← Chapters

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း(၃၁၆) ခွန်းလွန်နယ်မြေ၏ ပဋိပက္ခများ

ကျော့ယွီဟူက လေထုအလယ်၌ ဒူးထောက်လိုက်သည်။

အကြောင်းကား ထွက်မပြေးချင်တော့သောကြောင့်မဟုတ်ဘဲ ရွှယ်အန်း၏လက်ချက်ကြောင့် သူ၏ ကျင့်ကြံရေးအဆင့်တစ်ခုလုံး ချိတ်ပိတ်ခံလိုက်ရခြင်းကြောင့်ဖြစ်သည်။

နောက်ဆုံးတွင် သူသည် ကောင်းကင်လူသားတစ်ဦးမျှသာဖြစ်သည်။

ရွှယ်အန်းရှေ့၌ သူ၏ ကျင့်ကြံရေးအဆင့်ကို ပုရွက်ဆိတ်တစ်ကောင်အဖြစ်ပင် ထည့်တွက်၍ ရမည်မဟုတ်ပေ။ ဤနှစ်များအတွင်း အင်မော်တယ်နန်းတော်၏ အာဏာစက်ကြောင့် မဟုတ်ပါက၊ သူသည် အကြိမ်ပေါင်း မရေတွက်နိုင်သော အသတ်ခံခဲ့ရပြီးမည်မှာ သေချာလှသည်။

ကြီးမားကျယ်ပြန့်သော အင်မော်တယ်နန်းတော်ကဲ့သို့ပင် အမြဲတစေ အထက်၌ ရပ်တည်နေနိုင်မည်ဟု သူအမြဲတမ်းတွေးထားခဲ့သည်။ သို့တိုင် ယနေ့တွင် ဤမျှလောက်ပြိုင်ဘက်ကင်းသည့် နတ်သုတ်သင်သူမျိုးနှင့် ကြုံရမည်ဟု သူ ဘယ်သောအခါကမျှ မတွေးထားခဲ့ဖူးပေ။

ကျူးရူယန်က မျက်လုံးများနီရဲလျက် ကျော့ယွီဟူကို စိုက်ကြည့်ကာ အံကြိတ်ထားသည်။

"အောက်တန်းစား ရှင် ကျွန်မမိသားစုတစ်ခုလုံးကို သတ်ခဲ့တုန်းက ဒီလိုနေ့ရောက်လာလိမ့်မယ်လို့ တွေးခဲ့ဖူးလား”

ထို့နောက် သူမကိုင်ဆောင်ထားလေ့ရှိသော ဓားတိုကို ဆွဲထုတ်ကာ ရှေ့သို့ လျှောက်သွားသည်။ ကျော့ယွီဟူ၏မျက်နှာက ပြာနှမ်းလျက် တစ်ကိုယ်လုံး တုန်ယင်နေသည်။ သက်ညှာပေးရန် တောင်းဆိုခြင်းက အချည်းနှီးဖြစ်မည်ဖြစ်ကြောင်းကို သူသိသော်လည်း သေခြင်းတရားကို ကြောက်ရွံ့သောစိတ်ကြောင့် သူ့အလိုအလျောက် အော်ဟစ်နေသေးသည်။

"ငါ့ကို သက်ညှာပေးပါ”

ကျူးရူယန်က ကျော့ယွီဟူ၏ရင်ဘတ်ကို ဓားဖြင့်ထိုး၍ လူသတ်ချင်စိတ်အပြည့်ရှိနေသော မျက်နှာဖြင့် ပြောလိုက်သည်။

"အဲ့နေ့က ကျွန်မအဖေက သက်ညှာပေးဖို့အသည်းအသန်တောင်းဆိုခဲ့တုန်းက ရှင် သူတို့ကို အသက်ချမ်းသာပေးခဲ့လို့လား”

ကျော့ယွီဟူသည် အလွန်နာကျင်နေဆဲဖြစ်ကာ မလှုပ်ရှားနိုင်ဘဲ စိတ်ပျက်အားငယ်နေသော မျက်လုံးများဖြင့် ကျူးရူယန်ကိုသာ ကြည့်နေသည်။

"ကျွန်မမိသားစုဝင် လေးဆယ်လုံးကို သတ်လိုက်တုန်းက ရှင် ကျွန်မတို့ကို စဉ်းစားဖူးလား။"

ကျူးရူယန်က ဓားဖြင့် နောက်တစ်ချက် ထိုးလိုက်သည်။

စကားတစ်ခွန်းချင်း၏ နောက်တွင် ဓားတစ်ချက်စိုက်ဝင်သွားသည်။ သွေးများ မြေပြင်ပေါ်သို့ ဖျန်းခနဲ ကျလာပြီးနောက် ကျော့ယွီဟူ၏တစ်ကိုယ်လုံးက ဆန်ခါပေါက်များအလား ပြောင်းသွားကာ အဆုံးတွင် ပြင်းပြင်းထန်ထန် သေဆုံးသွားသည်။ ကျော့ယွီဟူ အမှန်ပင် သေဆုံးသွားပြီဖြစ်ကြောင်းမြင်သောအခါ ကျူးရူယန်က ဓားတိုကို ဖယ်ကာ ကျယ်လာင်စွာ အော်ဟစ်လိုက်သည်။

"ဖေဖေ ကိုကို သမီးလုပ်နိုင်ခဲ့ပြီ။ သမီး ဖေဖေတို့အတွက် လက်စားချေနိုင်ခဲ့ပြီ”

တစ်ခဏမျှ ငိုပြီးနောက် ကျူးရူယန်က ရွှယ်အန်းကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

" အရှင်၊ ကျွန်မ ကျူးရူယန်က အရှင့်ကို ဘဝတစ်သက်တာလုံး အလုပ်ကျွေးပြုပါမယ်လို့ ကတိပြုပါတယ်၊ ဒီကတိကို ဖောက်ဖျက်ရင် ကောင်းကင်နဲ့ မြေကြီးက ကျွန်မအပေါ် ကရုဏာမထားပါစေနဲ့”

"ကောင်းပြီ၊ လက်စားချေမှုကြီးပြီးသွားပြီ၊ ဒီမှာ စိတ်ဝင်စားစရာ ဘာမှ မကျန်တော့ဘူး။ သွားကြရအောင်"

ဤသို့ဖြင့် ရွှယ်အန်းသည် ကျူးရူယန်ကို သူနှင့်အတူ ခေါ်ဆောင်ကာ အလင်းတန်းများအဖြစ် ပြောင်းလဲ၍ ကောင်းကင်သို့ ပျံသန်းပျောက်ကွယ်သွားခဲ့သည်။

သူထွက်သွားပြီးနောက် တစ်နေရာလုံး ခေတ္တတိတ်ဆိတ်သွားကာ ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

တစ်စုံတစ်ယောက်ကလေးလေးနက်နက် သက်ပြင်းချလိုက်၏။

"အခုကစပြီး ခွန်းလွန်မှာ ပြဿနာတွေများလာလိမ့်မယ်"

၎င်းတို့၏ စိုးရိမ်မှုများက အခြေအမြစ်မရှိဘဲ ဖြစ်လာခြင်းမျိုးမဟုတ်ပေ။ အင်မော်တယ်နန်းတော်တည်ထောင်ပြီးစဉ်မှစ၍ အပေါ်မှသာ အမြဲ ငုံ့ကြည့်ခဲ့ကြရာ မည်သူကမျှ မလေးမစား မဆက်ဆံဝံ့ကြပေ။ သို့သော် ယနေ့တွင် ရွှယ်အန်းသည် ဧကရာဇ်သားတော်ကို သတ်ပစ်ခဲ့ကာ အင်မော်တယ်နန်းတော်၏ တောင်တန်းအကာကွယ်ကို ဖျက်ဆီး၍ ကျော့ယွီဟူကို သတ်ဖြတ်ခဲ့သည်။ ဤအရာများအားလုံးကို ပေါင်းလိုက်လျှင် ကိစ္စက မရိုးရှင်းတော့ပေ။

