← Chapters

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အခန်း (၃၀၇) တစ်စုံတစ်ယောက်က ကျီကျိုးမြို့ကို ဓားတစ်ချောင်းတည်းဖြင့် ပိုင်းဖြတ်ခဲ့ခြင်း

အိုက်မိသားစု။

အိုက်ပေါ်မင်သည် တစ်ခုခုဖြစ်လာတော့မည့်သကဲ့သို့ အမြဲစိတ်တထင့်ထင့် ဖြစ်နေသည်။ မဟုတ်မှလွဲရော စမ်းသပ်မှုပြိုင်ပွဲတွင် တစ်ခုခုမှားယွင်းခဲ့ခြင်းဖြစ်လေသလော။ အိုက်ပေါ်မင်သည် သံသယစိတ်များဖြင့် ပြည့်နှက်နေသည်။ ရုတ်​တရက်​ဆိုသလိုပင်​ အပြင်​ဘက်​မှ ​ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

"ဘာတွေဖြစ်နေတာလဲ" အိုက်ပေါ်မင်က ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

"အရှင့်... အရှင့်ကို သတင်းပို့ပါတယ်၊ တစ်ယောက်ယောက်က ကျီကျိုးမြို့ကို ဓားတစ်ချောင်းနဲ့ ခုတ်ဖြတ်လိုက်တာပါ" အိမ်တော်ထိန်းက တုန်လှုပ်စွာ ပြောလိုက်သည်။

"ဘာ" အိုက်ပေါ်မင်သည် သူ​၏မျက်နှာတွင် ယုံကြည်မှုကင်းမဲ့နေသော အမူအရာဖြင့် မတ်တပ်ရပ်လိုက်သည်။

"ကျီကျိုးမြို့ကို ဓားတစ်ချောင်းနဲ့ ခုတ်ဖြတ်လိုက်တယ်တဲ့လား"

“ဟုတ်ကဲ့” အိမ်တော်ထိန်းက ကြောက်လန့်စိတ်များဖြင့် ပြောလိုက်သည်။

အမှန်တကယ်ပင် ယခုအခါ အိုက်ပေါ်မင်သည် အလွန်ပြင်းထန်သော ဓားရည်ရွယ်ချက်ကို ခံစားနိုင်နေပြီဖြစ်သည်။ ပြီးနောက် ဤဓားရည်ရွယ်ချက်ကို အလွန် ထူးဆန်းစွာ တရင်းတနှီးဖြစ်သည်ဟု ခံစားနေမိသောကြောင့် အိုက်ပေါ်မင်​၏ မျက်နှာအမူအရာ ဖြူဖျော့လာသည်။ ထိုအချိန်တွင် အသံတစ်သံထွက်ပေါ်လာသည်။

"ကျုပ်ကို မသတ်နိုင်လို့ စိတ်မပျက်သွားဘူးလား"

အိုက်ပေါ်မင်၏ မျက်နှာအမူအရာ မှင်သက်သွားပြီးနောက် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် မည့်သည့်အချိန်က အခန်းတွင်းသို့ ပေါ်လာမှန်းမသိသော ရွှယ်အန်းသည် ကုလားထိုင်ပေါ်တွင် စိမ်ပြေနပြေ ထိုင်လျက် သူ့ကို ကြည့်နေသည်။

“မင်း… မင်း…” အိုက်ပေါ်မင်သည် ထစ်ငေါ့စွာဖြင့် စကားပင် မပြောနိုင်ပေ။

"ခင်ဗျားကို အသက်ရှင်ခွင့်ပေးမယ်လို့ အရင်က ကျုပ် ပြောဖူးတယ်၊ ဒါပေမယ့် ခင်ဗျားက အမှန်တရားကို မမြင်မှတော့ အခု ကျုပ်ကို အပြစ်မတင်နဲ့ပေါ့" ရွှယ်အန်းက ခပ်ပါးပါး ပြုံးလိုက်သည်။

“မဟုတ်ဘူး…” အိုက်ပေါ်မင်သည် ဒဏ်ရာများ ကုသရန်အတွက် အိပ်ယာပေါ်တွင် လဲလျောင်းနေသော်လည်း ဤအချိန်တွင် သူ သိပ်ဂရုမစိုက်နိုင်ဘဲ ကုတင်ပေါ်မှ ထလာကာ ဒူးထောက်ချလိုက်သည်။

"အရှင် ကျွန်တော့်အသက်ကို ငဲ့ညှာပေးပါ၊ ကျွန်တော့်ရဲ့အမှားတွေကို ကျွန်တော်တကယ်နားလည်ပါပြီ။ ကျွန်တော့်ကို ငဲ့ညှာပေးရင် အဆုံးမဲ့ရွှေငွေ ရတနာတွေအပြင် ဝိညာဉ်ကျောက်တုံးနဲ့ အင်မော်တယ်ဆေးတွေလည်း ပေးနိုင်ပါတယ်"

ရွှယ်အန်းသည် ထိတ်လန့်တုန်လှုပ်နေသော အိုက်ပေါ်မင်ကို ကြည့်၍ သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။

"လူတွေက သေခြင်းတရားကို ရင်ဆိုင်ရတဲ့အချိန်မှ ဘာလို့ အမြဲနောင်တရကြတာလဲ"

သူစကားပြောနေစဉ်တွင် အိုက်ပေါ်မင်၏နဖူးကို ဓားချီတစ်ချောင်း ထိုးဖောက်သွားသည်။ အိုက်ပေါ်မင်သည် ရွှယ်အန်းက မိမိကို ပြတ်ပြတ်သားသားနှင့် လျင်မြန်စွာ သတ်ဝံ့သည်ဟု မယုံကြည်နိုင်ပုံဖြင့် ထိတ်လန့်စွာကြည့်နေသည်။ ပြီးနောက် သူသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားကာ သေဆုံးသွားသည်။ အိမ်တော်ထိန်းသည် သတိလစ်လုနီးပါးဖြစ်နေသည်အထိ အလွန် ထိတ်လန့်နေသည်။

သူ​၏ သခင်သေဆုံးသွားခြင်းကို မြင်လိုက်သောအခါ အနောက်လှည့်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်၍ သူ​၏ဓားကို ဝှေ့ယမ်းလိုက်ရာ အိမ်တော်ထိန်းသည်လည်း အော်ဟစ်ကာ လဲကျသေဆုံးသွားသည်။

ပြီးနောက် ရွှယ်အန်းက မတ်တပ်ထရပ်၍ အပြင်သို့ ထွက်လာခဲ့သည်။ ယခုအချိန်တွင် ကျီကျိုးမြို့တစ်ခုလုံး ပရမ်းပတာဖြစ်နေပြီဖြစ်သည်။ အိုက်မိသားစုက အထူးတလည် ထိတ်လန့်နေကြသည်။ ရွှယ်အန်းသည် ဟင်းလင်းပြင်ထဲသို့ ခြေလှမ်းကာ အောက်ဘက်တွင်ရှိနေသော အိုက်မိသားစုများကို ငုံ့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် အိုက်မိသားစုရှိ လူများသည်လည်း ရွှယ်အန်းကို သတိပြုမိသွားသောကြောင့် ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။

"ကြည့်၊ ဒီလူ ပြန်လာပြီ"

“ဘုရားရေ၊ အိုက်မိသားစု တကယ်ပဲ အဆုံးသတ်တော့မှာလား”

"ကျုပ် ခင်ဗျားတို့ကို မသတ်ပါဘူး" ဤစိတ်ပျက်လက်ပျက် အော်ဟစ်သံများကြားတွင် ရွှယ်အန်းက ခေါင်းခါလိုက်သည်။

အောက်ခြေရှိ လူအုပ်ကြီးက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။

"ဒါပေမယ့် သင်ခန်းစာတစ်ခုတော့ ပေးရမယ်"

