အခန်း (၂၈၉-၂၉၁)
Vol. 20 Ch. 289-291
အခန်း(၂၈၉) ခွန်းလွန်လူဆိုးက ပေကျန်းကို ရောက်လာတယ်
အဖျော်ယမကာများကို အမြန်အဆန်ပြင်ဆင်ပေးခဲ့ရာ လောင်ရှိက အန်းယန်နှသ့် သမီးဖြစ်သူတို့အတွက် သစ်သီးဖျော်ရည်သုံးခွက်ကို စဉ်းစဉ်းစားစား ရောစပ်ပေးလိုက်သည်။ ရွှယ်အန်းသည် ဖန်ခွက်ကို ကိုင်လျက် ဖြည်းညှင်းစွာ တစ်ငုံသောက်လိုက်သည်။
လောင်ရှီက အဝေးရှိ အကွယ်မှကြည့်လျက် အနားသို့ မတိုးဝံ့ပေ။
“အခု အရိုးမိစ္ဆာ ဘယ်လိုနေနေလဲ” ရွှယ်အန်းက မသိမသာမေးလိုက်သည်။
ထိုနေ့ပြီးနောက် အရိုးမိစ္ဆာသည် ဒုစရိုက်မြို့တော်သို့ပြန်လာခဲ့သည်။
…
လောင်ရှီက ပြော၏။
"တော်တော်ကောင်းပါတယ်၊ သူတရားဝင်စီးပွားရေးလုပ်ငန်းအနည်းငယ်ကို ထူထောင်ပြီး မကောင်းမှုတွေလုပ်နေတာကို ရပ်လိုက်ဖို့ စီစဉ်နေတယ်လို့ ကျွန်တော်ကြားပါတယ်"
ရွှယ်အန်းက ပြုံးလိုက်သည်။ နတ်ဆိုးများသည်လည်း ၎င်းတို့၏သဘောသဘာဝကို ပြောင်းလဲနိုင်ပါသလား။
ထိုအချိန်တွင် ဘားတံခါးကို တွန်းဖွင့်၍ ဝမ်စီနန် ဝင်လာသည်။
“လောင်ရှီ”
ထို့နောက် ရွှယ်အန်းကို မြင်လိုက်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားသည်။ ရွှယ်အန်းက ပြုံးကာ သူ့ခွက်ကို မြှောက်လိုက်၏။
"တိုက်ဆိုင်လိုက်တာပဲ”
ဝမ်စီနန်သည် အသက်ပြင်းပြင်းရှူကာ အန်းယန်အား ပြုံးပြကာ ဦးစွာ ခေါင်းညိတ်၍ လျှောက်လာခဲ့သည်။
"ကျွန်မကို ‘ဆည်းဆာအချစ်ည’ တစ်ခွက်ပေးပါ”
ထိုသို့ပြော၍ သူမက မသောက်ဘဲ ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် ခပ်တိုးတိုး ပြောလိုက်သည်။
“ရှင်ပြန် ဖို့ ပြင်ဆင်နေပြီလား”
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ငါသွားမှဖြစ်တော့မယ်”
ဝမ်စီနန်က သူ့ဖန်ခွက်ကို မြှောက်၍ ပြောလိုက်သည်။
"ရှင် ခရီးလမ်းဖြောင့်ဖြူးဖို့ ဆုတောင်းပေးပါတယ်”
ရွှယ်အန်းက ပြုံးလိုက်သည်။
"ဒါဆို မင်းအတွက် ငါဘာတွေ ဆုတောင်းပေးရမလဲ"
ဝမ်စီနန်အနည်းငယ် ရှက်သွားပြီးနောက် ခဏအကြာတွင် ပြန်ဖြေသည်။
“တကယ်တော့ ဒီကိုလာဖို့ အတင်းအကြပ် ခိုင်းစေခံရတဲ့ မိန်းကလေး တော်တော်များများမှာ ကျန်နေသေးတဲ့ တခြားနည်းလမ်း မရှိတော့ပါဘူး”
“ရှင်းပြနေစရာ မလိုပါဘူး ငါက သူတော်စင် မဟုတ်ဘူး၊ အမှောင်ဆိုတာ ရှိလိမ့်မယ် ၊ ငါက သူတို့ ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ရာဇ၀တ်မှုတွေကြောင့် သတ်ခဲ့တာမဟုတ်ဘူး။ သူတို့က… ငါ့ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်နေလို့ပဲ”
ဤရှင်းပြချက်ကြောင့် ဝမ်စီနန်က ခါးသက်စွာပြုံးလိုက်သည်။
သူစိတ်အနှောက်အယှက်ဖြစ်လို့ မြို့တစ်ဝက်ကို ဓားတစ်ချောင်းနဲ့ဖျက်ဆီးပစ်တာလား။
ရွှယ်အန်းသည် ဒုစရိုက်မြို့၌ အရက်သောက်နေစဥ်၊
ဟွာရှား၊ ပေကျင်းတွင်မူ ထန်ရွှမ်အာက ရှောင်ရှကို ဦးဆောင်၍ အိမ်သို့ပြန်ရန် စီစဥ်နေသည်။
ယခုအခါ ထန်ရွှမ်အာသည် ဤဘဝပုံစံကို အသားကျနေပြီဖြစ်သည်။ ရှောင်ရှကို ခေါ်သွား၍ အလုပ်လုပ်ပြီးအပြန်တွင် လမ်းရှိ ဟင်းသီးဟင်းရွက်အချို့ဝယ်ခြင်းက သာမန်ရိုးရှင်းသော နေ့တစ်နေ့သာဖြစ်သည်။
"ရွှမ်အာ ပြန်သွားပြီလား" လူတစ်ယောက်က ပြုံး၍ နှုတ်ဆက်လိုက်သည်။
ထန်ရွှမ်အာက ပြုံး၍ ခေါင်းညိတ်သည်။ ယခုအခါ ထန်ရွှမ်အာသည် ဆေးရုံတွင် နာမည်ကြီးလာခဲ့သည်။
သူမရဲ့ အလှကြောင့်သာမက ပိုအရေးကြီးသည်မှာ သူမ၏ နောက်ခံကြောင့်သာဖြစ်သည်။ ဆေးရုံရှိ လုပ်ဖော်ကိုင်ဖက်များသည်ချင်းမိသားစုမှ မိန်းကလေး ချင်းယွီကို တစ်ကြိမ်ထက်မက မြင်ဖူးကြကာ ထန်ရွှမ်အာကို လာကြိုရန် ကိုယ်တိုင်ကိုယ်ကျ ကားမောင်းလာကာ လာခေါ်ခဲ့သည်။
ချင်းမိသားစုမှ မိန်းကလေး ချင်းယွီ
ဤသည်ကား ပုံမှန်အဆင့်မဟုတ်ပေ။
ပြတ်ပြတ်သားသားပြောရလျှင် ဆေးရုံဒါရိုက်တာပင်လျှင် သူမနှင့်တွေ့ဆုံရန် အရည်အချင်းမရှိပေ။ လူများစွာသည် ထန်ရွှမ်အာကို ပို၍ ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ကြကာ ၎င်းတို့နှင့်ပတ်သက်၍ ထန်ရွှမ်အာက ရယ်ရုံသာရယ်ခဲ့သည်။ ၎င်းတို့နှစ်ယောက် ဆေးရုံတံခါးများမှ ထွက်လာသောအခါ ရှောင်ရှက မသိမသာ အရှေ့သို့ ဦးတည်သွားသည်။
