← Chapters

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း(၃၄၆) လက်ထပ်ဖို့အဆင်သင့်ဖြစ်ပြီ

အန်းယန်က ဖုန်းချိုင်ယီကိုယ်တိုင်ချုပ်လုပ်ထားသော တရုတ်ရိုးရာသတို့သမီးဝတ်စုံကို ဝတ်ဆင်၍ ထွက်ခွာလာချိန်တွင် အမျိုးသမီးအုပ်စုက သူမကို လေးနက်သော မျက်လုံးများဖြင့် ဆန်းစစ်ကြည့်ကာ အားလုံးကျေနပ်စွာ ခေါင်းညိတ်လိုက်ကြသည်။ ဦးဆောင်သူ အမျိုးသမီးပင်လျှင် အနည်းငယ်တုန်လှုပ်သွားသည်။

"ဒီသတို့သမီးဝတ်စုံက ဖုန်းချိုင်ယီရဲ့လက်ရာလားလို့ ရဲရဲတင်းတင်း မေးခွင့်ရှိမလား"

အန်းယန်က ခေါင်းညိတ်သည်။

"ဟုတ်မဟုတ်တော့ မသိပေမယ့် လူတွေက သူ့ကို သခင်ဖုန်းလို့ ခေါ်ကြတယ်"

အမျိုးသမီးက ပြုံးလိုက်သည်။

“တစ်ကမ္ဘာလုံးမှာ ဒီလိုလက်ရာမျိုးချုပ်နိုင်တာ သူတစ်ယောက်တည်းရှိတယ်လို့ တစ်ချက်တည်းကြည့်ရုံနဲ့ပြောနိုင်တယ်”

“မိန်ကလေးအန်း၊ မင်းရဲ့ စိတ်နေစိတ်ထားနဲ့ အသွင်အပြင်က ကျွန်မမြင်ဖူးသမျှထဲမှာ အမွန်မြတ်ဆုံးပဲ၊ ဒါပေမယ့် ဒီမင်္ဂလာပွဲက အိမ်ထောင်‌ရေးကိစ္စမို့ အရေးကြီးတာကြောင့် မင်း ပိုပြီး ဒီထက် လှပကျော့ရှင်းနိုင်ဦးမယ်လို့ ကျွန်မထင်တယ်”

“ဥပမာ ဒီလိုမျိုး တရုတ်ရိုးရာ သတို့သမီးဝတ်စုံကို ဝတ်တဲ့အခါ၊ မင်းလမ်းလျှောက်တဲ့ပုံစံက အနောက်တိုင်း မင်္ဂလာဝတ်စုံဝတ်တာနဲ့ မတူသင့်ဘူး"

ဤသို့ပြော၍ အမျိုးသမီးက အန်းယန်အတွက် သရုပ်ပြခဲ့သည်။ အန်းယန်သည် ယင်းကိုကြည့်၍ ချက်ချင်း လိုက်လုပ်ရာ ချက်ချင်းဆိုသကဲ့သို့ပင် သူမနှင့်ပတ်သက်၍ မတူညီကွဲပြားသော အသွင်အပြင်တစ်ခု ထွက်ပေါ်လာသည်။ အန်းယန်၏ လိုက်လျောညီထွေဖြစ်အောင်စွမ်းဆောင်နိုင်စွမ်းကိုကြည့်၍ အံ့အားသင့်နေသော ထိုအမျိုးသမီး၏ မျက်လုံးများ တောက်ပလာသည်။

ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမသည် ကျက်သရေ ခုနှစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ တက်အောင် ပြုလုပ်နိုင်ခဲ့သည်။

"မိန်ကလေးအန်း၊ မင်းအဖိုးတန်တဲ့ အရည်အချင်းတွေ ဘယ်လောက်တောင် ဖြုန်းတီးနေတယ်ဆိုတာ မင်းသဘောပေါက်လား။ ကျွန်မသာ စောစောကတွေ့ဖူးရင် မင်းကို ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံးနဲ့ အကျော့မော့ဆုံး အကသမားဖြစ်အောင် လေ့ကျင့်ပေးလိုက်မှာ" အမျိုးသမီးက ပြော၏။

အန်းယန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။

“နောက်နှစ်ရက်အတွင်းမှာ ကျွန်မ မင်းအတွက် အကုန်လုံးကို ဒီဇိုင်းဆွဲပေးမယ်။ မင်းသာ အကလေ့ကျင့်ဖို့ ဆန္ဒရှိရင် ကျွန်မ သင်ပေးချင်တယ်” အမျိုးသမီးက အနည်းငယ် ဝန်လေးစွာပြောသည်။

အန်းယန်က ခေါင်းကို ညင်သာစွာခါလိုက်၏။

“မလိုပါဘူး။ ကျွန်မယောက်ျားက သဘောတူမှာမဟုတ်ဘူးရယ်”

အန်းယန်က သူမ ခင်ပွန်းဖြစ်သူအကြောင်း ပြောလာသည်နှင့် အမျိုးသမီးက ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်သည်။

‘တကယ်ပါပဲ’

‘အဲ့လူရဲ့ မိန်းမက ဘာကြောင့်စင်ပေါ်တက်ကရမှာလဲ’

အန်းယန်က သူမ မည်သူမည်ဝါဖြစ်ကြောင်း မသိသေးသော်လည်း သူမ၏ အပြုအမူများနှင့် အမူအရာများကိုကြည့်၍ သာမန်လူမဟုတ်ကြောင်း သိလိုက်သည်။ ထိုအချိန်၌ အန်းချင်က ဝင်လာ၏။

“အဲ့အမျိုးသမီးက ကောလဟာလတွေမှာ အမြဲကြားရတဲံ အဘိုးကြီးချန်ရဲ့ ဒဏ္ဍာရီလာ လူယုံတစ်ယောက်ပဲ။ တစ်ချိန်က သူက ဂုဏ်ကျက်သရေအမြင့်ဆုံး အကသမားဘွဲ့ကို ရခဲ့ဖူးတယ်။ နာမည်က ထိုက်ယွီကျင်းတဲ့”

အန်းယန်က ဤသည်ကို ကြားသောအခါ မူလက ထိတ်လန့်သွားပြီးနောက် ရယ်မောလိုက်သည်။

ကျုံးတုတွင် ချန်ရှို့ဟဲနှင့် ထိုက်ယွီကျင်းအကြောင်း ကောလဟာလများစွာရှိခဲ့သည်။

ခုတော့… ကောလဟာလတွေက မှန်ကောင်းမှန်နိုင်သလိုပဲ။

နောက်နှစ်ရက်အကြာ။

အန်းယန်သည် မှန်ရှေ့တွင် ရပ်နေကာ ထိုနေရာတွင် ရောင်ပြန်ဟပ်နေသည့် အနှိုင်းမဲ့လှပသော မိန်းကလေးကို ငေးကြည့်လျက် အနည်းငယ် မှင်တက်သွားသည်။ ထိုက်ယွီကျင်းသည် ဘေးမှကြည့်ကာ အံ့အားသင့်မှုအပြည့်ဖြင့် သူမ၏မျက်နှာကိုကြည့်နေသည်။ နှစ်ရက်ကြာ စာချုပ်တွင် ထိုက်ယွီကျင်းသည် အန်းယန်၏ နားလည်နိုင်စွမ်းကို အလွန်သဘောကျခဲ့သည်။ အန်းယန်ဟာ လှုပ်ရှားမှုတိုင်းနီးပါးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။ ထို့ကြောင့် နှစ်ရက်အတွင်း ရင်သပ်ရှု့မောဖွယ် လှပသော အန်းယန်၏ အရှိန်အဝါနှင့် ဆွဲဆောင်မှုကျက်သရေတို့က ‌နောက်ထပ်အဆင့်တစ်ခုအထိတိုးလာသည်။

