး သွေးပျက်ခြောက်ခြားသွား၏။ လက်တစ်ဖက်တည်းဖြင့် အင်မော်တယ်ညီလာခံကို ဖျက်ဆီးချေမှုန်းခဲ့သည်။ ဓားတစ်ချောင်းတည်းဖြင့် တိုကျိုကို ချေမှုန်းခဲ့သည်။ အမေရိကနိုင်ငံ၏ စစ်တပ်ကို ကြီးစိုးခဲ့သည်။ ဤကမ္ဘာပြိုကွဲလုမည့် သတင်းမှန်သမျှသည် ရွှယ်အန်း၏လက်ချက်သာဖြစ်၏။

ဤအရာများအားလုံးကို ရွှယ်အန်းကလုပ်ခဲ့ခြင်းဖြစ်ရာ သူ့ကို ရင်ဆိုင်ရန် တွေးခြင်းကပင် ရယ်ဖွယ်ကောင်းနေ၏။ ဤသည်ကိုတွေး၍ ကျိုးလင်၏ စိတ်ထဲတွင် အလွန်အမင်း စိတ်သက်သာရာရသွားသည်။ ထိုအခိုက်အတန့်တွင် ဟန်ကျွင်း၏ နှလုံးသားထဲတွင် ထိတ်လန့်မှုများအပြည့်ဖြစ်နေ၏။

ရှန့်မိသားစုဆီသို့ သွားရာလမ်းတစ်လျှောက်တွင်ပင် သူ အလွန်အမင်း စိတ်မငြိမ်မသက်ဖြစ်နေသည်။ ကောင်းကင်ညွှန်ပြသူအကြီးအကဲ အသတ်ခံရသောအခါက ယွီမိသားစုကို တိတ်တဆိတ် အကြောင်းကြားခဲ့သည်။ ယွီမိသားစု၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ရွှယ်အန်းသည်လည်း သေချာပေါက်အသတ်ခံရလိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော် ရက်အနည်းငယ်အကြာတွင် ရွှယ်အန်းသည် ဓားအင်မော်တယ်ကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည့် သတင်းထွက်ပေါ်လာသည်။ ထိုသတင်းကို ကြားပြီးနောက် ဟန်ကျွင်းသည် အလွန်ထိတ်လန့်လျက် ရက်အတော်ကြာသည်အထိ အိမ်ပြင်သို့ မထွက်ဝံ့ခဲ့ပေ။ သူထွက်လျှင်ပင် အနီးနားတွင် မရေမတွက်နိုင်အောင်များပြားသည့် ကိုယ်ရံတော်များ ဝိုင်းရံထားကြသည်။

ရွှယ်အန်းကဲ့သို့သော ကျွမ်းကျင်ပညာရှင်တစ်ဦးသည် ကျေးဇူးနှင့် ရန်ငြှိုးများကို ကောင်းစွာ ပိုင်းခြားသတ်မှတ်လေ့ရှိကြောင်းနှင့် သတ်ဖြတ်မှုတိုင်းကို ကောင်းစွာဆုံးဖြတ်ကြောင်း သူနားလည်သဘောပေါက်ထားသည်။ ရွှယ်အန်းက သူ့ကို မေ့သွားလိမ့်မည်ဟုသာ မျှော်လင့်ထားနိုင်၏။

အထူးသဖြင့် ရွှယ်အန်း၏ လုပ်ရပ်များ ဆက်တိုက် ဆိုသကဲ့သို့ပင် နာမည်ကျော်လာသောအခါ ဟန်ကျွင်းသည် နေ့စဉ်နှင့်အမျှ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်ခဲ့ရသည်။ ရွှယ်အန်းက အချိန်အကြာကြီးထိ ပေါ်မလာတော့သဖြင့် တဖြည်းဖြည်း စိတ်အေးလက်အေး ဖြစ်သွားသည်။

ယနေ့မှသာလျှင် ဖြစ်ချိန်တန်လျှင် ဖြစ်လာလိမ့်မည်ဟူသော စကား၏ အဓိပ္ပါယ်ကို ကောင်းစွာနားလည်သွား၏။ ထို့ကြောင့် သူသည် ခေါင်းမာစွာဖြင့် ရွှယ်အန်းက ခေါ်သည့်အချိန်ကို စောင့်ဆိုင်းခဲ့ရာ နောက်ဆုံးတွင်မှ ရှန်မိသားစုထံ ရောက်လာခဲ့သည်။

