အခန်း (၂၆၅-၂၆၇)
Vol. 18 Ch. 265-267
အခန်း(၂၆၅) အချိုပွဲ
ညနတ်ဆိုးဧကရီ၏မျက်နှာက ပြာမှုန်သွားသော်လည်း ခဏအကြာတွင် သူမက ရုတ်တရက် လှောင်ပြောင်ရယ်မောကာ အေးစက်သော ရယ်မောသံများ ထွက်လာသည်။
"ကောင်းပြီ၊ မင်း သူ့ကို အရမ်းသဘောကျနေလို့၊ အချိန်တန်ရင် မင်းလက်နဲ့ သတ်ပစ်လိုက်ရမယ်ဆိုတဲ့ ခံစားချက်ကို ငါခံစားခွင့်ပေးလိုက်မယ်။"
"မင်းပြောဖို့ မေ့သွားပြီ၊ ညနတ်ဆိုး တောင်ကြားမှာ ထူးချွန်တဲ့ အရာက ရုပ်ဖျက်ပြီး အပိုင်ယူတာပဲ။ ဒါကြောင့် ရွှေအင်မော်တယ်အဆင့် တစ်ကောင်တောင်မှ စစ်ကြည့်လို့ မတွေ့နိုင်ဘူး၊ ဒါကြောင့် သူ သတိထားမိလိမ့်မယ်လို့ အိပ်မက်မမက်ပါနဲ့"
ညနတ်ဆိုးဧကရီ၏စကားကိုကြားသောအခါ ဖန်းမင်ရွှယ်၏အမူအရာသည်နောက်ဆုံးတွင် ပြောင်းလဲသွားသည်။
"နင် ဒီလိုလုပ်ရဲရင် ငါ့ဝိညာဉ်ကို နတ်ဆိုးမီးလျှံနဲ့ အနှစ်တစ်သောင်း လောင်မြိုက်စေပြီး ငါ ခံနိုင်ရည်မရှိတော့ရင်တောင် နင့်ကို ငါခွင့်မလွှတ်ဘူး" ဖန်းမင်ရွှယ်က ဒေါသတကြီး အော်လိုက်သည်။
ညနတ်ဆိုးဧကရီသည် ဝိညဉ်လောကမှထွက်၍ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သောအခါ ထူးထူးခြားခြား အော်ဟစ်လိုက်သည်။
သူမ၏ လက်အောက်ငယ်သားများကလည်း အလားတူပင်ဖြစ်ရာ ထို့နောက် ဟန်ယောင်း ဝင်လာခဲ့သည်။
"ဧကရီ၊ ကျွန်မတို့ သတင်းရထားပြီ ရွှယ်အန်းက အမေရိကကို ရောက်နေပြီ"
ညနတ်ဆိုးဧကရီ၏ မျက်လုံးများ တောက်ပလာပြီးနောက် သူမက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ အရိုးမိစ္ဆာကို အရင်အကြောင်းကြားပါ"
"ကျွန်မတို့ ရွှယ်အန်းကို ဖျော်ဖြေရင်းနဲ့ အစာကျွေးမှာဆိုတော့ အရိုးမိစ္ဆာက အရမ်းပျော်မယ်ထင်တယ်"
အရိုးမိစ္ဆာသည် စာကိုလက်ခံရရှိချိန်တွင် အကင်စားလျက် ကုလားထိုင်တွင် ထိုင်နေသည်။
ထူထဲသော အသားကင်ကို အရိုးမိစ္ဆာဓားဖြင့် တဖြည်းဖြည်း ပိုင်းဖြတ်ထားသည်။
ကိုက်လိုက်တိုင်း ရနံ့များ ပြည့်လျှံလာ၍ ဝိုင်အနည်းငယ်ဖြင့် ပေါင်းစပ်လိုက်လျှင် အလွန်ပြီးပြည့်စုံလှသည်။
အကင်တစ်ခုလုံးကုန်အောင်စားပြီးမှ အရိုးမိစ္ဆာသည် ကုလားထိုင်ပေါ် အေးအေးလူလူ ပြန်ထိုင်ကာ လည်ပင်းတစ်ဝိုက်မှ လက်သုတ်ပုဝါကို ဆွဲထုတ်ကာ ပါးစပ်ကို သုတ်လိုက်သည်။
"ကျုပ်တို့ရဲ့ ဧကရီက နည်းနည်း စိတ်မရှည်ပုံပဲ ဒါပေမယ့် ဒီ ရွှယ်အန်းက လွန်လွန်းတယ်။ အမေရိကကို ရောက်ပြီး ဒုတိယနေ့မှာတင် ထန်ဂိုဏ်းကို ဒီအခြေအနေနဲ့နောက်ဆုတ်ရအောင် လုပ်နိုင်ခဲ့တယ်" အရိုးမိစ္ဆာက လျစ်လျူရှုလျက်ပြောသည်။
သူ့လက်အောက်ငယ်သားများက လုံးလုံးလျားလျား နှုတ်ဆိတ်နေကြသည်။ ၎င်းတို့အားလုံး အရိုးမိစ္ဆာ၏ စိတ်နေစိတ်ထားကို ကောင်းစွာသိကြသည်။ နှစ်သက်သောအခါတွင် ယဉ်ကျေးသိမ်မွေ့၍ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံနိုင်သော်လည်း ဒေါသတကြီးဖြစ်ကာ အရက်စက်ဆုံးနှင့် သွေးဆာနေသော နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
ထို့ကြောင့် မည်သူမျှ မပြောရဲကြပေ။
"ဟီးဟီး၊ တရုတ်ရဲ့ သခင်... နောက်ပြီး၊ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေက တကယ့်ကို အံသြစရာကောင်းတယ်။ ဒါပေမယ့် ကံမကောင်းတာက ဒီခေတ်က နည်းပညာခေတ်၊ ချပ်ဝတ်တန်ဆာ ဖောက်ထားတဲ့ ကျည်တစ်တောင့်တည်းနဲ့ ကျည်မထိနိုင်တဲ့ သခင် မရှိဘူး၊ ရှိရင် နှစ်ချက်ပေါ့"
အရိုးမိစ္ဆာက ဤသို့ပြောလျက် စိတ်လှုပ်ရှားလျက်ခုန်နေသည်။ အခန်းထဲက လူများက လူတွေက ဤသည်ကို ကျင့်သားရနေဟန်တူသည်။
"ဖုတ်ကောင်" အရိုးမိစ္ဆာက ခေါ်လိုက်သည်။
"တပည့် ဒီမှာပါ " ထောင့်တစ်နေရာမှ တောင့်တင်းသော လူတစ်ယောက် ဖြည်းညှင်းစွာထလာသည်။
သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမာရွတ် အမျိုးမျိုးဖြင့် ဖုံးလွှမ်းနေကာ အများစုမှာ ကျည်ဆန်များမှ ထွက်လာသကဲ့သို့ သေနတ်ဒဏ်ရာများဖြစ်သည်။
"မင်း ဒီကောင်ကို သတ်ပစ်လိုက်၊ မင်း နျူကလီးယားဗုံးသုံးရရင်တောင် မင်းသုံးတဲ့ လက်နက်က အရေးမကြီးဘူး"