မြေပြင်ပေါ်သို့ ကန်ထုတ်ကာ ရက်စက်စွာ နင်းချေလိုက်ခြင်းနှင့်တူသည်။ အင်မော်တယ်နန်းတော်၏သခင်နှင့် ကြီးမြတ်သောအကြီးအကဲများက ဤမြင်ကွင်းကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့မည်မျှ ဒေါသဖြစ်ကြမည်ကို လူတိုင်းက မှန်းဆနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင်၊ အလွန်စွမ်းအားကြီးသော ဤလူသည် ၎င်းကို ခံနိုင်ရည်ရှိလိမ့်မည်မှာမသေချာပေ။

လူများလူစုခွဲလိုက်ပြီးနောက် ခွန်းလွန်မြို့တွင် ယနေ့ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ချက်ခြင်းပင် ခွန်းလွန်ပြည်သူအားလုံး တုန်လှုပ်သွားသည်။

“ဘာလဲ၊ လူတစ်ယောက်က ဂိုဏ်းခွဲအားလုံးရဲ့ ရွေးချယ်ခံရတဲ့ တပည့်ရင်းတွေကို တကယ် အနိုင်ယူခဲ့တာလား။” တစ်စုံတစ်ယောက်က မယုံကြည်နိုင်သောအသံဖြင့် အော်လိုက်သည်။

"ဒါတင်မကဘူး၊ အင်မော်တယ်နန်းတော်ရဲ့ ဧကရာဇ်သားတော်ကိုလည်း သတ်ပြီး အင်မော်တယ်နန်းတော်ရဲ့ တောင်တန်းအကာအကွယ်ကို ဖျက်ဆီးပစ်လိုက်တယ်”

ဤသတင်းကို ကြားလိုက်ရသူတိုင်း အလွန် ထိတ်လန့်တကြား အော်လိုက်မိကြသည်။ ကြီးမြတ်သော ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းများမှ အဆင့်မြင့်အဖွဲ့ဝင်များက အထူးသဖြင့် ထိတ်လန့်တုန်လှုပ်ခဲ့ကြကာ အမှန်တရားကိုစုံစမ်းရန် ၎င်းတို့၏အရည်အချင်းရှိသော လက်အောက်ငယ်သားများကို ချက်ခြင်းစေလွှတ်ခဲ့သည်။ နန်းမျိုးနန်းနွယ်များနှင့် ဂိုဏ်းတစ်ခုစီ၏ စားပွဲများပေါ်တွင် အသေးစိတ် အစီရင်ခံစာများကို ချပြသောအခါ ဤ အင်အားကြီးသော ပုဂ္ဂိုလ်များအားလုံးတိတ်ဆိတ်သွားကြရသည်။

ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တိုင်းက အလွန် အံ့သြဖွယ်ကောင်းလှသောကြောင့်ပင်ဖြစ်သည်။

သူသည် ဓားထိန်းချုပ်ဗီလာ၏ ဖေးပိုင်ဓားကိုအနိုင်ယူကာ အားဟန်နန်းတော်၏ ထိပ်တန်းတပည့် မီယိုအိကို လက်သီးဖြင့် ချေမှုန်း၍ ဂိုဏ်းခွဲများ၏ တပည့်ရင်းများအားလုံးကို တစ်ယောက်တည်းရင်ဆိုင်နိုင်ခဲ့သည့်တိုင် အားလုံးကို အနိုင်ယူနိုင်ခဲ့ဆဲဖြစ်သည်။

ထို့နောက် သူသည် အင်မော်တယ်နန်းတော်၏ ဧကရာဇ်သားတော်အား ချေမှုန်းပစ်ကာ ဂိုဏ်းခေါင်းဆောင်ကြီးများ သို့မဟုတ် ဂိုဏ်းကြီးများစွာ၏ အကြီးအကဲများကို သုတ်သင်ပစ်လိုက်သည်။

နောက်ဆုံးတွင် သူသည် အင်မော်တယ်နန်းတော်၏ တောင်တန်းအကာအကွယ်ကို ဖြိုခွဲကာ အင်မော်တယ်နန်းတော်၏ ရန်သူများကို ချေမှုန်းပစ်ခဲ့သည်။

ဤအဖြစ်အပျက်များကို ပေါင်းစပ်လိုက်သောအခါ ကြားရသူအားလုံး ရိုးစင်းစွာ တုန်လှုပ်သွားခဲ့သည်။

စွမ်းအားကြီးသော ပုဂ္ဂိုလ်များစွာက အံ့အားသင့်ကာ သံသယဖြစ်ခဲ့ကြသည်။

‘ဒီလူက ဘယ်လောက်တောင် စွမ်းအားကြီးလဲ’

ဓားထိန်းချုပ်ရေးဗီလာသို့ ဤသတင်းရောက်လာသည့်အခါတွင် ဓားထိန်းချုပ်ရေးဗီလာ၏ ဂိုဏ်းချုပ် ဝူပုချန်က ဤကိစ္စကို ဆွေးနွေးရန် အကြီးအကဲများကို ချက်ချင်းဖိတ်ခေါ်လိုက်သည်။

တင်းကျန်အဖွဲ့အစည်း၌ ဖြစ်ပျက်ခဲ့သမျှသော ကိစ္စများအားလုံးကို တစ်ယောက်ပြီးတစ်ယောက် ပြန်ပြောပြကြသည်။ နားထောင်ပြီးနောက် ဝူပုရှန်၏ အကြည့်က မသေချာမရေရာစွာ လှုပ်ခတ်သွားကာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။

“ဒီလောကီကမ္ဘာကြီးမှာ ဒီလိုပုဂ္ဂိုလ်ထူးမျိုးပေါ်လာတာက ကျုပ်တို့ ခွန်းလွန်မှာ ကြုံတွေ့ရမယ့် ဘေးဆိုးတစ်ခုပဲ”

ထို့နောက် သူက တင်းမာစွာ ဆက်ပြောသည်။

"ဒီကိစ္စ၊ အင်မော်တယ်နန်းတော်ရဲ့ အင်မော်တယ်အရှင် ဖုဝူလျန်က ဒါကို လွယ်လွယ်နဲ့ အလွတ်ပေးမှာမဟုတ်ဘူး။ ကျုပ်တို့ ဓားထိန်းချုပ်ရေးဗီလာက အပြောင်းအလဲတွေကို တိတ်တဆိတ် စောင့်ကြည့်သင့်တယ်"

“ကောင်းပြီ” အကြီးအကဲများကလည်း ၎င်းတို့၏ သဘောတူညီချက်ကို တယောက်ပြီးတယောက် ဖော်ပြကြသည်။

ဓားထိန်းချုပ်ရေးဗီလာသည် ဤတစ်ကြိမ်တွင် လရောင်ဓားဘုရင်ကိုဆုံးရှုံးခဲ့ရသော်လည်း အင်မော်တယ်နန်းတော်၏ဆုံးရှုံးမှုနှင့် နှိုင်းယှဉ်ပါက ၎င်းသည် လက်တွေ့တွင်မကြီးမားလှပေ။

