← Chapters

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

အခန်း(၂၈၃) စည်းကမ်းများသည် အားနည်းသူများအတွက်သာဖြစ်ပြီး လက်သီးများကိုသာ ယုံကြည်ပါသည်

အားလုံးက ရွှယ်အန်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။ မြေပြင်ပေါ်သို့ လဲကျသွားသော ဝမ်စီနန်သည် အံ့ဩခြင်းအပြည့်ဖြင့်ကြည့်နေသည်။ ရွှယ်အန်း၏သိုင်းကျင့်စဉ်သည် လေးစားဖွယ်ကောင်းကြောင်း သူမသိသည်။

သို့သော် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူမမထင်ခဲ့မိပေ။

ရှောင်ကျုံးကမူ ယခုအချိန်တွင် ထိတ်လန့်နေရာမှ ပြန်လည်သတိဝင်လာသည်။

“မင်းဘယ်သူလဲ ကျုံးမိသားစု၏အရေးကို စွက်ဖက်တဲ့ အကျိုးဆက်တွေ ဘယ်လိုလဲဆိုတာ မင်းမသိဘူးလား”

"မသိဘူး၊ မသိချင်ဘူး"

…

ရှောင်ကျုံးသည် မသေချာမရေရာဖြစ်ကာ စိုးရိမ်ထိတ်လန့်နေသော်လည်း ရွှယ်အန်းက သူ့အသက်ကို ချမ်းသာပေးခဲ့သည့်အချက်က သူ့ကိုယုံကြည်မှုအချို့ပေးခဲ့သောကြောင့် သူက အေးစက်စွာပြောလိုက်သည်။

"ကောင်းပြီ၊ မင်းက သန်မာတဲ့လူပဲ။ စောစောက အသိအမှတ်မပြုတဲ့တာ ငါ့အမှားပဲ"

“စွမ်းအားကြီးတဲ့ အမျိုးသားများသည် ထိုက်ထိုက်တန်တန်ဆက်ဆံတာ ခံယူသင့်ပါတယ်။ စောစောက သဘောထားအတွက် တောင်းပန်ပါတယ် အခု ထွက်သွားလို့ရပြီ မဟုတ်လား”

ထိုသို့ပြောပြီးနောက် ရှောင်ကျုံးလှည့်ထွက်သွားသည်။

"မင်းထွက်သွားလို့ရတယ်လို့ ငါပြောခဲ့သလား"

ရှောင်ကျုံးက လှည့်ကြည့်၍ ဒေါသတကြီးပြန်ပြောသည်။

"ဒါကဒုစရိုက်မြို့တော်ပါ၊ မင်းက မယုံနိုင်စရာကောင်းတဲ့ သိုင်းပညာရှင်တစ်ယောက်ဖြစ်နေရင်တောင် မင်းဒီမှာ စည်းမျဉ်းတွေကို လိုက်နာဖို့ လိုပါသေးတယ်။ နားလည်လား"

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"မင်းကို လက်သီးတစ်ချက်နဲ့ ဘာလို့ မသတ်ခဲ့တာလဲ သိလား"

"ငါပြောချင်တာက… အားနည်းတဲ့သူတွေအတွက် စည်းမျဉ်းစည်းကမ်းတွေကို ဖန်တီးထားတာကြောင့် ငါ့လက်သီးတွေရဲ့ အစွမ်းကိုပဲ… ငါယုံတယ်”

ထိုစကားဖြင့် ရွှယ်အန်းက လက်ညှိုး ထိုးလိုက်သည်။

ဓားအလင်းတန်းတစ်ခုသည် အာကာသနှင့်အချိန်ကို ချက်ခြင်းဖြတ်ကျော်၍ ရှောင်ကျုံး၏ခေါင်းကို တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားသည်။

ဦးနှောက်နှင့်‌ သွေးအပိုင်းအစများ မြေပြင်ပေါ်တွင် ပျံ့ကျဲသွားသည်။ ရှောင်ကျုံးသည် ရွှယ်အန်းရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ခဏအကြာတွင် သူ၏အလောင်းသည် နောက်ဆုံး၌ မြေပေါ်သို့ ပြိုကျသွားသည်။ ဤအဖြစ်အပျက်က ဘားတစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေခဲ့သည်။

အရိုးမိစ္ဆာက ဟက်ဟက်ပက်ပက် ရယ်သည်။

“သခင်က တကယ်ကို စွမ်းအားကြီးတာပဲ။ ဒီကောင်က သေဖို့ ထိုက်တန်ပါတယ်”

သူကမူ သဘာဝကျစွာပင် ထိုသို့ ကိစ္စများကို ကြိုက်နှစ်သက်သည်။ သို့သော် ကျန်လူအုပ်ကြီးမှာမူ ကြောက်ရွံ့တုန်လှုပ်နေကြသည်။

ရှောင်ကျုံး

သူသည် လောင်ကျုံး၏ တစ်ဦးတည်းသောသား ကျုံးမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သည်။

ကျုံးမိသားစုကို ဆန့်ကျင်သူများပင်လျှင် သူ့ကို သတ်ဝံ့မည်မဟုတ်ပေ။ နောက်ဆုံးတွင် ရူးသွပ်နေသည့် လောင်ကျုံးကို မည်သူမျှ မရင်ဆိုင်ချင်ကြပေ။ သို့ထိတိုင် ရွှယ်အန်းက ထိုကဲ့သို့လူကို အေးဆေးစွာသတ်ပစ်လိုက်သည်။

လောင်ကျုံး၏အမျက်ဒေါသကို တွေးတောကာ လူအများက ၎င်းတို့အတွက် ကမ္ဘာကြီး၏အဆုံးသတ်သွားသည့်အလား ခံစားခဲ့ရသည်။ ထိုအချိန်တွင် ဝမ်စီနန်သည် ရုန်းကန်၍ လမ်းလျှောက်လာသည်။

“ရှင့်ကို မြို့ပြင်ကို ခေါ်ထုတ်ဖို့ ကျွန်မ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ ​နောက်​ဆက်​တွဲ​တွေကို ကျွန်မဖြေရှင်း​ပေးမယ်​"

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

“ငါ အခုမှ ထွက်သွားဖို့ မစီစဥ်သေးဘူး”

ဝမ်စီနန်က အနည်းငယ်စိုးရိမ်လာသည်။

“ရှင်က စွမ်းအားကြီးမှန်း ကျွန်မသိပါတယ်။ ဒါပေမယ့် ကျုံးမိသားစုက ဒီမြို့မှာ နှစ်ပေါင်းတစ်ရာကျော်နေခဲ့တယ်။ သူတို့မှာ ဘယ်လို ဝှက်ဖဲတွေ ရှိတယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ရှင့်မှာလည်း အမျိုးသမီးနဲ့ သားသမီးတွေနဲ့ဆိုတော့ တစ်ခုခုဖြစ်သွားရင် အားလုံးပြီးသွားမှာပါ"