"ဟုတ်"
"ဒါ့အပြင် ဒုစရိုက်မြို့မှာရှိတဲ့ ကြေးစားမုဆိုးတွေဆီကို မက်ဆေ့ချ်ပို့လိုက်ပါ၊ ဘယ်သူပဲ သတ်နိုင်၊ ဆုငွေက သန်းတစ်ရာပဲ"
ဖုတ်ကောင်ဆိုသူက ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားသည်။
အရိုးမိစ္ဆာ၏ မျက်နှာသည် စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့်ပြည့်နေဆဲဖြစ်သည်။
"မင်းရဲ့အလောင်းကို မကြာခင် တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အချိန်တန်ရင် မင်းကို ခွဲခြမ်းစိပ်ဖြာဖို့ အကောင်းမွန်ဆုံး ဓားတစ်လက်ကို အသုံးပြုပြီး မင်းရဲ့ အရိုးတွေက ငါ့ရဲ့ အကောင်းဆုံး စုဆောင်းမှု ဖြစ်လာလိမ့်မယ်"
ရှန့်မိသားစု ခြံနောက်ဘက် မြက်ခင်းပြင်တွင်၊
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ဒန်းပေါ်တွင် ပျော်ရွှင်လျက်ရှိကြသည်။
ရွှယ်အန်းသည် ၎င်းတို့နောက်တွင်ရှိ၍ လွှဲကိုတွန်းရန် တာဝန်ရှိသည်။ တွန်းလိုက်သည့်အခါတိုင်း ဒန်းက အနည်းငယ် ပိုမြင့်လာသည်။
မကြာမီ ဒန်းသည် မြေပြင်နှင့် ထိလုနီးပါးဖြစ်သွားသည်။ ရှန့်နန်သည် အလွန်စိုးရိမ်စွာဖြင့် ငေးကြည့်လျက်ရှိသည်။ သို့သော် ရွှယ်ရှန်းနှင့် ရွှယ်နျန်သည် မရပ်မနား တခစ်ခစ်ရယ်နေကြ၏။
ယခုဆိုလျှင် ရွှယ်အန်း၏မိသားစုသည် ရှန့်မိသားစု၏အိမ်တွင် ခေတ္တနေထိုင်နေနေပြီဖြစ်ရာ ရွှယ်အန်းက ထွက်သွားရန် ရည်ရွယ်ထားသော်လည်း ရှန့်ခန်က ဆွဲထား၏။
နောက်ဆုံးတွင် ရွှယ်အန်းသည် အော်စကာဆုပေးပွဲရောက်ရန် နှစ်ရက်သုံးရက်သာကျန်တော့သည်ဖြစ်၍ ရှန့်မိသားစုသည်လည်း သူ့အား ဒုက္ခမှ ကယ်တင်နိုင်မည်ဟု အကြောင်းပြချက်ဖြင့် လိုက်လျောခဲ့သည်။ အတွင်းလေထုက မကောင်းသောကြောင့် အပြင်ဘက်တွင် ကစားချင်သည်ဟု အကြောင်းပြချက်ပေးကာ အန်းယန်သည် သူမ၏ကွန်ပြူတာကို အပြင်သို့ထုတ်၍ အသစ်ထွက်ရှိထားသော ထိတ်လန့်ဖွယ်ဂိမ်းကို ပြင်းထန်စွာ အာရုံစူးစိုက်လျက် ဆော့ကစားနေသည်။
ရွှယ်အန်းက ဤသည်ကို ပြုံးရုံသာ ပြုံးကြည့်နေသည်။
အရာအားလုံး ငြိမ်သက်တိတ်ဆိတ်နေချိန်တွင် ရုတ်တရက် ရွှယ်အန်းက မျက်မှောင်ကြုတ်၍ အဝေးကို ခေါင်းလှည့်ကြည့်လိုက်သည်။
ထိုအချိန်၌ ရှန့်မိသားစုနေအိမ်မှ မီတာ ၁၅၀၀ ကွာဝေးသော အဆောက်အဦတစ်ခုပေါ်တွင် အာရုံစူးစိုက်ထားသည့် စနိုက်ပါတစ်ဦးသည် အသက်ပြင်းပြင်းရှူလိုက်၏။
"ဘုရားသခင် မင်းနဲ့အတူရှိပါစေ"
စိတ်ထဲတွင် ခပ်တိုးတိုး ရွတ်ဆိုကာ ခလုတ်ကို ဆွဲလိုက်သည်။
၎င်းသည် အသေအချာ ချိန်ရွယ်ထားသော ပစ်ချက် တစ်ခုဖြစ်၏။
စစ်မြေပြင်တွင် သူသည် သူ၏ ရိုင်ဖယ်သေနတ်ဖြင့် မရေမတွက်နိုင်သော ပစ်မှတ်များကို ပစ်ခတ်နိုင်ခဲ့သည်။
ဤတစ်ကြိမ်တွင်လည်း ခြွင်းချက်တော့ မဟုတ်ခဲ့ပေ။
အလုပ်အပ်သူက ဒီလူသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ပြောခဲ့သော်လည်း ဒုစရိုက်မြို့တော်မှ မုဆိုးများ မထိန်းသိမ်းနိုင်သော တစ်စုံတစ်ယောက်မျှ မရှိခဲ့ပေ။
အထူးသဖြင့် သူသည် မုဆိုးများကြားတွင် အကောင်းမွန်ဆုံးသော သူတစ်ယောက် ဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်းတစ်ရာကို တွေးကြည့်လျက် သူ စိတ်လှုပ်ရှားနေမိသည်။
မီတာ ၁၅၀၀ အကွာအဝေးသို့ ကျည်ဆံသည် ၁.၇၈ စက္ကန့် ကြာသည်။
သူက ရှေ့ကိုငုံ့၍ ပစ်မှတ်ကို စိုက်ကြည့်နေသည်။ သူ့သေနတ်အောက်မှ သူ့သားကောင်၏ ဦးခေါင်းပေါက်ကွဲခြင်းကို ကြည့်ရသည်ကို သဘောကျသည်။
သို့သော် ကိစ္စတစ်ခု ဖြစ်ပျက်သွားသဖြင့် သူ့ပါးစပ်ထောင့်ရှိ အပြုံးသည် ရုတ်တရက် အေးခဲတောင့်တင်းသွားသည်။
သူသည် ရွှယ်အန်း၏ လျစ်လျူရှုသောအကြည့်ကို မြင်လိုက်ရ၏။
တစ်ချိန်တည်း၌ပင် ကျည်ဆန်ရောက်လာသည်။ ကြီးမားသော လှိုင်းလုံးကြီးသည် လမ်းတစ်လျှောက် ဖြတ်သွားသော အကိုင်းအခက်များကိုပင် ကွဲကြေစေခဲ့သည်။
သို့သော် ထိုကဲ့သို့ ပြင်းထန်သော သံချပ်ကာ ဖောက်နိုင်သည့် ကျည်ဆန်သည် ရွှယ်အန်းနှင့် တစ်မီတာအကွာတွင် ရပ်သွားခဲ့သည်။