"ဟဲ့ ဟိုကိုသွားပြန်တော့ ငါတို့တစ်ရက် အနားယူလို့မရဘူးလား ရှက်တယ်သိလား။" ထန်ရွှမ်အာက ရှောင်ရှနောက်ကို လိုက်ကာ ကူကယ်ရာမဲ့ ပြောလိုက်သည်။
သို့သော် ရှောင်ရှသည်မကြားသည့်ဟန်ဖြင့် ရှေ့တည့်တည့်သို့သာ ဆက်သွားသည်။ ခဏအကြာတွင်ဆိုင်ရှေ့သို့ရောက်လာကြသည်။ အလုပ်သင်လူငယ်က သူ့အလုပ်အပေါ် အလွန်အမင်းအာရုံစိုက်နေရသော်လည်း ထန်ရွှမ်အာကို မြင်လိုက်သည်နှင့် ချက်ချင်းပင် လျှပ်စီးလတ်သကဲ့သို့ လင်းထိန်သွားသည်။
“အစ်မ ရောက်ပြီလား”
ထန်ရွှမ်အာက ခေါင်းညိတ်လိုက်သည်။
"ပုံမှန်လား"
"ထည့်... နောက်ထပ် ဆယ်ပေါင်ထပ်ထည့်" ထန်ရွှမ်အာက မျက်နှာအနည်းငယ်နီမြန်းလျက် ပြော၏။
"ဟုတ် ရပါတယ် ခဏစောင့်ပါ" အလုပ်သင်လူငယ်သည် ချက်ပြုတ်ထားသော အစားအစာများကို ခုတ်ထစ်ခဲ့ပြီးနောက် မကြာခင်၌ပင် ပေါင်ချိန် လေးဆယ် ငါးဆယ်ဝန်းကျင်ရှိသော ချက်ပြုတ်ထားသည့်ဟင်းများထည့်ထားသော အိတ်ကြီးတစ်ထုပ်က အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
“အစ်မ သယ်သွားလို့ရလား။ ဒလီပို့ပေးရမလား”
“မလိုပါဘူး ကျေးဇူးတင်ပါတယ်” ထန်ရွှမ်အာချက်ပြုတ်ထားသော အစားအစာအိတ်ကို ယူကာ လှည့်ကာ ထွက်ခွာသွားသည်။
အလုပ်သင်သည် ထန်ရွှမ်အာ၏ နောက်ကျောကို ကြည့်၍ အနည်းငယ်မှင်သက်နေမိသည်။
ထိုအချိန်တွင် လူတစ်ယောက်က သူ့ခေါင်းကို ခေါက်လိုက်သည်။
"သူဌေး"
“မင်း ဆက်ကြည့်နေတုန်းပဲ ဆက်ကြည့်နေရင် မင်းရဲ့မျက်လုံးတွေတောင် ပေါက်ထွက်သွားလိမ့်မယ်”
အလုပ်သင်က ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်… ကျွန်တော် ကြည့်ရုံကြည့်နေတာပါ”
ပိုင်ရှင်က သက်ပြင်းချလိုက်သည်။
“ငါမင်းကို ပြောမယ်။ ဒီမိန်းကလေးက သာမန်မိသားစုကမဟုတ်ဘူးဆိုတာ သိသာနေတာကို အခြားအတွေးတွေ တွေးမနေနဲ့တော့ နားလည်လား”
“ဟုတ်” အလုပ်သင်က ခေါင်းငုံ့ကာ ပြန်ဖြေသည်။
သို့သော် ချက်ချင်းဆိုသကဲ့သို့ပင် လမ်းကို ဖြတ်၍ ရှေ့သို့လျှောက်လာသော လူများစွာကို သူ့မျက်လုံးထောင့်မှ မြင်လိုက်ရသည်။ ဤသည်က သာမန်မဟုတ်ပေ။
‘ဒီယောက်ကျားတွေက အဲ့အစ်မနောက်ကို လိုက်လာတာထင်တယ်’
‘သူတို့ နောက်ယောင်ခံလိုက်နေကြတာလား’
အလုပ်သင်၏ ဆံပင်များ ထောင်တက်သွားသည်။
‘မကောင်းဘူး’
‘အစ်မ အန္တရာယ်ရှိနေပြိ။ သူ့ကို ကယ်ရမယ်’
ထိုအတွေးဖြင့် အလုပ်သင်သည် သူ၏အလုပ်အဝတ်အစားများကိုပင် မချွတ်ဘဲ သူ့သူဌေး၏ ကြိမ်းမောင်းသံများဆီမှ အဝေးသို့ထွက်လာခဲ့သည်။ ထိုအချိန်တွင် လူအနည်းငယ်က တိတ်ဆိတ်စွာ ဆွေးနွေးနေကြသည်။
“ဒီကောင်မလေး အရမ်းလှတယ်။ ခွန်းလွန်မှ အဲ့လို မြင်ခဲတယ်” လူတစ်ယောက်က ဒေါသတကြီးပြောလိုက်သည်။
“မှန်တယ်။ အဓိကကတော့ သူ့ ဖြူစင်တဲ့ ရောင်ဝါပဲ။ သေချာပေါက် သူက အပျိုပဲဖြစ်မယ်” နောက်တစ်ယောက်က လောဘကြီးသောအမူအရာဖြင့်ပြောသည်။
“ဒါပေမယ့် သေမျိုးတစ်ကောင်ပါ ခွန်းလွန်ရဲ့ နှင်းတစ်ထောင်ဂိုဏ်းက နှင်းတစ်ထောင် နတ်သမီးကို ဘယ်လိုလုပ် စော်ကားနိုင်မှာလဲ”
“ဘယ်သူသိမလဲ သူ့ကို ခေါ်သွားရုံနဲ့ ပိုက်ဆံရမှာလို့”
အမှန်မှာ ဤလူများသည် ခွန်းလွန်၏ အင်မော်တယ်နယ်မြေမှဖြစ်သည်။
၎င်းတို့ကို နှင်းနတ်သမီးတစ်ထောင်ဂိုဏ်းမှ အထူးစေလွှတ်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်သည် ကန့်သတ်ချက်မရှိသဖြင့် သေမျိုးလောကထဲသို့ ဝင်ရောက်ရန် လုံလောက်သောကြောင့် ၎င်းတို့ကို ထိုသို့သော အလုပ်များအတွက် ပြီးပြည့်စုံစေသည်။ သို့သော် ထန်ရွှမ်အာသည် ဤအရာကို လုံးလုံးလျားလျားသတိမမူမိခဲ့ပေ။ မကြာမီ၌ပင် သူမသည် လူဆိတ်ညံနေသော ပျက်ဆီးနေသည့် နေရာတစ်ခုသို့ရောက်သွားသည်။
ယခင်က ထန်ရွှမ်အာသည် ဤနေရာတွင် လမ်းလျှောက်ဝံ့ခြင်းမရှိပေ။
သို့သော် ယခုအချိန်တွင် ရှောင်ရှက သူ့အနား၌ ရှိနေပြီဖြစ်သောကြောင့် မည်သို့သော ကိစ္စမျိုးရှိစေကာမူ ပြဿနာမရှပေ။ သူမနောက်သို့ လိုက်နေသော ယောက်ျားအချို့က တစ်ယောက်ကို တစ်ယောက်ကြည့်၍ ရမ္မက်ကြီးစွာပြုံးနေကြသည်။
"ဒီမှာ လုပ်ရအောင်၊ သူ့ကို ဖမ်းပြီး ခွန်းလွန်ကို ပြန်ခေါ်သွားကြမယ်”
"ကောင်းပြီ မင်းတို့ လှုပ်ရှားတော့”
