အခန်း (၃၄၀-၃၄၂)
Vol. 23 Ch. 340-342
အခန်း (၃၄၀) ကျုပ် ရွေးချယ်တဲ့နေ့က မင်္ဂလာရှိသောနေ့ပဲ
အန်းယန်က ခေါင်းညိတ်ပြသော်လည်း ရှောင်ရှကို စူးစမ်းချင်စိတ်ဖြင့် စိုက်ကြည့်နေဆဲဖြစ်သည်။
"ဒီခွေးလေးက လူသားအသွင်ပြောင်းလိုက်တာနဲ့ ဒီလောက် ကြည့်ကောင်းနေလိမ့်မယ်လို့ မထင်ထားဘူး" အန်းယန်က ပြုံး၍ ပြောလိုက်သည်။
"ဟားဟား၊ နဂါးမျိုးနွယ်ဝင်တွေက အသွင်ပြောင်းနိုင်သရွေ့ ချောမောတဲ့ ယောက်ျားလေးတွေ မိန်းကလေးတွေ ဖြစ်နေမှာပဲ၊ အကုန်လုံးက သူတို့မျိုးနွယ်ရဲ့ အရည်အချင်းတွေလေ" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
"ယောက်ျားက ဘယ်လိုလုပ်သိတာလဲ"
"ကိုယ် အပြိုင်စကြဝဋ္ဌာကို သွားတုန်းက နဂါးဘုံကို ရောက်ဖူးတယ်။ အဲ့ဒီက နဂါးတွေက အကုန်အဲ့လိုချည်းပဲ။ နောက်ပြီး သူတို့ရဲ့ မျိုးရိုး ပိုမြင့်မြတ်လေ ပိုချောလေပဲ၊ နဂါးမျိုးနွယ်ရဲ့ တော်ဝင်မိသားစုထဲက မင်းသမီးလေးတွေဆိုရင်..."
ရွှယ်အန်းက သူ၏ပါးစပ်ကို အမြန်ပိတ်လိုက်သော်လည်း အချိန်နှောင်းနေပြီဖြစ်သည်။ ပြီးနောက် အန်းယန်သည် ရွှယ်အန်းကို ပြုံးချိုစွာ ကြည့်လိုက်သည်။
"နဂါးမျိုးနွယ်ရဲ့ မင်းသမီးတွေက ဘာဖြစ်တယ်တဲ့လဲ"
"ဒီနေ့ ရာသီဥတုက အရမ်းသာယာနေတယ်နော်" ရွှယ်အန်းက ရယ်မော၍ စကားလမ်းကြောင်းပြောင်းရန် ကြိုးစားလိုက်လိုက်သည်။
“နဂါးမျိုးရိုးရဲ့ မင်းသမီးတွေအကြောင်း ကျွန်မ မေးနေတာလေ” အန်းယန်က အေးစက်၍ တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒါပေါ့ နဂါးမျိုးနွယ်ရဲ့ မင်းသမီးတွေက ကိုယ့်မိန်းမလောက် ဘယ်လှပါ့မလဲ" ရွှယ်အန်းက ရှင်သန်ချင်စိတ် အလွန် သန်မာစွာဖြင့် ကြေငြာလိုက်သည်။
“အဲ့လိုမှပေါ့” အန်းယန်က ခေါင်းညိတ်လိုက်ပြီးနောက် ဟန်မဆောင်နိုင်တော့ဘဲ ချက်ချင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ခုနက ကျွန်မပုံစံ အရမ်းကြောက်စရာကောင်းနေလား"
ရွှယ်အန်းက စိတ်သက်သာရာရသွားသည့် အမူအရာမျိုးပြလိုက်သည်။
"ဟုတ်တယ်၊ အရမ်း ကြောက်စရာကောင်းတာပဲ၊ မင်း ကိုယ့်ကို လန့်ပြီး သေအောင်လုပ်နေတာပဲ"
သို့သော် ရွှယ်အန်းက သူ၏စိတ်ထဲတွင် အနည်းငယ် ပြုံးနေမိသည်။
'ဒီအရူးမလေးတော့ ကိုယ့်ကိုလှည့်စားနိုင်မယ်လို့ တကယ်ထင်နေတာလား'
"ယောက်ျား၊ အဲ့ဒီ့အပြင်လောကက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းလားဟင်" အန်းယန်က မျက်လုံးများ တောက်ပစွာ မေးလိုက်သည်။
ရွှယ်အန်းသည် ခေါင်းညိတ်လိုက်ပြီးနောက် လက်ထဲတွင် ခွက်တစ်လုံးကို ကိုင်၍ ညင်သာစွာ ပြန်ဖြေလိုက်သည်။
"အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းတယ်။ အပြိုင်စကြဝဋ္ဌာတွေထဲမှာ ကောင်းကင်ပေါ်က ကြယ်တွေလို မရေမတွက်နိုင်တဲ့ အရည်အချင်းရှိ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်၊ နေ့စဉ်နဲ့အမျှ စွဲမက်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ပျက်နေကြတယ်"
သူစကားပြောနေစဉ်တွင် ရွှယ်အန်းသည် အပြိုင်စကြဝဋ္ဌာကိုဖြတ်၍ ခရီးသွားစဉ် ဖြစ်ပျက်ခဲ့သည့် စိတ်ဝင်စားဖွယ်အရာအချို့ကို အန်းယန်အား ပြောပြလိုက်သည်။
"ဥပမာ နဂါးမျိုးနွယ်လို့မျိုး၊ သူတို့တွေက အပြိုင်စကြဝဋ္ဌာတွေကြားမှာတောင် အရမ်းစွမ်းတဲ့ မျိုးနွယ်စုပဲ။ သူတို့ထဲမှာ နဂါးဘိုးဘေးတွေဆိုရင် အင်မော်တယ်ဘုရင်အောက် မနိမ့်ကျတဲ့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားတယ်။ သူတို့တွေက နဂါးနယ်မြေလို့ လူသိများတဲ့ ကိုယ်ပိုင်နယ်မြေမျိုး ဖန်တီးထားကြတာ"
"ကိုယ်နဂါးနယ်မြေထဲမှာ အချိန်အတော်ကြာ ခရီးထွက်ခဲ့တော့ သူငယ်ချင်းတချို့တောင် ရခဲ့သေးတယ်" ရွှယ်အန်းက ပေါ့လျော့စွာ ပြောလိုက်သည်။
သို့သော် မထင်မှတ်သည်မှာ အလွန်ဝေးကွာသော နဂါးဘုံ၏ 'သူငယ်ချင်း' ဟူသော စကားလုံးမျိုးကို သူ ရေရွတ်ချိန်တွင် အင်မော်တယ်ဘုရင်အဆင့်တွင်ရှိသော ဘိုးဘေးနဂါးတစ်ဦးက ရုတ်တရက် တုန်ယင်သွား၍ ထိတ်လန့်နေသော မျက်နှာထားမျိုး ပြသလာသည်။
"ခံစားမိလိုက်လား"
အခြားသော ဘိုးဘွားနဂါးများသည်လည်း လေးနက်သော အမူအရာများဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"အဲဒါက ဟိုအကောင်ရဲ့ အရောင်အဝါပဲ၊ ကျုပ် သိနေတယ်၊ အဆင့်ဖြတ်ကျော်မှု ကျရှုံးရုံနဲ့ ပြိုင်ဘက်ကင်း အင်မော်တယ်အရှင်က ဘယ်လိုလုပ် နတ်သတ်ကြွေနိုင်မှာလဲ" နဂါးဘိုးဘေးတစ်ဦးက မချိပြုံး ပြုံး၍ ပြောလိုက်သည်။