ထိုအချိန်တွင် ရွှယ်အန်းကပြော၏။

“ထန်ဂိုဏ်းက သည်းခံလို့မရတဲ့ကိစ္စတွေကို လုပ်နေတာပဲ”

ဤစကားကိုကြားသောအခါ ဟန်ကျွင်း၏ တစ်ကိုယ်လုံး တုန်ခါသွား၍ ချွေးစေးများထွက်လာသည်။

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ရှန့်မိသားစုက ဆရာ့မိတ်ဆွေတွေမှန်း တကယ် မသိခဲ့ပါဘူး။ ကျွန်တော်သာ သိခဲ့တယ်ဆိုရင် ဒီလိုလုပ်ဝံ့မှာမဟုတ်ပါဘူး။ ဆရာ နားလည်ပေးဖို့ တောင်းဆိုပါတယ်”

ရွှယ်အန်း၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။

" ရှန့်မိသားစုက ငါ့ကို မသိရင် မင်းက ဒီမိသားစုကို အဆုံးစွန်ဆုံးအထိ မောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေပြီလား။ ဟမ်”

နောက်ဆုံးသော မေးခွန်းစကားကြောင့် ဟန်ကျွင်း၏ ခြေထောက်များ ဒူးထောက်ကျသွားကာ မြေကြီးနှင့် တသားတည်းကျသည်အထိ ဝပ်ကျသွားသည်။

"သခင် ကျွန်တော်တို့ကို သက်ညှာပေးပါ။ ကျွန်တော်တို့ကိုသက်ညှာပေးပါ။ ကျွန်တ်ောတို့ ထပ်ပြီး မလုပ်ရဲတော့ပါဘူး”

အများအားဖြင့် ဤ မြင့်မြတ်၍ကြီးကျယ်သော ပုဂ္ဂိုလ်သည် ယခုအခါတွင် အသတ်ခံရမည့် သိုးငယ်တစ်ကောင်ကဲ့သို့ အသနားခံနေရပြီဖြစ်သည်။

ရှန့်ခန်နှင့်အခြားသူများက ပါးစပ်များကို ပိတ်ထားလိုက်ကြသည်။ အထူးသဖြင့် ရှန့်ကျွင်း၏ မျက်နှာက မဲပြာနေသည်။ ရွှယ်အန်းမတ်တပ်ထရပ်၍ ဟန်ကျွင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။

“နိုင်ငံခြားမြေပေါ်မှာ ဟွာရှားလူမျိုးအနေနဲ့ ကျုပ်တို့ အချင်းချင်း ကူညီသင့်တယ်။ ဒါပေမယ့် မင်းက အာဏာနဲ့စွမ်းအားကို အလွဲသုံးစားလုပ်ပြီးတော့ ဒီလိုလုပ်ရပ်မျိုးကို လုပ်ခဲ့တယ်။ မင်း ပြစ်ဒဏ်က ဘယ်လိုမျိုးဖြစ်သင့်တယ်လို့ ထင်လဲ”

ဟန်ကျွင်းက စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။

“အရာရာက မင်းအတွက်ပဲ ဆရာ”

“ကောင်းပါ့ မင်း ငါ့ကို သိတ်ဖို့ အခြားသူတွေကို အသုံးချချင်ခဲ့တာ အခု မင်းရဲ့စွမ်းအားကို အခြားသူတွေကို ဖိနှိပ်ဖို့ အသုံးချနေပြီ။ မင်းကို သတ်တာ မတရားဘူးထင်လား။ မင်းယုံလား”

ဟန်ကျွင်းက ခပ်ဖျော့ဖျော့ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

“စိတ်ချပါ.. ယုံပါတယ်ဆရာ ယုံပါတယ်”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အထူးသဖြင့် တန်ဂိုဏ်းဝင်များအပါအဝင် လူတိုင်း၏ နှလုံးသားထဲတွင် အေးခဲသွားကြသည်။

