အခန်း (၃၂၅-၃၂၇)
Vol. 22 Ch. 325-327
အခန်း(၃၂၅) စစ်မှန်သောနတ်လက်နက် ဒယ်ပြား
သို့သော် သတ်ဖြတ်လိုစိတ်မှာ ခဏတာမျှသာဖြစ်၍ ထို့နောက် ရွှယ်အန်းက ရယ်လိုက်သည်။
"ကောင်းပြီ၊ မင်း တစ်ခုခုခံစားရလား"
အန်းယန်က မျက်လုံးကို ခဏမှိတ်လိုက်ကာ ခေါင်းခါ၏။
“ဘာမှမခံစားရဘူး”
သို့သော် ချက်ချင်းဆိုသကဲ့သို့ပင် သူမ၏ ရောင်ဝါက တဖြည်းဖြည်း မြင့်တက်လာသည်။ အလွန်လျင်မြန်စွာဖြင့် သူမသာ် ရှောင်ယောင်းအဆင့်မှ ကောင်းကင်လူသားအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။
ထိုနေရာတွင် မရပ်တန့်ဘဲ သူမသည် ကောင်းကင်လူသားအဆင့်ကို ကျော်တက်ကာ လွတ်မြောက်အင်မော်တယ် ထက်ဝက်အဆင့်သို့
ရောက်ရှိခဲ့သည်။
ဤသည်ကြောင့် ရွှယ်အန်းပင် အနည်းငယ် အံ့ဩသွားရသည်။
အခြားသူများက ကျင့်ကြံမှုတွင် အောင်မြင်မှုရရှိရန် ရုန်းကန်နေရသော်လည်း အခြားတစ်ဖက်တွင်မူ ၎င်း၏ဇနီးသည် အဆင့်များကို ထမင်းစားရေသောက်ကဲ့သို့ ဖြတ်ကျော်သွားခဲ့သည်။
“ယောက်ျား ကျွန်မ နောက်ထပ် အဆင့်တစ်ခု ထက်တက်သွားပြီထင်တယ်”
ရွှယ်အန်းက သူမ၏ နှာခေါင်းကို ကျီစယ်စွာဖြင့် ညှစ်၍ ရယ်မောလိုက်သည်။
"မင်းထင်တာ မဟုတ်ဘူး၊ တကယ် အဆင့်တက်သွားတာ။ ငါ့မိန်းမက ပါရမီရှင်ဖြစ်ပုံရတယ်"
အန်းယန်၏မျက်နှာက နီရဲသွားသော်လည်း သူမသည် ဂုဏ်ယူစွာ ခေါင်းငုံ့ထားဆဲဖြစ်သည်။
"ဒါပေါ့ အနာဂတ်မှာ ကျွန်မ ရှင့်ထက် သာလွန်သွားနိုင်တယ် အဲ့အချိန်ကျရင် ရှင့်ကို ကာကွယ်ပေးမယ်လေ ဟီးဟီး"
"မင်းအမိန့်အတိုင်းပါပဲ သခင်မကြီးယန်အာ" ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။
၎င်းတို့နှစ်ဦးလုံး ချစ်ခင်ရင်းနှီးစွာ စကားစမြည်ပြောနေကြစဉ် ရှန်းရှန်းနှင့် နျန်နျန်တို့က အဝေးမှ တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
"မမ ဖေဖေနဲ့ မေမေ ဘာလုပ်နေတာလဲ"
“ရှူးးး”
ရှန်းရှန်းက နျန်နျန်ကို လေးနက်သော မျက်နှာထားဖြင့် အသံမထွက်စေရန် အချက်ပြလိုက်သည်။
"နင် နားလည်ဖို့ ငယ်လွန်းသေးတယ် ဟုတ်ပြီလား"
"အမ် မမ နားလည်လား" နျန်နျန်က မျက်လုံးပြူးကျယ်စွာဖြင့် မေးလိုက်သည်။
"ဒါပေါ့" ရှန်းရှန်းက ဂုဏ်ယူစွာဖြင့်ပြော၏။
"ငါနင့်ထက် ငါးမိနစ်အလိုမှာ မွေးခဲ့တာ သိလား"
ထို့နောက် သူမ လည်ချောင်းကို ရှင်း၍ အသံကို လျှော့ကာပြောလိုက်သည်။
"ဖေဖေနဲ့ မေမေ ချိန်းတွေ့နေတယ်"
"ချိန်းတွေ့နေတယ်ဟုတ်လား"
"ဟမ် အမ်"
"ဘာချိန်းတွေ့တာလဲ စားလို့ရလား အရသာရှိလား"
နျန်နျန်၏ စံမေးခွန်းပင်ဖြစ်သည်။
ရွှယ်ရှန်းက မျက်မှောင်ကြုတ်ကာ ရွှယ်နျန်၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်၏။
"နင်က စားဖို့ပဲပြောနေတာပဲ။ အချစ်ကိုပြောတာ စားစရာမဟုတ်ဘူး"
“အာ” စား၍ မရနိုင်ကြောင်း ကြားသောအခါ ရွှယ်နျန်က စိတ်ဝင်စားမှု ပျောက်သွားသည်။
သူမသည် ခေါင်းငုံ့ကာ ရွှယ်အန်းပေးခဲ့သော နှစ်တစ်ထောင် ချင်မုနှလုံးသားမှ ပြုလုပ်ထားသည့် ဒယ်ပြားကို ကြည့်လိုက်၏။
၎င်းသည် တောက်ပြောင်၍ အလွန်အရသာရှိပုံရသည်။
ရွှယ်နျန်က တံတွေးမြိုချလိုက်ကာ အစ်မဖြစ်သူ ရွှယ်ရှန်းကို တိတ်တဆိတ် စိုက်ကြည့်၍ သူမ ဂရုမစိုက်ကြောင်းကို မြင်လိုက်ပြီးနောက် နှုတ်ခမ်းနားသို့ တိတ်တဆိတ် ကပ်ကာ ကိုက်ချလိုက်သည်။
မမျှော်လင့်ဘဲ၊ ဤသစ်သားအပိုင်းအစကို အနည်းငယ် ကိုက်လိုက်ရာ ရုတ်တရက် အဆပေါင်းများစွာကြီးလာသည်။
၎င်းက ပုံမှန် ဒယ်ပြား အရွယ်အစား ဖြစ်သည်။
ရွှယ်နျန်သည် ဤရုတ်တရက်ပြောင်းလဲမှုကြောင့် ထိတ်လန့်သွား၏။
"မမ... မမ"
ရွှယ်ရှန်းက ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ရွှယ်နျန်၏ လည်ပင်း၌ ချိတ်ဆွဲထားသော ဒယ်ပြားကြီးတစ်လုံးကို တွေ့လိုက်ရကာ သူမလည်း အံ့အားသင့်သွားရသည်။
“နင် ဘာပြဿနာရှာလိုက်ပြန်ပြီတုန်း"
