← Chapters

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း (၂၈၆) သူ့ကို ရအောင်သတ်

ဒုစရိုက်မြို့တော်၏ စွန့်ပစ်ထားသော မိုင်းတွင်းတစ်ခု ရှေ့တွင် အရိုးမိစ္ဆာသည် လက်စ်တာ၏ ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းစွာ သေဆုံးမှုအတွက် ရွှယ်အန်း၏ ခြေချောင်းများကိုပင် နမ်းရန် ဆန္ဒရှိလျက်ဖြင့် အကြိမ်ကြိမ်ဦးညွတ်လျက်ရှိသည်။ မိမိကိုယ်တိုင်မိမိကိုယ်တိုင်က နတ်ဆိုးတစ်ယောက်ဖြစ်သဖြင့် သွေးမျိုးနွယ်၏ တော်ဝင်မျိုးဆက်ကို သတ်ရန် မည်မျှ ခက်ခဲကြောင်း ကောင်းစွာသိထားသည်။ ၎င်းတို့ကို ဖမ်းချုပ်ထားနိုင်သကဲ့သို့ ဒဏ်ရာရစေရန်လည်းလုပ်နိုင်သည်။ သို့သော် သွေးတစ်စက်ကျန်နေသေးသရွေ့ ၎င်းတို့

၏ ခန္ဓာကိုယ်က ပြန်လည်ဖွဲ့စည်းလာနိုင်သည်။

သို့သော်၊ ယခုတင်ပင် တလက်စ်တာသည် ပြာများအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားပြီဖြစ်ကာ ဤသည်ကား သူ၏ ဘဝတစ်ခုလုံး နိဂုံးချုပ်သွားပြီကို ဆိုလိုခြင်းပင်ဖြစ်သည်။

ဤအရာသည် ရွှယ်အန်းအတွက် ပေါ့ပါးသော စွမ်းဆောင်ချက်တစ်ခုမျှသာဖြစ်သည်။

….

ဤအချိန်တွင် အရိုးမိစ္ဆာက အပြည့်အဝ လက်အောက်ခံလိုက်ပြီဖြစ်သည်။ ကာတာနှင့် အခြားသူများကမူ အလွန်အမင်း အံ့သြလန့်ထိတ်လျက်ရှိကြသည်။ အထူးသဖြင့် ကာတာသည် သွေးမျိုးနွယ်၏ စွမ်းအားဖြင့် ဒုစရိုက်မြို့ကို ပေါင်းစည်း၍ မြို့တော်၏ အမှောင်သခင်ဖြစ်လာမည်ဟု ယုံကြည်ချက်ရှိနေခဲ့သော်လည်း ယခု တရုတ်အမျိုးသားက ထို အောင်နိုင်သူ၏ ဆုံးဖြတ်ထားကြသူကို တစ်ချက်တည်းဖြင့် ချေမှုန်းသုတ်သင်ပစ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ဤလူသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုသို့တွေး၍ ကာတာ၏ တစ်ကိုယ်လုံးက တုန်ယင်နေကာ နောက်သို့ တိတ်တဆိတ် ဖြည်းညှင်းစွာ ဆုတ်သွားသည်။

သို့သော် အရိုးမိစ္ဆာက သူ့ကို အလွတ်ပေးရန် ရည်ရွယ်ချက်မရှိသည်မှာထင်ရှားသိသာလှသည်။

“ဟားဟား ချစ်လှစွာသော ငါ့ရဲ့ ကာတာလေးရေ အခု ဘယ်လိုလုပ်ကြမလဲ။ ထွက်သွားဖို့ စဥ်းစားနေသေးတာလား” အရိုးမိစ္ဆာက အေးစက်စွာရယ်မောလိုက်သည်။

ကာတာက ခါးသက်စွာပြုံးလိုက်သည်။

“အရိုးမိစ္ဆာ ဒုစရိုက်မြို့တော်မှာ သစ္စာဖောက်မှုဆိုတာသာမန်ကိစ္စပဲ ဒါ မင်းပြောခဲ့တဲ့စကားပဲမလား”

“အင်း စကားပြောတတ်တာပဲ။ ဒါပေမယ့်အဲ့တာက ငါက အခြားလူတွေကို သစ္စာဖောက်မှလေ။ အခြားသူတွေ သစ္စာဖောက်ရင်ကို ပြောတာမဟုတ်ဘူးကွ”

ထို့နောက် အရိုးမိစ္ဆာက ရွှယ်အန်းကို ပြောလိုက်သည်။

“သခင် ဒီလူယုတ်မာအားလုံးကို အခွင့်အရေးပေးလို့မဖြစ်ဘူး။ ကျေးဇူးပြုပြီး သူတို့အကုန်လုံးကို သတ်ပေးပါ”

အရိုးမိစ္ဆာ၏ စကားကို ကြားသောအခါ ကာတာက ကြောက်လန့်တကြားထွက်ပြေးသွားသည်။

သူတင်သာမက သူနှင့်အတူပါလာသော အခြားသူများအားလုံးလည်း ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။

မိုင်အနည်းငယ် အကွာအဝေးသို့ ပြေးလာခဲ့ကြစဥ် မိုင်းတွင်း ဝင်ပေါ်သို့ မရေမတွက်နိုင်အောင်များပြားလှသော ယာဥ်များ မောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။ တောက်ပသော ကားရှေ့မီးများကြောင့် ကာတာနှင့် အခြားသူများ မျက််လုံးပင် မဖွင့်နိုင်ကြတော့ပေ။ ၎င်းတို့ ထိတ်လန့်တုန်လှုပ်နေချိန်တွင် အနက်ရောင်ဝတ်စုံဝတ်ထားသောယောက်ျားများစွာက ကားပေါ်မှ ဆင်းလာကြသည်။ ဤလူများအားလုံးသည် ဒုစရိုက်မြို့တော်၏ ထိပ်တန်း ရာဇဝတ်ကောင်များဖြစ်ကြကာ ထို သွေးထွက်သံယိုမြင်ကွင်းကို မြင်၍ အံ့သြထိတ်လန့်ကုန်ကြသည်။

“ဒါ ကျုံးမိသားစုရဲ့ လူတွေပဲ”

ထို့နောက် အလယ်ခေါင်ရှိ ရွှေရောင်အနားကွပ်ထားသည့် ခေတ်ဟောင်းကားတစ်စီးပေါ်မှ လောင်ကျုံးက ဖြည်းညှင်းစွာဆင်းသက်လာသည်။ ဤလူပေါ်လာသည်နှင့် အနက်ရောင်ဝတ်စုံဝတ်ထားသောလူများက ငြိမ်သက်စွာဖြင့် ခေါင်းငုံ့ထားကြသည်။ ဤအင်အားပြမှုသည် ကာတာနှင့်အခြားသူများ၏ ကျောရိုးတစ်လျှောက် အေးဆိမ့်သွားစေသည်။

ခဏအကြာတွင် ကာတာသည် အပြုသဘောဆောင်သော အပြုံးကို ပြုံးလိုက်၏။

“အဖနတ်ဘုရား ဒါ သခင်ရှာနေတဲ့လူပါပဲ”

လောင်ကျုံး၏ ခပ်ဖျော့ဖျော့ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။

“ကျေးဇူးပဲ ကာတာ”

စကားပြောပြီးနောက် လောင်ကျုံးက ရှေ့သို့ တက်လျှောက်လာသည်။ ကာတာသည် လျင်မြန်စွာပင် ခေါင်းညိတ်လိုက်၏။