"မြန်မြန် ရတနာတွေ စုဆောင်းတော့၊ ကျုပ်တို့တွေ ဒီကောင့်ကို ထပ်ပြီး လုယူခွင့် မပေးနိုင်ဘူး" နောက်ထပ် နဂါးဘိုးဘေးတစ်ဦးက အံကြိတ်၍ ပြောလိုက်သည်။
"မင်းသမီးလေးကို အကြောင်းကြားလိုက်ရမလား"
"လုံးဝ မဖြစ်ဘူး၊ ဒီကောင်က မင်းသမီးလေးရဲ့ မျက်နှာအစစ်ကို မြင်ဖူးပြီးပြီ၊ စည်းမျဉ်းစည်းကမ်းတွေအရ နဂါးမိန်းကလေးတွေရဲ့ မျက်နှာအစစ်ကို မြင်တဲ့သူတိုင်းကို သတ်ပစ်ရင်သတ်ပစ် မသတ်ပစ်ရင် ခင်ပွန်းအဖြစ် ပြုလုပ်ရလိမ့်မယ်။ ကိစ္စတွေ ဆူညံလာရင် နဂါးဘုံ ဒုက္ခရောက်သွားလိမ့်မယ်"
“ဟုတ်ကဲ့"
သို့သော် ဤစကားပြောသံများအားလုံးက အဝေးတစ်နေရာတွင်သာ တည်ရှိဆဲဖြစ်သည် အန်းယန်သည် မည်သည့်အရာကိုမျှ လုံးလုံးလျားလျား သတိမထားမိဘဲ တောင့်တမှုများ တအံ့တသြဖြစ်မှုများဖြင့် နားထောင်နေခဲ့သည်။ ရွှယ်အန်းက ပြုံးပြီးနောက် သူမ၏ ခေါင်းလေးကို ပုတ်လိုက်သည်။
"စိတ်ချ၊ ကိုယ် နောက်ကျရင် မင်းကိုရော ရှန်းရှန်းနဲ့ နျန်နျန်တို့ကိုရော အတူ ခေါ်သွားမှာ"
"အင်း" ပြီးနောက် အန်းယန်က ရွှယ်အန်းအနားသို့ ရုတ်တရက် တိုးကပ်လာ၍ မျက်နှာပေါ်တွင် လိမ္မာပါးနပ်သော အပြုံးတစ်ပွင့် တီးတိုးပြောလိုက်သည်။
"ယောက်ျား ကျွန်မကို အမှန်အတိုင်းပြော။ ဒီအနှစ်သုံးထောင်အတွင်း တခြားမိန်းကလေးတွေ ရှင့်ကို ကြွေသွားခဲ့ဖူးလား၊ ပြောပါ ကျွန်မ တကယ် စိတ်မဆိုးပါဘူး"
"အင်းပေါ့ ရှိဖူးတာပေါ့၊ ဒါပေမယ့် သူတို့တွေအကုန်လုံးကို ကိုယ် ငြင်းလိုက်တယ်လေ။ ကိုယ် မင်းအပေါ် မတရားတာမျိုး တစ်ခုမှ မလုပ်ခဲ့ဖူးပါဘူး မိန်းမရယ်" ရွှယ်အန်းက မျက်တောင်ခတ်လိုက်သည်။
ရွှယ်အန်းကို ကြည့်နေသော အန်းယန်၏ မျက်လုံးများတွင် နူးညံ့မှုများ ပိုမို ကျယ်ပြန့်လာသည်။ ဤအမျိုးသားသည် အနှစ်သုံးထောင်မျှ သူ၏လမ်းကို တစ်ဦးတည်း လျှောက်လှမ်းခဲ့ရသည်ဟူသော ဖြစ်စဉ်ကို တွေးကြည့်ရုံဖြင့် အန်းယန်၏ နှလုံးသားကို အလွန်တရာ နာကျင်စေခဲ့သည်။
"ကဲ ကောင်းပြီ၊ အတွေးလွန်နေတာတွေ ရပ်ပြီး အိပ်တော့" အန်းယန်၏ အတွေးများကို သတိပြုမိသွားသော ရွှယ်အန်းသည် အပြုံးဖြင့် နှစ်သိမ့်လိုက်သည်။
"အင်းပါ၊ ဒါပေမယ့် ရှောင်ရှကိုရော ဘယ်လိုလုပ်မှာလဲ" အန်းယန်သည် မြေပြင်ပေါ်တွင် အိပ်မောကျနေသော ရှောင်ရှကို ညွှန်ပြလိုက်သည်။
'ဝိုင်လေးတစ်ခွက်သောက်တာကို ဒီလောက်တောင် မူးရတယ်လို့' ကူကယ်ရာမဲ့နေဟန်ရှိသော ရွှယ်အန်းက တွေးလိုက်သည်။
"သူ့ကို ရှန်းရှန်းနဲ့ နျန်နျန်တို့ အခန်းဆီ ပြန်ခေါ်သွားလိုက်မယ်" ရွှယ်အန်းသည် စကားပြောနေစဉ် အိတ်တစ်အိတ်ကို ဆွဲမလိုက်သကဲ့သို့ ရှောင်ရှကို မြေကြီးပေါ်မှ ခေါ်ဆောင်သွားလေသည်။
နောက်တစ်နေ့မနက်တွင် ရှန်းရှန်းနှင့် နျန်နျန်တို့နှစ်ဦး မျက်လုံးဖွင့်လိုက်သည်နှင့် ခွေးလေးတစ်ကောင်အဖြစ်သို့ ပြန်လည် အသွင်ပြောင်းနေသော ရှောင်ရှသည် မှန်အရှေ့တွင် ထိုင်လျက် သူ၏ပုံရိပ်ကို စူးစူးစိုက်စိုက် ကြည့်နေခြင်းကို ၎င်းတို့ တွေ့လိုက်ရသည်။
"ရှောင်ရှ၊ ဘာဖြစ်နေတာလဲ" ရွှယ်ရှန်းက မေးလိုက်သည်။
ရှောင်ရှသည် စိတ်အာရုံမှတစ်ဆင့် မိန်းကလေးနှစ်ယောက်နှင့် ဆက်သွယ်နိုင်သောကြောင့် မနေနိုင်မထိုင်နိုင် ပြောလိုက်မိသည်။
"မနေ့ညက ငါ အိပ်မက်မက်ခဲ့တယ် ထင်တယ်"
"ဘာအိပ်မက်မက်တာလဲ ကြက်ကင်လား"
"မဟုတ်ဘူး။ ငါ မိန်းကလေးတစ်ယောက်ဖြစ်သွားတာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ရုံတင်မကဘဲ အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သွားတာ" ရှောင်ရှက ပြောပြီးနောက် မှန်ထဲရှိ ဆံပင်များ ကောက်ကွေးနေသော ခွေးလေး၏ ပုံသဏ္ဌာန်ကို စိတ်ပူပန်စွာ လှည့်ပတ်ကြည့်ရှုနေသည်။
'ဒါပေမယ့် တစ်ခါလေး အိပ်လိုက်တာနဲ့ ဘယ်လိုပြီး ဒီပုံစံပြန်ဖြစ်သွားတာလဲ'
အန်းယန်သည် အန်းချင်တို့နှင့်အတူ ကျုံးတုသို့ ထွက်ခွာနှင့်မည်ဖြစ်သည်။ ကလေးမလေးနှစ်ဦးသည် လက်လွှတ်ရန် တုံ့ဆိုင်းနေကြ၍ မျက်ဝန်းများမှ မျက်ရည်များ စီးကျလုနီးပါး ဖြစ်နေကြသည်။ အန်းယန်သည်လည်း သူမ၏ သမီးနှစ်ယောက်ကို ထားခဲ့ရန် ဝန်လေးနေမိသည်။ ၎င်းတို့ သုံးဦးသည် သူမ ပြန်ရောက်ချိန်မှစ၍ မည်သည့်အချိန်မှ မခွဲခွာခဲ့ကြပေ။
ရွှယ်အန်းက ခါးကိုင်း၍ ရှန်းရှန်းနှင့် နျန်နျန်တို့ကို ပြောလိုက်သည်။