ဤလူ၏ ရှေ့တွင် သူသည် သေခြင်းတရားကို စောင့်နေသော သိုးသူငယ်တစ်ကောင်နှင့်တူ၏။ ရွှယ်အန်းက ဟန်ကျွင်း၏ ခေါင်းပေါ်သို့ လက်တစ်ဖက်တင်လိုက်ပြီးနောက် မျက်လုံးများ အနည်းငယ်ကျုံ့သွားသည်။ နတ်အာရုံတစ်ခု ဟန်ကျွင်း၏ စိတ်ထဲသို့ ပျံ့ဝင်သွားပြီးနောက် ခဏအကြာတွင် ရွှယ်အန်းက ပြောလိုက်သည်။

"သာမန်အချိန်တွေမှာ မင်းသိပ်မဆိုးဘူးလို့ ယူဆရင် မင်းရဲ့အသက်ကို ငါ သက်ညှာပေးမယ်…”

ဤသို့ပြော၍ ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟန်ကျွင်း၏မျက်နှာက ဖြူဖျော့သွား၍ တစ်ကိုယ်လုံးရှိ အကြောများသေသွားကာ အမြန်အဆန်ပင် အသက်ကြီးလာခဲ့သည်။ တစ်ချက်တည်းဖြင့် ဟန်ကျွင်း၏ ကျင့်ကြံမှုအဆင့်ကို ဖျက်ဆီး၍ ခြေထောက်များကို ချိုးချလိုက်သည်။

သို့သော် ဟန်ကျွင်းက ရိုသေစွာပြော၏။

“ ကျွန်တော့် အသက်ကို ချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ၊ သက်ညှာပေးလို့ ကျေးဇူးတင်ပါတယ်”

ဟန်ကျွင်းက အလွန်ထိတ်လန့်သွားသောကြောင့် ဦးညွတ်လိုက်သည့်အခါတိုင်းတွင် စိတ်ရင်းများပါနေသည်။

ယင်းအတွက် ရွှယ်အန်းက ပြုံးရုံသာ ပြုံး၏။ ဟန်ကျွင်းသည် နိုင်ငံခြားရှိ သူ၏ နိုင်ငံသူနိုင်ငံသားများကို အမှန်တကယ်ပင် စိတ်ရင်းဖြင့် ဂရုစိုက်ကြောင်း သူ့နတ်အာရုံဖြင့် မြင်နိုင်လိုက်သဖြင့် သေခြင်းတရားနှင့် မထိုက်တန်ပေ။

“နောက်ပြီး ရှန်မိသားစု…”

"စိတ်ချပါ ဆရာ" ဟန်ကျွင်းက တုန်တုန်ယင်ယင်ပြောလိုက်သည်။

"အခုချိန်ကစပြီး ရှန့်မိသားစု ကြီးပွားချမ်းသာလာမှာ သေချာပါတယ်၊ ထန်ဂိုဏ်းက သူတို့ကို ဘယ်တော့မှ ထပ်မနှောင့်ယှက်ရဲတော့ပါဘူး”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ထွက်သွားတော့”

အခန်း(၂၆၄) မင်းဘာလို့ ဒီလောက်သတ္တိရှိနေတာလဲ။

ထန်ဂိုဏ်းဝင်များသည် လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သော အကျဥ်းသားများကဲ့သို့ပင်ဖြစ်၏။ လူတစ်ယောက်က ဟန်ကျွင်းကို ကူညီရန် ရောက်လာကာ ၎င်း၏ လမ်းကြောင်းကို ဂရုတစိုက်ရွေးချယ်၍ ရှန့်မိသားစုဗီလာမှ ထွက်ခွာသွားကြသည်။

အခန်းက ချက်ချင်း တိတ်ဆိတ်သွာားသည်။

ရွှယ်အန်းက ရှန့်နန်ကို ပြုံး၍ ပြောလိုက်သည်။

“ကောင်းပြီ အခု ဒီကိစ္စပြေလည်သွားပြီ”

သူမသည် စူပါဟီးရိုးတစ်ယောက်ကိုကြည့်နေရသကဲ့သို့ ရွှယ်အန်းကိုကြည့်လျက် စိတ်လှုပ်ရှားစွာဖြင့် မျက်နှာများနီမြန်းနေသည်။

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်" ရှန့်နန်က ပြောသည်။

ထိုအချိန်တွင် ရှန့်ခန်သည် လေးနက်သောအမူအရာဖြင့် ရှေ့သို့ တိုးလာကာ ရွှယ်အန်းအားပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် လူကြီးမင်းရွှယ်၊ ရှန့်မိသားစုက ဒီကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး”