သူ့စိတ်ထဲတွင်မူ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

‘လောင်ကျုံးကိုယ်တိုင်က စလှုပ်ရှားနေပြီကွ၊ မင်းမသေဘဲမနေဘူး ခွေးမျိုး’

လောင်ကျုံးက ရှေ့သို့တိုးသွားသောအခါ ကာတာက ပျော်ရွှင်စွာဖြင့် ခေါင်းမော့တော့မည့်အခိုက်တွင် သူ့နောက်ကျောဆီမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ကာတာသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်လျက် တန်ပြန်တိုက်စစ်ဆင်ချင်သော်လည်း နောက်ထပ်တစ်စက္ကန့်တွင် ချွန်ထက်သော ဓားမြှောင်တစ်ချောင်းက သူ့လည်ချောင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ကာတာသာမက သူ့လက်အောက်ငယ်သားများသည်လည်း သတ်ဖြတ်ခံခဲ့ရသည်။ အသက်အနည်းငယ်ရှိုက်စာအကြာခန့်တွင် ဤလူများအားလုံး အော်ချိန်ပင်မရလိုက်ဘဲ အလောင်းကောင်များဖြစ်သွားကြသည်။ ထိုအချိန်တွင် ဤလူများအားလုံးက စွန့်ပစ်ထားသော မိုင်းတွင်းဆီသို့ ဦးတည်လာကြသည်။ လောင်ကျုံးက ဦးဆောင်၍ သူ့လက်အောက်ငယ်သားများက နောက်မှလိုက်လာကြသည်။ အားလုံး၏ ရင်ဘက်ပေါ်တွင် အဖြူရောင်ပန်းတစ်ပွင့်ကို ချိတ်ထားကြသည်။

ဤကဲ့သို့သော အရှိန်အဟုန်ကြောင့် အရိုးမိစ္ဆာ၏ မျက်နှာသည် ဖျော့တော့သွား၏။ သို့သော် ရွှယ်အန်းက လျစ်လျူရှု့ထားဆဲဖြစ်၍ မျက်လုံးဖွင့်ရန်ပင် ပျင်းရိလျက်ရှိသည်။ လောင်ကျုံးသည် ရွှယ်အန်းကို အတန်ကြာသည်အထိ စောင့်ကြည့်နေပြီးမှ စတင်၍ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“တရုတ်ကောင် မင်း အခုထိ ဒုစရိုက်မြို့‌တော်ကနေ ထွက်မသွားသေးတာ အံ့သြစရာပဲ”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ထွက်သွားဟုတ်လား။ ငါမင်းရဲ့သားကို သတ်ရုံလေးနဲ့ ဘာလို့ ထွက်သွားရမှာလဲ”

သူ့စကားကြောင့် ဘေးပတ်ဝန်းကျင်မှ လူအများစုက ရွှယ်အန်းကို ဒေါသတကြီးစိုက်ကြည့်လိုက်ကြသည်။ လောင်ကျုံးက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်အဖွဲ့က တည်ငြိမ်သွားကာ သူ့မျက်နှာသည်လည်း ပို၍ ဖြူဖျော့လာသည်။

“ရှောင်ကျုံးက ကောင်းတဲ့ကလေးတစ်ယောက်ပါ။ သူ့မှာ ထူးချွန်တဲ့အရည်အသွေးတွေအများကြီးရှိတယ်။ အချိန်ပေးပြီးပျိုးထောင်လိုက်မယ်ဆိုရင် သူက ငါဆိုတဲ့ အမှောင်သခင်ကိုတောင် ကျော်တက်သွားနိုင်တယ်”

"ဒါပေမယ့် မင်းလက်နဲ့သတ်လိုက်တာ"

လောင်ကျုံး၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်လာသည်။

"ဒါကြောင့် မင်းရဲ့ ကျင့်ကြံရေးအဆင့်က မြင့်နေပေမယ့် ငါမင်းကို ဘယ်လိုဖြစ်ဖြစ်သတ်ပစ်ရမယ်”

ထိုသို့ပြော၍ လောင်ကျုံးက နောက်သို့ပြန်ဆုတ်လိုက်သည်။ သူ့နောက်မှ လူများအားလုံးက သေနတ်များကို မြှောက်လိုက်ကြသည်။ အဆုံးမရှိသော ကျည်ဆန်များက မီးပန်းများကဲ့သို့ ထူထပ်စွာ ထွက်ပေါ်လာသည်။

တောင်တစ်လုံးကိုပင် ဖျက်ဆီးပစ်နိုင်သော သေနတ်သံများကြားသောအခါ ရွှယ်အန်းက ရိုးရှင်းစွာ ပြုံးလိုက်၍ လက်ဖဝါးကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်သည်။

“နတ်ဓားတွေရဲ့ မူလအစကို ပြန်စေ”

ရွှယ်အန်း၏ အသံထွက်ပေါ်လာသည်နှင့်အမျှ မရေမတွက်နိုင်အောင်များပြားလှသော ဓားစွမ်းအင်များ လက်ဖဝါးမှ ထွက်ပေါ်လာ၍ အဖြူရောင်မြစ်တစ်စင်းအလားပြောင်းလဲကာ ဝင်လာသော ကျည်ဆန်များကို ဖုန်မှုန့်များအဖြစ်သို့ တိုက်ရိုက် ဖြိုခွဲပစ်လိုက်သည်။

ထို့နောက် ဓားချီသည် လောင်ကျုံးနှင့် သူ၏ လူများဆီသို့ တည့်တည့်ချီတက်ကာ နဂါးအဖြစ်ပြောင်းလဲသွားသည်။

သို့သော် ထိုအချိန်၌ပင် မှောင်ရိပ်များစွာက လေထုအလယ်၌ ပေါ်လာ၍ ဤပြင်းထန်လှသော ဓားစွမ်းအင်ကို တားဆီးလိုက်သည်။

ထို့နောက် ဓားချီက ပျောက်ကွယ်သွားသည်။ ရွှယ်အန်းသည် မျက်လုံးဖွင့်၍ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ထိုနေရာတွင် ကောင်းကင်ယံထက်၌ ခေါင်းစွပ်ပါသော ဝတ်ရုံရှည်ကြီးများဝတ်ထားသည့် လူရိပ်သုံးရိပ်ပေါ်လာသည်။ မျက်နှာအသွင်အပြင်များကို ကောင်းစွာမမြင်ရသော်လည်း တစ်ခုတည်းသော မြင်သာသည့် လက္ခဏာမှာ ခေါင်းစွပ်အောက်မှ မျက်လုံးတစ်စုံဖြစ်၍ ၎င်းမှ ဆိုးယုတ်သော အလင်းရောင်များထွက်ပေါ်လျက်ရှိသည်။

အရိုးမိစ္ဆာက တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြောလိုက်သည်။

“ည… ညတပ်မှူးတွေ”

ညတပ်မှူးများ။

ဒုစရိုက်မြို့တော်၏ လျှို့ဝှက်ဆန်းကြယ်ဆုံးသော ဖြစ်တည်မှု။

ကျုံးမိသားစု၏ အပြင်းထန်ဆုံး‌သော ဝှက်ဖဲ။

ရွှယ်အန်းသည် လောင်ကျုံးကို အေးစက်သော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

“နတ်ဆိုးဝိဉာဥ် သန့်စင်ထားတာလား။ ငါနည်းနည်း စိတ်ဝင်စားမိသွားပြီ။ မင်းတို့ ကျုံးမိသားစုက ဘယ်နတ်ဆိုးနဲ့ ပူးပေါင်းထားလဲ”