ဝမ်စီနန်သည် ဤအချိန်တွင် အမှန်တကယ် စိုးရိမ်နေသည်။ သူမသည် ရက်စက်ကြမ်းကြုတ်သော အဆိပ်ပြင်းကင်းမြီးကောက်ဘုရင်မဖြစ်ခဲ့ရုံသာမက ချစ်ခြင်းမေတ္တာနှင့် အမုန်းတရားခံစားချက်များ ရှိနေသည့် အမျိုးသမီးတစ်ယောက်လည်းဖြစ်သည်။ ဝမ်စီနန်၏ မျက်လုံးများတွင် ရွှယ်အန်း၏ ရုတ်တရက် ထိုးနှက်ချက်မှာ သူမကို ကယ်တင်ရန် ဖြစ်သည်။

ထို့ကြောင့် ရွှယ်အန်း၏ ကျေးဇူးကို ပြန်ဆပ်ရန် သူမတစ်ယောက်တည်း တာဝန်ယူရန် ရည်ရွယ်ခဲ့သည်။

သို့သော် ထိုခဏ၌ ရွှယ်အန်းသည် အဝေးသို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။ သူသည် ဝိညာဉ်စွမ်းအင်၏ ပြင်းထန်သော အရှိန်အဟုန်ကို ခံစားလိုက်ရ၏။

ဝမ်စီနန်လည်း သတိထားမိသွားသည်။

"ဒါက လူငယ်ရေကန်ပဲ”

ရွှယ်အန်းက ပြုံးလိုက်သည်။

အရိုးမိစ္ဆာ၏ တွက်ချက်မှုများမှားယွင်းသွားပုံရသည်။ သုံးရက်အကြာတွင် ပေါ်လာမည်ဟု ၎င်းကပြောသော်လည်း လူငယ်ရေကန်က တစ်ရက်အကြာတွင် ထွက်ပေါ်လာသည်။

ရွှယ်အန်းသည် ကျုံးမိသားစုထံ တိုက်ရိုက်သွားရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ လူငယ်ရေကန် ပေါ်ပေါက်လာပြီဖြစ်သောကြောင့် ဝိဉာဥ်စမ်းချောင်းကို ဦးစွာယူရန် ဆုံးဖြတ်လိုက်သည်။ ထိုအတွေးဖြင့် ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်ကို ခေါ်၍ အရိုးမိစ္ဆာကို ကားမောင်းခိုင်းကာ သူ့မိသားစုကို လူငယ်ရေကန်ရှိသည့် မိုင်းတွင်းရှိရာ စွန့်ပစ်ထားသည့် မိုင်းဧရိယာဆီသို့ ခေါ်ဆောင်သွားစေခဲ့သည်။

သို့သော် မထွက်ခွာမီတွင် ရွှယ်အန်းသည် ဝမ်စီနန် ကိုကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။

"နှစ်တွေကြာလာတာနဲ့အမျှ မင်းက မင်းရဲ့သွေးမျိုးဆက်တွေရဲ့ စွမ်းအားကို အရမ်းသုံးနေတယ်။ မင်းဒီလိုဆက်လုပ်နေရင် မင်းသွေးကြောတွေပျက်ဆီးလာမယ်ဆိုတာ မင်းမသိဘူးလား”

ရွှယ်အန်း၏ စကားကိုကြား‌သောအခါ ဝမ်စီနန်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။

“ရှင်…”

"ငါ အဲ့တာကို ဘယ်လိုသိတာလဲ ဟုတ်တယ်မလား" ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးကာ ပြောသည်။

"ဒါက ငါ့အတွက် အရမ်းရိုးရှင်းတယ်။ တစ်ချက်ကြည့်လိုက်ရုံပါပဲ ပြီးတော့…”

“မင်းဟာ ရက်စက်ကြမ်းကြုတ်နေပေမယ့်၊ အနည်းဆုံးတော့ မင်းဟာ ဒုစရိုက်မြို့မှာ ညပိုင်း မိန်းကလေးတွေကို လူဆိုးတွေ အနိုင်ကျင့်မခံရအောင်လုပ်ပေးခဲ့တယ်ဆိုတာ ငါသိလိုက်ရတယ်။ ဒါ့ကြောင့် ငါမင်းကို တစ်ခါမှကိုင်တွယ်ပစ်ဖို့ မတွေးခဲ့ဘူး”

ဝမ်စီနန်က နားထောင်လျက် အံ့အားသင့်နေသည်။

“ရှင်ပြောချင်တာလား…”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"မှန်ပါတယ်၊ ငါက လူငယ်ရေကန်အတွက်ပဲ ဒုစရိုက်မြို့တော်ကို လာတာမဟုတ်ဘူး။ ငါ ဒီမြို့ကို ပြားချပ်သွားစေချင်တယ်။ ကျုံးမိသားစုက မလာခဲ့ရင်တောင် ငါကိုယ်တိုင်သွားမယ်”

“မင်းအတွက်တော့…

မင်းကိုပြောပြချင်တာက ကြင်နာမှုဟာ ပြစ်ချက်မဟုတ်ဘူး အားနည်းတာကသာ ပြစ်ချက်ပဲ”

စကားဆုံးသောအခါ ရွှယ်အန်းသည် ကားပေါ်သို့တက်ကာ ထွက်ခွာသွားခဲ့သည်။ ဝမ်စီနန်သည် အဝေးမှ ကားမီးရောင်များကို ကြည့်ကာတွေဝေနေသည်။

ရွှယ်အန်း၏ စကားများက သူမအား အတိတ်မှ အရာများစွာကို ရုတ်တရက် သတိရသွားစေသည်။

ထိုစဥ်က သူမသည် သူငယ်ချင်းဟူသော စကားလုံးကို ယုံကြည်ခဲ့သဖြင့် အလိမ်ခံခဲ့ရသည့် သာမန်အထက်တန်းကျောင်းသူလေးမျှသာဖြစ်သည်။ ဤနေရာသို့ရောက်ပြီးမှသာ သူမလှည့်စားခံခဲ့ရကြောင်း သိလိုက်ရသည်။ ထိုအချိန်တွင် သူမသည် သူရဲကောင်းတစ်ဦးက ကောင်းကင်ယံသို့ ပျံတက်လာကာ သူမကို ကယ်တင်မည်ဟု စိတ်ကူးယဉ်ခဲ့သည်။ သို့သော် ကြမ်းတမ်းလှသော အမှန်တရားက အရာအားလုံးကို အညှာအတာမဲ့စွာ ဖြိုခွဲပစ်လိုက်သည်။ ထိုညတွင် သူမသည် ဖောက်သည်များနှင့်တွေ့ရန် အတင်းဖိအားပေးခံခဲ့ရကာ နာကျင်စွာ အရှက်ခွဲခံရလျက် အရာအားလုံးကို ဆုံးရှုံးလိုက်ရသည်။

ထိုနေ့မှစ၍ သူမသည် လူများစွာအတွက် ငွေသားနွားမတစ်ကောင်ဖြစ်ခဲ့ရသည်။

တဖြည်းဖြည်းနှင့် သူမ ထုံလာသည်။ သို့သော် တစ်နေ့တွင် တစ်ညလုံး နှိပ်စက်ခံရပြီးနောက် ထိုဖောက်သည်များသည် သူမ၏လည်ချောင်းကို ဓားဖြင့်လှီးရန်ပင် ပြင်ဆင်နေခဲ့ရာ ထိုအခိုက်အတန့်၌ သူမပေါက်ကွဲသွားသည်။