နောက်ဆုံးတွင် ဧကရာဇ်သားတော်သည် အင်မော်တယ်နန်းတော်မှ မရေမတွက်နိုင်သော အရင်းအနှီးများဖြင့် ပျိုးထောင်ထားသည့် လက်ရှိမျိုးဆက်၏ လူငယ်သခင်တစ်ဦးဖြစ်သည်။ သူ၏သေဆုံးမှုသည် အင်မော်တယ်နန်းတော်အတွက် အလွန်ပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်။

ချင်မုမြို့။

ရွှမ်ယွမ်ဂိုဏ်း ပျက်သုဉ်းပြီးစဥ်မှစ၍ ပျံ့ချင်မု၏ နေ့ရက်များသည် ပိုမို ကောင်းမွန်လာခဲ့သည်။ ဤမြို့ငယ်လေးသည် တဖြည်းဖြည်း ကြီးပွားချမ်းသာလာသည်။ ညသည် နက်နဲ၍ တိတ်ဆိတ်နေသည့်အခါတိုင်း ပျံ့ချင်မုသည် ရွှယ်အန်းကိုသတိရမိသည်။

‘ခွန်းလွန်မြို့မှာ ရှင်ဘယ်လိုနေမလဲကျွန်မသိချင်တယ်’

‘ရှင့်ရဲ့ ကျင့်ကြံရေးအဆင့်က အားကောင်းပေမယ့် အဲ့နေရာက အင်မော်တယ်နန်းတော်ရှိတဲ့ ခွန်းလွန်မြို့ပါ’

ပျံ့ချင်မုသည် ရွှယ်အန်းကြောင့် လက်ရှိ ချင်မုမြို့၏ သာယာဝပြောမှုကို ကောင်းကောင်းသိလျက် သူမ၏ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

ယနေ့ ပျံ့ချင်မုသည် အလုပ်ရှုပ်နေသည်။

ခရီးသွားကုန်သည်များ၏ ပါးစပ်မှ တစ်ဆင့် ခွန်းလွန်မြို့၌ ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များသည် နောက်ဆုံးတွင် သူမထံ ရောက်ရှိလာခဲ့သည်။ ပျံ့ချင်မုသည် သူမ၏အလုပ်အားလုံးကို ချက်ချင်းဖယ်လိုက်၍ သိသူအများအပြားကို မေးမြန်းရန် ရှာဖွေခဲ့သည်။

ဇာတ်လမ်းတစ်ခုလုံးကိုကြားပြီးနောက် ချင်မုမြို့၏ကောင်စီခန်းမသည် လုံးဝတိတ်ဆိတ်သွားသည်။ ခေါင်းဆောင်များသာမက ပျံ့ချင်မုကိုယ်တိုင်ပင် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ဤမျှ အချိန်တိုလေးအတွင်း၌ပင် ရွှယ်အန်းသည် ကမ္ဘာမြေပြိုကျစေမည့် အရာများစွာကို သူမ စိတ်ကူးမယဉ်နိုင်ခဲ့ပေ။

ထိုအချိန်တွင် ပျံ့ထျန်က ပြောလိုက်၏။

“အင်မော်တယ်သခင်က တကယ် အထင်ကြီးစရာပဲ”

ယခင်က သူမသည် ပျံ့ထျန်က အင်မော်တယ်သခင်ဟု ပြောသည့်အခါတိုင်း ချဲ့ကားပြောနေသည့်ဟု တွေးကာ လှောင်ပြုံးမျိုးပြုံး၍ ကြည့်တတ်သည်။ သို့သော် ယနေ့တွင် မည်သူမျှ လှောင်ပြောင်သရော်မှုဟူသော သဘောတရားကို အနည်းငယ်မျှ မပြရဲကြတော့ပေ။

ပျံ့ချင်မု၏ အကြည့်များ တုန်ခါသွားကာ သူမ၏ စိတ်ထဲတွင် စိုးရိမ်မှုလှိုင်းများ တိုးလာသည်။

‘အင်မော်တယ်နန်းတော်… သူတို့ တကယ်ပဲ ဒီကိစ္စတွေကို အလွတ်ပေးထားပါ့မလား’

အပြင်လောက၌ ရုတ်ရုတ်သဲသဲဖြစ်နေစဉ် ရွှယ်အန်းသည် လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် ကုသရေးခန်းမသို့ ပြန်သွားခဲ့သည်။ သူ့အခန်းထဲ၌ ရွှယ်အန်းက အလင်းရောင်ကဲ့သို့ တောက်ပနေသော ဝိညာဉ်ကြိုးနှင့် ဆော့ကစားနေသည်။ ဤသည်မှာ အသေခံဧကရာဇ်သားတော် ဟောက်ယွီဧကရာဇ်ထံမှ အကြွင်းအကျန်ဖြစ်သော ကောင်းကင်အနှစ်သာရဖြစ်သည်။

ဟောက်ယွီဧကရာဇ်ရွှေအင်မော်တယ်ထက်ဝက်အဆင့်သို့ရောက်ရှိသွားခဲ့ရာမှ ဖြစ်ပေါ်လာသော ဆံချည်မျင်တစ်ခုသာဖြစ်သည်။ ထို့ကြောင့် ကောင်းကင်အနှစ်သာရအမှုန်အမွှားသည် သူ့အတွင်း၌ ပေါင်းစည်းခဲ့ပြီဖြစ်ရာ သူ၏ စိတ်ဝိညဥ် ပြန့်ကျဲသွားပြီးနောက် ဤကောင်းကင်အနှစ်သာရကြိုးမျှင်သည် ရွှယ်အန်း၏လက်ထဲတွင် အဆုံးသတ်သွားသည်။ ဤအကျိုးမယုတ်ပုံရသော ကောင်းကင်အနှစ်သာရအတွင်းပါရှိသော ဧရာမစွမ်းအားကို ခံစားလိုက်ရသောအခါ ရွှယ်အန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

အန်းယန်၏ ခန္ဓာကိုယ်ပေါ်ရှိ စည်းချိပ်ကို ဖျက်ဆီးရန် ကောင်းကင်အနှစ်သာရ လိုအပ်သည်။ ဟောက်ယွီဧကရာဇ်က ရွှေအင်မော်တယ်အဆင့်သို့ အပြည့်အ

သို့သော် အင်မော်တယ်နန်းတော်တွင်၊ စစ်မှန်သော ရွှေအင်မော်တယ် အနည်းဆုံးတစ်ယောက်ရှိသည်။

အခန်း(၃၁၇) အင်မော်တယ်နန်းတော်သခင် ပြန်လာခြင်း

ထိုအတွေးဖြင့် ရွှယ်အန်းသည် နောင်လာမည့်အရာကို စောင့်မျှော်နေရုံမျှတပါး မတတ်နိုင်ပေ။ ထို့နောက် စည်းချိပ်ခတ်ထားသော လဲ့ကျွင်းကို အခြားလက်ဖြင့် လွှတ်လိုက်သည်။

လဲ့ကျွင်းသည် ယခုအခါတွင် လက်ချောင်းထိပ်အရွယ် တစ်စုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရွှယ်အန်း၏ လက်ဖဝါးတွင် ဒူးထောက်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် သက်ညှာပေးရန် တောင်းပန်လျက်ရှိသည်။

"အင်မော်တယ် ကျွန်တော့်အသက်ကို သက်ညှာပေးပါ။ ဒီကိုရောက်လာတာ အရှင်မှန်း ကျွန်တော် တကယ်မသိခဲ့ပါဘူး”

