အခန်း (၂၈၀-၂၈၂)
Vol. 19 Ch. 280-282
အခန်း (၂၈၀) ည၏အစပျိုးမှု
“အရှင်၊ လူငယ်ဇာစ်မြစ်ကို စတွေ့တာက ဒုစရိုက်မြို့တော်ရဲ့ စွန့်ပစ်ထားတဲ့ မိုင်းတွင်းတစ်ခုပါ ပြီးတော့ အဲ့ဒီ့မိုင်းက ကျွန်တော်ပိုင်တာပါ။ ဒါပေမယ့် လောင်ကျုံးနဲ့ အဆိပ်ကင်းမြီးကောက် ဘုရင်မက နှစ်ယောက်ပေါင်းပြီး ကျွန်တော့်ကို မောင်းထုတ်လိမ့်လို့ ဘယ်သူက ထင်မှာလဲ” အရိုးမိစ္ဆာသည် ထိုအကြောင်းကို ပြောနေစဉ် သူ၏မျက်လုံးများ၌ နာကြည်းမှုများ ပြည့်နှက်လာသည်။
“အဲဒီလူနှစ်ယောက်က လူငယ်ဇာစ်မြစ်ကို ဘယ်လိုခွဲထားလဲတော့ ကျွန်တော် သိပ်ရှင်းရှင်းလင်းလင်း မသိဘူး။ ဒါပေမယ့် လူငယ်ဇာစ်မြစ်က အဲ့မှာ အမြဲတမ်း မရှိဘဲ သတ်မှတ်ထားတဲ့ အချိန်ဇယားနဲ့ပဲ ပေါ်တယ်ဆိုတော့ ကျွန်တော် သိတယ်”
“နောက်တစ်ကြိမ်ပေါ်လာမယ့်အချိန်က ဒီသုံးရက်အတွင်းမှာပါ”
အရိုးမိစ္ဆာက သူသိသမျှကို ပြန်ပြောပြခဲ့ရာ၊ ရွှယ်အန်းသည် နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဒါကြောင့် အခု အရေးကြီးဆုံးအရာက ကျွန်တော် အရင်က ဆုံးရှုံးသွားတဲ့ နယ်မြေကို ပြန်ယူပြီး လောင်ကျုံးနဲ့ အဆိပ်ကင်းမြီးကောက် ဘုရင်မရဲ့ အင်အားတွေကို အတတ်နိုင်ဆုံး အားနည်းအောင်လုပ်ဖို့ပဲ" အရိုးမိစ္ဆာက ပြောလိုက်သည်။
ရွှယ်အန်းက အရိုးမိစ္ဆာကို လှည့်ကြည့်လိုက်သည်။ အရိုးမိစ္ဆာသည် သူ့စိတ်ထဲတွင် အေးစက်မှုများ ခံစားလိုက်ရ၍ ခေါင်းကို အလျင်အမြန် ငုံ့လိုက်သည်။
"ကျွန်တော်က အကြံပြုတာပါ၊ အရာအားလုံးက အရှင့်သဘောအတိုင်းပါ"
"အလျင်စလိုလုပ်ဖို့ မလိုပါဘူး။ လူငယ်ဇာစ်မြစ်က သုံးရက်အတွင်း ပေါ်လာရင် ကျုပ် အဲ့ဒါကို ခံစားမိမှာပါ။ ရေကို ရပြီဆိုတာနဲ့ ဒီလူတွေကို ရှင်းပစ်လို့ရတယ်" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
“ဟုတ်ကဲ့” အရိုးမိစ္ဆာက နာခံစွာ ပြောလိုက်သည်။
ဒုစရိုက်မြို့တော်၏ အလယ်ဗဟိုတွင် အနက်ရောင် အဆောက်အဦးတစ်ခု တည်ရှိနေ၍ ၎င်း၏ အပေါ်ဆုံးထပ်တွင် အလွန်ကျယ်ဝန်းသော ရုံးခန်းတစ်ခုရှိနေသည်။ လောင်ကျုံးသည် ကြမ်းပြင်မှ မျက်နှာကြက် အထိ အပြည့်ရှိနေသော ပြတင်းပေါက်များမှတစ်ဆင့် မြို့၏ ညရှုခင်းကို ခုံပေါ်တွင် မှီ၍ ကြည့်နေလေသည်။ သူသည် ဤခံစားချက်မျိုးကို အလွန် မြတ်နိုးသည်။
၎င်းသည် မိုးတိမ်ပေါ်တွင် ရပ်၍ လူတိုင်းကို သူ၏ခြေထောက်ဖြင့် နင်းထားသကဲ့သို့ ခံစားရသည်။ အမှန်တကယ်ပင် မိမိ၏ အခြေအနေက ထိုသို့ ဖြစ်ခဲ့သည်။ သူ၏ဂုဏ်သိက္ခာနှင့် သြဇာအာဏာအရ သူသည် ဒုစရိုက်မြို့တော်၏ အမှောင်ဘုရင်တစ်ပါးဖြစ်လာသည်။ အရိုးမိစ္ဆာ ထွက်ပြေးသွားပြီးနောက် ယခုအခါ အဆိပ်ကင်းမြီးကောက် ဘုရင်မတစ်ဦးသာ ကျန်ရှိတော့သည်။
ဤအမျိုးသမီးကို တွေးမိသာအခါ လောင်ကျုံးက သူ၏မျက်ခုံးများကို အနည်းငယ် ပင့်လိုက်သည်။ ထိုအချိန်တွင် ရုံးခန်းတံခါးပွင့်လာခဲ့သည်။ ၎င်းသည် သူ၏တစ်ဦးတည်းသောသားဖြစ်သူ ရှောင်ကျုံးဖြစ်ကြောင်းကို နောက်ကြောင်းပြန်ကြည့်ရန် မလိုအပ်ဘဲ လောင်ကျုံးက သိနေသည်။ မည်သို့ဆိုသော် သူမှလွဲလျှင် အခြားမည်သူမျှ တံခါးမခေါက်ဘဲ မဝင်ရဲကြပေ။
"အဖေ၊ ကျွန်တော့်မှာ အဖေ့ကို သတင်းပို့ဖို့ လိုတဲ့ သတင်းရှိတယ်" သူ၏အဖေဖြစ်သူနှင့် ရုပ်အသွင်အပြင် ဆင်တူလှသော ရှောင်ကျုံးက ပြောလိုက်သည်။
၎င်းတို့တွင် တူညီသည့် နက်နဲသော မျက်လုံးနှင့် မျက်ခုံးများအပြင် တူညီသည့် ယဉ်ကျေး သိမ်မွေ့သော အမူအရာများ ရှိနေကြသည်။ သို့သော် ရှောင်ကျုံးသည် လောင်ကျုံးထက် ပို၍ အထိန်းအကွပ်မဲ့သော အငွေ့အသက်များရှိနေသည်။ လောင်ကျုံးသည် အနုပညာတစ်ခုကို ကြည့်ရှု့နေသကဲ့သို့ သူ၏သားဖြစ်သူကို ငေးကြည့်နေသည်။
"အိုး၊ ဘာတဲ့လဲ" လောင်ကျုံးက မေးလိုက်သည်။
"မနေ့ညက ဘားစီရင်စုအနီးမှာ ဆိုင်ကယ်ဂိုဏ်းတစ်ခု သုတ်သင်ရှင်းလင်းခံလိုက်ရတယ်"
"အဲဒါက ဘာထူးခြားလို့လဲ ကွ။ ဒုစရိုက်မြို့တော်မှာ နေ့စဥ် ဖျက်ဆီးနေတဲ့ ဂိုဏ်းအရေအတွက်က ငါ့ဆံပင်ဖြူတွေထက် ပိုများတယ်ဆိုတာ မင်း သိထားသင့်ပါတယ် ငါ့ သားရယ်”