သူမ၏ခန္ဓာကိုယ်အတွင်းနက်ရှိုင်းသောအရာတစ်ခု ရုတ်တရက် ပေါက်ကွဲသွားသကဲ့သို့ပင် သူမ၏ သွေးမျိုးဆက်မှ စွမ်းအားသည် ညှဉ်းပန်းနှိပ်စက်သောသူအားလုံးကိုသွေးအိုင်များအဖြစ်သို့ပြောင်းလဲသွားစေသည်။

ရှင်သန်ရန် ကြင်နာနေ၍ မရကြောင်းနှင့် ဆိုးသွမ်းသင့်လျှင် ဆိုးသွမ်းသင့်ကြောင်း ထိုအချိန်မှစ၍ သူမသဘောပေါက်ခဲ့သည်။ နောက်ပိုင်းတွင် သူမသည် အမှောင်သုံးလွှာထဲသို့ တဖြည်းဖြည်း တစ်လှမ်းချင်း ဝင်လာခဲ့ကာ ဒုစရိုက်မြို့တော်ရှိ အသားလုပ်ငန်း၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ခဲ့သည်။

သူမ၏ အကာအကွယ်အောက်တွင် အမျိုးသမီး အများအပြားသည် အနည်းဆုံး နေ့စဥ် အနိုင်ကျင့်ခံရခြင်းမရှိတော့ပေ။

တစ်ချိန်က သူမ ကောင်းကောင်း လုပ်နေသည်ဟု ထင်ခဲ့သည်။ သို့သော် ယနေ့တွင် ရွှယ်အန်း၏ စကားများက သူမကို ရုတ်တရက် သဘောပေါက်သွားစေခဲ့သည်။

သန့်ရှင်းသပ်ရပ်သော မျက်လုံးများနှင့် နားရွက်ရှည် ဆံပင်တိုဖြင့် ထိုအထက်တန်းကျောင်းသူလေးအား သူမ ပြန်မြင်လိုက်ရသည်။

ရုတ်​တရက်​ မျက်​ရည်​​များ ပါးပြင်ထက်သို့ စီးကျလာသည်။ ထို့နောက် လှည့်ကာ အမှောင်ထုထဲသို့ ပျောက်ကွယ်သွားသည်။

ကားပေါ်မှ အန်းယန်က စူးစမ်းလိုစိတ်ဖြင့် ကြည့်၍ ရွှယ်အန်းကို မေးလိုက်သည်။

"ယောက်ျား ခုနက အဲအမျိုးသမီးက ဘယ်သူလဲ"

ရွှယ်အန်းက ပေါ့ပါးသော အပြုံးဖြင့်ပြောသည်။

“လူတစ်ယောက်… အများကြီး ဆုံးရှုံးသွားတဲ့လူတစ်‌ယောက်ပေါ့… ကိုယ့်အထင်”

ကားသည် မကြာမီပင် စွန့်ပစ်ထားသော အစောင့်အကြပ်များစွာနှင့် သစ်ပင်များ လျှပ်စစ်ကြိုးအတားအဆီးများ ရှိနေသည့် မိုင်းတွင်းဧရိယာသို့ ရောက်ရှိလာသည်။ ထို့ကြောင့် ကားသည် မိုင်းတွင်းဧရိယာသို့ပင် မရောက်သေးခင်၌ပင် တစ်စုံတစ်ဦးမှ သတိပေးပစ်ခတ်သံကို ကြားလိုက်ရသည်။

"ဘယ်သူလဲအဲ့တာ ငြိမ်ငြိမ်ရပ်နေစမ်း”

အရိုးမိစ္ဆာက ကားကိုရပ်လိုက်ပြီးနောက်ထိတ်လန့်တကြားမေးသည်။

“သခင် ကျွန်တော်တို့ ဘာလုပ်ရမှာလဲ…”

သူစကားမဆုံးခင်၌ပင် အနောက်ခုံမှာထိုင်နေသော ရွှယ်အန်းက ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်သည်ကို မြင်လိုက်ရသည်။ လခြမ်းပုံသဏ္ဍာန်ကြီးမားသော အကာအကွယ်တစ်ခု ကားရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

“သွား” ရွှယ်အန်းက ပေါ့ပါးသောအသံဖြင့် အမိန့်ပေးလိုက်၏။

ဧရာမအကာအကွယ်ရှိနေသော ကားကြီးက အစောင့်တပ်ကို ဓားမြှောင်ကဲ့သို့ဖြတ်ကျော်သွားသည်။

ပထမတွင် အသံတစ်ခုထွက်ပေါ်လာကာ မီးပွားများ နေရာအနှံ့ ပျံ့လွင့်သွားသည်။

ထို့နောက် သစ်ပင်များနှင့် ဝါယာကြိုးများ ကျိုးသွားသည်။

နောက်ဆုံးတွင် အစောင့်များသည် နာကျင်သောအမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နေရာ၌ပင် ကိုယ်နှစ်ပိုင်းပြတ်၍ သေဆုံးသွားခဲ့ကြသည်။

အခန်း (၂၈၄) လူသတ်သမားက တည်ငြိမ်နေဆဲဖြစ်သည်။

အရိုးမိစ္ဆာသည် ကျောရိုးတစ်လျှောက် အေးစက်သွားသကဲ့သို ခံစားလိုက်ရသည်။ အစောင့်များအားလုံးကို သတ်ရန် ကားပေါ်မှပင်မထွက်ဘဲ ပေါ့ပါးသောအမူအရာမျိုးဖြင့် လုပ်ဆောင်နိုင်ခဲ့သည်။

ရွှယ်အန်းသည် မည်သည့် ခံစားချက်မျှမပြပေ။ လူသတ်သမားက ယုံကြည်ချက်မရှိပါက အသတ်ခံရသူသည် စိတ်ရှုပ်နေလိမ့်မည်မဟုတ်ပေ။ ထို့အပြင် သေဆုံးသွားသောလူများအားလုံးသည် ခွင့်လွှတ်၍ မရနိုင်သောလူများဖြစ်သည်။

ကားသည် သတ္တုတွင်းဧရိယာအတွင်းသို့ဝင်ရောက်လာပြီးနောက် ဝိဉာဥ်စွမ်းအင်က ပိုမိုပြင်းထန်လာသည်။

…

မြေပြင်ပေါ်တွင် ပျက်စီးယိုယွင်းနေသော အိမ်များတွင်ပင် ပန်းပင်များနှင့် မြက်ပင်မျိုးစုံတို့က အရှိန်အဟုန်ဖြင့် ပေါက်ရောက်ကာ ပျက်ဆီးနေကြသည်။

သံသရာသည် ထပ်ဖန်တလဲလဲဖြစ်နေသည်ဖြစ်ရာ အဆုံးမရှိပေ။ ရွှယ်အန်းသည် ကားပေါ်မှ ဆင်းပြီးနောက် သူ့သမီး နှစ်ယောက်ကို ကိုင်ကာမိုင်းတွင်းသို့ တည့်တည့်ဦးတည်လိုက်သည်။

ရွှယ်ရှန်းနှင့် နျန်နျန်တို့သည် ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။

"ဖေဖေ၊ ဒီမှာ အရမ်းလှတယ်"

နေရာတိုင်းတွင် ပန်းများနှင့် မြက်ပင်များက တဖိတ်ဖိတ်တောက်လျက် ဤဆိတ်ညံနေသော မိုင်းတွင်းကိုပင် ပြိုးပြိုးပြက်ပြက် ဖြစ်နေစေသည်။