"မင်းငါ့ကိုမှတ်မိလား" ရွှယ်အန်းက မသိမသာ မေးလိုက်သည်။

လဲ့ကျွင်း၏ တကိုယ်လုံး တုန်လှုပ်သွား၏။

“အရှင့်ရဲ့ ကျင့်ကြံရေးအဆင့်က မမြင့်ပေမယ့် အရှင့်ရောင်ဝါက ကျွန်တော်မြင်ဖူးတဲ့ နတ်ဆိုးဘုရင်ထက်တောင် မြင့်တယ်”

"အရှင်က အင်မော်တယ်ပြန်ဝင်စားတာပဲဖြစ်ရမယ်"

"မင်းက တော်တော် ဉာဏ်ကောင်းတာပဲ"

လဲ့ကျွင်းက အနည်းငယ် ရယ်မောလိုက်သည်။

“ကြီးမြတ်တဲ့ အင်မော်တယ်သခင် ဒီနတ်ဘုရားလေးကို သက်ညှာပေးနိုင်မလား ခင်ဗျာ…”

ရွှယ်အန်းက သူ့ခေါင်းကို ခါယမ်းလိုက်သည်။

"မင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ၊ ငါမင်းကို ထိန်းသိမ်းထားမယ်။ ငါပြန်သွားရင် ငါ့သမီးအတွက် ကစားစရာအရုပ်တစ်ရုပ်ဖြစ်လာလို့ရတယ်”

လဲ့ကျွင်းအံ့အားသင့်သွားသည်။

‘ဘာလဲ

‘အားကြီးတဲ့ လဲ့ကျွင်းက အရုပ်ဖြစ်လာရမှာလား’

ဤသည်မှာ နတ်ဘုရားအဆင့်ကို စော်ကားခြင်းပင်ဖြစ်သည်။

ရွှယ်အန်းက သူ့မျက်လုံးတွေကို အနည်းငယ်ကျဥ်းလိုက်၏။

"ဘာလဲ၊ မင်းသဘောမတူဘူးလား။ ဒါဆို ငါမင်းကို အခုပဲသတ်လိုက်တော့မယ်"

ဤသို့ပြောလိုက်သည်နှင့် ရွှယ်အန်း၏ မျက်လုံးနှစ်လုံးမှ ဖြူစင်သော မီးတောက်နှစ်ခုစတင်ထွက်ပေါ်လာသည်။

“နတ်မီးလျှံ” လဲ့ကျွင်းက အလွန်ကြောက်လန့်တကြား ထအော်လိုက်သည်။

"ကျွန်တော် ဘယ်လိုလုပ် သဘောမတူဘဲနေနိုင်မှာလား။ အင်မော်တယ်ကြီးရဲ့ အဖိုးတန်သမီးတော်အတွက် အရုပ်တစ်ရုပ်ဖြစ်လာရမှာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ”

ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

"မင်း ဉာဏ်ကောင်းတာပဲ၊ စိတ်မပူနဲ့ ငါ မင်းကို မသတ်ဘူး"

ဤသို့ပြော၍ ရွှယ်အန်းက သူ့ကိုစည်းချိပ်ပြန်ပိတ်လိုက်သည်။

တကယ်တမ်းတွင် ဤကဲ့သို့သော စကြဝဠာမှ သဘာဝအတိုင်း မွေးဖွားလာသော နတ်များသည် အလွန်ရှားပါးသော ရတနာများဖြစ်ကာ လက်နက်စောင့်ဝိဉာဥ်များဖြစ်လာရန် အသင့်တော်ဆုံးဖြစ်သည်။ ရွှယ်အန်းသည် ဤ လဲ့ကျွင်းကို ကမ္ဘာမြေသို့ ပြန်ရောက်သည်နှင့် အန်းယန်၏ ဒယ်ပြားအတွက် လက်နက်စောင့်ဝိညဥ်အဖြစ်ပြောင်းလဲရန် စီစဉ်ခဲ့သည်။

သူသာ အနာဂတ်တွင် ဒယ်ပြား၏ ဝိညာဉ်ဖြစ်လာမည်ကို သိလိုက်ရပါက လဲ့ကျွင်းမည်သို့တွေးမည်ကို မည်သူသိမည်နည်း။

ထိုအချိန်တွင် ကျူးရူယန်သည် တံခါးအပြင်ဘက်မှ “သခင်” ဟု တလေးတစား ပြောလိုက်သည်။

“ဝင်ခဲ့ပါ” ရွှယ်အန်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ကျူးရူယန်သည် လက်ဖက်ရည်ပူပူတစ်ခွက်ကို ကိုင်ကာ အခန်းထဲသို့ ဝင်လာသည်။

"သခင့်အတွက် လက်ဖက်ရည်"

ယခုအခါတွင် ကျူးရူယန်သည် သူ့ကိုယ်သူ ရွှယ်အန်း၏ အိမ်အကူကလေးအဖြစ်သဘောထား၍ သူ၏ လိုအပ်ချက်များအားလုံးကို ဂရုတစိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ ရွှယ်အန်းပြုံး၍ ထကာ လက်ဖက်ရည်သောက်ရမည့်စားပွဲ၌ ဝင်ထိုင်လိုက်သည်။ ကျူးရူယန်က စကားပြောရန် တုံ့ဆိုင်းလျက် ဘေးတွင်ရပ်နေသည်။

"မင်းစိတ်ထဲမှာ တစ်ခုခုပြောချင်တာရှိလား" ရွှယ်အန်းက မသိမသာ မေးလိုက်သည်။

"သခင် ခွန်းလွန်ကနေထွက်သွားဖို့ စိတ်ကူးမရှိဘူးလား"

“အင်း ငါထွက်တော့မယ် ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး"

“အိုး”

နောက်ထပ်တိတ်ဆိတ်သွားပြီးနောက် ကျူးရူယန်ကဆက်မေးသည်။

"သခင် ကျွန်မ သခင်နဲ့ ဆွေးနွေးချင်တာတစ်ခုရှိတယ်၊ သခင်သဘောမတူရင် ကျွန်မ ဒါကို မပြောခဲ့ဘူးလို့ သဘောထားပေးပါ”

"အဲ့တာဘာလဲ"

ကျူးရူယန်က သူမ၏ စကတ်ကို ထိတ်လန့်တကြား ကိုင်ညှစ်ထားလျက် ပြောသည်။

"ကျွန်မ ခွန်းလွန်မြို့က ထွက်သွားတုန်းက စီနီယာအစ်မနဲ့ အစ်ကို တော်တော်များများရဲ့ အကူအညီကို ရခဲ့တယ်။ အခု အရှင်က ကျွန်မသခင်မှန်းသိသွားပြီးတော့ အားလုံးက အရှင့်ကို လာတွေ့ချင်ကြတယ်"

ရွှယ်အန်းက တိတ်ဆိတ်နေသည်။

ကျူးရူယန်သည် ပို၍ပင် ကြောက်ရွံ့လာ၍ စကားထစ်နေ၏။

"သူတို့ကသခင့်ကို ကျွေးမွေးဖို့ ရိုးရှင်းတဲ့ ညစာစားပွဲလေးပြင်ဆင်ပေးချင်ရုံပါပဲ၊ တခြား ရည်ရွယ်ချက် မရှိပါဘူး သခင်၊ သခင်မတက်ချင်ရင် ကျွန်မ အခုပဲ ချက်ချင်းငြင်းလိုက်ပါ့မယ်”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ငါသွားမယ်"