လူအနည်းငယ်က ရှေ့သို့ အပြေးအလွှားပြေးလာသောအခိုက်အတန့်တွင် အလုပ်သင်က အပြင်းအထန်မောဟိုက်နေပြီဖြစ်သော်လည်း ထိုယောက်ျားများ၏ မျက်နှာထက်မှ အကြည့်များကို မြင်လိုက်ရသောကြောင့် ကျယ်လောင်စွာ အော်လိုက်သည်။
"မိန်းကလေး ပြေးတော့"
ထန်ရွှမ်အာလန့်သွားသဖြင့် လှည့်ကြည့်လိုက်သောအခါ ယောကျ်ားများက သူမကို တဏှာလောဘဖြင့် ကြည့်နေကြသည်ကိုမြင်လိုက်ရသည်။
“အဲ့ကောင်က ဘယ်သူလဲ” ဤသို့ပြော၍ ထို ယောက်ျားက လက်ကို ဝှေ့ယမ်းလိုက်သောအခါ အလုပ်သင်သည် ရွှံ့မြေကွက်လပ်တစ်ခုထဲသို့ လွင့်ထွက်သွား၍ ရုန်းကန်လျက် ပြန်၍ မထနိုင်ပေ။
ဤမြင်ကွင်းကို မြင်လိုက်ရသော်လည်း ထန်ရွှမ်အာက ထိတ်လန့်တုန်လှုပ်သွားသည်။ ၎င်းတို့သည် သိုင်းပညာလေ့ကျင့်သူများပင်ဖြစ်ကြသည်။
“ဟေး ကောင်မလေး၊ ငါတို့နဲ့ ပူးပေါင်းလိုက်ပါ၊ ငါတို့ မင်းကို ဒုက္ခမပေးဘူး” အမျိုးသားတစ်ဦးက လှောင်ပြောင်သည်။
ထို ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုက ထန်ရွှမ်အာကို ဖုံးလွှမ်းသွားသည်။ ထန်ရွှမ်အာက ဖျော့တော့လျက် ခန္ဓာကိုယ်သည်လည်း အနည်းငယ် တုန်ရီလာသည်။ ထိုအချိန်တွင် ရှောင်ရှက အေးစက်စွာ နှာမှုတ်လျက် ထန်ရွှမ်အာ၏ ရှေ့တွင် ရပ်နေသည်။ ယခုအခါ ထန်ရွှမ်အာသည် ၎င်း၏ အစားအသောက်များနှင့် အဝတ်အစားများကို ပံ့ပိုးထောက်ပံ့ပေးခဲ့ရာ သူမသာ မရှိလျှင် အရသာရှိသော ကြက်ကင်များကို စားနိုင်တော့မည်မဟုတ်၊ ရေကန်ထဲ၌ နေ့စဥ် ငါးဖမ်းနေရပေလိမ့်မည်။
ထို့ကြောင့် ထန်ရွှမ်အာကို အန္တရာယ်ပြုရန် သတ္တိရှိသူများအတွက် ကြောက်ရွံ့ခြင်းဟူသည် မည်သည့်အရာဖြစ်ကြောင်း ၎င်းတို့ကို သွန်သင်ဆုံးမရန် တုံ့ဆိုင်းနေလိမ့်မည်မဟုတ်ပေ။ ယောက်ျားများသည်လည်း တအံ့တသြရပ်နေမိကြသည်။
‘ရုတ်တရက်ကြီး ခွေးတစ်ကောင် ဘယ်လို ပေါ်လာတာလဲ’
၎င်း၏ မျက်လုံးများတွင်… အထင်သေးမှုများနှင့်ပြည့်နေသည်။
‘ခွေးက ကဲ့ရဲ့တာ ခံနေရတာလား’
အခန်း (၂၉၀) သန့်စင်သော ယင်စွမ်းအင်ခန္ဓာကိုယ်
"သေစမ်း ခွေးဆိုးလေးတစ်ကောင်ပါပဲ။ မြန်မြန် လုပ်ကြသွား မြန်မြန်လုပ်ကြ သွား" လူတစ်ယောက်က အော်လိုက်သည်။
အဖွဲ့က အသိပြန်ဝင်လာပြီးနောက် ချက်ချင်းဆိုသကဲ့သို့ပင် အတူတကွ ချီတက်လာကြသည်။ ရှောင်ရှသည် အဖွဲ့ကို အေးစက်စွာကြည့်နေကာ သူ၏ နှုတ်ခမ်းထောင့်များ၌ အထင်သေးသော အပြုံးတစ်ခု ပေါ်လာသည်။
၎င်းတို့ နီးကပ်လာသောအခါမှသာ ရှောင်ရှက လက်တစ်ဖက်ကို မြှောက်လိုက်သည်။
ဘမ်း
…
“ဒါက နတ်သားရဲတစ်ကောင်ပဲ။ မြန်မြန်လုပ်ကြ အဆောင်သုံးပြီး ထိန်းချုပ်ကြစမ်း”
လူအားလုံးက အဆောင်ကျောက်တုံးတစ်တုံးထုတ်ကာ ရှောင်ရှဆီသို့ ပစ်လိုက်ကြသည်။ သို့သော် ရှောင်ရှက ရှောင်တိမ်းသွားခြင်းအလျင်းမရှိပေ။ ဤလူများ၏ မျက်နှာများ၌ ဆိုးရွားသော အပြုံးများပေါ်လာသည်။
ဤသည်ကား နတ်ဆိုးများကို ဖိနှိပ်နိုင်သည်ဟု လူသိများသည့် ခွန်းလွန် အင်မော်တယ်နယ်မြေမှ ကောင်းကင် ဆရာများဖန်တီးထားသော နတ်ဆိုးဖိနှိပ်ရေးကျောက်ဖြစ်သည်။ ရှောင်မပြေးလျှင် ဤနတ်ဆိုးသားရဲ၏ ဉာဏ်ရည်က အလွန်အမင်း မမြင့်ကြောင်း ပြသနေခြင်းဖြစ်သည်။ သို့သော် ဤကျောက်ဆုံးများက ရှောင်ရှဆီသို့ ရောက်ခါနီးတွင် သူက ရုတ်တရက် ပါးစပ်ကို ဖွင့်၍ သွားများဖြင့် ကျောက်တုံးများကို ဖမ်းလိုက်သည်။
၎င်းတို့အားလုံးထိတ်လန့်သွားကြသည်။ ရှောင်ရှက သွားများဖြင့် ထိုမှော်ကျောက်တုံးများကို အမှုန့်ဖြစ်စေရန် ကြိတ်ပစ်လိုက်သည်။ ထို့နောက် ခေါင်းကို ပြန်ငုံ့လိုက်သည်။
နဂါးကြီး၏ ရွတ်ဆိုသံတစ်ခုက အနီးပတ်ဝန်းကျင်ကို တုန်လှုပ်စေခဲ့သည်။ ရှောင်ရှ၏ တစ်ကိုယ်လုံး လျင်မြန်စွာ ဖောင်းပွလာ၍ သူ၏ ပုံစံအစစ်အမှန် ပေါ်ထွက်လာသည်။ ကျောက်လုံက လူတိုင်းရှေ့တွင်ပေါ်လာကာ ယောက်ျားများကို အေးစက်စွာကြည့်နေသည်။
“သေစမ်း တကယ်က ကျောက်လုံပဲ” ယောက်ျားများက တအံ့တသြအော်လိုက်ကြသည်။
“ဒီကမ္ဘာပေါ်မှာ နဂါးတွေမရှိတော့ဘူးလို့ ပြောကြတယ်မဟုတ်ဘူးလား” လူတစ်ယောက်က စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်၏။