ရွှယ်အန်းက ပြုံးလိုက်သည်။

“ခဏနေရင် ပိုလှလာလိမ့်မယ်”

လှိုဏ်ဂူထဲသို့ဝင်ပြီးနောက် အထဲသို့ရောက်ရန် အတော်အတန် လမ်းလျှောက်လိုက်ရသည်။ ရုတ်တရက် အလွန်ကျယ်ပြန့်သောတွင်းကြီးတစ်ခုရှေ့ရောက်လာသည်။ ထို့အပြင် လေဟာနယ်၏ အလယ်ဗဟို၌ စီးဆင်းနေသော စမ်းချောင်းတစ်ခုရှိသည်။ စိမ့်စမ်းရေသည် မြေပြင်ပေါ်တွင် ပျံ့နှံ့သွားပြီးနောက် ၎င်းသည်လေဟာနယ်တစ်လျှောက် ကခုန်နေသည့် နတ်သူငယ်လေးများနှင့် ဆင်တူသော သတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားသည်။

ရွှယ်အန်း၏ မျက်လုံးများ တောက်ပလာသည်။ ၎င်းသည် စစ်မှန်သော ဝိဉာဥ်စမ်းချောင်းဖြစ်သည်။

အန်းယန်နှင့် ကလေးမလေးနှစ်ယောက်သည် ဤအိပ်မက်ကဲ့သို့ မြင်ကွင်းကို ကြည့်၍ စွဲမက်နေမိသည်။

“ယောက်ျား အရမ်းလှတယ်” အန်းယန်က ရေရွတ်လိုက်သည်။

ရွှယ်အန်းက ပြုံးလိုက်သည်။

“ဒီဝိဉာဥ်စမ်းချောင်းက သက်တမ်းမရင့်သေးဘူး။ တကယ် ကြီးရင့်လာရင် ကမ္ဘာပေါ်မှာ အလှဆုံးမြင်ကွင်းဖြစ်လာလိမ့်မယ်”

လွန်ခဲ့သည့်နှစ်များက ရွှယ်အန်းသည် အနတ္တစကြဝဌာသို့ ဖြတ်သွားခဲ့စဥ်က ကောင်းကင်ဘုံ၏ဝိညာဉ်ရေးမြစ်ကို သွားရောက်လည်ပတ်ခဲ့သည်။ ထိုနေရာသည် ကျင့်ကြံရေးအဆင့်မလုံလောက်သောသူများအတွက် အကန့်အသတ်ရှိနေသည်။ လူတစ်ဦး၏ ကျင့်ကြံမှုအဆင့်က မလုံလောက်သဖြင့် ၎င်းတို့၏ နတ်အာရုံက မတည်မငြိမ်ဖြစ်နေပါက ၎င်းတို့သည် ထို ပြိုင်ဘက်ကင်းသောအလှတရားကို စွဲလန်းကာ မည်သည့်အခါမျှ ပြန်လာနိုင်တော့မည်မဟုတ်ပေ။

နယ်ပယ်တစ်ခုလုံးကို သိမ်းပိုက်ထားသည် ဝိညာဉ်ရေးမြစ်နဲ့ ယှဉ်လိုက်လျှင် ဤစမ်းချောင်းသည် အမွှေးတစ်မွှေးစာပင် မတန်ပေ။ သို့သော်လည်း ရွှယ်အန်းသည် အလွန်ကျေနပ်နေသေးသည်။ ဤကမ္ဘာကြီး၌ ဝိဉာဥ်စွမ်းအင်များ အလွန်ပျံ့ကျဲနေသဖြင့် အသည်ကပင် ချီးကျူးဖွယ်ကောင်းနေပြီဖြစ်သည်။

"ယန်အာ၊ မင်းနဲ့ ရှန်းရှန်းနျန်နျန်ဒီမှာပဲနေ၊ မင်းတို့ရဲ့ ကျင့်ကြံစဥ်အတွက် အရမ်းအကျိုးရှိလိမ့်မယ်"

"ဘယ်သွားမလို့လဲ ယောက်ျား"

“အင်း အပြင်မှာစောင့်နေမယ်။ ဒီ ဝိဉာဥ်ရေးစမ်းချောင်းက သက်တမ်းရင့်ဖို့ တစ်ရက် နှစ်ရက်ကြာလိမ့်မယ်။ အဲ့ကျရင် မျက်လုံးတွေအများကြီးကို ဆွဲဆောင်မိမှာသေချာတယ်”

အန်းယန် အနည်းငယ် စိတ်ပူသွားသည်။

ရွှယ်အန်းက ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့၊ မင်းရဲ့ ယောက်ျားသာ ဒီမှာရှိနေရင် နတ်ဘုရားတွေအားလုံး ကြေမွကုန်လိမ့်မယ်”

ဤသို့ပြော၍ ရွှယ်အန်းက မိုင်းတွင်းမှ ထွက်သွားသည်။ သူဤသို့ပြောလိုက်သော်လည်း စိတ်ထဲအနည်းငယ် မတင်မကျဖြစ်နေသဖြင့် မထွက်သွားခင်၌ သတ္တုတွင်းတစ်လျှောက်တွင် စည်းချိပ်များစွာချထားခဲ့သည်။ ဤနည်းဖြင့် ရွှေအင်မော်တယ် တစ်ယောက် ရောက်လာခြင်းမဟုတ်ပါက မည်သည့်အင်မော်တယ်မျှ ဝင်နိုင်လိမ့်မည်မဟုတ်‌ပေ။

ရွယ်အန်းသည် မိုင်းပေါက်အပြင်သို့ထွက်သွားပြီးနောက် တရားထိုင်ရန် သန့်ရှင်း‌သောနေရာတစ်ခုကို ရှာတွေ့လိုက်သည်။ အရိုးမိစ္ဆာက အတန်ငယ်ထိတ်လန့်တုန်လှုပ်သွားသည်။

ယခု ရွှယ်အန်း၏ အစွမ်းအစကို သူ လုံးလုံးလျားလျား ယုံကြည်နေခဲ့သည်။

သူ့စိတ်ဝိညာဉ်၌ ကျိန်စာအမှတ်အသားမရှိလျှင်ပင် ရွှယ်အန်း၏အနားမှ ထွက်ခွာရန် ဝံ့ရဲလိမ့်မည်မဟုတ်ပေ။

ယခုမူ သူသည် အဖိုးတန်ရတနာတစ်ခု၏ တစ်ဦးတည်းသောစောင့်ရှောက်သူဖြစ်လာခဲ့ကာ မှောင်ရိပ်ထဲတွင် လူမည်မျှစိုက်ကြည့်နေသည်ကို မည်သူသိမည်နည်း။

ဤအတွေးကြောင့် အရိုးမိစ္ဆာက အနည်းငယ် ယုံကြည်မှုကင်းမဲ့သွားသည့်အလားခံစားလိုက်ရသည်။ သို့သော် ရွှယ်အန်းသည် မတုန်မလှုပ်ဖြစ်ပင် မျက်လုံးမှိတ်ကာ တရားထိုင်လိုက်သည်။