ရွှယ်အန်း၏ စကားကိုကြားသောအခါ လောင်ကျုံး၏ မျက်နှာအမူအရာပြောင်းသွားလျက် ရွှယ်အန်းကို အံ့သြတကြီး ကြည့်နေမိသည်။

“တရုတ်ကောင် မင်းရဲ့ အသိပညာကတကယ် ကြွယ်ဝတာပဲ။ ဟုတ်ပါတယ်။ ငါတို့ ကျုံးမိသားစုက နတ်ဆိုး ဆမ်မြူရယ်ရဲ့ သစ္စာရှိနောက်လိုက်တွေပဲ”

ထိုသို့ပြောပြီးနောက် လောင်ကျုံးက ရွှယ်အန်းကို လက်ညှိုးထိုးပြလိုက်သည်။

“သူ့ကို သတ်လိုက်”

ညတပ်မှုူးသုံးဦးတို့သည် အခင်းဖြစ်ပွားနေရာနေရာမှ လုံးဝပျောက်ကွယ်သွားပြီးနောက် ရွှယ်အန်း၏ အနား၌ ပြန်ပေါ်လာကြသည်။ အဆုံးမဲ့သော အမှောင်စွမ်းအင်အရှိန်အဟုတ်များ ရွှယ်အန်းကို ဖုံးလွှမ်းသွားကာ အလောင်းများကိုပင် ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားစေခဲ့သည်။

လောင်ကျုံး၏ မျက်နှာထက်၌ ကောက်ကျစ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူ့အမြင်တွင် ရွှယ်အန်း၏ အဆုံးသတ်က သေချာနေပြီဖြစ်သည်။

အရိုးမိစ္ဆာအနေဖြင့်မူ မြေပြင်ပေါ်တွင် ဝပ်လျက် တုန်ယင်စွာဖြင့် ထိုတိုက်ခိုက်မှုမှ ရုန်းထွက်နိုင်ခဲ့သည်။ ညတပ်မှူးများ၏ အမှောင်စွမ်းအင်မှ ရောင်ဝါသည် သူ့အတွက် လက်ချောင်းတစ်ချောင်းလှုပ်ရန်ပင်ခက်စေသည်။

‘သခင်… သေပြီများလား’

အရိုးမိစ္ဆာက စိတ်ပျက်လက်ပျက် တွေးလိုက်မိသည်။

သို့သော် ထိုအချိန်တွင် သွယ်လျ‌ဖြောင့်စင်းနေသော လက်တစ်စုံက အမှောင်ထုအလယ်မှ ထွက်ပေါ်လာ၍ အမှောင်စွမ်းအင် အတားအဆီးကို ဖြိုခွင်းပစ်လိုက်သည်။

“မင်း ဘယ်နတ်ဆိုးနဲ့ အလုပ်လုပ်နေတာလဲ ငါဘာလို့ မေးလဲသိလား” ရွှယ်အန်းသည် အမှောင်ထုအလယ်မှ ထွက်လာ၍ တည်ငြိမ်စွာမေးလိုက်သည်။

လောင်ကျုံးက ရွှယ်အန်းသည် တိုက်ခိုက်မှုကို အလွယ်တကူ ဖြိုခွဲနိုင်လိမ့်မည်ဟု မထင်ထားသဖြင့် အလွန်အမင်း အံ့အားသင့်လျက်ရှိသည်။

“ဘာလို့လဲဆိိုတော့ …. နတ်ဆိုးလောကရဲ့ အုပ်ချုပ်သူဟောင်းတွေတောင်မှာ ငါ့ခြေဖဝါးအောက်မှာ တစ်ချိန်က ဦးညွတ်ခဲ့ဖူးလို့ပဲ”

အခန်း (၂၈၇) နတ်ဆိုးတောင် ငါ့ရှေ့မှာ ဦးညွှတ်ရမယ်

ရွှယ်အန်း၏ စကားများ ထွက်ပေါ်လာသည်နှင့်အမျှ အဖြူရောင်မီးတောက်များသည် ညတပ်မှူး သုံးဦး၏ ခြေထောက်မှစ၍ လောင်ကျွမ်းလာသည်။ ၎င်းတို့အားလုံး နာကျင်မှုကြောင့် တစ်ပြိုင်နက်တည်း အော်ပစ်လိုက်ကြသည်။ ထို့နောက် ထိုမီးလျံကြောင့် သုံးယောက်လုံး ဖယောင်းတိုင်များကဲ့သို့ပင် သဲလွန်စပင်မကျန်ဘဲ ပျော်ဝင်ပျောက်ကွယ်သွားသည်။

ဤမြင်ကွင်းက ကြည့်ရှု့သူတိုင်းကို အံ့သြသွားစေသည်။

လောင်ကျုံးက တုန်လှုပ်ခြောက်ခြားစွာဖြင့်ပြောလိုက်သည်။

“ဘယ်လို… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

၎င်းတို့ သုံးယောက်သည် ညတပ်မှူးများဖြစ်ကြသော်လည်း

…

ရွှယ်အန်း၏ လှုပ်ရှားမှုတစ်ခုတည်းဖြင့် ချေမှုန်းခြင်းခံခဲ့ရသည်။

ရလဒ်ကြောင့် လောင်ကျုံး ကျောချမ်းသွားရသည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

“ငါ့ရှေ့မှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး”

ထိုသို့ပြော၍ ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလာ၏။

ဘမ်း

ထိုခြေတစ်လှမ်း၏ စွမ်းအားသည် ကောင်းကင်နှင့် ကမ္ဘာကို တုန်လှုပ်စေနိုင်သည်။

လောင်ကျုံး၏ လက်အောက်ခံများသည် ၎င်းကြောင့် ဖုန်မှုန့်များအဖြစ်သို့ တိုက်ရိုက်ပျက်ဆီးပြိုကွဲသွားသည်။ လောင်ကျုံးက မသေခဲ့သော်လည်း ယင်း၏ အကျိုးဆက်ကြောင့် ဒဏ်ရာရခဲ့သည်။

ဤအခိုက်အတန့်တွင် သူ၏မျက်နှာသည် ထိတ်လန့်ကြောက်ရွံ့မှုအပြည့်ဖြစ်နေ၍ နောက်ဆုံးတွင် ဤလူက မည်မျှ ထိတ်လန့်ဖွယ်ကောင်းကြောင်း နားလည်လာသည်။

ထို့နောက် တစ်ဆက်တည်း၌ပင် သူ့မျက်နှာက ဒေါသတရားများပြည့်နှက်လာသည်။

ဤသို့ဖြင့် လောင်ကျုံးက ရင်ဘတ်ထဲမှ အနက်ရောင်ဓားမြှောင်ကိုဆွဲထုတ်ကာ သူ့ရင်ဘတ်တည့်တည့်သို့ ထိုးသွင်းလိုက်သည်။ ထို့နောက် သူ့သွေးများအားလုံးကို ဓားမြှောင်က စုပ်ယူသွားသည့်အလား သွေးတစ်စက်မှ ထွက်မလာပေ။ လောင်ကျုံးက လျင်မြန်စွာပင် အသက်ကြီးလာသည်။ သို့ထိတိုင် သူက ကျယ်လောင်စွာ ကြုံးဝါးလိုက်၏။

“ကျွန်တော်မျိုးတို့ကို ကယ်တင်ပေးဖို့ နတ်ဆိုးနတ်ဘုရားကို ပင့်ခေါ်ပါတယ်”