ရှောင်ရှသည် ၎င်းတို့၏ အော်သံကို ဂရုမစိုက်ဘဲ ပါးစပ်ကိုဖွင့်လိုက်ရာ အနက်ရောင်မြူခိုးများက လူများကို ဖုံးလွှမ်းသွားသည်။ အနက်ရောင်မြူခိုးများကြောင့် သွေးရေများအဖြစ်ပြောင်းလဲသွားပြီးနောက် ရုန်းကန်ရင်ပင် အချိန်မရလိုက်ကြဘဲ ခြေရာမကျန်ဘဲ ပျောက်ကွယ်သွားသည်။ ယောက်ျားများကို အလွယ်တကူ လွင့်ထွက်သွားစေပြီးနောက် ရှောင်ရှသည် ပတ်ဝန်းကျင်သို့ စူးစမ်းလေ့လာ၍ သူ၏ ကြီးမားသော မျက်လုံးများဖြင့် အေးစက်စွာကြည့်လိုက်သည်။
ရွှံ့ထဲတွင် လဲလျောင်းနေသော အလုပ်သင်ကလေးသည် ဤမြင်ကွင်းကိုမြင်ပြီးနောက် ကြောက်ရွံ့တုန်လှုပ်သွားသည်။
သူဌေး၏စကားများက သူ့စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
‘ဒီမိန်းကလေးရဲ့ နောက်ခံက သာမန်မဟုတ်တာတော့ သေချာတယ်’
ယခု ၎င်းက အမှန်တရားဖြစ်ပုံရသည်။ ဤသည်က အလွန်ထူးခြားလှ၏။ သူမသည် လက်တွေ့ကျစွာဖြင့် ကောင်းကင်ဘုံမှ ဖြစ်တည်မှုတစ်ခုဖြစ်သည်။
ဘေးပတ်လည်တွင် ရန်သူများမရှိတော့သည်ကို မြင်လိုက်ရသောအခါ ရှောင်ရှက ကျေနပ်အားရစွာဖြင့် ခန္ဓာကိုယ်ကိုယ်ကို ပြန်လည်သေးကွေးသွားစေကာ သူ၏ ခွေးကလေးတစ်ကောင်အသွင်သို့ ပြန်ပြောင်း၍ ထန်ရွှမ်အာ၏ ခြေထောက်များကိုပွတ်လိုက်သည်။ ထန်ရွှမ်အာသည် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိကာ ထိုင်ချလိုက်ပြီးနောက် အနည်းငယ် သက်သာရာရသော အမူအရာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
"ကောင်းပြီ၊ မင်းတကယ်ကို အံ့သြစရာကောင်းတယ်၊ ငါမင်းကို လက်ဆောင်သဘောနဲ့ မနက်ဖြန် ထပ်ဝယ်ပေးမယ်။"
ရှောင်ရှက ဝမ်းသာအားရ အကြိမ်ကြိမ်ခေါင်းညိတ်လိုက်သည်။ ထန်ရွှမ်အာသည် ချက်ပြုတ်ထားသော အစားအစာအိတ်ကို မြေပြင်ပေါ်မှ ကောက်ယူ၍ ရွံ့နွံ့များကြားမှ အလုပ်သင်လေးကို တစ်ချက်ကြည့်၍ အနည်းငယ် တွန့်ဆုတ်နေပြီးမှ နူးညံ့စွာပြောလိုက်သည်။
"ကျေးဇူးပဲ”
အလုပ်သင်လေးက ခက်ခက်ခဲခဲခေါင်းညိတ်ပြလျက် စိတ်ထဲတွင် ခါးသက်စွာတွေးနေသည်။
‘ငါပြောချင်ရင်တောင် ဘယ်သူက ယုံမှာလဲ”
“ဟေး ခွေးတစ်ကောင် နဂါးအဖြစ်ပြောင်းသွားတာ ငါမြင်လိုက်ရတယ်။ ပြီးတော့ မီးခိုးမည်းတွေထွက်လာပြီး လူတွေအများကြီးကို သွေးကန်အဖြစ်ပြောင်းပစ်လိုက်တယ်”
ထိုသို့ ပြောရဲပါက သူ့ကို အရူးဟု ဝိုင်းသမုတ်ကြပေလိမ့်မည်။
ထန်ရွှမ်အာက ယွမ်တစ်ရာ ပေးလိုက်ကာ ပြောပြီးနောက် လှည့်ထွက်သွားသည်။
“မင်းအဝတ်အစားတွေလျှော်သင့်တယ်”
အလုပ်သင်လေးသည် ထန်ရွှမ်အာ၏ နောက်ကျောကို ကြည့်လျက် ရုတ်တရက်ကြည့်ကာ တုန်လှုပ်သွားခဲ့သည်။
‘မကောင်းပါဘူး၊ ဒီမြို့မှာ မနေနိုင်ဘူး၊ အန္တရာယ်များလွန်းတယ်။’
‘လမ်းမှာလျှောက်နေတဲ့ ခွေးတောင်မှ နဂါးအသွင်ပြောင်းသွားနိုင်တယ်’
‘အဲ့တာကို ဘယ်သူက ထိန်းနိုင်မှာလဲ’
ထိုအတွေးဖြင့် အလုပ်သင်သည် ရွှံ့တွင်းထဲမှ ရုန်းထွက်ကာ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်။ ခဏအကြာတွင်
အဖြူရောင်ဝတ်ထားသော အမျိုးသားတစ်ဦးက ရှင်းလင်းစွာထွက်ပေါ်လာသည်။
“စိတ်ဝင်စားဖို့ကောင်းတယ်။ ကျောက်လုံက ကာကွယ်ပေးထားတာပဲ။ ဒါပေမယ့် ခွန်းလွန်မှာ စျေးကောင်းကောင်း ရနိုင်တယ်”
ပြောပြီးသည်နှင့် သူက ပြန်လည်ပျောက်ကွယ်သွားသည်။ ထိုအချိန်၌ နံပါတ်တစ်ရှန်ဗီလာတွင် ရှောင်ရှသည် သူ့အစာများကို စားလျက်ရှိသည်။ ထန်ရွှမ်အာက ဆိုဖာပေါ်တွင် အနည်းငယ် တုန်လှုပ်စွာဖြင့် ထိုင်လျက်ရှိသည်။
“ဒီလူတွေက ဘယ်သူတွေလဲ”
“သူတို့ ကျင့်ကြံသူတွေလို့ ထင်ရပေမယ့် ဘာလို့ ငါ့ကို လာရှာတာလဲ”
“ရွှယ်အန်းကြောင့်များလား”
ထန်ရွှမ်အာက ဤသို့တွေး၍ အတွေးထဲ နစ်မြောလျက်ရှိသည်။ ထိုအချိန်တွင် ရှဲ့ကျင်းကျင်းသည် ကျောပိုးအိတ်လွယ်လျက် လျှောက်လာ၏။
“အစ်မ ရွှမ်အာ”
ထန်ရွှမ်အာက ပြုံးလိုက်သည်။
"ကျောင်းပြီးပြီလား"
"ဟုတ်တယ်"
ရှဲ့ကျင်းကျင်းသည် သူမ၏ အိတ်ကို ချလိုက်ပြီးနောက် ထန်ရွှမ်အာကိုပြသရန် စာမေးပွဲစာရွက်ကို ထုတ်လိုက်သည်။
“ရွှမ်အာ ညီမလေး အမှတ်ပြန်တက်လာပြီ” ရှဲ့ကျင်းကျင်းက ဂုဏ်ယူစွာပြောသည်။
