← Chapters

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အခန်း (၂၉၂) ခွန်းလွန်သို့ ဝင်ရောက်ခြင်း

"အားး ဒီနေ့ ဘာဖြစ်နေတာလဲ၊ ဘာလို့ ဇိမ်ခံကားတွေ အများကြီး လာလည်နေတာလဲ" ယွင်မန်ဗီလာမှ လုံခြုံရေး အစောင့်တစ်ဦးက အံ့အားသင့်စွာ မေးသည်။

"အရေးကြီးတဲ့ ပုဂ္ဂိုလ်တချို့ ရောက်လာတာဖြစ်ရမယ်။ ကိုယ့်ကိုယ်ကို ထိန်းထား။ အမှားမလုပ်နဲ့” လုံခြုံရေးမှူးက ပြင်းထန်သော အသံဖြင့် သတိပေးသည်။

"ဟုတ်ကဲ့ပါဆရာ"

ထိုအချိန်တွင်အနက်ရောင် Audi တစ်စီးက ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

အဝင်အထွက် ထိပ်တန်း ဇိမ်ခံကားများနှင့် နှိုင်းယှဉ်ပါက ဤ Audi သည် တူညီသော အမျိုးအစားထဲတွင် မရှိသည်မှာ ထင်ရှားသည်။ ထို့ကြောင့် လုံခြုံရေးအစောင့်များကပင်လျှင် တံခါးကို ဖြည်းညှင်းစွာဖွင့်၍ အနည်းငယ် ပေါ့ဆစွာ နေနေကြသည်။

ထိုအချိန်တွင် ကားတံခါးပေါက်ကပွင့်လာသည်။

…

အတွင်းတွင် အလွန်ပြင်းထန်သော အာဏာစက်မျိုးကို ပိုင်ဆိုင်ထားသည့် အရှိန်ဝါမျိုးရှိသော အသတ်လတ်ပိုင်း လူတစ်ယောက်ရှိသည်။ ဤလူကို မြင်သောအခါ လုံခြုံရေးမှူးက ထိတ်လန့်တကြားဖြစ်သွားသည်။ ထိုသူက ခပ်သွက်သွက်ပြေးထွက်လာကာ တစ်စုံတစ်ခုကို ပြော၍ ခေါင်းညိတ်လိုက်သည်။

ကားတံခါးပေါက်က တဖြည်းဖြည်းချင်း ပြန်လည် မြင့်တက်လာသည်။ လုံခြုံရေးမှူးသည် နှဖူးမှ ချွေးစေးများကိုသုတ်၍ လှည့်ကာ အမြန်အော်လိုက်သည်။

“မြန်မြန် တံခါးမြန်မြန်ဖွင့်”

တံခါးများ အပြည့်ပွင့်သွားခဲ့ပြီးနောက် ကားကအတွင်းသို့ ဝင်လာသည်။ ထိုအချိန်တွင် လုံခြုံရေးအစောင့်တစ်ဦးက အံ့အားသင့်စွာဖြင့်မေးလိုက်၏။

“ခေါင်းဆောင် သူက ဘယ်သူလဲ တော်တော် အကောင်ကြီးကြီးဖြစ်မယ့်ပုံပဲ”

"ဘယ်သူလဲ ဟုတ်လား တကယ့် အကောင်အကြီးကြီးပဲ” သတိပြန်ဝင်လာလက်စရှိနေသော လုံခြုံရေးခေါင်းဆောင်က အသက်ပြင်းပြင်းရှူ၍ ဖြည်းညှင်းစွာပြောလိုက်၏။

“အဲ့တာ ကျွန်တော်တို့ လုံခြုံရေးကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာများဖြစ်နိုင်မလား”

“သူလား အဟက် သူက အဲ့လူရဲ့ ဖိနပ်တွေကို ကိုင်ပေးဖို့တောင် မတန်ဘူး” လုံခြုံရေးခေါင်းဆောင်က အထင်အမြင်သေးစွာပြောလိုက်သည်။

လုံခြုံရေးအစောင့်က တုန်လှုပ်ခြောက်ခြားလျက်

“ဆရာဆိုလိုတာက….”

ခေါင်းဆောင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“မှန်တယ် ဆရာကြီး ချင်းကိုယ်တိုင်ပဲ”

လုံခြုံရေးအစောင့်အုပ်စုက အသက်ကို ပြင်းထန်စွာ ရှုရှိုက်လိုက်ကြသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ သူက အငြိမ်းစားယူထားပြီးသား မဟုတ်ဘူးလား၊ ဘာလို့ ဒီတစ်ခါ ပေါ်လာရတာလဲ"

"ဟ အဲ့တာရှင်းပါတယ်။ သူ ဒီနေ့ပွဲအတွက် ရောက်နေတာ။ ဒီနေ့ ပွဲစီစဥ်သူရဲ့ လွှမ်းမိုးမှုက တကယ့်ကို ကောင်းကင်ထိ ရောက်နေပြီထင်ရတယ်” လုံခြုံရေးမှူးက အံ့သြတကြီး ရှင်းပြသည်။

အနီရောင် Porsche ကားကြီးတစ်စီး တံခါးဝအထိ ရောက်လာသည်။ ၎င်း၏ လိုင်စင်နံပါတ်ပြားကို မြင်လိုက်ရသဖြင့် လုံခြုံရေးမှူး၏ မျက်နှာသည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူဖျော့သွားသည်။

"မြန်မြန် တံခါးဖွင့်"

Porsche ကားဝင်လာပြီးနောက် ခဏတာတိတ်ဆိတ်သွားသည်။

"ဘယ်သူပဲဖြစ်ဖြစ် နောက်ရောက်လာတဲ့လူတွေကို လေးလေးစားစားဆက်ဆံပါ၊ မဟုတ်ရင် ဒီနေ့ တစ်ခုခုမှားသွားရင်တော့ အင်မော်တယ်ကောင်တွေ‌တောင် မင်းတို့ကို မကယ်နိုင်ဘူး"

“ခေါင်းဆောင် ခုဏကတစ်ယောက်က မိန်းကလေး ချင်းဖြစ်နိုင်လား”

ခေါင်းဆောင်က ခေါင်းညိတ်သည်။ လုံခြုံရေးအစောင့်များက အမြန်အဆန်ပင် သတိအနေအထားဖြင့် ရပ်နေလိုက်ကြသည်။ ယနေ့ ပေါ်လာသော ဤအရေးကြီးပုဂ္ဂိုလ်များနှင့် ပုံမှန် အဆက်အသွယ်ရှိလေ့ရှိထမရှိသဖြင့် ၎င်းတို့က အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ သို့သော် ၎င်းတို့က စိတ်လှုပ်ရှားစွာ မျှော်လင့်နေကြချိန်တွင် အချိန်အတန်ကြာပြီးနောက် ဗင်ကားတစ်စီး ရောက်လာသည်။

ဤဗင်ကားက အလွန်ပျက်စီးနေသောကြောင့် အမှိုက်ကားဟု တိုက်ရိုက်ယူဆလိုက်မိကြသည်။

လုံခြုံရေးအစောင့်အချို့က မျက်မှောင်ကြုတ်ကာ ရှေ့သို့လှမ်းလာ၍ ပြောကြ၏။

“မြန်မြန်ဖယ်၊ မင်း ဒီနေ့ အမှိုက်ကောက်ဖို့ ဝင်လာလို့မရဘူး”

လောင်ရှဲ့က ပြတင်းတံခါးကို ချ၍ ခေါင်းထွက်လျက် ပြောလိုက်သည်။

“ဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ။ တံခါးမြန်မြန်ဖွင့် ပွဲတက်ဖို့ ရောက်လာတာ”