"ရှန်းရှန်းနဲ့ နျန်နျန်၊ မေမေက ကျုံးတုမှာရှိတဲ့ ဖေဖေတို့အိမ်ကို အရင်ပြန်သွားမှရမှာ။ ပြီးရင် ဖေဖေက အကုန် စီစဉ်ပြီးတာနဲ့ သမီးတို့နှစ်ယောက်ကို ခေါ်သွားပေးမယ် ဟုတ်ပြီလား"
ကောင်မလေးနှစ်ဦးက ခေါင်းညိတ်ပြလိုက်သည်။
"တော့တာ မေမေ၊ သမီး ဖေဖေနဲ့ လာခေါ်မယ်နော်" ရွှယ်နျန်က မျက်ရည်များဝဲကာ လက်ပြနှုတ်ဆက်လိုက်သည်။
ပြီးနောက် သူမက ရွှယ်အန်းကို လှည့်ကြည့်လိုက်သည်။
"ဖေဖေ လက်ထပ်တာက ဒီလိုမျိုးပဲလားဟင်"
"ဟုတ်တယ်၊ လက်ထပ်တာက ဒီလိုမျိုးပဲ" ရွှယ်အန်းက ပြုံးလိုက်သည်။
"ဒါဆို နောက်တစ်ခါ လက်ထပ်ရင် သမီး မေမေနဲ့ နေလို့ရမလားဟက်" ရွှယ်နျန်က မေးလိုက်သည်။
ဤမေးခွန်းသည် လူတိုင်းကို ရယ်မောစေခဲ့သည်။ ရွှယ်ရှန်းက စိတ်တိုနေသော်လည်း ကြင်နာစွာပြောလိုက်သည်။
"ဟဲ့ အရူးမလေး၊ ဖေဖေနဲ့ မေမေက တစ်ခါပဲ လက်ထပ်ဖို့ပဲလိုတာလေ။ လက်ထပ်က တစ်ခုစားပြီးရင် နောက်တစ်ခုလာမယ့် ရေခဲမုန့်လို့များ ထင်နေတာလား"
ထိုစကားများက ရွှယ်နျန်ကို သတိပေးမိသကဲ့သို့ ဖြစ်သွားသောကြောင့် သူမ တစ်ခုခုကို ရုတ်တရက် သတိရသွားလေသည်။
"မမ၊ မနေ့ညက သမီးရေခဲမုန့် တစ်ခုကိုစားလိုက်တယ်"
ရွှယ်ရှန်း၏ မျက်နှာအမူအရာ အနည်းငယ် ကမောက်ကမဖြစ်သွားသည်။
"ကောင်းပြီ၊ ငါ ဒီနေ့ မစားတော့ဘူး၊ နင့်ကို ပြန်ပေးမယ်"
ကလေးများ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများသည် အလျင်အမြန်ရောက်လာ၍ အလျင်အမြန် ပြန်ထွက်ခွာလေ့ရှိသည်။ မကြာမီတွင် ၎င်းတို့၏ ရေခဲမုန့်ကြောင့် အာရုံပြောင်းလဲသွားကာ မိခင်နှင့်ခွဲခွာရမည့် ယာယီဝမ်းနည်းမှုကိုပင် မေ့လျော့သွားကြသည်။
အန်းချင်က ရွှယ်အန်းကို ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မတို့ သွားတော့မယ် ခဲအို။ လာခေါ်တဲ့အခါ စာအိတ်အနီတွေ များများယူလာဖို့ မမေ့နဲ့နော်။ ကျုံးတုမှာ ပိုပြီး လူစည်နေမယ် ထင်တယ်"
"သေချာတာပေါ့၊ လိုအပ်သလောက် ပေးမှာ စိတ်ချ" ပြုံးနေဆဲဖြစ်သော ရွှယ်အန်းက ပြောလိုက်သည်။
"အပြန်လမ်းမှာ သူတို့ကို သေချာဂရုစိုက်လိုက်" ရွှယ်အန်းသည် မီးဖီးနစ်အဖွဲ့ဝင်များကို ပြောလိုက်သည်။
၎င်းတို့သည် ယမန်ညက အလွန်အမင်း ယစ်မူးနေသော်လည်း ယခုအချိန်တွင် ပြန်လည်ကောင်းမွန်လာကာ ရွှယ်အန်း၏ ညွှန်ကြားချက်ကို ကြားသည်နှင့် အားလုံးက သံပြိုင် အော်ဟစ်လိုက်ကြသည်။
"စိတ်မပူပါနဲ့ ဆရာ"
"ဆရာ၊ မီးဖီးနစ်ရှိနေသရွေ့ ဆရာကတော်ရဲ့ ဘေးကင်းမှုကို ကျွန်တော် အာမခံပါတယ်" ချန်ဟောက်က ထပ်ဖြည့်ပြောလိုက်သည်။
"ဟုတ်တယ် တစ်ယောက်ယောက်က ပြဿနာရှာရဲလို့ကတော့ ကျွန်တော်၊ သာ့နျိုက ဒင်းတို့ခေါင်းတွေကို တစ်ယောက်ပြီးတစ်ယောက် ခုတ်ဖြတ်ပစ်လိုက်မယ်" ရိုးရှင်းသော စိတ်ထားပိုင်ရှင် ကျိုးသာ့နျိုက ပြောလိုက်သည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
'ဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာပါ’
ယခုအချိန်တွင် အန်းယန်၏ စွမ်းအင်အပြင် ရွှယ်အန်း ပေးအပ်ထားသည့် မရေတွက်နိုင်သော အကာအကွယ် ဖွဲ့စည်းပုံများကြောင့် အလွန် ထူးကဲနေပြီဖြစ်သည်။ ပြီးနောက် အန်းချင်နှင့် အခြားလူများ ထွက်ခွာသွားကြသည်။
ဆုန်ယိသည် ချီတုံချတုံဖြင့် ချဉ်းကပ်လာသည်။
"ဆရာ ကျွန်တော် နည်းလမ်းအမျိုးမျိုးနဲ့ အကြိမ်တစ်ရာကျော်လောက် ကြိုတင်ဟောကိန်းလုပ်ကြည့်ပေမယ့် အခုတလော နေ့ကောင်းရက်မြတ် ရောက်လာမယ့်ပုံမပေါ်ဘူး"
"နေ့ကောင်းရက်မြတ်လား။ ကျုပ် ရွေးချယ်တဲ့နေ့က နေ့ကောင်းရက်မြတ်ပေါ့" ရွှယ်အန်းက ပြုံးလိုက်သည်။
အခန်း (၃၄၁) လေယာဉ်များ ၅စီး လာလိမ့်မယ်၊ ဟုတ်တယ်၊ လေယာဉ် ၅ စီး
"ဘယ်တော့သွားဖို့ စိတ်ကူးထားလဲ ဆရာ"
“ငါးရက်ကြာရင်” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။
'ငါးရက်အကြာတဲ့လား'
ဆုန်ယိသည် အချိန်အတော်ကြာ စဉ်းစားပြီးသည့်တိုင် ထိုနေ့နှင့်ပတ်သက်၍ ထူးခြားမှုတစ်စုံတစ်ရာမျှ မတွေ့ခဲ့ရသော်လည်း အရှင်က ထိုကဲ့သို့ပြောသောကြောင့် အရှင်၏အမိန့်ကိုသာ လိုက်နာလိုပ်သည်။ ပြီးနောက် အရှင်သာ ရှိနေသရွေ့ မကောင်းမှုမှန်သမျှ လွင့်ပျောက်၍ ကောင်းချီးများ စုစည်းလာမည်ဖြစ်သောကြောင့် အရှင်ပြောသော စကားများက မှန်ကန်လေသည်။ နေ့ထူးနေ့မြတ်ဟူ၍ ရွေးချယ်နေရန် မလိုအပ်ပေ။