ထိုအချိန်တွင် သူမသည် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် လုံ့လစိုက်ထုတ်ကာ ပြင်ဆင်နေသော်လည်း သင်ခန်းစာများ နောက်ကျကျန်နေသောကြောင့် မည်သည့်နေရာမှ စတင်ရမည်ကို မသိခဲ့ပေ။ ထန်ရွှမ်အာသိလိုက်သည်နှင့် သူမသည် သင်ခန်းစာများကို အမီလိုက်နိုင်ရန် အစပြုခဲ့သည်။ထန်ရွှမ်အာ၏ အမှတ်များက အတန်းထဲ၌ အမြဲတစေ အမြင့်တွင်ရှိခဲ့ကြောင်း ကောင်းစွာသိထားသောကြောင့် ရှဲ့ကျင်းကျင်းကို ပြန်လည်သင်ပြခြင်းသည်လည်း သူမ လုပ်နိုင်စွမ်းများအတွင်း၌ရှိသည်။
"ဟမ်၊ မဆိုးပါဘူး၊ ဒါပေမယ့် ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ပြဿနာတချို့ ရှိနေတုန်းပဲ" ထန်ရွှမ်အာက စတင်ရှင်းပြသည်။
လတ်တလောရှိ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုကို သူမ မေ့သွားသည်။
ဒါပေမယ့် နံပါတ်တစ်ရှန်ဗီလာအောက်တောင်ခြေမှာ ဝတ်ရုံဖြူနှင့်လူ ပြန်ပေါ်လာပြန်သည်။ ၎င်းက ထူးခြားကောင်းမွန်သော ဖုန်းရွှေဖြင့် ဖွဲ့စည်းထားသည့် အလွန်မြင့်မားသော တောင်ကုန်းကို မျှော်ကြည့်ကာ အံ့သြလျက်ရှိသည်။
“ဒီနေရာက ဝိဉာဥ်စွမ်းအင်က ခွန်းလွန်နဲ့ ယှဥ်နိုင်တာသေချာတယ်။ ကျွမ်းကျင်တဲ့လူတစ်ယောက်ယောက်က ဒီနေရာကို စီစဥ်ပေးထားတာပဲ”
ဤသို့တွေးတောလျက် အဖြူရောင်ဝတ်ထားသော အမျိုးသားက တောင်ပေါ်သို့ တက်လာသည်။ မကြာမီ၌ပင် သူသည် ဝိဉာဥ်စွမ်းအင်များ အလွန်ထူထပ်လျက်လွန်းသောကြောင့် မြူခိုးများအဖြစ်ပြောင်းလဲနေသော တောင်ပေါ်သို့ တက်လာသည်။
ထိုအဖြူရောင်ဝတ်ထားသော အမျိုးသားက အသက်ပြင်ပြင်းရှူ၍ လောဘကြီးစွာဖြင့် ပြောလိုက်သည်။
“ဒီလောက်ရှားတဲ့ ကောင်းကင်စည်းချိပ်တစ်ခု”
ထိုအချိန်တွင် ရှောင်ရှက အစားစာလျက် ရုတ်တရက် ခေါင်းကို မော့၍ တံခါးဆီသို့ မယုံကြည်နိုင်လောက်သောအရှိန်ဖြင့် ထွက်ပြေးသွားသည်။
"ရှောင်ရှမင်း ဘယ်သွားမလို့လဲ" ထန်ရွှမ်အာက စိုးရိမ်တကြီး အော်ဟစ်လျက် သူ့နောက်သို့ အမြန်လိုက်လာသည်။
ရှဲ့ကျင်းကျင်းသည် ဖြစ်ပျက်နေသည်များကို နားမလည်သော်လည်း မီးဖိုချောင်သုံးဓားကို ကိုင်လျက် သူမနောက်မှ အမြန်ထွက်လာသည်။
အပြင်သို့ရောက်သောအခါ ရှောင်ရှက အဝတ်အဖြူဝတ်ထားသောသူကို သတိထားသောအကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ ထန်ရွှမ်အာ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွား၏။
“ရှင်ဘယ်သူလဲ ဘာလို့ ကျွန်မနောက်ကို လိုက်နေတာလဲ”
အဖြူရောင်ဝတ်ထားသောလူက နှုတ်ခမ်းသပ်၍ ပြန်ဖြေ၏။
“ငါဘယ်သူလဲဆိုတာ မင်းသိလာမှာပါ… အိုး”
“ဖြူစင်တဲ့ ယင်စွမ်းအင်ခန္ဓာကိုယ်။ ငါဒီနေ့ ထီပေါက်တာပဲ” ထိုအမျိုးသားက ရှဲ့ကျင်းကျင်းကို ကြည့်၍ ပြောသည်။
နှင်းနတ်သမီးတစ်ထောင်၏ ဆုလာဘ်စာရင်းတွင်ရှိသော သေမျိုး၊ ထို့နောက် ကျောက်လုံ ထို့နောက် ယခု သန့်စင်သော ယင်ဝိဉာဥ်ခန္ဓာကိုယ်ဖြင့် မိန်းကလေး။
ဤလုပ်ငန်းမှ ဆုလာဘ်များသည် သူ့ကို အလွန်များပြားသော ဝိဉာဉ်ကျောက်တုံးပမာဏကို ရရှိစေမည်ဖြစ်သည်။
“ဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ ကောင်လေး။ ရှင် လူကောင်းမဟုတ်ဘူးဆိုတာ ကျွန်မတို့သိတယ်။ ဒါပေမယ့် ဒါက ယွင်မန်ဗီလာပါ။ ချင်းမိသားစုရဲ့ ပိုင်နက်ပဲ။ ဉာဏ်ရှိရင် အခု ထွက်သွားလိုက်” ရှဲ့ကျင်းကျင်းက တင်းမာစွာပြောသည်။
ဤမိန်းကလေးသည် ထန်ရွှမ်အာထက်ပင် ပို၍ တည်ငြိမ်နေသည်။ အဖြူရောင်ဝတ်ထားသော အမျိုးသားက ခါးသက်စွာပြုံး၍ ပြော၏။
“မင်းက တော်တော်တော့ လျှာစောင်းထက်တာပဲ။ ဒါပေမယ့် ဒီနေ့တော့ တကယ့် စစ်မှန်တဲ့ သခင်တစ်ယောက် ဘာလုပ်နိုင်လဲဆိုတာ မင်းကို ကြည့်ခွင့်ပေးမယ်”
ထိုအချိန်တွင် ရှောင်ရှသည် ရုတ်တရက် ရှေ့သို့ တိုးလာသည်။ ဤလူသည် ယခင်က လူများထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့်အပြင် နတ်မျိုးနွယ်စုများကို နှိမ်နင်းရန် အထူးပြုလုပ်ထားသော ရတနာအချို့ရှိနေကြောင်းနှင့် အလွန်ပြင်းထန်သော ရောင်ဝါဖြာထွက်နေသည်ကို သူပြောနိုင်သည်။ ထို့ကြောင့် စတင်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
“လာခဲ့” အဖြူရောင်ဝတ်ထားသော အမျိုးသားက ရယ်မောလျက် လက်ကို မြှောက်လိုက်သည်။
ကြိုးပိုက်ကွန်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ရှောင်ရှကို တင်းကြပ်စွာဖမ်းချုပ်လိုက်သည်။ ရှောင်ရှက အစွမ်းကုန်ရုန်းကန်သောအခါ အဖြူရောင်ဝတ်အမျိုးသားက အေးစက်စွာပြော၏။