"ဒါပေမယ့် ဒါက မတူဘူး အဖေ" ရှောင်ကျုံးက စားပွဲပေါ်သို့ ဓာတ်ပုံများစွာ တင်လျက် ပြောလိုက်သည်။
လောင်ကျုံးက ၎င်းဓာတ်ပုံများကို ကောက်ကိုင်လိုက်ပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ဓာတ်ပုံများအနက် စက်ရုံတစ်ရုံသည် သွေးများ အလောင်းများနှင့် ပြည့်နှက်နေသည်။
“ဒါက…” လောင်ကျုံးက အံ့အားသင့်သွားသည်။
“ဟုတ်ပါတယ် အဖေ၊ ဒါက ဒုစရိုက်မြို့တော် ကင်းမြီးကောက် အဖွဲ့သားတွေရဲ့ လုပ်ရပ်ပဲ ဖြစ်ရမယ်”
ကင်းမြီးကောက်အဖွဲ့သားများသည် အဆိပ် ကင်းမြီးကောက် ဘုရင်မ၏လက်အောက်ငယ်သားများ ဖြစ်ကြသည်။ လောင်ကျုံး၏ မျက်လုံးများ တဖျပ်ဖျပ် လှုပ်ခပ်လာသည်။ ထိုအခိုက်အတန့်တွင် ရှောင်ကျုံးက ပြုံး၍ ပြောလိုက်သည်။
"ပြီးတော့ ကျွန်တော် စိတ်ဝင်စားစရာတွေ အများကြီးကို ရှာတွေ့ထားတယ်။ ဥပမာအနေနဲ့ ဒါ…”
ရှောင်ကျုံးသည် ဘားတစ်ခုအတွင်း၌ ထင်ရှားစွာ ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်သည်။ ၎င်းသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ ဘေးတိုက်ပုံကို ပြသထား၍ ထိုအမျိုးသမီးသည် ခရမ်းရောင်ဆံပင်များ ရှိနေသည်။
“အဖေ၊ အဆိပ်ကင်းမြီးကောက်ဘုရင်မက အမြဲတမ်း သိုသိုသိပ်သိပ် လှုပ်ရှားခဲ့တဲ့အပြင် ဘယ်တော့မှ ခြေရာလက်ရာ မပြခဲ့ဘူး။ နှစ်တွေအတောအတွင်း သူက ဘယ်လိုပုံစံလဲဆိုတာတောင် ကျွန်တော်တို့ မသိခဲ့ဘူး”
“ဒါပေမယ့် ဒီတစ်ခါမှာ… နောက်ဆုံးတော့ သူ့မျက်နှာကို ပြခဲ့ပြီ"
လောင်ကျုံးက မျက်မှောင်ကြုတ်လိုက်သည်။
“ဒီအမျိုးသမီးက အဆိပ်ကင်းမြီးကောက်ဘုရင်မ ဖြစ်နေနိုင်လား”
"ဖြစ်နိုင်တာမဟုတ်ဘူး သေကို သေချာတယ်"
လောင်ကျုံးသည် နှလုံးသားတွင် စိတ်ကျေနပ်မှုများဖြင့် သူ၏သားဖြစ်သူကို အားရကျေနပ်စွာ ကြည့်လိုက်သည်။
"ဒါဆို မင်းက ဘာလုပ်ဖို့ စီစဉ်ထားလဲ"
ရှောင်ကျုံးက တိုက်ခိုက် အဆင့်သင့်ဖြစ်နေသည့် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို ပြုံးပြလိုက်သည်။
"အဖေ၊ လူငယ်ဇာစ်မြစ်က မကြာခင် ပေါ်လာတော့မှာ၊ အဲဒါက ကျွန်တော်တို့ ကျုံး မိသားစုနဲ့ သက်ဆိုင်တာပဲ ဖြစ်သင့်တာ ဒါကို ဘာလို့ အရူးမတစ်ယောက်နဲ့ မျှဝေနေရမှာလဲ"
လောင်ကျုံးက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ သွားလုပ်လိုက်"
သူသည် ဒုစရိုက်မြို့တော်၏ မှောင်မိုက်လောကကို အုပ်စိုးသူအနေဖြင့် သားဖြစ်သူ၏ ဆိုလိုရင်းကို နားလည်သည်။ ဤနေရာတွင် လူသတ်မှု၊ မဟာမိတ်ဖွဲ့မှုနှင့် သစ္စာဖောက်မှုများက ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။
"ဒါပေါ့၊ မနက်ဖြန် ဒီအချိန်ရောက်ဆိုတာနဲ့ ကျွန်တော် ဒီအမျိုးသမီးရဲ့ ဦးခေါင်းကို ယူလာပြီး အဖေ့ဆီ အပ်မှာပါ"
စကားဝိုင်းတစ်လျှောက်လုံးတွင် သားအဖနှစ်ဦးသည် ဓာတ်ပုံထဲတွင် ဘာသိဘာသာ အမူအရာဖြင့် ရှိနေသော အမျိုးသားကို တည့်တည့်မတ်မတ် ကြည့်ရှုခြင်းပင် မရှိခဲ့ပေ။ ၎င်းတို့၏ မျက်လုံးထဲတွင် ကင်းမြီးကောက် ဘုရင်မမှလွဲ၍ အခြားလူများက အရေးမပါလှပေ။
နောက်နေ့တွင် ညနေစောင်း၏ အလင်းရောင်များ ထွန်းလင်းလာသည်နှင့် လောင်ရှီ၏ ဘားသည်လည်း တစ်ဖန် သက်ဝင်လှုပ်ရှားလာခဲ့သည်။ လောင်ရှီ ကိုယ်တိုင်ရောစပ်ထားသော ယမကာများကို သောက်သုံးရန်အတွက် လူအများအပြားက ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။ အထူးသဖြင့် ဆိုင်ကယ်ဂိုဏ်း သုတ်သင်ခံခဲ့ရပြီးကတည်းက ဤနေရာသည်လည်း ပို၍အေးချမ်းလာသည်။ ရွှယ်အန်းသည်လည်း ဘားတွင် မတုန်မလှုပ် ထိုင်၍ သောက်နေလေသည်။
ထိုအချိန်တွင် ဝမ်စီနန်က ဘားတံခါးကို တွန်းဖွင့်၍ ကိတ်မုန့်ကြီးတစ်လုံးကို ယူဆောင်လာခဲ့သည်။ သူမ၏ အပြုအမူသည် လူများစွာ ခေတ္တရပ်တန့်သွားစေသည်။ ဝမ်စီနန်သည် ဘားဆီသို့ တည့်တည့်လျှောက်လာ၍ ကိတ်မုန့်ကို ချထားပြီးနောက် ဖယောင်းတိုင်များ စတင် ထိုးစိုက်လိုက်သည်။ ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ"
"ဘာလုပ်ရမှာလဲ မွေးနေ့ပွဲမို့လို့ ဖယောင်းတိုင် စိုက်နေတာလေ မတွေ့ဘူးလား" ဝမ်စီနန်က ဘာသိဘာသာ ပြောလိုက်သည်။
"ဒီမှာ ကျင်းပနေတာလား" ရွှယ်အန်းက ပြန်မေးလိုက်သည်။
