← Chapters

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း (၂၉၅) နှစ်တစ်ထောင် ချင်မု နှလုံးသား

ပျံ့ချင်မုက သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်၊ သူမ၏ထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။

အမှန်မှာ သူမသည် လွတ်မြောက်အင်မော်တယ် အထွတ်အထိပ်အဆင့်၌ ရှိနေပြီဖြစ်သည်။

ပျံ့ဟွာက စိုးရိမ်စိတ်ဖြင့် ရှေ့သို့ လှမ်းကာမေး၏။

"ညီမချင်မု၊ ဘယ်လိုခံစားရလဲ"

ပျံ့ချင်မုက ခေါင်းညိတ်လိုက်သည်။

"ဒီဝိညာဉ်ဆေးပြားက တကယ့်ကို ထူးထူးခြားခြားပဲ။ ငါ့ဒဏ်ရာတွေ သက်သာသွားရုံတင်မက ငါ့ရဲ့ ကျင့်ကြံရေးအဆင့်လည်း အရင်အခြေအနေအတိုင်း ပြန်ရောက်သွားပြီ”

ပျံ့ဟွာက သက်ပြင်းတစ်ချက်ချကာ စိတ်လှုပ်ရှားစွာဖြင် ပြောသည်။

"အင်မော်တယ်သခင်ရဲ့ ဝိညာဉ်ဆေးပြားက တကယ် အံ့သြစရာပဲလို့ အစ်ကို ပြောသားပဲ”

ပျံ့ချင်မု၏ မျက်လုံးများမှတဆင့် စိတ်ရှုပ်ထွေးသောအငွေ့အသက်များ ထွက်ပေါ်လာသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သောလူသား၏ နောက်ခံကား အဘယ်နည်း။

…

အဘယ်ကြောင့် ဤမျှလောက် အံ့သြဖွယ်ကောင်းသော ဝိညာဉ်ဆေးပြားကို ပိုင်ဆိုင်ထားသနည်း။

ခွန်းလွန်၏အင်မော်တယ်မြေတွင် ထိုဂိုဏ်းကြီးများမှလွဲ၍ လူအနည်းငယ်ကသာ ဝိညာဉ်ဆေးပြားများကို တီထွင်နိုင်သည်ကို သိရှိကြသည်။ ထိုကြောင့် ဝိဉာဥ်ဆေးများသည် အလွန်အဖိုးတန်လှသည်။ ရွှယ်အန်းသာ ပေါ်မလာခဲ့ပါက ပျံ့ဟွာ ယခုတစ်ခါ ပြန်ယူလာသော ဝိဉာဥ်ဆေးပင်ကိုတစ်ခါတည်း ဝါးစားပစ်ရန်ရည်ရွယ်ထားခြင်းဖြစ်ကာ ဤသည်က ဆေး၏ အာနိသင်အများအပြားကို ဆုံးရှုံးသွားစေနိုင်သည်။

"အခု သူဘယ်မှာနေလဲ" ပျံ့ချင်မုက မေးသည်။

"အင်မော်တယ်သခင်ကို အစ်ကို့နေရာမှာပဲနေခိုင်းထားပါတယ်”

ပျံ့ချင်မုက ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက်ပြော၏။

"နှစ်တစ်ထောင် ချင်မုနှလုံးသားကို သွားယူချေ"

ပျံ့ဟွာက အံ့အားသင့်သွားသည်။ "ညီမ ချင်မု၊ မင်း..."

"ဒီဝိညဉ်ဆေးပြားက အရမ်းတန်ဖိုးကြီးတယ်။ ကျွန်မ အကြွေးတင်နေတာ မကြိုက်ဘူး။ သူ့အတွက် နှစ်တစ်ထောင် ချင်မုနှလုံးသားကိုပေးလိုက်ရင် အကြွေးကြေသွားမှာပါ”

“ကောင်းပြီ”

“နေဦး” ခဏမျှစဥ်းစားပြီးနောက် ပျံ့ချင်မုက ပြော၏။

“ကျွန်မကိုယ်တိုင်သွားပို့လိုက်မယ်”

ပျံ့ချင်မုက ပျံ့ဟွာ၏နေအိမ်ရှေ့သို့ရောက်လာသောအခါ ရွှယ်အန်းတစ်ယောက် ခြံဝင်းထဲ၌ အလုပ်များနေသည်ကို မြင်လိုက်ရသည်။ ပျံ့ထျန်က နံဘေးတွင် ငုတ်တုတ်ထိုင်လျက် သူ့ကို ကြည့်နေသည်။ မြေပြင်ပေါ်ရှိ ထင်းရှူးကိုင်းများစွာဖြင့် မီးမွှေးထားသည့် မီးပုံပေါ်တွင် ရွှယ်အန်းက ကြက်သားတုတ်ထိုးများကို ဟိုဘက်ဒီဘက်လှန်၍ ဟင်းအနှစ်များဖြင့် ကင်နေသည်။ လေထုထဲသို့ ပျံ့လွင့်လာသည့် စွဲမက်ဖွယ်ကောင်းသော ရနံ့တစ်ခုက သွားရည်ယိုစေနိုင်သည်။

“ဒါက…” ပျံ့ချင်မု အနည်းငယ်ထိတ်လန့်သွားသည်။

ရွှယ်အန်းက ခေါင်းမော့လျက် ပျံ့ချင်မုကို ခပ်ဖျော့ဖျော့ပြုံးပြလိုက်၏။

"မင်း အချိန်မီ ရောက်လာတာပဲ။ စားဖို့အဆင်သင့်ဖြစ်တော့မယ်”

ထိုအချိန်တွင် ပျံ့ချင်မုသည် မြေပြင်ပေါ်ရှိ အကိုင်းအခက်များမှာ တကယ်တမ်းတွင် အစိမ်းရောင်ဖြစ်နေကြောင်း မြင်လိုက်ရသည်။ သူမ ခေတ္တခဏ တိတ်ဆိတ်သွားပြီးနောက် ဒေါသတကြီး ထအော်လိုက်မိ၏။

“ရှင်တကယ်ပဲ နတ်သစ်ပင်က အကိုင်းတွေကို မီးလုပ်ဖို့ သုံးနေတာလား”

“ဘာဖြစ်လို့လဲ ပြဿနာရှိလို့လား။ နောက်ပြီး ငါပြောရမယ်။ ဒါက တကယ်ထူးခြားတာပဲ။ သူတို့ မီးလောင်သွားရင် ထူးခြားတဲ့အနံ့တစ်ခုထွက်လာတယ်”

ပျံ့ချင်မုသည် ပေါက်ကွဲလုနီးနေပြီဖြစ်သည်။

ချင်မုမြို့ဟု အမည်ပေးထားရခြင်းအကြောင်းအရင်းမှာ ဤမြို့၏ အလယ်၌ ရှေးဟောင်းနတ်သစ်ပင်တစ်ပင်ရှိနေသောကြောင့်ပင်ဖြစ်ကာ ဤသစ်ပင်သည် တစ်နှစ်ထက်တစ်နှစ် ထူးခြားသော အဖိုးတန်ပစ္စည်းများကို ထုတ်ပေးသောကြောင့် ယွမ်ကျိုးမြို့က ချင်မုမြို့ကို မက်မောခဲ့ရခြင်းဖြစ်သည်။