“ဒါကို ဖျက်ဆီးလို့မရဘူးကွ။ ဒါက နတ်သားရဲတွေကို အထူးဖမ်းချုပ်ဖို့ လုပ်ထားတဲ့ နဂါးထောင်ချက်ပိုက်ကွန်ပဲ”
မျှော်လင့်ထားသည့်အတိုင်းပင် ရှောင်ရှက ရုန်းကန်လေလေ ပိုက်ကွန်က ပိုမို တင်းကြပ်လာလေလေဖြစ်နေသည်။ မကြာခင်၌ သူလုံးလုံးလျားလျားမလှုပ်နိုင်တော့ပေ။
ထိုအချိန်ရောက်သောအခါ အဖြူရောင်ဝတ်ထားသော ယောကျ်ားက တုန်လှုပ်ခြောက်ခြားနေသော မိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။
“ငါလုပ်ရမလား မင်းတို့နှစ်ယောက် အေးအေးဆေးဆေး ငါ့နောက်လိုက်ခဲ့မလား”
အခန်း(၂၉၁) လူသတ်ရန် ရည်ရွယ်ချက် မြင့်တက်လာခြင်း
ထန်ရွှမ်အာနှင့် ရှဲ့ကျင်းကျင်းတို့ နှစ်ဦးလုံး၏ အသားအရည်များ ဖြူဖျော့သွားသည်။ အဖြူရောင်ဝတ်ထားသော ဤလူသည် အမှန်တကယ်ကိုပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ရှောင်ရှပင်လျှင် သူ့ထောင်ချောက်တွင်မိခဲ့၏။ သို့သော် ထိုအခိုက်အတန့်၌ တောင်ခြေရင်းမှ ခပ်တိုးတိုးအသံတစ်ခု ထွက်ပေါ်လာသည်။
“ဆိုတော့ ငါမင်းကို သတ်ပေးရမလား မင်းဘဝကို မင်း အဆုံးသတ်မလား”
ဤအသံကို ကြားသောအခါ ထန်ရွှမ်အာနှင့် ရှဲ့ကျင်းကျင်းတို့က မယုံနိုင်လောက်အောင် တုန်လှုပ်သွားကြပြီးနောက်မှ တောင်လမ်း၏ ဦးတည်ရာသို့ လှည့်ကြည့်လိုက်ကြသည်။
ရွှယ်အန်းသည် လမ်းမှ ဖြည်းညှင်းစွာ လျှောက်လာ၍ နှစ်ဦးသားကို ပြုံးပြနေသည်ကို မြင်လိုက်ကြရသည်။
“မတွေ့တာကြာပြီ”
…
ထို့နောက် သူက ခေါင်းငုံ့ကာ နဂါးထောင်ချောက်ပိုက်ကွန်ဖြင့် တင်းကြပ်စွာအဖမ်းခံထားရသော ရှောင်ရှကို ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ ပိုမိုအေးစက်လာသည်။
“ခွန်းလွန်က လူတွေ ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ”
ထိုအချိန်တွင် အဖြူရောင်ဝတ်ထားသော ယောက်ျား၏ မျက်နှာက မည်းမှောင်သွားသည်။ သူသည် ရွှယ်အန်း၏ ခွန်အားကို မမြင်နိုင်သော်လည်း ဤလူသည် နှင်းတစ်ထောင်ဂိုဏ်းနှင့် အုပ်စိုးရှင်ဂိုဏ်းနှစ်ခုလုံးက အလိုရှိနေသော ရွှယ်အန်းပင်ဖြစ်လိမ့်မည်ဖြစ်သည်ကို သူခန့်မှန်းနိုင်သည်။
“မင်းက ရွှယ်အန်းလား” အဖြူရောင်ဝတ်ထားသော လူငယ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ငါ့မိန်းမနဲ့ သမီးနှစ်ယောက် တောင်ပေါ်မရောက်လာခင် မင်းကိုယ်မင်း သတ်သေသင့်တယ်။ ဒါဆို ငါမင်းရဲ့ ဝိဉာဥ်ကို သက်ညှာပေးနိုင်တယ်”
အဖြူရောင်ဝတ်ထားသော အမျိုးသားက ဤစကားကို ကြားသောအခါ ပြင်းပြင်းထန်ထန်လှောင်ပြောင်ပြောဆိုလိုက်သည်။
“ရွှယ်အန်း မင်းရဲ့ ကျင့်ကြံရေးအဆင့်က ကြောက်ဖို့ ကောင်းပေမယ့်… ခွန်းလွန်က ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်းမသိပါဘူး”
ဤသို့ပြော၍ အဖြူရောင်ဝတ်ထားသောလူက အနက်ရောင်ကျောက်တုံးနှစ်တုံးကို ရွှယ်အန်းဆီသို့ တိုက်ရိုက်ပစ်ပေါက်လိုက်သည်။ ရွှယ်အန်းက မော့ကြည့်ရန်ပင် စိတ်မဝင်စားဘဲ တုပ်တုပ်မျှမလှုပ်ပေ။ အဖြူရောင်ဝတ်ထားသော ယောက်ျားက စိတ်ထဲ၌ အလွန်အမင်း ရွှင်မြူးလျက် ရှိနေသည်။ ဤကျောက်ခဲများသည် ကိုးကောင်ကင် နတ်မိုးကြိုးကျောက်တုံးများဟု လူသိများသည့် မိုးကြိုးနတ်ဘုရားကျွန်းစုမှ စျေးအမြောက်အမြားပေး၍ ဝယ်ယူထားရသော ရတနာများဖြစ်သည်။ ၎င်းတို့သည် လွတ်မြောက်အင်မော်တယ်တစ်ယောက်ပင်လျှင် ခံနိုင်ရည်မရှိနိုင်ဘဲ သေသွားစေနိုင်သည့် လက်နက်များဖြစ်သဖြင့် ဤရွှယ်အန်းသည် ရှောင်တိမ်းခြင်းပင်မရှိသည်ဖြစ်ရာ သူသေဆုံးသွားလိမ့်မည်မှာ သေချာလှသည်။
ထိုအချိန်တွင် ကျောက်တုံးများက ရွှယ်အန်းအနီးသို့ ရုတ်တရက် ကျလာ၍ ကျယ်လောင်သောအသံဖြင့် ပေါက်ကွဲသွားသည်။
ဘမ်း
ပေဒါဇင်ပေါင်းများစွာ ရှည်၍ ရေပုံးများကဲ့သို့ ထူထဲသော နတ်မိုးကြိုးနှစ်စင်းသည် ကောင်းကင်ယံမှ ဆင်းသက်၍ ရွှယ်အန်းဆီသို့ တည့်တည့်ဦးတည်သွားသည်။ မိုးကြိုး၏ အလင်းက အလွန်ပြင်းထန်လှသောကြောင့် လူတိုင်း၏ မျက်လုံးများ ဆက်ဖွင့်ထားရန် မဖြစ်နိုင်တော့ပေ။