"ဟင်" လုံခြုံရေးအစောင့်များက အံ့အားသင့်သွားကြသည်။

‘သူက ဒီမှာ ပွဲတက်ဖို့လား’

‘အရမ်းမကွာခြားလွန်းဘူးလား’

သို့ထိတိုင် ၎င်းတို့က မတားရဲကြသဖြင့် သူ့ကို ဝင်သွားစေလိုက်ကြသည်။ လောင်ရှဲ့သည် အန်တီဖန်ကို နံပါတ်တစ်ဗီလာသို့ တိုက်ရိုက်ပို့ဆောင်ပေးခွင့်ရသည့်အတွက် သူ့ကိုယ်သူ ကျေနပ်နေသည်။

ညနေမီးများ လင်းလာသည်နှင့်အမျှ နံပါတ်တစ် ရှန်ဗီလာသည်လည်း တောက်ပစွာ ထွန်းလင်းနေခဲ့သည်။

အကယ်၍ ပြင်ပလူများ ဤနေရာတွင် ရှိနေပါက အံ့သြတကြီး အော်မိကြပေလိမ့်မည်ဖြစ်သည်။ လေကိုနှင့်၍ မိုးကိုခေါ်နိုင်သော အာဏာကြီးပုဂ္ဂိုလ်များက ယခုအခါတွင် ရိုသေသော မျက်နှာဖြင့် ရှိနေကြသည်။

စားပွဲထိပ်၌ထိုင်နေသော လူကို ၎င်းတို့က လေးစားတကြီးကြည့်နေကြသည်။ ရွှယ်အန်းသည် ယနေ့တွင် ဤမျှသောလူများလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူသည် လူအနည်းငယ်ကို ရိုးရိုးရှင်းရှင်း ဖိတ်ကြားခဲ့သည်။ သို့သော် သူပြန်လာသောသတင်းက တောမီးကဲ့သို့ ပြန့်နှံ့သွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ပျော်ပွဲရွှင်ပွဲ၌ ပါဝင်ရန် လူအများအပြားက ဖိတ်ခေါ်ခြင်းမခံရဘဲ ရောက်လာခဲ့ကြသည်။

ရွှယ်အန်းက ယင်းကို ပြုံးရုံသာ ပြုံးလိုက်၏။

"ဆရာ ဒီတစ်ခေါက် ပေကျန်းမှာ ဘယ်လောက်ကြာကြာနေဖို့ စီစဉ်ထားလဲ" ချင်းယွမ်က လေးလေးစားစား မေးသည်။

“သိပ်ကြာကြာမနေပါဘူး။ ကျုပ် လုပ်စရာရှိသေးတယ်”

“အိုး” လူအများက စိတ်ပျက်သောအမူအရာများပြကြသည်။

ဤကိုလာသော လူများအားလုံးသည် ရွှယ်အန်းနှင့် ပို၍ ရင်းနှီးလာရန် မျှော်လင့်လျက်ရှိကြသည်။ ၎င်းတို့အားလုံးက ချင်းမိသားစုက ကြီးပွားချမ်းသာလာရသည့်အကြောင်းအရင်းမှာ ဤလူကြောင့်ဖြစ်သည်ကို ကောင်းစွာသိသည်။

"အဲတာဆိုလည်း အားလုံးအောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ" ချင်းယွမ်က သူ့ဖန်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးပြ၍ သူ့ဖန်ခွက်ကို မြှောက်လိုက်ကာ လူတိုင်းကို ကြွေးကြော်ပြလိုက်သည်။

"ဒီနေ့ကျုပ်တို့ကို အားပေးဖို့ လာခဲ့တာဆိုတော့ ခင်ဗျားတို့အားလုံးအတွက် တစ်ခွက် ချီးမြှောက်ပါရစေ”

ဘမ်း

အခန်းထဲကလူများအားလုံး ထိုင်ခုံများမှ ထရပ်ကာ ပြောလိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် မစ္စတာရွှယ်”

ဤအဖြစ်အပျက်ကို မြင်သောအခါ ချင်းယွမ်က နှလုံးသားထဲ၌ အနည်းငယ် စိတ်ကူးလိုက်မိသည်။ ထိုစဥ်က ထိုလူသည် တဖြည်းဖြည်းဖြင့် လူတိုင်းလှမ်းမျှော်ကြည့်ရသော ဖြစ်တည်မှုတစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။ ‌လောင်ရှဲ့နှင့် အန်တီဖန်တို့တွင်လည်း တူညီသောအတွေးမျိုးရှိကြသည်။

၎င်းတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက် နှစ်ယောက်စလုံး စိတ်သက်သာရာရသွားကာ တုန်လှုပ်ချောက်ခြားနေကြသည်။ ၎င်းတို့ မှတ်ဉာဏ်ထဲမှ ရွှယ်အန်းလေးသည် မရေမတွက်နိုင်သောလူများစွာက လေးစားကြည်ညိုရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။

ထိုညတွင် နံပါတ်တစ် ရှန်ဗီလာသည် မီးရောင်များဖြင့် လင်းလက် စည်ကားနေကာ လူများစွာက ဝိုင်များဖြင့် မြူးတူးလျက် ညဥ့်နက်မှ လူစုခွဲခဲ့ကြသည်။

ထို့နောက် ရွှယ်အန်းသည် ပေကျန်းတွင် နောက်ထပ်သုံးရက်နေခဲ့၍ ခွန်းလွန်သို့ တစ်ယောက်တည်း ခရီးထွက်ခဲ့သည်။

အန်းယန်က ယင်းနှင့်ပတ်သက်၍ အလွန်စိုးရိမ်လျက်ရှိသည်။

နောက်ဆုံးတွင်မူ ထိုနေရာသည် အင်မော်တယ်နယ်မြေဟုဆိုရသောနေရာဖြစ်ရာ အထဲ၌ မည်သည့်အရာများနှင့် ကြုံတွေ့နိုင်သည်ကို မည်သူက သိလိမ့်မည်နည်း။

ရွှယ်အန်းတစ်ယောက်တည်းသွားရခြင်းက တကယ်ကိုပင် အန္တရယ်များလွန်းလှသည်။ ရွှယ်အန်းက ယင်းကို ရယ်မောလျက် အန်းယန်၏ နားနားသို့ တိုးကပ်ကာ ပြောလိုက်သည်။

“ကိုယ်ပြန်လာရင် မင်းနဲ့အတူ ဘယ်သူမှ မယှဥ်နိုင်လောက်မယ့် မင်္ဂလာပွဲကိုလုပ်မယ်”

အန်းယန်၏မျက်နှာက ချက်ချင်းနီမြန်းသွားသည်။

“ကျွန်မလည်းရှင့်ကို စောင့်နေမယ်”

ထိုစကားလုံးများထဲတွင် အဆုံးမရှိသော ချစ်ခြင်းမေတ္တာများပါရှိသည်။

ရွှယ်အန်းက အန်းယန်ရဲ့ ခေါင်းလေးကို ပွတ်သပ်၍ ရွှယ်ရှန်းကိုပြောလိုက်၏။

"ဖေဖေ ဒီမှာ ရက်အနည်းငယ်ရှိတော့မှာ မဟုတ်ဘူး သမီးတို့နှစ်ယောက်‌ ကောင်းကောင်းမွန်မွန်နေကြမယ်မလား"

"အင်း အင်း ဖေဖေ၊ စိတ်မပူပါနဲ့ မေမေ့ကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်" ရွှယ်ရှန်းက ပြောသည်။

