အခန်း (၃၂၈-၃၃၀)
Vol. 22 Ch. 328-330
အခန်း(၃၂၈) ရှင်သန်လိုစိတ်ပြင်းပြခြင်း
"အန်းယန်နဲ့ နောက်ထပ် မင်္ဂလာပွဲကျင်းပဖို့ စီစဉ်နေပါတယ်"
ဤစကားကိုကြားလိုက်ပြီးနောက် အခန်းတစ်ခုလုံးက ချက်ချင်းတိတ်ဆတ်သွားသည်။
အနည်းငယ်တိတ်ဆိတ်နေသော ကျင်းကျင်းသည်ပင် အနည်းငယ်တုန်လှုပ်သွားကာ သူမကိုင်ထားသည့် သိုးသားက စားပွဲပေါ်သို့ ကျသွားသည်။ သူမဘေးရှိ ထန်ရွှမ်အာက သက်ပြင်းတစ်ချက်ချ၍ ဆိတ်သားလွှာကို တူဖြင့်ညှပ်ယူလိုက်သည်။
ထို့နောက် အဘိုးကြီးရှဲ့ နှင့် အန်တီဖန်ကပြောလိုက်၏။
"တကယ်လား အံ့သြစရာပဲ၊ မင်းတို့နှစ်ယောက်က မင်္ဂလာပွဲ တစ်ခါမှ မလုပ်ဖူးဘူးဆိုတော့ ဒီတစ်ခါတော့ သေချာပြင်ဆင်ထားသင့်တယ်"
အဘိုးကြီးရှဲ့ကသူ့ရင်ဘတ်သူ ပုတ်ကာ ကတိပေးလိုက်သည်။
“ငါမင်းတို့ရဲ့ စားဖိုမှူးလုပ်ပေးမယ်။ အဲ့တာဆို ပိုက်ဆံကုန်လည်းသက်သာမယ် အရသာလည်းရှိမယ်”
ရွှယ်အန်းက ပြုံးလိုက်သည်။
“ကျွန်တော်တို့ စားဖိုမှုူးမလိုပါဘူး။ ဦးလေးတို့နှစ်ယောက်က ကျွန်တော်နဲ့ အန်းယန်ရဲ့ ခက်ခဲခဲ့တဲ့အချိန်တွေအတွက်သက်သေမို့ မင်္ဂလာဆောင်မှာ ကျွန်တော့်ရဲ့ အသိသက်သေအဖြစ် ဖိတ်ချင်ပါတယ်”
အဘိုးကြီးရှဲ့က သဘောတူတော့မည့်အခိုက်၌ အန်တီဖန်က အနည်းငယ်တုံ့ဆိုင်းသွားသည်။
"ရှောင်အန်း၊ မင်းက ကလေးကောင်းတစ်ယောက်ဆိုတာ အန်တီသိပါတယ်၊ မင်းက အန်တီနဲ့ အဘိုးကြီးရှဲ့က အမြဲတမ်း ကြင်နာတတ်ပေမယ့် ငါတို့က စားသောက်ဆိုင်တစ်ဆိုင်ကို လည်ပတ်နေတဲ့ လုပ်ငန်းငယ်ပိုင်ရှင်တွေပဲ၊ မင်းတို့ရဲ့ အသိသက်သေတွေဖြစ်ဖို့.. အန်တီတို့က မထိုက်တန်မှာစိုးတယ်”
အန်တီဖန်က အနည်းငယ်စိုးရိမ်လျက်ရှိသည်။ ရွှယ်အန်း၏ ယခုအခြေအနေသည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ရောက်ရှိလာမည့် ဧည့်သည်များသည် သြဇာကြီးမားသော သူဌေးကြီးများ သို့မဟုတ် အရပ်ရပ်မှ အကြီးစားပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူမနှင့် အဘိုးကြီးရှဲ့တို့က အသိသက်သေများဖြစ်လာရန် သင့်တော်မည်မဟုတ်ပေ။
ရွှယ်အန်းက ပြုံး၍ပြော၏။
"အန်တီဖန်၊ ကျွန်တော့် မျက်လုံးထဲမှာ အန်တီတို့က အကောင်းဆုံး ရွေးချယ်မှုပဲ၊ အန်တီတို့မဟုတ်ရင် ဘယ်သူ့ကို ရွေးရမှာလဲ”
"ဒါ့အပြင် ဒီတစ်ခါ အသိသက်သေကို အန်တီတို့နှစ်ယောက်တင်မဟုတ်ဘဲ အခြားလူတချို့လည်းဖိတ်ထားတယ်”
ထိုမှသာ အန်တီဖန်က စိတ်လျှော့၍ သဘောတူလိုက်သည်။
"ဒါက အကြံကောင်းပဲ၊ ဒီလိုဆို ငါတို့ ရာနှုန်းပြည့် သဘောတူတယ်"
ဤအချိန်တွင်အဘိုးကြီးရှဲ့က သူ့ခွက်ကို ကိုင်မြှောက်လိုက်သည်။
" ရှောင်အန်းကို အားလုံးပဲ ဂုဏ်ပြုလိုက်ကြရအောင်။ သူတို့သွားခဲ့တဲ့ ခရီးက မလွယ်ဘူး"
"မှန်တယ်" အန်တီဖန်က ပြင်းပြင်းထန်ထန် တုံ့ပြန်သည်။
လူတိုင်းက ချီးမြှောက်နေကြချိန်၌ ကျင်းကျင်းသည် ယခုအခိုက်အတန့်တွင် ရိုးရိုးသားသား ပြုံးပြကာ ဖျော်ရည်တစ်ခွက်ကို မော့သောက်လိုက်သည်။
"ရှောင်အန်း၊ အစ်ကို့အတွက် ဆုမွန်ကောင်း တောင်းပေးပါတယ်"
ရွှယ်အန်းနှင့် အန်းယန်က အပြုံးချင်းဖလှယ်ကာ ခွက်ကို မြှောက်လိုက်ကြသည်။
"ကျေးဇူးတင်ပါတယ်၊ အားလုံးပဲ ပျော်ရွှင်ပါစေ"
အပြင်ဘက်၌ မိုးတိတ်သွားသော်လည်း ဆောင်းဦးလေက အေးစက်နေသည်။ သို့ထိတိုင် တုဖန်က ကားထဲ၌ မစောင့်ဘဲ အဘိုးကြီးရှဲ့၏ စားသောက်ဆိုင်အဝ၌ အလွန်ရိုသေသော ပုံစံဖြင့် လက်နှစ်ဖက်ကို ဘေး၌ ချကာ ရပ်နေသည်။
"အစ်ကိုကြီး၊ ကျွန်တော် ဒီမှာစောင့်ပေးရမလား။ ကားကိုပြန်ပြီး နားလိုက်ပါဦး။ လူကြီးမင်းရွှယ် ဘယ်ချိန်သောက်ပြီးမလဲဆိုတာ ဘယ်သူသိမှာလဲ” ရွှီကျိုက အကြံပြုသည်။
တုဖန်က ခေါင်းခါလိုက်သည်။
"မလိုပါဘူး၊ ဒီလေက ဘာမှမဖြစ်ပါဘူး၊ ငါစောင့်နေမယ်"
တကယ်တမ်းတွင် တုဖန်သည် ရွှယ်အန်းက အထဲ၌ ရှိနေသော်လည်း အပြင်၌ ဖြစ်ပျက်သမျှကို သိကြောင်း သူကောင်းစွာသိသည်။ ထို့ကြောင့် အတတ်နိုင်ဆုံး လေးစားပြခြင်းက ကောင်းသည်။
‘လူကြီးမင်းရွှယ်ရဲ့ စိတ်ထဲမှာ အမြင်ကောင်းအောင်လို့’
ယနေ့ခေတ်တွင် တုဖန်၏ စွမ်းအားက ပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့ကာ အချို့သော တရားဝင်လုပ်ငန်းများတွင်ပင် စတင်ဝင်ရောက်လာခဲ့သည်။ ယခင်က တုဖန်သည် အခြားသူတစ်ဦး၏ နယ်မြေကို ကျူးကျော်ရန် သတ္တိရှိခဲ့ပါက ပဋိပက္ခဖြစ်မည်မှာ သေချာသည်။