ယင်းမှာ ပျံ့ချင်မှုက ရွှယ်အန်းကိုပေးရန် ယူလာပေးသည့် အနှဏ်တစ်ထောင် ချင်မုနှလုံးသားပင်ဖြစ်သည်။ သို့ထိတိုင် ရွှယ်အန်းသည် နတ်သစ်ပင်မှ အကိုင်းအခက်များနှင့် အရွက်များကို အမှန်ပင် ချက်စားဝံ့လိမ့်မည်ဟု မယုံနိုင်ပေ။ ချင်မုမြို့မှလူများအတွက် ဤအရာသည် နတ်ဘုရားကို ယဇ်ပူဇော်လိုက်ခြင်းနှင့်ပင်ဆင်တူ၏။

ရွှယ်အန်းကမူ ၎င်းကို ဂရုမစိုက်ပေ။ ထင်းရှူးတိုင်ထိုးထားသည့် ကျက်လုနီးပါးဖြစ်နေသော ကြက်များကို ကောက်ကိုင်၍ ပျံ့ထျန်ကို ပေးလိုက်သည်။

“မြည်းကြည့်”

ပျံ့ထျန်က မ‌စောင့်နိုင်တော့ဘဲ ချက်ချင်းပင် အပူကို ဂရုမစိုက်ဘဲ ကြက်သားတစ်ခြမ်းကို ကိုက်ဖြဲ၍ ဝါးစားလိုက်သည်။

အ

အပူဒဏ်ကြောင့် သူမ၏မျက်နှာ ရှုံ့မဲ့သွားရသော်လည်း ထွေးမထုတ်ရဲပေ။ ရွှယ်အန်းက သူ့တွင် သမီးနှစ်ယောက်ရှိသောကြောင့် ဤအရွယ်ကလေးမလေးများနှင့်ပတ်သက်၍ အလွန်အမင်း စိတ်ရှည်ကာ ချစ်လည်းချစ်သည်။

“စားဦးမလား” ရွှယ်အန်းက မျက်နှာညှိုးနွှမ်းနေသော ပျံ့ချင်မုကို မေးလိုက်သည်။

ပျံ့ချင်မှုက စိတ်အနှက်အယှက်ဖြစ်စွာဖြင့် “ဟွန့်” ဟု ခပ်တိုးတိုးပြောကာ ထို အစိမ်းရောင်တောက်နေသော ထင်းရှူးတုတ်ကို စားပွဲပေါ်ချထားပြီးနောက် ပြန်ထွက်လာခဲ့သည်။ ဝင်းတံခါးသို့ ရောက်သောအခါ သူမက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“မနက်ဖြန် ယွမ်ကျိုးကို အရင်သွားပါ။ ပထမအကျော့ ရွေးပွဲကို အဲ့မှာ ကျင်းပလိမ့်မယ်”

“ပြဿနာမရှိပါဘူး” ရွှယ်အန်းက ထင်းရှူးတုတ်ထားထားသော ကြက်သားကိုစား၍ ပြောလိုက်သည်။

ပျံ့ချင်မုခေတ္တရပ်လိုက်သည်။

"ယွမ်ကျိုးမြို့ကိုသွားမယ့် ဒီခရီးစဉ်က လုံးဝချောမွေ့မှာမဟုတ်ဘူ ဒါကြောင့် အချိန်ကျလာရင် ရှင် ဒီလို အရမ်း မာန်တက်မနေဖို့ ကျွန်မမျှော်လင့်ပါတယ်။ နောက်ဆုံးတော့ ရွှမ်ယွမ်ဂိုဏ်းက မိုင်တစ်ထောင်အတွင်းမှာ ထိပ်တန်းဂိုဏ်းတစ်ခုပဲ”

ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။

"သူတို့ ငါ့ကို ပြဿနာမရှာသရွေ့ ငါလည်း မရှာပါဘူး”

ပျံ့ချင်မုထွက်သွားပြီးနောက် ရွှယ်အန်းက ပျံ့ဟွာကို ပြောလိုက်သည်။

"ဒါကို စားကြည့် အရသာရှိတယ်"

ပျံ့ဟွာသည် သူ့တံတွေးကို လောဘကြီးစွာမျိုချမိသော်လည်း ပျံ့ချင်မုဒေါသထွက်မည်ကို စိုးရိမ်သောကြောင့် အကျပ်ရိုက်နေခဲ့သည်။

“နတ်သစ်ပင်နဲ့ ချက်ထားတဲ့အစားအစာက လူတစ်ယောက်ရဲ့ ကျင့်ကြံရေးအဆင့်ကို နည်းနည်း တက်လာစေနိုင်တယ်”

ဤသည်ကို ကြားသောအခါ ပျံ့ဟွာဟာ ထင်းရှူးထိုးထားသော ကြက်သားကို ချက်ချင်းကိုင်၍ အငမ်းမရ ကိုက်စားလိုက်သည်။

ကြက်ကိုက်ပြီးနောက် အံ့အားသင့်စွာ အော်ပြောလိုက်၏။

"တကယ် အရသာရှိတာပဲ”

ရွှယ်အန်းက ပြုံးလိုက်သည်။ ဤသို့ အရသာရှိနေရသည့်အကြောင်းမှာ ချက်ပြုတ်ချိန်ကို ထိန်းချုပ်ရန် သူ၏ ကျင့်ကြံစဥ်ကို အသုံးပြုခဲ့သောကြောင့်ဖြစ်သည်။

ထို့နောက် ရွှယ်အန်းက အစိမ်းရောင် သစ်သားနှလုံးသားကို ကောက်ယူလိုက်သည်။

အခြေခံအားဖြင့် ဤအရာသည် နှစ်ပေါင်း တစ်သောင်းကျော်သက်တမ်းရှိသည့် နတ်သစ်ပင်မှ စုဆောင်းရရှိသော သစ်သား၏ အနှစ်သာရထက် သာလွန်သောအရာမဟုတ်ပေ။ ရွှယ်အန်းအတွက် အသုံးမဝင်သော်လည်း ကလေးမလေးနှစ်ယောက်ဆော့ကစားရန် ပြန်ယူသွားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ပျံ့ချင်မုသာ သူမ၏ တန်ဖိုးထားရသော ချင်မုနှလုံးသားကို ကလေးကစားစရာအဖြစ်အသုံးပြုရန် စဥ်းစားနေခြင်းဖြစ်ကြောင်း သိလိုက်ရပါက သူမ မည်သို့ဖြစ်မည်ကို မည်သူသိလိမ့်မည်နည်း။

……

ယွမ်ကျိုးမြို့။

ခွန်းလွန်အရှေ့ဘက်ခြမ်းရှိ ကျီကျိုး၏ အဓိကမြို့တစ်မြို့ဖြစ်၍ ရွှမ်ယွမ်ဂိုဏ်းတည်ရှိရာမြို့။

သိုင်းပညာအစမ်းပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ ယွမ်ကျိုးမြို့သည် စတင်၍ စည်ကားနေခဲ့သည်။ ရွှယ်အန်းနှင့် ပျံ့ချင်မုရောက်ရှိလာသောအခါတွင် မြို့ငယ်လေးသည် စည်ကားနေပြီဖြစ်သည်။

ပြိုင်ပွဲတွ၍် ပါဝင်သူများသာမက ပြည်သူများပါ စိတ်လှုပ်ရှားစွာ ကြည့်ရှုအားပေးခဲ့ကြသည်။

ခွန်းလွန်၏ အင်မော်တယ် နယ်မြေတွင် နတ်ဝိဉာဥ်စွမ်းအင်များ ကြွယ်ဝကာ သာမန်ပြည်သူများပင်လျှင် အလွန် ကြံ့ခိုင်ကြ၍ စစ်မှန်ဆရာသခင်အဆင့်သို့ရောက်ရှိခြင်းသည် သာမန်သာဖြစ်သည်။