ရွှယ်အန်းသည် မူလအတိုင်း တည်ငြိမ်မြဲတည်ငြိမ်နေသည်။

ရှန့်နန်သည် ကျေးဇူးတရားကိုနားလည်သည့် စိတ်ထားကောင်းသော မိန်းကလေးဖြစ်ကြောင်း သူခံစားမိသောကြောင့်သာ ကြားဝင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင် အခြားလူတစ်ယောက် တံခါးဆီသို့ တိတ်တဆိတ် သွားနေ၏။

ရှန့်ကျွင်းသည် စိတ်ထဲတွင် ဆုတောင်းလျက် တံခါးဆီသို့လျှောက်လှမ်းလာသည်။

ကျေးဇူးပြုပြီး ငါ့ကို သတိမထားမိလိုက်ပါနဲ့။ ကျေးဇူးပြုပြီး ငါ့ကိုမတွေ့ပါစေနဲ့၊ ဘုရားသခင် ကောင်းချီးပေးပါစေ။

သူ၏ဘုရားသခင်ပင် ရွှယ်အန်းကိုမဆန့်ကျင်ဝံ့ပုံရ၏။ ရှန့်ကျွင်းတံခါးပေါက်မှဖြတ်၍ အပြင်သို့ ခြေတစ်လှမ်းလှမ်းတော့မည့်ဆဲဆဲတွင် ရွှယ်အန်းက ခေါင်းလှည့်၍ သူ့ကိုကြည့်လိုက်သည်။

“အခု ထွက်သွားဖို့စဥ်းစားနေတာလား”

ရှန့်ကျွင်းတုန်လှုပ်သွားပြီးနောက် နောက်လှည့်ကာ အနည်းငယ် ရယ်မောလိုက်သည်။

"ဟဲဟဲ ကျွန်တ်ော လုပ်စရာရှိတဲ့ကိစ္စလေးတွေ ခုမှသတိရလို့ပါ”

ရွှယ်အန်းက သူ့ကို အပေါ်စီးမှ ငုံ့ကြည့်နေသောကြောင့် ဤသို့ပြော၍ သူ့အသံကတဖြည်းဖြည်းတိုးလာသည်။ ထိုအေးစက်၍ လျစ်လျူရှုသော အကြည့်များသည် ရှန့်ကျွင်း၏ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်များကို အလွယ်တကူ ကွဲကြေစေခဲ့သည်။ သူက မြေကြီးပေါ် ဒူးထောက်ချလိုက်သည်။

"ငါ့အသက်ကို သက်ညှာပေးပါ။ ငါ ထပ်မလုပ်ရဲတော့ဘူး၊ ဂျပန်ကတွေနဲ့ ပူးပေါင်းမိတာ ခဏမိုက်မဲမိတာပါ”

သူ့ကိုယ်သူ ဝန်ခံသံကြားသောအခါ ရှန့်ခန်၏ မျက်နှာသည် ဒေါသကြောင့် ဖြူဖျော့သွားခဲ့သည်။

"ကျေးဇူးကန်းတဲ့ သစ္စာဖောက်ကောင်။ ငါက မင်းကို ကောင်းကောင်းကန်းကန်းခေါ်လာတာ မင်းက ဒီနည်းနဲ့ ပြန်ဆပ်လိုက်တာလား”

ရှန့်ကျွင်းသည်လည်း ရုတ်တရက် ဝန်ခံလိုက်မိသည့်အတွက် ယခုအချိန်တွင် ထိတ်လန့်လျက်ရှိသည်။

"သူ့ကိုသတ်ပစ်မလား ကျုပ်လုပ်ပေးနိုင်တယ်" ရွှယ်အန်းက အသေးအဖွဲကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ရှန့်ခန်အား အပြုံးမပျက်ဘဲ ပြောလိုက်သည်။

ရှန့်ကျွင်းတစ်ခုလုံး တုန်လှုပ်သွားပြီးနောက် ငိုရှိုက်လျက် ပြော၏။

"ဦးလေး၊ နောက်တစ်ခါ ထပ်မလုပ်ရဲတော့ဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သက်ညှဦပေးပါ။ အခုချက်ချင်း ထွက်သွားမှာပါ"

ရှန့်ခန်၏အမူအရာသည် အကြိမ်အနည်းငယ်ပြောင်းလဲသွားပြီးနောက် သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