ဤသို့ဖြင့် ရွှယ်အန်းက ခြေတစ်လှမ်း လှမ်းလိုက်ရာ၊ ဧရာမ သံတူကြီးဖြင့် ထုလိုက်သကဲ့သို့ အိုက်မိသားစုအိမ်ရာတစ်ခုလုံး မြေပြင်ပေါ်သို့ ပြိုလဲကျသွားလေသည်။

"သိပ် မဆိုးပါဘူး" ရွှယ်အန်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် ကောင်းကင်ယံတွင် ပျောက်ကွယ်သွားခဲ့သည်။

အိုက်မိသားစုမှ အသက်ရှင်ကျန်ရစ်သော အဖွဲ့ဝင်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ အရပ်ရပ်သို့ ပြန့်ကျဲသွားကြသည်။ ထို့ကြောင့် တစ်ချိန်က အင်အားကြီးမားသော အိုက်မိသားစု ပျက်စီးသွားခဲ့သည်။

ရွှယ်အန်းသည် ကျူးရူယန်၊ ပျံ့ချင်မုနှင့် အခြားသူများက သူ့ကို စောင့်နေကြဆဲဖြစ်သော စမ်းသပ်မှု ကွင်းပြင်သို့ ပြန်လာခဲ့သည်။ အခြားသော ကျန်ရစ်သူများအနက် အများစုက ပြန်ထွက်သွားကြပြီဖြစ်သည်။ နောက်ဆုံးတွင် ရွှယ်အန်း၏ စွမ်းဆောင်မှုသည် အလွန် အံ့အားသင့်ဖွယ်ကောင်းသောကြောင့် လူတိုင်း​၏ တွန်းလှန်လိုသည့်ဆန္ဒများကို ဖယ်ရှားပြီးသားဖြစ်စေခဲ့သည်။

"ဘယ်လိုလဲ၊ ခွန်းလွန်ကို ကျုပ်နဲ့အတူ လိုက်ခဲ့မလား" ရွှယ်အန်းသည် ပြုံးပြပြီးနောက် ပျံ့ချင်မုကို မေးလိုက်သည်။

"မလိုက်တာပဲကောင်းပါတယ်၊ ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ရှင့်အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေလိမ့်မယ်" ပျံ့ချင်မုက ခေါင်းခါလိုက်သည်။

"ကောင်းပြီ၊ ဒါဆို ဒီမှာပဲ လမ်းခွဲကြတာပေါ့" ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

ဤသို့ဖြင့် ရွှယ်အန်းက ကျူးရူယန် ဘက်လှည့်ကြည့်၍ ပြောလိုက်သည်။

"အခု သွားကြရအောင်"

“ဟုတ်ကဲ့"

ရွှယ်အန်းက ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ပျံ့ထျန်က တုံ့ဆိုင်းစွာ ချဉ်းကပ်လာသည်။

"အခုထိ အင်မော်တယ်သခင့်ရဲ့ နာမည်ကို မသိသေးလို့ ကျွန်တော်တို့ကို ပြောပြနိုင်မလား"

ထိုသို့ကြားသောအခါ အနီးနားရှိ လူအများက နားစွင့်နေကြသည်။ ထိုအချိန်တစ်လျှောက်လုံးတွင် ၎င်းတို့အားလုံးက ရွှယ်အန်း၏ဇစ်မြစ်နှင့် နာမည်ကို မသိခဲ့ကြပေ။

"မှတ်ထား၊ ငါ့နာမည်က ရွှယ်အန်းပဲ" ရွှယ်အန်းသည် နူးညံ့စွာပြော၍ ပျံ့ထျန်၏ ခေါင်းလေးကို ပုတ်လိုက်သည်။

"ဟုတ်ကဲ့" ပျံ့ထျန်က အားတက်သရော ခေါင်းညိတ်လိုက်သည်။

"အင်မော်တယ်သခင်ရွှယ်၊ သမီးတို့ နောက်တစ်ကြိမ် ပြန်ဆုံခွင့်ရမှာလား"

"ဒါပေါ့" ရွှယ်အန်းက ရယ်မောလိုက်သည်။

စမ်းသပ်မှုပြိုင်ပွဲတွင် ရွှယ်အန်း၏ စိတ်ရှည်သည်းခံမှုသည် ခွန်းလွန်အင်မော်တယ်နယ်မြေ အတွင်းရှိ ဂိုဏ်းခွဲများ၏ ဖွဲ့စည်းမှုကို စေ့စေ့စပ်စပ် နားလည်လိုသောကြောင့် ဖြစ်သည်။ သူသည် ဤနေရာကို အနာဂတ်လောကတွင် အင်မော်တယ် နယ်မြေ​၏ ကောင်းချီးပေးခံရသော ကုန်းမြေအဖြစ် လောကီလောကအတွက် ပြောင်းလဲရန် ရည်ရွယ်ထားသည်။ အဆုံးတွင် ဤနေရာရှိ ဝိညာဉ်စွမ်းအင်သည် အပြင်ဘက်ထက် များစွာ ပို၍ သိပ်သည်းလှသည်။

ရွှယ်အန်းနှင့် ကျူးရူယန်တို့သည် ခွန်းလွန်ပင်မမြို့တော်သို့ စတင် ခရီးထွက်နေစဉ်တွင် ကျီကျိုးမြို့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များစွာသည် ခွန်းလွန် လျှို့ဝှက်နယ်မြေတလျှောက်လုံးတွင် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။ ထိုသတင်းသည် ခွန်းလွန်တစ်ခုလုံးကို အချိန်အတော်အတန်ကြာသည်အထိ တုန်လှုပ်သွားစေ၍ ဤနေရာဆီသို့ မရေတွက်နိုင်သော အကြည့်များ ရောက်ရှိလာသည်။ ကျီကျိုးမြို့ကို ဓားတစ်ချောင်းတည်းဖြင့် နှစ်ခြမ်းဖြတ်တောက်နိုင်သည့် ဤသို့သော ထိတ်လန့်ဖွယ်ကောင်းသော ကျင့်ကြံမှုမျိုး ပိုင်ဆိုင်ထားသူသည် မည်သို့သောလူဖြစ်လေသနည်း။

ခွန်းလွန်မြောက်ပိုင်းဒေသရှိ ဓားထိန်းချုပ်မှု ဗီလာ။

ခွန်းလွန်မြောက်ပိုင်းဒေသသည် တစ်နှစ်ပတ်လုံး ဆီးနှင်းများ ရေခဲများဖြင့် ဖုံးလွှမ်းနေသော်လည်း ၎င်း​၏ အထက်ကောင်းကင်ယံ၌ မကြာခဏဆိုသကဲ့သို့ ဓားမှအလင်းရောင်များ လင်းလက်လေ့ရှိသည်။ ၎င်းသည် ခွန်းလွန်အင်မော်တယ်နယ်မြေ အတွင်းရှိ ဓားကျင့်ကြသူများ​၏ အဓိက အခြေစိုက်နေရာဖြစ်သည်။ ပြီးနောက်ဓားထိန်းချုပ်မှု ဗီလာသည် ခွန်းလွန်၏ မြောက်ပိုင်းဒေသအတွင်း အင်အားအကောင်းဆုံး နေရာတစ်ခုဖြစ်သည်။ တင်းကျန်အဆောင်တော်တွင် လက်ရှိ ဓားထိန်းချုပ်မှု ဗီလာ​၏ ဂိုဏ်းခေါင်းဆောင် ဝူပုချန်သည် သူ​၏ အဖိုးတန်ဓားကို စစ်ဆေးနေခဲ့သည်။ ထိုအချိန်တွင် လရောင်ဓားဘုရင်က ကမန်းကတန်းဝင်လာသည်။

"ဂိုဏ်းခေါင်းဆောင်"