သို့သော် ယခု လူများအားလုံးက တိတ်ဆိတ်စွာနေနေခဲ့ကြသည်။ ဤအရာများအားလုံးသည် ရွှယ်အန်းကြောင့်ဖြစ်နေခြင်းဖြစ်ကြောင်း တုဖန်နားလည်သည်။
ဤသို့ဖြစ်လေ သူက ပို၍ တုန်လှုပ်မိလေလေဖြစ်သည်။ ရွှယ်အန်း၏ စွမ်းအားကို သူအံ့သြမိသည်။ ထို့ကြောင့် သူရရှိသော အကျိုးအမြတ်များနှင့်နှိုင်းယှဥ်လျှင် ဤတံခါးဝ၌ အအေးခံနေရခြင်းက မည်သို့မျှ မဖြစ်လှပေ။
သူသည် အပြင်၌ ရပ်ကာ အေးစက်သော လေကို တွန်းလှန်လျက်ရှိသည်။
စားသောက်ဆိုင် တံခါးပွင့်လာပြီးနောက် ရွှယ်ရှန်းက ခေါင်းကို ခါယမ်းကာ မျက်လုံးကြီးများနှင့် ကြည့်လိုက်သည်။
“ဦးလေးတုဖန်က ဘယ်သူလဲ”
တုဖန်သည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်း ခက်သွက်သွက်လှမ်း၍ ပြုံးလိုက်သည်။
"သခင်မလေး၊ ကျွန်တော်ပါ ဒါပေမယ့် ဦးလေးလို့ မခေါ်ပါနဲ့၊ တုဖန်ပဲခေါ်လို့ရပါတယ်”
လေးငါးနှစ်အရွယ် ကလေးနှင့် ရင်ဆိုင်ရသော်လည်း တုဖန်သည် သာလွန်လေးစားမှု ပြသခဲ့သည်။
ဤမိန်းကလေးနှစ်ယောက်သည် လူကြီးမင်းရွှယ်၏ အဖိုးတန်သမီးများဖြစ်ကြောင်း သူသိသောကြောင့်ဖြစ်သည်။
ပြဿနာဖြစ်စေသည်ကို မဆိုနှင့် ဆံပင်တစ်မျှင် ကျိုးသွားလျှင်ပင် လူကြီးမင်းရွှယ်က သူ့ကို အရှင်လတ်လတ် အရေခွံလျွတ်ပစ်မည်ဟု ခန့်မှန်းမိသည်။
ရွှယ်ရှန်းက တခစ်ခစ်ရယ်ကာ ပါးစပ်ကို အုပ်၍ပြောလိုက်၏။ "သမီးက သခင်မလေးမဟုတ်ပါဘူး ရှန်းရှန်းပါ ဖေဖေ ဦးကို ခေါ်နေတယ်"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် သခင်မလေးရှန်းရှန် " တုဖန်သည် ရွှင်လန်းသောအကြည့်ဖြင့် ခေါင်းညိတ်ကာ ဦးညွတ်လိုက်သည်။
တစ်ချိန်တည်း၌ပင် သူသည် နောင်တရသော အခိုက်အတန့်တစ်ခုကို ခံစားလိုက်ရသည်။ သူသာ ကြိုသိခဲ့လျှင် ဤနေရာသို့ သွားရာလမ်းတွင် ကလေးကြိုက်သည့် အဆာပြေအရုပ်များနှင့် အရုပ်များ ဝယ်ခဲ့မိမည်ဖြစ်သည်။
ဤမိန်းကလေးနှစ်ယောက်ကိုသာ အပိုင်သိမ်းထားနိုင်ပါက သူ၍ အနာဂတ်ဖွံ့ဖြိုးမှုအတွက် များစွာ အကျိုးရှိပေမည်ဖြစ်သည်။
ထိုအတွေးများကို တွေး၍ တုဖန်သည် ထမင်းစားခန်းထဲသို့ တလေးတစား လျှောက်သွားသည်။
"လူကြီးမင်းရွှယ် အမျိုးသမီးရွှယ် မိန်းကလေးထန် နဲ့ အားလုံးပဲမင်္ဂလာပါ"
တုဖန်က ရယ်စရာကောင်းလောက်အောင် အထပ်ထပ်အခါခါ နှုတ်ဆက်သည်။ ထန်ရွှမ်အာသည်ပင် မထိန်းနိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
သူမ၏ ရင်သပ်ရှုမောဖွယ် အပြုံး၏ အလှသည် တုဖန်ကို ခဏမျှ အေးခဲသွားစေသော်လည်း မကြည့်ဝံ့တော့ဘဲ ခေါင်းကို အလျင်အမြန် ငုံ့ထားလိုက်သည်။
"ထိုင်" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
ထိုမှသာ တုဖန်သည် ထိုင်ခုံနေရာယူနိုင်ခဲ့သည်။
“မင်းမှာ အချိန်မီသတင်းတွေ ရနေပုံရတယ်။
ငါ ပေကျင်းကို ပြန်ရောက်တာ ဘယ်လိုသိလဲ”
တုဖန်က အန်းယန် စိတ်ဆိုးမည်ကို စိုးရိမ်ကာ တုန်တုန်ယင်ယင်ဖြင့်ပြော၏။
“ အချိန်မီ သတင်းရလို့ မဟုတ်ပါဘူး။ ဦးလေးရှဲ့ရဲ့ စားသောက်ဆိုင်အဝင်ဝကို စောင့်နေတဲ့ ကျွန်တော့်လူတစ်ယောက်က ဆရာ့ကို တွေ့သွားတာပါ”
ရွှယ်အန်းသည် တုဖန်က ဖြစ်ပျက်ခဲ့သမျှကို အစီရင်ခံနေသဖြင့် အထူးတလှယ်မုန်းတီးခြင်း အထူးတလှယ်ချီးကျူးခြင်းမရှိပေ။
“တော်တယ်”
ရွှယ်အန်းဆီမှစကားက အန်းယန်ကို ပျော်ရွှင်ကျေနပ်သွားစေသဖြင့် ချက်ချင်း ထပ်ခါတလဲလဲပြောလိုက်သည်။
"ဒါ ကျွန်တော့်တာဝန်ပါ ဦးလေးရှဲ့ကလည်း ကျွန်တော့် ဦးလေးလိုပါပဲ။ အောက်တန်းစားတွေပြဿနာရှာရင်ဖြေရှင်းဖို့က ကျွန်တော့်တာဝန်ပါပါပဲ"
"မင်းဟာ ငါ့မိသားစုကလွဲရင် ပေကျန်းကို ပြန်ရောက်တာကို သိတဲ့ ပထမဆုံးသူပဲ"
တုဖန်၏ စိတ်ထဲမှ ရွှင်လန်းမှု တဟုန်ထိုး တိုးဝင်လာသည့်အလား ခံစားလိုက်ရသည်။
‘ဒါက လူကြီးမင်းရွှယ်ပြန်လာတာကို ငါတစ်ယောက်တည်းသိသေးတာလို့ ဆိုလိုတာလား’
“အဲ့လိုဆိုမှတော့ ငါ့ဖုန်းပျောက်သွားလို့ မင်း လူတွေကို ဆက်သွယ်ပေးနိုင်မလား” ရွှယ်အန်းက ပြောသည်။
