အခန်း (၂၇၄-၂၇၆)
Vol. 19 Ch. 274-276
အခန်း (၂၇၄) လူတွေက လိမ်နိုင်ပေမယ့် စိတ်ဝိညာဉ်တွေက မလိမ်နိုင်ဘူး
"ကျုပ် ဘယ်လိုသိတာလဲ ခင်ဗျား အံ့ဩနေတာလား"
အရိုးမိစ္ဆာ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီးနောက် ၎င်းက မျက်နှာချိုသွေးစွာ ပြုံး၍ ပြောလိုက်သည်။
"အဲ့လိုလည်း မဟုတ်ပါဘူး၊ အရှင်က အရာအားလုံးကို သိနေတာ ပုံမှန်ပါပဲ"
ရွှယ်အန်းသည် သူ၏မြှောက်ပင့်ပြောဆိုမှုကို ဂရုမစိုက်ဘဲ ဘာသိဘာသာ ပြောလိုက်သည်။
"လူတွေက လိမ်နိုင်ပေမယ့် ဝိညာဉ်တွေကတော့ မလိမ်နိုင်ပါဘူး"
အရိုးမိစ္ဆာက ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီးနောက် စကားတစ်ခွန်းမျှ မပြောရဲ့တောပေ။ သူသာ လိမ်ညာဝံ့လျှင် ညနတ်ဆိုး ဧကရီကဲ့သို့ သူ၏စိတ်ဝိညာဉ်ကိုလည်း ပျံ့ကြဲသွားအောင် ပြုလုပ်မည်ဟူသော ရွှယ်အန်း၏ဆိုလိုရင်းကို သူနားလည်သောကြောင့် ဖြစ်သည်။
"ခင်ဗျားက အမှောင်မျိုးနွယ်က စုန်း
တစ်ယောက်လား” ရွှယ်အန်းက မေးလိုက်သည်။
“ဟုတ်ကဲ့” အရိုးမိစ္ဆာက လေးစားစွာ ပြန်ဖြေလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်၍ သူ၏လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်ပြီးနောက် အရိုးမိစ္ဆာ၏ နဖူးကို အနက်ရောင် မန္တန်တစ်ခုကို ရိုက်နှိပ်လိုက်သည်။ အရိုးမိစ္ဆာသည် သူ၏ဦးခေါင်းတွင် နာကျင်ကိုက်ခဲမှုများ ခံစားလိုက်ရသောကြောင့် ရွှယ်အန်းကို ထိတ်လန့်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။
"ခင်ဗျားရဲ့စိတ်ဝိညာဉ်မှာ ကျိန်စာအမှတ်အသားကို ထည့်ထားတယ်၊ ခင်ဗျား တခြားအကြံအစည် ရှိနေတယ်ဆိုရင် ခင်ဗျားရဲ့နတ်ဆိုးဝိညာဉ်က ကံကြမ္မာမီးတောက်နဲ့ လောင်မြိုက်ခံရလိမ့်မယ်”
ရွှယ်အန်း၏စကားကိုကြားလိုက်သော အရိုးမိစ္ဆာ၏ခြေထောက်များသည် အားနည်းလာ၍ ၎င်းက မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချကာ ရွှယ်အန်းကို လက်မှိုင်ချမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။ ရွှယ်အန်းက နေရာတစ်ခုလုံးကို စတင် လှည့်ပတ်ကြည့်ရှု့လိုက်သည်။ ယခုအချိန်တွင် လူတိုင်းက ၎င်းတို့၏ ကနဦး တုန်လှုပ်ချောက်ချားမှုများမှ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း မည်သူမျှ အရှေ့ မထွက်ရဲကြပေ။
မည်သိုဆိုသော် ရွှယ်အန်း၏ စွမ်းဆောင်မှုများသည် အလွန် ကြောက်မက်ဖွယ်ကောင်းသောကြောင့်ဖြစ်သည်။ နတ်အဆင့်နှင့် နတ်ဆိုးအဆင့်တို့နှင့်ယှဥ်လျှင် နိမ့်ကျခြင်းမရှိလှပေ။ ထိုအချိန် အန်းယန်သည် ရွှယ်ရှန်းတို့ ရွှယ်နျန်တို့နှင့်အတူ ရောက်လာခဲ့သည်။
"အန်တီမင်ရွှယ် ပြန်လာပြီ"
ကလေးမလေးနှစ်ယောက်သည် ကနဦးက ငြင်းဆန်မှုများ မရှိတော့ဘဲ အပြုံးများဖြင့် မေးလိုက်ကြသည်။ ဖန်းမင်ရွှယ်က ခေါင်းညိတ်လိုက်ပြီးနောက် အန်းယန်ကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။
အန်းယန်က ပြုံးပြလိုက်သည်။
“နင် ပြန်လာနိုင်တာ သိပ်ကောင်းတာပဲ၊ ဒီရက်ပိုင်း တော်တော်ဒုက္ခများခဲ့ရမှာ"
"ကျေးဇူးတင်ပါတယ် ညီမလေးအန်း" ဖန်းမင်ရွှယ်က တီးတိုး ပြောလိုက်သည်။ ထိုအချိန်တွင် လူကြီးမင်းလုံက အနားသို့ မလာရဲသောကြောင့် အဝေးတွင် တုံ့ဆိုင်းစွာ ရပ်နေခဲ့သည်။
ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။
“ကြည့်ရတာ အခမ်းအနားကို ဆက်လုပ်လို့ မဖြစ်တော့ဘူး ထင်တယ် လူကြီးမင်းလုံ။ ကျုပ်တို့တွေ တည်နေရာ ပြောင်းကြရင်ရော ဘယ်လိုလဲ။ အခွင့်အရေးယူပြီး မင်ရွှယ်အတွက်လည်း ဂုဏ်ပြုပွဲ လုပ်ကြတာပေါ့”
လူကြီးမင်းလုံက အနည်းငယ် အံ့ဩသွားပြီးနောက် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းတာပေါ့ ကျုပ်လည်း ဒီနေရာမှာ နေရတာ အသက်ရှူကျပ်နေပြီ။ အထူးသဖြင့် စောစောက လူတချို့ရဲ့ စကားလုံးတွေနဲ့ လုပ်ရပ်တွေက ကျုပ်အတွက် တော်တော်လေး မနှစ်ဖွယ်ကောင်းစေတယ်”
သူ၏စကားသည် လူအများကို ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားစေသည်။ ရွှယ်အန်းက ပြုံးလိုက်သည်။
"ကောင်းပြီလေ သွားကြရအောင်"
သူသည် ဤလူများကို ရန်ငြိုးထားမည် မဟုတ်ပေ။ ၎င်းတို့အားလုံး ထိုနေရာက ထွက်လာသည့်အချိန်မှ ရှန့်ခန်နှင့် သူ၏သမီးသူတို့က အဝေးတစ်နေရာတွင် စိုးရိပ်ပူပန်စွာ စောင့်ဆိုင်းနေကြကြောင်း ရွှယ်အန်းက သိလိုက်ရသည်။ ၎င်းတို့သည် အထဲတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများအကြောင်း ကြားသိခဲ့သော်လည်း မဝင်လာဝံ့သောကြောင့် အပြင်မှသာ စောင့်နေခဲ့ကြခြင်းဖြစ်သည်။ ရွှယ်အန်းက ဘေးကင်းစွာ ထွက်လာကြောင်း မြင်လိုက်ရသဖြင့် ၎င်းတို့နှစ်ဦးစလုံး သက်ပြင်းချ၍ အမြန်လာနှုတ်ဆက်ကြလေသည်။
“မစ္စတာရွှယ် ခင်ဗျား အဆင်ပြေနေလို့ တော်သေးတာပေါ့။ ကျုပ်တို့တွေ လန့်သွားတာပဲ" ရှန့်ခန်က အော်ပြောလိုက်သည်၊ ထို့နောက် ဖန်းမင်ရွှယ်နှင့် လူကြီးမင်းလုံတို့သည်လည်း သူ့နံဘေးတွင် ရပ်နေခြင်းကို သတိပြုမိသွားသည်။