ဝူပုချန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် လရောင်ဓားဘုရင်ကို မော့ကြည့်လိုက်သည်။

"ကျီကျိုးမြို့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ကြားပြီးပြီလား"

"ကျွန်တော် ကြားထားပါတယ်" လရောင်ဓားဘုရင်၏ မျက်လုံးများတွင် ပြင်းထန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

“ပြီးတော့ ကျွန်တော်ရဲ့တပည့်အရင်းတစ်ယောက်လည်း အဲ့မှာ သေသွားပါတယ်”

"ဒါနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ" ဝူပုချန်က သူ​၏လက်ထဲရှိ ဓားကို ညင်သာစွာ ပွတ်သုတ်လျက် ဘာသိဘာသာ မေးလိုက်သည်။

သို့သော် သူ၏ပွတ်သုတ် ရှင်းလင်းမှုတွင် လက်ချောင်းထိပ်များရှိ ဓားချီမျှင်များကို ထိန်းချုပ်၍ ဓါးသွားဖြင့် ဖြည်းညှင်းစွာ ဖြတ်တောက်ခြင်းမျိုး ပါဝင်နေသည်။ ဤကဲ့သို့ ကမ္ဘာကို ထိတ်လန့်တုန်လှုပ်စေသည့် ဓားထိန်းချုပ်မှု နည်းလမ်းသည် လရောင်ဓားဘုရင်ကို အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားစေသည်။

"ကျွန်တော် ဒီလူ့ကို စုံစမ်းဖို့ လူတစ်ယောက် စေလွှတ်ပြီးပြီ၊ ဒါပေမယ့် သူ့ကို ဘယ်သူမှ မမြင်ဖူးဘူး၊ သူက ပုန်းကွယ်နေတဲ့ ဓားကျင့်ကြံသူ ဖြစ်နေမလား" လရောင်ဓားဘုရင်က ပြောလိုက်သည်။

"မှားတယ်"

"ကျွန်တော့်ကို အလင်းပြပေးပါ၊ ဂိုဏ်းခေါင်းဆောင်"

"ပုန်းကွယ်နေတဲ့ ဓားကျင့်ကြံသူတွေက ဒီလောက် သန်မာစရာအကြောင်းမရှိဘူး။ တွေးတောစဉ်းစားဖို့ လိုဏ်ဂူထဲက နံရံကိုသာ နေ့တိုင်း မျက်နှာမူပြီး ဆွေးမြေ့နေတဲ့လူတွေက ဘယ်လိုလုပ်ပြီး ဒီလိုကမ္ဘာကြီးကို ဖြိုခွင်းနိုင်တဲ့ဓားရည်ရွယ်ချက်မျိုး ပိုင်ဆိုင်နိုင်မှာလဲ"

“ဒါဆို ဂိုဏ်းခေါင်းဆောင်ရဲ့ တွေးခေါ်မှုအရ ဆိုလိုတာက…”

"ဒီလူက လောကီကမ္ဘာကနေ လာခဲ့တာဖြစ်မယ်"

"မဖြစ်နိုင်ပါဘူး" လရောင်ဓားဘုရင်၏မျက်နှာတွင် မယုံကြည်မှုများ ထင်ဟပ်သွားစေသည်။

"လောကီကမ္ဘာကို ကျွန်တော်ကိုယ်တိုင် မသွားနိုင်ပေမယ့်၊ ကျွန်တော့်တပည့်တွေတော့ သွားဖူးပါတယ်။ အဲဒီနေရာက ဝိညာဉ်စွမ်းအင် ကင်းမဲ့လွန်းပြီး ကျင့်ကြံမှုအတွက် မဖြစ်ထွန်းတဲ့ ကုန်းမြေမျိုးဖြစ်နေပါပြီ၊ အဲ့လို အစွမ်းထက်တဲ့ ဓားသမားမျိုးက အဲ့ဒီ့နေရာကနေ ဘယ်လိုလုပ် ထွက်လာနိုင်မှာလဲ"

"မင်းတို့အားလုံး ဒီလောကီကမ္ဘာကို လျှော့တွက်နေကြတာ။ သိပ်မကြာသေးခင်က နှင်းပေါင်းတစ်ထောင်ဂိုဏ်းနဲ့ အရှင်သခင်ဂိုဏ်းက တပည့်အရင်းတွေက လောကီကမ္ဘာကို သွားကြတုန်းက အဲ့ဒီမှာ သူတို့ အသတ်ခံလိုက်ရတယ် မဟုတ်ဘူးလား" ဝူပုချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ကျွန်တော်ကတော့ မဖြစ်​နိုင်​ဘူးလို့ ထင်​​နေတုန်းပဲ" လရောင်ဓားဘုရင်က ဆက်လက် ငြင်းဆန်လိုက်သည်။

"ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ အချိန်ကျလာတဲ့အခါ ရှင်းသွားလိမ့်မယ်၊ ဖေးပိုင်ရဲ့ဓားတာအို တိုးတက်မှုရော အခုဘယ်လိုရှိလဲ"

ဖေးပိုင်နှင့် ပတ်သက်သည့် ဖော်ပြချက်သည် လရောင်ဓားဘုရင်၏မျက်နှာတွင် အားရကျေနပ်မှုများ ဖြစ်ပေါ်လာစေသည်။

"ဂိုဏ်းခေါင်းဆောင်ကို ပြန်တင်ပြရရင်၊ ပြီးခဲ့တဲ့ နောက်ဆုံးအတွေ့အကြုံက ပြန်လာကတည်းက ဖေးပိုင်ရဲ့ ဓားတာအို ပိုပိုပြီး တိုးတက်ကောင်းမွန်လာတဲ့အပြင် ကျွန်တော့်ထက်ပါ သာလွန်တော့မယ့် အရိပ်အမြွက်မျိုး ပြသနေပါတယ်"

အခန်း(၃၀၈) ခွန်းလွန်၏ မာနကြီးသော ဧကရာဇ်သားတော်များ စုဝေးခြင်း

ဝူပုချန်က လှမ်းကြည့်လိုက်ပြီးနောက် မာနအရိပ်အမြွက်များ ပြလိုက်သည်။ ဤဖေးပိုင်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာ ဓားထိန်းတောင်တန်းဗီလာမှ ပျိုးထောင်ခဲ့သော မျိုးဆက်သစ်ပါရမီရှင်တစ်ယောက်ဖြစ်သည်။ ခွန်လွန်၏ အင်မော်တယ်နယ်မြေ၏ အမျိုးမျိုးသော ဂိုဏ်းတို့တွင် မရေမတွက်နိုင်အောင် များပြားသော တပည့်စစ်များရှိနိုင်သော်လည်း ပါရမီရှင်ဟူသည်မူ တစ်ယောက်သာရှိနိုင်သည်။

ပါရမီရှင်ဟု သတ်မှတ်ခြင်းခံရခြင်းသည် သင်သည် ဂိုဏ်း၏ သြဇာအရှိဆုံးတပည့်ဖြစ်သည်ဟုဆိုလိုသည်။ အရင်းအမြစ်များအားလုံးက သင့်အပေါ်သို့ ရောက်နေမည်ဖြစ်ကာ ၎င်းသည် သခင်မျိုးဆက်သစ်များကြား၌ ပြိုင်ဘက်ကင်းသော ခွန်အားနှင့် အဓိပ္ပါယ်တူညီသည်။

“ဒီစမ်းသပ်ပွဲရဲ့ အဓိကဖြစ်တဲ့ခွန်းလွန်မြို့ကိုသွားမယ့် ခရီးစဥ်မှာ ဖေးပိုင်နဲ့ မင်းလိုက်သွားသင့်တယ်။ အသစ်ထွက်ပေါ်လာတဲ့ ဓားသမားကိုကြည့်ပြီး သူဘာတွေလုပ်နေလဲကြည့်ကြည့်လိုက်”

