အခန်း (၃၄၉-၃၅၁)
Vol. 24 Ch. 349-351
အခန်း(၃၄၉) မင်္ဂလာဆောင်နေ့ ၃
ပွဲလျှောက်လမ်းကို ဖြတ်လျှောက်သွားသောအခါ လမ်းတစ်လျှောက်လုံး၌ ပန်းအစစ်များဖုံးလွှမ်းသွားကာ ပန်းပွင့်ပြခန်းတစ်ခုအလားပင်ဖြစ်သွားသည်။ ရွှယ်အန်း၊ ရှန်းရှန်းနှင့် နျန်နျန်တို့အပြင် ထန်ရွှမ်အာ၊ ရွှယ်လန် နှင့် အခြားလူများစွာတို့ အတူတကွ ပူးပေါင်းပါဝင်ခဲ့ကြသည်။ လမ်းတစ်ဝက်တွင် ဘီးတပ်ကုလားထိုင်နှင့် လမ်းကို ပိတ်ထားသော လူတစ်ယောက်ကို မြင်လိုက်ရ၏။
“လူကြီးမင်းရွှယ် ဒီပျော်စရာကောင်းတဲ့နေ့မှာ ကျွန်မတို့ ညီအစ်မနှစ်ယောက်လည်း ပျော်ပွဲဝင်ဖို့ လာကြတယ်။ စာအိတ်အနီတွေကို ယူခဲ့" ဘီးတပ်ကုလားထိုင်တွင်ထိုင်နေသော ဝေရူလန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ကိုဆန့်လိုက်သည်။
ဝေ့ရူယန်ကလည်း ပြော၏။
"ဟုတ်တယ် လူကြီးမင်းရွှယ် ရှင့်မင်္ဂလာဆောင်အတွက် ကျွန်မရဲ့ စုဆောင်းမှုထဲက အကောင်းဆုံးပန်းတွေထုတ်ပေးထားတာ”
ရွှယ်အန်းက ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေး ဝေ့ရူယန် စာအိတ်အနီတွေ ဒီမှာပဲ"
ဤသို့ပြော၍ အနီရောင် စာအိတ်နှစ်အိတ်ကို ပေးလိုက်သည်။ ပျော်ရွှင်ရရန် ရောက်လာကြသော မိန်းကလေးနှစ်ယောက်သည် တကယ်တမ်းတွင် အနီရောင်စာအိတ်ဟူသော စာအိတ်များကို ဂရုမစိုက်ပေ။
သို့သ်ေ လက်ခံယူပြီးသည်နှင့် ဝေ့ညီအစ်မ၏ အမူအရာများ ပြောင်းလဲသွားသည်။
“ဒါက…” ဝေ့ရူယန်က အော်လိုက်သည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"လူတချို့က ဒီအရာတွေကို နတ်ကျောက်တုံးလို့ ခေါ်ကြပေမယ့် ကျောက်စိမ်းခြင်ဆီလို့ ခေါ်တာ ပိုကောင်းမယ်ထင်တယ်"
ဝေ့ရူယန်နှင့် ဝေ့ရူလန်သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီးနောက် နှစ်ယောက်စလုံး၏ မျက်လုံးများတွင် ထိတ်လန့်သွားသည်ကို တွေ့လိုက်ရသည်။ စာအိတ်အနီကို ယူလိုက်သည်နှင့် အတွင်း၌ ဝိညာဉ်စွမ်းအင်ကို ခံစားလိုက်ရကာ ယခု ရွှယ်အန်းက ကျောက်စိမ်းခြင်ဆီဟုခေါ်သည်ကို ကြားလိုက်သဖြင့် အလိုလို အံ့သြသွားကြသည်။
"လူကြီးမင်းရွှယ်၊ ဒီပစ္စည်းတွေက အရမ်းတန်ဖိုးကြီးတယ်။ ကျွန်မတို့က အပျော်သဘောပါ။ ဒါတွေကို လက်မခံဝံ့ပါဘူးရှင်” ဝေ့ရူယန်က အနီရောင် စာအိတ်များကို ပြန်ပေးရန် ကြိုးစား၍ ပြောလိုက်သည်။
ရွှယ်အန်းက ပြုံးလိုက
“ငါ့မှာ အဲ့တာတွေ အများကြီးရှိပါတယ်။ ငါတို့မိသားစုအတွက် အလှဆင်ပေးဖို့ မင်းတို့ ခက်ခက်ခဲခဲစီစဥ်ပေးထားတာပဲလေ”
ထို့ အတူ ရွှယ်အန်းသည် ရှေ့ကို တိုးကာ ဆက်လျှောက်ခဲ့သည်။
ဝေ့ရူယန်နှင့် ဝေ့ရူလန်သည် သူ၏ နောက်ကျောကို ကြည့်ကာ အနည်းငယ်မှင်တက်သွားကြသည်။
"ရူလန် ငါတို့ ဒါကို တကယ်လက်ခံသင့်လား"
ထိုအချိန်တွင် ရွှယ်အန်း၏အသံထွက်လာသည်။
"ဒီပစ္စည်းကို မကြာခဏဝတ်ထားရင် သူ မတ်တပ်ပြန်ရပ်ဖို့တောင် အခွင့်အရေးရှိနိုင်တယ်"
ဤသည်ကိုကြားသောအခါ ဝေ့ရူလန်က တုန်လှုပ်သွားသည်။
"ကျေးဇူးတင်ပါတယ် သခင်"
"ရပါတယ်" ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံး၍ ထွက်သွားသည်။
ဤကျောက်စိမ်းခြင်ဆီ သို့မဟုတ် ဝိညာဉ်ကျောက်များသည် သာမာန်ကျင့်ကြံသူများအတွက် အမှန်ပင် ကောင်းမွန်သောအရာများဖြစ်သော်လည်း ရွှယ်အန်းက ၎င်းတို့သည် အစပိုင်းတွင် ကျင့်ကြံရေးအဆင့်ကို မြှင့်တင်နိုင်သော်လည်း အလွန်အကျွံသုံးစွဲခြင်းသည် အကျိုးတစ်စုံတစ်ရာမရှိဘဲ ထိခိုက်စေနိုင်ကြောင်း ကောင်းစွာသိရှိခဲ့သည်။ ထို့ကြောင့် သူက အန်းယန်နှင့် အခြားမည်သူ့ကိုမျှ အသုံးပြုခွင့်မပေးပေ။
သူ့တွင် အမြောက်အမြားရှိနေရသည့်ကိစ္စနှင့်ပတ်သက်၍မူ ရွှယ်အန်းက အင်မော်တယ် နန်းတော်မှ လုယက်လာခဲ့သည့် လက်စွပ်ကြောင့်သာဖြစ်သည်။ ထိုလက်စွပ်သည် မုန်ညင်းစေ့လက်စွပ်ဖြစ်ကာ နာမည်အတိုင်းပင် ၎င်းက မရေမတွက်နိုင်လောက်အောင် များပြားလှသည့်အရာများကို စုဆောင်းနိုင်သည့် နယ်မြေတစ်ခုဖြစ်ကာ မဲရုတောင်ကဲ့သို့ ကြီးမားသောအရာများ သို့မဟုတ် မုန်ညင်းစေ့ကဲ့သို့ သေးငယ်သောအရာများ ထည့်ထားနိုင်သည်။