ထိုက်ယွီကျင်းကလည်း ဤကိစ္စကို အလွန်ကျေနပ်နေမိသည်။

တစ်သက်တာတွင် နှစ်ရက်တာ ထိုမိန်းကလေးအတွက် လမ်းညွှန်ပေးသူအဖြစ်နှင့် သူမ၏ပွင့်လန်းမှုကို မြင်ရခြင်းမှာ နှိုင်းယှဥ်ခြင်းထက် ကျော်လွန်သော အောင်မြင်မှုကို ပေးဆောင်သည်။

"မိန်းကလေးအန်း မိန်းမတွေဟာသူတို့ကို သဘောကျတဲ့ သူတွေ အတွက် ဝတ်ဆင်ကြတယ်။ လူကြီးမင်းရွှယ်လည်း မင်းကို လာခေါ်တဲ့အခါ အံ့သြသွားမှာသေချာတယ်” ထိုက်ယွီကျင်းက မှတ်ချက်ချသည်။

ထိုစကားကိုကြားသောအခါ အန်းယန်၏ မျက်နှာထက်၌ တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ထိုအပြုံး၏ ကျက်သရေရှိမှုသည် အခန်းတွင်းရှိလူတိုင်းကို တခဏအတွင်း အံ့အားသင့်သွားစေခဲ့သည်။

ထို့နောက်အန်းယန်သည် မှန်ထဲမှ ရောင်ပြန်ဟပ်နေသော သူမ၏ ပုံရိပ်ကို ဆက်လက်ကြည့်ကာ တိတ်တိတ်ဆိတ်ဆိတ် တွေးနေမိသည်၊

ယောက်ျား ကျွန်မ အဆင်သင့်ဖြစ်နေပြီ။ အိမ်ပြန်ဖို့ ဘယ်အချိန်လာခေါ်မှာလဲ။

ထိုအချိန်တွင် ပေကျင်း၌။ မနက်ဖြန်သည် ကျုံးတုသို့သွားရမည့်နေ့ဖြစ်သည်။

သို့သော် ယနေ့တွင် ကိုယ်ပိုင်လေယာဉ်၏ အရိပ်အနည်းငယ်မျှ မရှိပေ။ သေချာသည်ဟု အခိုင်အမာပြောနေခဲ့သော အရိုးမိစ္ဆာက နောက်ဆုံးတွင် စိတ်အေးလက်အေးမနေနိုင်တော့ဘဲ ချားလ်စ်ကို မနက်မှ ညထိ ဆက်တိုက်ခေါ်ခဲ့သည်။ သို့သော် ခြွင်းချက်မရှိဘဲ ခေါ်ဆိုမှုအားလုံးကို မဖြေဆိုခဲ့ပေ။ သို့သော် နေ့ခင်းဘက်ရောက်သည့်အခါ၌ အရိုးမိစ္ဆာက ဒေါတကြီးဖြင့် ဖုန်းကို ပေါက်ခွဲပစ်လိုက်၏။

“ချားလ်စ် မင်းက ငါ့ကို ဘယ်လို သတ္တိရှိရှိ လှည့်စားရဲတာလဲ။ ငါမင်းကို ကိုက်ဖြဲပစ်မယ်”

သို့သော် ယခုအချိန်မှ ဒေါသဖြစ်နေခြင်းက အသုံးမဝင်တော့ဘဲ ရွှယ်အန်းနှင့်သွားတွေ့ရန် မိမိကိုယ်မိမိသာ အားကိုးနိုင်တော့မည်ဖြစ်သည်။

“ဆရာ.. ဆရာ ချားလ်စ်က လေယာဥ်တွေမပို့ပေးသေးဘူး။ မနက်ဖြန်…” အရိုးမိစ္ဆာက ရွှယ်အန်း ပေါက်ကွဲမည်ကို စိုးရိမ်သောကြောင့် ကြောက်လန့်တကြား ပြောလိုက်သည်။

သို့သော် ရွှယ်အန်းက အံ့သြဖွယ်ကောင်းစွာဖြင့် အေးဆေးစွာပြော၏။

“စိတ်မပူနဲ့”

ရွှယ်အန်းက သူ့ကို အပြစ်မတင်ဘဲ နှစ်သိမ့်စကားများပင်ပြောခဲ့သည့်တိုင် အရိုးမိစ္စာ၏ နှလုံးသား၌ အပြစ်ရှိစိတ်များ ဒေါသများဖြင့် ပြည့်နှက်နေသေးသည်။

တစ်ချိန်က အမှောင်ထဲ၌ ပုန်းအောင်းနေသော အရိုးကောက်သူဟူသည့် အရိုးမိစ္ဆာသည် နောက်ဆုံး၌ သူ၏ ကြမ်းတမ်းသော ခြေသည်းများကို ပြသတော့မည်ဖြစ်သည်။ သခင်၏မင်္ဂလာပွဲပြီးသည်နှင့် သူသည် ချားလ်စ်ကို ဖမ်း၍ သူ့ခန္ဓာကိုယ်မှ အရိုးအားလုံးကို ဖြည်းညှင်းစွာ ဖြုတ်ယူပစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။

ညမိုးချုပ်သည့်တိုင် လေယာဥ်ပျံများ၏ အရိပ်အယောင်ကို မမြင်ရသေးပေ။ အရိုးမိစ္ဆာသည် ညစာစားရန်ပင် လုံးဝစိတ်ဓာတ်ကျလျက်ရှိသည်။ သူသည် သခင်ကို မျက်နှာပျက်စေမိပြီဟု ခံစားရသောကြောင့် မည်သူ့ကိုမျှ မျက်နှာမပြဝံ့တော့ပေ။

"သခင်၊ ကျွန်တော်တို့ အခုပဲ ကျုံးတုကို မောင်းသွားကြမလား” စိတ်ကြိုက်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချင်ယွမ်က မေးလိုက်သည်။

သူသည် မနက်ဖြန်တွင် သဘာဝအတိုင်း လိုက်သွားမည်ဖြစ်၍ ထို့ကြောင့် ယနေ့ည၌ နံပါတ်တစ်ရှန်ဗီလာတွင် စောင့်နေခဲ့သည်။ ယခု လေယာဥ်များ လာတော့မည်မဟုတ်ကြောင်းကို သိသောကြောင့် မေးလိုက်၏။