ထို့နောက် ကျည်ဆန်သည် ရှေ့သို့ ဖြည်းညင်းစွာ ဖောက်ထွက်ခဲ့သော်လည်း တစ်စင်တီရွေ့တိုင်း ၎င်း၏ပုံသဏ္ဍာန်သည် တဖြည်းဖြည်း လိမ်လာလျက် ပြောင်းလဲသွားသည်။ ဆယ်စင်တီမီတာခရီးကို ပင်ပန်းကြီးစွာ ဖြတ်သန်းပြီးနောက်တွင် ဖုန်မှုန့်များ ပေါက်ကွဲကာ လေထဲတွင် ပြန့်ကျဲသွားခဲ့သည်။
အမဲလိုက်မုဆိုးသည် ဤအဖြစ်အပျက်ကို ကြည့်၍ ထိတ်လန့်တုန်လှုပ်သွားကာ ထွက်ပြေးရန် ကြိုးပမ်းလေ၏။
ဒီလူ… အရမ်းကြောက်ဖို့ကောင်းတယ်
သူ့အပေါ်တွင် အမြတ်ငွေ သန်းတစ်ရာရှိနေသည်မှာ အံ့ဩဖွယ်မဟုတ်လှပေ။
သို့သော် သူထတော့မည့်အခိုက်အတန့်တွင် သူ့နောက်မှ အသံတစ်ခုထွက်လာသည်။
"မင်းရဲ့ပစ်ချက်က မဆိုးပါဘူး၊ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက မင်း အဲဒါကို နောက်တစ်ကြိမ်ထပ်သုံးဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး"
ဤသို့ဖြင့် မုဆိုးသည် သူ့ခန္ဓာကိုယ်အနှံ့ ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရကာ ကျယ်လောင်စွာ အော်ဟစ်လျက် မီးတောက်ဖြူများထဲတွင် လောင်ကျွမ်းသွားခဲ့သည်။
ရွှယ်အန်းသည် အိမ်ခေါင်မိုးပေါ်၌ ကျန်ခဲ့သော ထားခဲ့သော အထူးစနိုက်ပါ ရိုင်ဖယ်ကို ကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။
"ငါ့ကို ဒီနည်းလမ်းနဲ့ သတ်ဖို့ စီစဉ်နေတာလား။ ဆိုးလိုက်တာ၊ မင်း တွက်တာ မှားသွားပြီ"
သို့သော် မီတာ ၁၅၀၀ အကွာအဝေးခေါင်မိုးပေါ်၌ ရွှယ်အန်းပေါ်လာသည့် အခိုက်တွင် ရှန့်မိသားစုနေထိုင်ရာ ဥယျာဉ်နောက်ဘက်တွင် နတ်ဆိုးတစ်ကောင်သည် ငရဲနတ်ဆိုးကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာ၍ စကားတစ်ခွန်းမျှမပြောဘဲ အန်းယန်ထံ တည့်တည့်သွားခဲ့သည်။
သူသည် ထက်မြက်သူတစ်ဦးဖြစ်ကာ လွန်ခဲ့သော နှစ်အတော်ကြာခန့်က မထက်မြက်သော စစ်သားတစ်ယောက် သူ့ရှေ့၌ပင် တိုက်ပွဲ၌ သေခဲ့သည်ကို မြင်ခဲ့ဖူးသည်။
အခြားသူများ စတင်လှုပ်ရှားသည်ကို သူစောင့်ဆိုင်းနေခဲ့သည်။ အမှန်ပင် လူတစ်ယောက်က မထိန်းနိုင်တော့ဘဲ စတင်ပစ်ခတ်လိုက်ရာ ရွှယ်အန်းက ပစ်ချက်ကြောင့် အဝေးသို့ရောက်သွား၍ ပြီးပြည့်စုံသောအခွင့်အရေးကို ချန်ထားခဲ့သည်။
မှန်သည်။ ထိုဖုတ်ကောင်ဆိုသူက အလွတ်ပေးရန် ဆန္ဒမရှိဘဲ အန်းယန်ကို ရက်စက်သော အပြုံးဖြင့် ကြည့်လိုက်သည်။
‘ဒီမိန်းမကို ဖမ်းလိုက်ရင် ရွှယ်အန်းကို ဖမ်းဖို့ လွယ်မှာ မဟုတ်ဘူးလား’
သို့သော် အရာအားလုံးက သေချာပြီဟု သူထင်နေချိန်တွင် ပျော့ညံ့သောမိန်းမဟု သူထင်မြင်ခဲ့သော အန်းယန်က မျက်မှောင်ကြုတ်ကာ ကွန်ပြူတာဘေးရှိ ဒယ်ပြားကို ကောက်ယူလိုက်သည်။
အခန်း(၂၆၆) ဒေါသဖြစ်နေသော မိသားစု
ဖုတ်ကောင်၏ ပါးစပ်ထက်၌ လှောင်ပြုံးတစ်ခု ထင်ဟပ်လာသည်။
"တကယ်ကြီး မင်းငါ့ကို ဒယ်ပြားနဲ့ချနိုင်မယ်ထင်လား"
"ဒါက သူရဲကောင်းကို ပြင်းပြင်းထန်ထန် စော်ကားတာထက်မပိုဘူး… ငါ…."
ကျန်ရှိသောအတွေးများ ရုတ်တရက် ပြတ်တောက်သွားသည်။ အန်းယန်သည် ဒယ်ပြားကိုကိုင်ထားလျက် သူမဆီသို့ ပျံသန်းလာသော ဖုတ်ကောင်င်ဆီသို့ လေထဲတွင် အမူအရာအနည်းငယ်လုပ်ကာ ဘေ့စ်ဘောကစားနေသကဲ့သို့ ဒယ်ပြားကို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်သည်။
ဘမ်း
ရွှယ်အန်းက ပြင်ဆင်ပေးထားသော ဒယ်ပြားသည် မယုံနိုင်လောက်အောင် မာကျောသည့်အပြင် အန်းယန် ကိုင်တွယ်မှုသည်လည်း ကျွမ်းကျင်သဖြင့် နတ်ဆိုး၏ ခေါင်းတည့်တည့်သို့ တိုက်ရိုက်ထိမှန်သွားသည်။ နတ်ဆိုးသည် ၎င်း၏မျက်စိရှေ့မှ အမှောင်ထုကို ခံစားလိုက်ရပြီးနောက် မြေပြင်ပေါ်သို့ လွင့်ကျသွားသည်။
သို့သော် ၎င်း၏ တိုက်ခိုက်ရေး လေ့ကျင့်မှုသည် အမှန်ပင် ချီးကျူးထိုက်ပေသည်၊ မြေကြီးနှင့်ထိလိုက်သည့်အခိုက်တွင် ခုန်တက်ကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည်။ သို့သော် ထိုအချိန်တွင် အန်းယန်သည် ရှေ့သို့ တိုးလာကာ နတ်ဆိုး၏ ခေါင်းပေါ် ခြေချလျက် ဒယ်ပြားဖြင့်ဖိကာ အော်လိုက်သည်။
"မလှုပ်နဲ့"
ဖုတ်ကောင်သည် အမှန်တကယ်ပင် ထို နေရာမှ မလှုပ်ရှားဝံ့ပေ။