ကွင်း၏အစောင့်များအားလုံး စစ်မှန်ဆရာသခင်အဆင့်တွင် ရှိနေကြောင်း ၎င်းတို့၏ အစမ်းတံဆိပ်များကို စုဆောင်းသွားသည့်အချိန်၌ ထင်ရှားသည်။

ပျံ့ထျန်နှင့် ပျံ့ဟွာတို့ မောင်နှမလည်း လိုက်ပါလာခဲ့ကြသည်။ ဤသည်မှာ ၎င်းတို့၏ ပထမဆုံး သိုင်းပညာအစမ်းပြိုင်ပွဲတွင် ပါဝင်ခြင်းဖြစ်သောကြောင့် နှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြသည်။

ထိုအချိန်တွင် အနောက်မှ တုန်လှုပ်ဖွယ်အသံတစ်ခု ထွက်ပေါ်လာသည်။

"အဟက် ချင်မုက လူတွေက လာတောင်လာရဲကြတယ်ပေါ့”

ဤအသံကို ကြားလိုက်ရသောအခါ ပျံ့ချင်မုနှင့် အခြားသူများက ခေါင်းလှည့်ကြည့်လိုက်ရာ မာနကြီးဟန်တူသော လူတစ်ယောက် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။ ဤလူသည် သူမ မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ပျံ့ချင်မုက ချဥ်ပြုံးပြုံးလိုက်သည်။

"ချူးရှင်းဇယ်"

အသစ်ရောက်လာသူမှာ ရွှမ်ယွမ်ဂိုဏ်း၏ အတွင်းတပည့်ဖြစ်ကာ ရှအာကအလွန်တန်ဖိုးထားရသော ချူးရှင်းဇယ်ဖြစ်သည်။ ချူးရှင်းဇယ်က စကားမပြောခင်၌ ပျံ့ချင်မုကို လောဘကြီးစွာစိုက်ကြည့်လိုက်သည်။

"မင်းက ငါတို့ ရွှမ်ယွမ်ဂိုဏ်းက သံတမန်တစ်ယောက်ကိုတောင် သတ်ပစ်ဖို့ သတ္တိရှိတယ်ဆိုတာ ငါကြားတယ်။ မင်းရဲ့ ကျင့်ကြံစဥ်က အရမ်းများကောင်းနေလို့ ငါတို့ ရွှမ်ယွမ်ဂိုဏ်းကို ပြိုင်ရဲတာလား”

ချူးရှင်းဇယ်က သူမထက် အနည်းငယ် ငို၍ အစွမ်းထက်သောကြောင့် ပျံ့ချင်မုသည် အံကို တင်းတင်းကြိတ်၍ နှုတ်ဆိတ်နေသည်။ ချူးရှင်းဇယ်က အင်မော်တယ်အဆင့်သို့ ခြေတစ်လှမ်း တက်လှမ်းနေခိုက်တွင် သူမသည် လွတ်မြောက်အင်မော်တယ်အဆင့် အထွတ်အထိပ်၌သာ ရှိနေသေးသည်။

"ချူးရှင်းဇယ် သိုင်းပညာအစမ်းပြိုင်ပွဲ မစသေးဘူး။ အခု ရှင် ဒီလမ်းမပေါ်မှာ တိုက်ခိုက်ဖို့ စီစဥ်နေတာလား” ပျံ့ချင်မုက အေးစက်စွာပြောသည်။

"ဟား ငါတိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး၊ ဒါပေမယ့် သိုင်းပညာ စမ်းသပ်ပြိုင်ပွဲမှာ ရွှမ်ယွမ်ဂိုဏ်းကို စော်ကားမိတဲ့အတွက်ရလာမယ့် အကျိုးဆက်ကို မင်းကို ငါပြောပြမယ်" ချူးရှင်းဇယ်က အေးစက်စွာပြောသည်။

ထိုအချိန်တွင် ထူးမခြားနားသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ငါ့အကူအညီလိုလား။ ငါလည်း သူ့ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတယ်။ သူ့ကို အလကားသတ်ပေးရမလား”

အခန်း(၂၉၆) ခွန်းလွန်၏ လျို့ဝှက်ချက်များ

ဘမ်း

ယွမ်ကျိုးမြို့၌ မည်သူက ဤမျှ သတ္တိရှိဝံ့သည်ကို မသေချာသော လူအုပ်က တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ချူးရှင်းဇယ်၏ မျက်နှာသည် ရေများ ယိုစီးနိုင်သည်ဟု ထင်ရသည့်အထိ မည်းမှောင်သွားကာ ရွှယ်အန်းကို စိုက်ကြည့်လိုက်သည်။

"ကောင်းပြီ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ”

ဤသို့ဖြင့် သူက စတင်လှုပ်ရှားတော့မည်ဖြစ်သည်။

ပျံ့ချင်မုက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ရွှယ်အန်း၏ ရှေ့တွင် နေရာယူလိုက်ကာ အေးစက်စွာပြောလိုက်သည်။

“ချူးရှင်းဇယ် အစမ်းပြိုင်ပွဲက နီးနေပြီ။ အစမ်းပြိုင်ပွဲကျမှပဲ ကျွန်မတို့ မကျေနပ်ချက်တွေကို ဖြေရှင်းကြရအောင်။ နောက်ပြီး ဒီနေရာမှာ လှုပ်ရှားမယ်ဆိုရင် ရှင်က ရွှမ်ယွမ်ဂိုဏ်းကို အတိအလင်းဖီဆန်လိုက်တာပဲလေ”

ကျင့်ကြံသူများက စတင်တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက် ဖျက်ဆီးရေးစွမ်းအားက ပြင်းထန်လှမည်ဖြစ်ရာ ဤသို့ဖြင့် မြို့ကြီးများအားလုံးတွင် ကောင်းကင်လူသားအထက်ကျင့်ကြံသူများကို သီးသန့်တိုက်ပွဲများတိုက်ခိုက်ခွင့်မပြုသော တိကျပြတ်သားသည့် အမိန့်များချထားသည်။

…

ထိုစကားကိုကြားသောအခါ ချူးရှင်းဇယ်၏အမူအရာက အတက်အကျများစွာ ပြောင်းလဲသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ပွဲထဲမှာ မင်းကို အပိုင်းပိုင်းပိုင်းပစ်မယ်”

ရွှယ်အန်းက ဘာသိဘာသာပြုံးလိုက်သည်။

"ငါ အဲ့တာကို အရမ်းမျှော်လင့်နေပါ့မယ်”

ချူးရှင်းဇယ်သည် ဒေါသတကြီး အော်ဟစ်လျက် အင်္ကျီလက်များကို ခါ၍ ထွက်သွားသည်။ ပျံ့ချင်မုက အနည်းငယ်လေးနက်နေသည့်ပုံပေါ်ကာ ၎င်းတို့ နေရာသို့ပြန်သွားသည်အထိ သူမ၏ စိတ်ထဲမှ ဒေါသကို ထိန်းလျက် နောက်ဆုံးတွင် ပြောလိုက်သည်။

“ရှင် ဘာတွေတွေးနေလဲ ကျွန်မသေချာမသိဘူး ဒါပေမယ့် ချူးရှင်းဇယ်က ရွှမ်ယွမ်ဂိုဏ်းက အပြည့်အဝထောက်ပံ့လေ့ကျင့်ပေးထားတဲ့ တပည့်ပဲ။ သူက သေးသိမ်ပြီး အရမ်းရက်စက်တဲ့လူတစ်ယောက်ပါ။ စစ်းသပ်ပြိုင်ပွဲမှာ ရှင် သတိထားသင့်တယ်”