"ပြဿနာရှိလို့လား" ထိုသို့ပြောလျက် ဝမ်စီနန်က လောင်ရှီကို ပြုံးပြလိုက်သည်။
"ဒီညအတွက် အကုန်လုံးရဲ့ ကုန်ကျစရိတ်တွေကို ကျွန်မ စာရင်းထဲ ထည့်လိုက်ပါ"
သူမ၏စကားများသည် ဝမ်စီနန်အပေါ် ကြောက်ရွံ့မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားကြ၍ လူအများ၏ ရွှင်မြူးမှုကို နှိုးဆွစေခဲ့သောကြောင့် အချို့ကပင် ဖန်ခွက်များကို မြှောက်လိုက်ကြသည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ မိန်းကလေး"
ဝမ်စီနန်သည် သိသာထင်ရှားစွာ စိတ်ကြည်နေသောကြောင့် ပေါ့ပါးစွာ ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
သူမသည် ဖယောင်းတိုင်များ ထွန်းညှိလိုက်သည်။ ဘားအတွင်းရှိ သီချင်းသံများသည်လည်း အလိုက်တသိ ရပ်တန့်သွားကြသည်။ ကခုန်နေသော အမျိုးသမီးများသည် အဝေးမှ ရယ်မောလျက် ကြည့်နေကြသည်။ ဘားငယ်လေးတွင် လေထုအခြေအနေသည် အနည်းငယ် နွေးထွေးလာသည်။
"ရှင် ကျွန်မကို မွေးနေ့မှာ ပျော်ရွှင်ဖို့ ဆုမတောင်းတော့ဘူးလား" ဝမ်စီနန်က မေးလိုက်သည်။
ရွှယ်အန်းသည် အသိ ပြန်ဝင်လာ၍ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ"
ဝမ်စီနန်က ဟက်ဟက်ပက်ပက် ရယ်မောပြီးနောက် မျက်လုံးများကို မှိတ်၍ ဆန္ဒတစ်ခုပြုလုပ်ပြီးသည်နှင့် ဖယောင်းတိုင်မီးများကို တစ်ချက်တည်း ငြှိမ်းသတ်လိုက်သည်။ လူများစွာက စတင် ရွှင်လန်းလာကြတယ်။ ယမကာရည်များသည်လည်း ရေများ စီးဆင်းနေသကဲ့သို့ မှာယူနေကြသည်။ ညသည် မနက်ရှိုင်းသေးသော်လည်း အလွန် ရစ်မူးနေပြီဖြစ်သည်။
ဝမ်စီနန်သည် အရက်များ အလွန်အကျွံသောက်သုံး၍ လူအများအပြားကို ကိတ်မုန့်များဖြင့် လိမ်းကျံခြင်းမျိုးပင် ပြုလုပ်ခဲ့သည်။ မှန်သည်၊ သူမ၏ မျက်နှာတွင်လည်း လူအများအပြားက လိမ်းကျံထားသော ကိတ်မုန့်များရှိနေသည်။ တချို့လူများကပင် သူမကို ထိကိုင်သော အပြုအမူများ ပြုလုပ်လာကြသည်။ ဤသို့ဆိုလျှင်ပင် သူမက ဒေါသမထွက်ခဲ့ပေ။
ဘား၏အပြင်ဘက်တွင် အနက်ရောင်သားရဲတစ်ကောင်နှင့် ဆင်တူသော ဗန်ကားအမြောက်အမြားကို ရပ်တန့်ထား၍ ၎င်းတို့ထဲ၌ အနက်ရောင်ဝတ် အမျိုးသမီးများ ထိုင်နေကြသည်။ ၎င်းတို့သည် ဝမ်စီနန်၏ ကိုယ်ရံတော်များဖြစ်သည့် ကင်းမြီးကောက်အဖွဲ့ဝင်များ ဖြစ်ကြသည်။ ဘားထဲမှ ထွက်ပေါ်လာသော ဝမ်စီနန်၏ ရယ်မောသံကို ကြားလိုက်ရသောအခါ အနက်ရောင်ဝတ် အမျိုးသမီးများက တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြ၍ တစ်စုံတစ်ဦးကပင် ထိန်းနိုင်ဘဲ ပြောလိုက်မိသည်
"ဒီညတော့ ငါတို့ ဘုရင်မ အရမ်းပျော်နေပုံပဲ"
"ဒါပေမယ့် ငါ မှတ်မိသလောက်တော့ ဘုရင်မရဲ့ ဒီနှစ် မွေးနေ့က ပြီးသွားပြီ မဟုတ်ဘူးလား" တစ်စုံတစ်ယောက်က တီးတိုး ပြောလိုက်သည်။
"ရှူး မြွေအကောင် တစ်ထောင်နဲ့ မကိုက်မခံချင်ရင် ဘုရင်မကို ဒီလိုစကားမျိုး ဘယ်တော့မှ မပြောမိပါစေနဲ့၊ သေချာ မှတ်ထား” တစ်စုံတစ်ယောက်က သတိပေးလိုက်သည်။
၎င်းတို့နှစ်ဦးက စကားစမြည်ပြော၍ အပန်းဖြေနေကြစဉ် ကောင်းကင်ယံမှ မရေတွက်နိုင်သော အရိပ်များ ပျံ့သန်းလာသည်။ ညသည် စတင်ဆူပွက်လာပုံပေါ်သည်။
အခန်း(၂၈၁) အရိပ်လူသားများ
ရှောင်ကျုံးက တိရိစ္ဆာန်နက်များကိုကြည့်ရန် မြင့်မားသော အဆောက်အအုံတစ်ခုပေါ်၌ မတ်တပ်ရပ်လိုက်သည်။
“ဒါ ဒဏ္ဍာရီလာ ဒုစရိုက်ကင်းမြီးကောက်တွေလား” ရှောင်ကျုံးက ဘာသိဘာသာပြောလိုက်သည်။
"မင်းတို့ လူနည်းနည်းပဲ ခေါ်လာတာလား။ ဒီလောက်သတ္တိရှိတယ်ပေါ့”
ရှောင်ကျုံး၏ မျက်နှာထက်၌ စိတ်လှုပ်ရှားမှုအငွေ့အသက်များပေါ်လာကာ သူ့စိတ်များ မငြိမ်မသက်ဖြစ်နေသည်။ နောက်ဆုံးတွင်မူ သူရင်ဆိုင်နေရသူမှာ သူ့အဖေကဲ့သို့ ကျော်ကြားသော အမှောင်သခင်ဖြစ်သည်။ အကယ်၍ ယနေ့ည ၎င်းကို ခေါင်းဖြတ်နိုင်ပါက ရှောင်ကျုံး၏ ဂုဏ်သိက္ခာက တစ်ဖန်ပြန်လည်မြင့်တက်လာ၍ ကျုံးမိသားစုသည်လည်း မြို့တော်၏ စစ်မှန်သော အုပ်ချုပ်သူဖြစ်လာပေလိမ့်မည်။
…
"အရိပ်လူသားများ၊ ထွက်သွားပါ။" ရှောင်ကျုံးက အမိန့်ပေးလိုက်သည်။