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

" မလိုပါဘူး ၊ လမ်းမှာ မောင်းရတာ အချိန်အရမ်းကြာလိမ့်မယ် ၊ ငါ့မှာ ကိုယ်ပိုင်လမ်းရှိတယ်"

“ကောင်းပါပြီ” ရွှယ်အန်း​ပြောနေသည်ကို မြင်သောကြောင့် ချင်းယွမ်က ခေါင်းသာ ညိတ်ပြလိုက်တော့သည်။

အခြားသူများ စိုးရိမ်နေကြစဥ် အဝေးမှ ရုတ်တရက် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။ အပြင်၌ စကားစမြည်‌ပြောနေသော သူများသည် မော့ကြည့်လျက် အံ့အားသင့်သွားကြသည်။

“အဲ့တာ… လေယာဥ်” လူတစ်ယောက်က အော်လိုက်သည်။

အိမ်ထဲ၌ စိတ်ညစ်နေသော အရိုးမိစ္ဆာက အပြင်ဘက်မှ အသံများကို ကြားလိုက်ရသောအခါ မူလက ဂရုမစိုက်သော်လည်း သေချာနားထောင်လိုက်သည်။

သူ့ခန္ဓာကိုယ်ကြီးတုန်လှုပ်သွားပြီးနောက် ပြတင်းပေါက်မှ ခုန်ဆင်းသွားခဲ့သည်။

သေချာသည်။

အသစ်စက်စက်ကိုယ်ပိုင်လေယာဥ်ငါးစင်း ကောင်းကင်ယံထက်၌ ပျံသန်းနေသည်။ လေယာဥ်များလာမည်ကိုသိသဖြင့် ယာယီလေယာဥ်ကွင်းကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

လေယာဉ်များဆင်းသက်ပြီးသည်နှင့် ချားလ်စ်က ခြေတစ်လှမ်းချလိုက်သောအခါ အရိုးမိစ္ဆာက သူ့ဆီသို့ ပြေးလာ၍ ခေါင်းကို လက်သီးဖြင့် ထိုးလိုက်သည်။

ထိုလက်သီးချက်ကြောင့် ချားလ်စ်သည် လဲကျလုနီးပါးဖြစ်၍ နှာခေါင်းမှ သွေးများ စီးကျလာသည်။

“ချားလ်စ် မင်းက ငါ့သခင်ရဲ့ ခမ်းနားတဲ့ ပွဲတော်ကို ဖျက်ဆီးလုနီးပါးဖြစ်တော့မလို့ မင်းနားလည်လား" အရိုးမိစ္ဆာက ရက်စက်သော လေသံဖြင့် ပြောလိုက်သည်။

ချားလ်စ်သည် ထိတ်လန့်တုန်လှုပ်လျက် မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း တောင်းပန်စကားဆိုကာ ပြုံးလိုက်သည်။

“တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ မင်း ငါရှင်းပြတာနားထောင်ပါဦး။ တကယ်တော့ မနေ့ကကတည်းက လေယာဥ်တွေအဆင်သင့်ရှိနေပါပြီ။ ဒါပေမယ့် မင်းတို့ နိုင်ငံဆီလာတဲ့လမ်းမှာ စစ်တပ်က ကြားဖြတ်ဖမ်းဆီးပြီးတော့ ဒီနေ့မွန်းလွဲပိုင်းကျမှ ပြန်လွှတ်ပေးခဲ့လို့”

ချားလ်စ်က စိတ်မကောင်းစွာဖြင့်ကြည့်နေ၏။

“စစ်တပ်ဟုတ်လား။ ငါ့သခင်နာမည်မပြောလိုက်ဘူးလား” အရိုးမိစ္ဆာက ဒေါသတကြီးမေးသည်။

“ငါပြောခဲ့တယ်။ ဒါပေမယ့် မပြောခဲ့တာ ပိုကောင်းမှာ။ ငါ့ကို လွှတ်ခါနီးမှာ ငါပြောလိုက်တော့ သူတို့က နောက်ထပ်တစ်ရက် ထပ်ချုပ်ထားလိုက်တာပဲ”

ဤသို့ပြော၍ သူနှလုံးခုန်သံများ မြန်ဆန်လာသည်။

အရိုးမိစ္ဆာ၏ ခေါ်ဆိုမှုကို လွန်ခဲ့သည့်ရက်အနည်းငယ်က လက်ခံရရှိပြီးစဥ်ကတည်းက သူသည် တစ်ရေးမျှ မအိပ်ဘဲ ရရှိနိုင်သမျှသော ကိုယ်ပိုင်လေယာဥ်များကို အရူးအမူးရှာဖွေခဲ့သည်။ ကံကောင်းစွာဖြင့် သူ တကယ်ပင် ယင်းတို့ကို စုဆောင်းနိုင်ခဲ့သည်။ ထို့ကြောင့် ဝမ်းသာလွန်းလှသဖြင့် ဟွာရှားသို့ ချက်ချင်းပြေးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အရိုးမိစ္ဆာက သူ တစ်နေ့စောရောက်ပါက သုံးဆယ်ရာခိုင်နှုန်းပိုပေးမည်ဟု ရှင်းလင်းစွာပြောထားသည်။

ဤသည်က သန်းဆယ်ဂဏန်းတန်သော ပမာဏပင်ဖြစ်၏။

သို့သော် မမျှော်လင့်ထားသည်မှာ ဟွာရှားထဲသို့ရောက်သည်နှင့် ကြားဖြတ်အဖမ်းခံရ၍ တစ်နေ့တာလုံး အလဟဿဖြစ်သွားမည်ဟူသည်ပင်ဖြစ်သည်။

"အိုး.. မင်းကို ဘယ်စစ်တပ်က ကြားဖြတ်တားတယ် မင်းသိလား" ရွှယ်အန်းက မသိမသာ မေးလိုက်သည်။

အခန်းတွင်း စာဖတ်ခြင်းတွင် အလွန်ကျွမ်းကျင်သော ချားလ်စ်က လေးစားစွာပြော၏။

"လေးစားရပါသော သခင်၊ ကျွန်တော်မျိုး ပြာပုံဘဝသို့ ပြောင်းလဲသွားလျှင်ပင် မှတ်မိနေပါမယ်။ ကျွန်တော်မျိုးကို ဖမ်းဆီးထားသူတွေကတော့ကျုံးဟွိုင်ရဲ့ ဝမ်မိသားစုပါပဲ”

ကျုံးဟွိုင်ရဲ့ ဝမ်မိသားစုဟုတ်လား။

ချင်းယွမ်နျင့်အခြားလူများအားလုံး အမူအရာ အနည်းငယ်ပြောင်းလဲသွားကြသည်။ ဤမိသားစုသည် သမိုင်းဝင် တပ်မိသားစုဖြစ်သည်။ သို့သော် ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။

“မင်း ကြိုးကြိုးစားစားလုပ်လာတာပဲ။ အမှားက မင်းအမှားမဟုတ်ပါဘူး။ မင်း သုံးဆယ်ရာခိုင်နှုန်းပိုရမှာပါ”