"မိန်းကလေးဖန်းနဲ့ လူကြီးမင်လုံ" ရှန့်ခန်က အံ့ဩစွာ အော်ဟစ်လိုက်သည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"ကျုပ်တို့တွေ ဒီဧည့်ခံပွဲ မပျော်နိုင်ခဲ့မှတော့ ခင်ဗျား နေရာကို ပြန်သွားစားကြရင်ရော ဘယ်လိုလဲ"
ရှန့်ခန်သည် အလွန်ဝမ်းသာသွားသည်။
"ကျုပ်ဘက်က ဂုဏ်ယူစရာပါဗျာ"
၎င်းတို့ ထွက်ခွာသွားကြပြီးနောက် အခမ်းအနားရှိလူများသည်လည်း အထဲမှထွက်လာကြ၍ နောက်ကျမှ ရောက်လာသော အမေရိကန်နိုင်ငံ၏ ဥပဒေအရာရှိများထံသို့ အဖြစ်အပျက်များကို တုန်လှုပ်စွာ ပြန်ရှင်းပြနေကြသည်။
ဤအချက်အလက်များကို စုစည်း၍ FBI သို့ အစီရင်ခံလိုက်သည်နှင့် ထောက်လှမ်းရေးဌာန ခေါင်းဆောင်က ၎င်းအစီရင်ခံစာကို ဖတ်ပြီးနောက် ချွေးစေးများ ထွက်လာလေသည်။ အမေရိကန်နိုင်ငံ၏ အထင်ကရပုဂ္ဂိုလ်အများအပြားသည် ဒုစရိုက်မြို့တော်မှ အမှောင်သခင်တစ်ဦး၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရ၍ ဟွာရှား၏ နံပါတ်တစ်အန္တရာယ်ရှိသူသည်လည်း အခင်းဖြစ်ပွားရာ၌ ပေါ်ပေါက်လာခဲ့သည်။
တစ်စုံတစ်ခုသာ မှားယွင်းသွားခဲ့လျှင် မိမိဘက်မှ နုတ်ထွက်ရုံဖြင့် မလုံလောက်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဖုန်းကို ကောက်ကိုင်၍ လုံခြုံရေးတာဝန်ယူထားသော ဌာနကို အော်ဟစ်ကြိန်းမောင်းလိုက်သည်။ ထောက်လှမ်းရေးဌာန ခေါင်းဆောင်က သူ၏ဒေါသကို ဖြေေဖျာက်ပြီးသည်နှင့် လုံခြုံရေးဌာန ခေါင်းဆောင်က သတိကြီးကြီးဖြင့် မေးလိုက်သည်။
"ခေါင်းဆောင် ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ။ ဒီရွှယ်အန်းကို အမေရိကန်နိုင်ငံမှာ ထိန်းသိမ်းထားဖို့ လုပ်လိုက်ရမလား’’
"မိုက်မဲလိုက်တာ၊ မင်းခေါင်းထဲမှာ အီးတွေများ ရှိနေလား" ထောက်လှမ်းရေး ခေါင်းဆောင်က ထပ်မံ ဒေါသထွက်လာပြန်သည်။
"သတင်းမကြားဘူးလား။ ရွှယ်အန်းက အဲ့ဒီ့ အရိုးကောက်သိမ်းသူဆိုတဲ့ အရိုးမိစ္ဆာကို အနိုင်ယူခဲ့တယ်တဲ့။ အဲ့ဒါက ဘာကို ဆိုလိုတာလဲ"
ဖုန်း၏အခြားတစ်ဖက်ရှိ လုံခြုံရေးဌာန ခေါင်းဆောင်က ရှက်ရွံ့သွားသည်။
"သောက်ကျိုးနည်းတဲ့မှ မင်းသာ ငါ့အရှေ့မှာ ရှိနေရင် အခုပဲ မင်းကို လည်ပင်းညှစ်ပစ်လိုက်တယ်။ ရွှယ်အန်းက ဒုစရိုက်မြို့တော်ကို သေချာပေါက် သွားတော့မယ်လို့ ဆိုလိုတာပဲ’’
“ဒုစရိုက်မြို့တော်မှာ အရမ်း အဖိုးတန်တဲ့အရာတစ်ခု ထွက်ပေါ်လာလို့ အမှောင်မျိုးနွယ်က အင်အားကြီးပုဂ္ဂိုလ်တွေ မငြိမ်မသက်ဖြစ်နေတယ်လို့ ငါ ကြားထားတယ်။ ရွှယ်အန်းက အဲဒီကို သွားမယ်ဆိုရင် ပြီးပြည့်စုံသွားပြီး မဟုတ်ဘူးလား။ သူတို့ဘာသာ ခွေးလို ကိုက်ပလေ့စေ’’
ထိုအချိန်တွင် ထောက်လှမ်းရေးဌာန ခေါင်းဆောင်သည် အနည်းငယ် ရွှင်မြူးစပြုလာသည်။
“ဒါ့အပြင် ဒီကိစ္စတွေကို တင်းတင်းကြပ်ကြပ် ထိန်းသိမ်းထားဖို့ မမေ့နဲ့၊ သက်သေအားလုံးကို နှုတ်ပိတ်ဖို့ အမိန့်ပေးလိုက်။ မနက်ဖြန် ငါ နိုးလာလို့ ဖုန်းကို စစ်ဆေးတဲ့အချိန် နတ်တွေ၊ နတ်ဆိုးတွေ မွန်းစတားသတင်းတွေနဲ့ ပြည့်နေတာကို မတွေ့ချင်ဘူး။ ဒါက ရွေးချယ်ခံတိုင်းပြည်ဖြစ်တဲ့ အမေရိကန်နိုင်ငံပဲ တတ်ယောင်ကား နတ်ကတော်တွေရဲ့တိုင်းပြည်မဟုတ်ဘူး"
“ဟုတ်" လုံခြုံရေးဌာန ခေါင်းဆောင်က ကျယ်လောင်စွာ တုံ့ပြန်လိုက်သည်။
ဖုန်းချပြီးနောက် ထောက်လှမ်းရေးအကြီးအကဲက တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။
‘ဒီသတ်ဖြတ်ခြင်း နတ်ဘုရားကြီး အမေရိကန်နိုင်ငံက ထွက်ခွာသွားအောင် ပြုလုပ်ပေးပါဘုရားသခင်၊ သူ ဒီမြေပေါ်မှာ ရှိနေတဲ့ နေ့ရက်တိုင်းက ကျွန်တော် အသက်တစ်နှစ်စီ ဆုံးရှုံးလေ ဖြစ်နေမှာပါ’
ဤကံဆိုးလှသော ထောက်လှမ်းရေးဌညန ခေါင်းဆောင်က တိတ်တဆိတ်ဆုတောင်းနေချိန်တွင် ရွှယ်အန်း၊ ဖန်းမင်ရွှယ်နှင့် အခြားလူများက နွေးထွေးသော ညစာစားပွဲတစ်ခုကို ကျင်းပနေကြသည်။ မှန်သည်၊ ၎င်းကို ညလည်စာဟုပင် ခေါ်ဆိုသင့်သည်။ ထမင်းစားနေစဉ်တွင် လူတိုင်းက အရက်သေစာသောက်လျက် စကားစမြည်ပြောနေကြသည်။
လူကြီးမင်းလုံသည် အမှန်တကယ်ပင် ဟောလိဝုဒ်တွင် နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့သည့် သက်တမ်းရင်သူတစ်ဦးဖြစ်သည်။ သူသည် ထူးခြား ဆန်းကြယ်သော ဇာတ်လမ်းများစွာအကြောင်း ကောင်းစွာသိရှိထားသောကြောင့် ၎င်းတို့ကိုပြောပြချိန်တွင် အလွန် ရွှင်မြူးဖွယ်ကောင်းစေခဲ့သည်။
လေထုအခြေအနေသည် အလွန် သက်ဝင်လှုပ်ရှားနေသောကြောင့် ဖိနှိပ်မှုမှ လုံးလုံးလျားလျား ထွက်မလာနိုင်သေးသော ဖန်းမင်ရွှယ်လျှင်ပင် ပြုံးရယ်လာမိ၍ အရိုးမိစ္ဆာသာလျှင် ထောင့်တစ်ထောင့်တွင် ပေါင်မုန့်ခြောက်ကို ဆိုးရွားစွားဖြင့် ဝါးမျိုနေရလေသည်။ ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ညှဉ်းပန်းခြင်းမဟုတ်သော်လည်း ယခု ရွှယ်အန်းကိုမြင်သည်နှင့် သူ၏စိတ်ဝိညာဉ်အတွင်းရှိ ဖိနှိပ်ချုပ်ချယ်မှုသည် ထိန်းမနိုင်သိမ်းမရဖြင့် ဒူးထောက်သွားစေသည်။