"ကောင်းပြီ၊ အချိန်တန်ရင် သူ့ကို လူသားဆန်တဲ့ သင်ခန်းစာတစ်ခု သေချာပေါက် သင်ပေးမယ်"

ပျံ့ချင်မုသည် ဤစကားကိုကြားလိုက်ရသောအခါ ရယ်ရခက် ငိုရခက်ဖြစ်သွား၏။ သူမ၏ အခန်းသို့ ပြန်ရောက်ပြီးသည့်တိုင် အနည်းငယ်စိတ်တိုနေမိသေးသည်။ သူမ၏အမြင်တွင် ရွှယ်အန်း၏သဘောထားက ရိုးရှင်းစွာပင် အလွန်စိတ်ကြီးဝင်နေခြင်းဖြစ်သည်။

သူသည် မည်သည်ကိုမျှ ဂရုမစိုက်ဘဲ အရာအားလုံးကို စိုးမိုးနိုင်သည့်အလား ပြုမူလျက်ရှိသည်။

‘မနက်ဖြန်စမ်းသပ်မှုကို ခံနိုင်ရည်ရှိမယ်လို့ မျှော်လင့်ပါတယ် သခင်တွေအများကြီးနဲ့ ပြည့်နေတဲ့ ခွန်းလွန်က ဘယ်လောက်ကျယ်ပြောလဲဆိုတာ ရှင် နားလည်လာမှာပါ’

ထိုအချိန်တွင်ရွှမ်ယွမ်ဂိုဏ်း၌ ရှအာသည် အောက်ဖက်တွင် ရပ်နေသော ချူးရှင်းဇယ်ကို သဘောကျစွာကြည့်နေသည်။

“ပျံ့ချင်မု ရောက်နေပြီလို့ မင်းပြောတာလား”

“ဆရာ ဆရာ့ရဲ့ ဒီတပည့်က သူ့ကို လမ်းပေါ်မှာ မျက်မြင်တွေ့ခဲ့ပါတယ်”

“ကောင်းတယ်။ သူလာရဲတဲ့သတ္တိရှိတယ်ဆိုတော့ သူ့ကို ပြန်သွားခွင့်မပေးနဲ့။ ဒါကို ကိုင်တွယ်ဖို့ မင်းမှာယုံကြည်ချက်ရှိလား” ရှအာက ဘာသိဘာသာမေးသည်။

“တပည့်က သူ့ကို အစမ်းပြိုင်ပွဲမှာ သေအောင်သတ်နိုင်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်” ချူးရှင်းဇယ်က အခိုင်အမာပြောသည်။

“ကောင်းပြီ မင်းက အခု အင်မော်တယ်အဆင့်ကို ခြေလှမ်းတစ်ဝက်လှမ်းနိုင်နေပြီ။ မင်း ဒီစမ်းသပ်ပွဲမှာ ကောင်းကောင်းလုပ်နိုင်ရင် ကျီကျိုး ဒါမှမဟုတ် ခွန်းလွန်ရဲ့ အဓိကမြို့ကြီးတွေကို အုပ်ချုပ်နိုင်တဲ့အထိပါ မင်းကို အစွမ်းကုန် ပျိုးထောင်ပေးမယ်။ အနာဂတ်မှာ… မင်း အင်မော်တယ်အဆင့်ကို ရောက်ဖို့ လွယ်မှာပါ”

ချူးရှင်းဇယ်က အလွန်အမင်း အပျော်လွန်နေ၏။

“ကျေးဇူးတင်ပါတယ် ဆရာ၊ ဆရာ့တပည့်က ဆရာ့ကို စိတ်မပျက်စေရပါဘူး”

နောက်နေ့သို့ရောက်သောအခါ အစမ်းပြိုင်ပွဲတွင် ပါဝင်မည့်လူများအားလုံး ပြိုင်ပွဲကျင်းပရာနေရာသို့ စုဝေးလာကြသည်။

ပျံ့ချင်မုသည် အစမ်းတိုက်သည့် ကွင်းပြင်ကို မော့ကြည့်ကာ သူမကိုယ်သူမ ပျောက်ဆုံးသွားသည့်အလား ခံစားလိုက်ရသည်။

“အင်မော်တယ်နန်းတော်ရဲ့ နည်းလမ်းတွေက တကယ့်ကို နားလည်ရခက်တယ်။ အဲ့ သေးငယ်တဲ့နေရာလေးမှာ လူတွေအများကြီးနေနိုင်ပြီး စမ်းသပ်ပွဲတွေကိုတောင် တစ်ပြိုင်တည်း ကျင်းပနိုင်တယ်”

ဤသည်ကို ကြားသောအခါ ရွှယ်အန်းက ရယ်မော၍ မျက်လုံးများထဲ၌ အလင်းတစ်ခု လင်းသွားသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် ခွန်းလွန်၏ အင်မော်တယ်နယ်မြေအကြောင်း များစွာသိရှိလာခဲ့သည်။ ရိုးရှင်းစွာပြောရလျှင် ခွန်းလွန်အင်မော်တယ်နယ်မြေသည် ယခင်က စစ်ဝံပုလွေလျှို့ဝှက်နယ်မြေထက် ပိုမိုကြီးမားကာ ကမ္ဘာမြေ၏ ထက်ဝက်ခန့်ကြီးမားသော လျှို့ဝှက်နယ်မြေတစ်ခုပင်ဖြစ်သည်။

ဤပြည်တွင် မြို့ပေါင်းများစွာသည် ကောင်းကင်ယံထက်၌ ကြယ်များကဲ့သို့ ပြန့်ကျဲလျက်ရှိသည်။ ဗဟိုတည်နေရာသည် ခွန်းလွန်အင်မော်တယ်နယ်မြေ၏ အဓိကမြို့‌တော်ဖြစ်သည်။ ဤအနှစ်သုံးဆယ်တိုင်းကျင်းပလေ့ရှိသော ပြိုင်ပွဲကို ခွန်းလွန်၏ အဓိကမြို့တော်ဖြစ်သော အင်မော်တယ်နန်းတော်တွင် လက်ခံကျင်းပသည်။

၎င်းသည် ကနဦးရွေးချယ်မှုဖြစ်ကာ ကောင်းစွာတိုက်ခိုက်နိုင်ခဲ့ပါက ၎င်းတို့သည် ဒုတိယအကျော့စမ်းသပ်မှုများအတွက် သက်ဆိုင်ရာ ပင်မမြို့သို့ ဝင်‌ရောက်နိုင်မည်ဖြစ်သည်။ ထိုနှစ်ကြိမ်စလုံးကို ကျော်ဖြတ်ပြီးမှသာ၊ တစ်ဦးသည် ခွန်းလွန်၏ အဓိကမြို့ထဲသို့ ဝင်ရောက်၍ အဆုံးစွန်သော စမ်းသပ်မှုကိုပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ ဤအစီအစဉ်အတွက် အကြောင်းပြချက်မှာ ဤနည်းလမ်းဖြင့်အင်မော်တယ် ကျင့်ကြံရေးအတွက် အမျိုးမျိုးသော အရင်းအမြစ်များကို ခွဲဝေပေးရန်ဖြစ်သည်။ ခွန်းလွန်အင်မော်တယ်နယ်မြေရှိ ကျင့်ကြံသူအားလုံး၏ နှလုံးသားထဲတွင် ၎င်း အင်မော်တယ်နန်းတော်သည် နတ်နယ်မြေဖြစ်သည်။