လေယာဉ်သည် အနီးဆုံး ခွန်းလွန်မြို့ကြီးသို့ ဖြည်းညှင်းစွာ ဆင်းသက်ပြီးနောက် ရွှယ်အန်းသည် ချောင်ကျသော ထောင့်တစ်ခုကို တွေ့ရှိကာ ကောင်းကင်ယံသို့ ပျံတက်လိုက်သည်။ ဟွာရှား၏ နဂါးသွေးကြောဟု လူသိများသော ခွန်းလွန်သည် မရေမတွက်နိုင်အောင်များပြားလှသော လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသည့် တောင်တန်းများ အဆက်မပြတ်ရှိနေသည်။

ရွှယ်အန်းသည် လေထဲတွင် ပျံဝဲလျက် သူ၏ နတ်အာရုံဖြင့် ပတ်ဝန်းကျင်မှ ထူးခြားသောအရာများကို ရှာဖွေလျက်ရှိသည်။ သူ၏အရှိန်ဖြင့်ပင်လျှင် ခွန်းလွန်မှ ထွက်ရန် နေ့တစ်ဝက်ခန့်အချိန်ယူရပေလိမ့်မည်ဖြစ်ကာ မကြာမီ၌ပင် ပုံမှန်မဟုတ်သော စွမ်းအင်အတက်အကျတစ်ခုကို တွေ့လိုက်ရသည်။ ရွှယ်အန်း၏နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လာသည်။

ဤနေရာပင်ဖြစ်၏။

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ရွှယ်အန်းသည် တောင်များဝန်းရံထားသော ချိုင့်ဝှမ်းတစ်ခုတွင်ပေါ်လာ၏။ ထို့နောက် မျက်လုံးကို အနည်းငယ်မှိတ်လျက် လက်သီးတစ်ချက် ထိုးပစ်လိုက်သည်။

ဘမ်း

လေထုသည် ပြင်းထန်စွာ ပြောင်းလဲသွားပြီးနောက် အနက်ရောင်အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ ရွှယ်အန်းက ယင်းသို့ ခုန်ဝင်၍ ပျောက်ကွယ်သွားသည်။ ဤအချိန်တွင် စစ်ဝံပုလွေလျှို့ဝှက်နယ်မြေသို့ သူသွားခဲ့သည့် နောက်ဆုံးအကြိမ်နှင့် မတူပေ။

အကူးအပြောင်းက တစ်မိနစ်ကျော်ကျော်သာ ကြာမြင့်သည်။

ရွှယ်အန်း၏ နက်နဲသောကျင့်ကြံစဥ်ကြောင့်သာမဟုတ်ပါက ဤပြင်းထန်သော လေပြင်းတိုက်ခတ်မှုများကို ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်ဖြစ်သည်။

နောက်ဆုံးတွင် အလင်းတစ်ခု ရှေ့၌ ပေါ်လာ၍ ရွှယ်အန်းက အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်ကာ ဖြတ်သွားလိုက်သည်။ ထို့နောက် အလင်းရောင် ဖန်သားပြင်နောက်တွင် သူ၏ တစ်ကိုယ်လုံး ပျောက်ကွယ်သွားခဲ့သည်။

ဤသည်မှာ ခွန်းလွန်အင်မော်တယ်နယ်မြေရှိ တောင်ငယ်တစ်ခုဖြစ်သည်။

ရုတ်တရက် ကောင်းကင်တွင် ပုံမှန်မဟုတ်သော အနှောက်အယှက်တစ်ခု ပေါ်လာပြီးနောက် လူတစ်ဦးကို ပြင်းထန်စွာ ထုတ်ပစ်လိုက်ရာ ရွှယ်အန်းသည် လေထုအလယ်တွင် ပေါ်လာပြီးနောက် ထိန်းမနိုင်သိမ်းမရစွာဖြင့် ဆက်တိုက်ပြုတ်ကျနေသည်။ တစ်မိနစ်ကျော်ကြာသော ဤဖြတ်သန်းမှုက သူ့ခွန်အားများစွာကို ကုန်ဆုံးသွားစေသည်။

သို့သော် ရွှယ်အန်းက အသက်ပြင်းပြင်းရှူပြီးသည်နောက် ဤနေရာရှိ ဝိညာဉ်စွမ်းအင်သည် ကမ္ဘာမြေထက် အဆတစ်ရာ ပိုမိုစုစည်းနေကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ရွှယ်အန်းဆင်းသက်ပြီးနောက်တွင် သူသည် အသက်အနည်းငယ်ရှုစာအချိန်အတွင်း၌ သူ၏ခွန်အားကို ပြန်လည်ရရှိခဲ့သည်။

ထို့နောက်နတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို ရှာဖွေသော်လည်း ထူးထူးခြားခြား တစ်စုံတစ်ရာကို မတွေ့ခဲ့ရပေ။

သို့သော် မကြာခင်၌ အဝေး၌ လူများရန်ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။

အခန်း (၂၉၃) အင်မော်တယ်သခင်

ပျံ့ဟွာသည် ယခုအချိန်တွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော်လည်း ဆက်လက်တောင့်ခံရန် ကြိုးစားရုန်းကန်နေဆဲဖြစ်သည်။ သူ့နောက်တွင် အရွယ်မရောက်သေးသော မျက်နှာထားဖြင့် မိန်းကလေးတစ်ယောက် ရပ်နေသည်။

"ပျံ့ဟွာ ဝိညာဉ်ရေးဆေးကို လွှဲပေး၊ ငါတို့ မင်းကို လွှတ်ပေးမယ်။ မဟုတ်ရင် ဒီနေ့ မင်းနဲ့ မင်းညီမနှစ်ယောက်စလုံး သေရလိမ့်မယ်" အစိမ်းရောင်ဝတ်ထားသော အမျိုးသားတစ်ဦးက အေးစက်စွာပြောသည်။

ပျံ့ဟွာက အံကို ကြိတ်၍ ဒေါသတကြီး အော်လိုက်သည်။

"ရွှမ်ယွမ်ဂိုဏ်းက လူတွေ ဒီလောက်ထိ ဖိနှိပ်နိုင်ပါ့မလား။ ဒီဝိညာဉ်ဆေးကို ငါ တစ်နှစ်လောက် အားစိုက်ထုတ်ပြီး စုဆောင်းထားရတာကွ။ မင်းလိုချင်တယ်ပြောတာနဲ့ မင်းဟာဖြစ်သွားရောလား”

“ဟားဟား ငါတို့ရဲ့ လုပ်ရပ်တွေက ဖိနှိပ်နိုင်လားမဖိနှိပ်နိုင်လားဆိုတာ မင်းဆုံးဖြတ်စရာမလိုဘူးကွ။ အရာအားလုံးက ခွန်အားပေါ်မှာပဲ မူတည်တယ်။ ချင်မုမြို့က အရမ်းအင်အားနည်းလွန်းတာကြောင့်ပဲ”

ဤသို့ဖြင့် ဝတ်စုံစိမ်းများဝတ်ထားသည့် ယောက်ျားများက အရှိန်မြှင့်လိုက်ကြသည်။ ဤအခိုက်အတန့်တွင် ခဲယဉ်းစွာ တောင့်ခံထားသော ပျံ့ဟွာသည် ပို၍ပင် အန္တရာယ်ကြီးသော အနေအထားတွင် ရှိနေသည်။