"ဟင်" ကျူးရူယန်က အံ့သြလျက်ရှိသည်။

"ဒါက ထမင်းစားရုံပဲ၊ စိတ်လှုပ်ရှားနေတာကို မြင်ရမှာ ဝမ်းသာပါတယ်" ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောသည်။

ကျူးရူယက ရွှင်မြူးသွားပြီးနောက် ခေါင်းညိတ်လိုက်၏။

"ကျေးဇူးတင်ပါတယ် သခင်"

ထို့နောက် ကျူးရူယန်သည် အခြားသူများကို အသိပေးရန် စိတ်လှုပ်ရှားစွာ ထွက်သွားသည်။မုန်းတီးမှုနှောင်ကြိုးများမပါသော ဤမိန်းကလေးသည် နောက်ဆုံး၌ သာမန်မိန်းကလေးတစ်ယောက်ကဲ့သို့သာဖြစ်သွားသည်။

ရွှယ်အန်းက ကျူးရူယန်အပေါ် လေးစားမှုနှင့် စာနာမှုတို့ ရောနှောကာ ကြည့်၍ အစွမ်းထက်လှသည့် ရန်သူ၏မျက်နှာတွင် အရှုံးမပေးသည့်အတွက် ချီးကျူးမိသည်။

‘သနားစရာလေး ငါ့ကြောင့်သာမဟုတ်ရင် သူ့ဘဝတစ်လျှောက်လုံး အမုန်းတရားတွေနဲ့ပျက်ဆီးသွားလိမ့်မယ်’

ညနေဆည်းဆာချိန်။

ခွန်းလွန်မြို့ရှိ အဆင့်မြင့် စားသောက်ဆိုင်တစ်ခုတွင်

ပွဲပြင်ဆင်ပြီးသည်မှာကြာပြီဖြစ်သည်။

ကျူးလဲ့နှင့် တပည့်များစွာတို့က ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေကြသည်။

"ငါတို့ ဂျူနီယာညီမက အဲ့လူကြီးလူကောင်းကို ဒီကို ခေါ်လာပေးနိုင်မလားလို့ တွေးမိတယ်" ကျူးလဲ့က ပြောသည်။

"တကယ်တော့ သူက သူ့အနားမှာ လိုက်သွားခိုင်းတာက ရူယန်ကို လေးစားကြောင်း ပြလိုက်တာပဲ" အခြားအစ်ကိုတစ်ယောက်က မှတ်ချက်ပေးသည်။

"ဟဲဟဲ၊ ငါတို့ဂျူနီယာညီမက ခြေတစ်လှမ်းချင်း ကောင်းကင်ကို တက်သွားပုံပဲ" လူတစ်ယောက်က ရယ်ရယ်မောမောပြောသည်။

လုရွှင်ရွှယ်ကမူ မည်သည့်စကားတစ်ခွန်းမျှမပြောဘဲ ဘေး၌ ထိုင်နေသည်။ ၎င်းတို့အားလုံးသည် တစ်ချိန်က ဆေးပညာ ဘွဲ့လွန်ပညာသင်ကြားခဲ့ကြသောကြောင့် ပေါင်းသင်းဆက်ဆံရေးအရ ညီအကိုမောင်နှမများဖြစ်ကြသည်။ သို့သော် နှစ်များကြာလာသည်နှင့်အမျှ ၎င်းတို့၏ ဆက်ဆံရေးများသည် အထူးတလှယ်နီးစပ်မှုမရှိခဲ့ကြပေ။ ယခုအချိန်တွင် ၎င်းတို့သည် ရွှယ်အန်းကြောင့် အတူတကွစုရုံးခဲ့ကြကာ လုရွှင်ရွှယ်သည် တစ်ချိန်က အင်မော်တယ်နန်းတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော လူများစွာကိုပင် သတိထားမိခဲ့သည်။

ထို့အပြင် ဂိုဏ်းငယ်များမှ ကိုယ်စားလှယ် အများအပြားလည်း စောင့်မျှော်နေကြသည်။

တကယ်တမ်းတွင် ဤသည်က ကျူးလဲ့နှင့် အခြားသူများ၏ ရည်ရွယ်ချက်အစစ်အမှန်ဖြစ်သည်။ ရွှယ်အန်းကို ဖိတ်ကြားခြင်းသည် ညစာအတွက် အကြောင်းပြချက်တစ်ခုမျှသာဖြစ်သည်။

သို့သော် များစွာသော ဂိုဏ်းများကြောင့် အကျိုးအမြတ်များစွာရရှိလိမ့်မည်ဖြစ်၏။ ၎င်းသည် ကျူးလဲ့၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ခွန်းလွန်ရှိအခြားသူများအတွက် များစွာအကျိုးရှိမည်ဖြစ်သည်။

လုရွှင်ရွှယ်က ဤအအချက်ကို ကောင်းစွာသတိထားမိသောကြောင့် တိတ်ဆိတ်နေခြင်းဖြစ်သည်။

"ညီမရွှင်ရွှယ် ဒီလူကြီးမင်းရဲ့ မင်းရဲ့ ကမ္ဘာကုသခြင်းခန်းမမှာ နေတာဆိုတော့ ထူးခြားတဲ့အလေ့အထရှိလား”

လုရွှင်ရွှယ်သည် မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

"မသိဘူး"

ရွှယ်အန်း ကမ္ဘာကုသခြင်းခန်းမသို့ ပြန်ရောက်ပြီးစဥ်တည်းက လုရွှင်ရွှယ်နှင့်တွေ့လေ့တွေ့ထမရှိခဲ့ပေ။ သူ့ကိုတွေ့လျှင်ပင် ‌ခေါင်းငုံ့၍ နှုတ်ဆက်ရုံမျှသာဖြစ်သည်။

လုရွှင်ရွှယ်သည် ရွှယ်အန်းတစ်ချိန်က ပြောခဲ့ဖူးသော စကားများကို ရုတ်တရက် သတိရသွား၏။

"ရူယန်ရဲ့ အကြီးတန်းအစ်မဖြစ်နေတာကို ကျေးဇူးတင်သင့်တယ်"

ယခု စဥ်းစားကြည့်မိသောအခါ ၎င်းက သတိပေးချက်တစ်ခုနှင့်တူသည်။

‘ငါသာ ရူယန်ရဲ့အကြီးတန်းအစ်မမဟုတ်ရင် နင်အခုချိန်ငါ့ကို သတ်ပြီးလောက်ပြီပေါ့’

လုရွှင်ရွှယ်က တိတ်တဆိတ် တွေးလိုက်မိသည်။ ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများကြားလိုက်ရသည်။

ကျူးရူယန်သည် အကောင်းမွန်ဆုံး ၀တ်စားဆင်ယင်၍ ထက်မြက်တောက်ပသော မျက်နှာဖြင့် ဦးစွာဝင်လာခဲ့သည်။

ဤအရာက လူများစွာကို အံ့အားသင့်စေခဲ့သည်။

သို့သော်လည်း ရွှယ်အန်းဖြည်းညှင်းစွာ လျှောက်လာသောအခါ အားလုံးက သူ့အား စူးစိုက်ကြည့်နေကြသည်။

လူတိုင်းနီးပါး မတ်တပ်ရပ်ကာဦးညွတ်လိုက်ကြသည်။

"သခင့်ကို ကြိုဆိုပါတယ်"

“အင်မော်တယ်သခင်ကြီးကို နှုတ်ခွန်းဆက်သပါတယ်”