ဤသဘာဝစွမ်းအားသည် ထန်ရွှမ်အာနှင့် ရှဲ့ကျင်းကျင်းတို့ကို ကျယ်လောင်စွာ အော်ဟစ်စေခဲ့သည်။ သို့သော် အဖြူရောင်ဝတ်ထားသော အမျိုးသားက အဆက်မပြတ် အေးစက်စွာရယ်နေသည်။ သူ့ကို သတ်နိုင်လိုက်သည်နှင့်တစ်ပြိုင်နက် နှင်းတစ်ထောင်ဂိုဏ်းကသာမက အုပ်စိုးရှင်ဂိုဏ်းကပါ ကြီးမားများပြားလှသော ဆုလာဘ်များကို ရနိုင်မည်ဖြစ်သည်။
သို့သော် သူ့ပျော်ရွှင်မှုက ကြာကြာမခံခဲ့ပေ။
မိုးခြိမ်းသံ ပျောက်ကွယ်သွားသည်နှင့် ရှေ့ မှ မြင်ကွင်းကြောင့် သူမျက်လုံးများ သူငယ်အိမ်ထဲမှ ထွက်ကျလုမတက်ဖြစ်သွားသည်။ ရွှယ်အန်းသည် လက်ထဲ၌ ငွေမြွေနှစ်ကောင်ကဲ့သို့ ပါးလွှသော မိုးကြိုးနှစ်စင်းကိုဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရ၏။
အဖြူရောင်ဝတ်ထားသောသူသည် ဤမိုးကြိုးနှစ်စင်းမှာ သူဆင့်ခေါ်ခဲ့သော နတ်မိုးကြိုးများဖြစ်ကြောင်း ရှင်းလင်းစွာသိသည်။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" အဖြူရောင် ၀တ်ထားသော အမျိုးသားက လုံးလုံးလျာလျားထိတ်လန့်လျက်ရှိသည်။
နတ်မိုကြိုးကို ချေမှုန်းနိုင်သူအကြောင်း မည်သူမျှ မကြားခဲ့ဖူးပေ။
"ဒါက မင်းငါ့ကို ပေးလိုက်တာပဲ၊ အခု မင်းကို ငါပြန်ပေးလိုက်မယ်" ရွှယ်အန်းက မော့ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
ဤသို့ဖြင့် သူက လက်သီးဆုပ်လိုက်သောအခါ သူ၏ ပြင်းထန်သော အင်အားကြောင့် နတ်မိုးကြိုးနှစ်ခု ကြေမွေသွားကာ ကြောက်မက်ဖွယ်စွမ်းအားတစ်ခု သူ့လက်ဖဝါးထဲမှ ပေါက်ကွဲထွက်လာသည်။
ရွှီအန်း၏လက်၌ နေတစ်စင်းပေါ်လာသကဲ့သို့ မျက်စိကွယ်လုနီးပါး အလွန်တောက်ပနေသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
ထန်ရွှမ်အာနှင့် ရှဲ့ကျင်းကျင်းတို့က မျက်လုံးများမှိတ်ထားကြသည်။ ခဏအကြာတွင် အရာအားလုံး ငြိမ်သက်သွားခဲ့သည်။
ထိုအချိန်တွင် အဖြူရောင် ၀တ်ထားသော အမျိုးသားသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် ကြည့်နေသည်။
ရွှယ်ရှန်းက သူ့ကို ဂရုမစိုက်ဘဲ နဂါးထောင်ချောက်ကြိုးကို ဆုတ်ဖြဲကာ ရှောင်ရှကို လွတ်မြောက်စေသည်။ ရှောင်ရှသည် ယခုအချိန်တွင် အလွန်အမင်း ဒေါသထွက်လျက်ရှိနေပြီဖြစ်သည်။
နောက်ဆုံးတွင် ၎င်းသည် နဂါးတစ်ကောင်သာဖြစ်သည်။ သို့တိုင် ဤလူက အောင်အောင်မြင်မြင် ခြုံခိုတိုက်ခိုက်လုနီးပါးဖြစ်ခဲ့သည်။ ထို့ကြောင့် လွတ်မြောက်သွားသည့် ပထမဆုံးအခိုက်၌ပင် အဖြူရောင်ဝတ်ထားသော လူဆီသို့ ချီတက်ကာ တန်ရာတန်ကြေးပြန်တောင်းရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် အနီးသို့ နီးကပ်လာသည်နှင့်အမျှ လေထုက ဗလာကျင်းသွားကာ ရှောင်ရှ၏ ရုတ်တရက်လှုပ်ရှားမှုကြောင့် အဖြူရောင်ဝတ်ထားသောလူကို ပြာများအဖြစ်သို့ ပြောင်းလဲသွားစေကာ လေနှင့်အတူ လွင့်ပျံသွားစေခဲ့သည်။ ထိုမိုးကြိုးကြောင့် အဖြူရောင်ဝတ်လူကို လုံးလုံးလျားလျား ပျက်ဆီးသွားစေသည်။
ထိုအချိန်တွင် အန်းယန်နှင့် ရွှယ်ရှန်း ရွှယ်နျန်တို့သည် နောက်ဆုံး၌ တောင်ထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
"ဖေဖေ၊ ဖေဖေ၊ ဘာလို့ တောင်ပေါ်မှာ မိုးခြိမ်းနေတာလဲ" သမီးနှစ်ယောက်လုံးက တစ်ပြိုင်နက်မေးလိုက်ကြသည်။
“ဘယ်သူသိမလဲ မိုးရွာတော့မယ်ထင်တယ်”
ထိုအချိန်တွင် ထန်ရွှမ်အာနှင့် ရှဲ့ကျင်းကျင်း နှစ်ယောက်လုံး ချဉ်းကပ်လာသည်။
“ယန်အာ နင်တို့ ဘယ်တုန်းက ပေကျန်းကို ပြန်လာတာလဲ" ထန်ရွှမ်အာက မေးသည်။
အန်းယန်က ပြုံဂလိုက်၏။
“ခုမှရောက်တာ”
ဒုစရိုက်မြို့တော်မှ ပြန်လာပြီးနောက် ရွှယ်အန်းသည် ကျုံးတုသို့ မပြန်ဘဲ ပေကျန်းသို့ တိုက်ရိုက်ပြန်လာခဲ့သည်။ အတိအကျပြောရလျှင် ရွှယ်အန်းက ယင်းကြောင့်သာ ဤအဖြစ်အပျက်ကို ကြုံရခြင်းဖြစ်သည်။ ဤသို့မှမဟုတ်ပါက မိန်းကလေးနှစ်ယောက်နှင့် ရှောင်ရှသည် ခွန်းလွန်လူများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရနိုင်ဖွယ်ရှိသည်။
ဤသို့တွေး၍ ရွှယ်အန်း၏ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာသည်။ နောက်ဆုံးအကြိမ်က ထို ခွန်းလွန်တပည့်နှစ်ယောက်သည် ကောင်းကင်ဘုံချိတ်ဆက်မှုကို လိုလားခဲ့ကြကာ ၎င်းတို့နှင့် သူ့အကြား ပြဿနာမရှင်းရသေးပေ။