"အရှင်၊ ဒီလူက ကျုပ်ရဲ့ ဆွေမျိုးပါ... ကျေးဇူးပြုပြီး သူ့ကို ဒီတစ်ကြိမ်လောက် လွှတ်ထားလို့ရမလား"

ရွှယ်အန်းကမူ မည်သည့်အမူအရာမျှမပြပေ။ ရှန့်ကျွင်းကိုသတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ သူ့အတွက် အရေးမကြီးပေ။ ရှန့်ကျွင်းက သူ့အသက်ကို သက်ညှာပေးလိုက်ကြောင်း မြင်လိုက်ရသဖြင့် လှည့်ထွက်ပြေးသွားခဲ့သည်။

ထိုမှသာ ရှန့်ခန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထပ်၍ ကျေးဇူးတင်ကြောင်းပြော၏။

ကျေးဇူးတင်ကြောင်း ပြောပြပြီးနောက်ရှန့်ခန်က ပြောလိုက်သည်။

"လူကြီးမင်းရွှယ် ဟောလိဝုဒ်ကို ဘာများလာလုပ်တာပါလဲ"

"ရက်နည်းနည်းကြာရင် အော်စကာပွဲတက်မယ့် သူငယ်ချင်းတစ်ယောက်ရှိတယ်"

"အိုး အဲ့တာ ဘယ်သူများလဲ ကျုပ်တို့ သူ့ကိုသိလား"

" ဖန်းမင်ရွှယ်" ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

"တရုတ်တွေရဲ့ ဂုဏ်ယူစရာ" အလှမယ်ဖန်းမင်ရွှယ်လား”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“သူအခု တကယ် နာမည်ကြီးနေပြီလား”

"နာမည်ကြီးလားဟုတ်လား။ သူက နာမည်ကြီးတာထက်ပိုပါတယ်။ နိုင်ငံခြားရောက်တရုတ်တစ်ယောက်အနေနဲ့ ဘယ်သူ့ကိုမှ အထင်မကြီးဖူးပေမယ့် မိန်းကလေး ဖန်းမင်ရွှယ်ကတော့ ဘဝမှာ အလေးစားရဆုံးတရုတ်မင်းသမီးတစ်ယောက်ပဲ”

“လအနည်းငယ်အတွင်း ဟောလိဝုဒ်မှာ မိန်းကလေးဖန်းကျော်ကြားလာမှုက တခြားကြယ်ပွင့်တွေရဲ့ တစ်သက်တာမှာ မအောင်မြင်နိုင်တဲ့အရာတစ်ခုပါ။ သူက Box-office ဇာတ်လမ်းတွဲအများစုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခု အဓိကထုတ်လုပ်ရေးတစ်ခုအတွက် အော်စကာဆုအတွက် ဆန်ခါတင်စာရင်းဝင်သွားပြီ"

"အဲ့တာလည်းအဲ့တာပေမယ့် အဓိကအချက်ကတော့ မိန်းကလေးဖန်းရဲ့ ဂုဏ်သတင်းပဲ။ သူနဲ့အလုပ်တွဲလုပ်ခဲ့တဲ့ သရုပ်ဆော်ငအများစုက သူ့ကို မချီးကျူးဘဲမနေနိုင်ကြဘူး”

"ဒါ့အပြင် နာမည်ကြီး အမျိုးသားသရုပ်ဆောင်တော်တော်များများက ဖန်းမင်ရွှယ်ကို အရမ်းကြိုက်ကြပါတယ်။ သူတို့ သူ့ကိုလိုက်ချင်တယ်လို့ လူသိရှင်ကြား တစ်ကြိမ်ထက်မက ပြောဖူးတယ်”

"ဒါပေမယ့် မိန်းကလေးဖန်းက သူတို့ကို ဘယ်တော့မှ မတုံ့ပြန်ခဲ့ဘူး။ ဟောလိဝုဒ်ထဲကို ဝင်ကတည်းက သူ့ကို အရှုပ်အရှင်းကင်းသူလို့ သတ်မှတ်လို့ရတယ်”

ထိုအချိန်တွင် ရှန့်နန်က စိတ်လှုပ်ရှားစွာဖြင့်ပြော၏။

"အစ်ကိုကြီးရွှယ် အစ်ကို မိန်းကလေးဖန်းနဲ့ အရမ်းရင်းနှီးလား”