ချားလ်စ်သည် အလွန်ဝမ်းသာသွား၏။

"ကျေးဇူးတင်ပါတယ် ဆရာ"

အခန်း(၃၄၇) မင်္ဂလာဆောင်နေ့

အသစ်စက်စက် ကိုယ်ပိုင်ဂျက်လေယာဉ်ငါးစင်း တန်းစီ၍ ချားလ်စ်က ရွှယ်အန်းပါသော လေယာဉ်တစ်စင်း၏ ခရီးစဉ်အတွက် ဦးဆောင်သည်။

"အရှင်၊ ဒီလေယာဉ်ဟာ မူလက အရှေ့ပိုင်းဧကရာဇ်မိသားစုအတွက် ရည်ရွယ်တာဖြစ်လို့ တစ်ခုစီတိုင်းဟာ ဇိမ်ခံလေယာဥ်တွေပဲ။ ဥမမာဆိုရင် ဒါဆို ကိုယ်ပိုင်ရေကူးကန်တောင်ပါတယ်” ချားလ်စ်က စိတ်လှုပ်ရှားစွာ ရှင်းပြသည်။

ရွှယ်အန်းက လျစ်လျူရှုထားသော်လည်း ချင်းယွမ်နှင့် ၎င်းတို့နောက်မှ အခြားလူများ အားလုံး အံ့အားသင့်နေကြသည်။

မကြာသေးမီနှစ်များအတွင်း ဟွာရှားသည် ဇိမ်ခံပစ္စည်းနှင့်ပတ်သက်လာလျှင် အလွန်သာလွန်သည်ကိုမြင်ခဲ့ကြရသော်လည်း ၎င်းတို့သည် ပြည်ပတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော တော်ဝင်မိသားစုများနှင့် နှိုင်းယှဥ်၍ မရပေ။

"လူဆယ်ယောက်ပဲတင်နိုင်တဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေနဲ့ မတူဘဲ၊ တစ်ခုစီက ခရီးသည် သုံးဆယ်ကျော်အထိတင်နိုင်လို့ ဧည့်သည်တိုင်းအတွက် အရမ်းသက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်တယ်"

ချားလ်စ်က ဤသို့ကြွားဝါပြောနေသော်လည်း အမူအရာကင်းမဲ့နေသော ရွှယ်အန်း၏ မျက်နှာကို မြင်လိုက်ရသဖြင့် စိတ်ထဲ၌ အနည်းငယ် တုန်လှုပ်သွားရသည်။ ထို့ကြောင့်တစ်ချက်ကြည့်၍ ရယ်မောလိုက်သည်။

"ဟုတ်ပါတယ်၊ ဒါတွေအားလုံးက ဆရာကြီးရဲ့မျက်လုံးထဲမှာ သိပ်ပြီးအထင်ကြီးစရာမကောင်းပေမယ့် ဒီပုဂ္ဂလိကဂျက်လေယာဉ်တွေရဲ့ အရေးကြီးဆုံးအပိုင်းကို မိတ်ဆက်ပေးပါရစေ"

ဤသို့ပြော၍ သူက လက်ခုပ်တီးလိုက်ရာ လေယာဉ်အမှုထမ်းအဖြစ် လှပသော အမျိုးသမီး အယောက်နှစ်ဆယ်ကျော် ထွက်လာသည်။

"ဒီအမျိုးသမီးတွေ အားလုံးဟာ တင်းကြပ်တဲ့ လေ့ကျင့်မှုတွေ ခံယူပြီး အရှေ့တိုင်းတော်ဝင်မိသားစုပိုင်တဲ့ ဒီလေယာဉ်တွေနောက်ကို လိုက်ဖို့ ရည်မှန်းထားပေမယ့် အခုတော့ သူတို့အားလုံး ဆရာပိုင်သွားပါပြီ"

ဤသို့ပြော၍ ချားလ်စ်က အစောင့်အရှောက်များကို ကြည့်ပေးသည်။ သူပြောသည့်အတိုင်းပင် တင်းကြပ်သော လေ့ကျင့်မှုကို ခံယူထားသည့် တက်ရောက်သူအားလုံးက ရွှယ်အန်းကို လေးစားစွာ ဦးညွတ်လိုက်ကြသည်။

"ကျွန်မတို့က ဆရာ့အပိုင်ပါပဲ"

၎င်းသည် ပြီးပြည့်စုံသော ဟွာရှားအသံထွက်ဖြစ်သည်။

“ဟဲဟဲ ဒီလေယာဥ်မယ် တစ်ယောက်စီက နိုင်ငံခြားဘာသာစကား အနည်းဆုံး လေးငါးမျိုးလောက် တတ်ကျွမ်းတဲ့ ထိပ်တန်း တက္ကသိုလ်တွေက ဘွဲ့ရ၊ တကယ့် ရှားပါးကျောက်မျက်တွေပဲ" ချားလ်စ်သည် လူသားအားလုံး နားလည်နိုင်သည့် အကြည့်ဖြင့် ပြောသည်။

သို့ထိတိုင် ရွှယ်အန်းက မတုန်မလှုပ်ရှိနေဆဲဖြစ်သည်။ သို့သော် အစေခံများကမူ ရင်တွင်း၌ ပျော်ရွှင်မှုအငွေ့အသက်များကို ခံစားမိနေကြသည်။ တစ်ကမ္ဘာလုံးတွင် ဤဇိမ်ခံသီးသန့်ဂျက်လေယာဥ်များကို ငှားရမ်းနိုင်သူများများမှာ အခြေခံအားဖြင့် သင်္ချိုင်းနီးနေသော သက်ကြီးရွယ်အိုများဖြစ်သည်။

ဤမိန်းကလေးများအားလုံးက အဆိုးဆုံးကို ကြိုတင်တွေးဆ၍ ၎င်းတို့ဘဝကို အရှုံးပေးခဲ့ကြခြင်းဖြစ်သော်လည်း ၎င်းတို့၏ သူဌေးအသစ်က ဤမျှ နုပျို ချောမောသော သူဌေးဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ငါ အဲတာတွေကို မလိုအပ်ဘူး"

"ဟမ်" ချားလ်စ်က နားမလည်နိုင်ပေ။

"ငါပြောချင်တာက ဝန်ထမ်းတွင် အများကြီးမလိုဘူးလို့"

သူ့စကားများက လေထုကို တိတ်ဆိတ်သွားစေကာ ထိုအလှပဂေးများ၏ အသားအရေများလည်း တဖြည်းဖြည်း ဖျော့တော့လာသည်။

"အရှင်၊ ဒီအလှလေးတွေက လေယာဥ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါတာနော် ဆရာသူတို့ကိုမလိုချင်ရင်တောင် စျေးလျှော့ပေးမှာမဟုတ်ဘူး”

ထိုအချိန်တွင် အရိုးမိစ္ဆာသည် သည်းမခံနိုင်တော့ဘဲ ရှေ့သို့လှမ်းကာ ဒေါသတကြီးပြောလိုက်သည်။