ထိုနေရာ၌ အနိမ့်ဆုံကျင့်ကြံရေးအဆင့်မှာ ကောင်းကင်လူသားအဆင့်ပင်ဖြစ်သည်။ ဂိုဏ်းဆရာသည် ရွှေအင်မော်တယ်အဆင့်သို့ပင် ‌ရောက်ရှိနေပြီဖြစ်သည်။ အင်မော်တယ် နန်းတော်တွင် မပြိုလဲသေးသော ရွှေအင်မော်တယ်အဆင့် လူတစ်ယောက်ပင် ရှိသည်။ ဤကဲ့သို့သော စွမ်းအားသည် ဤလျို့ဝှက်နယ်မြေရှိ ပြိုင်ဘက်အားလုံးကို ချေမှုန်းပစ်ရန် လုံလောက်သည်။

သို့သော် ရွှယ်အန်းအတွက်မူ ဤသည်ရိုးရှင်းလှသော အင်မော်တယ်စည်းမျဥ်းပင်ဖြစ်သည်။

သို့သော် “အင်မော်တယ်” စည်းမျဥ်းတွင်ပါသည့်အတိုင်း “အင်မော်တယ်”ဟူသော စကားလုံးသည် မော်တယ်များနှင့် များစွာ ကွာခြား၏။ ခွန်းလွန်သို့ သွားသည့် ဤခရီးစဥ်သည် ကြည်နူးဖွယ် အံ့သြဖွယ်ရာများနှင့် ပြည့်နေပုံရသည်ဟု ရွှယ်အန်းက စိတ်ထဲမှ တွေးလိုက်သည်။

ကွင်းထဲသို့ လူတစ်ယောက်ပြီးတစ်ယောက်ဝင်လာသည်။ ချူးရှင်းဇယ်သည် ပျံ့ချင်မုနှင့် ရွှယ်အန်းတို့ကိုကြည့်၍ ခေါင်းမော့ကာ လျှောက်လာသည်။

ပျံ့ချင်မုက လေးနက်သော အသံဖြင့်ပြော၏။

“ရှင် ဝင်သွားပြီးလို့ ခွန်အားချင်းမယှဥ်နိုင်လောက်ဘူးလို့ ခံစားရရင် လက်နက်ချဖို့ ရွေးချယ်လို့ ရတယ်နော်။ အနည်းဆုံးတော့ ရှင့် အသက်ကို ဆက်ထိန်းထားနိုင်တယ်လေ”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

“ဒီအကြံကို မင်းအတွက်မင်း သိမ်းထားသင့်တယ်”

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် စမ်းသပ်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ပျံ့ချင်မုက ကြောင်အ၍ ဒေါသဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် အံကို တင်းတင်းကြိတ်၍ အတွင်းသို့လိုက်သွားသည်။ စမ်းသပ်ကွင်းအပြင်ဘက်တွင် ဂိုဏ်းပေါင်းစုံက လူများက စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။ ရှအာသည်မူ မိမိ၏ မြင့်မြတ်သော အဆင့်အတန်းကြောင့် သဘာဝကျစွာပင် အောက်တွင်မနေခဲ့ပေ။ သူက လက်ရှိအချိန်တွင် စမ်းသပ်ကွင်းနှင့် အနီးစပ်ဆုံးနေရာရှိ အထပ်မြင့် အဆောက်အဦပေါ်တွင် ဝိုင်တစ်ခွက်ကို သောက်လျက် စောင့်ဆိုင်းနေသည်။

ဤတစ်ကြိမ်တွင် သူ၏ တပည့်ပေါ်၌ ယုံကြည်မှုအပြည့် တင်ထား၏။ နောက်ဆုံးတွင်မူ… သူသည်ကား အင်မော်တယ်အဆင့်သို့ ခြေလှမ်းတစ်ဝက်လှမ်းနေခဲ့ပြီဖြစ်သည်။ ပျံ့ဟွာနှင့် ပျံ့ထျန်တို့မောင်နှမနှစ်ယောက်သည် အောက်ခြေရှိ လူအုပ်ကြား၌ တိတ်တဆိတ်ဆုတောင်းနေကြသည်။

‘ညီမချင်မုနဲ့ အင်မော်တယ်သခင်တို့ နှစ်ယောက်လုံး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်’

ပျံ့ချင်မုက အလင်းရောင် ကန့်လန့်ကာထဲသို့ ဝင်လိုက်သည်နှင့် သူမ၏ မျက်လုံးရှေ့တွင် အမှောင်ထုကို ခံစားလိုက်ကာ အခန်းတစ်ခုထဲသို့ ရောက်သွားသည်။ သူမ၏ ပြိုင်ဘက်သည်ကား အဝတ်ဗလာဝတ်ထားသော ကြွက်သားတောင့်တင်းသည့် အမျိုးသားတစ်ယောက်ဖြစ်သည်။

ပျံ့ချင်မုက တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။ ပထမဆုံပြိုင်ဘက်က ချူးရှင်းဇယ်မဟုတ်သရွေ့ အသည်က ကောင်းသောအရာပင်ဖြစ်သည်။ ထို့နောက် ကြွက်သားတောင့်တင်းသော အမျိုးသားက ပြုံးလိုက်သည်။

“ဒီလို နူးညံ့သိမ်မွေ့တဲ့ မိန်းမလှလေး ဒီကို ဘယ်လို ရောက်လာတာလဲ။ မင်း ငါ့ဆီက လက်သီးတစ်ချက်တောင် ခံနိုင်မှာမဟုတ်ဘူး”

ထိုသို့ပြောနေသော်လည်း ကြွက်သားတောင့်တင်းသောလူက လက်သီးဖြင့် ထိုးလိုက်သည်။ လက်သီးချက်တွင် အလွန်ကျယ်လောင်သော ကျားဟိန်းသံများ ပါဝင်လာသည်။ ၎င်းသည် ကျားသတ်ဂိုဏ်းမှ လူတစ်ယောက်ဖြစ်ကာ အလွန်ကြောက်မက်ဖွယ်ကောင်း၍ လတ်တလောအတွင်းတွင်မှ နာမည်ကြီးလာသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ပျံ့ချင်မုသည် လက်သီးချက်ကို ထိပ်တိုင်မရင်ဆိုင်ဘဲ ဘေးသို့ ရှောင်၍ အော်လိုက်သည်။

“သစ်စိမ်းသတ်ချက်”

လက်မောင်းကဲ့သို့ ထူထဲသော နွယ်ပင်များစွာက ကြွက်သားတောင့်ခိုင်သောလူကို ချက်ချင်း ရစ်ပတ်လိုက်သည်။ ကြွက်သားဖြင့်လူက ပြင်းပြင်းထန်ထန်ရုန်းကန်၍ စပျစ်နွယ်များကို ခုတ်ပိုင်းကာ ဖြိုခွင်းလိုက်သော်လည်း မည်မျှပင်

ကွဲကြေသွားစေကာမူ ၎င်းတို့က ပြန်လည် ပေါ်ထွက်လာသည်။ မကြာမီ၌ပင် ကျားသတ်ဂိုဏ်းမှလူသည် အဆုံးမဲ့သော စပျစ်နွယ်ပင်များကြား၌ နစ်မြုပ်သွားသည်။

အဆုံးသတ်တွင် “ကျွန်တော် အရှုံးပေးပါပြီ” ဟု ကျယ်လောင်စွာ အော်ရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။

ပျံ့ချင်မုက သူမ၏ သိုင်းကွက်ကို ရုတ်သိမ်း၍ ခြေတစ်လှမ်းဆုတ်ကာ ပြောလိုက်သည်။

"လိုက်လျောမှုအတွက် ကျေးဇူးတင်ပါတယ်"