သူ့ကြုံးဝါးသံက ပဲ့တင်ထပ်နေချိန်တွင် မြေကြီးသည် ပြင်းထန်စွာ အက်ကွဲသွားသည်။ ထို့နောက် အတွင်းမှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ မီတာတစ်ဒါဇင်ကျော်မြင့်သော နတ်ဆိုးကြီးသည် မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများမှ ဖြည်းညှင်းစွာထလာသည်။ ထိုအချိန်တွင် လောင်ကျုံးသည် သေခြင်းတံခါးသို့ရောက်နေပြီဖြစ်သော်လည်း အသက်ငင်နေသောအသံဖြင့် ပြောလိုက်၏။

“သခင်ဆမ်မြူရယ်၊ ဒီလူကို သတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”

မာနထောင်လွှားသောမျက်နှာဖြင့် နတ်ဆိုးသည် ထူးဆန်းစွာရယ်လိုက်၏။

“ကျုံးမိသားစု ဒီသေမျိုးလေးတစ်ယောက်ကို သတ်ဖို့ မင်းက ကိုယ့်ကိုယ်ကိုယ် ငါ့ဆီ ပူဇော်တယ်ပေါ့”

လောင်ကျုံးက ခေါင်းညိတ်လိုက်သည်။

"သခင်ဆမ်မြူရယ် ဒီလူက အရမ်း ကြောက်စရာကောင်းပါတယ်။ သူ့ကို ချေမှုန်းဖို့ ကူညီပေးတော်မူပါ”

နတ်ဆိုးဆမ်မြူရယ်က ခေါင်းညိတ်လိုက်သည်။

"မင်းမိသားစုက ငါ့ကို မျိုးဆက်ပေါင်းများစွာ ကိုးကွယ်ခဲ့တယ်၊ ဒီနေ့ မင်းတို့ကို ဒီတစ်ကြိမ်ကူညီပေးမယ်"

သူက ရွှယ်အန်းကို လှည့်ကြည့်လိုက်ပြီးနောက် ပထမ အနည်းငယ်အံ့အားသင့်သွားကာ လျှာသပ်လိုက်သည်။

“ဘယ်လောက်တောင် သန်စွမ်းတဲ့ သေမျိုးလဲ။ တကယ်ကို ပြီးပြည့်စုံတဲ့ ဆေးစွမ်းကောင်းတစ်ခုပဲ”

ဤသို့ပြော၍ သူက ဆက်လက် မာန်တက်ကာ ထပ်ပြောသည်။

“သေမျိုး၊ အခု ဒူးထောက်လိုက်ပါ ငါ မင်းကို သက်ညှာပေးဖို့ စဥ်းစားပေးမယ်။ မင်း ဝိဉာဥ်ကို ငါအလွတ်ပေးမယ်။ ငါမင်းရဲ့ ခန္ဓာကိုယ်ကိုပဲ လိုချင်တယ်”

သူ၏ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုအောက်တွင် မြေပြင်က အနည်းငယ် တုန်ခါလာသည်။ သို့သော်လည်း ရွှယ်အန်းက သူ့ကို ပျင်းရိစွာကြည့်နေရုံမျှဖြင့် ခဏအကြာတွင် ခေါင်းခါလိုက်သည်။

“မင်းနာမည်က ဘာဖြစ်ဖြစ် မင်းဟာ အလယ်အလတ်အဆင့် နတ်ဆိုးတစ်ကောင်သာသာပဲ”

ဆမ်မြူရယ်၏မျက်နှာ၌ ချက်ချင်းပင် ဒေါသအမျက်များ ပြည့်လာသည်။

“မင်းဘာပြောလိုက်တာလဲ”

ရွှယ်အန်းက လက်သီးကို မြှောက်၍ ထိုးချလိုက်သည်။

“ငါပြောချင်တာက…မင်းအခု ဒီရောက်လာပြီဆိုမှတော့ ထွက်သွားဖို့ မစဥ်းစားနဲ့တော့”

သူဤသို့ပြောနေစဥ် လက်သီးတစ်ချက် လျှပ်စီး၏ အလျင်ဖြင့် ထွက်ပေါ်လာာသည်။ ဆမ်မြူရယ်သည် ဆက်လက်၍ မာန်တက်နေဆဲဖြစ်ကာ ၎င်းကို လုံးလုံးလျားလျား အလေးအနက်မထားပေ။

သူ၏ နတ်ဆိုးခန္ဓာကိုယ်၏ တောင့်တင်းမှုနှင့်အတူ ဤကမ္ဘာပေါ်တွင် သူ့အား အန္တရာယ်ပြုနိုင်သော အရာအနည်းငယ်သာ ရှိသေးသည်။

သို့သော် ရွှယ်အန်း၏ လက်သီးချက် သက်ဆင်းလာသောအခါ ဆမ်မြူရယ်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။

"မဖြစ်နိုင်ဘူး"

ဘမ်း

ဆမ်မြူရယ်သည် လက်သီးချက်ကြောင့် အဝေးသို့လွင့်ထွက်သွား၏။ သူ့ကိုယ်သူ ဟန်ချက်ထိန်းရန် ရှိသမျှသော နတ်ဆိုးစွမ်းအင်များကို စုစည်းလိုက်ရသဖြင့် မျက်နှာသည်လည်း သိသိသာသာ ဖြူလျော့ ဖျော့တော့သွားသည်။

“မင်းရဲ့ ကျင့်ကြံရေးအဆင့်က ဘယ်လောက်လဲ။ မင်းငါ့ကို ဘာလို့ ဒီလိုလုပ်နိုင်တာလဲ”

ရွှယ်အန်းက သူ၏အမေးကို ပြန်ဖြေရန် စိတ်မဝင်စားဘဲ လက်သီးနောက်တစ်ချက်ထိုးရန် လက်မြှောက်လိုက်သည်။

“မင်းက ငါ့လက်သီးတစ်ချက်ကို ခံနိုင်တယ်ပေါ့။ ကောင်းတယ်။ ‌နောက်တစ်ချက် ခံကြည့်လိုက်”

ဘမ်း

ဆမ်မြူရယ်က ထပ်မံ၍ လွင့်ထွက်သွားပြန်သည်။

ဤတစ်ကြိမ်တွင် သူ၏လက်တစ်ဖက်က လုံးလုံးလျားလျာကျိုးကြေသွားသဖြင့် နတ်ဆိုးရောင်ဝါသည်လည်း အနည်းငယ်လျော့နည်းလာသည်။ ထို့နောက် ရွှယ်အန်းက သူ့ထံသို့ လျှပ်စီးတစ်စင်းနှယ်ချီတက်လာရာ အသက်ရှူရန်ပင် အခွင့်ရေးမပေးခဲ့ပေ။

ဤသို့ဖြင့် လေထုထဲတွင်အံ့သြဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာသည်။ အမြင့်ဆယ်မီတာရှည်သော ဧရာမနတ်ဆိုးကြီးကို ရွှယ်အန်းက အဘက်ဘက်သို့ ထိုးနှက်ခဲ့သည်။ မူလက ဤနတ်ဆိုး၏ ပြိုင်ဘက်ကင်းမှုကို အလွန်ယုံကြည်ချက်အပြည့်ရှိသော လောင်ကျုံးသည် မျက်လုံးများကိုပင် မယုံမကြည်နိုင်ဖြစ်လျက် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေသည်။ ဤသည်မှာ သူသိသော ပြိုင်ဘက်ကင်း နတ်ဆိုးသခင်ဖြစ်ပါသလော။