၎င်းကိုယူ၍စည်းချိပ်ကို ချိုးဖျက်ပြီးနောက် ယင်းထဲတွင် ဝိညာဥ်ကျောက်တုံးများစွာဖြင့် ပြည့်နေသည်ကိုတွေ့လိုက်ရသည်။ ဤအရာများသည် စားသုံးရန် အရသာမရှိသည့်အပြင် စွန့်ပစ်ရန်လည်း နှမျောစဖွယ်ကောင်းလှသောကြောင့် ၎င်းတို့ကို မင်္ဂလာလက်ဆောင်အဖြစ် ပေးအပ်ရန် သင့်လျော်သည်။ တကယ်တမ်းတွင် ရွှယ်အန်း၏ အရေးမပါသောအရာများက အခြားသူများအတွက် ကောင်းကင်နှင့် မြေကြီး၏ ရတနာဟု သတ်မှတ်ရသော အရာများဖြစ်နေသည်။
ပန်းပြခန်းကိုဖြတ်၍ တံခါးကို လှမ်းကြည့်လိုက်သောအခါ အထဲမှ မိန်းမများ၏ ရယ်သံများ ထွက်လာသည်ကို ကြားလိုက်ရသည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးကာ တံခါးကို ညင်သာစွာခေါက်ရန် ချဉ်းကပ်လာသည်။
"ဘယ်သူလာတာလဲ" အထဲမှ မိန်းမအသံက မေးသည်။
"ငါသတို့သမီးကိုခေါ်ဖို့လာခဲ့တာ"
"ဘယ်သူ့ကိုခေါ်မလို့"
"အန်းယန်"
"အန်းယန်က ဘယ်သူလဲ"
"ကျွန်တော့်မိန်းမ”
“သေချာမကြားရဘူး ပြန်ပြောပါဦး” အထဲမှ အသံများဆူပွက်ကာ ရယ်မောနေကြသည်။
ရွှယ်အန်းက ပြုံးလိုက်သည်။ သူသည် အင်မော်တယ်အရှင် ဖြစ်ခဲ့သော်လည်း ယနေ့တွင် သူနာခံရန် လိုအပ်သဖြင့် "ကျွန်တော့်ဇနီး အန်းယန်ကို အိမ်ပြန်ခေါ်ဖို့ လာခဲ့တာပါ" ဟု အော်လိုက်သည်။
သူ့အသံက ပန်းပွင့်ပြခန်းထဲရှိ ပန်းပွင့်များစွာကို ကြွေကျစေခဲ့စည်။ အတွင်းထဲမှ ခပ်တိုးတိုးသာပြောနေကြသော်လည်း ရွှယ်အန်းမူ အကုန်ကြားနေရသည်။
"ငါတို့ဖွင့်ရမှာလား"
"ခဏလောက်စောင့်ရအောင်"
“…”
"ဒါပေမယ့် အိမ်ကလူကြီးတွေက သူ့ကို နည်းနည်းကျီစားလိုက်ရုံနဲ့ လုံလောက်ပြီလို့ပြောတယ်။ လူကြီးမင်ရွှယ်က အဆင့်အတန်းမြင့်တဲ့လူပဲ"
"အနည်းဆုံးတော့ ငါတို့ သူ့ကို သီချင်းဆိုခိုင်းသင့်တယ် မဟုတ်လား"
ရွှယ်အန်းသည် အတွင်းမှ တုံ့ပြန်မှုကို မစောင့်ဘဲ ရယ်ကာပြောလိုက်သည်။
"မင်းတို့အတွက် သီချင်းတစ်ပုဒ် ဆိုမယ်။ ငါ ဆိုတာကောင်းရင် မင်းတို့ တံခါးဖွင့်ပေး ဘယ်လိုလဲ"
“ဟုတ်ပါပြီ”
ရွှယ်အန်းနှင့် လိုက်ပါလာသူများက ရယ်ချင်စိတ်ကို ထိန်းထားရလေသည်။
‘လူကြီးမင်းရွှယ်က ဘာသီချင်းဆိုဖို့ စီစဉ်ထားတာလဲ။ ယုန်ငယ်၊ နေကောင်းလားလား။ လား’
"ဒီသီချင်းက သူအကြိုက်ဆုံးဆိုတော့ ကျွန်တော်သိတဲ့ တစ်ခုတည်းသော သီချင်းပါ။ လသာဆောင်မှာ ကြယ်တွေကို ငေးကြည့်ရင်း ဒီသီချင်းကို တနေကုန် နားထောင်ဖူးတယ်။ ဒီတစ်ခါတော့ မင်းအတွက် ဒီသီချင်းဆိုပေးမယ်" ရွှယ်အန်းက ခပ်တိုးတိုးပြော၍ သီချင်းစဆိုသည်။
“ပြတင်းပေါက်အပြင်ဘက်…. ငှက်ကလေးက သီချင်းဆိုနေတာ ဒီလေလှိုင်းက နွေရာသီနဲ့တူတယ်လို့ ခံစားရတယ်…”
ပတ်ဝန်းကျင်က တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ရွှယ်အန်းက သီချင်းဆိုခြင်း၌ ပရော်ဖက်ရှင်နယ်မဟုတ်သည့်အပြင် ကျွမ်းကျင်စွာသီဆိုလိုခြင်းမရှိပေ။ သူသည် လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်က မိုက်မဲသော ကောင်လေး၏ ခံစားချက်ဖြင့် ဤသီချင်းကို ရိုးရိုးရှင်းရှင်း သီဆိုခဲ့သည်။
ညနေခင်း၏ နွေးထွေးသော နေရောင်ခြည်ကို သယ်ဆောင်လျက် အမှတ်တရများ ပြည့်နှက်နေသည့် သူ့အသံက အနည်းငယ် တုန်ယင်နေသည်။
လူတိုင်းက တိတ်တိတ်ဆိတ်ဆိတ် နားထောင်ကြသည်။
ရွှယ်အန်းသည် ထိုညများဆီသို့ ပြန်သွားပုံရကာ ၎င်းတို့စုံတွဲက တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ပွေ့ဖက်ထားသည်ကို မြင်ယောင်နေမိသည်။ ထိုပျော်ရွှင်မှုသည် ရွှယ်အန်းကို နှစ်ပေါင်းသုံးထောင်ကြာအောင် ထိန်းထားခဲ့သော အကြောင်းရင်းဖြစ်သည်။ အခန်းတွင်းရှိ ကုတင်ကြီးပေါ်တွင် အနီရောင် ကုလားကာဖြင့် ဖုံးအုပ်ထားသော အန်းယန်က မျက်ရည်များ ကျနေပြီဖြစ်သည်။
သီချင်းပြီးဆုံးသည်နှင့် တဒင်္ဂ တိတ်ဆိတ်သွားကာ မိုးခြိမ်းသံကဲ့သို့ လက်ခုပ်သံများ ထွက်ပေါ်လာသည်။
"ဝါးးးး တကယ်ချိုသာတာပဲ" တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ငေါက်ကာ ၎င်းတို့၏ ကြည်ညိုလေးစားမှုကို ထပ်ခါတလဲလဲ အော်ဟစ်ခဲ့သည်။
ရွှယ်အန်း၏သီဆိုမှုသည် ၎င်းတို့အတွင်းတွင် နစ်မြုပ်နေသောအမှတ်တရများကို လှုံ့ဆော်ပေးသကဲ့သို့ အချို့က မျက်ရည်များနှင့်အတူ လက်ခုပ်တီးကြသည်။