‘စေတန် ကျေးဇူးပြုပြီး ကျွန်ုပ်ကို ကရုဏာသက်ပြီး ဒီလူရဲ့လက်ကနေ အမြန်လွတ်မြောက်အောင်လုပ်ပေးပါ’ အရိုးမိစ္ဆာသည် စိတ်အားထက်သန်စွာ ဆုတောင်းနေခဲ့သည်။
သို့သော်လည်း သူ၏စေတန်သည် တစ်ဖက်လူက ရွှယ်အန်းဖြစ်နေကြောင်း ကြားလိုက်ရသောအခါ ၎င်းလျှင်ပင် တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်သွားချင်နေကြောင်းဖြစ်သည်မှာ သိသာထင်ရှားသည်။
စားသောက်ပြီးသည်နှင့် လူကြီးမင်းလုံက ထွက်ခွာရန် ပြင်ဆင်လာသောကြောင့် ရွှယ်အန်းက သူ့ကို အပြင်သို့ လိုက်ပို့ပေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ လူကြီးမင်းလုံ၏ စရိုက်လက္ခဏာသည် ရွှယ်အန်း၏ လေးစားမှု ကိုရရှိခဲ့သည်။
“မစ္စတာရွှယ်၊ ခင်ဗျားက ကျင့်ကြံသူလား"
ရွှယ်အန်းက ပြုံးလိုက်သည်။
“လူကြီးမင်းလုံလည်း ဒါတွေ သိတယ်လား”
လူကြီးမင်းလုံက ခေါင်းညိတ်လိုက်သည်။
"အသက်ပြီးလာလေ သာမန်လူတွေ နားမလည်နိုင်တဲ့ အရာတစ်ချို့ကို မြင်တွေ့ရစမြဲဖြစ်လေပါပဲ၊ ဒါပေမယ့် မစ္စတာရွှယ်လောက် အင်အားကြီးတဲ့လူကိုတော့ ကျုပ် တစ်ခါမှ မတွေ့ဖူးဘူး"
လူကြီးမင်းလုံက ခေတ္တရပ်လိုက်သည်။
“တကယ်တော့ ဒုစရိုက်မြို့တော်ကို မသွားဖို့ ကျုပ် အကြံပြုချင်တယ်။ ဒါပေမယ့် စဉ်းစားကြည့်တော့မှ ဘာမှမပြောတာက ပိုကောင်းပါလိမ့်မယ်”
"အိုး၊ ဘာဖြစ်လို့”
"ဘာလို့ဆို ကျုပ်ဘာပြောပြော အသုံးမဝင်ဘူးဆိုတာ နားလည်သွားလို့ပဲ" လူကြီးမင်းလုံက ကူကယ်ရာမဲ့စွာဖြင့် သူ၏လက်များကို ဖြန့်လိုက်သည်။
ရွှယ်အန်းက ရယ်မောမိသွားသည်။ ဤလူကြီးမင်းလုံသည် အမှန်တကယ်ပင် ထူးခြားသော လူတစ်ယောက်ဖြစ်သည်။ ၎င်းတို့အားလုံး အိမ်ပြန်ရောက်သည်နှင့် အရိုးမိစ္ဆာက နံရံကို မျက်နှာမူ၍ ထောင့်စွန်းတွင် ဒူးထောက်နေခဲ့သည်။
“ခင်ဗျားက ကျုပ်ကို တော်တော်ကြောက်နေပုံပဲ" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
အရိုးမိစ္ဆာက မည်သည့်စကားမျှ မပြောရဲပေ။
"စိတ်မပူပါနဲ့ ခင်ဗျားသာ ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်နေသရွေ့ ကျုပ် ခင်ဗျားကို မသတ်ပါဘူး။ အဲဒီအစား၊ ဒုစရိုက်မြို့တော်ရဲ့ ရာဇပလ္လင်ကို ခင်ဗျား ရရှိအောင် ကျုပ် ကူညီမယ်”
အရိုးမိစ္ဆာက ရုတ်တရက် မော့ကြည့်လိုက်ရာ၊ သူ၏မျက်လုံးများတွင် အလင်းရောင်တစ်ခု ထွန်းလင်းလာသည်။
“အရှင်…”
ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒါပေမယ့် အရင်ဆုံး ဒုစရိုက်မြို့တော်ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း ရှင်းပြရမယ်"
အရိုးမိစ္ဆာသည် တောင်းဆိုချက်ကို အတည်ပြုပြီးနောက် ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြ၍ ဒုစရိုက်မြို့တော်နှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြလိုက်သည်။ ဒုစရိုက်မြို့တော်သည် အမေရိကန်နိုင်ငံ၏ သဲကန္တာရအစွန်းတွင် တည်ရှိ၍ ၎င်း၏ပတ်ဝန်းကျင်သည် အလွန် ကြမ်းတမ်းလှသဖြင့် ထိုနေရာကို မည်သူမျှ မသွားချင်ကြပေ။
၎င်းသည် နောက်ပိုင်းတွင် ထွက်ပြေးတိမ်းရှောင်သူများ၏ စုဝေးရာနေရာဖြစ်လာ၍ မကြာသေးမီနှစ်များအတွင်း ကြီးမား ကျယ်ပြန့်လာခဲ့သည်။ ယခုမူကား ၎င်းက အမှန်တကယ့် ကြီးကျယ်ခမ်းနားသော မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့သည်။ အမှောင်ထုသည် ထိုနေရာတွင် အတောမသတ်သော အဖော်မွန်ဖြစ်၍ ဒုစရိုက်များက နေ့စဉ်ဖြစ်ပျက်နေသည်။
ထိုနေရာသည် ဥပဒေမရှိသည့်အပြင် ကိုယ်ကျင့်တရားဆိုင်ရာ ကန့်သတ်ချက်များလည်း မရှိခဲ့ပေ။ ဒုစရိုက်နှင့်ပတ်သက်သော အရာအားလုံးက ပွင့်လင်းမြင်သာစွာရှိနေကြသည်။ ပြီးနောက် ၎င်းတို့အနက် တန်ခိုးအကြီးဆုံး ပုဂ္ဂိုလ် သုံးဦးရှိနေသည်။
ထိုအချိန်တွင် အရိုးမိစ္ဆာက ရယ်မောလိုက်သည်။
"ကျွန်တော်က သူတို့ထဲက တစ်ယောက်ပါ။ အရိုးကောက်သိမ်းသူလို့ လူသိများပါတယ်”
အခန်း (၂၇၅) ဒုစရိုက်မြို့တော်
ခွန်းလွန် အင်မော်တယ်နယ်မြေ။
ညနတ်ဆိုးနန်းတော်။
ညနတ်ဆိုး ဧကရီသည် သူမ၏မျက်လုံးများ ရုတ်တရက် ပွင့်လာ၍ ကြောက်မက်ဖွယ် နတ်ဆိုးအငွေ့အသက်များ နန်းတော်တစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားသည်။
"ရွှယ်အန်း... ရှင်က ကျွန်မရဲ့ ဝိညာဉ်အပိုင်းအစကို ဖျက်ဆီးရဲတယ်ပေါ့လေ။ ရှင့်ကို အပိုင်းပိုင်းဖြတ်ပြီး ရှင့်ရဲ့စိတ်ဝိညာဉ်ကို ထာဝရ မငြိမ်းချမ်နိုင်အောင် လုပ်ပစ်မယ်" ညနတ်ဆိုး ဧကရီက ဟိန်းဟောက်လိုက်သည်။
သူမ၏ဒေါသသည် ညနတ်ဆိုးနန်းတော်တစ်ခုလုံး တုန်လှုပ်သွားစေသည်။ ညနတ်ဆိုးနန်းတော်၏ တပည့်များအားလုံးသည် အေးခဲသွားသော ပုစဉ်းရင်ကွဲများသကဲ့သို့ မြေပြင်ပေါ်တွင် တိတ်တဆိတ် ဒူးထောက်ထိုင်ကြသည်။
...