“ဟုတ်” အရိပ်များမှ တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာပြီးနောက် မရေမတွက်နိုင်သော အနက်ရောင်ပုံရိပ်များ ကောင်းကင်ယံတွင် ပျံ့လွင့်သွားသည်။
ကျုံးမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူအနေဖြင့် ရှောင်ကျုံးသည် အလိုအေလျာက်ပင် အများ၏ ပစ်မှတ်ထားခြင်းကို ခံရသည်။ ဤမစ်ရှင်အတွက်ပင်လျှင် မိသားစုက သူ့ကို ၎င်းတို့၏ လက်ရွေးစင်အရိပ်လူသားများကို တာဝန်ပေးခဲ့သည်။ ဒုစရိုက်မြို့တော်တွင် အမှောင်သားရဲကြီးသုံးကောင်၏ လက်အောက်ခံများတွင် ၎င်းတို့၏ လက်ရွေးစင်တပ်ဖွဲ့များ အသီးသီးရှိကြသည်။
အရိုးမိစ္ဆာ၏ အမှောင်တပည့်များ။
အဆိပ်ကင်းမြီးကောက်ဘုရင်မ၏ ဒုစရိုက်ကင်းမီးကောင်များ။
သို့သော် ၎င်းတို့ထက် ပိုမို ကျော်ကြား၍ သြဇာအရှိဆုံးလူအဖြစ် အသိအမှတ်ပြုခံရသည်မှာ ကျုံးမိသားစု၏ အရိပ်လူသားများဖြစ်သည်။ ကျုံးမိသားစုသည် ဤပုဂ္ဂိုလ်များကို ဆယ်စုနှစ်များစွာကြာ ပြုစုပျိုးထောင်ပေးခဲ့သည်ဖြစ်ရာ တစ်ဦးစီသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ရှောင်ကျုံးသည် အရိပ်လူသားများက နေကို မှောင်ရိပ်ဖုံးသွားစေသည်ကို ကြည့်၍ ခေါင်မိုးပေါ် ၌ မတ်တပ်ရပ်ကာ သူ့နှလုံးသားထဲမှ ပီတိဖြစ်စိတ်ကို ကောင်းစွာခံစားလိုက်သည်။ ယခုအချိန်မှစ၍ ဒုစရိုက်မြို့တော်တွင် ကျုံးမိသားစုသာ ရှိလိမ့်မည်။
ထိုအချိန်တွင် ဘားအပြင်ဘက်ရှိ ဒုစရိုက်ကင်းမြှီးကောက် အဖွဲ့ဝင်များက တိတ်တဆိတ်စကားပြောနေကြသည်။
ရုတ်တရက်။
အရိပ်တစ်ခု ဖြတ်သွားသည်။
ယာဉ်မောင်းထိုင်ခုံ၌ ထိုင်နေသော အမျိုးသမီးသည် လည်ချောင်းထဲမှ သွေးများ စီးကျလျက် လဲကျသွားသည်။ ဤအသံက အနက်ရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးများကို ထိတ်လန့်သွားစေသည်။
“ဒါဘာအသံလဲ” လူတစ်ယောက်က အော်လိုက်၏။
ကားတံခါးနားမှလူများက ချက်ချင်းပင် တံခါးဖွင့်လိုက်ကြသည်။
အပြင်လောကသည် တိတ်ဆိတ်ခြင်းအတိပြီးနေ၏။
အနက်ရောင်ဝတ်အမျိုးသမီးများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မျက်မှောင်ကြုတ်နေကြသည်။ ဤတိတ်ဆိတ်မှုက ဆိုးရွားသောလေထုကို သယ်ဆောင်လာသည်။ သို့သော် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၏ အဆုံးသတ်ကို အဆတ်မပြတ်ရောက်ခဲ့ဖူးသော စစ်သည်များအနေဖြင့် သေခြင်းတရားနှင့် သွေးများဟူသည် ထမင်းစားရေသောက်သာဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သိသော်လည်း ၎င်းတို့အားလုံးက ငြိမ်သက်နေကြသည်။ ၎င်းတို့သည် လက်နက်များကို တိတ်တဆိတ် ကိုင်ဆောင်ကာ တစ်ယောက်ကို တစ်ယောက် အားကိုးကာ ကားပေါ်မှ ဆင်းခဲ့ကြသည်။
ညသည် သဘာဝအတိုင်း မည်းနက်နေ၍ လရောင်ပင်လျှင် ပျောက်ကွယ်သွားခဲ့ပြီ။
ရုတ်တရက်။
အနက်ရောင် ၀တ်ထားသော ဤအမျိုးသမီးများက လမ်းလယ်သို့ရောက်ကာ ဘားထဲသို့ ဝင်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။
မရေမတွက်နိုင်သော အရိပ်များသည် အဝေးမှ ပြေးဝင်လာကြသည်။ အနက်ရောင်ဝတ်ထားသော အမျိုးသမီး များသည် ၎င်းတို့၏ သေနတ် များကို မြှောက်ကာ ပစ်ရန် ပြင်ဆင်နေကြသည်။
အရိပ်များက ရှေ့သို့တိုးလာခဲ့ရာ လမ်းမထက်တွင် အနက်ရောင်လှိုင်းလုံးကြီး နှစ်ခု ထိတိုက်မိသွားသည်။ ၎င်းတို့ကြား၌ ခြေလက်ကျိုးကြေသံ၊ သွေးများ ပန်းထွက်သံ၊ ဓားနှင့် သတ္ထုတို့ တိုက်မိသံ၊ အစရှိသည့် အသံများအားလုံး ရောယှက်နေသည်။ အခြေအနေက အလွန်ဆိုးရွားနေသော်လည်း ၎င်းတို့ကြားတွင် မည်သည့် အော်ဟစ်သံမျှမရှိပေ။ နှစ်ဖက်လုံးက တိုက်ပွဲတွင် ကြောက်စဖွယ်ကောင်းစွာတိတ်ဆိတ်ငြိမ်သက်နေသည်။ သေခြင်းတရားကပင် ၎င်းတို့ကို ကြောက်လန့်တကြားမအော်ဟစ်စေနိုင်ပေ။ မည်သူဖြစ်စေကာမူ အမှောင်ထုထဲမှ ထွက်လာနိုင်သူများသည် သေခြင်းတရားကို ကြောက်လန့်ခြင်းမရှိသူများဖြစ်သွားကြပြီဖြစ်သည်။ အဝေးမှကြည့်နေသော ရှောင်ကျုံးသည်ပင်လျှင် အနည်းငယ် လေးစားမိသွား၏။
"တကယ် ချီးကျူးစရာ အမိုက်စား သူရဲကောင်းတွေပဲ"