သို့သော် ဆုန်ယိ မသိခဲ့သည်မှာ ရွှယ်အန်းက ငါးရက်မြောက်ကို ရွေးချယ်ခဲ့ရသည့်အကြောင်ူအရင်းသည် အန်းယန်၏မွေးနေ့ဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ရွှယ်အန်းသည် အန်းယန်နှင့် အတူဖြတ်သန်းခဲ့ရသည့် ပထမဦးဆုံးမွေးနေ့ကို အမှတ်ရနေသေးသည်။ ထိုအချိန်တွင် ရွှယ်အန်း၏ဘဝသည် အလွန်ခက်ခဲခဲ့သော်လည်း ကိတ်မုန့်ဝယ်၍ အိမ်ပြန်ရန် မတွန့်ဆုတ်ခဲ့ပေ။
၎င်းတို့နှစ်ဦးသည် ကိတ်မုန့်ကို ပျော်ရွှင်စွာ စားသောက်နေကြစဉ် ရုတ်တရက် လျှပ်စစ်မီးပြတ်တောက်သွားသောကြောင့် အပြင်ဘက်တွင် မီးရောင်များ လင်းလက်နေသော်လည်း အိမ်ထဲတွင် မည်းမှောင်နေခဲ့သည်။ သို့သော် အန်းယန်သည် ဖယောင်းတိုင်မီးကို ရွှင်မြူးစွာထွန်းညှိ၍ ထိုအချိန်ကို အကောင်းဆုံး ဖယောင်းတိုင်မီးနှင့် ညစာဖြစ်သည်ဟု ပြောခဲ့သည်။
ရွှယ်အန်းသည် ယခုအချိန် ပြန်တွေးကြည့်လျှင် ထိုခါးသီးသော အခိုက်အတန့်ကို မှတ်မိနေဆဲဖြစ်သည်။ ထိုအချိန်တွင် ရွှယ်အန်းသည် အန်းယန်အတွက် အတိုးချ၍ ပေးဆပ်မည်ဟု အကြိမ်တစ်ထောင်အထိ ကျိန်ဆိုခဲ့သည်။ ထို့ကြောင့် ယခု ရွှယ်အန်းသည် မင်္ဂလာပွဲနှင့် ပတ်သက်သည့် အရာအားလုံးကို ပြီးပြည့်စုံကြောင်း သေချာစေရန် အစွမ်းကုန်ကြိုးပမ်းနေခြင်းဖြစ်သည်။
သူသည် တခြား မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ အန်းယန်ကို အကောင်းဆုံးဟူသော အရာများသာ ပေးအပ်ချင်သည်။ ငါးရက်အကြာတွင် ကျင်းပမည့် မင်္ဂလာသတင်း ပြန့်နှံ့လာသည်နှင့်အမျှ ချင်းယွီသည်လည်း အလုပ်ရှုပ်လာခဲ့သည်။ သူမသည် ငါးရက်အတွင်း အမျိုးမျိုးသော အရာများကို ပြင်ဆင်နေရသည်။ သို့သော် ရွှယ်အန်းနှင့် တိုင်ပင်ဆွေးနွေးရမည့် အခက်အခဲတချို့ ရှိနေခဲ့သည်။
"အရှင် အဲ့ဒီ့နေ့မှာ သတို့သမီး ခေါ်ဖို့ ကျုံးတုကို သွားမယ်ဆိုရင် အနည်းဆုံး နာရီအနည်းငယ် အချိန်ယူရလိမ့်မယ်၊ ဆိုလိုတာက အသွားအပြန်ဆိုရင် တစ်နေကုန်ကြာမှာ လမ်းမှာ မတော်တဆမှု ဘာညာ မရှိရင်တောင် ယာဉ်ကြောပိတ်ဆို့မှုတွေရှိရင် ပိုလို့တောင် ကြန့်ကြာသွားလိမ့်မယ်"
ချင်းယွီ၏စိုးရိမ်မှုသည် အလွန် မှန်ကန်နေသည်၊ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်မဖြစ်နှင့် ပတ်သက်၍ တွေးတောရမည် မဟုတ်ဘဲ အသေအချာ ယာဉ်ကြေယပိတ်ဆို့မှု ရှိနေပေလိမ့်မည်။ ထိုသို့ကြားသောအခါ ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ဒီပြဿနာကို ကျုပ် စဉ်းစားပြီးပြီ"
"ဒါဆို ဘာလုပ်ဖို့ စဉ်းစားထားလဲ အရှင်" ချင်းယွီသည် အနည်းငယ် စိုးရိမ်နေမိသည်။
ရွှယ်အန်းက ပြုံးလိုက်သည်။
"သိပ်မကြာခင် သတင်း ရောက်လာလိမ့်မယ်၊ ဒါက ပြဿနာမဟုတ်ဘူး။ နောက်ထပ် ပြဿနာက ဘာလဲ"
ချင်းယွီက ခေါင်းညိတ်လိုက်သည်။
'ပြဿနာမဟုတ်ဘူးလို့ အရှင်က ပြောမှာတော့ ပြဿနာမဖြစ်မှာ သေချာတယ်'
“ဒါ့အပြင် ဒါက ကျွန်မနဲ့ စားဖိုမှူးတချို့ စီစဉ်ထားတဲ့ မင်္ဂလာပွဲအတွက် မီနူးပါ။ ဘယ်လိုထင်လဲ အရှင်”
ရွှယ်အန်းသည် အယ်လ်ဘမ်ကိုယူ၍ အတိုချုံးလှန်ကြည့်ပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ဟင်းတွေက အကုန်ကောင်းတယ်၊ အဆင့်အတန်းလည်း မြင့်တယ် ဒါပေမယ့် အဆုံးမှာ ဘာလို့ ကွက်ရှင်မှတ်တွေ ရှိနေတာလဲ"
"အရှင့်ရဲ့မင်္ဂလာပွဲက ဒီလောက် ရုတ်ရုတ်သဲသဲဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူးလေ။ အခုအချိန်အထိတော့ ပေကျင်းမှာ ဧည့်သည်တစ်ထောင်ကျော်ရှိနေပြီ၊ ဒါပေမယ့် ဒီဟင်းလျာတွေအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက ပင်လယ်နက်ထဲက ပင်လယ်စာတွေဆိုတော့ တော်တော်လေး ရှားပါးတယ်" ချင်းယွီက မချိပြုံး ပြုံး၍ ပြောလိုက်သည်။
"အဲ့ဒါအပြင် ပေကျင်းနဲ့ ပြည်နယ်မှာရှိတဲ့ အဓိက စျေးကွက်တွေအားလုံးကို ကျွန်မ စုံစမ်းပြီးပြီ၊ ဒီလောက်ပမာဏမျိုး ဘယ်သူမှ မပေးနိုင်ကြဘူး။ ငွေပမာဏ ဘယ်လောက် ပေးပေး လုံလောက်မှာ မဟုတ်ဘူး”
ဤကိစ္စကို ပြောမိသောအခါ ချင်းယွီက လွန်စွာ စိတ်မသက်မသာဖြစ်စေသည်။ အမှန်တကယ် သူမ ပြောခဲ့သည့်အတိုင်း လွန်ခဲ့သော ရက်အနည်းငယ်အတွင် စျေးကွက်တိုင်းနီးပါးကို ဆက်သွယ်၍ စျေးနှုန်း ဆယ်ဆ တိုးမြှင့်ခဲ့သော်လည်း ဤမျှသော ပမာဏမျိုးကို ပေးနိုင်သူ မရှိသေးပေ။ ပင်လယ်စာ ရောင်းချသူများသည်လည်း တတ်နိုင်လျှင် မည်သူက ငွေမရှာချင်ဘဲ နေကြမည်နည်းဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြသည်။ သို့သော် အဓိကအချက်သည် အချို့သော ပင်လယ်စာများသည် အလွန်ရှားပါး၍ ဖမ်းဆီးရခက်ခဲလှသည်။ ရှားပါးသော ဟင်းလျာများက ကောင်းမွန်သော်လည်း အဓိက ဟင်းအဖြစ် မသင့်တော်ပေ။ နားထောင်လိုက်ပြီးနောက် ရွှယ်အန်းအနည်းငယ် အံ့ဩသွားသည်။ ဤသည်မှာ အမှန်တကယ်ပင် ပြဿနာဖြစ်သည်။