"ချားလ်စ်၊ ငါ့သခင်က ပိုက်ဆံကို ဂရုစိုက်သလား၊ မင်း ဘာမှမသိဘဲ ဒီလိုမျိုးတွေ လျှောက်စီစဥ်နေတာ။ ငါ့သခင်က ဒီလေယာဉ်တွေကို ဘာအတွက်ဝယ်နေတာလဲ မင်းသိလား"

"ဘာအတွက်လဲ" ချားလ်စ်သည် ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်တွင် ထိပ်တန်းသူဌေးကြီးတစ်ဦး၏ ဘဝကို ပျော်မွေ့နေရုံမှတပါး အခြားမည်သည့်အရာမှ မရှိဟု ပြတ်ပြတ်သားသား တွေးထားခဲ့သည်။

“ငါ့သခင်က သူ့သတို့သမီးကို သွားခေါ်ဖို့ ဂျက်လေယာဥ်ဝယ်လိုက်တာ အရူးရဲ့” အရိုးမိစ္ဆာက ကြိမ်းမောင်းသည်။

"သတို့သမီး ‌ေခါ်မလို့ဟုတ်လား" ချားလ်စ်က နားမလည်သေးပေ။

"ရှင်းရှင်းပြောရရင်၊ သူ့မိန်းမကို ဒီလေယာဉ်နဲ့ သွားခေါ်မလို့ပဲကွ"

နောက်ဆုံးတွင် ချားလ်စ်နားလည်ပြီးနောက်အံ့အားသင့်သွားသည်။ သူ အံ့သြရုံတင်မက ဘေးနားမှ မိန်းကလေးများလည်း အံ့သြကုန်သည်။

မိန်းမယူဖို့ သန်းရာနဲ့ချီပြီးသုံးနေတာလား။ ဤအရာက အလွန်အမင်း ချဲ့ကားလွန်းသောကြောင့် ယုတ္တိမတန်လှပေ။

"သူငယ်ချင်းတွေနဲ့ မိသားစုတွေ ထပ်ခေါ်လာနိုင်အောင် ဒီအစေခံတွေကို ဒီမှာနေခွင့်ပြုပါ" ထိုအချိန်တွင် ချင်းယွမ်က ပြောလိုက်သည်။

ရွှယ်အန်းက ခေါင်းညိတ်ပြပြီးနောက် မျက်နှာဖြူဖျော့နေသည့် အလှမယ်များကိုဘာသိဘာသာကြည့်လိုက်သည်။

“သတို့သမီးကို ခေါ်ပြီးရင် မင်းတို့ လေယာဥ်ပေါ်မှာ ဆက်နေလို့ရတယ်”

ရွှယ်အန်း၏ စကားကိုကြားသောအခါ လှပစွာ ဝတ်စားဆင်ယင်ထားသည့် မိန်းကလေးအုပ်စုက နောက်ဆုံး၌ သက်ပြင်းချလိုက်ကြသည်။

‘ဒါဆို ငါတို့သူဌေးက မိန်းမရှိနေပြိပေါ့ဟယ်’

သို့သော် ဤအရာက မရှုပ်ထွေးလှပေ။ မည်သည့်သူဌေးက မိန်းကလေး အမြောက်အမြားမရှိဘဲနေသနည်း။ သူလေယာဥ်စီးနေသရွေ့ သူနှင့် နီးစပ်ရန် အခွင့်အလမ်းရှိနိုင်မည်ဖြစ်သည်။

ဤမျှ ချောမောသော လူချမ်းသာတစ်ဦးနှင့် အေးအေးဆေးဆေးနေကာ လူမှုရေးလှေကားကို တက်လှမ်းရန်တွေးလျက် လေယာဥ်မယ်များ၏ နှလုံးသားက လောင်ကျွမ်းနေသည်။ သို့သော် ၎င်းတို့ မသိခဲ့သည်မှာ ရွှယ်အန်းက သူ၏ မင်္ဂလာဆောင်အတွက်သာ ဤလေယာဉ်များကို သက်သက်ဝယ်ခဲ့ခြင်းဖြစ်၍ အန်းယန်ကို ခေါ်ပြီးလျှင် မလိုအပ်တော့ပေ။ လေယာဥ်က မည်မျှပင် လျင်မြန်စွာ ပျံသန်းနေစေကာမူ သူကိုယ်တိုင် ပျံသန်းခြင်းထက် ပို၍ မြန်နိုင်ပါသလား။

မနက်ခင်းနေထွက်လာသောအချိန်၌ မင်္ဂလာပွဲအတွက် ကျုံးတုသို့သွားမည့် ဧည့်သည်များစုဝေးနေပြီဖြစ်သည်။ ရှန်းရှန်းနှင့် နျန်နျန်က သွးမည်မှာသေချာသည်။ လောင်ရှဲ့နှင့် အန်တီဖန်တို့သည် အောင်မြင်သော စီးပွားရေးသမား နှစ်ယောက်ကဲ့သို့အဝတ်အသစ်များကို ၀တ်ဆင်ထားသည်။ ၎င်းတို့သည် မင်္ဂလာပွဲအတွက် သက်သေများဖြစ်သောကြောင့် ၎င်းတို့ ရှိနေရန် မဖြစ်မနေလိုအပ်သည်။ ထို့အပြင် ထန်ရွှမ်အာနှင့် ရွယ်လန်တို့ကလည်း သတို့သား၏ ဆွေမျိုးများအဖြစ် သွားကြရသည်။

ပေါင်းလိုက်ပါက လူလေးဆယ်မျှ ရှိသည်။

ရွှယ်အန်းသည် တရုတ်ရိုးရာဝတ်စုံကို ၀တ်ဆင်ထား၍ ချောမောသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"စလိုက်ရအောင်"

လေယာဉ်ငါးစင်းသည် ကောင်းကင်ပေါ်သို့ ပျံတက်ကာ ကျုံးတုဆီသို့ ဦးတည်သွားခဲ့သည်။

လေယာဉ်မျာက ယွင်မန်ဗီလာ၏အ၀င်ဝကိုဖြတ်သွားစဉ် ဝူချန်နှင့် လုံခြုံရေးအစောင့်အကြပ်များက စုပေါင်း‌အလေးပြုကြသည်။ တစ်ချိန်တည်း၌ပင် ကမ္ဘာတစ်ဝှမ်းရှိ မီဒီယာများက ဤပွဲကို မနက်အစောပိုင်းကတည်းက စတင်ထုတ်လွှင့်ခဲ့ကြသည်။

သတင်းထောက်များသည် အသစ်စက်စက် လေယာဉ် ၅ စင်း ကောင်းကင်သို့ ပျံတက်နေသည်ကို တွေ့လိုက်သောအခါတွင် အလွန် တုန်လှုပ်ခြောက်ခြားသွားကြသည်။

"ဘယ်​လိုတောင် ချဲ့ကားလွန်းတာလဲ"

ဥရောပရှိ ဆိတ်ငြိမ်သောမြို့လေးတွင် ဖန်းမင်ရွှယ်သည် တီဗီမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လျက် ဆိုဖာပေါ်တွင်ထိုင်နေသည်။