…

အစ်ကိုဖြစ်သူက ဓားဖြင့် ထိုးသတ်ခံရတော့မည်ကို မြင်သောအခါ မိန်းကလေးက ငိုချလိုက်သည်။

ရွှယ်အန်းသည် အခင်းဖြစ်ပွားရာနေရာကို မျက်မြင်တွေ့ရှိပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်ကာ ထွက်လာ၏။ သူ၏ ပေါ်ထွက်လာမှုက ရွှမ်ယွမ်ဂိုဏ်းမှလူများကို ထိတ်လန့်စေခဲ့သည်။ သို့သော် ရွှယ်အန်းတစ်ယောက်သာဖြစ်ကြောင်း မြင်လိုက်သောအခါ အားလုံး သက်ပြင်းချလိုက်ကြ၏။

"ကလေး၊ အကောင်းအဆိုးကို ခွဲတတ်ရန် မြန်မြန် ထွက်သွားလိုက်စမ်း" ဝတ်စုံစိမ်းဖြင့် လူက ပြင်းပြင်းထန်ထန် အော်လိုက်သည်။

ပျံ့ဟွာက လူတစ်ယောက် လာကူညီသည်ကို မြင်လိုက်ရသောအခါ ရင်ထဲ၌ ဝမ်းသာပီတိဖြစ်သွားသည်။ သို့သော် ရွှယ်အန်း၏ ဖြစ်တည်မှုက သာမန်ရိုးကျသာဖြစ်သည်ကို သတိပြုလိုက်မိသောအခါ သူ့နှလုံးသားက ပြန်လည် နစ်မြုပ်သွားပြန်၏။ သူက စိတ်ပျက်လက်ပျက်ဖြစ်နေစဥ်တွင် ရွှယ်အန်းက မျက်ခုံးကို အနည်းငယ် ပင့်ကာ ဤလူနှင့် အဓိပ္ပါယ်မရှိသော စကားများ ပြောမနေလိုသောကြောင့် လက်ဖျောက်တစ်ချက် ပေါ့ပါးစွာတီးလိုက်သည်။

ဓားချီတစ်စင်းက ထိုသူ၏ လည်ပင်းကို ဖြတ်တောက်ပစ်လိုက်၏။

ဝတ်စုံစိမ်းဖြင့် အမျိုးသား၏ ဦးခေါင်းက လေထဲသို့ ပျံတက်သွားပြီးနောက် ခန္ဓာကိုယ်ကမူ မြေပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျလာသည်။ ဤဓားချက်က ရှိနေသူတိုင်းကို တုန်လှုပ်သွားစေသည်။ အထူးသဖြင့် ရွှမ်ယွမ်ဂိုဏ်းမှလူများသည် တစ္ဆေမြင်ရသကဲ့သို့ ထိတ်လန့်သွားကြသည်။

"မင်းကဘယ်သူလဲ ရွှမ်ယွမ်ဂိုဏ်းရဲ့တပည့်ကိုသတ်ရဲတယ်ဆိုတော့… ငါတို့ကို မကြောက်ဘူးလား."

“နားညီးတယ်”

ဤသို့ဖြင့် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ဓားချီပေါက်ကွဲသွားပြီးနောက် ကျန်သော တိုက်ခိုက်ရေးသမားများအားလုံး အသားများအဖြစ်သို့ ချက်ချင်းပြောင်းလဲသွာသည်။ ထို့နောက် ရွှယ်အန်းက ကြောင်အနေသေးသော ပျံ့ဟွာကို ကြည့်၍လှည့်ထွက်လာခဲ့သည်။ ပျံ့ဟွာသည် သူ့ညီမကို ကာကွယ်ရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ရွှယ်အန်းက အနည်းငယ် ခံစားရကာ ကြားဝင်ရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။ ယခုအခါ လူများကို ကယ်တင်ပြီးပြီဖြစ်၍ သူက လှည့်ထွက်ကာ နှင်းတစ်ထောင်ဂိုဏ်းနှင့် စာရင်းရှင်းရန် ပြင်ဆင်လိုက်သည်။ သူထွက်သွားသောအခါ ပျံ့ဟွာက နောက်ဆုံး၌ အသိစိတ်ဝင်လာ၏။

“အင်မော်တယ်သခင် ကျေးဇူးပြုပြီး စောင့်ပေးပါ”

ရွှယ်အန်းက လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။

“မင်းငါ့ကို ဘာလို့ ခေါ်တာလဲ”

“အင်မော်တယ် သခင်၊ ဆရာ့အရည်အချင်းကို အခု ရွှမ်ယွမ်ဂိုဏ်းရဲ့ အကြီးအကဲတွေတောင် မယှဥ်နိုင်ပါဘူး။ ဆရာက အင်မော်တယ် သခင်ဘွဲ့နဲ့ တကယ် ထိုက်တန်ပါတယ်” ပျံ့ဟွာက တလေးတစားဖြင့် ပြောလိုက်သည်။

ရွှယ်အန်းက ထို ဘွဲ့ထူးကို စိတ်မဝင်စားဘဲ ပြန်မေးလိုက်၏။

“မင်း ငါ့ကို ဘာလို့ ခေါ်တာလဲ”

“အင်မော်တယ်သခင်က ကျွန်တော်တို့ရဲ့အသက်ကို ကယ်ခဲ့ပါတယ်။ ကျွန်တော့် ညီမနဲ့ ကျွန်တော်က ကျေးဇူးဆပ်ဖို့ပဲ သဘာဝကျကျ တောင်းဆိုတာပါ။ အင်မော်တယ်သခင်က ကျွန်တော်တို့မြို့ကလို လာချင်လားလို့ မေးခွင့်ရှိမလားဗျ”

ထိုသို့ပြောပြီးနောက် ပျံ့ဟွာသည် ရွှယ်အန်းကို အနည်းငယ် ထိတ်လန့်စွာ ကြည့်လိုက်သည်။

သူပြောခဲ့သည့်အတိုင်း ရွှယ်အန်း၏ စွမ်းရည်များသည် အင်မော်တယ် ဆရာကြီးဟု ခေါ်ဆိုထိုက်ပေသည်။ ချင်မုမြို့တော် မြို့တော်သခင်၏ညီမမှလွဲ၍ အခြားမည်သူမျှ သူ့ကို မယှဉ်နိုင်ကြပေ။ ထို့ကြောင့် သူသည် ရွှယ်အန်း လာရောက်လည်ပတ်ရန် စိတ်ရင်းမှန်ဖြင့် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ရွှယ်အန်းက ခေတ္တခဏမျှ စဥ်းစားလိုက်သည်။

ခွန်းလွန်၏ အင်မော်တယ် နယ်မြေက ကျယ်ပြောလှသည်ကို သူသေချာမသိသေးသောကြောင့် လိုက်ကြည့်သင့်သည်ဟု ထင်ကာ တစ်ချိန်တည်းတွင် နှင်းတစ်ထောင်ဂိုဏ်းနှင့် အုပ်စိုးရှင်ဂိုဏ်းအကြောင်း အချက်အလက်များကိုလည်း စုဆောင်းလိုခဲ့သည်။

ထို့ကြောင့် ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ”

ပျံ့ဟွာက သူ့နားကိုပင် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြော၏။

“ဒါဆိုမှတော့ အင်မော်တယ်သခင် ကျေးဇူးပြုပြီး ကျွန်တော့် နောက်ကို လိုက်ခဲ့ပါ”

ဤသို့ပြော၍ ပျံ့ဟွာက ရှေ့မှ ဦးဆောင်လိုက်သည်။ ကလေးမလေးသည် ရွှယ်အန်းကို စစူးစမ်းလိုစိတ်ဖြင့် ကြည့်နေကာ ခဏအကြာတွင် မေးလိုက်၏။