ရှန့်နန်သည် ထိုမြင်ကွင်းကို ကြည့်လျက် အံ့သြနေမိသည်။ မူလက ရွှယ်အန်းက အလွန်စွမ်းအားကြီး၍ အံ့ဖွယ်ကောင်းသည်ဟု ထင်ခဲ့ကာ အစ်မဖြစ်သူ အန်းယန်က ပို၍ ရဲရင့်ရင့်ကျက်နေလိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ထားပေ။ လက်နက်သည် အနည်းငယ် ထူးခြားလှ၏။ ထိုအချိန်တွင် ရွှယ်ရှန်းနှင့် နျန်နျန် တို့လည်း ပြေးကြသည်။
"လူဆိုး၊ နင်ကများ ငါတို့ အမေကို တိုက်ခိုက်ရဲတယ်၊ ငါတို့ နင့်ကို ရိုက်ပစ်မယ်"
ရွှယ်ရှန်းနှင့် နျန်နျန် တို့သည် လက်သီးသေးသေးလေးများကို မြှောက်ကာ ထိုးချလိုက်သည်။ ဖုတ်ကောင်က အစပိုင်းတွင် စိတ်မဝင်စားဘဲ မိန်းကလေးနှစ်ဦးတွင်မည်မျှ အစွမ်းသတ္တိရှိနိုင်သနည်းဟု တွေးနေမိသည်။ သို့သော် အံ့အားသင့်ဖွဘ်ကောင်းစွာဖြင့် ရွှယ်ရှန်းနှင့် နျန်နျန်တို့၏ ဆေးဖြင့် အားဖြည့်ထားသော ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင်စွမ်းလှသည်။ လက်သီးတစ်ချက်စီသည် ပေါင်ဒါဇင်နှင့် ချီသော ခွန်အားကို သယ်ဆောင်လာသည်။ များမကြာမီတွင် ၎င်းတို့သည် ဖုတ်ကောင်၏မျက်နှာကို စုတ်ပြတ်သတ်သွားလုနီးပါးဖြစ်စေခဲ့သည်။
အထူးသဖြင့် နျန်နျန်သည် သေးငယ်သော ဒယ်ပြားတစ်ခုကို ရှာတွေ့ကာ ဖုတ်ကောင်၏ခေါင်းကို ထုရိုက်ပစ်လိုက်သည်။ စည်းချက်ကျသော ရိုက်ချက်ကြောင့် ရှန့်နန်ပင်လျှင် အလွန်အမင်း အံ့အားသင့်သွားရသည်။
ဒီတစ်မိသားစုလုံး… အရမ်းစွမ်းအားကြီးပုံရတယ်။
ရွှယ်အန်းပြန်ရောက်လာ၍ ဤသည်ကို မြင်သောအခါ ရယ်ရခက်ငိုရခက်ဖြစ်သွား၏။
အန်းယန်က အောင်ပွဲခံသော အကြည့်ဖြင့်ကြည့်၍ ဂုဏ်ယူစွာပြောသည်။
“ယောက်ျား ကြည့်စမ်း၊ ငါတို့သုံးယောက်က အထင်ကြီးစရာပဲ မဟုတ်လား"
"မဆိုးပါဘူး၊ ဒါပေမယ့် ဒီကောင် ထွက်ပြေးနေပြီ၊ မင်းသတိမထားမိဘူးလား"
"ဘာလဲ" အန်းယန်က အော်ပြောလျက် အမြန်ငုံ့ကြည့်လိုက်သည်။
သေချာပါတယ်။ ဖုတ်ကောင်သည် ယခုအခြေအနေမှ လွတ်မြောက်ရန် အသက်ကယ်လျှို့ဝှက်နည်းပညာကို အသုံးပြုခဲ့သည်။
"အာ အရမ်းစိတ်ဆိုးတာပဲ၊ လူဆိုးကြီးတစ်ယောက်ကို ဖမ်းမိပြီထင်နေတာကို” အန်းယန်က အနည်းငယ် စိတ်ပျက်အားငယ်စွာပြောသည်။
"ရပါတယ်၊ ပြေးသွားပြီ။ သေးသေးမွှားမွှား လူဆိုးတစ်စုပါပဲ။ ဘာမှ ထွေထွေထူးထူး ပြောစရာမရှိပါဘူး"
ရွှယ်အန်းက သူ့မိန်းမကို နှစ်သိမ့်ပေးလျက် လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်ရာ ဓားချီက ကောင်းကင်ကို ဖြတ်ကျော်၍ ပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် ရှန့်မိသားစုမှ ဆယ်မိုင်ကျော်ဝေးသော လမ်းပေါ်၌ ဖုတ်ကောင် ပြန်ပေါ်လာ၏။ သူ့နှဖူးမှ ချွေးစေးများကို သုတ်လျက် ကြောက်စိတ်များပြည့်နှက်နေသေးသည်။ သူက ရွှယ်အန်း၏အရိပ်ကို မြင်လိုက်ရသဖြင့် အမြန်ပြေးလာခဲ့ခြင်းပင်ဖြစ်ရာ အကယ်၍ ထိုနေရာ၌သာ ကျန်နေခဲ့ပါက အသေအချာပင် သေဆုံးသွားရပေလိမ့်မည်ဟုခံစားရသည်။
ကံကောင်းထောက်မစွာဖြင့်… သူ လွတ်မြောက်လာခဲ့သည်။
ဖုတ်ကောင်က ၎င်း၏လွတ်မြောက်မှုအတွက် ကြည်နူးနေချိန်တွင်၊ ဓားအလင်းတန်းတစ်ခုက လည်ပင်းမှ ဖြတ်သွားသည်။
ကြောက်လန့်တကြားမျက်လုံးမှိတ်ထားလိုက်ပြီးနောက် သူ့ခေါင်းက ကောင်းကင်ယံထက်သို့ လွင့်ပျံသွားကာ မြေပြင်ထက်သို့ ကိုယ်တစ်ပိုင်းက ပြုတ်ကျလာသည်။ ဤကြောက်မက်ဖွယ်ကောင်း၍ သွေးသံတရဲရဲမြင်ကွင်းကြောင့် လမ်းပေါ်ရှိ လူအများ အော်ဟစ်ကုန်ကြသည်။
ဖုတ်ကောင်၏ အလောင်းကို ပြန်သယ်လာပြီးနောက် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားသော အရိုးမိစ္ဆာသည် ခန္ဓာကိုယ်ဘေးတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
အခန်းတွင်းရှိ လေထုသည် ကြောက်မက်ဖွယ်ကောင်းလှသည်။
ခဏအကြာတွင်၊ နောက်ဆုံး၌ အရိုးမိစ္ဆာက "သူ့အလောင်းကို မြေအောက်ခန်းထဲ ယူသွားပါ" ဟုပြောခဲ့သည်။
ဒီအမိန့်ကိုကြားသောအခါ လူများစွာက ကြောက်လန့်တကြား ခေါင်းငုံ့လိုက်ကြသည်။
"ဟုတ်ကဲ့"