“မင်ရွှယ် ငါတို့ ဒီနေ့ ရုပ်ရှင်ပွဲတော်ကို သွားရမှာ။ အခုသွားကြမလား” ဟန်ယောင်းက ခပ်တိုးတိုးပြောသည်။

ဖန်းမင်ရွှယ်၏ လက်ရှိ စိတ်အခြေအနေကို သိသဖြင့် သူမသည် လက်ရှိအချိန်တွင် အလုပ်နှင့် အာရုံပြောင်းချင်နေသည်။ သို့သော် ရုတ်တရက် ဖန်းမင်ရွှယ်က မတ်တပ်ထရပ်လိုက်သည်။

“တရုတ်ကို ပြန်ကြမယ်”

"ဟင်" ဟန်ယောင်းက နားကြားမှားသည်အထင်ဖြင့် ထပ်မေး၏။

"ကျွန်မ မနာလိုဖြစ်မယ်လို့ ထင်ခဲ့ပေမယ့် အန်းယန်နဲ့ သူ့ရဲ့ဆက်ဆံရေးက ကျွန်မအတွက် ဘယ်လိုမှ မခံစားရစေပါဘူး။ ဒါက သူ့ရဲ့ပျော်ရွှင်စရာအခိုက်အတန့်ပဲမို့ ကျွန်မ ရှိနေသင့်ပါတယ်” ဖန်းမင်ရွှယ်က ခပ်တိုးတိုးပြော၍ တံခါးဆီထွက်ပြေးသွားသည်။ ဟန်ယောင်းသည် နေရာ၌ပင် အေးခဲစွာမတ်တပ်ရပ်လျက် သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

"အချစ်ရေးနဲ့ပတ်သက်လာရင် မိန်းမတွေအားလုံး မိုက်ကြသလား"

ကျုံးတုမြို့။

နံနက်ကတည်းက အန်းမိသားစု၏ အိမ်သည် အရပ်ရပ်မှ ၎င်းတို့၏ ဂုဏ်ပြုလွှာများဆက်ကပ်ရန် လာရောက်ကြသည့် ဧည့်သည်များနှင့် ပြည့်နေသည်။

ချန်ရှို့ဟဲက ချန်မိသားစု၏ အကူအညီကို ချက်ချင်း ခေါ်ထုတ်လာပေးသည်။ မီးဖီးနစ်အဖွဲ့ဝင်များနှင့် စစ်တပ်မှ အများအပြားသည်လည်း စည်းစနစ်ကျစွာ အလိုအလျောက် ရောက်ရှိလာကြသည်။

ကျုံးတု၏ မြင့်မြတ်သောမိသားစုအားလုံးနီးပါး စုဝေးခဲ့ကြသည်။ ထိုကဲ့သို့ ခမ်းနားထည်ဝါသော မြင်ကွင်းသည် လူများစွာကို သဘောကျသက်ပြင်းချမိစေခဲ့သည်။ သူတို့က ယခု အန်းမိသားစု၏ ကြီးကျယ်ခမ်းနားသော ဂုဏ်သတင်းကို အံ့ဩကြသည်။ အခြားအင်အားကြီးမိသားစုများနှင့်မတူဘဲ အန်းမိသားစု၏လက်ရှိအင်အားနှင့် အဆင့်အတန်းသည် ယောက်ျားတစ်ယောက်၏ ကောင်းကင်သို့တက်လှမ်းနိုင်သောစွမ်းရည်များကြောင့်သာဖြစ်သည်။

ကျုံးတု၏နိုင်ငံသားများသည်လည်း ယင်းကို ကြည့်ခွင့်ရနိုင်ရန် ခပ်စောစောလာခဲ့ကြသည်။

အန်းမိသားစု၏ ဝင်ပေါက်နှင့်အနီးအနားရှိ လမ်းအများအပြားတွင် ဇိမ်ခံကား မျိုးစုံဖြင့် ပိတ်ဆို့နေသည်။

အခန်း(၃၄၈) မင်္ဂလာဆောင်နေ့ ၂

ကောင်းကင်ယံတွင် နေဝင်ချိန်ရောက်သောအခါ အန်းမိသားစု၌ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် စည်ကားလျက်ရှိသည်။ မရေမတွက်နိုင်သော မီဒီယာများသည် ၎င်းတို့၏ ကင်မရာများကို ဤနေရာတွင် ချိန်ရွယ်ထားသည်။ ဤသည်မှာ ကမ္ဘာတစ်ဝှမ်း တိုက်ရိုက်ထုတ်လွှင့်နေသည့် မင်္ဂလာပွဲတစ်ခုနီးပါးဖြစ်သည်။

ထိုကဲ့သို့သော လေထုထဲတွင် မနာလိုသည့်ခံစားချက်များသည် အက်စစ်ဓာတ်များသော မှတ်ချက် (ကောမန့်) များအဖြစ် မလွှဲမရှောင်သာ ပေါ်ထွက်နေသည်။

"ဟာဟား၊ ပေကျန်းကနေ ကျုံးတုကို ကားမောင်းဖို့ အနည်းဆုံး ခုနစ်နာရီ၊ ရှစ်နာရီလောက် အချိန်ယူရတယ်၊ အခုမှ ထွက်မယ်ဆိုရင် ညနေရောက်ရင် ကံကောင်းမယ်" လူတစ်ယောက်က အေးစက်စွာပြောသည်။

“မှန်ပါတယ်၊ ဒီနေ့ သူတို့ လုပ်နိုင်ပါ့မလား၊ အပြင်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ မတွေ့ဘူးလား”

"အတိအကျပြောရရင် သူတို့က ကျုံးတုကို လိုက်ခဲ့မယ်ဆိုရင်တောင် အဲ့ကနေ အန်းမိသားစုဆီရောက်ဖို့ နာရီနဲ့ချီပြီး ကြာလိမ့်မယ်။ ဒီနေ့ မင်္ဂလာပွဲအတွက် ဟားဟား၊ ငါကတော့ မဖြစ်နိုင်ဘူးလို့ ပြောရမှာပဲ"

ထိုလူများ၏ မနာလိုသောစကားများသည် လူအများကို စိတ်မသက်မသာဖြစ်စေသော်လည်း ၎င်းတို့အား ပြန်လည်ချေပရန်နည်းလမ်းမရှိပေ။ ကျောက်ရွှယ်ဟွေ့၊ ယန်ပင်းယီနှင့် ချောင်လဲတို့ ညီအစ်ကို သုံးယောက်သည်လည်း ယခုအချိန်တွင် စိုးရိမ်စိတ်အပြည့်ဖြစ်နေသည်။

"ဘာလို့ ဒုတိယညီအစ်ကို မလာသေးတာလဲလို့ မေးကြည့်တော့ ယာဉ်ကြောပိတ်ဆို့မှုတွေ နေရာတကာမှာ ရှိနေတယ်" ချောင်လဲ့က စိုးရိမ်တကြီးပြောသည်။