ထိုနေရာ၌ မည်သည်ကိုမျှ မခံစားရသော တယောက်တည်းသောသူများဖြစ်သည့် ရွှယ်ရှန်းနှင့် နျန်နျန်က တံခါးလာခေါက်လိုက်ကြသည်။
"မေမေ၊ ဖေဖေ လာလာခေါ်ဖို့ ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ"
၎င်းတို့၏ ကလေးဆန်သောအသံများက ရှည်လျားသောဝမ်းနည်းမှုကို ပြေပျောက်စေသည်။
တံခါးပွင့်လာသည်။
ထန်ရွှမ်အာ၊ ချင်းယွီနှင့် ရွှယ်လန်တို့သည် အနီရောင်စာအိတ်များ ယူရန် ရှေ့တိုးလာခဲ့သည်။ အရိုးမိစ္ဆာကလည်း နောက်မှလိုက်သွားကာ သူ့မျက်နှာ၌ စိတ်ထိခိုက်မှုများအပြည့် ဖုံးလွှမ်းသွားသည်။
စာအိတ်အနီအတွက် ဝိညာဉ်ကျောက်တုံးကို အမှန်တကယ်အသုံးပြုခြင်းကဲ့သို့ အသုံးကြမ်းသူကို သူ တစ်ခါမျှ မမြင်ဖူးပေ။
အခန်းထဲဝင်လာသောအခါ ကျယ်ဝန်း၍ သက်တောင့်သက်သာဖြစ်ရန် အလှဆင်ထားသည့် အခန်းကို မြင်လိုက်ရပြီးနောက် အလယ်ခေါင်ရှိ ကုတင်ကြီးပေါ်၌ ထိုင်နေသော အန်းယန်ကို မြင်လိုက်ရသည်။
ရွှယ်အန်းသည် ရှေ့သို့ လှမ်းလာကာ ကုတင်ဘေးသို့ တိုးတိုးတိတ်တိတ် လှမ်းကြည့်လိုက်သည်။ အခန်းက တဖြည်းဖြည်း တိတ်ဆိတ်လာသည်။ အနီရောင်ပိတ်လွှာဖြင့် ဖုံးအုပ်ထားသည့်တိုင် ရွှယ်အန်းသည် အန်းယန်၏ မျက်ရည်များစွန်းထင်းနေသော မျက်နှာကို မြင်နေရဆဲဖြစ်သည်။
သူ့နှလုံးသားက ရုတ်တရက် နာကျင်လာသည်။
ထို့နောက် ဒူးတစ်ဖက်ကို ဖြည်းညှင်းစွာ ဒူးထောက်လိုက်သည်။
သူ ဒူးထောက်လိုက်ချိန်၌ ဤမြင်ကွင်းကိုကြည့်နေသည့် လူအုပ်ကြီးက တအံ့တဩ ဖြစ်ကုန်ကြသည်။ ရွှယ်အန်း၏ ပင်ကိုယ်စရိုက်ကြောင့် သူ ဒူးထောက်မည်မဟုတ်ဟု လူအများက ထင်မြင်ယူဆကြသည်။
ရွှယ်အန်းသည် ထိုတုံ့ပြန်မှုများကို ဂရုမစိုက်၊ မျက်လုံးများက အနည်းငယ်တုန်လှုပ်နေသော အန်းယန်ကိုသာ အာရုံစူးစိုက်ကာ ပြုံးပြလိုက်သည်။
"မိန်းမ၊ အိမ်ပြန်ရအောင်"
'ငါ့ကို လက်ထပ်ပါ' ဟူသော စကားစုမရှိ၊ ရိုးရိုးရှင်းရှင်း 'အိမ်ပြန်ကြရအောင်'သာဖြစ်သည်။
လူအများက နားလည်မှုဖြင့် ခေါင်းညိတ်ကြသည်။ အမှန်ပင်၊ ၎င်းသည် ရွှယ်အန်း၏ဇာတ်ကောင်နှင့် ပို၍ကိုက်ညီသည်။
သူစကားပြောနေစဉ် ရွှယ်အန်းသည် အန်းယန်၏လက်ကို ညင်သာစွာ ကိုင်လိုက်ကဋ မုန်ညင်းစေ့လက်စွပ်ကို သူမ၏လက်ချောင်းပေါ်တွင် ဖြည်းညှင်းစွာတင်လိုက်သည်။
အခန်းထဲမှ လူများစွာ အံံ့ဩသွားကြသည်။
နောက်ဆုံးတွင်၊ မုန်ညင်းစေ့ကွင်းသည် မှိန်ဖျော့နေ၍ ထူးထူးခြားခြား မရှိပေ။
‘သူဘာလို့ ဒီလိုလက်စွပ် ပေးရတာလဲ’
လူအများက စူးစမ်းလိုစိတ်ဖြင့် စူးစူးစိုက်စိုက်ကြည့်နေသောကြောင့် အရိုးမိစ္ဆာသည် အနည်းငယ် စိတ်တိုသွားကာပြောလိုက်၏။
"ဒီလက်စွပ်ကို ကမ္ဘာပေါ်မှာ တခြားဘယ်နေရာမှာမှ ရှာမတွေ့နိုင်ပါဘူး၊ ဒါ အတွင်းမှာ တောင်တစ်ခုလုံးထည့်ထားနိုင်တဲ့ နယ်မြေလက်စွပ်ပဲ”
အခန်း (၃၅၀) ဗိုလ်ချုပ်တစ်ရာထံမှ ဂုဏ်ပြုလွှာ
ဤစကားသည် အခြေအနေကို ယခင်က ရှုံ့ချခဲ့ဖူးသူ အများအပြားကို တုန်လှုပ်စေခဲ့သည်။
အဝေးတွင်ရှိနေသည့် ဝေရူလန်က ပို၍ပင် လန့်ဖျပ်သွားကာအော်လိုက်၏။
“မာရူတောင်ကြီးကို မုန်ညင်းစေ့ထဲ ထည့်ထားနိုင်တဲ့ အဲ့အရာကို ဒဏ္ဍာရီတစ်ခုပဲလို့ ကျွန်မ အမြဲထင်ခဲ့တာ။ တကယ်တည်ရှိနေမယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး”
ဤလက်စွပ်၏ အံ့ဖွယ်ကောင်း၍ အဖိုးတန်သော
သဘောသဘာဝကို အခြားသူများထံမှ သိရှိလာသောအခါ အားလုံးက အန်းယန်ကို အလွန်မနာလိုသော မျက်လုံးများဖြင့် ကြည့်ကြသည်။
အထူးသဖြင့် မနာလိုစိတ်ဖြင့် ရူးသွပ်လုနီးပါးဖြစ်ရသည့် မိန်းကလေးများဖြစ်၏။
ထောက်ထားစာနာမှုနှင့် နူးညံ့သိမ်မွေ့မှု လွှမ်းမိုးချုပ်ကိုင်မှုနှင့် ကြွယ်ဝမှု၊ ရွှယ်အန်း အစရှိသမျှအရာများကို ပိုင်ဆိုင်ရသဖြင့် မိန်းမပျိုများက မနာလိုဖြစ်ခဲ့ကြသည်။ အန်းယန်သည် ရွှယ်အန်း၏ လက်ကိုကိုင်၍ မတ်တပ်ထရပ်ကာ သဘာဝအတိုင်း လက်တွဲ၍ ထွက်လာခဲ့သည်။
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က နောက်မှ အနီးကပ်လိုက်ကြသည်။ ကလေးမလေးနှစ်ယောက်သည် ယနေ့ လက်ရာမြောက်စွာ ချုပ်ထားသည့် ၀တ်စုံများကို ၀တ်ဆင်ထားသည်။
အတူတူလမ်းလျှောက်သွားသော ဤမိသားစုသည် မရေမတွက်နိုင်သော အံ့အားသင့်နေသည့် အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။ ပွဲသို့ ရောက်သောအခါ