ယခုနေထိုင်သော အရိုးမိစ္ဆာအိမ်သည် ဟောလိဝုဒ်၏အစွန်းဆုံးတွင်တည်ရှိ၍ ၎င်းသည် ထူထဲသောသစ်ပင်များဖြင့်ဝန်းရံထားသည့် သီးခြားအိမ်ကြီးဖြစ်သည်။ မြေအောက်ခန်းကို အထူးအားဖြည့်ထားသောကြောင့် ဒုံးကျည်များပင် ချက်ချင်းထိုးဖောက်ရန် ခက်ခဲနေမည်ဖြစ်သည်။
ဤမြေအောက်ထပ်၏ကြမ်းပြင်တွင် ထူးထူးခြားခြား ဆေးခြယ်ရေးဆွဲထားသော ခြောက်ထောင့်ကြယ်နှင့်ဆင်တူသည့်အရာတစ်ခုရှိသည်။ ဖုတ်ကောင်၏ရုပ်အလောင်းကို ခြောက်ထောင့်ကြယ်၏အလယ်ဗဟိုတွင် နေရာချထားသည်။
ထို့အပြင် ကြယ်၏အခြားထောင့်များတွင်လည်း အလောင်းများ သို့မဟုတ် လတ်ဆတ်သောသွေးများ ဖြန့်ကျဲထားသည်။ အရိုးမိစ္ဆာသည် ရိုသေသောအမူအရာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုရေရွတ်သံနှင့်အတူ သူ့မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာ၍ မြေအောက်ခန်းသည် ပိုပို၍ အေးလာသည်။
ရုတ်တရက် ပြင်းထန်သော အတက်အကျတစ်ခုပြီးနောက် အနက်ရောင် တိမ်တိုက်တစ်ခုသည် ခြောက်ထောင့်ကြယ်၏အထက်တွင် ပေါ်လာသည်။
အနက်ရောင် မြူခိုးများအတွင်း၌ ကြီးမား၍ ပြင်းထန်သော Cerberus (ခေါင်းများစွာပါသော ငရဲခွေး) တစ်ကောင် ထွက်ပေါ်လာသည်။
တစ်ကောင်က နတ်ဆိုးအလောင်းကို စားရန် ခေါင်းငုံ့၍ တစ်ကောင်က မောက်မာစွာပြောလိုက်သည်။
"နတ်ဆိုးတွေ မင်းတို့ ငါ့ကို ဘာရည်ရွယ်ချက်နဲ့ ခေါ်လိုက်တာလဲ"
အရိုးမိစ္ဆာသည် ဝမ်းသာအားရဖြင့် ဒူးထောက်ကာ မြေပြင်ပေါ်တွင် ဝပ်တွား၍ပြော၏။
“လေးစားရပါသော Cerberus၊ နတ်ဆိုးမျိုးနွယ်က အရှင်ရောက်ရှိခြင်းကို ကြိုဆိုပါတယ်"
Cerberus က အေးစက်စွာ အော်လိုက်၏။
"သေမျိုးလောကကို ငါ့ကို ခေါ်တာ ဒီလောက်ပူဇော်စရာပဲရှိလား။ ဒါ ငါစားဖို့ မလုံလောက်ဘူး။ ပြီးပြည့်စုံအောင် ရှင်းပြပြီး မစွမ်းဆောင်နိုင်ရင် ငါ အခုချက်ချင်း မင်းကို ဝါးစားလိုက်မယ်”
"သခင် Cerberus အရှင့်ကို ခေါ်ရတဲ့ အကြောင်းအရင်းက အရှင့်ကို အရေးတကြီး လိုအပ်နေရလို့ပါ”
ထို့နောက် သူသည် ယခင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်ပြောပြသည်။ သူသည် ညနတ်ဆိုးဧကရီနှင့် ရွှယ်အန်းကို အထူးအလေးထားပြောပြခဲ့ရာ အရိုးမိစ္ဆာ၏ နိဒါန်းကို နားထောင်ပြီးနောက်၊ Cerberus ၏ ကြောက်မက်ဖွယ် ရယ်သံက မြေအောက်ခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။
"ညနတ်ဆိုးဧကရီ ဟားဟား အရှေ့ဘက်က အင်မော်တယ် အမွေအနှစ်တစ်ခုဖြစ်နိုင်တယ်။ ဒါပေမယ့် ငါသာ သာူ့ကို စားလိုက်ရင် ငါ့အတွက် အများကြီး အကျိုးရှိမှာပါ၊ ရွှယ်အန်းကတော့… သူက သာမန် ဟွာရှားကျင့်ကြံသူပဲ၊ သူ့ကို မကြောက်ဘူး"
အရိုးမိစ္ဆာ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာ၏။
"သခင် Cerberus၊ အရှင်က ညနတ်ဆိုးဧကရီကို အနိုင်ယူပြီး သူ့ခန္ဓာကိုယ်ကို ကျွန်တော်မျိုးဆီ ထားခဲ့မယ်လို့ မျှော်လင့်ပါတယ်"
"ဟေးဟေး ဒါ လွယ်လွယ်ပြောနိုင်ပေမယ့် ငါ အခု ဗိုက်ဆာနေပြီ သွေးတွေ အများကြီးသောက်ဖို့ လိုနေပြီ" Cerberus က ပြောသည်။
"သခင် အရှင်စားဖို့ ကျွန်တော်မျိုးပြင်ဆင်ပြီးပါပြီ” အရိုးမိစ္ဆာ၏ မျက်လုံးများသည် ရွှင်မြူး တောက်ပနေ၏။
အမှောင်မျိုးနွယ်စု၏အသွေးအသားပါရှိသော ဖုတ်ကောင်သည် သေပြီးသည့်တိုင် နတ်ဆိုးဘုံနတ်ဘုရားများကို ဆင့်ခေါ်ရန်အတွက် ယဇ်ပူဇော်ခြင်းအဖြစ် အသုံးပြုနိုင်သေးသည်။
သို့သော် အများအားဖြင့်၊ သာမန်အားဖြင့် သေးငယ်သော နတ်ဆိုးနတ်ဘုရားများကို ဆင့်ခေါ်ရန် အသုံးပြုလေ့ရှိသည်။ ဤတစ်ကြိမ်တွင် ငရဲစောင့်ကြပ်သူ Cerberus ကိုယ်တိုင်ကို ဆင့်ခေါ်မည်ဟု မည်သူက မျှော်လင့်နိုင်မည်နည်း။
ဤအရာသည် အရိုးမိစ္ဆာကိုအလွန်အမင်းပျော်ရွှင်စေသည်။ သူ့ဘေးနားတွင် Cerberus ရှိနေပါက ရွှယ်အန်းအပါအဝင် ညနတ်ဆိုးဧကရီနှင့် ဒုစရိုက်မြို့တော် ၏ အမိုက်စားအုပ်စိုးသူနှစ်ဦးစလုံး သူ့ခြေရင်း၌ ဦးညွှတ်ကြမည်ဟု သူယုံကြည်မိသည်။
နောက်နှစ်ရက်ကြာသောအခါ