အဘယ်ကြောင့် ဤလူ၏ လက်သီးချက်အောက်တွင် အသေအကြေ အထိုးခံနေရ၍ နေရာအနှံ့သို့ လွင့်ထွက်နေရသလော။

နောက်ဆုံးတွင် ရွှယ်အန်း၏ပုံစံက တည်ငြိမ်သွားသည်။ ဆမ်မြူရယ်ကိုကြည့်လိုက်သောအခါ သူ့တစ်ကိုယ်လုံး ကွဲကြေနေ၍ အသွင်အပြင်သည်လည်း သနားစဖွယ်ကောင်းလွန်းလှကာ မျက်လုံးများက ကြောက်စိတ်အပြည့်ဖြင့် ရွှယ်အန်းကို ကြည့်နေသည်။

"မင်း... မင်းဘယ်သူလဲ။ မင်းက သေမျိုးမဖြစ်နိုင်ဘူး။ မဟုတ်ရင် ငါ့ကို ဒီလို ထိခိုက်အောင်မလုပ်နိုင်ဘူး”

“ငါက ဘယ်သူလဲဟုတ်လား။ ငါ့လက်သီးတွေက မင်းကိုပြောလိမ့်မယ်"

ဤသို့ပြော၍ ရွှယ်အန်းသည် သူ၏ လက်သီးကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ယခုတစ်ကြိမ်တွင်မူ ပြိုင်ဘက်နှင့် ကစားလိုစိတ်မရှိတော့ပေ။

“လက်သီးတစ်ချက် နေနဲ့လကို တံဆိပ်ရိုက်မယ်”

နတ်သုတ်သင်ခြင်း နည်းလမ်းခြောက်သွယ်ရှိ ပဥ္စမမြောက်သိုင်းကို နောက်ဆုံးတွင် ရွှယ်အန်းက ထပ်မံအသုံးပြုခဲ့သည်။

ရွှယ်အန်း၏ လက်သီးချက်အောက်တွင် နေထွက်လာသကဲ့သို့ပင် မယုံနိုင်လောက်အောင် ပြိုးပြိုးပြက်ပြက်ပြက်ဖြစ်နေသော အလင်းရောင်တစ်ခုက အရာအားလုံးကို ဖုံးအုပ်သွား၏။ ဆမ်မြူရယ်သည် နာကျင်စွာအော်၍ တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ တုန်ယင်နေသည်။

“သခင်… သခင်…”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“မှန်တယ် ငါပဲ"

ဤသို့ဖြင့် အလင်းသည် ကြုံးဝါးသံနှင့်အတူ ပျောက်ကွယ်သွားသည်။ ဆမ်မြူရယ်က သူရှုံးခဲ့လျှင်ပင် နတ်ဆိုးမြေသို့သာ ပြန်ပို့ခံရမည်ဟု ထင်ခဲ့သည်။ သို့သော် ဤလူက ဤသို့ လုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကယ်၍ သူသာ ကြိုသိခဲ့ပါက သူ မည်သည့်အချိန်ကမှ လာရဲမည်မဟုတ်ပေ။

"အားးးး"

ထို့နောက် အသံက ရုတ်တရတ် ရပ်တန့်သွားသည်။

ဤကံဆိုးသော နတ်ဆိုးသည် ရွှယ်အန်း၏ လက်ချက်တစ်ချက်ဖြင့် ပျက်ဆီးသွားခဲ့သည်။

ထိုအချိန်တွင် လောင်ကျုံးသည် တစ်နည်းနည်းဖြင့် မသေဆုံးသေးပေ။ သူက တုန်ယင်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ရွှယ်အန်းက သူ့ကို ငုံ့ကြည့်၍ ပြောလိုက်သည်။

"မင်း ထပ်ပြောချင်တာရှိသေးလား"

"မင်းက ဘယ်သူလဲ” လောင်ကျုံးက တုန်လှုပ်သောအသံဖြင့် မေးသည်။

"ငါက" ရွှယ်အန်းက ပြုံး၏ "ရွှယ်အန်း"

စကားပြောပြီးနောက် သူက လက်ဖျောက်တီးလိုက်ရာ လောင်ကျုံး၏ ခေါင်းသည် ဓားချီကြောင့် အပိုင်းပိုင်းကွဲကြေသွား၏။

ထိုအချိန်တွင် ပြင်းထန်စွာ ဒဏ်ရာရနေသော အရိုးမိစ္ဆာသည် မြေပြင်ပေါ်၌ တွားသွားကာ ဒူးထောက်လိုက်သည်။

"သခင်"

နတ်ဆိုးဖြစ်လင့်ကစား ရွှယ်အန်း၏လက်ချက်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။

"ဒီမှာ စောင့်နေ"

“ဟုတ်”

ရွှယ်အန်းသည် ဤလူများ၏ ထပ်ခါတလဲလဲ ရန်စမှုများကြောင့် စိတ်မရှည်တော့ဘဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဒုစရိုက်မြို့သို့ ပြန်သွားခဲ့သည်။

ကျုံးမိသားစုတည်ရှိရာ အနက်ရောင်မျှော်စင်အတွင်း။

မျိုးနွယ်စုဝင်များသည် ဤနေရာကို အစောင့်အရှောက်များဖြင့် ထား၍ အေးဆေးစွာ စကားစမြည်ပြော၊ ရယ်မောနေကြသည်။ ၎င်းတို့အမြင်အရ ညတပ်မှူးနှင့် လောင်ကျုံးတို့ကိုယ်တိုင်ကိုယ်ကျ သွားတိုက်ပြီဖြစ်သဖြင့် မည်ဟူမျှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ထိုအချိန်တွင်ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ထိပ်တန်းကျွမ်းကျင်သူများစွာ ချဥ်းကပ်လာသည်ကို ခံစားလိုက်ရသည်။

၎င်းတို့ မတုံ့ပြန်နိုင်မီ၌ပင် ရွှယ်အန်းက ခေါင်မိုးပေါ်သို့ ခြေချနေပြီဖြစ်သည်။

"မင်း ဘယ်သူလဲ" ဤကျွမ်းကျင်သူများသည် လေးနက်သောအမူအရာဖြင့် တယောက်ပြီးတယောက် ခေါင်မိုးပေါ်သို့ ပျံသန်းသွားကြသည်။

ရွှယ်အန်းက မဖြေဘဲ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်၍ ခေါင်းညိတ်လိုက်သည်။

“ဒါက အလုပ်ဖြစ်လောက်တယ်”

"သူ့ကိုသတ်" ကျွမ်းကျင်သူများက သူ့ဆီသို့ တခဲနက်ချီတက်လာကြသော်လည်း ရွှယ်အန်းက ၎င်းတို့၏ တိုက်ခိုက်မှုများအားလုံးကို လျစ်လျူရှု့ထားသည်။

“မြို့တစ်မြို့လုံးရဲ့ လရောင်ကို ငါချေးမယ်”

သူ့စကားနောက်၌ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနေသော လရောင်သည် ရုတ်တရက် ပြောင်းလဲသွား၍ အကန့်အသတ်မဲ့သော အနန္တဓားစွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။ ကျွမ်းကျင်သူများသည် အော်ဟစ်မြည်တမ်းရန် အခွင့်အရေးပင် မရှိခဲ့ဘဲ ဓားစွမ်းအင်ကြောင့် ဖုန်မှုန့်အဖြစ် တိုက်ရိုက်ပြောင်းလဲကုန်ကြသည်။ ၎င်းတို့ ခြေထောက်အောက်မှ အဆောက်အဦးကိုလည်း ဓားစွမ်းအင်က ဝါးမျိုသွားရာ ဖုန်မှုန်သာကျန်သည်။ ၎င်းတို့ထဲမှ ကျုံးမျိုးနွယ်စုဝင်များသည်မူ လုံးလုံးလျားလျား ဇီဝိန်ချုပ်သွားကြသည်။