"ဒီမှာပဲ ထားခဲ့လိုက်၊ ကျုပ် တစ်ခုခု စဉ်းစားလိုက်မယ်"
“ဟုတ်ကဲ့"
ချင်းယွီ ထွက်သွားပြီးနောက် ရွှယ်အန်းသည် မီနူးတွင် လိုအပ်သော ပင်လယ်စာများကို ကြည့်နေစဉ် သူ၏အကြည့်များတွင် ရှုပ်ထွေးသော အရိပ်အမြွက်များ လင်းလက်လာသည်။ ထိုအချိန်တွင် နံပါတ်တစ် ရှန်ဗီလာ၏နောက်ဘက်ဥယျာဉ်တွင် အရိုးမိစ္ဆာသည် ပြည်ပ ဖုန်းခေါ်ဆိုမှုတစ်ခုကို ပြုလုပ်နေသည်။
"မစ္စတာအရိုးမိစ္ဆာ၊ ကျုပ် ဘာများ ကူညီပေးရမလဲ" အခြားတစ်ဖက်မှ ရင့်ကျက်၍ တည်ငြိမ်နေသော အသံ ထွက်ပေါ်လာသည်။
အရိုးမိစ္ဆာက ရယ်မောလိုက်သည်။
“အခုတလော စီးပွားရေးက ဘယ်လိုလဲ ချားလီ”
"အခုတလော အခြေအနေ မကောင်းပါဘူး။ စီးပွားရေးက တော်တော်ဆိုတာ၊ လူချမ်းသာတွေက အခု ကိုယ်ပိုင်ဂျက်လေယာဉ်တွေ မှာစီးတာထက် လေယာဉ်ကို ပထမတန်းက စီးရတာကို ပိုကြိုက်ကြတာ ဗျ" ချားလ်စ်က စတင် ညည်းညူလိုက်သည်။
အရိုးမိစ္ဆာနှင့် ဖုန်းပြောနေသော ချားလ်စ်သည် အမေရိကန်နိုင်ငံရှိ ထိပ်တန်း လေယာဉ်ထုတ်လုပ်သူဖြစ်သည်။ သို့သော် သူသည် စီးပွားရေးလေယာဉ်များသာမကဘဲ ကိုယ်ပိုင်ဂျက်လေယာဉ်များသာ ပြုလုပ်ခဲ့သည်။ သူသည် ပြီးခဲ့သောနှစ်များတွင် စီးပွားရေးအခြေအနေ မြင့်တတ်လာသောကြောင့် ချမ်းသာလာခဲ့သူဖြစ်သည်။ ထို့ကြောင့် အရိုးမိစ္ဆာသည် ဤစကားကိုကြားသောအခါ ရယ်မောလိုက်သည်။
"အင်းပါ၊ မင်း အခု ငွေမရှာရင်တောင် မင်းအရင်က ရထားတဲ့ငွေတွေနဲ့ဆိုရင်ပဲ ဆယ်သက်လောက် လုံလောက်နေပါပြီ"
ချားလ်စ်သည် အလွန်ထက်မြက်သော စီးပွားရေးသမားဖြစ်၍ အရိုးမိစ္ဆာသည် ငွေချေးတော့မည်ဟု တွေးထင်မိသောကြောင့် ဆင်းရဲမွဲတေကြောင်း အလျင်စလို လျှောက်ထားလိုက်ခြင်းဖြစ်သည်။
သူ၏စိတ်ထဲတွင် ဒုစရိုက်မြို့တော်မှ အရိုးကောက်သိမ်းသူသည် ယခုအခါ တရားဝင်လမ်းကြောင်းကို စတင်နေပြီဖြစ်သော်လည်း ငွေချေးရန် ဖွင့်ဟလိုက်လျှင် ပြန်ရဖို့မျှော်လင့်ချက်မရှိသော ဘဏ်ဓားပြတိုက်သွားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ အရိုးမိစ္ဆာသည် အခြေအနေကို သိသာထင်ရှားစွာ ပြောနိုင်သောကြောင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"တော်လောက်ပြီ၊ ငါပိုက်ဆံချေးဖို့ ခေါ်တာ မဟုတ်ပါဘူး၊ အဲ့ဒီ့အစား မင်းအတွက် စီးပွားကြီး တစ်ခုပေးမလို့ကွ။ မင်း စိတ်ဝင်စားလား စိတ်မဝင်စားဘူးလား"
"စီးပွားကြီး တစ်ခုတဲ့လား" ချားလ်စ်က စိတ်ဝင်တစားဖြစ်နေသော အရိပ်အမြွက်ပြသလာသည်။
“ဟုတ်တယ်၊ ဟွာရှားက စီးပွားကြီးပဲ”
"ဟွာရှားကတဲ့လား။ နောက်ပါနဲ့ဗျာ။ လူချမ်းသာတွေက ရွက်လှေဝယ်ဖို့ ပိုပြီး စိတ်အားထက်သန်ကြတာ၊ တစ်ချို့ဆို ကိုယ်ပိုင်လေယာဉ်တွေသွားကြတာ။ တကယ်လို့ ဝယ်ဖြစ်ရင်တောင် အလှပြဖို့အတွက် ခေတ်မမီတော့တဲ့ မော်ဒယ်တချို့ပဲ ဝယ်ကြတာ" ချားလ်စ်က အရေးမထားဟန်ဖြင့် ပြောလိုက်သည်။
"ဒီတစ်ခေါက်က မတူဘူး။ ငါ့ သူဌေးက ကိုယ်ပိုင်ဂျက်လေယာဉ်ငါးစင်း ဝယ်ချင်နေတယ်၊ ပြီးတော့ အမြင့်ဆုံး သတ်မှတ်ချက်နဲ့ နောက်ဆုံးမော်ဒယ် တွေပဲဖြစ်ရမယ်" အရိုးမိစ္ဆာက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဘာ၊ ဂျက်လေယာဉ်ငါးစင်း" ကော်ဖီကို စိမ်ပြေနပြေ သောက်နေသော ချားလ်စ်က အံ့သြတကြီး ထရပ်လိုက်ရာ၊ သူ၏ ခန္ဓာကိုယ်ပေါ်ပင် ဖိတ်စင်သွားလေသည်။
သို့သော် ဒေါ်လာသောင်းချီတန်သည့် စိတ်ကြိုက်ချုပ်လုပ်ထားသော ဝတ်စုံကိုပင် သူ ဂရုမစိုက်နိုင်ဘဲ သူ၏မျက်လုံးများ လောဘစိတ်ဖြင့် တောက်ပလာ၍ လေးလံသောအသံဖြင့် ပြောလိုက်သည်။
"အရိုးမိစ္ဆာ၊ မင်း တကယ်ပြောနေတာလား"
"တကယ်ပေါ့၊ ဒါပေမယ့် အခြေအနေတစ်ခုတော့ ရှိတယ်"
"ကျေးဇူးပြုပြီး ဆက်ပြောပါ" ချားလ်စ်သည် ချက်ချင်းပင် သူ၏မှတ်စုစာအုပ်ကိုဖွင့်၍ အာရုံစိုက် နားထောင်လိုက်သည်။
ဤသည်မှာ ဂျက်လေယာဉ်ငါးစင်းမျှ မှာယူမှုဖြစ်သည်။
သူ၏စီးပွားရေး ကောင်းမွန်နေသည့် အခြေအနေမျိုး၌ တစ်နှစ်လျှင် ဂျက်လေယာဉ် ခုနစ်စင်း ရှစ်စင်းမျှသာ ရောင်းချနိုင်ခဲ့ရာ၊ ဤမှာယူမှုတစ်ခုတည်းက သူ့ကို သုံးနှစ်စာမျှ ကျွေးမွေးရန် လုံလောက်နေပြီဖြစ်သည်။