လေထုသည် ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ချန်ရှို့ဟဲနှင့် အခြားသောလူများက ကြင်စဦး ဇနီးမောင်နှံကို ကြိုဆိုရန် မတ်တပ်ရပ်လိုက်ကြသည်။
ရွှယ်အန်းက လူအုပ်ကို အနည်းငယ် ခေါင်းညိတ်ပြသည်။
ထိုအချိန်၌ပင် အပြင်ဘက်မှ ရယ်မောသံများ ကြားလိုက်ရသည်။
"ဗိုလ်ချုပ်ရွှယ်ကို ဂုဏ်ပြုပါတယ်"
ဗိုလ်ချုပ်ရွှယ်။
ဤသည်ကား မည်သို့သော အခေါ်အဝါ်မျိုးနည်း။
လူများစွာက ပဟေဌိဖြစ်ခဲ့ကြသည်။ ရုတ်တရက်ပင် လူအုပ်ကြီးက တံခါးပေါက်မှ ဝင်လာသည်။
ဤအဖွဲ့ရောက်ရှိလာမှုသူ တက်ရောက်သူအားလုံးကို အံ့အားသင့်စေခဲ့သည်။ အသစ်ရောက်လာသူအများစုမှာ ဗိုလ်ချုပ်များဖြစ်သောကြောင့် အရေအတွက်သည်လည်း အလွန်များသောကြောင့် ကျုံးတုမှ ဗိုလ်ချုပ်များအားလုံး ရောက်ရှိလာပုံရသည်။
တစ်စုံတစ်ယောက်က တုန်လှုပ်သောအသံဖြင့်ပြော၏။
"ဗိုလ်ချုပ်တစ်ရာက ဂုဏ်ပြုဖို့ လာတာလား”
အထဲမှ လူများစွာက တုန်လှုပ်သွားကြသည်။ ဟွာရှား၌ မင်္ဂလာပွဲတစ်ခုကို ဗိုလ်ချုပ်တစ်ရာက ချီးမြောက်ပေးလျှင် ဇနီးမောင်နှံက ထာဝရပျော်ရွှင်မှုရလိမ့်မည်ဟူသော ဒဏ္ဍာရီတစ်ခုရှိသည်။
မှန်သည်။ အများစုက ဤအရာကို ဒဏ္ဍာရီတစ်ခုအနေနဲ့ဖြင့်သာ မှတ်ယူလေ့ရှိကြသည်။ နောက်ဆုံးတွင် မည်သူက ဗိုလ်ချုပ်တစ်ရာကို ၎င်းတို့၏ မင်္ဂလာပွဲသို့ ဖိတ်နိုင်မည်နည်း။
သို့သော် ယနေ့ ရွှယ်အန်းက ဤသို့လုပ်ခဲ့သည်။
၎င်းတို့ကို ဦးဆောင်သူမှာ ဗိုလ်ချုပ်ယန်မှလွဲ၍ အခြားသူမဟုတ်ပေ။ သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် ချဉ်းကပ်ကာ ရွှယ်အန်း၏လက်ကိုဆွဲလိုက်သည်။
"ဗိုလ်ချုပ်ရွှယ် ကျုပ် လမ်းမှာ နည်းနည်းနှောင့်နှေးပြီး နောက်ကျသွားတယ်"
ရွှယ်အန်း၏ နှုတ်ခမ်းဖျားများတွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် မိမိလုပ်ရပ်ဖြစ်သည်ကို သေချာသိလျက် ဘေးနားတွင် ဂုဏ်ယူစွာ ရပ်နေသော ချန်ရှို့ဟဲကို ကြည့်လိုက်သည်။ ရွှယ်အန်းက စစ်သူကြီးတစ်ရာ၏ ဂုဏ်ပြုလွှာပေးသည့် စိတ်ကူးကို အထူးအလေးမထားသော်လည်း ၎င်းတို့ အမှန်ပင် အံ့အားသင့်ဖွယ် ရောက်လာသဖြင့် မျက်နှာသာပေးရန် စဉ်းစားခဲ့ရသည်။
ထို့ကြောင့် သူက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"လာပေးကြတဲ့ ဗိုလ်ချုပ်အားလုံးကို ကျေးဇူးတင်ပါတယ်"
"ဒီလိုပြောနေစရာမလိုပါဘူး ဗိုလ်ချုပ်ရွှယ် ကျုပ်တို့က လုပ်ဖော်ကိုင်ဖက်တွေပါ။ မင်းလက်ထပ်တယ်ဆိုမှတော့ ထုံးစံအတိုင်း ကျုပ်တို့က ဒီကိုလာပြီး ဂုဏ်ပြုပေးသင့်ပါတယ်" ဗိုလ်ချုပ်ယန်က ဟက်ဟက်ပက်ပက် ရယ်သည်။
လူများစွာက သိလိုစိတ်ကို ကြာကြာမထိန်းနိုင်ကြတော့ပေ။
‘လုပ်ဖော်ကိုင်ဖက်ဟုတ်လား’
‘ပြီးတော့ သူ့ကို ဗိုလ်ချုပ်ရွှယ်လို့ ထပ်ခါတလဲလဲ ပြောနေတယ်’
‘ကမ္ဘာမှာ ဘာတွေဖြစ်နေတာလဲ’
ထိုအချိန်တွင် ဗိုလ်ချုပ်ယန်သည် သူ့ပတ်ဝန်းကျင်မှ ရှုပ်ယှက်ခတ်နေသော အကြည့်များကို သတိပြုမိ၍ ပြောလိုက်သည်။
"လူတိုင်း သတိမထားမိကြဘူးလား။ တကယ်တော့ ဗိုလ်ချုပ်ရွှယ်ဟာ ဗိုလ်ချုပ်ကြီးလင်းရဲ့ မီးငှက်ဗိုလ်ချုပ်ရာထူးကို ကိုယ်တိုင်ကိုယ်ကျ ရာထူးတိုးပေးခြင်းခံခဲ့ရတဲ့သူပါ။ အနည်းငယ်လေ့လာပြီးနောက် ဗိုလ်ချုပ်ရွှယ်ရဲ့ အရည်အချင်းတွေ အရမ်းများတယ်လို့ ခံစားမိတဲ့အတွက်ကြောင့် ဗိုလ်ချုပ်ရွှယ်ကို ဒုတိယ ဗိုလ်ချုပ်အဆင့်အထိ ရာထူးတိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်"
ဘမ်း
ခန်းမတစ်ခုလုံး အံ့အားသင့်သွားသည်။
ဒုတိယဗိုလ်ချုပ်ကြီးဟုတ်လား။
၎င်းသည် ဟွာရှားတွင် အမှန်တကယ် မြင့်မားသော စစ်ဘက်ရာထူးတစ်ခုဖြစ်သည်။
ဗိုလ်ချုပ်မှုးကြီး နှင့် ဗိုလ်မှူးချုပ် အောက် အဆင့်သာဖြစ်၍
ထိုအချိန်တွင် မရေမတွက်နိုင်သော မနာလိုသော အကြည့်များက ရွှယ်အန်းကို စူးစိုက်ကြည့်နေသည်။
ရွှယ်အန်းက အနည်းငယ် ပြုံး၍ ခေါင်းညိတ်လိုက်သည်။
" ကြင်နာမှုအတွက် ဗိုလ်ချုပ် အားလုံးကို ကျေးဇူးတင်ပါတယ်"
ဗိုလ်ချုပ်ယန်က ခပ်ပါးပါးရယ်လိုက်သည်။
"ယဉ်ကျေးလွန်းနေပါပြီ ဗိုလ်ချုပ်ရွှယ် မင်းရဲ့အောင်မြင်မှုတွေနဲ့ဆို ဒါက တကယ်ကို ထိုက်တန်ပါတယ်"