"ညနတ်ဆိုး ညီမလေး မင်းဘာလို့ အဲ့ေလာက် စိတ်ဆိုးနေတာလဲ"
လနန်းတော်မှ နတ်သမီးတစ်ပါးကဲ့သို့ တင့်တယ်လှပ၍ ပါးလွှာသော ပိတ်ကျဲစမျိုး ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် အိန္ဒြေရှိစွာ ဝင်လာခဲ့သည်။ အမျိုးသမီးကိုမြင်လိုက်သည်နှင့် ညနတ်ဆိုး ဧကရီက မတ်တပ်ထရပ်လိုက်သည်။
"ဪ နှင်းပေါင်းတစ်ထောင်က နတ်သမီး ရောက်နေတာကို"
နှင်းပေါင်းတစ်ထောင်နတ်သမီးက အနည်းငယ် ပြုံးလိုက်သည်။
"ညနတ်ဆိုး ညီမလေး၊ ဘာလို့ အဲ့လောက်တောင် ဒေါသတွေ ထွက်နေတာလဲ"
ညနတ်ဆိုး ဧကရီသည် အဖြစ်အပျက်များကို မည်းမှောင်သော မျက်နှာအမူအရာဖြင့် ပြန်ပြောပြလိုက်သည်။ ရွှယ်အန်းသည် သူမ၏ ကွဲပြားသော စိတ်ဝိညာဉ်ကို ဖျက်ဆီးခဲ့ကြောင်း ပြောြပလိုက်သောအခါ အမြဲတစေ စိတ်တည်ငြိမ်နေတတ်သည့် နှင်းပေါင်းတစ်ထောင် နတ်သမီး၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
"ရွှယ်အန်းတဲ့လား”
"ဟုတ်တယ်၊ နတ်သမီးလည်း ဒီလူ့ကို သိလို့လား”
နှင်းပေါင်းတစ်ထောင် နတ်သမီးက အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။
“ဟုတ်တယ် ငါ သူ့ကို သိပ်သိတာပေါ့။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က အင်မော်တယ် ကံကြမ္မာနဲ့ စပ်လျင်းသူကိုရှာဖွေရန် ပန့်မေကို သေမျိုးကမ္ဘာကို စေလွှတ်လိုက်ပေမယ့် သူ ထွက်သွားပြီး မကြာခင်မှာပဲ သေသွားလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ပြီးတော့ သူ့ကိုသတ်ခဲ့တဲ့လူက ရွှယ်အန်းပဲ"
ထိုသို့ပြောပြီးနောက် နှင်းပေါင်းတစ်ထောင် နတ်သမီးက ညနတ်ဆိုး ဧကရီဘက်သို့ လှည့်ကြည့်လိုက်သည်။
"ညီမလေး၊ ဒီလူကို မဖယ်ရှားရင် ငါ့ ဒေါသကို လွယ်လွယ် ဖြေဖျောက်နိုင်မှာ မဟုတ်ဘူး"
ညနတ်ဆိုး ဧကရီက ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် ကျွန်မတို့နှစ်ယောက်စလုံးက စည်းမျဥ်းတွေနဲ့ ချုပ်နှောင်ခ့ထားရတော့ ကျွန်မတို့ခန္ဓာကိုယ် အစစ်အမှန်တွေက သေမျိုးကမ္ဘာထဲ ၀င်လို့မရဘူးလေ။ ကျွန်မတို့ ဘယ်လိုလုပ်ကြမှာလဲ"
နှင်းပေါင်းတစ်ထောင် နတ်သမီးက ဘဝင်ခိုက်စွာပြုံးလိုက်သည်။
"ညီမလေး စိတ်မပူပါနဲ့။ ရွှယ်အန်းကို ငါတို့ ထောင်ချောက်ထဲ သေချာပေါက် မျှားခေါ်လာနိုင်မယ့် အစီအစဉ်တွေ ရှိပါတယ်။ သူသာ ခွန်းလွန်ထဲ ဝင်လာသရွေ့ သူ့ကို သတ်ပစ်တာက ငါတို့ရဲ့လက်တွေကို အလှန် အမှောက်လုပ်နေသလိုပဲ လွယ်ကူနေမှာပါ"
ညနတ်ဆိုး ဧကရီက ခေါင်းညိတ်လိုက်သည်။
"တခြားများ ဆွေးနွေးချင်တာ ရှိသေးလား နတ်သမီး"
"စမ်းသပ်မှုပြိုင်ပွဲက မကြာခင် ကျင်းပတော့မှာဆိုပေမယ့် ငါ့တပည့် ဝမ်ပန့်မေ သေဆုံးသွားတော့ နှင်းတစ်ထောင်ဂိုဏ်း ကျရှုံးမှာကို ငါ စိုးရိမ်မိတယ်" နှင်းပေါင်းတစ်ထောင် နတ်သမီးက ထိုအကြောင်းအရာကို စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
စမ်းသပ်ပြိုင်ပွဲသည် လာမည့်နှစ်အတွက် ဂိုဏ်းခွဲတစ်ခုစီ၏ အရင်းအမြစ်ခွဲဝေပေးမှုနှင့် ဆက်စပ်နေသည့် အရေးပါသော အကြောင်းအရာဖြစ်သော အရေးကြီးသော စမ်းသပ်မှုပြိုင်ပွဲတစ်ခုဖြစ်သည်။ အကယ်၍ ၎င်းတို့ ဆုံးရှုံးသွားပါက၊ ဝိညာဉ်စွမ်းအင် အရင်းအမြစ်များ ခွဲဝေသုံးစွဲမှု လျော့နည်းသွားမည်ဖြစ်သောကြောင့် အလွန် ဒုက္ခများရပေလိမ့်မည်။
"ဒါဆို နတ်သမီးက ဘယ်လိုများ အကြံပြုချင်လဲ မသိ..."