“ဟုတ်” လရောင်ဓားဘုရင်က လေးနက်စွာ ဦးညွတ်၍ ဓားထိန်းတောင်တန်းဗီလာမှ ဆုတ်ခွာသွားသည်။

ဓားထိန်းတောင်တန်းဗီလာနောက်တွင်၊ ဓားရေတံခွန်ရှိသည်။ ၎င်းသည် နဝမမြောက်ကောင်းကင်ယံထက်မှ ကမ္ဘာမြေဆီသို့ အဆုံးမဲ့သော ဓားများကျဆင်းနေသည့် ရေတံခွန်နှင့်တူသောအရာမျိုးဖြစ်သောကြောင့် ဓားရေတံခွန်ဟု အမည်တွင်လာခဲ့ရသည်။

ထိုအချိန်တွင် လရောင်ဓားဘုရင်က ဓားရေတံခွန်ဆီသို့ လျှောက်သွားကာ အရိုးများ အေးခဲသွားလုသည့် ဓားရေကန်ထဲ၌ ရပ်လျက် ကောင်းကင်မှ စီးကျလာသော ဓားများကိုကြည့်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။

ဓားလွှဲချက်တိုင်းတွင် ဓားရေတံခွန်မှ စီးကျလာသော ရေများက အထက်သို့ ပြန်တက်သွားသည်။ ခဏတာတွင် ထိုအလွန်ကြီးမားလှ‌သော ရေတံခွန်ကြီးက အထက်နှင့်အောက် ဓားများ စီးမျောလျက်ရှိသည်။ ထို့နောက် ၎င်းက အောက်သို့ ပြန်ကျလာလျှင် ဓားချီက အထက်သို့ ပြန်လည်ပင့်တင်ပေးလိုက်သည်။

ထိုကဲ့သို့သော ဇွဲလုံ့လနှင့် စိတ်ပြတ်သားမှုတို့သည် လရောင်ဓားဘုရင်ကို အလွန်အမင်း အထင်ကြီးစေသည်။

“ဖေးပိုင်” လရောင်ဓားဘုရင်က ရေကန်အနားမှထွက်လာသည်။

ဖေးပိုင်သည် တစ်ချက်ကြည့်၍ သူ့ဓားကို ဓားရေကန်၏ ရေစပ်သို့ ထုတ်လိုက်သည်။

ဘမ်း

အချိန်အတန်ကြာ ဓားချီဖြင့် ထိန်းချုပ်ခံထားရသော ဓားရေတံခွန်သည် ဒေါသကို ဖြေလျော့လိုက်သည့်အလား ပြင်းထန်စွာပြုတ်ကျသွား၍ ဓားရေကန်ထဲမှ ရေများကို အဝေးသို့ လွင့်စင်သွားစေသည်။

“ဦးလေးလရောင် ဘာလိုလို့လဲ” ဖေးပိုင်က ဓားတစ်လတ်ကဲ့သို့အေးခဲနေသော အမူအရာမျိုးဖြင့် စကားပြောလိုက်သည်။

"ဂိုဏ်းခေါင်းဆောင်က စမ်းသပ်ပြိုင်ပွဲမှာပါဖို့ ခွန်းလွန်ကို မင်းနဲ့အတူလိုက်သွားဆိုပြီး အမိန့်ပေးလိုက်တယ်”

"မသွားဘူး"ဖေးပိုင်က အေးစက်စွာပြောလိုက်သည်။

"ဘာလို့ မသွားရမှာလဲ"

"နှစ်တိုင်း ဒီလိုလူတွေပဲ ပျင်းစရာကြီး"

လရောင်ဓားဘုရင်က ထိုစကားကို ကြားသည်နှင့် ခါးသက်စွာပြုံးလိုက်သည်။

"ဒီနှစ်ကတော့ မတူပါဘူး။ တစ်မြို့လုံးကို ဓားချက်တစ်ချက်တည်းနဲ့ခုတ်ပိုင်းသွားတဲ့ အသစ်ပေါ်လာတဲ့ ဓားကျင့်ကြံသူတစ်ယောက်ရှိတယ်”

“အိုး” ဤသည်ကို ကြားသောအခါ ဖေးပိုင်၏ မျက်လုံးများ၌ အလင်းရောင်တချို့ပေါ်လာသည်။

“သူလည်း ဒီပွဲမှာ ပေါ်လာမှာပါ”

“ကောင်းပြီ ဒါဆို ကျွန်တော်သွားမယ်” ဖေးပိုင်က အေးစက်စွာပြောပြီး‌နောက် လှည့်ထွက်သွားသည်။

သူလမ်းလျှောက်သွားသည်နှင့် ခြေထောက်က ထော့နဲ့နဲ့ဖြစ်နေကာ သူ၏ မသန်စွမ်းမှုကို ပေါ်လွင်လာစေသည်။

လရောင်ဓားဘုရင်က ခေါင်းခါလိုက်သည်။

ဂိုဏ်းခေါင်းဆောင်က လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုကျော်၌ ရေခဲပြင် နှင်းတောင်တန်းများကြား၌ ဤအေးခဲ၍ သေခါနီးဖြစ်နေသော လူငယ်ကို ပြန်ခေါ်လာခဲ့စဥ်ကတည်းကပင် သူ၏ ဓားတာအိုတိုးတက်မှုသည် လူတိုင်း၏ မျှော်လင့်ချက်များကို ပျက်သုဥ်းသွားစေခဲ့သည်။ တစ်ခုတည်းသော ချို့ယွင်းချက်မှာ သူ၏ မသန်စွမ်းမှုပင်ဖြစ်၏။

သို့သော် ဖေးပိုင်သည် ဤခက်ခဲကြမ်းတမ်းသော လေ့ကျင့်မှုမှ တစ်ဆင့် ထူးခြားသော အားသာချက်အဖြစ်‌ပြောင်းလဲသွားသည်။ ဤမသန်စွမ်းမှုကြောင့် လျှော့တွက်ဝံ့သူ မည်သူမဆို အဆုံးစွန်သော အကျိုးဆက်များကို ခံစားကြရပေလိမ့်မည်။

ခွန်းလွန်အရှေ့ဘက်ရှိ အားဟန်နန်းတော်တွင်၊

ချောမောလှပသော ဘုန်းကြီးတစ်ပါးသည် ဝတ်ရုံဖြူကို ဝတ်လျက် တောင်ထိပ်ပေါ်တွင် ရပ်နေ၏။ ပြင်းစွာသော လေပြင်းများတိုက်ခတ်လာသောအခါ သူက တိတ်တဆိတ်နေ၍ လက်တစ်ဖက်မှ ပတီးစေ့များကို တစ်လုံးစီရွှေ့နေသည်။ ရုတ်တရက် အလွန်ကြီးမားသော လင်းယုန်ကြီးတစ်ကောင် အဝေးမှ ပျံသန်းလာသည်။ ဘုရင်းက လေဟာနယ်ထဲသို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ထို လင်းယုန်ကြီး၏ နောက်ကျောပေါ်သို့ တက်လိုက်သည်။

လင်းယုန်ငှက်ကြီးသည် ကျယ်လောင်စွာ အော်ဟစ်ကာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ အဝေးသို့ပျံသန်းသွားသည်။ တောင်ခြေရင်း၌ ကိုရင်လေးတစ်စုသည် ကောင်းကင်ယံသို့ ကြည်ညိုမှုအပြည့်ဖြင့်ကြည့်နေကြသည်။

“နောင်တော်က ဘုရားလောင်းအဆင့်ရောက်ပြီလား”

“နောင်တော် ဗုဒ္ဓဖြစ်သွားပြိထင်တယ်”