ထိုသို့ပြော၍ သူသည် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး၏ တံဆိပ်ကို ထုတ်ယူကာ ရွှယ်အန်း၏ရင်ဘတ်ပေါ်တွင် ချိတ်ဆွဲလိုက်သည်။
ထို့နောက် ပျော်စရာ အချိန်ရောက်လာသည်။ ယနေ့ဧည့်သည်များ မျှော်မှန်းထားသည်ထက် ပိုများလာသည်။
သို့သော် ချန်ရှို့ဟဲက အသင့်ပြင်ထားသည်။
ကျုံးတု၏အကျော်ကြားဆုံးစားသောက်ဆိုင်များမှ မီးဖိုချောင်ဝန်ထမ်းအားလုံးကို ကြိုတင်စာရင်းပေးထားပြီးဖြစ်သည်။ ယခုအခါ စားဖိုမှူးအဖွဲ့များစွာသည် နောက်ကွယ်တွင် အလုပ်များလုပ်နေကြသည်။ ရွှယ်အန်းနှင့် ဧည့်သည်များသည် အန်းယန်အိမ်မပြန်မီ ဤအစားအစာကို သဘာဝအတိုင်း စားသုံးခဲ့ကြသည်။ ဟွားရှား၏ ဓလေ့ထုံးစံအရ ယနေ့ သတို့သားက မည်သိုပင်ဖြစ်စေ အစားအသောက်ကို အကုန်စားရမည်ဖြစ်သည်။
ချန်ရှို့ဟဲသည် ရွှယ်အန်းကို မည်သည့်အချိန်တွင်မဆို အလဲထိုးရန် အဆင်သင့်ဖြစ်နေသော အရက်အလွန်အကျွံသောက်သူအများအပြားကိုလည်း တွေ့ရှိခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ၊ ရွှယ်အန်းက တုံ့ဆိုင်းမနေဘဲ အရက်များကို ရောက်လာသည်နှင့်ချက်ချင်း သောက်လိုက်သည်။
ထို့နောက် လူစုကို အမြန်ခွဲထုတ်လိုက်သည်။
တခြားသူများက မယုံကြည်သောကြောင့် လိုက်လာသောအခါ ရွှယ်အန်းက ဝိုင်ကိုငှဲ့မနေတော့ဘဲ ရပ်လိုက်ကာ ပုလင်းထဲမှ တိုက်ရိုက်သောက်တော့သည်။
ဤသည်ကား 53% Maotai (အရက် ၅၃ ရာခိုင်နှုန်းပါသည့် တရုတ်ဝိုင်) ဖြစ်သည်။ သို့သော် ရွှယ်အန်းက ပုလင်းဆယ်လုံးကို ဖွင့်ကာ ရေကဲ့သို့ သောက်ချလိုက်သည်။
ထိုအရာသည် ရှိနေသူတိုင်းကို ထိတ်လန့်စေသည်။ ထို့နောက် မည်သူနျှ သူ့ကို စိန်မခေါ်ရဲကြတော့ပေ။
ထို့အပြင် ရွှယ်အန်းက မူးယစ်ခြင်းလက္ခဏာမပြပေ။
ဤဖြစ်စဉ်သည် ဗိုလ်ချုပ်များကိုပင် အရက်မူးအောင် လုပ်နိုင်ခဲ့သည်။ အဆုံးတွင် ဗိုလ်ချုပ်ယန်၏ လျှာမှ အဓိပ္ပါယ်မဲ့သော စကားများ စတင်ထွက်လာသည်။
"ဗိုလ်ချုပ်ရွှယ် မင်း ငါတို့နိုင်ငံကို နောက်ဆုံးအကြိမ်က ပေးခဲ့တဲ့ ပစ္စည်းတွေ… အဲ့တာတွေက အကြီးကြီးပဲကွ…ဟမ်…"
ရွှယ်အန်းပြုံးကာ ဗိုလ်ချုပ်တစ်ဦးစိကို စာအိတ်အနီတစ်အိတ်စီ ဝေပေးလိုက်သည်။
"ဒါဘာလဲ"
လူတစ်ယောက်က တအံ့တဩမေးသည်။
"ခင်ဗျားတို့ကို နောက်ဆုံးအကြိမ်က ကျုပ်ပေးခဲ့တဲ့ ကျင့်ကြံရေးစနစ်က နောက်ပိုင်းအဆင့်တွေမှာ ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်၊ အချိန်ရောက်တဲ့အခါ ဖြတ်ကျော်နိုင်ဖို့ ဒီဝိညာဉ်ကျောက်တုံးကို သုံးပါ"
ဤစကားက စစ်ဗိုလ်ချုပ်များကို ထိတ်လန့်သွားစေကာ လောဘဇောများ ပေါ်လာသည်။
"ဗိုလ်ချုပ်ရွှယ် မင်းမှာရှိသေးလား" ဗိုလ်ချုပ်ယန်က စိတ်အားထက်သန်စွာ မေးသည်။
ရွှယ်အန်းက ပြုံးလိုက်၏။
"ကျုပ်မှာ အဲ့တာတွေ အများကြီးရှိတယ်၊ ဒါပေမယ့် အခုထုတ်ဖို့ အချိန်မရှိဘူး”
ဤသို့ဖြင့် ရွှယ်အန်းက မတ်တပ်ထရပ်၍ ဝိုင်တစ်ခွက်ကိုယူကာ အခန်းတွင်းရှိလူတိုင်းကို ခေါင်းညိတ်ပြလိုက်သည်။
"မင်းတို့အားလုံး ငါ့အတွက် ဂုဏ်ပြုဖို့ ဒီကိုလာခဲ့ကြတာ၊ ငါမင်းကို ဆုတောင်းပေးလိုက်တယ်"
ထို့နောက် ရွှယ်အန်းက တစ်ခွက်လုံးကို အကုန်သောက်ချလိုက်သည်။ လူအုပ်ကြီးက လက်ခုပ်တီး၍ အားပေးကြသည်။ ရွှယ်အန်းက ပြုံး၍ ခေါင်းငုံ့ကာ အန်းယန်ကိုပြောလိုက်၏။
"သွားရအောင်၊ အိမ်ပြန်ချိန်ရောက်ပြီ"
အန်းယန်က နာခံစွာ မတ်တပ်ရပ်လိုက်သည်။ လူတိုင်းက လမ်းကြောင်းတစ်ခုကို အလိုအလျောက် ဖယ်ပေးလိုက်ကြသည်။ အန်းယန်နှင့် ရွှယ်အန်းက ဘယ်လက်ကို တွဲထားသည်။
အန်းချင်သည် သူမ၏အစ်မ၏ တစ်သက်တာပျော်ရွှင်မှုနှင့် ကံကြမ္မာကို နောက်ဆုံးတွင်တွေ့လိုက်ရသည့်အတွက် ဝမ်းသာအားရဖြင့် မျက်ရည််စက်လက်ဖြင့် နောက်မှလိုက်လာခဲ့သည်။ သူမ၏ နှလုံးသားတစ်ခုလုံး ပျော်ရွှင်မှုများဖြင့်ပြည့်နေသည်။
ပေကျင်းသို့ ဦးတည်သော အဖွဲ့သည် မသေးငယ်လှပေ။ သွားရန်သေချာသော အန်းချင်၊ ချန်ရှို့ဟဲ၊ ချန်ရုရှီ၊ ဝေ့ရူယန်၊ ဝေ့ရူလန်နဲ့ ဗိုလ်ချုပ်ယန်တို့ အပါအဝင် အားလုံးက လိုက်လာကြသည်။ လူအားလုံး လေယာဉ်ပေါ်တက်ပြီးသည်နှင့် ဘေးမှကြည့်သူများ၏ မနာလိုသောအကြည့်များကြားမှ လေယာဉ်များသည် ကျုံးတုမှ ထွက်ခွာကာ ပေကျန်းသို့ ပျံသန်းသွားသည်။