“အင်မော်တယ် သခင် ဘယ်ကလာတာလဲ။ ကျီကျိုးမြို့ကလား”

ရွှယ်အန်းသည် ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်သာရှိသေးသော ကလေးမလေးကို ကြည့်ကာ စိတ်ခံစားချက်များ ကောင်းမွန်လာသည်။

“မဟုတ်ဘူး”

"အိုး..ဒါဆို ဦးလေး ဘယ်ကလာတာလဲ၊ ဦးနာမည်ဘယ်လိုခေါ်လဲ”

ဤအခိုက်အတန့်တွင် ပျံ့ဟွာသည် သူ့ညီမကို မသိမသာပွတ်သပ်၍ အားနာသောအသံဖြင့် ပြော၏။

“အင်မော်တယ်သခင်၊ ဒါက ကျွန်တော့် ညီမ ပျံ့ထျန်ပါ။ သူက အမြဲ မေးခွန်းတွေ မေးရတာကြိုက်လို့ ကျွန်တော်တို့ အားလုံးက သူ့ကို “အမေးအမြန်းထူတဲ့ကလေး”လို့ ခေါ်ကြတယ်။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့”

ရွှယ်အန်းက စကားတစ်ခွန်းမျှ ပြန်မပြောရသေးခင်တွင် ပျံ့ထျန်က စတင်၍ မကျေမနပ်ဖြစ်သောအမူအရာဖြင့် ပြောလိုက်သည်။

"ကိုကို မမချင်မုက ပြောလိုက်တယ်။ ကိုကို လူတွေကို အဲ့လို နာမည်ပြောင်နဲ့ ခေါ်လို့မရတော့ဘူး။ မဟုတ်ရင် သမီးတို့ ပြန်ရောက်တာနဲ့ ကိုကို့အကြောင်း တိုင်ပြောပစ်မယ်” ပျံ့ထျန်က မကျေမနပ်ဖြစ်နေသည်။

ပျံ့ဟွာသည် အဆင်မပြေစွာ ပြုံးလိုက်သော်လည်း သူ့မျက်နှာပေါ်ရှိ ဒဏ်ရာကြောင့် နာကျင်လျက် အနည်းငယ် မျက်နှာရှုံ့သွားသည်။ ဤသည်ကို မြင်လိုက်ရသောအခါ ပျံ့ထျန်၏ မျက်လုံးများတွင် စိုးရိမ်ကြောင့်ကြမှုကြောင့် ထွက်ပေါ်လာသော မျက်ရည်များ စည်းကျလာသည်။

“ကိုကို နာနေတာလား”

"မနာပါဘူး။ ခဏနေ ပြန်ကောင်းလာလိမ့်မယ်”

ရွှယ်အန်းက ဤမြင်ကွင်းကို ကြည့်၍ သူ့ရင်ဘတ်ထဲမှ ရင်းမြစ်သန့်စင်ဆေးကိုထုတ်လိုက်သည်။

“ဒါကို သောက်လိုက် မင်းရဲ့ ဒဏ်ရာ သက်သာလာလိမ့်မယ်”

ဆေးကို လက်ခံရရှိပြီးနောက် ပျံ့ဟွာက ခေတ္တမျှတုံ့ဆိုင်းသွားသော်လည်း ခေါင်းငုံ့ကာ မျိုချလိုက်သည်။

အချိန်တစ်ခုကြာသွားသည်။

ပျံ့ဟွာ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် သာမန်မျက်စိဖြင့် မမြင်နိုင်သောနှုန်းဖြင့် သက်သာလာသည်။ အံ့ဖွယ်ကောင်းသော မြင်ကွင်းကြောင့် ပျံ့ဟွာ အတန်ငယ် ထိတ်လန့်သွားသည်။

“ဝိဉာဥ် … ဝိဉာဥ်ဆေးဟုတ်လား”

ထို့နောက် ရွှယ်အန်းကို အလွန်ဂရုတစိုက်ကြည့်ကာ ပျံ့ဟွာက ပြောလိုက်သည်။

“အင်မော်တယ်သခင်၊ အရှင်က တကယ် ကျွန်တော့်ကို ကုပေးဖို့ ဝိဉာဥ်ဆေးပြားကိုသုံးလိုက်တာလား”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဘာဖြစ်တာလဲ ထူးဆန်းလို့လား"

ပျံ့ဟွာသည် စကားရပ်သွားသော်လည်း ရွှယ်အန်းကို ရိုသေလေးစားမှုများစွာဖြင့် စူးစူးစိုက်စိုက်ကြည့်ကာ ပြည့်နှက်နေသည်။ လေးနက်သော ကျင့်ကြံရေးအဆင့်ရှိသော သူသည် ပေါ့ပါးစွာဖြင့်ပင် ဝိညာဉ်ဆေးပြားကို ပေးခဲ့သည်။

ထိုသို့သောလူသည် မြို့ကြီးတစ်ခု သို့မဟုတ် အဓိကဂိုဏ်းတစ်ခုမှ ဖြစ်ရမည်မှာ သေချာသည်။

သိပ်မကြာခင်၌ပင် ပျံ့ဟွာနှင့် ညီမဖြစ်သူနှင့်အတူ ရွှယ်အန်းက ချင်မုတောင်သို့လိုက်သွားသည်။ ထိုအချိန်မှပင် ရွှယ်အန်းက အနေရာကို အဘယ်ကြောင့် ချင်မုမြို့‌တော်ဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း နားလည်လာသည်။ မြို့လယ်ခေါင်တွင် ကောင်းကင်ယံထိကြီးမားသော သစ်ပင်ကြီးတစ်ပင်တည်ရှိနေ၍ တစ်မြို့လုံးကို လွှမ်းခြုံထားသည်။

ပျံ့ဟွာပြန်လာသည်ကို မြင်သောအခါ မြို့ခံလူများက ပျော်ရွှင်စွာ ကြိုဆိုကြသည်။

“ပျံ့ဟွာ ပြန်လာပြီ”

ပျံ့ဟွာက ခေါင်းညိတ်ပြလိုက်သည်။

“မြို့တော်သခင် ဘယ်မှာလဲ”

"မြို့တော်သခင်က ကောင်စီခန်းမထဲမှာ ခေါင်းဆောင်တချို့နဲ့ ကိစ္စတွေ ဆွေးနွေးနေတယ်”

ဤသည်ကိုကြားသောအခါ ပျံ့ဟွာက ရွှယ်အန်းကို မြို့တော်ကောင်စီခန်းမဆီသို့ခေါ်သွားသည်။

တံခါးဝသို့ရောက်သောအခါ အထဲမှ ငြင်းခုံသံများကို ကြားလိုက်ရသည်။

"မြို့သခင် ကျွန်‌တော်တို့ စဉ်းစားသင့်တယ်လို့ ထင်တယ်၊ ကျွန်တော်တို့ရဲ့ ချင်မုမြို့က အားနည်းလွန်းတယ်။ ကျွန်တော်တို့ ယွမ်ကျိုးမြို့နဲ့ ပေါင်းနိုင်ရင် တော်တော်ကောင်းမှာပဲ" တစ်စုံတစ်ဦးက အကြံပြုသည်။

"ထပ်ပြီး ဆွေးနွေးနေစရာ မလိုဘူး၊ လုံးဝ မဖြစ်နိုင်ဘူး" အေးစက်စက် အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအချိန်တွင် ပျံ့ဟွာသည် ရွှယ်အန်းနှင့်အတူ ဝင်ရောက်လာသည်။ ခေါင်းရင်းထိုင်ခုံတွင် ပြတ်ပြတ်သားသား မျက်နှာအမူအရာရှိသော အမျိုးသမီးတစ်ဦး ထိုင်နေကာ အမျိုးသားသုံးလေးဦးသည် မျက်နှာမမော့ဝံ့ဘဲ သူမ၏ အောက်ခုံးတွင် ထိုင်နေကြသည်။

ပျံ့ဟွာကို တွေ့သောအခါ အမျိုးသမီးက မေးလိုက်၏။

“ဘယ်လိုဖြစ်တာလဲ”

ပျံ့ဟွာကစိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြန်ဖြေသည်။

"ညီမ ချင်မု၊ အစ်ကို သူ့ကို ပြန်ခေါ်လာခဲ့တယ်"

ထိုအချိန်တွင် ပျံ့ချင်မုသည် ဘေးနားရပ်နေသော ရွှယ်အန်းကို သတိပြုမိကာ မေးလိုက်သည်။

"ဒါက ဘယ်သူလဲ..."