ပထမအချီ

ပျံ့ချင်မုအနိုင်ရသွားသည်။

ထို့နောက်တွင် သူမသည် နောက်ထပ်အကြိမ်ပေါင်းများစွာဆက်တိုက်အနိုင်ရခဲ့ကာ အဆင့်မြင့်လာသော်လည်း သူမရင်ဆိုင်ရသည့်ပြိုင်ဘက်များက ပိုမိုအားကောင်းလာသည်။

နောက်ဆုံးတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လောပြီးနောက် အေးစက်သော လှောင်ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

"ကောင်းတယ် ငါမင်းကိုစောင့်နေတာကြာပြီ"

ဤအသံကို ကြားသောအခါ ပျံ့ချင်မု၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီးနောက် လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင် ချူးရှင်းဇယ်က မတ်တပ်ရပ်လျက် သတ်ဖြတ်လိုသောအကြည့်များဖြင့် ကြည့်နေသည်။

ပျံ့ချင်မု၏နှလုံးသားထဲလေးလံသွားရသော်လည်း သူမက အံကြတ်၍ ပြောလိုက်၏။

“ချူးရှင်းဇယ် ဒီနေ့ ငါတို့ အနိုင်အရှုံးကို ဆုံးဖြတ်ကြမယ်”

အခန်း(၂၉၇) ရွှမ်ယွမ်ဂိုဏ်းက စတယ်

ချူးရှင်းဇယ်သည် ပျံ့ချင်မု၏ ချောမောလှပသောမျက်နှာကို ငေးကြည့်လျက် မျက်လုံးများတွင် လောဘရမက်များနှင့် ပြည့်လာသည်။ သူ့သခင်က သူမကို သတ်ရန်အမိန့်ပေးခဲ့သော်လည်း မသတ်ခင်၌ သူမနှင့် ဆော့ကစားခြင်းသည်လည်း မဆိုးလှဟု ထင်မိသည်။

ဤသို့ဖြင့် သူက အားပါးတရရယ်မောလိုက်သည်။

“ပျံ့ချင်မု မင်း တကဘ် ငါ့ကို သေတဲ့အထိ တိုက်နိုင်မယ်လို့ ထင်နေတာလား”

ဤသို့ပြောနေစဥ် ချူးရှင်းဇယ်၏ ခန္ဓာကိုယ်မှ‌ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများထွက်လာသည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ရှင် … ရှင် … အင်မော်တယ်အဆင့်ကို ရောက်တော့မှာပဲ” ပျံ့ချင်မု၏ မျက်နှာက ပြောင်းလဲသွားပြီးနောက် ထိတ်လန့်တကြား အော်လိုက်သည်။

ချူးရှင်းဇယ်က အေးစက်စွာ ရယ်မောလိုက်သည်။

“ဒါပေါ့ သိပ်မကြာခင်ကမှ ငါအဆင့်တက်သွားတာ”

ပျံ့ချင်မုက စိတ်ပျက်အားငယ်သွားရသည်။

…

ယခင်က ချူးရှင်းဇယ်၏ ကျင့်ကြံရေးအဆင့်သည် သူမနှင့် အကြမ်းဖျင်းအားဖြင့် အနည်းငယ်ကွာသော်လည်း သူမ အစွမ်းကုန်တိုက်ခိုက်ပါက သူ့ကို တိုက်ခိုက်နိုင်လိမ့်မည်ဖြစ်သည်။

ယခုမူကား သူသည် အင်မော်တယ်အဆင့်သို့ တစ်ဝက်ခန့် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကာ ယင်းက ခြေလှမ်းတစ်ဝက်မျှသာရှိသေးသော်လည်း ၎င်းသ်ည သူမကို အလိုအလျောက် ချေမှုန်းနိုင်သည့် ချောက်ကြီးတစ်ခုကဲ့သို့ပင်ဖြစ်သည်။

“တကယ်တော့ ပျံ့မုချင် ငါ မင်းကို သတ်စရာမလိုပါဘူး။ မင်း ငါ့ကို အခုအရှုံးပေးလိုက်ရင် ငါ မင်းအသက်ကို သက်ညှာပေးနိုင်တဘ်။ ထပ်ပြောရရင် ငါမင်းကို အတွင်းစည်းတပည့်အဖြစ် ခေါ်သွားဖို့ ငါ့ဆရာကို တောင်းဆိုပေးနိုင်တယ်”

ပျံ့ချင်မုသည် အစပိုင်းတွင် နားမလည်သော်လည်း သူမနားလည်သွားသည့်အခါတွင် အလွန် အရှက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

“ကျွန်မတို့ ပျံ့မိသားစုက အရှက်ခွဲခံရတာထက် သေပဲသေလိုက်မယ်။ ရှင်က အင်မော်တယ်အဆင့်ကို တစ်ဝက်ရောက်နေတော့‌ရော ဘာဖြစ်လဲ။ ဒီနေ့ ငါမင်းကို အနိုင်ယူပြမယ်”

ဤသို့ပြော၍ ပျံ့ချင်မုသည် သူမ၏ ချင်မုသိုင်းကို ကန့်သတ်ချက်သို့ ထုတ်သုံးလိုက်ရာ လက်တစ်ထောင်ရှိသော ကွမ်ယင်မယ်တော်ကဲ့သို့ထင်ရလောက်အောင် မရေမတွက်နိုင်ဖွယ်များပြားလှသော စပျစ်နွယ်များ သူမ၏ နောက်ကျောမှ ထွက်ပေါ်လာသည်။

“ချင်မု ဖျက်ဆီးခြင်း”

အင်မော်တယ်တစ်ဝက်အဆင့် ကျွမ်းကျင်သူ၏ စွမ်းအားကို သိရှိထားသောကြောင့် ပျံ့ချင်မုသည် စစချင်း၌ပင် သူမ၏ အကောင်းဆုံးသော သိုင်းကွက်ကို အသုံးပြုခဲ့သည်။ စပျစ်နွယ်များ တဟုန်ထိုးကြီးထွားလာပြီးနောက် အေးစက်သော ဓားများအဖြစ်သို့ ပြောင်းလဲကာ ကွင်းပြင်တစ်ခုလုံးသို့အပြည့်ဖုံးလွှမ်းလျက် ချူးရှင်းဇယ်ဆီသို့ ဦးတည်သွားကြသည်။

ဤတိုက်ခိုက်မှုကြောင့် ချူးရှင်းဇယ်၏ မျက်နှာကို အနည်းငယ် ပြောင်းလဲသွားသည်။

“ကောင်းပြီ”

ဤသို့ဖြင့် သူက လက်တစ်ဖက်ဖြင့် လွှဲရိုက်လိုက်သည်။ ဤပြင်းထန်သော လက်သီးချက်အောက်တွင် စပျစ်နွယ်များက ပြာအဖြစ်သို့ပြောင်းလဲသွားသည်။ ပျံ့ချင်မုသည်လည်း ကျန်ရှိနေသော အင်အားဒဏ်ကို ခံခဲ့ရရာ ထောင့်တစ်နေရာသို့ လွင့်ထွက်၍ ခေတ္တမျှ ပြန်မထနိုင်တော့ပေ။ အင်မော်တယ်ထက်ဝက်အဆင့်နှင့် လွတ်မြောက်အင်မော်တယ်အဆင့်ကြား ကွာဟချက်က ဤမျှ ကျယ်ဝန်းသည်။