“ဒီမင်္ဂလာပွဲဟာ ကမ္ဘာပေါ်မှာ တကယ်ကို ပြိုင်ဘက်ကင်းပဲ”
ထို့နောက် လူစုကွဲသွားသည်။ အန်းယန်နှင့်အတူ လိုက်ပါလာသည့် မိန်းကလေးများသည်လည်း ၎င်းတို့၏အိမ်သို့ ပြန်ခဲ့ကြသည်။ ၎င်းတို့ထဲမှ တစ်ယောက်က အိမ်ပြန်ရောက်သည်နှင့် တစ်နေ့တာ အဖြစ်အပျက်များအကြောင်း စိတ်လှုပ်ရှားစွာ ပြောလာသည်။
"ဒီတစ်ခါ မင်း စာအိတ်အနီရခဲ့လား"
သူ့မိသားစုက သူမကိုမေးလာသောအခါမှသာ ရွှယ်အန်းထံမှ စာအိတ်အနီကို ရုတ်တရက် သတိရ၍ အမြန်ထုတ်ခဲ့သည်။
"လူကြီးမင်းရွှယ်က ဘယ်လိုစာအိတ်အနီမျိုး ပေးမှာလဲလို့ တွေးမိတယ်”
"ရွှေဖြစ်မယ်လို့ လောင်းကြေးထပ်ထားတယ်၊ မဟုတ်ရင် အရမ်းဖောင်းကားနေမှာ မဟုတ်ဘူး"
သို့သော် ဖွင့်ကြည့်လိုက်သောအခါ တလက်လက်တောက်ပနေသော ကျောက်စိမ်းတုံးတစ်တုံးကို တွေ့လိုက်ရသည်။
"ဒါကဘာလဲ”
ဖုန်းမြည်လာသည်နှင့် မိသားစုအကြီးအကဲက ပြန်ပြော၍ သူ၏အမူအရာက တဖြည်းဖြည်း လေးနက်လာသည်။
"ဟုတ်တယ် ဟုတ်တယ် နိုင်ငံတော်ကို သေချာပေါက် ပြန်လွှဲပေးလိုက်မယ်"
ဖုန်းချပြီးနောက် တစ်စုံတစ်ယောက်ကမေးသည်။ "ဘာဖြစ်နေတာလဲ"
မိသားစုအကြီးအကဲက ခါးသက်စွာပြုံး၍ ကျောက်စိမ်းအပိုင်းအစကို တုံ့ဆိုင်းစွာ စိုက်ကြည့်သည်။
“အဲ့ကျောက်စိမ်းတုံးက နိုင်ငံတော်ဘဏ္ဍာမို့လို့ ငါတို့ကို နိုင်ငံတော်ကို လွှဲပြောင်းပေးစေနေတယ်”
"ဒါက ဘယ်လိုဖြစ်ရတာလဲ ငါတို့ရပြီးသား..."
"ဘာမှမဖြစ်ပါဘူး၊ ငါတို့မိသားစုအတွက် လျော်ကြေးအများကြီးပေးမယ်တဲ့"
ထို့နောက် မည်သူကမျှ ဆက်မပြောတော့ပေ။
အားလုံးက ကျောက်စိမ်းတုံးကို တိတ်တဆိတ် ကြည့်နေကြသည်။ ကောင်မလေးက ရုတ်တရက် နောင်တရသွား၏။
‘အဲ့တုန်းက စာအိတ်အနီ တစ်စောင် ထပ်တောင်းခဲ့မယ်ဆိုရင် ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်မလဲ’
အခန်း(၃၅၁) ကမ္ဘာကြီးက တန်ဖိုးမရှိဘူး၊ ဒါပေမယ့် မင်းဖြစ်နေတယ်
ပေကျန်း
လေယာဉ်သည် တဖြည်းဖြည်း ရပ်တန့်သွားသည်။
ရွှယ်အန်းနှင့် အန်းယန်သည် ခရုပတ်လှေကားမှဆင်းလာစဉ် မရေမတွက်နိုင်သော မီးရှူးမီးပန်းများ ကောင်းကင်သို့ ပျံတက်သွားကာ တစ်လုံးပြီး တစ်လုံး ပေါက်ကွဲလျက် ပေကျန်းမြို့၏ ညကောင်းကင်ကို ကာလီဒိုစကုပ်ကဲ့သို့ တောက်ပသော တောက်ပမှုဖြင့် လင်းစေသည်။
ယာယီလေယာဉ်ကွင်းမှ နံပါတ်တစ်ရှန်ဗီလာသို့ ကော်ဇောနီခင်းထားသည်။ ရွှယ်အန်းနှင့် အန်းယန်သည် လက်ချင်းချိတ်တွဲလျက် ထိုလမ်းကို ဖြတ်သန်းလျှောက်လှမ်းလာခဲ့သည်။ ၎င်းတို့ နောက်တွင်
ကျယ်ပြောလှသော မီးရှူးမီးပန်းများ တောက်လောင်လျက်ရှိကာ လူအများကလည်း မရေမတွက်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ဤအရာအားလုံးသည် အန်းယန်ကိုအနည်းငယ် ထိတ်လန့်သွားစေသည်။ ဤအချက်ကို သတိပြုမိသောအခါ ရွှယ်အန်းက အန်းယန်ရဲ့လက်ကို ညှစ်လိုက်သည်။
"မကြောက်နဲ့"
အန်းယန်က အနည်းငယ် တုန်ယင်သွားပြီးနောက် ပြန်လည်တည်ငြိမ်သွားသည်။ သို့သော် ချက်ချင်းဆိုသကဲ့သို့ပင် သူမ၏ ဝမ်းဗိုက်မှ တုန်ခါသံများစွာထွက်ပေါ်လာသည်။
ရွှယ်အန်းက မသိမသာပြုံးလိုက်၏။
"ဗိုက်ဆာလို့လား"
သူမသည် သတို့သမီး ကုလားကာအောက်တွင် ရှိနေသော်လည်း ရွှယ်အန်းက သူမ၏မျက်နှာက သိသိသာသာ နီမြန်းလာသည်ကို မြင်နိုင်သေး၏။ တကယ်တမ်းတွင် အန်းယန်သည် ယမန်နေ့မှစ၍ အစားအသောက်ပုံမှန် မစားခဲ့ရသဖြင့် အစားအသောက်၏ ရနံ့က သူမ၏ ဝမ်းဗိုက်ကို အလိုအလျောက် ညည်းတွားစေခြင်းဖြစ်သည်။
"ခဏစောင့်၊ ငါမင်းအတွက်ချက်ပေးပါ့မယ်"
"အွန်း အွန်း" အန်ယန်က ဝမ်းသာအားရ ခေါင်းညိတ်သည်။
"ဖေဖေ၊ နျန်နျန်လည်း ဗိုက်ဆာနေပြီ"
နောက်မှလိုက်နေသော ရွှယ်နျန်သည် ဟင်းချက်ခြင်းအကြောင်း ကြားသဖြင့် ပါးစပ်မှ ရေရွတ်လိုက်မိသည်။
ဘေးနားမှ ရှန်းရှန်းက ၎င်းကို ကြားသောအခါ ဝင်ပြော၏။
“နင် လေယာဥ်ပေါ်မှာ ကိတ်မုန့်တွေ အများကြီးစားခဲ့တယ်မဟုတ်ဘူးလား”
"ဒါပေမယ့် ကိတ်မုန့်က သိပ်မကောင်းဘူး၊ ဖေဖေချက်ကြွေးတာ အကောင်းဆုံးပဲ" ရွှယ်နျန်က သနားစဖွယ်ကောင်းသော အကြည့်ဖြင့်ပြော၏။
“မကောင်းတာတောင် နင်က အများကြီးစားတယ်ပေါ့”