ရွှယ်အန်း၏အမူအရာက ထူးမခြားနားဆဲပင်ဖြစ်ကာ ခေါင်းညိတ်ရုံညိတ်ပြလိုက်သည်။ ကျူးလဲ့က သူ့ကို လေးလေးနက်နက် ဦးညွှတ်ကြိုဆို၍ ရှေ့သို့တိုးလာ၏။

“အရှင် ဒီကိုလာခဲ့တဲ့အတွက် ကျွန်တော်တို့အားလုံး ဂုဏ်ယူရပါတယ်ကျေးဇူးပြုပြီး ခေါင်းရင်းခုံမှာ ထိုင်ပါ"

ရွှယ်အန်းက မငြင်းဆန်ဘဲ စားပွဲ၏ ခေါင်းရင်း၌ ဝင်ထိုင်လိုက်သည်။ အခန်းတွင်းရှိ လေထုက သိမ်မွေ့စွာ ပြောင်းလဲလာသည်။ ကျူးလဲ့သည် အလွန်ချောမွေ့စွာဖြင့် စကားပြော၍ စိတ်ခံစားချက်ကို ပေါ့ပါးစေရန် ရံဖန်ရံခါ ဟာသအနည်းငယ်ပြောပေးသည်။

ရွှယ်အန်းသည် ရံဖန်ရံခါ ခေါင်းညိတ်ပြရုံမှလွဲ၍ သူ့ဆီသို့ လာသော ချီးမြောက်မှုတိုင်းကို အသိအမှတ်ပြုခဲ့သည်။

သုံးကြိမ်သောက်ပြီးသည့်နောက်တွင် ဧည့်ခံပွဲအငွေ့အသက်က တဖြည်းဖြည်း ပိုအသက်ဝင်လာသည်။

ဂိုဏ်းပေါင်းစုံမှ ကိုယ်စားလှယ်များက ရွှယ်အန်းအား ထက်မြက်သော အကြည့်များဖြင့် ကြည့်ရှုကြကာ သတ္တိပိုရှိသူများက အရက်တစ်ခွက် ချီးမြောက်ကြသည်။ ယင်းအတွက် ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးကာ လာသူအားလုံးကို လက်ခံခဲ့သည်။

ဤအရာက ဂိုဏ်းခွဲကိုယ်စားလှယ်များအားလုံးကို ပိုမိုနီးကပ်စေခဲ့သည်။ ထို့အပြင် ယခုတစ်ကြိမ် ဂိုဏ်းခွဲများမှ စေလွှတ်လိုက်သော ကိုယ်စားလှယ်များသည် အလွန်လှပသော အမျိုးသမီးများဖြစ်သည်။

နောက်ဆုံးတွင် ရွှယ်အန်းက ကျူးရူယန်အတွက် လက်စားချေပေးခြင်းကြောင့် သူ့ကို အမျိုးသမီးအပေါင်းအ‌ဖော် နှစ်သက်သည့် ယောက်ျားတစ်ယောက်ဟု လူအများက လွဲမှားစွာ ယူဆခဲ့ကြသည်။ သို့သော် လေထုက အထွတ်အထိပ်သို့ ရောက်သည်နှင့် တပြိုင်နက် တစ်စုံတစ်ယောက်သည် လေးနက်သောအမူအရာဖြင့်ကြေညာလိုက်၏။

“အင်မော်တယ်နန်းတော်ရဲ့ အရှင်သခင် ပြန်ရောက်လာပြီ”

အခန်း(၃၁၈) မနက်ဖြန် ငါ အင်မော်တယ်တွေကို သတ်မယ်

ဤစကားကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သာ်။ မူလက သက်ဝင်လှုပ်ရှားနေသည့် အငွေ့အသက်က ရုတ်တရက် အေးစက်သွားခဲ့တယ်။

"သူတို့ တစ်ခုခုပြောခဲ့သလား" ကျူးလဲက ပြော၏။

သံတမန်က ခေါင်းညိတ်လိုက်ပြီးနောက် ရွှယ်အန်းကို ငုံ့ကြည့်ကာပြောသည်။

"အင်မော်တယ်နန်းတော်သခင် ဖုဝူလျန်ပြန်လာပြီးတော့ ဒေါသအမျက်ထွက်လို့ မနက်ဖြန် ဇီနာရီအချိန်မှ ဒီ သခင်ကို သတ်ဖို့ ကိုယ့်ဘာသာ အရှုံးပေးဖို့ ပြောလိုက်တယ်”

ဘမ်း

ပွဲတစ်ခုလုံးတုန်တုန်လှုပ်လှုပ်ဖြစ်ကုန်သည်။

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြားကြည့်လိုက်ကြသည်။ မည်သူကမျှ ထို အင်မော်တယ်နန်းတော်သခင်က အစောတလျင် ပြန်ရောက်လာလိမ့်မည်ဟု မထင်ခဲ့ကြပေ။

‘ဒီတစ်ခါတော့ ဒီကောင် လွတ်လမ်းမရှိတော့ဘူး’

နောက်ဆုံးတွင်မူ ၎င်းသည် ရွှေအင်မော်တယ်ဖြစ်သည်။

ရွှေအင်မော်တယ်ဆိုသည်ကား အဘယ်နည်း။

ကျယ်ပြောလှသော ခွန်းလွန်တစ်ခွင်တွင် လွတ်မြောက်အင်မော်တယ်များသည် နွားမွေးထားသည့်အလား မပေါများလှသော်လည်း အနည်းငယ်မျှတော့ ရှိသေးသည်။ ထို့အပြင် အင်မော်တယ် ထက်ဝက်အဆင့်သည်လည်း မရှားလှပေ။

ထို့ကြောင့် အင်မော်တယ်အဆင့်မှလူများကို အဖိုးတန်သည်ဟု ယူဆကြ၍ ၎င်းတို့ နယ်မြေ၏ ခေါင်းဆောင်များ ခန့်အပ်ကြသည်။ စစ်မှန်သော ရွှေအင်မော်တယ်ထက်ဝက်အဆင့်သည် အလွန်အမင်းရှားပါးလှသည်။

အင်မော်တယ်နန်းတော်၏သခင် ဝူဖုလျန်သည် စစ်မှန်သော ရွှေအင်မော််တယ်သခင်ဖြစ်သဖြင့် သူ့ကို ခွန်းလွန်၏အထွတ်အထိပ်ဟု ယူဆနိုင်သည်။ ဤသည်ကိုတွေးကာ အချို့လူများက စတင်၍ တိတ်တဆိတ်ထွက်ခွါသွားကြသည်။ ၎င်းတို့အတွက် အင်မော်တယ်နန်းတော်က ဤကိစ္စကို မတုံ့ပြန်ပါက ရွှယ်အန်း၏ အမည်ကျော်ကြားမှုသည် နေ့အချိန်၏ နေတစ်စင်းနှင့်တူကာ ပူးပေါင်းရန် သင့်တော်သည်ဟု ထင်သည်။

ယခုမူ ရွှယ်အန်းသည် မိုးလင်းသည့်တိုင်အောင် အသက်မရှင်နိုင်တော့ဘဲ မဟာမိတ်အဖြစ် မဖြစ်နိုင်တော့ပေ။

ထို့အပြင် အကယ်၍ ၎င်းတို့သည် ဤနေရာ၌ အလွန်ကြာရှည်စွာနေထိုင်၍ အင်မော်တယ်နန်းတော်၏ နာကြည်းမှုကို ဖြစ်ပေါ်စေမည်ဆိုလျှင် အဆုံးသတ်၌ ဘေးဥပဒ်ဖြစ်စေမည်ဖြစ်သည်။