ပျံ့ဟွာမဖြေခင်တွင် ပျံ့ထျန်ကပြန်ဖြေ၏။

"မမချင်မု၊ ဒါက ဒါက သမီးနဲ့ ကိုကို့ကို ကယ်ခဲ့တဲ့ အင်မော်တယ်သခင်ပဲ”

“အင်မော်တယ် သခင်ပဲ”

ဤအခေါ်အဝေါ်ကြောင့် ကောင်စီခန်းမငယ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။

မျက်နှာ မည်းမည်းဖြင့် ထွားကြိုင်းသော အမျိုးသားတစ်ဦးကပြော၏။

“ဟာသပဲ။ ယွမ်ကျိုးမြို့မှာတောင် အများစုက ကိုယ့်ကိုယ်ကိုယ် အင်မော်တယ်သခင်လို့ မခေါ်ရဲကြဘူး။ ဒါတောင် မင်းက မင်းကိုယ်မင်း အင်မော်တယ်သခင်လို့ ခေါ်ရဲသေးတယ်ပေါ့”

အခန်း(၂၉၄) ငါမသတ်နိုင်တဲ့လူဆိုတာ လောကမှာမရှိဘူး

မျက်နှာမည်းနှင့် ယောက်ျား၏စကားက အခန်းတွင်းရှိ လေထုကို တုန်လှုပ်သွားစေခဲ့သည်။

သို့သော် မည်သူကမျှ စကားမပြောနိုင်ခင်တွင် ပျံ့ဟွာက ပြောလိုက်သည်။

"ယွမ်ကျိုးမြို့ဟုတ်လား။ ဟမ် ညီမ ချင်မု အစ်ကို ဝိဉာဥ်ဆေးစုဖို့ ခရီးစဥ်မှာ ယွမ်ကျိုးမြို့က ရွှမ်ယွမ်ဂိုဏ်းက ဝိုင်းတာခံလိုက်ရတယ်။ အစ်ကို့ဆေးတွေ အလုခံရလုနီဂပါးပဲ။ အခု ဟွမ်ကျိုးမြို့ကလူတွေက ဒီလာပြီး ပူးပေါင်းဖို့ ပြောရဲသေးတယ်ပေါ့”

ပျံ့ဟွာ၏ စကားကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

မျက်နှာမည်းဖြင့်လူက မတ်တပ်ရပ်၍ ဂုဏ်ယူဝံ့ကြွားစွာ လှောင်ပြောင်လိုက်သည်။

“ပျံ့ဟွ မင်းငါ့ရဲ့ ရွှမ်ယွမ်ဂိုဏ်းက လူတွေက မင်းကို ခြုံခိုတိုက်ခိုက်ပြီး သတ်ဖို့ကြိုးစားတယ်လို့ ပြောနေတာလား။ မင်းဘယ်လိုလွတ်မြောက်အောင် လုပ်ခဲ့တာလဲ၊ ရွှမ်ယွမ်ဂိုဏ်းက မင်းကို တမင်ဝိုင်းပြီး လွှတ်ပေးလိုက်တယ်လို့ ပြောနေတာလား"

“ဒီအင်မော်တယ်သခင်ကသာ ကျုပ်ကို ဝင်မကယ်ခဲ့ရင် ကျုပ် အခု ဒီနေရာမှာ ရပ်နေနိုင်မှာတောင်မဟုတ်ဘူး”

မျက်နှာမည်းဖြင့် အမျိုးသားက ဤသည်ကို ကြားသောအခါ လှောင်ရယ်လိုက်သည်။ သူက ပျံ့ချင်မုကို ကြည့်၍ လက်သီးဆုပ်လျက် ပြော၏။

"မြို့သခင်၊ ဒီစကားတွေက လုံးဝ အဓိပ္ပါယ်မရှိဘူး၊ အထူးသဖြင့် ဒီစကားပဲ၊ သူ ဘယ်ကလာမှန်း ကျွန်တော် မသိပါဘူး၊ သူက လူလိမ်တစ်ယောက် ဖြစ်နိုင်တယ်”

ပျံ့ချင်မုသည် ရွှယ်အန်းကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ရာ ဤသည်ကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။

…

‘ဒီလူရဲ့ ရောင်ဝါက သိပ်တော့လည်း မထူးနေပါဘူး”

အခန်းထဲက လူများအားလုံးက ရွှယ်အန်းကို ထူးဆန်းသော အမူအရာများဖြင့်ကြည့်နေကြသည်။ ပျံ့ဟွာ၏ မျက်နှာသည် ဒေါသကြောင့် နီရဲလာပြီးနောက် ထို မျက်နှာမည်းနှင့်လူကို တုံ့ပြန်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ရွှယ်အန်းက ပျံ့ဟွာကို ဆက်၍ စကားမပြောရန် လက်ဖြင့်အချက်ပြ၍ မျက်ခုံးပင့်လိုက်သည်။

“မင်းပြောတာက..ငါက လူလိမ်တစ်ယောက်ပေါ့”

မျက်နှာမည်းဖြင့် အမျိုးသားက လှောင်ပြောင်၍ ရယ်မောလိုက်သည်။

“မင်းလူလိမ်လား လူလိမ်မဟုတ်ဘူးလားဆိုတာ မင်းအသိဆုံးပဲလေ။ ဒါပေမယ့် မင်း ငါတို့ ယွမ်ကျိုးမှာ

မင်းလိုလူတစ်ယောက်သာရှိနေရင် ငါတို့ မင်းကို ကြိတ်ထားတဲ့အသားလို လှီးပစ်လိုက်ပြီးပြီမှာ ကြာလောက်ပြီ”

ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် လက်ဖျောက်တစ်ချက် တီးလိုက်သည်။

ဘမ်း

မျက်နှာမည်းဖြင့် အမျိုးသား၏ ရင်ဘတ်ဆီသို့ ဓားအလင်းတန်းတစ်ခု ထိုးဖောက်ဝင်ရောက်သွားသည်။ သို့သော် ဤမျက်နှာမည်းဖြင့်လူက အနည်းငယ် အရည်အချင်းရှိသည်။ ဓားအလင်းက သူ့ဆီသို့ ဝင်လာသည်နှင့် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာကာ သူ့ကို ကာကွယ်ပေးထားသည်။

မျက်နှာမည်းနေသော အမျိုးသားက အနည်းငယ် လန့်ဖျပ်သွားသော်လည်း လှောင်ရယ်လိုက်သည်။

“ဟား ဒါက ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင်ပေးခဲ့တဲ့ အကာအကွယ်ကျောက်စိမ်း ဆွဲသီးပဲ။ သာမန်လူတွေက အဲ့တာကို ရိုးရိုးရှင်းရှင်း ချိုးဖျက်လို့ မရဘူး”