တုဖန်က ဤအခွင့်အရေးကြောင့် အလွန်အမင်း ပျော်ရွှင်နေကာ အားတက်သရော ခေါင်းညိတ်လိုက်သည်။
"ကိစ္စမရှိပါဘူး၊ စိတ်ချပါ လူကြီးမင်းရွှယ် "
"ဒါပေမယ့်...ကျွန်တော် ဘာပြောရမှာလဲ" တုဖန်က သတိကြီးကြီးဖြင့်မေးလာသောကြောင့် ရွှယ်အန်းက ပြောလိုက်သည်။
"ပြောလိုက်ပါ... ငါလက်ထပ်ဖို့ပြင်ဆင်နေတယ်လို့"
‘ဘယ်သူနဲ့ လက်ထပ်မှာလဲဍ
တုဖန်က အနားရျှ ပြိုင်ဘက်ကင်းလှပသော အန်းယန်ကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားကာ မျက်လုံးထဲ၌ အလင်းအချို့ တောက်ပလာသည်။
“စိတ်ချပါ ဆရာ ကျွန်တော် အကုန်လုံးကို သတင်းပို့လိုက်ပါ့မယ်”
ဤသို့ပြော၍ သူက ထွက်သွားရန် မတ်တပ်ရပ်လိုက်သည်။
“မင်းမစားသွားတော့ဘူးလား” ရွှယ်အန်းက ဘာသိဘာသာမေး၏။
အမှန်ပင် တုဖန်သည် အနည်းငယ် ဗိုက်ဆာနေသော်လည်း ရွှယ်အန်းနှငိ့ နီးစပ်သူအားလုံးကသူနှင့်အဆင့်မတူကြောင်း သိလိုက်သည်နှင့် သူသည် သခင်၏အမိုးအောက်က ခွေးတစ်ကောင်နှင့်သာ ယှဉ်နိုင်ကြောင်း သိလိုက်သောကြောင့် စားပွဲအတွက် သူ မည်သို့ အရည်အချင်းပြည့်မီနိုင်မည်နည်း။
ထိုသို့ပြောပြီးနောက် ဦးလေးရှဲ့ ၏စားသောက်ဆိုင်မှ ထွက်ခွာသွားပြီးနောက် အန်တီဖန်က အံ့သြစွာမေးသည်။
"ရှောင်အန်း၊ ဒီလူက တော်တော်တော်ပုံရတယ်၊ မင်းကို ဘာလို့ အရမ်းကြောက်နေပုံရတာလဲ"
“ အန်တီဖန် သူ့နောက်ခံကို သိလား"
"ဘာနောက်ခံလဲ”
"သူက ပေကျင်းရဲ့ မှောင်ခိုလောကမှာ ကြေးစားပဲ"
တုဖန်၏အထောက်အထားနှင့်ပတ်သက်သည့် ဤဖော်ပြချက်သည် အန်တီဖန်ကို အလွန်အမင်း အံ့သြသွားစေသည်။
"သူက ဘာလို့ကြောက်နေရတာလဲဆိုတာကတော့… သူ့ရဲ့ အသက်ရှင်ချင်စိတ်က အရမ်းပြင်းပြလို့ဖြစ်နိုင်တယ်”
ရွှယ်အန်း ပထမဆုံး ပြန်လည်မွေးဖွားလာခဲ့စဉ်က တုဖန်နှင့် အတန်းပြန်လည်ဆုံဆည်းမှုတွင် တုဖန်းနှင့် ပဋိပက္ခအနည်းငယ်ရှိခဲ့သည်။
ယခုအချိန်တွင် သူ ကောင်းကောင်းမွန်မွန်မပြုမူပါက ရွှယ်အန်းက သူ့ကို လက်ဖျောက်တစ်ချက်တီးကာ အသက်ဖျောက်ပစ်ပေလိမ့်မည်ဖြစ်သည်။
အခန်း(၃၂၉) အဖွဲ့အားလုံးသို့ သတိပေးချက်
တုဖန်က စားသောက်ဆိုင်မှ ထွက်လာခဲ့ကာ သူ၏မျက်နှာသည်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
"အစ်ကိုကြီး လူကြီးမင်းရွှယ်က ဘာပြောလိုက်လဲ” ရွှီကျိုအမြန်ချဉ်းကပ်ကာ မေးလိုက်သည်။
တုဖန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
"လူကြီးမင်းရွှယ်က လက်ထပ်တော့မယ်"
"လက်ထပ်မယ်ဟုတ်လား ဘယ်သူနဲ့လဲ"
"အမျိုးသမီးအန်းကလွဲရင် ဘယ်သူရှိမလဲ"
"အမျိုးသမီးအန်း ဟုတ်လား သူတို့ ကလေးတွေက ဒီလောက်ကြီးနေပြီ မဟုတ်ဘူးလား" ရွှီကျိုက သေချာနားမလည်သေးပေ။
"ငါက သူဌေးဖြစ်ပြီး မင်းလက်ပါးစေပဲဆိုတာ မင်းသိလား" တုဖန်က ဘာသိဘာသာပြောလိုက်သည်။
"ဟဲဟဲ မသိဘူး"
"မင်း ဦးနှောက်ကို မသုံးတဲ့အတွက် ကျုံးတု မှာ လူကြီးမင်းရွှယ်အကြောင်း မင်းမကြားဖူးဘူးမလား။ အစပိုင်းမှာတော့ အန်းမိသားစုက လက်ထပ်တာကို သဘောမတူတဲ့အတွက် လူကြီးမင်းရွှယ်နဲ့ မိန်းကလေးအန်းက ထွက်ပြေးသွားခဲ့တာ"
သူ ဤသို့ပြောလိုက်သည်နှင့် တုဖန်၏ မျက်နှာထက်၌ ထိတ်လန့်နေသည့် အမူအရာများ ပေါ်လာသည်။
"နောက်တော့ သူတို့ကို ဟန့်တားခဲ့တဲ့ အန်းမိသားစုကို လူကြီးမင်းရွှယ်က ဖယ်ရှားပစ်ခဲ့တယ်"
ရွှီကျိုလည်း ကြောက်လန့်တကြားဖြင့် ပြောချင်သမျှကို မျိုသိပ်ထားရသည်။
"ဒါဆို ဒါက အမျိုးသမီးအန်းအတွက်စိတ်မကောင်းဖြစ်ရလို့ အထူးမင်္ဂလာဆောင်ပြန်လုပ်ပေးတာပေါ့"
"ကျွန်တော်သိပါပြီ အစ်ကိုကြီး ကျွန်တော်တို့ ဘာလုပ်ရမလဲ။ သတို့သမီးဆိုင် ဒါမှမဟုတ် စတူဒီယိုကို ဝင်စီးသင့်လား" ရွှီကျိုက သွေးဆာသောဟန်ဖြင့်ပြောသည်။
တုဖန်သည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကို လှန်ကြည့်လိုက်၏။
"မင်းကိုယ်မင်း ငါ့လက်ပါးစေလို့ ဘယ်တော့မှ မပြောပါနဲ့၊ ရှက်လိုက်တာ"
"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ" ရွှီကျိုအနည်းငယ် မှားသွားသည့်အလား ခံစားလိုက်ရသည်။
"လူကြီးမင်းရွှယ်က သူ့သူငယ်ချင်းတွေနဲ့ လက်အောက်ငယ်သားတွေကို အကြောင်းကြားဖို့ တောင်းဆိုခဲ့တယ်၊ နားလည်ပြီလား"
"အစ်ကိုကြီးပြောချင်တာက..."