"သမီး ဘာမှ မလုပ်ပါဘူး၊ သစ်သားကို ကိုက်လိုက်တာ နောက်တော့ ဒီလို ဖြစ်သွားတယ်"
ထိုအချိန်တွင် ရွှယ်အန်းသည် ရယ်မောလျက် ၎င်းတို့ဆီ လမ်းလျှောက်လာခဲ့သည်။ သူသည် ကလေးမလေးနှစ်ယောက် အဝေးမှ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်နေသည်ကို အစကတည်းက သတိထားမိကာ ရယ်ရသည်ဟု ခံစားရသော်လည်း ရုပ်တည်တည်ဖြင့်နေခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
"ဖေဖေ၊ နျန်နျန်က ငတ်ပြန်ပြီ အခု သစ်သားက ဒီလောက် အရမ်းကြီး ကြီးသွားပြီ"
ရွှယ်ရှန်းသည် ကြီးမားသော အရွယ်အစားကို ပြသရန် လက်ဖြင့် အမူအရာပြကာ လုံးလုံးလျားလျား အထိတ်တလန့် ဖြစ်နေသည်။
ရွှယ်အန်းက ၎င်းကိုကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"အင်း၊ ဒီဟာက ကြီးလာပြီးရင် မသေးသွားတော့ဘူး နျန်နျန် အခုကစပြီး ဒီဒယ်အိုးနဲ့ပဲ နေရလိမ့်မယ်"
"ဟင့်အင်း သမီး ဒယ်ပြားကြီးဆွဲပြီးလျှောက်မသွားချင်ဘူး အရမ်းရုပ်ဆိုးတယ်၊ အီး…. ဟီး…" ရွှယ်နျန်က ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။
အန်းယန်က ရွှယ်အန်းကို ရယ်ရခက်ငိုရခက်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
"ရှင် နောက်မနေနဲ့တော့ ကလေးက ငိုနေပြီ"
ထို့နောက် ရွှယ်အန်းက ပြုံး၍ထိုင်ချကာ လက်ဖြင့်ကိုင်လိုက်သည်။ ဒယ်ပြားသည်လည်း မူလအရွယ်အစားသို့ ရုတ်ခြည်းပြန်သေးသွားသည်။
"ဖေဖေ ဘယ်လိုလုပ်လိုက်တာလဲ" ရွှယ်နျန်က မျက်ရည်များဖြင့် ရယ်မောကာ မေးသည်။
ရွှယ်အန်းသည် အန်းယန်နှင့် သူ၏နူးညံ့သောအခိုက်အတန့်တွင်သာ နစ်မျောနေလျက် အနှစ်တစ်ထောင် ချင်မုနှလုံးသားသည် အရွယ်အစားကြီးနိုင် သေးနိုင်သော ဝိညာဉ်ရေးပစ္စည်းတစ်ခုဖြစ်ကြောင်း ကလေးနှစ်ယောက်ကို ပြောရန်မေ့သွားခဲ့သည်။
"သင်ချင်လား"
"အင်းးး" ကောင်မလေးနှစ်ယောက်က တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။
"နားထောင် ပိုကြီးချင်ရင် “မှော်မိန်းကလေးအသွင်ပြောင်းခြင်း” လို့အော်လိုက်။ 'Ultraman' လို့အော်ရင် နတ်ဆိုးတွေကို တိုက်ခိုက်နိုင်လိမ့်မယ်။ ပြီးတော့ 'ငါမင်းနဲ့မကစားချင်တော့ဘူး' လို့ပြောတဲ့အခါ ပြန်သေးသွားလိမ့်မယ်"
ကောင်မလေးနှစ်ယောက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "တကယ်လား"
"ဟုတ်တယ် စမ်းကြည့်လို့ရတယ်" ရွှယ်အန်းက ပြောသည်။
စစ်မှန်သော မန္တန်အမိန့်သည် ဤမျှရိုးရှင်း၍မရနိုင်ပေ။ ဤသည်မှာ ရွှယ်အန်းက သူ့သမီးနှစ်ယောက်အတွက် အထူးပြုလုပ်ပေးထားသော မန္တန်တစ်ခုသာဖြစ်သည်။
ရွှယ်ရှန်းက အော်လိုက်သည်။
"မှော်မိန်းကလေးအသွင်ပြောင်းခြင်း"
အနှစ်တစ်ထောင် ချင်မု နှလုံးသားသည် ရုတ်တရက် ကြီးမားသော ဒယ်ပြားအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။
ရွှယ်ရှန်းစိတ်လှုပ်ရှားကာ ထပ်အော်လိုက်၍။
"Ultraman"
ဒယ်ပြားကချက်ချင်း အလင်းတန်းတစ်ခုအဖြစ်ပြောင်း၍
ပြေးထွက်သွားပြီးနောက် ကျောက်တုံးကြီးကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။ ထို့နောက် ရွှယ်ရှန်းဆီသို့ ပြန်ရောက်လာ၏။
"ငါ မင်းနဲ့ မကစားချင်တော့ဘူး"
ဒယ်ပြားက မူလအရွယ်အစားသို့ ပြန်ရောက်သွားသည်။
"တကယ် မှော်ဆန်တာပဲ" ကလေးနှစ်ယောက်က တစ်ခဲနက်အော်လိုက်ကြသည်။
အန်းယန်က ရယ်ရခက်ငိုရခက်ဖြစ်နေသည်။
"ကလေးတွေကို ပိုကောင်းမယ့် ကစားစရာအစား ဒယ်ပြားကို ဘယ်သူက ပေးတာလဲ”
"ဒယ်ပြားက ဘာဖြစ်နေလို့လဲ။ အိမ်နဲ့ ခရီးသွားဖို့ မရှိမဖြစ် လိုအပ်သလို သေစေနိုင်တဲ့ ပမာဏလည်း ရှိတယ်"
"ဒါပေမယ့်...အဲ့တာက မိန်းကလေးမဆန်ဘူးလေ"
ရွှယ်အန်းက အားပါးတရရယ်နေ၏။
"ဒါပေမယ့် မင်းလည်း ကောင်းကောင်းသုံးတယ်လေ"
"ကျွန်မ... ကျွန်မဟာက မတူပါဘူးနော်" အန်းယန်၏မျက်နှာက နီရဲလာသည်။