ဤအတွေးဖြင့် ဧည့်သည်အများစုက ပွဲမှ အမြန်ထွက်သွားကြသည်။ ကျူးလဲ့နှင့် အခြားသူများသာ ကျန်ရှိတော့ကာ ပင်မစားပွဲတွင် အဆင်မပြေသည့်အမူအရာများဖြင့် ထိုင်နေလေသည်။

သို့သော်လည်း ရုန်းထွက်ရန် နည်းလမ်းများကိုလည်း တွေးတောနေခဲ့ကြသည်။

မကြာခင်၌ပင် ကျူးလဲ့က နှစ်ကြိမ် ချောင်းဆိုးခဲ့သည်။

“ဟေးဟေး ဒီသခင်ကြီး မကြာခင် ပြန်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူးဗျ။ တကယ်ကို ပြောမပြတတ်အောင်ပါပဲ"

ဤသို့ပြော၍ ကျူးလဲ့သည် ရွှယ်အန်းကို မသိမသာကြည့်လိုက်သည်။ သူသည် ရွှယ်အန်း၏ မျက်နှာထက်၌ ထိတ်လန့်သော အမူအရာမျိုးကို မြင်ရရန် မျှော်လင့်ခဲ့သော်လည်း မမျှော်လင့်ဘဲ ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

"သူ့ပြန်လာတာ အချိန်မီပဲ သူမလာရင် ငါသူ့ကိုလိုက်ရှာတော့မှာ"

ဘမ်း

ကျူးလဲ့နှင့် အခြားသူများသည် အံ့အားသင့်သွားကာ အပြန်အလှန် အကြည့်ဖြင့် ကြည့်ပြီးနောက် မယုံကြည်ကြောင်း ပြသလိုက်ကြသည်။ ၎င်းတို့၏မျက်လုံးများတွင် ရွှယ်အန်းသည် မာနကြီးသူမျှသာ မဟုတ်တော့ပေ။

သူသည် သူ၏ကိုယ်ပိုင်စွမ်းရည်ကို လွန်ကဲစွာ မှန်းဆနေသူသာဖြစ်သည်။

ထို့ကြောင့် ခဏမျှ စဉ်းစားပြီးနောက် ကျူးလဲ့နှင့် အခြားသူများ လညး် စားပွဲမှ ထွက်သွားကြသည်။

"အိမ်မှာ အရေးတကြီးကိစ္စရှိလို့ တောင်းပန်ပါတယ်"

ပြောပြီးသည်နှင့် အမြန်ထွက်သွားကြရာ ၎င်းတို့မထွက်သွားခင်၌ ကျူးရူယန်ကိုပင် မနှုတ်ဆက်ခဲ့ကြပေ။

အုပ်စုလိုက် ဝရုန်းသုန်းကား ပြေးသွားသည်ကိုကြည့်၍ ကျူးရူယန်၏ အမူအရာက လွန်စွာ ပျက်ယွင်းနေကာ မျက်လုံးများ နီရဲသွားသည်။

သူမ၏အမြင်တွင် ရွှယ်အန်းသည် သူမ၏မျက်နှာကြောင့် ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုကဲ့သို့သော စီနီယာများအားလုံး ထိတ်လန့်တကြား ထွက်ပြေးသွားစေမည့် အဖြစ်အပျက်မျိုး သူမ မမျှော်လင့်ထားပေ။

ဤသည်က ကျူးရူယန်၏ မျက်နှာကို တိုက်ရိုက် ပါးရိုက်လိုက်ခြင်းပင်ဖြစ်သည်။

"သခင်"

ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်၍။

"သူတို့ လွှတ်လိုက်။ လူ့သဘောသဘာဝက ဒီလိုပါပဲ"

ထိုအချိန်တွင် တစ်ချိန်က သက်ဝင်လှုပ်ရှားနေသော ဧည့်ခန်းမဆောင်သည် လုံးဝတိတ်ဆိတ်သွားသည်။ ရွှယ်အန်း၊ ကျူးရူယန်နှင့် လုရွှင်ရွှယ်တို့သာ ကျန်တော့သည်။

"အစ်မရွှင်ရွယ် ဘာတွေစဉ်းစားနေတာလဲ"

လုရွှင်ရွှယ်မသွားသည်ကိုကြည့်၍ ကျူးရူယန်သည် သူမ၏နှလုံးသားထဲမှ နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။

"ဘာမှမစဉ်းစားပါဘူး"

ထို့နောက် သူမက ရွှယ်အန်းကို လှည့်ကြည့်လိုက်သည်။

"သခင်၊ အရှင့်ရဲ့ ကျင့်ကြံရေးအဆင့်က တုနှိုင်းမယှဉ်နိုင်မှန်း ကျွန်မသိပါတယ် ဒါပေမယ့် အင်အားကြီးတဲ့ ရန်သူတွေ အများကြီးနဲ့ ရင်ဆိုင်ရနိုင်တာမို့ လောလောဆယ်တော့ သူတို့ကို ရှောင်ဖို့ စဉ်းစားသင့်တယ်"

ကျူးရူယန်လျင်မြန်စွာ ခေါင်းညိတ်သဘောတူသည်။

အင်မော်တယ်နန်းတော်သခင်ကိုရင်ဆိုင်ရပါက ရွှယ်အန်းကို အဆုံးမရှိယုံကြည်ထားသော်လည်း သူမစိတ်ထဲတွင် ယုံကြည်မှုကင်းမဲ့နေဆဲဖြစ်သည်။

"ရူယန်" ရွှယ်အန်းက သဘော တူဟန် မတူဟန်မပြဘဲ ဝိုင်ခွက်ကို ကောက်ကိုင်၍ ဖြည်းညှင်းစွာ သောက်လိုက်သည်။

"ရှိပါတယ်"

" မနက်​ဖြန်​ ငါမသေနိုင်​တဲ့​ကောင်​ကို သတ်​မယ်လို့ သတင်းဖြန့်လိုက်"

ကျူးရူယန်တုန်​လှုပ်​သွားပြီးနောက် လုရွှင်ရွှယ်နှင့်​ အကြည့်​ချင်းဖလှယ်​လိုက်​ကာ ​နှစ်ယောက်​သား အချင်းချင်း စိုးရိမ်​ပူပန်​​နေကြသည်​။

နောက်နေ့တွင် သတင်းသည် ပို၍လျင်မြန်စွာ ပြန့်နှံ့လာသဖြင့် လူတိုင်းက အင်မော်တယ်နန်းတော်၏ အုပ်စိုးမှုအောက်တွင် ခံစားခဲ့ရသော အကြောက်တရားများကို သတိရကြသည်။

ချက်ချင်း။

ဤလူများ၏ တုံ့ပြန်မှုများမှာ ကွဲပြားသော်လည်း ရွှယ်အန်း၏ အနိုင်ရနိုင်ခြေနှင့်ပတ်သက်၍ မည်သူမျှ အကောင်းမြင်ခြင်းမရှိပေ။ ညနတ်ဆိုးနန်းတော် ၊ နှင်းတစ်ထောင်ဂိုဏ်းနှင့် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသော အခြားသူများသည် ရွှယ်အန်း သေတော့မည်ဟု ယုံကြည်ကာ စိတ်လှုပ်ရှားနေကြသည်။

ရွှယ်အန်းသည် စိန်ခေါ်မှုကို စိန်ခေါ်မှုကို မလိုက်လျောနိုင်ဘဲ ထွက်ပြေးရန် အကြောင်းပြချက်ရှာမည်ဟု ထင်သူအများအပြားလည်း ရှိခဲ့သည်။ သို့သော် ၎င်းတို့ အံ့အားသင့်ရသည်မှာမကြာမီပင် စိန်ခေါ်မှုကို လက်ခံလိုက်သည့် ရွှယ်အန်း၏ သတင်း ထွက်ပေါ်လာခဲ့သည်။