“နင်က ငါ့ချည်းပဲပြောနေတာ နင်ရော မစားလို့လား”
"ငါစားပေမယ့် နင့်လောက်မစားဘူးလေ”
“မမပိုစားတာပါနော်”
ကောင်မလေးနှစ်ယောက်က စကားတပြောပြောဖြင့် ရန်ဖြစ်ကြပြန်သောအခါ ရွှယ်အန်းနှင့် အန်းယန်သည် အပြုံးချင်းဖလှယ်ပြီးနောက်လက်တွဲလျက် မင်္ဂလာလျှောက်လမ်းကို ဆက်လက်လျှောက်လှမ်းခဲ့သည်။ ဤမိန်းကလေးအတွက် သူပေးခဲ့သော ကတိကဝတ်တိုင်းကို ဖြည့်ဆည်းပေးမည်ဟု ကတိထပ်ပေးမိသည်။
ဤသည်ကား မင်္ဂလာပွဲ အစသာရှိသေး၏။
“ကောင်းကင်နှင့်မြေကြီးကို အန်တော့ပါ”
ပေကျန်း၏ ဓလေ့ထုံးစံများအတိုင်း စုံတွဲများအတွက် အရေးကြီးဆုံး အခမ်းအနားမှာ ကောင်းကင်နှင့် မြေကြီးကို ဦးညွတ်ခြင်းဖြစ်သည်။ သို့သော် ဆုန်ယိက ဤစကားလုံးများကို အော်လိုက်သောအခါ လူများစွာက အနည်းငယ် ကြက်သီးမွှေးညင်းများထသွားသည်။ ထန်ရွှမ်အာသည်လည်း ထို့နည်းတူပင်ဖြစ်ရာ သူမက စင်ပေါ်သို့ စိုးရိမ်တကြီးကြည့်နေသည်။
‘ရွှယ်အန်းက ဒီလောက် ကြောက်ဖို့ကောင်းတာ ဒူးထောက်ချင်ပါ့မလား’
အားလုံး၏စိုးရိမ်သော အကြည့်များအလယ်တွင် ရွှယ်အန်းသည် အနည်းငယ်ပြုံးကာ အန်းယန်နှင့်အတူ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
အန်းယန်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်မိ၏။
“ယောက်ျား…”
"ရပါတယ်၊ ကောင်းကင်နဲ့မြေကြီးက တန်ဖိုးမရှိဘူး၊ ဒါပေမယ့် မင်းကတော့…"
ဤစကားက အန်းယန်ကို ချက်ချင်းပင် တုန်လှုပ်သွားစေသည်။ ထို့အပြင် ဤမြင်ကွင်းကို ပွဲသို့ အပြေးလာနေသည့် ဖန်းမင်ရွှယ်သည်လည်း မြင်သွားရ၏။ သူမသည် အဝေးမှ ရပ်လျက် စင်မြင့်ပေါ်ရှိ စုံတွဲကို စိုက်ကြည့်ကာ မှင်သက်နေမိသည်။
“မင်ရွှယ်” ဟန်ယောင်းက စိုးရိမ်တကြီးအော်လိုက်သည်။
ဖန်းမင်ရွှယ်က ဤသက်ရောက်မှုကို မခံနိုင်မည်ကို သူမ စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော် ထိင်မှတ်မထားဘဲ ဖန်းမင်ရွှယ်က ပြုံးလိုက်၏။
“နင် အဆင်ပြေရဲ့လား”
ယခု ဟန်ယောင်းက ပို၍ပင် စိတ်ပူသွားသည်။
“မင်ရွှယ်… နင် စိတ်အဆင်မပြေရင် ငိုလိုက်”
“ငိုရမယ်ဟုတ်လား။ ငါဘာလို့ ငိုရမှာလဲ။ သူလက်ထပ်ပြီးတော့ အရမ်းပျော်နေတယ်လေ။ ငိုစရာမလိုပါဘူး။ သွားစို့ သူ့ပျော်အောင်သောက်ရအောင်" ဖန်းမင်ရွှယ်သည် ခန်းမထဲသို့ ရွှင်မြူးစွာ လျှောက်သွားသည်။
သူမ ရောက်ရှိလာခြင်းကလည်း လူအုပ်ကြားတွင် တုန်လှုပ်သွားစေသည်။
"ဘုရားရေ အဲ့တာ ဖန်းမင်ရွှယ်ပဲ "
"သူနိုင်ငံခြားမသွားဘူးလား၊ အခုဘာလို့ပြန်လာတာလဲ"
လူများစွာက အလန့်တကြားအော်မိကြသည်။
ထန်ရွှမ်အာလည်း အနည်းငယ်တုန်လှုပ်လျက် အမြန်လမ်းလျှောက်လာခဲ့သည်။
"မင်ရွှယ်"
ဖန်းမင်ရွှယ်က ပြုံး၍ ပြောလိုက်သည်။
"ငါနည်းနည်းနောက်ကျသွားတယ်၊ ဒါပေမယ့် ကံကောင်းလို့ အချိန်မီရောက်လာတာ"
ထန်ရွှမ်အာက ခေါင်းညိတ်ပြသော်လည်း ဖန်းမင်ရွှယ်၏ အပြုံးကို မခံနိုင်ဟန်ဖြင့် စိတ်ထဲလေးလံစွာ ခေါင်းကို လှည့်လိုက်သည်။
အခမ်းအနားစတင်၍ မင်္ဂလာပွဲကို တရားဝင်စတင်ကျင်းပခဲ့ပါတယ်။
ပေကျန်း နှင့် စီရင်စုမြို့မှ ထိပ်တန်းစားဖိုမှူးများသည် ချက်ပြုတ်ရန် အဆင်သင့်ဖြစ်လျက် အမိန့်ပေးလိုက်သည်နှင့် စတင်၍ ချက်ပြုတ်ကြသည်။ ကျက်သရေရှိသော ဟင်းလျာများစွာက မွှေးကြိုင်လွန်းလှသဖြင့် သွားရည်များ ပင်လယ်ကဲ့သို့ ဖြစ်လာသည်။
ထိုအချိန်တွင် အန်းယန်က အံ့အားသင့်စွာဖြင့်အော်လိုက်သည်။
“မင်ရွှယ်”
ဖန်းမင်ရွှယ်က ခေါင်းညိတ်လိုက်၏။
“မင်္ဂလာရှိတဲ့ မင်္ဂလာပွဲပဲ”
ဤမြင်ကွင်းက လူအုပ်ကို မျက်မှောင်ကြုတ်သွားစေသည်။
‘ဒါက တကယ်ကြီး သဟဇာတဖြစ်နိုင်ပါ့မလား’
ထို့နောက် ဖန်းမင်ရွှယ်က ရွှယ်အန်းကို ပြုံးပြကာ လက်ကို ရက်ရက်ရောရော ဖြန့်လိုက်သည်။
"ဂုဏ်ယူပါတယ် ဂုဏ်ပြုပါတယ်"
ရွှယ်အန်းက ပြုံးကာ သူ့လက်ကို ညင်သာစွာခါလိုက်သည်။
“နင့်ကို ပြန်ဆွဲခေါ်လာဖို့ ဥရောပထိပျံတော့မလို့ဟ”
ဖန်းမင်ရွှယ်က စကားတစ်ခွန်းမှ မပြောဘဲ ပြုံးလိုက်သည်။
"မင်းအတွက် အသစ်အဆန်းတစ်ခုခုလုပ်ပေးပါရစေ"
ဤသို့ဖြင့် ရွှယ်အန်းက မီးဖိုချောင်သို့ လှည့်ဝင်သွားသည်။ မီးဖိုချောင်၌ အလုပ်ရှုပ်နေသော ဝန်ထမ်းများအားလုံးက သူလာသည်ကို မြင်လိုက်ကြရသည်။