ကျုံးမိသားစု

ရှောင်ကျုံးကွယ်လွန်သည့်သတင်းကို ပြန်လည်ထုတ်လွှင့်နေပြီဖြစ်သည်။ ရှောင်ကျုံး၏အလောင်းသည်လည်း အဖွဲ့နှင့်အတူ ပြန်ပါသွားသည်။

ကျုံးမိသားစုအဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့ကြသော်လည်း ၎င်းတို့အားလုံး ရုံးခန်းအပြင်ဘက်တွင် ရပ်ကာ စောင့်ဆိုင်းနေ၍ မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်ခြင်း သို့မဟုတ် အသံထွက်ခြင်းမပြုရဲကြပေ။

ကြီးမားသောမုန်တိုင်းတစ်ခုရောက်လာတော့မည်ကို လူအများသတိပြုမိကြသည်။

ခဏအကြာတွင် ရုံးခန်းတံခါးပွင့်လာသည်။ လောင်ကျုံးသည် ဖြူဖျော့နေသော မျက်နှာဖြင့် ထွက်လာသည်။

သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အဖြူရောင်ပန်းပွင့်ကို သူ့ရင်ဘတ်တွင် ချိတ်ထားသည်။

"လူသတ်သမားက ဘယ်သူလဲ၊ အခုဘယ်မှာလဲ" လောင်ကျုံးက ခပ်တိုးတိုးမေးသည်။

သူ၏ တည်ငြိမ်သော လေသံအောက်တွင် စိတ်ကူးမယဉ်နိုင်လောက်သော ဒေါသနှင့် လူသတ်ရန် ရည်ရွယ်ချက် ရှိနေသည်။

“လေးစားစရာကောင်းတဲ့ အဖနတ်ဘုရားခင်ဗျာ၊ လူသတ်သမားဟာ အရက်ဆိုင်တွေနဲ့ လမ်းပေါ်မှာနေထိုင်တဲ့ ဟွာရှားကလူပါ။ သူ့လက်ရှိဘယ်ရောက်နေတယ်ဆိုတာတော့ မသိရသေးပါဘူး။” လောင်ကျုံဂ၏ အမှုဆောင် အရာရှိတစ်ဦးက ရှေ့သို့ တိုး၍ ပြောလိုက်သည်။

လောင်ကျုံးခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ ဒါဆို လမ်းပေါ်က အရက်ဆိုင်တွေက လူတိုင်းကို ဖမ်းလိုက်ပါ။ ဒီလူ ဘယ်မှာရှိတယ်ဆိုတာ အတိအကျမသိမချင်း သူတို့ကို သတ်ပစ်မယ်”

“ဟုတ်”

သူ့လက်အောက်ငယ်သားများ ထွက်သွားခါနီးတွင် တစ်စုံတစ်ယောက်က ထိတ်လန့်စွာပြေးလာသည်။

“အဖနတ်ဘုရား မိုင်းတွင်းမှာ ကြောက်စရာကောင်းတဲ့ တစ်ခုခု ဖြစ်သွားပြီ"

"ဘာဖြစ်တာလဲ"

“မိုင်းတွင်းက တညလုံး မငြိမ်မသက်ဖြစ်နေတယ်။ လူငယ်ရေကန် ထွက်လာတော့မယ်လို့ ထင်ရတယ်။ ရုတ်တရက် လူတစ်ယောက်ရောက်လာပြီး လက်တစ်ချက်ယမ်းလိုက်ပြီးတော့ အစောင့်အားလုံးကို သတ်သွားတယ်လို့ သတင်းလာပို့တာပါ။ ကျွန်တော်တောင် အခြားနေရာမှာ တပ်စွဲထားမိလို့ ထွက်ပြေးတာ မှီလိုက်တာ”

အဲဒီမြင်ကွင်းကို တွေး၍ သူ တုန်လှုပ်နေဆဲဖြစ်သည်။ သို့သော် လောင်ကျုံး၏ မျက်လုံးများ တောက်ပလာသည်။

“ကောင်းပြီ၊ သူက ငါ့သားကို သတ်ပြီး အခု ငါ့မိသားစုရဲ့ ဥစ္စာကို ခိုးချင်နေတာ။ ငါဘယ်လောက်ထိ အလေးအနက်ထားနိုင်တယ်ဆိုတာ သူ့ကိုပြသင့်တယ်ထင်တယ်"

“အမိန့်ထုတ်လိုက်၊ ညတပ်မှူးတွေအားလုံးကို ပြန်ခေါ်ပါ”

“ဟုတ်”

ညတပ်မှူးများ။

ဤနာမည်ကို ကြားသောအခါ ကျုံးမိသားစုဝင်များအားလုံး ၎င်းတို့၏ အမူအရာများကို လျှော့ချလိုက်ကြသည်။

မိသားစု၏ အပြင်းထန်ဆုံးသော အင်အားစုကို အသုံးပြုမည်ဆိုလျှင် ပြိုင်ဘက်က မည်သူပင်ဖြစ်နေစေကာမူ ၎င်းတို့ ရှင်သန်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် လူတစ်ယောက်သည် ကျုံးမိသားစုထက် ပိုမြန်မြန်လှုပ်ရှားနေ၏။

ရွှယ်အန်းက မိနစ်နှစ်ဆယ်တိုင်တိုင် အပြင်ဘက်၌ စောင့်ကြပ်နေစဥ် လေးလံသော ကုန်တင်ကားမျိုးစုံဖြင့် ဖွဲ့စည်းထားသော ယာဉ်တန်းသည် ပြင်းထန်စွာ ဝင်ရောက်လာခဲ့သည်။

လူအများအပြား ကားပေါ်မှ ဆင်းခဲ့ကြသည်။

ဤလူများ အားလုံး၏ မျက်နှာများက အေးစက်နေကြကာ ထွားကြိုင်းသော ကိုယ်ခန္ဓာမျိုးရှိကြ၍ သေနတ်မျိုးစုံကိုင်ဆောင်ထားကြသည်။ ထို့နောက် ခက်ထန်သော မျက်နှာနှင့်လူတစ်ယောက်ချဥ်းကပ်လာသည်။

ဤလူကို တွေ့လိုက်ရသည်နှင့် အရိုးမိစ္ဆာသည် မူလက အံ့အားသင့်ကာ အံကြိတ်၍ ပြောလိုက်သည်။

“ကာတာ”

အမှန်ပင် အသစ်ရောက်လာသူမှာ ကာတာဖြစ်၍ အရိုးမိစ္ဆာ၏ တစ်ချိန်က သစ္စာစောင့်သိသော လက်အောက်ခံဖြစ်သည်။ အရိုးမိစ္ဆာသည် ဒုစရိုက်မြို့တော်မှ အတင်းအဓမ္မ နှင်ထုတ်ခံရသောအခါ ကာတာက ပထမဦးစွာ နောက်ကျောကို ဓားဖြင့်ထိုးကာ သူ့ကို သစ္စာဖောက်ခဲ့သည်။ ဤသည်ကို တွေးမိသောအခါ အရိုးမိစ္ဆာက ဒေါသတရားအပြည့်ဖြင့် အံကြိတ်လိုက်သည်။

ကာတာသည် မူလက အရိုးမိစ္ဆာကို သတိမထားမိခဲ့ပေ။ အချိန်အတော်အတန်ကြာမှ ဤသို့ဖြင့် တအံ့တသြပြန်ပြောခဲ့သည်။