"မစိုးရိမ်ပါနဲ့။ ညီ ၂ က အမြဲတမ်း အစီအစဥ်တွေရှိပါတယ်။ သူက ဒါကို ကြိုသိထားပြီးသားဖြစ်မယ်" ကျောက်ရွှယ်ဟွေ့က ပြောသည်။

ထိုအချိန်တွင် အန်းယန်သည် သူမ၏ မိတ်ကပ်လိမ်းပြီးသည်နှင့် အခန်းထဲတွင် ငြိမ်သက်စွာ ထိုင်စောင့်နေသည်။ အပြင်မှ ဆူညံသံကြားသောအခါ သူမ မေးလိုက်၏။

"ဘာဖြစ်တာလဲ"

အန်းချင်က မျက်မှောင်ကြုတ်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ သူများတွေပျော်နေတာကို မပျော်ပေးနိုင်တဲ့ လူတန်းစားတချို့ပဲ”

“အိုး” အန်းယန်က ခေါင်းညိတ်လိုက်သည်။

“ခဲအိုက မမကို ကျုံးတုကို ဘယ်လိုလာမလဲပြောပြခဲ့လား”

"ငါ သူ့ကို မေးပေမယ့် သူက ပြုံးပြီး စိတ်မပူဖို့ ပြောတယ်"

ဤသည်ကိုကြားသောအခါ အန်းချင်က သက်ပြင်းတစ်ချက်ချလိုက်သည်။ အချိန်အတော်ကြာပြီးနောက် အန်းချင်၏ အမြင်တွင် ရွှယ်အန်းမလုပ်နိုင်သောအရာဟူ၍ မရှိပေ။ ထိုအချိန်၌ပင် အပြင်ဘက်ကောင်းကင်ကြီးက ရုတ်တရက် မည်းမှောင်သွားကာ လေထုက အော်ဟစ်လျက် မကြာမီ၌ မိုးရွာတော့မည်ဟု ညွှန်ပြနေသည်။ အန်းမိသားစုက ပြင်းထန်စွာ စီစဥ်ထားသော မင်္ဂလာပွဲကျင်းပရာနေရာကရုတ်တရက် မုန်တိုင်းကြောင့် ပျက်သွားမည်ကို စိုးသောကြောင့် အန်းမိသားစုဝင်များ စိုးရိမ်တုန်လှုပ်သွားကြသည်။ သို့တိုင် ရွှယ်အန်းကို အာဃာတ သို့မဟုတ် ရိုးရိုးလေးပင် မနာလိုသူအချို့သည် တိတ်တဆိတ် ဝမ်းသာသွားကြသည်။

“သဲသဲမဲမဲရွာပါစေ မိုးသီးပါရွာရင် အကောင်းဆုံးပဲ”

ချန်ရှို့ဟဲ၏မျက်နှာက အလွန်ဆိုးရွားနေသည်။

‘ဒီနေ့ မိုးမရွာတော့ဘူးလို့ မိုးလေဝသခန့်မှန်းချက်က ပြောထားတာကို မိုးက ရုတ်တရက်ကြီးဘယ်လိုလုပ်ရွာလာတာလဲ’

ထို့နောက် ချဥ်းကပ်လာသော လေယာဥ်ငါးစင်းကို တွေ့လိုက်ရပြီးနောက် အံ့အားသင့်စွာအော်လိုက်ကြသည်။

"ဟိုမှာကြည့်"

လေယာဉ်များသည် အန်းမိသားစု၏ အိမ်အထက်လေပိုင်နက်သို့ရောက်ရှိနေပြီဖြစ်သည်ကို တွေ့လိုက်ကြကာ အားလုံး ဝိုင်းအုံကြည့်ကြသည်။ လူများစွာက အံ့အားသင့်လျက် အတွေးတစ်ခုပြီးတစ်ခု ဝင်လာကြသည်။

‘ဒါက သတို့သားရဲ့ စီတန်းလှည့်လည်ပွဲများဖြစ်နိုင်မလား’

သို့သော် တစ်ချိန်တည်း၌ မိုးရေစက်များကျဆင်းလာသည်။

လူအချို့က ထအော်ကြ၏။

“မိုး အသည်းအထန်ရွာတော့မယ်။ အဝတ်လျှော်ဖို့ အိမ်အမြန်ပြန်ကြ”

မငြိမ်သက်ဖြစ်နေသော လူအုပ်ကြီးအလယ်၌ ရုတ်တရက် လေယာဥ်ပေါ်မှ သေနတ်သံတ်စချက် ထွက်ပေါ်လာသည်။

“မိုးတိတ်”

အသံက မကျယ်သော်လည်း လူတိုင်း၏ နှလုံးသားထဲ၌ ပေါက်ကွဲနေသည့်အလားထင်ရသည်။

ကောင်းကင်၌ ပြည့်နေသော တိမ်တိုက်များက မျက်စိတစ်မှိတ်အတွင်း၌ အစိတ်စိတ်အမွှာမွှာပြိုကွဲ၍ လျင်မြန်စွာ ပြိုလဲကျသွားသည်။ နေရောင်ခြည်က တစ်ဖန်ပြန်လည်ထွက်ပေါ် လာကာ တုန်လှုပ်ခြောက်ခြားနေသည့် မျက်နှာများကို ပြန်လည်တောက်ပလာစေခဲ့သည်။

ချန်ရှို့ဟဲက စိတ်ပေါ့ပါးစွာဖြင့် ပြုံးလိုက်သည်။

‘ဘာပဲဖြစ်ဖြစ် သူရောက်လာပြီဆိုတော့ အကုန်လုံးကိုင်တွယ်ရတာ လွယ်သွားလိမ့်မယ်’

ဤအခိုက်အတန့်တွင် ရွှယ်အန်းသည် တိမ်များကို ဖြိုခွင်း၍ ကောင်းကင်ယံ၏ အဝေးတစ်နေရာ၌ ရပ်နေကာ နတ်အာရုံဖြင့် နေရာတစ်ခုကို လှမ်းကြည့်လိုက်သည်။

နေရာတစ်ခုတွင် မျက်လုံးမှိတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရုတ်တရက် မျက်လုံးပွင့်လာကာ “မဖြစ်ဘူး…” ဟု ထိတ်လန့်စွာ အော်လိုက်သည်။

သို့သော် သူ့စကားမဆုံးခင်၌ပင် ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားသည်။ ဤဖြစ်ရပ်က နေရာ၌ ရှိနေသူအားလုံးကို တုန်လှုပ်ထိပ်လန့်စေခဲ့သည်။ အနီးနားရှိလူများအားလုံး သွေးများဖြင့် စိုရွှဲကာ အလွန် ကြောက်လန့်ကုန်ကြသည်။ ရွှယ်အန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် အေးစက်စွာပြုံးလိုက်သည်။

ငါ့မင်္ဂလာဆောင်ကို ဖျက်ဆီးဖို့ မင်းတကယ်တွေးနေတာလား။

သတို့သမီးကို နှုတ်ဆက်ဖို့နဲ့ အစုလိုက်အပြုံလိုက် သတ်ဖို့ မသင့်တော်တာကြောင့်သာမဟုတ်ရင် မင်းတို့အားလုံးကို အခုတည်းက သတ်ပစ်လိုက်ပြီ။