“ငါ့သူဌေးက ဂျက်လေယာဉ်တွေကို ငါးရက်အတွင်း ဟွာရှားကို ပို့ပေးဖို့ တောင်းဆိုထားတယ်” အရိုးမိစ္ဆာက တည်ငြိမ်စွာ ပြောလိုက်သည်။
ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော ချားလ်စ်က အနည်းငယ် တောင်းတင်းသွားခဲ့ရာ၊ အချိန်အတော်အတန်ကြာပြီးနောက် ဒေါသတကြီး ထပြောလိုက်သည်။
"အရိုးမိစ္ဆာ၊ အခုပြောနေတာ ကိုယ်ပိုင်ဂျက်လေယာဉ်ငါးစင်းနော် အာလူးငါးလုံးမဟုတ်ဘူး။ ငါးရက်အတွင်း ဟွာရှားကို ပို့ရမယ်ဆိုတော့ ဒါက ဟာသလား"
အရိုးမိစ္ဆာသည် ထိုသို့သော တုံ့ပြန်မှုကို မျှော်လင့်ထားပုံဖြင့် ဖုန်းကို နားရွက်နှင့် အနည်းငယ်ရွှေ့ကာ ချားလ်စ်၏ ကြိမ်းမောင်းမှုကို စောင့်ဆိုင်းပြီးနောက် ပြန်ဖြေလိုက်သည်။
"ချားလ်စ်၊ ငါ့သူဌေးက ဒီတာဝန်ကို ပေးပြီးကတည်းက ငါတခြားဘယ်သူနဲ့မှ မဆက်သွယ်ဘဲ မင်းကို ငါ ပထမဆုံးခေါ်လိုက်တာနော်"
“ကောင်းပါပြီ၊ အဲ့ဒီ့အတွက် ငါ မင်းကို ကျေးဇူးတင်ပါတယ် သူငယ်ချင်း” ချားလ်စ်က ရွဲ့စောင်း၍ ပြောပြီးနောက် ဖုန်းချရန် အဆင်သင့်ဖြစ်နေဟန်ရှိသည်။
သို့သော် အရိုးမိစ္ဆာ ဆက်ပြောခဲ့သောစကားများက သူ့ကို ခေတ္တရပ်တန့်သွားစေသည်။
"ငါ့သူဌေးက ငါးရက်အတွင်း ပို့ပေးရင် စျေးကို သုံးဆယ်ရာခိုင်နှုန်း တိုးပေးလိမ့်မယ်၊ တစ်ရက် စောစော ပို့ပေးနိုင်ရင် စျေးက နှစ်ဆဖြစ်သွားမယ်"
မှော်အတတ်တစ်မျိုး ပါဝင်နေပုံရသော အရိုးမိစ္ဆာ၏စကားများသည် ချားလီသည် သူ၏အမြင်အာရုံတွင် US ငွေကြေးအမြောက်အမြားဖြင့် ပြည့်နှက်သွားစေသည်။
"ကံမကောင်းစွာနဲ့ပဲ၊ အခုကြည့်ရတာတော့ ချစ်လှစွာသော ချားလ်စ်က ဒီစီးပွားရေးကို မကြိုက်ဘူးထင်ပါတယ်၊ ဒါဆိုရင်လည်း ငါ တခြားတစ်ယောက်ယောက်ကို ရှာရတော့မှာပေါ့။ တခြားစိတ်ဝင်စားတဲ့သူတွေ သေချာပေါက်ရှိမယ်လို့တော့ ငါ ထင်ပါတယ်" အရိုးမိစ္ဆာက ဘာသိဘာသာ ပြောလိုက်သည်။
အခန်း(၃၄၂) ငွေဖြင့်ဖြေရှင်းနိုင်လျှင် ပြဿနာမဟုတ်ပါ
“အရိုးမိစ္ဆာ မင်းပြောသမျှမှန်တယ်ဆိုတာ သေချာရဲ့လား၊ လေယာဉ်ငါးစီးအတွက် ပိုက်ဆံက နည်းနည်းလေးမှမဟုတ်တာ…”
အရိုးမိစ္ဆာက ခပ်ဖျော့ဖျော့ပြုံး၍ပြော၏။
“ကောင်းကင်ကံကြမ္မာ”ဆိုတာကို ကြားဖူးလား”
“အိုမင်းရင့်ရော်မှုကို တွန်းလှန်နိုင်တဲ့ ဟွာရှားက အံ့ဖွယ်ဆေးရည်လား”
"အတိအကျပြောရရင် ကောင်းကင်ကံကြမ္မာအတွက် ဖော်မြူလာက ငါ့သခင်လက်ထဲမှာ ရှိတယ်"
ချားလ်စ်က ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။
မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာ သူဌေးကြီးများကို ရူးသွပ်စေသော ကောင်းကင်ကံကြမ္မာကို အရိုးမိစ္ဆာ၏သခင်က အမှန်တကယ် တီထွင်ခဲ့ပါသလား။
ထိုသို့ဖြစ်ခြင်းကြောင့် ကိုယ်ပိုင်ဂျက်လေယာဉ်ငါးစင်းကို မဆိုထားနှင့် လေယာဉ်တင်သင်္ဘောတစ်စီးကို ဝယ်ယူခြင်းသည်ပင် တတ်နိုင်သည်ထက် လျော့နည်းနေလိမ့်မည်ဖြစ်သည်။
"ကဲ ကျေးဇူးပြုပြီး တိကျတဲ့ အဖြေတစ်ခု ပေးပါ။ ငါးရက်အတွင်း ပို့ပေးဖို့ ဖြစ်နိုင်လား မဖြစ်ဘူးလား"
ချားလ်စ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ပြော၏။
“ကောင်းပြီ၊ ငါးရက်”
ပိုက်ဆံကြောင့် ချားလ်စ်က အပြင်ထွက်ရန် ပြင်လိုက်သည်။
ဤသည်ကိုကြားသောအခါ အရိုးမိစ္ဆာက မထိန်းနိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်၏။
ငွေရှိသူကို ဖိနှိပ်နိုင်ခြင်းသည် အကြမ်းဖက်မှုနှင့် သွေးထွက်သံယိုဖြစ်စေခြင်းထက် ၎င်းတို့အား လက်အောက်ခံဖြစ်စေရန် ကျေနပ်စဖွယ်ဖြစ်ရသည်ြ အောင်မြင်မှုတစ်ခုဖြစ်ကြောင်း သူနောက်ဆုံးတွင် သဘောပေါက်ခဲ့သည်။ ဥပမာအားဖြင့်၊ သူသည် ချားလ်စ်ကို ကိုဒူးထောက်ကာ 'Twinkle, Twinkle, Little Star' သီချင်းဆိုခိုင်းလျှင်ပင် သူက မဆိုင်းမတွလုပ်လိမ့်မည်။
"ကောင်းလိုက်တာ၊ ဒါပေမယ့် ချစ်ရတဲ့ချားလ်စ် ငါ့သခင်ရဲ့ ဒေါသကိုလည်း နားလည်ရမယ်။ ငါးရက်အတွင်း ဟွာရှားမှာ လေယာဉ်ငါးစီး မတွေ့ရရင် အကျိုးဆက်ကို မင်းသိမှာပါ၊ ငါ့တပည့်တွေကလည်း မင်းကို နှုတ်ဆက်ဖို့ စိတ်အားထက်သန်ကြလိမ့်မယ်"
ချားလ်စ်၏မျက်နှာသည် အနည်းငယ်ဖျော့သွားသော်လည်း သူက အံကိုတင်းတင်းကြိတ်၍ ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ငါငွေတော့ ကြိုလိုလိမ့်မယ်..."