“မင်း… အရိုးမိစ္ဆာလား”

အရိုးမိစ္ဆာက ဆိုးယုတ်စွာရယ်လိုက်သည်။

"အဟက် ငါ့ရဲ့ သစ္စာရှိခွေးကောင်။ မင်းရဲ့သခင်ကို နောက်ဆုံး မှတ်မိပြီလား"

ကာတာ၏ အမူအရာ ပြောင်းသွားပြီးနောက် သူက အေးစက်စက် ရယ်မောလိုက်သည်။

“အရိုးမိစ္ဆာ မင်းက သတ္တိရှိတာပဲ။ အဲ့တုန်းက အလန့်တကြားထွက်ပြေးပြီးတော့ သေလုမျောပါးဖြစ်နေပြီ။ အခု ပြန်လာဖို့ သတ္တိရှိပြီလား”

"အေး ငါပြန်လာပြီ၊ ငါ့ဥစ္စာကို ငါပြန်ယူမယ်”

"ဘယ်ဟာက မင်းဟာလဲကွ" ကာတာက ရယ်မောလိုက်ပြီးနောက် ခပ်ဖျော့ဖျော့ တောက်ပနေသော မိုင်းကို လောဘကြီးစွာ လှမ်းကြည့်လိုက်သည်။

"ဒီလိုအရာက မင်းရဲ့တန်ဖိုးထက် ကျော်လွန်သွားပြီ။ အခု ငါ့သခင်ပိုင်တယ်”

ဤသို့ပြောကာ ကာတာ၏ ဘေးနားသို့ ဆံပင်ရွှေရောင်နှင့်လူတစ်ယောက်လျှောက်လာသည်။

"ကာတာ ဘာကိစ္စရှိလို့လဲ။ ဘာလို့နောက်ကျနေတာလဲ"

"ဆရာကြီး ဟွာရှားက ဒီထူးဆန်းတဲ့လူနဲ့ကျွန်တော့်ရဲ့သူဌေးဟောင်းက လမ်းပိတ်နေတယ်” ကာတာက ပြန်ဖြေသည်။

မျက်လုံးမှိတ်၍ အသက်ရှူနေသော ရွှယ်အန်းကို ဆံပင်ရွှေရောင်ဖြင့် အမျိုးသားက အထင်သေးစွာကြည့်လိုက်သည်။

“အမှောင်ကောင်စီရဲ့ လမ်းကြောင်းကို ဒီကောင်က ဘာကောင်မို့လို့ တားရဲတာလဲကွ”

အခန်း(၂၈၅) သွေးမျိုးနွယ်ဂိုဏ်း ကျိန်စာ

ထိုယောက်ျား၏ လေယူလေသိမ်းသည် ဗြိတိသျှအငွေ့အသက်များ ပါဝင်နေကာ အမူအရာသည်လည်း မောက်မာလွန်းလှသည်။ ထိုအချိန်တွင် အရိုးမိစ္ဆာသည် ချွေးများစိုရွှဲကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

ထိုလူက အရိုးမိစ္ဆာကို တစ်ချက်ကြည့်လိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။

“ဒါက နိမ့်ကျပြီး ရွံဖို့ကောင်းတဲ့နတ်ဆိုးပဲ”

အရိုးမိစ္ဆာ၏ မျက်နှာသည် ဖြူဖျော့လာကာ မျက်လုံးများ၌ အရှက်တရားများ ပေါ်လွင်လာသော်လည်း ခေါင်းကို ငုံ့မြဲငုံ့ထားလိုက်သည်။ ၎င်းသည် ၎င်း၏ သွေးမျိုးဆက်အဆင့်၌ နိမ့်ကျနေခြင်းကြောင့်သာဖြစ်၍ ယင်းစကားများကို ခုခံရန် လုံးလုံးလျားလျား စွမ်းအားမရှိခဲ့ပေ။

...

ထို့နောက် ဆံပင်ရွှေရောင်နှင့်လူကပြောလိုက်သည်။

“တရုတ်၊ ငါ မင်းကို ဆယ်စက္ကန့်ပေးတယ်။ မင်းထွက်မသွားရင် အရှေ့ပိုင်းသွေးက ဘယ်လိုအရသာရှိလဲဆိုတာ ငါမြည်းကြည့်မယ်”

ဤသို့ပြောနေစဥ် ဆံပင်ရွှေရောင်ဖြင့်လူက အနည်းငယ်ပြုံးလိုက်သည်။

သွေးမျိုးဆက်…။

အမှောင်မျိုးနွယ်များကြားတွင် အဆင့်အတန်းမြင့်သော တည်ရှိမှု။

အင်မော်တယ် သက်တမ်းနီးပါးရှိကာ ကြောက်မက်ဖွယ်ခွန်အားကို ပိုင်ဆိုင်ထားသော ၎င်းတို့သည် တစ်ချိန်က ဥရောပကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ကြသည်။ ထိုကဲ့သို့ စွမ်းအားကြီးသော သတ္တဝါမျိုးနှင့် ရင်ဆိုင်ရသော်လည်း ရွှယ်အန်းသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ထွက်သွားစမ်း"

ဘမ်း

ရွှယ်အန်း၏ နှုတ်ထွက်စကားကြောင့် မမြင်နိုင်သော တုန်လှုပ်ချောက်ချားဖွယ်လှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လေးလံသော ထရပ်ကားတစ်စီးဖြင့် တိုက်မိလျှင်ပင် ရပ်နေမြဲရပ်နေမည်ဖြစ်သော ရွှေရောင်ဆံပင်ဖြင့် အမျိုးသားသည် အမြောက်ကျည်ဖြင့် ထိမှန်သကဲ့သို့ လွင့်ထွက်သွားသည်။ ရွှေရောင်ဆံပင်ဖြင့် လူ၏မျက်နှာမှ ဒေါသအငွေ့အသက်များ ထွက်ပေါ်လာသည်။

"တရုတ် မင်းက တော်ဝင်သွေးမျိုးဆက်ထဲကလူကို တိုက်ရဲတယ်ပေါ့။ ဒီနေ့ ငါမင်းကို ငါ့သွေးကျွန်လုပ်ခိုင်းမယ်”

သူ ဤသို့ပြောပြီး မကြာမီ၌ပင် သူ၏ နောက်ကျောမှ အတောင်ပံကြီးနှစ်ခုထွက်လာကာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သည့် ရောင်ဝါတစ်ခု ပေါ်လာ၍ စကားပင်မပြောနိုင်တော့ဘဲ လေပေါ်သို့ ပျံတက်လာသည်။

"တရုတ်၊ ဒါက … ငါ တော်ဝင် အဲလ် အယ်ဒင်တန် လက်စ်တာကို ဒေါသထွက်အောင်လုပ်တဲ့ အကျိုးဆက်ပဲ”

ဤသို့ပြော၍ သွေးဂိုဏ်းမှ တော်ဝင်မျိုးဆက်သည် အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၍ အလွန်ပြင်းထန်သော အရှိန်ဖြင့် ချီတက်လာသည်။ သွေးဂိုဏ်း၏ ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ ၎င်းတို့၏ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် မြန်သော အမြန်နှုန်းဖြစ်သည်။