ချူးရှင်းဇယ်၏ မျက်နှာထက်၌ တပ်မက်သော အမူအရာတစ်ခု ထွက်ပေါ်လာသည်။

“စား ဟား မကြာခင် သေတော့မှာမို့လို့ အရင် ပျော်ကြရအောင်”

ဤသည်ကို ကြားသောအခါ ပျံ့ချင်မုသည် ရုတ်တရက် အလွန်အမင်းရှက်ရွံ့စွာဖြင့် သူမ၏ ကိုယ်ပိုင် မရီးဒျန်များကို ဖျက်ဆီးပစ်တော့မည်ဖြစ်သည်။ သို့သော် ချူးရှင်းဇယ်သည် ဤလှုပ်ရှားမှုကို ခန့်မှန်းထားနှင့်ပြီးဖြစ်၍ သူ့လက်ချောင်းများကို အကြိမ်အနည်းငယ်မျှ လှုပ်ရှားလိုက်ရာ ပျံ့ချင်မုတစ်ယောက် မိမိ၏ စွမ်းအင်များကို ချုပ်နှောင်ထားသကဲ့သို့ ခံစားလိုက်ရသည်။ ဤသို့ဖြင့် သူမ၏ ခန္ဓာကိုယ်သည်လည်း အစွမ်းအစမဲ့လာသည်။

ချူးရှင်းဇယ်က ရက်စက်စွာ လှောင်ရယ်၍ လမ်းလျှောက်လာသည်။ ပျံ့ချင်မုသည် ကြီးစွာသော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရ၏။ သို့သော် ထိုအချိန်၌ပင် ထိုနေရာက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားကာ လက်တစ်စုံက အထဲသို့ ရောက်ရှိလာသည်။ စမ်းသပ်ခန်း၏ အလင်းမျက်နှာပြင်ကို အတင်းဆုတ်ဖြဲလိုက်ပြီးနောက် ရွှယ်အန်းက ဖြည်းညှင်းစွာ ဝင်လာသည်။

"ဆိုတော့ မင်းက ဒီမှာပေါ့။ မင်းကို အချိန်တော်‌တော်ကြာအောင် ရှာလိုက်ရတယ်”

ရွှယ်အန်း၏ တည်ငြိမ်သော အပြုံးမျက်နှာကို မြင်လိုက်ရသဖြင့် ပျံ့ချင်မု အံ့အားသင့်သွားရသည်။

‘ဘယ်လို… သူ ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ’

ပြိုင်ပွဲအတွင်းတွင် အခြားတစ်ဖက်က ရှုံးနိမ့်သည် သို့မဟုတ် ရှုံးနိမ့်ကြောင်း ဝန်ခံခြင်းမရှိပါက မည်သူမျှ ထွက်လာနိုင်မည်မဟုတ်ပေ။ ဤမြင်ကွင်းက ချူးရှင်းဇယ်ကို မျက်လုံးများ ပြူးကျယ်ကာ အံ့အားသင့်သွားစေသည်။

‘ဒီကောင်က တကယ်ကို စွမ်းအားကြီးတာပဲ။ ရိုးရိုးရှင်းရှင်းတော့မဟုတ်လောက်ဘူး’

၎င်းတို့နှစ်ယောက်လုံးက ဖြစ်ပျက်သွားသည့်အရာကို နားမလည်နိုင်ကြပေ။ သို့သော် ရွှယ်အန်းအတွက်မူ ၎င်းက အလွန် ရိုးရှင်းလှသည်။

ရွှယ်အန်းအတွက် ဤစမ်းသပ်ပွဲ၏ အင်မော်တယ် စည်းမျဥ်းသည် တစ်မှတ်ပြီးတစ်မှတ်တိုးလာသကဲ့သို့ ရိုးရှင်းလှသည်။ ထို့ကြောင့် ရွှယ်အန်းက စမ်းသပ်ကွင်းထဲသို့ ဝင်ပြီးနောက် ပြိုင်ဘက်အားလုံးကို လျင်မြန်စွာ အနိုင်ယူ၍ ချူးရှင်းဇယ်၏ အခန်းကို တစ်ခန်းဝင်တစ်ခန်းထွက်ရှာခဲ့သည်။

ထိုအချိန်တွင် ချူးရှင်းဇယ်၏အမူအရာက တဖြည်းဖြည်း နက်မှောင်လာသည်။

"မင်းဘယ်သူလဲ ဘာကောင်လဲ မင်းက ဘာမို့လို့ ဒီလို အခန်းထဲကို ဝင်လာလို့ ရတာလဲ”

"ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းသေတော့မယ်လေ"

ရွှယ်အန်းသည် ထိုအရေးကြီးသော အခိုက်အတန့်ကို အခွင့်ကောင်းယူနေသည့် ချူးရှင်းဇယ်ကိုတွေ့မြင်ခဲ့ရပြီးနောက် သတ်ဖြတ်လိုစိတ်ပြင်းထန်လာသည်။

“အရမ်းအရှက်မရှိ ကြီးကြီးကျယ်ကျယ်ပြောနေတာပဲ။ ဒီနေ့ ငါမင်းကို ငရဲပြည်တည့်တည့်ပို့ပေးမယ်”

ထိုသို့ပြောပြီးနောက် ချူးရှင်းဇယ်သည် အခြားလက်ဖဝါးတစ်ဖက်ကို မြှောက်လိုက်သည်။ ဤလက်ဖဝါးသည် ယခင် လက်ဖဝါးထက် အဆပေါင်းများစွာ ပိုမို သန်မာသည်။ သူသည် ရွှယ်အန်းကို ထိုးနှက်ချက်တစ်ချက်တည်းဖြင့် ချေမှုန်းရန် ရည်ရွယ်ထားကြောင်း ထင်ရှားသည်။

သို့သော် ဤကမ္ဘာမြေကြီး ကွဲအက်လုနီးသော လက်ဝါးချက်နှင့် ရင်ဆိုင်ရသည့်တိုင် ရွှယ်အန်းက လက်ကို ပေါ့ပေါ့ပါးပါးဝှေံယမ်းလိုက်သည်။

ဘမ်း

ချူးရှင်းဇယ်သည် ၎င်းကြောင့် လက်မောင်းတစ်ခုလုံး ထုံကျင်သွားကာ တောင်ကြီးတစ်လုံးနှင့် ထိမိသွားသကဲ့သို့ ခံစားလိုက်ရသည်။

နှလုံးသားတစ်ခုလုံး ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်၏။

“ဒါက မင်း လုပ်နိုင်တာ အကုန်ပဲလား။ ဒါတောင် မင်းက မင်းကိုယ်မင်း အင်မော်တယ်အဆင့်လို့ ပြောရဲသေးတယ်ပေါ့”

ဤသို့ပြော၍ ရွှယ်အန်း၏ ရောင်ဝါက သိသိသာသာ ‌တောက်ပလာသည်။

“လွတ်မြောက် အင်မော်တယ်လား။ မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ လွတ်မြောက်အင်မော်တယ်က ဘယ်လိုလုပ် ဒီလောက် ကြောက်ဖို့ကောင်းတဲ့ စွမ်းအားမျိုးရှိနိုင်မှာလဲ” ချူးရှင်းဇယ်က ထိတ်လန့်တကြားအော်လိုက်သည်။

ရွှယ်အန်းက လက်တုံ့ပြန်ရန်ပင် အချိန်မပေးဘဲ လည်ပင်းမှ ဆွဲကိုင်၍ ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ချူးရှင်းဇယ်က ဒေါသနှင့် ထိတ်လန့်မှုတို့ဖြင့် ရောနေသည့်တိုင် ရွှယ်အန်း၏ ကျင့်ကြံရေးအဆင့်ကို သူ မခန့်မှန်းနိုင်ပေ။

ဤလူ၏ ပုံမှန်ပေါ့ပါးသော ဖမ်းကိုင်မှုက သူ၏ ကျင့်ကြံရေးဆိုင်ရာ အကာအကွယ်များအားလုံးကို ဖြတ်ကျော်သွားသည်။

ချူးရှင်းဇယ်၏ ပြာမှုန်နေသော မျက်နှာကို ကြည့်၍ ရွှယ်အန်း ပြုံးလိုက်သည်။

"မင်းရဲ့ ကျင့်ကြံရေးအဆင့်ကို ဖိအားပေးပြီး တိုးအောင်လုပ်ပြီး ဒီ အင်မော်တယ်အဆင့်ထိရောက်လာတာက ဟုတ်ပေမယ့် မင်းက အားနည်းတဲ့ကောင်တစ်ကောင်ပဲ”

ထိုသို့ပြော၍ ရွှယ်အန်းက လက်ထဲသို့ အားအနည်းငယ်ထည့်လိုက်သည်။

“မဟုတ်ဘူး..”