ထို့နောက် ဤဓားစွမ်းအင်သည် ကောင်းကင်သို့ ပြန်တက်၍ မြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ကြီးမားသော ဓားအကာအကွယ်အဖြစ်ပြောင်းလဲသွားသည်။ ဝမ်စီနန်သည် သူမ၏ ဌာနချုပ်တွင် ဆေးကုသမှု ခံယူနေချိန်တွင် ရုတ်တရက် သူမ၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားကာ ဓားချီနှင့် ပြည့်နေသော ကောင်းကင်ကို မော့ကြည့်၍ မယုံနိုင်ဖြစ်နေသည်။

"ဒါက ရှင့် ခွန်အားအစစ်ပဲလား" ဝမ်စီနန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။

ဤအခိုက်အတန့်တွင် ဒုစရိုက်မြို့တော်အတွင်းရှိ မရေမတွက်နိုင်သော ထိပ်တန်းတိုက်ခိုက်ရေးသမားများသည် ကောင်းကင်ယံကို ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။

"အဲတာဘာလဲ"

ရွှယ်အန်းသည် လေထုအလယ်တွင် ရပ်နေ၍ အသံသည်လည်း အေးဆေးတည်ငြိမ်နေသည်။

"သွားတော့"

အမိန့်ပေးပြီးနောက် ဓားချီက မိုးရွာသကဲ့သို့ ကျလာသည်။

ထိုည ဒုစရိုက်မြို့တော်အတွင်းမှ ခွင့်လွှတ်၍မရနိုင်သော အပြစ်သားတိုင်းသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

ရွှယ်အန်းရဲ့ နာမည်က အဘက်ဘက်သို့ ကြောက်မက်ဖွယ်ကောင်းစွာပျံ့နှံ့သွားသည်။

အခန်း(၂၈၈) ပြိုင်ဘက်ကင်း ဓားတစ်စင်း၏ စွမ်းအား

ရုရှားနိုင်ငံ ဉာဏ်ရည်အထူးပြု အေဂျင်စီ။

“သူဌေး ဒါ ဒုစရိုက်မြို့တော်က အရေးတကြီး လျှို့ဝှက်ထားတဲ့ဖိုင်တစ်ခုပဲ။ ကြည့်ကြည့်မလား” အေးဂျင့်တစ်ယောက်က ပြောသည်။

ထောက်လှမ်းရေးအကြီးအကဲ ချွေ့ရှီသည် ကော်ဖီတစ်ခွက်ကို အေးဆေးစွာသောက်နေ၏။

“ဒုစရိုက်မြို့တော် ဟုတ်လား။ အဲ့ကနေဘယ်လိုဖိုင်မျိုးရနိုင်မှာလဲ။ လူသတ်မှုလား”

ချွေ့ရှီ၏ စကားများကြောင့် လူအများက ရယ်မောလိုက်ကြသည်။ ဒုစရိုက်မြို့တော်သည် ရုရှားနိုင်ငံအတွင်းမှ ဥပဒေမဲ့နယ်မြေတစ်ခုဖြစ်သည်။ ထိုနေရာ၌ တစ်စုံတစ်ယောက်သေခြင်းကို မည်သူမျှ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။

ချွေ့ရှီက ဖိုင်ကို ယူကာ စတင်၍ ကော်ဖီတစ်ငုံသောက်လိုက်သည်။

...

Pfft

သူ စတင်၍ တစ်ကြောင်း ဖတ်လိုက်သည့်အခိုက်၌ပင် ပါးစပ်ထဲမှ ကော်ဖီများ မတော်တဆ ထွေးထုတ်လိုက်မိ၏။

"သူဌေး ဘာဖြစ်တာလဲ” လူတစ်ယောက်က အံ့အားသင့်စွာမေးသည်။

“အဲ့တာ သူပဲ။ သူက ငါထင်ထားတာထက်တောင် ပိုကြောက်ဖို့ ကောင်းတယ်။ မဖြစ်ဘူး။ ဒီကိစ္စကို အေဂျင်စီ ဒါရိုက်တာကို ချက်ချင်း အကြောင်းကြားရမယ်”

ဤသို့ပြော၍ အခြား မည်သည့်ကိစ္စကိုမျှ ဂရုစိုက်ခြင်းမရှိဘဲ အပေါ်ထပ်သို့ ထွက်ပြေးသွားသည်။

တံခါးဝသို့ရောက်သောအခါ သူသည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် အနှောက်အယှက်မပေးဘဲ တံခါးကို လှမ်းဆွဲလိုက်သည်။

“လေးစားအပ်ပါသော ဒါရိုက်တာကြီးခင်ဗျား…”

ချွေ့ရှီ အံ့သြသွားရသည်။ ဤအခိုက်အတန့်တွင် ကျယ်ပြောလှသော ရုံးခန်းထဲ၌ ကြယ်များ လင်းလတ်စွာ တောက်ပနေ၏။ ထို့အပြင် သူ၏ အထက်အရာရှိဖြစ်သည့် ကျော့ရှင်း၍ ကျက်သရေရှိသော အဘွားကြီးသည် ထိတ်လန့်တကြားဖြစ်နေသော မျက်နှာဖြင့် စက်ခရင်ကို မော့ကြည့်လျက်ရှိသည်။ ဖန်သားပြင်ထက်၌ ဒုစရိုက်မြို့တော်တစ်ခုလုံးကို ဓားစွမ်းအင်များဖြင့် ဖုံးလွှမ်းထားသည်ကို မြင်ရသည်။ မရေမတွက်နိုင်အောင်များပြားလှသည့် လူဆိုးများကို အစိတ်စိတ်အမွှာမွှာ မိုးရေကဲံသို့ ခုတ်ပိုင်းပစ်နေသည်ကို မြင်လိုက်ရသောအခါ ရုံးရှိလူတိုင်း ထိတ်လန့်နေကြသည်။ ဖန်သားပြင်ထက်မှ မြင်ကွင်းများအဆုံးသတ်သွားသောအခါ မဒမ်အမ်ဟုလူသိများသောအမျိုးသမီးက အရူးအမူးမေးလိုက်သည်။

“ဗိုလ်ချုပ် ဒီလူကို ဆန့်ကျင်ဖို့ ကျွန်မတို့ မှာ နည်းလမ်းကောင်းတွေရှိလား”

ရုရှားနိုင်ငံ၏ စစ်တပ်မှ စစ်ဗိုလ်ချုပ်သည် အလွန်လေးနက်သော အကြည့်ဖြင့် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းယမ်းလိုက်သည်။

“သူ့စွမ်းအားကို အဖြေရှာလို့မရလောက်ဘူး။ ကျွန်တော်တို့က နည်းဗျူဟာမြောက်နျူကလိယလက်နက်မသုံးသ၍ သူတို့ကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းမရှိဘူး”

ဗိုလ်ချုပ်၏ စကားများက အခန်းတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။