ရွှယ်အန်းကို ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားနေသော ကြေးစားမုဆိုးအရေအတွက် သိသိသာသာ တိုးလာသည်။ သို့သော် ရွှယ်အန်းသည် လက်ရှောင်နေခဲ့၏။ အန်းယန်သည် ဗီဒီယိုဂိမ်းကစားခြင်းထက် ပိုပျော်စရာကောင်းသော အရာတစ်ခုကို ရှာဖွေတွေ့ရှိသောကြောင့်ပင်ဖြစ်ရာ ယင်းကား ဒယ်ပြားကိုသုံး၍ မည်သည့်နေရာကထွက်လာမည်ကိုမသိနိုင်သော မုဆိုးများကို ရိုက်ပစ်ရန်ပင်ဖြစ်သည်။
ယခုကဲ့သို့ပင်၊
ရွှယ်အန်းသည် အိမ်နောက်ဖေးရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ပျင်းရိငြီးငွေ့စွာ ရယ်မောလိုက်သည်။
ထိုအချိန်တွင် အန်းယန်က အိမ်နောက်ဖေးမြက်ခင်းပြင်တွင် ဆူညံကျယ်လောင်သော အသံများကို ပြုလုပ်လျက်ရှိ၏။ အတိအကျပြောရလျှင် ဤ "မှဲ့" သည် ဂျပန်နိုင်ငံမှနင်ဂျာလူသတ်သမားဖြစ်သည်။
ဒုစရိုက်မြို့တော်၏ ဆုကြေးငွေစာရင်းတွင် ထိပ်တန်းစာရင်းဝင်ပုဂ္ဂိုလ်များထဲတွင်လည်း ပါဝင်၏။ သို့သော် ယခုအချိန်တွင် လူသတ်သမားသည် ပြိုကွဲလုနီးနီး ဖြစ်နေသည်။ ဤအိမ်နောက်ဖေးသည် သူ၏ထာဝရအိပ်မက်ဆိုးဖြစ်လာပုံရကာ သူလွတ်မြောက်ရန် မည်ကဲ့သို့ ကြိုးစားစေကာမူ ခြံအပြင်မထွက်နိုင်ပေ။
ရွှယ်အန်းသည် ဤဧရိယာတစ်ဝိုက်ရှိ နေရာကို ချိတ်ပိတ်လိုက်ကြောင်း သူမသိခဲ့သဖြင့် သူ၏ လွတ်မြောက်မှု နည်းလမ်းအားလုံးသည် ဤနေရာတွင် ထိရောက်မှု မရှိခဲ့ပေ။ လုပ်ကြံသတ်ဖြတ်သူ ခေါင်းက မြေပြင်ပေါ်မှ ပြန်ထောင်လာသည့်အခိုက်အတန့်တိုင်းတွင် ဒယ်ပြားက တိတိကျကျ သက်ဆင်းလာမည်ဖြစ်သည်။
နောက်ဆုံးတွင် လုပ်ကြံသတ်ဖြတ်သူသည် မြက်ခင်းပြင်ပေါ်တွင် လှဲနေကာ မောဟိုက်လျက် တွားသွား၍ ပြောလိုက်သည်။
"ဟင့်အင်း...မလိုတော့ဘူး၊ မင်းလိုရင် ငါ့ကိုသတ်လိုက်ပါ၊ ငါ... ငါထွက်မပြေးနိုင်တော့ဘူး"
အခန်း(၂၆၇) မင်းစိတ်မလှုပ်ရှားဘူးလား
ဤသို့ပြောလျက် မျက်လုံးမှိတ်ကာ သေခြင်းတရားကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော် အချိန်အတန်ကြာစောင့်ပြီးသည်အထိ မည်သည့်အရာမျှ မဖြစ်ခဲ့သဖြင့် အံ့သြစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ ဒယ်ပြားကိုင်ထားသည့် ရယ်မောနေသော အန်းယန်ကို မြင်လိုက်ရသည်။
"ရှင့်ကိုသတ်မယ်လို့ ဘယ်သူပြောလဲ"
"ဟင်" လူသတ်သမားက နားကြားမှားပြီဟု ထင်လိုက်မိသည်။
ဤအခိုက်အတန့်တွင် ရွှယ်အန်းသည် ဆိုဖာပေါ်မှ မတ်တပ်ထရပ်လိုက်၏။
"ကောင်းပြီ ယန်အာ မကစားနဲ့တော့”
အန်းယန်က ငြီးငွေ့ဖွယ် သက်ပြင်းတစ်ချက်ချလိုက်၏။
"ပျင်းစရာကောင်းလိုက်တာ၊ ပျော်နေတုန်းရှိသေး ရှင်က လက်လျှော့လိုက်တယ်ပေါ့”
ဤသို့ဖြင့် အန်းယန်က ထွက်သွားသည်။
...
ရွှယ်အန်းသည် လုပ်ကြံသတ်ဖြတ်သူထံသို့ လျှောက်သွားကာ ဖြူဖွေးသော သွားများပြသကာ အလွန်လှပစွာ ပြုံးနေသည်။
"မင်းမြင်လား။ မင်းက ငါတို့ကို သေချာပေါက် သတ်ဖို့ ရည်ရွယ်ပြီးလာခဲ့ပေမယ့် ငါ့မိန်းမက အရမ်းသဘောကောင်းတော့ မင်းကို ဘာရန်ငြှိုးမှမထားဘူးသိလား။ ဘယ်လိုခံစားရလဲ။ နည်းနည်း မထိရှသွားဘူးလား”
“ငါ… မလှုပ်ရဲဘူး…” လူသတ်သမားက အေးစက်စက် အသံဖြင့် ပြောလိုက်သည်။
ရွှယ်အန်းထံမှ ထွက်ပေါ်လာသော လူသတ်အငွေ့အသက်ကို သူခံစားနိုင်သည်။
"ဟမ်" ရွှယ်အန်းက မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။
"အာ… ကျုပ်တကယ်ထိမိပါတယ်။ ထိပါတယ်” လူသတ်သမားက အကြိမ်ကြိမ် ခေါင်းညိတ်သည်။
“အ်း ဒါဆိုကောင်းပြီ” ရွှယ်အန်းက အနည်းငယ်ပြုံး၍ ပြောလိုက်သည်။
"ငါကြားတယ်... မင်းလို ကြေးစားမုဆိုးတွေက အရမ်းချမ်းသာနေတာလား”
"ဘာလဲ” ထိုလူက နားမလည်လှသေးပေ။
"ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်၊ ဒါကြောင့် ငါနဲ့ စကားမပြောနဲ့ နားလည်လား" ရွှယ်အန်းက အေးဆေးစွာပြောသည်။
"နားည်ပါတယ် နားလည်ပါတယ်” ထိုလူက အားတက်သရော ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။
"သခင်၊ ကျွန်တော့ရဲ့စုဆောင်းငွေတွေအားလုံးကို Swiss ဘဏ်မှာရှိပါတယ်၊ ကျွန်တော်တကယ်ငွေသားမသယ်ခဲ့ပါဘူး..."