သို့သော် အရိပ်လူသားများ၏ များပြားလှသော အရေအတွက်နှင့် နှိုင်းယှဉ်လျှင် ဒုစရိုက်ကင်းမြှီးကောက်များသည် အနည်းငယ်မျှသာ ရှိသဖြင့် ထိုကဲ့သို့ အလျင်အမြန် တိုက်ခိုက်မှုအောက်တွင် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။
သိပ်မကြာခင်၌ အနက်ရောင်ဝတ် အမျိုးသမီး အများစုသည် လဲကျသွားကြသည်။ ဒဏ်ရာရသူများ အသီးသီးသည် နောက်ပြန်ဆုတ်ကာ ကောင်းကင်ယံထက်မှ အမှောင်ထုကို ဒေါသတကြီးကြည့်နေကြသည်။
"ဒါက အရိပ်လူသားတွေပဲ" တစ်စုံတစ်ယောက်က ခပ်တိုးတိုးအော်လိုက်သည်။
"ကျုံးမိသားစုက စပြီး လှုပ်ရှားလိုက်ပြီ။ ဘုရင်မကြီးကို ချက်ချင်းအကြောင်းကြားရမယ်” အခြားသူတစ်ယောက်က လေးနက်သောအသံဖြင့် ပြောသည်။
“ငါအခု ကြိုးစားကြည့်ပေမယ့် လမ်းကို အရိပ်တွေနဲ့ပိတ်နေလို့ ဘယ်လိုမှထွက်မရဘူး”
ဤအခိုက်အတန့်တွင် ရှောင်ကျုံးက လမ်း၏ အခြားတစ်ဖက်ဆီမှ ဖြည်းညှင်းစွာချဥ်းကပ်လာသည်။
“မင်းက မိန်းမဖြစ်ပေမယ့် လေးစားစရာကောင်းသားပဲ။ မင်းတို့လက်နက်တွေကို အခုချလိုက်ရင် ငါမင်းတို့ကို သက်ညှာပေးဖို့ စဥ်းစားပေးမယ်”
“ရှောင်ကျုံး” ဒုစရိုက်မြို့တော်၏ ကင်းမြီးကောက်အဖွဲ့မှ ကျန်အဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် အော်ဟစ်ကြသည်။
ထို့နောက် အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့သည် ၎င်းတို့၏ သေနတ်များကို ဖြည်းညှင်းစွာ မြှောက်လိုက်ကြသည်။
"သနားစရာပဲ"
ရှောင်ကျုံးသည် ဤရလဒ်ကြောင့် အံ့သြခြင်းမရှိပေ။ ထို့ကြောင့် ခေါင်းကို အနည်းငယ်မသိမသာငုံ့ပြလိုက်သောအခါ အရိပ်လူသားများထွက်သွားသည်။
"အားလုံးက ငါတို့ ဘုရင်မအတွက်” ဒုစရိုက်မြို့တော် ကင်းမြှီးကောက်အဖွဲ့မှ အဖွဲ့ဝင်များသည် နောက်ဆုံးတွင် ထအော်လိုက်ကြသည်။
သေနတ်သံများ ပေါ်ထွက်လာပြီးနောက် အရိပ်လူသားများက အချိန်တိုအတွင်း ဝါးမြိုသွားသည်။ ထို့နောက် ခပ်တိုးတိုး သွားကြိတ်သံများစွာပေါ်လာသည်။ ထိုဝါးစားသံက သားရဲတစ်ကောင်က အသားကို ဝါးစားနေသည့်အလား ကျောချမ်းဖွယ်ကောင်းလှသည်။ ထို့နောက် အမှောင်ထုက ပြန့်ကျဲသွားကာ မြေပြင်၌ သွေးအိုင်များသာကျန်တော့သည့်အပြင် အရိုးများပင်မကျန်တော့ပေ။
"ဘယ်လောက်ပျော်စရာကောင်းတဲ့ညလဲ" ရှောင်ကျုံးက အော်လိုက်သည်။
" ကင်းမြီးကောက်ဘုရင်မကသူ့မွေးနေ့လုပ်နေတုန်း သူ့လက်အောက်ငယ်သားတွေ ဆိုးဆိုးဝါးဝါးသေသွားတာကို သိရင် ဘယ်လိုခံစားရမယ်။ စိတ်ဆိုးမယ်မလား” ရှောင်ကျုံးက အားရပါးရပြောလိုက်သည်။
မည်သူမျှမတုံ့ပြန်ကြပေ။ ဤ အရိပ်လူသားများများသည် အမြဲတိတ်ဆိတ်သော သူရဲကောင်းများဖြစ်သည်။
“ကောင်းပြီ၊ ဒီဘားကို ပတ်လည်ဝိုင်းထားလိုက်။ ငါတို့ ဘုရင်မနဲ့အနီးစပ်ဆုံးမှာရှိနေမယ်”
ရှောင်ကျုံးသည် အလွန်စိတ်ကောင်းဝင်နေ၏။ သူစကားပြောနေစဥ် ရှောင်ကျုံးက တံခါးကို ဖွင့်၍ ဘားထဲသို့ ဝင်သွားသည်။ ထိုအချိန်တွင် ဘားတွင်းရှိလူတိုင်း မူးနေကြသည်။
ဝမ်စီနန်နှင့် ရွှယ်အန်းနှင့် အခြားလူအချို့တို့သည် ၎င်းတို့၏ အရက်ကို ဖြည်းညှင်းစွာ သောက်နေကြဆဲဖြစ်သည်။ ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် လောင်ရှီမှ ၎င်းတို့အတွက် အထူးရောစပ်ထားသော ဖျော်ရည်ကို နှစ်သက်ကြသည်။
ရှောင်ကျုံးဝင်လာသောအခါ လူများစွာက ၎င်းတို့ကို ဂရုမစိုက်ကြပေ။ ထို့နောက် ရှောင်ကျုံးက ဝမ်စီနန်ကို ကြည့်၍ အနည်းငယ်ပြုံးလိုက်သည်။
“ဘုရင်မ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ”
ဤသို့ပြောလာသော်လည်း ဝမ်စီနန်က အနည်းငယ်မျှပင် တုံ့ပြန်ခြင်းမရှိဘဲ ဆက်သောက်နေ၏။ ရွှယ်အန်း၏ ပါးစပ်က အနည်းငယ်ကွေးညွတ်သွားကာ အဓိပ္ပါယ်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။
“ငါ ဘုရင်မရဲ့ လက်အောက်ငယ်သားတွေအားလုံးကို မတော်တဆသတ်လိုက်လို့ တောင်းပန်သင့်တယ်ထင်တယ်” ရှောင်ကျုံး၏ စကားများသည် နောက်ဆုံးတွင် ဝမ်စီနန်၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
သူမက ခေါင်းလှည့်၍ အေးစက်သောအကြည့်များဖြင့်ကြည့်လိုက်သည်။
“ရှင်ဘာပြောလိုက်တာလဲ”
"သူတို့ကို ခေါ်ကြည့်စမ်း၊ သူတို့အနားမှာ ရှိနေသလား ကြည့်စမ်း"