ဤကိုရင်ငယ်တို့၏ အမြင်တွင် ၎င်းတို့၏ နောင်တော်သည် လောက၌ ပြိုင်ဘက်ကင်းသော ဖြစ်တည်မှုတစ်ခုဖြစ်လာပြီဟု ယုံကြည်နေကြသည်။ သူသည်ကား အားဟန်နန်းတော်၏ လက်ရှိ ပါမီရှင် မီယိုအိဖြစ်သည်။

ညနတ်ဆိုးတောင်ကြား။

နှင်းတစ်ထောင်နတ်သမီးနှင့် ညနတ်ဆိုးဧကရီတို့ သာယာစွာ စကားစမြည်ပြောနေကြစဥ်တွင် ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခု တောင်အနောက်ကောင်းကင်ယံထက်မှ ထွက်ပေါ်လာသည်။ ၎င်းတို့ နှစ်ဦးလုံး၏ မျက်နှာပေါ်တွင် ရွှင်မြူးနေသော အကြည့်များ ထွက်ပေါ်လာကာ ခဏချင်း၌ပင် တောင်ထိပ်၌ ပေါ်လာ၏။

နှင်းတစ်ထောင်ဂိုဏ်းမှ ချန်လုရှန်သည် နတ်ဆိုးစမ်းသပ်ခြင်းမြေပြင်မှ ပထမဦးစွာ လမ်းလျှောက်ထွက်သည်ကို မြင်လိုက်ကြရသည်။

“ဒါ တကယ်ပဲ အင်မော်တယ် ထက်ဝက်အဆင့်ပဲ” နှင်းတစ်ထောင်နတ်သမီးက အားပါးတရ ပြောလိုက်သည်။

“ဟုတ်ပါတယ်။ တပည့်က အခု အဆင့်တက်ပြီး အင်မော်တယ်ထက်ဝက်အဆင့်ကိုရောက်သွားပါပြီ” ချန်လုရှန်က ဦးညွတ်၍ ‌လေးစားစွာပြောသည်။

“ကောင်းတယ် ကောင်းတယ်” နှင်းတစ်ထောင်နတ်သမီးက အလွန်ဝမ်းသာလျက်ရှိ၏။

ထိုအချိန်တွင် ညနတ်ဆိုးတောင်ကြားမှ နန့်ကုန်ဝူရှန်သည်လည်း ထွက်လာ၍ အင်မော်တယ်ထက်ဝက်အဆင့်ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။

သဘာဝကျစွာပင် ညနတ်ဆိုးဧကရီက အလွန်နှစ်သက်အားရလျက်ရှိသည်။ ၎င်းတို့၏ တပည့်များသည် စမ်းသပ်တိုက်ပွဲ၌ ကောင်းမွန်စွာ လုပ်ဆောင်နိုင်သရွေ့ ၎င်းတို့သည်လည်း လာမည့်နှစ်အတွက် အရင်းအမြစ်ဖြန့်ဝေမှုတွင် သိသာသော အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အတိုင်းအတာတစ်ခုအထိ အလွန်ဝမ်းသာပီတိဖြစ်လျက်ရှိကြသည်။

အလားတူဖြစ်ရပ်များ ခွန်းလွန်၏အဓိကဂိုဏ်းတစ်ခွင်တွင် တူညီစွာဖြစ်ပျက်ခဲ့ကြရာ ဂုဏ်ယူနေသော ပါရမီရှင်အများအပြားကပင်မမြို့သို့ တက်လာခဲ့ကြသည်။ ခွန်းလွန်မြို့၏ အလယ်ဗဟိုတွင် တိမ်များအထိ ထိုးထွက်နေသည့် မြင့်မားလှသော နန်းတော်တစ်ခုရှိသည်။ အဓိက မြို့သူမြို့သားများက ဤနန်းတော်ကိုကြည့်၍ ၎င်းတို့၏ မျက်နှာများတွင် ရိုသေလေးစားမှုများ ထင်ဟပ်နေသည်။ ၎င်းသည် အင်မော်တယ်နန်းတော်၏ အသိုက်အမြုံဖြစ်သည်။

ယခုအချိန်တွင် မသေနိုင်သောနန်းတော်အတွင်း ဧကရာဇ်သားတော် ဟောက်ယွီဟွမ်သည် တရားထိုင်ခန်းတစ်ခုတွင် တင်ပျဉ်ခွေထိုင်နေသည်။

ရုတ်တရက်

သူ မျက်လုံးဖွင့်လိုက်သည်နှင့် အံ့သြစရာကောင်းလောက်အောင် မျက်လုံးတစ်ဖက်က အနက်ရောင်ဖြစ်နေ၍ ကျန်တစ်ဖက်က အဖြူရောင်ဖြစ်ကာ ထိုမျက်လုံးနှစ်လုံးလုံးက တဖျတ်ဖျတ်လတ်နေသည်။

ထို့နောက် သူက လက်ကို မြှောက်လိုက်သောအခါ ကောင်းကင်မှ လျှပ်စီးတစ်စင်းက လက်ဖဝါးဆီသို့ ဆင်းသက်လာသည်။

“နတ်စွမ်းရည်ရရှိခြင်းအတွက် ဧကရာဇ်သားတော်ကို ဂုဏ်ပြုပါတယ်”

အင်မော်တယ် နန်းတော်မှ တပည့်များစွာက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချလိုက်ကြသည်။ ဟောက်ယွီဟွမ်သည် ကောင်းကင်ကိုးခု၏ အချုပ်အခြာအာဏာကို ထင်ဟပ်နေစေသော အမူအရာမျိုးဖြင့် ဆင်တူသည့် လျစ်လျူရှု့သော မျက်နှာနှင့် ပြောလိုက်၏။

“ဒီစမ်းသပ်ပြိုင်ပွဲမှာ ကျွန်တော် ပါဝင်ပါမယ်”

“ဟုတ်”

နေ့တစ်ဝက်ခန့်မကြာမီတွင် ဧကရာဇ်သားတော် ဟောက်ယွီဟွမ်သည် သီးသန့်လေ့ကျင့်မှုမှ ထွက်၍ ပြိုင်ပွဲတွင် ပါဝင်မည်ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့သည်။

လူတိုင်းက ယင်းကြောင့် ထိတ်လန့်သွားကြသည်။

အထူးသဖြင့် ဤပြိုင်ပွဲတွင် ပထမနေရာအတွက် ယုံကြည်ချက်ရှိကာ ပြင်ဆင်ထားသူများက အလွန်အမင်း အလေးအနက်ထားလျက်ရှိကြသည်။ ခွန်းလွန်တစ်ခုလုံးတွင် မရေမတွက်နိုင်လောက်အောင်များပြားသော ပါရမီရှင်များဖြစ်နိုင်သောလည်း ဧကရာဇ်သားတော်သည်မူ တစ်ဦးတည်းသာရှိနိုင်သည်။

ဤသည်က အင်မော်တယ်နန်းတော်က ပျိုးထောင်ခဲ့သော အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သူတစ်ဦးတည်းကသာ ငယ်ရွယ်သော ပါရမီရှင်များအားလုံးကို လွှမ်းမိုး၍ ဧကရာဇ်သားတော်ဟု အခေါ်ခံရန် ထိုက်တန်သည်။

ထိုအချိန်တွင် ရွှယ်အန်းနှင့် ကျူးရူယန်တို့သည် ခွန်လွန်းမြို့သို့ ဝင်ရောက်လာကြပြီဖြစ်သည်။ ကျယ်ပြန့်သော လမ်းများနှင့် စည်ကားသော မြို့ရှု့ခင်းများသည် ပင်မမြို့၏ ထူးခြားသော လက္ခဏာများဖြစ်လာသည်။