သို့သော် သူ့အပြုံး ကြာကြာမခံလိုက်ခင်၌ပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများက အကြိမ်အနည်းငယ်ခန့် ဖျပ်ခနဲလတ်သွား၍ ပေါက်ကွဲသွားသည်။ မျက်နှာမည်းဖြင့် ယောက်ျားက ကြောက်လန့်တကြားအော်ဟစ်လိုက်ပြီးနောက် ဓားအလင်းသည် ၎င်း၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်သွားသည်။

ထိုအချိန်တွင် မျက်နှာမည်းဖြင့်လူက မသေသေးဘဲ ရွှယ်အန်းကို ထိတ်လန့်စွာဖြင့် ဒေါသတကြီးကြည့်နေသည်။

"မင်းက... ယွမ်ကျိုးမြို့ကလူတစ်ယောက်ကို သတ်ဖို့ သတ္တိရှိတယ်ပေါ့"

"ငါမသတ်နိုင်တဲ့လူဆိုတာ လောကမှာမရှိဘူးကွ”

ထိုသို့ပြောပြီးနောက် နောက်ထပ်ဓားအလင်းတစ်ခု ထပ်မံထွက်ပေါ်လာရာ ထို မျက်နှာမည်းနှင့်လူသည် ဘဝအဆုံးသတ်နှင့် တွေ့ဆုံသွား၏။

ဤအချိန်တွင် ကောင်စီခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်လျက်ရှိသည်။ ရွှယ်အန်းကို လမ်းပြခဲ့သော ပျံ့ဟွာအပါအဝင် လူတိုင်း၏မျက်နှာများက ထိတ်လန့်တကြားဖြစ်နေသည်။

“မင်း... ယွမ်ကျိုးမြို့က စေလွှတ်လိုက်တဲ့ သံတမန်ကို တကယ်သတ်လိုက်တာလား။" ချင်မုမြို့မှ တပ်မှူးတစ်ဦး ခုန်တက်လာ၍ အော်ပြောလိုက်သည်။

"ဟုတ်တယ်၊ ဒါက ချင်မုမြို့ကို ဘယ်လောက်ဒုက္ခပေးမယ်ဆိုတာ မင်းနားလည်လား။" အခြားအကြီးအကဲတစ်ဦးသည် စိတ်ပျက်အားငယ်မှုအပြည့်ဖြင့် ပြောသည်။

ဤလူများက ရွှယ်အန်းကို တစ်ယောက်ပြီးတစ်ယောက် အပြစ်တင်လာကြသည်။

ရွှယ်အန်းက မျက်မှောင်ကြုတ်လိုက်သည်။

ပျံ့ချင်မုက ခပ်တိုးတိုးပြော၏။

"ပြောမနေနဲ့တော့"

အခန်းသည် တိတ်ဆိတ်သွားပြီးနောက် ပျံ့ချင်မုသည် ရွှယ်အန်းကိုကြည့်ကာ ခဏအကြာတွင်မေးလိုက်သည်။

"ဓားကျင့်ကြံသူလား”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"ဒီလိုပါပဲ"

"ဒါပေမယ့် ဓားကျင့်ကြံသူဂိုဏ်းတွေက ခွန်းလွန်မြောက်ပိုင်းမှာ ရှိတာလေ ဘာလို့ အရှေ့ကို လာတာလဲ။" ပျံ့ချင်မုက ထပ်မေးသည်။

"ငါ မင်းကို သတင်းပို့ရမှာလား" ရွှယ်အန်းက ဘာသိဘာသာပြောလိုက်၏။

ပျံ့ချင်မု၏မျက်နှာတွင် ဒေါသအရိပ်အယောင်ပြပြီးနောက် သူမ ငြိမ်သက်သွားသည်။

"အစမ်းပြိုင်ပွဲစတော့မယ်။ ရှင်တို့ ဓားကျင့်ကြံသူတွေ ဘာတွေပဲ စီစဉ်နေပါစေ၊ ဒါက ချင်မုမြို့ပါ။ ရှင် ချင်မုမြို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်။"

ဤသို့ပြော၍ ပျံ့ချင်မုက ထွက်သွားရန် မတ်တပ်ထရပ်လိုက်သည်။

"မြို့သခင်၊ ယွမ်ကျိုးအကြောင်း..."

ပျံ့ချင်မုက အေးစက်စွာပြောသည်၊

"ဒီလူကို ကျွန်မတို့မသတ်ရင်တောင် ယွမ်ကျိုးက ကျွန်မတို့ကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး။ ဦးညွတ်ခယပြီး ရှင်သန်နေရတာကျွန်မ ပျံ့ချင်မုလိုချင်တာမဟုတ်ဘူး”

စကားပြောပြီးနောက် သူမသည် အတိုင်းအတာတစ်ခုအထိမြန်ဆန်သော ခြေလှမ်းများဖြင့် ထွက်ခွာခဲ့သည်။

ထိုအချိန်တွင် ရွှယ်အန်းက ပြော၏။

"မင်းဒဏ်ရာကို ဖိနှိပ်ဖို့ ဝိညာဉ်ဆေးသုံးဖို့ စဉ်းစားနေတာလား။ အဲ့တာက အဆင်အခြင်မဲ့လွန်းတယ်"

မိုးခြိမ်းသံကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော သူ့အသံကြောင့် ပျံ့ချင်မု လုံးဝ အေးခဲသွားသည်။

သူမ၏ဒဏ်ရာများ မပျောက်သေးသောအချက်မှာ ပျံ့ဟွာပင်မသိရသေးသော ချင်မုမြို့ရှိ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုဖြစ်သည်။

"ငါတို့ သဘောတူညီမှုတစ်ခုလောက် လုပ်ကြရင်ရော ဘယ်လိုလဲ” ရွှယ်အန်းက အေးဆေးစွာပြောသည်။

"ဘယ်လို သဘောတူညီမှုလဲ"

"အစမ်းပြိုင်ပွဲကို ငါမင်းနဲ့ လိုက်ရရင် မင်းဒဏ်ရာကို ငါကုပေးမယ်။"

ရွှယ်အန်း၏ စကားလုံးများသည် အသေးအဖွဲကိစ္စများကို ဆွေးနွေးနေသကဲ့သို့ အလွန်အမင်း ပေါ့ပါးလျက်ရှိသည်။ သို့သော် အခန်းထဲမှ လူများအားလုံးက အံ့သြလျက် မျက်လုံးများ ပြူးကျယ်သွားကြသည်။

ပျံ့ချင်မုသည် လှောင်ပြောင်သော မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။

“ရှင့်ကို အစမ်းပြိုင်ပွဲကိုခေါ်သွားရမယ်ဟုတ်လား။ အခု ကျွန်မအမြင် ရှင်က သီးသန့်လေ့ကျင့်နေတဲ့ လွတ်မြောက်ကျင့်ကြံသူဖြစ်ရမယ်”

“အင်း အဲ့တာဆို ဘယ်လိုလုပ်မလဲ”

"ဟား၊ နောက်ဆုံး အစမ်းပြိုင်ပွဲမှာ နှစ်တွေအကြာကြီး သီးသန့်ကျင့်ကြံနေတဲ့ ကျင့်ကြံသူတွေအားလုံးကို ချေမှုန်းပစ်လိုက်တာ တွေ့လိုက်ရတယ်လေ။ ဘာတွေ ဖြစ်လာမယ်လို့ ထင်လဲ”