"ချင်းမိသားစု မြောက်ပိုင်းသိုင်းပညာကျောင်း၊ ဟွာမိသားစုဆေးဘက်ဆိုင်ရာခန်းမ ချင်မန်မြို့နဲ့ ပြည်နယ်မြို့ကလူတချို့"
ရွှယ်အန်းဝန်းကျင်က လူများကို သုတေသနလုပ်ကာ တုဖန်က ၎င်းတို့ မည်သူမည်ဝါတို့ဖြစ်ကြောင်း ကောင်းစွာသိသည်။
မကြာခင်၌ပင် တုဖန်၏ ယောက်ျားများက စတင်ချီတက်လာကြသည်။
တုဖန်ကိုယ်တိုင်လည်း သင့်လျော်သောအဝတ်အစားအသစ်တစ်ခု လဲဝတ်ကာ မြို့လယ်သို့ ဦးတည်သွားခဲ့သည်။
ချင်းမိသားစုစံအိမ်။
ဧည့်ခန်းထဲသို့ ဝင်ပြီးနောက် တုဖန်သည် ချင်းယွီ သို့မဟုတ် ချင်းယွမ်ကို တွေ့ရန် တောင်းဆိုကာ ဧည့်ခံကောင်တာဆီသို့ တည့်တည့်သွားခဲ့သည်။ ဧည့်ခံသည် တုဖန်ကို စိစစ်ပြီးနောက် ဝင်ခွင့်စာရွက်ကို အေးစက်စွာ ပေးလိုက်သည်။
"မင်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို အရင်ဖြည့်ပါ"
ဤနေရာ၌ တုဖန်းသည် ငြင်းခုံရန် မဝံ့မရဲဖြစ်၍ ကျေကျေနပ်နပ်ကြီး ဖြည့်ပြီးနောက် ပြန်ပေးလိုက်သည်။
"မမလေးချင်း ဒါမှမဟုတ် သခင်ကြီးချင်းကို ဘယ်အချိန်တွေ့နိုင်မလဲ"
ဧည့်ခံဝန်ထမ်းက ပြက္ခဒိန်ကို တစ်ချက်ကြည့်လိုက်၏။
“တစ်လလောက်ကြာမှဖြစ်မယ်”
"ဘာလဲ" တုဖန်၏ သွေးများချက်ချင်း ဆူပွက်လာသည်။
"ဘာလဲ၊ မကျေနပ်ဘူးလား။ ဘေးကတန်းစီနေတာကို မင်းမမြင်ဖူးဘူးလား"
ဧည့်ခံသူက လူတစ်ဝက်စာမျှရှိသော ဝင်ခွင့်စာရွက်များကို ပြသည်။
တုဖန်သည် ဤကိစ္စကြောင့် အနည်းငယ် ဆွံ့အသွား၏။
‘တစ်လ...အဲ့အချိန်ရောက်မှ သူတို့နဲ့တွေ့ရင်…’
"ငါ့မှာ အရေးတကြီးကိစ္စရှိလို့ မိန်းကလေးချင်းကို အခုပဲ အကြောင်းကြားပါ"
"လာတဲ့လူတိုင်းက အရေးတကြီးလို့ပြောကြတယ်။ ငါသူတို့အားလုံးအတွက် အကြောင်းကြားပေးလို့ရမလား။ ဒါရိုက်တာချင်းက နေ့တိုင်း အလုပ်ရှုပ်နေတာ သူ့အချိန်တွေက အရမ်းတန်ဖိုးကြီးတယ်။ မင်းနဲ့ စကားစမြည်ပြောဖို့ အချိန်မရှိဘူး" ဧည့်ကြိုက အေးစက်စွာ ဆဲဆိုကြိမ်းမောင်လိုက်သည်။
နောက်ဆုံးတွင်မူ ဒေါသအလွန်ကြီးသည့် တုဖန်က ရွှယ်အန်းကို လေးစားခြင်းသာဖြစ်ရာ ဤသည်က တခြားသူများကို အမြဲတစေ စိတ်ရှည်ပေးနိုင်သည်ဟု မဆိုလိုပေ။
သူသည် စားပွဲပေါ်မှ လက်ကိုမြှောက်၍ ဧည့်ခံသမားကို ကော်လာမှ လှမ်းဆွဲကာမလိုက်သည်။
"သူ့ကို အခု အကြောင်းကြားဖို့ အမိန့်ပေးလိုက်ပြီ မဟုတ်ရင် မင်းကို သတ်ပစ်မယ်"
ဧည့်ခံဝန်ထမ်းက အံ့ဩစဖွယ်ကောင်းလောက်အောင် ထိတ်လန့်တကြားးမဖြစ်ဘဲ ဖုန်းထဲမှ ခလုတ်ကို နှိပ်လိုက်သည်။
"ငါတို့မှာ ပြဿနာရှာသူရှိတယ်၊ မြန်မြန်မောင်းထုတ်လိုက်ပါ"
ခဏအကြာတွင် လုံခြုံရေးအစောင့်တစ်ဖွဲ့သည် ဧည့်ခန်းထဲသို့ ပြေးဝင်လာသည်။ ဧည့်ကြို၏ မျက်နှာပေါ်တွင် မှုန်မှိုင်းသော အပြုံးတစ်ခု ပေါ်လာသည်။
"ချင်းအဖွဲ့အစည်းရှေ့မှာ လူဆိုးနည်းဗျူဟာတွေနဲ့ ထိန်းချုပ်လို့ရမယ်လို့ မင်းထင်လား။ မင်း ကန်းနေတာပဲဖြစ်ရမယ်။ ခေါင်းဆောင်ယန် ဒီလူကို ဒီကနေ မောင်းထုတ်လိုက်ပါ"
ကြံ့ခိုင်သော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အသက်သုံးဆယ်ကျော် အမျိုးသား လုံခြုံရေးအဖွဲ့၏ ကပ္ပတိန်သည် တုဖန်ကိုလှမ်းကြည့်လိုက်၏။
ခဏအကြာ၌ သူက မေးစေ့ကို ပွတ်ကာ ပြောလိုက်သည်။
“အစ်ကိုကြီးတု"