ဝမ်စီနန် တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရကာ သူမ၏ အမူအရာ ပြောင်းသွားပြီးနောက် ဝိုင်ဖန်ခွက်ကို ချ၍ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။
"ရှောင်ကျုံး"
"ဒါပေါ့ ငါပဲလေ" ရှောင်ကျုံးက တုန်ယင်စွာပြောသည်။
"ကောင်းတယ် ရှင့်ရဲ့ ကျုံးမိသားစုက ကျွန်မကို အောင်အောင်မြင်မြင်နဲ့ ရန်စနိုင်ခဲ့ပြီ။ ကျွန်မဒေါသကို ခံဖို့ ပြင်ထား”ဝမ်စီနန်က အေးစက်စွာပြောသည်။
ထိုအချိန်တွင် အရက်မူးနေသော ဘားရှိလူတိုင်းက ယခုအခါ ရင်ခုန်နေကြသည်။ လူများစွာသည် နောက်ဆုံးတွင် ၎င်းတို့နှစ်ဦးကြားရှိ စကားစမြည်ကို ကြားလိုက်ရသည်။
ဤလူသည် နာမည်ကြီး ရှောင်ကျုံးမှလွဲ၍ အခြားသူမဟုတ်ပေ။
ထို့အပြင် ဤမိန်းမသည်…
“ကင်းမြှီးကောက်ဘုရင်မ ငါလည်း ဒါကို နောင်တရတယ်။ ဒါပေမယ့် မင်း စိတ်တိုနေစရာ မလိုတော့ဘူး၊ ဘာလို့လဲ ဆိုတော့ ဒီည ဒီဘားက မင်းရဲ့ နောက်ဆုံး အနားယူရာ နေရာ ဖြစ်လိမ့်မယ်”
ကင်းမြီးကောက်ဘုရင်မဖြစ်သည်။
ဤနာမည်က ဘားရှိလူတိုင်းကို ထိတ်လန့်တကြားဖြစ်သွားစေကာ အထူးသဖြင့် အရိုးမိစ္ဆာ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
‘ဒီမိန်းမ… သူက ကင်းမြှီးကောက်ဘုရင်မလား’
အခန်း(၂၈၂) ဒီတော့… ပွဲပြီးသွားပြီ
"ရှောင်ကျုံး၊ ရှင် နားမလည်သေးဘူးထင်တယ်၊ ရှင့်ရဲ့ စွမ်းအားက အခု ကျွန်မထက် အများကြီးနိမ့်သေးတယ်”
ဝမ်စီနန်က အေးစက်စွာပြော၍ အမူအရာ ပြောင်းလဲလာသည်နှင့်အမျှ သူမ၏အသွင်အပြင်သည် သိသိသာသာ ပြောင်းလဲသွားသည်။ လွန်ခဲ့သည့်အခိုက်အတန့်က နူးညံ့သိမ်မွေ့သောမျက်နှာ ပျောက်ကွယ်သွားကာ နတ်ဆိုး သို့မဟုတ် နတ်ဆိုး၏မျက်နှာနှင့်တူသော မျက်နှာတစ်ခုထွက်ပေါ်လာသည်။
"နတ်သွေးမျိုးဆက်"
ရွှယ်အန်းက ခပ်တိုးတိုးရေရွတ်၍ ရယ်မောလိုက်သည်။
“ကြည့်ရတာ ဆင်တူပေမယ့် ရောင်ဝါက အားနည်းနေတယ်။ အတုအယောင် နတ်ဘုရားဖြစ်ရမယ် ဟုတ်လား"
သူ၏ ခပ်တိုးတိုးအသံကို မည်သူမျှ သတိမထားမိပေ။ ဤအခိုက်အတန့်တွင် ဘားရှိလူတိုင်းသည် တတ်နိုင်သမျှ မြန်မြန်ထွက်ပြေးရန်ထက် မည်သည်ကိုမျှ စိတ်မဝင်စားကြပေ။
...
အလျင်အမြန်တုံ့ပြန်တတ်သောသူများက ပြတင်းပေါက်မှ တိတ်တဆိတ်ပင်ထွက်လာကြသည်။ သို့သော် ၎င်းတို့က နာကျင်မှုကြောင့် မအော်လိုက်နိုင်ခင်၌ပင် အပြင်ရှိ အမှောင်ထုကြီးက ဝါးမြိုသွားသည်။
ဝမ်စီနန်က မျက်မှောင်ကြုတ်လိုက်သည်။
“အရိပ်လူသားတွေလား။ အခု လေးတင် လှည့်စားခံလိုက်ရတာ အံ့သြစရာတော့မဟုတ်ဘူးပဲ။ ကျုံးမိသားစုက ကျွန်မနဲ့ရင်ဆိုင်ရတာမှာ နည်းနည်းမှ ထိန်းမထားဘူးမလား”
ရှောင်ကျုံးက ရယ်မောလိုက်သည်။
“ကျွန်တော်မျိုးတို့ရဲ့ ဘုရင်မကို ဖြုတ်ချဖို့ အရိပ်လူသားနည်းနည်းလောက်က ထည့်ပြောစရာတောင်မလိုဘူးမလား”
ထိုအချိန်တွင် ဝမ်စီနန်သည် ရုတ်တရက် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၍ ရှောင်ကျုံးဆီသို့ တန်းတန်းမတ်မတ် ပြေးသွားသည်။ အရှိန်ပြင်းလွန်းသဖြင့် စူးရှသော လေဖြိုခွင်းသံတစ်ခုပင် ထွက်ပေါ်လာသည်။
ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီဖြစ်သော်လည်း ရှောင်ကျုံး၏အမူအရာက ငြိမ်သက်နေ၍ ခြေလှမ်းတစ်ဝက်သာ နောက်ပြန်ဆုတ်သွားသည်။ သူ့ဘေးတစ်ဖက်တစ်ချက်၌ အရိပ်များစွာပေါ်လာကာ လေထုအလယ်မှ ဝမ်စီနန်ကို ချိန်ရွယ်ထားသည်။
“ပုရွက်ဆိတ်တွေ သေကြစမ်း”
ဤသို့အော်၍ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်လောက်အောင်များပြားလှသော မြွေအရိပ်များက ထိုအမှောင်ထုများဆီသို့ ပြေးသွားကြသည်။ ဤအခိုက်အတန့်တွင် အရိုးမိစ္ဆာသည် အလောင်းကောင်ကဲ့သို့ ဖြူဖျော့နေ၍ စားပွဲအောက်တွင် ပျောက်ကွယ်သွားစေရန် ဆုတောင်းမိနေသည်။
"အရိပ်လူသားများ နတ်ဘုရား တော်တော်များများသေသွားပြီ။ ကျုံးမိသားစု ရူးသွားပြီလား"
လေထုအလယ်တွင် မြွေအရိပ်များသည် နောက်ဆုံးတွင် အမှောင်ထုနှင့် ထိပ်တိုက်တွေ့သွားကြသည်။
ဘမ်း