အသံက ရုတ်တရက် ရပ်သွားသည်။ ချူးရှင်းဇယ်၏ လည်ပင်းကို ရွှယ်အန်းက အတင်းအကြပ် ညှစ်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ လွတ်မြောက်ရန် ကြိုးစားနေသော ဝိဉာဥ်တစ်ခု ထွက်ပေါ်လာသည်။

ရွှယ်အန်းက လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်၏။

ဝိဉာဥ်က ပေါက်ကွဲသွားသည်။

ဤနေရာသို့ ရွှယ်အန်း ဝင်လာခဲ့သည့်အချိန်မှစ၍ ချူးရှင်းဇယ်၏ ဝိဉာဥ်ကို ဖျက်ဆီးပစ်လိုက်သည့်အချိန်အထိ အရာအားလုံးသည်အသက်ရှူစာအနည်းငယ်ခန့်၌ ဖြစ်ပျက်သွားခြင်းဖြစ်သည်။

ပျံ့ချင်မုသည် ထိုနေရာတွင် အံကြိတ်ကာ ရပ်၍ ကြည့်နေလျက် စိတ်ထဲ၌ လုံးလုံးလျားလျား ဗလာကျင်းသွားသည်။ ရွှယ်အန်းသည် ပျံ့ချင်မုအပေါ် ထိန်းချုပ်ထားသော စွမ်းအားကို ပေါ့ပေါ့ပါးပါး ချိုးဖျက်ကာ အနီးသို့ သွား၍ ပေါ့ပါးစွာ ပြုံးလိုက်သည်။

"ကျွန်တော် မထင်မှတ်ဘဲ ပထမနေရာကို ရသွားပုံပါပဲ"

ပျံ့ချင်မုက အလွန်အမင်း ထိတ်လန့်ကာ တုန်ယင်နေ၏။

“ရှင် ချူးရှင်းဇယ်ကို တကယ်သတ်လိုက်တာလား”

“ဟုတ်တယ်လေ။ နှစ်သစ်မှာ ဘာလို့ ဒီလို အမှိုက်တွေကို ချန်ထားပေးရမှာလဲ”

ပျံ့ချင်မုက ထိန်းမနိုင်သိမ်းမရဖြစ်လျက် တုန်လှုပ်သွားသည်။

“ရှင်… ရှင် ပြေးတာ ပိုကောင်းလိမ့်မယ်။ ဝေးဝေးပြေးလေ ပိုကောင်းလေပဲ”

"ပြေး ငါဘာလို့ပြေးရမှာလဲ"

ပျံ့ချင်မုက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။

"ရွှမ်ယွမ်ဂိုဏ်းရဲ့ တပည့်အရင်းကြီးကို ရှင်သတ်လိုက်ပြီလေ။ သူတို့ ရှင့်ကို အလွတ်‌ပေးမှာ မဟုတ်ဘူး ရှင့်ရဲ့ ကျင့်ကြံရေးအဆင့်က မြင့်တယ်ဆိုပေမယ့် ရွှမ်ယွမ်ဂိုဏ်းမှာ အင်မော်တယ် ခြောက်ယောက် ခုနှစ်ယောက်ရှိတယ်။

အများစုက အင်မော်တယ်ထက်ဝက်အဆင့်ကို ရောက်နေကြပြီ။ ဒါ့ထက် ဂိုဏ်းချုပ် ရှအာက အင်မော်တယ်အဆင့်အထွတ်အထိပ်ကို ရောက်နေပြီ။ ရှင် သူတို့အားလုံးကို ဘယ်လိုလုပ် တိုက်နိုင်မှာလဲ”

ဤသည်ကို ကြားပြီးပြီးချင်း ရွှယ်အန်းက ပြုံးလိုက်သည်။

“အင်မော်တယ်အဆင့်ဟုတ်လား။ ကောင်းတယ် ငါ တကယ့် အင်မော်တယ်အဆင့်ကို မသတ်ရသေးဘူး။ ဒီနေ့ သူတို့ ရွှမ်ယွမ်ဂိုဏ်းနဲ့ စလိုက်ရအောင်”

ဤသည်ကို ကြားသောအခါ ပျံ့ချင်မု အံ့သြသွားသည်။

ဒီကောင်... သူ ချူးရှင်းဇယ်ကို သတ်ရုံတင်မကဘဲ ရွှမ်ယွမ်ဂိုဏ်းကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်နေတာလား။

ထိုအချိန်တွင် အပြင်ဘက်တွင်ရှိနေသည့် စိုးရိမ်သောကရောက်နေသော လူအုပ်ကြီးက စကားပြောနေကြသည်။

ပါဝင်သူအများစုသည် အစမ်းကွင်းမှ ထွက်သွားပြီးဖြစ်သည်။

ရွှမ်ယွမ်ဂိုဏ်းမှ ချူးရှင်းဇယ်၊ ချင်မုမြို့မှ ပျံ့ချင်မုနှင့် အမည်မဖော်လိုသော လွတ်မြောက်အင်မော်တယ်တစ်ယောက်တည်းသာ ထွက်လာခြင်းမရှိသေးပေ။

"ချင်မုမြို့က မိန်းကလေးက အသက်ရှင်နေတာထက် သေဖို့ အလားအလာပိုများတယ်လို့ ငါထင်တယ်"

"အဟက် ငါလည်း သူ ရွှမ်ယွမ်ဂိုဏ်းနဲ့တိုက်ဖို့လုပ်တဲ့အကြောင်းကြားလိုက်သေးတယ်။ ပျံ့ချင်မုကဉာဏ်သိပ်မရှိဘူး”

"အဲဒီ လွတ်မြောက်ကျင့်ကြံသူက ပျံ့ချင်မုနဲ့ အတူတူလာတဲ့ပုံပေါ်တယ်။ ကြေးစားများဖြစ်နိုင်မလား”

"ဘာအသုံးဝင်မှာလဲ။ အဲ့တာက ရွှမ်ယွမ်ဂိုဏ်းရဲ့ တပည့်အရင်းကြီးလေ”

ဤဆွေးနွေးမှုများကြားတွင် ပျံ့ဟွာနှင့် ပျံ့ထျန်တို့သည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် တစ်ယောက်လက်ကို တစ်ယောက် ကိုင်ထားကြသည်။

စားသောက်ဆိုင်၏အပေါ်ထပ်တွင် ရှအာသည် သူ့တပည့်က အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဟု ယုံကြည်ကာ ခပ်ပါးပါးပြုံးလိုက်သည်။

All Chapters