ရွှယ်အန်းပြုံးလိုက်သည်။ "အင်း ရင်းနှီးတယ်"

"ဒါဆို အစ်ကို ညီမလေးအတွက် လက်မှတ်ထိုးထားတဲ့ ဓာတ်ပု့တစ်ပုံလောက်တောင်းပေးနိုင်မလား။ ဖေဖေ့ကို တောင်းခိုင်းတာ လုံးဝမရခဲ့ဘူး။ ညီမက သူ့ကို အရမ်းကြိုက်တာ သူက ညီမတို့ မိန်းကလေးတွေအတွက် စံပြပုဂ္ဂိုလ်ပဲ”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ရတာပေါ့”

၎င်းတို့က ဖန်းမင်ရွှယ်အကြောင်း ဆွေးနွေးနေကြစဥ် ဟောလိဝုဒ်ရှိ ဇိမ်ခံဟိုတယ်ခန်းထဲတွင် ဖန်းမင်ရွှယ်သို့မဟုတ် ညနတ်ဆိုးဧကရီဟုခေါ်ဆိုသင့်သောမိန်းကလေးက ဤကိုယ်ခန္ဓာ၏ဝိညာဉ်ကို လုံးဝငြိမ်းသတ်ရန် နောက်တစ်ကြိမ်ကြိုးစားရန် သူမမျက်လုံးများကိုမှိတ်ထားသည်။

ညနတ်ဆိုးဧကရီသည် သူမ၏ နတ်အာရုံဖြင့် ဖန်တီးထားသော ကမ္ဘာသို့ရောက်ရှိလာသည်။

ညနတ်ဆိုးတောင်ကြား၏ အကြီးကျယ်ဆုံးသော ကျွမ်းကျင်မှုများမှာ နတ်အာရုံနှင့် ခန္ဓာကိုယ်သိမ်းပိုက်ခြင်းဟူသည့် လျှို့ဝှက်နည်းပညာဖြစ်သည်။ အထူးသဖြင့် မရေမတွက်နိုင်သော ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားသည့် ညနတ်ဆိုးဧကရီသည် ဤခန္ဓာကိုယ်ကဲ့သို့ ပြဿနာမျိုးတစ်ခါမျှ မကြုံခဲ့ဖူးပေ။

ကြက်သွေးရောင် မြေကြီးပေါ်တွင် ကြီးမားသော လက်ဝါးကပ်တိုင်ကြီးတစ်ခု တည်ရှိနေသည်။

နတ်အာရုံသံကြိုးများဖြင့် လက်ဝါးကပ်တိုင်တွင် သံကြိုးဖြင့် ချည်နှောင်ခြင်းခံထားရသူမှာ စာရင်းမဲ့ ဖန်းမင်ရွှယ်ဖြစ်သည်။

ညနတ်ဆိုးဧကရီသည် ထိုမယုံကြည်နိုင်လောက်အောင် သက်တောင့်သက်သာဖြစ်နေသော ဝိဉာဥ်ကို ဒေါသဖြစ်နေသော မျက်လုံးများဖြင့်စူးစိုက်ကြည့်လိုက်သည်။

"ငါ အရမ်းသိချင်တယ်။ မင်းကို အခုအချိန်အထိ ဘာက ပံ့ပိုးပေးနေတာလဲ" ညနတ်ဆိုးဧကရီက ဘာသိဘာသာပြောသည်။

ဖန်းမင်ရွှယ်သည် သူမ၏ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်၍ ကြည့်လိုက်သော်လည်း သူမ၏ မျက်လုံးများက ဗလာကျင်းနေသည်။ သို့တိုင်၊ ဤအသက်မဲ့နေသောအကြည့်ကိုရင်ဆိုင်လိုက်ရာ ညနတ်ဆိုးဧကရီ၏နှလုံးသားထဲတွင် သိသိသာသာ ထိတ်လန့်တုန်လှုပ်သွားသည်။