“သူ့ကို အနီးကပ်စောင့်ကြည့်ထားပါ။ တစ်ခုမှတ်ထားရမှာက သူ့ကို လုံးဝရန်သွားမစပါနဲ့။ အနည်းဆုံး ကျွန်မတို့မှ သတင်းကောင်းရှိထားတယ်။ ကျွန်မတို့ အရှေ့အင်မော်တယ်မှာ နယ်မြေတွေရှိတယ်။ နောက်ပြီး သူသတ်ခဲ့တဲ့လူတွေအားလုံးက ခွင့်လွှတ်လို့မရတဲ့ လူဆိုးတွေချည်းပဲ” မဒမ်အမ်က ခါးသက်စွာပြုံး၍ ပြောလိုက်သည်။

နိုင်ငံအသီးသီးတွင်လည်း အလားတူမြင်ကွင်းများက ပျံ့နှံ့လျက်ရှိကာ မရေမတွက်နိုင်အောင်များပြားလှသောလူများက ရွှဘ်အန်းကို မည်ကဲ့သို့ အနိုင်ယူရန် လုပ်ဆောင်နိုင်မည်ကို တွက်ချက်နေကြသည်။ သို့သော် ဤတွက်ချက်မှု၏ ရလဒ်များသည် ထိပ်တန်းလက်နက်များကို အသုံးမပြုဘဲ ရွှယ်အန်း၏ စွမ်းရည် များကို မဖြေရှင်းနိုင်လုနီးပါးဖြစ်နေကြောင်း ပြသနေသည်။

နိုင်ငံအများအပြား၏ ထောက်လှမ်းရေးဝန်ထမ်းများသည် ရွှယ်အန်း၏ ခြိမ်းခြောက်မှုအဆင့်ကို အမြင့်ဆုံးသော အဆင့်မြှင့်တင်ပြီးနောက် သတင်းပေါက်ကြားသွားကာ အထိတ်တလန့်မပြန့်ပွားစေရန်အတွက် သတင်းလမ်းကြောင်းများကို ပိတ်ဆို့လိုက်ကြသည်။ ဤအဖြစ်အပျက်ကြောင့် ပြင်ပကမ္ဘာကြီး ကမောက်ကမဖြစ်ခဲ့ရသကဲ့သို့ ရွှယ်အန်းသည်လည်း မိုင်းတွင်းရှေ့တွင် သုံးက်ကြာ ငြိမ်သက်စွာ နေခဲ့သည်။ ဤသုံးရက်အတွင်း စွန့်ပစ်ထားသော သတ္တုတွင်းဧရိယာ၏ နှစ်ကီလိုမီတာ ဝန်းကျင်အတွင်းသို့ မည်သူမျှ ခြေလှမ်းမလှမ်းဝံ့ကြပေ။ ရွှယ်အန်း၏ မြေကြီး ဖြိုခွင်းနိုင်လောက်သောဓားသည် အလွန်အမင်း ကြောက်လန့်ဖွယ်ကောင်းနေသည်ဖြစ်ရာ ယခုအချိန်တွင် ၎င်းတို့က ဒုစရိုက်မြို့တော်၏ လူဦးရေထက်ဝက်ခန့်ကို တိုက်ရိုက်လျှော့ချခဲ့သည်။

ကျုံးမိသားစုနှင့်အတူ ၎င်းတို့၏ အထင်ကရဖြစ်သော အနက်ရောင်မျှော်စင်သည်လည်း ပျောက်ကွယ်သွားသည်။

ဤကဲ့သို့ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် နည်းလမ်းမျိုးနှင့် ရင်ဆိုင်နေရချိန်တွင် မည်သူက ကြောက်လန့်နေလိမ့်မည်နည်း။

ဤအချိန်တွင် ရွှယ်အန်းသည် နောက်ဆုံး၌ မျက်လုံးများကိုဖွင့်ကာ မျက်နှာထက်၌ ပျော်ရွှင်မှုအပြည့်ရှိနေသည်။

“အဆင်သင့်ဖြစ်သွားပြီ”

သတ္တုတွင်းဧရိယာတစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်များ တစ်ဖန်ပြန်လည်မြင့်တက်လာပြီးနောက် မြေပြင်နှင့်နံရံများမှ ပန်းပွင့်များ တောက်ပစွာပွင့်လန်းနေသည်။ ရွှယ်အန်းက မတ်တပ်ထရပ်၍ သတ္တုတွင်းထဲသို့ ဝင်သွားသည်။

ဝိဉာဥ်စွမ်းအင်ကြောင့် အန်းယန်နှင့် သမီးဖြစ်သူတို့သည်လည်း စားရန်ပင်မလိုအပ်ခဲ့ပေ။ သို့သော် ကလေးမလေးနှစ်ယောက်နှင့် အန်းယန်တို့ မပျင်းရစေရန် ရွှယ်အန်းက အသစ်စက်စက် လက်တော့တစ်လုံးအပါအဝင် အဆာပြေမုန့်များနှင့် အရုပ်မျိုးစုံယူလာပေးခဲ့သည်။

ဤသို့ဖြင့် သုံးရက်အတွင်းတွင် အန်းယန်က ကလေးနှစ်ယောက်ကို ပျော်ရွှင်စွာ ဂိမ်းဆော့ကစားစေကာ မိုင်းတွင်းထဲ၌ပင် မုန့်များစားစေသည်။ ရရွှယ်အန်းက အတွင်းသို့ ပြန်ရောက်သောအခါ ပထမဆုံးအနေဖြင့် အန်းယန်၏ နောက်တွင် မတ်တပ်ရပ်နေသည်။ ဆိုရလျှင် ဤသတ္တုတွင်းရှိ ပတ်ဝန်းကျင်သည် သည်းထိန်ရင်ဖိုဂိမ်းများအတွက် ပြီးပြည့်စုံသည်။ ဥပမာအားဖြင့် ယခုအချိန်တွင် အန်းယန်က မျက်လုံးများကို မှိတ်ထားကာ ခပ်တိုးတိုးရေရွတ်၍ သည်းထိတ်ရင်ဖိုဂိမ်းတစ်ခု ဆော့ကစားနေသည်။ ရွှယ်အန်းက သူ့လက်ကို သူမ၏ ပခုံးပေါ်သို့ ညင်သာစွာတင်လိုက်သည်။ အန်းယန်က ကျယ်လောင်စွာအော်၍ ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်၏။

သူမလှည့်ကြည့်လိုက်သောအခါ ရွှယ်အန်းကို မြင်လိုက်ရသဖြင့် မိမိရင်ဘက်ကို ပုတ်လိုက်သည်။

“ရှင် ကျွန်မကို ကြောက်ပြီး သေအောင်လုပ်နေတာပဲ”

“ဘယ်လို ခံစားရလဲ”

“ဒီဂိမ်းက ပျော်စရာပဲ”

ရွှယ်အန်းက အနည်းငယ်မျှ ဆွံ့အသွားရသည်။

“လွန်ခဲ့‌တဲ့သုံးရက်အတွင်း မင်း ကျင့်ကြံရေးအဆင့် တိုးတက်တဲ့အခြေအနေကို မေးတာ”

အန်းယန်က ခဏတာမျှ တွေး၍ မျက်ခုံးပင့်လိုက်သည်။

“ဘယ်လိုပြောရမလဲဆိုတော့… နည်းနည်းတော့ တိုးတက်လာတယ်ထင်ရတာပဲ…”

ထို့နောက် သူ့မျက်ခုံးများ အနည်းငယ် ပြေလျော့သွားကာ အနားရှိ ဒယ်ပြားတစ်လုံးကို ဆွဲယူလိုက်သည်။