ရွှယ်အန်းသည် လမ်းမကြီးပေါ်တွင် ရပ်နေ၍ ခဏအကြာတွင် ကောင်းကင်ဘုံလူသားအဆင့်ပုဂ္ဂိုလ်များနှင့် လွတ်မြောက်အင်မော်တယ်အဆင့်ပုဂ္ဂိုလ်များ လမ်းများထက်၌ လျှောက်သွားနေသည်ကို မြင်လိုက်ရသည်။ သို့သော် ရွှယ်အန်းက အဝေးမှ အင်မော်တယ်နန်းတော်ကို ကြည့်၍ ကိစ္စတစ်ခုကို တွေးနေသည်။

"သခင်၊ ကျွန်မရဲ့ အကြီးတန်းအစ်မတစ်ယောက်က ခွန်းလွန်မြို့မှာ ရှိတယ်၊ ကျွန်မတို့ အဲ့မှာ နေလို့ရလောက်တယ်" ကျူးရူယန်က အကြံပြုသည်။

ရွှယ်အန်းက ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်သောအခါ ကျူးရူယန်သည် မြို့တွင်းရှိ လမ်းတစ်ခုသို့ ဦးဆောင်သွား၏။ ၎င်းသည် လမ်းမကြီးတမျှ မကျယ်ပြောသော်လည်း စည်ကားနေပြီပင်ဖြစ်သည်။

ထို့နောက် လမ်းထောင့်ရှိ ဆေးခန်းတစ်ခုရှေ့တွင်ရပ်လိုက်သည်။

ကျီရှိထန်

သို့သော်လည်း ဤအချိန်တွင် ဆေးခန်းတံခါးကို တင်းတင်းကျပ်ကျပ် ပိတ်ထား၏။ ကျူးရူယန်က တံခါးခေါက်ရန် ရှေ့သို့တိုးလာကာ ခဏအကြာတွင် အတွင်းမှ အံ့သြသံများထွက်ပေါ်လာသည်။

“ဘယ်သူလဲ”

“စီနီယာအစ်မ ညီမပါ” ကျူးရူယန်က ပြောသည်။

တံခါးကွဲအက်သွားပြီးနောက် ထူးခြားသော အသွင်အပြင်နှင့် မိန်းကလေးတစ်ယောက်ပေါ်လာသည်။ ကျူးရူယန်ကို အသိအမှတ်ပြလိုက်ပြီးနောက် သူမက ခေတ္တရပ်ကာ တံခါးကို ဖွင့်ပေးလိုက်သည်။

"ရူယန်လား နင်ဘယ်တုန်းက ခွန်းလွန်ကိုပြန်လာတာလဲ"

"အခုမှပြန်လာတာ"

ဤအခိုက်တွင် ကျူးရူယန်၏အကြီးတန်းညီမ လုရွှင်ရွှယ်သည် ရွှယ်အန်းတစ်ဖက်တွင်ရပ်နေသည်ကို သတိပြုမိ၍ ချီတုံချတုံဖြစ်သွားရသည်။

“ဒါက…”

"စီနီယာအစ် ရွှင်ရွှယ် ဒါက ညီမသခင်ပါ။ ညီမလေး လက်စားချေဖို့အတွက် ခွန်းလွန်ကို ပြန်လာခဲ့တာ” ကျူးရူယန်က ဂုဏ်ယူစွာပြောသည်။

အခန်း(၃၀၉) ဓားကျွန်လား စိတ်ဝင်စားစရာပဲ

"လက်စားချေဖို့လား"

ဤ စကားကိုကြားသောအခါ လုရွှင်ရွှယ်၏ မျက်နှာက ပြောင်းလဲသွားသည်။

ထို့နောက် သူမက ရွှယ်အန်းကို ခဏမျှ စူးစမ်းကြည့်ပြီးနောက် အထင်သေးမှုများဖြတ်ပြေးသွားသည်။

"ညီမရူယန် နင် အမုန်းတရားတွေ နက်နက်ရှိုင်းရှိုင်း ခံစားနေရတာ ငါသိပါတယ် ဒါပေမယ့် အခြားလူတွေကို မျက်ကန်းတစ်ယောက်လိုမျိုး ယုံလို့မရဘူးနော်… နောက်ဆုံးတော့… လူတချို့ရဲ့ ရည်ရွယ်ချက်တွေကို မသိနိုင်ဘူးလေ”

လုရွှင်ရွှယ်၏ စကားများက ကြမ်းတမ်းသည်။ ကျူးရူယန်၏ မျက်နှာသည် တစ်ခုခုကို ပြောချင်သည့်အလား ဖြူဖျော့သွားသည်။ ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်း၍ ကျူးရူယန်ကို စကားမပြောရန် အချက်ပြကာ လုရွှင်ရွှယ်က ခပ်ဖျော့ဖျော့ပြုံးပြလိုက်သည်။

“မင်းက ငါ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိတယ်လို့ ပြောချင်နေတာလား”

“ကျွန်မ အဲ့လိုမပြောပါဘူး။ ကျွန်မက ကျွန်မညီမလေးကို ပိုပြီး သတိထားဖို့ သတိပေးနေတာပါ” လုရွှင်ရွှယ်က အေးစက်စွာပြောပြီးနောက် အခန်းထဲသို့ ပြန်လှည့်ဝင်သွားသည်။

“သခင် ကျွန်မရဲ့ အစ်မက သခင့် ကျင့်ကြံရေးအဆင့်ကို သတိမထားမိလို့ပါ၊ ကျွန်မ လှည့်စားခံရမှာကို သူစိတ်ပူနေရုံသက်သက်ပါ။ ကျေးဇူးပြုပြီး သူ့စကားတွေကို စိတ်ထဲမထားပါနဲ့နော်” ကျူးရူယန်က ထိုကိစ္စနှင့် ပတ်သက်၍ ရွှယ်အန်း ဒေါသထွက်မည်ကို စိုးရိမ်သောကြောင့် အမြန်ပြောလိုက်သည်။

ရွှယ်အန်းက ပြုံးလိုက်သည်။

မှန်သည်။ သူသည် လောကနည်းလမ်းများနှင့် မရင်းနှီးသော မိန်းမတစ်ယောက်နှင့်ပတ်သက်၍ စိတ်အနှောက်ယှက်ဖြစ်ခံမည်မဟုတ်ပေ။

“မင်းရဲ့ အစ်မက မင်းကို သေချာပေါက် အရမ်းစိတ်ပူနေပုံရတယ်” ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပြောသည်။

ကျူးရူယန်က ခါးသက်စွာပြုံးလိုက်သည်။ သူမနှင့် လုရွှင်ရွှယ်သည် တစ်ချိန်က ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးအောက်တွင် ဆေးပညာကို လေ့လာဖူးသည်။ နောက်ပိုင်းတွင် ကျူးရူယန်၏မိသားစု၌ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့သောကြောင့် ခွန်းလွန်မှ ထွက်ခွာလာခဲ့သည်။ ထိုအချိန်တွင် လုရွှင်ရွှယ်သည် ဤနေရာ၌ ဆေးဘက်ဆိုင်ရာခန်းမငယ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

၎င်းတို့သည် အစပိုင်းတွင် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကြရာ လုရွှင်ရွှယ်က သူမပြန်လာမည်ကို အမြဲတစေ စိတ်အားထက်သန်စွာဖြင့်စောင့်ဆိုင်းနေခဲ့သည်။ သို့သော် သူမသည် ရွှယ်အန်းနှင့်မူ ဖော်ရွေခြင်းမရှိပေ။