အလွန်ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီးနောက် ဘားထဲရှိ ဖန်ခွက်များအားလုံး ချက်ချင်းကွဲအက်သွားသည်။ အမှောင်ထုထက်ဝက်ကျော်ခန့်က ဤနေရာတွင် ပြိုကွဲသွားသည်။
အနောက်မှကြည့်နေသော ရှောင်ကျုံး၏ မျက်ခုံးများ တွန့်ကွေးနေကာ သူ့နှလုံးသားထဲ၌ သွေးများထွက်နေသည့်အလား နာကျင်ကိုက်ခဲလျက်ရှိသည်။ ဤသည်ကား ကျုံးမိသားစု၏ အနှစ်သာရပင်ဖြစ်သည်။
သို့သော် ဝမ်စီနန်တွင်လည်း လွယ်ကူမနေခဲ့ပေ။ သူမ၏ ခန္ဓာကိုယ်က လေထုအလယ်၌ ရပ်တန်သွားကာ မျက်နှာထက်၌ နာကျင်သော အမူအရာများပေါ်လာသည်။
“ဒဏ်ရာရသွားပြီပေါ့” ရှောင်ကျုံးက ပျော်ရွှင်မှုအပြည့်ဖြင့် အော်လိုက်သည်။
မှန်သည်။ ဝမ်စီနန်၏ ရောင်ဝါများ တုန်ယင်လာကာ သူမ၏ခန္ဓာကိုယ်က ပြိုလဲလုနီးပါးတုန်ယင်သွားသည်။
“သူ့ကို သတ်လိုက်” ရှောင်ကျုံးကအော်လိုက်သည်။
သူသေသွားတာနဲ့ လူငယ်ရေကန်နဲ့ ဒုစရိုက်မြို့တော်တစ်ခုလုံးကို ငါပိုင်လိမ့်မယ်။
သို့သော် ထိုအချိန်တွင် အလွန်နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ယောက်ျား ဘာဖြစ်နေတာလဲ။ ဘာဖြစ်လို့လဲ”
ထိုအသံက ပြတ်သား၍ နားထဲသို့ အလွန်သာယာစွာတိုးဝင်လာသောကြောင့် အားလုံးက ခေါင်းကို လှည့်ကြည့်လိုက်သည်။ လှေကားထစ်ထိပ်တွင် အံ့မခန်းလှပသော အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဤသို့ အန္တရာယ်များသော အခြေအနေတွင်ပင် လူများစွာက ငေးကြည့်မိနေကြသည်။ အလွန် ဆိုးယုတ်၍ သတ်ဖြတ်နေကြသော ဒုစရိုက်မြို့တော်တွင် ဤကဲ့သို့ ဖြူစင်၍ စွဲမက်ဖွယ်ကောင်းသောအလှကို မည်သူမြင်ဖူးသနည်း။
ရှောင်ကျုံးသည်လည်းငေးကြည့်နေမိသည်။ သူသည် လှပသော အမျိုးသမီးများအတွက် အမြဲတစေ ယောက်ျားတစ်ယောက်ဖြစ်ခဲ့သည်။
ဒါပေမယ့် သူဘာပြောလိုက်တာလဲ။
ယောက်ျားဟုတ်လား။
သူ့ယောက်ျားက ဘယ်သူလဲ။
ထိုအခိုက်အတန့်တွင် အန်းယန်သည်လည်း ထပ်တူပင် ကြောက်ရွံ့နေ၏။ အပေါ်ထပ်မှနေ၍ အောက်ထပ်က အော်ဟစ်သံကို သူမကြားလိုက်ရသဖြင့် မည်သည်အရာများဖြစ်နေသည်ကို မသိခဲ့ပေ။ သူမက ရွှယ်အန်းကို ယုံကြည်သော်လည်း ကလေးမလေးနှစ်ယောက်သည်လည်း ထိုနေရာတွင်ရှိနေသည်ဖြစ်၍ နောက်ဆုံးမထိန်းနိုင်တော့ဘဲ ဆင်းလာရန် ဆုံးဖြတ်လိုက်သည်။ သို့သော် အောက်၌ လူများစွာရှိနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
၎င်းတို့အားလုံးက သူမကို တည့်တည့်စိုက်ကြည့်နေကြသည်။
ထို့နောက် ရွှယ်အန်းမတ်တပ်ထရပ်ကာ ပြုံးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ လူတချို့ကစားနေကြတာ”
ရွှယ်အန်း၏ စကားများသည် လူများကြားတွင် တုန်လှုပ်သွားစေသည်။
ဘားနောက်ကွယ်တွင် ငေးမောနေသော လောာင်ရှီက ပြင်းထန်စွာတုန်ခါနေ၍ သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလုနီးပါး ဖြစ်နေသည်။
‘ဒီကောင် ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ’
ထိုအချိန်တွင်လေထုအလယ်၌ ရပ်တန့်နေသည့် ဝမ်စီနန်သည် အန်းယန်ကို စေ့စေ့ကြည့်နေသည်။ ခဏအကြာတွင် သူမလည်း ဝန်ခံလိုက်ရသည်။
ဒီအမျိုးသမီးက ရုပ်ရည်၊ စိတ်နေစိတ်ထားနဲ့ပဲဖြစ်ဖြစ် ငါ့ထက်သာတာပဲ။
ဒါသူ့မိန်းမလား။
ငါ့ကို တစ်ခါမှ ဒုတိယတစ်ကြိမ်ပြန်မကြည့်ခဲ့တာ အံ့သြစရာပဲ။
ဤရှင်သန်ခြင်းနှင့်သေဆုံးခြင်း၏အခိုက်အတန့်တွင် ဝမ်စီနန်၏နှလုံးသားသည် ပျက်သုဥ်းသွားသည့်အလားခံစားလိုက်ရရသည်။
ထိုအချိန်တွင် ရှောင်ကျုံးက သိသိသာသာ ရယ်မောလိုက်သည်။
“ဟား ကောင်းလိုက်တာ ဒီလို ဘားသေးသေးလေးမှာ ဒီလို အလှကို ရှာတွေ့မယ်လို့ မမျှော်လင့်ထားဘူး။ ဒီခရီးက အချည်းနှီးမဖြစ်လောက်တော့ဘူး”
ဤသို့ပြော၍ ရှောင်ကျုံးက ပြောလိုက်သည်။
"ကင်းမြီးကောက်ဘုရင်မကို အရင်သတ်လိုက်ပါ"
သူ့အမိန့်ကြောင့် အရိပ်လူသားများက နောက်တစ်ကြိမ် ထပ်မံ၍ ချီတက်လာကြပြန်သည်။ ဝမ်စီနန်က ဒေါသတကြီး အော်လိုက်ကာ ဤအရိပ်များကို ချေမှုန်းပစ်ရန် ကြိုးစားသည်။ သို့သော် သူမလုပ်လိုက်သည့် လှုပ်ရှားမှုက အရိပ်လူသားများတစ်ဝက်ခန့်ကို သုတ်သင်လိုက်သော်လည်း သူမကို လုံးလုံးလျားလျား နစ်မြုပ်သွားစေခဲ့သည်။