"အိုး၊ ဒီလိုဆိုရင် ငါဂရုတစိုက်ပြင်ဆင်ထားတဲ့ လက်ဆောင်က အသုံးမဝင်တော့ဘူး"
"ဘာလက်ဆောင်လဲ"
ရွှယ်အန်းသည် လေဟာနယ်ထဲမှ ဒယ်ပြားတစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒါပဲ"
အန်းယန်က ထူးထူးခြားခြား မည်သည်ကိုမျှ သတိမထားမိဘဲ လက်ထဲတွင် ချိန်တွယ်လိုက်သည်။
"အဲ့တာကို အားနဲ့လွှဲကြည့်" ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
အန်းယန်က ရွှယ်အန်းပြောသည့်အတိုင်း ဒယ်ပြားကို လွှဲရိုက်လိုက်သည်။ ၎င်းနောက် အလွန်ပြင်းထန်သော
လျှပ်စီးတစ်စင်းထွက်လာကာ သစ်ပင်ကြီးတစ်ပင်ကို ပြာများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
၎င်း၏ စွမ်းအားသည် အန်းယန်ကို အံ့အားသင့်စေခဲ့သည်။
ထိုအချိန်တွင် အန်းယန်သည် ဒယ်ပြားမှ အလွန်ရိုသေလေးစားသော အသံကို ကြားလိုက်ရသည်။
"သခင်မ"
"ဘာလဲ...ဒါကဘာလဲ" အန်းယန်က ကြောက်လန့်တကြား မေးလိုက်သည်။
ရွှယ်အန်းက ပြုံးလိုက်၏။
"ဒါက မင်းအတွက် အထူးသန့်စင်ထားတဲ့ ဝိညာဉ်ရေးဆိုင်ရာ ဒယ်ပြားပဲ။ စကားပြောတာနဲ့ ပတ်သက်ပြီးတော့... မင်းကိုယ်မင်း ကိုယ်ထင် မပြဘူးလား"
ရွှယ်အန်း၏စကားအဆုံး၌ အမြင့်သုံးမီတာခန့်မြင့်သော လျှပ်စီးကြောင်းမှ ဧရာမရုပ်သွင်တစ်ခု လေထုထဲတွင် ပေါ်လာကာ ရွှယ်အန်းကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
"သခင်"
"ဒါက လဲ့ကျွင်းဆီက ကိုသန့််စင်ထားတဲ့ နတ်ဝိညဉ်ပဲ" ရွှယ်အန်းက ထူးမခြားနား ပြောလိုက်သည်။
ဤဒယ်ပြားသည် အန်းယန်ကို အထူးလက်နက်တစ်ခု လက်ဆောင်အဖြစ် ပေးရန်အတွက် ခွန်းလွန်တွင်ရှိစဉ်တွင်က သူပြန်လည်သန့်စင်ထားသော အရာဖြစ်သည်။
အန်းယန်သည် တဖြည်းဖြည်း တည်ငြိမ်မှု ပြန်ရလာပြီးနောက် ကြီးမားသော အဖော်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
"ဒီအရာက လျှပ်စီးကြောင်းကလုပ်ထားတာမို့လို့ ကွဲအက်နေတာလား"
"ဟုတ်တယ်"
"အဲ့တာဆို လျှပ်စစ်မီးပြတ်ရင် ဂျင်နရေတာအဖြစ်သုံးလို့ရတယ်လို့ ဆိုလိုတာမဟုတ်ဘူးလား” အန်းယန်က အနည်းငယ် စိတ်လှုပ်ရှားစွာပြောသည်။
ရွှယ်အန်းခေတ္တရပ်ပြီးနောက် ရယ်မောသံကာ ခေါင်းညိတ်လိုက်သည်။
“ဖြစ်နိုင်တယ်… ဖြစ်နိုင်တယ်”
“ယောက်ျား မိန်းမ ဒီလက်ဆောင်ကို ကြိုက်တယ်" အန်းယန်ဝမ်းသာသွားသည်။
အန်းယန်မသိသောအရာမှာ လဲ့ကျွင်းမှပြုလုပ်သော နတ်လက်နက်က မည်မျှတန်ဖိုးရှိသည်ကိုသာဖြစ်သည်။
ထိုသို့သော ပစ္စည်းကို အင်မော်တယ်ကျင့်ကြံရေးအဆင့်တိုင်းက ရတနာတစ်ခုဟု မှတ်ယူမည်ဖြစ်သည်။ ရွှယ်အန်းသာလျှင် ဤကဲ့သို့ လက်ရာမြောက်သော နတ်ဝိညဉ်ကို ဒယ်ပြား တစ်ခုအဖြစ် ဖန်တီးပစ်ပေလိမ့်မည်ဖြစ်သည်။
သို့သော် ရွှယ်အန်းအတွက် ဤအရာက အရေးမကြီးလှပေ။ သူ့မိန်းမက ကြိုက်လျှင်
လဲ့ကျွင်းကဲ့သို့ ရှေးဟောင်းနတ်ဝိညဉ်တစ်ခုမဆိုနှင့် ရှေးဟောင်း နတ်ရတနာတစ်ခုပင်လျှင် အလွန်အဖိုးတန်လှပေလိမ့်မည်မဟုတ်ပေ။
အင်မော်တယ်အရှင်သည် မိန်းမကို ဤမျှလောက် အလိုလိုက်ထား၏။
အခန်း(၃၂၆) ရှီစားသောက်ဆိုင်၏ လွှမ်းမိုးချုပ်ကိုင်မှု
ညနေဝင်ရီတရောအချိန်တွင် ပေကျင်းမြို့သည် မိုးဖွဲဖွဲကျနေသော ဆောင်းဦးရာသီ၏
မိုးရေများဖြင့် စိုစွတ်နေသည်။
"ရွှမ်အာ ကို အိမ်ပြန်လိုက်ပို့ပါရစေ"
လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြောလာသဖြင့် ထန်ရွှမ်အာက ပြုံးပြကာ ခေါင်းခါလိုက်သည်။
“သူငယ်ချင်းတစ်ယောက်ဆီသွားစရာလေးရှိလို့”
ထိုစကားကိုပြောပြီးနောက် သူမသည် မိုးကာအင်္ကျီကိုဝတ်ကာ အဘိုးကြီးရှဲ့၏ဆိုင်သို့ သွားလိုက်သည်။
“အိုး ရွှမ်အာ ဘာလို့ ကြိုမပြောတာလဲ။ မိုးရွာနေရင် ဦးလေးရှဲ့ကို လာကြိုခိုင်းလိုက်လို့ရတာကို”
အန်တီဖန်က မိုးကာအင်္ကျီဝတ်ထားသော ထန်ရွှမ်အာကိုနှတ်ဆက်ရန် ရှေ့သို့ ပြေးထွက်လာသည်။