သူ ချဉ်းကပ်လာသည်နှင့်အမျှ နှုတ်ခမ်းဖျားများတွင်လည်း ဆိုးယုတ်သောအပြုံးတစ်ခုပေါ်လာသည်။

ဤတရုတ်လူမျိုးသည် အလွန်အစွမ်းထက်သော်လည်း သူ၏မျိုးနွယ်မှ မွေးရာပါစွမ်းရည်သည် သူ့ကို ယုံကြည်ချက်ပြင်းပျစေသည်။ သို့သော် သူ့လက်က ရွှယ်အန်းကို ထိတော့မည့်အချိန်တွင် ရွှယ်အန်းက လက်များကို မြှောက်၍ လက်ဖျောက်တီးလိုက်သည်။ ထိုသို့ဖြင့် လက်စ်တာသည် ပို၍မြန်ဆန်သော အရှိန်ဖြင့် လွင့်ထွက်သွားကာ သူ့ခန္ဓာကိုယ်ထက်ဝက်ခန့်သည် လေထုအလယ်၌ ပေါက်ကွဲသွားသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် သူသည် လွတ်မြောက်အင်မော်တယ်နှင့်တန်တူခွန်အားရှိသည့်တိုင် အသတ်ခံရလုနီးပါးဖြစ်ခဲ့ရသည်။

လက်စ်တာသည် ခပ်လှမ်းလှမ်းရှိ လေထုအလယ်၌ ရပ်နေလျက် အမူအရာသည် တုန်လှုပ်မှု မရေရာမှုတို့ဖြင့် ပြည့်နေသည်။ ချေမှုန်းခံခဲ့ရသော သူ၏ခန္ဓာကိုယ်တစ်ဝက်သည် မယုံနိုင်ဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ ပြန်လည်ရှင်သန်လာ၍ မျက်စိတစ်မှိတ်အတွင်း၌ပင် အသစ်ကဲ့သို့ ပြန်လည်ကောင်းမွန်လာသည်။

ဤသည်ကား သွေးဂိုဏ်း၏ ဂုဏ်အယူရဆုံး သေခြင်းမဲ့ခန္ဓာကိုယ်ဖြစ်သည်။

"ကောင်းပြီ၊ မင်းက တကယ်ပဲ စွမ်းအားကြီးတယ်၊ ငါ့ရဲ့ခွန်အားအစစ်အမှန်ကို ထုတ်သုံးဖို့ ထိုက်တန်ပါတယ်” လက်စ်တာက လေးနက်သော အသံဖြင့် ကြေညာလိုက်သည်။ သူ၏ ရောင်ဝါက တစ်ဖန်ပြန်၍ ပေါ်ထွက်လာသည်။ ထို့နောက် ထပ်မံ၍ ချီတက်လာပြန်၏။

ဘမ်း

လက်စ်တာသည် လေထုအလယ်သို့ဝင်ရောက်လာသောအခါ ပေါက်ကွဲဿံတစ်ခု ထွက်ပေါ်လာသည်။ အယ်လ်ဒင်တန်သည် သူ၏ ပြင်းထန်သောခန္ဓာကိုယ် ကြံ့ခိုင်မှုဖြင့် ဤအတားအဆီးကို အမှန်ပင် ကျော်ဖြတ်နိုင်ခဲ့သည်။

ထို့နောက် နောက်ထပ် မိုးခြိမ်းသံကဲ့သို့ အသံနှစ်ခု ထွက်ပေါ်လာသည်။

အသံအမြန်နှုန်း၏ သုံးဆခန့် လျင်မြန်ရာ ဤမျှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အရှိန်ကြောင့် လက်စ်တာသည်

ရပ်တန့်၍ မရနိုင်သော လက်နက်အဖြစ်ပြောင်းလဲသွားသည်။

တစ်ခဏအတွင်း၌ပင် လက်စ်တာသည် ရွှယ်အန်း၏ အနားသို့ရောက်လာသည်။

“သေစမ်း”

လက်စ်တာက သူ့မိသားစု၏ လျှို့ဝှက်သိုင်းပညာကို အသုံးပြု၍ အလွန်ကြီးမားသော သွေးလက်သည်းများကို တစ်ရှိန်ထိုးကြီးထွားလာစေလိုက်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ထိုးစစ်ကို ရင်ဆိုင်ရသည့်တိုင် ရွှယ်အန်းသည် မတ်တပ်မရပ်ဘဲ လက်တစ်ဖက်ကို ဆန့်တန်းကာ သွေးလက်သည်းများကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။

လက်စ်တာ အလွန်အမင်း ထိတ်လန့်သွား၏။

ဤသွေးလက်သည်းသည် သွေးဂိုဏ်းမှ ကျိန်စာတစ်ခုဖြင့်ချမှတ်ထားခြင်းခံရကာ ထိတွေ့လိုက်ပါက ၎င်း ထိတွေ့လိုက်သောအခါ၊ ၎င်းသည် သားကောင်အား အပျက်သဘောဆောင်သော ကျိန်စာအမျိုးမျိုးဖြင့် ချုပ်နှောင်ပစ်လိုက်မည်ဖြစ်သည်။ သို့သော် သူ၏ ပျော်ရွှင်မှုက စက္ကန့်ဝက်မျှသာ ကြာလိုက်ပြီးနောက် အေးခဲသွားသည်။

အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏လက်ထဲတွင် ဖြူစင်သော မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဤမီးတောက်အောက်၌ သွေးလက်သည်းများသည် နေ‌ရောင်အောက်တွင်ရှိနေသော ရေခဲတုံးများကဲ့သို့ ပျော်ကျသွားသည်။ လက်စ်တာက အလွန်အမင်း ထိတ်လန့်စွာ အော်ပစ်လိုက်သည်။

“နတ်မီးတောက်… မဖြစ်နိုင်ဘူး…”

ထို့နောက် သူက အသံ၏ အရှိန်ငါးဆဖြင့် လှည့်ပြေးတော့သည်။

ဤနတ်မီးလျှံသည် အမှောင်မျိုးနွယ်စုများအပေါ် ပကတိဖိနှိပ်နိုင်သောကြောင့် သူ့ကို အလွန်အမင်း ထိတ်လန့်စေသည်။

သို့သော် ရွှယ်အန်းက သူ့လက်ကို ရိုးရှင်းစွာ ဝှေ့ယမ်းလိုက်ရာ ဓားချီထွက်ပေါ်လာ၍ လက်စ်တာ၏ ခန္ဓာကိုယ်တစ်ပိုင်းကို ဖြတ်ပစ်လိုက်သည်။ ထို့အပြင် ဤတစ်ကြိမ်တွင် လက်စ်တာက မည်သို့ပင် လေထုထဲ၌ ရုန်းကန်နေရစေကာမူ ၎င်း၏ ခန္ဓာကိုယ်ကို ပြန်လည်မကုသနိုင်ခဲ့ပေ။

ဓားချီက လက်စ်တာ၏ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ဝါးမြိုသွားသည်။ ခန္ဓာကိုယ် အနှံ့ပျံ့နှံ့နေသော ရောင်ဝါများသည်လည်း လျင်မြန်စွာ မှေးမှိန်သွားသည်။

နှစ်ရာပေါင်းများစွာ အသက်ရှင်ခဲ့သော သွေးမျိုးနွယ်စု၏ အဲလ်သည် သေခြင်းတရား၏ ထွက်သက်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