တုဖန်က သူ့ကို ချက်ချင်းမှတ်မိကာ အမူအရာက အနည်းငယ် အရုပ်ဆိုးသွားသည်။
"ဒုက္ခိတ ယန်"
ဒုက္ခိတယန်သည် တစ်ချိန်က သူနှင့်အတူ တွဲခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် သူသည် ချင်းမိသားစုကို တွယ်ကပ်ကာ တုဖန်အား တဖြည်းဖြည်း ရှုံ့ချလာခဲ့သည်။
ဤအခိုက်အတန့်တွင် ဒုက္ခိတယန်ကပြော၏။
"အစ်ကိုတုဖန်ဘာလို့ ချင်းအဖွဲ့ဆီလာတာလဲ။ ကာကွယ်ရေးအခကြေးငွေကောက်ခံဖို့ လာတာလား"
သူ့စကားကြောင့် သူ့ပတ်ဝန်းကျင်က လူများထံမှ ရယ်မောသံများ ထွက်လာသည်။
အသက်ပြင်းပြင်းရှူ၍ တုဖန်က အေးစက်စွာပြန်ပြောလိုက်သည်။
"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့။ ငါ့မှာ မိန်းကလေးချင်းကိုတွေ့ဖို့ အရေးတကြီးကိစ္စရှိတယ်"
"မင်း ငါတို့ရဲ့ဥက္ကဌကိုတွေ့ချင်နေတာလား။ အဟက် မင်းအဆင့်နဲ့ ထိုက်တန်တယ်လို့ထင်လို့လား။ ငါတို့ထဲက တချို့ကတောင် သူ့ကိုတွေ့ဖို့ အရည်အချင်းမပြည့်မီဘူးကွ။ စကားပဲပြောနိုင်နဲ့ကောင် မင်းရဲ့ဘားနဲ့ အကခန်းမကို ပြန်ပြေးဖို့ အကြံပေးလိုက်မယ်" ဒုက္ခိတယန်က ရိုင်းရိုင်းစိုင်းစိုင်းပြောသည်။
တုဖန်က အေးစက်စက် ရယ်မောလိုက်၏။
“အေး ကောင်းပြီ၊ မင်း သူ့ကို တွေ့ခွင့်မပေးဘူးဆိုတော့ ချင်းမိသားစုမှာ တစ်ခုခုဖြစ်သွားရင် ဘယ်သူက တာဝန်ယူနိုင်မလဲဆိုတာ ကြည့်ရအောင်”
"ချင်းမိသားစုတစ်ခုခုဖြစ်သွားတာလား၊ ဘယ်လိုဖြစ်နိုင်မှာလဲ"
ဒုက္ခိတယန်က လှောင်ပြောင်သော မျက်နှာဖြင့် ပြောလိုက်သည်။
လူအုပ်ကြီးကလည်း မယုံကြည်နိုင်သည့်မျက်နှာများဖြင့် ကြည့်နေကြသည်။
"ဟုတ်တယ် ဒါက သေရေးရှင်ရေးနဲ့ဆိုင်တဲ့ အဓိကပြဿနာပဲ” တုဖန်က ဂုဏ်ယူစွာ ကြေငြာလိုက်သည်။
သူ့မျက်လုံးထဲတွင် ချင်းမိသားစုက ပြီးခဲ့သည့် နှစ်နှစ်အတွင်း လျင်မြန်စွာ ချဲ့ထွင်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ ရွှယ်အန်း၏ ကျေးဇူးကြောင့်သာဖြစ်သည်။
ရွှယ်အန်းမရှိတော့လျှင် ချင်းမိသားစုသည် အမြစ်မရှိသောသစ်ပင်ဖြစ်လာမည်ကို တွေးနေစရာပင်မလိုပေ။
ဒုက္ခိတယန်သည် တုဖန်က အန္တရာယ်များကို ချဲ့ကားနေသည်ဟု ထင်မြင်ကာ လှောင်ပြောင်တော့မည့်အခိုက်၌တည်ကြည်သော ယောက်ျားတစ်ယောက်၏ အသံထွက်ပေါ်လာသည်။
"မင်း ငါတို့ရဲ့ မိန်းကလေးချင်းကိုတွေ့ဖို့ ဘာကိစ္စရှိလို့လဲ"
သူ့စကား ပြီးသွားသည်နှင့် လောင်ဟေးက လမ်းလျှောက်လာသည်။
သူ့ကိုမြင်သောအခါ လုံခြုံရေးအစောင့်များနှင့် ဧည့်ခံဝန်ထမ်းများအားလုံး ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
လောင်ဟေးသည် တစ်ချိန်က တုဖန်ကိုလည်း သိခဲ့ဖူးသည်။
လောင်ဟေးကို ရွှယ်အန်းမှ ဆေးဖြင့် ကယ်တင်ပြီးနောက်တွင် သူ၏ ရပ်တန့်နေသော သိုင်းပညာအဆင့်တွင် တိုးတက်မှု လက္ခဏာများ ပေါ်လာသည်။ ဝမ်းသာအားရဖြင့် လောင်ဟေးသည် သိုင်းပညာ၌ ဘဝကို နှစ်မြှုပ်ကာ လောကီရေးရာများကို လျစ်လျူရှုခဲ့၏။
ယခုအခါ လောင်ဟေးသည် ကောင်းကင်လူသားအဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။
တုဖန်က လျစ်လျူမရှုဝံ့ဘဲ ခေါင်းအနည်းငယ်ညိတ်ကာ နူးညံ့စွာ ပြောလိုက်သည်။
"ဒါက အရမ်း အရေးကြီးတဲ့ကိစ္စပါ… အဲ့တာက ရွှယ်..."