ထန်ရွှမ်အာက မိုးကာအင်္ကျီကို ချွတ်လိုက်သည်။
"မင်းကိုကြည့်၊ မင်းဆံပင်တွေ အကုန်စိုနေပြီ။ မြန်မြန်သုတ်လိုက်ဦး အအေးမမိနဲ့" အန်တီဖန်က မျက်နှာသုတ်ပုဝါတစ်ထည်ကို ပေး၍ ပြောလိုက်သည်။
“ကျင်းကျင်းဘယ်မှာလဲ အန်တီ” ထန်ရွှမ်အာက ဆံပင်များကို သုတ်လျက်မေးလိုက်သည်။
“မိုးတွေရွာနေတော့ သမီးမလာတော့ဘူးဆိုပြီး အိမ်နောက်ခန်းမှာ အိမ်စာတွေလုပ်နေတာ” အန်တီဖန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြော၏။
မကြာသေးမီမှစ၍ ထန်ရွှမ်အာသည် ရှဲ့ကျင်းကျင်းကို စာသင်ပေးရန် ညနေတိုင်း အဘိုးကြီးရှဲ့စားသောက်ဆိုင်ဆီသို့ လာခဲ့သည်။
“ဒါဆို သမီးဝင်သွားလိုက်မယ်”
ထန်ရွှမ်အာက မြင်ကွင်းထဲမှ လုံးလုံးလျားလျားပျောက်ကွယ်သွားသောအခါမှ ဆိုင်းတွင်းရှိစားသောက်သူအများအပြားက သက်ပြင်းချလိုက်ကြသည်။
"ဘုရားရေ ဒီမိန်းကလေးက ကောလဟာလတွေထဲကအတိုင်း တကယ်လှတာပဲ။ အထူးသဖြင့် သူ ပြုံးနေချိန်ပဲ ယစ်မူးသွားစေလိုက်နိုင်တယ်” လူတစ်ယောက်က ပြော၏။
“အဟွတ် အဟွတ် ဒါပေါ့ သူက အရမ်းလှတယ်။ ငါ နေ့တိုင်း ဒီအချိန် ဒီကိုလာနေရတဲ့အကြောင်းအရင်းက ဘာဖြစ်မလဲ”
စားပွဲတစ်လုံးတည်းမှ အခြားလူတစ်ယောက်က ရယ်မောလိုက်သည်။
“အင်း၊ မင်းမေးပြီးပြီလား။ သူ့နာမည်ဘယ်လိုခေါ်လဲ အနည်းဆုံးတော့ သူ့ ဖုန်းနံပါတ် ဒါမှမဟုတ် WeChat ဒါမှမဟုတ် တစ်ခုခု တောင်းပြီးပြီလား"
“ချီး အဓိပ္ပါယ်မရှိတာတွေပြောမနေနဲ့။ ဒီမိန်းကလေးက သာမန်မဟုတ်တာ သေချာတယ်” လူတစ်ယောက်က ခပ်တိုးတိုးပြောသည်။
“ငါကတော့ မိန်းကလေးတစ်ယောက်က မိုးကာနဲ့ တစ်ယောက်တည်း လျှောက်သွားနေနိုင်မယ်လို့ မထင်ဘူး သူ့မှာ ဘာကျောထောက်နောက်ခံရှိလဲ” အခြားတစ်ယောက်က လှောင်ရယ်၍ ပြောသည်။
“မယုံဘူးလား ကောင်းပြီ ဒီမိန်းကလေးကို မပြောရင်တောင် ဒီဆိုင်က မင်း မှန်းဆလို့ရတဲ့ဆိုင်မျိုးမဟုတ်ဘူးကွ”
ထိုစကားများ သူ့ပါးစပ်မှ ထွက်လာပြီးနောက်မကြာမီ၌ စားသောက်ဆိုင်အပြင်၌ အနက်ရောင်ဝတ်ထားသော ထွားကျိုင်းလှသည့် အမျိုးသားအများအပြားရောက်လာကာ ခေါင်းဆောင်က ထီးအနက်ကို ကိုင်ဆောင်သည်။ ခြိမ်းခြောက်မှုများနှင့် ပြည့်နှက်နေသော ဤအဖွဲ့ကို မြင်လိုက်ရသောအခါတွင် တုန်လှုပ်ခြောက်ခြားနေသော ဖောက်သည်များ အားလုံး တညီတညွတ်တည်း တုန်လှုပ်သွားကာ ခပ်တိုးတိုးပြောလိုက်ကြသည်။
“အဲ့တာ ရွှီကျိုပဲ တုဖန်ရဲ့ ထိပ်တန်းယောက်ျားတွေထဲက တစ်ယောက်”
အားလုံးက အံ့အားသင့်သွားကြသည်။
‘ဒါက ပေကျန်းရဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ယောက်မလား သူက ဒီမှာဘာလုပ်နေတာလဲ’
၎င်းတို့ အံ့သြနေကြချိန်တွင် ရွှီကျိုက မှန်တံခါးကို ခေါက်လိုက်သည်။
အဘိုးကြီးရှဲ့က ဤလူလာသည်ကိုမြင်သောအခါ တံခါးနားသို့ လျှောက်သွားလိုက်၏။
“လာလေ ဝင်ခဲ့”
ရွှီကျို၏ မျက်နှာထက်တွင် ဖော်ရွေသော အပြုံးတစ်ခုပေါ်လာပြီးနောက် ခေါင်းငုံ့၍ပြောလိုက်၏။
"ဝင်လာစရာ မလိုပါဘူး၊ မိုးရေတွေနဲ့ စိုနေလို့ ဦးလေးရဲ့ ကြမ်းပြင်ညစ်ပတ်သွားမှာစိုးလို့။ ကျွန်ောတ် သူဌေးရဲ့ အမိန့်အတိုင်း လာကြည့်တာပါ။ တစ်ယောက်ယောက်ကများ ကိုယ့်နေရာကို မသိဘဲ ရောက်လာသေးလားလို့”
အဘိုးကြီးရှဲ့က ခေါင်းခါလိုက်သည်။
"ပြီးခဲ့တဲ့ အကြိမ်က ပိုက်ဆံတောင်းတဲ့ သူတွေကို ခွဲထုတ်ပြီးကတည်းက ဘယ်သူမှမလာရဲတော့ပါဘူး”
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီကောင်တွေကို ကျွန်တော် ပေကျန်းမြို့က နှင်ထုတ်လိုက်ပြီ။ ဒီတစ်သက်လုံး ပြန်လာရဲတော့မှာမဟုတ်ဘူး” ရွှီကျိုသည် ခေါင်းညိတ်ကာ အကြိမ်ကြိမ် ဦးညွှတ်လျက်ပြော၏။
မကြာသေးခင်က လူသစ်အချို့သည် အဘိုးကြီးရှဲ့၏ စားသောက်ဆိုင်၌ ထမင်းစားပြီးနောက် ပိုးဟပ်သေတစ်ကောင်ကို ၎င်းတို့၏ ပန်းကန်ထဲသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ချကာ လျော်ကြေးမပေးပါက တရားစွဲမည်ဟု ခြိမ်းခြောက်ပြောဆိုသည်။