"မသတ်ပါနဲ့… မသတ်ပါနဲ့။ ငါမင်းကို အဆုံးမရှိတဲ့ စည်းစိမ်ဥစ္စာတွေပေးချင်တယ်။ ငါ့အသက်ကို သက်ညှာပေးပါ” လက်စ်တာက ထိတ်လန့်စွာအော်သည်။

သို့သော် ရွှယ်အန်းက မည်သည့် ခံစားချက်မျှ မပြပေ။ ထိုအချိန်တွင် လက်စ်တာက လဲကျသွား၍ ခန္ဓာကိုယ်တစ်ခုလုံး လျင်မြန်စွာ အိုမင်း ရင့်ရော်လာသည်။

“သွေးမျိုးနွယ်စုရဲ့ တော်ဝင် အဲလ်ကို သတ်တာ မင်း ငါ့မိသားစုနဲ့ သွေးကောင်စီတစ်ခုလုံးရဲ့ လက်စားချေမှုကို ခံရလိမ့်မယ်ကွ။ မင်းက ငါ့သွေးမျိုးနွယ်ရဲ့ မျိုးဆက်တွေဆီမှာ ကျွန်ခံရတဲ့ အနိမ့်ကျဆုံး သွေးကျွန်ဖြစ်လာလိမ့်မယ်”

လက်စ်တာပေါ်ပြီးနောက် ရွှယ်အန်း၏ လက်ပေါ်တွင် မီးခိုးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ဤသည်ကို မြင်သောအခါ လက်စ်တာက ပြော၏။

“ဒါ ငါ့ကျိန်စာပဲ မင်း ဘယ်တော့မှ ဖျက်နိုင်မှာ မဟုတ်ဘူး။"

သို့သော် ရွှယ်အန်းသည် သူ့လက်မောင်းပေါ်ရှိ အမှတ်အသားကို ရိုးရှင်းစွာ ငုံ့ကြည့်ပြီးနောက် သူ့လက်နှင့် ပွတ်ပစ်လိုက်သည်။ ထို့နောက် မီးခိုးရောင် အလင်းတန်းသည် ရွှယ်အန်း၏ လက်ဖဝါးထက်မှ ပြန်လည် ပျောက်ကွယ်သွားသည်။

လက်စ်တာ၏ မျက်လုံးများ ထွက်ကျလုမတက် ပြူးနေသည်။

“ဘယ်လို… ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သွေးဂိုဏ်းထဲက ကျိန်စာကို မင်း ဘယ်လိုလုပ် ဖယ်ရှားနိုင်မှာလဲ”

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ဒါ မင်းရဲ့ကျိန်စာပဲလား။ ရိုးရှင်းလွန်းတယ်”

အနန္တစကြဝဠာတွင် ကျိန်စာတိုက်ခြင်းပညာကို အထူးပြုသော ဂိုဏ်းများရှိသည်။ ဤကျိန်စာများ၏ အလေးနက်ဆုံးသည် ကြီးမြတ်သော တာအိုအင်မော်တယ်ကိုပင် သတ်ပစ်နိုင်သည်။

နတ်ဘုရားအဆင့်ပုဂ္ဂိုလ်တစ်ဦးအတွက်ပင် ထိုသို့သော ကျိန်စာမျိုးက ခေါင်းကိုက်စေလိမ့်မည်။ ထိုကျိန်စာများနှင့် နှိုင်းယှဉ်ပါက သွေးဂိုဏ်း၏ ကျိန်စာသည် စာရွက်အလွတ်တစ်ရွက်ကဲ့သို့ အခြေခံကျလှသည်။

"ဒီနေ့ တကယ့်ကျိန်စာဆိုတာ သက်သေပြလိုက်ရအောင်"

ဤသို့ပြောနေစဥ် ရွှယ်အန်းက လက်ဖျောက်တစ်ချက်တီးလိုက်ရာ ထိုမီးခိုးရောင်အလင်းတန်းက ရုတ်တရက် မည်းသွား၍ လက်စ်တာ၏ရှေ့သို့ တိုက်ရိုက်ပျံသန်းသွားကာ နှဖူးထက်၌ ပေါ်လာသည်။

လက်စ်တာသည် အော်ရန် အချိန်ပင်မရလိုက်ဘဲ ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအချိန်တွင် ဥရောပ၌ မိုင်ထောင်ချီဝေးသောနေရာတွင်

အင်္ဂလန်နိုင်ငံရှိ ရှေးဟောင်းရဲတိုက်တစ်ခုအတွင်း လတ်ဆတ်သောသွေးကို မြည်းစမ်းနေသော အယ်လ်ဒင်တန်မိသားစုမှ အဖွဲ့ဝင်များ ရုတ်တရက် ပျက်စီးစပြုလာသည်။

အားနည်းသော Barons(ဥရောပနိုင်ငံမှ နန်းတွင်းအမတ်တစ်မျိုး၏ဘွဲ့) အများအပြားသည် အသံပင်မထွက်နိုင်ကြဘဲ ပျောက်ကွယ်ပျက်ဆီးသွားကြသည်။

ဤမြင်ကွင်းသည် သွေးဂိုဏ်းအဖွဲ့ဝင်များစွာကို ထိတ်လန့်စွာ အော်ဟစ်စေခဲ့သည်။

"ဒါဟာ ကျိန်စာပဲ မိသားစုအကြီးအကဲကို အမြန်ခေါ်ပါ”

ထိုအချိန်တွင် မယုံနိုင်လောက်အောင် ပြင်းထန်သော ရောင်ဝါတစ်ခုက ရဲတိုက်ဆီသို့ ရောက်လာသည်။ ရွှေတောင်ပံများပါသော သွေးမျိုးနွယ်စုသည် လေထဲတွင် ပေါ်လာသည်။

သွေးဂိုဏ်း အဖွဲ့ဝင်များစွာက ဒူးထောက်လိုက်ကြသည်။

“မိသားစုအကြီးအကဲ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်ပါ”

ယခုအချိန်တွင် အယ်လ်ဒင်တန်မိသားစုခေါင်းဆောင် သိုက်ဝေ့သောသည် ကြမ်းတမ်းသော မျက်နှာထားမျိုးဖြင့် ရှိနေသည်။ သူက မူလက နက်ရှိုင်းစွာငိုက်မျဥ်းနေသော်လည်း ရုတ်တရက် ပြင်းထန်‌သော ကျိန်စာဖြင့် ဖုံးလွှမ်းခြင်းခံလိုက်ရကာ ၎င်းကို ချေမှုန်းရန်အတွက် သက်တမ်းနှစ်တစ်ရာကို အသုံးပြုခဲ့ရသည်။

‘ဘယ်သူလုပ်ရဲတာလဲ’

‘ဘယ်သူက အယ်လ်ဒင်တန်မိသားစုကို ကျန်စာတိုက်ပြီး ပစ်မှတ်ထားရဲတာလဲ’

သူ စဥ်းစားနေစဥ် ရောက်လာသော သွေးဂိုဏ်း၏ အဖွဲ့ဝင်များသည် ပြာအဖြစ်ပြောင်းလဲ၍ ပွဲချင်းပြီး သေဆုံးသွားကြသည်။

All Chapters