" ခွန်အား အမြန်မြှင့်တင်နိုင်အောင် ညီမလေးရဲ့နတ်ဆိုးစမ်းသပ်မြေပေါ်မှာ ငါ့ရဲ့ တပည့်တစ်ယောက်ကို ခဏလောက် ကျင့်ကြံခိုင်းစေချင်တယ်"
“ဒါကတော့ နည်းနည်း…” ညနတ်ဆိုး ဧကရီသည် ခက်ခဲသော အမူအရာမျိုး ပြသလာသည်။
"စိတ်မပူပါနဲ့ ညီမလေး၊ မင်းကို စိတ်မပျက်စေရပါဘူး"
စကားပြောနေစဉ်တွင် နှင်းပေါင်းတစ်ထောင် နတ်သမီးက ဆေးတစ်ခုကို ထုတ်ပြခဲ့သည်။
"ဒါက လူတစ်ယောက်ရဲ့ စိတ်အာရုံကို တော်တော်လေး မြင့်မားအောင် လုပ်နိုင်တဲ့ဆေးပဲ"
ညနတ်ဆိုး ဧကရီသည် အဆုံးတွင် အပြုံးတစ်ပွင့် ထုတ်ပြလာသည်။
"နတ်သမီးက အရမ်းကြင်နာတတ်တာပဲ"
သူမက ထိုသို့ ပြောနေသော်လည်း ဆေးလုံးကို စိတ်အားထက်သန်စွာ လက်ခံလိုက်သည်။ ကျင့်ကြံသူ အလွန်များပြား၍ အရင်းအမြစ်များ ကန့်သတ်စွာရှိနေသာ ခွန်းလွန်တွင် အရင်းအမြစ်များ ရှားပါးမှု ပြဿနာများ ဖြစ်ပွားလေ့ရှိသည်။ ထို့ကြောင့် နတ်ဆေးလုံးများ မဆိုနှင့် နတ်ဆေးပင်တစ်ပင်လျှင်ပင် ဂိုဏ်းတစ်ခုအတွက် အလွန်အဖိုးတန်လှသည်။
ထိုအချိန် ဒုစရိုက်မြို့တော်၌ ဖရိုဖရဲဖြစ်၍ ညစ်ညမ်းနေသော လမ်းထဲတွင် အသွင်အပြင် ထင်ရှားမှုမရှိသော ဘားလေးတစ်ခု တည်နေသည်။ ဘား၏ပိုင်ရှင်သည် တရုတ်လူမျိုးတစ်ဦးဖြစ်၍ လက်ရှိ ခန်းမထဲတွင် ငုတ်တုတ်ထိုင်ကာ erguotou (တရုတ်အရက်တမျိုး) ကို စိမ်ပြေနပြေသောက်နေခဲ့သည်။ ပြင်ပနေရောင်ခြည်သည် ပြင်းထန်စွာ တောက်ပနေသောကြောင့် ထိုအချိန် လမ်းမတွေပေါ်၌ ဝိညာဉ်တစ်ကောင်ပင် ရှိမနေပေ။ လမ်းမသည် ညအချိန်မှသာ သဏ္ဌာန်မျိုးဆုံသော သရဲတစ္ဆေများနှင့် ပြည့်နှက်နေပေလိမ့်မည်။
ထို့ကြောင့် ၎င်းက အရက်သောက်၍ ရစ်မူးနေချိန်တွင် တံခါးအပြင်ဘက်မှ လူတစ်စု ဝင်ရောက်လာကြသည်။ သူသည် ထိတ်လန့်၍ နိုးနိုးကြားဖြစ်သွားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"ဘားက ညနေမှ ဖွင့်တာ"
အဖွဲ့ကို ဦးဆောင်လာသူက သူ၏ခေါင်းစွပ် ဝတ်ရုံကို ဖယ်ရှား၍ ပြောလိုက်သည်။
"လောင်ရှီ၊ ခင်ဗျား အသောက်လွန်ပြီး သေမသွားတာ ကျုပ် တကယ် ဝမ်းသာပါတယ်"
လောင်ရှီက ထိုလူကို တွေ့လိုက်သည်နှင့် သူ၏မျက်လုံးများ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားလေသည်။
“မင်း… မင်း….”
'မင်း' ဟု အကြိမ်များစွာ ထပ်ခါတလည်းလည်း ပြောပြီးနောက် လောင်ရှီက ဆိုင်တံခါးကို အမြန်ထပိတ်၍ ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"အရိုးမိစ္ဆာ၊ မင်း ရူးသွားပြီလား။ ဒီကိုပြန်လာရဲတယ်ပေါ့လေ"
အရိုးမိစ္ဆာက ပြုံးလိုက်သည်။
"ဘာလို့ ပြန်မလာရဲရမှာလဲ။ ဒီဒုစရိုက်မြို့တော်က ကျုပ်အတွက် အမြဲတမ်း နေရာတစ်ခုနေမှာ”
လောင်ရှီက သက်ပြင်းချလိုက်သည်။
“မင်းကို နှင်ထုတ်ပြီးတဲ့ နောက် မင်းရဲ့ နယ်မြေဟောင်းလည်း အသိမ်းခံလိုက်ရတာ ကြာပြီ။ ဒုစရိုက်မြို့တော်မှာ မင်းကို အခု ဘယ်သူမှ မမှတ်မိတော့ဘူး"
ထိုသို့ကြားလိုက်ရသောအခါ အရိုးမိစ္ဆာ၏ အမူအရာ တင်းမာသွားသည်။
"ကာတာလည်း အတူတူပဲလား"
လောင်ရှီက ဟန်လုပ်ပြုံးလိုက်သည်။
"မင်းရဲ့သစ္စာစောင့်သိတဲ့ခွေး ကာတာက အခု နယ်မြေအများဆုံးလူပဲ"
"ဒီခွေးကောင်တော့" အရိုးမိစ္ဆာ၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ တောက်ပလာသည်။
“မင်းရဲ့နယ်မြေကို ပြန်သိမ်းဖို့ မကြိုးစားဖို့ ငါ အကြံပေးချင်တယ်။ ဒုစရိုက်မြို့တော်က အရင်ကလို မဟုတ်တော့ဘူး။ အခု ကျင့်ကြံမှုအဆင့် မြင့်မားတဲ့ လူသစ်တွေ ရောက်နေကြတယ် ပြီးတော့ သူတို့တွေက အရမ်း ရက်စက်ကြမ်းကြုတ်တဲ့လူတွေ။ ကာတာရဲ့ လက်အောက်က လူတချို့လည်း တော်တော်လေး ကြောက်ဖို့ကောင်းတယ်”
"မင်း ဒီမှာ စားသောက်ပြီးတာနဲ့ မင်း ဒီကနေထွက်သွားဖို့ ငါ နည်းလမ်းရှာမယ်" လောင်ရှီက တတွတ်တွတ် ပြောနေလေသည်။ အရိုးမိစ္ဆာက ရယ်မောလိုက်သည်။
“သူငယ်ချင်းရာ၊ နောက်ဆုံးအချိန်ထိ ငါ့ကို သစ္စာမဖောက်တဲ့လူက တကယ် မင်းဖြစ်နေတာကို ဒါပေမယ့် ငါ ဒီတစ်ခေါက်တော့ ထွက်မသွားနိုင်ဘူး ဘာလို့လဲဆိုတော့ ငါ ဒီနေရာမှာ လမ်းရှင်းပြီး အမှောင်ဘုရင်ရဲ့ ရာဇပလ္လင်ကို တက်ဖို့ ရောက်လာတာပဲ”
လောင်ရှီသည် အရိုးမိစ္ဆာက ဝါကြွားသည်ဟု ထင်မိသွားသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်းသည် သူ၏ဝါးဦးထုပ်ကို ချွတ်၍ ပတ်ပတ်လည်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဒါက ခင်ဗျားပြောနေတဲ့ လုံခြုံတဲ့နေရာဆိုတာလား"
အရိုးမိစ္ဆာက လေးလေးစားစား ဦးညွှတ်၍ ပြောလိုက်သည်။
“ဟုတ်ပါ အရှင်၊ လောင်ရှီက ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းပါ၊ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးအကြောင်း ဘယ်သူမှ မသိထားလို့ အရှင် စိတ်ချထားလို့ရပါတယ်"