အနာဂတ်တွင် ကောင်းမွန်စွာစီးပွားရေးလုပ်ရန် စိတ်ကူးထားခဲ့သဖြင့် အဘိုးကြီးရှဲ့က အနည်းငယ်စိတ်ရှုပ်ခဲ့ရသည်။ အန်တီဖန်သည် ရွှယ်အန်း အိမ်၌ ပါတီကျင်းပခဲ့စဥ်က တုဖန်ဟုအမည်ရသော လူတစ်ယောက်ကို အမှတ်ရကာ ဖုန်းဆက်ခေါ်ခဲ့သည်။ ထိုစဥ်က တုဖန်သည် ကျုံးတုမြို့တွင်ရှိနေခြင်းမဟုတ်သော်လည်း အန်တီဖန်၏ ခေါ်ဆိုမှုကို လက်ခံရရှိသောအခါ ချက်ချင်းပင် ချွေးစီးများထွက်ခဲ့ရသည်။ အန်တီဖန်တို့ လင်မယားသည်သာမန်လူများဖြစ်ကြသော်လည်း ရွှယ်အန်း၏ ဧည့်ခံပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းက ၎င်းတို့အကြား သာမန်ထက်ပိုသော ဆက်ဆံရေးမျိုးရှိနေကြောင်း သိသာနေစေသည်။
‘တစ်ခုခု မှားသွာရင်လူကြီးမင်းရွှယ်ပြန်လာတဲ့အခါ… ငါ့ခေါင်းပေါ်အကုန်ကျမှာ’
ဤအတွေးဖြင့် သူက တုန်လှုပ်လျက် “စိတ်ချပါ ဦးလေးရှဲ့ကိုပြောလိုက်ပါ။ ကျွန်တော် လူတစ်ယောက် ချက်ချင်းလွှတ်လိုက်ပါ့မယ်လို့” ဟု ပြောခဲ့သည်။
ဖုန်းချပြီးနောက် ကျုံးတုတွင်ရှိသော သူ့လက်အောက်ငယ်သား ရွှီကျိုကို ချက်ချင်းအကြောင်းကြားခဲ့သည်။ "ဒီကိစ္စက ကောင်းကောင်းမဖြေရှင်းနိုင်ရင် ငါတို့အတူတူ သေဖို့ပြင်ထားရတော့မယ်"
ထိုကဲ့သို့ ပြင်းထန်သော အကျိုးဆက်များကို ကြားလိုက်ရသဖြင့် ရွှီကျိုသည် ဘား၌ အရက်သောက်လျက်
ထိတ်လန့်သွားကာ သူ့လက်အောက်ငယ်သားများကို ခေါ်၍ ချက်ချင်းအော်ဟစ်ကာ ပြေးသွားခဲ့သည်။
မရောက်ခင်က ၎င်းမှာ ပေကျန်းကို ကျူးကျော်လာသည့် ကြောက်မက်ဖွယ်ပုဂ္ဂိုလ်များဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် စားသောက်ဆိုင်သို့ ရောက်သောအခါတွင် သဲလွန်စမရှိသော၊ အတွေ့အကြုံမရှိသော လူငယ်လူရွယ်များသာဖြစ်နေခဲ့သည်။
ရွှီကျိုကိုတွေ့လိုက်ကြသည်နှင့် ဤလူငယ်များသည် အလွန်အမင်း ကြောက်လန့်သွားခဲ့ကြသည်။
မှောင်ခိုလောက၌ သခင်ရွှီကျိုကို မသိသူ မည်သူရှိသနည်း။
အထူးသဖြင့် ဤသေးငယ်သော လူများ၏မျက်လုံးထဲတွင် ရွှီကျိုသည် လက်တွေ့အားဖြင့် နတ်ဘုရားများနှင့်တူသည်။ ရွှီကျိုသည် ထိုအချိန်တွင် ထိုလူများကို သတ်ပစ်ချင်သော်လည်း သူ့ဒေါသကို ထိန်းထား၍ ဦးလေးရှဲ့အား လေးစားစွာ တောင်းပန်ခဲ့သည်။
နောက်ဆုံးတွင်မူ သူ့သူဌေးဖြစ်သူက ဦးလေးရှဲ့ကို လေးစားရမည်ဟု ထပ်ခါတလဲလဲ ညွှန်ကြားခဲ့ပေသည်။
ယင်းက ထိုအချိန်တွင် အဘိုးကြီးရှဲ့ကို အနည်းငယ်ရှက်သွားစေသည်။
ဤအဖြစ်အပျက်ပြီးနောက် ရွှီကျိုသတိထားလာခဲ့သည်။ ထို မျက်ကန်းငယ်လေများကြောင့် တစ်နေ့တွ၍် အသတ်မခံရချင်ပေ။ ထို့ကြေင့် သူက နေ့စဥ်နေ့တိုင်း ခြွင်းချက်မရှိ ဤနေရာသို့ လာရောက်စစ်ကြည့်လေ့ရှိသည်။ ဤသန်မာသော လူအုပ်ကို မြင်သောအခါ အဘိုးကြီးရှဲ့သည်လညး် အပြစ်မကင်းဟု ခံစားရသဖြင့် ယွမ်တစ်ထောင်ကို ထုတ်ယူလိုက်သည်။
"မင်းက ဝင်မလာဘူးလို့ အခိုင်အမာပြောနေမှတော့ ဒီမှာ ယွမ်တစ်ရာ ရှိတယ်။ သောက်ဖို့ ရေတစ်ပုလင်း သွားဝယ်"
ဤယွမ်တစ်ရာကို လက်ခံဝံ့လျှင် တုဖန်က သူ့ကို သတ်ပစ်မည်ကို သိ၍ ရွှီကျိုက ကြောက်ရွံ့တုန်လှုပ်သွားသည်။ ထို့ကြောင့် သူက လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ ငြင်းဆိုလိုက်သည်။
“ဦးလေးရှဲ့၊ ကျေးဇူးပြုပြီး ယဥ်ကျေးမနေပါနဲ့။ ကျွန်တော်ကို ဂျူနီယာတစ်ယောက်လိုပဲသဘောထားလိုက်ပါ။ လိုချင်တာမှန်သမျှ ခိုင်းလို့ရပါတယ်”
ထို့နောက် ရွှီကျိုက စားသောက်ဆိုင်ထဲရှိ လူများအားလုံးရှေ့၌ ဦးညွတ်လိုက်သောကြောင့် ၎င်းတို့အားလုံး အံ့သြသွားကြသည်။
"ကြည့်စမ်း။ ငါမှန်တယ် ဆိုတာ လူတိုင်းသိတယ်။ ရွှီကျိုတောင် ဦးညွတ်ရတဲ့လူက သာမန်လူဖြစ်ပါ့မလားကွ”
အခြားသူများ နှုတ်ဆိတ်သွားသော်လည်း အားလုံးက၎င်းတို့၏ နှလုံးသားထဲတွင် တစ်ခုတည်းသောအရာကို နားလည်ကြသည်။