ထို့နောက် ညနတ်ဆိုးဧကရီက အလွန်အမင်းစိတ်ဆိုးလာရ၏။

ဤပုရွတ်ဆိတ်သာသာ ဝိဉာဥ်ကို သူမ ကြောက်ရွံ့မိနေသလော။

"ဒါဆို မင်းက ခေါင်းမာမာနဲ့ ဖက်တွယ်ထားတုန်းပဲလား။ ဒီကမ္ဘာပေါ်က ဘယ်ဝိညာဉ်က နတ်ဆိုးမီးတောက်ရဲ့ ဝေဒနာကို ခံနိုင်ရည်ရှိမယ်ဆိုတာ ငါ မယုံဘူး"

ဖန်းမင်ရွှယ်၏ခြေရင်းမှ အနက်ရောင်မီးလျှံ ထွက်လာ၍ သူမ၏တစ်ကိုယ်လုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားသောအခါ ညနတ်ဆိုးဧကရီသည် ကြိမ်းဝါးလိုက်သည်။

နတ်ဆိုးမီးလျံသည် အသည်းခိုက်လောက်အောင်သော နာကျင်မှုကို ပေးစွမ်းနိုင်သည်ဖြစ်ရာ ဤသို့သော နှိပ်စက်မှုမျိုးကို ရင်ဆိုင်ရလျှင် အပြင်းထန်ဆုံးလူသားပင်လျှင် သုံးစက္ကန့်ပင် ခံနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော် ဖန်းမင်ရွှယ်သည် ဝေဒနာကို ခဏတာမျှသာ ရုန်းကန်ခဲ့ရင သူမ၏ မျက်လုံးများ အေးစက်မြဲအေးစက်နေကာ ခေါင်းကို မော့ထားကာ တစ်ချက်မျှ မငုံ့သွားခဲ့ပေ။

ညနတ်ဆိုးဧကရီက တုန်လှုပ်ခြောက်ခြားလျက် ဒေါသတကြီးပြောလိုက်သည်။

"ဘာလို့လဲ၊ မင်းဘာလို့ကပ်တွယ်နေတာလဲ။ မင်းနေချင်နေတဲ့ ဒီကမ္ဘာက မင်းနဲ့ထိုက်တန်ရဲ့လား"

ဤသို့ဖြင့် မိစ္ဆာမီးလျှံသည် တစ်ဖန် ပိုမိုပြင်းထန်လာသည်။ တဟုန်းဟုန်းတောက်နေသော မီးတောက်များက ဖန်းမင်ရွှယ်ကိုလုံးလုံးလျားလျား ဝါးမျိုသွားခဲ့သော်လည်း ဖန်းမင်ရွှယ်သည် ညနတ်ဆိုးဧကရီကို တိတ်တဆိတ် ကြည့်ရုံဖြင့် တိတ်ဆိတ်နေခဲ့သည်။

ညနတ်ဆိုးဧကရီသည် နောက်ဆုံးတွင် အထိတ်တလန့်ဖြင့် နောက်သို့ ဆုတ်သွား၏။

“ဘာလို့ ဒီလို ဝေဒနာကို ခံရပ်ပြီး ဆက်ထိန်းထားချင်ရတာလဲ”

ဖန်းမင်ရွှယ်က သူမပါးစပ်ကိုဖွင့်၍ နှေးကွေးစွာပြောလိုက်သည်။

"သူ ကျွန်မကို ကယ်တင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်လေ…"

သူ ဟုတ်လား။

ညနတ်ဆိုးဧကရီ၏အမူအရာသည် တဖြည်းဖြည်း ပိုဆိုးလာသည်။

"နင်က ရွှယ်အန်းအကြောင်းပြောနေတာမဟုတ်လား ဟားဟား မှန်တယ် သူ အမေရိကကို ရောက်နေပြီ။ ဒါပေမယ့် ငါ သူသေစေလောက်မယ့် ထောင်ချောက်တစ်ခုချထားတယ်။ အချိန်ကျလာရင် နင့်လက်တွေနဲ့ ငါသူ့ကို သတ်ပစ်မယ်”

ဖန်းမင်ရွှယ်က နူးညံ့စွာခေါင်းယမ်းလိုက်သည်။

“နင်… သူ့ကို မသတ်နိုင်ူး။ ဘာလို့လဲဆိုတော့ သူက ပြိုင်ဘက်ကင်းရွှယ်အန်းမို့လို့ပဲ”

ဤသို့ပြောကာ ဖန်းမင်ရွှယ်၏ မျက်လုံးများထဲ၌ အလင်းတစ်ခု ပြန်ဝင်လာသည်။

All Chapters