ရွှယ်အန်းက ရွှင်လန်းစွာ ပြုံးလိုက်သည်။
“ဒါက ကိုင်တွယ်ရတာ လွယ်တယ်။ မင်းသိတဲ့အတိုင်း ငါက အခြားသူတွေကို ယုံကြည်ချင်တဲ့လူလေ”
ဤသို့ပြော၍ ရွှယ်အန်းက စာရွက်တစ်ရွက်ကိုထုတ်ကာ လုပ်ကြံသူဆီ ပစ်ပေးလိုက်သည်။
“အဲဒါ ငါ့ဘဏ်အကောင့်။ မင်းပြန်ပြီးရင် ပိုက်ဆံတွေအကုန်လွှဲပေးလို့ရပြီ"
"ဟုတ်ကဲ့ ဟုတ်ကဲ့”
"ကောင်းပြီ မင်းအခုသွားလို့ရပြီ" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
"ဘာလဲ" ထိုလူက အံ့သြသွားပြန်သည်။
"ဘာဖြစ်တာလဲ မင်း မသွားချင်ဘူးလား"
"သွားချင်ပါတယ်။ သွားချင်ပါတယ်။ ကျွန်တော် အခုချက်ချင်းသွားပါမယ်” ထိုသို့ပြောပြီးနောက် စိတ်ထဲမှ တိုးတိတ်စွာအူမြူးလျက် မြေကြီးမှထလာသည်။
‘ဒီနေရာကထွက်သွားလို့ရလို့ကတော့ အရူးပဲ ပိုက်ဆံလွှဲလိမ့်မယ်’
ပျော်ပျော်ကြီး ထွက်သွားတော့မည့်အခိုက်အတန့်တွင် ရွှယ်အန်း၏အသံက သူ့နောက်မှ ထွက်ပေါ်လာ၏။
“လှည့်ကွက်တွေလုပ်ဖို့ မစဉ်းစားနဲ့။ မင်းရဲ့စိတ်ဝိညာဉ်ထဲမှာ ကျိန်စာအမှတ်အသားကို ငါထည့်ထားတယ်။ မင်း နာခံပြီးပိုက်ဆံမလွှဲရင် ဘာဖြစ်မလဲ ငါတကယ်မသိဘူး”
လုပ်ကြံသတ်ဖြတ်သူ၏ မျက်နှာက ရွင်လန်းနေရာမှ အေးခဲသွားကာ ခါးသက်စွာပြောလိုက်သည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော်ပြန်ရောက်ပြီး ပထမဆုံးလုပ်ရမယ့်အရာက ပိုက်ဆံလွှဲဖို့ပါပဲ”
ရွှယ်အန်းက သူ့လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။
“ထွက်သွားစမ်း”
လုပ်ကြံသတ်ဖြတ်သူသည် သူ့ဝိညာဉ်ကြေမွသွားသကဲ့သို့ ကြောက်လန့်တကြားထွက်ပြေးသွားသည်။
ထိုအချိန်တွင်အန်းယန်က အနည်းငယ်ရယ်မောလိုက်သည်။
“ယောက်ျား ဒီလိုလုပ်လို့ တကယ်အဆင်ပြေပါ့မလား”
“ဘာလို့မပြေရမှာလဲ” ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“သူတို့က ကိုယ်တို့ကို သတ်ဖို့ ရည်ရွယ်ပြီး ဒီကိုလာတာပါ။ အဲ့တာတွေကို လုံးဝဂရုမစိုက်ဘဲ လွှတ်ပေးလိုက်တာကိုက သက်ညှာပေးပြီးသား။ အခု သူတို့အသက်အတွက် ပိုက်ဆံလေးနည်းနည်းတောင်းတာ မျှတတယ် မဟုတ်လား”
"ခင်ပွန်း၊ မင်းဟာ သူတို့ရဲ့ စိတ်နှလုံးထဲမှာ ကျိန်စာအမှတ်အသားကို တကယ်ထည့်ခဲ့တာလား။" အန်းယန်က စိတ်ဝင်တစား မေးသည်။
ရွှယ်အန်းက လေးလေးနက်နက် ပြုံးလိုက်၏။
"ကိုယ့်မှာ ဒီလိုမျိုး အားလပ်ချိန်ရှိလား။ အဲ့လို လောကီစည်းစိမ်ဥစ္စာတွေက လူတိုင်းအပေါ် ကျိန်စာအမှတ်အသားထားရလောက်အောင် မတန်ဘူးလေ”
"ဒါဆို ပိုက်ဆံမလွှဲရင် ဘယ်လိုလုပ်မလဲ" အန်းယန်က အနည်းငယ် စိတ်ရှုပ်သွားကာ မေးလိုက်သည်။
ရွှယ်အန်းက သူ့ဆံပင်များကို ချစ်ခင်စွာဖွ၍ ပြော၏။
"မိန်းမက တစ်ခါတလေ အရမ်း ချစ်ဖို့ကောင်းလောက်အောင် ရူးနေတာပဲ။ ကျိန်စာ အမှတ်အသားကို မထားနိုင်ပေမယ့် လူတစ်ဦးစီအတွက် အိပ်မက်ဆိုးလေးတစ်ခု ထားခဲ့လိုက်တယ်"
"သူတို့က ငွေကို တကယ်မလွှဲရင် အိပ်မက်ဆိုးတွေက သူတို့ကို ခြောက်လှန့်သွားမှာဆိုတော့ သူတို့ မသေပေမယ့် သေချာပေါက် ရူးကုန်ကြလိမ့်မယ်"
အမှန်မှာ ရွှယ်အန်းကြိုပြောထားသည့်အတိုင်း အရာများ ဖြစ်ပျက်လာခဲ့သည်။ ဤလုပ်ကြံသတ်ဖြတ်သူများသည် မျှော်လင့်ချက် အနည်းငယ်ဖြင့် ယင်းကို ကျော်ဖြတ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် မကြာမီတွင် ၎င်းတို့ ညဘက်များ၌ အိပ်မပျော်နိုင်ဖြစ်လာကြ၍ နောက်ဆုံးတွင် ၎င်းတို့၏ မျက်လုံးများကို မှိတ်ထားလိုက်သည့်တိုင် ဆိုးရွားသော အိပ်မက်ဆိုးများဖြစ်ပေါ်လာခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ ထိရှလွယ်သူအချို့က လျင်မြန်စွာ ပြိုကွဲသွားကြရာ အမိန့်ကိုနာခံ၍ အမြန်အဆန် ပိုက်ဆံလွှဲလိုက်ကြသည်။
တစ်ရက်နှစ်ရက်အတွင်းတွင် ရွှယ်အန်း၏အကောင့်ထဲသို့ သန်းတစ်ရာကျော် ပျံ့နှံ့၍ ဝင်လာကာ အားလုံးက အမေရိကန်ဒေါ်လာများပင်ဖြစ်သည်။ ၎င်းကြောင့် ရွှယ်အန်းက လုပ်ကြံသတ်ဖြတ်သူများ ရောက်ရှိလာခြင်းကိုပင် စတင်မျှော်လင့်နေခဲ့သည်။ သို့သော် ဤလောကတွင် လူမိုက်ဟူ၍ မရှိပေ။
ရက်အတော်ကြာ ကြမ်းတမ်းသော သင်ခန်းစာများ အပြီးတွင် ဤမုဆိုးများသည် အမှန်တရားကို လေးနက်စွာ နားလည်သဘောပေါက်လာကြသည်။