“ဒိုင်နိုဆောတစ်ကောင်ကို အခုချက်ချင်း ဒီဒယ်ပြးနဲ့သတ်နိုင်တယ်လို့ ငါခံစားမိတယ်”

ရွှယ်အန်းသည် အန်းယန်ကို ရယ်မောကာ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ ကိုယ်တို့ အခုသွားသင့်ပြီ”

“ဟမ် ဒီ ဝိဉာဥ်စမ်းရည်ကိုရော ဘယ်လိုလုပ်မှာလဲ”

“ဒါပေါ့ ကိုယ်တို့ ယူသွားကြမယ်လေ”

“ယူသွားမယ်ဟုတ်လား။ ဒါပေမယ့် ဒါရေကြီးလေ ဘယ်လိုယူရမှာလဲ” အန်းယန်က အနည်းငယ်စိတ်ရှုပ်လျက်ပြောသည်။

ရွှယ်အန်းက ပြုံးလိုက်သည်။

“ဒါပေါ့ ကိုယ်က မင်း ယောက်ျားပဲလေ… နည်းလမ်းတွေရှိတာပေါ့”

ထိုသို့ပြော၍ ရွှယ်အန်းက လက်များဖြင့် စည်းချိပ်တစ်ခုပြုလုပ်၍ ဝိဉာဥ်ရေးစမ်းချောင်းကို ညွှန်ပြလိုက်သည်။ စမ်းချောင်းသည် မြေပြင်မှ ရုတ်တရက် ကြွလာပြီးနောက် တဖြည်းဖြည်း ကျုံ့သွားကာ ရွှယ်အန်း၏ လက်ထဲသို့ ပျံတန်းလာသည်။ ထို့နောက် ၎င်းက တောက်ပသော ကျောက်မျက်ရတနာတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ သို့သော်လည်း ဤကျောက်မျက်ရတနာသည် ဝိဉာဥ်စွမ်းအင်များ ဖြာထွက်နေဆဲဖြစ်ကာ ၎င်းနှင့်အနီးအနားရှိ လူများကို ရွှင်လန်း၊ လန်းဆန်းစေနိုင်သည်။

အန်းယန်သည် ပင်လယ်နတ်ဆိုးသွေးပုတီးစေ့ပါသည့် လည်ဆွဲကို ဝတ်ဆင်ထားကာ ရွှယ်အန်းက ယင်းထဲသို့ ထိုရတနာကို ထည့်ပေးလိုက်သည်။ ထို့နောက် သူက ကျေနပ်စွာ လက်ခုပ်တီးလိုက်၏။

“ပြီးပြီ မင်း ဘယ်သွားသွား ဝိညဥ်ရေးစမ်းချောင်းကို သယ်သွားလို့ရပြိလေ”

အန်းယန်က အပြည့်အဝ နားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်။ အနန္တစကြဝဠာရှိ အင်မော်တယ်ဂိုဏ်းမှ တပည့်များပင်လျှင် ထိုသို့သော အခွင့်အရေးမျိုးမရှိသည်ကို သူမမသိခဲ့ပေ။ ဝိဉာဥ်ရေးစမ်းချောင်းသည် သူမ သွားလေရာရာသို့ သယ်‌ဆောင်သွားနိုင်သော ကျောက်ပုတီးတစ်စေ့ဖြစ်လာသည်။ စည်းစိမ်ဥစ္စာကြွယ်ဝသော ဂိုဏ်းတစ်ခုကသာ ထိုအရာကိုလုပ်နိုင်သည်။

ရွှယ်အန်းကဲ့သို့ တစ်စုံတစ်ယောက်ကသာလျှင် သူ့ဇနီးပေါ်၌ စေတနာရှိပေလိမ့်မည်ပင်ဖြစ်၏။

“ယောက်ျား ကျွန်မတို့ အိမ်ပြန်ကြမှာလား” အန်းယန်က မေးသည်။

“အလျင်စလိုမလုပ်ပါဘူး။ ကိုယ်တို့မှာ ဘာမှ ထူးထူးခြားခြားလုပ်စရာလည်းသိပ်မရှိဘူးလေ။ ကိုယ်တို့ လောင်ရှီရဲံ ပေါင်းစပ်နည်းပညာကို သွားကြည့်ကြရအောင်” ရွှယ်အန်းက ခပ်ပါးပါးရယ်၍ ပြောလိုက်သည်။

ဒုစရိုက်မြို့တော်

လောင်ရှီသည် စားသောက်ဆိုင်တွင် ပျော်ပါးလျက် အလုပ်များနေသည်။ ဒုစရိုက်မြို့တော်၏ လူဦးရေထက်ဝက်ခန့်လျော့သွားသော်လည်း စီးပွားရေးကမူ ပို၍ ကောင်းမွန်လာသည်။ သေဆုံးသွားသူများသည် လူ့အဖွဲ့အစည်း၏ အဆိုးတကာ့အဆိုးဆုံးသူများဖြစ်ကြကာ ယခုအခါ၌ ဒုစရိုက်မြို့တော်တွင် လူထုစည်းစိမ်က သိသိသာသာ တိုးတက်လာခဲ့သည်။

စားသောက်ဆိုင်ထဲ၌ ရန်ပွဲများ ထပ်မံဖြစ်မလာတော့ပေ။ ဤကောင်းကျိုးများအားလုံးသည် ထိုလူ့ကြောင့်သာဖြစ်သည်။

ဤသည်ကိုတွေး၍ လောင်ရှီက အနည်းငယ်ရင်ထဲထိသွားသည့်အလားခံစားလိုက်ရသည်။ တစ်ချက်ကြည့်လျှင် သာမန်လူဖြစ်လိမ့်မည်ဟုထင်ရသူက ဤမျှ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းနေလိမ့်မည်ဟု မည်သူကထင်လိမ့်မည်နည်း။

လောင်ရှီသည် သိုင်းပညာရှင်များက သူ့၏ ဓားသိုင်းစွမ်းရည်ကအနှိုင်းမဲ့သည်ဟူသော ပြောစကားများကို သဘောကျစွာနားထောင်လျက်ရှိသည်။ ထို့အတူ လောင်ရှီ၏ စားသောက်ဆိုင်က ပို၍ ကြွယ်ဝအောင်မြင်လာသည်။ ရွှယ်အန်းက ဒုစရိုက်မြို့တော်သို့‌ ရောက်သောအခါတွင် သူသည် ဤစားသောဆိုင်တွင် အမှန်တကယ်ပင်တည်းခိုခဲ့ကြောင်း လူများစွာက သိသောကြောင့် ပြေးလာခဲ့ကြသည်။

ရွှယ်အန်းက စားသောက်ဆိုင်ထဲသို့ ၀င်သွားသောအခါ မျက်မှန်များကို သန့်ရှင်းရေးလုပ်နေသော လောင်ရှီက တံခါးသံကို ကြားလိုက်သည့်တိုင် ခေါင်းမမော့ဘဲ ပြောလိုက်သည်။

“ကျွန်တော်တို့ မဖွင့်သေးပါဘူး။ နောက်မှ ပြန်လာခဲ့ပါ”

ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"သောက်ရုံပါပဲ။ ကျွန်တော် ပြီးတာနဲ့ထွက်သွားပါ့မယ်”

လောင်ရှီက ထိုအသံကို ကြားသောအါခ တင်းမာသွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာမော့၍ ရွှယ်အန်းကို ကြည့်လျက် အချိန်အတန်ကြာပြီးနောက်မှ ရိုသေစွာပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်”

All Chapters