"ငါ့ကို အကောင့်ပို့ပေးပါ၊ သုံးဆယ်ရာခိုင်နှုန်းကို အခုလွှဲပေးမယ်" အရိုးမိစ္ဆာသည် ချားလ်စ်၏စကားကို အဆုံးထိမစောင့်ဘဲ စိတ်မရှည်စွာ ပြောလိုက်သည်။
သဘောတူညီချက်ကို အပြီးသတ်ပြီးနောက် ချားလ်စ်သည် ဖုန်းကိုပိတ်လိုက်ကာ သူ့မျက်နှာမှ ချွေးစေးများကိုသုတ်လိုက်သည်။ ထိုအချိန်တွင် သူ၏ အတွင်းရေးမှုးက သူ့ကို အံသြစွာ စိုက်ကြည့်နေသည်။
စကားဝိုင်းတစ်ခုလုံးကို သူမကြားလိုက်ရသည်။
"မစ္စတာချားလ်စ် ရှင် ရူးသွားပြီလား။ ငါးရက်အတွင်း ဟွာရှားကို ပို့ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အချိန်တိုတိုအတွင်းမှာ လေယာဉ်တွေအတွက် ပုံကြမ်းတွေတောင် မဆွဲနိုင်ဘူး။"
ချားလ်စ်က ကုလားထိုင်ကို မတ်တတ်ပြန်လှန်လိုက်သည်။ "အခုချက်ချင်းလုပ်ရမယ်လို့ ဘယ်သူပြောလဲ"
"ဟင်"
“ပေါပြမယ် ပုံမှန်ထက် ဆယ်ရာခိုင်နှုန်းပိုတဲ့ စျေးနှုန်းနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ် အသစ်စက်စက်ငါးစင်း ဝယ်ချင်တယ်”
“ဟုတ်” အတွင်းရေးမှုးက တုန်လှုပ်သွားပြီး နောက်ဆုံးတွင် ချားလ်စ်၏ ရည်ရွယ်ချက်များကို နားလည်သွားသည်။
အရိုးမိစ္ဆာက ရွှယ်အန်းအား စေ့စပ်ညှိနှိုင်းမှု ရလဒ်ကို သတင်းပို့သောအခါ နားထောင်နေသော ချင်းယွီသည် မျက်လုံးပြူးရုံမှ မတတ်နိုင်ပေ။ အမှန်စင်စစ် အကယ်၍ ၎င်းတို့သည် ကိုယ်ပိုင်ဂျက်လေယာဉ်ငါးစင်းကို အမှန်တကယ် ဝယ်ယူနိုင်ခဲ့ပါက ဖြတ်သန်းသွားလာမှုနှင့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
သို့သော် ဤ ဖြေရှင်းချက်က အမှန်ပင်...ကြမ်းတမ်းကာ ရိုးရှင်းလှသည်။ ထို့အပြင် ငါးရက်အတွင်း ကိုယ်ပိုင်ဂျက်လေယာဉ်ငါးစင်း ဝယ်ယူခြင်းသည် စိတ်ကူးယဉ်မှုတစ်ခုဖြစ်သည်။
ချင်းယွီ၏စိုးရိမ်မှုကို သတိပြုမိပြီးနောက် အရိုးမိစ္ဆာက ရယ်မောလိုက်သည်။
"မိန်းကလေးချင်း စိတ်ချပါ၊ ဒီအရင်းရှင်တွေကို ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်။ အမြတ်ငွေရှိနေရင် လေယာဉ်ငါးစင်းမပြောနဲ့ သူတို့ကို ချိတ်ထားဖို့ ကြိုးတောင် ရောင်းလောက်တယ်”
ချင်းယွီက ခေါင်းညိတ်လိုက်သည်။ သို့သော် ရွှယ်အန်းသည် ထူးမခြားနားသော အမူအရာဖြင့်သာရှိနေသည်။ လေယာဉ်များ အချိန်မီ ရောက်မလာလျှင်ပင် သူသည် ဓားချီဖြင့် လူတိုင်းကို ကျုံးတုသို့ ပျံသန်းစေနိုင်သည်။
ထိုသို့သော လုပ်ရပ်သည် အံ့ဩထိတ်လန့်ဖွယ် သမားရိုးကျမဟုတ်သည့်ပုံပေါ်နေမည်သာဖြစ်သည်။
ရိုးရှင်းလွန်း၍ ရက်စက်လွန်းသောကြောင့်သာ…။
ရွှယ်အန်း၏အမြင်တွင် ငွေဖြင့်ဖြေရှင်းနိုင်သော မည်သည့်ပြဿနာမဆို ရိုးရှင်းသောပြဿနာများဖြစ်သည်။ ထို့ပြင် သူ့အတွက် လောကီစည်းစိမ်ဥစ္စာသည် လုံးဝ အသုံးမဝင်ပေ။ ထို့ကြောင့် ဖြုန်းခြင်းသည် ဘာမှမဟုတ်သည့်အလား ခံစားရသည်။
သို့သော် အောက်ဖော်ပြပါပြဿနာသည် ၎င်းကို ပိုက်ဆံပေးရုံဖြင့် မဖြေရှင်းနိုင်ပေ။ ရှားပါးပါဝင်ပစ္စည်းများ အမြောက်အမြားကို သူ မည်သို့ရရှိနိုင်မည်နည်း။ ရွှယ်အန်းသည် ကြက်ခြေထောက်ကိုက်လျက် ပြုံးနေသော သူ့ဘေးနားရှိ ရှောင်ရှကို ကြည့်လိုက်သည်။
‘ကြက်ကင်တွေ အများကြီးစားပြီးရင် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရောက်ပါပြီ’
သူသည် ရှေ့သို့ လှမ်းတက်ကာ ရှောင်ရှကို ကိုင်၍ ချင်းယွီကို ပြောလိုက်သည်။
"ငါ ချက်ချင်း ပြန်လာခဲ့မယ်"
ဤသို့ဖြင့် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျောက်ကွယ်သွားခဲ့သည်။
"လူကြီးမင်းက ဘာလုပ်မလို့လည်း" ချင်းယွီ အနည်းငယ် ထိတ်လန့်သွားသည်။
အရိုးမိစ္ဆာက ရယ်မောလိုက်သည်။
“နတ်ဘုရားတွေရဲ့ လုပ်ရပ်တွေကို ဘယ်တော့မှ မှန်းဆဖို့ ဘယ်တော့မှ စိတ်မ၀င်စားဘူး ဘာဖြစ်လို့လဲဆိုတော့ နတ်ဘုရားတစ်ပါးရဲ့ လုပ်ရပ်ကို လူတွေက ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး”