‘ဒီစားသောက်ဆိုင်လေးက ထင်ထားသလောက် မရိုးရှင်းဘူး’
တစ်ဆက်တည်း၌ အံ့မခန်း လှပသော မိန်းကလေးသည်လည်း သာမန်လူမဟုတ်ပေ။
ရွှီကျိုက ပိုက်ဆံကို ပြတ်ပြတ်သားသား ငြင်းလိုက်ကြောင်းမြင်သောအခါ အဘိုးကြီးရှဲ့က ရွေးချယ်စရာမရှိတော့ဘဲ ပြန်ယူသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"
"ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ လုပ်သင့်တာပါပဲ။ ကျေးဇူးပြုပြီး ဆရာလုပ်လက်စအလုပ်ကို ဆက်လုပ်ပါ” ရွှီကျိုက ပြုံး၍ ပြောသည်။
အဘိုးကြီးရှဲ့ထွက်သွားပြီးနောက် ရွှီကျိုက သက်ပြင်းတစ်ချက်ချလိုက်သည်။ ထိုအချိန်တွင် သူ၏လက်အောက်ငယ်သားတစ်ဦးပြော၏။
"သူဌေး၊ ဒီစားသောက်ဆိုင်မှာ ဘယ်လိုနောက်ခံမျိုးရှိလို့ ဒီလောက်သတိထားနေရတာလဲ"
"ဘာနောက်ခံလဲ" ရွှီကျိုက လှောင်ပြောင်လိုက်သည်။
"မင်းကို ငါပြောပြလိုက်ရင် မင်းကို သေလောက်အောင် ကြောက်သွားဖို့ လုံလောက်ပေမယ့် မင်း သိပ်သိဖို့ မလိုပါဘူး၊ ဒီစားသောက်ဆိုင်ကိုဘာကိစ္စဖြစ်ဖြစ် ရန်မစမိစေဖို့ပဲ ခေါင်းထဲထည့်ထား”
"ဟုတ်ကဲ့"
လက်အောက်ငယ်သားများ အားလုံး တညီတညွတ်တည်း တုံ့ပြန်ကြသည်။
အခန်း(၃၂၇) ဆောင်းဦးညတွင် မီးဖိုအနီး ထိုင်နေခြင်း
ရွှီကျိုသည် အလွန်စိတ်သက်သာရာရကာ လှည့်၍ထွက်ခွာတော့မည်ဖြစ်သည်။ ထိုအခိုက်အတန့်၌ ကားတစ်စီးက လမ်းဘေး၌ ထိုးရပ်၍ လူတစ်စု ထွက်လာသည်။ ယင်းသည်ကား ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်နှင့် ချစ်စဖွယ်ကလေးမလေးနှစ်ယောက်ဖြစ်သည်။ ၎င်းတို့သည် မိသားစုတစ်ခုဖြစ်မည်ထင်ရ၏။
ယောက်ျားက ချောမောတည်ကြည်ကာ မိန်းမသည် ပို၍ပင် အံ့သြဖွယ်ကောင်းစွာ ချောမောလှသည်။ ၎င်းက လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ထွက်သွားတော့မည့် ရွှီကျိုသည် ဤမိသားစုကို မြင်လိုက်ရသဖြင့် အေးခဲသွားသည်။ ယောက်ျားနှင့်မိန်းမသည် စားသောက်ဆိုင်ဆီသို့ လျှောက်လာ၍ ရယ်မောကာ စကားစမြည်ပြောလျက် ရွှီကျိုအနားမှ ဖြတ်သွားခဲ့သည်။ ထိုလူက သူ့ကို ဂရုမစိုက်ဘဲ စိုက်ကြည့်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
ထိုအဖွဲ့က အဘိုးကြီးရှဲ့၏စားသောက်ဆိုင်သို့ ဝင်သွားသည့်အခါမှသာ သတိပြန်ကပ်လာသည်။
‘အဲ့လူ…
ရွှီကျို၏စိတ်ထဲတွင် မသေချာမရေရာမှုများ တုန်လှုပ်သွားသည်။
သူ့ဘေးနားမှ သူ့လက်အောက်ငယ်သားက အံ့သြတကြီးဖြင့် ပြောလိုက်၏။
"အရမ်းလှတာပဲ၊ သူက တီဗီကြယ်ပွင့်တွေထက် အဆတစ်ရာ ပိုလှနေတယ်..."
သူ့စကားမဆုံးလိုက်ခင်တွင် ရွှီကျိုက သူ့ကို မိုးရေထဲ၌ ပြင်းပြင်းထန်ထန် ကန်ကျောက်ပစ်လိုက်သည်။
ကန်နေရင်းဖြင့် ရွှီကျိုက ခပ်တိုးတိုး အော်လိုက်၏။
"မင်းသေချင်ရင် အဆောက်အဦးပေါ်က ခုန်ချ၊ မင်းနဲ့အတူ ငါ့ကို ဆွဲမချနဲ့ ဟုတ်ပြီလား"
ရွှီကျို၏ ဒေါသကြီးသော မျက်နှာက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
ထိုသူက အသိကောင်းကောင်းမရှိတော့သောအခါမှသာ ရွှီကျိုသည် ကန်ကျောက်ရာမှ ရပ်၍ နှဖူးထက်မှ ချွေးစေးများကို သုတ်ကာ အဘိုးကြီးရှဲ့၏ စားသောက်ဆိုင်ကိုကြောက်ရွံ့စွာကြည့်နေသည်။
‘မမှားနိုင်ပါဘူး၊ သေချာတာကတော့ သူပဲ’
‘သူ ငါ့ကို ကြည့်တဲ့ပုံစံနဲ့တင်သေချာနေပြီ’
ထိုအချိန်တွင် ရွှီကျိုသည် အကြံတစ်ခုရ၍ သူ့ဖုန်းကို အမြန်ဆွဲထုတ်ကာ တုဖန်၏နံပါတ်ကို ခေါ်လိုက်သည်။
တုဖန်သည် ပေကျန်းမြို့တွင် စီးပွားရေးမိတ်ဆွေအချို့နှင့် အရက်သောက်နေခြင်းဖြစ်သည်။ ရွှီကျိုထံမှ ဖုန်းခေါ်ဆိုမှုကို သူမြင်လိုက်သောအခါ ပထမတွင် သူ လန့်ဖျပ်သွားပြီးနောက် သူ့အမူအရာက ချက်ချင်းတင်းမာသွားခဲ့သည်။
‘ခု…စားသောက်ဆိုင်မှာများ တစ်ခုခုဖြစ်တာလား’
တုဖန်က ချက်ချင်း ဖုန်းပြန်ဖြေလိုက်သည်။