ပျံ့ချင်မုက ဆက်လက်၍ ပြောသည်။

“ဒီ အစမ်းပြိုင်ပွဲက ဂိုဏ်းအသီးသီးအတွက် ရှင်သန်ခြင်းနဲ့ဆိုင်တဲ့ကိစ္စပဲ။ စေလွှတ်ခံရသူတွေအကုန်လုံးက ဂိုဏ်းအားလုံးရဲ့ အထူးချွန်ဆုံးပုဂ္ဂိုလ်တွေပဲ။ သာမန် ကျင့်စဥ်အဆင့်လောက်ရှိရုံနဲ့ ရှင့်ကိုယ်ရှင် လူတိုင်းကို နိုင်မယ်လို့ မထင်သင့်ဘူး”

သို့သော် ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“မင်းပြောတာ မှန်တယ်။ ဒါပေမယ့် တကယ်လည်း ငါ့မျက်လုံးထဲမှာ ကမ္ဘာကြီးက ပေါင်းပင်တွေထက် မပိုပါဘူး”

“ရှင်…” ပျံ့ချင်မုက အလွန်အမင်း ဒေါသထွက်သောကြောင့် ဖျော့တော့သွားသော်လည်း အမြန်အဆန်ပင် ပြန်လည် တည်ငြိမ်လာသည်။

"ကောင်းပြီ၊ ရှင့်ပြောတာကို ကျွန်မသဘောတူတယ်။ ဒါပေမယ့် ရှင် ကျွန်မကို ဘယ်လိုကယ်မလဲဆိုတာ ကျွန်မ သိချင်သေးတယ်”

ရွှယ်အန်းက ရင်းမြစ်သန့်စင်ဆေးကို ပေါ့ပါးစွာ ထုတ်ယူလိုက်သည်။

“ဒါကို စားလိုက်။ မင်းဒဏ်ရာကို ချက်ချင်းပျောက်မယ်လို့တော့ မပြောနိုင်ပေမယ့် အနည်းဆုံးတော့ ထိန်းနိုင်မှာပါ”

"မင်းပြောတာကို မှတ်ထား။ အစမ်းပြိုင်ပွဲမှာ ငါ ပါလို့ရအောင် မင်းလုပ်ပေးရမယ်”

ဤသို့ပြော၍ ထွက်သွားသည်။

အခန်းတွင်းရှိလူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ပျံ့ချင်မုသည် ရင်းမြစ်သန့်စင်ဆေးကို ယူလိုက်စဥ်၌ အစပိုင်းတွင် အများအစားဂရုမစိုက်သော်လည်း အနီးကပ်စစ်ကြည့်ပြီးနောက် သူမ ထိတ်လန့် အံ့သြသွားရသည်။

“ဒါ…ဒါ”

“ညီမချင်မု အစ်ကို မင်းကို ပြောဖို့ မေ့သွားတာ။ အင်မော်တယ်သခင်လာတုန်းက အစ်ကို ကုသဖို့ဆိုပြီး ဝိဉာဥ်ဆေးပြားပေးခဲ့တယ်”

ပျံ့ချင်မုသည် ထွက်သွားသော ရွှယ်အန်း၏ နောက်ကျောကို သံသယဖြင့် ကြည့်နေသည်။

‘သူ့နောက်ခံကဘာလဲ’

‘စိတ်ဝိဉာဥ်ဆေးပြားကိုတောင် ပေါ့ပေါ့ပါးပါး ပေးနိုင်ပြီး ဒီလိုမှတ်လောက်တဲ့ ကျင့်ကြံစဥ်ရှိထားတယ်ဆိုတော့’

‘ဒါပေမယ့် သူက မာန်တက်လွန်းတယ်’

အမှန်တကယ်ပင်၊ ခွန်းလွန် အင်မော်တယ်နယ်မြေတွင် သီးသန့်လေ့ကျင့်ကြသော လွတ်မြောက်ကျင့်ကြံသူများစွာရှိသော်လည်း ဂိုဏ်းအထောက်အပံ့မရှိထားကြသောကြောင့် ကျင့်ကြံရေးအဆင့်တွင် ဂိုဏ်းတပည့်များကို ကျော်တက်နိုင်ရန် ခဲယဥ်းသည်။

ဤလူသည် ချီးမွမ်းထိုက်သော အရည်အချင်းများ ရှိသော်လည်း စစ်မှန်သော ရွေးချယ်ခံရသော အမွေဆက်ခံသူများ မဆိုထားနှင့် ဂိုဏ်းခွဲများက ငယ်စဉ်ကတည်းက ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့သော ထိုပါရမီရှင်များနှင့် အလှမ်းဝေးနေဆဲပင်ဖြစ်သည်။

အချိန်တန်သော် ကမ္ဘာပေါ်တွင် သာ၍ကြီးမြတ်သူများ အမြဲရှိနေကြောင်းနှင့် ကောင်းကင်တစ်ခုထက်၌ ပို၍ မြင့်မားသောကောင်းကင်ကြီး ရှိနေကြောင်း သူသိလာလိမ့်မည်မှာ သေချာလှသည်။

“ယွမ်ကျိုးမြို့ကို ချင်မုမြို့က အလျှော့မပေးဘူးလို့ ပြောလိုက်ပါ”

“ဟုတ်”

ယွမ်ကျိုးမြို့၏မြို့သခင်နှင့် ရွှမ်ယွမ်ဂိုဏ်းချုပ် ရှအာသည် ချင်မုမြို့ထံမှစာကိုလက်ခံရရှိသောအခါ ဒေါသအမျက် အလွန်ထွက်ခဲ့ရသည်။

"ပျံ့ချင်မု၊ ဒီမိန်းမက ငါ့ကို မြို့တစ်မြို့ရဲ့ စွမ်းအားသက်သက်နဲ့ စိန်ခေါ်ရဲလား။ သူ့ကို သတ်ပစ်ရမယ်” ရှအာက တင်းမာစွာ ကြေငြာလိုက်သည်။

ထိုအချိန်တွင် သူ့ဘေးမှ တစ်စုံတစ်ယောက်က ရယ်မောလိုက်သည်။

"ဂိုဏ်းချုပ် စိတ်အေးအေးထားပါ ဒီကိစ္စကို ဖြေရှင်းဖို့ တော်တော် လွယ်ပါတယ်”

"အိုး အကြီးအကဲသောင် ခင်ဗျားမှာ ကောင်းတဲ့အကြံရှိလား” ရှအာက ပြောလာသူကို မေးလိုက်သည်။

စကားပြောသူမှာ ရွှမ်ယွမ်ဂိုဏ်း၏ ဗျူဟာမှူး သောင်ဇန်ဖြစ်သည်။

သောင်ဇန်က အနည်းငယ်ပြုံးလိုက်၏။

“ဂိုဏ်းချုပ် ဒီ ချင်မုမြို့က ကမ်းလှမ်းစရာနည်းနည်းပဲရှိပြီး ကျင့်ကြံစဥ်မြင့်တဲ့လူနည်းနည်းပဲရှိတယ်။ ပျံ့ချင်မုကိုပဲ အားကိုနေကြတာ အခု အစမ်းပြိုင်ပွဲနီးလာတာနဲ့ ပြိုင်ပွဲအတွင်းမှာ သူ့ကို ဖယ်ထုတ်ဖို့ နည်းလမ်းရှာရမယ်။ ဒါဆို ကျုပ်တို့ အင်အားချွေတာနိုင်ပြီး တစ်ချိန်တည်းမှာပဲ တရားလည်းမျှတမယ်မလား”

All Chapters