ကျယ်ပြောလှ၍ အကန့်အသတ်မဲ့သော ပင်လယ်ပြင်ထက်တွင် အလင်းတန်းတစ်ခု ရုတ်တရက်ပေါ်လာသည်။ ရွှယ်အန်းပျံသန်းနေစဉ်တွင် သူသည် သူ၏ နတ်အာရုံကို အသုံးပြု၍ အောက်ပင်လယ်ကို ရှာဖွေခဲ့သည်။
သို့သော် ရလဒ်ကြောင့် ရွှယ်အန်းက မသိမသာ မျက်မှောင်ကြုတ်ပစ်လိုက်သည်။ ကမ်းနီးဒေသများတွင် လေထုညစ်ညမ်းမှုနှင့် ငါးအလွန်အကျွံဖမ်းဆီးမှုများကြောင့် ငါးနှင့်ပုစွန်များ လုံးဝနီးပါးမရှိပေ။ ထို့ကြောင့် ရွှယ်အန်းသည် ပင်လယ်ထဲသို့ နက်ရှိုင်းစွာ ပျံသန်းရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
ဆိတ်ညံသောပင်လယ်၌ လှေသမားလောင်ပိုင်သည် သူ့ငါးဖမ်းပိုက်ကို သတိကြီးကြီးထားကာ ယနေ့ဖမ်းမိရန် တိတ်တဆိတ် ဆုတောင်းနေသည်။ မဟုတ်ပါက ဤစွန့်စားမှုသည် အချည်းနှီးဖြစ်လိမ့်မည်။ သူရောက်နေသော ပင်လယ်ပြင်သည် ကမ်းရိုးတန်းတံငါသည်များ ကြောက်ရွံ့ထိတ်လန့်နေသည့် နေရာတစ်ခုဖြစ်သည်။ နှစ်စဉ် မရေမတွက်နိုင်သော မတော်တဆမှုများ ဖြစ်ပွါးခဲ့ကာ သင်္ဘောများ မကြာခဏ ပျက်စီး၍ အသက်ဆုံးရှုံးခဲ့ရသည်။
အချိန်ကြာလာသည်နှင့်အမျှ ဤရေကြောင်းလမ်းကို စွန့်ပစ်ခဲ့သည်။ ဤနေရာတွင် ငါးဖမ်းရန် ရဲရင့်သော တံငါသည်များစွာ ရှိသေးသော်လည်း လွတ်မြောက်နိုင်သူများပင်လျှင် ဒဏ်ရာများ ရခဲ့ကြသည်။
၎င်းတို့၏ ဖော်ပြချက်များအရ ကောင်းကင်သည် တစ်စက္ကန့်အတွင်း ကြည်လင်လာမည်ဖြစ်ကာ ရုတ်တရက် လေပြင်းများ တက်လာ၍ ကြီးမားသော လှိုင်းလုံးကြီးများ အတွင်းမှ ကြီးမားသော ရေဘဝဲများကို ခပ်ဝါးဝါးမြင်နိုင်မည်ဖြစ်သည်။
ထိုကဲ့သို့သော မှတ်တမ်းများသည် ၎င်းတို့ကြားရသူများ၏ နှလုံးသားကို ပိုမိုအေးစက်စေခဲ့သဖြင့် ထိုအချိန်မှစ၍ ဤနေရာတွင် ငါးမျှားဝံ့ခြင်းမရှိတော့ပေ။ လောင်ပိုင်သည် ပင်လယ်ထဲ ရက်အတန်ကြာသွားနေသည့်တိုင် ငါးဖမ်းမရခဲ့ခြင်းကြောင့် မဟုတ်ပါက ဤနေရာအထိလာ၍ အန္တရာယ်ရှိသော လုပ်ရပ်မျိုးကို လုပ်လိမ့်မည်မဟုတ်ပေ။
ဘုရားသခင်နဲ့ နဂါးမင်းကြီးက ကျွန်တော့်က်ု စောင့်ရှောက်ပါစေ၊ ဘာမှမဖြစ်ပါစေနဲ့။
ရုတ်တရက် သူ၏ ဆုတောင်းသံများကို ကြားလိုက်ရသည့်အလား ကောင်းကင်ကြီး မည်းမှောင်လာကာ မုန်တိုင်းတစ်ခု ပေါ်လာ၏။ ငြိမ်သက်နေသောပင်လယ်က ပွက်ပွက်ဆူလာသည်။ လောင်ပိုင်သည် မြင်နေရသောအရာကြောင့် ကြောက်လန့်သွားကာ ငါးဖမ်းလှေကို ခုတ်မောင်းရန် ကြိုးစားခဲ့သည်။
ပင်လယ်အောက်မှ ရှည်လျားသော ရေဘဝဲကြီးတစ်ကောင် ရုတ်တရက် ဆန့်ထွက်ကာ လောင်ပိုင်၏ ငါးဖမ်းလှေဆီသို့ ဦးတည်သွားသည်။ လောင်ပိုင်သည် ထိတ်လန့်တကြားအော်ကာ မျက်လုံးမှိတ်လျက် ဤသည်မှာ အဆုံးသတ်ဖြစ်၍ သူသည် ပင်လယ်ပြင်တွင် မြှုပ်နှံခံရမည်မှာ သေချာသည်ဟု မြည်တမ်းခဲ့သည်။ သို့သော် ထိုအချိန်တွင် အံ့အားသင့်ဖွယ် အသံတစ်ခုကို ကြားလိုက်ရသည်။
"အင်း၊ တကယ် ရေဘဝဲသားရဲတစ်ကောင်ရှိနေတာပဲ"
လောင်ပိုင်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ကာ သူ့တစ်သက်တွင် ဘယ်သောအခါမှမေ့နိုင်တာ့မည်မဟုတ်သော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ လေထုအလယ်၌ ရပ်နေသော လူတစ်ယောက်က လက်တစ်ဖက်ဖြင့် ခွေးတစ်ကောင်ကိုကိုင်ထားသည်ကို မြင်လိုက်ရသည်။
"အင်မော်တယ်" လောင်ပိုင်၏ ဗလာကျင်းသော စိတ်ထဲတွင် စကားလုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။
တစ်ချိန်တည်းတွင် ရွှယ်အန်းသည် မျက်နှာပြင်အောက်ရှိ ရေဘဝဲသားရဲကို သူ၏ နတ်အာရုံဖြင့် စိတ်ဝင်တစား အကဲဖြတ်နေသည်။
"ဒါက တကယ့်တောရိုင်းတစ်ကောင်ပဲ။ အနှစ်သုံးရာလောက် အသက်ရှည်နေတာ တကယ့်ကို ရှားတယ်"
ကြီးမားသောအန္တရာယ်ကိုခံစားရပြီးနောက် ရေဘဝဲသားရဲသည် အရူးအမူးရုန်းကန်ကာ လွတ်မြောက်ရန်ကြိုးစားသည်။
"ရှားရှားပါးပါး စားစရာတွေလိုနေတာ ခုတော့ စိတ်ပူစရာ မလိုတော့ဘူး"
ရွှယ်အန်းက ဤသို့ပြောလျက် နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုပေါ်လာကာ ရုတ်တရက် လက်မောင်းကို ဆန့်တန်းလိုက်သည်။
ရေဘဝဲနဂါးကြီးကို ရွှယ်အန်းက ပင်လယ်ပြင်မှ အတင်းဆွဲထုတ်လိုက်၏။