ရွှယ်အန်းက မည်သည့်စကားမျှ မပြောဘဲ ခေါင်းညိတ်လိုက်သည်။ သူသည် ကနဦးတွင် ဤဒုစရိုက်မြို့တော်သို့ တိုက်ရိုက်လာရောက်၍ ဤနေရာရှိ အားကြီးသူများကို သူ၏ ပြိုင်ဘက်ကင်းသော သိုင်းပညာဖြင့် ချေမှုန်းရန် စီစဉ်ခဲ့သော်လည်း အရိုးမိစ္ဆာက သူ၏ အကြံအစည်ကို ကန့်ကွက်ခဲ့သည်။
အမှောင်ထုထဲတွင် လမ်းလျှောက်နေသူများသည် အလွယ်တကူ ဦးမညွှတ်ကြကြောင်း အရိုးမိစ္ဆာက ရှင်းပြခဲ့သည်။ လူငယ်ဇာစ်မြစ်ကို ရယူလိုပါက အခြားနည်းလမ်းဖြင့် ပြုလုပ်ရပေလိမ့်မည်။ ရွှယ်အန်းသည် ဤလူငယ်ဇာစ်မြစ်ကို အလွန်စိတ်ဝင်စားနေခဲ့၍ ၎င်းသည် ကောလာဟလများအရ ထာဝရ အသက်ရှည်မှုကို ပေးစွမ်းနိုင်သော ရေတစ်မျိုးဖြစ်သည်။ သို့သော် ၎င်းက ဝိညာဉ်စမ်းရေနှင့် ဆင်တူနေသည်ဟုသာ ရွှယ်အန်းက ခံစားနေရသည်။ ထိုအကြောင်းအရာသာ မှန်ကန်လျှင် ၎င်းက ရွှယ်အန်း၏ ကျင့်ကြံမှုကို အလွန် အထောက်အကူဖြစ်စေနိုင်ပေလိမ့်မည်။
"ဟွာရှားက လူလား" ဤအခိုက်အတန့်တွင် လောင်ရှီက တုန်လှုပ်သွားသည်။
ဤနေရာတွင် ဟွာရှားလူမျိုး အလွန်ရှားပါးလှသည်။
ရွှယ်အန်းက လောင်ရှီကို လှည့်ကြည့်ပြီးနောက် ညင်သာစွာ ပြောလိုက်သည်။
“ကောင်းပြီ ဝါးဦးထုပ်တွေကို ဖယ်လိုက်တော့”
ရွှယ်အန်း၏ အမိန့်အရ သူ၏ အနောက်တွင် လိုက်ပါလာသူများက ၎င်းတို့၏ ဝါးဦးထုပ်များကို ဖယ်ရှားလိုက်ကြသည်။ လောင်ရှီရုတ်တရက် တုန်လှုပ်သွားလေသည်။ မည်သို့ဆိုသော် ၎င်းတို့ထဲက တစ်ဦးသည် အမျိုးသမီးတစ်ဦးဖြစ်နေသည့်အပြင် သူမသည် အလွန် ရင်သပ်ရှုမောဖွယ် အလှမျိုး ပိုင်ဆိုင်ထားသည်။ သူမ၏ အနောက်တွင် ချစ်စရာကောင်းလှသော ကလေးမလေးနှစ်ဦး လိုက်ပါလာ၍ ၎င်းတို့တစ်ဦးစီသည် ရေခဲမုန့်တစ်ခုစီ ကိုင်ဆောင်လျက် ကျေနပ်နှစ်သက်စွာ စားသောက်နေကြသည်။
‘ဒါက ဘယ်လိုအဖွဲ့မျိုးလဲဟ၊ သူတို့တွေ ဒီကို ပျော်ပွဲစား ထွက်လာကြတာလား’
လောင်ရှီသည် အရိုးမိစ္ဆာကို မေးခွန်းထုတ်လိုက်သည်။ အရိုးမိစ္ဆာက ပြုံးလိုက်သည်။
"ဒါက ကျုပ် သခင်ပဲ။ သူက ကျုပ်ကို အမှောင်ဘုရင်ရဲ့ ရာဇပလ္လင်ကို တက်လှမ်းနိုင်အောင် ကူညီပေးဖို့ ဒီကို လိုက်လာတာ’’
လောင်ရှီသည် မျက်ရည်များထွက်လာသည်အထိ ရယ်မောလိုက်ပြီးနောက် ရွှယ်အန်းကို အကူအညီမဲ့စွာ ပြောလိုက်သည်။
“လူငယ်လေး၊ မင်းဘယ်သူလဲဆိုတာ ငါမသိဘူး၊ ဒါပေမယ့် မင်း ဒီလောက်လှတဲ့ မိန်းကလေးတွေကို ဒုစရိုက်မြို့တော်ဆီ ခေါ်လာရဲတာက မိုက်မဲတဲ့ လုပ်ရပ်ပဲ၊ ဒါက သေကြောင်းကြံစည်နေတာနဲ့ တူတူပဲ”
အခန်း (၂၇၆) ဘားအတွင်းရှိ ရုန်းရင်းဆန်ခတ် ကိစ္စများ
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
"အိုး၊ တကယ် အဲ့လောက်တောင် အထင်ကြီးစရာကောင်းတာလား"
လောင်ရှီက သက်ပြင်းချလိုက်သည်။
"ငါတို့နှစ်ယောက်စလုံး ဟွာရှားကလူတွေ ငါ မင်းကို ဒုက္ခမပေးချင်ဘူး။ ဒီမြို့က အခြားနေရာတွေနဲ့ မတူဘူး၊ များနှင့် နေရာမှာ လူတစ်ယောက်ကို ချည်နှောင်ထားနိုင်တဲ့ ဥပဒေ တွေ စည်းမျဉ်းတွေ မရှိဘူး။ အရိုးမိစ္ဆာက ဒါကို ငါထက် ပိုသိသင့်တယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်သာ ဂရုစိုက်"
ရေခဲမုန့်စားနေသော ရွှယ်ရှန်းက မော့ကြည့်၍ ပြောလိုက်သည်။
"အဘိုး၊ သမီး အဖေက တကယ်တော်တဲ့ လူပါ"
ရွှယ်နျန်သည်လည်း အလျင်အမြန် ဝင်ပြောလိုက်သည်။
"ဟုတ်တယ်၊ဟုတ်တယ်"
အရိုးမိစ္ဆာကအနည်းငယ္ စိတ်မရှည်စွာ ပြောလိုက်သည်။
“လောင်ရှီဒီကိစ္စတွေကို ခင်ဗျား စိုးရိမ်စရာမလိုဘူး။ အရွယ်ရောက်ပြီးသားလူတွေက ကိုယ်ပိုင် ဆုံးဖြတ်ချက် ချနိုင်တယ်၊ ကျုပ်တို့တွေ လောလောဆယ် ဒီမှာ နေဖို့ စီစဉ်ထားတယ်"
လောင်ရှီက ခေါင်းကို တိတ်တဆိတ် ခါယမ်းပြီးနောက် လှည့်ထွက်သွားလေသည်။
...
သူသည် ကြီးကျယ်ခမ်းနားသော အရာမျိုး အကောင်အထည်ဖော်ရန် အိပ်မက်မျိုးဖြင့် ဒုစရိုက်မြို့တော်သို့ ဝင်ရောက်လာသည့် တက်ကြွလွန်းသော လူငယ်များစွာကို တွေ့ခဲ့ဖူးသည်။ သို့သော် ၎င်းတို့သည် မကြာခဏဆိုသလိုပေ ဒုတိယနေ့ရောက်သည်နှင့် အရှက်ရဖွယ် သေဆုံးမှုမျိုးဖြင့် ရေမြောင်းထဲတွင် သေဆုံးသွားကြောင်း တွေ့ရှိလိုက်ရသည်။
လောင်ရှီထွက်သွားသည်နှင့် အရိုးမိစ္ဆာက သူ၏နှုတ်ခမ်းများကို ကွေးညွှတ်လိုက်သည်။
"အရှင်၊ ဒီကောင်က အဲ့လိုပဲ ကြွက်ထက်တောင် ပိုပြီးကြောက်တတ်တယ်၊ သူ့ကို စိတ်ထဲမထားပါနဲ့"
ဤသို့ဖြင့် အရိုးမိစ္ဆာသည် သူ၏ ကိုယ်ပိုင်အိမ်နောက်ဖေးသကဲ့သို့ ရွှယ်အန်းနှင့် အခြားလူများကို ဘား၏တတိယထပ်သို့ ခေါ်ဆောင်သွားခဲ့ရာ ထိုနေရာတွင် အခန်းအနည်းငယ်ရှိနေသည်။
အရိုးမိစ္ဆာသည် ယခင်က ဤနေရာတွင် ရက်အနည်းငယ်ကြာ နေခဲ့သောကြောင့် ရွှယ်အန်းနှင့် သူ၏မိသားစုကို ဤနေရာတွင် နေထိုင်ရန် စီစဉ်ပေးလိုက်သည်။
အရိုးမိစ္ဆာထွက်သွားပြီးနောက် အန်းယန်က အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။
"ယောက်ျား အဘိုးကြီးပြောတာ တော်တော်လေး ကြောက်စရာကောင်းတယ်နော်"