တုဖန်က တစ်လုံးသာ ပြောလိုက်ရသည်။
လောင်ဟေး၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီးနောက် မျက်လုံးများ၌ ကြောက်လန့်သည့်အငွေ့အသက်များ ထင်ဟပ်လာသည်။
"ငါ့နောက်လိုက်ခဲ့"
ထို့နောက် သူသည် တုဖန်ကို VIP ဓာတ်လှေကားဆီသို့ ခေါ်ဆောင်ကာ အပေါ်ထပ်ရှိ စီအီးအိုရုံးခန်းသို့ တည့်တည့်သွားခဲ့သည်။ ဧည့်ခန်းရှိ လုံခြုံရေးအစောင့်များနှင့် ဧည့်ကြိုများက ကြောက်ရွံ့စွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
အထူးသဖြင့် ဒုက္ခိတယန်သာဖြစ်သည်။
‘ဒီကောင် တကယ်အရေးကြီးတဲ့ ကိစ္စတစ်ခုခုရှိလို့ များလား’
ဤသည်က ပထမဆုံးအကြိမ်အဖြစ် ချင်းမိသားစုအိမ်တော်၏ အပေါ်ဆုံးထပ်ကို တုဖန်က ပထမဆုံး အကြိမ် တက်ဖူးခြင်းဖြစ်သည်။
စီအီးအိုရုံးခန်းအပြင်ဘက်တွင် အတွင်းရေးမှူး၏ စားပွဲခုံတစ်ခုရှိကာ လောင်ဟေးက သူ့ကို လေးနက်စွာ ပြောလိုက်သည်။
“ကျွန်တော် မိန်းကလေးချင်းနဲ့ စကားပြောဖို့ လိုတယ်”
"ဥက္ကဠက လောလောဆယ်မှာ နိုင်ငံခြားက ဖောက်သည်တွေနဲ့ ညှိနှိုင်းနေတယ်၊ သူ့မှာ အချိန်မရှိဘူး" အတွင်းရေးမှူးက ပြန်ဖြေသည်။
"မစောင့်နိုင်တော့ဘူး၊ သူ့ကိုယ်ပိုင်ဖုန်းကို ခေါ်" လောင်ဟေးက တောင်းဆို၏။
"ဒါပေမယ့် ဘာလို့လဲ လူတွေက သူ့ ကိုယ်ပိုင်ဖုန်းကို ခေါ်တာ ဥက္ကဠမကြိုက်ဘူး"
"လုံလောက်ပြီ၊ အခုဖုန်းဆက်" လောင်ဟေးက တင်းမာစွာပြောသည်။
အတွင်းရေးမှူးသည် တုန်ရီသောလက်များဖြင့် ချင်းယွီ၏ကိုယ်ပိုင်နံပါတ်ကို တုန်လှုပ်စွာခေါ်ဆိုလိုက်သည်။
"ဘာဖြစ်လို့လဲ"
ချင်းယွီက ဖုန်းကို ဆွဲထုတ်လိုက်၍ အပြင်မှ အတွင်းရေးမှုးဆီက ဖုန်းဝင်လာသည်ကို မြင်သောအခါ မျက်မှောင်ကြုတိလိုက်သည်။
" လောင်ဟေး မမလေးနဲ့ စကားပြောချင်လို့ပါ"
လောင်ဟေးက ရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ ဖုန်းကိုယူကာ လေးနက်စွာပြောလိုက်သည်။
"တုဖန်က မမလေးကိုတွေ့ချင်နေတယ်"
"တုဖန်လား" ချင်းယွီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ "ဒါပဲလား လူမိုက်ခေါင်းဆောင်၊ သူ့ကို တွေ့ဖို့ အချိန်မရှိဘူး"
လောင်ဟေးက စကားမပြောခင် လေးလေးနက်နက် အသက်ရှုလိုက်သည်။
"ဒါက လူကြီးမင်းရွှယ်အကြောင်း”
ချင်းယွီရုတ်တရက်တုန်လှုပ်သွား၏။
"သူ့ကို ငါ့ဆီလွှတ်လိုက်ပါ"
အခန်း(၃၃၀) ချင်းမိသားစု၏ ထိတ်လန့်မှု
ဤရုံးခန်းကြီးကို တုဖန်က ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အပြင်အဆင်က ရိုးရှင်းလှကာ ကြီးကြီးမားမား အလှဆင်မှု မရှိသော်လည်း ထိုကြီးမားသည့် ကြမ်းပြင်မှ မျက်နှာကျက်အထိ အပြည့်ရှိနေသော ပြတင်းပေါက်က အရာအားလုံးကို ရှင်းပြရန် လုံလောက်သည်။
ဤရုံးခန်းထဲ၌ထိုင်လျက် ပေကျန်းတစ်မြို့လုံးက မိမိ ခြေဖြားအောက် ရှိနေသည့်အလား ထင်ရသည်။
“လူကြီးမင်းရွှယ် ဘာဖြစ်လို့လဲ” ချင်းယွီက ချက်ချင်း မေး၏။
"မနေ့ညက လူကြီးမင်းရွှယ်နဲ့ တွေ့ခဲ့တယ်၊ သူ ပေကျန်းပြန်ရောက်နေပြီ"
"ဘာ" ချင်းယွီကပြောပြီးနောက် သူမ၏မျက်နှာက တဖြည်းဖြည်း လေးနက်လာသည်။
လူကြီးမင်းရွှယ်သည် ပေကျန်းသို့ ပြန်ရောက်လာပြီဖြစ်သော်လည်း သူမကို အကြောင်းကြားခြင်းပင်မပြုတော့သည်မှာ ချင်းမိသားစုကို မကျေနပ်သောကြောင့် ဖြစ်မည်လောဟု တွေးမိသည်။
"ဒါဆို ရှငိဘာလို့ ဒီကိုလာတာလဲ"
ချင်းယွီ၏ မျက်နှာထက်မှ စိုးရိမ်မှုကို မြင်ရသောအခါ တုဖန် အနည်းငယ် ကျေနပ်ပီတိဖြစ်သွားရသည်။
‘ဟိဟိ ဘယ်လောက်ပဲ ချင်းမိသားစုက အာဏာကြီးကြီး မင်းတို့ ငါ့စကား တလေးတစား နားထောင်ရတာပဲမလား’
“ဒီက မထိုက်တန်တဲ့ ကျုပ်က မနေ့က လူကြီးမင်းရွှယ်နဲ့ အရက်သောက်ခဲ့တယ်။ စားတုန်းသောက်တုန်း သူက လက်ထပ်ဖို့ စီစဉ်နေတယ်ဆိုပြီး အကုန်လုံးကို အကြောင်းကြားဖို့ပြောခိုင်းလိုက်လို့ပါ” တုဖန်က ဂုဏ်ယူနေသောမျက်နှာဖြင့် အနည်းငယ် ကြွားဝါ၍ပြောသည်။
ချင်းယွီက ကျန်သောအရာများကို ဂရုမစိုက်ဘဲ ရွှယ်အန်း မင်္ဂလာဆောင်မည်ဟူသော တစ်ချက်ကိုသာ ဂရုစိုက်ခဲ့သည်။
"လူကြီးမင်းရွှယ်အခုဘယ်မှာလဲ
"မသိဘူး" တုဖန်ကအမှန်ပင် လိမ်နေခြင်းမဟုတ်ပေ။
ချင်းယွီက လူတစ်ယောက်ကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။