နောက်ရက်များတွင် ရွှယ်အန်းက ကျီရှိခန်းမ၌ တည်းခိုခဲ့ရာ လုရွှင်ရွှယ်က သူ့အပေါ် အမြဲအေးစက်၍ လူလိမ်တစ်ယောက်ကို ကြည့်နေသည့်အလား မျက်ခြေမပြတ်စောင့်ကြည့်ခဲ့သည်။ ကျူးရူယန်က အကြိမ်ကြိမ်တောင်းပန်ခဲ့သော်လည်း ရွှယ်အန်းက ရယ်ရုံသာ ရယ်နေခဲ့သည်။ ပြိုင်ပွဲနီးကပ်လာသည်နှင့်အမျှ ခွန်းလွန်၏ ပင်မမြို့ကြီးက စိတ်လှုပ်ရှားမှုများနှင့် တဖြည်းဖြည်းစည်ကားလာသည်။ ကောင်းကင်ယံထက်၌

အလင်းတန်းများ မကြာခဏ ထွက်ပေါ်လာရာ ပြိုင်ပွဲ၌ ပါဝင်မည့် ကျွမ်းကျင်သူများဖြစ်ကြောင်း ထင်ရှားလှသည်။

ထိုအချိန်မျိုးတွင် လူများစွာက တောင့်တမှုများအပြည့်ဖြစ်နေသည့် မျက်လုံးများဖြင့် ကောင်းကင်ယံထက်သို့ မော့ကြည့်နေကြသည်။ ခွန်းလွန်၏ သာမန်လူများအတွက် တောင်မြောက်ပျံသန်းနေသည့် ဤအင်မော်တယ်များသည် အထင်ကြီးလေးစွာဖွယ်ကောင်းလှသော်လည်း လက်လှမ်းမမီနိုင်သော သတ္တဝါများဖြစ်ကြသည်။

အင်မော်တယ်ကျင့်ကြံရေးဂိုဏ်းအဖြစ် လက်ခံလိုက်ခြင်းသည် ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ တက်သွားသည့်အလားပင်ဖြစ်သည်။ ထို့ကြောင့် ထိုစမ်းသပ်ပြိုင်ပွဲနေ့များက ခွန်းလွန်မြို့တွင် အတက်ကြွဆုံးဖြစ်ကြသည်။ ဤတစ်ကြိမ်တွင်လည်း ခြွင်းချက်မရှိပေ။

နေ့အချိန်သို့ရောက်သောအခါ လုရွှင်ရွှယ်သည်လည်း စောစောထ၍ ဝတ်စားဆင်ယင်ပြီးသည်နှင့် ကျူးရူယန်ကို ပြောလိုက်သည်။

“ညီမလေး ဒီနေ့က ပြိုင်ပွဲနေ့ပဲ။ ပွဲတူတူသွားကြည့်ရအောင်”

“ဟုတ် မမ ညီမလေးတို့သွားရမယ်။ ညီမတို့ သခင်လည်း ဒီစမ်းသပ်ပြိုင်ပွဲမှာ ပါလိမ့်မယ်”

ဤသည်ကို ကြားသောအခါ လုရွှင်ရွှယ်က အနည်းငယ်ထိတ်လန့်လျက် အဝေး၌ ရပ်နေသော ရွှယ်အန်းကို အထင်သေးစွာကြည့်နေသည်။

“ညီမလေး ဒီလူက ကြီးကြီးကျယ်ကျယ်ပြောနေတာ သတိထားစမ်းဟယ်။ ပွဲမှာ နာမည်ကြီးဂိုဏ်းပေါင်းစုံရဲ့ တပည့်ရင်းတွေအပါအဝင် ခွန်းလွန်နယ်ပယ်တစ်ခုလုံးမှာရှိတဲ့ လက်ရှိသခင်တွေပါတယ်”

ကျူးရူယန်က စိတ်ရှုပ်လာသည်။

“အစ်မ သခင်ရွှယ်က တကယ် ပြိုင်ဘက်ကင်း စွမ်းအားကြီးပါတယ်။ အစ်မ သူ့အကြောင်းကို ဘာလို့ ဒီလောက် အထင်သေးသေးပြော…”

လုရွှင်ရွှယ်က ခေါင်းကိုခါလိုက်ပြီးနောက် ဆက်မပြောတော့ပေ။ သူမ၏ အမြင်တွင် ဤရွှယ်အန်းသည် ကျွမ်းကျင်လှသည်ဆိုလျှင်ပင် ပြိုင်ပွဲ၌ ပါဝင်ရန် အရည်အချင်းမပြည့်မီပေ။

သူက ကြွားဝါနေခြင်းမျှသာဖြစ်သည်ဟု သူမထင်ခဲ့သည်။

‘အဲ့အချိန်ထိစောင့်စမ်းပါ၊ ရှင်ဘယ်လို ဆက်ပြီး ဟန်ဆောင်နေမလဲဆိုတာ ကျွန်မကြည့်မယ်’ လုရွှင်ရွှယ်က စိတ်ထဲမှ တွေးလိုက်သည်။ ခွန်းလွန်မြို့တွင် စမ်းသပ်ပြိုင်ပွဲများသည် မြို့လယ်ရှိ အင်မော်တယ်နန်းတော်၌ ကျင်းပမည်ဖြစ်သဖြင့် အလိုအလျောက်ပင် ထူးကဲလှသည်။

လုချင်ရွှယ်နှင့် အခြားလူများရောက်လာသောအခါတွင် ထိုနေရာက လူအများနှင့် ပြည့်ကျပ်နေပြီဖြစ်သည်။ ယခုအဖန်ဖန် အထင်ကြီးဖွယ်ကောင်းသော ရောင်ဝါများရှိသည့် ကျင့်ကြံသူများသည် ကောင်းကင်မှ ဆင်းသက်လာကာ လူအုပ်ကို အလွန် အံ့သြသွာားစေသည်။

“ကြည့် အဲ့ဘုန်းကြီဂက လင်းယုန်ငှက်ကြီးတစ်ကောင်နဲ့ ဒီမှာပျံနေတာ”

"ဒါက အနောက်ဘက်ဒေသက အားဟန်နန်းတော်ရဲ့ ဆရာကြီး မီယိုအိပဲ တကယ့်ကို မြင့်မြတ်တဲ့ဘုန်းတော်ကြီးပါပဲ”

“ပြီးတော့ နှင်းတစ်ထောင်ဂိုဏ်း၊ ‌အုပ်စိုးရှင်ဂိုဏ်းနဲ့ ညနတ်ဆိုးနန်းတော်က လူတွေလည်းရှိတယ်”

“ဒီနှစ်ပွဲက တကယ့်ကို မကြုံစဖူးပါပဲ”

ဤဆွေးနွေးမှုများကြားတွင် လုရွှင်ရွှယ်သည် ဘေး၌ တိတ်တဆိတ်ရပ်နေသော ရွှယ်အန်းကို တစ်ချက်ကြည့်လိုက်ကာ နှုတ်ခမ်းထောင့်၌ အထင်အမြင်သေးသော လှောင်ပြုံးတစ်ခု ပေါ်လာသည်။

‘ဆိုတော့ ရှင်အခု တိတ်သွားပြီမလား ဆွံ့အသွားပြီထင်တယ်’

ဤအခိုက်အတန့်၌ ဤထူးခြားသော တပည့်များသည် ကွင်း၌ နေရာယူ၍ ငြိမ်ဝပ်စွာရပ်နေကြပြီဖြစ်သည်။

“ဧကရာဇ်သားတော်က ဒီတစ်ကြိမ်မှာ ကိုယ်တိုင် လှုပ်ရှားမယ်လို့ သိရတယ်။ ဒီပွဲမျာ ပထမနေရာကို ယူဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ ထင်ပါတယ်ကွာ” ကမ္ဘာ့သခင်ဂိုဏ်းမှ တပည့်အရင်းဖြစ်သော မြောင်ဟောက်ယန်က ပြောလိုက်သည်။

“အဟက် ဒါ ဟုတ်ချင်မှ ဟုတ်မှာပါ ဓားထိန်းချုပ်ခြင်းဗီလာက ဖေးပိုင်လည်း ပြိုင်ပွဲမှာ ပါမှာမို့လို့လေ” နှင်းတစ်‌ထောင်ဂိုဏ်းမှ ချန်လုရှန်က ဘာသိဘာသာပြောလိုက်သည်။