အထူးသဖြင့် "မနက်ဖြန်၊ ငါ အင်မော်တယ်ကောင်ကို သတ်မယ်"ဟူသော စကားပင်ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်း ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရသည်။

လူတိုင်းနီးပါးသည် ရွှယ်အန်းက ပြောင်ပြောင်တင်းတင်း မာနကြီးသည်ဟု ထင်ကြသည်။

အင်မော်တယ်နန်းတော်။

ဖုဝူလျန်သည် ခန်းမဆောင်ကြီးထဲတွင် သူ၏ ရာဇပလ္လင်ပေါ်၌ ထိုင်နေကာ သူ့လက်အောက်ငယ်သား၏ အစီရင်ခံစာကို အေးစက် တုန်လှုပ်နေသော မျက်နှာဖြင့် နားထောင်နေသည်။

သူသည် အသက်လေးဆယ်ကျော်၊ ရွှေရောင်အဆင်းရှိကာ မျက်လုံးများက သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းသည်။ ထိုနေရာ၌ ထိုင်လျက် ကောင်းကင်ကိုးပါး၌ အထွဋ်အမြတ်ဖြစ်သော ဧကရာဇ်သားတော် နဂါးအစစ်နှင့်တူသော ဘုန်းအာနုဘော်ကို ပြသလျက်ရှိသည်။

အင်မော်တယ်ကို ကွပ်မျက်ခြင်းနှင့်ပတ်သက်သည့် ကြေညာချက်ကို ကြားသောအခါ ဖုဝူလျန်၏ ပတ်ဝန်းကျင်၎၌ မရေမတွက်နိုင်အောင် များပြားလှသော မီးပွားများ ရုတ်တရက် သူ့အလိုလို လောင်ကျွမ်းလာကာ ခန်းမကြီးတစ်ခုလုံး ပူပြင်းလာသည်။

"အင်မော်တယ်ကောင်ကို သတ်မယ်ဟုတ်လား ဟား ဒီစကားမျိုး ငါနောက်ဆုံးကြားခဲ့တာ ဘယ်လောက်ကြာပြီလဲ"

သတင်းပို့သူက ခေါင်းငုံ့ကာ တုန်လှုပ်နေသည်။

ရုတ်​တရက်​ သူ့ဦး​ခေါင်းထက်​၌ မီးတောက်တစ်ခုတောက်ပလာပြီးနောက် အော်ဟစ်လှုပ်ရှားရန် အချိန်ပင်မရလိုက်ဘဲ မီးက သူ့ကို ပြာအဖြစ်သို့ ပြောင်းလဲပသ်လိုက်သည်။

ဤရက်စက်ကြမ်းကြုတ်သောမြင်ကွင်းကြောင့် ခန်းမကြီးအတွင်းရှိလူတိုင်းသည် တိတ်ဆိတ်သွားခဲ့ရသည်။

ဖုဝူလျန်သည် သူ၏ ရာဇပလ္လင်၏ လက်တင်ခုံကို အသာအယာပုတ်လိုက်ပြီးနောက် ပြော၏။

"မင်း စာလေးပြန်တာနဲ့တင် သေသင့်နေပြီ”

“ရွှယ်အန်း…” ဖုဝူလျန်၏မျက်လုံးထဲတွင် ရွှေရောင်မီးတောက်နှစ်ခု ပေါ်လာသည်။

“မင်းကို ငါတဖြည်းဖြည်းချင်း အသေသတ်ပစ်မယ် ဒါမှ ငါ့နှလုံးသားထဲက အမုန်းတရားတွေ ငြိမ်းသွားမှာ”

သူပြန်လာသောအခါ အင်မော်တယ်နန်းတော်၏ တောင်တန်းအကာကွယ် ဖောက်ဖျက်ခံခဲ့ရသည်ကို တွေ့ရှိခဲ့ကာ သူဂရုတစိုက်ပြုစုပျိုးထောင်ခဲ့သော ဧကရာဇ်သားတော်လည်း ကျရှုံးသွားခဲ့သည်။

ဤအဖြစ်အပျက်များအားလုံးက သူ့ကို ဒေါသထွက်စေခဲ့သည်။

သူ့အမြင်တွင် ရွှယ်အန်းကို ယခုမဖယ်ရှားခဲ့ပါက ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာပေလိမ့်မည်။

နောက်နေ့တွင် ခွန်းလွန်မြို့၏ လေထုက အနည်းငယ် မှုန်ဝါးလာသည်။

လူများစွာက ထို စိတ်လှုပ်ရှားဖွယ်ပွဲကို မကြည့်ဝံ့တော့ဘဲ အိမ်၌ ပုန်းနေကြသည်။ သို့သော် ကောင်းကင်မှ အလင်းတန်းများက ဘယ်သောအခါမှ ရပ်တန့်မသွားခဲ့ပေ။။

သတင်းကြောင့် ခွန်းလွန်တစ်ခုလုံး တုန်လှုပ်သွားသည်။ လာနိုင်တဲ့သူအားလုံး နီးပါးရောက်လာကြသည်။

အင်မော်တယ်နန်းတော်သည် အမြဲတစေ လွှမ်းမိုးချုပ်ကိုင်ထားသော်လည်း နောက်ဆုံး၌ ၎င်းသည် ဇာတိအာဏာဖြစ်သည်။ ရွှယ်အန်းသည်မူ သာမန်ကမ္ဘာမှ ဆင်းသက်လာသူဖြစ်သည်။

ထို့ကြောင့် ရွှယ်အန်းက သူ၏ရှုံးနိမ့်မှုကို မည်သို့ ရင်ဆိုင်ရမည်ကို လူအများက သိချင်ကြသည်။

၎င်းတို့အားလုံး အင်မော်တယ်နန်းတော်အပြင်ဘက်သို့ရောက်သောအခါ၊ လွတ်မြောက်အင်မော်တယ် ဒါဇင်ပေါင်းများစွာကို တွေ့လိုက်ရသည်။ ထိုကဲ့သို့ အင်အားပြခြင်းသည် လူများစွာကို တုန်လှုပ်စေခဲ့သည်။

ရာစုနှစ်များစွာကြာအောင် အင်မော်တယ်နန်းတော်၏ ခွန်အားကို နားမလည်နိုင်အောင် ဖြစ်ခဲ့ကြရကာ ပုံမှန်အားဖြင့် အင်အား ပြသလေ့မရှိပေ။

ယခုတွင်မူ ရွှယ်အန်းအတွက်ကြောင့် ၎င်း၏ အာဏာကို ထုတ်ဖော်ပြသခဲ့သည်။

"ဒီ ရွှယ်အန်းလာရဲလိမ့်မယ်လို့ မင်းထင်လား"

"သူထွက်ပြေးနေပြီလို့ ငါမျှော်လင့်တယ်။ နောက်ဆုံးတော့ ဒါက ရွှေအင်မော်တယ်ပဲလေ ဘယ်သူက ကိုယ့်သေတွင်းကိုယ် တူးချင်မှာလဲ”

ဤလူများက လှုပ်ရှားသက်ဝင်စွာ ဆွေးနွေးနေကြစဉ် အဝေးရှိ လူသူကင်းမဲ့သော လမ်းဘေးမှ လူတစ်ဦး ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

All Chapters