“လူကြီးမင်းရွှယ် ဘာလုပ်မလို့လဲခင်ဗျ ဒီမှာအရမ်းပူတယ် အရှေ့ကို ပြန်သွားသင့်တယ်”
“ကျုပ်ကို စိတ်ထဲမထားပါနဲ့ မီးဖိုလေးကို ရှင်းပေးပါ”
လူအုပ်က ရွှယ်အန်းက မည်သည်ကို စီစဥ်နေကြောင်းမသိသော်လည်း နေရာတစ်ခု ဖယ်ပေးလိုက်ကြသည်။
ရွှယ်အန်းသည် ယမန်နေ့က ရရှိခဲ့သော ရေဘဝဲဘီလူးအသားကို ထုတ်ယူကာ တံကျင်ကို စ၍ ကျွမ်းကျင်စွာ ပိုင်းလိုက်သည်။ ထို့နောက် ကင်ရန် မီးဖိုပေါ်တင်လိုက်၏။ ထို့နောက် ကင်ရန် မီးဖိုပေါ်တင်လိုက်သည်။ မကြာခင်၌ပင် ထူးဆန်းသော ရနံ့တစ်ခုက လေထဲသို့ ပျံ့လွင့်လာရာ ရနံ့ကြောင့် လူအများ အံ့အားသင့်သွားကြသည်။
"လူကြီးမင်းရွှယ်က ဘာဟင်းချက်တာလဲ၊ အနံ့က မယုံနိုင်စရာပဲ" လူတစ်ယောက်က မေးလိုက်သည်။
သို့သော် ရွှယ်အန်းက အံ့အားသင့်သော အကြည့်များကို စိတ်ထဲမထားဘဲ တံကျင်ကင်များကို အလျင်အမြန် အပြီးသတ်ကာ အပြင်သို့ ထုတ်လာခဲ့သည်။
ယခု အလွန်ဗိုက်ဆာနေပြီဖြစ်သော အန်းယန်ကို ရွှယ်အန်းက တစ်ချောင်းပေး၍ ပြောလိုက်၏။
“မြည်းကြည့်”
အန်းယန်က မျက်လုံးများတောက်ပလာကာ တစ်ချက်ကိုက်ရန် တုံ့ဆိုင်းနေခြင်းအလျင်းမရှိပေ။
"ဒါက အရမ်းအရသာရှိတယ်"
ထို့နောက် ရွှယ်အန်းသည် ကျန်ရှိသော တံကျင်များကို လူများကြားတွင် ဝေငှလိုက်သည်။ ကလေးမလေးနှစ်ယောက်ကလည်း စောင့်ပင်မစောင့်နိုင်တော့ဘဲ စတင် စားကြသည်။ လူအများဆီမျှ ချီးမွမ်းသံများမှတပါး အခြားထွက်မလာတော့ပေ။ ထန်ရှောင်းယွီက တစ်ကိုက်စားကြည့်ပြီးနောက် အနည်းငယ် ရပ်လိုက်သည်။ တစ်ကိုက်ကိုက်လိုက်သည်နှင့် အသားက သန့်စင်သော စွမ်းအင်များအဖြစ်ပြောင်းလဲသွားကာ သူမ၏ ကျင့်ကြံရေးအဆင့်ကို မြှင်တင်ပေးလိုက်သည့်အလားထင်ရသည်။
‘ဒါ ဒီကမ္ဘာပေါ်မှာ ဘာလဲ’
အခြားလူများစွာသည်လည်း အထူးအဆန်းတစ်ခုကို သတိပြုမိကာ အံ့အားသင့်မှုကို ဖော်ပြကြသည်။
"လူကြီးမင်းရွှယ်၊ ဒါက ဘာအသားလဲ။ အရမ်းအရသာရှိတယ်"
ရွှယ်အန်းက ပြုံးလိုက်သည်။
"ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ဖမ်းမိခဲ့တဲ့ ရေဘဝဲ သတ္တဝါရဲ့ အသားပဲ။ သူ့ကျင့်ကြံရေးအဆင့်က နှစ်သုံးရာဝန်းကျင် ရှိလောက်တယ်”
ဤစကားကြောင့် လူအများ၏ မျက်လုံးများ တောက်ပလာခဲ့သည်။
ဒါဆို ဒါတွေက တကယ်ပဲ အနှစ်နှစ်ရာသုံးရာလောက် နေထိုင်ခဲ့တဲ့ နတ်ဆိုးတွေရဲ့ အသားတွေလား။
ဤသို့ဖြင့် ရွှယ်အန်းကင်ထားသော တံကျင်များ ချက်ချင်းပင်ပျောက်ကွယ်သွားသည်။ ဖန်းမင်ရွှယ်ကမူ တစ်ချောင်းမျှမစားဘဲ ပျော်ရွှင်စွာဖြင့် အရက်သာသောက်နေတော့သည်။ အထင်ကြီးလေးစားကြသူအများအပြားက သူမကို အရက်တစ်ခွက် ချီးမြှောက်ရန်ရှေ့သို့ ထွက်လာကြသော်လည်း သူမက ငြင်းဆန်ခဲ့သည်။
နောက်ဆုံးတွင် နိဂုံးမချုပ်မီ ညဉ့်နက်သည်အထိ ကျင်းပခဲ့သည်။ နောက်ဆုံး၌ လူအများထွက်သွားကြကာ
ဖန်းမင်ရွှယ်သည် ယစ်မူးသောအကြည့်ဖြင့် အရက်သောက်နေဆဲဖြစ်သည်။
ထန်ရွှမ်အာက သက်ပြင်းတစ်ချက်ချလိုက်သည်။
"လုံလောက်ပြီ မသောက်နဲ့တော့”
ဖန်းမင်ရွှယ်က မျက်ရည်ကျနေသော မျက်လုံးများဖြင့် သူမကို မော့ကြည့်လာသော်လည်း လက်ထဲမှ အရက်ခွက်ကို မချပေ။
“ကောင်းပါပြီ သူ့မင်္ဂလာဆောင်ဝိုင်လေးနည်းနည်းလောက်ထပ်သောက်ချင်သေးတယ်”
ထန်ရွှမ်အာက နှုတ်ဆိတ်နေလျက် ဖန်းမင်ရွှယ်အနားတွင် ထိုင်လိုက်သည်။
"တကယ်တော့ အခု နင်ငါနဲ့တူတူ ခံစားနေရယ်တယ်ဆိုတာ ငါသိတယ်သိလား” ဖန်းမင်ရွှယ်က ပြောလိုက်သည်။
ဖန်းမင်ရွှယ်သည် သူမ၏ မျက်လုံးများထဲမှ မျက်ရည်များကို မြင်ခွင့်မပြုဘဲ မျက်နှာအမြန်လွှဲလိုက်ရာ ထန်ရွှမ်အာ အနည်းငယ်တုန်လှုပ်သွားသည်။
"တစ်ယောက်ယောက်ကို သဘောကျတာ မမှားပါဘူး။ အမှားက ငါတို့က သူ့ကို အချိန်မီ မတွေ့ဆုံခဲ့တာပဲမဟုတ်လား ရွှမ်အာ" ဖန်းမင်ရွှယ်က ခပ်တိုးတိုးပြောသည်။
"နင်တကယ် မူးနေပြီ။ သွားအိပ်ကြရအောင်" ထန်ရွှမ်အာက ခဏငြိမ်သက်ပြီးနောက် ပြောလိုက်သည်။
ဖန်းမင်ရွှယ်က ခေါင်းယမ်းလိုက်ပြီးနောက် နောက်တစ်ခွက်ကို ယူလိုက်သည်။
“ဒီနောက်ဆုံးတစ်ခွက်နဲ့ ငါဘယ်သူ့ဆီကိုသွားမူးရမှာလဲ”
သူမက စတင်၍ ရယ်လိုက်ပြီးနောက် ရုတ်တရက် ငိုချလိုက်၏။