ငရဲနတ်ဆိုးများကို နှိုးဆွလျှင်ပင် ရွှယ်အန်းမိသားစုကို မည်သူမျှ မနှောက်ယှက်ဝံ့ကြပေ။
ပထမဆုံးအနေဖြင့် ဒယ်ပြားကိုင်ထားသော အမျိုးသမီးတစ်ယောက်ရှိသည်။ သူမက ကောင်းကင်နှင့် မြေကြီးဖြစ်စေ မည်သည့်နေရာကမျှ လွတ်လမ်းမရှိသည်ကို ပြသပေလိမ့်မည်။ အစပိုင်းတွင် ၎င်းတို့၏ တက်ကြွမှုကို ဂုဏ်ယူခဲ့သော မုဆိုးများစွာသည် အန်းယန်ကို အလေးအနက်မထားခဲ့ကြပေ။
တကယ်တမ်းတွင် အန်းယန်သည် အခု ရှောင်ယောင်း အဆင့်၌သာ ရှိသေး၍ အားမသန်ကြပေ။ သို့သော် တိုက်ပွဲစပြီးသည်နှင့်တစ်ပြိုင်နက် ဤလူသတ်သမားများ ရူးသွပ်သွားကြသည်။
ဤအမျိုးသမီး၏လက်ထဲမှ ထို ဒယ်ပြားက အသက်ဝင်လာကာ ကြိုတင်မှန်းဆ၍ ရပ်တန့်၍ မရနိုင်ပေ။ လူများကို စိတ်ပျက်အားငယ်စေသော အရာမှာ ၎င်းပင်ဖြစ်ကာ သင်က မည်မျှပင် သိုင်းကျွမ်းကျင်နေသည်ဖြစ်စေ ထိုမိန်းမက ဒယ်ပြားကို ပစ်ချလိုက်ရုံဖြင့် ခြေရာခံစက်ရှိနေသကဲ့သို့ သင့်ကို လွင့်ထွက်သွားစေပေလိမ့်မည်။
သို့သော် အန်းယန်၏ ကျွမ်းကျင်မှုနှင့် နှိုင်းယှဉ်ပါက ဤမုဆိုးများကို အမှန်တကယ် ကြောက်စေသည်မှာ ရွှယ်အန်း၏ အပြုံးဖြစ်သည်။ သူက သင့်ကို သတ်လိမ့်မည်မဟုတ်၊ အေးဆေးစွာပြုံးပြ၍ ဒဏ်ရာရလျှင်ပင် ပတ်တီးစည်းပေးပေလိမ့်မည်။ သို့သော် ထို နူးညံ့သိမ်မွေ့သန့်စင်သော အပြုံးအောက်တွင်
သင့်တွင်ရှိသမျှ ငွေအားလုံးကို ယူမည်ဟု စိတ်ပိုင်းဖြတ်ထားသော နှလုံးသားရှိနေသည်
ရလဒ်အဖြစ် သတင်းပျံ့နှံ့လာသောအခါတွင် တစ်ချိန်က ရက်စက်ကြမ်းကြုတ်သော မုဆိုးများစွာသည် လုံးလုံးလျားလျား ထွက်ပြေးခဲ့ကြသည်။
တစ်ချိန်က စည်ကားခဲ့သော ရှန့်မိသားစုအိမ်ကြီးသည် နောက်ဆုံးတွင် တိတ်ဆိတ်သွားသည်။
ရွှယ်သည် ကောင်းကင်ကိုမော့ကြည့်ကာ သက်ပြင်းသာချနိုင်ခဲ့သည်၊ လဲလျောင်းရုံမျှဖြင့် ငွေရှာရန် နောက်ထပ်အခွင့်အရေး မည်သည့်အခါတွင်ရနိုင်မည်နည်း။
အော်စကာဆုပေးရမည့်အချိန်သို့ နီးကပ်လာပြီဖြစ်ကာ ဟောလိဝုဒ်သည်လည်း တဖြည်းဖြည်း စည်ကားလာခဲ့သည်။
ဇိမ်ခံ RV တစ်စီးပေါ်တွင် ချောမောသော ဆံပင်ရွှေရောင်ရှိ အမျိုးသားတစ်ဦးက ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြောလိုက်၏။
"ချစ်စွာသော အက်ဒ်ဝက်၊ မင်း အဲ့မင်းသမီးကို လိုက်ဖို့ ဂျပန်ကိုသွားခဲ့တယ်လို့ ကြားတယ်။ ဒါပေမယ့် အရှက်ကွဲခဲ့တယ်မဟုတ်လား”
ဂျပန်နိုင်ငံ အကြောင်း ထည့်ပြောလိုက်သောအခါ အက်ဒ်ဝက်၏ မျက်နှာက ဖြူဖျော့လာသည်။
"အဲ့ကိစ္စ ထပ်မပြောစမ်းနဲ့ ဝီလျံ၊ မင်း ငါ့ကို ဘာလို့ ဟောလိဝုဒ်ကို ဖိတ်တာလဲ"
ဝီလျံ၏မျက်နှာက မယုံကြည်နိုင်မှုအပြည့်ဖြင့်ရှိနေ၏။
"ဘုရားရေ ဂျပန်မှာ မင်းဘာဖြစ်လာတာလဲ။ မင်းဘာလို့ ဒီလောက်ပြောင်းလဲသွားတာလဲ။ အော်စကာဆုတွေ ငါတို့ ရတော့မှာကို မင်းမေ့နေတာလား”
“ဘာအော်စကာလဲ”
ဝီလျံက ခေါင်းကို ခိုကိုးရာမဲ့စွာ ခါလိုက်သည်။
“ချစ်သူငယ်ချင်း၊ မင်း ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ ငါယုံချင်ပါတယ်။ ဒါဟာ အော်စကာပေးပွဲပဲ။ မင်း အဲ့တာကို စောင့်နေတာမလား။ ကမ္ဘာတစ်ဝှမ်းက မင်းသမီးတော်တော်များများ လာကြမယ်လေ”
အက်ဒ်ဝက်က ခါးသီးစွာ ပြုံးလိုက်ကာ စကားတစ်ခွန်းမျှမပြောပေ။
သူ့တုံ့ပြန်မှုကိုမြင်သောအခါ ဝီလျံက သူ့ပခုံးကို ပုတ်၍ ပြောလိုက်သည်။
"လာစမ်းပါ ဂျပန်မှာဖြစ်ခဲ့တာ နည်းနည်းတော့ ကြားလိုက်ရပါတယ်။ ဒါပေမယ့် အဲ့တာက အတိတ်ပဲမလား”
“ဒါက ဂျပန်နိုင်ငံမဟုတ်ဘူး၊ ငါတို့က ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ နိုင်ငံမှာ နေနေတာ။ ငါတို့မှာ တွန်းလှန်နိုင်တဲ့ စစ်သင်္ဘောတွေနဲ့ အမြောက်တွေရှိတယ်၊ သိုင်းပညာရှင်လောက်ကို ငါတို့က တကယ်ကြောက်နေရမှာလား” ဝီလျံက မထီမဲ့မြင်ပြု၍ ပြောလိုက်သည်။
အက်ဒ်ဝက်က နှုတ်ဆိတ်နေသည်။ ဝီလျံကဲ့သို့လူများ၏ အမြင်ကို သူနားလည်သည်။ အမြောက်များသည် တရားမျှတမှုကို ကိုယ်စားပြုကာ လေယာဥ်များသည်လည်း အနှိုင်းမဲ့သည်။
‘ဘာလို့ ဒီလူက ဒီလောက်တောင် စွမ်းအားကြီးတာလဲ’
ထို တိုကျို မိုးရွာသောညတွင် အက်ဒ်ဝက်က စည်းဥပဒေအားလုံးကို ဓားတစ်ချက်တည်းဖြင့် ဖျက်ဆီး ပစ်လိုက်သည့် ရွှယ်အန်း၏ ပုံရိပ်ကို ပြန်တွေးလိုက်မိသည်။
၎င်းသည် သူ့ဘဝ၏ အိပ်မက်ဆိုးပင်ဖြစ်၏။