ယခု ဒေါသတကြီးချီတက်လာခြင်းနှင့် ရင်ဆိုင်ရချိန်တွင် သူမသည် ခုခံရာတွင် ဘယ်ညာသာ ရှောင်တိမ်းနိုင်ခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ်၌ ဒဏ်ရာအနာတရ အချို့ပေါ်လာသည်။ သူမ၏ အခွင့်အလမ်းများ နည်းနေသေးသည်ကို သိသောအခါ ဝမ်စီနန်၏ မျက်လုံးများ၌ စိတ်ပျက်မှုများ လွှမ်းခြုံသွားသည်။
ရှောင်ကျုံးက ဝမ်းသာအားရ ကြည့်နေသည်။ သို့သော် သူ့လက်ထဲတွင် အောင်ပွဲရှိနေပြီဟု သူထင်လိုက်သောအခိုက်အတန့်တွင် ရွှယ်အန်းက အန်းယန်ကို ပြုံး၍ ပြောလိုက်သည်။
“ခဏစောင့်နော်”
"အွန်း" အန်ယန်က နာခံစွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ရွှယ်အန်းမတ်တပ်ရပ်၍ ရှေ့သို့ လျှောက်သွားလိုက်သည်။ ဤသည်ကို မြင်သော ဝမ်စီနန်က လေထုအလယ်မှ အော်လိုက်သည်။
“မလာခဲ့နဲ့ ဒါ ရှင်ဝင်ပါလို့ရတဲ့အရာမဟုတ်ဘူး”
တစ်ဖက်တွင် ရှောင်ကျုံးသည် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရစွာဖြင့် ၎င်းတို့ကို ကြည့်၍ ပေါ့ပါးစွာအမိန့်ပေးလိုက်သည်။
“သူ့ကိုသတ်ပစ်”
ရှောင်ကျုံး၏အမြင်တွင် ဤလူကိုသတ်ခြင်းသည် ရိုးရှင်းသောအလုပ်ဖြစ်၍ သူသေဆုံးသွားသည်နှင့် ရင်သပ်ရှုမောဖွယ်အလှတရားသည် သူ့အတွက်ဖြစ်လိမ့်မည်။
ဤအတွေးဖြင့် ရှောင်ကျုံး၏ နှလုံးသားက တောက်လောင်၍ ပူပြင်းနေသည်။
ရွှယ်အန်းဆီသို့ အရိပ်များစွာက ချီတက်လာသည်။ အရိုးမိစ္ဆာ၏အမူအရာသည်ပင် မသေချာမရေရာမှုများဖြင့် တဖျပ်ဖျပ်လတ်နေသည်။ အခြားသူများအားလုံးက ဖြူဖျော့နေ၍ ရွှယ်အန်း သေတော့မည်ဟု ယုံကြည်နေကြသည်။
သို့သော် ထိုအရိပ်များ ချဉ်းကပ်လာသည်နှင့်အမျှ ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“သေကြစမ်”
တစ်ချိန်က ဒုစရိုက်မြို့တော်ရှိ အရိပ်လူသားများဟူသော စစ်သည်တော်များသည် ၎င်းတို့အကြောင်း ကြားရုံမျှဖြင့် ရဲရင့်မှုများ၊ သတ္တများ ချုပ်ငြိမ်းစေနိုင်ခဲ့သည်။ သို့သော် ရွှယ်အန်း၏ ပေါ့ပါးသောအမိန့်အောက်တွင် ၎င်းတို့က အမှိုက်များကဲ့သို့ လွင့်ထွက်သွားကာ ငိုကြွေးသံနှင့်အတူ ပျောက်ကွယ်သွားကြသည်။
တစ်ချက်တည်းဖြင့်သာ တိုက်ခိုက်နေသော အရိပ်လူသားများသည် ၎င်းတို့၏ သေခြင်းတရားနှင့် တွေ့လိုက်ကြရသည်။
ဝမ်စီနန်၏ ပါးစပ်က အနည်းငယ်ဟနေက မယုံမကြည်နိုင်ဖြစ်နေသည်။ ရှောင်ကျုံးသည်လည်း ထိုမြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေလျက် ပို၍ ထိတ်လန့်နေသည်။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
အရိပ်လူသားများများကို ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာဖြင့် ချေမှုန်းနိုင်သူ။
‘ဒီလူက ဘယ်သူလဲ’
ထိုအချိန်တွင် ရွှယ်အန်းသည် ရှောင်ကျုံးကိုကြည့်၍ အနည်းငယ်ပြုံးလိုက်သည်။
"စိတ်ဝင်စားဖို့ကောင်းတဲ့ အရုပ်တွေပဲ ဒါပေမယ့် ဒီလောက်ပါပဲ။ ဒါဆို… ပွဲပြီးပြီ”
ဤသို့ပြော၍ ရွှယ်အန်းက လက်သီးကို မြှောက်လိုက်ကာ နူးညံ့စွာပြောလိုက်သည်။
“ကောင်းကင်နဲ့ မြေကြီးကို မွှေစေ”
ဤတိုးညှင်းသော အော်ဟစ်သံကြောင့် ကောင်းကင်နှင့်မြေကြီးရှိ အရာအားလုံးရပ်တန့်သွားသည့်အလား ထင်လိုက်ရသည်။
ထို့နောက် ရွှယ်အန်းသည် ပေါ့ပေါ့ပါးပါး လက်သီးတစ်ချက်ကိုထိုးပစ်လိုက်၏။
ဘမ်း
ဤ အရိပ်လူသားများများသည် ဤလက်သီးအောက်တွင် ရုန်းကန်ရန်ပင် အချိန်မရလိုက်ဘဲ ပြာမှုန့်များအဖြစ်ပြောင်းလဲသွားသည်။
ရှောင်ကျုံးက အလွန်ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ သို့သော် နောက်မှသာ သူ့ခန္ဓာကိုယ်၌ ဒဏ်ရာမရလိုက်ကြောင်း သိလိုက်သည်။ ၎င်းကြောင့် စိတ်သက်သာရာရသွားချိန်တွင် သူ့နောက်ကျောမှ မိုးခြိမ်းသံတစ်ခုကြားလိုက်ရသည်။
ခေါင်းကို လှည့်ကြည့်လိုက်ပြီးနောက် တုန်လှုပ်ခြောက်ခြားသွားသည်။
ရွှယ်အန်းရဲ့ လက်သီးအောက်တွင် ဘားတစ်ခုလုံး၏ နံရံများပျက်ဆီးသွားသည်။ အပြင်ဘက်လမ်းတစ်ခုလုံးသည် ကြီးမားစွားပျက်ဆီးသွားသည်။ ထို့နောက် လမ်းအပြည့်ပိတ်ထားသည့် အရိပ်များက ပြာဖြစ်သွားသည်။
ဤအရာသည် ဤလူ၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်၏ စွမ်းအားပင်ဖြစ်သည်။