"မင်္ဂလာပါ သူဌေး၊ ကျွန်တော် အဘိုးကြီးရှဲ့ဆိုင်ကနေခေါ်လိုက်တာပါ... ဆရာကြီးကို တွေ့လိုက်လို့"
“ဘာပြောတယ်”
တုဖန်သည် အံ့အားသင့်သွားသဖြင့် ရုတ်ခြည်း မတ်တပ်ထရပ်ကာ သူ၏လုပ်ငန်းလုပ်ဖော်ကိုင်ဖက်များပင် အလွန် ထိတ်လန့်သွားသည်။
“ထပ်ပြောပါကီး”
ရွှီကျိုက အသက်ပြင်းပြင်းရှူကာ ပြန်ပြော၏။
"ဆရာကြီး စားသောက်ဆိုင်ထဲဝင်လာတာကို တွေ့လိုက်ရတယ်"
"မမှားတာသေချာလား"
"လုံးဝ မမှားနိုင်ဘူး သူ ကျွန်တော့်ကို စိုက်ကြည့်နေတာ။ မျက်လုံးထဲက ဥပက္ခာပြုတဲ့ပုံစံမျိုးနဲ့။ ကျွန်တော် မမှားနိုင်ဘူး” ရွှီကျိုက အသေအချာပြောလိုက်သည်။
တုဖန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
"အပြင်မှာနေ၊ လူရှုပ်တွေကို ဆရာကြီးကို မနှောက်ယှက်စေနဲ့ ငါချက်ချင်းလာခဲ့မယ်"
“ဟုတ်”
တုဖန်က ဖုန်းချသွားသည်။
စီးပွားရေးမိတ်ဆွေများက အနည်းငယ်မကျေမနပ်ဖြစ်နေကြ၏။
“လူကြီးမင်းတု ဒီလိုလုပ်ရင် ကျုပ်တို့ လုပ်ငန်းကို ဘယ်လိုဆက်လုပ်ရမှာလဲ”
တုဖန်က ဆိုဖာပေါ်မှ သူ၏ အင်္ကျီကို ဆွဲယူကာ အဝေးသို့ပြေးသွားလျက် လှမ်းပြောသည်။
"မင်းဖင်ကြီးကို ဆွေးနွေးရမှာလား။ ငါ့မှာ မင်းတို့နဲ့စကားပြောဖို့ အချိန်မရှိဘူး”
ထိုအချိန်တွင် အဘိုးကြီးရှဲ့၏ စားသောက်ဆိုင်အတွင်း၌ ရုတ်တရက်ရောက်လာသောလူအုပ်ကြောင့်
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ တချို့လူများက အလွန် အံသြသွားကြသည်။ တုနှိုင်းမရတဲ့ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဝင်လာသည်ကို မြင်လိုက်ရပြီးနောက် ယခု ဤမျှ အဆင့်အတန်းမြင့်သော မိသားစုက မည်ကဲ့သို့ရောက်လာသနည်း။
ဤစားသောက်ဆိုင်းလေးက မည်မျှသော အံ့သြဖွယ်ရာများကို ပေးနိုင်သနည်း။ စာရင်းများနှင့်အလုပ်ရှုပ်နေသော အန်တီဖန်က ပုံမှန်မဟုတ်သော အငွေ့အသက်ကို ခံစားမိသဖြင့် လှမ်းကြည့်လိုက်သည်။
ထို့နောက် ပြုံးပြနေသော ယောက်ျားကို မြင်လိုက်သောအခါ အန်တီဖန်က ခဏမျှ ထိတ်လန့်သွားပြီးနောက် ပြောလိုက်၏။
"ရှောင်အန်း"
မှန်သည်။ ရောက်လာသည်မှာ ရွှယ်အန်းနှင့် အန်းယန်တို့ မိသားစုမှတပါး အခြားမဟုတ်ပေ။
ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"အန်တီဖန်"
အန်တီဖန်က
“အဘိုးကြီးရှဲ့ ရှင်ဘာတွေလုပ်နေတာလဲ။ ရှောင်အန်းလေး ဒီရောက်လာပြီ"
အဘိုးကြီးရှဲ့က လက်ထဲမှ ဂျုံများကိုမသုတ်ဘဲ ပြေးထွက်လာရာ အမှန်ပင် ရွှယ်အန်းဖြစ်နေကြောင်း မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားသွားကြသည်။
ရုန်းရင်းဆန်ခတ်အသံကို ကြားသောအခါ နောက်ခန်း၌ စာကျက်နေသည့် ရှဲ့ကျင်းကျင်းနှင့် ထန်ရွှမ်အာတို့လည်း ပြေးထွက်လာသည်။
အန်းယန်က ထန်ရွှမ်အာကို ပြုံးပြလိုက်၏။
"ဒီည နင့်ကို အိမ်မှာစောင့်မလို့ပဲ၊ ဒါပေမယ့် မိုးရွာနေပြီး ဦးလေးရှဲ့ဆီမှာ စာသင်ပေးနေတာကြားဆိုတော့ ရွှယ်အန်းနဲ့လိုက်လာခဲ့ဖို့ ဆုံးဖြတ်လိုက်တာ။ ဦးလေးရှဲ့ စိတ်အနှောက်အယှက်မဖြစ်ဖို့ မျှော်လင့်ပါတယ်”
"ဘယ်လိုလုပ်ဖြစ်မှာလဲ။ ဒီထက်ပိုကောင်းတာမရှိတော့ဘူး” အဘိုးကြီးရှဲ့သည် အစပိုင်းတွင် စကားစမြည်ပြောရန် ဆန္ဒရှိသော်လည်း သူ့အမူအရာက အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။
သူနှင့် ဆက်ဆံလေလေ ရွှယ်အန်း၏ စွမ်းအားကို နားမလည်နိုင်စဖွယ်ဖြစ်လေလေပင်ဖြစ်၏။
ထိုမာနကြီးသော ပုဂ္ဂိုလ်များက ယခုသူ့အပေါ်အလွန်ရိုသေနေခြင်း၏ အကြောင်းမှာ ရွှယ်အန်းကြောင့်ဖြစ်နိုင်ကြောင်း ကောင်းစွာသိသည်။
ထို့ကြောင့် သူ့တွင်စိုးရိမ်မှုအချို့ရှိသော်လည်း ရွှယ်အန်းကိုစိတ်အနှောက်အယှက်ဖြစ်စေမည်ကိုစိုးရိမ်လျက်ရှိသည်။
အန်းယန်က ဤအရာကိုသဘာဝကျကျသတိထားမိသဖြင့် တမင်တကာ ပြုံးကာ နောက်ပြောင်နေခြင်းဖြစ်သည်။ အန်းယန်သည် လူအများနှင့်ဆက်ဆံရာတွင် ယဉ်ကျေးသိမ်မွေ့ကာ ရက်ရောသောအမူအရာဖြင့် တွေးခေါ်တတ်သူဖြစ်ကြောင်း ထင်ရှားသိသာလှသည်။