"ဟဲလို နံပါတ်တစ်ရှန်ဗီလာ ကို တစ်ယောက်ယောက် ပြန်ရောက်ပြီလား"
“ဥက္ကဠမ ဒီမှာ အမြဲတမ်း လူတစ်ယောက်တော့နေနေတယ်မဟုတ်ဘူးလား” ယွင်မင်ဗီလာ၏ အိမ်ခြံမြေမန်နေဂျာက စိတ်ရှုပ်ထွေးစွာ ပြန်ဖြေသည်။
"အဓိပ္ပါယ်မရှိတာတွေ ကျွန်မ မစ္စတာရွှယ်အကြောင်း ပြောနေတာ”
“ကျွန်တော် အခုချက်ချင်း စစ်ဆေးလိုက်ပါ့မယ်”
"ရှင်မရှာနိုင်ရင် ရှင့်ပစ္စည်းတွေကိုထုပ်ပြီးထွက်သွား" ချင်းယွီက ဒေါသတကြီးဖြင့်အော်လိုက်သည်။
သူမသည် နံပါတ်တစ်ရှန်ဗီလာတွင် လှုပ်ရှားမှုရှိလျှင် သူမကို အကြောင်းကြားရမည် အထူးသဖြင့် လူကြီးမင်းရွှယ်ပေါ်လာပါကအကြောင်းကြားဟု ပြောထားသည်ဃ
ထို့ကြောင့် ရွှယ်အန်းပြန်ရောက်သည်နှင့် ချက်ချင်းသိရန် ရည်မှန်းထားသော်လည်း သူမသည် ဤမျှအရေးကြီးသည့်ကိစ္စရပ်ကို လုံးလုံးလျားလျား လွဲချော်သွားရသည်ဃ
ရွှယ်အန်းဒေါသဖြစ်ခြင်း၏ အကျိုးဆက်ကို တွေးတောလျက် ချင်ယွီ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားကာ ဖုန်း၏ တစ်ဖက်စွန်းရှိ အိမ်ခြံမြေမန်နေဂျာသည် ချင်းယွီ၏ နောက်ဆုံးအော်သံကြောင့် ပို၍ပင် ထိတ်လန့်သွားကာ ဖုန်းချပြီးနောက်တွင် ဧည့်သည်မှတ်တမ်းများကို စစ်ဆေးရန် ပြေးထွက်လာခဲ့သည်။
လုံခြုံရေးအစောင့်တစ်ဦးက ချွေးများစီးကျလျက် တစ်စုံတစ်ခုကို ရှာနေသည့် သူ့ကို မြင်သောအခါ မေးလိုက်၏။
“မန်နေဂျာ ဘာရှာနေတာလဲ”
“နံပါတ်တစ်ရှန်ဗီလာ…” အိမ်ခန်းမန်နေဂျာက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သောအခါ အစောင့်က ရယ်၍ ပြောသည်။
“မနေ့ညက နံပါတ်တစ်ရှန်ဗီလာက လူကြီးလူကောင်းကို တွေ့လိုက်ရတယ်”
ခြံမန်နေဂျာက တုန်လှုပ်သွားကာ မျက်လုံးများ ဖြည်းညှင်းစွာ ပြန်လည် လင်းလက်လာသည်။
“မင်း…မင်းဘာပြောလိုက်တာလဲ”
“မနေ့ညက ကျွန်တော်တစ်ယောက်တည်း ဂျူတီကျနေတုန်း လူကြီးမင်းရွှယ်က သူ့မိသားစုနဲ့အပြင်ထွက်သွားတာ ကျွန်တော် တွေ့လိုက်တယ်။ သူတို့ ညနက်တဲ့ထိပြန်မလာကြဘူး ကျွန်တော် ခင်ဗျားကိုပြောမလို့ပဲ”
ခြံမန်နေဂျာက အမြင့်သုံးပေလောက်ထိ ခုန်၍ လုံခြုံရေးအစောင့်ကို ပွေ့ဖက်နမ်းလိုက်ပြီးနောက် ရယ်မောလိုက်သည်။
“ကောင်းပြီ မနက်ဖြန်ကျရင် လုံခြုံရေးအဖွဲ့ရဲ့ လက်ထောက်အကြီးအကဲအဖြစ် မင်းကို ခန့်အပ်လိုက်မယ်”
ထို့နောက် သူ့ရုံးခန်းသို့ အမြန်ပြန်ကာ ချင်းယွီ၏ နံပါတ်ကို ခေါ်လိုက်သည်။
"ဥက္ကဌ၊ လူကြီးမင်းရွှယ်မနေ့ညက ပြန်ရောက်ပြီး နံပါတ်တစ်ရှန်ဗီလာ မှာနေနေတယ်"
ဤသည်ကို ကြားသောအခါ ချင်းယွီ သက်ပြင်းတစ်ချက်ချလိုက်သည်။
“ကောင်းပြီ၊ သူ့ကို မနှောင့်ယှက်ဖို့ မမေ့နဲ့။ ဒါပေမယ့်လည်း အနီးကပ်စောင့်ကြည့်ပါ။ နားလည်လား"
"ဟုတ်"
ချင်းယွီ ဖုန်းကို ချလိုက်သောအခါမှ သူမ၏တစ်ကိုယ်လုံး အေးစက်နေသော ချွေးများဖြင့် ဖုံးလွှမ်းနေကြောင်း သိလိုက်ရသည်။ သူမ အကြောက်ဆုံးအရာမှာ ချင်းမိသားစုကို အမြင်မကြည်သည့် ရွှယ်အန်းဖြစ်သော်လည်း ယခု မည်သည့် ပြဿနာမျှမရှိဟု ထင်ရသည်။ သို့မဟုတ်ပါက သူသည် နံပါတ်တစ်ရှန်ဗီလာတွင် ဆက်နေတော့မည်မဟုတ်ပေ။
ထို့နောက် သူမက တုဖန်ကို ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ပြုံးပြုံးရွှင်ရွှင်ဖြင့် တုဖန်က ပြန်ဖြေ၏။
"ကိစ္စမရှိပါဘူး၊ မိန်းကလေးချင်းကို အသိပေးရုံနဲ့ လုံလောက်ပါပြီ"
"လူကြီးမင်းရွှယ်က တခြားဘာမှမပြောဘူးလား သူမင်္ဂလာဆောင်ဖို့ ဘယ်လိုစီစဉ်ထားလဲ"
"မပြောပါဘူး"
ချင်းယွီက ခေါင်းညိတ်ပြကာ တုဖန်းကို ဓာတ်လှေကားဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးခဲ့သည်။ ဤမြင်ကွင်းသည် အတွင်းဝန်ထမ်းများစွာကို ငေးမောသွားစေခဲ့သည်။
မပြန်ခင်၌ တုဖန်ကပြော၏။
"မိန်းကလေးချင်းရဲ့ ကုမ္ပဏီဟာ ဧည့်ခံရေးမှူးနဲ့ ဧည့်ခန်းထဲက လုံခြုံရေးအကြီးအကဲကလွဲရင် မင်းရဲ့ကုမ္ပဏီဟာ ကဏ္ဍပေါင်းစုံမှာ ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ မင်းသိထားသင့်တယ်... လူတွေ မာနကြီးလွန်းတဲ့အခါ လူကြီးမင်းရွှယ်မကြိုက်ဘူး"
ချင်းယွီက တုန်တုန်ယင်ယင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "နားလည်ပါပြီ၊ ကျေးဇူးအများကြီးတင်ပါတယ်"