‘အခု သူတို့က ငါ့နားကလူတွေကို ပစ်မှတ်ထားရဲတယ်ပေါ့’
‘ခွန်းလွန်ကို သွားဖို့ အစီစဥ်ချရမယ်’
ရွှယ်အန်းက စိတ်ထဲ၌ တွေးလိုက်သည်။ မိတ်ဟောင်း ဆွေဟောင်းများ ပြန်လည် ဆုံစည်းရာ တွင် သဘာဝအတိုင်း ပျော်ရွှင်မှု အပြည့်ရှိသည်။ အထူးသဖြင့် ထန်ရွှမ်အာကိုမြင်မြင်ချင်း အလွန်ချစ်ခင်မြတ်နိုးနေသော မိန်းကလေးနှစ်ယောက်ပင်ဖြစ်၏။
ထို့အပြင် ထန်ရွှမ်အာသည်လည်း ထိုမိန်းကလေးနှစ်ယောက်ကို အလွန် လွမ်းဆွတ်လျက်ရှိသည်။ ကောင်မလေးနှစ်ယောက်ဗီလာထဲသို့ ဝင်လာသည်နှင့် စကားပြောနေကြရာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရှဲ့ကျင်းကျင်းက ခေါင်းငုံ့၍ ပြောလိုက်သည်။
“လူကြီးမင်းရွှယ် ကျွန်မ အခုသွားရတော့မယ်”
ဤအခေါ်အဝေါ်ကြောင့် ရွှယ်အန်းက အနည်းငယ် ထိတ်လန့်သွားပြီးနောက် သူမ၏ ခေါင်းလေးကို အတန်ငယ် ကူကယ်ရာမဲ့စွာဖြင့်ပွတ်သပ်လိုက်သည်။
"အခုက စပြီး ငါ့ကို အစ်ကိုလို့ခေါ် ဟုတ်ပြီလား”
ရှဲ့ကျင်းကျင်းက ဦးစွာ အေးခဲသွား၍ အချိန်အတော်ကြာပြီးနောက် “အမ်” ဟု ခပ်တိုးတိုး တုံ့ပြန်သည်။
"အထဲကို ဝင်တော့ ခဏနေရင် ဦးလေးရှဲ့နဲ့ တခြားသူတွေကို ခေါ်လိုက်မယ် တူတူ အချိန်ဖြုန်းကြတာပေါ့” ရွှယ်အန်းက ဘာသိဘာသာ ပြောသည်။
ယခုအချိန်တွင် ချင်းယွီသည် ကုမ္ပဏီ၌ စီးပွားရေးကိစ္စများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ယခု ချင်းအဖွဲ့အစည်းသည် သူမ၏ ထိန်းချုပ်ကွပ်ကဲမှုအောက်၌ အပြည့်အဝရှိနေပြီဖြစ်ရာ အဖိုးဖြစ်သူ ချင်းယွမ်သည်လည်း အငြိမ်းစားယူခဲ့၍ များများစားစားဝင်ရောက် စွက်ဖက်ခြင်းမပြုတော့ပေ။
စက်မှုလုပ်ငန်းအများအပြားတွင် ချင်းအဖွဲ့အစည်းကိုတွေ့နိုင်၍ ပေကျန်းနှင့် ပြည်နယ်မြို့တော်တွင်ပါအပါ နေရာအနှံ့တွင် အလေးစားခံလာရသည်။ ယင်းက ချင်းယွိအား စီးပွားရေးဘုရင်မဘွဲ့ကို ပေးအပ်ခဲ့သည်။
"ဥက္ကဋ္ဌ၊ အရေးကြီးတဲ့ အစည်းအဝေးရှိတော့ အားလုံးက အစည်းအဝေးခန်းထဲမှာ စောင့်နေကြပါပြီ" အတွင်းရေးမှူးက လေးစားစွာ ပြောသည်။
ချင်းယွီက ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ စီစဥ်ပေးပါဦး”
“ဟုတ်”
အတွင်းရေးမှူးက ထွက်သွားတော့မည်ဖြစ်သည့်အခိုက်တွင် ဖုန်းမြည်လာသောအခါ ချင်းယွီက ရုတ်တရတ်ထကာ လေးလေးစားစားပြန်ဖြေသည်။
"ဆရာ ရှင် ပြန်လာပြီ၊ ကောင်းပြီ၊ ကျွန်မတို့အားလုံး ဒီညလာခဲ့မယ်"
အတွင်းရေးမှူးက အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် အများအားဖြင့် ဤမျှ တလေးတစားဖြစ်နေသော စီအီးအိုကို မမြင်ခဲ့ဖူးပေ။ ဖုန်းချပြီးနောက် ချင်းယွီက သူမဘက်သို့ လှည့်လာ၍ ပြောလိုက်၏။
“သူတို့ကို အစည်းအဝေးဖျက်သိမ်းလိုက်ပြီလို့ အကြောင်းကြားလိုက်ပါ”
“ဒါပေမယ့်…”
"ဒါပေမယ့် မရှိဘူး၊ နားမထောင်တဲ့လူရှိရင် ဒါ ကျွန်မဆုံးဖြတ်ချက်လို့ ပြောလိုက်ပါ”
ချင်းယွီက ပြတ်ပြတ်သားသားပြောသည်။
မြို့မြောက်ပိုင်း သိုင်းပညာကျောင်းတွင်ဖြစ်သည်။
ထန်ရှောင်းယွီသည် လက်နှစ်ဖက်ကို နောက်ကျောတွင် ယှက်၍ တည်ကြည်သော မျက်နှာဖြင့် လမ်းလျှောက်နေသည်။ သိုင်းပညာလေ့ကျင့်နေသူများကို ကောင်းစွာရွေးချယ်ထားခြင်းဖြစ်ရာ ဤလူငယ်များသည် မြို့မြောက်ပိုင်း သိုင်းပညာကျောင်း၏ ခွန်အားသစ်များဖြစ်လာပေလိမ့်မည်ဖြစ်သည်။ လူငယ်များက ထန်ရှောင်းယွီကို လျှို့ဝှက်စွာခိုးကြည့်နေကြလျက် မျက်လုံးများထဲ၌ လေးစားမှုများပြည့်နေသည်။
ဤကျောင်းသားများက ၎င်းတို့၏ ဆရာမကို အလွန် ချစ်ခင်ရိုသေ ကြောက်ရွံ့သည်။ ထန်ရှောင်းယွီ၏ စစ်မှသော အလှတရားကြောင့် ချစ်မြတ်နိုးကြသည်။ သူမ၏ အညှာအတာကင်းမဲ့သော လေ့ကျင့်ရေးနည်းလမ်းများကြောင့် ကြောက်ရွံ့ကြသည်။
ထိုအချိန်တွင် ထန်ရှောင်းယွီ၏ ဖုန်းမြည်လာ၏။ သူမ တစ်ချက်ကြည့်လိုက်ပြီးနောက် အေးခဲသွားသည်။
အချိန်အတော်အတန်ကြာပြီးနောက် “ဒီည လေ့ကျင့်မှုအတွက် ကိုယ်တိုင်လေ့လာပါ” ဟု တင်းမာစွာပြောလိုက်သည်။
ထို့နောက် သူမ အမြန်ထွက်သွားကာ စိတ်ရှုပ်ထွေးကုန်ကြသော လူငယ်တစ်စုကို နောက်တွင် ချန်ထားခဲ့သည်။
၎င်းတို့ ၏ လှပသောဆရာမသည် အဘယ်ကြောင့် ရုတ်တရက် စိတ်လှုပ်ရှားသွားရသနည်း။