မှန်သည်။ ရွှယ်အန်းသည်လည်း အန်းယန်၏ ရည်ရွယ်ချက်ကို နားလည်သောကြောင့် သူ့မျက်နှာထက်မှ အပြုံးက သုံးဒီဂရီမျှ ပိုမိုနွေးထွေးလာသည်။
ဒီမိန်းကလေးက တကယ် ရတနာတစ်ခုပဲ။
ဤသို့တွေး၍ သူသည်လည်း ပြုံးကာ ပြောလိုက်သည်။
"ဦးလေးရှဲ့ရဲ့ ရှေးကျတဲ့ဝိုင်တချို့ကို ကျွန်တော် တောင့်တနေမိတာ။ ဒီနေ့ ကျွန်တော် အရက်ကောင်းကောင်းသောက်ချင်တယ်ဗျာ”
အဘိုးကြီးရှဲ့က ရယ်မောလိုက်၏။
“ကောင်းပြီ ငါ့မှာ တခြားဘာမှမရှိရင်တောင် နှစ်ချို့ဝိုင်တော့ရှိတယ်”
ထိုစကားကြောင့် အစကနဦးအဆင်မပြေမှုအရိပ်အယောင်များ ချက်ချင်းပျောက်ကွယ်သွားသည်။ ဤသို့သော ဆောင်းဦးအချိန်အခါသည် သူငယ်ချင်းများစုဝေး၍ ဟော့ပေါ့ပူပူကို စားရခြင်းက အကောင်းဆုံး အစီအစဥ်ဖြစ်သည်။ အဘိုးကြီးရှဲ့က အခြားဝိုင်းမှ ဧည့်သည်များကို ထွက်သွားပေးရန်တောင်းဆိုလိုက်သည်။
မှန်သည်။ ၎င်းတို့ မထွက်သွားဘဲ မနေဝံ့ကြပေ။
ရွှီကျိုနှင့် လတ်တလော အဖြစ်အပျက်ကို မြင်လိုက်ရပြီးနောက် မည်သူက ပြဿနာရှာဝံ့တော့မည်နည်း။
အဘိုးကြီးရှဲ့က စားပွဲဝိုင်းများအားလုံးကို စုပေါင်းကာ ကြေးအိုးပူပူကို အလယ်၌ ချလိုက်သည်။
ပါဝင်ပစ္စည်းများအားလုံး အဆင်သင့်ဖြစ်ပြီးနောက် မိန်းကလေးများက အလွန်လျင်မြန်စွာဖြင့် အသီးအရွက်မျိုးစုံကို ရေဆေးပေးကာ မကြာမီ၌ပင် လတ်ဆက်သော သိုးသားအပိုင်းတစ်ပိုင်းကို ထုတ်လာ၍ လှီးခဲ့သည်။ သို့သော် ထက်မြက်သောဓားမရှိသောကြောင့် အသားများခုတ်ရသည်မှာ ကြာမြင့်နေ၏။
ဤသည်ကို မြင်သောအခါ ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။
“ကိုလုပ်ပေးမယ်”
ဤသို့ပြောကာ သူက မီးဖိုသုံးဓားကိုယူ၍ လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ဓားတစ်ခုလုံးက ပြောင်ရှင်းချွန်ထက်သွားသည်။ ထို့နောက် သူက စတင်၍ လှီးဖြတ်ရာ မည်သည့် ဓားသံမျှ ထွက်မလာဘဲ အသားလှီးပြတ်သွားသံ ခပ်တိုးတိုးကိုသာ ကြားရသည်။
ဤအခိုက်အတန့်တွင် သိုးသားက ဖောက်ထွင်မြင်ရသော အသားလွှာပါးများအဖြစ်သို့ ပြောင်းလဲသွားသည်။
အဘိုးကြီးရှဲ့က အံ့သြလျက်ရှိသည်။ သူသည် ဤကဲ့သို့အသားဖြတ်နည်းမျိုးကို ဘဝတစ်လျှောက်လုံး၌ တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ ဤသည်က လွယ်ကူပုံရသော်လည်း လေ့ကျင့်လျှင် အလွန်မဖြစ်နိုင်လောက်အောင် ခက်ခဲသည်။ ရွှယ်အန်း၏ အမည်နှင့် ကျော်ကြားမှုတို့သည် နောက်ဆုံးတွင်မူ လွယ်လင့်တကူရလာခဲ့ခြင်းမဟုတ်ပုံရ၏။
အဖွဲ့က အတူတကွစုစည်းကာ စားသောက်ကြသည်။ ရှန်းရှန်နှင့် နျန်နျန်တို့က အစပိုင်းတွင်ကတည်းက အလွန် တက်ကြွနေကြပြီဖြစ်ရာ အထူးသဖြင့် နျန်နျန်သည် သွားရည်ယိုလျက်ရှိ၏။ သိုးသားများ အိုးထဲသို့သွားသောအခါ နောက်ထပ် ငါး သို့မဟုတ် ခြောက်စက္ကန့်အကြာတွင် စတင်၍ မြည်းစမ်းနိုင်ပြီဖြစ်သည်။ အဘိုးကြီးရှဲ့၏ ကိုယ်ပိုင် အချဥ်ရည်နှင့် ပေါင်းဖက်လိုက်သောအခါ ၎င်းသည် နူးညံ့ လတ်ဆတ်၍ အရသာရှိကာ ဆွေးမျိုးမေ့လောက်သည်။
ဤတစ်ကြိမ်တွင် အန်းယန်သည်လည်း ဝိုင်အနည်းငယ်ကို ငှဲ့လျက် သူမ၏ ဖန်ခွက်ကို အဖိုးကြီးရှဲ့နှင့် အန်တီဖန်တို့ကို မြှောက်ပြလိုက်သည်။
“အန်တီတို့နှစ်ယောက်ကို ကျွန်မတို့ အရမ်း ကျေးဇူးကြွေးတွေတင်နေပါပြီ။ မဟုတ်ရင် သူနဲ့ကျွန်မ ဒီနေ့ထိ လုပ်နိုင်ခဲ့မှာမဟုတ်ပါဘူး။ ဒီတစ်ခွက်နဲ့ အန်တီတို့ကို ဂုဏ်ပြုချင်ပါတယ်”
“ယဥ်ကျေးနေဖို့မလိုပါဘူး။ ငါတို့အားလုံးက မိသားစုတွေပဲလေ။ မေ့လိုက်ပါ”
တစ်ကြိမ်သောက်ပြီးနောက် အန်းယန်၏ပါးပြင်များ နီမြန်းလာကာ သူမ၏ မယှဉ်နိုင်သော အလှကိုပို၍ တိုးလာစေသည်။
ဤအချိန်၌ ရွှယ်အန်းက ခပ်ပြုံးပြုံးပြောလိုက်သည်။
"ကျွန်တော် ဒီကိုလာရတဲ့ အကြောင်းအရင်းက ကိစ္စတစ်ခုကို ကြေငြာချင်လို့ပါ"