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"သူကလည်း ကောင်းဖို့ ပြောတာပါ၊ ဒါပေမယ့် ဒီမှာ ကိုယ်ရှိနေရင် ဘယ်သူမှ မင်းကို ထိခိုက်အောင် လုပ်ရဲမှာ မဟုတ်ဘူး။ ဒီမှာပဲ သက်သောင့်သက်သာသာနေ၊ ရက်လေးငါးရက်အတွင်း မင်းတို့အားလုံးကို အိမ်ပြန်ခေါ်သွားပေးမယ်"
အန်းယန်နှင့် သူမ၏သမီးများကို နေရာချပြီးနောက် ရွှယ်အန်း လှည့်၍ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ အရိုးမိစ္ဆာသည် ဒုတိယထပ်တွင် နေထိုင်သည်၊ သူသည် ညစ်ပတ်သော ဂျာကင်အင်္ကျီကို ဝတ်ဆင်ထား၍ လောကဒဏ်၏ ရိုက်ခပ်မှုကြောင့် မုတ်ဆိတ်များ ပြည့်နေသော မျက်နှာမျိုးရှိနေဆဲဖြစ်ရာ ယခင်က သန့်စင်ရည်မွန်သော လူကြီးလူကောင်းပုံစံနှင့် လုံးလုံးလျားလျား ကွဲပြားနေသည်။
"အရှင် အခုအချိန်မှာ ကျွန်တော့် နယ်မြေကို ပြန်ယူဖို့က အရေးကြီးဆုံးပဲလို့ ကျွန်တော် ထင်တယ်" အရိုးမိစ္ဆာက စကားတွေပြောနေစဥ် သူ၏မျက်လုံးများတွင် ပြင်းထန်သော အကြည့်များ ပြည့်နှက်လာသည်။ သူသည် လက်အောက်ငယ်သားများ၏ သစ္စာဖောက်မှုနှင့်ပတ်သက်၍ ခံပြင်းနေဆဲဖြစ်သည်မှာ သိသာထင်ရှားသည်။
ရွှယ်အန်းက ရယ်မောလိုက်သည်။
"ဒါကို အလျင်လိုစရာ မလိုပါဘူး။ ဒုစရိုက်မြို့တော်က ဘယ်လိုပုံစံလဲဆိုတာ ကျုပ် အရင်ကြည့်ချင်သေးတယ်”
ဘားငယ်လေးသည် ညအချိန်ရောက်လာသည်နှင့် စတင်၍ သက်ဝင်လှုပ်ရှားလာခဲ့သည်။ မျက်နှာပြင်တွင် တက်တူးများ ရေးထိုးထားသော ဂိုဏ်းအဖွဲ့ဝင်များသည် ဘားတွင် ၎င်းတို့၏ ယမကာများကို စိမ်ပြေနပြေ သောက်နေကြသည်။
ထူးခြားစွာ ၀တ်စားဆင်ယင်ထားသည့် အကမယ်များသည် ယစ်မူးဖွယ် တေးဂီတများဖြင့် စင်ပေါ်တွင် စွဲမက်ဖွယ်ကောင်းအောင် ကောင်းခုန်နေကြသောကြောင့် လူအများကို မြူးထူးပျော်ရွှင်မှုများတွင် လွင့်မျောသွားစေခဲ့သည်။ လောင်ရှီသည် သူ၏ အမှတ်အသားအဖြစ် ကျော်ကြားသော ကော့တေးများကိုဘားနောက်တွင် ရောစပ်နေလေသည်။
"လောင်ရှီဒီနေ့ ဒီလူအဟောင်းတွေပဲလား" ထိုအချိန်တွင် ဂိုဏ်းဝင်အချို့က စိတ်မရှည်စွာ ပြောလိုက်သည်။
လောင်ရှီက မည်သည့်စကားမျှ မပြောဘဲ ရယ်မောနေလိုက်သည်။
"ဟေး၊ ဟိုတလောက အရမ်းလန်းတဲ့ ဆော်ရော ဘယ်ဖြစ်သွားလဲ" ဂိုဏ်းအဖွဲ့ဝင်တစ်ယောက်က တဏှာပြုံးမျိုးဖြင့် မေးလိုက်သည်။
"ဘယ်သူသိမှာလဲ မင်းတို့ကို ကြောက်လို့ ထွက်ပြေးသွားတာ ဖြစ်မှာပေါ့" လောင်ရှီက ရယ်မော၍ ပြောလိုက်သည်။
ဤတရားဥပဒေမဲ့သော လူရမ်းကားများနှင့် ဟာသလုပ်ဝံ့သူ လမ်းပေါ်တွင် သူတစ်ဦးတည်းသာ ရှိသည်။ ထိုအချိန်တွင် ရွှယ်အန်းနှင့် အရိုးမိစ္ဆတို့ လှေကားမှ ဆင်းလာလေသည်။
မရင်းနှီးသော ဤလူနှစ်ဦး၏ အသွင်အပြင်သည် လူအများ၏ အာရုံကို ဆွဲဆောင်စေခဲ့သည်။ အထူးသဖြင့် ရွှယ်အန်း၏ သပ်ရပ်သော ဝတ်စားဆင်ယင်မှုနှင့် တည်ငြိမ်သော အမူအရာတို့သည် ဘား၏ မှိန်ဖျော့၍ ရှုပ်ထွေးသော လေထုအခြေအနေမျိုးနှင့် လုံးလုံးလျားလျား မအပ်စပ်လွန်းလှပေ။
ဂိုဏ်းအဖွဲ့ဝင်အချို့က မျက်မှောင်ကြုတ်၍ တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်ချိန်တွင် လောင်ရှီက လျင်အမြန် ပြောလိုက်သည်။
"ဒါက ကျုပ်ရဲ့ ဆွေမျိုးဝေး တူလေ၊ ကျုပ်ကို အကူအညီတောင်းဖို့ ဟွာရှားကနေ လာခဲ့တာ"
"အဖိုးကြီး၊ ခင်ဗျားမှာ တူတွေ ဘာတွေ ရှိသေးတယ်လား" ဂိုဏ်းအဖွဲ့ဝင်များက ၎င်းတို့၏ သတိအနေအထားကို လျှော့ချ၍ ရယ်မောလိုက်ကြသည်။
ရွှယ်အန်းသည် နေရာတစ်ခု ရှာ၍ ထိုင်ချလိုက်သည်။
“မင်း မြန်မြန်ထွက်သွားတာ ပိုကောင်းလိမ့်မယ်။ ဒီနေရာက းလွန်းတယ်" လောင်ရှီသည် တခဏမျှ တုံ့ဆိုင်းပြီးနောက် ဝိုင်တစ်ခွက်ကို လောင်းချ၍ သူ၏ အသံကို လျှော့ချကာ ပြောလိုက်သည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"ရှုပ်ထွေးတာလား အဲ့ဒါက ကျုပ် ကြုံချင်နေတဲ့အရာပဲ"
လောင်ရှီသည် ရွှယ်အန်းကို မသိနားမလည်သော လူငယ်တစ်ဦးဟု တွေးမိသွားသောကြောင့် စိတ်တိုစွာ စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။
"အရှင်၊ အဲ့မှာ အသံပြဲနဲ့ ရယ်နေတဲ့ လူမိုက်တွေက ဒီနားက ဆိုင်ကယ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေဖြစ်မယ် ထင်တယ်" အရိုးမိစ္ဆာက ဘေးမှ တီးတိုး ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ရှုံ့ချသည့် အရိပ်အမြွက်များ သူ၏မျက်နှာတွင် ဖြတ်ကျော်သွားလေသည်။
"အရင်တုန်းကဆို သူတို့ဆိုင်ကယ်ဂိုဏ်းရဲ့ ခေါင်းဆောင်တောင် ကျွန်တော့်ရှေ့မှာ ဒူးထောက်ရတာ"
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးပြီးနောက် အရက်ကို တစ်ငုံသောက်လိုက်သည်။ ချိုမြိန်သော အရိပ်အမြွက်များရှိနေသည့် စပ်ဖျဉ်းသော အရက်၏ အရသာသည် သူ၏ပါးစပ်ထဲမှာ ပျံ့နှံ့သွားလေသည်။ ထို အရသာသည် ရွှယ်အန်းကို အနည်းငယ် အံ့သြသွားစေသည်။ အရိုးမိစ္ဆာက ရယ်မောလိုက်သည်