တုဖန်ထွက်သွားပြီးမှသာ ချင်းယွီက လှည့်ကာ သူမ၏ရုံးခန်းသို့ ပြန်သွားခဲ့သည်။
"ဒီနေ့ ဧည့်ကြိုနဲ့ ဧည့်ခန်းမှာ တာဝန်ကျတဲ့ လုံခြုံရေးအကြီးအကဲကို ထုတ်လိုက်။ လူတိုင်းကို ကောင်းကောင်းမွန်မွန်နေဖို့နဲ့ ရောင့်မတက်ဖို့ သတိပေးလိုက်ဦး" ချင်းယွီက ပြင်းထန်သော မျက်နှာဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့" လောင်ဟေးက ပြန်ဖြေ၏။
ခဏမျှ စဉ်းစားပြီးနောက် ချင်းယွီသည် သူမ၏ အဖိုး ချင်းယွမ်နှင့် သတင်းကို ဝေမျှခဲ့သည်။ ယခုအချိန်တွင် ချင်းယွမ်သည် ပေကျန်းမြို့ရှိ လှပသော ရေကန်ဘေးတွင် ငါးဖမ်းလျက်ရှိသညိ။
သူက စတင်ပင်စင်ယူကာ သူ၏ ကျန်ရှိသော သက်တမ်းကို ပျော်ရွှင်စွာ စတင်ခဲ့သည်။ အဖွဲ့၏ အမျိုးမျိုးသော ကိစ္စများကို ချင်းယွီအား စီမံခန့်ခွဲရန် လွှဲအပ်ခဲ့သည်။ ထို့ကြောင့် သူ့မြေး ချင်ယွီထံမှ ဆက်သွယ်လာသည်ကို မြင်သောအခါ ချင်းယွမ် အနည်းငယ် ထိတ်လန့်သွားသည်။
‘ဘာဖြစ်တာလဲ’
ဆက်သွယ်ပြီးသည်နှင့် ချင်းယွီသည် အခြေအနေကို စတင်ရှင်းပြလိုက်သည်။ ရွှယ်အန်းက လက်ထပ်ရန် စီစဉ်နေကြောင်း ကြားသောအခါ ချင်းယွမ်က အံ့ဩသွားရသည်။
"သမီး ကောင်းကောင်းလုပ်ခဲ့တယ်" ချင်းယွမ်က ခေါင်းညိတ်ကာ ချီးကျူးလိုက်၏။
"လူကြီးမင်းရွှယ်က သမီးတို့ကို သတင်းမပေးဘဲ ဒီအချိန် ပြန်လာခဲ့ပြီး ဒီလိုအရေးကြီးတဲ့ သတင်းတွေအကြောင်း တိုက်ရိုက်မအကြောင်းကြားတာက သိပ်တော့မကောင်းဘူးလို့ ခံစားရတယ်။"
"ဒါပေမယ့် ပြဿနာတော့မရှိဘူးလို့ ထင်ပါတယ်။ ဒီခေတ်ရဲ့ စစ်မှန်တဲ့ အင်မော်တယ် လူကြီးမင်းရွှယ်က ရန်ငြှိုးတွေထားပြှး ကပ်သီးကပ်သပ်မလုပ်လောက်ပါဘူး။ ဒါပေမယ့် သမီးတို့ရဲ့ ရိုးသားမှုကို ပြသရမယ်။ သမီး အခု အမြန်ပြန်လာပြီ၊ ပြီးရင် နံပါတ်တစ်ရှန်ဗီလာကို အတူတူ သွားကြမယ်"
“နောက်ပြီး ဒီမင်္ဂလာဆောင်က သမီးတို့ ချင်းမိသားစုအတွက် ရိုးသားမှုကို ပြဖို့ အကောင်းဆုံးအခွင့်အရေးပဲ”
ချင်းမိသားစုက ဤကိစ္စနှင့် ပတ်သက်၍ ပရမ်းပတာဖြစ်နေစဉ် ရွှယ်အန်းသည် နံပါတ်တစ်ရှန်ဗီလာတွင် ဇနီးဖြစ်သူကို သိုင်းပညာ သင်ကြားပေးနေသည်။ အန်းယန်၏ ကျင့်ကြံရေးအဆင့်သည် ယခု လွတ်မြောက်အင်မော်တယ် ထက်ဝက်အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း သူမ၏ စွမ်းရည်များသည် နေရာအနှံ့တွင် ရှိနေသည်။
ရွှယ်အန်းသည် အခြေခံအကျဆုံး ကဏ္ဍများမှ စတင်သင်ကြားပေးခဲ့သည်။ ။
သို့သော် အန်းယန်က ဤအရာများကို စိတ်မဝင်စားဘဲ ခဏအကြာတွင် ငြီးငွေ့လာသည်။ ဤသည်ကို မြင်သောအခါ ရွှယ်အန်းက မဲ့ပြုံးသာ ပြုံးနေနိုင်တော့သည်။
သူအင်မော်တယ်အရှင်ဖြစ်ခဲ့စဉ်က အနှိုင်းမဲ့သော များစွာသော ပါရမီရှင်များသည် ရတနာများကို သယ်လာလျက် သူ့ဆီမှ လမ်းညွှန်မှုတစ်ခုရရန် သူ့ရှေ့တွင် ဒူးထောက်ကြသော်လည်း သူက တစ်ချက်ပင် ပြန်မကြည့်ခဲ့ပေ။
ယခုဆိုလျှင် ရွှယ်အန်း၏သွန်သင်ချက်သည် မှုန်ဝါးလွန်းသည်ဟုပင် အပြစ်တင်ကာ အန်းယန်၏မျက်နှာတွင် ငြီးငွေ့မှုများနှင့် ပြည့်နှက်နေသည်။
"ဘယ်လိုလဲ... ဒယ်ပြားသုံးနည်း သင်ပေးရမလား" ရွှယ်အန်းက အစမ်းသဘောမေးလိုက်သည်။
အန်းယန်၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီးနောက် သူမသည် စိတ်အားထက်သန်စွာဖြင့်ပြော၏ဃ
“အင်း အင်း သင်မယ်”
နျန်နျန်နဲ့ ရှန်းရှန်းတို့ပင် ပြေးသွားကြသည်။
"ဖေဖေ၊ သမီးတို့လည်း သင်ချင်တယ်"
ရွှယ်အန်းသည် ရယ်ရခက် ငိုရခက် ဖြစ်ချက် ဒယ်ပြားတစ်လုံးကို ထုတ်ယူလိုက်သည်။
လက်ထဲ၌ ဒယ်ပြားကိုကိုင်လျက် သိုင်းပညာ သင်ပေးနေသည့် အင်မော်တယ်အရှင်။
ထို့နောက်တွင် ဇနီးနှင့် သမီးများကို ရန်သူများကို တွန်းလှန်ရန် မည်သို့လုပ်ရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်း အမြင့်ဆုံးဖြစ်အောင် သင်ကြားပေးခဲ့သည်။
ထို့ကြောင့် ချင်းယွီနှင့် ချင်းယွမ်တို့ နံပါတ်တစ်ရှန်ဗီလာကိုရောက်သောအခါ ရွှယ်အန်းတို့ မိသားစုက ဒယ်ပြား တစ်ခုစီကိုင်လျက် တောင်ကုန်းငယ်တစ်ခုပေါ်တွင် ရပ်ကာ သိုင်းပညာလေ့ကျင့်နေသည်ကို မြင်လိုက်ရသည်။
မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ကောင်းလွန်းလှသဖြင့် မရပ်ကြည့်ဘဲ မနေနိုင်လောက်အောင်ပင် ဖြစ်ရစေနိုင်သည်။