ဖေးပိုင်

ဤနာမည်ကို ကြားလိုက်ရသောအခါ လူအများ၏ အမူအရာများ လေးနက်သွားသည်။ ဤလူသည် တစ်ချိန်က တပည့်ရင်းများနှင့် ပါရမီရှင်များအားလုံး၏ အိပ်မက်ဆိုးများဖြစ်ခဲ့သည်။ ဖေးပိုင်၏ ဓားတစ်ချောင်းဖြင့် မရေမတွက်နိုင်လောက်အောင် များပြားလှသော ပြိုင်ဘက်များကို အနိုင်ယူခဲ့သည်။

“ဘာလို့ ဒီနတ်ဆိုးကရောက်လာတာလဲ။ ဒီအချိန်မှာအဆင့်ကောင်းကောင်းရနိုင်သရွေ့တော့ လုံလောက်ပါပြီ” မြောင်ဟောက်ယန်က အတင်းပြုံး၍ ပြော၏။

၎င်းတို့ စကားပြောနေစဥ် လူအုပ်ကြီးက ရုတ်တရက် ခွဲထွက်ကာ လမ်းကြောင်း တစ်ခု ဖန်တီးလိုက်သည်။ သားရဲနှင့်တူသော ပြင်းထန်သော မျက်လုံးများမှလွဲ၍ ဖြူဖျော့နေသော မျက်နှာမျိုးရှိသည့်လူတစ်ယောက် ၎င်းတို့ဆီသို့ ချဥ်းကပ်လာသည်ကို မြင်လိုက်ကြရသည်။

ဤပုဂ္ဂိုလ်ကို မြင်သောအခါ တပည့်ရင်းများက တိတ်ဆိတ်ကုန်ကြသည်။ ရောက်လာသူမှာ ၎င်းတို့က ‘မွန်းစတား’ ဟုခေါ်သည့် ဖေးပိုင်ပင်ဖြစ်သည်။

အဝေးမှ မြင့်သော ပလက်ဖောင်းတစ်ခုတွင် လရောင်ဓားဘုရင်က ထိုမြင်ကွင်းကို ကြည့်၍ ပြုံးနေသည်။

"အခု ခွန်းလွန်အင်မော်တယ်နယ်မြေမှာရှိတဲ့ ပညာရှင်လူငယ်တိုင်းနီးပါး ဒီကိုရောက်နေပါပြီ။"

သူ၏ တည်ငြိမ်သော အမူအရာနှင့် မတူဘဲ အခြားသော ဂိုဏ်းပေါင်းစုံမှ လူများ အားလုံးမှာ အနည်းငယ် စိုးရိမ်၍ မငြိမ်မသက် ဖြစ်နေကြသည်။ ဥပမာအားဖြင့် ယခု နှင်းတစ်ထောင်နတ်သမီး၏ မျက်နှာက ပြာနှမ်းမှောင်မိုက်နေသည်။ အင်မော်တယ်နန်းတော်မှ ဧကရာဇ်သားတော်တစ်ဦးတည်းကို မဆိုနှင်ြ ဓားထိန်းချုပ်ခြင်းဗီလာသည် ဖေးပိုင်ကဲ့သို့ လူတစ်ယောက်ကိုပင် စေလွှတ်ခဲ့သည်။

ထို့အပြင် လျှို့ဝှက်အင်မော်တယ်ဂိုဏ်းမှ သူရဲကောင်းများစွာလည်း ပေါ်ထွက်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် နှင်းတစ်ထောင်ဂိုဏ်းသည် အဆင့်ကောင်းတစ်ခုရရှိရန် ခက်ခဲနေပေလိမ့်မည်။

ဖေးပိုင်သည်မူ ကွင်းလယ်သို့ ရောက်နေပြီဖြစ်ကာ လူအားလုံးက ခပ်လှမ်းလှမ်း၌ရှိနေကြ၍ သူ့အနားသို့ မည်သူကမျှ မချဉ်းကပ်ဝံ့ကြပေ။ ဖေးပိုင်က ဤလူများကို ဂရုမစိုက်ပေ။ သူ့မျက်လုံးများဖြင်ြ လူအုပ်ကြားသို့ လှည့်ပတ်ကြည့်ပြီးနောက်

မျက်ခုံးပင့်လိုက်သည်။

"သူမလာဘူးလား"

ချန်လုရှန်က ခါးသက်သွားပြုံးလိုက်သည်။

"သခင် ဖေးပိုင်က ဘယ်သူ့ကိုပြောချင်တာလံခင်ဗျ"

"ကျီကျိုးမြို့ကို တိုက်ခိုက်ခဲ့တဲ့ ဓားသမားက ဘယ်မှာလဲ"

ဤမှတ်ချက်သည် ဂိုဏ်းများမှ တပည့်ရင်းများကြား၌ အချင်းချင်း ရှုပ်ထွေးစေခဲ့သည်။

"အဟက် အဲ့တာက ချဲ့ကားတဲ့ ကောလဟာလတစ်ခုပဲ ဖြစ်နိုင်တယ်။ ကျီကျိုးမြို့က အဓိကမြို့ဖြစ်ပေမယ့် ဝေးလံခေါင်သီတယ် ထူးခြားတဲ့ဓာသမားမျိုး ဘယ်မှာရှိနိုင်မှာလဲ" မြောင်ဟောက်ယန်က အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။

ဤစကားများသည် လူတိုင်းကို ခေါင်းညိတ်သဘောတူစေခဲ့သည်။

ရှေ့မှ ပြိုင်ပွဲများတွင် ကျီကျိုးမှ မှမည်သူမျှပါဝင်ခြင်းမရှိခဲ့ပေ၊ ရှိခဲ့လျှင်လည်း ၎င်းတို့၏ရလဒ်များသည် များသောအားဖြင့်အောက်ခြေတွင်ရှိကြသည်။ ဤအခိုက်အတန့်တွင် လူအုပ်ကြား၌ ရွှယ်အန်းသည် အဝေးမှ ဖေးပိုင်ဆီသို့ လှမ်းကြည့်၍ ဘာသိဘာသာ ပြုံးလိုက်သည်။

"ဓားသွားအတွက် ရည်စူးထားတဲ့ ဓားကျွန်တွေလည်း ရှိပုံရတယ်၊ ကိစ္စတွေက ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ"

လုရွှင်ရွှယ်က ရွှယ်အန်း ရေရွတ်နေသော စကားများငို နားမလည်သော်လည်း မျက်မှောင်ကြုတ်၍ အေးစက်စွာပြောလိုက်သည်။

“ရှငိ တခြားနေရာမှာ ကြွားလို့ရတယ်၊ ဒါပေမဲ့ ဒီမှာ နှိမ့်ချနေဖို့

ကျွန်မ အကြံပေးတယ်။ အဲ့တာက အင်မော်တယ်တွေပဲ ရှင် စကားနဲ့စော်ကားရင်တောင် အကျိုးဆက်ကို ခံနိုင်မှာမဟုတ်ဘူး”

စကားလုံးများက ကြမ်းတမ်းသော်လည်း ရွှယ်အန်းသည် ၎င်းတို့ကိုကြားသောအခါတွင် မျက်ခုံးပင့်၍ ပြောလိုက်သည်။

"မင်း ကျေးဇူးတင်သင့်တယ်၊ ကျူးရူယန်ရဲ့ အစ်မဖြစ်နေလို့ မင်းကျေးဇူးတင်သင့်တယ်”

ဤသို့ပြော၍ ရွှယ်အန်းက မတ်တပ်ထရပ်ကာ အတွင်းကွင်းထဲသို့ လျှောက်သွားသည်။

All Chapters