ဒါပေမယ့် ငါမင်းတို့ကို နောက်ထပ်ရက်အနည်းငယ် အသက်ရှင်ခွင့်ပေးမယ်။

ဤသို့တွေး၍ ရွှယ်အန်းက မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ သူ့ခြေထောက်နှင့်‌ မြေကြီး ထိလိုက်သည်နှင့် မီးဖီးနစ်အဖွဲ့ဝင်များက စနစ်တကျစီတန်းကာ “ဆရာကြီး” ဟု တညီတညွတ်တည်း ကြွေးကြော်ခဲ့ကြသည်။ ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် လူအုပ်ကို ကြည့်လိုက်သည်။

မူလက မကောင်းသောရည်ရွယ်ချက်များကို ချုပ်နှောင်ထားခဲ့သော လူအများအပြားသည် ယခုအခါ ရွှယ်အန်း၏အကြည့်ကို မတွေ့ဝံ့ဘဲ ကြောက်ရွံ့တုန်လှုပ်နေကြသည်။ သို့သော် စူးစမ်းလိုစိတ်နှင့် ထိတ်လန့်မှုများ ပြည့်နှက်နေသည့် မျက်နှာများပင် ရှိသေးသည်။

ထိုအချိန်တွင် အဆိုပါ ကိုယ်ပိုင်လေယာဉ်ငါးစင်းသည် အန်းမိသားစု၏နေအိမ်နောက်သို့ တိုက်ရိုက်ဆင်းသက်ခဲ့သည်။ လေယာဉ်များအတွက် ပြီးပြည့်စုံသော နေရာဖြစ်သည့် အန်းမိသားစုအိမ်ခြံမြေ၏ နောက်တွင် ကျယ်ပြောသော ကွက်လပ်နေရာတစ်ခု ရှိသည်၊ သို့သော် ၎င်းသည် လေယာဉ်မှူးများ၏ ကျွမ်းကျင်မှုကို ကြီးမားသော စမ်းသပ်မှုတစ်ခု ဖြစ်စေခဲ့သည်။

ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားဖူးသူများသာ တိုက်ရိုက်ဆင်းသက်နိုင်ကြသည်။

လေယာဉ်များ ရပ်တန့်သွားသည်နှင့် တပြိုင်နက် ချင်းယွမ်၊ ထန်ရွှမ်အာနှင့် အခြားသူများသည် ရွှယ်အန်းဆီသို့ လိုက်ပါသွားကြသည်။

ချန်ရှို့ဟဲက သဘောကျစွာ ရယ်မောလိုက်၏။

"လူကြီးမင်းရွှယ် ဂုဏ်ပြုပါတယ် ဂုဏ်ယူပါတယ်"

ရွှယ်အန်းက ပေါ့ပါးသော အပြုံးဖြင့် ပြန်ပြောလိုက်၏။

"ဦးလေးချန် အရမ်းကြင်နာလွန်းနေပါပြီ”

'ဦးလေး' ဟူသော အခေါ်အဝေါ်က ချန်ရှို့ဟဲကို ခေတ္တရပ်တန့်သွားစေပြိးနောက် မယုံနိုင်လောက်အောင် ရွှင်လန်းစွာရယ်မောလိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ၊ ဒီနေ့ဟာ တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ နေ့တစ်နေ့ပါ၊ စကားပြောဖို့ အထဲကို ဝင်ကြည့်ရအောင်"

ရွှယ်အန်းနှင့် အခြားသူများသည် ပွဲခန်းမဆီသို့ ထွက်ခွာသွားပြီးနောက် အပြင်မှလူများက စကားစမြည်ပြောဆိုလာကြသည်။

"ဟင့်အင်း၊ သူက လူရော ဟုတ်ရဲ့လား ဒီလောက် အမြင့်ကနေ ပြုတ်ကျပြီး ခြစ်ရာမပါဘဲ ထွက်လာတာလား"

"လူကြီးမင်းရွှယ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ မင်းအခုမှ သဘောပေါက်သွားတာလား ၊ မုန်တိုင်းထန်နေတဲ့ ရာသီဥတုကို အခုလေးတင် ဖျက်ဆီးလိုက်တာ မတွေ့ဘူးလား "

"ဒီလေယာဉ်ငါးစင်းကြောင့် လန့်သွားတာ။ အခုလေးတင်ကြည့်လိုက်မိတာ လေယာဥ်တိုင်းမှာ “ရွှယ်” ဆိုတဲ့ စာလုံးရိုက်နှိပ်ထားတယ်။ အားလုံးက အသစ်တွေပဲ။ သူဝယ်လိုက်တာလား”

ဤမှတ်ချက်ကြောင့် လူများစွာက နှုတ်ဆိတ်သွားသည်။ ဤမြင့်မြတ်သောမိသားစုများအတွက် အားကြီးသော ကိုယ်ခံစွမ်းအားသည် ၎င်းတို့၏ဆန္ဒကို ချိုးဖျက်နိုင်သည်။ သို့သော် ယင်းသည် အလွန်ကြီးမားသော စွမ်းအားပြမှုမျိုးပင်ဖြစ်၏။ မလိုလားအပ်သော ရည်ရွယ်ချက်ရှိသူ အများအပြားသည်လည်း ဤအခွင့်အရေးကိုအသုံးချ၍ ထွက်ခွာသွားကြသည်။

ရွှယ်အန်းနှင့်ခဏထိုင်ပြီးနောက် ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က အနည်းငယ် စိတ်ရှုပ်လာကြသည်။

"ဖေဖေ၊ မေမေ ဘယ်မှာလဲ"

"ဟုတ်​တယ်​ ​မေ​မေ့ကိုသတိရတယ်​"

သမီးနှစ်ယောက်၏ စကားများသည် မျက်နှာများစွာကို ပြုံးပြစေခဲ့သည်။

ချန်ရှို့ဟဲက "ရှန်းရှန်း နျန်နျန်ကြည့်စမ်း၊ ဒီပွဲခန်းမအဆုံးကို လျှောက်သွားလိုက်၊ နောက်မှာ အခန်းတချို့ရှိတယ်။ သမီးတို့ မေမေက အဲ့မှာ၊ ဒါပေမယ့် စာအိတ်အနီတွေ ထပ်ပြင်ထားဖို့ လိုတာကို မမေ့နဲ့"

ရွှယ်ရှန်းနှင့် ရွှယ်နျန်က အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် ရွှယ်အန်းကို မော့ကြည့်လိုက်ကြသည်။

"ဖေဖေ၊ စာအိတ်အနီတွေ ယူလလား"

ရွှယ်အန်းက ပြုံး၍ မတ်တပ်ထရပ်ကာ ပေါ့ပါးစွာပြောလိုက်သည်။

“အင်း ဖေဖေယူလာတယ်။ လာ မေမေ့ဆီသွားတွေ့ကြရအောင်”

All Chapters