"အံ့သြတယ် မဟုတ်လား လောင်ရှီက သဘောလွယ်ကူတဲ့လူ ဆိုပေမယ့်၊ သူ့ရဲ့ ယမကာ ဖျော်စပ်တဲ့ စွမ်းရည်က ထိပ်တန်းပဲ။ သူပြင်ဆင်ထားတဲ့ ယမကာတွေကို မြည်းစမ်းကြည့်ဖို့အတွက် အင်အားကြီးပုဂ္ဂိုလ်တွေတောင် ဒီကို ခဏခဏ လာကြတာ”
၎င်းတို့ စကားပြောနေစဉ်တွင် ဘား၏ တံခါးကို အပြင်ဘက်မှ တွန်းဖွင့်လိုက်သည်။ လှည့်ကြည့်လိုက်ချိန်တွင် ၎င်းတို့အားလုံး အံ့ဩသွားကြသည်။ ရှည်လျား၍ ဖြောင့်စင်းသော ခြေတံတစ်စုံ ဖော်ပြနေသော တိုနှန့်နှန့် စကတ်တိုမျိုး ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဝင်ရောက်လာခဲ့သည်။ သူမ၏ ၀တ်စားဆင်ယင်မှုသည် အလွန် ဖော်ပြနေ၍ အသွင်အပြင်သည်လည်း အလွန်ကို ဆွဲဆောင်မှုရှိလှသည်။ ခရမ်းရောင်ဖျော့ဖျော့များ အရောင်ဆိုးထားသော သူမ၏ ဆံပင်များအောက်တွင် အလွန် လှပသည့် အရှေ့တိုင်းမျက်နှာ အသွင်အပြင်မျိုးရှိနေသည်။
ဤသို့သော ဘားငယ်လေးတစ်ခုသို့ သူမ ရောက်ရှိလာမှုသည် အခြေအနေကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ အထူးသဖြင့် မော်တော်ဆိုင်ကယ် ဂိုဏ်းအဖွဲ့ဝင်များအားလုံးက သူမကို တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။ ယောက်ျားများစွာ၏ အငမ်းမရ ကြည့်မှုကို ခံရသော်လည်း ထိုအမျိုးသမီးက တုန်လှုပ်ခြင်း မရှိခဲ့ပေ။ ယင်းအစား၊ သူမသည် ဘားဆီသို့ တင့်တယ်စွာ လုပ်လီလုပ်လဲ့ လျှောက်သွားကာ ပါးလွှာသော အမျိုးသမီး စီးကရက်တစ်လိပ်ကို ကျွမ်းကျင်စွာ ထုတ်ယူ မီးညှိ၍ နက်နက်ရှိုင်းရှိုင်း ရှူရှိုက်ပြီးနောက် အမူမထားဘဲ ပြောလိုက်သည်။
"ကျွန်မကို 'ဆည်းဆာအချစ်' ပေးပါ"
“မင်းဘာလို့ ထပ်လာပြန်တာလဲ” လောင်ရှီက အနည်းငယ် တုန်လှုပ်သွားသော်လည်း ယမကာကို အလျင်အမြန် ဖျော်စပ်ပြီးနောက် လွှဲပေးနေစဉ် တီးတိုး ပြောလိုက်သည်။ အမျိုးသမီးက အနည်းငယ် ပြုံးပြလိုက်သည်။
“ရှင် ဘားဖွင့်ထားတာလေ၊ ကျွန်မက လာခွင့်မရှိဘူးလား"
လောင်ရှီသည် သူမ၏ အဖြေဖြင့် အငိုက်မိသွားသောကြောင့် သူက ကူကယ်ရာမဲ့စွာသာ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်၊ မင်းလာနိုင်ပါတယ်။ အရက်ကို သုံးဆောင်ပါ"
ထိုသို့ပြောပြီးနောက် လောင်ရှီက လှည့်၍ ထွက်သွားလေသည်။ ဆိုင်ကယ်ဂိုဏ်း၏ အဖွဲ့ဝင်များက စတင် ရယ်မောကြပြီးနောက် သူတို့၏အကြည့်များက ပို၍ဆိုးရွားလာကြသည်။
“Old Stone၊ ဒီကြက်အလန်းလေးက ခင်ဗျားဆိုင် အရောင်းမြှင့်လာအောင် ခေါ်ထားတဲ့ တစ်ယောက်လား။ မဟုတ်ရင် သူက ဘာလို့ ဒီကို ခဏခဏ ရောက်လာရတာလဲ" မျက်နှာပေါ်တွင် အဆိပ်ရှိသော မြွေပုံသဏ္ဌာန် တက်တူးများ ရေးထိုးထားသည့် ကြွက်သားတောင့်တင်းသော အမျိုးသားတစ်ဦးက လှောင်ရယ်လိုက်သည်။
ထိုအမျိုးသမီးသည် ၎င်းတို့ပြောဖူးသည် အလွန်လန်းလှသည့် ကြက်ကလေးဖြစ်သည်။ သူမသည် ဤဘားငယ်လေးတွင် ရံဖန်ရံခါ ပေါ်လာတတ်သောကြောင့် ဆိုင်ကယ်ဂိုဏ်းမှ အဖွဲ့ဝင်များကို တပ်မက်စွာဖြင့် သွားရည်ကျစေခဲ့သည်။ လောင်ရှီက ခါးသီးစွာ ရယ်မောလိုက်သည်။
"ဒီလိုမိန်းမကလေးမျိုးကို ကျုပ်က ဘယ်လိုလုပ်ပြီး ငှားနိုင်ရမှာလဲ"
"ဒါဆိုရင် ခင်ဗျား ပြောချင်တာက ဒီကြက်ကလေးက ဒီကိုရောက်ရောက်လာတာ အလှပြချင်လို့ပေါ့လေ" ထွားကျိုင်းသော အမျိုးသားတစ်ဦးက ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။
လောင်ရှီသည် သူ၏ နှလုံးသား တိမ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် တစ်ခုခုပြောရန် ပြင်ဆင်လိုက်သည်။ ထွားကျိုင်းသော အမျိုးသားက စျေးပေါသည့် ဘီယာတစ်ခွက်ကို ကိုင်၍ မတ်တပ်ထရပ်လိုက်ပြီစနောက် သူမ အနားသို့ လျှောက်လှမ်းနေပြီဖြစ်သည်။
"အချစ်ကလေး၊ နည်းနည်း အထီးကျန်နေတယ် မဟုတ်လား။ ဒီက အစ်ကိုကြီး တော်တော်လေး သန်မာတယ်၊ တို့တွေ တစ်ယောက်ကို တစ်ယောက် မိတ်ဖွဲ့ကြရင် ဘယ်လိုလဲ”
ထွားကျိုင်းသော အမျိုးသားသည် ထိုအမျိုးသမီး၏ နံဘေးတွင် ထိုင်ချလိုက်ပြီးနောက် ယုတ်ညံ့သော အပြုံးမျိုးဖြင့် ဘားကို မှီချလိုက်သည်။ အမျိုးသမီးသည် ဖန်ခွက်ကို အောက်ချကာ ထွားကျိုင်းသော အမျိုးသားကို လှည့်ကြည့်လိုက်ရာ၊ အေးစက်၍ မထီမဲ့မြင်ပြုသော လှောင်ပြောင်မှုတစ်ခု သူမ၏ မျက်နှာပြင်တွင် ပေါ်ပေါက်လာသည်။
"ထွက်သွား"
ထွားကျိုင်းသော အမျိုးသား၏ မျက်နှာအမူအရာ ရုတ်တရက် မည်းမှောင်သွားပြီးနောက် ၎င်းက ဘီယာကို စိမ်ပြေနပြေ သောက်၍ အေးစက်စွာ ပြောလိုက်သည်။
“မင်းဘယ်သူနဲ့ စကားပြောနေတာလဲဆိုတာရော သိရဲ့လား”
အမျိုးသမီးသည် သူမ၏ စီးကရက်ကို ရှိုက်သွင်း၍ ကြွက်သားတောင့်တင်းသော အမျိုးသားဆီသို့ မီးခိုးငွေ့များ ရှိုက်ထုတ်လိုက်သည်။
"သိချင်စိတ် မရှိဘူး၊ ဒါပေမယ့် အခု ကျွန်မ အရမ်းစိတ်တိုနေတယ် ဒီတော့ ထွက်သွားလိုက်တော့"
ထွားကျိုင်းသော အမျိုးသား၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွား၍ သူက လှောင်ရယ်လိုက်သည်။
"ကောင်းပြီ၊ ဒီည ငါ ဘယ်လောက် အင်အားကြီးတယ်ဆိုတာ မင်း သိစေရမယ်"